အခန်း (၁၄၁၁-၁၄၁၅)
Vol. 84 Ch. 1411-1415
အခန်း(၁၄၁၁)
“စကြာဝဠာ ပဟေဠိကို ဖော်ပြဖို့တောင် ခက်လောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ယောက်က ဖြေရှင်းနိုင်မယ် ဆိုပေမဲ့လည်း အချိန်တိုအတွင်းမှာ လုပ်နိုင်တဲ့ အရာမျိုးလည်း မဟုတ်ဘူးလေ”
ထိုနောက်ဆုံး စကားလုံးများနှင့်အတူ ခေါင်းဆောင်က အခြားဦးတည်ရာ တစ်ဖက်သို့ လှည့်ကြည့်လေသည်။
ကောင်းကင်မှသာ ကြည့်ရှု့မည်ဆိုလျှင် ဝင်္ကပါ၏ အမြူတေက ထုတ်လွှတ်ထားသော လောက၏ စွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ အစဉ်တစိုက် ဖြာထွက်တောက်ပလျှက် ဝင်ရောက်သွားလာနေခြင်း မဟုတ်ကြောင်း မြင်နိုင်ပေလိမ့်မည်။ ထိုအစား မြွေလိမ်မြွေကောက် လမ်းကြောင်းအတိုင်း ဦးတည်ရာဘက် တစ်ခုထဲသို့သွားလျှက် မူလအမရ ဝင်္ကပါအတွင်း ကြီးမားသော ယင်ရန်ပုံစံခွက်ကို ဖန်တီးထားကြောင်း မြင်ရပေလိမ့်မည်။
ကျယ်ပြောများပြားသော စွမ်းအင်များက တဖြည်းဖြည်းချင်း ရွေ့လျားနေသည်နှင့်အမျှ ယင်နှင့်ယန်၏ ဟန်ချက်ညီမှုက ထွက်ပေါ်လာလေပြီး မတည်ငြိမ်သော လက္ခဏာများကို အတွင်းသို့ ပြန်လှည့်စေပေလိမ့်မည်။
“စကြာဝဠာကြီးက ဟန်ချက်ညီနေပြီး ယင်နှင့်ရန်က အတူတကွ ပေါင်းစည်းသွားတဲ့အခါ ဝင်္ကပါ၏ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်။ အဲ့ဒီလိုနဲ့ ဒီသိုင်းပညာရှင်တိုင်းကို ရှင်းလင်းနိုင်မှာပဲ။ အဲ့ဒီအခါ ဘယ်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်ဖြစ်ဖြစ် ဝင်္ကပါထဲမှာဆိုရင် ရှင်သန်နိုင်မှာမဟုတ်ဘူး”
ခေါင်းဆောင်က ဝမ်ချောင်ကိုပြန်ကြည့်ပြီး အေးစက်စွာရယ်သည်။
အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်၏ သံချပ်ကာက မည်မျှ လေးစားဖွယ်ကောင်းကြောင်း သို့မဟုတ် သူဟာ ကျောက်တုံးတိုင်များကို မည်သို့ဖျက်ဆီးခဲ့ကြောင်းက အရေးမကြီးတော့ပေ။ အရေးကြီးဆုံး အချက်ကမူ သူသည်လည်း အခြားသူများနည်းတူ သေရပေလိမ့်မည်။
အင်အားကြီးမားသော သံချပ်ကာက သူတို့၏ စတေးခံပစ္စည်းတစ်စုံ ဖြစ်လာပေလိမ့်မည်။
“အသင့်ပြင်ထား ဝင်္ကပါထဲက လူတိုင်းကို ဝင်္ကပါရဲ့ စွမ်းအားတွေက ဖျက်ဆီးပြီးပြီဆိုတာနဲ့ ငါတို့လည်း ဒီနေရာက ထွက်သွားမယ်”
ခေါင်းဆောင်က အမိန့်ပေးသည်။
“ဟုတ်ကဲ့အရှင်”
....
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ တစ်စက္ကန့်ချင်းစီက ကျော်လွန်နေခဲ့သည်။
ဝမ်ချောင်က ဝင်္ကပါ၏ အမြူတေနေရာတွင် မှင်သက်စွာ ရပ်နေသည်။ သံချပ်ကာမှတစ်ဆင့် သူ၏ ဖျော့တော့ပြီး ချွေးများစိုရွှဲနေသော မျက်နှာက အလွန်အမင်း တင်းမာနေကြောင်း မြင်နိုင်သည်။ သူသည်လည်း ရှင်းလင်းစွာဖြင့် ဝင်္ကပါ၏ အလယ်ဗဟိုနေရာသို့ ရောက်ရှိနေခဲ့ပြီး ခြေတစ်လှမ်းထဲနှင့် အတွင်းသို့ဝင်ကာ တစ်ခုလုံးကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ သို့သော် ဝမ်ချောင်က တံခါးသို့ ဖောက်ဝင်မည့် ကိစ္စတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေခဲ့သည်။
သူက သုံးကြိမ်ဆက်တိုက် ဝင်ပြီးလေပြီ။ ဒါပေမဲ့ ဝင်္ကပါကမူ သူ့ကို သုံးကြိမ်လုံးလုံး တွန်းထုတ်ခဲ့၏။ ဝမ်ချောင်၏ ကြယ်တာရာ စွမ်းအားများက လျှင်မြန်စွာ လျော့ကျလာပြီး အချိန်ကြာကြာ ခံတော့မည်မဟုတ်ပေ။
အချိန်မရှိဘူး။ ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာက စက္ကန့်သုံးဆယ်ပဲ ခံတော့မှာ။ အဲ့ဒီနောက် လုံးဝပျောက်ကွယ်သွားတော့မှာ။ ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာသာ မရှိရင် ငါလည်း ဒီမီးတောက်တွေကို မကျော်ဖြတ်နိုင်ဘူး။
သံချပ်ကာအတွင်းမှ ဝမ်ချောင်၏ မျက်နှာက တည်ငြိမ်နေသည်။ သူ၏နှလုံးသားက ရူးသွပ်စွာ ခုန်လှုပ်နေ၏။ သူသည်လည်း ယခုလောက်ထိ မည်သည့်အချိန်ကမှ မထိတ်လန့်ဖူးပါချေ။
ဒါဟာ သူ၏ နောက်ဆုံးသော အခွင့်အရေးဖြစ်သည်။ သူကသာ ဝင်္ကပါကို ဖောက်မဝင်နိုင်ခဲ့လျှင် သို့မဟုတ် ပြန်လည်တွန်းထုတ်ခံခဲ့ရလျှင် ဝင်္ကပါ၏ အလယ်ဗဟိုနေရာသို့ ပြန်လည်ဝင်ရောက်ရန် အခွင့်အရေး ရှိတော့လိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်၏ နှာခေါင်းထိပ်မှ အေးစက်သောချွေးက စီးကျသွားပြီး နှုတ်ခမ်းကတစ်ဆင့် လည်တိုင်သို့ရောက်သည်။ တစ်စက်ချင်းစီတိုင်းက ဝမ်ချောင်အတွက် တစ်စက္ကန့်ချင်းစီ ရေတွက်ပေးနေသည်။
မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့သော ဝင်္ကပါက သူမျှော်လင့်ထားသည်ထက် ချိုးဖျက်ရန် ခက်ခဲလွန်းနေသည်။
ဘယ်နေရာလဲ။ ဘယ်နေရာမှာလဲ။
ဘယ်ဝင်္ကပါကိုမဆို ဖျက်လို့ရတယ်။ ဒါပေမဲ့ ဝင်္ကပါရဲ့ အမြူတေနေရာကို ဝင်ရောက်ဖို့ တကယ်ပဲ ဘယ်လိုလုပ်ရမှာလဲ။
.....
ဝမ်ချောင်က ရုပ်ထုတစ်ခုလိုမျိုး ရွှေရောင် စတုရန်းကြီး၏ အရှေ့တွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။
အချိန်ဟာ ရပ်တန့်နေသလိုမျိုး သူ၏စိတ်အတွင်း အတွေး သောင်းပေါင်းများစွာက ကျော်ဖြတ်သွားသည်။
သူ၏နားအတွင်း ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။
“ချောင်အာ စီနီယာကျိုးက ငါ့ကို မင်းဆီ သတင်းတစ်ခု ပို့ခိုင်းတယ်။ အဆင့်လွန်ပြိုင်ဘက်ကင်းက ယင်နဲ့ရန်ကို မွေးဖွားပေးတယ်။ ယင်နဲ့ရန်က ပုံရိပ်လေးခုကို မွေးဖွားပေးတယ်။ သီးသန့်ခွဲထွက်နေနိုင်တဲ့ ဝင်္ကပါဆိုတာ မရှိဘူး။ တစ်ခုချင်းစီတိုင်းက တစ်သားတည်းအဖြစ် တည်ရှိနေတယ်။ ဒါကြောင့် မင်းကသာ ဒီနောက်ဆုံးလျို့ဝှက်ချက်ကို နားလည်နိုင်မယ်ဆိုရင် မင်းအနေနဲ့လည်း ဝင်္ကပါရဲ့ အမြူတေထဲကို ဝင်ရောက်ပြီး ဝင်္ကပါကို ဖျက်ဆီးနိုင်မှာပဲ”
“ဆရာ”
ထိုစကားလုံးများကြောင့် ဝမ်ချောင်က အံ့ဩသွားသည်။ သူ၏ဆရာဖြစ်သူက လောက၏စွမ်းအားကို သုံးလျှက် သူ့ဆီ သတင်းလှမ်းပို့ခြင်းဖြစ်သည်။
သို့သော် ထိုသတင်းကို ကြည်လင်ရှင်းလင်းရန်အလို့ဌာ အလွန်အမင်း နီးကပ်နေရန် လိုအပ်သည်။ သူက ဆရာဖြစ်သူနှင့် ဝင်္ကပါအကြီးအကဲကို အနားယူခြင်းဂိတ်ပေါက်၏ အပြင်ဘက်သို့ တွန်းထုတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုနေရာက သုံးလွှာသို့မဟုတ် လေးလွှာတွင်ဖြစ်လောက်သည်။
“ဆရာ ဆရာ့ရဲ့တပည့်က နားလည်ပါတယ်”
ဝမ်ချောင်က ခပ်မြန်မြန် အာရုံပြန်စိုက်လျှက် မျက်လုံးကိုပိတ်လိုက်သည်။
ဝမ်ချောင်သည် စတင်ကာတွေးသည်။ တစ်နေရာရာမှ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း မျက်လုံးကို ဖွင့်လျှက် စွမ်းအင်လောကထဲမှ ထွက်လာခဲ့လိုက်သည်။
ဝမ်ချောင်၏ ခန့်မှန်းမှုက မှန်ကန်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့က အနားယူခြင်းဂိတ်ပေါက်မှထွက်ပြီး မူလအမရ ဝင်္ကပါ၏ သုံးလွှာမှ လေးလွှာသို့ပင် ဝင်ရောက်လာခဲ့သည်။ ထိုသို့ဖြင့် အဆုံးအစမဲ့သည့် ကျောက်တုံးများ၊ မျှားများနှင့် မီးတောက်များက သူတို့ကို ပစ်ခတ်သော်လည်း သူတို့အားလုံးက ပေတစ်ဆယ်ကျော် အကွာအဝေးတွင် ကြိုမြင်လျှက် အခြားတစ်နေရာသို့ ရွေ့ပြောင်းနိုင်ခဲ့သူကြီးသာ ဖြစ်လေသည်။
ဝမ်ချောင်၏ မူလအမရ ဝင်္ကပါပုံစံခွက်က ဝင်္ကပါအကြီးအကဲ၏ စိတ်ထဲတွင်လည်း ပွင့်လင်းနေခဲ့ပြီးသား ဖြစ်သည့်အလျောက် သူသည် ဝင်္ကပါကို ပို၍ကောင်းမွန်စွာ နားလည်နိုင်သူ ဖြစ်သည့်အတွက် စွမ်းအားများကိုပင် အသုံးပြုနိုင်စွမ်းရည် ရှိလာသည်။
ထိုနယ်မြေက အန္တရာယ်များကောင်း များလောက်သည်။ သို့သော် ထိုနှစ်ယောက်အတွက်ကမူ အတော်လေး လုံခြုံသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝင်္ကပါအကြီးအကဲကို လှည့်ကြည့်လျှက်မေးသည်။
“လူရမ်းကားအိုကြီး မင်းဒီစကားလုံးတွေနဲ့ တကယ်ပဲ ဘာကိုပြောချင်တာလဲ”
“ငါကဘယ်လိုသိမှာလဲ ဒီတိုင်း ဝင်္ကပါကိုဖျက်တဲ့အချိန်မှာ သိဖို့လိုအပ်တဲ့ သာမာန် ဗဟုသုတကို ပြောပြရုံပဲ။ ငါသာ အဖြစ်အပျက်ကို သိမယ်ဆိုရင် အစောကတည်းက ပြောလိုက်မှာပေါ့”
ဝင်္ကပါအကြီးအကဲက စိုးရိမ်တကြီးပြောသည်။
“ဝင်္ကပါက မပျက်သေးဘူးဆိုကတည်းက အဲ့ဒီကလေးက ပြဿနာအချို့ တွေ့နေတာဖြစ်မယ်။ မူလအမရ ဝင်္ကပါကို မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့တာ။ နောက်ပြီးဒါက နံပါတ်တစ် ဝင်္ကပါလို့တောင် လူသိများ ထင်ရှားကျော်ကြားနေတာပဲ။ ဒီတော့ အမြူတေကို အန္တရာယ်အများအပြားက ဝိုင်းထားမှာပဲ။ ခုခံမှုလည်း အများကြီးရှိလိမ့်မယ်။ ငါကတော့ ဒီလောက်ပဲ ကူညီနိုင်တယ်”
“ဘာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုစကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏မျက်နှာက ဖြူဖျော့လာသည်။
သူသည်လည်း ဝင်္ကပါအကြီးအကဲသည် ထိုသတင်းစကားထဲတွင် ရှင်းလင်းပြတ်သားသော ဦးတည်ချက်အချို့ ရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုအခြေအနေတွင် ဝင်္ကပါအကြီးအကဲ ကိုယ်တိုင်ကပင် နားမလည်ပေ။
ခက်တော့မှာပဲ။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အမြူတေရှိသောဘက်သို့ စိုးရိမ်တကြီး လှည့်ကြည့်သည်။
“အစ်ကိုကျန်း မစိုးရိမ်နဲ့။ အဲ့ဒီကလေးက ဖော်ပြဖို့တောင် ခက်လောက်တဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတာ။ မူလအမရ ဝင်္ကပါက လောကရဲ့နံပါတ်တစ် ဝင်္ကပါ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူက ဒီအခြေအနေကို နားလည်သွားပြီဆိုတာနဲ့ ဝင်္ကပါကိုဖျက်ဖို့က အဖြေမရှိတဲ့မေးခွန်း မဟုတ်တော့ဘူး”
ဝင်္ကပါအကြီးအကဲက ထိုသို့နှစ်သိမ့်ပေးလိုက်သော်လည်း သူ၏အသံကပင် ကြောင့်ကြမှုများ ပြည့်နေသည်။
.....
ထိုအချိန်တွင် ဝမ်ချောင်ကမူ အမှန်တရားကို မသိသေးပေ။ သူသည် ရွှေရောင်ထုလုံးချွန်ကြီးရှေ့တွင် ရပ်ရင်း သူ၏အချိန်က လျှင်မြန်စွာ လည်ပတ်နေသည်။
အဆင့်လွန်ပြိုင်ဘက်ကင်းက ယင်နဲ့ရန်ကို မွေးဖွားပေးတယ်။ ယင်နဲ့ရန်က ပုံရိပ်လေးခုကို မွေးဖွားပေးတယ်။ ဒါတွေအားလုံးက တစ်သားတည်း....
