← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်းခုနစ်6၇။ မှောင်ခိုဈေးကွက်

“ဒီနေဗီထုတ် သိမ်းငှက်အဆင့် ဖရီးဂိတ်ဟာ အဲဒီတုန်းက လျှပ်စစ်သံလိုက် မုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ပတ်လမ်းစနစ်တွေ အပြင်းအထန် ပျက်စီးသွားခဲ့တာပါ၊ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေရဲ့ သုံးဆယ်ရာခိုင်နှုန်းက ပျက်စီးသွားခဲ့ပြီး အဲဒီပေါ်မှာ ပါလာတဲ့ အမှုထမ်းလေးဦးလုံးလည်း အသက်ဆုံးရှုံးခဲ့ရတယ်၊ အဲဒီထဲက တစ်ယောက်ကတော့ ငါပြောခဲ့တဲ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပေါ့”

ပေါ်တာသည် နာကျင်စရာကောင်းသော အတိတ်ကို ပြန်လည်အမှတ်ရရင်း ပြင်းထန်သော ဘီယာကို အငုံကြီး တစ်ငုံ ထပ်မံသောက်လိုက်သည်။

ရှဖေးက ခေါင်းညိတ်ပြပြီး တက်ဘလက်ကို ပြန်ချထားလိုက်၏။ အာကာသယာဉ်မှာ လျှပ်စစ်သံလိုက် မုန်တိုင်းဒဏ်ကို ခံခဲ့ရသည့်အတွက်ပြင်ဆင်ရန် ပစ္စည်းစာရင်းမှာ ဤမျှများပြားနေရသည်မှာ မဆန်းတော့ပေ။

အခြားတစ်ဖက်မှ တွေးမည်ဆိုလျှင် အဆိုပါဖရီးဂိတ်သည် ထိုကဲ့သို့ သေမင်းတမျှ ကြောက်စရာကောင်းသော မုန်တိုင်းကို ကြုံတွေ့ခဲ့ရသော်လည်း အပြင်ဘက်ကိုယ်ထည်မှာ လုံးဝမပျက်မစီးဘဲ ကျန်ရှိခဲ့ပြီး စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်း သုံးဆယ်ရာခိုင်နှုန်းသာသာ ပျက်စီးသွားခြင်းမှာ ဟွတ်ဘေးလ်၏ ခိုင်ခံ့မှုကို သက်သေပြနေခြင်းပင်ဖြစ်၏။

“ကျွန်တော် မနက်ဖြန်ကစပြီး ဒီအာကာသကို ပြင်မယ်” ရှဖေးသည် ပေါ်တာကို ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

“မင်း တကယ်ဆုံးဖြတ်ပြီးပြီလား၊ မင်းပိုက်ဆံ ဘယ်လောက်တောင် ကုန်သွားမလဲ ဆိုတာရော သိရဲ့လား”

ရှဖေးက ခပ်ပါးပါး ပြုံးလိုက်ပြီး “ဒါက ထိပ်တန်းရှိတဲ့ ဖရီးဂိတ် တစ်စင်းပါ၊သူ့တန်ဖိုးက ပိုက်ဆံနဲ့ နှိုင်းယှဉ်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး”

ပေါ်တာအိုကြီးသည် သူ့စိုစွတ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး စားပွဲကို အားရပါးရ ရိုက်လိုက်၏။“ကောင်းပြီလေ၊ ဒီယာဉ်ကြီးကြယ်တာရာတွေကြားထဲမှာ နောက်တစ်ခေါက် အရှိန်ပြင်းပြင်းနဲ့ ပျံသန်းနိုင်ဖို့ ငါနောက်တစ်ခါထပ်ပြီးကြိုးစားမယ်”

ပေါ်တာသည် ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အလုပ်လုပ်နေဆဲဖြစ်သော စက်ပြင်ဆရာများကို လှမ်းအော်ပြောလိုက်သည်။

“အားလုံး လက်ရှိ လုပ်နေတဲ့ ပြင်နေတာတွေကို ခေတ္တရပ်လိုက်ဦး ၊လူတိုင်းကို နားခိုင်းလိုက်တော့၊ ငါတို့ မနက်ဖြန်ကျရင် အရေးကြီးတဲ့ အလုပ်တစ်ခုကို စကြမယ်။

ဘိုတန်သည် ၎င်း၏ လက်ထဲမှ အတွဲများကို ချထားလိုက်ပြီး အနည်းငယ် နားမလည်သလို မေးမြန်းလိုက်သည်။

“ဆရာ၊ ကျွန်တော်တို့ အလုပ်ကပြီးဖို့ သိပ်မ လိုတော့တာလေ၊ အလွန်ဆုံးကြာလှ သုံးရက်ပဲပေါ့၊၊ အလုပ်သစ်တစ်ခု မစခင် ဒါကို အရင်ပြီးအောင် လုပ်လိုက်ရင် မကောင်းဘူးလား”

ပေါ်တာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ မင်းဒီလောက်မေးခွန်းတွေ အများကြီးမေးနေတယ်၊ ငါက မင်းတို့ကို နားဖို့ ပြောနေတာ ၊ ငါတို့ မနက်ဖြန် မနက်အချိန်မီ အလုပ်ပြန်စကြမယ်”

ဘိုတန်က ခေါင်းခါလိုက်ပြီး အခြားအလုပ်သမားများနှင့် အတူ အဆောင်သို့ ပြန်သွားကြသည်။ပေါ်တာက သူ့ထိုင်ခုံသို့ ပြန်လာပြီး ရှဖေးကို မေးလိုက်သည်။

“အာကာသ ပြုပြင်ဖို့ အတွက် မင်းမှာ ဘယ်လို အကြံဉာဏ်တွေ ရှိလဲ”

ရှဖေးနှင့် ဖန်တန်တို့သည် တိတ်တဆိတ် ဆွေးနွေးပြီးနောက် သူက ပြန်လည်ဖြေလိုက်သည်။

“ကျွန်တော်ကတော့ အာကာသရဲ့သက်သောင့်သက်သာနဲ့ တည်ငြိမ်မှုတွေကို ပေးနိုင်ရမယ် ယာဉ်တခုလုံးအကောင်းဆုံး ဖြစ်စေဖို့ ၊ အကောင်းဆုံး ဝပ်ဒရိုက်နဲ့ ရီအက်တာတွေကိုလည်း ထည့်သွင်းဖို့ တွေးထားပါတယ် “

“အဲဒါက မင်းရဲ့ရည်ရွယ်ချက်ဆိုရင်တော့ ဒီအာကာသယာဉ်ရဲ့

ဝန်ဆံ့နိုင်စွမ်းက အများကြီးလျော့သွားတယ်၊ကုန်ပစ္စည်း သိုလှောင်ဖို့ နေရာတွေ အများကြီးရှိတော့မှာ မဟုတ်ဘူး “ ပေါ်တာက မှတ်ချက်ပေးလိုက်သည်။

အာကာသယာဉ်ကို ပိုမိုကြီးမားပြီး အစွမ်းထက်အောင် ပြန်လည်မွမ်းမံခြင်းသည် ၎င်း၏ကုန်စည်သိုလှောင်ခန်းနှင့် လူနေထိုင်ရာနေရာများကို ဖယ်ထုတ်ရမည်ဖြစ်သည်။ ဟွတ်ဘေးလ်တွင် မူလက အိပ်ခန်းငါးခန်းနှင့် တစ်ခန်းလျှင် လူတစ်စုအထိ နေထိုင်နိုင်သည်။ ကပ္ပတိန်၏ အိပ်ဆောင်မှအပ ဖယ်ရှားလိုက်လျှင် လူတစ်စုအထိ ဆံ့သော အာကာသယာဉ်နှင့် ကွာခြားသွားမည်။

ပြုပြင်မှုကို ရှဖေး၏အကြံဉာဏ်အတိုင်း ၎င်း၏ပညာကို အဓိကထားရန် အာရုံစိုက်မည်ဆိုပါက အဆိုပါဖရီးဂိတ်တွင် လူငါးဦးသာ အများဆုံးနေထိုင်နိုင်တော့မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု သိုလှောင်နိုင်သည့်နေရာမှာလည်း ကြီးကြီးမားမား လျော့နည်းသွားမှာ ဖြစ်၏။

ရှဖေးက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်တော်က မှောင်ခိုလုပ်ငန်းတွေ လုပ်မှာလည်း မဟုတ်တော့ အမှုထမ်းတွေ အများကြီးနဲ့ ကုန်လှောင်ခန်း အကျယ်ကြီးတွေကို ဘာလုပ်ဖို့လဲ”

အာကာသနယ်မြေကို ပြုပြင်မွမ်းမံရာတွင် လိုအပ်ချက်သို့ သေချာရွေးချယ် အတည်ပြုရန် အရေးကြီးပေသည်။ အာကာသတွင် စွမ်းဆောင်နိုင်မှု အများအပြားရှိပြီး တစ်ခုချင်းစီမှာ မတူညီသော အပိုင်းများ ရှိကြသည်။ အာကာသယာဉ်တွင် နေရာ ကျယ်ဝန်းစွာ အမြဲရှိရန် မဖြစ်နိုင်ပေ။ အာကာသယာဉ်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသော စနစ်များကို ကို ရွေးချယ်ရန် လိုအပ်လှသည်။ နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ရှဖေးနှင့် ပေါ်တာတို့သည် နောက်ဆုံးတွင် အာကာသ ပြုပြင်မွမ်းမံမှုအတွက် အမျှတဆုံးနှင့် အထိရောက်ဆုံးဖြစ်မည့် ပုံစံကို ရေးဆွဲနိုင်ခဲ့ကြပေသည်။

၎င်းတို့၏ ဆွေးနွေးမှု ပြီးဆုံးသည့် အခါတွင် ညနက်သွားခဲ့ပီ။

ရှဖေးသည် ဆိုနီအား သူ၏တည်းခိုသို့ လိုက်ပို့ချိန်တွင် မေးမြန်းလိုက်သည်။

“မင်းရဲ့ဘဏ်နံပါတ်က ဘယ်လောက်လဲ”

ဆိုနီက သူလိုအပ်သောငွေပမာဏကို ပြောပြလိုက်ပြီး ရှဖေးက ခေါင်းညိတ်ပြလိုက်သည်။

"ငါမင်းရဲ့ဘဏ်ထဲကို ကြယ်တာရာဒင်္ဂါးတစ်သန်းလွှဲပေးမယ်၊ ဒါမှ မင်းဒီယာဉ်ကို စတင်ဝယ်နိုင်မှာ အခုကာလအတွင်း ငါ့ကို နေရာအနှံ့ လိုက်ပို့ဖို့ မင်းကိုလိုအပ်တယ်၊ ဒါကို အချိန်ပြည့်ငှားနေရတာက တွက်ချေမကိုက်ဘူးလေ၊ အကျိုးအမြတ်ဆိုတာ ရရှိဖို့လည်း လိုအပ်တယ်လေ”

ဆိုနီမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်သလို ရေရွတ်လိုက်မိသည်။“ကြယ်တာရာဒင်္ဂါး တစ်သန်းတောင်လား၊ ဘုရားရေ၊ အများကြီးပဲ”

ရှဖေးက သူ့ကျောကို ပုတ်ပေးလိုက်သည်။

“အများကြီးလား ၊မဟုတ်ပါဘူး ၊မင်းသာ မရှိရင် ဒီလောက်ကောင်းတဲ့ စစ်ယာဉ်ကြီးကို ငါ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ၊ ဒါကို အရင်ယူထားလိုက်ပါ၊ မလုံလောက်ရင် ငါ့ကို အားမနာဘဲ ပြောနော်”

ဆိုနီက အားရပါးရ ခေါင်းညိတ်ပြပြီး ပျံသန်းထွက်ခွာသွားသည်။ပေါ်တာအိုကြီးမှာ ရှဖေးအား အေထွန်-အဆင့် ဖရီးဂိတ် တစ်စင်း၏ အိပ်ဆောင်တွင် တည်းခိုရန် ပေးခဲ့သည်။ ၎င်းမှာရှဖေးကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သူသည် အာကာသယာဉ် အစစ်အမှန်ပေါ်တွင် နေထိုင်ခြင်းကို ကြိုတင်ပြင်ဆင်လိုခြင်းဖြစ်သည်။

