← Chapters

အခန်း (၁၃၈၆-၁၃၉၀)

Vol. 82 Ch. 1386-1390

အခန်း (၁၃၈၆-၁၃၉၀)

Vol. 82 Ch. 1386-1390

အခန်း(၁၃၈၆)

ရွှေရောင်ပုံစံခွက်ကြီးသည် ကျယ်ပြောကာ ခမ်းနားထည်ဝါပြီး တစ်လောကလုံးကို ရောင်ဝါ ပျောက်ဆုံးသွားစေလောက်သော စွမ်းအားမျိုးနှင့် ပြည့်နှက်နေလေသည်။ ထို့ကြောင့် စိတ်တည်ငြိမ်သွားပြီးသော ထိုလူများသည်လည်း သွေးများက ခေါင်းအထိ တစ်ကြိမ်ထပ် ထိုးတက်သွားပြန်ကာ မျက်လုံးများကို နီရဲလာစေပြန်သည်။

လူများသည် ကြွယ်ဝမှုအတွက် သေကြေကြပြီး ငှက်များက အစာရှာရင်း သေရသည်။ မူလအမရသိုင်း၏ လှုံ့ဆော်မှုက လူတိုင်းအား သူတို့၏ ကြောက်လန့်မှုများကို ခေါင်းအနောက်ဘက်သို့ ပြန်ထိုးထည့်မိသွားသည်။

“မေ့လိုက်တော့ ကျားဂူထဲမဝင်ဘဲ ကျားပေါက်ကို ခိုးလို့မရဘူး”

သိုင်းပညာရှင်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ရင်း မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ရှေ့သို့ခုန်ဝင်သွားသည်။ တခဏခန့်ကြာပြီးနောက် အားလှိုင်းများ လှုပ်ခတ်သွားမှုနှင့်အတူ သိုင်းပညာရှင်ကလည်း ပျောက်ကွယ်သွားသည်။

သိပ်မကြာခင် အချိန်တွင် တုန့်ဆိုင်းနေသော သိုင်းပညာရှင်များ အားလုံးက ရွှေရောင်အလင်း ရေတံခွန်ရှိရာဘက်သို့ စတင်ကာ ထွက်ခွာသွားရင်း မူလအမရတောင် အတွင်းသို့ ဝင်ရောက်လျှက် ပျောက်ကွယ်သွားကြသည်။

ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့က ရှေ့သို့ခုန်ဝင်သွားပြီးသားဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်နှာက အနည်းငယ် တင်းမာသွားသည်။

“ဒီသောက်ကျိုးနည်းဟာတွေ”

တင်းမာသောမျက်နှာထားနှင့် ယင်နက်ဘိုးဘေးက သူ၏လက်ဖဝါးကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။

“အား”

ယင်နက်ဘိုးဘေး၏ ကြယ်တာရာစွမ်းအင်ကြောင့် သိုင်းပညာရှင် ဆယ်ယောက်ခန့်က တဖြည်းဖြည်းချင်းစီ ပေါက်ကွဲထွက်ကုန်ရင်း ကျယ်လောင်သော အော်ဟစ်သံများကို ထုတ်လွှတ်လေသည်။ သူတို့၏ ခြေလက်များက ထိုနေရာတစ်ခုလုံးအနှံ့ မိုးရွာသလိုမျိုး လွှမ်းမိုးသွားသည်။ ရှင်သန်ကျန်ရစ်သူများကလည်း ကြောက်လန့်လျှက် လူစုခွဲကုန်ကြသည်။ သို့သော် ပို၍များပြားသော သိုင်းပညာရှင်များက ရူးသွပ်စွာဖြင့် ရှေ့သို့ဆက်သွားနေသေးပြီး ယင်နက်ဘိုးဘေးကို လျစ်လျူရှု့လျှက် မူလအမရတောင်နှင့် ခြေလှမ်း ငါးဆယ်ခြောက်ဆယ်ခန့်အကွာတွင် ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။

ပို၍များပြားသော သိုင်းပညာရှင်များက မူလအမရတောင်သို့ ချဉ်းကပ်သွားသည်ကို မြင်သောအခါ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ ယင်နက်ဘိုးဘေးတို့က နောက်ဆုံးတွင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ။ မူလအမရတောင်ထဲကို ဝင်ရောက်ကြတော့။ မူလအမရသိုင်းကို ယူတဲ့အခါမှာ ငါတို့ကို တားဖို့ကြိုးစားတဲ့ကောင်တိုင်း သေရမယ်”

“ဟုတ်ကဲ့”

ဘိုးဘေးနှစ်ယောက်၏ အမိန့်အောက်တွင် ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့၏ တပည့်ဂိုဏ်းသား ရာပေါင်းများစွာက သူတို့၏ဓားများကို ဆွဲထုတ်လျှက် ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီ တစ္ဆေဘိုးဘေးတို့နှင့်အတူ ရှေ့သို့ချီတက်ကြသည်။ သူတို့၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်များက ပြည့်နှက်နေသည်။

“ကွမ်းထင် ဒီကိစ္စနဲ့ပတ်သတ်ပြီး အညှီနံ့ရနေတာမျိုးရှိတယ်”

စုန့်ယွမ်ယွီက ရုတ်တရက်ပြောသည်။ သူ၏မျက်မှောင်ကလည်း နက်နက်ရှိုင်းရှိုင်း ကျုံ့နေသည်။ သူသည် ရွှေရောင်အလင်း ရေတံခွန်ကို နက်ရှိုင်းစွာ စိုက်ကြည့်နေ၏။

“ငါလူတစ်ဖွဲ့ခေါ်ပြီး အတွင်းကိုဝင်ပြီး ရှာဖွေလိုက်မယ်။ မင်းကတော့ ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ အချိန်မရွေး အကူအညီပေးနိုင်ဖို့ အပြင်မှာနေခဲ့”

သူက သတိလက်လွတ် မလုပ်ရဲသော်လည်း မူလအမရသိုင်း၏ သန့်စင်လွန်းသော စွမ်းအားများ ကောင်းကင်သို့ ထိုးတက်နေကြောင်းကို မြင်နိုင်သေးသည်။ ဒါဟာ အစစ်ပင်ဖြစ်စေ၊ အတုပင်ဖြစ်စေ အခြေအနေကို ဝင်ကြည့်ရပေမည်။

ဝှစ်

အလင်းတစ်ချက် လက်ပြီးနောက် စုန့်ယွမ်ယွီက လေထဲသို့ ထိုးတက်သွားသည်။ တခဏခန့် ကြာပြီးနောက် သူသည် ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့နှင့်အတူ မူလအမရတောင်ထဲသို့ ဝင်သည်။

စုန့်ယွမ်ယွီနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့ အတူတကွ ပျောက်ကွယ်သွားကြောင်း မြင်သောအခါ ရှဲ့ကွမ်းထင်က တစ်ဖက်သို့လှည့်လျှက် အမိန့်များကိုပေးသည်။

“ငါ့ရဲ့အမိန့်ကိုနာခံ ဓားဝင်္ကပါကို အသင့်ပြင်ထား။ အချိန်မရွေး ဘယ်လိုဖြစ်ရပ်မျိုးကိုမဆို ကိုင်တွယ်နိုင်ဖို့ အသင့်ပြင်ထားကြ”

မည်သူမှမသိသည်မှာ အဝေးတစ်နေရာတွင် မျက်ဝန်းတစ်စုံက အရာအားလုံးကို စိုက်ကြည့်နေခြင်းဖြစ်သည်။ ယခုအခါမှသာ သူတို့က အကြည့်လွှဲသွားသည်။

“အရှင့်သား ဒီမူလအမရတောင်က ဗဟိုပြင်ကျယ်က ဂိုဏ်းကျွမ်းကျင်ပညာရှင်တိုင်းကို ဆွဲဆောင်နိုင်ခဲ့တဲ့ပုံပဲ”

မူလအမရတောင်နှင့် လီအနည်းငယ်ခန့် ဝေးကွာသော တောင်ကုန်းစိမ်းလေးပေါ်တွင် ကြွက်သားအပြည့်နှင့် သန်မာသော ပုံရိပ်တစ်ခုက ခေါင်းကိုလှည့်လျှက် လေးစားမှုအပြည့်နှင့်ပြောသည်။

“ဟွန်း ဗဟိုပြင်ကျယ်က ပါရမီတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ အနောက်မြောက်ပိုင်းလို ဒီလို ထောင့်သေးသေးလေးမှာတောင် အားနည်းသူတွေမရှိဘူး”

သူ၏ဝတ်ရုံက လေတွင်လွင့်နေပြီး သူသည် မျက်ခုံးထူထူ၊ မျက်လုံးကျဉ်းကျဉ်းနှင့် လေးနက်လွန်းသော မုတ်ဆိတ်များကို ပိုင်ဆိုင်ထားသည့် သတ်လတ်ပိုင်းလူဖြစ်သည်။ သူဟာ ပြုံးလိုက်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ထိုလူသည် ဗဟိုပြင်ကျယ်မှလူ မဟုတ်ကြောင်း မြင်နိုင်သည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားလွန်းသော ပုလွေတစ်ချောင်းကို ကိုင်ထားသည်။ ထိုပုလွေမှ အမွှေးဖွားလေးများက လေတွင်လွင့်နေသည်။ သူက ထောင်လွှားမောက်မာကာ ထည်ဝါလွန်းသော အရှိန်အဝါကို လွှတ်ထုတ်ထားသေးသည်။

အမျိုးမျိုးသော ဟူများက ဗဟိုပြင်ကျယ်အတွင်းသို့ စိမ့်ဝင်လာကြသည်။ သို့သော် လူအနည်းစုကသာ ထိုသို့မြင့်မြတ်လွန်းသော အရှိန်အဝါကို လွှတ်ထုတ်နိုင်ကြသည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် ထိုလူသည် အဆင့်အတန်း အချို့ရှိနိုင်သည်။

ရိုကျိုးမှ တစ်စုံတစ်ယောက်ကသာ ရှိနေမည်ဆိုပါက ထိုလူကိုမြင်လိုက်ရုံနှင့် အရှေ့မြောက်ပိုင်းတွင် ကျော်ကြားလွန်းသော အာရှီနာပါးကုရှီတုဆိုသည့် အရှေ့ပိုင်း တူရကီဘုရင်ဖြစ်ကြောင်း မှင်သက်ဖွယ်ကောင်းလောက်အောင် နားလည်လိုက်ကြပေလိမ့်မည်။

ထိုအရှေ့ပိုင်း တူရကီဘုရင်သည် ဖော်ပြရန်ခက်ခဲလောက်အောင် နက်နဲသော သိုင်းပညာရှင်များ၊ သိုင်းပညာများကို ကျွမ်းကျင်နေပြီး အန်းတု ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ် ကျန်းရှို့ကွေး၏ အရှေ့ပိုင်းတူရကီကို ရင်ဆိုင်ရန် ကြိုးစားထားသမျှ အစီအစဉ် တစ်ဝက်ကျော်ကျော်ခန့်ကို ထိုအမျိုးသားကသာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် ကျန်းရှို့ကွေးသည် သူတော်စင် ဧကရာဇ်ထံမှ စတေးခံ လက်နက်တစ်ခုကိုပင် တောင်းဆိုပြီး သူ့ကိုကိုင်တွယ်ခဲ့ရသည်။ ဒီနည်းအားဖြင့် စစ်တပ်မှ အခြားသော ဗိုလ်ချုပ်များဖြင့် ပူးပေါင်းပြီးမှသာ သူ့ကို ကိုင်တွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အက်ရှီနာပါးကုရှီတုကမူ အရှေ့ပိုင်း တူရကီစစ်တပ်နှင့် ခုံရုံးရေးရာကိစ္စများကို စိတ်ဝင်စားမှုမရှိပေ။ အရှေ့ပိုင်းတူရကီ၏ ပိုင်နက်က တိုက်ခိုက်မှုအောက်သို့ မရောက်သမျှ သူသည် ကျန်သောအချိန်တိုင်းကို တစ်ယောက်တည်းသာ နေလိုက်သည်။ သူ၏လှုပ်ရှားမှုများက လျို့ဝှက်ဆန်းကြယ်ပြီး နက်နဲသည်။ အရှေ့ပိုင်းတူရကီ ခါကန်း၊ အော့စမစ်ကပင် သူ့ကို အမိန့်မပေးနိုင်ပေ။

ထိုသို့ကျော်ကြားသော အရှေ့ပိုင်းတူရကီဘုရင်က မဟာထန်၏ အနောက်မြောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။ ထိုနေရာက မူလအမရသိုင်းနှင့် နီးစပ်နေသည်။

“အရှင့်သား ဒီလူငယ်က မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ပါပဲ။ ဟွန်း ဒီလို မူလအမရသိုင်းကို ရှာဖွေရင်းနဲ့ သူနဲ့ ပက်ပင်းတိုးမယ်လို့တောင် မထင်ထားဘူး။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က တိုက်တိုက်ဆိုင်ဆိုင် အော့စမစ်ခါကန်းနဲ့ အခြားအနီးအနား တိုင်းပြည်တွေအားလုံးရဲ့ ဆူးတစ်ချောင်းဖြစ်နေတာ။ တိုင်းပြည်တွေအားလုံးက သူ့ကို တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း ရှု့မြင်ကြတယ်။ ဒါပေမဲ့ သူက မဟာထန်ရဲ့ မြို့တော်မှာ ရှိရမဲ့အစား ဒီနေရာကို ရောက်နေမယ်လို့ ဘယ်သူကမှ မထင်ထားလောက်ဘူး”

“ဒီကောင်က တော်တော်လေး အင်အားကြီးတယ်။ သူက စုန့်ယွမ်ယွီနဲ့ လော့ချီယင်တို့ရဲ့ လက်ကတောင် လွတ်မြောက်သွားသေးတယ်။ ဒီလိုလူမျိုးက အရှေ့ပိုင်းတူရကီအတွက် ကပ်ဘေးကြီးပဲ”

အရှေ့ပိုင်းတူရကီသား ကျွမ်းကျင်ပညာရှင် နှစ်ယောက်က အက်ရှီနာပါကုရှီတုကို ပြောကြရင်း အဝေးမှ မူလအမရတောင်ရှိရာဘက်သို့ အံ့အားသင့်မှု အပြည့်နှင့် ကြည့်ကြသည်။

တာလာ့၏တိုက်ပွဲ၊ ခိုရာစန်း၏ တိုက်ပွဲများတွင် ထိုလူငယ်သည် အာရပ်လက်ရွေးစင် တစ်သန်းနီးပါး သတ်သွားခဲ့ပြီး ထိုမျှစစ်သွေးကြွကာ မောက်မာထောင်လွှားလွန်းသော အင်ပါယာကြီးကို ခေါင်းငုံ့ဦးညွှတ်လျှက် ဒူးထောက်ခစားစေခဲ့သည်။ ပြည်နယ်အတွင်းရှိ မည်သည့်တိုင်းပြည်ကမဆို မျိုးနွယ်ခြားနယ်မြေများရဲ့ ဘုရင်အကြောင်း သိပြီးသားဖြစ်သည်။

“ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီနဲ့ ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းတို့လည်း ရှိနေသေးတယ်။ ဒီနှစ်ယောက်လုံးက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ဒါပေမဲ့ အမှန်တိုင်းပြောရရင် ကောလဟာလတွေက လူကိုယ်တိုင်မြင်ရတာကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဗဟိုပြင်ကျယ်က ဂိုဏ်းခေါင်းဆောင်တွေက ငါတို့စုစည်းထားတဲ့ အချက်အလက်တွေထက်တောင် ပိုပြီးလေးစားဖို့ ကောင်းသေးတယ်။ ကံကောင်းတာက ဒီဂိုဏ်းခေါင်းဆောင်တွေက မဟာထန် အင်ပါယာခုံရုံးဘက်က အသုံးပြုလို့မရဘူး။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့ရဲ့ အရှေ့ပိုင်းတူရကီ ခါကာနိတ်ကတော့ ဒီလောက်အင်အားကြီးမားတဲ့ သိုင်းပညာရှင်တွေကြောင့် သေချာပေါက် ရှုံးသွားမှာပဲ”

နောက်ထပ် အရှေ့ပိုင်းတူရကီသား ကျွမ်းကျင်ပညာရှင် တစ်ယောက်က ကြောက်ရွံ့ရိုသေမှု အပြည့်နှင့်ပြောသည်။

သူတို့က အနောက်မြောက်ပိုင်းသို့ စထွက်လာသောအခါ ဗဟိုပြင်ကျယ်မှ သိုင်းပညာရှင်များကို အထင်သေးမှုအချို့ ကိုင်ဆွဲလာသည်။ သို့သော် ယခုမူ ဒီတိုက်ပွဲကို မြင်ရပြီးချိန်တွင် ပြသထားသော အင်အားကြောင့် အမှန်ပင် မှင်သက်သွားရသည်။

“ဟား ဟား အဲ့ဒီတော့ ဘာဖြစ်လဲ”

