← Chapters

အခန်း (၁၄၁၆-၁၄၂၀)

Vol. 84 Ch. 1416-1420

အခန်း (၁၄၁၆-၁၄၂၀)

Vol. 84 Ch. 1416-1420

အခန်း(၁၄၁၆)

မူလအမရအရှင်သခင်ရဲ့ ရှေးဖြစ်ဟောစာတမ်း

ဝမ်ချောင်သည်လည်း ကျောက်တိုင်၏အရှေ့တွင် လဲကျနေသော လူအရိုးစုကို မြင်လိုက်ရသည်။ သူ၏လက်တစ်ဖက်က ပိုင်ရှင်တစ်ယောက်ဟာ မသေခင် တစ်စုံတစ်ရာကို မျှော်လင့်နေသလိုမျိုး ကျောက်တိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ထိုအရိုးစုနှင့် ကျောက်တိုင်၏ အောက်ခြေဘက်တွင် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသည်။ ထိုအရိုးစုနှင့် ကျောက်တိုင်ဟာ ဒီနေရာတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်းဖြစ်လောက်သည်။ ဝမ်ချောင်က ခေါင်းကိုအသာခါလျှက် ပို၍ပင် စိတ်ရှုပ်လာသည်။ သူမြင်ရသမျှ အရာတိုင်းက ဖော်ပြရန် ခက်ခဲလောက်အောင် လျို့ဝှက်ဆန်းကြယ်မှုျားနှင့် ပြည့်နှက်လာသည်။ ဝမ်ချောင်ကပင် ဒီနေရာတွင် မည်သည့်အတွက်ကြောင့် ပေါ်လာကြောင်း မသိပေ။ သို့သော် တခဏခန့် ကြာပြီးနောက် သူသည် ကျောက်တိုင်ကို အာရုံပြန်စိုက်လိုက်သည်။ ကျောက်တိုင်ပေါ်တွင် ရေးထားသော စာသားများက ချက်ချင်းလိုလို သူ၏အာရုံကို ဆွဲဆောင်သွားသည်။ ထိုစကားလုံးများက အလွန်အမင်း ရှုပ်ထွေးပြီး လက်ရှိခေတ်တွင် အသုံးပြုဖူးသော စကားလုံးများနှင့် မတူပေ။ ထို့ကြောင့် မူလအမရဝင်္ကပါ၏ ကျောက်တိုင်နှင့် အသုံးပြုထားသော စည်းတံဆိပ် ကျမ်းစာပိုဒ်နှင့်ပင် ဆင်တူသေးသည်။

“မူလအမရ အရှင်သခင်က တစ်ခုခု ချန်ထားရစ်ခဲ့တာထင်တယ်”

ဝမ်ချောင်က ရုတ်တရက် အခြေအနေကို နားလည်သွားသည်။

ထိုစကားလုံးများက မူလအမရဝင်္ကပါမှ စကားလုံးများနှင့် ဇစ်မြစ်တူသည်။ ရှင်းလင်းစွာပင် သူတို့ကို မူလအမရအရှင်သခင်က ပြင်ဆင်ခဲ့ခြင်းဖြစ်လောက်သည်။

သို့သော် ဝမ်ချောင်က ပို၍စိတ်ရှုပ်လာရသည်မှာ သူဟာ မည်သည့်အတွက်ကြောင့် ထိုစင်မြင့်မှတစ်ဆင့် ဒီနေရာသို့ ရောက်ရှိလာကြောင်း နားမလည်သည့် အချက်ဖြစ်သည်။ ထို့အပြင် သူသည်လည်း မည်သည့် စကားလုံးကိုမှ မဖတ်တတ်ပေ။

ထို့ကြောင့် ထိုစကားလုံးများကို နားမလည်သောအခါ ထိုအရာများကို မြင်နေရလျှင်လည်း အသုံးမဝင်ပါပေ။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က တစ်စုံတစ်ရာကို တွေးမိပြီး ပြုံးလိုက်သည်။

“ငါဒီစကားလုံးတွေကို မဖတ်တတ်ပေမဲ့လည်း အဓိပ္ပာယ်ကို မရှာနိုင်ဘူးလို့တော့ မဆိုလိုဘူး”

“တက်”

ဝမ်ချောင်က အနားသို့လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ကျောက်တိုင်ပေါ်သို့ လက်ကိုဖိလိုက်ပြီး ထိုစကားလုံးများကို ညင်သာစွာပင် ပွတ်တိုက်လိုက်သည်။ သူ၏စိတ်အတွင်း ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာ၏။

“သတိပေးချက် အသုံးပြုသူက ရှေးခေတ်စကားလုံးတွေကို ရှာဖွေတွေ့ရှိပါတယ်။ အသုံးပြုသူက ဒီစကားလုံးတွေကို ဘာသာပြန်ချင်ပါသလား။ သတိပေးချက်.. ရှေးခေတ်ကာလရဲ့ စကားလုံးတွေကို ဘာသာပြန်တဲ့အခါ ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာ ကုန်ကျပါလိမ့်မယ်”

ကံကြမ္မာကျောက်တုံး၏ စကားကိုကြားသောအခါ ဝမ်ချောင်က မျက်လုံးကိုမှိတ်လျှက် တုန့်ဆိုင်းမနေဘဲ ဖြေလိုက်သည်။

“ဘာသာပြန်”

ဝမ်ချောင်၏ လက်ဖဝါးအောက်မှ မှေးမှိန်သောအလင်းက ပေါက်ထွက်လာပြီး ကျောက်တိုင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်၏စိတ်အတွင်း ဘာသာပြန်ပြီးသား စကားလုံးများက ပေါ်ထွက်လာသည်။

‘နွေဦးနှင့် ဆောင်းဦးပြီးတဲ့နောက် နှစ်တစ်ထောင်ကာလ ကျော်ဖြတ်ကုန်လွန်သွားလိမ့်မယ်။ အဲ့ဒီနောက် ဒီကျောက်တိုင်ပေါ်က စကားလုံးတွေကို လူငါးယောက်ကပဲ မြင်နိုင်တယ်။ အဲ့ဒီငါးယောက် မြင်ပြီးရင် ဒီကျောက်တိုင်က အလိုအလျောက် ပျက်စီးသွားလိမ့်မယ်’