ဤဖရီးဂိတ်၏ အတွင်းပိုင်းမှာ သိပ်ပြီး မကျယ်ဝန်းလှပေ။ ရှဖေးမှာ အနည်းငယ် အောက်ဆင်းပြီးနောက် သူ့အိပ်ဆောင်သို့ ဝင်လာခဲ့သည်။

သူ့အိပ်ဆောင်တွင် ပြတင်းပေါက်ငယ်တစ်ခုရှိပြီး ၎င်းမှာ အလုပ်ရုံတွင် မီးများလင်းနေဆဲဖြစ်သည်ကို မြင်တွေ့နေရသည်။သန်မာသော ပုံရိပ်တစ်ခုမှာ ရှေးဟောင်း ဖုန်းတစ်လုံးကို ကိုင်ကာ ဟိုဟိုဒီဒီ အဆက်မပြတ် လျှောက်သွားနေသည်။

တွေးစရာ မလိုအပ်ပေ။ ဤသူမှာပင် ပေါ်တာအိုကြီး ဖြစ်ပေသည်။ အာကာသယာဉ် ပြုပြင်မွမ်းမံမှု ၏ သတ်မှတ်ချက်ကို ဆုံးဖြတ်ပြီးနောက် လိုအပ်သော အစိတ်အပိုင်း အားလုံးကို ဝယ်ယူရန် လိုအပ်နေသေးရာ သူသည် တစ်ညလုံး အလုပ်ရှုပ်နေတော့မည် ဖြစ်၏။

ရှဖေးသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မာကျောသော တစ်ယောက်အိပ်ကုတင်ပေါ်တွင် လှဲချလိုက်သည်။သူသည် သူ၏ အာကာသလက်စွပ်ထဲမှ VR မျက်မှန်ကို ရိုက်တာကာ ကြယ်တာရာများအကြား အင်တာနက်သို့ ဝင်ရောက်လိုက်သည်။

ဆိုနီ၏ ကြယ်စုထဲသို့ ကြယ်တာရာဒင်္ဂါး တစ်သန်းလွှဲပေးပြီးနောက် ရှဖေးမှာ ပိတ်ရန်ပြင်လိုက်ချိန်တွင် ဗီဒီယိုခေါ်ဆိုမှုအတွက် တောင်းဆိုချက်တစ်ခု ပေါ်လာခဲ့သည်။ ထိုနေရာတွင် နားရွက်ကားကားကြီးနှင့် ပန်းရောင် ယုန်ကလေးတစ်ကောင်က မုန်လာဥနီကို တမြုံ့မြုံ့ ဝါးနေပြီး တစ်ခါတစ်ရံတွင် လေတက်နေသည့် ပုံရိပ်လေး ပေါ်နေပေသည်။

ရှဖေးမှာ မရယ်ဘဲမနေနိုင်အောင် ဖြစ်ခဲ့ရပြီး ဤဗီဒီယိုခေါ်ဆိုမှုမှာ ထူးဆန်းသော အေဗရယ်ထံမှ ဖြစ်ရမည်ဟု သိလိုက်သဖြင့် လက်ခံလိုက်သည်။ အေဗရယ်သည် အိပ်ချင်မူးတူး ဖြစ်နေတာ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။သူမသည် ပန်းရောင်အိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ပုခုံးပေါ်တွင် ရှုပ်ပွနေပါသည်။

သူမသည် ပါးစပ်ကို ပိတ်ကာ သမ်းဝေလိုက်ပေမယ် မအောင်မြင်ခဲ့ပေ။“ နင် ဒီလောက်နောက်ကျမှ အွန်လိုင်းတက်တာလဲ မနက်တောင် ရောက်တော့မယ်”

“မင်းရဲ့ပတ်ဝန်းကျင်မှာတော့ မနက်ရောက်တော့မှာပေ့ါ၊ငါရှိတဲ့နေရာမှာတော့ ညရောက်တာမကြာသေးဘူး၊ငါ အင်တာနက်ပေါ် တက်လိုက်တိုင်း မင်းဆီကို သတိပေးချက် ရောက်နေတာလား ” ရှဖေးက ရယ်မောရင်း မေးလိုက်သည်။

ပထမအကြိမ်က ရှဖေး အမှတ်တမဲ့ အေဗရယ်အား မတော်တဆငိုအောင်လုပ်မိချိန်အထိ သူသည်ထိုမိန်းကလေးငယ်အပေါ် အားနာရသလိုခံစားခဲ့ရပီး ထိုကဲ့သို့သူမထံမှဝေးအောင် မရှောင်တော့ပေ။ စကားပြောလိုလျှင် ရှဖေးက ငြင်းဆိုခြင်းမရှိတော့ဘဲ ၎င်း၏အမည်မသိလိပ်စာမှာ မ မူလပုံစံသို့ ပြန်လည်ပြောင်းလဲခဲ့ပေသည်။

“ဟင်း၊ ဒါပေါ့၊ ဒီမိန်းကလေးက ဘယ်သူလဲ ဆိုတာ မင်းမသိဘူးလား၊ ငါက အသစ်ဆက်တင်တွေ လုပ်ထားတာ၊ မင်း အွန်လိုင်းတက်တာနဲ့ ငါက ချက်ချင်းသိမှာ” အေဗရယ်ကနှုတ်ခမ်းဆူကာ ပြန်လည်ပြောလိုက်သည်။

ရှဖေးက ခဏမျှ ငြိမ်သက်လိုက်သည်။

"မင်းဒီလိုလုပ်ထားတယ်ဆိုရင်တောင် ငါနဲ့စကားပြောဖို့ အတွက် ကုတင်ပေါ်ကနေ ဆင်းလာစရာ မလိုပါဘူး၊ မင်းမှာ တစ်ခုခုပြောစရာရှိလို့လား”

အေဗရယ်သည် ယခုတင်ဘေး စားပွဲဆီသို့ လျှောက်သွားကာ ရေသောက်လိုက်ပြီး မကျေမနပ်ဖြင့် ညီးညူလိုက်သည်။

"မင်း ငါနဲ့ စကားမပြောဖြစ်တာ နှစ်ရက်အတော်ကြာပြီ၊ မင်းအာကာသယာဉ်ကို ဝယ်ပြီးပြီလားလို့ ငါမေးချင်လို့ပါ၊ မင်းက သင်္ချိုင်းလို နေရာမျိုးတွေမှာ လူဆိုးတွေ အများကြီးရှိတယ်လို့ ငါကြားဖူးတယ်၊ မင်းသတိထားရမယ်နော်”

“တကယ်တော့ စကြဝဠာရဲ့ ဘယ်ဇာတ်လမ်းမှာမဆို လူကောင်းနဲ့ လူဆိုးဆိုတာ ရှိတာပါပဲ၊ ငါကတော့ ဒီလူကောင်းတွေနဲ့ တွေ့ခဲ့ရတယ်၊နေဗီထုတ် သိမ်းငှက်-အဆင့် ဖရီးဂိတ် တစ်စင်းကိုတောင် ရခဲ့သေးတယ်” ရှဖေးက သူမအား စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။

အေဗရယ်မှာ နောက်ဆုံးတော့ မိန်းကလေးတစ်ယောက်ဖြစ်နေဆဲပင်။ သူမသည် စစ်ပွဲ အာကာသနှင့် သက်ဆိုင်သောအရာများ အပေါ်တွင် စိတ်အားထက်သန်မှု မရှိပေ။သူမသည် ကွန်ပျူတာ၏ နံပါတ်တစ်နေရာသို့ လျှောက်သွားသည်။သူမသည် အချို့ကို ရှာဖွေနေသည့် အလားကီးဘုတ်ကို ရိုက်နှိပ်ကာ အသံများ ထွက်ပေါ်လာပေသည်။

ခေတ္တကြာပြီးနောက် အေဗရယ်က ရှဖေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အဲဒီအာကာသက သိပ်မဆိုးပါဘူး၊အဲဒါက ကံမကောင်းတာက အဲဒါက လူဆယ်ယောက်ပဲ အများဆုံးဆံ့တာပဲ၊ အဲဒါက သိပ်ပြီး သေးလွန်းတယ်၊ ဘာပဲဖြစ်ဖြစ် အာကာသယာဉ် ဝယ်ပြီးပြီဆိုတော့ ကောင်းကင်ကွပ်မျက်ခြင်း လေ့ကျင့်ရေးစခန်းကို ဘယ်တော့ သတင်းပို့မှာလဲ “

ရှဖေးက ရယ်မောလိုက်သည်။“အာကာသယာဉ်က ပျက်စီးနေလို့ ငါ အခု ပြင်နေတုန်းပဲ၊ ငါ ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ သုံးလလောက် လိုသေးတာ”

အေဗရယ်က သူ့မျက်နှာကို ရှုံ့လိုက်သည်။

“မင်း ဘယ်လိုပြုပြင်ရေး ကုမ္ပဏီကို သွားရှာတာလဲ၊ ဖရီးဂိတ် တစ်စင်း ပြင်ဖို့ အတွက် သုံးလတောင် ကြာရတာလဲ”

ရှဖေးက တည်ကြည်စွာ ပြန်ဖြေလိုက်သည်။“ငါလုပ်ဆောင်နေတဲ့ ပြုပြင်ရေးကုမ္ပဏီကတော့ အကောင်းဆုံးတွေထဲကပါပဲ”

အေဗရယ်က သိပ်ပြီး ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။“မင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေ လိုအပ်နေလို့လဲ”

“အများကြီးပဲ၊အခြေခံအားဖြင့် ကိုယ်ထည်ကလွဲလို့ ကျန်တာ အကုန်လဲရမှာ”

"ဪ။အေဗရယ်က ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်သည်။

“အဲဒီလောက်အထိ အလုပ်ရှုပ်နေမယ် ဆိုရင် အသစ်တစ်စင်းပဲ တိုက်ရိုက်ဝယ်လိုက်ပါလား”

“ဒါက နေဗီထုတ် သိမ်းငှက်အဆင့် ဖရီးဂိတ်ပါ ၊ဒါကို ဈေးကွက်မှာ ဝယ်လို့ မရနိုင်ဘူး”

“ဒါက လွယ်ပါတယ်၊ငါက...” အေဗရယ်သည် သူမပြောချင်သောစကားကို ဝါကျမှာတင် ရုတ်တရက် ပြောင်းလဲလိုက်သည်။“...ငါထင်တာတော့ မင်း ဒါကို ဝယ်နိုင်သင့်တယ် လို့ပဲ”

ရှဖေးက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။“မရပါဘူး။

ရှဖေးက အလွန်တည်ကြည်နေပေသည်။အေဗရယ်သည် မေးစေ့ကို လက်ဖြင့်ထောက်ကာ ပြုံးသည်။

“ဟဲဟဲ၊ မင်းတည်တည်ကြည်ကြည်ရှိနေတဲ့ အချိန်ကျတော့ တခြားသူတယောက်လိုပဲ “

ရှဖေးက သူ့လက်များကို လှမ်းထုတ်လိုက်ပြီး နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။“လာပါ ဖေဖေကို ဖက်လိုက်ပါဦး”

အေဗရယ်၏ ဦးခေါင်းမှာ ရုတ်တရက် ငုံ့ကျသွားပြီး အမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားမှု ပုံပေါက်သည်။

“အီး၊ မင်း တည်တည်ကြည်ကြည်မရှိတဲ့ အချိန်ကျတော့ နှာဘူးတစ်ယောက်လို ဖြစ်နေပြီ”

နောက်တစ်နေ့ အရုဏ်မတက်မီမှာပင် စက်ပြင်ဆရာများ အားလုံးမှာ အလုပ်များကို စိတ်လှုပ်ရှားစွာ စတင်နေကြပြီဖြစ်သည်။