“စုန့်ယွမ်ယွီ၊ ဖေးလွမ်ချန်း ဒါမှမဟုတ် အဲ့ဒီမျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင်က ဘယ်လောက်သန်မာသန်မာ အရှင့်သားကို ယှဉ်နိုင်မှာတဲ့လား”

ပထမဦးဆုံး စပြောသည့် အရှေ့ပိုင်း တူရကီသား ကျွမ်းကျင်ပညာရှင်က ရယ်မောလိုက်ရင်း အက်ရှီနာပါးကုရှီတုကိုကြည့်သည်။

အက်ရှီနာပါးကုရှီတုက ခေါင်းကိုခပ်မြင့်မြင့် မော့ထားရင်း အကြည့်တိုင်းကို တိတ်တဆိတ် လက်ခံသည်။

အရှေ့ပိုင်းတူရကီ ကျွမ်းကျင်ပညာရှင်က ခေါင်းငုံ့လိုက်ရင်း ပြောသည်။

“အရှင့်သား ဒီရှာဖွေစူးစမ်းတဲ့ခရီးမှာ ကျွန်တော်မျိုးတို့တွေ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ကို ကိုင်တွယ်မဲ့ အခွင့်အရေးရလာပြီ။ နောက်ပြီး အဲ့ဒီဂိုဏ်းခေါင်းဆောင်တွေကိုသာ တစ်ခါတည်း ကိုင်တွယ်လိုက်လို့ရတယ်။ ဒီလိုနဲ့ အရှေ့ပိုင်း တူရကီခါကာနိတ်အတွက် အန္တရာယ်ကို ဖယ်ရှားလိုက်ရအောင်”

“ဟမ်း အဲ့ဒီမဟာထန်ရဲ့ဧကရာဇ် ထိုက်ကျုံးက တစ်ချိန်ကပြောဖူးတယ်။ တစ်လောကလုံးကလူတွေ ဒီနေရာမှာ စုစည်းနေတာ အကျိုးအမြတ်အတွက် အခွင့်အရေးတဲ့။ အကျိုးအမြတ်အတွက်ကြောင့်နဲ့ အဖေ၊ အမေ၊ ဝမ်းကွဲတွေတောင် အချင်းချင်း တိုက်ခိုက်ကြသေးတာ။ အခြားသူတွေဆိုရင် ပိုတောင်ဆိုးသေးတယ်။ ငါတို့အနေနဲ့ ဒီလောက်ထိ စိတ်မရှည်ဖြစ်ဖို့မလိုဘူး။ ဗဟိုပြင်ကျယ်က အဲ့ဒီ အမျိုးမျိုးသောဂိုဏ်းတွေက အချင်းချင်း တိုက်ခိုက်ကြပါစေဦး။ အချိန်သာမှန်ရင် ငါတို့တွေ ကျန်တဲ့အရာတွေ အားလုံးကိုရှင်းရင်း ငါတို့အတွက် အကျိုးအမြတ်အကြီးကြီး ရိတ်သိမ်းလို့ရပြီ”

ပါးကုရှီတု၏ ဝတ်ရုံက လေတွင်တဖြတ်ဖြတ် လွင့်နေသည်။ သူ၏နက်နဲသော မျက်လုံးနှင့် လျို့ဝှက်ဆန်းကြယ်သော အပြုံးက အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသလိုမျိုးပင် ထင်ရစေသည်။

အဝေးသို့ အချိန်အနည်းငယ်ခန့် ကြည့်ပြီးနောက် တောင်ကုန်းမှလူများအားလုံးက ပျောက်ကွယ်သွားကြသည်။

......

ထိုအချိန်တွင် အလင်းကတစ်ချက် လက်သွားပြီး ဝမ်ချောင်က မူလအမရတောင် အတွင်းတွင်ပေါ်လျှက် အောက်သို့ပြုတ်ကျသွားသည်။ သူသည် ခြားနားသော လောကတစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ထိုအချိန်တွင် မျက်လုံးရှေ့တွင် မြင်ကွင်းတစ်ခုက ပေါ်လာသည်။

“ဆရာ”

ဝမ်ချောင်က အောက်ဘက်မှ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို သတိထားမိချိန်တွင် သူ၏မျက်ဝန်းက တောက်ပသွားသည်။

“အွန်း”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လေထဲသို့ လက်တစ်ချက်ယမ်းပြလိုက်သည်။ ဝမ်ချောင်က စွမ်းအားတစ်ရပ်၏ ဆွဲယူခြင်းကိုခံရလေပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဘေးဘက်သို့ ရောက်သွားသည်။

“ဘယ်လိုလဲ ဒဏ်ရာပြင်းလား”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စိုးရိမ်တကြီးမေးသည်။ သူသည် ဝမ်ချောင်၏ပုခုံးကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။ ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားများက ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေရင်း ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များကို ထိုးဖောက်ကာ ဒဏ်ရာများကို ကုသပေးသည်။

“အဆင်ပြေပါတယ် ဒီနှစ်ယောက်က တော်တော်လေး လေးစားဖို့ကောင်းတယ်။ အထူးသဖြင့် စုန့်ယွမ်ယွီပေါ့။ သူက တော်တော်လေးကို ကောက်ကျစ်တယ်။ နောက်ပြီး ကိုင်တွယ်ရလည်းခက်တယ်။ သူငါ့နောက်ခံကို အစောကြီးကြိုမြင်ပေမဲ့ နောက်ဆုံးအခိုက်အတန့်ထိ စောင့်ပြီးမှ ပြဿနာရှာတာ။ သူက သိုင်းလောကရဲ့ တိုင်တန်တွေထဲက တစ်ယောက်အဖြစ် ခေါ်ဖို့ထိုက်တန်ပါတယ်”

ဝမ်ချောင်ကပြောလိုက်သည်။ စုန့်ယွမ်ယွီ၏ ထာဝရနွေဦးမာန်ထရာသည် ကြောက်စရာကောင်းသလို ပို၍ကြောက်စရာကောင်းသည်မှာ သူ၏ ကောက်ကျစ်ပြီး ဉာဏ်ကောင်းလွန်းသော အချက်ဖြစ်သည်။ ဝမ်ချောင်က လှည့်ကွက်ပေါင်းများစွာကို ကြိုးစားခဲ့ဖူးသည်။ သူသည် ကံကြမ္မာထိန်းချုပ်သူဆိုသော ဘွဲ့နာမည်ကိုသုံးပြီး တစ်ဖက်သူကို ကိုင်တွယ်ခဲ့သေး၏။ သို့သော် စုန့်ယွမ်ယွီကမူ ဝမ်ချောင်ကို တောက်လျှောက် သံသယဝင်နေခဲ့သေးပြီး ဘယ်သောအခါမှ ထုတ်မပြခဲ့ချေ။

“စုန့်ယွမ်ယွီက လေးစားဖို့ကောင်းတဲ့စွမ်းအင်နဲ့ ကောက်ကျစ်လွန်းတဲ့လူပဲ။ အဲ့ဒီအချက်အပြင် သူက မိစ္ဆာလမ်းကြောင်းကို လျှောက်တဲ့လူတွေ ဘယ်လောက်များများ သူကသူ့ရဲ့ ခံစားချက်တွေကို အမှန်တကယ် မထုတ်ပြတတ်ဘူး။ အရင်ကဆိုရင် ငါသူနဲ့ အဆက်အသွယ်လုပ်ရမှာကို အမုန်းဆုံးပဲ။ သူလည်းငါနဲ့ မယှဉ်နိုင်မှန်းသိတယ်။ ဒါကြောင့်ပဲ ငါတို့အချင်းချင်း ရှောင်နေကြတာပေါ့”

“ဒါပေမဲ့ ဒီလူက ကောက်ကျစ်ပြီး အကြံအစည် ကြီးနေတဲ့အချိန်မှာ သူ့ရဲ့ ထာဝရနွေဦးမာန်ထရာကို လျစ်လျူရှု့ထားလို့မရဘူး။ ငါမဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်နေပေမဲ့လည်း သူ့ကို ဘာမှလုပ်နိုင်တာမဟုတ်ဘူး။ မင်းရဲ့ဒဏ်ရာတွေနဲ့ စွမ်းအင်တွက ကစဉ့်ကလျားဖြစ်သွားပြီဆိုတော့ သူ့ဆီကနေ အသက်ရှင်လျှက် ထွက်ပြေးနိုင်တာကတင် တော်တော်လေး တော်နေပြီ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်တင်းတင်းပြောသည်။

ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားသည်။ သူသည်လည်း ဆရာဖြစ်သူကပင် စုန့်ယွမ်ယွီကို ထိုမျှအထိ ထင်မြင်ချက်မြင့်မည်ဟု မထင်ထားမိပေ။

“ထာဝရနွေဦး ကြယ်တာရာစွမ်းအင်က ရှည်ကြာပြီး တိုက်ရိုက်ဆန်တဲ့ တိုက်ပွဲတွေနဲ့ ပိုပြီးသင့်တော်တယ်။ မင်းကမင်းရဲ့ လက်ရှိအခြေအနေနဲ့ သူနဲ့ယှဉ်လို့ မရဘူး။ ဒီတော့ သူနဲ့မတိုက်ခိုက်ဘဲ ရှောင်သင့်တယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။

“ဆရာ့ရဲ့တပည့်က နားလည်ပါတယ်။ စုန့်ယွမ်ယွီက တကယ်ကိုလေးစားဖို့ကောင်းတဲ့ အင်အားကြီးမားတဲ့ ရန်သူတစ်ယောက်ပါ။ ငါသာ ဆရာ့ရဲ့စွမ်းအင်ကို ကြိုတင်မခံစားမိခဲ့ရင် သူနဲ့ ယင်နက်ဘိုးဘေးတို့နဲ့ တိုက်ကွက် ဖလှယ်ရဲလောက်အောင် ယုံကြည်မှုရှိရှိနဲ့ ဆက်နေရဲခဲ့မှာမဟုတ်ပါဘူး”

ဝမ်ချောင်က တင်းမာစွာပြောသည်။

ဝမ်ချောင်သည် ထိုနေရာတွင် အဝိုင်းခံထားရပြီး မလှုပ်ရှားနိုင်ဟု ထင်ရလောက်သည်။ သို့သော် ထိုသို့မဟုတ်ခဲ့ပါပေ။ မူလအမရတောင်က တဖြည်းဖြည်းချင်းစီ မပွင့်လာသေးသည့်တိုင်အောင် ဆရာဖြစ်သူ၏ စွမ်းအင်များက ပုံရိပ်ယောင် ထောင့်အတွင်းတွင် ဝဲပျံလျှက် တည်ရှိနေကြောင်းကို သူက ခံစားမိပြီးသားဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူသည် ဆက်သွယ်၍ပင် ရနေ၏။

စုန့်ယွမ်ယွီက အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ယုံကြည်ထားလောက်သည်။ သို့သော် ဝမ်ချောင်ကမူ လွတ်လမ်းကိုရှာပြီးသားဖြစ်နေသည်။

အခန်း(၁၃၈၇)

“ဟုတ်သားပဲဆရာ ဘာတွေဖြစ်သွားတာလဲ။ ကျွန်တော် တောင်ပေါ်က ကျောက်တုံးဝင်္ကပါမှာ အကြာကြီး စောင့်နေခဲ့တာ။ ဒါပေမဲ့ ဆရာ့ရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရဘူး။ အဲ့ဒီနောက် ဆရာ မူလအမရတောင်ထဲကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ နောက်ပြီး စီနီယာကျိုးကဘယ်မှာလဲ”

ဝမ်ချောင်ကမေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှ အဖြစ်အပျက်များက သူ့အား နားမလည်နိုင်အောင် ဖြစ်စေသည်။

“ဒါက ပုံပြင်အရှည်ပဲ။ မင်းရဲ့စီနီယာကျိုးနဲ့ငါ ကင်းထောက်ထွက်သွားတဲ့အချိန်မှာ ခရီးတိုလေးတစ်ခု အဖြစ်ပဲ ကြံစည်ထားခဲ့တာ။ ဒါပေမဲ့ ငါတို့ကို အံ့ဩစေတာက ငါတို့တွေ စုန့်ယွမ်ယွီနဲ့ သူ့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က ကျွမ်းကျင်ပညာရှင်တွေ အမြောက်အများနဲ့ တိုးသွားတာပဲ။ စီနီယာကျိုးက အင်အားကြီးမားတဲ့ သိုင်းပညာရှင်တစ်ယောက်မှ မဟုတ်တာ။ ဒီတော့ ငါသူ့ကို ကာကွယ်ရင်းနဲ့ ငါတို့ရဲ့ ထွက်ပြေးတဲ့လမ်းကြောင်းက ပိုခက်သွားတယ်။ ငါတို့ ပြန်ရောက်လာတဲ့အချိန်မှာ မင်းတို့က မရှိတော့ဘူး။ ငါအစကတော့ မင်းတို့လည်း မင်းတို့နည်း မင်းတို့ဟန်နဲ့ မူလအမရတောင်ကို သွားတယ်လို့ထင်တာ။ ဒါကြောင့်ငါက စီနီယာကျိုးနဲ့ ရွာသူကြီးကို ခေါ်ပြီး အဲ့ဒီကို ကြိုသွားလိုက်တာပဲ”

“ဒါပေမဲ့ စီနီယာကျိုးနဲ့ငါက ဒီနေရာရဲ့ စွမ်းအားကို အထင်သေးမိသွားတယ်။ ငါတို့က အသင်းကို အင်အားသုံးပြီး ဝင်ပြီးမှပဲ ဒီနေရာက သိပ်သည်းလွန်းတဲ့ ရွှေရောင်ဝင်္ကပါကြီးတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်။ ဒီဝင်္ကပါက ပြောင်းလဲတာ မြန်ဆန်လွန်းလို့ ငါ ငါ့ကိုတောင် ပြင်ဆင်ဖို့ အချိန်မရှိခဲ့ဘူး။ ဒီလိုနဲ့ စီနီယာကျိုး၊ ရွာသူကြီးတို့နဲ့ ကွဲသွားတာပဲ။ ဒီဝင်္ကပါက တော်တော်လေးလည်းရှုပ်တယ်။ တစ်စိတ်တစ်ဒေသကို ဆွဲလိုက်ရင် ဒီနေရာတစ်ခုလုံးက လှုပ်ရှားသွားဦးမှာ။ ဒီဝင်္ကပါ ကိုယ်တိုင်ကတောင် ဆက်တိုက် ပြောင်းနေတာ။ ငါတို့အားလုံးက ဒီနေရာမှာ ပိတ်မိတာ အချိန်တစ်ခုကြာပြီ”

“ဒီဝင်္ကပါကို နားလည်တဲ့ တစ်ဦးတည်းသောလူက စီနီယာကျိုးပဲ။ ငါလည်း ဒီဝင်္ကပါကို ဖျက်ဆီးတဲ့နည်းလမ်းကို သူ့ရဲ့ တွေးတောစဉ်းစားပုံကတစ်ဆင့် သတင်းအချက်အလက်တော့ ရရှိထားတယ်။ ဒါပေမဲ့ ရေတိုအတွင်းမှာတော့ ဖြေရှင်းချက်မရှိသေးဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လေးလံစွာပြောသည်။

“အာ”

ဝမ်ချောင်က ပင့်သက်ရှိုက်လိုက်သည်။ သူသည် တစ်ချက်ကြည့်ပြီးနောက် သူ့ကိုယ်သူ ခေါင်းခါယမ်းကာ နှစ်သိမ့်လျှက် ပတ်ဝန်းကျင်ကိုသာ လေ့လာ အကဲခတ်လိုက်လေသည်။

သူသည် ယခင်က ဆရာဖြစ်သူကိုသာ အလုံးစုံ အာရုံစိုက်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ ပတ်ဝန်းကျင်က မီးခိုးရောင် ဝေဝါးသော အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းခြင်း ခံထားရကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နှင့် မြေပြင်ကိုပင် ခွဲခြားရန်ခက်ခဲသည်။ အပြင်မှ အဖြစ်အပျက်များကိုလည်း မြင်ရန်မဖြစ်နိုင်ပေ။ သက်ရောက်မှုက သဏ္ဍန်လေးခု ယင်ရန်ဝိညာဉ် ထောင်ချောက်နှင့် အတော်လေးတူသည်။ ထိုထက် အဆင့်ပေါင်းများစွာ မြင့်နိုင်၏။