ကံကြမ္မာကျောက်တုံး၏ ပထမစာကြောင်းက ဝမ်ချောင်ကို အလန့်တကြား ဖြစ်သွားစေသည်။

“နွေဦးနဲ့ ဆောင်းဦးကာလ... နှစ်တစ်ထောင်.. ဒီကျောက်တိုင်က ဒီလောက်ထိ သက်တမ်းရင့်နေပြီပဲ။ နောက်ပြီးဒါကို လူငါးယောက်ကပဲ မြင်နိုင်တာ။ ဒါဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက မူလအမရ အရှင်သခင်က ဒီကျောက်တိုင်ကို လုပ်နေခဲ့တဲ့အချိန်မှာ လူငါးယောက်ကပဲ မြင်နိုင်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့တာပေါ့။ နောက်ပြီး ဒီကျောက်တိုင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ဝမ်ချောင်၏မျက်မှောင်က တင်းတင်းကြပ်ကြပ် ကျုံ့သွားသည်။ ဒါဟာ သူမျှော်လင့်ထားသော အခြေအနေနှင့် ခြားနားနေသည်။ သို့သော် သူဟာ တွေးတောရန် အချိန်မရှိသေးခင် နောက်ထပ် စာကြောင်းများကို ဘာသာပြန်ပေးထားသည့် အကြောင်းအရာများက စိတ်အတွင်းသို့ ရောက်ရှိလာသည်။

‘ငါကဒီကျောက်တိုင်ကို ဆောက်လုပ်ခဲ့ပြီး နှစ်တစ်ရာ ကြာသွားပြီးတဲ့နောက် နွေဦးနဲ့ ဆောင်းဦးကာလက ကျော်ဖြတ်သွားပြီးတဲ့နောက်မှာ စစ်ပြည်နယ်တွေက ပျောက်ကွယ်သွားလိမ့်မယ်။ ဒီနေရာကို အရင်ဦးဆုံး ရောက်လာတဲ့လူက ငါ့ရဲ့ ဉာဏ်ပညာစာလိပ်ကို ရရှိလိမ့်မယ်။ သူက အဲ့ဒီစာလိပ်ကို အသုံးပြုပြီး ခြောက်ပြည်ထောင်ကို ရှင်းလင်းလို့ နယ်မြေကြီးကိုစုစည်းပြီး မဟာချင်ကို တည်ထောင်ရင်း ဉာဏ်ပညာရှိတဲ့ အရှင်သခင်တစ်ပါး ဖြစ်လာလိမ့်မယ်။ သူက မဟာအမတ်မင်းဆိုတဲ့ဘွဲ့ကို ရမယ်’

ဝမ်ချောင်၏မျက်လုံးက ပြူးသွားသည်။

မဟာချင်ကိုတည်ထောင်လို့ အတွင်းဝန် အမတ်မင်းဆိုတဲ့ ရာထူးကိုရမယ်

ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားသည်။

မဟာချင် အတွင်းဝန်အမတ်မင်းဟုတ်လား။

ဝမ်ချောင်သည် ဒီဖော်ပြမှုနှင့် တိုက်ဆိုင်သော လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က မဟာချင်အင်ပါယာကြီးမှ အတွင်းဝန်အမတ်မင်း တစ်ယောက်ကိုသာသိသည်။ သူသည် လီစစ်ဖြစ်သည်။ ထိုအမျိုးသားသည် ခေတ်များစွာ၏ အရှင်သခင် ဖြစ်ခဲ့သည်။ ပထမချင်ဧကရာဇ်ကို ထောက်ပံ့အားပေးကူညီလျှက် ပြည်နယ်ကြီးကို စုစည်းစေပြီး စာရေးသားနည်းစနစ်၊ အလင်းချိန်နည်းစနစ်၊ တိုင်းတာမှုစနစ်များကို ထုတ်ဖော်ခဲ့သည်။ ဗဟိုပြင်ကျယ်ကြီးကို ပထမဦးဆုံးအကြိမ် တည်ထောင်ခဲ့ပြီး အစစ်အမှန် အင်ပါယာကြီး ဖြစ်လာခဲ့သည်။ ယခုအခါ သူက စတင်ကာ အသုံးပြုစေခဲ့သည့် နည်းစနစ်များကို တိုင်းပြည်များက ဆက်လက်အသုံးပြုနေကြသေးသည်။

ဆိုလိုတာက သူက ဒီနေရာကို အရင်ဦးဆုံး လာခဲ့တာပေါ့။ အဲ့ဒီနောက် သူက ဉာဏ်ပညာစာလိပ်ကို ရရှိသွားတယ်ပေါ့လေ။

‘ဒုတိယမြောက် ရောက်လာတဲ့လူက မြောက်ပိုင်းကဏ္ဍာရနယ်မြေကို အုပ်စိုးပြီး ဟူတွေကို ဖိနှိပ်လို့ ဗိုလ်ချုပ်များရဲ့ဘုရင် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန်မှာ ဟန်က ချင်တွေကို လှည့်စားပြီး အနိုင်ယူနိုင်မယ်’

ဝမ်ချောင်၏မျက်လုံးက အံ့အားသင့်မှုကြောင့် ပို၍သာ ပြူးကျယ်သွားသည်။ မူလအမရ အရှင်သခင်သည် နောက်မင်းဆက်များ အကြောင်းကိုပင် ခန့်မှန်းနိုင်ခဲ့၏။ သို့သော် ဟန်မင်းဆက်တွင် မဟာဗိုလ်ချုပ်များ၏ ဘုရင်နှစ်ယောက်ရှိပြီး ဝမ်ချောင်ကလည်း မည်သည့်တစ်ယောက်ကို ရည်ရွယ်ကြောင်း မသိနိုင်ပေ။

