← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း ၆၁ - အထူးဝင်ခွင့်

ရဲ့ကျင်းရှန်းသည် သူ၏ ရုံးခန်းအတွင်း၌ ရှဖေးနှင့် ချန်သုန်းတို့၏ တိုက်ပွဲ ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုနေပြီး ရှဖေး အသုံးပြုခဲ့သည့် မယုံကြည်နိုင်လောက်သော ရှောင်တိမ်းမှု လှုပ်ရှားမှုများကို ခဲတံတစ်ချောင်း အသုံးပြု၍ စာရွက်ပေါ်တွင် ပုံကြမ်းဆွဲနေခဲ့သည်။

ယခုခေတ်ကာလတွင် ခဲတံနှင့် စာရွက်ကဲ့သို့သော ရှေးကျသည့် ကိရိယာများကို အသုံးပြုသူမှာ အလွန်ပင် ရှားပါးလှပေသည်။ လက်ဖြင့် ရေးဆွဲခြင်းထက် ဦးနှောက်ပုံရိပ်ဖော်စနစ် သို့မဟုတ် ကွန်ပျူတာ အထောက်အကူပြု ပုံဆွဲစနစ်များကို အသုံးပြုခြင်းက ပိုမိုလွယ်ကူသော်လည်း ရဲ့ကျင်းရှန်းသည် ပင်ပန်း၍ ထိရောက်မှုနည်းပါးသော လက်ဖြင့် ဆွဲသည့် အလေ့အကျင့်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုသို့ လက်ဖြင့် ပုံဖော်ခြင်းကသာ ထိုလှုပ်ရှားမှုများအပေါ် သူ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို တိုးတက်စေနိုင်မည်ဟု သူက ယုံကြည်ထားသောကြောင့် ဖြစ်သည်။

သူ၏ လက်ရေးမူမှာ ရိုးရှင်းသော်လည်း ထိရောက်မှုရှိပြီး လိုင်းအနည်းငယ် ဆွဲလိုက်ရုံဖြင့် ရှဖေး၏ လှုပ်ရှားမှုများရှိ အဓိက အချက်အလက်များကို ရှင်းလင်းစွာ သရုပ်ဖော်နိုင်ခဲ့သည်။ သူ၏ လက်ထဲမှ စာအုပ်ကို ခဲတံဖြင့် တောက်တောက် ခေါက်ရင်း ရဲ့ကျင်းရှန်းသည် နဖူးပြင်၌ အရေးအကြောင်းများ ထင်ဟပ်လာသည်အထိ အတွေးနက်နေခဲ့သည်။

ရှဖေး၏ လှုပ်ရှားမှုများကို ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသည်ဟု ဖော်ပြနိုင်ကာ သာမန် အသိတရားဖြင့် နားလည်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုလှုပ်ရှားမှုများရှိ သိမ်မွေ့မှုများကို နားလည်သော်လည်း ထိုလူငယ်သည် သူ၏ ခန္ဓာကိုယ် ဒြပ်ဆွဲအားဗဟိုချက်ကို မည်သို့ ပြောင်းလဲခဲ့သည်ကိုမူ ရဲ့ကျင်းရှန်းက နားမလည်နိုင်သေးပေ။

သူသည် ရုံးခန်းအလယ်တွင် မတ်တပ်ရပ်၍ ရှဖေး၏ လှုပ်ရှားမှုများကို အကြိမ်ကြိမ် အတုယူ စမ်းသပ်ကြည့်ခဲ့သည်။ လှုပ်ရှားမှုတိုင်းကို အတုခိုးနိုင်သော်လည်း သူ၏ ဒြပ်ဆွဲအားဗဟိုချက်ကိုမူ မထိန်းချုပ်နိုင်ခဲ့ဘဲ ချန်သုန်း၏ ပြင်းထန်သော တိုက်ခိုက်မှုများမှ ရှဖေး အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့သည့် လှုပ်ရှားမှုမျိုးက သူ့ကို ကြမ်းပြင်ပေါ်သို့သာ အကြိမ်ကြိမ် လဲကျစေခဲ့သည်။

လှုပ်ရှားမှုများကို ပုံသဏ္ဌာန်နှင့် ရည်ရွယ်ချက်ဟူ၍ ခွဲခြားနိုင်ပြီး ဖန်တန်၏ သင်ကြားမှုမှ ဆင်းသက်လာသော "ကောက်ကျစ်သော ထိုးနှက်ချက်" သည် လျှို့ဝှက် လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်ထဲမှ ဖြစ်သောကြောင့် ပြင်ပလူများအတွက် လွယ်လွယ်ကူကူ နားလည်ရန် မဖြစ်နိုင်ပေ။ ရဲ့ကျင်းရှန်းသည် ထိုလှုပ်ရှားမှု၏ ပုံသဏ္ဌာန်ကိုသာ နားလည်နိုင်ခဲ့ပြီး လှုပ်ရှားမှုနောက်ကွယ်မှ ရည်ရွယ်ချက်ကိုမူ အဆုံးစွန်အထိ သဘောမပေါက်နိုင်ခဲ့ပေ။

အမှန်စင်စစ် ရှဖေး၏ ဤလှုပ်ရှားမှုများကို နားလည်ရန် ကြိုးစားနေသူမှာ ရဲ့ကျင်းရှန်း တစ်ဦးတည်း မဟုတ်ပေ။ အန်ဒရို ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ အဖွဲ့အစည်းများကလည်း ဤလှုပ်ရှားမှုများကို ဖော်ထုတ်ရန် လျှို့ဝှက်စွာ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။

ရှဖေး ပြသခဲ့သည့် ဤလှုပ်ရှားမှုများသည် လက်တွေ့တိုက်ပွဲများတွင် များစွာ အသုံးဝင်ပြီး အကယ်၍ တစ်စုံတစ်ဦးက ဖော်ထုတ်နိုင်ခဲ့ပါက ကြီးမားသော အဖွဲ့အစည်းများအပေါ် နက်ရှိုင်းသော သက်ရောက်မှုများ ရှိလာမည် ဖြစ်သည်။ ရှဖေးသည် အလယ်အလတ်အဆင့် "ကြယ်တာရာ အခြေစိုက်" အလျင်အမြန် စွမ်းရည်ရှင် တစ်ဦးသာ ဖြစ်သော်လည်း "ကောကျစ်သော ထိုးနှက်ချက်" ကို သင်ယူပြီးနောက် သဘာဝစွမ်းရည်ရှိသော "ကြယ်တာရာ နယ်ပယ်" အဆင့်ရှိ ချန်သုန်းနှင့် ရင်ဘောင်တန်း တိုက်ခိုက်နိုင်ခဲ့သည်။ ထိုကဲ့သို့သော လက်တွေ့တိုက်ပွဲ စွမ်းဆောင်ရည်သည် အခြားသူများအတွက် ဆွဲဆောင်မှု ရှိနေသော်လည်း ရှဖေး၏ ခိုင်မာသော စိတ်ဓာတ်ကလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ အမှန်ပင် ဖြစ်သည်။

အကြိမ်အနည်းငယ် ထပ်မံ စမ်းသပ်ပြီးနောက် ရဲ့ကျင်းရှန်းသည် အားမလိုအားမရဖြင့် ခေါင်းကို ခါယမ်းကာ သူ၏ ထိုင်ခုံသို့ ပြန်သွားခဲ့သည်။ သူ၏ မှတ်စုစာအုပ်ကို ပြန်လည် လှန်လှောကြည့်သော်လည်း ထပ်မံ၍ နားလည်မှု မရရှိခဲ့ပေ။

ဖန်တန်သည် ရှဖေးကို ဤလှုပ်ရှားမှုများကို လူသိရှင်ကြား အသုံးပြုရန် မည်မျှ သတ္တိရှိရှိ သင်ကြားပေးခဲ့သည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။ ၎င်းမှာ "ကောကျစ်သော ထိုးနှက်ချက်" ၏ လျှို့ဝှက်ချက်များကို လွယ်လွယ်ကူကူ သိရှိနိုင်မည် မဟုတ်ကြောင်း ဖန်တန်က အကြွင်းမဲ့ ယုံကြည်ထားခြင်းပင် ဖြစ်သည်။

ရှဖေး ကိုယ်တိုင်ပင်လျှင် သူ ပြုလုပ်ခဲ့သော ခက်ခဲသည့် လှုပ်ရှားမှုများကို ရှင်းလင်းစွာ ဖော်ပြရန် အလွန်ပင် ခက်ခဲပါလိမ့်မည်။ ဖန်တန်သည် ရှဖေးကို လှုပ်ရှားမှုအားလုံးအား အပြည့်အဝ မသင်ပေးဘဲ ဘေးမှသာ အရိပ်အမြွက် ပြောပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှဖေးကို "ကောကျစ်သော ထိုးနှက်ချက်" ကို လေ့ကျင့်သူဟုသာ သတ်မှတ်နိုင်ပြီး အခြားသူအား ပြန်လည် သင်ကြားပေးနိုင်သူ မဟုတ်ပေ။ သူသည် ထိုချဉ်းကပ်မှု နောက်ကွယ်မှ နက်ရှိုင်းသော လျှို့ဝှက်ချက်များကိုပင် ဖော်ပြနိုင်ခြင်း မရှိသည့်အတွက် ဖန်တန်သည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် မည်မျှအထိ ထည့်သွင်း စဉ်းစားခဲ့သည်ကို သိသာစေသည်။

သူ၏ စားပွဲပေါ်ရှိ ဆက်သွယ်ရေး စက်ကလေး မြည်လာသဖြင့် ရဲ့ကျင်းရှန်းသည် ခလုတ်ကို နှိပ်၍ ဖြေကြားလိုက်သည်။ ထိုအခါ အသက် ခုနစ်ဆယ်ခန့်ရှိ အဘိုးအိုတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ သူသည် ကြယ်တာရာ နယ်မြေ၏ တရားစီရင်ရေး သမဂ္ဂ ဥက္ကဋ္ဌ ရောဘတ်ပင် ဖြစ်သည်။

"အရာရှိချုပ် ရဲ့" ရောဘတ်က အလွန်ပင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ရဲ့ကျင်းရှန်းသည် ဌာနချုပ်တွင် ဒုတိယ ဌာနမှူး မဟုတ်တော့သော်လည်း ရောဘတ်သည် သူ့အပေါ် လေးစားမှု ရှိနေဆဲ ဖြစ်သည်။

"ဥက္ကဋ္ဌ ရောဘတ်၊ ကျွန်တော်က ကောင်းကင်ဘုံ ကွပ်မျက်ခြင်းလေ့ကျင့်ရေး စခန်းရဲ့ စခန်းမှူး အဖြစ် ခန့်အပ်ခံထားရတဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သား တစ်ယောက်ပါပဲ။ ဂုဏ်ပုဒ်တွေ ခေါ်နေဖို့ မလိုပါဘူး။ ကျွန်တော့် နာမည်ကိုပဲ ခေါ်ပါ" ရဲ့ကျင်းရှန်းက မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။

"မင်းက ငါ့ကို အရာရှိချုပ်လို့ မခေါ်စေချင်ရင် မင်းလည်း ငါ့ကို ဥက္ကဋ္ဌလို့ မခေါ်ပါနဲ့တော့၊ ငါတို့ နာမည်တွေနဲ့ပဲ ခေါ်ကြတာပေါ့၊ ဘယ်လိုလဲ" ရောဘတ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"တစ်ခုခု ကိစ္စရှိလို့လား" ရဲ့ကျင်းရှန်းက အေးစက်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး မေးသည်။