ထိုနေဗီထုတ် သိမ်းငှက်အဆင့်-ဖရီးဂိတ်ကို အလုပ်ရုံထဲသို့ ယူဆောင်လာခဲ့ပြီး ဘိုတန်က အခြားအလုပ်သမားရှစ်ဦးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီကို စတင်စစ်ဆေးပြီး ပျက်စီးနေသော အစိတ်အပိုင်းအားလုံးကို ဖယ်ထုတ်လိုက်သည်။အာကာသယာဉ်ကို ပြုပြင်မွမ်းမံရာမှာ ပထမဆုံး ဖြစ်သည့် စစ်ဆေးခြင်းနဲ့ ဖယ်ရှားခြင်းပင်ဖြစ်သည်။

ရှဖေးက ဘိုတန်ဆီကနေ စွယ်စုံသုံးပြုပြင်ရေး ပလာယာကို တောင်းယူလိုက်ပြီး သူ့လက်မှ အကျီကို လိပ်တင်ကာ အလွန်တည်ကြည်သော အမူအရာဖြင့် သူတို့နှင့် အတူ အလုပ်ထဲတွင် ပါဝင်လိုက်သည်။

စွယ်စုံသုံး ပြုပြင်ရေး ပလာယာသည် 1.5 မီတာ ရှိပြီး ဆယ်ကီလိုဂရမ်ကျော် လေးလံပေသည်။၎င်းမှာ ကြီးမားသော ပိုက်ကလပ်တစ်ခုနှင့် ဆင်တူပြီး အပေါ်ပိုင်းတွင် ရှုပ်ထွေးသော စက်ပိုင်းဆိုင်ရာ တည်ဆောက်ပုံများဖြစ်သည်။ဤမှာ အလွန်ကောင်းပြီး ရာထူးပြောင်းရန် မလိုဘဲ စက်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကိုမဆို ဖြုတ်နိုင်စွမ်းရှိပေသည်။

ရှဖေးသည် ဝက်အူများကို ဖြုတ်ခြင်း အစရှိသည့် အခြေခံအကျဆုံး ကျွမ်းကျင်မှုများကို စတင်သင်ယူခဲ့ပြီး ကိုယ်ထည်အောက်တွင် လှဲလျောင်းကာ ဖြုတ်ရခက်ခဲသော လေဖိအားသုံးဂီယာများကို ဖယ်ရှားရန် ကြိုးစားနေပေသည်။

ခေတ္တကြာပြီးနောက် သူသည် လေဖိအားသုံးဗားကို နောက်ဆုံးတွင် ဖယ်ရှားနိုင်ခဲ့သည်။သူသည် စွယ်စုံသုံး ပြုပြင်ရေး ပလာယာကိုု သူ့ခါးပတ်တွင် ချိတ်လိုက်ပြီး ဘိုတန်ဆီသို့ လျှောက်သွားကာ သူ့နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်သည်။

“နောက်ထပ်တွေ ဘာတွေဖြုတ်ဖို့ လိုသေးလဲ”

အလုပ်ရုံထဲတွင် ထူထဲပြီး ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“နောက်ထပ်ကတော့ မင်းရဲ့ဘဏ်ကတ်ကိုယူပြီး ငါ့နောက်ကို လိုက်ခဲ့ဖို့ပဲ”

ရှဖေး လှမ်းကြည့်ရာ ပေါ်တာအိုကြီးက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင်ပိုက်ကာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

“ဟဲ...အန်ကယ် ပေါ်တာ၊နိုးပြီလား။ရှဖေးက ထိုလူအိုကြီး အနားသို့ ကပ်ကာ နှုတ်ဆက်လိုက်သည်။သူ့အမြင်မှာ နီရဲနေပြီး ၎င်းမှာ အာကာသ ပြုပြင်မွမ်းမံမှု အတွက် ရေးဆွဲနေရသည့် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ကြောင်း ပြသနေပေသည်။

ပေါ်တာသည် သူ၏လက်တဖက်ဖြင့် ရှဖေး၏ ကျောကို ပုတ်လိုက်သည်။“မင်းဟာ အာကာသ ပြုပြင်ထိန်းသိမ်းရေး ပညာကို သင်ယူဖို့ တကယ်ပဲ စိတ်အားထက်သန်နေတဲ့ ပုံပဲ၊ မင်းတကယ် သင်ချင်တယ်ဆိုရင် ငါသိသမျှကို နောက်ကျရင် သင်ပေးမယ်၊ အခုတော့ ငါနဲ့ အတူ မှောင်ခိုဈေးကွက်ကို လိုက်ခဲ့ဖို့ လိုတယ်”

“မှောင်ခိုဈေးကွက် ဟုတ်လား။

"ဒါပေါ့ "ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ရောင်းတဲ့ နေရာလေ။ ငါမနေ့ညက ငါ့ရဲ့သူငယ်ချင်းဟောင်းအချို့ကို ဆက်သွယ်ခဲ့တယ်၊ ဘာတွေရခဲ့လဲ သိလား ၊ ပဲ့ထိန်းခြင်းနှင့် ထိန်းချုပ်ရေး မော်ဂျူး နှစ်ခုရခဲ့ပြီ။ငါ အခုပဲ မင်းကို အဲဒီကို ခေါ်သွားပြီး ပြမယ်” ပေါ်တာက အားရပါးရ ရယ်မောလိုက်သည်။

“မင်းရဲ့ဘဏ်ကတ်ကို အဆင်သင့်ပြင်ထားပါ၊ အဲဒီအရာတွေက ဈေးမသက်သာဘူးနော်”

ရှဖေးမှာ သူ့နှလုံးသားထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ဒါက ဒုတိယ ဖန်တန်လို့ ပင်။

အခန်း ၆၈ - ဝယ်ယူခြင်းနှင့် အရိပ်အယောင်

အမ်တာရို ကြယ်တာရာ နယ်မြေ၏ အစွန်အဖျားတွင် တည်ရှိသည့် အေစီဂျီ ကြယ်တာရာစုသည် ဥပဒေမဲ့ဇုန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် ဤနေရာတွင် အမျိုးမျိုးသော တရားမဝင် အရောင်းအဝယ်များ ရှိနေခြင်းသည် အံ့သြစရာ မဟုတ်ချေ။ နာမည်ကျော် ပါရီဒေး ပင်လယ်ဓားပြများပင်လျှင် ဤကြယ်တာရာစုတွင် ရိက္ခာများ လာရောက်ဖြည့်တင်းလေ့ ရှိသည်ဟု သိရပေသည်။

ပေါ်တာသည် ရှဖေးနှင့်အတူ ဖရီးဂိတ် စစ်သင်္ဘောငယ်ကို မောင်းနှင်ကာ မှောင်ခိုစျေးကွက် တည်ရှိရာ အေစီဂျီ-၁၉ ဆီသို့ ဦးတည်လိုက်သည်။ အေစီဂျီ-၁၉ သည် များသောအားဖြင့် သဲကန္တာရများ ဖုံးလွှမ်းနေသော ဂြိုဟ်တစ်လုံးဖြစ်ပေသည်။ ရေအရင်းအမြစ် နည်းပါးပြီး ရာသီဥတု ဆိုးရွားလှသဖြင့် လူသားများ နေထိုင်ရန် မသင့်တော်သော်လည်း ပါးနပ်သော ဥပဒေပြင်ပ လူသားအချို့ အခြေချနေထိုင်ခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။

အာကာသယာဉ်သည် သဲကန္တာရ၏ တစ်နေရာတွင် ဝဲပျံနေစဉ် ပေါ်တာက အင်တာကွမ်းပေါ်တွင် မော့စ်ကုဒ်များ ပို့လွှတ်နေသကဲ့သို့ စာလုံးအချို့ကို စည်းချက်ကျကျ ရိုက်နှိပ်လိုက်သည်။ မကြာမီမှာပင် သဲကန္တာရအတွင်းရှိ သဲသောင်ပြင်တစ်ခုသည် တဖြည်းဖြည်း ရွေ့လျားသွားပြီးနောက် စက်ဝိုင်းပုံစံ အဝင်ဝတစ်ခု ပွင့်လာခဲ့သည်။ ပေါ်တာသည် အာကာသယာဉ်ကို ဆင်းသက်ကွင်းပေါ်သို့ ဒေါင်လိုက် ဆင်းသက်စေလိုက်ပြီးနောက် ၎င်းတို့အပေါ်ရှိ အဝင်ဝမှာ ပြန်လည် ပိတ်သွားခဲ့သည်။

ရှဖေးနှင့် ပေါ်တာတို့သည် အာကာသယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ဆင်းသက်ကွင်းအောက်၌ စောင့်နေသည့် သန်မာထွားကြိုင်းသော အမျိုးသားနှစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ပခုံးတွင် လက်နက်များ ချိတ်ဆွဲထားကာ နှစ်ယောက်စလုံး ပြုံးပြနေကြသည်။

“ပေါ်တာအိုကြီး၊ ခင်ဗျား ပြန်လာပြီပဲ” ထိုလူနှစ်ဦးက ရွှန်းရွှန်းဝေဝေ ပြုံးလျက် နှုတ်ဆက်ကြသည်။

“အေး” ဟု ပေါ်တာက ခေါင်းညိတ်ရင်း သူ၏ အိတ်ကပ်ထဲမှ ငွေအချို့ကို ၎င်းတို့လက်ထဲသို့ ထည့်ပေးလိုက်သည်။ “ဒီယာဉ်ကို သေချာကြည့်ထားပေးဦး၊ ငါပြန်လာရင် မင်းတို့ကို တစ်ခွက်တိုက်မယ်” ဟု ပြောလိုက်သည်။

ထို့နောက် ပေါ်တာသည် ရှဖေးကို ခေါ်ဆောင်ကာ အဆောက်အဦးအတွင်းပိုင်းသို့ ဦးတည်သည့် ကျဉ်းမြောင်းမှောင်မည်းသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။

“ဒါက စိတ္တဇဆေးတွေ၊ လက်နက်တွေ ဒါမှမဟုတ် အမျိုးသမီးတွေအထိ ဘာမဆို ဝယ်လို့ရတဲ့ နာမည်ကြီး မှောင်ခိုစျေးကွက်ပဲ၊ ဒီနေရာက အနီးအနားက ကြယ်တာရာစု ဒါဇင်ပေါင်းများစွာထဲမှာ အစည်ကားဆုံးနေရာဖြစ်တယ်” ပေါ်တာက ရှဖေးကို မိတ်ဆက်ပေးလိုက်သည်။ “ကျွန်တော်က အာကာသယာဉ်ထဲ ရောက်နေသလို ခံစားနေရတယ်” ရှဖေးက ပတ်ဝန်းကျင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်းထင်တာ မမှားပါဘူး၊ ဒါက မူလက စွန့်ပစ်ထားတဲ့ စစ်သင်္ဘောကြီးတစ်စင်း ဖြစ်တယ်၊ အစပိုင်းမှာ တစ်စုံတစ်ယောက်က သိုလှောင်ရုံအဖြစ် အသုံးပြုခဲ့ရာကနေ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ဒီလောက်အထိ ကြီးမားလာတာပဲ၊ အာကာသယာဉ် တစ်စင်းလုံးကို အသုံးချရုံတင်မကဘဲ ဂြိုဟ်ပေါ်မှာ ဥမင်လိုဏ်ခေါင်းတွေ အများကြီး ထပ်တူးထားသေးတယ်၊ ဒါက အဝင်ဝတွေထဲက တစ်ခုပဲ” ပြောလိုက်သည်။ ၎င်းတို့သည် ကျဉ်းမြောင်းကွေ့ကောက်သော လမ်းအတိုင်း အတန်ကြာ လျှောက်လှမ်းပြီးနောက် ရုတ်တရက် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ဤနေရာသည် မီးရောင်စုံလင်းထိန်နေသော တောင်သူစျေးကွက်ကြီးတစ်ခုနှင့် တူပြီး လမ်းဘေးဝဲယာတွင် ဆိုင်တန်းများ ရှိနေပေသည်။ ထောင်နှင့်ချီသော အမျိုးသား၊ အမျိုးသမီးများသည် ဤစျေးအတွင်း စုဝေးနေကြပြီး တစ်ဦးချင်းစီက မသင်္ကာဖွယ်ရာ ကောင်းလှသလို ရှဖေးကဲ့သို့ စိမ်းသက်သူတစ်ဦးကိုလည်း သတိကြီးစွာ စောင့်ကြည့်နေကြသည်။ ပေါ်တာမှာမူ ဤနေရာရှိ အခြေအနေအားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေပုံရပြီး လူအများကို ဘယ်ပြန်ညာပြန် နှုတ်ဆက်နေပေသည်။ ရှဖေး သတိပြုမိသည်မှာ ထိုစျေးရှိ မည်သည့်ဆိုင်တွင်မှ ဆိုင်နာမည် သို့မဟုတ် ရောင်းချမည့် ပစ္စည်းများကို ပြသထားခြင်း မရှိချေ။