‘တတိယ ရောက်လာတဲ့လူကတော့ ကျေးရွာဘက်က တောသားတစ်ယောက် ဖြစ်လိမ့်မယ်။ သူက မြင်းတွေနောက်ကိုလိုက်ပြီး ဒီနေရာထဲကို ရောက်လာလိမ့်မယ်။ ညှာတာပေးတဲ့အနေနဲ့ ကောင်းကင်ဘုံက သူ့ရဲ့အသက်ကို ချမ်းသာပေးမယ်။ ဒါပေမဲ့သူက သူ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို မကျေနပ်သေးဘဲ ဒီနေရာကို ဟူတွေကို ခေါ်လာခဲ့လိမ့်မယ်။ အဲ့ဒီလိုနဲ့ ဒီနေရာက ထာဝရ အမြုပ်ခံရလိမ့်မယ်။ အပြစ်ဒဏ်က ပြစ်မှုနဲ့ လိုက်ဖက်တယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဆောင်ကျဉ်းယူခဲ့တာပဲ’

‘လေးယောက်မြောက် ရောက်လာတဲ့လူကတော့ လူငယ်တစ်ယောက် ဖြစ်လိမ့်မယ်’

ကံကြမ္မာကျောက်တုံးက လေးတန်းမြောက်စာကို ဘာသာပြန် ရပ်တန့်သွားသည်။ ဝမ်ချောင်ကလည်း အံ့အားတကြီး မျက်မှောင်ကျုံ့လိုက်၏။ မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ ဝမ်ချောင်ကလည်း လေးယောက်မြောက်လူနှင့် ပတ်သတ်သောအခါ ကျောက်တိုင်က ပျက်စီးသွားကြောင်း ရုတ်တရက် သိလိုက်သည်။ ယခုအခါ သူပြန်ကြည့်လိုက်သောအခါ အရိုးစု၏ ကျောက်တိုင်ကို လှမ်းခြစ်နေသော လက်တစ်ဖက်က လေးတန်းနှင့် ငါးတန်းမြောက်မှ စကားလုံးအချို့ကို ပျက်သွားစေခဲ့ကြောင်း တွေ့လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က သတိလက်လွတ် ဖြစ်သွားသည်။ ကံကြမ္မာကျောက်တုံးဟာ မည်မျှပင် လေးစားစရာ ကောင်းစေကာမူ ကံကြမ္မာ၏ လှိုင်းများ၏စွမ်းရည်က မည်မျှပင် ကြီးကျယ်မြင့်မြတ်နေစေကာမူ ဘာသာပြန်နိုင်ရန်အတွက် စာသားအပြည့်အစုံ လိုအပ်သည်။ ထို့ကြောင့် ပျက်စီးနေသော စာတန်းများကို မြင်သောအခါ ဘာသာပြန်နိုင်စွမ်းရည် မရှိတော့ပေ။

နောက်ဆုံးသော စာကြောင်းမှ ကျန်ရစ်သော စကားလုံးများကမူ ‘ငါးယောက်မြောက်လူက .... ကောင်းကင်နဲ့မြေပြင်ကို ဖုန်ဖြစ်စေလိမ့်... လွတ်လပ်မှုမရှိ... ကျောက်တိုင်က ဖျက်ဆီးခံရပြီး အလုံးစုံ ပျောက်ကွယ်သွားလိမ့်မယ်’

အနည်းဆုံးတော့ ဒီနေရာကို လူသုံးယောက် ရောက်လာခဲ့ပြီးပြီပဲ။ မြေပြင်က အရိုးတွေက မူလအမရ အရှင်သခင်ပြောတဲ့ အဲ့ဒီရွာသားဖြစ်လိမ့်မယ်။ လေးယောက်မြောက်လူက ငါလား ဒါမှမဟုတ် ငါက ငါးယောက်မြောက်လူလားတော့ မသိဘူး။ ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်သည်။ သူ၏စိတ်အတွင်း မေးခွန်းရာကျော် ပေါ်လာ၏။

ကျောက်တိုင်မှ စကားလုံးများအရ မူလအမရအရှင်သခင်သည် သေလွန်ပြီးနောက် ဖြစ်ပျက်လာမည့် အကြောင်းအရာများကို တွက်ချက်နိုင်စွမ်းရည် ရှိနေသည်။ စာသား တစ်ကြောင်းချင်းစီတိုင်းက သူရည်ညွှန်းသည့် လူတစ်ယောက်၏ ကံကြမ္မာများကို ခန့်မှန်းနိုင်တတ်သည်။ အရိုးစုပိုင်ရှင်က နောက်ဆုံးသော စာကြောင်းများကို ခြစ်သွားခဲ့သောကြောင့် ဝမ်ချောင်အနေဖြင့် နောက်ဖြစ်မည့် ကိစ္စများကို မသိနိုင်တော့ပေ။

ကြည့်ရတာ ဒီလောကက တစ်ယောက်ယောက်က သေလွန်ပြီးနောက် ကံကြမ္မာကို ခန့်မှန်းနိုင်ခဲ့တယ်။ နောက်ပြီး အနာဂတ်ကိုတောင် ကြည့်ရှု့နိုင်တယ်။ ဝမ်ချောင်၏ စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်သည်။

ဝမ်ချောင်ကလည်း သူသည် အတွေ့အကြုံ အမြောက်အများ ရရှိခဲ့ပြီးပြီဟု ယုံကြည်ထားခဲ့သည်။ သို့သော် မူလအမရအရှင်သခင်မူ ခြားနား၏။ ထိုသေလွန်သွားပြီဖြစ်သော ဒဏ္ဍာရီလာ တည်ရှိမှုက အခြားသူများ သတိမထားမိသည့် စွမ်းအင်ပေါင်းများစွာကို ပိုင်ဆိုင်ထားလောက်၏။

ဒါပေမဲ့ လောကက အမြဲတမ်း ပြောင်းနေတာ။ မူလအမရ အရှင်သခင်ကလည်း လိုအပ်ချက်တွေ ရှိနိုင်တာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီအရိုးစုပိုင်ရှင်က ဒီကျောက်တိုင်ကို ဖျက်ဆီးသွားခဲ့မှာ မဟုတ်ဘူး။ ကြည့်ရတာ မူလအမရ အရှင်သခင်က အမှားတစ်ခု လုပ်ခဲ့တဲ့ပုံပဲ။ ငါဒီနေရာကို ရောက်လာပေမဲ့လည်း ဒီကျောက်တိုင်ကလွဲပြီး ဘာမှမတွေ့ရဘူး။