ဝမ်ချောင်က ဝင်္ကပါအကြီးအကဲ၏ သတင်းစကားကို တွေးတောနေသည်။
သူ၏စိတ်အတွင်း မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက တဖြတ်ဖြတ်လှန်သလို ဖြတ်ပြေးနေသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကမူ မူလအမရဝင်္ကပါ၏ ပုံစံငယ်ကိုကြည့်ရင်း ခြားနားသော ရှု့ထောင့်ဘက်မှ ပြန်တွေးတောသည်။
သူသည် ခြားနားသော ရှု့ထောင့်တစ်ခုလုံးထံမှတစ်ဆင့် ဝင်္ကပါ၏ တစ်ခုလုံး ပုံစံကို ပြန်လည်စစ်ဆေးကြည့်ရန် ကြိုးစားနေခြင်းဖြစ်သည်။
အဆင့်လွန်ပြိုင်ဘက်ကင်းက ယင်နဲ့ရန်ကို မွေးဖွားပေးတယ်။ ယင်နဲ့ရန်က ပုံရိပ်လေးခုကို မွေးဖွားပေးတယ်.... အမြူတေရဲ့ သတ္ထုလုံးက ကြီးမားတဲ့ အဆင့်လွန်ပြိုင်ဘက်ကင်းပေါ့။
ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခုရသွားသည်။ ထိုတခဏတွင် ဝမ်ချောင်၏ မူလအမရဝင်္ကပါက ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်သွားသည်။
နောက်ထပ် ဝင်္ကပါကြီးတစ်ခုကလည်း သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် မူလပုံစံထက် ပိုသေးသော သတ္ထုလုံးကြီးက အမြူတေနေရာတွင် ရှိနေသည်။
ထိုစတုရန်းထုလုံးကြီးက ပေါ်လာသည့် အခိုက်အတန့်တွင် ဝမ်ချောင်ကလည်း ဝင်္ကပါဟာ သူ့ကို ခြားနားသော ခံစားချက်တစ်မျိုး ပေးလာကြောင်း ခံစားလိုက်ရသည်။ သူနဂိုက ပုံဖော်ထားသော ပုံစံငယ်က အစစ်အမှန်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းသာ တူသည်။ ယခုတစ်ခုကမူ ကိုးဆယ်ရာခိုင်နှုန်းအထိ တူနေ၏။
နေဦး ကျောက်တုံးတိုင်တွေ လိုနေတုန်းပဲ။
ဝမ်ချောင်က သူဖျက်ဆီးခဲ့သော ကျောက်တုံးတိုင်များကို သတိရသွားသည်။ ထိုတိုင်များက ရွှေရောင်စတုရန်းတုံးကြီး၏ ပတ်ပတ်လည်တွင် အနီရောင် သလင်းတိုင်များအသွင် တည်ရှိနေခဲ့ခြင်းဖြစ်သည်။ အတွေးတစ်ခုနှင့်အတူ သူ၏ ဝင်္ကပါပုံစံငယ်ထဲသို့ ထိုအရေးပါသော အပိုင်များကို ထပ်ဖြည့်လိုက်သည်။
ကျောက်တုံးတိုင်များက ပေါ်လာသောအခါ ဝမ်ချောင်က ဉာဏ်အလင်းပွင့်သွားသလို စိတ်ကွန့်မြူးသွားသည်။ ထိုသို့ဖြင့် ဝင်္ကပါက ခြားနားသော ပုံစံအတိုင်း ပြန်ပြောင်းသွားပြန်သည်။
ယင်နဲ့ရန်က ပုံရိပ်လေးခုကို မွေးဖွားတယ်။ ပုံရိပ်လေးခု ယင်နဲ့ရန်
ဝမ်ချောင်က ရုတ်တရက် မူလအမရဝင်္ကပါအတွင်းမှ သောင်းပေါင်းများစွာသော ဝင်္ကပါဂိတ်ပေါက်များကို ယင်နဲ့ရန်အတိုင်း စတင်ကာ လည်ပတ်စေသည်။ ဒီနည်းအားဖြင့် ပုံစံငယ်မှတစ်ဆင့် ဆက်တိုက် ပြောင်းလဲမှုများက ဖြစ်ပေါ်လာ၏။
ယခုအခါ ဆယ်စက္ကန့်သာ ကျန်တော့သည်။
ဝမ်ချောင်၏စိတ်က လျှင်မြန်စွာ လည်ပတ်လာပြီး လျှင်မြန်သထက် လျှင်မြန်လာသည်။ ဝမ်ချောင်၏ စိတ်အတွင်းမှ တွက်ချက်မှုက ဆယ်သန်းကျော်အထိပင် ရောက်ရှိလာ၏။
ခုနှစ်စက္ကန့်
ဝုန်း
မူလအမရဝင်္ကပါကြီးက ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် ဝင်္ကပါတွင် မြွေလိမ်မြွေကောက် ပုံသဏ္ဍန် ပြေးလွှားနေသော သင်္ကေတကြီးတစ်ခုကို မြင်လိုက်ရ၏။ စတုရန်းတုံးကြီးကို အလယ်ဗဟိုထားလျှက် မြွေလိမ်မြွေကောက် ပုံစံမျိုးဖြင့် စွမ်းအင်များက သွားလာနေခြင်းဖြစ်သည်။
အထက်မှကြည့်သော် ယင်ရန်ပုံစံခွက်နှင့်တူသည်။ ဝမ်ချောင်က ရုတ်တရက် နားလည်သွားသည်။
နေဦး ဝင်္ကပါထဲကိုသွားတဲ့လမ်းက ဒီတူးမြောင်းတွေမဟုတ်ဘူး။ ယင်ရန်သင်္ကေတမှာရှိနေတဲ့ အဲ့ဒီ မြွေလိမ်မြွေကောက် ပုံစံပဲ။ နောက်ပြီး အမြူတေကို သွားတဲ့လမ်းက အများကြီးရှိတာမှ မဟုတ်တာ။ နှစ်ခုထဲရှိတာ။
ဝမ်ချောင်က ထိုမြွေလိမ်မြွေကောက်ပုံစံ ဖြတ်သန်းသွားသော ရွှေရောင်စတုရန်းထုလုံးကြီး ရှိရာ နေရာများကို ကြည့်လိုက်သည်။
နှစ်စက္ကန့်
ဝမ်ချောင်သည်လည်း ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာက လျှင်မြန်စွာ အားနည်းလာကြောင်း သိလိုက်သည်။ သူသည်လည်း အပြင်ဘက်မှ ပြင်းထန်လွန်းသော အပူကို ခံစားမိလာ၏။ ထိုအပူက ပြင်းထန်လွန်းသဖြင့် အကြမ်းတမ်းဆုံး သတ္ထုသားကိုပင် အရည်ပျော်စေလောက်သည်။
ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာ၏ ကာကွယ်မှုကို မရှိတော့သောအခါ သူသည် မီးပင်လယ်ထဲသို့ ကျရောက်ပြီးပြီးချင်း သေသွားလောက်သည်။
တစ်စက္ကန့်
နောက်ဆုံးတစ်စက္ကန့်တွင် ဝမ်ချောင်က နောက်ဆုံးတွင် မြွေလိမ်မြွေကောက် ပုံစံမျိုးဖြင့် ကွေးကောက်နေသော စတုရန်းထုလုံးကြီး၏ တစ်စိတ်တစ်ပိုင်းသို့ ရောက်သွားသည်။
ထို့နောက် သူမြင်လိုက်ရသမျှက မည်သည့်လျှောက်လှမ်းမှမရှိဘဲ ချောမွေ့နေသည့် သတ္ထုမျက်နှာပြင်ကြီးသာ ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ တုန့်ဆိုင်းမနေဘဲ ရှေ့သို့ဆက်သွားသည်။
ဝုန်း
သူ့ကိုအံ့အားသင့်စေသည်မှာ ထိုသို့မာကြောလွန်းသော နေရာကြီးကို ရုတ်တရက် ရေလှိုင်းများက ဖြတ်သွားသည်။
ဝမ်ချောင်ကိုယ်တိုင်ကပင် အတွင်းသို့ အပြေးဝင်သွားသော သူ၏ခန္ဓာကိုယ်က ပြေလျော့သွားသလို ခံစားလိုက်ရ၏။ ထိုကြမ်းတမ်းမာကြောသော သတ္ထုနံရံကြီးက ပုံရိပ်ယောင်သာဖြစ်သည်။
ခြိမ်း
ဝမ်ချောင်က နောက်ဆုံးအကာအကွယ်လွှာကို ကျော်ဖြတ်လိုက်သည်နှင့် ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကလည်း ပျောက်ကွယ်သွားသည်။ သူကလည်း အတွင်းသို့ လိမ့်ဝင်သွား၏။
“???”
ထိုအခိုက်အတန့်တွင် လေထဲမှ စောင့်ကြည့်နေသော ပုံရိပ်သုံးခုကမူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
.....
ယခုလေးတင် ဖြစ်သွားခဲ့ခြင်း ဖြစ်သော်လည်း အရာအားလုံးက ခေတ်ပေါင်းများစွာ ကြာညောင်းခဲ့သလိုမျိုးပင် ခံစားရချိန်တွင် ဝမ်ချောင်သည် မျက်လုံးကို ဖွင့်လိုက်သည်။ ထိုအခါ လောက၏ နံပါတ်တစ် ဝင်္ကပါ၏ အတွင်းပိုင်းအမြူတေကို မြင်လိုက်ရသည်။
ရွှေရောင်ထုလုံးချွန်ကြီး အတွင်းပိုင်းက ဝမ်ချောင်ထင်ထားသည်ထက် ပြောင်ရှင်းလွန်းနေသည်။
အပြင်ဘက်ရှိ မီးတောက်နှင့် အဆိပ်မြူငွေ့များနှင့် နှိုင်းယှဉ်ကြည့်သော် ထိုနေရာက အိုအေစစ်ကဲ့သို့ ဖြစ်နေသည်။ ဝမ်ချောင်သည် ထိုနေရာပြင်အတွင်းတွင် ရှိနေသော ယစ်ပုလ္လင်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုယစ်ပုလ္လင်ထဲသို့ အဝါရောင်စစ်အလံကို ထိုးစိုက်ထားလေသည်။
အခန်း(၁၄၁၂)
စစ်အလံက သုံးပေသာမြင့်သည်။ ထိုအလံကိုယ်ထည်က အမည်မသိရသော သတ္ထုသားဖြင့် လုပ်ထားပြီး အလံပေါ်တွင် ကျော့ရှင်းကာ အဓွန့်ရှည် တည်တံ့စေသော ပုံစံမျိုးဖြင့် ရှေးဟောင်းစကားလုံး အချို့ကို ရေးသားထားသည်။
ဝမ်ချောင်က ထိုရှေးဟောင်းစကားလုံးများကို မဖတ်တတ်ပေ။ သို့သော် ပုံပန်းသွင်ပြင်အရ အဓိပ္ပာယ်ကို နားလည်နိုင်သည်။
“မူလအမရစစ်အလံ”
သူသည် အမည်မသိရသော ပစ္စည်းတစ်မျိုးဖြင့် လုပ်ထားသော ထိုအလံကို စိုက်ကြည့်နေရင်း ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခုက ဖြတ်ပြေးလာသည်။
ဝင်္ကပါအကြီးအကဲသည်လည်း တစ်ချိန်က ပြောခဲ့ဖူးသည်။ ကြီးမားသော အင်အားကြီးမားသော ဝင်္ကပါတိုင်းတွင် ထိုဝင်္ကပါ အမြူတေအဖြစ် အသုံးပြုသည့် ထူးခြားသော ပစ္စည်းတစ်ခု ရှိသည်ဟု ဆိုသည်။ နဂါးကိုးကောင် သွေးစစ်အလံကဲ့သို့ မူလအမရ ဝင်္ကပါသည်လည်း ထိုစစ်အလံကို အသုံးပြုရသည်မှာ ရှင်းလင်းနေသည်။
ငါသာ ဒီအလံကို ဆွဲထုတ်လိုက်ရင် ဝင်္ကပါကို ဖျက်နိုင်မှာပဲ။
ဝမ်ချောင်က တွေးလိုက်သည်။
စွမ်းအားအများအပြား ကုန်ဆုံးစေလိုက်ပြီးနောက်တွင် သူသည် နောက်ဆုံးတွင် ဒီနေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာပြန်သည်။
မြေပြင်က စတင်ကာ တုန်ခါလာသည်မှာ ထိုယစ်ပုလ္လင်အောက်ထပ်မှ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းများက ပေါက်ထွက်လာသည့်အလား ထင်ရသည်။
ထိုစွမ်းအားလှိုင်းများက အလံအတွင်းသို့ စိမ့်ဝင်လာပြီး အလံကို ချောမွေ့စွာနှင့် ပုံသဏ္ဍန်ပြောင်းလာစေသည်။ အနီရောင် သလင်းသားရိုးတံက အမြင့်ပေ နှစ်ဆယ်သို့ မြောက်တက်လျှက် ပန်းကန်လုံး တစ်လုံးစာမျှ ထူတုတ်လာသည်။ တြိဂံပုံသဏ္ဍန်ရှိသော အဝါရောင်စစ်အလံကလည်း နဂိုအရွယ်အစားထက် ဆယ်ဆကျော်မျှ ကြီးမားလာသည်။
ဘန်း
ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားများက မူလအမရစစ်အလံကို မြောက်တက်လျှက် အလင်းတိုင်အလား ကောင်းကင်သို့ ထိုးတက်သွားစေသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက စွမ်းအင်စီးကြောင်း ထောင်ပေါင်းများစွာအသွင် ပြောင်းလဲလျှက် ဝင်္ကပါ၏ အပြင်ဘက်ခြမ်းသို့ စီးထွက်သွားကြောင်း တွေ့လိုက်သည်။
ခြိမ်း
စွမ်းအင်များက ပေါက်ထွက်သွားချိန်တွင် ဝင်္ကပါအတွင်းရှိ လူတိုင်းက ရင်းနှီးကျွမ်းဝင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြန်ပြီး ဝင်္ကပါဟာ တဖန်ထပ်ပြီး အင်အားမြင့်သွားကြောင်း သိလိုက်သည်။
“သွားပြီ ဒီတစ်ကြိမ်တော့ ငါတို့သေပြီပဲ။ ဝင်္ကပါကပိုပြီး အင်အားကြီးသွားပြန်ပြီ။ ငါတို့ အသက် အသက်ရှင်ဖို့ မရှိတော့ဘူး”
ဝင်္ကပါ၏ တစ်နေရာမှ သိုင်းပညာရှင်တစ်ယောက်က မြေပြင်သို့ ဒူးထောက်ကျလျှက် ပေါက်ကွဲသံများ ထွက်ပေါ်နေသော နေရာဘက်သို့ စိတ်ပျက်အားငယ်စွာ ကြည့်လေသည်။
“ငါတကယ်ပဲ ဒီနေရာမှာ သေရတော့မှာလား။ ငါမသေချင်သေးဘူး။ တစ်ယောက်ယောက် လာဦး။ တစ်ယောက်ယောက်လာပြီး ငါ့ကိုကယ်ပါဦး။ ငါမသေချင်သေးဘူး”
အခြားတစ်နေရာမှ ဒဏ်ရာများ ပြည့်နှက်နေသော သိုင်းပညာရှင်ကလည်း ဒူးထောက်လျှက် ရှိနေသည်။
“ပိုပြီးအင်အားပြင်းလာပြန်ပြီ။ ငါတို့အားလုံး ဒီတစ်ကြိမ် သေရတော့မှာပဲ”
ခွက် ခွက် ခွက်
ပို၍များပြားသော လူများက စိတ်ပျက်အားငယ်စွာနှင့် ဒူးထောက်ကျသွားကြသည်။
ကြာရှည်စွာတိုက်ခိုက်ပြီးနောက် သူတို့၏ ကြယ်တာရာစွမ်းအင် အမြောက်အများက ကုန်ဆုံးနေပြီဖြစ်ပြီး သူတို့၏ ဆေးများကိုလည်း သုံး၍ကုန်သွားလေပြီ။ ဝင်္ကပါက ဆက်တိုက်ဆိုသလို အင်အားကြီးမားလာသော အခြေအနေက သူတို့အား ရပ်တည်စရာ နေရာမရှိအောင် ဖြစ်စေသည်။
“ဘိုးဘေး ဒီပိုးကောင်တွေ လာပြန်ပြီ”
ရုတ်တရက် ဩရှပြီး ကြောက်လန့်မှုအပြည့်ရှိနေသော အသံတစ်သံက ထွက်လာသည်။
မြေကမ္ဘာ၏ သုံးလွှာတွင် ဘိုးဘေးငါးယောက် မဟာမိတ်မှ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော ကျွမ်းကျင်ပညာရှင်က ရွှေရောင်နွားချေးပိုးထိုးကောင်များ ပျံသန်းလာသော မြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေလေသည်။
သူတို့၏အရှေ့တွင်ရှိသော ယင်နက်ဘိုးဘေး လော့ချီယင်က ဘာကိုမှ မမြင်သလို ဖြစ်နေသည်။ သူ၏ဝတ်ရုံက ပတ်ပတ်လည်တွင် လွင့်နေလေပြီး ဝင်္ကပါ၏ အလယ်ကိုသာ တည်ငြိမ်စွာကြည့်နေသည်။
ရွှေရောင် သံချပ်ကာ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက လေးစားဖွယ် ကောင်းသော်လည်း ယင်နက်ဘိုးဘေးအတွက်မူ အစစ်အမှန် အန္တရာယ်ဟာ အမြူတေထဲတွင် ရှိနေကြောင်း နားလည်နေသည်။
အင်အားကြီးလွန်းတယ်။ ဒီလိုဝင်္ကပါမျိုးကို ဘယ်သူမှ မဖျက်ဆီးနိုင်လောက်ဘူး။ ငါရိုးရိုးရှင်းရှင်း တွေးခဲ့မိတာပဲ။
ယင်နက်ဘိုးဘေးက သူ့ကိုယ်သူ လှောင်လိုက်သည်။
သူကဲ့သို့ မိစ္ဆာလမ်းကြောင်းမှ တိုင်တန်တစ်ယောက်ကပင် ဝင်္ကပါ၏ အပြင်ဘက်ခြမ်းမှ ဒီနေရာသို့ ရောက်ရှိရန် စွမ်းအင်အမြောက်အများ သုံးခဲ့ရသည်။ ဝင်္ကပါ၏ဂိတ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လိုက်ခြင်းက ယင်နက်ဘိုးဘေးအား ပထမဦးဆုံး အကြိမ်အဖြစ် အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ခံစားမိစေသည်။
ဝင်္ကပါ၏ အပြင်ဘက်ခြမ်းက ထိုမျှအထိ အင်အားကြီးမားနေခဲ့လျှင် အမြူတေနေရာဟာ မည်မျှပင် ခြောက်ခြားဖွယ်ကောင်းကြောင်း ယင်နက်ဘိုးဘေးကိုယ်တိုင်လည်း စိတ်ကူးယဉ်ကြည့်၍ ရလေသည်။
စုန့်ယွမ်ယွီ ဝင်္ကပါကိုဖျက်တာကို မင်းလည်းမလုပ်နိုင်ဘူးမဟုတ်လား။
ယင်နက်ဘိုးဘေးက ခေါင်းကိုလှည့်လျှက် အခြားသော ဦးတည်ရာဘက် တစ်ခုသို့ကြည့်ရင်း သူ၏စိတ်အတွင်း အတွေးများ ဖြတ်ပြေးသွားသည်။
.....