ပေါ်တာနှင့် ရှဖေးတို့သည် ဘီယာပုလင်းခွံများဖြင့် ပြည့်နှက်နေသော ဆိုင်ငယ်လေးတစ်ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်။ ထိုနေရာတွင် ဘီယာများ တင်ထားသည့် စင်တစ်ခုသာ ရှိပြီး ၎င်းနောက်ကွယ်မှ ဆိုဖာရှည်ပေါ်တွင် ပိန်လှီသော လူလတ်ပိုင်း အမျိုးသားတစ်ဦး အိပ်ပျော်နေသည်။ ပေါ်တာက ဘာမှမပြောဘဲ ထိုလူကို ဆိုဖာပေါ်မှ ကန်ချလိုက်သည်။

“ဘယ်သူလဲဟ” “ဘယ်က အရူးက သေချင်နေတာလဲ” ထိုလူက လန့်နိုးသွားကာ ခါးကြားမှ ဓားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ ဘီယာနံ့များက ပြင်းထန်လွန်းသဖြင့် ရှဖေးမှာ အသက်ရှုရန်ပင် ခက်ခဲသွားခဲ့သည်။

ထိုသူသည် ပေါ်တာ၏ မျက်နှာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရှက်ပြုံး ပြုံးလိုက်ပြီး လက်ထဲမှ ဓားမှာလည်း လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။

“အိုး... ပေါ်တာ အစ်ကိုကြီးပါလား၊ ဝင်ထိုင်ပါဦး” သူက ယဉ်ကျေးစွာ ပြောလိုက်သည်။ သူသည် ရှဖေးကို အကဲခတ်ကြည့်ပြီးနောက် “ဒါက ဘယ်သူလဲ” ဟု ပေါ်တာကို မေးမြန်းလိုက်သည်။

“မင်းရဲ့ အပိုစကားတွေကို ရပ်လိုက်တော့၊ ငါမှာထားတာတွေ ဘယ်မှာလဲ” ပေါ်တာက အမိန့်ပေးသံဖြင့် မေးမြန်းလိုက်သည်။

“ဂိုဒေါင်ထဲမှာပါ၊ အားလုံး အဆင်သင့် ထုပ်ပိုးထားပါတယ်” ထိုလူက ပြောရင်း နံရံရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ပေါ်တာနှင့် ရှဖေးတို့သည် ထိုလူနောက်မှ လိုက်ပါလာပြီး စတုရန်းမီတာ တစ်ထောင်ခန့် ကျယ်ဝန်းသော ဂိုဒေါင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် အရွယ်အစားမျိုးစုံရှိသော သစ်သားသေတ္တာများ ရှိနေပေသည်။ ထိုလူက ပေါ်တာကို သေတ္တာ သုံးလုံး ပြသလိုက်ပြီး ၎င်းတို့အတွင်း၌ ဝပ်ခရီးစဉ် ဖြတ်တောက်စက်၊ ဆွဲငင်ထိန်းချုပ်မှု မော်ဂျူးနှင့် ဝပ် အာကာသခုန်ကျော် တည်ငြိမ်မှု ထိန်းညှိစက်တို့ ပါဝင်နေပေသည်။

ပေါ်တာက ပစ္စည်းသုံးမျိုးကို စစ်ဆေးလိုက်သည်။ “အင်း... ပြဿနာ မရှိဘူး၊ ဒါတွေကို ငါ့ယာဉ်ရှိရာ အမှတ် ၁၀၂၂ ဆင်းသက်ကွင်းကို ပို့ပေးလိုက်” ဟု ပြောလိုက်သည်။

“ပေါ်တာ အစ်ကိုကြီး၊ စာရင်းကြည့်ပေးပါဦး၊ ဒါတွေက တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ” ထိုလူက သတိထားကာ ပြောလိုက်သည်။ ပေါ်တာက ခေါင်းညိတ်ပြပြီး ရှဖေးဘက် လှည့်လိုက်သည်။

“စုစုပေါင်း သန်းသုံးဆယ် ကျတယ်၊ သူ့ကို ငွေလွှဲပေးလိုက်” ပြောလိုက်သည်။ “အစ်ကိုကြီး၊ တစ်ခုကို ၁၂ သန်းဆိုတော့ စုစုပေါင်း ၃၆ သန်း ကျသင့်တာပါ” ထိုလူမှာ လန့်သွားကာ ပြောလိုက်သည်။

“ဟင့်... မင်းဒါတွေကို ကေအိုကြီးဆီက ရထားတာ လူတိုင်းသိတယ်၊ ငါကိုယ်တိုင် သွားဝယ်ရင် သန်းနှစ်ဆယ်တောင် မပေးရဘူး၊ အရမ်း အလောမကြီးနဲ့” ပေါ်တာက အေးစက်စွာ ပြောလိုက်သည်။

ရှဖေးက သန်းသုံးဆယ်ကို လွှဲပေးလိုက်ပြီး ပေါ်တာနှင့်အတူ ပြန်ထွက်လာခဲ့သည်။ ၎င်းတို့သည် ဘားတစ်ခုတွင် ဘီယာသောက်ရင်း အပန်းဖြေနေကြသည်။

“ပေါ်တာ ဦးလေး၊ ဒီပစ္စည်းတွေက သိပ်မစျေးကြီးပါဘူး၊ ကျွန်တော် အင်တာနက်မှာ ရှာကြည့်တုန်းက တစ်ခုကို ၁၅ သန်းလောက် ရှိတာ၊ အခု သုံးခုလုံးကို သန်းသုံးဆယ်နဲ့ ရလိုက်တော့ သန်းတစ်ဆယ်ငါးသန်းလောက် သက်သာသွားတာပဲ” ရှဖေးက ရယ်မောရင်း ပြောလိုက်သည်။

“ပစ္စည်းတွေက စျေးမချိုရင် ဒါကို မှောင်ခိုစျေးကွက်လို့ ခေါ်မှာ မဟုတ်ဘူး၊ ဒါတွေက ခိုးလာတာ ဒါမှမဟုတ် တရားမဝင် သိမ်းဆည်းခံထားရတာတွေလေ” ပေါ်တာက ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ဒီနေ့ ငါတို့ ဒီကို လာတဲ့ အဓိက အကြောင်းရင်းက ဒါတွေ မဟုတ်သေးဘူး၊ မင်း ဘယ်တော့မှ ခန့်မှန်းလို့ မရနိုင်တဲ့ ပစ္စည်းတစ်ခု ယူလာမယ့်လူကို စောင့်နေတာ၊ ငွေထုတ်ပေးဖို့သာ ပြင်ထားတော့၊ ခဏနေ မင်းနာကျင်ခံစားရမယ့် ပုံစံကို ငါကြည့်ချင်လှပြီ” ပေါ်တာက လျှို့ဝှက်စွာ ပြောလိုက်သည်။ ရှဖေးက ဘီယာကို တစ်ငုံသောက်လိုက်ပြီး “ပစ္စည်းကောင်းဖို့သာ လိုတာပါ၊ ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲ” ဟု ပြောလိုက်သည်။

ခဏအကြာတွင် မျက်ခုံးထူထူနှင့် လူငယ်တစ်ဦး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ရောက်ရှိလာသည်။ ထိုလူငယ်သည် ပေါ်တာ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မှ ဘီယာတစ်ပုလင်းကို ယူကာ အဖုံးဖွင့်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။ ပေါ်တာ၏ မျက်ခုံးများ တွန့်ချိုးသွားသော်လည်း စကားတစ်ခွန်းမျှ မဆိုပေ။ မသက်မသာ အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။

“ဘန်း”

“ကေအိုကြီးက ကျွန်တော့်ဆီ လာသွားပြီး ဦးလေးမှာထားတဲ့ ပစ္စည်းကို ယူသွားပြီ” ထိုလူငယ်က ပုလင်းကို လွှတ်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ပေါ်တာက စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး စိုးရိမ်တကြီးဖြင့် “မင်း အဆင်ပြေရဲ့လား” ဟု မေးမြန်းလိုက်သည်။ လူငယ်က ခေါင်းခါလိုက်ပြီး ခါးသီးသော အမူအရာဖြင့် “အဆင်ပြေပါတယ်၊ သူက စကားပါးလိုက်တယ်” ဟု ပြောသည်။ “ဘာတဲ့လဲ” ဟု ပေါ်တာက မေးလိုက်သည်။

“သင်္ချိုင်းမြေက သူ့အပိုင်ပဲတဲ့” ဟု လူငယ်က တမင်တကာ တခြားတစ်ဖက်ကို ကြည့်ရင်း ပြောလိုက်သည်။ သူသည် ပေါ်တာ မှာကြားသည့် ပစ္စည်းကို မယူလာနိုင်သဖြင့် အားနာနေပုံရပေသည်။

“ရှောင်ထျန်း၊ ငါတို့ အဲ့ဒီပစ္စည်းကို နောက်မှ ထပ်ရှာလို့ရတယ်၊ မင်း ဘေးကင်းဖို့က ပိုအရေးကြီးတယ်” ပေါ်တာက လူငယ်၏ ပခုံးကို ပုတ်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။ ရှောင်ထျန်း အမည်ရှိသော ထိုလူငယ်သည် စိတ်လှုပ်ရှားသွားပြီး အားယူကာ ပြုံးပြလိုက်သည်။

“ဆရာ၊ ကျွန်တော်က ဆရာ့တပည့်အနေနဲ့ ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကျွန်တော့်အကြောင်း ဆရာသိပါတယ်၊ ကျွန်တော် အမြဲတမ်း တစ်ခုခုတော့ ချန်ထားတတ်တယ်၊ ကေအိုကြီးက အင်ဂျင်ကိုပဲ ယူသွားတာ၊ သူ နယူထရွန် အမြောက်တွေနဲ့ ဒုံးကျည် ပစ်လွှတ်စက်တွေကို မတွေ့သွားဘူး” ရှောင်ထျန်းက ပြောလိုက်သည်။

လက်နက်စနစ်များသည် လုံလောက်သော စွမ်းအင်အရင်းအမြစ်နှင့် အာကာသယာဉ်၏ အနေအထားနှင့် တိကျရန် လိုအပ်ပေသည်။ နေဗီထုတ် သိမ်းငှက်အတန်းအစား ဖရီးဂိတ်တွင် လက်နက်များ တပ်ဆင်နိုင်သည့် စွမ်းအင်အရင်းအမြစ် အပေါက် လေးခု ပါရှိပြီး ရှဖေးသည် သူ၏ ဟွတ်ဘေးယာဉ်တွင် နယူထရွန် အမြောက်အသေးစား နှစ်လက်နှင့် ဒုံးကျည် ပစ်လွှတ်စက် အသေးစား နှစ်ခု တပ်ဆင်ရန် ဆုံးဖြတ်ထားသည်။