ခလွက်

ထို့နောက် အနီးအနားမှ အရိုးကြေမွသံများ ထွက်ပေါ်လာသည်။

ဝမ်ချောင်က ခေါင်းကိုလှည့်လျှက် ကြည့်လိုက်သောအခါ ဂိုဏ်းတစ်ခု၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်ဂိုဏ်းသား တစ်ယောက်က မြေပြင်သို့ ပြိုကျလျှက် ရှိနေကြောင်း မြင်လိုက်ရသည်။ သူသည် နဂိုက မြေပြင်တွင် ထိုင်လျှက်ပုံစံမျိုး ရှိနေသော အရိုးခြောက်အသွင် ဖြစ်နေခဲ့ပြီး မြေပြင်သို့ လဲကျသွားခဲ့ခြင်းဖြစ်သည်။ ထိုလူ၏ အသွေးအသားများဟာ အလုံးစုံကုန်ကာ ကျုံ့သွားပြီဖြစ်ပြီး အရေပြားထိပ်တွင် အရိုးပုံသဏ္ဍန်ကပင် ထင်းထွက်နေပြီဖြစ်သည်။ သူ၏ မျက်နှာကို ကြည့်ပုံအရ သူသည် မသေခင် ပြင်းထန်လွန်းသော နာကျင်မှုကို ခံစားခဲ့ရသည်။

ဘေးဘီကိုကြည့်ပြီးနောက် ဝမ်ချောင်က ပို၍များပြားသော အရိုးခြောက်များကို မြင်လိုက်ရသည်။

“ဒါက မူလအမရတောင်ထဲကို အတင်းဝင်ခဲ့တဲ့ သိုင်းပညာရှင်တွေပဲ။ သေသွားခဲ့တာတောင်မှ သူတို့က ဒီနေရာက မထွက်သွားချင်ကြဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။

“ငါဒီနေရာကို ရောက်တဲ့အချိန်မှာ သူတို့က ရှိနေပြီ။ ကြည့်ရတာ ဒီနေရာပွင့်တာက တစ်ကြိမ်၊ နှစ်ကြိမ် မဟုတ်လောက်ဘူး”

ဝမ်ချောင်က ပြန်ပင်မဖြေဘဲ သူ၏နှလုံးသားကသာ လေးလံသွားသည်။

“ဒီလိုသာဆိုရင် ထောင်ချောက်ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ မူလအမရတောင်က သူ့အလိုလို ပေါ်လာခဲ့တယ်ဆိုရင် ရတနာမြေပုံ ဖြစ်နေစရာမှမလိုတာ။ မူလအမရ အရှင်သခင်လို အဆင့်အတန်းမျိုး ရှိတဲ့လူက ဒီလိုအမှားမျိုးမလုပ်ဘူး”

ဝမ်ချောင်ကပြောသည်။

“စီနီယာကျိုးကလည်း ဒီလိုပဲပြောတာပဲ။ ဒါပေမဲ့ ငါတို့တွေ အနှစ်ချုပ်လို့ မရသေးဘူး။ ဒီဝင်္ကပါက တော်တော်လေးကို သက်တမ်းကြာနေပြီ။ ဝင်္ကပါသိုင်းကလည်း ဆုတ်ယုတ်လာနေပြီ။ နောက်ပြီး ဒီလောက် ကြီးမားရှုပ်ထွေးတဲ့ ဝင်္ကပါမျိုးကို ထုတ်နိုင်တဲ့လူ၊ အဖွဲ့အစည်းမျိုးကလည်း ရှိမှာတောင် မဟုတ်ဘူး။ ဒီဝင်္ကပါက မူလအမရ အရှင်သခင်ကိုယ်တိုင် ချခင်းထားတာပဲ ဖြစ်ရမယ်။ ငါတို့မှာ အစစ်အမှန် ရတနာမြေပုံ မရှိပေမဲ့လည်း ဆက်စပ်မှုအချို့တော့ ရှိနေဦးမှာပဲ။ ဒီတော့ ထောင်ချောက်တစ်ခုတော့ မဖြစ်နိုင်လောက်ပါဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပတ်ဝန်းကျင်ကို ဂရုစိုက် စစ်ဆေးအကဲဖြတ်လိုက်သည်။ သူသည် မူလအမရနန်းတော်၏ သဘာဝကို စဉ်းစားဆင်ခြင်ကြည့်ရင်း ဝမ်ချောင်နှင့် တူညီသော အတွေးများကို တွေးတောကြည့်မိလိုက်သည်။

ဝုန်း

ထိုအခိုက်အတန့်တွင် လောကက စတင်ကာ ယမ်းခါလျှက် ပတ်ဝန်းကျင်က စတင်ကာ လှုပ်ခါလာသည်။ ဝမ်ချောင်ကလည်း ကြီးမားသော လက်ကြီးတစ်ဖက်က အာကာသပြင်ကို ထိန်းကိုင်ထားရင်း ပတ်ပတ်လည် လှည့်လှုပ်လာသလို ခံစားလိုက်ရရင်း သူ၏မျက်နှာက တင်းမာသွားသည်။

သူ၏စိတ်တွင် အတွေးတစ်ခုက ဝင်လာသည်။

ဝင်္ကပါက ပြောင်းနေပြီ။

ဝမ်ချောင်သည် အကြီးအကဲတုနှင့် အကြီးအကဲ ဖန်းတို့ထံမှတစ်ဆင့် ဝင်္ကပါနှင့်ပတ်သတ်သော အချက်အလက် အချို့ကို လေ့လာသင်ကြားခဲ့ဖူးသည်။ ထို့ကြောင့် ဝင်္ကပါကို အကြို ကောင်းကင်ဘုံအဆင့်နှင့် ကောင်းကင်ဘုံးဘီးအဆင့်ဟု ပိုင်းခြားထားကြောင်း သိထားလေသည်။ အကြိုကောင်းကင်ဘုံအဆင့်တွင် ဝင်္ကပါကို တည်ဆောက်ပြီးနောက်တွင် ပြောင်းလဲတော့မည် မဟုတ်ချေ။ ကောင်းကင်ဘုံဘီးအဆင့်ကမူ အလွန်ကျယ်ပြောသော နေရာကြီးကပင် ပြောင်းလဲနိုင်သေးသည်။ ဝင်္ကပါထဲသို့ ဝင်ရောက်ပြီးသည်နှင့် ထိုနေရာဟာ ဆက်တိုက် ပြောင်းလဲနေမည်ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ထိုအပြောင်းအလဲ အများစုဟာ အလွန်အမင်း အန္တရာယ်များသည်။ လူအနည်းစုလောက်ကသာ ထိုကဲ့သို့သော ဝင်္ကပါမျိုး အတွင်းမှ အသက်ရှင်လျှက် ထွက်လာနိုင်ကြသည်။

“မင်းလည်း ဒီဝင်္ကပါက တစ်နာရီကြာတိုင်းလိုလို ပြောင်းလဲနေတယ်ဆိုတာကို သတိထားမိမှာပဲ။ နေရာပြောင်းလဲပုံတွေက တူညီတာလည်းမဟုတ်ဘူး။ စီနီယာကျိုးရဲ့ ပြောစကားအရ အမျိုးအစား ရှစ်မျိုးရှိရင် ရှစ်ခါပြောင်းလဲလိမ့်မယ်။ တစ်ခါပြောင်းလဲတဲ့အခါ မင်းယူထားတဲ့ နေရာက လုံလောက်ပြီး နောက်တစ်ခါကျရင် ဒီနေရာက အန္တရာယ် ပြည့်လာလောက်တယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ငါတို့ယူထားတဲ့နေရာက အနည်းဆုံး (၂၄)နာရီအထိလောက်တော့ လုံခြုံနေဦးမှာ။ ဒါကြောင့်ပဲ ငါမင်းကို အတွင်းကိုခေါ်ခဲ့တာပေါ့”

“ဆရာ ဆရာဒါတွေကို ဘယ်လိုများသိတာလဲ”

ဝမ်ချောင်က ထူးဆန်းသောမျက်နှာထား ဖြစ်သွားသည်။ သူ၏ဆရာဖြစ်သူက နက်နဲသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း သူသည် ဝင်္ကပါနယ်ပယ်တွင် ကျွမ်းကျင်သူမဟုတ်ချေ။ ယေဘုယျကျကျ ပြောရသော် သူသည်လည်း ဒီနေရာနှင့်ပတ်သတ်ပြီး ပြောစရာမရှိသင့်ပေ။ ပြောရသည်မှာ ....

“ဒါပေါ့ ငါဒီလိုအကြောင်းအရာတွေကို ငါ့ဘာသာငါ ဘယ်သိပါ့မလဲ။ အဲ့ဒါက စီနီယာကျိုးက ငါ့ကိုပြောတာ။ သူက ဝင်္ကပါဂိတ်ပေါက် တစ်ခုမှာရောက်ပြီး အဆုံးသတ်သွားပေမဲ့ ဝင်္ကပါရဲ့ ပြောင်းလဲပုံတွေကို နားလည်နိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားသေးတယ်။ ဒါကြောင့် ငါတို့ဒီနေရာမှာရှိရင် အများကြီး လုံခြုံမယ်လို့ပြောတယ်။ လွန်ခဲ့တဲ့ ခြောက်နာရီကမှ ငါနဲ့နီးကပ်တဲ့ ဝင်္ကပါတစ်ခုထဲကို အတွန်းခံလိုက်ရတာ။ ဒါကြောင့် သူငါ့ကို ဒီအကြောင်းအရာတွေ ပြောသွားခဲ့တာပဲ။ သူပြောသွားတဲ့ အတိုင်းဆိုရင် နောက်ထပ် ခြောက်နာရီ ကြာပြီးတဲ့နောက်မှာ ဝင်္ကပါက ငါတို့ရှိရာနေရာကို ပြန်ပြောင်းလာပြီး ငါတို့နဲ့ လာပေါင်းလိမ့်မယ်တဲ့”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်စွာ ရှင်းပြသည်။

ဝမ်ချောင်က ထိုစကားကိုကြားပြီးနောက် အများကြီး တည်ငြိမ်သွားသည်။ ဝင်္ကပါအကြီးအကဲက ဝင်္ကၤပါ ဆရာဘိုးဘေးဖြစ်သည်။ လက်ရှိခေတ်တွင် အလွန်အမင်း လေးစားဖွယ်ကောင်းသော ဝင်္ကပါ ဆရာသခင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ သူကသာ သူတို့၏နေရာက ခြောက်နာရီကြာပြီးနောက် ပြန်လည်ပေါင်းစပ်သွားမည်ဟု ယုံကြည်ထားမည်ဆိုလျှင် ထိုသို့ဖြစ်ပေလိမ့်မည်။

ဝင်္ကပါတစ်ခုက သက်တမ်းရင့်လေလေ အန္တရာယ်များလေလေပဲ။ ဒီလိုနေရာမျိုးမှာ မိုက်ရူးရဲဆန်ပြီး လျှောက်သွားတာက သေဆုံးခြင်းရဲ့ ပွေ့ဖက်မှုထဲကို တိုးဝင်ရောက်သလိုမျိုး တုန့်ပြန်မှုကို ဖြစ်လာစေလိမ့်မယ်။ ဒီတော့ စီနီယာကျိုးနဲ့ ပူးပေါင်းဖို့ အရင်ဆုံး စောင့်သင့်တယ်။ ပြီးမှ တစ်ခုခုလုပ်တာပေါ့။

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။

အာဝူး...

ဝမ်ချောင်က တွေးတောနေချိန်တွင် ရုတ်တရက် အနီးအနားမှ ဝံပုလွေအူသံကို ကြားရသည်။ ထို့နောက် အသံတစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အလွန်အမင်း စူးရှလွန်းသော အော်သံများကိုပင် ကြားရသည်။ ဝမ်ချောင်၏မျက်နှာက ပြောင်းလဲလာလျှက် ချက်ချင်းဆိုသလိုပင် ထလိုက်သည်။

“ငါ့ကိုကယ်ပါ”

“အား ငါ့ရဲ့မျက်နှာ”

“ဒါက ဘယ်လိုနေရာတွေလဲ။ ရတနာ ငါရတနာလိုချင်တယ်”

တစ္ဆေသရဲများ၏ ငိုညဉ်းသံကဲ့သို့သော အသံများက လူများ၏ ဆံပင်မွှေးကိုပင် ထောင်ထစေလောက်သည်။ ဝမ်ချောင်က အသံလာရာဘက်သို့ အပြေးအလွှား သွားလိုက်သည်။ သို့သော် သူဟာ ခြေလှမ်းအနည်းငယ်သာ သွားရသေးသည် ရပ်တန့်လိုက်ရ၏။ သူ၏ ပတ်ဝန်းကျင်က ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ တခဏခန့်ကြာပြီးနောက် စူးရှသော အော်သံကို ကြားရသည်။ ထို့နောက် တခဏခန့် ထပ်ကြာပြီးနောက်တွင် ထိုနေရာဟာ ဆက်တိုက် ပြောင်းလဲလျှက် ရှာတွေ့ရန် ခက်ခဲသွားသည်။ သို့သော် အော်သံနှစ်မျိုးလုံးက စိတ်ဝိညာဉ်ကို တုန်ခါစေလောက်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်လုံးကိုမှိတ်ပြီး ခေါင်းကိုသာမော့လျှက် မထူးခြားနားသလို ပြောလာသည်။

“သူတို့သေလောက်ပြီ”

“ဝင်္ကပါထဲမှာ အန္တရာယ်တွေ အများကြီးပဲ။ အင်အားနည်းတဲ့လူတွေက လောဘကြီးတဲ့စိတ်ကြောင့် ဒီနေရာကို အပြေးလာရင်းနဲ့ ဒီလိုသေသွားတာက အံ့အားသင့်စရာတော့ မကောင်းဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာက အေးစက်ကာ မထူးခြားနားပုံပေါ်သည်။ သူသည် ထိုဂိုဏ်း သိုင်းပညာရှင်များ၊ ဝင်္ကပါအတွင်းသို့ အပြေးဝင်ရောက်ခဲ့သည့်အပေါ် သနားညှာတာစိတ်လည်း မရှိပေ။ လူတစ်ယောက်၏ အကျင့်စရိုက်က ထိုတစ်နေရာနှင့် မသင့်တော်ပေဆိုသော စကားအတိုင်း သူတို့က အင်အားမရှိပါက လောက၏ နံပါတ်တစ်သိုင်းကို လိုချင်တောင့်တစိတ် မရှိသင့်ပေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ထိုလူများအပေါ် အမြင်ကောင်းလည်းမရှိပေ။

“ချောင်အာ အသင့်ပြင် ငါတို့ရဲ့စမ်းသပ်မှုကလာပြီ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။ ဝမ်ချောင်က မှင်သက်သွားသည်။ သို့သော် သူသည် ခပ်မြန်မြန် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး စိတ်ကို အာရုံစိုက်လိုက်သည်။

ခြိမ်း

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ရှိနေသော နေရာက စတင်ကာ တုန်ခါလာသည်။ သို့သော် ယခင်ကနှင့် ခြားနား၏။

ဝမ်ချောင်သည်လည်း အာကာသပြင်က အရှိန်နှုန်းဖြင့် မောင်းနှင်လာသော ရထားတစ်စင်းဟာ တစ်စုံတစ်ရာကို တိုက်မိသွားသလိုမျိုး ဖြစ်လာကြောင်း သိလိုက်သည်။

ဟေ့

ရုတ်တရက် အဖက်ဖက်မှ အစိမ်းရင့်ရောင် မီးခိုးများက အာကာသပြင်အတွင်းသို့ တိုးဝင်လာသည်။ ထိုမီးခိုးများက အပြေးဝင်လာသည့်နောက်တွင် ပျက်စီးသွားသလို တပွက်ပွက်အသံများက ပေါ်ထွက်လာသည်။

အဆိပ်

ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ကြယ်တာရာစွမ်းအင်များကို ဖြာထွက်စေလိုက်ရင်း သူနှင့် ပေအနည်းငယ်အကွာ တစ်ခုလုံးကိုပင် လွှမ်းခြုံလိုက်၏။ တစ်ချိန်ထဲတွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားသည်။ သူ၏ ကိုယ်ပိုင် ကြယ်တာရာစွမ်းအင်ကို ထုတ်လျှက် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သည်။

ဟေ့

တခဏခန့်ကြာပြီးနောက် အစိမ်းရင့်ရောင် မီးခိုးများက ဆရာ၊ တပည့်တို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။ ထိုမြူများက အက်စစ်များအလားထင်ရ၏။ သို့သော် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ပတ်ဝန်းကျင်တွင် မာကြောသိပ်သည်းလွန်းသော ကြယ်တာရာစွမ်းအင်များက ဝိုင်းနေသောကြောင့် ဖယ်ရှားခံလိုက်ရသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏အဆင့်တွင် အဆိပ်ပြီးနေပြီးသားဖြစ်သည်။ အသန်မာဆုံးသော ဖြစ်တည်မှုများကသာ သူ့ကိုဆွဲချနိုင်တတ်၏။

“အာ ငါ့ရဲ့မျက်လုံး ငါ့ရဲ့မျက်လုံး”

ဆရာတပည့်နှစ်ယောက်က သူတို့၏အင်အားများ အားလုံးကိုထုတ်ကာ အဆိပ်ကိုဖယ်ရှားနေချိန်တွင် အော်သံများ၊ ဝရုန်းသုန်းကားအသံများ၊ အချင်းချင်း ဝင်တိုက်မိသံများကိုလည်း ကြားရသည်။ လူပေါင်းများစွာက အဆိပ်မြူထဲမှ အပြေးထွက်လျှက် သူတို့နှစ်ယောက်ဆီ လာကြသည်။