"ဒီလိုပါ၊ ငါက မင်းရဲ့ လေ့ကျင့်ရေး စခန်းကို နောက်ထပ် လေ့ကျင့်ဖို့ လူငယ်နှစ်ယောက် ပို့ချင်လို့၊ အဲဒါ မင်းရဲ့ သဘောထားကို သိချင်တာ" ရောဘတ်က ယဉ်ကျေးစွာ ပြောသည်။

ရောဘတ်သည် ရဲ့ကျင်းရှန်း၏ အထက်လူကြီး ဖြစ်သဖြင့် သူ ချမှတ်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို အမိန့်ပေးနိုင်သော်လည်း ရဲ့ကျင်းရှန်း သဘောမတူပါက သူ၏ အကြံအစည်ကို ချက်ချင်း ရပ်ဆိုင်းမည့် အနေအထားဖြင့် တိုင်ပင်နေခြင်း ဖြစ်သည်။

"ဘယ်သူတွေလဲ၊ ကျွန်တော် သိတဲ့သူတွေလား"

"ဒီလူငယ်နှစ်ယောက်ကို မင်းတင် သိတာ မဟုတ်ဘူး၊ ကြယ်တာရာ နယ်မြေတစ်ခုလုံး သိကြတယ်လို့ ငါထင်တယ်၊ သူတို့ကတော့ ၂၁ ရက်ကြာ တိုက်ခိုက်ပြီး သရေကျခဲ့တဲ့ ရှဖေးနဲ့ ချန်သုန်းတို့ပဲ ဖြစ်တယ်" ရောဘတ်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း အရိပ်အမြွက် ပြောလိုက်သည်။

"ဪ" ရဲ့ကျင်းရှန်းက ခေါင်းညိတ်လိုက်ပြီး စားပွဲကို လက်ချောင်းဖြင့် အနည်းငယ် ခေါက်လိုက်သည်။

"အဲဒီနှစ်ယောက်ရဲ့ ပွဲကို ကျွန်တော် ကြည့်ပြီးပါပြီ။ အကယ်၍ ရှဖေးသာ မရှိခဲ့ရင် ချန်သုန်းက အဲဒီ စစ်ဆေးမှုမှာ နံပါတ်တစ် ရမှာ သေချာတယ်။ ရှဖေးရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကြားမှာ သူ ပိတ်မိသွားပြီး သတိလစ်သွားတဲ့အထိ တိုက်ခိုက်ခဲ့ရတာ နှမြောဖို့ ကောင်းပါတယ်၊ ဒါပေမဲ့ ရှဖေးကိုတော့ အနိုင်မရခဲ့ဘူး"

"ဒါဆို မင်း ဘယ်လို ထင်သလဲ၊ သူတို့ ကောင်းကင်ဘုံ ကွပ်မျက်ခြင်းလေ့ကျင့်ရေး စခန်းကို တက်ရောက်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်လား" ရောဘတ်က စိတ်လှုပ်ရှားစွာ မေးသည်။

"သူတို့ အရည်အချင်း ပြည့်မီတာထက်တောင် ပိုပါတယ်။ သူတို့ရဲ့ အောင်မြင်လိုတဲ့ စိတ်ဓာတ် တစ်ခုတည်းနဲ့တင် လေ့ကျင့်ရေး စခန်းကို ဝင်ခွင့်ရဖို့ လုံလောက်ပါတယ်၊ ဒါပေမဲ့ ရှဖေးကတော့ နည်းနည်း ပြဿနာ ရှိလိမ့်မယ်" ရဲ့ကျင်းရှန်းက ပြောလိုက်သည်။

"ဪ၊ ရှဖေးမှာ ဘာပြဿနာ ရှိလို့လဲ" ရောဘတ်က သိလိုစိတ်ဖြင့် မေးသည်။

ရဲ့ကျင်းရှန်းက သူ၏ ကြီးကြပ်ရေးမှူး သုံးဦးသည် ရှဖေးကို အထူးဝင်ခွင့်ပေးရန် တစ်ဦးနှင့်တစ်ဦး အငြင်းပွားခဲ့သည့် အကြောင်းကို ပြောပြသောအခါ ရောဘတ်က အကျယ်ကြီး ရယ်မောလိုက်သည်။

"သူက အရမ်း နာမည်ကြီးလွန်းလို့ ဖြစ်နေတာကိုး၊ ငါက ရှဖေး တစ်ခုခု အားနည်းနေတာလားလို့တောင် ထင်နေတာ"

"အဲဒါကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားသလဲ" ခဏမျှ စဉ်းစားပြီးနောက် ရောဘတ်က မေးသည်။

"ရှဖေးကို လေ့ကျင့်ရေး စခန်းထဲ ခေါ်ဖို့ကတော့ လိုအပ်ပါတယ်။ သူပြသခဲ့တဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေက ကြယ်တာရာ နယ်မြေတစ်ခုလုံးရဲ့ အာရုံစိုက်မှုကို ရထားပြီးပြီ၊ ဒီအရည်အချင်းရှိသူကို 'ဟားမစ် ဂိုဏ်းတွေလက်ထဲ အရောက်မခံနိုင်ဘူး။ ကျွန်တော့်မှာ နည်းလမ်းအချို့ ရှိပါတယ်၊ ဒါပေမဲ့ ပိုပြီး သင့်တော်တဲ့ နည်းလမ်းဖြစ်အောင် ရက်အနည်းငယ်လောက် စဉ်းစားပါရဦး" ဟု ရဲ့ကျင်းရှန်းက အကြံပြုလိုက်သည်။

(ဟားမစ်ဂိုဏ်းကို ဘာသာပြန်ရင် နားထောင်မကောင်းလို့ တိုက်ရိုက်ရေရွတ်သံကိုပဲယူထားပါတယ် လမ်းလွဲဂိုဏ်းတွေကို ပြောချင်တာပါ)

သူသည် ဌာနချုပ်မှ ဒုတိယ ဌာနမှူးဟောင်း တစ်ဦး ဖြစ်သောကြောင့် သူ၏ အတွေ့အကြုံနှင့် အရည်အချင်းအရ ဤကဲ့သို့သော ကိစ္စအသေးအဖွဲကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။

ရောဘတ်က ကျေနပ်စွာပင် "မင်းဆီက အဲဒီစကား ကြားရတော့ ငါ စိတ်အေးသွားပြီ။ အခုပဲ ရှဖေးနဲ့ ချန်သုန်းတို့ကို ကောင်းကင်ဘုံ ကွပ်မျက်ခြင်းလေ့ကျင့်ရေး စခန်းကို အထူးဝင်ခွင့်ပေးလိုက်ကြောင်းနဲ့ သူတို့ကို အလုပ်သင် တရားစီရင်သူ တံဆိပ်တွေ ချီးမြှင့်လိုက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်မယ်" ဟု ပြောသည်။

ရောဘတ်သည် ရဲ့ကျင်းရှန်းနှင့် ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်သည်။ ပျောက်ဆုံးသွားသော ကိုယ်စားလှယ်လောင်းများ ကိစ္စကြောင့် သူ မည်မျှ စိတ်ဖိစီးနေရသည်ကို သူကိုယ်တိုင်သာ သိပေသည်။

သူ ချမှတ်ထားသော လျှို့ဝှက်ချက် ထိန်းသိမ်းရေး မူဝါဒကြောင့် ဤဖြစ်ရပ်ကို သိရှိသူ အလွန်နည်းပါးသည်။ လျှို့ဝှက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသော်လည်း ယခုအချိန်အထိ တရားခံ၏ သဲလွန်စ တစ်ခုမျှ မတွေ့ရှိသေးသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။

ဒေါက် ဒေါက် ဒေါက်

သူ၏ ရုံးခန်းတံခါးဆီမှ ခေါက်သံများ ထွက်ပေါ်လာသည်။

"ဝင်ခဲ့ပါ" ရောဘတ်က ခပ်တည်တည် ခေါ်လိုက်သည်။

အကျပ်အတည်း အဆင့် စစ်ဆေးမှု၏ စောင့်ကြည့်ရေး အရာရှိချုပ် ဖြစ်သလို ရောဘတ်၏ ယုံကြည်ရသော လက်ထောက်ဖြစ်သူ ရှောင်ဝင်လာသည်။

ရှောင်သည် တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ရောဘတ်၏ အနားသို့ အမြန်လာကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော် ပြဿနာ အချို့ကို တွေ့ထားတယ်"

ရောဘတ်၏ မျက်နှာ ပျက်သွားသည်။ ရှောင်သည် တရားစီရင်ရေး သမဂ္ဂ၏ လျှို့ဝှက် စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ သူ၏ အစီရင်ခံစာသည် ပြန်ပေးဆွဲခံရသော ကိုယ်စားလှယ်လောင်းများ နှင့် ပတ်သက်နေနိုင်သည်။

"ဘာပြဿနာလဲ၊ ပြန်ပေးဆွဲခံရတဲ့ သူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ တွေ့ပြီလား" ရောဘတ်က စိုးရိမ်တကြီး မေးလိုက်သည်။

"မဟုတ်ဘူး၊ အဓိက ကွန်ပျူတာကို တစ်စုံတစ်ယောက်က လျှို့ဝှက် ပြင်ဆင်ထားတာကို ကျွန်တော် တွေ့ခဲ့တယ်။ ပထမ အကျော့မှာ ရှဖေးရဲ့ ပြိုင်ဘက်က ချန်သုန်း မဟုတ်ဘဲ ချန်ယွမ်နင်ဆိုတဲ့ တစ်ယောက် ဖြစ်ရမှာ။ တစ်ယောက်ယောက်က သူတို့ရဲ့ နာမည်တွေကို လဲလှယ်ထားတာ" ရှောင်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။

ရောဘတ် အံ့သြသွားသည်။ ဤအကြိမ် ပြိုင်ပွဲအတွက် မဲနှိုက်ခြင်းကို ကွန်ပျူတာက အလိုအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကွန်ပျူတာ၏ ရလဒ်များကို ပြင်ဆင်နိုင်ရန် အနည်းဆုံး အဆင့် ၄ ရှိသော ခွင့်ပြုချက် လိုအပ်ပြီး ယခုအချိန်တွင် ထိုခွင့်ပြုချက် ရှိသူမှာ ရောဘတ် ကိုယ်တိုင်၊ ရှောင် နှင့် စစ်ဆေးရေးမှူး သုံးဦး စုစုပေါင်း ငါးဦးသာ ရှိသည်။

ရောဘတ်သည် မိမိကိုယ်တိုင်နှင့် ရှောင်ကို ဖယ်ထုတ်လိုက်ပါက ရှောင်ဟိုင်လီ၊ ကွီရို့စ် နှင့် ဘိုဆင်ဝါ တို့သာ ကျန်တော့သည်။

ရှောင်ဟိုင်လီသည် သူ၏ တပည့်ဖြစ်ပြီး ဘိုဆင်ဝါနှင့် ကွီရို့စ်တို့သည်လည်း သူ ကောင်းကောင်း သိကျွမ်းသူများ ဖြစ်သည်။ သို့မဟုတ်ပါက အဖွဲ့ ၁၃ ကို ဤကဲ့သို့သော အရေးကြီးသည့် စစ်ဆေးမှုမျိုး ပြုလုပ်ရန် ခိုင်းစေမည် မဟုတ်ပေ။