နယူထရွန် အမြောက်သည် လက်ရှိ စျေးကွက်တွင် အပြင်းထန်ဆုံး အမြောက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် တစ်မိနစ်လျှင် အချက်ရေ ၁၂၀ ခန့်သာ ပစ်ခတ်နိုင်သဖြင့် ပစ်ခတ်နှုန်း မမြန်သော်လည်း ထိုးဖောက်နိုင်စွမ်း အလွန်မြင့်မားပြီး ရန်သူ့ယာဉ်၏ ထူထဲသော သံချပ်ကာကို ဖောက်ထွင်းနိုင်သည့်အပြင် ၎င်း၏ စွမ်းအင်သုံးစွဲမှုသည် အပူစွမ်းအင်သုံး လက်နက်များထက် များစွာ လျော့နည်းပေသည်။ ဖရီးဂိတ် ယာဉ်ငယ်များတွင် ကြီးမားသော စွမ်းအင်အရင်းအမြစ်ကို မတပ်ဆင်နိုင်သဖြင့် စွမ်းအင်သုံးစွဲမှုကို တင်းကြပ်စွာ ထိန်းချုပ်ရန် အရေးကြီးပေသည်။

ဒုံးကျည်စနစ်၏ အားသာချက်များမှာ ထင်ရှားလှပေသည်၊ ၎င်းသည် လျင်မြန်သော ရန်သူများကို ကောင်းမွန်သော ပစ်ခတ်အားဖြင့် လိုက်လံ ပစ်ခတ်နိုင်သည်။ ပို၍ အရေးကြီးသည်မှာ ဒုံးကျည်စနစ်သည် ၎င်း၏ ကိုယ်ပိုင် ဂျက်စနစ်အပေါ် မူတည်သဖြင့် စွမ်းအင်အရင်းအမြစ်ကို သုံးစွဲရန် မလိုအပ်ချေ။ နယူထရွန် အမြောက်နှင့် ဒုံးကျည်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးကြသည်။ ၎င်းတို့သည် မြင့်မားသော ပျက်စီးမှုကို ပေးစွမ်းနိုင်ရုံသာမက ရန်သူအမျိုးမျိုးကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။

စွမ်းအင်များစွာ ချွေတာနိုင်ခြင်းက အာကာသယာဉ်၏ လှုပ်ရှားနိုင်စွမ်းနှင့် ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်ရာတွင် အရင်းအမြစ်များ ပိုမို အသုံးပြုနိုင်စေသည်။ ထို့အပြင် ထိပ်တန်း အီလက်ထရောနစ် ပစ္စည်းကိရိယာများသည်လည်း စွမ်းအင်သုံးစွဲမှု များပြားလေ့ရှိသည်။

“ဆရာ၊ ကေအိုကြီးက ဆရာ့ဖုန်းတွေကို ကြားဖြတ် နားထောင်နေတယ်လို့ ကျွန်တော် သံသယရှိတယ်၊ ဒါကြောင့် ဒီတစ်ခေါက် ဆရာ ဘာရှာနေလဲဆိုတာ သူသိနေတာ၊ ကျွန်တော့်မှာ စစ်ဘက်သုံး ကုဒ်ဝှက် ဖုန်းတစ်လုံး ရှိတယ်၊ နောက်တစ်ခါကျရင် ဆရာ ဒါကို သုံးတာ ပိုကောင်းလိမ့်မယ်” ပြောရင်း ရှောင်ထျန်းက မီးခြစ်ဗူးအရွယ်အစားခန့်ရှိသော ဂြိုဟ်တုဖုန်းတစ်လုံးကို ပေါ်တာလက်ထဲသို့ ထည့်ပေးလိုက်သည်။

နယူထရွန် အမြောက်တစ်စုံနှင့် ဒုံးကျည် ပစ်လွှတ်စက်တစ်စုံတို့အတွက် ရှဖေးသည် စုစုပေါင်း ကြယ်တာရာငွေကြေး ၂၄ သန်း ကျသင့်ခဲ့သည်။ ရှဖေးက ငွေလွှဲပေးလိုက်ပြီးနောက် ရှောင်ထျန်းသည် ၎င်းတို့နှစ်ဦးကို ခေါင်းညိတ်နှုတ်ဆက်ကာ လေတစ်ချက်သဖွယ် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

“ရှောင်ထျန်းက ဦးလေးရဲ့ တပည့်လား” ရှဖေးသည် စီးကရက်ကို ရှိုက်ဖွာရင်း မေးမြန်းလိုက်သည်။

“အေး၊ သူက ငါ့တပည့်တွေထဲမှာ အငယ်ဆုံးနဲ့ ပါရမီအရှိဆုံးပဲ၊ သူ့ညီမရဲ့ မျက်စိကုသဖို့ ငွေအရေးတကြီး လိုနေလို့ ငါ့စက်ရုံကနေထွက်ပြီး လက်နက်ပွဲစား ဖြစ်လာတာ” ပေါ်တာက ဖြေသည်။

“ဖြစ်ပြီးမှ ငါသိရတာ၊ အဲ့ဒီနေ့က ငါ သူ့ကို ဆိုးဆိုးရွားရွား ဆူပူကြိမ်းမောင်းလိုက်မိတယ်၊ အခု ပြန်စဉ်းစားကြည့်တော့ ငါတကယ် နောင်တရမိတယ်၊ အဲ့ကောင်လေးက အရမ်း ခေါင်းမာတာ၊ အစကတည်းကသာ ငါ့ကို ပြောခဲ့ရင် သိုလှောင်ထားတာတွေ ရောင်းရရင်တောင် ငါသူ့အတွက် ရန်ပုံငွေ ရှာပေးနိုင်ပါတယ်၊ ဒါပေမယ့် သူက ငါ့ကို လုံးဝ အသိမပေးခဲ့ဘူး” ပေါ်တာက ပြောလိုက်သည်။

ပေါ်တာအိုကြီးသည် နားထင်ကို ဖိပွတ်ရင်း ပြောလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပိုမို ထင်ရှားလာသည်။ ရှဖေးသည် နှစ်သိမ့်စကား အချို့ ပြောချင်သော်လည်း မည်သို့ စပြောရမည်ကို မသိဖြစ်နေသည်။

“ကေအိုကြီးက ဘယ်သူလဲ” ရှဖေးက စကားလွှဲကာ မေးလိုက်သည်။ ပေါ်တာသည် ရှဖေး၏ စီးကရက်ဗူးထဲမှ ဟုန်ထာ့ရှန်း စီးကရက်တစ်လိပ်ကို ယူကာ မီးညှိလိုက်သည်။

“အဟွတ် အဟွတ်”

“ဒါက ဘာကြီးလဲဟ၊ ဘာလို့ သောက်ရတာ ဒီလောက် ခက်ရတာလဲ” ဟု ပေါ်တာက နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး မျက်နှာ ရှုံ့မဲ့သွားကာ မျက်ရည်များပင် ဝဲလာသည်။ ရှဖေးက ပြုံးလိုက်ပြီး ဘာမှ ဝင်မပြောပေ။ ရှဖေး တွေ့ဖူးသမျှ အခြားဒေသလူသားများ မည်သူမျှ ဆေးလိပ် မသောက်ကြပေ၊ ဆေးရွက်ကြီးသည် ကမ္ဘာမြေတွင်သာ ရှိပုံရသည်။

“ကေအိုကြီးက အရင်တုန်းက ပင်လယ်ဓားပြတစ်ယောက်ပေါ့၊ အသက်ကြီးလာတော့ ဒီလောကကနေ လက်ဆေးပြီး တခြားသူတွေကို လိုက်လုယက်မယ့်အစား အာကာသယာဉ်တွေ တပ်ဆင်တဲ့အလုပ်ကို စလုပ်လာတာ” ပေါ်တာက ဘီယာကို တစ်ငုံမော့လိုက်ပြီး ပြောသည်။

“မကြာသေးခင်က သူ ငါ့ဆီက ပစ္စည်းတစ်ခု ဝယ်ချင်နေတာ၊ ငါက သူ့ကို ရောင်းဖို့ ငြင်းထားတော့ ငါတို့အချင်းချင်း သိပ်မကြည်ကြဘူး၊ တကယ်တော့ ငါက ဘာမှမဖြစ်ပါဘူး၊ မင်းအတွက် ငါမှာထားတဲ့ ဘလက်မန်ဘာအင်ဂျင် ပါသွားတာကသာ တကယ် နှမြောဖို့ ကောင်းတာ” ဟု ပြောလိုက်သည်။ “ဘယ်အင်ဂျင်လို့ ပြောလိုက်တာလဲ” ရှဖေးသည် ခေတ္တမျှ ကြောင်သွားပြီး ဟု အလောတကြီး မေးလိုက်သည်။ “ဘလက်မန်ဘာ အင်ဂျင် - ၁၃၀ မော်ဒယ်လေ” ဟု ပေါ်တာက သက်ပြင်းချရင်း ပြောလိုက်သည်။

အခန်း ၆၉ - မြင့်တက်လာသော ဖိအား

အင်ဂျင်သည် လူသားတစ်ဦး၏ နှလုံးကဲ့သို့ပင် အာကာသယာဉ်တစ်စင်း၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ ကျန်းမာသော နှလုံးမရှိဘဲ ခန္ဓာကိုယ်သည် ပြင်းထန်သော အလုပ်များကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

တပ်မတော်သုံး သိမ်းငှက်အဆင့် ဖရီးဂိတ်စစ်သင်္ဘောအား ပြန်လည်ပြုပြင်ရာတွင် အသုံးပြုမည့် အစိတ်အပိုင်းများ အားလုံးသည် အမြင့်မားဆုံး စံချိန်စံညွှန်းများ ဖြစ်ရမည် ဖြစ်ရာ အင်ဂျင်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

မဟာမိတ်အဖွဲ့အတွင်း ထိပ်တန်း အစိတ်အပိုင်း ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်နဂါးနက် ကော်ပိုရေးရှင်းမှ တည်ဆောက်ထားသော ဘလက်မန်ဘာ ၁၃၀ အင်ဂျင်ကို အသုံးပြုထားခြင်းဖြစ်သည်။ ပုံမှန် ဖရီးဂိတ် အင်ဂျင်များသည် တွန်းကန်အား ယူနစ် တစ်ရာခန့်သာ ထုတ်လုပ်နိုင်သော်လည်း ဘလက်မန်ဘာ ၁၃၀ အင်ဂျင်သည် အကောင်းဆုံး ပြုပြင်မွမ်းမံထားသော စက်မှုဖွဲ့စည်းပုံနှင့် စွမ်းအင်စနစ်မှတဆင့် တွန်းကန်အား ယူနစ် တစ်ရာ့သုံးဆယ်အထိ ထုတ်လုပ်နိုင်ပြီး ပုံမှန် ဖရီးဂိတ် အင်ဂျင်များနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။

သိပ္ပံပညာ တိုးတက်လာသည့် လက်ရှိ အနေအထားအရ နည်းပညာများစွာသည် ယင်းတို့၏ အကန့်အသတ်အထိ ရောက်ရှိနေပြီ ဖြစ်ရာ စွမ်းဆောင်ရည် အနည်းငယ် တိုးတက်စေရန်အတွက်ပင် ကုန်ကျစရိတ် အလွန်များပြားလှသည်။

ဘလက်မန်ဘာ ၁၃၀ အင်ဂျင်၏ စွမ်းဆောင်ရည်သည် သာမန်အင်ဂျင်ထက် ၃၀ ရာခိုင်နှုန်းသာ ပိုမိုမြင့်မားသော်လည်း ဤအချက်ကို ရရှိရန် နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုမှာ သာမန်လူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပေသည်။

အင်ဂျင်စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ကောင်းကင်နဂါးနက် ကော်ပိုရေးရှင်းသည် စံချိန်မီ အင်ဂျင်တစ်ခုအား ပြုပြင်မွမ်းမံမှုပေါင်း သောင်းချီ ပြုလုပ်ခဲ့ပြီး ထိပ်တန်းအဆင့် အင်ဂျင်တစ်ခု ထုတ်လုပ်ရန် နှစ်ပေါင်း တစ်ရာကျော် အချိန်ယူခဲ့ရသည်ဟု ပြောလိုက်သည်။