ကျောက်တိုင်၏ စကားလုံးများအရ မူလအမရအရှင်သခင်သည် လူတစ်ယောက်ချင်းစီအတွက် စီစဉ်မှုတစ်ခုစီ လုပ်ထားပေးပြီးသားဖြစ်သည်။ ဥပမာအားဖြင့် လီစစ်သည် ဉာဏ်ပညာစာလိပ်ကို ရရှိသွားခဲ့ပြီး အရှင်သခင်ကို ထောက်ပံ့ကူညီပေးနိုင်ခဲ့သည်။ သို့သော် သူကမူ ဝမ်ချောင်အတွက် ဘာမှကျန်ရစ်ပုံမရချေ။ ထို့ပြင်သူက လေးယောက်မြောက်လော၊ ငါးယောက်မြောက်လော မသေချာသေးပေ။

ဝုန်း

ဝမ်ချောင်က သူ၏အဖြစ်အပျက်ကို ပြုံးရင်း တွေးတောနေသည့် အခိုက်အတန့်တွင် ရုတ်တရက် ကျောက်တိုင်ထံမှ ပြင်းထန်လွန်းသော ဆွဲစုပ်အားတစ်ရပ်က ပေါ်ထွက်လာသည်။ ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် သူ၏ညာလက်က ကျောက်တိုင်၏ အပေါ်ယံတွင် ကပ်မိလျက်သားဖြစ်သွားသည်။

ထို့နောက် သူ၏လက်ဖဝါးမှတစ်ဆင့် ကြယ်တာရာစွမ်းအားလှိုင်း တစ်လှိုင်းပြီးတစ်လှိုင်းက ထွက်လာပြီး ကျောက်တိုင်အတွင်းသို့ ဝင်ရောက်သွားသည်။ တခဏခန့်ကြာပြီးနောက် ကျောက်တိုင်အတွင်းမှ အလင်းတန်းများ ပေါက်ထွက်လာသည်။ အလင်းတန်း တစ်တန်းချင်းစီတိုင်းက အမျိုးမျိုးသော စကားလုံးများ လည်ပတ်နေသည်။

ထိုအချိန်တွင် ကံကြမ္မာကျောက်တုံးက ဆက်လက်ပြီး ဘာသာပြန်ပေးနေသည်။

“ကိုယ့်ကိုယ်ကို လက်လျော့ပြီး ကိုယ့်ကိုယ်ကို အရယူတယ်။ အစစ်အမှန် ကိုယ့်ကိုယ်ကို လက်လျော့ပြီး အဆင့်လွန် ဇစ်မြစ်ကို အရယူတယ်”

ဝမ်ချောင်က ပထမနှစ်ကြောင်းကို ခပ်တိုးတိုးရေရွတ်သည်။

ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် ကျောက်တိုင်က တဖန်ထပ်ပြီး ပြောင်းလဲပြန်သည်။ စကားလုံးများက ပျောက်ကွယ်သွားပြီးနောက်တွင် မူလစွမ်းအားလုံး တစ်လုံးစာ ကျန်ရစ်သည်။

ထိုမူလစွမ်းအားလုံးက ဆွဲစုပ်ဝဲကြီး တစ်ခုလိုမျိုး ယင်နှင့်ရန်၏ ပုံရိပ်ပေါင်းများစွာကို ထုတ်ပြလေသည်။

သို့သော် တခဏခန့် ကြာပြီးနောက်တွင် ယင်နှင့်ရန်က သေးငယ်သော သားရဲလေး လေးကောင်ဖြစ်သွားသည်။ ထိုလေးကောင်က သွေးနီရောင်ငှက်၊ အနက်ရောင်လိပ်၊ မိုးပြာရောင်နဂါးနှင့် အဖြူရောင်ကျားတို့ဖြစ်သည်။ ထိုသားရဲလေး လေးကောင်က အလွန်အမင်း အသက်ဝင်လွန်းသည်။ သူတို့သည် အော်ဟစ်ကာ ဟိန်းဟောက်နိုင်ကြပြီး ရှစ်ထောင့်ဝင်္ကပါအသွင် ပြောင်းသွားသည်။

“ဒါက မူလအမရဝင်္ကပါပဲ”

အံ့အားသင့်သွားသော ဝမ်ချောင်က ဝင်္ကပါကို မှတ်မိလိုက်သည်။

ထိုပုံစံခွက်သည် အသေးစား မူလအမရဝင်္ကပါဖြစ်သည်။ ဝမ်ချောင်က ထိုနေရာသို့ မှင်သက်စွာ ရပ်နေချိန်တွင် သူ၏ကြယ်တာရာစွမ်းအင်များက စတင်ကာ အော်ဟစ်လျှက် လိမ့်တက်လာပြန်သည်။

ဝမ်ချောင်က သူ၏စိတ်စွမ်းအားကို အသုံးပြုနေခြင်းကို လက်ခံထားပြီးသားဖြစ်သော်လည်း ဒီတစ်ကြမ်တွင် လုပ်ကြံခံရပုံပေါ်လေပြီး မိုးရွာပြီးနောက် ဝါးပင်များအလား အညွန့်များထွက်လာသည်။

သူသည် ပြင်းထန်မြောက်များလွန်းသော စိတ်စွမ်းအားများကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သို့သော် ယခုမူ ထိုစိတ်စွမ်းအားများက လျှင်မြန်စွာ ပြန့်ကျက်လာလျှက် သူ၏စိတ်စွမ်းအင်များသည် ထိတွေ့ကိုင်တွယ်၍ ရလုနီးပါးဖြစ်လာသည်။