"မင်း ဒါကို သေချာလို့လား" ရောဘတ်က မျက်မှောင်ကြုတ်လိုက်ကာ မေးသည်။

"သေချာပါတယ်။ ပြင်ဆင်တဲ့သူက သေချာ လုပ်သွားပေမဲ့ သဲလွန်စ အနည်းငယ်တော့ ကျန်ခဲ့တယ်" ရှောင်က ခေါင်းညိတ်ပြသည်။ ရောဘတ်သည် ထိုင်ခုံတွင် မှီလိုက်ပြီး မျက်နှာ ညှိုးငယ်သွားသည်။ သူ အယုံကြည်ရဆုံး ဖြစ်သော အဖွဲ့ ၁၃ က ဤကဲ့သို့ ပြဿနာ ရှာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"ဆက်ပြီး စုံစမ်းပါဦး၊ တစ်ခုခု ထူးခြားရင် ငါ့ကို အကြောင်းကြားပါ" ရောဘတ်သည် မျက်နှာကြက်ကို ကြည့်ရင်း မျက်ဝန်း၌ မျက်ရည်များ ဝေ့သီလာခဲ့သည်။

သြစတြေးလျ အရှေ့ပိုင်း၊ ဂရိတ် ဘားရီးယား ရိဖ် အနီးရှိ လှပသော ကျွန်းကလေး တစ်ကျွန်းတွင် ဖြစ်သည်။ ရှဖေးသည် ကမ်းခြေထိုင်ခုံပေါ်တွင် လဲလျောင်းရင်း နေပူဆာ လှုံနေခဲ့သည်။ သူ၏ ညာဘက်ရှိ စားပွဲဝိုင်းပေါ်တွင် ဘီယာ ပုလင်းများဟု ထင်ရသော ပုလင်းများ ရှိနေသည်။

ထိုအရာများသည် ဖန်တန်၏ ညွှန်ကြားချက်အတိုင်း ရှဖေးကိုယ်တိုင် ဖော်စပ်ထားသည့် လျှို့ဝှက် အားဖြည့်ဆေးရည်များ ဖြစ်သည်။ ဤစစ်ဆေးမှုကာလသည် ရှဖေးကို အကုန်အစင် နုံးချည့်သွားစေခဲ့သည်။ ၂၁ ရက်ကြာ ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အစွန်းကုန် ပင်ပန်းစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို အမြဲတမ်း ပျက်စီးမသွားစေရန်အတွက် သေချာစွာ အနားယူရန် လိုအပ်သည်။

ရှဖေးသည် ပုလင်းတစ်လုံးကို လှမ်းယူကာ ပါးစပ်ဖြင့် ဖွင့်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။ ဤဖျော်ရည်သည် ခန္ဓာကိုယ် စွမ်းအင် ပြန်လည် ဖြည့်တင်းရန်နှင့် ထိန်းညှိရန် အလွန် ထိရောက်သော်လည်း အရသာမှာ တရုတ် တိုင်းရင်းဆေးကဲ့သို့ ခါးသက်လှသည်။ အလွန်အကျွံ သောက်ပါက ခဏတာ အရသာ မသိနိုင်တော့ဘဲ ပါးစပ်ထဲတွင် ဖန်တီးတီး အရသာသာ ကျန်ရစ်ခဲ့သည်။

ရှဖေးနှင့် ချန်သုန်းတို့ကို အထူးဝင်ခွင့်ပေးလိုက်ကြောင်း ကြေညာသောအခါ မည်သူမျှ ကန့်ကွက်ခြင်း မရှိခဲ့ဘဲ တရားစီရင်ရေး သမဂ္ဂ၏ ဂုဏ်သိက္ခာကိုလည်း ပိုမို တိုးတက်စေခဲ့သည်။

ထိုလူငယ်နှစ်ဦး၏ ဇွဲနပဲကြီးစွာ ကြိုးပမ်းမှုကို အန်ဒရို ကြယ်တာရာ နယ်မြေတစ်ခုလုံးက အံ့သြခဲ့ကြသည်။ တရားစီရင်ရေး သမဂ္ဂ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု အားလုံးက ယုံကြည်ကြသည်။ သူတို့နှစ်ဦးစလုံးမှာ ကောင်းကင်ဘုံ ကွပ်မျက်ခြင်းလေ့ကျင့်ရေး စခန်းသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူများ ဖြစ်ကြသည်။

"ဒါတွေကို ဘယ်လောက်ကြာကြာ သောက်ရဦးမှာလဲ... ငါ့ပါးစပ်လည်း ခါးလို့ သေတော့မယ်။ ဘယ်လောက် ကောင်းတဲ့ စားစရာပဲဖြစ်ဖြစ် ငါ အရသာ သိတော့မှာ မဟုတ်ဘူး" ရှဖေးက ပုလင်းကို ချရင်း ညည်းညူလိုက်သည်။

"နောက်ထပ် သုံးရက်ဆို ရပါပြီ။ မင်းရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည် ကျန်းမာအောင် လုပ်ဖို့ လိုတယ်၊ မဟုတ်ရင် နောက်ပိုင်းမှာ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာလိမ့်မယ်" ကမ်းခြေတွင် သူနှင့် မလှမ်းမကမ်း၌ လဲလျောင်းနေသော ဖန်တန်က ပြန်ပြောသည်။

ရှဖေးသည် ရေသန့်ပုလင်းကို ယူ၍ ပါးစပ်ထဲမှ အရသာ ပျောက်သွားစေရန် သောက်လိုက်သော်လည်း ရလဒ်ကတော့ စိတ်ကျေနပ်စရာ မရှိပေ။

"နောက် ရက်အနည်းငယ်ကြာရင် ငါတို့ တစ်နေရာ သွားကြမယ်" ဖန်တန်က ပြောလိုက်သည်။

"ဘယ်ကိုလဲ"

"မင်းက စကြဝဠာထဲကို ပထမဆုံး ခြေလှမ်း စလှမ်းတော့မှာ၊ စကြဝဠာက ကုန်းမြေနဲ့ မတူဘူး။ ကုန်းပေါ်မှာ လမ်းလျှောက်ဖို့ ခိုင်ခံ့ပြီး သက်သောင့်သက်သာရှိတဲ့ ဖိနပ်ကောင်းတစ်စုံ လိုအပ်သလို စကြဝဠာကလည်း အဲဒီလိုပဲ။ အလွန် ကျယ်ပြောလွန်းတဲ့အတွက် မင်း သွားချင်တဲ့နေရာကို သွားနိုင်ဖို့ အာကာသယာဉ် ကောင်းကောင်း တစ်စင်း လိုအပ်တယ်"

"ဒါ့အပြင် အာကာသထဲမှာ မသိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိတယ်။ အာကာသယာဉ် ကောင်းကောင်း မရှိဘဲ သွားတာက ပင်လယ်ပြင်ထဲကို လှေငယ်လေးနဲ့ ထွက်သွားသလိုပဲ၊ အဲဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ" ဖန်တန်က အလေးအနက် ပြောသည်။

ရှဖေးသည် "စကြဝဠာ" ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် ထိုင်ခုံပေါ်မှ ချက်ချင်း ထထိုင်လိုက်သည်။ သူသည် အာကာသယာဉ် ပိုင်ဆိုင်ရန် အိပ်မက်မက်နေသည်မှာ ရက်အနည်းငယ်မျှ မဟုတ်ပေ။ ဖန်တန်က မပြောလျှင်တောင် ရှဖေးသည် ကိုယ်ပိုင် အာကာသယာဉ် ဝယ်ယူရန် အစီအစဉ် ရှိပြီးသား ဖြစ်သည်။ ယခုတစ်ခေါက် စစ်ဆေးမှုတွင် ဆုလာဘ်များစွာ ရရှိထားသဖြင့် အာကာသယာဉ် ဝယ်ယူရန်အတွက် ငွေကြေး အခက်အခဲ မရှိပေ။

"ဟားဟား၊ ကောင်းတာပေါ့။ ငါ အခုပဲ အင်တာနက်ကနေ 'သိမ်းငှက်'အဆင့် ဖရီးဂိတ် သင်္ဘောတစ်စင်းကို မှာလိုက်မယ်။ အမှန်အတိုင်း ပြောရရင် အဲဒီ သင်္ဘောရဲ့ ဒီဇိုင်းကို ငါ သဘောကျနေတာ" ရှဖေးက ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။

ဖန်တန်က သောင်ပြင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ရှဖေးကို ကြည့်ကာ မပြုံးဘဲ ပြောလိုက်သည်။ "မင်းရဲ့ ဒုတိယမြောက် အာကာသယာဉ်ကိုတော့ အသင့်လုပ်ပြီးသား ဝယ်ချင်ဝယ်လို့ ရပေမဲ့ မင်းရဲ့ ပထမဆုံး အာကာသယာဉ်ကိုတော့ မင်းရဲ့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင် တည်ဆောက်ရမယ်။ အာကာသယာဉ် ဆိုတာ ဒီစကြဝဠာထဲမှာ ဘယ်သူ့အတွက်မဆို အယုံကြည်ရဆုံး အဖော်ပဲ။ မင်း အဲဒါရဲ့ အစိတ်အပိုင်းတိုင်းနဲ့ စွမ်းဆောင်ရည်တွေကို သိထားဖို့ လိုတယ်၊ အဲဒါကို သိဖို့ ကိုယ်တိုင် တည်ဆောက်တာထက် ပိုမြန်တဲ့ နည်းလမ်း မရှိဘူး"

ရှဖေးမှာ အံ့သြသွားပြီး သူ၏ စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲသွားသည်။

"မင်း ပြောချင်တာက ငါ့ရဲ့ ကိုယ်ပိုင် အာကာသယာဉ်ကို ငါ့လက်နဲ့ တည်ဆောက်ရမယ် ဟုတ်လား"

"ဟုတ်တယ်အစိတ်အပိုင်းတိုင်းကို သေချာ ရွေးချယ်ပါ မင်းရဲ့ သင်္ဘော အစိတ်အပိုင်း တစ်ခုချင်းစီကို တပ်ဆင်တာကို မင်း မျက်စိနဲ့ကိုယ်တိုင် ကြည့်ရမယ်"

အခန်း ၆၂ - ကြယ်တာရာပင်လယ်ပြင်သို့ ခြေလှမ်းစတင်ခြင်း

"ဟုတ်တယ်။ မင်းရဲ့ အာကာသယာဉ်မှာပါမယ့် အစိတ်အပိုင်းတိုင်းကို သေချာရွေးချယ်ပါ။ မင်းရဲ့ ယာဉ်ကို တစ်စစီ တပ်ဆင်တာကို မင်းမျက်စိနဲ့ကိုယ်တိုင် ကြည့်ရမယ်" ဖန်တန်က အလေးအနက် ပြောကြားလိုက်သည်။

ရှဖေးသည် ထိုင်ခုံတွင် မှီလိုက်ရင်း စီးကရက်တစ်လိပ်ကို ထုတ်ကာ အကြိမ်အနည်းငယ် ဖွာလိုက်သည်။

"ငါ့ရဲ့ စစ်သင်္ဘောကို ကိုယ်တိုင် တည်ဆောက်ရမယ်ဆိုတာ တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ။ ငါတို့ ဘယ်အာကာသယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကို သွားကြမလဲ"

"အာကာသယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကို ဘာသွားလုပ်မှာလဲ" ဖန်တန်က ပေါ့ပေါ့ပါးပါးပင် ပယ်ချလိုက်သည်။

"အာကာသယာဉ်တိုင်းမှာ သက်တမ်း ရှိကြတယ်၊ အဲဒါတွေ သုံးမရတော့ရင် စစ်သင်္ဘော သင်္ချိုင်းတွေမှာပဲ စွန့်ပစ်ခံရတာ။ ငါတို့က အန်ဒရို ကြယ်တာရာ နယ်မြေရဲ့ စစ်သင်္ဘော သင်္ချိုင်းက ဘယ်မှာလဲဆိုတာ ရှာပြီး အဲဒီကနေ အသုံးဝင်မယ့် အာကာသယာဉ် တစ်စင်းကို တည်ဆောက်ကြမယ်"