တူညီသောအချိန်တွင် စုန့်ယွမ်ယွီ ကိုယ်တိုင်ကလည်း အမြူတေနေရာသို့ တိတ်တဆိတ် ကြည့်နေသည်။
“မဟာမိတ်အရှင် ငါတို့ရဲ့ ညီအစ်ကိုတွေအားလုံး ဒဏ်ရာအမြောက်အများ ရထားတယ်။ ငါတို့ ဆက်ပြီး မသွားနိုင်တော့ဘူး”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဝမ်းနည်းအားငယ်စွာ ပြောသည်။
စုန့်ယွမ်ယွီက သူ၏အဖွဲ့ကို ဝင်္ကပါ၏ ဒုတိယအလွှာသို့ ဦးဆောင်ခေါ်လာခဲ့သည်။ သူတို့က ဒီအမြူတေသို့ ရောက်ရန်အတွက် အနည်းငယ်သာ လိုအပ်တော့သည်။ သို့သော် သူ၏အဖွဲ့ကမူ နောက်ဆုံးသော ခြေထောက်များဖြစ်နေသည်။
အမျိုးမျိုးသော ဝင်္ကပါ၏ တိုက်ကွက်များက ဆက်တိုက်ဆိုသလို အင်အားကြီးမားလာသည်။ စုန့်ယွမ်ယွီက ဦးဆောင်နေခဲ့သည့်တိုင်အောင် သူတို့ကလည်း အကန့်အသတ်သို့ ရောက်လာသည်။ သူတို့က အမြူတေသို့ ရောက်သည်အထိ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင်ပင် သူတစ်ယောက်တည်းကသာ နောက်ဆုံးသောလူအဖြစ် ကျန်ရစ်လောက်သည်။
စုန့်ယွမ်ယွီက ဘာစကားမှမပြောဘဲ ဝင်္ကပါ၏ အနက်ရှိုင်းဆုံး အပိုင်းသို့သာ မျက်တောင်ပင်မခတ်ဘဲ ကြည့်နေသည်။
သူတို့၏ ပတ်ပတ်လည်တွင်လည်း အော်ဟစ်သံများကို ကြားရသည်။ ရွှေရောင်နွားချေးပိုးထိုး ကောင်များက လေထဲတွင် ပြည့်နှက်ကခုန်လာပြန်ရင်း စုန့်ယွမ်ယွီ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်ကို ကြိတ်စားနေသည်။ သို့သော် ကြောက်စရာကောင်းသော နွားချေးပိုးထိုးကောင်များက စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်ကို အလွန်အမင်း ဖြေးညင်းစွာသာ စားသောက်နိုင်ကြ၏။ သူတို့က ထိုကြယ်တာရာစွမ်းအင်ကို စားသောက်ရာတွင် ပျော်မွေ့နေခြင်းမရှိလေဘဲ သတ္ထု သို့မဟုတ် ကျောက်တုံးသားကို စားရသလိုမျိုးသာ တုန့်ပြန်ကြသည်။
ရွှေရောင်နွားချေးပိုးထိုး ကောင်များသည်လည်း ပထမဦးဆုံး အကြိမ်အဖြစ် ထိုမျှကြမ်းတမ်းသော ပြိုင်ဘက်မျိုးကို တွေ့ရခြင်းဖြစ်သည်။ ထိုအခြေအနေ တစ်ခုတည်းကတင် မရေမတွက်နိုင်သော သိုင်းပညာရှင်များကို ချီးကျူးချင်စိတ် အပြည့်ဖြင့် သက်ပြင်းချမိစေလောက်သည်။
စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအားက သူ၏အနောက်ဘက်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်တိုင်းကို လွှမ်းခြုံထားသဖြင့် ရွှေရောင်နွားချေးပိုးထိုး ကောင်များ၏ ဒဏ်မှ ကာကွယ်ပေးထားသည်။
သို့သော် သူသည် ထိုပိုးကောင်များကို မတည်ရှိသလိုမျိုး သတ်မှတ်ထားသည့်တိုင်အောင် စုန့်ယွမ်ယွီ၏ နှလုံးသားကမူ လေးလံနေသည်။ သူသည် ရွှေရောင်နွားချေးပိုးထိုးကောင်များကို ကာကွယ်နိုင်သည်။ သို့သော် ဝင်္ကပါ၏ အဆုံးအစမဲ့သော တိုက်ကွက်များကိုမူ မကိုင်တွယ်နိုင်ပါပေ။
သူတို့က အဆုံးအစမဲ့လောက်အောင် ရွှေပြောင်းနေသော ဝင်္ကပါဂိတ်ပေါက်များကို ကျော်ဖြတ်ရင်း အချက်ပေးဂိတ်ပေါက်၊ နာကျင်ခြင်းဂိတ်ပေါက် စသဖြင့် သေဆုံးခြင်းဂိတ်ပေါက်သို့ ရောက်လုနီးပါးပင် ဖြစ်လာခဲ့သောအခါ စုန့်ယွမ်ယွီ၏ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အင်အားစုက ကြီးမားသော ဆုံးရှုံးမှုဒဏ်ကို ခံရသည်။ မြေပြင်တွင် သွေးများပြည့်နှက်နေသလို ဖြူဖျော့နေသော မျက်နှာတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များက အသက်ကို အငမ်းမရ ရှုနေကြရသည်။ သိသာစွာပင် သူတို့သည် ရှေ့ဆက်မသွားနိုင်တော့ပေ။
စုန့်ယွမ်ယွီက သူတို့ကို စွန့်ပစ်နိုင်သည်။ သူတစ်ယောက်တည်း သွားနိုင်သည်။ သို့သော် ထိုအခြေအနေက ကျန်သောလူတိုင်းကို ဒီနေရာတွင် သေခိုင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ဖြောင့်မတ်မှန်ကန်ခြင်းလမ်းကြောင်းမှ ထိုတိုင်တန်သည် ပြင်းထန်လွန်းသော စိတ်လွန်ဆွဲမှုဒဏ်ကို ခံနေရသည်။
တကယ်ကိုပဲ ဘာမှမလုပ်နိုင်တော့ဘူးလား။
စုန့်ယွမ်ယွီက သူ၏လက်ကို ကျောဘက်တွင်ထားလျှက် ခပ်တိုးတိုးရေရွတ်သည်။ သူ၏အကြည့်ကမူ အမြူတေနေရာတွင် ရှိနေသည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူသည် စိတ်ဆုံးဖြတ်ချက်ချရန် ခက်ခဲမှုအား ရှာတွေ့လိုက်ရသည်။
.....
ဘုန်း
မြေကမ္ဘာက တုန်ခါနေချိန်တွင် စွမ်းအားများက အမြူတေမှ ထွက်ပေါ်လျှက် ကျန်သောဝင်္ကပါအနှံ့ ဖြန့်ကျက်လွှမ်းခြုံလိုက်သည်။
ဝင်္ကပါအတွင်းရှိ လူတိုင်းက သေလုခြောက်ခြားဖွယ် တောင့်တင်းရင်း နှလုံးသားက လေးလံနေကာ နောက်ဆုံးသော အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြသည်။
....