ထိုကဲ့သို့သော ထိပ်တန်းအဆင့် စက်ကိရိယာများ ဖန်တီးမှု လုပ်ငန်းစဉ် ရှုပ်ထွေးမှုကြောင့် ထုတ်လုပ်မှုနှုန်း အလွန်နိမ့်ကျသည်။ ဈေးကွက်အတွင်း ဝယ်ယူနိုင်သူ အလွန်ရှားပါးပြီး ဘလက်မန်ဘာ ၁၃၀ အင်ဂျင် တစ်လုံး သို့မဟုတ် နှစ်လုံး ရောင်းချရန် ပေါ်လာသည့်အခါတိုင်း ဈေးနှုန်းမှာ ပုံမှန်မော်ဒယ်များထက် အဆပေါင်းများစွာ မြင့်မားလေ့ရှိသည်။

ထိပ်တန်း ထုတ်လုပ်သူများကြားတွင် သာမန် ဂလက်ဆီနိုင်ငံသားများအား ရောင်းချခြင်း မပြုမီ စကြဝဠာအတွင်းရှိ အထူးအခွင့်အရေး ရရှိထားသော လူတန်းစားများအတွက် ၎င်းတို့၏ ထုတ်ကုန်များကို ဦးစွာ ဝန်ဆောင်မှုပေးလေ့ရှိသော ထုံးတမ်းစဉ်လာ တစ်ခု ရှိပေသည်။

ရှဖေးသည် ထိုကဲ့သို့သော ထိပ်တန်းအဆင့် အင်ဂျင်တစ်ခုကို ရယူရန် အခွင့်အရေး လက်လွတ်သွားခြင်းက မည်သို့သော အဓိပ္ပါယ်ရှိသည်ကို ကောင်းစွာ သိရှိနားလည်သည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြုံးလိုက်သည်။

“ ဦးလေးပေါ်တာ ဦးလေးအနေနဲ့ အရမ်း စိတ်ပျက်မနေပါနဲ့ ဒီအင်ဂျင်ကိစ္စအတွက် ကျွန်တော်တို့ အဖြေရှာလို့ ရနိုင်ပါတယ် ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ နောက်ထပ် ထိပ်တန်းအဆင့် အင်ဂျင်တစ်ခု ကျွန်တော်တို့ လက်ထဲ မရနိုင်ဘူးဆိုတာ ကျွန်တော် မယုံပါဘူး ”

ပေါ်တာက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး လာလမ်းအတိုင်း ပြန်လှည့်လာခဲ့ကြသည်။

အပြန်ခရီးတွင် လေထုက အနည်းငယ် လေးလံနေသည်။ ရှဖေးသည် လမ်းတစ်လျှောက်လုံး ကေကြီး ကိစ္စကို တွေးတောနေမိသည်။ သူသည် ထိုသူကို မသိသလို သိလည်း မသိချင်ပေမယ့် ထိုသူစိမ်းက သူဝယ်ယူထားသည့် အာကာသယာဉ် တပ်ဆင်ရေး အစီအစဉ်ကို မသိမသာ ဝင်ရောက် စွက်ဖက်လာခဲ့ရာ ရှဖေးအနေဖြင့် လုံးဝ မကျေနပ်ပေ။

ပေါ်တာ မှာယူထားသော အခြားအစိတ်အပိုင်းများမှာ ကြယ်တာရာ အမြန်ချောပို့ ကုမ္ပဏီအမျိုးမျိုးမှတဆင့် စက်ရုံသို့ ဆက်လက် ရောက်ရှိလာသည်။ အာကာသယာဉ်ကို ပြီးပြည့်စုံစွာ တပ်ဆင်ရန် အစိတ်အပိုင်းများ မလုံလောက်သေးသဖြင့် လိုအပ်သည်များကို 3D ပုံစံငယ်များ ဖန်တီးရန် စက်ရုံမှ စတူဒီယိုကို အသုံးပြုကာ အစိတ်အပိုင်းများ ထုတ်လုပ်ရန်အတွက် တိကျမှုမြင့်မားသော အလိုအလျောက် စက်ကိရိယာများထံ ပေးပို့ရသည်။

ဤနည်းလမ်းဖြင့် လိုအပ်သော အစိတ်အပိုင်းများကို ထုတ်လုပ်နိုင်သော်လည်း အစိတ်အပိုင်းတိုင်းကို ပြန်လည်ဒီဇိုင်းဆွဲရန် အချိန်များစွာ လိုအပ်သောကြောင့် အထူးတလည် ထိရောက်မှု မရှိလှဘဲ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည်။

ပေါ်တာ၏ ဆွေမျိုးဝေး တူမဖြစ်သူ အသက် နှစ်ဆယ်အရွယ် လီနာသည် ဒီဇိုင်းစတူဒီယိုကို ဦးစီးနေသူဖြစ်သည်။ မျက်ခုံးတန်းတန်းနှင့် ထိုမိန်းကလေးသည် စေ့စပ်သေချာသော အလုပ်လုပ်ပုံ ရှိသည်။ ပေါ်တာသည် လိုအပ်သော အစိတ်အပိုင်းများ ဖန်တီးရန်အတွက် သူမနှင့်အတူ စတူဒီယိုထဲတွင် တစ်နေ့လျှင် ၂၄ နာရီနီးပါး အချိန်ကုန်ဆုံးလေ့ရှိသည်။

ထိုအချိန်တွင် ရှဖေးသည် ဘက်စုံသုံး ပြုပြင်ရေး ပလာယာကို ကိုင်ဆောင်ကာ ဘိုတန်နှင့် အခြားသူများနှင့်အတူ အာကာသယာဉ်ကို ပြုပြင်ထိန်းသိမ်းရာတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ တစ်လခန့် ကြာပြီးနောက် ရှဖေးသည် စစ်သင်္ဘောများနှင့် ပတ်သက်၍ ဘာမှမသိသော လူသစ်တစ်ဦး အဖြစ်မှ အသင့်အတင့် ကျွမ်းကျင်သော အာကာသယာဉ် စက်ပြင်ဆရာ တစ်ဦးအဖြစ် ပြောင်းလဲလာသည်။

သူသည် တစ်နေ့လျှင် ၁၅ နာရီခန့် စက်ရုံအလုပ်သမားများနှင့် အချိန်ကုန်ဆုံးလေ့ရှိပြီး သူတို့နှင့်အတူ စားသောက်ကာ ရံဖန်ရံခါ အရက်အတူ သောက်လေ့ရှိသည်။ အလုပ်က မည်မျှပင် ပင်ပန်းခက်ခဲပါစေ ရှဖေးသည် တစ်ခွန်းမျှ ညည်းညူခြင်း မရှိခဲ့ပေ။

ညရောက်၍ အခြားသူများ အနားယူချိန်တွင် ရှဖေးကမူ နောက်ထပ် ခြောက်နာရီခန့် ဆက်လက်၍ သူ၏ စွမ်းရည်များကို လေ့ကျင့်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် သူသည် အေဗရယ်၏ ဂီတဆရာ သို့မဟုတ် ပန်းချီဆရာအကြောင်း ညည်းညူသံများကို နားထောင်ရင်း အာကာသယာဉ် တည်ဆောက်မှု အခြေအနေများကို ပြောပြကာ သူမ၏ သိလိုစိတ်ကို ဖြေဖျောက်ပေးလေ့ရှိသည်။ သူသည် နေ့ရက်တိုင်းကို အလုပ်များသော်လည်း ကျေနပ်ဖွယ်ရာ ဖြတ်သန်းခဲ့သည်။

မကြာမီတွင် ဘိုတန်မှ စတင်ကာ စက်ရုံရှိ အလုပ်သမား အားလုံးသည် ရှဖေးကို သဘောကျလာကြသည်။ သူတို့သည် ရှဖေးအား ဒေသထွက် မုန့်များကို ကျွေးလေ့ရှိသလို သူကလည်း လက်ဖက်ခြောက်နှင့် စီးကရက်များကို မျှဝေပေးလေ့ရှိသည်။

သူတို့အများစုသည် လက်ဖက်ခြောက်ကို အလွန်ကြိုက်နှစ်သက်ကြသော်လည်း စီးကရက်ဟု ပြောလိုက်လျှင် ခေါင်းခါကြသည်။ မီးခိုးငွေ့များကို ရှူရှိုက်ပြီး မိမိကိုယ်ကို ဒုက္ခပေးနေခြင်းကို သူတို့ နားမလည်နိုင်ကြပေ။ အနားယူချိန်တိုင်း ရှဖေးက ဆေးလိပ်တစ်လိပ် မီးညှိကာ ဖွာရှိုက်လိုက်သည်ကို မြင်တိုင်း အားလုံးက ရှဖေးသည် ပိုက်ဆံပေးပြီး ဒုက္ခခံနေသည်ဟု နောက်ပြောင် ပြောဆိုလေ့ရှိသည်။

ရှဖေးကမူ ပြုံးရုံသာ ပြုံးနေပြီး သူတို့၏ နောက်ပြောင်မှုများကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ပေ။

ပေါ်တာသည် ဤအလုပ်သမားများ အားလုံးကို ထိပ်တန်း စက်ပြင်ဆရာများ ဖြစ်လာအောင် အောင်မြင်စွာ လေ့ကျင့်ပေးခဲ့သည်ကို သူ ငြင်းဆို၍ မရပေ။ လူတိုင်းတွင် အီလက်ထရွန်နစ် စနစ်များကို ပြုပြင်ခြင်း သို့မဟုတ် လေထုသန့်စင်ရေး စနစ်ကို ထိန်းသိမ်းခြင်း စသည့် ကျွမ်းကျင်မှု နယ်ပယ် အသီးသီး ရှိကြသည်။

တဖြည်းဖြည်းနှင့် ရှဖေးသည် သူ၏ နေ့စဉ် ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများအပြင် နောက်ထပ် တာဝန်တစ်ခု ရှိလာခဲ့ပြီး ယင်းမှာ ထိုလူများ ပိုင်ဆိုင်ထားသည့် မတူညီသော စွမ်းရည်များကို သင်ယူရန်ဖြစ်သည်။

အာကာသယာဉ် ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ ဗဟုသုတများ တိုးပွားလာသည်နှင့်အမျှ ရှဖေးသည် မေးခွန်းများ မေးမြန်းလာပြီး သူကိုယ်တိုင် စဉ်းစားမိသော စိတ်ကူးအချို့ကိုပင် လက်တွေ့ အကောင်အထည်ဖော်ရန် ကြိုးစားလာသည်။

ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းသည် နှေးကွေးပြီး ပျင်းရိဖွယ် ကောင်းသော်လည်း သူသည် အံ့မခန်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ရာ အထူးသဖြင့် သူ၏ ဆန်းသစ်သော စိတ်ကူးများနှင့် အတွေးအမြင်များကြောင့် ပေါ်တာ ကိုယ်တိုင်ပင် သူ့ကို ချီးကျူးမဆုံး ဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အစိတ်အပိုင်းများ ထောက်ပံ့မှုသည် အာကာသယာဉ် ပြန်လည်ပြုပြင်မှုနှင့် အမီလိုက်ရန် ရုန်းကန်နေရသည်။ တစ်ခါတစ်ရံတွင် သူတို့သည် တစ်နာရီသာ အလုပ်လုပ်ပြီး နောက်တစ်နာရီ နားရလေ့ရှိကာ အစိတ်အပိုင်းသစ်များ ရောက်လာချိန်တွင် ခေတ္တမျှ အလုပ်ရှုပ်သွားပြီး တပ်ဆင်ပြီးသည်နှင့် အစိတ်အပိုင်းသစ်များ ထုတ်လုပ်သည်အထိ ပြန်လည် နားနေရသည်။

ပေါ်တာ ပိုမို စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ ရှဖေး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် ပတ်သက်သည့် ကိစ္စကိုလည်း သူ မမေးမြန်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အာကာသယာဉ်ကို အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပေါ်တာ အစွမ်းကုန် ကြိုးစားနေသည်ကို သူ သိပြီးဖြစ်သောကြောင့် ဖြစ်သည်။