“သူတို့နဲ့ပတ်သတ်ပြီး စိုးရိမ်ဖို့မလိုဘူး။ လူတွေရဲ့စိတ်က ဆိုးယုတ်တယ်။ ဒီနေရာကို ဝင်လာတဲ့လူတွေက ကိုယ်ပိုင်အသက်အတွက် ကိုယ်ပိုင်တာဝန်ကို ယူရမယ်။ သူတို့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်သင့်တယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏အမူအရာက အေးစက်ကာ တင်းမာသည်။ သူ၏ဘဝတွင် တပည့်ဖြစ်သူက သစ္စာဖောက်မှုကို ခံရပြီး ဖြောင့်မတ်မှန်ကန်ခြင်း အင်အားစုနှင့် ဆိုးယုတ်သော လမ်းစဉ်လျှောက်သော အင်အားစုများက ပေါင်းကာ တိုက်ခိုက်မှုကို ခံခဲ့ရပြီးသည့်အပြင် သောင်းပေါင်းများစွာသော လူများ၏ အလိုရှိသော လူတစ်ယောက် ဖြစ်ခဲ့ပြီးလေပြီ။ ဝမ်ချောင်နှင့် ညီမဖြစ်သူကသာ သူ့ကို နှလုံးသားနူးညံစေသူဖြစ်သည်။ ဒီနည်းအားဖြင့် သူ့အား တာလာ့သို့ တောက်လျှောက်သွားလျှက် ဝမ်ချောင်နှင့် မဟာထန်အား ကူညီရန် အာရပ်ကို ရင်ဆိုင်စေခဲ့သည်။

သို့သော် နှလုံးသားပျော့ညံ့မှုဟာ ခုံရုံးမှလူများနှင့် သင့်တော်သော လူမှုအသိုင်းအဝိုင်းအတွက်သာ ဖြစ်သည်။ သူ၏ သိုင်းပညာလောကမှ လူများအတွက်မူ ထူးခြားသော ထင်မြင်ချက်သာရှိသည်။ ထိုလူများဟာ မည်မျှဆိုးယုတ်ကောက်ကျစ် လှည့်ဖျားတတ်ပြီး အကြံအစည်ကြီးကြောင်း သူ့ထက် မည်သူကမျှပို၍ နားမလည်လောက်ပေ။ ဂိုဏ်းလောကတွင် နောက်ကျောဖြင့် ဓားထိုးခံရခြင်း မရှိလျှင် ဘေးဘက် ဓားထိုးခံရပေလိမ့်မည်။ မည်သူ့ကိုမှ ယုံကြည်ရန် မထိုက်တန်ပေ။

“အား”

အော်သံများက ဆက်တိုက်ဖြစ်ပွားနေသည်။ သူတို့၏ ကိုယ်အတွင်းမှ နာကျင်မှုက ဝမ်ချောင်၏နှလုံးသားကို ဓားများဖြင့် လှီးဖြတ်နေသလိုမျိုး ဖြစ်နေသည်။ ဝမ်ချောင်ကလည်း ထိုပုံရိပ်များက တစ်နေရာရာမှ ထွက်ခွာလာခဲ့လျှက် မြေပြင်တွင်ပင် လိမ့်ကာ အော်ဟစ်ညဉ်းတွားနေကြောင်း မြင်နေရသည်။ သူသည် သက်ပြင်းသာ ချမိ၏။ သူကိုယ်တိုင်လည်း ဆရာဖြစ်သူ၏ အတွေးကို နားလည်သည်။ အမှန်တိုင်းဆိုရသော် သူတို့က အနောက်မြောက်ပိုင်းသို့ ခြေလှမ်းချပြီးချိန်ကတည်းက ဆရာဖြစ်သူ၏ စိတ်နေသဘောထားဟာ တဖြည်းဖြည်းချင်းစီ ပြောင်းလဲလာကြောင်းကိုလည်း သူတို့က သတိထားမိပြီးသားဖြစ်သည်။

အခန်း(၁၃၈၈)

ဆရာ၏တိုးတက်မှု

မေ့လိုက်တော့ ငါဒီလူတွေ သေတာကို ဒီတိုင်းမကြည့်နိုင်ရုံပါပဲ။

ဝမ်ချောင်က စိတ်ထဲတွင်သာ ရေရွတ်လိုက်သည်။ ထိုအတွေးနှင့်အတူ သူသည် ခပ်မြန်မြန် ထရပ်လျှက် အော်ဟစ်နေသော သိုင်းပညာရှင်များထံသို့ ကြယ်တာရာစွမ်းအင် တစ်လှိုင်းကို ပို့လွှတ်ပေးလိုက်သည်။ ထိုသိုင်းပညာရှင်များက သူတို့၏လက်များကို သူတို့၏ မျက်လုံးများပေါ် အုပ်ထားရင်း ကြမ်းတမ်းစွာ တုန်ယင်နေသည်။

“မြိုလိုက်”

ဝမ်ချောင်က ဆေးတစ်လုံးကိုထုတ်လျှက် သိုင်းပညာရှင်တစ်ယောက်၏ ပါးစပ်ထဲသို့ ထည့်ပေးသည်။ တစ်ချိန်ထဲတွင်ပင် ကြယ်တာရာစွမ်းအင်က အခြားသော သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်သွားသည်။ တခဏခန့်ကြာပြီးနောက် သူတို့၏ မွှေးညှင်းပေါက်များ၊ ဒွာရပေါက်များထံမှ အစိမ်းရင့်ရောင် မြူများက လိမ့်ထွက်လာလေသည်။

“မြေပြင်မှာ တင်ပြင်ချိတ်ထိုင်ပြီး မင်းတို့ရဲ့စွမ်းအင်တွေကို ကျင့်ကြံဖို့ အာရုံစိုက်ထားတော့”

ဝမ်ချောင်က တင်းမာစွာပြောလိုက်သည်။

ဝမ်ချောင်သည် မကောင်းသောရည်ရွယ်ချက် မရှိသလို အန္တရာယ်ကလည်း သူတို့ကို ဝိုင်းနေကြောင်း သိထားသောအခါ ထိုသိုင်းပညာရှင်များက မပေါ့လျော့ရဲတော့ချေ။ သူတို့သည်လည်း အစောတလျင် တင်ပြင်ချိတ် ထိုင်ကြလျှက် သူတို့၏စွမ်းအင်များကို စုစည်းလိုက်ကြသည်။

“ဟင်း”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သက်ပြင်းချသည်။

“ကောင်းပြီ”

ထိုစကားများနှင့်အတူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း သူ၏ကြယ်တာရာစွမ်းအင်များကို ရှေ့သို့ တွန်းပို့လိုက်ပြီး အခြားသော သိုင်းပညာရှင်များကို သူ၏ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာထဲသို့ ပို့ထည့်ပေးလိုက်သည်။ ထို့နောက် နောက်ထပ် ဝုန်းကနဲမြည်သံနှင့်အတူ သူတို့၏ကိုယ်အတွင်းမှ အဆိပ်များကို ဆွဲထုတ်ပေးသေး၏။ သူသည် ဂိုဏ်းလောကမှ လူပေါင်းများစွာ၊ ရန်ငြိုးပေါင်းများစွာရှိပြီး သူတို့နှင့်ပတ်သတ်ပြီး အများကြီး ဝင်ရောက်စွက်ဖက်ပေးလိုစိတ် မရှိသော်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် တပည့်ဖြစ်သူ၏ ခေါင်းမာမှုကို မကျော်လွန်နိုင်ပေ။

ဝမ်ချောင်၏နှလုံးသားဟာ နူးညံ့လွန်းသည်။ အနောက်တောင်ပိုင်းမှ လူများအတွက်ကြောင့်နှင့် သူသည် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းကို အလဲထိုးအနိုင်ယူရန် တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ မဟာထန် အတွက်ကြောင့်နှင့် သူသည် အရေအတွက် အပြတ်အသတ် သာလွန်လွန်းသော စစ်တပ်ကို ဦးဆောင်လာသည့် အာရပ်ကို ရအောင် အလဲထိုး အနိုင်ယူခဲ့သည်။ မဟာထန်၏ မြို့တော်မှ လူများက သူ့ကို အထင်လွဲမှားကြပြီး သူ့အား နှလုံးသားထဲတွင် စိတ်အထုံဖြစ်စေလျှက် စိတ်ဓာတ်ကျစေခဲ့သည့်တိုင်အောင် သူသည် လက်မလျော့ခဲ့ပေ။ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပေ။ ဝမ်ချောင်၏ စိတ်နေသဘောထားသည် ဆရာဖြစ်သူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် ထိုအခြေအနေကြောင့်လည်း မိစ္ဆာဧကရာဇ်ကြီးက သူ၏ တပည့်ဖြစ်သူကို သဘောကျနေခြင်းဖြစ်သည်။

သူနှင့်အတူ နှစ်နှစ်ကျော်ခန့် အတူနေခဲ့ပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် တပည့်ဖြစ်သူကို မပြောင်းလဲနိုင်ခဲ့ရုံသာ မကသေးလေဘဲ သူကသာ ပြောင်းလဲလာသလိုဖြစ်ရသည်။

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ကူညီမှုနှင့်အတူ ထိုလူများသည်လည်း အသက်ရှုနှုန်း တည်ငြိမ်လာကြသည်။

“ဆရာ ကျေးဇူးအများကြီးတင်ပါတယ်”

ဝမ်ချောင်က အနီးအနားရှိ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို မျက်လုံးထဲမှ အရှက်တရားများဖြင့် ကြည့်လိုက်သည်။

“လုံလောက်ပြီ လုံလောက်ပြီ ဒီလောက် ပုရွက်ဆိတ်လေး နည်းနည်းပါပဲ။ သူတု့ိကိုကယ်တာက ငါ့ရဲ့လက်ကို မြှောက်သလောက်လွယ်တယ်။ ဘယ်သူက မင်းကိုငါ့ရဲ့တပည့် ဖြစ်ခိုင်းလို့လဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုယမ်းလိုက်သည်။

ဝမ်ချောင်က ထိုစကားကိုကြားသောအခါ ချက်ချင်းလိုလိုပြုံးသည်။ သူသည်လည်း ဆရာဖြစ်သူဟာ အပြောကြမ်းသော်လည်း ဆိုးရွားသော နှလုံးသားမရှိကြောင်းသိသည်။ သူက ဒီနေရာတွင် ရှိနေခဲ့ခြင်း မရှိလျှင်ပင် ဆရာဖြစ်သူဟာ အနည်းနှင့်အများ ကူညီပေလိမ့်မည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ရုတ်တရက် ဝမ်ချောင်၏မျက်လုံးက တစ်စုံတစ်ရာကို အာရုံခံမိသလို လင်းလက်လာသည်။

“ကြည့်ရတာ ဒီနေရာက အဆိပ်က အချိန်အကန့်အသတ် ရှိတဲ့ပုံပဲ။ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်ပြီးတဲ့နောက်မှာ စတင်ပြီး ပျက်ပျယ်လာပြီ”

ဝမ်ချောင်ကလည်း အစိမ်းရင့်ရောင် မြူများက တဖြည်းဖြည်းချင်းစီ ပါးထွက်လာကြောင်း မြင်နိုင်သည်။ တခဏခန့်ကြာပြီးနောက် အလုံးစုံ ပျောက်ကွယ်သွားသည်။

အဟွတ် အဟွတ်

ထိုအချိန်တွင် သူသည် ချောင်းဆိုးသံကိုကြားရသည်။ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ကြယ်တာရာစွမ်းအင်ဖြင့် ကာကွယ်စောင့်ရှောက်ထားခြင်း ခံရသည့် သိုင်းပညာရှင်များဟာ နောက်ဆုံးတွင် အသိပြန်ဝင်လာပြီဖြစ်ပြီး သူ၏စွမ်းအင် လည်ပတ်မှုကို တဖြည်းဖြည်းချင်းစီ ရပ်တန့်လိုက်ကာ ဖျော့တော့သောမျက်နှာဖြင့် ထွက်လာကြသည်။ သို့သော် သူတို့၏ကိုယ်တွင် ပြင်းထန်သော ဒဏ်ရာများ မရှိပါပေ။

“အား”

ရုတ်တရက် သိုင်းပညာရှင်များထဲမှ တစ်ယောက်က အနီးအနားတွင် ထိုင်နေသော မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို မြင်သောအခါ မျက်လုံးများပြူးကျယ်ကာ အံ့ဩသွားသည်။ သူသည် အဆိပ်ပြင်းမြွေတစ်ကောင်ကို တွေ့ရသလိုမျိုး လက်နှစ်ဖက်လုံးဖြင့် မြေပြင်ကိုပွတ်လျှက် နောက်သို့ ကြောက်လန့်တကြား ခုန်ဆုတ်သည်။

“မိ မိ မိစ္ဆာဧကရာဇ်”

ထိုလူ၏အသံကြောင့် ထိတ်လန့်သွားသော အခြားသော သိုင်းပညာရှင်များကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အေးစက်ကာ ထောင်လွှားသည့် ပုံရိပ်ကို လှမ်းကြည့်ကြရင်း အလန့်တကြား နောက်ဆုတ်ကြသည်။

သိုင်းပညာလောကမှ လူတိုင်းသည်လည်း မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ ကျော်ကြားသော ဂုဏ်သတင်းကို သိထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ သူတို့သည် သိပ်မကြာခင်ကမှ လေထဲမှ ထိုအမျိုးသား၏ ပုံရိပ်ကို မြင်ခဲ့ကြသေးသည်။ သို့သော် ယခုလို အစစ်အမှန်လူကို မြင်သောအခါ အထိတ်တလန့်ဖြစ်ပြီး ကြောက်လန့်ကြသည်မှာ ပုံမှန်သာဖြစ်သည်။

“ပြေးတော့”

သိုင်းပညာရှင်များထဲမှ တစ်ယောက်က ချက်ချင်းထလျှက် အပြင်ဘက်သို့ ထွက်ပြေးသွားပြီး သိပ်မကြာခင် ပျောက်ကွယ်သွားသည်။

ဝမ်ချောင်က သူတို့ကိုတားရန် မကြိုးစားပေ။ သို့သော် သူ၏မျက်လုံးက ရုတ်တရက် အေးစက်သွားသည်။ တူညီသော အခိုက်အတန့်တွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တွင် အေးစက်သော သတ်ဖြတ်လိုစိတ်က ဖြတ်ပြေးသွားသည်။ သူ၏လက်ငါးချောင်းက တင်းတင်းဆုပ်ကိုင်လျှက် တဖြည်းဖြည်းချင်းစီ ပြေလျော့လိုက်သည်။

“သေစမ်း ငါတို့ဘယ်လိုမျိုး ဒီလိုမိစ္ဆာတစ်ကောင်နဲ့ လာတိုးလာတဲ”

အခြားသော သိုင်းပညာရှင်များ၏ မျက်နှာနှင့် ခန္ဓာကိုယ်များက တုန်ယင်နေပြီး အပြေးအလွှား ထွက်သွားကြသည်။ ထို့နောက် ဝမ်ချောင်၏မျက်လုံးက ပို၍ပင် အေးသွားသည်။

ဒီဝင်္ကပါကြီးထဲတွင် အန္တရာယ်များက ပြည့်နေသည်။ အရာအားလုံးသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့မည်ဆိုလျှင် ထိုလူများဟာ သေချာပေါက် သေပေလိမ့်မည်။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်ဟာ သူတို့ကိုကူညီရန် မကြိုးစားတော့ပေ။ လူတိုင်းက ကိုယ်ပိုင်လမ်းကြောင်းကို ရွေးနိုင်သည်။ ဝမ်ချောင်က သူတို့ကို တစ်ကြိမ်ကယ်ပြီးလေပြီ။ ဒုတိယတစ်ကြိမ် မလုပ်နိုင်တော့ပေ။

“အား”

တခဏခန့်ကြာပြီးနောက် အဝေးမှ စူးရှသောအော်ဟစ်သံများကို ကြားရသည်။ ထို့နောက် တိတ်ဆိတ်သွား၏။ ဝင်္ကပါဂိတ်ဘက်တွင် အပြေးအလွှားထွက်သွားသော သိုင်းပညာရှင်များက တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ကြောက်လန့်မှုဖြင့် တုန်ယင်သွားကြသည်။

ဝမ်ချောင်က သူတို့ကို အာရုံမစိုက်တော့ပေ။ ယခုအခါ လုံခြုံသွားပြီဆိုကတည်းက ထပ်လာမည့် ကိစ္စအတွက် စိုးရိမ်ရန်သာ ရှိတော့လေသည်။

နှစ်နာရီကြာပြီးရင် စီနီယာကျိုး ပေါ်လာလောက်ပြီ။

ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်သည်။

ဝုန်း

ဝမ်ချောင်က မျက်လုံးကို ရုတ်တရက်ဖွင့်လျှက် စွမ်းအင်လောကထဲသို့ ဝင်ရောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုလောကကြီးတစ်ခုလုံးက ခမ်းနားထည်ဝါပြီး စွမ်းအားများ စီးဆင်းနေသော လောကကြီးအသွင် ပြောင်းလဲသွားသည်။