ဝုန်း
လူတိုင်း၏ မျှော်လင့်ချက်များက ကျရှုံးပြီး သေရန်စောင့်ဆိုင်းနေသည့် အခိုက်အတန့်တွင် မူလအမရ စစ်အလံကို သွယ်လျကာ ရဲရင့်တက်ကြွမှု အပြည့်ပါသော လက်တစ်စုံက လှမ်း၍ဆုပ်ကိုင်လိုက်သည်။
“အရာအားလုံး အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”
ယစ်ပုလ္လင်၏ အရှေ့မှ ဝမ်ချောင်က သူ၏အခြားသောလက်ကို မူလအမရဝင်္ကပါ၏ စစ်အလံပေါ် ပြန်တင်လိုက်ပြန်သည်။
ယခုအခါ စွမ်းအားလှိုင်းများက စတင်ကာ လျော့ကျလာပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ မူလအမရ စစ်အလံကလည်း တဖြည်းဖြည်းချင်းစီ အရွယ်အစား ပြန်ကျုံ့လာ၏။ အနည်းငယ်ပင် တုန့်ဆိုင်းမနေတော့လေဘဲ ဝမ်ချောင်က မူလအမရစစ်အလံကို ခပ်ကြမ်းကြမ်း ဆွဲထုတ်လိုက်သည်။
“ဟွန် ငါထုတ်လို့မရဘူးလား”
ဝမ်ချောင်က အံ့အားတကြီး မျက်ခုံးပင့်လိုက်သည်။ သူက အင်အားမည်မျှ ထည့်ထားစေကာမူ စစ်အလံက တစ်လက်မပင် မရွေ့ပေ။ ယစ်ပုလ္လင်တွင် အမြစ်တွယ်နေသလိုမျိုး ဖြစ်နေသည်။ တခဏခန့် တွေးတောပြီးနောက် ဝမ်ချောင်က အင်အားကိုထည့်လိုက်သည်။
ကျင်းရှစ်ရာ၊ ကျင်းငါးထောင်၊ ကျင်းတစ်သောင်း... ဝမ်ချောင်၏ လက်ကောက်ဝတ်မှ အင်အားက ဆက်တိုက်ဆိုသလို တိုးမြှင့်လာသည်။ သို့သော် နောက်ဆုံးသောရလဒ်က တူညီသေးသည်။
ဝမ်ချောင်က သူဗျူဟာကို ပြောင်းလဲပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ စွမ်းအားများ၊ မာရာမီးတောက်၊ လုဝူမီးတောက်နှင့် နတ်ဘုရားနှင့် မိစ္ဆာသုတ်သင်ခြင်းသိုင်းအပြင် အခြားသော သိုင်းတိုင်းကို ထုတ်သုံးလိုက်သည်။ နောက်ဆုံးတွင် သူသည် ယစ်ပုလ္လင်၏ အောက်ခြေဘက်နားတွင် ကွဲအက်သံလို အသံမျိုးကို ကြားရသည်။ ထို့နောက် မူလအမရ စစ်အလံက အနည်းငယ် ယမ်းခါသွားသည်။
ဝမ်ချောင်က အင်အားကို ထပ်တိုးလိုက်သည်။ ဝင်္ကပါက တဖန်ထပ်ပြီး ခပ်ကြမ်းကြမ်း ယမ်းလာပြန်သည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာပြန်သည်။ ထို့နောက် အလံက ပြေလျော့သွားပြီး ယစ်ပုလ္လင်ကို ကြီးမားသော အစင်းကြောင်းရာကြီးက နှစ်ခြမ်းပိုင်းလိုက်သည်။
ယစ်ပုလ္လင်က ကွဲကျသွားသည့် အခိုက်အတန့်တွင် ဝင်္ကပါ၏ အမြူတေအတွင်းမှ မိုးခြိမ်းလိုက်သလို ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာလေသည်။
“ဒီမှာဘာတွေ ဖြစ်နေတာလဲ”
သိုင်းပညာရှင် အများစုက ကျယ်လောင်သော ပေါက်ကွဲသံကြောင့် အလန့်တကြား မော့ကြည့်ကြသည်။
မည်သူကမှ မည်သို့ဖြစ်ပျက်သွားကြောင်း မသိကြပေ။ သို့သော် သူတို့သည်လည်း ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တွင် ဆွဲစုတ်ခံရသလို အစင်းကြောင်းတစ်ခု ပေါ်လာကြောင်း တွေ့လိုက်သည်။ ဒီနည်းအားဖြင့် အပြင်ဘက်မှ စွမ်းအားများက ဝင်္ကပါအတွင်းသို့ စီးဝင်လာသည်။
ထိုအရာသာ မကသေးပေ။ သူတို့သည်လည်း ဝင်္ကပါဟာ အများကြီး အားနည်းသွားကြောင်း သိလိုက်သည်။ ထို့နောက် ဆက်လက်ပြီး အားနည်းလာနေ၏။
“ဘာဖြစ်တာလဲ တစ်ယောက်ယောက်က ဝင်္ကပါကို ဖျက်လိုက်တာလား”
လူတိုင်းက အမြူတေရှိရာဘက်သို့ လှည့်ကြည့်ကြသည်။
ဝင်္ကပါက အကြောင်းပြချက်မရှိ အားနည်းသွားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်ကလည်း တစ်ခုခု လုပ်လိုက်၍ ဖြစ်ပေလိမ့်မည်။
တစ်ချိန်ထဲတွင်ပင် စုန့်ယွမ်ယွီ၊ လော့ချီယင်နှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းတို့က ဝင်္ကပါ၏ အလယ်ဗဟိုသို့ လှမ်းကြည့်ကြသည်။ အခြားသောသူများနှင့် မတူသည်မှာ ထိုသုံးယောက်ကလည်း တစ်စုံတစ်ယောက်က အတွင်းသို့ဝင်သွားကာ ဝင်္ကပါကို ဖျက်ဆီးလိုက်ကြောင်း သေချာနေသည်။
“မြန်လိုက်တာ ဘယ်သူက အမြူတေကို ဒီလောက်မြန်မြန် ရောက်နိုင်လောက်အောင် တအားတော်နေတာလဲ”
ထိုအခိုက်အတန့်တွင် ထိုသုံးယောက်လုံးက အလန့်တကြားဖြစ်ပြီး စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့သုံးယောက်သည်လည်း သူတို့သာဆိုရင် ဝင်္ကပါသို့သွားရန် မည်မျှခက်ခဲကြောင်း နားလည်ထားကြသည်။ စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအားက ရွှေရောင်နွားချေးပိုးထိုးကောင်များကို လျစ်လျူရှု့နိုင်သည့်တိုင်အောင် သူသည် ဝင်္ကပါ၏ ပထမအလွှာသို့ပင် မရောက်နိုင်လေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသေးသည်။
“ဒဏ္ဍရီတစ္ဆေဘိုးဘေးများ ဖြစ်နေမလား”
စုန့်ယွမ်ယွီက တွေးတွေးဆဆနှင့် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ ဘိုးဘေးငါးယောက် မဟာမိတ်ထဲတွင် တစ်စုံတစ်ယောက်သာ ဝင်္ကပါကို ဖျက်နိုင်ပါက ဖေးလွမ်သာဖြစ်ပေလိမ့်မည်။ တစ်ဖက်သူက ယင်နက်ဘိုးဘေးထက်ပင် အဆပေါင်းများစွာ အင်အားကြီးမားနေသည်။ စုန့်ယွမ်ယွီက ဝင်္ကပါအတွင်းသို့ ဝင်ရောက်ချိန်ကတည်းက သူ့ကိုမမြင်ရပေ။
“စုန့်ယွမ်ယွီများ ဖြစ်နေမလား”
တစ်ချိန်ထဲတွင်ပင် ယင်နက်ဘိုးဘေးကလည်း စုန့်ယွမ်ယွီကို သံသယဝင်နေလေသည်။
အခန်း(၁၄၁၃)
သိုင်းပညာလောကတွင် လောက၏ နံပါတ်တစ် ဝင်္ကပါကို ဖျက်ဆီးနိုင်သော စွမ်းအင်ရှိသူဆိုလျှင် ယင်နက်ဘိုးဘေးအနေဖြင့် စုန့်ယွမ်ယွီကိုသာ ပြေးမြင်မိပေလိမ့်မည်။
မိစ္ဆာဧကရာဇ်နှင့် သူ၏တပည့်တို့အတွက်ကမူ စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့က မေ့ထားသည်။
မိစ္ဆာဧကရာဇ်လိုမျိုး သွေးမုန်တိုင်းထန်စေပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို ယင်ကောင်လို သတ်ဖြတ်ခဲ့တဲ့ လူမျိုးက အခြားလူတွေအတွက်ကြောင့်နဲ့ ဝင်္ကပါကို ဘယ်လိုများဖျက်ပေးမှာလဲ။
သူတို့နှစ်ယောက်သည်ပင် ထိုဖြစ်နိုင်ချေကို ဘယ်သောအခါမှ မတွေးမိချေ။
တခဏခန့်ကြာပြီးနောက် သိုင်းပညာလောကမှ တိုင်တန်များအတွင်း မယုံနိုင်စရာကောင်းသော ဖြစ်ရပ်က ဖြစ်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အမြူတေမှ အဆုံးအစမဲ့သော အလင်းများက ဖြာထွက်လာသည်။ အလင်းက ပျောက်ကွယ်သွားချိန်တွင် မူလအမရဝင်္ကပါ၏ ကောင်းကင်တွင် ရင်းနှီးကျွမ်းဝင်သော လူငယ်၏ကျောပြင်ကို မြင်ရသည်။
သူ၏လက်ထဲတွင် ပြင်းပြင်းထန်ထန် ဆွဲထုတ်နေရပုံပေါ်သည့် စစ်အလံတစ်လက်ရှိနေသည်။
သူ၏အစစ်အမှန်မျက်နှာကို မမြင်နိုင်သည့်တိုင်အောင် လူတိုင်းကသူ့ကို မှတ်မိသည်။
“မိစ္ဆာဧကရာဇ်ရဲ့ တပည့်”
“သခင်လေးချင်းယန်အတု”
ဝင်္ကပါ၏ အမျိုးမျိုးသော နေရာများမှ အော်သံများထွက်လာသည်။
ဝမ်ချောင်နှင့် သခင်လေးချင်းယန် အကြားမှ ပြိုင်ပွဲက အာရုံပေါင်းများစွာ ဆွဲဆောင်ခဲ့လေသည်။ ယခုအခါ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့၏ အရှေ့တွင်ပင် သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ရဲသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော လူငယ်ကို လူပေါင်းများစွာက မှတ်မိနေကြသည်။
ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့က မျက်နှာများ ပျက်ယွင်းသွားကြသည်။
သိုင်းပညာလောကမှ တိုင်တန်များအနေဖြင့် သူတို့သည်လည်း အခြားတစ်ယောက်က ဝင်္ကပါထဲသို့ ဝင်ရောက်ပြီး ဝင်္ကပါကို ဖျက်ဆီးလိုက်သည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။ သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ သိုင်းပညာလောကမှ လူတိုင်းကို ကူညီပေးရန် အမြူတေထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဝင်္ကပါကို ဖျက်ဆီးပေးလိုက်သူက သူတို့ဖယ်ထုတ်ထားသော လူတစ်ယောက်ဖြစ်နေသည်။
ရလဒ်ကမူ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
“ဟား ဟား ကျန်းဝမ်ဖူ မင်းမြင်လား။ အဲ့ဒီကလေးက အမြူတေထဲရောက်အောင် ဝင်သွားနိုင်တယ်”
“ဟား ဟား တော်တယ်။ မိစ္ဆာဧကရာဇ်ရဲ့ တပည့်ဆိုတဲ့အတိုင်းပဲ”
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ ထင်ရှားသောပုံရိပ်ကို မြင်လိုက်ရုံဖြင့် မျက်ဝန်းက တောက်ပသွားသည်။ သူသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။
ဝမ်ချောင်က ကျရှုံးသွားလောက်ပြီဟု တွေးမိသည့် အခိုက်အတန့်ပင် ရှိခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်ဟာ ရအောင်လုပ်လိုက်နိုင်သည်။ သူသည် လောက၏ နံပါတ်တစ် ဝင်္ကပါကို ဖျက်ပစ်လိုက်၏။
သူသည် ဝမ်ချောင်ကို ဝင်္ကပါအကြောင်း သင်ပေးခဲ့ကြောင်း တွေးမိလိုက်သောအခါ ဝင်္ကပါအကြီးအကဲက ဂုဏ်ယူမှုများဖြင့် ပေါက်ကွဲမတက် မာနကြီးချင်သွားသည်။ ထိုအခြေအနေက သူ့အား တစ်ဘဝလုံးစာ ဂုဏ်ယူနေရန် လုံလောက်သည်။
“စိတ်လှုပ်ရှားဖို့က စောလွန်းနေသေးတယ်။ ဝင်္ကပါကို အပြည့်အဝ မဖျက်ဆီးနိုင်သေးခင် ကိစ္စတွေက ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိနိုင်ဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မထူးခြားနားသလိုပြောသည်။ သူက မလှုပ်ရှားပုံပေါ်၏။ သို့သော် သူ၏တုန်ယင်နေသော မျက်ခွံကသာ သူ၏အစစ်အမှန် ခံစားချက်ကို သစ္စာဖောက်နေသည်။
.....
ထိုအချိန် အမြူတေအတွင်းမှ ဝမ်ချောင်က အလံအောက်မှထွက်လာသော အလင်းများကိုသာ မြင်လိုက်ရသည်။ သူသည်လည်း သူ၏ အမြူတေနှင့် လှုပ်ရှားမှုတိုင်းကို လူတိုင်းက ကြည့်နေကြောင်း သတိမထားမိပေ။
“နည်းနည်းပဲကျန်တယ်”
ဝမ်ချောင်က မူလအမရစစ်အလံကို အာရုံပိုစိုက်လိုက်သည်။ ဝင်္ကပါနှင့် လောက၏ စွမ်းအင်အကြားမှ ဆက်နွယ်မှုက တဖြည်းဖြည်း ပြေလျော့သထက် ပြေလျော့လာသည်။ သူသည် စွမ်းအင်မြောက်များစွာ ထည့်ထားသောကြောင့် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များက ကစဉ့်ကလျားပင် ဖြစ်မတတ်ဖြစ်လာသည်။ သူ၏နဖူးမှ ချွေးစေးများ စီးကျလာသည်။ သို့သော် သူသည် ထိုကိစ္စများကို စိုးရိမ်နေရန် အချိန်မရှိပေ။
“နည်းနည်းလောက် နည်းနည်းလောက်ပဲ ပိုလုပ်ရအောင်။ ငါဝင်္ကပါကို ဖျက်နိုင်တယ်”
ထိုကာလတွင် တစ်စက္ကန့်က မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာ ကုန်လွန်နေသလိုမျိုးပင် ထင်ရသည်။ ထိုကာလက ကြာညောင်းသွားပြီးနောက်တွင် ပေါက်ကွဲသံက ထွက်ပေါ်လာ၏။ ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပြေလျော့သွားသလိုမျိုး ခံစားလိုက်ရသည်။ အကြောင်းမူကား သူသည် မူလအမရ စစ်အလံကို ဆွဲနှုတ်လိုက်နိုင်လေပြီ။
သူဟာ အလံကို ဆွဲနှုတ်လိုက်သည့် အခိုက်အတန့်တွင် ယစ်ပုလ္လင်ပေါ်တွင် မရေမတွက်နိုင်သော ကွဲအက်ကြောင်းများက ကလက်ကလက် အသံများနှင့်အတူ ပျံ့နှံ့လာရင်း ပေါက်ကွဲသွားလေသည်။