သေသွားခဲ့သော မာစီကသာ ထိုမြင်ကွင်းကို မြင်မည်ဆိုပါက အလွန်အမင်း ဖိအားများသွားမည်မှာ သံသယဝင်စရာပင် မရှိချေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအားများ၏ ဝရုန်းသုန်းကား ဖြစ်နေသော အခြေအနေက ရုတ်တရက် စတင်ကာ ငြိမ်သက်လာသည်။ သူသည် သူ၏မွှေးညှင်းပေါက် အတွင်းသို့ ဝင်လာသော သန့်စင်လွန်းသည့် စွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ ထိုစွမ်းအားများက သူ၏ခန္ဓာကိုယ်အတွင်း အလိုအလျောက် လည်ပတ်နေလေသည်။

အခြားသော စွမ်းအားများနှင့် မတူသည်မှာ ထိုစွမ်းအင်သည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် တိုက်ခိုက်ခြင်းမရှိပေ။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်၏ အသွေးအသား သွေးကြောများကိုပင် အားဖြည့်ပေးလေပြီး ဝမ်ချောင်အား ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ကူညီပေးလျှက် သိမ်မွေ့နယ်မြေနှင့် ပို၍နီးကပ်အောင် တွန်းပို့လာသည်။

သို့သော် ဝမ်ချောင်၏ အာရုံကမူ အခြားတစ်နေရာတွင်ဖြစ်သည်။

သူ၏အကြည့်က ဆက်တိုက်ဆိုသလို ပြောင်းလဲနေသော ပုံရိပ်များကို ကြည့်နေရင်း ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။

မူလ မူလ...

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ရာကို နားလည်လိုက်ပုံပေါ်သည်။ သို့သော် တခဏခန့်ကြာပြီးနောက် ဘာကိုမှ နားမလည်တော့ပြန်ပေ။ အတွေးများအတွင်း နစ်မြုပ်သွားသောသူသည် လှုပ်ရှားမှုကင်းမဲ့စွာရပ်လျှက် ရှိနေသည်။

အချိန်အတန်ကြာပြီးနောက် အလွန့်အလွန် ကြာညောင်းပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် တရားထိုင်နေရာမှ အသိပြန်ဝင်လာ၏။

“ငါတစ်ခုခု လိုနေသေးတယ်”

ဝမ်ချောင်က မျက်လုံးဖွင့်ရင်း သက်ပြင်းချသည်။

ကံကြမ္မာကို တွန်းအားပေး၍မရပေ။ ကျောက်တိုင်က မူလအမရ အရှင်သခင် ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး မူလအမရသိုင်းကို တည်ထောင်သူ ဖြစ်သည့်အလျောက် သူသည်လည်း သံသယဝင်စရာ မလိုလောက်အောင် ကျင့်ကြံခြင်းအဆင့်တွင် တိုင်းတာရ ခက်ခဲလွန်းသော အဆင့်ကို ရောက်ရှိနေပေလိမ့်မည်။ ထို့ကြောင့် မူလဆိုသော စကားလုံးကလည်း သူ၏ဘဝအတွင်းတွင် နားလည်သဘောပေါက်ခဲ့သော သိုင်းပညာများ အားလုံးကို ဆင့်ခေါ်ထားသော အခြေအနေများ ဖြစ်လောက်သည်။ သူက ကျင့်ကြံခြင်းအဆင့်တွင် သူကိုယ်တိုင် အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း မူလအမရ အရှင်သခင်နှင့် နှိုင်းယှဉ်သော် လိုအပ်ချက် ကြီးမားနေသေးပုံရသည်။

ငါဒါကို တွန်းအားပေးလို့မရဘူး။ ဆရာနဲ့ အရင်တွေ့ရမယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်သောအခါ ဘာကိုမှ သတိမထားမိပြန်ပေ။

သူက ပတ်ဝန်းကျင်ကို စတင်ကာ လေ့လာကြည့်သည်။ သူရောက်နေသော နေရာက ဂူတစ်ခုဖြစ်ကြောင်း သိလိုက်၏။ ထိုဂူက အချင်းအားဖြင့် မီတာတစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသည်။ ဂူပတ်ဝန်းကျင် တစ်ခုလုံးက ပိန်းပိတ်အောင် မည်းမှောင်နေလေရာ မည်သည့်နေရာသို့ ရောက်နေကြောင်း သိရန်ခက်ခဲသည်။

“နောက်ပြီး ငါဒီနေရာကနေ ဘယ်လိုထွက်ရမှာလဲ။ မူလအမရ အရှင်သခင်က အနာဂတ်ကို မြင်နိုင်တယ်ဆိုရင် ကြိုတင်စီစဉ်မှုတွေတော့ လုပ်ထားခဲ့မှာပဲ”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အခန်း(၁၄၁၇)

ဝမ်ချောင်က ထိုသို့တွေးတောနေချိန်တွင် ဂူကြီးက စတင်ကာ မြည်ဟီးလာသည်။ သူ၏ဘေးဘက်ရှိ နံရံက ဖုန်များ အညစ်အကြေးများအသွင် ပြောင်းလဲ၍ စတင်ကာ ပြိုကျလာပြီး ပေအနည်းငယ်မြင့်သော လေးထောင့် အပေါက်တစ်ပေါက် ဖြစ်သွားသည်။ ထိုအပေါက်မှတစ်ဆင့် သူသည် ကျောက်တုံး လှေကားလေးကို မြင်လိုက်ရသည်။

အစပိုင်းတွင်မူ ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် ကြောင်သွားသေးသည်။ ထို့နောက် သူ၏မျက်နှာက ပို၍ပင် ရှုပ်ထွေးလာသည်။

ဝမ်ချောင်သည် မူလအမရ အရှင်သခင်အကြောင်း ဘာကိုမှ မသိခဲ့ပါပေ။ ပို၍ဆိုးသည်မှာ မျိုးနွယ်ခြား နယ်မြေများ၏ ဘုရင်ဖြစ်သည့်အလျောက် သူသည် သိမွေ့နယ်မြေကို ချဉ်းကပ်နိုင်လုနီးပါး ဖြစ်နေသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေရာ မူလအမရ အရှင်သခင်ဟာ မည်မျှအင်အား ကြီးမားနေစေကာမူ ထိုမျှအထိ အင်အားကြီးမားလိမ့်မည်ဟု မတွေးဖူးပါချေ။