ဘယ်လောက်တောင် ရှုပ်ထွေးလိုက်တဲ့ စွမ်းအင်လောကလဲ။

စွမ်းအင်လောကမှတစ်ဆင့် သူသည် အမျိုးအစား ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါကြီးကို မြင်နိုင်သည်။ သူဟာ ဝင်္ကပါကို မော့ကြည့်လိုက်သောအခါ ပုရွက်ဆိတ်ကြီးတစ်ကောင်က ခမ်းနားထည်ဝါသော တောင်တစ်လုံးကို မော့ကြည့်နေသလိုမျိုး အလွန်အမင်း သိမ်နုပ်သေးငယ်မှုကို ခံစားရစေသည်။

ထိုအရာသာမကသေးပေ။ ဝမ်ချောင်က ပတ်ပတ်လည်ကိုလှည့်ကာ စစ်ဆေးကြည့်လိုက်ပြီး အခြားသော နေရာများကို လေ့လာကြည့်ရန် ကြိုးစားကြည့်သည့် အခါတွင်မူ သူ့ကို မမြင်ရသော စွမ်းအားတစ်ချို့က လာရောက်နှောက်ယှက်နေလျှက် အမြင်အာရုံကို ရှင်းလင်းခြင်းမရှိအောင် ပိတ်ဆို့နေကြောင်း မြင်လိုက်ရသည်။ ထိုအတွက်ကြောင့် သူ၏စွမ်းအင်လောကအပေါ် မြင်နိုင်သော ဝန်းကျင်က အကန့်အသတ်နှင့်ဖြစ်သည်။

ဒါက မူလအမရတောင် ပတ်ပတ်လည်က ထုတ်ထားတဲ့ စည်းတံဆိပ်ဖြစ်လိမ့်မယ်။

လူတစ်ယောက်၏ မြင်နိုင်စွမ်းအားကို စွမ်းအင်လောကအတွင်းမှ သာမာန် အကာအကွယ်များလောက်က သက်ရောက်မှု မရှိလောက်သော်လည်း စွမ်းအင်များသည် စွမ်းအင်များကို ရင်ဆိုင်နိုင်ပြီး သူ၏ စောင့်ကြည့်လေ့လာမှုကိုလည်း သက်ရောက်မှုရှိနိုင်သည်။ ဝမ်ချောင်ကလည်း မူလအမရတောင်ကြီး တစ်ခုလုံးက ထိုစွမ်းအင်များဖြင့် ပိတ်လှောင်ထားကြောင်းကို ခံစားမိနေသည်။

သူ၏နားအတွင်း ရင်းနှီးကျွမ်းဝင်သော အသံကိုကြားရသည်။

“မင်းလည်းမြင်ပြီးပြီမဟုတ်လား ဟုတ်တယ် ဒီဝင်္ကပါက ဝင်္ကပါသီးသန့်မဟုတ်ဘဲ စွမ်းအင်ဝင်္ကပါကြီး တစ်ခုပဲ။ စီနီယာကျိုး ပြောသွားသလိုမျိုး ပျောက်ဆုံးနေတဲ့ စွမ်းအားတွေက ကောင်းမွန်တဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လောက်ပေမဲ့လည်း ဒါက စကြာဝဠာကြီးရဲ့ ပုံစံခွက်ကြီး တစ်ခုလိုမျိုး ဖြစ်နေတာ။ အဲ့ဒီလိုပုံစံခွက်ကြီးတစ်ခုက ဒီနေရာမှာ စုစည်းနေတာဆိုတော့ ဝင်္ကပါပြောင်းလဲသွားတဲ့အခါ စွမ်းအင်တွေလည်း ပြောင်းသွားတယ်။ ဝင်္ကပါဂိတ် တစ်ခုချင်းစီတိုင်းက မတူတဲ့စွမ်းအား တစ်မျိုးစီကို သယ်ဆောင်ထားလို့ လက်ရှိအခြေအနေမျိုးကတစ်ဆင့် ဒီစွမ်းအားဂိတ် ထောင်ကျော်ကို မြင်နိုင်နေတာပဲ။ ငါတို့လည်း ဒီဂိတ်ပေါက်တွေ ဘယ်လိုလှည့်ပတ်နေသလဲဆိုတဲ့ နိယာမကို မသိနိုင်သေးဘူးဆိုရင် ဒီနေရာကတောင် ထွက်သွားဖို့ တအားခက်လိမ့်မယ်”

“ဆရာ”

ဝမ်ချောင်က ရုတ်တရက် ဆရာဖြစ်သူက ဘေးဘက်တွင် လာရပ်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

စွမ်းအင်လောကမှတစ်ဆင့် ဆရာဖြစ်သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များဟာ နို့နှစ်ဖြူရောင် သိပ်သည်းလွန်းစွာ တည်ရှိနေကြောင်း မြင်နိုင်သည်။ သူမြင်နိုင်သော အခြားသော စွမ်းအင်တိုင်းထက် သန်မာလွန်းနေ၏။ ဝမ်ချောင်က မော့ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ဆရာဖြစ်သူ၏ မျက်လုံးအတွင်းသို့ ဆွဲဆောင်ခံလိုက်ရသည်။ သာမာန်မျက်လုံးနှင့် မတူသည်မှာ ဆရာဖြစ်သူ၏ မျက်လုံးထဲမှ စွမ်းအင်လောကသည် ရွှေရောင်စွမ်းအင်လုံးကြီးအလား တောက်ပလွန်းသည်။

ထိုရွှေရောင်စွမ်းအားသည် ဝမ်ချောင်အတွက်မူ အလွန်အမင်း အဆင့်မြင့်နေလောက်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်ကိုယ်တိုင် အလွန်အမင်း ရင်းနှီးသလိုမျိုး ယခင်တစ်ခေါက်က မြင်ဖူးသလိုမျိုး ခံစားလိုက်ရသည်။

ဝုန်း

တခဏခန့်ကြာပြီးနောက် သူ၏မြင်ကွင်းအတွင်း အလင်းတစ်ချက်က လက်သွားသည်။ ဝမ်ချောင်သည် နောက်ဆုံးတွင် ထိုရွှေရောင်စွမ်းအားကို မည်သည့်နေရာတွင် မြင်ခဲ့ဖူးကြောင်း သိလိုက်သည်။

“ဆရာ ဆရာက...”

ဝမ်ချောင်က နောက်ဆုံးတွင် နားလည်သွားသလိုမျိုး မျက်လုံးပြူးသွားသည်။

တာလာ့၏တိုက်ပွဲတွင် အာရပ်စစ်နတ်ဘုရား ချွီထေပါးက သိမ်မွေ့သော နယ်မြေအဆင့်သို့ ဝင်ရောက်သွားသောအခါ ထိုကဲ့သို့သော ရွှေရောင်စွမ်းအင်ကလည်း သူ၏ခန္ဓာကိုယ်အတွင်းတွင် ပေါ်လာခဲ့ဖူးသည်။ သိမ်မွေ့နယ်မြေမှ စွမ်းအားဖြစ်သည့်အလျောက် ထိုစွမ်းအားသည် အဆင့်မြင့် ကြားခံနယ်မြေ တစ်နေရာမှလာသည်။

ဖြစ်နိုင်သည်မှာ ဆရာဖြစ်သူကလည်း သိုင်းပညာတွင် တိုးတက်မှု ရရှိလာခဲ့လျှက် သိမ်မွေ့နယ်မြေကို ထိတွေ့သွားနိုင်လောက်ခြင်း ဖြစ်လောက်သည်။

ဝမ်ချောင်က အံ့အားသင့်သွားရသလို ပျော်လည်း ပျော်သွားမိသည်။ အခြားတစ်ဖက်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်၏အတွေးကို နားလည်သလိုမျိုး ခေါင်းအသာညိမ့်လျှက် သူ၏နှုတ်ခမ်းတွင် အပြုံးကပေါ်လာသည်။

“ဝမ်းသာစရာပဲ”

ဆရာဖြစ်သူ၏ အတည်ပြုမှုကို လက်ခံရရှိသောအခါ ဝမ်ချောင်က စိတ်လှုပ်ရှားစွာ လက်သီးကိုဆုပ်လိုက်သည်။

“မင်းရဲ့ဆရာက မျိုးနွယ်ခြား စစ်နတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့ရင်း နားလည်မှု အသစ်တွေ ရရှိခဲ့တာတော့ အမှန်ပဲ။ ငါတို့မင်းရဲ့ သိုင်းပညာသွေဖယ်မှုကို ကုသပေးတဲ့ အချိန်မှာ မင်းရဲ့ဆရာက မင်းကို အားလုံးပြောပြပေးမယ်။ မင်းရဲ့လက်ရှိ အခြေအနေမျိုးမှာ ဒီလိုစွမ်းအားမျိုးကလည်း မင်းအတွက် ကောင်းချင်မှ ကောင်းလိမ့်မယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပြောသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် ဒီလိုအခြေအနေမျိုးတွင် တပည့်ဖြစ်သူကို အစိုးရိမ်ဆုံးဖြစ်သည်။ တပည့်များ အားလုံးထဲတွင် ဝမ်ချောင်ကသာသူ့ကို အကြီးမားဆုံးသော ပီတိကို သယ်ဆောင်ပေးနိုင်သည်။ ဝမ်ချောင်ကသာ သူ၏အမွေတိုင်းကို ဆက်ခံရန် ထိုက်တန်သည်။ အနောက်မြောက်ပိုင်းသို့ လာသော ခရီးတွင်လည်း ဝမ်ချောင်အတွက်သာဖြစ်သည်။ သူ့အတွက်ကမူ ဒုတိယသာဖြစ်သည်။

“ဆရာ့ရဲ့တပည့်က နားလည်ပါတယ်”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အမျိုးအစား တစ်ထောင်ကျော်သော စွမ်းအားများကို သယ်ဆောင်ထားသည်။ သူကသာ သိမ်မွေ့နယ်မြေမှ စွမ်းအားကိုထည့်သွင်းပြီး ရှုပ်ထွေးသွားစေခဲ့မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားကောင်း ပေါက်ကွဲလောက်သည်။ ထို့ကြောင့် ပြဿနာက ပိုများသွားနိုင်သည်။

“အသင့်ပြင်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။

“ဝင်္ကပါက ထပ်ပြောင်းတော့မယ်”

ခြိမ်း

တခဏခန့်ကြာပြီးနောက် ဝင်္ကပါဟာ ထပ်ပြောင်းပြန်သည်။ အန္တရာယ်များသော စွမ်းအင်များက ရှေ့သို့ လိမ့်တက်လာ၏။ ဝမ်ချောင်သည်လည်း သူ၏ ကြယ်တာရာစွမ်းအင်များကို အကန့်အသတ်သို့ ရောက်သည်အထိ ချက်ချင်းလိုလို ထုတ်လွှတ်လိုက်သည်။ သူ၏မျက်လုံးက တစ်ဖက်မှ သိုင်းပညာရှင်များကို တစ်ချက်ကြည့်လိုက်သောအခါ ဝမ်ချောင်က တုန့်ဆိုင်းသွားလေသည်။ ထို့နောက် ထိုလူများကိုလည်း သူ၏စွမ်းအင် အကာအကွယ်လွှာအောက်သို့ လှမ်းဆွဲခေါ်သွင်းလိုက်လေသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မူလအမရတောင် ဝန်းကျင်တခွင်အတွင်း အော်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသေးသည်။ မြောက်များလှစွာသော လူပေါင်းများစွာက ဒီရှေးဟောင်းဝင်္ကပါအတွင်းတွင် သေဆုံးကြသည်။ သို့သော် ဝင်္ကပါအကြီးအကဲ ပြောသွားသလိုမျိုး ဝမ်ချောင်နှင့် ဆရာဖြစ်သူတို့ တည်ရှိနေသော ဝင်္ကပါဂိတ်သည် အတော်လေး လုံခြုံသည်။ အနည်းဆုံး သူနှင့်ဆရာဖြစ်သူ၏ အင်အားတွင်ရှိသော လူမျိုးအတွက်ဖြစ်သည်။

ဝမ်ချောင်က စွမ်းအင်လောကထဲသို့ ဝင်ရောက်ပြီး ဆရာဖြစ်သူနှင့် အတူပူးပေါင်းကာ ထိုရှေးဟောင်းဝင်္ကပါ၏ လည်ပတ်ပုံကို ကြည့်ရှု့ရန် ကြိုးစားသည်။ ဝမ်ချောင်သည်လည်း သူ၏ စိတ်စွမ်းအားကိုသုံးလျှက် ကြိုးစားခဲ့သေးသည်။ သို့သော် သူ၏ကြိုးစားအားထုတ်မှုများက သက်ရောက်မှု အနည်းငယ်သာရှိသည်။ ဒီဝင်္ကပါကြီး တစ်ခုလုံးက ကြီးမားကာ ရှုပ်ထွေးနေလေရာ သူမျှော်လင့်ထားနိုင်သမျှကို ကျော်လွန်နေသေးသည်။ ဝမ်ချောင်က သတင်းအချက်အလက် အနည်းကို ရအောင် လုပ်နိုင်ခဲ့ပြီး မူလအမရအရှင်သခင်က ချထားခဲ့သည့် ထိုရှေးဟောင်းဝင်္ကပါကြီးကို အောင်မြင်စွာ နားလည်သဘောပေါက်နိုင်ရန်မူ ဝေးကွာလွန်းသေးသည်။

ကြည့်ရတာ ငါတို့တွေ စီနီယာကျိုးကိုပဲ စောင့်ရမယ်။

ဝမ်ချောင်က ရေရွတ်သည်။ အဆုံးသတ်တွင်မူ သူနှင့်ဆရာဖြစ်သူသည် သိုင်းပညာတွင်တော်သော်လည်း ဝင်္ကပါပညာတွင်မူ ပြောပလောက်ခြင်း မရှိပါပေ။

အခန်း(၁၃၈၉)

လုပ်စရာလည်းမရှိသဖြင့် ဝမ်ချောင်သည် ဝင်္ကပါအကြီးအကဲကိုစောင့်ရင်း အာကာသရွေ့လျားမှုသိုင်းကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

တစ်ဖက်မှ သိုင်းပညာရှင်များက အကွာအဝေးကို ခြားထားသောကြောင့် အရာအားလုံးဟာ တိတ်ဆိတ်နေသည်။ ဆရာဖြစ်သူကလည်း စွမ်းအင်လောကမှတစ်ဆင့် ဝင်္ကပါ၏ နိယာမများကို နားလည်အောင် ကြိုးစားနေသေးသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် အာကာသရွေ့လျားမှုသိုင်းကို ကျင့်ကြံနေကြောင်း မည်သူကမှ သတိမထားမိကြပေ။ တစ်စုံတစ်ယောက်က သတိထားမိမည်ဆိုလျှင်ပင် တစ်ချက်သာကြည့်ပြီး ခပ်မြန်မြန် အကြည့်လွှဲသွားလောက်သည်။

‘အာကာသက အကန့်အသတ်နဲ့ ရှိတဲ့အချိန်မှာ စိတ်ကတော့ ကြည်တယ်ပြောတယ်။ လူတစ်ယောက်ရဲ့ စိတ်ကသာ စုစည်းလိုက်ပြီဆိုရင် ကျွမ်းကျင်တဲ့ သားသတ်သမားတစ်ယောက်က နွားထီးတစ်ကောင်ရဲ့ အရွတ်တွေကိုတောင် ခုတ်ထွင်ရှင်းလင်းနိုင်သလိုမျိုး အာကာသပြင်အတွင်း ကျွမ်းကျွမ်းကျင်ကျင် သွားလာနိုင်လိမ့်မယ်’

‘နှလုံးသားကိုသုံးပြီး စိတ်ကိုထိန်းချုပ်တယ်။ စိတ်ကိုသုံးပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်တယ်။ ခန္ဓာကိုယ်ကိုသုံးပြီး အာကာသပြင်ကို ထိန်းချုပ်တယ်။ အရာအားလုံးက လက်လှမ်းမမှီနိုင်တဲ့ အရာတွေပဲ။ ဘယ်သူကမှ မင်းကို လိုက်မမှီနိုင်ဘူး။ မင်းကို မသိရှိနိုင်ဘူး။ ဒါကြောင့် ဒါက ရိုးရှင်းတဲ့ ခန္ဓာကိုယ်ရွေ့လျားမှုသိုင်း မဟုတ်တော့ဘူး’

ဝမ်ချောင်က စာကြောင်း တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်နေရင်း သူကိုယ်တိုင်က ရွေ့လျားမှုသိုင်း အတွင်းသို့ နစ်မြောသွားလေသည်။