ထိုအစိတ်အပိုင်းများကို ဒီဇိုင်းဆွဲရန် မည်မျှပင် ခက်ခဲပါစေ နောက်ဆုံးတွင် ထုတ်လုပ်နိုင်မည် ဖြစ်ရာ ၎င်းမှာ တိုးတက်မှုနှုန်းဆိုင်ရာ ပြဿနာသာ ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။ ထိုအစား ရှဖေး အာရုံစိုက်နေသည်မှာ ပိုမို လက်တွေ့ကျပြီး အရေးကြီးသော ပြဿနာဖြစ်သည့် အင်ဂျင်ကိစ္စ ပင်ဖြစ်သည်။

ထိုအချိန်အတွင်း ရှဖေးသည် ဂြိုဟ်အချင်းချင်း ဆက်သွယ်ရေး အင်တာနက်သို့ မကြာခဏ ဝင်ရောက်ပြီး သင့်လျော်သော အင်ဂျင်ကို ရှာဖွေလေ့ရှိသည်။ အနီးနားရှိ ကြယ်သုံးပွင့် အဆင့်ရှိ နယ်မြေများကို ရှာဖွေနိုင်ရန် သူ၏ အကောင့်အဆင့်ကို မြှင့်တင်ဖို့ ကြယ်တာရာ ဒင်္ဂါး ဆယ်သန်းကိုပင် လိုလိုလားလား သုံးစွဲခဲ့သည်။

ကံမကောင်းစွာဖြင့် ဈေးကွက်တွင် ထိပ်တန်းအဆင့် အင်ဂျင်များ မရှိသလောက် ရှားပါးပြီး ပစ္စည်းရှိလျှင်ပင် VIP ဟုခေါ်သော လူကြီးလူကောင်းများက ဦးစားပေး ရယူသွားကြသဖြင့် ရှဖေးမှာ ဝယ်ယူရန် အခွင့်အရေး မရခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် အာကာသယာဉ်နှင့် မကိုက်ညီသော ထိပ်တန်းအဆင့် အင်ဂျင်များကို တွေ့ရတတ်သည်။

အာကာသယာဉ်ကို စတင် ဒီဇိုင်းဆွဲစဉ်ကပင် ရှဖေးသည် စွမ်းဆောင်ရည် ကဏ္ဍတိုင်းကို အမြင့်ဆုံးသို့ မြှင့်တင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ သင့်လျော်သော အင်ဂျင်ကို ရှာမတွေ့ပါက အပြေးသမား တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသကဲ့သို့ ဖရီးဂိတ်ယာဉ်၏ စွမ်းဆောင်ရည် တစ်ခုလုံးကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်သည်။

တစ်လလုံးလုံး ကေကြီးသည် ပေါ်တာကို လာရောက် ဒုက္ခပေးခြင်း မရှိသော်လည်း တိုက်လေယာဉ်အချို့သည် အနီးနားတွင် နားမလည်နိုင်လောက်အောင် နိမ့်ချည်မြင့်ချည် ပျံသန်းနေတတ်ပြီး ဆူညံသံများနှင့် လေထုလှိုင်းခတ်မှုများကို ဖန်တီးနေသဖြင့် စက်ရုံတစ်ခုလုံး တုန်ခါသွားလေ့ရှိသည်။ တိုက်ခတ်လာသော လေပြင်းကြောင့် စက်ရုံအတွင်းရှိ စစ်သင်္ဘောတစ်စင်း လဲကျသွားသည့် ဖြစ်ရပ်တစ်ခုပင် ရှိခဲ့ပြီး အလုပ်သမားများမှာ ၎င်းကို ပြန်လည်တည့်မတ်ရန် အားထုတ်မှုများစွာ ဖြုန်းတီးခဲ့ရသည်။

စက်ရုံဝင်းကို စောင့်ကြည့်နေသော ကြွက်သားအဖုအထစ်နှင့် လူအချို့လည်း ရှိနေသည်။ ရှဖေးသည် ညဉ့်နက်ပိုင်း လေ့ကျင့်ချိန်များတွင် ထိုလူအချို့ကို အကြိမ်ကြိမ် တွေ့ရှိခဲ့သော်လည်း သူတို့ကို ဝင်ရောက်တိုက်ခိုက်လိုစိတ်ကို ထိန်းချုပ်ထားခဲ့သည်။

အားလုံးသည် ပုံမှန်အတိုင်း နောက်ပြောင်ပြီး အလုပ်လုပ်နေကြသော်လည်း မုန်တိုင်းတစ်ခု ကျရောက်တော့မည်ကို လူတိုင်း နီးပါး သိနေကြပြီး သူတို့အပေါ် သက်ရောက်နေသော ဖိအားကို ခံစားနေကြရသည်။

ဒီနေ့ မနက်အစောပိုင်းတွင် ရှဖေးသည် ပုံမှန်အတိုင်း အိပ်ရာမှထကာ မျက်နှာသစ်ပြီးနောက် တစ်နေ့တာ အလုပ်စတင်ရန် သူ၏ ဘက်စုံသုံး ပြုပြင်ရေး ပလာယာကို ကိုင်ဆောင်လျက် အလုပ်ရုံထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုအချိန်တွင် အလုပ်ရုံဝင်ပေါက်၌ မြေကြီးပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး အားကိုးရာမဲ့နေသော ဘိုတန်ကို တွေ့လိုက်ရသည်။

ရှဖေးက ထိုလူ့ထံသို့ လျှောက်သွားရင်း ပြုံးကာ မေးလိုက်သည်။

“ ဘာဖြစ်တာလဲ မင်း မိန်းမနဲ့ ရန်ဖြစ်ပြန်ပြီလား ”

ဘိုတန်က ခေါင်းကို အားပါးတရ ခါလိုက်သည်။

“ ဒီနေ့ ဘယ်သူမှ အလုပ်မဆင်းကြဘူး၊ တခြားနေ့တွေဆိုရင် သူတို့ အလုပ်စနေကြပြီ ”

ရှဖေး အနည်းငယ် ထိတ်လန့်သွားပြီး အချိန်ကြည့်ရန် သူ၏ မိုက်ခရိုကွန်ပျူတာ လက်ပတ်နာရီကို ကြည့်လိုက်သည်။ သူသည် မနေ့ညက အေဗရယ်နှင့် စကားပြောနေခဲ့သဖြင့် ပုံမှန် အလုပ်စနေကျ အချိန်မှသာ အိပ်ရာထခဲ့ခြင်း ဖြစ်သည်။

ပေါ်တာ၏ အလုပ်သမား အားလုံးသည် အချိန်တိကျကြသည်။ သူတို့သည် အလုပ်မစမီ ၁၅ မိနစ် ကြိုတင် ရောက်ရှိလေ့ ရှိကြရာ ပုံမှန်အတိုင်းသာ ဆိုလျှင် ယခုအချိန်၌ အားလုံးသည် သက်ဆိုင်ရာ တာဝန်များကို စတင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး ရှဖေးသည် ဘိုတန်ဘေးတွင် ဝင်ထိုင်ကာ အုံ့မှိုင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ ဦးလေးပေါ်တာ သိလား ”

ဘိုတန်က စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။

ရှဖေး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စက်ရုံ၏ အနောက်မြောက်ဘက် ထောင့်စွန်းတွင် တစ်ကိုယ်တည်း ရပ်နေသော လူတစ်ယောက် ရှိနေပုံရပြီး ထိုလူသည် လက်ထဲရှိ ကိရိယာကို အသုံးပြုကာ အလုပ်ရုံအတွင်း ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေကြောင်း သတိပြုမိလိုက်သည်။

“ ဟွန့် ” ရှဖေး နှာခေါင်းရှုံ့လိုက်ပြီးနောက် မတ်တတ်ထကာ ဘိုတန်၏ ကျောကို ရိုက်လိုက်သည်။

“ တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ် ပုံမှန်အတိုင်း အလုပ်လုပ်ကြရအောင် ဒါမှမဟုတ်ရင် ငါတို့က သူတို့ကို ကြောက်တယ်လို့ ထင်သွားလိမ့်မယ် ”

ဘိုတန် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ၏ မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာသည်။

“ မင်းပြောတာ မှန်တယ် သူတို့က ငါတို့ကို ဟာသလုပ်ချင်လေလေ ငါတို့က ပိုပြီး ကြံ့ကြံ့ခံလေ ဖြစ်ရမယ် ”

သူတို့၏ ကိရိယာများကို တိတ်တဆိတ် ကောက်ယူရင်း ရှဖေးနှင့် ဘိုတန်တို့သည် တစ်နေ့တာ အလုပ်ကို စတင်လိုက်ကြသည်။

ပုံမှန်အားဖြင့် လူကိုးယောက် လုပ်ဆောင်ရမည့် အလုပ်ကို ယနေ့တွင် နှစ်ယောက်တည်း လုပ်ဆောင်နေရသည်။ ရှဖေးနှင့် ဘိုတန်တို့ ယခုအချိန်တွင် မည်မျှ ဖိအားများနေမည်ကို မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။ သို့သော် သူတို့နှစ်ဦးစလုံး ဖိအားကို မခံစားရဘဲ ယခင်ကထက် ပိုမို ကြိုးစားလုပ်ကိုင်နေကြကာ ကိုယ့်ကိုယ်ကို တွန်းအားပေးရင်း ချွေးများ ရွှဲနစ်နေသည်။

ပေါ်တာသည် ဒီဇိုင်းစတူဒီယိုမှ နှစ်ကြိမ်တိုင်တိုင် ထွက်လာခဲ့ပြီး နားချိန်မရှိဘဲ ချွေးများ ရွှဲနစ်စွာ အလုပ်လုပ်နေသော သူတို့နှစ်ဦးကို မြင်သောအခါ သက်ပြင်းချကာ ခေါင်းခါရုံသာ တတ်နိုင်ပြီး လေးလံသော ခြေလှမ်းများဖြင့် ပြန်လှည့်သွားခဲ့သည်။

နေ့လည်ရောက်သောအခါ ရှဖေးနှင့် ဘိုတန်တို့သည် မြေကြီးပေါ်တွင် ထိုင်လျက် ထမင်းဘူးများကို ကိုင်ကာ အငမ်းမရ စားသောက်နေကြသည်။

မနက်ခင်း တစ်ခုလုံး ထိုကဲ့သို့ ပြင်းထန်သော အလုပ်များကို လုပ်ဆောင်ပြီးနောက် သူတို့ မည်မျှ ပင်ပန်းနေမည်ကို ပြောပြရန် မလိုအပ်ပေ။ သို့သော် လူနှစ်ဦး၏ ခွန်အားတွင် အကန့်အသတ် ရှိနေပြီး သူတို့၏ ခံနိုင်ရည်ကို ကျော်လွန်ကာ ကြိုးစားခဲ့လျှင်ပင် နေ့လည်စာ စားချိန်အထိ ပုံမှန် ပြီးမြောက်နိုင်သည့် ပမာဏ၏ ထက်ဝက်ခန့်ကိုသာ ပြီးစီးခဲ့သည်။

ကောင်းကင်ယံတွင် အဝါရောင် ယာဉ်ပျံငယ်တစ်စင်း စက်ရုံဝင်းအတွင်း အလျင်စလို ဆင်းသက်လာသည်။ အီလက်ထရွန်နစ် ပတ်လမ်းကြောင်းများကို တာဝန်ယူရသော ရှနိုက်ဒါသည် ယာဉ်ပေါ်မှ ထိတ်လန့်တကြား ဆင်းလာပြီး အလုပ်ရုံဆီသို့ ပြေးလွှား ဝင်ရောက်လာသည်။

“ ဦးလေးပေါ်တာရော ” ရှနိုက်ဒါက စိုးရိမ်တကြီး မေးလိုက်သည်။

ဘိုတန်သည် ရှနိုက်ဒါကို သနားညှာတာမှု ကင်းမဲ့စွာ စိုက်ကြည့်လိုက်ပြီး သူ့ကို အငြိုးအတေး ရှိသကဲ့သို့ ဆက်လက်၍ ထမင်းစားနေသည်။ ရှနိုက်ဒါသည် ခေါင်းငိုက်စိုက်ချလိုက်ပြီး မျက်နှာတွင် ရှက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။