အမြူတေကို ဖျက်ဆီးလိုက်သောကြောင့် ဝင်္ကပါကြီးတစ်ခုလုံးက ယမ်းခါသွားသည်။ ဝင်္ကပါ၏ အမျိုးမျိုးသော နေရာများမှ အမျိုးမျိုးသော ပေါက်ကွဲမှုများက ထွက်လာသည်မှာ အမြူတေ၏ ပျက်စီးမှုကို တုန့်ပြန်နေသည့်အလား ထင်ရသည်။
ဝမ်ချောင်သည်လည်း မူလအမရဝင်္ကပါမှ အန္တရာယ်များက လေလျော့သွားသော ပူဖောင်းတစ်လုံးလို ဖြစ်သွားကြောင်း မြင်နိုင်သည်။ မရေမတွက်နိုင်သော စွမ်းအင်အားလှိုင်းများကပင် လျှင်မြန်စွာ အားနည်းလာ၏။
ဘန်း
တခဏခန့်ကြာပြီးနောက် ဝင်္ကပါက အော်ဟစ်သံများနှင့်အတူ ပေါက်ကွဲသွားသည်။ ဝင်္ကပါ၏ အပြောင်းအလဲကို မြင်သောအခါ သိုင်းပညာရှင်တိုင်းကလည်း ကပ်ဘေးမှ လွတ်မြောက်အောင် အသက်ရှင်သန်ရမည်ဖြစ်ကြောင်း နားလည်သဖြင့် အောင်ပွဲခံနေကြသည်။ အချို့ကမူ သူတို့၏ လက်နက်များကိုထုတ်လျှက် မြေပြင်သို့ ထိုးစိုက်လိုက်ကြသည်။
ဝင်္ကပါ၏ အမြူတေအတွင်းမှ ဝမ်ချောင်က ထိုကိစ္စများကို အာရုံမစိုက်နိုင်ပေ။ သူက မူလအမရ စစ်အလံကို ဆွဲထုတ်ပြီး ကပ်ဘေးကို ဖြေရှင်းလိုက်ပြီဖြစ်သည်။
ဝင်္ကပါက အပြည့်အဝ ပြိုကျရန် အချိန်အနည်းငယ် လိုသေးသည်။ ဝမ်ချောင်ယခု အာရုံစိုက်ရမည်မှာ ယစ်ပုလ္လင်၏ ပေါက်ကွဲမှုကြောင့် ပေါ်လာသော ပစ္စည်းများဖြစ်သည်။ ထိုအရာက လက်သီးဆုပ် အရွယ်အစားခန့်ရှိသည့် အနက်ရောင် ရုပ်ထုလေးဖြစ်သည်။ အမည်မသိရသော သားရဲရုပ်ထု ဖြစ်လောက်၏။ ထိုသားရဲက သားကောင်ကို ခုန်အုပ်မတက် ပုံစံမျိုးဖြင့် ကြမ်းတမ်းသော မျက်နှာထားမျိုးကို ပိုင်ဆိုင်ထားသည်။
ဝမ်ချောင်သည်လည်း သားရဲ၏ မေးရိုးအောက်ဘက် ထက်ရှသော အစွယ်များက ပါးစပ်ထဲမှ ထွက်နေကြောင်း သတိလက်လွတ် သတိထားမိလိုက်သည်။ ဝမ်ချောင်၏နှလုံးက စတင်ကာ ခုန်လှုပ်လာ၏။ မေးရိုးအောက်ပိုင်း သေးငယ်သော သားရဲ၏ အစွယ်များတွင် ကမ္ဘာပျက်ဘေး ယစ်ပုလ္လင်ပေါ်မှ သင်္ကေတကလွဲပြီး အခြားရှိမနေပေ။
ကမ္ဘာပျက်ဘေး ယစ်ပုလ္လင်ပေါ်က ဒီသားရဲသင်္ကေတက အစစ်အမှန်ပုံစံလား။
ဝမ်ချောင်က မျက်တောင်တစ်ချက်ခတ်ရင်း ခပ်တိုးတိုးရေရွတ်သည်။
အရာအားလုံးက သူ့အား ဖော်ပြရန်ခက်ခဲသော လျို့ဝှက်ဆန်းကြယ်မှုများ ပေးစွမ်းနေသည်။ သူက သားရဲရုပ်ထုကို မြင်လိုက်သောအခါ ထိုခံစားချက်ကမူ ပို၍သာ ပြင်းထန်လာ၏။
မူလအမရ အရှင်သခင်၏ အမည်မသိရသော နောက်ခံက ကမ္ဘာပျက်ဘေးတွင် ကျူးကျော်လာသူများနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေလောက်သည်။
ဘယ်လိုနည်းနဲ့မဆို ငါအမှန်တရားကို ရအောင်ရှာရမယ်။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
အခြားသောလောကမှ ကျူးကျော်သူများကို ဆင့်ခေါ်ပြီး မဟာထန်နှင့် ကုန်းမြေကြီးတစ်ခုလုံးရှိ အခြားသော နေထိုင်သူတိုင်းကို ဖျက်ဆီးခဲ့သော ကမ္ဘာပျက်ဘေးယစ်ပုလ္လင်ကြီးက မည်သူကမှ အမှန်တရားကို မရှာနိုင်သည့် လျို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။ အဆုံးသတ်ထိ မည်သူကမှ မသိခဲ့ကြပေ။ သူတို့ကိုယ်တိုင်ပင် ထိုအရာကို မည်သို့ဖျက်ဆီးသင့်ကြောင်း မည်သည့်ပစ္စည်းများဖြင့် ဆောက်လုပ်ထားကြောင်း မသိခဲ့ပေ။
သို့သော် ထိုအချိန်တွင် ဝမ်ချောင်က မတော်တဆ ထိုကပ်ဘေးနောက်ကွယ်မှ ရက်စက်သော အမှန်တရားထဲမှ တစ်ချို့နှင့် တိုက်တိုက်ဆိုင်ဆိုင် လာတိုးလေသည်။
ဝမ်ချောင်သည် အသက်ပြင်းပြင်းရှုလျှက် သတိထားကြည့်လိုက်လေရာ ထိုသေးငယ်သော သားရဲလေး၏ ဦးချိုနှစ်ခုထဲမှ တစ်ခုက တစ်စုံတစ်ရာကို ထိန်းကိုင်ထားကြောင်း တွေ့လိုက်သည်။
ထိုအရာက လက်မအရွယ်အစားခန့်ရှိမည့် ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အနီရောင်ပုလဲလေး ဖြစ်သည်။ ထိုပုလဲလေးက အတွင်းတွင် ချော်ရည်များ စီးဆင်းနေသလိုမျိုး ဖြစ်နေသည်။ ဝမ်ချောင်ကလည်း အင်အားကြီးမားသော စွမ်းအားလှိုင်းများကို ခံစားမိသည်။ ဝမ်ချောင်က ရုတ်တရက် ထိုပုလဲလေးဟာ အဆုံးအစမဲ့သော ရေအိုင်ကန်ကြီးကဲ့သို့ အဆုံးအစမဲ့လောက်အောင် မြောက်များသော စွမ်းအားများကို သယ်ဆောင်ထားသလို ခံစားလိုက်ရသည်။
သို့သော် ဝမ်ချောင်က ထိုပုံရိပ်ယောင်ထဲမှ ခပ်မြန်မြန် လှုပ်ခါလျှက် ရုန်းထွက်လိုက်သည်။
သူ၏မျက်လုံးက ပေါက်ကွဲမှုကြောင့် ပေါ်လာသော အခြားသော ပစ္စည်းတစ်ခုဆီ ရောက်သွားသည်။ ထိုအရာက လျို့ဝှက်ဆန်းကြယ်သော စာလိပ်လေးဖြစ်သည်။ အိုဟောင်းကာ ဆွေးမြေ့နေပြီဖြစ်သည်။ သတ္ထုနှင့် အဝတ်ကိုပေါင်းစပ်ပြီး ထူးဆန်းစွာ ပြုလုပ်ထားပုံရသည်။ စာလိပ်က အလွန်အမင်း သန့်ရှင်းသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနားကို ရွှေရောင်အပ်ချည်မျှင်များဖြင့် လုပ်ထားကြောင်း မြင်နိုင်သည်။ ထို့အပြင် လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများ စာများပါသည်။
ဝမ်ချောင်က လက်ဖဝါးဖြန့်လျှက် စာလိပ်လေးကို လှမ်းဆွဲယူလိုက်သည်။ စာလိပ်ကို လှမ်းဆွဲယူပြီးနောက် ဝမ်ချောင်၏မျက်လုံးက အံ့အားတကြီး တောက်ပသွားသည်။
“ဒါက မူလအမရဝင်္ကပါရဲ့ ပုံစံခွက်ပဲ”
စာလိပ်ထဲတွင် ဂိတ်တစ်သောင်းကျော်နှင့် မရေမတွက်နိုင်သော ထောင်ချောက်များအပြင် ဝင်္ကပါအတွင်းတွင် လှည့်ပတ်စီးဆင်းနေသော ဂိတ်ဝေးများအားလုံးကို အသေးစိတ် သေချာဖော်ပြထားသော ပုံစံခွက်ကို မြင်နိုင်သည်။ အရာအားလုံးက ထိုနေရာတွင် ရှိနေသည်။ ရှုပ်ထွေးမှု၊ ပြင်းထန်သိပ်သည်းမှုများ အားလုံးရှိနေ၏။ ဝမ်ချောင်က ပုံဖော်နိုင်ခဲ့သည့် မူလအမရဝင်္ကပါထက် ပို၍ရှုပ်ထွေးပြီး ပြင်းထန်သိပ်သည်းကာ ပြီးပြည့်စုံသေးသည်။
ဝမ်ချောင်က ဖတ်ကြည့်လေလေ လျို့ဝှက်သော လုပ်ဆောင်မှုများကို အသေးစိတ်ကျကျ နားလည်လာလေလေဖြစ်သည်။
ဝမ်ချောင်သည် အစစ်အမှန် မူလအမရ ဝင်္ကပါနှင့် ကိုးဆယ်ရာခိုင်နှုန်းခန့် တူအောင် ပုံဖော်နိုင်ခဲ့သည်။ ထိုဝင်္ကပါပုံစံခွက်ကြောင့် သူ၏နားလည်မှုက ပို၍ပင် နက်ရှိုင်းသွားလေသည်။
ဝင်္ကပါပုံစံခွက်မှ တည်နေရာကို မြင်လိုက်သောအခါ ဝမ်ချောင်က အေးစက်စွာရယ်သည်။
“ကြည့်ရတာ အဲ့ဒီလူတွေက အဲ့ဒီနေရာမှာ ပုန်းနေတာပဲ”
သူ၏လက်ဖဝါးကို တစ်ချက်ယမ်းလိုက်ရုံဖြင့် သူသည် သားရဲရုပ်ထုနှင့် မူလအမရ စစ်အလံကို သိမ်းလိုက်သည်။
စွစ်
သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။ ထို့နောက်သူသည် ရုတ်တရက် အမြူတေ၏ အစွန်းနားတွင် ပြန်ပေါ်လာသည်။ ထိုစတုရန်းတုံးကြီး၏ ဘေးဘက်တွင် ရွှေရောင်နံရံကြီး ရှိနေသည်။ သူက သိသာထင်ရှားစွာ ထွက်နေသော ရွှေရောင်အုတ်မြစ်တစ်ခုပေါ်တွင် လက်ဖဝါးကို ဖိတင်လိုက်သောအခါ ကွဲအက်ညဉ်းညူသံလို ခပ်အုပ်အုပ် အသံများက ထွက်လာသည်။
ထို့နောက် ရွှေရောင်လှေကားထစ်တစ်ခုက ပေါ်ထွက်လာသည်။ ဒီနည်းအားဖြင့် လမ်းကြောင်းတစ်ခုက ပေါ်လာလေပြီ။
ဝမ်ချောင်က ရွှေရောင်စတုရန်းတုံးကြီး၏ ထိပ်ဘက်သို့ ဦးတည်သည့် လှေကားထစ်ပေါ်သို့ အပြေးတက်လိုက်သည်။
ဝုန်း
သူဟာ အပြေးတက်သွားချိန်တွင် သူ၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို လွှတ်ထုတ်လိုက်ပြီး လွတ်လပ်စွာ ရွေ့လျားနေသော စွမ်းအင်တိုင်းကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူလိုက်သည်။ ပြေလျော့နေသော စွမ်းအားများက ဝမ်ချောင်အနေဖြင့် ကိုယ့်ကိုယ်ကို အားဖြည့်ရမည့် ကြယ်တာရာစွမ်းအား အရင်းအမြစ်ဖြစ်လေသည်။
သူက အပေါ်ထပ်သို့ ဆက်တက်လေရင်း ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကို ပြန်သုံးလိုက်ပြီး စွမ်းအင်လောကကတစ်ဆင့် ဆရာဖြစ်သူကို ဆက်သွယ်လိုက်သည်။
တခဏခန့်အနားယူပြီး စုပ်ယူထားသော စွမ်းအားများက လုံလောက်ပြီဟု ယူဆသောအခါ ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန် ရောက်လာသည်အထိ စောင့်နိုင်လေပြီ။
အလင်းက တစ်ချက်လက်ပြီးနောက် ဝမ်ချောင်သည် ရွှေရောင်စတုရန်းထုလုံးကြီး၏ ထိပ်ဘက်ရှိ အကွယ်နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာရှိ မြေပြင်အထက် မီတာခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့်ထိရှိသော ရွှေရောင်စင်မြင့်ကြီးပေါ်တွင် ရပ်နေခဲ့သော ပုံရိပ်များက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ထိုနေရာတွင်ရှိသမျှက အနီရင့်ရောင် သတ္ထုသားဖြင့် လုပ်ထားသော ကြီးမားသည့် ဖန်သားပြင်ကြီးနှင့် ကွဲအက်နေသော ပစ္စည်းများအရ ထိုလူများသည် ဒီနေရာတွင် တစ်ချိန်က နေထိုင်ခဲ့ကြောင်း ဖော်ပြနေသည်။
“ငါလာတာ နောက်ကျသွားတယ်”
ဝမ်ချောင်က သလင်းဖန်သားပြင်နားသို့ သွားလိုက်သောအခါ ရှုပ်ထွေးသော ခြေရာများ ပြည့်နှက်နေသည့် ကြမ်းပြင်ကို မြင်တွေ့လိုက်ပြီး သူသည် နေရာမှန်ကို ရောက်လာခဲ့ကြောင်း သိလိုက်သည်။
သိသာသည်မှာ ထိုလူများကလည်း သူဟာ ဒီနေရာသို့ လာရောက်ကြောင်း ခံစားမိပြီး ထိုနေရာက ထွက်ခွာသွားခြင်းဖြစ်လောက်သည်။
“တကယ်ပဲ ဒီလူတွေက ဘယ်သူတွေလဲ”
ဝမ်ချောင်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကျုံ့သည်။ သူသည်လည်း အနည်းဆုံး တိုက်ပွဲဖြစ်လောက်ရန် မျှော်လင့်ထားလေသည်။
သူက စိတ်ငြိမ်သွားချိန်တွင် ဝမ်ချောင်က သံသယဝင်ဖွယ် အချက်အချို့ကို ခပ်မြန်မြန် သတိထားမိလိုက်သည်။ သူက တွေးတောကြည့်လိုက်၏။ ထိုလူများသည် မြင့်မားသောနေရာမှ ကြည့်ရှု့နိုင်ကတည်းက သူ၏လုပ်ဆောင်မှုတိုင်းကို ကြိုမြင်နေလောက်သည်။
အခြားစကားဖြင့် ဆိုရသော် သူ့ထက် အခွင့်အရေး အမြောက်အများ ရှိနေသည်။ အချို့သော အကြောင်းပြချက်များကြောင့် ထိုလူများက လက်လျော့လိုက်ကြသည်။ သူက စစ်အလံကို ဆွဲထုတ်ပြီး ဝင်္ကပါကို ဖျက်ဆီးနေသည့် အချိန်တွင်ပင် ပေါ်မလာကြပေ။
သိသာစွာပင် ဒါဟာ ဝင်္ကပါကိုသုံးပြီး အတွင်းမှလူများကိုသတ်ရန် ကြိုးစားသောလူများ၏ လုပ်ပုံလုပ်နည်းနှင့် သေဖွယ်နေသည်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးလည်းဖြစ်သည်။ အနည်းငယ် တွေးတောကြည့်ပြီးနောက် ဝမ်ချောင်က ခပ်မြန်မြန် နားလည်သွားသည်။
“သူတို့က မလုပ်ချင်တာမဟုတ်ဘဲ မလုပ်နိုင်တာပဲ။ မူလအမရဝင်္ကပါကို ထိန်းချုပ်တဲ့ ဒီလူတွေမှာလည်း ဒီနေရာနဲ့ အနီးကပ် ဆက်သွယ်နေကြတာ။ သူတို့ကသာ ဒီဝင်္ကပါက ဖျက်ဆီးခံရမဲ့ အနေအထားမျိုးမှာ ပေါ်မလာဘူးဆိုရင် သေချာပေါက် အကြောင်းပြချက်က သူတို့နဲ့ တည်ရှိနေလို့ပဲ။ သူတို့က ချိုးဖျက်လို့မရတဲ့ သစ္စာကျိန်ဆိုမှုတွေကို လုပ်ထားပြီး ဒီဝင်္ကပါကို ထိန်းချုပ်တာဖြစ်လောက်တယ်”
သိသာစွာပင် ထိုလူများကလည်း မူလအမရဝင်္ကပါနှင့် နက်ရှိုင်းလွန်းသော ဆက်သွယ်မှုများ ရှိနေလောက်လေသည်။