ရှဖေးသည် မယုံကြည်နိုင်သော အမူအရာဖြင့် မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။

"လူတွေက အာကာသယာဉ် တစ်စင်းလုံးကို အဲဒီလိုပဲ ပစ်ထားကြတာလား။ အဲဒါက အရမ်း ဖြုန်းတီးရာ မကျဘူးလား။ ဘာလို့ ပြန်လည် ပြုပြင်ပြီး မသုံးကြတာလဲ"

"တန်ချိန် ရာနဲ့ ချီ၊ ထောင်နဲ့ ချီ လေးတဲ့ စစ်သင်္ဘော တစ်စင်းကို ဖျက်သိမ်းဖို့ဆိုတာ လွယ်တယ် ထင်နေလား။ အာကာသယာဉ် တစ်စင်းကို ဖျက်သိမ်းတဲ့ ကုန်ကျစရိတ်တင် အဲဒီယာဉ်ရဲ့ တန်ဖိုးထက် အများကြီး ပိုများနေပြီ။ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေကိုတော့ ဖြုတ်ပြီး အနီးနားက ကုမ္ပဏီအသေးလေးတွေကို သီးသန့် ရောင်းကြတယ်၊ တန်ဖိုး မရှိတဲ့ အစိတ်အပိုင်းတွေကိုတော့ အမှိုက်တွေလိုပဲ ထားပစ်ခဲ့ကြတာ" ဖန်တန်က ရယ်မောလိုက်ပြီး ရှင်းပြသည်။

ရှဖေး ခဏမျှ စဉ်းစားလိုက်သည်။ "ဒါဆိုရင် ငါတို့က အဲဒီ စစ်သင်္ဘော သင်္ချိုင်းတွေဆီကနေ တစ်ပတ်ရစ် ပစ္စည်းတွေကိုပဲ ဝယ်ကြမယ်ပေါ့"

ဖန်တန်က ခေါင်းခါယမ်းလိုက်ပြီး "အဓိက အချက်က အဲဒီ စက်ရုံလေးတွေမှာ မင်းကိုယ်တိုင် အာကာသယာဉ် တည်ဆောက်တဲ့ အတွေ့အကြုံကို ရနိုင်လို့ပဲ။ အဓိက ထုတ်လုပ်ရေး ကုမ္ပဏီကြီး လေးခုကို သွားရင်တော့ ဒီလို အခွင့်အရေးမျိုး ရမှာ မဟုတ်ဘူး။ မင်းအတွက် အခု အရေးကြီးဆုံးက ဗဟုသုတပဲ။ အာကာသယာဉ်ကို တစ်သက်လုံး မောင်းလာပြီး ကိုယ်တိုင် မတပ်ဆင်တတ်တဲ့ သူတွေ အများကြီး ရှိတယ်"

"ဒါ့အပြင် စစ်သင်္ဘော သင်္ချိုင်းတွေက စစ်တပ်ဆီကနေ ဖြစ်ဖြစ်၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ စွန့်ပစ်ထားတဲ့ အဆင့်မြင့် အာကာသယာဉ်တွေကို ဖြစ်ဖြစ် ဝယ်ယူလေ့ ရှိတယ်။ အဲဒီလို အရည်အသွေးမြင့်တဲ့ တစ်ပတ်ရစ် ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ အာကာသယာဉ်က သာမန် အသစ်စက်စက် ယာဉ်ထက်တောင် ပိုပြီး စွမ်းဆောင်ရည် ကောင်းနိုင်သေးတယ်။ မင်း စိတ်ကြိုက် ပုံဖော်လို့လည်း ရတယ်လေ။ ငွေအနည်းဆုံး သုံးပြီး အကောင်းဆုံး အာကာသယာဉ် ရဖို့ဆိုရင် စစ်သင်္ဘော သင်္ချိုင်းက တစ်ခုတည်းသော ရွေးချယ်မှုပဲ။ တကယ် နားလည်တဲ့ သူတွေပဲ အဲဒီကို သွားကြတာ။ သာမန် သိမ်းငှက် အဆင့် ဖရီးဂိတ် သင်္ဘောတစ်စင်းတင် ကြယ်တာရာ ဒင်္ဂါး သန်းရှစ်ဆယ်လောက် ကုန်ကျနိုင်ပြီး အဆင့်မြင့် အစိတ်အပိုင်းတွေ အကုန် တပ်ဆင်မယ်ဆိုရင် ကြယ်တာရာ ဒင်္ဂါး သုံးဘီလီယံလောက်အထိ ကုန်နိုင်တယ်"

ဖန်တန် ပြောသည်မှာ အလွန်ပင် ယုတ္တိရှိပေသည်။ အာကာသယာဉ် တစ်စင်း၏ အကုန်အကျ အများဆုံး အပိုင်းမှာ ၎င်း၏ ကိုယ်ထည် မဟုတ်ဘဲ အင်ဂျင်၊ အီလက်ထရောနစ် ကိရိယာများနှင့် လက်နက်စနစ်များသာ ဖြစ်သည်။ အကယ်၍ စစ်သင်္ဘော သင်္ချိုင်းမှ ကောင်းမွန်သော အစိတ်အပိုင်းများကို ရွေးချယ်နိုင်ပါက တစ်ပတ်ရစ် ဖြစ်သော်လည်း အသစ်စက်စက် ယာဉ်တစ်စင်းထက် ပိုမို ကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိနိုင်ပေသည်။

"အာကာသယာဉ် ပိုင်ဆိုင်ဖို့အတွက် ကျင့်ကြံခြင်း အဆင့်က ကြယ်တာရာ နယ်မြေအဆင့် ရှိရမယ်လို့ မင်းပြောခဲ့တာ ငါမှတ်မိသေးတယ်... ငါက အခု အဲဒီအဆင့် ရောက်ဖို့ အဝေးကြီး လိုသေးတာပဲ"

ဖန်တန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"တရားစီရင်ရေး သမဂ္ဂက ပေးထားတဲ့ အဖွဲ့ဝင် လက်စွဲစာအုပ်ကို မင်း သေချာ ဖတ်သင့်တယ်။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က လိုအပ်ချက်ထက် နည်းနေသေးတာ မှန်ပေမဲ့ မင်းက အခု အလုပ်သင် တရားစီရင်သူ ဖြစ်နေပြီလေ၊ အဲဒါက အဖွဲ့ဝင်တွေ ရရှိတဲ့ အထူး အခွင့်အရေးတွေထဲက တစ်ခုပဲ"

ထိုစဉ် ကောင်းကင်ယံ၌ အပြာရောင် ရဟတ်ယာဉ်တစ်စီး ပေါ်လာပြီး သောင်ပြင်၏ အစွန်သို့ ဆင်းသက်လိုက်သည်။ ရဟတ်ယာဉ်ပေါ်မှ ပြုံးရွှင်နေသော အမျိုးသား သုံးဦး ဆင်းလာခဲ့သည်။

"ရှဖေးမင်း တရားစီရင်သူအဖြစ် အရည်အချင်း ပြည့်မီသွားပြီလို့ ကြားတယ်၊ ဂုဏ်ယူပါတယ်ဗျာ" ဝူလုံက ရှေ့ဆုံးမှ ပြေးထွက်လာကာ အော်ဟစ် နှုတ်ဆက်လိုက်သည်။

ရှဖေးက ထိုင်ခုံမှ ထကာ လက်ဝှေ့ယမ်း ပြလိုက်သည်။ "ဟေး၊ အမှန်တော့ ငါ စစ်ဆေးမှုကို အောင်မြင်ခဲ့တာ မဟုတ်ဘူး၊ သူတို့ ဘယ်လိုကြောင့် ငါ့ကို အထူးဝင်ခွင့် ပေးလိုက်တာလဲဆိုတာ ငါလည်း မသိဘူး"

"အထူးဝင်ခွင့်ကလည်း မဆိုးပါဘူး။ ငါလည်း အထူးဝင်ခွင့် ရချင်ပေမဲ့ သူတို့က ငါ့ကို မခေါ်ကြဘူးလေ" ဝူလုံက ရှဖေးကို တင်းကျပ်စွာ ဖက်လိုက်သည်။ ဝူလုံသည် အလွန် သန်မာသဖြင့် ရှဖေးမှာ အရိုးများ နာကျင်သွားရသည်အထိ ခံစားလိုက်ရသည်။

လူလေးဦးစလုံးသည် ကမ်းခြေထိုင်ခုံများတွင် လဲလျောင်းလိုက်ကြသည်။ ဝူလုံက အေးခဲနေသော ဘီယာ အပုလင်း နှစ်ဒါဇင်ခန့် မှာယူလိုက်သော်လည်း ရှဖေးမှာ ဆေးသောက်နေရသဖြင့် အေးမြသော ရေတစ်ခွက်ကိုသာ သောက်ခဲ့ရသည်။

ချာလီသည် ဘေးတွင် ရှက်ကိုးရှက်ကန်း ထိုင်နေသည်။ ရှဖေးက ထိုလူငယ်ကို ပြုံးကြည့်ရင်း "ငါပေးထားတဲ့ မျိုးရိုးဗီဇ မြှင့်တင်ဆေးကို သောက်ပြီးပြီလား" ဟု မေးလိုက်သည်။

"ကျွန်တော်က သင်္ချာ စွမ်းရည် ရခဲ့တယ်၊ ကျွန်တော် အကြိုက်ဆုံး ဖြစ်တဲ့ အလျင်အမြန် စွမ်းရည် မဟုတ်ဘူး" ချာလီ၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားကာ ပြန်ဖြေသည်။

ရှဖေး၊ အန်ဒရေနှင့် ဝူလုံတို့သည် ချာလီ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။ "ဦးနှောက်ရဲ့ သတ္တမမြောက် နယ်ပယ်ကို ဖွင့်လိုက်ပြီးရင် ဘယ်လို စွမ်းရည်မျိုး ရမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အမှန်တော့ သင်္ချာ စွမ်းရည်က မင်းအတွက် မဆိုးပါဘူး မင်းက ဘဏ္ဍာရေး ပညာရပ်ကို လေ့လာထားတာဆိုတော့ ဒီစွမ်းရည်က မင်းရဲ့ အသက်မွေးဝမ်းကျောင်း အတွက် အကျိုးရှိမှာပါ" ရှဖေးက ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်က အကို့လို မြန်ချင်တာ" ချာလီက သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။ အန်ဒရေက ချာလီ၏ ခေါင်းကို ချစ်ခင်စွာဖြင့် ပွတ်သပ်ပေးလိုက်သည်။

"အန်ဒရေ၊ ခင်ဗျားကော ဘယ်လို စွမ်းရည် ရခဲ့လဲ" ရှဖေးက မေးသည်။ အဘိုးအိုက ခေါင်းခါပြလိုက်ရင်း "ငါကတော့ ဘာမှ မရခဲ့ဘူး" ဟု အေးဆေးစွာ ပြန်ဖြေသည်။

"ဪ၊ နှမြောဖို့ ကောင်းလိုက်တာ"ရှဖေးသည် ထိုအဘိုးအိုအတွက် စိတ်မကောင်း ဖြစ်သွားသည်။ သူသည် ဆေးရည် တစ်ပုလင်းကို ထပ်မံ သောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖောက်ပြန်နေသော ဆေးအကြွင်းအကျန်များကို ဖယ်ရှားရန်အတွက် နာရီတိုင်း ဤဆေးရည်ကို သောက်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