သို့သော် နံရံက ပြိုကျသွားပြီး လမ်းကြောင်းပေါ်လာသောအခါမှသာ မူလအမရ အရှင်သခင်က တိုင်းတာရခက်ခဲလွန်းကြောင်း နားလည်လိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်း၊ အတွေးတိုင်းကို ထိုအမျိုးသားက သိနေပုံရသည်။ နှစ်ထောင်ကျော်ကပင် သူ၏မျက်လုံးရှေ့တွင် မတားနိုင်ပုံရသည်။

“စီနီယာ ငါနက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်”

ဝမ်ချောင်က လှေကားပေါ်သို့ ခုန်တက်သွားပြီး ဂူထဲမှထွက်သွားသည်။

ဟုန်ဟီ

သူကဂူထဲမှ ထွက်ပြီးရုံသာ ရှိသေးသည်။ သူ၏နားအတွင်း တစ္ဆေများ ငိုညဉ်းသလို အသံမျိုးကို ကြားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် မရေမတွက်နိုင်သော သဲစေ့ပေါင်းများစွာက ဝမ်ချောင်၏ကိုယ်ကို ပွတ်တိုက်လာသည်။ ဝမ်ချောင်မြင်နိုင်သမျှက အဆုံးအစမဲ့သော အဝါရောင်သဲများဖြစ်သည်။

“ဒါကချီရှီရဲ့ ကဏ္ဍာရပဲ”

ဝမ်ချောင်ကလည်း ဒီနေရာက ချီရှီမော့ဟယ်ရန် ကဏ္ဍာရဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။

“မူလအမရဝင်္ကပါက ငါ့ကိုဒီနေရာဆီ ပို့ပေးလိုက်တာပဲ”

ဝမ်ချောင်၏ မျက်ဝန်းအတွင်း အံ့အားသင့်မှု အနည်းငယ်က ဖြတ်ပြေးသွားသည်။ အချိန်ဟာ မှောင်နေပြီဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ချောင်က မြောက်ဘက်ခြမ်းသို့ ဦးတည်လိုက်သည်။

သူထွက်သွားပြီး သိပ်မကြာခင် မော့ဟယ်ရန် ကဏ္ဍာရအောက်ဘက်ရှိ ဂူအတွင်းတွင် ရှိသော ရှေးဟောင်း ကျောက်တိုင်ကြီးက စတင်ကာ ကွဲအက်လျှက် ပေါက်ကွဲသွားသည်။ တခဏခန့်ကြာပြီးနောက် ဘာကမှ မကျန်ရစ်တော့ချေ။

.....

မူလအမရဝင်္ကပါက မော့ဟယ်ရန်ကဏ္ဍာရ၏ အနောက်မြောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဝမ်ချောင်က ထိုဘက်သို့ ဦးတည်လိုက်၏။ လေးနာရီမှ ခြောက်နာရီနီးပါးခန့် ကြာပြီးနောက် သူသည် ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါ သုံးခုကို အာရုံခံမိလိုက်သည်။ တစ်ချိန်ထဲတွင်ပင် လှုပ်လှုပ်ရှားရှား အော်ဟစ်လိုက်သော အကြီးအကဲတစ်ယောက်၏ အသံကို ကြားရသည်။

“ချောင်အာ”

သူ၏မြောက်ဘက်ခြမ်း မှေးမှိန်သော ကြယ်အလင်းရောင်အောက်တွင် ဝမ်ချောင်သည် သူ့ဘက်သို့ လာနေသော ပုံရိပ်သုံးခုကို တွေ့လိုက်သည်။

“ဆရာ”

ဝမ်ချောင်က ပျော်ရွှင်သွားပြီး ဆရာဖြစ်သူနှင့် အပြေးသွားတွေ့သည်။

“ဟား ဟား ချောင်အာ ကောင်လေး တကယ်ပဲ မင်းဖြစ်နေတာပဲ”

သူတို့က အတူပြန်ဆုံသွားချိန်တွင် ဝင်္ကပါအကြီးအကဲက ဝမ်ချောင်အား ခပ်ကြမ်းကြမ်း ဖက်လိုက်သည်။ သူ၏မျက်နှာ အမူအရာက စိတ်အားထက်သန်မှုများဖြင့် တောက်ပနေသည်။

“ကောင်စုတ်လေး ငါတို့မင်းကို ခေတ်တွေအများကြီး လိုက်ရှာနေခဲ့ရတာ”

(အချိန်အတန်ကြာ ရှာဖွေခဲ့ရခြင်းကို ဆိုလိုတယ်)

ထိုသူက သူ၏တပည့် မဟုတ်သည့်တိုင်အောင် ဝင်္ကပါအကြီးအကဲသည် ဝမ်ချောင်အား မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ထက်ပင် ပို၍ တန်ဖိုးထားနေသေးသည်။

ဝမ်ချောင်က သူ့ထံမှ အနည်းငယ်သာ သင်ယူခဲ့သည်။ သို့တိုင်အောင် လောက၏ နံပါတ်တစ် ဝင်္ကပါကို ဖျက်နိုင်ခဲ့သည်။ ဝင်္ကပါအကြီးအကဲကမူ တဖက်သူကို ရတနာလို သတ်မှတ်နေပြီဖြစ်သည်။

ဝမ်ချောင်ကလည်း ဝင်္ကပါအကြီးအကဲ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိမထားမိဘဲ ဆရာဖြစ်သူကိုသာ လှည့်ကြည့်လျှက် သိချင်စိတ် ပြင်းပြစွာမေးသည်။

“ဆရာ ဆရာဘယ်လိုများ ငါ့ကိုရှာတွေ့တာလဲ”

ဘေးဘက်မှ အကြီးအကဲ တစ်ယောက်၏ အသံကထွက်လာသည်။

“ငါတို့မင်းကို အနောက်မြောက်ပိုင်း နယ်မြေကြီးတစ်ခုလုံး ရှာပြီးပြီ။ ဒါပေမဲ့ မင်းရဲ့ သဲလွန်စကို ရှာမတွေ့ဘူးဆိုတော့ မင်းရဲ့ဆရာကလည်း ငါတို့မင်းကို မော့ဟယ်ရန် ကဏ္ဍာရမှာ သွားရှာသင့်တယ်လို့ ပြောတယ်လေ။ ဒီနေရာက လူတွေသားရဲတွေ ကင်းမဲ့တယ်။ ဒါကြောင့် ငါတို့မရှာရသေးတဲ့ တစ်ခုတည်းသော နေရာပဲ”