အနက်ရောင်ဝတ်စုံနှင့် လူများက အန္တရာယ်များကာ ရက်စက်ပြီး အလွန်အမင်း လျို့ဝှက်ဆန်းကြယ်သည်။ သူတို့၏ သိုင်းများသည်လည်း စစ်မှန်စွာပင် နက်နဲလျှက် ဒီခေတ်မှ လူအများစု ပိုင်ဆိုင်ထားသော သိုင်းအများစုထက်ပင် လေးစားဖွယ်ကောင်းနေသေးသည်။

ဝမ်ချောင်သည် ထိုဖော်ပြထားသော မာန်ထရာအတိုင်း စတင်ကာ ခပ်မြန်မြန် ကျင့်ကြံလိုက်သည်။

ထိုအာကာသရွေ့လျားမှုသိုင်းသည် သူ၏ အတွင်းပိုင်း စွမ်းအင်များနှင့် အနည်းငယ်သာ ပတ်သတ်သည်။ ထို့ကြောင့် ထိုသိုင်းကို ကျင့်ကြံရခြင်းက သူ၏ခန္ဓာကိုယ်မှ လက်ရှိအခြေအနေကို မဆိုးရွားသွားစေပေ။ ထိုအတွက်ကြောင့်သာ ဝမ်ချောင်က ကျင့်ကြံရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က သိပ်မကြာခင် အာကာသ ရွေ့လျားမှုသိုင်း၏ လျို့ဝှက်ချက်များကို အပြည့်အဝ ဖမ်းဆုပ်နိုင်လုနီးပါး ဖြစ်လာသည်။ မည်သို့ပင်ဆိုစေ သူသည် အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးအဆင့်တွင် ရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုကဲ့သို့သော သိုင်းမျိုးကို ကျင့်ကြံရန် လွယ်ကူလေသည်။

ဝမ်ချောင်က ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသည့် အခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။

“ဒီနေရာပဲ”

ဝမ်ချောင်၏နှလုံးသားက တုန်ယင်စွာနှင့် ခေါင်းကိုမော့လိုက်သည်။ တစ်ချက်မော့ကြည့်လိုက်သောအခါ နာရီပေါင်းများစွာ ကုန်လွန်ခဲ့ပြီးသောကြောင့် မှေးမှိန်သော မီးခိုးရောင်ကောင်းကင်ဟာ စတင်ကာ မှောင်မည်းနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

ထိုကျယ်ပြောပြီး ရှုပ်ထွေးသော ဝင်္ကပါအတွင်းတွင်မူ ဦးတည်ရာကို ဝေခွဲဆုံးဖြတ်ရန် မဖြစ်နိုင်သော်လည်း ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နေ့အချိန်လော၊ ညအချိန်လော သိနိုင်သေးသည်။

ခြိမ်း

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ဝင်္ကပါကြီးက တဖန်ပြန်လည် လှုပ်ရှားလာသလိုမျိုး အာကာသပြင်က စတင်ကာ တုန်ခါလာသည်။

“ကျန်းဝမ်ဖူ ဆိုးယုတ်တဲ့ကောင်စုတ်လေး မင်းတို့ဘယ်မှာလဲ”

အသံတစ်သံက ရုတ်တရက်ထွက်လာသည်။ ဝမ်ချောင်က ရုတ်တရက် ဘယ်ဘက်ခြမ်းမှ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါကို ခံစားမိလိုက်သည်။ ဖြတ်ကနဲတစ်ချက် လက်ပြီးနောက်တွင် တာအိုပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ပုပုနှင့် မာနကြီးသော အကြီးအကဲတစ်ယောက်က မီးခိုးရောင်မြူအတွင်းမှ လျှောက်ထွက်လာသည်။

“စီနီယာကျိုး”

ဝမ်ချောင်က ချက်ချင်းလိုလို ထရပ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း အနားသို့လျှောက်သွားပြီး သဘောတကျရယ်သည်။

“လူရမ်းကားအိုကြီး ငါမင်းကို နာရီအများကြီးစောင့်နေတာ။ နောက်ဆုံးတော့ ရောက်လာပြီလား”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောပြီးပြီးချင်း ဝင်္ကပါအကြီးအကဲကို ခပ်ကြမ်းကြမ်း ပွေ့ဖက်လိုက်သည်။

“ငါ့ကိုလွှတ်စမ်းပါ။ မင်း အသက်ကြီးနေတဲ့ဟာ ငါ့ကို သေအောင်ညှစ်သတ်မလို့လား”

ဝင်္ကပါအကြီးအကဲက စိုးရိမ်ကာ ဒေါသထွက်သွားပုံပေါ်လေသည်။ အကြောင်းမူကား မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့ကို အတင်းပွေ့ဖက်လိုက်သောကြောင့် သူ၏မျက်နှာကပင် ရဲတက်သွားသည်။ သူသည် အော်ဟစ်ကာ ကျိန်ဆဲလိုက်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဒူးခေါင်းကိုပင် လှမ်းကန်လေသည်။ အကြောင်းမူကား မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့ကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ပြီး လေပေါ်သို့ မြှောက်လိုက်သောကြောင့်ဖြစ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သဘောတကျ ရယ်မောပြီးမှသာ လွှတ်ပေးလိုက်သည်။

ဝင်္ကပါအကြီးအကဲက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို စူးစိုက်ကြည့်ပြီးနောက် ဝမ်ချောင်ကို လှည့်ကြည့်သည်။

“ဟေ့ ကောင်စုတ်လေး မင်းက စုန့်ယွမ်ယွီနဲ့ လော့ချီယင်တို့နဲ့တောင် သွားဆော့ရဲသေးတာ။ မင်းမှာ သတ္တိတော့ ရှိတယ်။ ငါလည်းမင်းက မိစ္ဆာဧကရာဇ်ရဲ့ အစစ်အမှန် တပည့်ဆိုတာကို လက်ခံသွားပြီ။ မင်းကမင်းရဲ့ဆရာရဲ့ ဂုဏ်သိက္ခာကို အလဟသ မဖြစ်စေခဲ့ဘူးပဲ။ ဒီအဘိုးကြီးက မင်းကို အထင်သေးသွားမိတာ။ မင်းက ဒီအဘိုးကြီးကို မင်းရဲ့လုပ်ကိုင်စွမ်းရည်နဲ့တင် အမြင်ကောင်း ပေးလိုက်တာပဲ”

ဝင်္ကပါအကြီးအကဲ၏ မျက်နှာက မောက်မာထောင်လွှားမှုများဖြင့် တောက်ပနေပြီး ဝမ်ချောင်ကို သင်ကြားပေးရန် ထိုက်တန်သည်ဟု ခံစားသွားရပုံပေါ်သည်။

ဝမ်ချောင်က ထိုအကြောင်းအရာကို မြင်သောအခါ သူကိုယ်တိုင်က သဘောတကျဖြစ်သွားသည်။

“ဟုတ်ကဲ့ ဒီဂျူနီယာကလည်း အကြီးအကဲ သင်ကြားပေးတာကို လက်ခံချင်ပါတယ်”

ထိုသို့ အချင်းချင်း နှုတ်ဆက်ပြီးနောက်တွင် သူတို့သုံးယောက်ကထိုင်လျှက် ဆွေးနွေးကြပြန်သည်။

“လူရမ်းကားအိုကြီး မင်းမှာ အကြံအစည်ရှိလား။ လက်ရှိအခြေအနေအရ ဒီဝင်္ကပါက လူခုနှစ်ရာ ရှစ်ရာလောက်ကို ဖမ်းချုပ်ထားတာ။ ငါတို့ဒီမှာ ကြာကြာနေလေလေ ဝင်္ကပါက ပိုပြီးအင်အားကြီးလေလေပဲ။ ငါတို့ အကြိမ်အများကြီး ကြိုးစားခဲ့ပြီးပြီ။ ဒါပေမဲ့ ထွက်လမ်းကို မတွေ့ရဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပတ်ပတ်လည်တွင် ဝိုင်းနေသော မီးခိုးရောင်မြူများကိုကြည့်ရင်း ပြောသည်။

အခြားသော သိုင်းပညာရှင်များသည် ထိုစကားကိုကြားသောအခါ ကြောက်လန့်မှုဖြင့် တုန်ယင်သွားသည်။ လူတိုင်းသည်လည်း မိစ္ဆာဧကရာဇ်၏ အင်အားကိုသိသည်။ သို့သော် သူကိုယ်တိုင်ကပင် ဝင်္ကပါမှ မထွက်သွားနိုင်လျှင် သူတို့ဆိုလျှင် ပြောရန်ပင် မလိုအပ်တော့ချေ။

“ဒါက မင်းထင်သလောက် မရိုးရှင်းဘူး”

ဝင်္ကပါအကြီးအကဲက တည်ငြိမ်သော မျက်နှာထားနှင့် ဖြစ်နေသည်။ သူ၏မျက်လုံးထဲတွင် စိုးရိမ်မှုများလည်း ရှိနေ၏။

“မူလအမရ အရှင်သခင်က ဝင်္ကပါသိုင်းကို ငါထင်ထားတာထက်တောင် ပိုပြီးတက်ကျွမ်းနေသေးတယ်။ ဒီဝင်္ကပါမှာ အားလုံးပေါင်း ဝင်္ကပါဂိတ် (၁၀၂၄)ခုတောင်ရှိတယ်။ ဒီတော့ အချင်းချင်း ပေါင်းစပ်ထားမှုအရ (၁၂၂၈၈)တောင် ရှိနေတာ။ တစ်ကြိမ်တိုင်းလိုလို ခြားနားတဲ့ လမ်းကြောင်းအတိုင်း ရွေ့သွားလေ့ရှိတယ်။ ဒါကြောင့် ဝင်္ကပါက ဘယ်လိုရွေ့ပြောင်းနေလဲဆိုတာကို တွက်ချက်တာကတင် တော်တော်လေး ရှုပ်ထွေးနေပြီးသား။ ငါတစ်စိတ်တစ်ပိုင်းကိုတော့ တွက်ချက်ထားနိုင်တယ်။ ဒီအတွက်ကြောင့်ပဲ ငါတို့ ခြောက်နာရီနေရင် ပြန်တွေ့မယ်ဆိုတာကို ပြောနိုင်တာပဲ။ ဒါပေမဲ့ ဒီနေရာက ထွက်သွားနိုင်မဲ့ နည်းလမ်းကိုတော့ မတွက်ချက်နိုင်သေးဘူး”

“ဒါဆိုရင်ငါတို့က ဘာလို့ထွက်သွားမှာလဲ။ ငါတို့ မူလအမရ တောင်ထဲကို ဝင်သွားလို့ မရနိုင်ဘူးလား။ မင်းတို့ထဲက ဘယ်သူကမှ အဲ့ဒီသိုင်းကို မလိုချင်ဘူးလား”

ထောင့်တစ်နေရာမှ သိုင်းပညာရှင်တစ်ယောက်က လှမ်းအော်သည်။ သူသည် ပြောပြီးမှသာ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ လက်လွတ်စပယ် ပြောမိလိုက်ကြောင်း သိသွားသည်။ မိစ္ဆာဧကရာဇ်ကြီး၏ အရှေ့တွင် ထိုသို့ ပါစပ်ဖွာရဲကတည်းက သေချင်နေ၍ ဖြစ်ရပေမည်။

“ဟွန်း အရူးတွေ”

ဝင်္ကပါအကြီးအကဲက ရုတ်တရက်ပြောသည်။ သူသည် တစ်ဖက်သူများကို အထင်သေးသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်ရင်း ပြောလိုက်၏။

“မင်းတို့က နားမလည်သေးဘူးလား။ ဒီမှာ မူလအမရတောင်မှ မရှိတာ”

“မဖြစ်နိုင်တာ ငါတို့အားလုံးလည်း အဲ့ဒီကြီးမားတဲ့ မူလအမရတောင်ကြီးကို မြင်လိုက်ကြတာပဲ”

“မူလအမရသိုင်းက ကမ္ဘာ့နံပါတ်တစ်သိုင်းပဲ။ ဒီလိုရတနာမျိုးက အန္တရာယ်တွေ ဝိုင်းနေမှာ အသေအချာပဲ။ အတွေ့အကြုံမရှိ မရင်းနှီးဘဲ ဘယ်သူကရမှာလဲ”

“ဟုတ်တယ် မူလအမရတောင်က ဝင်္ကပါရဲ့အတွင်း အနက်ရှိုင်းဆုံးအပိုင်းမှာ ဖြစ်လိမ့်မယ်။ ငါတို့က ဝင်္ကပါကို ကျော်ဖြတ်သွားနိုင်ခဲ့ရင် တောင်ကိုရောက်သွားမှာပဲ”

သိုင်းပညာရှင်များက စတင်ကာပြောကြသည်။ လောက၏ နံပါတ်တစ်သိုင်းအပေါ် လိုချင်တောင့်တသော စိတ်ဆန္ဒက မိစ္ဆာဧကရာဇ်အပေါ် ကြောက်စိတ်ကိုပင် ကျော်လွန်သွားသည်။

“ဖီ ဝင်္ကပါအနက်ပိုင်းမှာဟုတ်လား။ အရူးတစ်အုပ်ပဲ။ ဒီဝင်္ကပါတွေ ဖုံးသွားတဲ့နေရာကို အခြေခံ ကြည့်ခြင်းအားဖြင့် မူလအမရတောင်ကသာ အထဲမှာအမှန်တကယ် ရှိနေရင် ဆယ်ပေလောက်တော့ မြင့်နေဦးမှာပဲ”

ဝင်္ကပါအကြီးအကဲက လှောင်လိုက်သည်။

ဝုန်း

သိုင်းပညာရှင်များက ဝင်္ကပါအကြီးအကဲ၏ စကားကြောင့် တုန်ယင်သွားကြပြီး ထုံထိုင်းသွားကြ၏။ မူလအမရတောင်သည် ဆယ်ပေမြင့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပြဿနာရှိနေရပေမည်။

အရာအားလုံးက တိတ်ဆိတ်သွား၏။ ဝမ်ချောင်ကပင် မှတ်ချက်မချပေ။ သို့သော် သူ၏မျက်နှာတွင် တွေးဆသော မျက်နှာထားမျိုးက ပေါ်လာ၏။ သူသည် ဝင်္ကပါအတွင်း နာရီပေါင်းများစွာ ရှိနေခဲ့ပြီးသောကြောင့် အမျိုးမျိုးသော နည်းလမ်းများကိုသုံးကာ စမ်းသပ်လေ့လာ ကြည့်ဖူးသေးသည်။

မူလအမရတောင်သည် ရှင်းလင်းစွာပင် ဒီနေရာတွင် မတည်ရှိပါပေ။

ထိုအရာက သူစတင်ကာ သံသယဝင်နေသော အရာဖြစ်ပြီး ဝင်္ကပါအကြီးအကဲက ပြောမှသာ အမှန်တရားက ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ လူတိုင်းက အဲ့ဒီတောင်ကြီးကို မြင်လိုက်ကြတာပဲ။ ဒါက လုံးဝကို စစ်မှန်နေတာလေ။ ဘယ်လိုဖြစ်ပြီး အတုဖြစ်နေမှာလဲ။ ငါမယုံဘူး ငါမယုံဘူး”

သိုင်းပညာရှင်များထဲမှ တစ်ယောက်က မယုံကြည်နိုင်သလိုပြောသည်။ သူ၏မျက်နှာတွင် အလွန်အမင်း ခေါင်းမာသော မျက်နှာထားကို မြင်နိုင်၏။

သူသည် ထိုသိုင်းကို ရရှိရန်အတွက် ကွာဝေးလွန်းသောနေရာကို ကျော်ဖြတ်လာခဲ့ပြီးလေပြီ။ အန္တရာယ် အမျိုးမျိုးကိုလည်း တွေ့ခဲ့ပြီး အမျိုးမျိုးသော အချိန်ပေါင်းများစွာ လိုက်ဖမ်းခံခဲ့ရဖူးလေပြီ။ ထို့အပြင် ဒီနေရာတွင် စုစည်းနေသော သိုင်းပညာရှင်များနှင့် တိုက်ခိုက်ပြီးလေပြီ။ ဒီဝင်္ကပါအတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် အဆိပ်မြူ၏ သက်ရောက်မှုကိုခံရလျှက် အခြားသောသူများက ခြုံခိုတိုက်ခိုက်မှုကိုလည်း ခံရသေးသည်။ သူသည် အရာအားလုံးကို တောင့်ခံထားနိုင်ခဲ့၏။ ဒီနည်းအားဖြင့် ထိုသိုင်းကို ရရှိပြီး တစ်ရက်တွင် နံပါတ်တစ် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာရန် မျှော်လင့်ထားသည်။

သို့သော် ယခုမူ ဝင်္ကပါအကြီးအကဲက အရာအားလုံးကို အတုဟုပြောလာသည်။ သူသည် ထိုဖြစ်ရပ်ကို လက်မခံနိုင်တော့ပေ။

“ငါမင်းကိုမယုံဘူး။ မင်းလူလိမ်”