"ငါလည်း စဉ်းစားပြီးပါပြီ။ ငါ့အသက်အရွယ်နဲ့ စွမ်းရည် ရခဲ့ရင်ရော ဘာထူးမှာလဲ၊ ဒါတွေက ကံတရားပဲပေါ့" အန်ဒရေက အကောင်းမြင်စိတ်ဖြင့် ရယ်မောကာ ပြောသည်။

ရှဖေးသည် အန်ဒရေနှင့် ဝူလုံတို့ထံသို့ စာရွက်အချို့ကို ကမ်းပေးလိုက်သည်။

"ကျွန်တော် ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ စဉ်းစားထားတယ်။ အခြား ယဉ်ကျေးမှုတွေဆီက နည်းပညာ အဆင့်မြှင့်တင်မှုတွေကို ကမ္ဘာမြေဆီ မိတ်ဆက်ပေးပြီး ကမ္ဘာ့အဖွဲ့ချုပ်ထဲက ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီမျိုးပေါ့"

ရင်းနှီးမြှုပ်နှံမှု အကြောင်း ပြောလိုက်သည်နှင့် အန်ဒရေသည် ချက်ချင်း စိတ်ဝင်စားသွားသည်။ သူသည် လုပ်ငန်း အဆိုပြုလွှာကို အမြန် ဖတ်ကြည့်လိုက်ရာ ဖတ်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

"ရှဖေး၊ ဒါက တကယ် ကောင်းတဲ့ အကြံပဲ။ အခု ကမ္ဘာပေါ်က ကုမ္ပဏီကြီးတွေက အဆင့်မြင့် နည်းပညာတွေ မရှိလို့ အခက်တွေ့နေကြတာ။ အကယ်၍ မင်းက သူတို့ လိုအပ်နေတဲ့ နည်းပညာတွေကို ထောက်ပံ့ပေးနိုင်မယ်ဆိုရင် သူတို့ သေချာပေါက် ပျော်သွားမှာပဲ။ ဒါက အဖွဲ့ချုပ် တစ်ခုလုံးအတွက်လည်း အကျိုးရှိစေမှာပါ" အန်ဒရေက စိတ်ရင်းဖြင့် မှတ်ချက်ပေးသည်။

"ငါကတော့ ဒါတွေကို နားမလည်ဘူး၊ ဒါပေမဲ့ မင်းရဲ့ အကြံဉာဏ်က မဆိုးဘူးလို့ ထင်တယ်။ မင်း လုပ်မယ်ဆိုရင် ငါလည်း မင်းနဲ့အတူ ပါဝင်မယ်" ဝူလုံကတော့ ရင်းနှီးမြှုပ်နှံမှု အကြောင်း ဘာမှ နားမလည်သဖြင့် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

အန်ဒရေက ထိုစာရွက်များကို ချာလီထံ ကမ်းပေးလိုက်သည်။

"မင်းရော ဘယ်လို ထင်သလဲ"

ချာလီသည် ရှဖေး၏ အကြံဉာဏ်များကို သေချာစွာ ဖတ်ရှုပြီးနောက် "ကမ္ဘာမြေက အခုမှ ယဉ်ကျေးမှု စတင်တဲ့ အဆင့်မှာပဲ ရှိသေးတော့ ကိုယ်ပိုင် စွမ်းအား မရှိသေးဘူး၊ ဒါပေမဲ့ ကျွန်တော်တို့မှာ လုပ်အားခ ဈေးပေါတဲ့ အလုပ်သမားတွေ ရှိတယ်။ တစ်လကို ဖက်ဒရယ် ဒေါ်လာ ခြောက်ထောင် ဆိုတာ ကြယ်တာရာ ငွေကြေးနဲ့ဆိုရင် ဆင့်ခြောက်ဆယ်လောက်ပဲ ရှိတာ၊ ဒါက အရမ်းကို သက်သာတဲ့ လုပ်အားခပဲ"

"အကို အဆိုပြုထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံက ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ လုပ်ခဲ့သလိုပဲ။ ဈေးပေါတဲ့ လုပ်အားကို သုံးပြီး ဈေးကွက်ကို ထိန်းချုပ်မယ်၊ ပြီးရင် ရလာတဲ့ ရန်ပုံငွေတွေနဲ့ စက်မှုလုပ်ငန်းတွေကို အဆင့်မြှင့်တင်မယ်။ ဒါက ကမ္ဘာမြေရဲ့ လက်ရှိ အခြေအနေနဲ့ အသင့်တော်ဆုံးပဲ။ ဒီလို ကုမ္ပဏီမျိုး ထောင်တာက အမြတ်အစွန်းတင် မကဘူး ကမ္ဘာမြေရဲ့ တိုးတက်မှုကိုလည်း အများကြီး မြန်ဆန်စေမှာပါ။ ဒါပေမဲ့ အစပြုဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အများကြီး လိုလိမ့်မယ်။ အကို ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားလဲ"

ချာလီသည် ဘဏ္ဍာရေး ပါရမီရှင် တစ်ဦး ဖြစ်သည့်အတိုင်း ရှဖေး၏ ရည်ရွယ်ချက်ကို တစ်ခါတည်းနှင့် နားလည်သွားခဲ့သည်။

"ကြယ်တာရာ ဒင်္ဂါး သန်းတစ်ရာ" ရှဖေးက လက်ချောင်း တစ်ချောင်းကို ထောင်ပြရင်း တိုးတိုးလေး ပြောလိုက်သည်။

အမျိုးသား သုံးဦးစလုံးမှာ အံ့သြလွန်းသဖြင့် ထိုင်ခုံပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။ ကြယ်တာရာ ဒင်္ဂါး သန်းတစ်ရာ ပြောလိုက်သည်မှာ ဖက်ဒရယ် ဒေါ်လာ တစ်ထရီလီယံနှင့် ညီမျှပေသည်။ ဤမျှ များပြားလှသော ပမာဏမှာ ငွေကြေး အမြောက်အမြားကို မြင်ဖူးသော အန်ဒရေကိုပင် ရင်တုန်သွားစေသည်။

"မင်း တကယ်ပဲ ကြယ်တာရာ ဒင်္ဂါး သန်းတစ်ရာ ရင်းနှီးမြှုပ်နှံမှာလား" အန်ဒရေက စိတ်လှုပ်ရှားစွာ မေးသည်။ "ဟုတ်တယ်" ဟု ရှဖေးက ခေါင်းညိတ်လိုက်သည်။

ရှဖေးသည် တစ်ခါက ပန်းတစ်ပွင့်အတွက် သန်းတစ်ဆယ် အသုံးပြုခဲ့သည်ကို ပြန်သတိရသွားကြသဖြင့် သူ သန်းတစ်ရာ ရင်းနှီးမြှုပ်နှံမည် ပြောလိုက်သည်မှာ သိပ်ပြီး မထူးဆန်းတော့ပေ။

"ငါကတော့ ငါ့မိသားစု ရန်ပုံငွေနဲ့ မင်းရဲ့ စီမံကိန်းမှာ ပါဝင်ဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ မင်းရဲ့ လုပ်ငန်းက အရမ်း ကြီးလွန်းနေတော့ ရော့သ်ချိုင်းလ် မိသားစုမှာတောင် အဲဒီလောက်အထိ ပါဝင်နိုင်တဲ့ စွမ်းအား မရှိဘူး" အန်ဒရေက ခါးသက်သက် ပြုံးလိုက်ရင်း ပြောလိုက်သည်။

ရှဖေးက ထိုသို့ မယူဆပေ။ "ကျွန်တော့် ကုမ္ပဏီကို စီမံခန့်ခွဲဖို့ ခင်ဗျားတို့ရဲ့ အကူအညီ လိုပါတယ်၊ ဒါကြောင့် ခင်ဗျားနဲ့ ဝူလုံကို ရှယ်ယာ ဆယ်ရာခိုင်နှုန်း ပေးမယ်"

အန်ဒရေက ချက်ချင်း ခေါင်းခါလိုက်သည်။ "မင်း နောက်နေတာလား။ သန်းတစ်ရာတန် စီမံကိန်းမှာ ဆယ်ရာခိုင်နှုန်း ဆိုတာ သန်းတစ်ဆယ်လောက် ရှိတာလေ"

"ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ ကျွန်တော်က ရင်းနှီးမြှုပ်နှံရုံပဲ လုပ်မှာ၊ ခင်ဗျားတို့က ကျွန်တော့်အတွက် စီမံခန့်ခွဲပေးရမှာလေ။ ကျွန်တော့်ကို ယုံပါ၊ ဆယ်ရာခိုင်နှုန်း ဆိုတာ မများပါဘူး" ရှဖေးက စီးကရက်ကို မီးညှိလိုက်ရင်း အလေးအနက် ပြောသည်။

အန်ဒရေက သံသယ ရှိနေဆဲ ဖြစ်သည်။ "ငါ့မှာ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေက သူငယ်ချင်းတွေ အများကြီး ရှိတယ်၊ သူတို့က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေပဲ။ အကယ်၍ မင်း စီမံခန့်ခွဲမယ့်သူ လိုတယ်ဆိုရင် ငါ မိတ်ဆက်ပေးနိုင်ပါတယ်"

"ကျွန်တော် မသိတဲ့သူ တစ်ယောက်ကိုတော့ ကျွန်တော့်ရဲ့ ကျောပြင်ကို ပုံအပ်မှာ မဟုတ်ဘူး" ရှဖေးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"သူတို့က ကျွမ်းကျင်သူတွေပါ၊ စရိုက်ပိုင်းဆိုင်ရာလည်း စိတ်ချရပါတယ်" အန်ဒရေက ဆက်ပြောသော်လည်း ရှဖေးက ခေါင်းခါပြလိုက်သည်။

"ကျွန်တော်ကတော့ အဲဒီလို မမြင်ဘူး။ ကျွန်တော်နဲ့အတူ သေဘေးကနေ ကျော်ဖြတ်ဖူးတဲ့ သူတွေကိုပဲ ကျွန်တော် ယုံကြည်နိုင်မယ်။ အတ္တလန်တစ်ကို သွားခဲ့တဲ့ ခရီးစဉ်ကြောင့်ပဲ ခင်ဗျားတို့ကို ကျွန်တော် ယုံကြည်တာ။ အခြားသူတွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် ယုံကြည်မှု မရှိဘူး"

ရှဖေးက အန်ဒရေနှင့် ဝူလုံတို့ကို ရှယ်ယာရှင်များ ဖြစ်စေချင်ရခြင်းမှာ အကြောင်းရင်း နှစ်ခု ရှိသည်။ သူတို့ကို ယုံကြည်ခြင်းကြောင့်လည်း ဖြစ်သလို အတ္တလန်တစ် ရှာဖွေမှုမှ သူ အကျိုးကျေးဇူးများစွာ ရရှိခဲ့သဖြင့် ၎င်းတို့ကို ပြန်လည် ပေးဆပ်ခြင်းလည်း ဖြစ်သည်။

အန်ဒရေက ခေါင်းညိတ်လိုက်ပြီး "မင်း ငါ့ကို ဒီလောက်အထိ ယုံကြည်မှတော့ ဒီကိစ္စကို ငါတို့ဆီပဲ လွှဲထားလိုက်ပါ၊ ငါတို့ မင်းကို စိတ်မပျက်စေရဘူး" ဟု ပြောလိုက်သည်။

လေးရက်အကြာတွင် ရှဖေးသည် စစ်ဆေးမှုအတွင်း ရရှိခဲ့သော ပစ္စည်းအားလုံးကို ကြယ်တာရာ ဒင်္ဂါး ၁.၈၆၄ ဘီလီယံဖြင့် ရောင်းချလိုက်သည်။