ဝူရှန်းရွာသူကြီးက သူ၏အဖြူရောင် တုတ်ကောက်ကို တစ်ချက်ယမ်းရင်း အနောက်ဘက်မှ တဖြည်းဖြည်းချင်းစီ ထွက်လာကာ ဝမ်ချောင်ကိုကြည့်သည်။ သူသည် ဝမ်ချောင်ကို မြင်သောအခါ စိတ်အေးသွားပုံရသည်။

ဝူရှန်းရွာသူကြီးက မူလအမရဝင်္ကပါထဲသို့ဝင်ရန် ကံကြမ္မာ မပါခဲ့သလို မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့်လည်း အရင်ကွဲသွားခဲ့သည်။ အဆုံးသတ်နားတွင် မိစ္ဆာဧကရာဇ် လူအိုကြီးတို့က ဝင်္ကပါထဲမှ ထွက်ပြီးမှသာ အနောက်မြောက်ပိုင်းတွင် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

ခီး....

ရုတ်တရက် အပေါ်ဘက်မှ စူးရှသော ငှက်အော်သံက ထွက်လာသည်။ သူတို့လေးယောက်လုံးက အလန့်တကြား မော့ကြည့်လိုက်ကြ၏။ သို့သော် ပိန်းပိတ်အောင် မည်းမှောင်လျှက် တိမ်များ အုပ်စိုင်းနေသော ကောင်းကင်ထဲတွင် သူတို့သည် ဘာကိုမှ မမြင်ရပေ။ မှေးမှိန်သော ကြယ်အလင်းရောင်အောက်တွင် ကြီးမားသော ငှက်ကြီးက လက်ကိုဖြန့်လျှက် အခြားသော ဦးတည်ရာဘက် တစ်ခုတွင် ပျံသန်းနေကြောင်း မြင်လိုက်ရသည်။

“ချောင်အာ ဒီနေရာက စကားပြောလို့ မကောင်းဘူး။ အရင်ဦးဆုံး ဒီနေရာက သွားရအောင်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်မြန်မြန် အကြည့်လွှဲသည်။ သူ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး အမူအရာက တင်းမာသွားသည်။

“ဆရာ ဘာဖြစ်လို့လဲ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်လား”

ဝမ်ချောင်က တစ်စုံတစ်ရာဟာ ထူးဆန်းကြောင်း အာရုံခံမိလိုက်သည်။

အချိန်ဟာ အလွန်နောက်ကျနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ဆရာဖြစ်သူနှင့် တခဏသာ စကားပြောလိုက်ရသည်။ ယခုအခါ မူလအမရ ဝင်္ကပါက ပျက်သွားခဲ့ပြီးသော်လည်း အနောက်မြောက်ပိုင်းမှ ကိစ္စများက အနှစ်ချုပ်သွားခြင်း မရှိသေးကြောင်း သိလိုက်သည်။

“ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ငါတို့ကို မရှာတော့ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းကိုခါသည်။ သူ၏အမူအရာက လေးနက်နေ၏။

“ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အပါအဝင် အနောက်မြောက်ပိုင်းက ကျွမ်းကျင်ပညာရှင်တွေ အားလုံးက မင်းကိုရှာနေတာ။ မူလအမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ ဝင်္ကပါက တအားထူးခြားတယ်။ ဒါကြောင့် မင်းက ဝင်္ကပါကို ဖျက်နိုင်ခဲ့ကြောင်းကို လူတိုင်းကလည်း မြင်လိုက်တယ်”

“ဘာ”

ဝမ်ချောင်ကပင် ထိုစကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

“ငါတို့က မင်းကိုရှာတဲ့ အဖွဲ့အမြောက်အများနဲ့ တွေ့ခဲ့တယ်။ ဒီတော့ တိုက်ပွဲတွေ အများကြီးလည်း ဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ပစ်မှတ်က ငါတို့မဟုတ်ဘဲ မင်းဖြစ်နေတာပဲ။ လူတိုင်းကလည်း မင်းက မူလအမရ ဝင်္ကပါထဲက အရေးပါတဲ့ ပစ္စည်းအချို့ကို ရသွားတယ်လို့ ယုံကြည်နေကြတာ”

ဝူရှန်းရွာသူကြီးက ထပ်ဖြည့်ပြောသည်။ ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကိုကြည့်သည်။

“အဲ့ဒါတင် မကသေးဘူး။ အနောက်တောင်ပိုင်းက သတင်းအရ သိုင်းပညာလောကက အဲ့ဒီလူရမ်းကားအိုကြီး အမြောက်အများက လာနေကြပြီလို့ကြားတယ်။ မင်းရဲ့ဆရာရဲ့ အရင်က အဆင့်အတန်းက ဒီလူတွေကို ဖိနှိပ်နိုင်ဖို့ လုံလောက်တယ်။ ဒါပေမဲ့ အခုတော့ မင်းရဲ့ဆရာတောင်မှ မဖိနှိပ်နိုင်တော့ဘူး”

ထိုနှစ်ယောက်ကလည်း အလားတူ တင်းမာသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။

ဝမ်ချောင်ကလည်း တိတ်ဆိတ်သွားသည်။ ရှင်းလင်းစွာပင် မူလအမရဝင်္ကပါက သူ့အား နေရာရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့သည့် အခိုက်အတန့် အတောအတွင်း ကိစ္စအမြောက်အများ ဖြစ်သွားခဲ့သည်။ ထိုအချိန်က သူဟာ သတိလစ်နေခဲ့၏။ မူလအမရဝင်္ကပါက ပျက်စီးသွားသော်လည်း အနောက်မြောက်ပိုင်းက အခြေအနေက အဆုံးသတ်သေးပုံမရပေ။

“သွားရအောင် သူတို့သိပ်မကြာခင် ရောက်လာလိမ့်မယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရိုးရှင်းစွာပြောသည်။

ထိုအဖွဲ့က ရွေ့လျားမှုသိုင်းများကိုသုံးလျှက် လျှင်မြန်စွာ ထွက်ခွာသွားသည်။

သူတို့က ထွက်သွားနေချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ၏အနောက်ဘက်သို့ လက်ညိုးအနည်းငယ်ကို ညွှန်လိုက်သည်။ တခဏခန့်ကြာပြီးနောက် မြေပြင်အထက် မီတာ ထောင်ပေါင်းများစွာ အမြင့်တွင် ပျံသန်းနေသော သိန်းငှက်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

...