အခန်း(၁၄၁၄)
“သတ်”
ဝမ်ချောင်က တွေးတောနေချိန်တွင် သူ၏ပတ်ပတ်လည်တွင် မိုးခြိမ်းမတက် ကျယ်လောင်သော အသံများက ပေါက်ကွဲသွားသည်။ ဝမ်ချောင်က ခေါင်းကိုလှည့်လျှက် ကြည့်လိုက်သောအခါ သူ၏နေရာမှ မီတာခုနှစ်ဆယ်ကျော်ခန့် အကွာတွင် ရှိနေသည့် ဝင်္ကပါဂိတ် တစ်သောင်းအတွင်းမှ မြောက်များလှစွာသော သိုင်းပညာရှင်များက အချင်းချင်း တိုက်ခိုက်နေကြောင်း မြင်လိုက်ရလေသည်။
အနီးအနားတွင် ဝမ်ချောင်က ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့က အချင်းချင်း တိုက်ခိုက်နေကြောင်းကိုလည်း မြင်နေရသည်။ အခြားတစ်နေရာတွင် ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းက သူ၏ဆရာ ဝင်္ကပါအကြီးအကဲတို့နှင့် တိုက်ခိုက်နေကြောင်းကိုလည်း မြင်ရသည်။
ဝင်္ကပါက လည်ပတ်မှု လျော့ကျသထက် လျော့ကျလာသော်လည်း သိုင်းပညာရှင်များအကြားမှ တိုက်ပွဲက စတင်ရုံသာဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ဝမ်ချောင်ရှိရာဘက်သို့ လာနေကြသည်။
ခလွက်
ဝမ်ချောင်က ဝင်္ကပါအောက်သို့ ငုံ့ကြည့်လိုက်သည့် အခိုက်အတန့်တွင် မြေကမ္ဘာကို တုန်ခါစေသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို သူ၏ခေါင်းအထက်တွင် ရွှေရောင်အလင်းတန်းက ပေါက်ထွက်လာပြီးနောက် ဝမ်ချောင်က မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။
ကြီးမားသော ရွှေရောင်လက်ကြီးတစ်ဖက်က မူလအမရဝင်္ကပါဆီ လက်လှမ်းလာသည်။ ကြီးမားသော ရွှေရောင်လက်ချောင်းများက ဝင်္ကပါကို ဖမ်းဆုပ်ရန် ကြိုးစားလာ၏။ ထို့နောက် နောက်ထပ် ကြီးမားသော လက်တစ်ဖက်ကလည်း လှမ်းလာပြန်ပြီး အခြားတစ်ဖက်ခြမ်းမှ ဝင်္ကပါကို ဖမ်းယူရန် ကြိုးစားပြန်သည်။
ခြိမ်း
ကြီးမားသော လက်ကြီးနှစ်ဖက်က ဝင်္ကပါကို စတင်ကာဆွဲရန် ကြိုးစားကြသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တွင် ကြီးမားသော အစင်းကြောင်းကြီးတစ်ခုက ဖြစ်လာပြီး ကွဲထွက်သွားစေတော့မတက် ပြင်းထန်လာလေသည်။
အစင်းကြောင်း၏ အဟကြားနေရာများသို့ လေနှင့် အလင်းများက အပြေးဝင်သွားပြီး ဝင်္ကပါကြီး တစ်ခုလုံးကို ရောင်ပြန်ဟပ်နေစေသည်။
ထိုအရာသာ မကသေးချေ။ ဝင်္ကပါက ပြိုလဲကျလုနီးပါး ဖြစ်နေခဲ့ပြီးသား ဖြစ်သည့်အလျောက် အပြင်ဘက်မှ ပြင်းထန်သောအားက ပျက်စီးမှုကို ပို၍မြန်ဆန်သွားစေသည်။
မြေကမ္ဘာက စတင်ကာ တုန်ခါလာသလို ဝင်္ကပါအနှံ့ ကွဲအက်ရာများက ပျံ့နှံ့သွားသည်။ မြောက်များလှစွာသော အစိတ်အပိုင်းများ ကွဲထွက်သွားစေသည်။
“အား”
မြောက်များလှစွာသော သိုင်းပညာရှင်များက လေထဲသို့ မြောက်တက်သွားရင်း အလန့်တကြား အော်ဟစ်ကြလေသည်။
ဝင်္ကပါထဲမှ သိုင်းပညာရှင်များက ထိတ်လန့်နေချိန်တွင် ကောင်းကင်ရှိ အက်ကွဲကြောင်းရာအတွင်းမှ အေးစက်ပြီး ထည်ဝါသော အသံက ထွက်လာသည်။
“ဝင်္ကပါက ပျက်သွားပြီ။ အခုမင်းဘယ်ကို ပြေးနိုင်ဦးမလဲ ငါကြည့်မယ်။ မြန်မြန်လေး ရတနာကို ငါတို့လက်ကိုအပ်စမ်း”
ဝမ်ချောင်က ထိုအစင်းကြောင်း၏ အလယ်ဗဟိုနေရာသို့ အလန့်တကြား စိုက်ကြည့်လိုက်သည်။ ရွှေရောင်လက်နှစ်ဖက်အကြားတွင် အနက်ရောင်ဝတ်ရုံကို ခြုံထားသော တစ်စုံတစ်ယောက်က သူရှိရာဘက်သို့ ဦးတည်လာနေသည်။
သူတို့ပဲ။
ဝမ်ချောင်က ကြောင်သွားသည်။ သူသည်လည်း တစ်ဖက်သူသည် သူ၏နောက်သို့ ဆက်တိုက် လိုက်ဖမ်းနေခဲ့သော အဖွဲ့အစည်းများထဲမှ တစ်ယောက်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူသည် သူတို့၏ စွမ်းအင်ကို မှတ်မိနေသည်။
သူ၏ဝမ်းဗိုက်အတွင်းတွင် ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးက ပေးထားသော သေတ္တာဘူးလေးကလည်း အပူလောင်သလိုမျိုး ကြိမ်းတက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ကလည်း ဆက်တိုက်လာနေသေး၏။ မေးခွန်းထုတ်စရာ မလိုလောက်အောင် ထိုလူများက သူ့ဆီလာနေခြင်းဖြစ်သည်။
ဝုန်း
ဝမ်ချောင်၏ ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအားလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ဖြတ်ပြေးလာကာ သူ့အား လျှင်မြန်စွာဖြင့် အားဖြည့်ပေးသည်။ ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အန္တရာယ်များလွန်းသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ ဒီလိုကျင့်ကြံခြင်း သွေဖယ်နေသော အခိုက်အတန့်မျိုးတွင် မည်သည့်စွမ်းအားကိုမဆို စုပ်ယူ၍ မရနိုင်တော့ပေ။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်က အများကြီးစိုးရိမ်နေရန် အချိန်မရှိပါပေ။
ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း ယာယီစခန်းတွင် ဝါးဦးထုပ်နှင့် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်၏ အင်အားကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီးသားဖြစ်သည်။ သူ၏အရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူက မူလအမရဝင်္ကပါကို ကိုယ်တိုင်အင်အားဖြင့် ဆွဲဖြဲနိုင်သောကြောင့် ထိုသုံးယောက်ထက် ပို၍ပင် လေးစားဖွယ်ကောင်းလှသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် အခြားသော ကိစ္စများကို စိုးရိမ်ရန် အချိန်မရှိတော့ပေ။
ချွင်
ဝမ်ချောင်၏ ခြေထောက်အောက်တွင် ချီစက်ကွင်းများက ထွက်ပေါ်လာသည်။ သူဟာ ကောင်းကင်ကို တည်ငြိမ်စွာကြည့်နေရင်း ကြယ်တာရာစွမ်းအင်များက ခန္ဓာကိုယ်အတွင်းမှ စိမ့်ထွက်လာသည်။
သူသည် ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကို အသုံးပြုရန် အချိန်စေ့သွားပြီ ဖြစ်သောကြောင့် သံချပ်ကာမရှိတော့သောအခါ ဝမ်ချောင်သည် အနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်ရန် ယုံကြည်မှု ပိုလျော့သွားသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ချောင်အနေဖြင့် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ခြိမ်း
ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ တောင့်တင်းလျှက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူသည် အနည်းဆုံး ဆရာနှင့် အခြားသူများ မရောက်ခင်အထိ ထိန်းထားနိုင်ရပေမည်။
သို့သော် တခဏခန့်ကြာပြီးနောက် မမျှော်လင့်ထားသော တစ်စုံတစ်ရာက ဖြစ်လာသည်။
ဝမ်ချောင်၏ ညာခြေထောက်က အောက်သို့ဖိချလိုက်သည့် အခိုက်အတန့်တွင် မြေပြင်က အောက်သို့ ချိုင့်ဝင်သွားပြီး စက်ကိရိယာများက ဒိန်းကနဲ မြည်သံနှင့်အတူ စတင်ကာ လည်ပတ်လာသည်။ ဝမ်ချောင်ကပင် မတုန့်ပြန်နိုင်သေးခင် သူက ယခုလေးတင် စုစည်းထားသော ကြယ်တာရာ စွမ်းအားများက မြေပြင်ထဲသို့ တဖန်စီးဝင်သွားသည်။
ကောင်းကင်မှသာ ငုံ့ကြည့်မည်ဆိုပါက ဝမ်ချောင်၏ ပတ်ပတ်လည်တွင် အသေးစား ဝင်္ကပါလေးက လင်းလက်လာကြောင်း မြင်ရမည်ဖြစ်သည်။ ဝမ်ချောင်က အလယ်ဗဟိုနေရာတွင် ကွက်တိရှိနေသည်။
အလင်းများက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထို့နောက် ဝမ်ချောင်၏ မြင်ကွင်းက မည်းမှောင်သွားလေပြီး တစ်လောကလုံးကလည်း လည်ထွက်သွားလေသည်။ ဝမ်ချောင်ကလည်း ထိုလည်ထွက်သွားမှုနှင့်အတူ လိုက်လည်နေရ၏။ ဝမ်ချောင်နောက်ဆုံး မြင်ရသည်မှာ လေထဲတွင် အံ့အားတကြီး တုန်ယင်နေသော အနက်ရောင်ဝတ်စုံနှင့်လူက အရှိန်နှုန်းကို မြန်ဆန်လိုက်ခြင်းသာလျှင်ဖြစ်သည်။
ဝမ်ချောင်သည်လည်း အနက်ရောင်ဝတ်စုံနှင့်လူဟာ မျက်လုံးသုံးလုံးပါသော သမင်ပုံ ရွှေရောင် မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားသောကြောင့် သူ့အား ဝေဝါးလွန်းသော ပုံပန်းသွင်ပြင်ကိုသာ ထုတ်ပေးနေကြောင်း ခံစားလိုက်ရသည်။
ခြိမ်း
အခြားသောသူများက အံ့အားသင့်ထိတ်လန့်ကာသာ ကြည့်နိုင်ကြသည်။ သို့သော် ကြီးမားသော ရွှေရောင် စတုရန်းထုလုံးကြီး၏ အပေါ်ဘက်မှ ဝမ်ချောင်၏ ပုံရိပ်ကမူ မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်ကွယ်သွားပြီး ရှင်းလင်းသော စင်မြင့်ကိုသာ ချန်ထားရစ်ခဲ့သည်။ သူထွက်သွားပြီး တစ်စက္ကန့်ခန့် ကြာပြီးနောက် ရွှေရောင်ကြယ်တာရာစွမ်းအားများက သူ့အား ယခုလေးတင် ရှိနေသော နေရာသို့ ထိမှန်ကာ ရိုက်ချလိုက်လေသည်။ ကြယ်တာရာစွမ်းအားများက အင်အားကြီးမားလွန်းသဖြင့် တစ်တောင်လုံးကို သုတ်သင်နိုင်စွမ်းရည် ရှိလေရာ သတ္ထုတုံးကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်လေသည်။ သို့သော် ထူးဆန်းသည်မှာ ထိုရိုက်ချက်က ရွှေရောင်စတုရန်းထုလုံးကြီးပေါ်သို့ ရောက်သွားခဲ့သည့်တိုင်အောင် စင်မြင့်ကြီး၏ထိပ်တွင် အနည်းငယ်သာ လှုပ်ခတ်မှုမျိုး ဖြစ်သွားစေခဲ့လေသည်။ ရွှေရောင်ထုလုံးချွန်ကြီးကမူ ပုံမှန်အတိုင်း တည်ရှိနေသေးသည်။
“သေစမ်း”
ကြမ်းတမ်းသောလေပြင်းက ထိုစင်မြင့်၏ထိပ်ကို ရိုက်ချလိုက်သည်။ တစ်ချိန်ထဲတွင်ပင် ထူးဆန်းသော သမင်မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံနှင့် လူကလည်း ဝမ်ချောင်ရပ်နေခဲ့သော နေရာသို့ ရောက်လာခဲ့သည်။ သူ၏ပတ်ပတ်လည်ရှိ ဝတ်ရုံက လွင့်နေ၏။
“ငါလာတာ နောက်ကျသွားတယ်”
အနက်ရောင်ဝတ်စုံနဲ့ လူက အံ့ကိုကြိတ်ကာပြောသည်။
“အရှင် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”
“ငါတို့က ဝင်္ကပါကို ခက်ခက်ခဲခဲနဲ့ ဖျက်ဆီးထားရတာ။ ဒါပေမဲ့ သူတို့က အဆင်သင့်လာပြီး ကြိုတင် ထွက်ပြေးသွားခဲ့သလို ဖြစ်နေတယ်”
သူ၏အနောက်ဘက်မှ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က သူတို့၏လက်မောင်းကို တောင်ပံကဲ့သို့ ဖြန့်ထားရင်း ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုနှစ်ယောက်က ကျယ်ပြောသော အရှိန်အဝါကို လွင့်ထုတ်ထားလေပြီး သူတို့သည်လည်း ပြင်းထန်သော စွမ်းအားကို လွှတ်ထုတ်ထားကြောင်း ဖော်ပြသည်။
ရွှေရောင်မျက်နှာဖုံးနှင့်လူ၏ မျက်နှာအမူအရာက မျက်နှာဖုံးကြောင့် သေချာစွာ မမြင်ရသလို ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကြောက်စရာကောင်းသော စွမ်းအားကို လွှတ်ထုတ်ထားသောကြောင့် သူနှင့် ပေတစ်ရာဝန်းကျင်ရှိ အာကာသပြင်တစ်ခုလုံးကို ရှုံ့တွလာစေသည်။ အဝေးတစ်ခုမှကြည့်သော် ထိုဝိညာဉ် တစ်ခုလုံးက သူ၏စွမ်းအားကြောင့် ဝေဝါးပြီး မတည်မငြိမ်ဖြစ်လာသည်။
“မူလအမရဝင်္ကပါက ပျက်သွားပြီ။ သူတို့မထွက်ပြေးနိုင်တော့ဘူး။ ဘယ်လိုနည်းနဲ့မဆို ငါတို့ အဲ့ဒီပစ္စည်းကို ရအောင်ယူရမယ်”