အန်ဒရေထံသို့ ကုမ္ပဏီ စတင်ရန်အတွက် သန်းတစ်ရာ လွှဲပေးပြီးနောက် ရှဖေးသည် ကျယ်ပြောလှသော ကြယ်တာရာ ပင်လယ်ပြင်ဆီသို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့လေတော့သည်။

အခန်း ၆၃ - အာကာသ ခရီးစဉ်

အမ်တာရို ကြယ်တာရာ နယ်မြေ၏ စစ်သင်္ဘော သင်္ချိုင်းသည် အေစီဂျီ ၂၁ ဟု ခေါ်သော ဂြိုဟ်ပေါ်တွင် တည်ရှိပြီး၊ ၎င်းမှာ သက်တမ်းကုန်ဆုံးသွားသော အာကာသ သင်္ဘောများအားလုံးကို ဖျက်သိမ်းကာ စွန့်ပစ်ရာ နေရာ ဖြစ်ပေသည်။

ကမ္ဘာမြေမှ အေစီဂျီ ၂၁ သို့ တိုက်ရိုက်သွားသော လေယာဉ် ခရီးစဉ်များ မရှိသည့်အတွက်၊ ရှဖေး အနေဖြင့် စစ်သင်္ဘော သင်္ချိုင်းသို့ မသွားမီ ပထမဦးစွာ ပိုလင်းဟုခေါ်သော မြို့တော် ဂြိုဟ်သို့ ပျံသန်းရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ ကမ္ဘာမြေ အဖွဲ့ချုပ်သည် မကြာသေးမီကမှ လူသားမျိုးနွယ်စု မဟာမိတ် အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သောကြောင့်၊ ၎င်းကို နောက်ကျသော ယဉ်ကျေးမှု အဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်ပေသည်။ ကမ္ဘာမြေကို ဖြတ်သန်းသွားသော ခရီးစဉ် နှစ်ခုသာ ရှိပြီး၊ ထို အာကာသ သင်္ဘော နှစ်စင်းလုံးသည် ကြယ်တာရာ နယ်မြေ၏ အစွန်အဖျားမှ စတင်ကာ အဓိက ဂြိုဟ်ဖြစ်သော ပိုလင်း သို့ ဦးတည် ပျံသန်းခြင်း ဖြစ်ပေသည်။

အဖွဲ့ချုပ်၏ ကြယ်တာရာ အာကာသ ဆိပ်ကမ်းကို မြောက်အမေရိက တိုက်ရှိ ဒယ်လာဝဲယား ပြည်နယ်၊ ဒယ်မာ မြို့၏ တောင်ဘက် ဆင်ခြေဖုံးတွင် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ ဤနေရာသည် ကျယ်ဝန်းပြီး လူသူ ကင်းမဲ့လှသလို၊ အာကာသ ယာဉ်များ အတက်အဆင်း ပြုလုပ်ရန် သင့်တော်သော ရာသီဥတု ရှိသည့်အတွက် ကြယ်တာရာ အာကာသ ဆိပ်ကမ်း တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ ရှဖေးသည် အာကာသ ဆိပ်ကမ်း အဆောက်အအုံ အတွင်းရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေမိပေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး၊ ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းကို သူသည် အလွန် ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။

အာကာသ သင်္ဘောများ အားလုံးသည် ဒေါင်လိုက် အတက်အဆင်း ပြုလုပ်ကြသဖြင့် အာကာသ ဆိပ်ကမ်းတွင် ပြေးလမ်း မလိုအပ်ပေ။ ၎င်းတွင် ခန့်မှန်းခြေ စတုရန်း ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော ကွန်ကရစ် ကွင်းပြင်ကြီးသာ ရှိပေသည်။ ပိုမို ဝေးကွာသော နေရာတွင် ပိုမို ကြီးမား ခမ်းနားသော ပင်မ ဆိပ်ကမ်း အဆောက်အအုံကို လက်ရှိတွင် တည်ဆောက်နေဆဲ ဖြစ်ပေသည်။ ၎င်းသည် စတုရန်း မီတာ နှစ်သန်းကျော် ကျယ်ဝန်းမည် ဖြစ်ပြီး၊ တစ်ရက်လျှင် ခရီးသည် တစ်သန်းအထိ ပို့ဆောင်ပေးနိုင်မည် ဖြစ်ပေသည်။

ဆိပ်ကမ်း အဆောက်အအုံ ပတ်ပတ်လည်တွင် အလွန် ကြီးမားသော ယာဉ်ရပ်နား ကွင်းပြင် လေးခုကိုပင် တည်ဆောက်နေပြီး၊ ခရီးစဉ်များ ပြီးဆုံးချိန်တွင် တိုက်ခိုက်ရေး အဆင့် စစ်သင်္ဘောများ လွယ်ကူစွာ အတက်အဆင်း ပြုလုပ်နိုင်ရန် ဖြစ်ပေသည်။ ၎င်းမှာ အတော်ပင် ရယ်စရာ ကောင်းလှပေသည်။

ကမ္ဘာမြေ အဖွဲ့ချုပ်သည် လက်ရှိတွင် တစ်ရက်လျှင် ဂြိုဟ်ချင်းကူး ခရီးသည် တစ်သောင်းခန့်သာ လက်ခံရရှိနေသော်လည်း၊ တစ်ရက်လျှင် ခရီးသည် တစ်သန်းကို ကိုင်တွယ်နိုင်မည့် အာကာသ ဆိပ်ကမ်းကို တည်ဆောက်ရန် ကုန်ကျစရိတ် အမြောက်အမြား အသုံးပြုခဲ့ပေသည်။ အဖွဲ့ချုပ် အစိုးရသည် ဂြိုဟ်၏ အနာဂတ်အပေါ် အခြေအမြစ်မရှိသော အကောင်းမြင်စိတ်များကို ပြသကာ ဂုဏ်ပကာသန အတွက်သာ ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှဖေးက ခံစားမိပေသည်။

"ရှဖေးရှင့်၊ ရှန်ပိန် တစ်ခွက်လောက် သုံးဆောင်မလား ရှင့်" ရှဖေး၏ နောက်ကွယ်မှ အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပေသည်။ သူ့နောက်တွင် ယူနီဖောင်း ဝတ်ဆင်ထားသော လေယာဉ် အမှုထမ်းများ တန်းစီ လျက် ရှိနေပေသည်။ ဤခရီးစဉ်တွင် ရှဖေး တစ်ဦးတည်းသာ ခရီးသည် ဖြစ်နေသောကြောင့်၊ အာကာသ ဆိပ်ကမ်းရှိ ဝန်ထမ်း အားလုံးသည် သူ့အနားတွင်သာ ဝန်းရံနေကြခြင်း ဖြစ်ပေသည်။

ရှဖေးသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူမ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပေသည်။ သူသည် ဤကဲ့သို့ ရင်းနှီးလွန်းသော ဧည့်ဝတ်ပြုမှုမျိုးကို မကျွမ်းကျင်ဘဲ တစ်ချိန်လုံး စောင့်ကြည့်ခံနေရသလို ခံစားနေရပေသည်။

ခေတ္တအကြာတွင် ကောင်းကင်ယံမှ ရှာတဲလ် ယာဉ်ငယ် တစ်စင်း တဖြည်းဖြည်း နီးကပ်စွာ ပျံသန်းလာသည်ကို သူ မြင်လိုက်ရပေသည်။ ဝပ် အင်ဂျင်၏ မြည်ဟည်းသံနှင့်အတူ ၎င်းမှ မှုတ်ထုတ်လိုက်သော အပြာရောင် မီးလျှံများသည် လင်းလက်တောက်ပနေပြီး လှပသော မြင်ကွင်းတစ်ခု ဖြစ်နေပေသည်။

ရှဖေးသည် သူ၏ ကျောပိုးအိတ်ကို ကောက်ယူလိုက်ပြီး ဝန်ထမ်း အချို့၏ လိုက်ပါ ပို့ဆောင်မှုဖြင့် ရှာတဲလ် ယာဉ်ငယ်ပေါ်သို့ တက်ရောက်ရန် အဆောက်အအုံ အောက်ဘက်သို့ ဆင်းလာခဲ့ပေသည်။ ဤရှာတဲလ် ယာဉ်မှာ ခရီးသည်များကို ကြိုပို့ရန်အတွက် အထူး သင့်တော်ပြီး ထိုင်ခုံ ဒါဇင် အနည်းငယ်သာ ရှိပေသည်။ ပိုမို ကြီးမားသော ခရီးသည်တင် အာကာသ သင်္ဘောမှာမူ အာကာသ ထဲတွင်သာ ရပ်နားထားပေသည်။

ရှဖေးသည် ပြတင်းပေါက် အနီးရှိ ထိုင်ခုံတစ်ခုကို ရွေးချယ်လိုက်ပြီး ကျောပိုးအိတ်ကို သူ၏ ပေါင်ပေါ်တွင် တင်ထားလိုက်ပေသည်။ ယာဉ်ပေါ်တွင် အပြာရောင် ယူနီဖောင်း ဝတ်ဆင်ထားသော အသက် နှစ်ဆယ်ခန့်သာ ရှိဦးမည့် ဝန်ထမ်း လူငယ်တစ်ဦး ရှိနေပေသည်။

"ကော်နက်ရှင် လေကြောင်းလိုင်းမှ ကြိုဆိုပါတယ် ခင်ဗျာ။ ကျေးဇူးပြုပြီး ခရီးသွား လက်မှတ် ပြပေးပါ" ဝန်ထမ်း လူငယ်လေးက ရှဖေး အနားသို့ ပြုံးလျက် ချဉ်းကပ်လာရင်း ပြောလိုက်ပေသည်။

ရှဖေးသည် လက်မှတ်ကို ထုတ်ပေးလိုက်ပေသည်။ ထိုလူငယ်လေးသည် လက်မှတ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ထံ ပြန်ပေးလိုက်ပေသည်။ ထို့နောက် သူသည် ခရီးစဉ် စတင်ရန် အသင့်ဖြစ်ပြီ ဖြစ်ကြောင်း လေယာဉ်မှူးကို အကြောင်းကြားရန် ခလုတ်ကို နှိပ်လိုက်ပေသည်။

"မစ္စတာ ရှဖေး၊ တရားစီရင်သူ အစည်းအရုံးကို သွားပြီး အစီရင်ခံမှာလား ခင်ဗျာ" ထိုလူငယ်လေးသည် ရှဖေး၏ ဘေးတွင် ထိုင်လိုက်ပြီး ရင်းနှီးကျွမ်းဝင်စွာ စကားစမြည် ပြောလိုက်ပေသည်။ ရှဖေးသည် အနည်းငယ် အံ့အားသင့်သွားပြီး "ငါ ဘယ်သူလဲဆိုတာ မင်း သိသလား" ဟု မေးလိုက်ပေသည်။

"သိတာပေါ့ ခင်ဗျာ။ အမှန်အတိုင်း ပြောရရင် ကြယ်တာရာ နယ်မြေမှာ ရှိတဲ့ လူတိုင်းလိုလိုက ချန်သုန်းနဲ့ မင်းရဲ့ တိုက်ပွဲကို မြင်ဖူးကြပါတယ်။ ခရီးသည် စာရင်းမှာ မင်းရဲ့ နာမည်ကို မြင်လိုက်ရတုန်းကတောင် ကျွန်တော် တော်တော်နဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတာပါ" ထိုလူငယ်လေးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ယဉ်ကျေးစွာပင် ပြန်လည် ဖြေကြားလိုက်ပေသည်။

ရှဖေးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ငါ့ရဲ့ ပုံစံက အဲ့ဒီလောက်တောင် မှတ်မိလွယ်လို့လား" ဟု ဆိုလိုက်ပေသည်။ ဝန်ထမ်းသည် သူ ဝတ်ဆင်ထားသော ရိုးရှင်းသည့် အဝတ်အစားများကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်ပေသည်။

"မင်းက ဒီလောက်အထိ ရိုးရိုးအေးအေး နေတတ်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"

ရှဖေး အနည်းငယ် စိတ်အေးသွားပေသည်။ လူအများက အလွယ်တကူ မှတ်မိခြင်း မရှိသည်မှာ ကောင်းသော အချက် ဖြစ်ပေသည်။ သူသည် သွားလေရာရာတွင် လူများ၏ စူးစိုက်ကြည့်ရှုခြင်းကို မနှစ်သက်ပေ။

မကြာမီတွင် ရှာတဲလ် ယာဉ်ငယ်သည် ကမ္ဘာမြေ၏ လေထုအတွင်းမှ ထွက်ခွာပြီး အာကာသ ထဲသို့ ဝင်ရောက်သွားပေသည်။ ကမ္ဘာမြေ၏ ပတ်လမ်း အပြင်ဘက်တွင် ကြီးမားလှသော အာကာသ သင်္ဘောကြီး တစ်စင်း ရပ်နားထားသည်ကို အဝေးမှ မြင်တွေ့ရပေသည်။ ၎င်းသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး ဘေးဘက်ရှိ ပြတင်းပေါက် များစွာမှ အလင်းရောင်များဖြင့် တောက်ပနေပေသည်။

"အဲ့ဒီ အာကာသ သင်္ဘောကြီးက တော်တော် ကြီးတာပဲ။ ခရီးသည် ဘယ်လောက်တောင် တင်ဆောင်နိုင်လို့လဲ" ရှဖေးသည် ထို ကြီးမားလှသော အာကာသ သင်္ဘောကြီးကို ငေးကြည့်နေမိပေသည်။

"ဒါက အလယ်အလတ်စား အမျိုးအစား၊ ခရီးဝေးသွား အာကာသ သင်္ဘော ဖြစ်တဲ့ ဒရက်ဂွန်ဖလိုင်း ပါ ခင်ဗျာ။ အများဆုံး ခရီးသည် ၁၇၆,၁၀၀ နဲ့ ဝန်ထမ်း ၈,၃၂၂ ဦးအပြင်၊ ခရီးသည်တွေကို ကြိုပို့ဖို့အတွက် ရှာတဲလ် ယာဉ်ငယ် ၂၅ စင်းလည်း ပါရှိပါတယ်"

"၎င်းပေါ်မှာ စားသောက်ဆိုင် ၁၆၂ ဆိုင်၊ နိုက်ကလပ် ၃၇ ခု၊ ကာစီနို ၁၄ ခုအပြင် ရေကူးကန်၊ အားကစားခန်းမနဲ့ လိုအပ်တဲ့ အသုံးအဆောင် အမျိုးမျိုးလည်း ရှိပါတယ်။ မင်း အဲ့ဒီ ဇိမ်ခံ အာကာသ သင်္ဘောကြီးကို သဘောကျသွားလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်" ဝန်ထမ်းသည် ဒရက်ဂွန်ဖလိုင်း အာကာသ သင်္ဘောကြီး အကြောင်းကို အလွတ်ရနေသကဲ့သို့ ရှဖေးအား ရှင်းပြလိုက်ပေသည်။

ဒရက်ဂွန်ဖလိုင်း၏ အမြီးပိုင်း အနီးရှိ တံခါးတစ်ခု ပွင့်လာပြီး ရှာတဲလ် ယာဉ်ငယ်သည် အထဲသို့ အလိုအလျောက် ဆိုက်ကပ်ကာ ခရီးသည်တင် သင်္ဘောအတွင်းရှိ ယာဉ်ရပ်နား ကွင်းပြင်ပေါ်သို့ ဆင်းသက်လိုက်ပေသည်။ တံခါး ပြန်ပိတ်သွားပြီးနောက် လေတိုးသံများကို ကြားလိုက်ရပေသည်။ ၎င်းတို့ ရောက်ရှိနေသော နေရာအတွင်းသို့ လေများကို လျင်မြန်စွာ ဖြည့်သွင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ရှာတဲလ် ယာဉ်အတွင်းရှိ အစိမ်းရောင် မီးလင်းလာပြီး လေများ ပြည့်ဝသွားပြီ ဖြစ်သဖြင့် လူများ လွတ်လပ်စွာ အသက်ရှူနိုင်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်ပေသည်။ လေယာဉ် ဝန်ထမ်းများသည် တံခါးများကို ဖွင့်ပေးပြီး ရှဖေးကို ရှာတဲလ် ပေါ်မှ ခေါ်ဆောင်သွားကာ ကျဉ်းမြောင်းသော စင်္ကြံလမ်းမှတစ်ဆင့် ဓာတ်လှေကားဆီသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ပေသည်။ ခေတ္တအကြာတွင် ရှဖေးသည် အာကာသ သင်္ဘော၏ လူနေဆောင် ၁၇ ထပ်သို့ ရောက်ရှိလာပေသည်။

ဝန်ထမ်းသည် သူ့အတွက် တံခါး ဖွင့်ပေးလိုက်ပေသည်။

"ဒါက မင်းရဲ့ အခန်းပါ ခင်ဗျာ။ တစ်ခုခု လိုအပ်ရင် အထဲက ဆက်သွယ်ရေး ကိရိယာကို အသုံးပြုပြီး ဝန်ထမ်းတွေကို ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ ပိုလင်း ဂြိုဟ်ကို နောက် ၄၇ နာရီမှာ ရောက်ပါလိမ့်မယ်။ အဲ့ဒီ အတောအတွင်း ကောင်းကောင်း အနားယူပါ"

ရှဖေး ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့ပေသည်။ အခန်းမှာ စတုရန်း မီတာ ၂၀ ခန့်သာ ကျယ်ဝန်းပေသည်။ ၎င်းသည် အိပ်ရာ တစ်လုံး၊ စားပွဲ တစ်လုံး၊ ကုလားထိုင် တစ်လုံးနှင့် အာကာသ ထဲသို့ လှမ်းမြင်ရသော ရိုးရှင်းသည့် ပြတင်းပေါက် တစ်ခုသာ ရှိသော ရိုးရှင်းသည့် အခန်းတစ်ခု ဖြစ်ပေသည်။

ရှဖေးသည် သူ၏ ကျောပိုးအိတ်ကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီး ကုလားထိုင်ကို ပြတင်းပေါက် အနီးသို့ ရွှေ့လိုက်ပေသည်။ ဆေးလိပ်တစ်လိပ်ကို မီးညှိကာ အပြင်ဘက်ရှိ ကြယ်တာရာ ကောင်းကင်ယံကို ငေးကြည့်ရင်း သူ ဆေးလိပ်သောက်နေမိပေသည်။

အာကာသ ခရီးသွားခြင်းမှာ ဈေးမသက်သာပေ။ ၄၇ နာရီ ကြာမြင့်သော ခရီးစဉ် တစ်ခုတည်းအတွက်ပင် ကြယ်တာရာ ဒင်္ဂါး ၉၂,၀၀၀ ကုန်ကျခဲ့ပေသည်။ ရှဖေးသည် အာကာသ မြင်ကွင်းကို လှမ်းမြင်ရသော အမျိုးအစား အေ အခန်းကို ကြိုတင် မှာယူခဲ့ခြင်း ဖြစ်ပေသည်။

အဆုံးမရှိသော ကြယ်တာရာ ကောင်းကင်ယံ၏ လှပသော မြင်ကွင်းကို ပေးစွမ်းနိုင်ခြင်းမှတစ်ပါး၊ မြင်ကွင်း မမြင်ရသော ကြယ်တာရာ ဒင်္ဂါး ၆၀,၀၀၀ တန် အခန်းနှင့် ထွေထွေထူးထူး ကွာခြားမှု မရှိပေ။ ဈေးပိုကြီးသော်လည်း ရှဖေး အနေဖြင့် ထိုက်တန်သည်ဟု ခံစားမိပေသည်။ အာကာသ ထဲတွင် ခရီးသွားနေပြီး ၎င်း၏ အလှတရားကို မခံစားရလျှင် အလွန် နှမြောစရာ ကောင်းလိမ့်မည် ဖြစ်ပေသည်။

"စကြဝဠာကြီးက တကယ်ကို ထူးဆန်း အံ့သြဖို့ ကောင်းတာပဲ" ရှဖေးသည် ပြတင်းပေါက် အပြင်ဘက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော ကြယ်တာရာ ကောင်းကင်ယံကို ငေးကြည့်ရင်း သူ့ဘာသာ တီးတိုး ရေရွတ်လိုက်ပေသည်။

"အာကာသ ထဲကို ပထမဆုံး ရောက်ဖူးတဲ့ လူတိုင်းက အဲ့ဒီအတိုင်း ပြောကြတာပဲ။ အာကာသ ထဲမှာ ကြာကြာ နေကြည့်လိုက်ဦး၊ အဲ့ဒီအခါကျရင်တော့ ဒီလို အေးစက်ပြီး မှောင်မိုက်နေတဲ့ အာကာသကြီးကို ကြည့်ရတာ ဘာမှ မပျော်စရာ မကောင်းဘူးဆိုတာ မင်း သိလာလိမ့်မယ်။ အကြာကြီး ကြည့်နေရင် မင်း ပျို့တောင် ပျို့လာလိမ့်ဦးမယ်" ဖန်တန် က ပြန်လည် ချေပလိုက်ပေသည်။

ရှဖေး ပြုံးလိုက်ပြီး ဖန်တန် ကို လျစ်လျူရှုလိုက်ပေသည်။ သူသည် ပြတင်းပေါက် အနီးတွင် တစ်ဦးတည်း ထိုင်ကာ စကြဝဠာကြီး၏ ဆန်းကြယ်သော ဆွဲဆောင်မှုတွင် စီးမျောနေမိပေသည်။ ပြီးခဲ့သည့် အကြိမ်က ဘလူးဆီး စတား မှ ခရီးစဉ်မှာ အလွန် တိုတောင်းခဲ့ပြီး၊ ပြတင်းပေါက် အလွန် သေးငယ်သော စုတ်ပြတ်ကျဉ်းမြောင်းသည့် အာကာသ သင်္ဘောပေါ်တွင် မြင်ကွင်းများကို သူ လုံးဝ မမြင်တွေ့ခဲ့ရပေ။ ထို့အပြင် ဖမ်းဆီး ချုပ်နှောင်ခံထားရစဉ် သွားခဲ့ရသော ခရီးစဉ် ဖြစ်သောကြောင့် ခံစားချက်ချင်းလည်း လုံးဝ ကွဲပြားလှပေသည်။ ဤအကြိမ်ကိုသာ ရှဖေး၏ ပထမဆုံး အာကာသ ခရီးစဉ်ဟု သတ်မှတ်သင့်ပေသည်။

ဝပ် အင်ဂျင်သည် ကြီးမားလှသော ခရီးသည်တင် အာကာသ သင်္ဘောကြီးကို အာကာသ ဟင်းလင်းပြင် ထဲတွင် ဖြည်းညှင်းစွာ မောင်းနှင်ပေးနေပေသည်။ အာကာသ ယာဉ်များရှိ ဝပ်(ခုန်ကျော်မှု) အင်ဂျင်တွင် အစိတ်အပိုင်း နှစ်ခု ပါဝင်ပြီး ၎င်းတို့မှာ မောင်းနှင်ရေး အင်ဂျင်နှင့် ဝပ် မောင်းနှင်မှု တို့ ဖြစ်ကြပေသည်။ မောင်းနှင်ရေး အင်ဂျင်သည် အာကာသ သင်္ဘောများကို အာကာသ ထဲတွင် ရှေ့သို့ တိုးစေနိုင်သော်လည်း၊ အလင်းနှုန်းထက် ကျော်လွန်၍ သွားလာနိုင်အောင် မလုပ်ဆောင်ပေးနိုင်ပေ။