ရင်ကျိုးမရဖြစ်သွားသော ထိုသိုင်းပညာရှင်က စတင်ကာ ရူးသွပ်သွားပုံပေါ်သည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် သူက မီးခိုးရောင်မြူထဲသို့ ပြေးဝင်သွားသည်။

“အား”

အခြားသော သိုင်းပညာရှင်များက အံ့အားတကြီး အော်ဟစ်လိုက်ကြသည်။ တခဏခန့်ကြာပြီးနောက် တစ်ဖက်သူက ပျောက်သွားသည်။

“ဟွန်း လောဘကြောင့် ကန်းသွားတဲ့ဟာတွေက သေမှာပဲ”

ဝင်္ကပါအကြီးအကဲက ထိုသို့တစ်ချက် အေးစက်စွာ ပြောဆိုလိုက်ရင်း တစ်ဖက်သို့ ပြန်လှည့်လာသည်။

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ဘာစကားမှမပြောပေ။ လူတိုင်းသည် ကိုယ့်လမ်းကို ရွေးချယ်ရမည်ဖြစ်သည်။ ဝင်္ကပါအကြီးအကဲက သူတို့ကို သတိပေးပြီးလေပြီ။ သူက အန္တရာယ်ထဲသို့ အတင်းတိုးဝင်သွားသော ကိစ္စကမူ မည်သူကမှ မတားနိုင်ပေ။

“ဝင်္ကပါထဲကို ပြန်ရအောင် ငါနာရီတွေအများကြီး တွက်ချက်ခဲ့ပြီးပြီ။ ဒါကြောင့် ဝင်္ကပါပြောင်းလဲမဲ့ ပုံစံကိုတော့ ရှာတွေ့နိုင်ဖို့ မျှော်လင့်တာပဲ။ ဒါပေမဲ့ ငါထပ်ခါတလဲလဲ ကျရှုံးခဲ့သေးတယ်။ ဒီတော့ ငါ့ရဲ့တွက်ချက်မှုတွေထဲမှာ တစ်ခုခု လွဲမှားနေတယ်ဆိုတာ သေချာနေတယ်။ ဒီဝင်္ကပါကို တစ်ယောက်ယောက်က ကြိုးကိုင်နေတယ်လို့တောင် ခံစားမိနေပြီ”

ဝင်္ကပါအကြီးအကဲကပြောသည်။

“ဘာ”

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူတို့၏မျက်နှာတွင် အံ့အားသင့်မှုများက ပေါ်လာသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က မျက်မှောင်ကိုကျုံ့လျှက် စတွေးသည်။ ကြီးမားသော ဝင်္ကပါကြီးက လူတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် မရှိသင့်ပေ။ ဒီဝင်္ကပါကြီးကို မူလအမရ အရှင်သခင်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ချခင်းထားခြင်းဆိုလျှင် ပို၍ပင် ဖြစ်နိုင်လောက်သေးသည်။ ဝင်္ကပါ အကြီးအကဲပြောသော စကားက မှန်ကန်နေခဲ့ပါက အခြေအနေဟာ မတူတော့ပေ။

“လူရမ်းကားအိုကြီး မင်းပြောတာမှန်လား”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တင်းမာသောမျက်နှာထားနှင့် ပြောသည်။

“ငါလည်း အဲ့ဒီလိုမဟုတ်ဖို့ မျှော်လင့်တယ်။ ငါဒါကို အကြိမ်သုံးရာ၊ လေးရာမက တွက်ချက်ခဲ့ပြီးပြီ။ ဒါပေမဲ့ တစ်ခုခုက မမှန်ကန်တာကို တွေ့လာရတယ်။ ငါအလွန်အကျွံ တွေးမိတာပဲ ဖြစ်ဖို့မျှော်လင့်တယ်”

ဝင်္ကပါအကြီးအကဲက ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။

“စီနီယာကျိုး ငါဝင်္ကပါသိုင်းကို နည်းနည်းတော့ လေ့လာခဲ့ဖူးတယ်။ ဘာလို့ငါ့ကို နည်းနည်းထပ်ပြီး မသင်ပေးတာလဲ။ ငါလည်း ကူညီပြီး တွက်ချက်ပေးနိုင်ရင် ပေးနိုင်မှာပေါ့”

ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။

အခန်း(၁၃၉၀)

အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့က ရှိနေသေးချိန်တွင် ဝမ်ချောင်သည် သူတို့ထံမှတစ်ဆင့် ဝင်္ကပါများနှင့် ပတ်သတ်ပြီး အနည်းငယ် သင်ကြားလေ့လာခဲ့ဖူးသည်။ ကမ္ဘာပျက် ခေတ်ကာလတွင် ဝမ်ချောင်သည် ဝင်္ကပါများနှင့် အနည်းနှင့်အများ ပတ်သတ်မှု ရှိခဲ့လေသည်။ ထိုအတိုင်းသူသည် စနစ်တကျ လေ့ကျင့်မှုကို မခံရဖူးရုံသာ ဖြစ်နေသည်။ သို့ရာတွင် ဝမ်ချောင်သည်လည်း ဝင်္ကပါနှင့် ပတ်သတ်လာသော် သူသည် သာမာန်လူတစ်ယောက်ထက် ပို၍ အတွေ့အကြုံများသည်ဟု သံသယဝင်စရာ မရှိသည်မှာ သေချာနေပြန်သည်။

“ဒါကလည်း... အဆင်ပြေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ဒီလောက်ကြာတာတောင်မှ ဘာအကြံမှ မရသေးတာ။ မင်းစမ်းကြည့်လို့လည်း ပြဿနာတော့ မရှိပါဘူး။ မလုပ်တာထက်စာရင်တော့ တော်သေးတာပေါ့”

ဝင်္ကပါအကြီးအကဲက ထိုသို့ပြောနေရင်း လက်ညိုးကိုညွှန်လိုက်သည်။

စွစ်

စွမ်းအင်အလင်းတန်း တစ်တန်းက လေထုကို ကျော်ဖြတ်သွားသည်။ ဝင်္ကပါအကြီးအကဲ၏ လက်ညိုးက လှုပ်ရှားသည့်အတိုင်း မြေပြင်တွင် ဝင်္ကပါတစ်ခုကို ရေးဆွဲပစ်လိုက်သည်။

ထိုအရာသည် ဝင်္ကပါဂိတ် တစ်ထောင်ကျော်နှင့် ပြောင်းလဲနိုင်သော အစီအစဉ် တစ်သောင်းကျော် ပါဝင်သော ကြီးမားသည့် ဝင်္ကပါလုံးကြီး ဖြစ်လေသည်။ ထိုမျှကြီးမားသော ဝင်္ကပါကြီးကို အပြည့်အဝ ဆွဲနိုင်ခြင်းကတင် မဖြစ်နိုင်လုနီးပါး ဖြစ်နေလေသည်။ ဝင်္ကပါအကြီးအကဲက သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းခန့်အထိသာ ဆွဲနိုင်သည်။

သို့သော် ထိုအခြေအနေကတင် မှင်သက်ဖွယ်ကောင်းနေပြီဖြစ်ပြီး ထိုအဖြစ်အပျက်က လူအများစုကိုပင် ထိတ်လန့်စေလောက်သည်။ မည်သို့ပင်ဆိုစေ မူလအမရ အရှင်သခင်က ဗဟိုပြင်ကျယ်အတွင်းတွင် အကြီးမြတ်ဆုံးသော ဝင်္ကပါဆရာသခင်ကြီး ဖြစ်လေသည်။

ပို၍ဆိုးသည်မှာ ထိုရှေးဟောင်းဝင်္ကပါများဟာ ပျောက်ဆုံးနေခဲ့ပြီဖြစ်ပြီး ဝင်္ကပါအကြီးအကဲက ထိုဝင်္ကပါပုံစံကို အကြမ်းဖျင်း နားလည်နိုင်ခြင်းကတင် သူ၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်နေလေသည်။

“မင်းမှာ အုတ်မြစ်နည်းနည်း ရှိနေရင်ကောင်းတယ်။ တကယ်လို့ မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့တဲ့ ဝင်္ကပါဖြစ်နေတော့ ဘယ်လောက် နားလည်မလဲဆိုတာက မင်းကိုယ်တိုင်အပေါ်ပဲ မူတည်လိမ့်မယ်။ ငါမင်းကို အကြမ်းဖျင်းပဲ ရှင်းပြပေးနိုင်တယ်”

“ဝင်္ကပါသိုင်းပညာဆိုတာက ဆက်တိုက်ပြောင်းလဲနေတဲ့ ဆင့်ကဲပြောင်းလဲမှုမျိုးပဲ။ ဘယ်အပြောင်းအလဲကမှ အုတ်မြစ်ကနေ ဝေးကွာသွားတာမျိုး မရှိဘူး။ ဒီဝင်္ကပါတွေ အားလုံးက တူညီတဲ့ အုတ်မြစ်တစ်ခုထဲကို မျှသုံးနေကြတာ။ ဒါက အသက်၊ နာကျင်မှု၊ အနားယူ၊ ရပ်တန့်၊ ကြည့်ရှု့၊ သေဆုံး၊ အချက်ပြ၊ ဖွင့်လှစ်ဆိုတဲ့ ဂိတ်ပေါက်ရှစ်ပေါက်ပဲ။ မင်းကသာ ဒီဂိတ်ပေါက်တွေရဲ့ သော့ချက် အပြောင်းအလဲတွေကို ဖမ်းဆုပ်နိုင်မယ်ဆိုရင် သီအိုရီက ဝင်္ကပါတွေအားလုံးကို ဖွင့်နိုင်စွမ်းရည် ရှိမှာပဲ။ ဒါပေမဲ့ ဒါက သီအိုရီအရပဲ”

ဝင်္ကပါအကြီးအကဲက မြေပြင်တွင် ရေးချပေးရင်း ဝမ်ချောင်အား ဝင်္ကပါများ၏ အပြောင်းအလဲကို ရှင်းပြပေးသည်။ တစ်ချိန်ထဲတွင်ပင် ဗဟုသုတများကိုလည်း ထပ်ဖြည့်ပေးသည်။

ဝင်္ကပါအကြီးအကဲသည် ဘယ်သောအခါကမှ ကောင်းမွန်သော ဆရာတစ်ယောက် မဟုတ်ခဲ့သလို တပည့်များကို သင်ကြားပြသရန်လည်း အချိန်မယူခဲ့ဖူးပေ။ သို့ရာတွင် ဝင်္ကပါအကြီးအကဲက နာရီပေါင်းများစွာကြာအောင် ဝင်္ကပါအပေါ် နစ်မြုပ်ထားခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ထို့ကြောင့်သူသည် ဝင်္ကပါကို သင်ပေးရုံကလွဲပြီး အခြားလုပ်စရာ မရှိတော့ပေ။

ပို၍ဆိုးသည်မှာ သူသည်လည်း ဘုန်းကြီးကိုဂရုမစိုက်လျှင်ပင် ဗုဒ္ဓကို ဂရုစိုက်ရန် လိုအပ်သေးသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အဆက်အဆံ ကောင်းမွန်စေလျှင် ပိုကောင်းပေလိမ့်မည်။

“ဆိုတော့ ဒီဂိတ်ပေါက် တစ်ခုချင်းစီတိုင်းက ဒီအစီအစဉ် (၁၅၃၆)ခုနဲ့ ဒီဝင်္ကပါရဲ့ဂိတ် (၁၂၈)ခုတို့နဲ့အတူ အလိုအလျောက် ပြောင်းလဲဖြစ်တည်နေတာပေါ့”

ဝမ်ချောင်က ဝင်္ကပါ အကြီးအကဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ ဝင်္ကပါအကြီးအကဲ၏ မျက်နှာက တခဏခန့် တောင့်ခဲသွားပြီးနောက် ဝမ်ချောင်အား ထူးဆန်းသလိုကြည့်သည်။

သူသည် ဝမ်ချောင်အား အခြေခံ အကြောင်းပြချက်ကိုသာ ရှင်းပြခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ယခုလို အကြောင်းအရာကိုပင် အနှစ်ချုပ် နားလည်သွားနိုင်သေးသည်။ ထို့ကြောင့် သူမျှော်လင့်ထားသော အခြေအနေကိုပင် ကျော်လွန်သွားသေး၏။ ထိုနားလည်နိုင်စွမ်းအားက မယုံနိုင်စရာကောင်းနေသည်။

ဒီကလေးက သာမာန် သိုင်းပညာတော်ရုံတင် မဟုတ်ဘူးပဲ။ ဝင်္ကပါပညာနဲ့ ပတ်သတ်တဲ့ ကြောက်စရာကောင်းတဲ့ ပါရမီ ရှိနေတာပဲ။

ဝင်္ကပါအကြီးအကဲ၏ စိတ်အတွင်း ထိုအတွေးက ဝင်ရောက်လာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို တစ်ချက်ကြည့်သည်။ ထိုအခိုက်အတန့်တွင် သူသည် ထူးဆန်းသောအကြံ ရလာ၏။

တခဏကြာအောင် တိတ်ဆိတ်ပြီး ဝင်္ကပါအကြီးအကဲက စိတ်ငြိမ်သွားပြီးနောက် ဝမ်ချောင်ကို ဆက်လက်ပြီး သင်ကြားပေးလိုက်သည်။

“အဖွင့်ဂိတ်၊ အနားယူတဲ့ဂိတ်၊ အသတ်ဂိတ်တွေက ကောင်းမွန်တဲ့ အတိတ်နမိတ်နဲ့ ဂိတ်ပေါက်တွေဖြစ်လို့ အန္တရာယ်တော့ ထင်သလောက် မများနိုင်ဘူး။ သေဆုံးခြင်းဂိတ်၊ အချက်ပြဂိတ်နဲ့ နာကျင်မှုဂိတ်တွေကတော့ နာမည်ကောင်းတဲ့ ဂိတ်ပေါက်တွေပဲ။ မင်းသာ ဒီဂိတ်ပေါက်တွေနဲ့ ပတ်သတ်တဲ့ ဝင်ပေါက်တွေထဲကို ဝင်ပြီးသွားပြီဆိုရင်တော့ သေချာပေါက် တိုက်ခိုက်ခံရတော့မှာပဲ”

“သေဆုံးခြင်းဂိတ်၊ ဂိတ်ပေါက်ထဲကို ဝင်ရောက်ပြီး သေချာပေါက် အန္တရာယ်များလိမ့်မယ်။ မင်းအသက်ရှင်လျှက် ထွက်လာနိုင်ချင်မှ ထွက်လာနိုင်မှာ။ လေ့လာခြင်းဂိတ်ပေါက်နဲ့ ကြည့်ရှု့ခြင်း ဂိတ်ပေါက်တွေကတော့ ဟန်ချက်ညီလောက်တယ်။ ဒါက ကံကောင်းတာနဲ့ ကံဆိုးတာ နှစ်ခုကြားမှာပဲ ရှိနေတယ်။ ဒီတော့ ထင်သလောက်လည်း အန္တရာယ် မများဘူး။ ဒါပေမဲ့ လုံခြုံတာလည်းမဟုတ်ဘူး။ မင်းနဲ့ မင်းရဲ့ဆရာက အခုအနားယူခြင်း ဂိတ်ပေါက်မှာပဲ”

“အနားယူခြင်းဂိတ်ပေါက်က ပြန်လည်အားမွေးတဲ့ ဂိတ်ပေါက်လို့လည်းခေါ်တယ်။ ဝင်္ကပါ တစ်ခုထဲမှာဆိုရင် ဒီဂိတ်ပေါက်တွေ အားလုံးက ဆက်တိုက်ဆိုသလို ပြောင်းလဲနေတာ။ အတွင်းထဲကို ရောက်သွားတာနဲ့ သိုင်းပညာရှင်တွေက မသေရင်တောင်မှဘဲ ရှင်သန်ဖို့ကြိုးစားရင်းနဲ့ အားအင်ကုန်ခမ်းသွားမှာပဲ။ ဒီတော့ အနားယူဖို့က အချိန်မရှိဘူး။ ဒီအနားယူတဲ့ ဂိတ်ပေါက်ကပဲ အသက်ရှုချောင်စေမှာ။ ဒီဝင်္ကပါတွေထဲမှာ မင်းက တရားကျင့်လို့ရတယ်။ ပြန်လည်အားမွေးလို့ရတယ်။ မင်းရဲ့ ကြယ်တာရာစွမ်းအင်တွေကို ပြန်လည်ဖွဲ့စည်းလို့ ရနေသေးတယ်။ မင်းရဲ့ဆရာက စွမ်းအင် လောကကနေတစ်ဆင့် ငါ့ကို ဆက်သွယ်လာနိုင်တာကလည်း ဒါကြောင့်ပဲ။ ငါသူ့ကို မထွက်သွားဖို့ ပြောထားတာ။ ဒီဝင်္ကပါက မူလအမရ အရှင်သခင်က ဖန်တီးထားတဲ့ဝင်္ကပါ။ နောက်ပြီး လောကရဲ့ စွမ်းအင်တွေကိုလည်း အသုံးပြုထားသေးတယ်။ ဒါကြောင့် အနားယူခြင်းဂိတ်ပေါက်က ထွက်သွားတာနဲ့ မင်းရဲ့ဆရာလောက် အင်အားကြီးမားတဲ့လူတောင် အန္တရာယ် ကျရောက်မှာပဲ”