ရွှေရောင်မျက်နှာဖုံးနှင့်လူက အေးစက်စွာပြောသည်။
ဝုန်း
ထိုအခိုက်အတန့်တွင် သူတို့အနောက်ဘက်မှ လေပြင်းက ဖြတ်တိုက်လာပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လျှက် ခါးတွင် အရိုးပုလွေကို ထိုးထားသော ပုံရိပ်တစ်ခုက ဆင်းသက်လာသည်။ သူက ရွှေရောင် စတုရန်းထုလုံးကြီး ရှိရာနေရာသို့ စတင်ကာလာသည်။
“ဟွန်း ညီအစ်ကိုတို့ ဒီတစ်ယောက်က ဘုရင်အာရှီနာ ပါးကုရှီတုလေ။ တွေ့ရတာ ဝမ်းသာပါတယ်”
အာရှီနာပါးကုရှီတု၏ အသံက အဝေးမှထွက်လာ၏။
မူလအမရဝင်္ကပါ ပွင့်သွားခြင်းက မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာကို အံ့အားသင့်သွားစေသည်။ အာရှီနာပါးကုရှီတုက အဝေးတစ်နေရာတွင်သာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။ သို့သော် ဝင်္ကပါက ပျက်သွားချိန်တွင်မူ ထိုအရှေ့ပိုင်း တူရကီဘုရင်က လူတိုင်းထက်စောစွာ တုန့်ပြန်နိုင်လေသည်။
အာရှီနာပါးကုရှီတု၏ အသံက လူသုံးယောက်ကို အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့်မိစေသည်။
“အရှင် ငါတို့သူ့ကို သတ်ရမလား”
အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်ကပြောသည်။ သူ၏မျက်လုံးက အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။
“မလိုဘူး သူက ငါတို့ရဲ့ ပစ်မှတ်မဟုတ်ဘူး။ အလကား မလိုအပ်တဲ့ ပြဿနာတွေ ရှာမနေနဲ့”
တစ်ချက်ကြည့်ပြီးနောက်တွင် ရွှေရောင်မျက်နှာဖုံးနဲ့လူက နောက်သို့လှည့်လျှက် တူရကီဘုရင်ကို လျစ်လျူရှု့လိုက်သည်။ အာရှီနာပါးကုရှီတုက သူ၏အရှေ့တွင်မူ သိသာထင်ရှားခြင်း မရှိသော ပုရွက်ဆိတ်တစ်ကောင်ထက် ပိုပုံမရပေ။
ဇွက်
အလင်းက တစ်ချက်လက်ပြီးနောက် ရွှေရောင် စတုရန်းထုလုံးကြီးပေါ်မှ ထိုလူကလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကလည်း သိပ်မကြာခင် လိုက်သွားလေသည်။
“ဟွန်း စိတ်ဝင်စားစရာပဲ”
သူတို့ကထွက်သွားပြီး သိပ်မကြာခင် အာရှီနာပါးကုရှီတုကလည်း သစ်ရွက်တစ်ရွက်လိုမျိုး စင်မြင့်ပေါ်သို့ ဆင်းသက်သွားသည်။ သူ၏မျက်လုံးက တောက်ပစွာနှင့် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက် ပျောက်ကွယ်သွားသောဘက်သို့ ကြည့်သည်။
“ဗဟိုပြင်ကျယ်မှာ ဒီလိုအဖွဲ့အစည်း ရှိတယ်လို့တော့မထင်ဘူး။ ဒါပေမဲ့ သူတို့က ဘယ်အဖွဲ့အစည်းနဲ့မှလည်း မပတ်သတ်နေသလိုပဲ”
ပုဇွန်ကြီးက ပုဇင်းရင်ကွဲကောင်၏ အနောက်သို့လိုက်နေချိန်တွင် အနောက်ဘက်မှ အဝါရောင်ငှက်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။ အာရှီနာပါးကုရှီတုကမူ သူ့ကိုယ်သူ အမြဲတမ်း အဝါရောင်ငှက်အဖြစ် သတ်မှတ်ထားခဲ့သူဖြစ်သည်။ သို့သော် သူက နောက်ဆုံးတွင် တုန့်ပြန်သောအခါတွင် သူတစ်ယောက်တည်းသာ ငှက်ဖြစ်နေခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။
ဝှစ်
အာရှီနာပါးကုရှီတုက နောက်မှဆက်မလိုက်ပေ။ ထိုအစား စတုရန်းထုလုံးကြီး၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဆင်းသက်လိုက်သည်။
“ယစ်ပုလ္လင်က ပြိုကျသွားပြီ။ ဆိုတော့ အဲ့ဒီကလေးက အထဲကပစ္စည်းကို ယူသွားလောက်တယ်။ ဗဟိုပြင်ကျယ်ရဲ့ နံပါတ်တစ်ဝင်္ကပါကို စုန့်ယွမ်ယွီ ဒါမှမဟုတ် အခြားတိုင်တန်ကြီးတွေက ဖျက်ဆီးတာ မဟုတ်ဘဲ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ဖျက်ဆီးလိုက်မယ်လို့ မထင်ထားဘူး။ သူက သိုင်းပညာလောကမှာ ဘာသတင်းမှမရှိတဲ့ လူတစ်ယောက်ပဲ”
အာရှီနာပါးကုရှီတုက ခပ်တိုးတိုး ရေရွတ်နေသည်။
သူ၏မျက်စိရှေ့တွင် ပြိုကျနေသော စင်ကလွဲပြီး အခြားမည်သည့်အရာမှ မရှိပေ။ သို့တိုင်အောင် အာရှီနာပါးကုရှီတုက အပြင်ဘက်တွင် ရှိနေခဲ့ပြီး ဝင်္ကပါကို ဖျက်ဆီးခြင်းနှင့် ထွက်ပေါ်လာသော ပုံရိပ်ယောင်မြင်ကွင်းကြောင့် သူသည် ထိုငယ်ရွယ်သော ပုံရိပ်ကို မြင်နိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင် နောက်ဆုံးသောရလဒ်က အရှေ့ပိုင်းတူရကီ ခါကာနိတ်ဘုရင် သူ့ကိုပင် ဖိအားများစေသေးသည်။
“မူလအမရ အရှင်သခင်က ပစ္စည်းတစ်ခုကို အကြောင်းပြချက်မရှိ ထားခဲ့မှာတော့ မဟုတ်ဘူး။ မူလအမရ အရှင်သခင်ရဲ့ ရတနာသိုက်ကို ဖွင့်နိုင်တဲ့သော့အစစ်က အဲ့ဒီကလေးရဲ့ လက်ထဲမှာဖြစ်လောက်တယ်”
အာရှီနာပါးကုရှီတုက အံ့အားတကြီး တွေးတောနေရင်း ရုတ်တရက်သူက ပြုံးရင်း ထွက်ခွာသွားလေသည်။
တက် တက်
အာရှီနာပါးကုရှီတုက ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ရွှေရောင် စတုရန်းထုလုံးကြီးပေါ်သို့ လူနှစ်ယောက်က ဆင်းသက်လာသည်။ နှစ်ယောက်လုံး၏ကိုယ်မှ ပြင်းထန်လွန်းသော စွမ်းအင်မုန်တိုင်းကို လွှတ်ထုတ်ထားသည်။
“ငါတို့လာတာ နောက်ကျသွားပြီ သူတို့သွားပြီ”
“နောက်ဆုံးတစ်ယောက်က အရှေ့ပိုင်း တူရကီဘုရင် အာရှီနာပါးကုရှီတုထင်တယ်။ သူက ဒီလိုအခြေအနေမျိုးမှာ ဒီလိုနေရာမှာ ပေါ်လာတယ်ဆိုတော့ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရမယ်”
“ဒီကိစ္စက ငါတို့နဲ့မဆိုင်ဘူး။ ငါတို့အရင်ဦးဆုံး လုပ်ရမဲ့အရာက မိစ္ဆာဧကရာဇ်နဲ့တပည့်ကို ရှာဖို့ပဲ။ သူတို့ ဝေးဝေး မရောက်လောက်သေးဘူး”
စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ဖြစ်သည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဒုအရှင်တို့က ဘေးချင်းယှဉ်ရပ်လျှက် သူတို့၏ အေးစက်မောက်မာသော မျက်နှာထားမျိုးနှင့် တွေးတောနေကြလေသည်။
အခန်း(၁၄၁၅)
ရှဲ့ကွမ်းထင်က နောက်ဆုံးမှ ရောက်လာခဲ့သည်။ ဝင်္ကပါက ပျက်စီးသွားသည်နှင့် သူသည် စုန့်ယွမ်ယွီနှင့် အတူပေါင်းကာ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို နှိမ်နင်းလိုခဲ့သည်။ သို့သော် မိစ္ဆာဧကရာဇ်က ထိုနှစ်ယောက်ထက် အလွန်အမင်း မြန်ဆန်လွန်းနေခဲ့သည်။ ရှဲ့ကွမ်းထင်က ရောက်ရှိလာသည့် အချိန်တွင် သူသည် ဝင်္ကပါအကြီးအကဲနှင့်အတူ ထွက်သွားပြီဖြစ်သည်။
“ဝင်္ကပါထဲက ပစ္စည်းတွေကို အဲ့ဒီကလေး ယူသွားတယ်။ သူက အောင်အောင်မြင်မြင်နဲ့ ထွက်ပြေးသွားပေမဲ့လည်း သူနဲ့ သူ့ဆရာက ဝေးဝေးတော့ မရောက်လောက်သေးဘူး”
ရှဲ့ကွမ်းထင်က အေးစက်စွာပြောသည်။
အနောက်မြောက်ပိုင်းကြီးသည် အလွန်အမင်း ကျယ်လေသည်။ သို့သော် အတိုင်းအတာ ရှိနေသေး၏။ သူတို့က ရှာတွေ့ရန် အချိန်သိပ်မကြာနိုင်ပေ။ ထို့အပြင် သူတို့နှင့်အတူ ဝင်္ကပါအကြီးအကဲ ရှိနေသော အချက်အရ ဝေးဝေးသို့ မရောက်လောက်ပေ။ မည်သို့ပင်ဆိုစေ တစ်ဖက်သူဟာ ကျင့်ကြံခြင်းအဆင့် မမြင့်ပေ။
“ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ အရင်ဆုံး စောင့်ကြည့်ရအောင်”
စုန့်ယွမ်ယွီက ပေါ့ပါးစွာပြောသည်။
ထိုနေရာတစ်ခုလုံးကို ရှာပြီးနောက် ထိုနှစ်ယောက်က ထွက်သွားလိုက်ကြသည်။ ဖျက်ဆီးခံထားရသော ဝင်္ကပါဂိတ်ပေါက်များ အတွင်းသို့ လူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လျှက် မူလအမရ ဝင်္ကပါ၏ အမြူတေ စတုရန်းထုကြီး ရှိရာနေရာသို့ ရောက်ရှိသွားကြသည်။ ထိုသိုင်းပညာရှင်များက ထိပ်ဆုံးမှ အောက်ဆုံးအထိ လိုက်လံရှာဖွေခဲ့သည်။ အတွင်းအပြင်အနှံ့ ရှာဖွေခဲ့၏။ ဘာကိုမှ မရှာတွေ့သောအခါ ထွက်သွားကြလေသည်။
အချိန်အတန်ကြာပြီးနောက် ရွှေရောင်ထုလုံးချွန်ကြီး အတွင်းမှ စိတ်ပျက်လက်ပျက် ဖြစ်နေသော အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်လာသည်။ ထိုအချိန်တွင် နောက်ထပ် နှစ်ယောက်က ရောက်လာ၏။ ရှေ့တစ်ယောက် နောက်တစ်ယောက် လျှောက်လာကြသည်။
“လောကရဲ့ နံပါတ်တစ် ဝင်္ကပါက ပျက်စီးသွားမယ်လို့ မထင်ထားဘူး”
သခင်လေးချင်းယန်၏ အနောက်ဘက်တွင် အဖြူရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော အစောင့်ရှိသည်။ သူ၏ကျောမှ ဓားကလည်း နောက်မှချွန်ထွက်နေ၏။ သူသည် ခေါင်းသာမော့လျှက် သက်ပြင်းချသည်။
“ဟာ ဒါကဝင်္ကပါတစ်ခုဆိုရင် ပျက်စီးနိုင်တယ်။ မူလအမရ ဝင်္ကပါတောင်မှ ချွင်းချက်မရှိဘူး”
သခင်လေးချင်းယန်က သူ၏လက်ကို ကျောဘက်တွင်ထားလျှက် ပြုံးလိုက်သည်။
“သခင်လေးပြောတာ မှန်တယ်။ အရှင့်ရဲ့ လက်အောက်ငယ်သားက ရူးတာပါ”
ထိုအစောင့်က ခေါင်းကိုခပ်မြန်မြန် ငုံ့လျှက် ဂါရဝပြုလိုက်သည်။ သူ၏မျက်နှာတွင် အကြွင်းမဲ့ လေးစားမှုက ရှိနေသည်။
သခင်လေးချင်းယန်က ပြုံးရုံသာပြုံးလိုက်ပြီး ရွှေရောင် အပျက်အစီး ထုလုံးချွန်ကြီးထဲသို့ဝင်သည်။
ရွှေရောင်အပျက်အစီး ထုလုံးချွန်ကြီးအတွင်းက ရှင်းလင်းနေသည်။ သခင်လေးချင်းယန်က အခြားသောသူများထက် ပိုသာပြီး ဘာကိုမှ မရသွားချေ။
“သခင်လေး ဒီမှာဘာမှမရှိဘူး။ အဲ့ဒီလူက ဒီနေရာကို ဖျက်ဆီးနိုင်လိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး”
အဖြူရောင်ဝတ်စုံနှင့် အစောင့်က ပြောသည်။
သခင်လေးချင်းယန်၏ အမူအရာက အနည်းငယ် တောင့်ခဲသွားသည်။ သူ၏မျက်လုံးအတွင်း အဖြူရောင်အလင်းက တစ်ချက်လက်သွား၏။ အစောင့်က သူပြောသောသူကို အတိအကျ ထည့်ပြောထားခြင်း မရှိသော်လည်း သူတို့နှစ်ယောက်လုံးကလည်း ထိုလူဟာ မည်သူ့ကို ပြောနေခြင်းဖြစ်ကြောင်း နားလည်ကြလေသည်။
သခင်လေးချင်းယန်ပင်ဖြစ်စေ၊ သူ၏အစောင့်ပင်ဖြစ်စေ ဝင်္ကပါအတွင်းသို့ မဝင်ရောက်ခဲ့ပေ။ အကြောင်းမူကား အပြင်ဘက်တွင် ဆက်နေကတည်းက ထိုဝင်္ကပါဟာ မည်မျှအန္တရာယ်များကြောင်း သိနေခဲ့၍ဖြစ်သည်။ အတွင်းမှအော်သံများက လူတိုင်းကို ကြောက်လန့်မှုဖြင့် တုန်ယင်စေလေသည်။ သူတို့သည်လည်း ဝင်္ကပါအတွင်းမှ ထွက်လာသော သိပ်သည်းလွန်းသည့် သွေးရနံ့ကို ရခဲ့လေသည်။
“ငါဒီတစ်ကြိမ် ဒီကျဉ်းမြောင်းတဲ့ လောကထဲက လူတွေကို တကယ်အထင်သေးမိတာပဲ။ သိုင်းပညာလောကဆိုတာ ခုံရုံး၊ အရာရှိတွေနဲ့ အဆက်အသွယ် အရမ်းနည်းတယ်။ ခုံရုံးက စစ်သည်တော်တွေကိုလည်း လေးစားမှု တအားနည်းတယ်။ ဒါပေမဲ့ မဟာထန်ရဲ့ အင်ပါယာခုံရုံးက ဒီလိုလေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အိမ်ဖြစ်နေမယ်လို့ ဘယ်သူကထင်ထားမှာလဲ”
သခင်လေးချင်းယန်က သက်ပြင်းချလေသည်။
သိပ်မကြာခင်က သူသည် များပြားလွန်းသော သိုင်းပညာရှင်များ၏ အရှေ့တွင် မဟာထန်၏ သခင်လေးချင်းယန်၏ အရှေ့တွင် ရှုံးသွားခဲ့သည်။ သူသည် မဟာထန်၏ လူငယ်အမတ်၏ အရှေ့တွင် ရှုံးသွားခဲ့သည်။ ဝင်္ကပါကို ဖျက်ဆီးရာတွင် ယင်နက်ဘိုးဘေး၊ စုန့်ယွမ်ယွီနှင့် အခြားသော သိုင်းပညာလောကမှ တိုင်တန်ကြီးများက မလုပ်နိုင်ခဲ့သောကြောင့် သူတို့သည်လည်း လူငယ်အမတ်ထံ ရှုံးသွားခဲ့သည်မှာ သေချာနေသေးပြန်သည်။ ထိုအခြေအနေက သခင်လေးချင်းယန်အား အင်ပါယာခုံရုံးမှ လူများကို ခြားနားသောအမြင်ဖြင့် ကြည့်မိစေသည်။