ရှဖေးက ပြုံးလိုက်ပြီး ထမင်းဘူးကို ဘေးဖယ်ကာ ရှနိုက်ဒါထံ လျှောက်သွားလိုက်သည်။

“ သူ ပုံမှန်အတိုင်း ဒီဇိုင်းစတူဒီယိုထဲမှာပဲ ရှိတယ်၊ ခင်ဗျား နေ့လည်စာ စားပြီးပြီလား ”

ထိုအချိန်တွင် ရှနိုက်ဒါသည် ရှဖေး၏ ကျော်ဘက်ကို ကြည့်ပြီး အော်လိုက်သည်။

“ ဦးလေးပေါ်တာ ”

ရှဖေး လှည့်ကြည့်လိုက်ရာ ပေါ်တာသည် သူ့အနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ ကျွန်... ကျွန်တော် ” ရှနိုက်ဒါသည် စကားလုံးများ ရှာမရဘဲ အချိန်အတော်ကြာ စကားထစ်နေပြီး ငိုတော့မည့်သူကဲ့သို့ စိတ်ဓာတ်ကျနေပုံ ပေါက်နေသည်။ ပေါ်တာသည် အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ရှနိုက်ဒါထံ ကမ်းပေးလိုက်ကာ ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ သူ၏ တွန့်လိမ်နေသော လက်ဖြင့် ရှနိုက်ဒါကို ဖွဖွလေး ပုတ်လိုက်သည်။

“ ဒါက မင်းရဲ့ လစာနဲ့ အပိုဆုကြေးတွေ အားလုံးပဲ၊ မင်းတို့မှာ ရှိတဲ့ စွမ်းရည်တွေနဲ့ဆိုရင် အလုပ်ရှာဖို့ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့နောက်လိုက်ပြီး မင်းတို့ သိပ်မရှာနိုင်ခဲ့ကြဘူး၊ ဒါကြောင့် လစာ သုံးလစာ ငါ ပေးမယ်၊ ဒါကို ငါ့ရဲ့ လျော်ကြေးအဖြစ် မှတ်ယူလိုက်ပါ ” ပေါ်တာက ဆွေးမြေ့စွာ ပြောလိုက်သည်။

“ မဟုတ်ပါဘူး... မဟုတ်ပါဘူး ကျွန်တော် လစာလာယူတာ မဟုတ်ပါဘူး၊ ဦးလေးအောက်မှာ နှစ်ပေါင်းများစွာ လုပ်လာပြီးတဲ့နောက် အနည်းဆုံးတော့ နှုတ်ဆက်သင့်တယ်လို့ ခံစားရလို့ပါ၊ ဒါမှမဟုတ်ရင် ကျွန်တော် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ” ရှနိုက်ဒါက နစ်နာသူ ကလေးတစ်ယောက်လို ငိုကြွေးရင်း ပြောလိုက်သည်။

ပေါ်တာသည် လစာပါသည့် စာအိတ်ကို ရှနိုက်ဒါ၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး ဒီဇိုင်းစတူဒီယိုဘက်သို့ ပြန်လှည့်ထွက်သွားသည်။ ရှနိုက်ဒါသည် မြေကြီးပေါ်သို့ ခွေကျသွားပြီး သူ့မျက်နှာသူ လက်နှစ်ဖက်ဖြင့် ရိုက်နှက်နေသည်။ သူ့မျက်နှာသည် အလွန်လျင်မြန်စွာ ဖူးရောင်လာသည်။

ရှဖေးသည် ထိုလူကို တားဆီးချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။ ရှနိုက်ဒါ ယခု လိုအပ်နေသည်မှာ ဖွင့်ထုတ်လိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အတွင်းစိတ်၌ နက်ရှိုင်းစွာ ခံစားနေရပေလိမ့်မည်။

“ ဦးလေးပေါ်တာ ကျွန်တော်တို့ တကယ် သည်းမခံနိုင်တော့လို့ပါ၊ သူတို့ရဲ့ လုပ်နည်းတွေက... ” ရှနိုက်ဒါ၏ အသံ အက်ကွဲသွားသည်။ “ တောင်းပန်ပါတယ် ကျွန်တော်က လူယုတ်မာပါ ကျွန်တော်က မထိုက်တန်ပါဘူး ”

ပေါ်တာသည် သူ့ကို တားဆီးရန် လျင်မြန်စွာ လျှောက်လာပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

“ ငါသိပါတယ် အရာအားလုံးကို ငါသိပါတယ်၊ မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုပါဘူး သွားတော့လေ ”

ရှနိုက်ဒါသည် သူ့ကိုယ်သူ အကြိမ်ကြိမ် ရိုက်နှက်ပြီးနောက် နောက်ဆုံးတွင် မတ်တတ်ထရပ်ကာ ကျိုးပဲ့နေသော စိတ်ဝိညာဉ်ဖြင့် ထွက်ခွာသွားချိန်၌ သူ့ပါးစပ်မှ သွေးများ စီးကျနေသည်။

ဘိုတန်သည် ထိုအဝါရောင် ယာဉ်ပျံငယ် ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး မြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။

“ ကေကြီးရဲ့ စက်ရုံမှာ မင်း ပျော်ရွှင်ပါစေလို့ ငါ မျှော်လင့်ပါတယ် ”

ရှဖေး ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ ဘိုတန် မင်း ဘာလို့ မထွက်သွားတာလဲ ”

ဘိုတန်က အံကြိတ်ပြီး ပြင်းထန်စွာ ပြန်ဖြေလိုက်သည်။

“ ငါ ဆရာ့ကို ထားမသွားဘူး ”

ရုတ်တရက် ဘိုတန်၏ အိတ်ကပ်ထဲမှ ရှေးဟောင်း ဖုန်းတစ်လုံး မြည်လာသည်။ သူသည် စက်ပစ္စည်းကို ထုတ်ယူလိုက်ပြီး တစ်ချက်ကြည့်ကာ မတ်တတ်ထရပ်လိုက်သည်။

“ ငါ ဖုန်းသွားပြောလိုက်ဦးမယ် ”

သူသည် ဖုန်းကို စက်ရုံထောင့်တစ်နေရာသို့ ယူဆောင်သွားပြီးနောက် ခဏကြာ စဉ်းစားပြီး ရှဖေးသည် အသက်ရှု ထိန်းချုပ်ခြင်း နည်းစနစ်ကို အသုံးပြုကာ သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။

တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံကို သူ ကြားလိုက်ရပြီး ဘိုတန်၏ ဇနီးဖြစ်ပုံရသည်။ လောလောဆယ်တွင် သူမသည် စိတ်ဒွိဟဖြစ်နေပြီး ဖုန်းထဲမှတဆင့် ဘိုတန်ကို ဒေါသတကြီး အော်ဟစ်နေသည်။ ဘိုတန်သည် သစ်သားရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေပြီး သူ့ဇနီးက ငိုကြွေးကာ အော်ဟစ်ဆဲဆိုနေသည်ကို တုံ့ပြန်စကား တစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်စွာ ခံယူနေသည်။

ဤအူကြောင်ကြောင် လူသည် လောလောဆယ်တွင် ကြီးမားသော ဖိအားကို ခံစားနေရသည်။ ရှဖေး ဘာကြောင့်မှန်း မသိသော်လည်း ဘိုတန် နောက်ဆက်ပြောလိုက်သော စကားက သူ့ကို နက်ရှိုင်းစွာ ထိမိသွားစေသည်။

“ ဒါဆို ကွာရှင်းကြတာပေါ့၊ စာရွက်စာတမ်းတွေကို အလုပ်ရုံဆီ ပို့လိုက်ပါ ငါလက်မှတ်ထိုးပေးမယ် ” ဘိုတန်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် ငါ့ဆရာ့ဘေးကနေ ငါ ထွက်မသွားနိုင်ဘူး ”

ထို့နောက် ဘိုတန် ဖုန်းချလိုက်သည်။ သူသည် ဆံပင်ကို လက်နှစ်ဖက်ဖြင့် နာကျင်စွာ ဆွဲဆုပ်လိုက်ပြီး ညည်းတွားသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် ဘိုတန် မတ်တတ်ထရပ်လိုက်ပြီး သူ့ကိုယ်သူ သပ်ရပ်အောင် ပြုလုပ်ကာ အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး မျက်လုံးများ နီရဲလျက် အလုပ်ရုံသို့ ပြန်လျှောက်လာခဲ့သည်။

ဘာတွေ ဖြစ်ပျက်ခဲ့သည်ဆိုတာ ထိုအချိန်တွင် အလွန်ရှင်းလင်းနေပြီ ဖြစ်သည်။ ကေကြီးဆိုသူသည် ပေါ်တာ ပိုင်ဆိုင်ထားသည်ကို လက်ဝယ်ရယူရန်အတွက် စက်ရုံ စက်ပြင်ဆရာများကို မပြတ်တမ်း ဖိအားပေးနေခြင်းဖြစ်သည်။

သူတို့ မည်သူကမျှ ဤကိစ္စနှင့် ပတ်သက်ပြီး တစ်ချိန်လုံး စကားတစ်ခွန်းမျှ မပြောခဲ့ကြဘဲ တတ်နိုင်သမျှ တိတ်တဆိတ် သည်းခံခဲ့ကြသည်။

ဤဖိအားများ ကြီးမားလာပြီး သူတို့ မခံနိုင်တော့သည့်အဆုံး အချို့က အရှုံးပေးရန် ရွေးချယ်ခဲ့ကြသော်လည်း မရွေ့လျားနိုင်သော ကျောက်တုံးကြီးကဲ့သို့ ခိုင်မာစွာ ကျန်ရှိနေသူများမှာမူ အတိုင်းအတာ တစ်ခုအထိ ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။

မူလက အတော်လေး စည်ကားခဲ့သော စက်ရုံသည် အခွံသာ ကျန်တော့သည်အထိ ဖြစ်သွားခဲ့ပြီး ဘိုတန်၊ ပေါ်တာ၊ ထမင်းချက်သည့် ခြေကျိုး စုန်းစန်း၊ ဒီဇိုင်းစတူဒီယိုထဲမှ လီနာနှင့် ရှဖေးတို့သာ ကျန်ရစ်ခဲ့သည်။

ဂိတ်ပေါက်ကို စောင့်နေသော အင်နတ် ကြယ်တာရာ ဟုခေါ်သည့် အမဲလိုက် ခွေးအိုကြီး တစ်ကောင်လည်း ရှိသေးသည်။ အင်နတ် ကြယ်တာရာသည် အလွန်အိုမင်းနေပြီ ဖြစ်သဖြင့် နေရာမှ မရွေ့လျားနိုင်တော့ဘဲ ကိုယ်ပေါ်ရှိ အမွှေး ထက်ဝက်ခန့် ကျွတ်နေပြီဖြစ်သည်။ ၎င်းသည် တစ်နေ့လုံး မြေကြီးပေါ်တွင် လှဲလျောင်းကာ နေစာလှုံနေပြီး အစာမစား ရေမသောက်ပေ။ ထိုတိရစ္ဆာန် သေဆုံးရန် မကြာတော့ပေ။

ရှဖေးသည် စစ်သင်္ဘောတစ်စင်းကို မှီကာ ဆေးလိပ်အများအပြား သောက်ရင်း ပြဿနာများစွာကို တစ်ပြိုင်နက် တွေးတောနေသည်။

နောက်ဆုံးတွင် သူသည် နောက်ဆုံးလက်ကျန် ဆေးလိပ်တိုကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူ၏ မိုက်ခရိုကွန်ပျူတာ လက်ပတ်နာရီရှိ ဆက်သွယ်ရေး ခလုတ်ကို နှိပ်လိုက်သည်။

“ ဆိုနီ ငါ မင်းလုပ်ပေးဖို့ ကိစ္စတချို့ ရှိတယ် ” ရှဖေးက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

All Chapters