ဝင်္ကပါအကြီးအကဲက အလွန်အမင်း လေးနက်သော လေသံမျိုးနှင့်ပြောသည်။ ထိုဝင်္ကပါသည် လူတိုင်း မျှော်လင့်ထားသည်ထက် အန္တရာယ်များလွန်းနေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပင် ဒီနေရာတွင် လုံခြုံမည်ဟု မပြောရဲလေရာ အခြားသောသူများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ဝင်္ကပါ ဆရာသခင် တစ်ယောက်ဖြစ်သည့် ဝင်္ကပါ အကြီးအကဲကပင် ကိုယ်ပိုင်လုံခြုံရေးကို အာမခံနိုင်လောက်သည်။

သူ၏လက်ရှိနေရာမှ အခြားတစ်နေရာသို့ ရွှေ့နေသောအခါ သူသည် ပါးလျသော ရေခဲပေါ် နင်းလျှောက်နေသလိုမျိုး ခံစားလိုက်ရသည်။ သို့မဟုတ်လျှင် သူသည် ဒီလောက်ထိ အချိန်ကြာပြီးမှသာ ပြန်လာနိုင်လိမ့်မည် မဟုတ်ပေ။

“ဒါပေမဲ့ စီနီယာကျိုး ခင်ဗျားပြောပြတဲ့အတိုင်းဆိုရင် အနားယူခြင်းဂိတ်ပေါက်က ကံကောင်းတဲ့ဂိတ်ပေါက်၊ ဒါဆိုရင် အန္တရာယ် မရှိသင့်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်ကတင် ငါတို့ကို အနားယူခြင်းဂိတ်ပေါက် အတွင်းမှာ တိုက်ခိုက်ခံရသေးတယ်။ ဒါက အနားယူခြင်းဂိတ်ပေါက်နဲ့ ပြန်လည်အားမွေးခြင်းဂိတ်ပေါက် ပုံစံမျိုးနဲ့ မကိုက်ညီနေသလိုပဲ”

ဝမ်ချောင်က မျက်မှောင်ကျုံ့ရင်းပြောသည်။

“ဟာ ငါပြောတာ မဆုံးသေးဘူးလေ။ မင်းက ခပ်မြန်မြန် သတိထားမိသွားတာပဲ။ မဆိုးပါဘူး”

ဝင်္ကပါအကြီးအကဲက မုတ်ဆိတ်ကိုပွတ်ရင်း ဝမ်ချောင်ကိုကြည့်ကာ ချီးကျူးသလိုမျိုး တစ်ချက်ကြည့်လျှက် ခေါင်းညိမ့်ပြလိုက်သည်။

“အနားယူခြင်းဂိတ်ပေါက်က မင်းထင်သလောက် မရိုးရှင်းဘူး။ အခြားဝင်္ကပါ ဂိတ်ပေါက်တွေနဲ့ယှဉ်ရင် အန္တရာယ် နည်းသွားတာတော့မှန်တယ်။ ဒါပေမဲ့ အန္တရာယ် မရှိတာတော့မဟုတ်ဘူး။ မင်း ဒီလိုဝင်္ကပါထဲကို ဝင်လိုက်ပြီဆိုတာနဲ့ နေရာက ဆက်တိုက် မပြောင်းလဲသမျှ လုံခြုံမှာပဲ။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဆံပင်တစ်ချောင်းကိုဆွဲရင် ခန္ဓာကိုယ်က လှုပ်သလိုမျိုး ဝင်္ကပါထဲကို ဝင်လိုက်ပြီဆိုတာနဲ့တင် ဆက်တိုက် တုန့်ပြန်မှုတွေက ရှိလာမှာပဲ။ အတိတ်ဂိတ်ပေါက်ကို ရှာနိုင်မှပဲ ထွက်နိုင်မှာ”

“အနားယူခြင်းဂိတ်ပေါက်က အနားယူတယ်။ ဒါပေမဲ့ အနားယူတာပဲ။ ဒီမှာထာဝရနေလို့မရဘူး။ အနားယူခြင်း ဂိတ်ပေါက်က နာရီနှစ်ဆယ်ကြာတိုင်း ပြောင်းနေမှာဖြစ်လို့ တောက်လျှောက်ဆိုသလို ထောင်ချောက်တွေ၊ အဆိပ်ငွေ့တွေကို ကြုံတွေ့ရဦးမှာပဲ။ ဒါက ရှောင်လို့မရဘူး”

ဝမ်ချောင်က ဝင်္ကပါအကြီးအကဲကိုကြည့်ရင်း ပြောသည်။

“ဒါပေမဲ့ ဒီတိုင်းဆက်တွေးနေမယ်ဆိုရင် တစ်ရက်မှာ တစ်ကြိမ်တော့ အန္တရာယ် ကြုံရမှာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ဆရာနဲ့ငါက ဒီထဲကိုဝင်လာပြီးချိန်ကတည်းက နှစ်ကြိမ်တောင် တိုက်ခိုက်ခံရပြီးပြီ။ ဒါက စီနီယာရဲ့ သီအိုရီနဲ့ မကိုက်ညီတော့ဘူး”

ဝင်္ကပါအကြီးအကဲက ဝင်္ကပါပညာတွင် ဆရာသခင်တစ်ဆူဖြစ်သည်။ သူသည် ဘယ်သောအခါမှ မမှားသင့်ပေ။ သို့သော် ဝမ်ချောင်ကလည်း ဝင်္ကပါအကြီးအကဲ၏ ရှင်းပြချက်က အစစ်အမှန် ဖြစ်ရပ်နှင့် မကိုက်ညီကြောင်း ခပ်မြန်မြန် သတိထားမိလိုက်သည်။

စီနီယာ တပည့်နှစ်ယောက်က ဒီနေရာတွင် နာရီပေါင်းများစွာ နေထိုင်ခဲ့ပြီးလေပြီ။ ထို့ကြောင့် မှားယွင်းတွက်ချက်မိခြင်း မဟုတ်လောက်ပေ။

“မင်း”

ဝင်္ကပါအကြီးအကဲကလည်း ဝမ်ချောင်၏ စကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဟား ဟား ဒီကလေး ဒီလောက်စွမ်းရည်မျိုးနဲ့လူက ဒီလိုဆရာမျိုးနောက်ကို လိုက်နေတာ နှမြောစရာပဲ”

“လူရမ်းကားအိုကြီး အဲ့ဒီအကြံကို အခုဘေးဖယ်ထားလိုက်။ ဒီအဘိုးကြီးက ငါ့ရဲ့တပည့်ကို မင်းဆီ ဘယ်တော့မှ အပ်မှာမဟုတ်ဘူး။ မင်းရဲ့ အဲ့ဒီအတွေးကို ထုတ်လိုက်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် အေးစက်သောလေသံဖြင့် ထပြောသည်။ သူ၏အကြည့်က တစ်နေရာသို့ ရောက်နေသော်လည်း ဒီနေရာမှ အဖြစ်အပျက်ကို သိနေပုံရသည်။

“ကျန်းဝမ်ဖူ မင်းကဘာတွေ တွေးနေတာလဲ။ ဒီအဘိုးကြီးက မင်းရဲ့တပည့်ကို ခိုးမယ်လို့ ပြောမိလို့လား”

ဝင်္ကပါအကြီးအကဲက ရှက်သွားသည်။ သူ၏မျက်နှာက နီရဲလာသည်။

သူသည် အထီးကျန်အမျိုးသားဖြစ်သည်။ သူသည် အနောက်မြောက်ပိုင်းသို့ လာသောခရီးတွင်လည်း အစေခံပင် မခေါ်လာခဲ့ချေ။ ထိုအချက်မှတစ်ဆင့် သူသည် မာနကြီးပြီး ထောင်လွှားခြင်းမဟုတ်လေဘဲ သူသဘောကျသော တပည့်ဂိုဏ်းသား တစ်ယောက်ကိုပင် မရှာနိုင်ခဲ့ကြောင်း ဖော်ပြရာရောက်သည်။ ဒီအသက်အရွယ်ထိ ဆက်ခံသူမရှိသောကြောင့် သူသည် သေချာပေါက် စိုးရိမ်နေပေလိမ့်မည်။

သို့သော် ထိုကိစ္စကို စိုးရိမ်ခြင်းကတင် သူ့ကို တပည့်တစ်ယောက် လာမပို့ပေးနိုင်ချေ။ မည်သို့ပင်ဆိုစေ လူတိုင်းက အမွေဆက်ခံရန် သင့်လျော်သော တပည့်မျိုးကို မရနိုင်ကြပေ။ သူ၏ ကြမ်းတမ်းသော စကားပုံပန်းသွင်ပြင်ကြောင့် တပည့်လက်ခံရန် ပို၍ပင် မသင့်လျော်သေးပေ။

သို့ရာတွင် ဝင်္ကပါအကြီးအကဲသည် မျှော်လင့်ထားစွာပင် ဝမ်ချောင်ဟာ ထိုမျှ ပါရမီကြီးကြောင်း တွေ့လိုက်ရသည်။ သူသည် ဝမ်ချောင်ကို အနည်းငယ် ရှင်းပြရုံနှင့် တစ်ဖက်သူက နားလည်နေသည်။

နှမြောစရာကောင်းတယ်။ တကယ်ကို နှမြောစရာကောင်းတယ်။ ဟာ ဒီအမှိုက်အိုကြီးရဲ့ တပည့်ဖြစ်နေကြောင့်သာ မဟုတ်ရင် ငါခိုးပြီးပြီ။

ဝင်္ကပါအကြီးအကဲက စိတ်ထဲတွင် အလွန်နောင်တရနေသည်။ သို့သော် အနည်းငယ်ကိုမှ ထုတ်မပြောရဲချေ။

ဝမ်ချောင်ကလည်း စိတ်ထဲတွင် ရယ်နေမိသည်။ သူသည် ခေါင်းမာပြီး ထူးဆန်းသော်လည်း ဝင်္ကပါ အကြီးအကဲကိုမူ တစ်ခါတစ်ရံတွင် လေးစားမိပြီး ချစ်စရာကောင်းသည်ဟုလည်း ခံစားရ၏။

“စီနီယာ ဝင်္ကပါအကြောင်းကို ပြန်ပြောရအောင်”

ဝမ်ချောင်ကပြောသည်။

ဝင်္ကပါအကြီးအကဲက တခဏခန့် ရုန်းကန်ချင်နေသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကြောက်စရာကောင်းသော စွမ်းအားကို တွေးလိုက်မိပြီး ဆက်မပြောရဲတော့ပေ။

“ကောင်လေး မင်းကတော်တော် အမြင်ကောင်းရှိတာပဲ။ အနားယူခြင်းဂိတ်ပေါက်က (၂၄)နာရီအတွင်းမှာ နှစ်ကြိမ်တိုက်ခိုက်ရတယ်ဆိုကတည်းက ပုံမှန်မဟုတ်တော့ဘူး။ ဒါကြောင့်ပဲ ဒီဝင်္ကပါနဲ့ ပတ်သတ်ပြီး တစ်ခုခုက ထူးဆန်းနေတယ်လို့ ငါပြောတာပေါ့။ တစ်ခုခုက ထိန်းချုပ်နေသလိုပဲ။ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မူလအမရအရှင်သခင်က သေသွားတာ နှစ်ရာကျော်ကြာနေပြီ။ သူ့ရဲ့မျိုးဆက်ကလည်း မရှိတော့သင့်ဘူး။ အခု ရုတ်တရက်ကြီး ဝင်္ကပါပညာက ဆုတ်ယုတ်လာတဲ့ အခိုက်အတန့်မျိုးမှာ ရှေးဟောင်းဝင်္ကပါတွေကို နားလည်တဲ့လူက အနည်းငယ်လောက်ပဲ ကျန်ရစ်တော့မှာ။ ဒါမှမဟုတ်ရင် ဝင်္ကပါပညာမှာ ငါ့ထက်သာတဲ့ တစ်စုံတစ်ယောက်က ဝင်္ကပါရဲ့ အမြူတေကို ရရှိသွားလို့ ထိန်းချုပ်နိုင်နေတယ်လို့ ပြောရမလား”

“ဒါပေမဲ့ ဒါကလည်း မဖြစ်နိုင်ဘူး”

ဝင်္ကပါအကြီးအကဲက ထိုသို့တွေးတောရင်း မျက်မှောင်ကိုကျုံ့သည်။ သူ၏လက်ကလည်း ခေါင်းကိုဆိုးဆိုးရွားရွား ကုပ်နေသဖြင့် သွေးများပင် ထွက်လာလောက်သည်။ သူသည် သူ၏ ဝင်္ကပါအပေါ် ကျွမ်းကျင်မှုနှင့်ပတ်သတ်ပြီး အမြဲတစေ ဂုဏ်ယူနေခဲ့ရသည်။ လောကတွင် သူ့ကိုယှဉ်နိုင်သူ မရှိသလောက်ပင်ဖြစ်သည်။

သူသည် အမျိုးမျိုးသော ဝင်္ကပါများကို လေ့လာခဲ့ဖူးသည်။ ရှေးဟောင်းဝင်္ကပါများ၊ ဝင်္ကပါပုံစံခွက်များ၊ အခြားသောလောကမှ ဘာသာစကားများပါသော ဝင်္ကပါများကိုပင် လေ့လာခဲ့ဖူး၏။ ထို့ကြောင့် ဝင်္ကပါအကြီးအကဲသည် အရာအားလုံးကို သူ၏လက်ခုံလို သိနေခဲ့ပြီးသားဖြစ်သည်။

သို့သော် မူလအမရ အရှင်သခင်ကဲ့သို့ လွန်ခဲ့သော နှစ်ခုနှစ်ရာ၊ ရှစ်ရာခန့်မှ အစစ်အမှန် ဆရာသခင်တစ်ယောက်ကို ရင်ဆိုင်ရသောအခါ ဝင်္ကပါအကြီးအကဲ ကိုယ်တိုင်ကပင် သူ၏ နားလည်နိုင်စွမ်းအားနှင့် နားလည်သဘောပေါက်နိုင်စွမ်းအားများက ထိုဝင်္ကပါတွင် လေးပုံတစ်ပုံသာ အလုပ်လုပ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ယခုလိုမျိုး မဖြစ်သင့်သော ဖြစ်ရပ်မျိုးက ဖြစ်လာခဲ့သည်။

ထိုသို့မဖြစ်နိုင်ခြင်းက ဝင်္ကပါအကြီးအကဲအား အချိန်အတန်ကြာအောင် တွေးတောမိစေသည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူသည် ခေါင်းကိုသာငုံ့ပြီး အတွေးနက်နေသည်။ သူသည်လည်း ဝင်္ကပါအကြီးအကဲလောက် ဝင်္ကပါပညာတွင် ကျွမ်းကျင်လွန်းသော တစ်စုံတစ်ယောက်က ဒီနေရာသို့ အရင်ရောက်လာပြီး ဝင်္ကပါအမြူတေကို ရသွားမည်ဟု မယုံကြည်ပေ။ ဝင်္ကပါအကြီးအကဲကဲ့သို့ လူမျိုးက အနောက်မြောက်ပိုင်းတွင် ပေါ်လာခြင်းကတင် ရှားပါးလွန်းသောမြင်ကွင်း ဖြစ်နေပြီးလေပြီ။ ထို့ကြောင့် ဒုတိယမြောက် တစ်ယောက်က မပေါ်လာသင့်ချေ။

ပို၍ဆိုးသည်မှာ ထိုလူက အမြူတေကို ရသွားခဲ့လျှင်ပင် အတွင်းတွင် ရတနာရှိနေလောက်သည်။ ထို့ကြောင့် ရတနာကို ယူပြီးသည်နှင့် ချက်ချင်းလိုလို ထွက်ခွာသွားသင့်၏။ ယခုလိုမျိုး နာရီပေါင်းများစွာ ကြာသည်အထိ ဆက်မနေသင့်ပေ။ ထို့ပြင် သိုင်းပညာရှင် ခုနှစ်ရာ၊ ရှစ်ရာခန့်ကိုလည်း အကွက်ချ ကြံစည်နေသေးသည်။

ထို့ကြောင့် အကျိုးအကြောင်း မသင့်လျော်တော့ပေ။ ပို၍ဆိုးသည်မှာ ဒီလိုဖြစ်ရပ်မျိုးက ဆိုးယုတ်သော လမ်းစဉ်လျှောက်သော အဖွဲ့အစည်းများနှင့် ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်လျှောက်သော အဖွဲ့အစည်းများ အားလုံးကို တစ်ပြိုင်တည်းလိုလို ရန်စခြင်းဖြစ်နေလေရာ ဉာဏ်ပညာမရှိသော လုပ်ရပ်မျိုးလည်း ဖြစ်နေသေးပြန်သည်။

All Chapters