ဝေးကွာလှသော ဂြိုဟ်များသို့ သွားရောက်ရန်အတွက် ဝပ် မောင်းနှင်မှု နည်းပညာ လိုအပ်ပေသည်။ ဝပ် မောင်းနှင်မှု နည်းပညာသည် အခြေခံအားဖြင့် အာကာသ ထဲတွင် လူလုပ် လမိုင်းပေါက် တစ်ခုကို ဖန်တီးပေးပြီး၊ ထို လမိုင်းပေါက် မှတစ်ဆင့် ဝေးကွာလှသော နေရာ နှစ်ခုကို ချိတ်ဆက်ပေးခြင်း ဖြစ်ပေသည်။ အာကာသ သင်္ဘော တစ်စင်းသည် လိုရာခရီးသို့ ရောက်ရှိရန် ထို လမိုင်းပေါက် အတွင်းသို့ ဝင်ရောက်ရန်သာ လိုအပ်ပြီး၊ အာကာသ ထဲတွင် အချိန်အကြာကြီး ကုန်ဆုံးရန် မလိုအပ်ပေ။

၎င်းမှာ စက္ကူတစ်ချပ်၏ အစွန်းတစ်ဖက်စီတွင် စက်ဝိုင်း တစ်ခုစီ ဆွဲလိုက်သကဲ့သို့ ဖြစ်ပေသည်။ ထိုစက်ဝိုင်း နှစ်ခုအကြားတွင် ၂၀ စင်တီမီတာခန့် ကွာခြားနိုင်သော်လည်း၊ စက္ကူကို ခေါက်ချိုးလိုက်ပါက ထိုအကွာအဝေးမှာ ၂၀ စင်တီမီတာ မဟုတ်တော့ဘဲ စက္ကူသား အထူလောက်သာ ရှိတော့မည် ဖြစ်ပေသည်။ ဤသီအိုရီ၏ နောက်ကွယ်မှ အယူအဆကို ဟင်းလင်းပြင် ခေါက်ချိုးခြင်း ဟုလည်း ခေါ်ဆိုကြပြီး၊ ဝပ် မောင်းနှင်မှု ကိုလည်း ဤကျိုးကြောင်း ဆင်ခြင်မှုအတိုင်း ပုံစံထုတ်ထားခြင်း ဖြစ်ပေသည်။

လက်ရှိတွင် ဝပ် မောင်းနှင်မှု ဖြင့် ဖန်တီးနိုင်သော အဝေးဆုံး လမိုင်းပေါက်မှာ အလင်းနှစ် ၅၀,၀၀၀ ဖြစ်ပေသည်။ အလင်းနှုန်း နီးပါးဖြင့် အဆက်မပြတ် ပျံသန်းနိုင်သော အာကာသ သင်္ဘော တစ်စင်း အနေဖြင့်ပင် ထို အကွာအဝေးကို ဖြတ်သန်းရန် အချိန်အမြောက်အမြား လိုအပ်မည် ဖြစ်ပေသည်။ ထိုကဲ့သို့ ကြာရှည်လှသော အာကာသ ခရီးစဉ် အတွက်မူ အာကာသ သင်္ဘော တစ်စင်း လိုရာခရီးသို့ ရောက်ရှိချိန်တွင် မူလ ဝန်ထမ်းများ၏ မြေးမြစ်များပင် အိုမင်းပြီး သေဆုံးသွားကြလိမ့်မည် ဖြစ်ပေသည်။

ဝပ် မောင်းနှင်မှု ကို ရှာဖွေတွေ့ရှိခြင်းက ထိုအရာအားလုံးကို ပြောင်းလဲပေးခဲ့ပေသည်။ နှစ်ပေါင်း ငါးသောင်း ကြာမြင့်မည့် ခရီးစဉ်ကို ဆယ်မိနစ်ခန့်မျှဖြင့် သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပေသည်။ အလင်းနှစ် သန်းပေါင်းများစွာကို ဖြတ်သန်း သွားလာခြင်းမှာ ရိုးရှင်းသွားခဲ့ပြီး၊ ကြယ်တာရာများ အကြား အကွာအဝေးမှာ ပုံဆောင်သဘောအရ နီးကပ်သွားသဖြင့် စကြဝဠာ ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ခုကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ဝပ် မောင်းနှင်မှု ဖြင့် ခုန်ကူးမှု တစ်ခုစီ ပြုလုပ်ရန် အာကာသ သင်္ဘောများ အနေဖြင့် စွမ်းအင် အမြောက်အမြား အသုံးပြုရန် လိုအပ်သဖြင့်၊ အသုံးပြုလိုက်သော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် မိနစ်အနည်းငယ် သို့မဟုတ် နာရီအနည်းငယ်ခန့် အနားပေးရန် လိုအပ်ပေသည်။ ထိုသို့ ပြန်လည် ဖြည့်တင်းရန် ကြာမြင့်ချိန်မှာ အာကာသ သင်္ဘော၏ အရွယ်အစားနှင့် ၎င်းကို စွမ်းအင်ပေးသော ရီယက်တာ အဆင့်အတန်းအပေါ် မူတည်ပေသည်။ ပုံမှန်အားဖြင့် ခုန်ကူးမှု တစ်ခု ပြုလုပ်ပြီးနောက် စွမ်းအင် ပြန်လည် ဖြည့်ရန် တစ်နာရီခန့် ကြာမြင့်လေ့ ရှိပေသည်။

ရှဖေး ဤအကြောင်းများကို စဉ်းစားနေစဉ်မှာပင် ဒရက်ဂွန်ဖလိုင်း သည် လမိုင်းပေါက် အတွင်းသို့ ဝင်ရောက်ပြီး ခုန်ကူးမှုကို စတင်လိုက်ပေသည်။ လမိုင်းပေါက် အတွင်းသို့ ဝင်ရောက်သွားသည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ ကြယ်တာရာ ကောင်းကင်ယံမှာ အစအနမကျန် ပျောက်ကွယ်သွားပြီး၊ မရေမတွက်နိုင်သော တောက်ပသည့် ဥက္ကာခဲများ ပတ်ပတ်လည်တွင် ပေါ်လာပေသည်။

ဤဥက္ကာခဲများတွင် အမျိုးမျိုးသော အရောင်အသွေးများ ပါရှိပေသည်။ ရှဖေးသည် ပြတင်းပေါက်မှတစ်ဆင့် ထိုဥက္ကာခဲများ ပေါ်လာသကဲ့သို့ လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားသည်ကို ကြည့်နေမိပေသည်။ ၎င်းမှာ သူ၏ ရှေ့တွင် ကြီးမားလှသော ဥက္ကာခဲ မိုးများ ရွာကျနေသကဲ့သို့ ဖြစ်နေပြီး၊ သူ့ကို စွဲမက်စေသော ခမ်းနားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ထိုမြင်ကွင်းမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီး၊ အာကာသ သင်္ဘောသည် လမိုင်းပေါက်၏ အခြားတစ်ဖက်မှ ထွက်လာချိန်တွင် သူသည် လုံးဝ ကွဲပြားခြားနားသော ဂလက်ဆီ တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရပေသည်။

မီးလျှံကဲ့သို့ နီရဲနေသော နက်ဗျူလာ တစ်ခုကို မြင်တွေ့ရပြီး၊ ကြယ်တာရာ ကောင်းကင်ယံမှာ ဖော်ပြ၍ မရနိုင်သော ထို နက်ဗျူလာ ကြီးဖြင့် ဝန်းရံထားပေသည်။ ၎င်း၏ နီရဲမှုမှာ အာကာသ သင်္ဘော တစ်ခုလုံးကို ပွက်ပွက်ဆူလုနီးပါး အပူချိန်အထိ ရောက်ရှိစေသည့်အလား ဖြစ်နေပေသည်။

ရှဖေး၏ မျက်လုံး နှစ်လုံးမှာ တောက်ပလာပြီး သူ၏ ကုလားထိုင်မှ ထရပ်လိုက်ပေသည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ပြတင်းပေါက်ပေါ်တွင် တင်းတင်းကြပ်ကြပ် တင်ထားလိုက်ပြီး သူ၏ နှာခေါင်းကို ခိုင်ခံ့သော မှန်သား၏ အေးစက်လှသော မျက်နှာပြင်ပေါ်တွင် ကပ်ထားလိုက်ပေသည်။

"လှလိုက်တာ။ ဒီ နီရဲနေတဲ့ နက်ဗျူလာ ကြီးက တကယ်ကို လှလွန်းတယ်" ရှဖေးသည် လက်ရှိ မြင်တွေ့နေရသော မြင်ကွင်းကို ဖော်ပြရန် သင့်တော်သော စကားလုံးများကို ရှာဖွေရန် ကြိုးစားနေသော်လည်း၊ သူ၏ ဝေါဟာရမှာ အလွန်ပင် လိုအပ်ချက် ရှိနေသည်ဟု ခံစားမိပေသည်။ ၎င်းမှာ သူ့အတွက် အံ့အားသင့်စရာ ကောင်းလှသော အံ့ဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်ပေသည်။

ဖန်တန် ကတော့ လုံးဝ စိတ်မဝင်စားဟန်ဖြင့် သူ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး "နီရဲနေတဲ့ နက်ဗျူလာ တစ်ခုက ဘာများ အဲ့ဒီလောက်အထိ ထူးခြားနေလို့လဲ။ မင်းက ဘာမဟုတ်တာလေးကို အပိုတွေ လုပ်နေပြန်ပြီ" ဟု ဆိုလိုက်ပေသည်။

ကမ္ဘာမြေမှ ပိုလင်း သို့၊ ထိုမှတစ်ဆင့် အေစီဂျီ ၂၁ သို့ ဆက်သွယ်ထားသော ခရီးစဉ် တစ်လျှောက်တွင် ရှဖေးသည် မျက်တောင် တစ်ချက်ပင် မခတ်ခဲ့ပေ။ သူသည် ခရီးစဉ် တစ်လျှောက်လုံး အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး၊ ပြတင်းပေါက် အနီးတွင် ထိုင်ကာ ဖြတ်သန်းသွားသော ဆန်းကြယ်သည့် မြင်ကွင်းတိုင်းကို ငေးမော အားကျနေမိပေသည်။

"ခရီးသည်များ ခင်ဗျာ၊ နောက် မိနစ် ၃၀ အတွင်းမှာ အေစီဂျီ ၂၁ ဂြိုဟ်ကို ဆိုက်ရောက်တော့မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ဒီဂြိုဟ်ကို သွားမယ့် သူတွေ အနေနဲ့ ဆင်းသက်မယ့် ရှာတဲလ် ယာဉ်ဆီကို ချက်ချင်း လာရောက်ပေးကြပါ"

သင်္ဘောပေါ်ရှိ စက်ရုပ်ဆန်သော အသံလွှင့် စနစ်မှ ကြေညာလိုက်ပေသည်။ ရှဖေးသည် ပြတင်းပေါက် အပြင်ဘက်ရှိ မည်းမှောင်နေသော ဂြိုဟ်ကို ကြည့်လိုက်ပြီး သူ၏ မျက်မှောင်ကို ကြုတ်လိုက်မိပေသည်။

"ဒီဂြိုဟ်က ဘာဖြစ်လို့ ဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ"

All Chapters