“လီကျန်း သိပ်မကြာခင်က လွတ်လပ်သူ ဝူကျင်းလို့ခေါ်တဲ့ သိုင်းပညာရှင် တစ်ယောက်က အင်ပါယာ ခုံရုံးအတွက် သိုင်းပညာရှင်တွေကို ခန့်အပ်နေတယ်လို့ ပြောတယ်မဟုတ်လား။ သူခစားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ရဲ့နာမည်ကို မင်းမှတ်မိသေးလား”
သခင်လေးချင်းယန်က ရုတ်တရက်မေးသည်။ သူသည်ခေါင်းကို လှည့်ကြည့်လာ၏။
“ဒါက”
အစောင့်၏မျက်နှာတွင် အဓိပ္ပာယ်ဖော်ရခက်သော အကြည့်မျိုးက ပေါ်လာသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက မှတ်မိပါတယ်။ သူက ကျွန်တော်မျိုးတို့ကိုလည်း ငှားရမ်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက ငြင်းခဲ့တာပါ။ သူခစားတဲ့လူကို ဘုရင်... ဟုတ်တယ်ဟုတ်တယ် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်လို့ ခေါ်ပါတယ်”
အစောင့်ဟာ တင်းမာသော မျက်နှာထားဖြင့်ပြောသည်။ သို့သော် သူ၏မျက်နှာဟာ တဖြည်းဖြည်းချင်းစီ ထူးဆန်းလာသည်။
သိုင်းပညာလောကက လူများက ခုံရုံးမှ အာဏာကို လက်ခံလိုစိတ် မရှိကြချေ။ ထိုအတွက်ကြောင့် လွတ်လပ်သော ဝူကျင်းဆိုသောလူက သိုင်းပညာလောကအနှံ့ သတိပေးစာများ ကပ်ခဲ့သည့်တိုင်အောင် လူအနည်းစုကိုသာ ဖိတ်ကြားနိုင်ခဲ့သည်။
ထိုသူများက အင်အားကြီးမားခြင်း မရှိသလို အထီးကျန်သမားများ ဖြစ်ကြသည်။ မည်သည့်ဂိုဏ်း အဖွဲ့ကမှ ထိုကမ်းလှမ်းမှုကို လက်မခံခဲ့ကြပေ။
လီကျန်းသည်လည်း မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်က အနောက်မြောက်ပိုင်းတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။ ထို့ပြင် ထိုမျှအထိ ငယ်လွန်းနေသေးသည်။
ထိုအချိန်တွင် မူလအမရ ဝင်္ကပါကြီးက လူပေါင်းများစွာကို ပိတ်လှောင်ထားသည်။ မည်သူကမှ အပြင်သို့ မထွက်နိုင်ကြပေ။ စုန့်ယွမ်ယွီနှင့် အခြားသောသိုင်းပညာလောကမှ တိုင်တန်များကပင် မလုပ်နိုင်ခဲ့ချေ။ သို့သော် အဆုံးသတ်တွင် အင်ပါယာခုံရုံးမှ ထိုဘုရင်ကသာ ဝင်္ကပါကိုဖျက်ပြီး လူတိုင်းကိုကယ်ခဲ့သည်။ သိုင်းပညာလောကမှ အင်ပါယာခုံရုံးကို အမြဲတစေ အထင်တသေး ကြည့်တတ်သော လူများ၏ မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
“သူဖြစ်နေတာကိုး”
သခင်လေးချင်းယန်က ခေါင်းညိမ့်ပြီး ခပ်တိုးတိုးရေရွတ်သည်။
“ဒါပေမဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘာလို့ ငါအဖြစ် ဟန်ဆောင်ခဲ့တာလဲ”
သခင်လေးချင်းယန်ကလည်း နားမလည်နိုင်သော အကြောင်းအရာတစ်ခုကို တွေးတောနေသလို မျက်မှောင်ကို ခပ်တင်းတင်း ကျုံ့နေသည်။ သူ၏အနောက်ဘက်တွင် ရှိသော အင်အားကြီးမားသည့် အစောင့်ကလည်း မျက်မှောင်ကျုံ့သည်။
ထိုအခိုက်အတန့်တွင် ထိုသခင်နှင့် အစေခံတို့ကလည်း ရိုးရှင်းသောမေးခွန်းကြောင့် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
ခီး
ရုတ်တရက် သူတို့၏နားအတွင်း စူးရှသည့် လေတိုးသံက ပဲ့တင်ထပ်လာ၏။
ထိုနှစ်ယောက်က အသိပြန်ဝင်လျှက် ကောင်းကင်သို့ ကြည့်လိုက်သောအခါ မျှားတစ်ချောင်းက လေထုကို ကျော်ဖြတ်လျှက် လေထဲတွင် ပေါက်ကွဲသွားပြီး သွေးရောင်ပုဆိန်၏ သင်္ကေတ ပေါ်လာကြောင်း မြင်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် အနီးအနားမှ အော်သံကိုကြားရသည်။
“သွားရအောင် ဘိုးဘေးက ငါတို့ကို မိစ္ဆာဧကရာဇ်ရဲ့ တပည့်ကို ရှာခိုင်းထားတယ်။ ဒီလိုမှ သူအမြူတေထဲက ဘာရသွားလဲဆိုတာကို သိနိုင်မှာ”
ထိုစကားလုံးများနှင့်အတူ ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသားများက အဝေးသို့ ထွက်သွားကြသည်။
သခင်လေးချင်းယန်နှင့် အစောင့်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်နှာထားများက တင်းမာသွားကြသည်။ သူတို့သည်လည်း ထိုနေရာမှ အပြေးထွက်ခဲ့လေသည်။
ထိုသို့ဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့က လာလိုက်သွားလိုက် ဖြစ်နေလေသည်။ ယေဘုယျအားဖြင့် အရေအတွက်များက နည်းနည်းသွားသည်။ ညအချိန် ရောက်လာသောအခါ လူအနည်းစုကသာ မူလအမရဝင်္ကပါအတွင်း ကျန်ရစ်တော့လေသည်။
ရတနာအမဲလိုက်သော ခရီးတွင် သိုင်းပညာရှင် ထောင်ပေါင်းများစွာ ဝင်ပါခဲ့သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက အသတ်ခံခဲ့ရသည်။ ကျန်ရစ်ခဲ့သူများလည်း ရှိသည်။ သို့သော် အဆုံးသတ်တွင် မည်သည့်လူကမှ မူလအမရသိုင်းကို မရသွားခဲ့ပေ။
ဝရုန်းသုန်းကားဖြစ်သော ကာလက ကုန်လွန်သွားပြီးနောက် မူလအမရဝင်္ကပါ အပျက်အစီးများကသာ နေရာတွင် ငြိမ်းချမ်းစွာ ကျန်ရစ်ခဲ့သည်။ သို့ရာတွင် အနီးအနားရှိ တောင်ထိပ်တွင် ပုံရိပ်ဆယ်ခုကျော်က ရပ်လျှက် တစ်စုံတစ်ရာကို တိတ်တဆိတ် ရှာဖွေနေကြောင်း မည်သူကမှ မသိလောက်ပေ။
တိုက်ခတ်နေသော လေပြင်းက သူတို့၏ အဝတ်ကို လွင့်ခါနေစေသည်။ သို့သော် ထိုလူဆယ်ယောက်ကမူ ဆက်လက်ပြီး တိတ်ဆိတ်နေကြသည်။
ဂရုတစိုက် ကြည့်ရှု့မည်ဆိုပါက ထိုလူများ၏ မျက်နှာက အေးစက်ကာ တင်းမာပြီး ထောင်လွှားမောက်မာကြောင်း မြင်နိုင်သည်။ သူတို့က ဝင်္ကပါ၏ အပျက်အစီးနယ်မြေများသို့ ကြည့်သော အကြည့်များတွင် မုန်းတီးမှုများ ပြည့်နှက်နေကြသည်။ အချိန်အတန်ကြာပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွဲသည့် မုန်းတီးမှု ပြည့်နှက်နေသော အသံတစ်သံကထွက်လာသည်။
“သောက်ကျိုးနည်း... မူလအမရအရှင်သခင်ရဲ့ စိတ်ဆန္ဒကြောင့်သာ မဟုတ်ရင် ငါတို့က ဒီနေရာကို အပြေးလာပြီး သူ့ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲလိုက်ပြီးပြီ”
“ငါတို့ သူဘယ်နေရာကို ရောက်သွားလဲဆိုတာကို မရှာနိုင်ဘူးလား”
အခြားတစ်ယောက်ကမေးသည်။
“မရဘူး ဒီဝင်္ကပါကို မူလအမရအရှင်သခင်က ထားခဲ့တာ။ ငါတို့လို အမရအရှင်ရဲ့ ဆက်ခံသူတွေကပဲ ဒါကို သုံးနိုင်စွမ်းရည် ရှိသင့်တာ။ ဒီကောင်လေးက ငါတို့ရဲ့ အဖွဲ့ကမှမဟုတ်တာ။ ဒါတောင်မှ ဝင်္ကပါကို အသက်သွင်းသွားသေးတယ်။ ဒါကြောင့် တိတိကျကျ ပြောရမယ်ဆိုရင် သူဘယ်လိုလုပ်သွားမှန်းတောင် နားမလည်နိုင်ဘူး”
“သူဝင်္ကပါကို အသက်သွင်းသွားတဲ့ ပုံစံက ငါတို့နဲ့ မတူဘူး။ သူရောက်သွားတဲ့ နေရာကိုတောင် ငါတို့ ခြေရာခံလို့မရဘူး။ ဒီတော့ ဒါက မူလအမရအရှင်ရဲ့ အကြံဖြစ်လိမ့်မယ်”
ထိုစကားလုံးများက လူတိုင်း၏မျက်မှောင်ကို ကျုံ့စေသည်။
“ပေါက်ကရ အတွေးတွေ ပြောမနေနဲ့”
ထည်ဝါသောအသံက ထွက်လာသည်။ အရှေ့ဆုံးတွင် ရပ်နေသော ခေါင်းဆောင်က နောက်ဆုံးတွင် ပြောလာ၏။
“မူလအမရ အရှင်သခင် သူ့ရဲ့သေတမ်းစာထဲမှာ ပြောသွားတဲ့လူက အလွယ်တကူ ပေါ်လာမယ်လို့ ထင်နေတာ။ မူလအမရသိုင်းက နှစ်ရာကျော် ပျောက်နေခဲ့တာ။ ကံကြမ္မာပါတဲ့လူက ပေါ်လာပြီလို့ထင်လား”
“သူ့ကို အဲ့ဒီလူလွှတ်လိုက်တာလို့ ငါပိုပြီးယုံတယ်။ သူက ငါတို့နဲ့ သူတို့ရဲ့ တိုက်ပွဲနဲ့တောင် ဆက်စပ်နေလောက်သေးတယ်။ အဲ့ဒီလူငယ်က ငါတို့ကို ကိုင်တွယ်ဖို့ အဲ့ဒီလူတွေက အထူးတလည် လေ့ကျင့်ပေးထားတာ ဖြစ်လောက်တယ်။ ဘယ်လိုနည်းနဲ့မဆို ငါတို့သူ့ကို ရှာရမယ်။ သူ့ကို အသက်ရှင်ခွင့် ပြုလို့မရဘူး”
ခေါင်းဆောင်က တင်းမာစွာပြောသည်။
ခေါင်းဆောင်၏ စကားလုံးများက လက်အောက်ငယ်သားများ၏ အတွေးများကို ဖြေဖျောက်ပေးလိုက်ပြီး သူတို့၏မျက်လုံးကို အေးစက်သွားစေသည်။
လေပြင်းက တစ်ချက်တိုက်ပြီးနောက် ထိုအဖွဲ့ဟာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
.....
အမှောင်ထု ပိန်းပိတ်အောင် မည်းမှောင်နေသော အမှောင်ထု....
အချိန်တစ်ခု ကြာပြီးနောက် ခပ်တိုးတိုး ညဉ်းညူသံက ထွက်လာသည်။ ဝမ်ချောင်ဟာ နောက်ဆုံးတွင် နိုးလာ၏။
သူ၏မျက်လုံးက မပွင့်သေးသော်လည်း သူ၏မျက်ခွံကြားမှတစ်ဆင့် ဖျော့တော့သောအလင်းက တိုးဝင်လာသည်။
“ဒါကဘယ်နေရာလဲ”
ဝမ်ချောင်က အကြည့်ကို အသာရွှေ့လိုက်သောအခါ သူ၏ခန္ဓာကိုယ်အနှံ့ ကြိမ်းကိုက်နေကြောင်း ခံစားလိုက်ရသည်။ ဝမ်ချောင်က သူ၏မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်သောအခါ အပျက်အစီးများ ပြည့်နှက်နေသော မြေပြင်တစ်ခုကို တွေ့ရသည်။ ထိုအပျက်အစီးတိုင်းက ဖျော့တော့သော အလင်းများ ထွက်နေသည်။
ဝမ်ချောင်သည် အလင်း၏ အရင်းအမြစ်ကို လိုက်ရှာလိုက်သည်။ လေထဲတွင် လက်မခန့် အရွယ်အစားရှိသော သွေးနီရောင်ပုလဲတစ်လုံးက မျောလွင့်နေပြီး ညင်သာသောအလင်းကို လွှတ်ထုတ်ထားသည်။
“အဲ့ဒီပုလဲပဲ”
ဝမ်ချောင်က အံ့အားတကြီး မျက်ခုံးပင့်လိုက်မိသည်။ သူသည် ချက်ချင်းဆိုသလိုပင် ပုလဲကို မှတ်မိသွားသည်။
ထိုပုလဲသည် အနက်ရောင် သားရဲရုပ်ထု၏ ဦးချိုအကြားတွင် ရှိနေခဲ့သော ပုလဲဖြစ်သည်။ သို့သော် ယခုအခါ လွတ်လပ်သွားပြီး လေထဲတွင် မျောလွင့်နေသည်။
ယခင်နှင့်မတူသည်မှာ ဝမ်ချောင်သည်လည်း ထိုပုလဲအတွင်းမှ အလွန်အမင်း သန်မာလွန်းသော စွမ်းအားလှိုင်းများကို အာရုံခံမိလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်က သူ၏ခန္ဓာကိုယ်ကို စရွှေ့သည်။ သူ၏လက်က ခေါင်းကိုတစ်ချက်ကုပ်ပြီး အဖြစ်အပျက်ကို မှတ်မိရန် ကြိုးစားသည်။ သူသည်လည်း ရွှေရောင်ထုလုံးချွန်ကြီး၏ထိပ်မှ တစ်စုံတစ်ရာကို တက်နင်းလိုက်မိသလို ခံစားလိုက်ရသည်။ ထို့နောက် လောကက လည်ပတ်သွားခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်ကပင် ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။
ဝမ်ချောင်က ထိုပုလဲကိုကျော်ပြီး အနီးအနားရှိ အံ့အားသင့်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်သည်။ ထိုအရာက သုံးပေခန့်မြင့်သော အဝါရောင်နှင့်ရွှေရောင် ရောယှက်ထားသော အလင်းကို ထုတ်လွှတ်ထားသည့် ကျောက်တုံးတိုင်ဖြစ်သည်။
“ဒါကဘာလဲ”
ဝမ်ချောင်က မျက်မှောင်ကိုကျုံ့သည်။ သူဟာ ထထိုင်လိုက်ရင်း ကြယ်တာရာအတွင်းမှ စွမ်းအင်များကိုသာ စတင်ကာ စုစည်းလိုက်သည်။
ကြယ်တာရာစွမ်းအင်အချို့ ရရှိပြီးနောက်တွင် ဝမ်ချောင်သည် မတည်မငြိမ် ထရပ်လိုက်ရင်း မျောလွင့်နေသော ပုလဲကို သွားယူလိုက်သည်။ ထို့နောက် ထိုကျောက်တိုုင်ဆီသို့ လျှောက်သွားလိုက်၏။
ဝမ်ချောင်က သုံးပေခန့်မြင့်သော ကျောက်တိုင်၏အရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုကျောက်တိုင်သည် အလွန်အမင်း အိုဟောင်းနေသည်။ ထို့အပြင် အစိမ်းရောင် ရေညှိများ အုပ်နေသည့် လျို့ဝှက်ဆန်းကြယ်သော ရွှေရောင်ပုံစံများကိုလည်း မြင်ရပြန်သည်။