“ငါတို့လာတာ တအားနောက်ကျသွားတယ်။ သူတို့ထွက်သွားပြီ”

“စိတ်အေးအေးထား သူတို့ ဝေးဝေးမရောက်ပါဘူး”

ဝမ်ချောင်တို့၏ အဖွဲ့က ထွက်သွားပြီး သိပ်မကြာခင် ပုံရိပ်တစ်ခုပြီးတစ်ခု ရောက်လာသည်။ သူတို့၏မျက်လုံးက ဆောင်းတွင်းအလား အေးစက်သည်။ သူက ပတ်ဝန်းကျင်ကို အေးစက်စွာ ရှာဖွေပြီးနောက် ထိုပုံရိပ်များကလည်း ပျောက်ကွယ်သွားသည်။

ဘန်း

သေးငယ်လွန်းသော ကြိတ်ဆုံကျောက်တုံး အရွယ်အစားခန့်ရှိသည့် ကျောက်တုံးတစ်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် ဒုတိယ၊ တတိယ... (၁၁)လုံးခန့်နီးပါး ပြုတ်ကျပြီးနောက် ထိုနေရာ တစ်ခုလုံးအနှံ့ ပြည့်နှက်သွားလေသည်။

ကြယ်တာရာစွမ်းအင်များကလည်း ကျောက်တုံးများအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ကျောက်တုံးများက ပျောက်သွားသည်။

“ဝင်္ကပါတော့ ချပြီးပြီ။ ငါတို့ဝင်သွားပြီးတာနဲ့ ငါတို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ထားပြီးသား ဖြစ်သွားလိမ့်မယ်။ ဒီတော့ ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဆီကနေတော့ ပုန်းနေလို့ရပြီ”

ဝင်္ကပါအကြီးအကဲကပြောသည်။ သူက အင်္ကျီလက်ကို တစ်ချက်ယမ်းပြီးနောက် တံခါးတစ်ချပ်က ပေါ်လာသည်။ အတွင်းရှိ မြင်ကွင်းများနှင့် တံခါးမှတစ်ဆင့် မြင်ရသောမြင်ကွင်းက ခြားနားသည်။

“ဝင်တော့”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အရင်ဆုံးဝင်လိုက်သည်။ ထို့နောက် ကျန်သောသူများက ဝင်၏။

ထို့နောက် ပေါက်ကွဲသံက ထွက်ပေါ်လာပြီး ဝင်္ကပါက ပိတ်သွားသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့နှင့် အဖွဲ့ကလည်း ပျောက်ကွယ်သွားကြ၏။ အနီးအနားတွင် တစ်စုံတစ်ယောက်သာ ရှိမည်ဆိုပါက ရှင်းလင်းသော လေဟာနယ်ပြင်ကြီးကိုသာ မြင်ရပေလိမ့်မည်။

ဝင်္ကပါအတွင်းတွင်မူ ထိုလူလေးယောက်က မြေပြင်တွင် ထိုင်ချလိုက်ကြသည်။ ဝမ်ချောင်က အလယ်တွင် ထိုင်နေ၏။ အကြီးအကဲသုံးယောက်က သူ့ကိုဝိုင်းထားသည်။

အရာအားလုံး တည်ငြိမ်သွားပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အရင်ဆုံး ပြောသည်။

“ချောင်အာ ဝင်္ကပါက ဘာဖြစ်သွားတာလဲ။ မင်းတကယ်ပဲ မူလအမရ အရှင်သခင်ရဲ့ ရတနာကို ရခဲ့တာလား”

လူသုံးယောက်ထဲတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကသာ တပည့်ဖြစ်သူကို မူလအမရသိုင်းအကြောင်း မေးရန် သင့်တော်လေသည်။

“ဒါကပုံပြင်ရှည်ကြီးပဲ။ ငါ မူလအမရ ဝင်္ကပါထဲက ရတနာတစ်ခုကို ရခဲ့ပေမဲ့လည်း ဆရာ့ရဲ့ တပည့်အနေနဲ့ မူလအမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ အဖိုးတန်ရတနာ ဟုတ်မဟုတ် မသေချာဘူး”

ဝမ်ချောင်က ဆရာဖြစ်သူကို အမြဲတစေ လေးစားလေသည်။ ထို့ကြောင့် မူလအမရဝင်္ကပါအတွင်းမှ အဖြစ်အပျက်များကို စတင်ကာ ရှင်းပြလိုက်၏။

မူလအမရစစ်အလံ၊ မူလအမရဝင်္ကပါပုံစံခွက်နှင့် အနီရောင် ပုလဲလုံးတို့ အားလုံးကို ထုတ်ပြလိုက်ပြီး စီနီယာများ၏အရှေ့တွင် ချပြသည်။ ထိုရတနာသုံးခုက ဖော်ပြရန်ခက်ခဲလောက်အောင် အဖိုးတန်ပြီး သေသေချာချာ သိမ်းထားသင့်သော်လည်း ဝမ်ချောင်ကမူ စီနီယာသုံးယောက်လုံးကို လေးစားကြောင်း ပြသသည့်အနေဖြင့် အားလုံးကို ထုတ်ပြလေသည်။

“မူလအမရစစ်အလံ ဒါက မူလအမရစစ်အလံပဲ”

“နောက်ပြီးဒါက ပုံစံခွက်တောင် ပါသေးတယ်”

“ဒီရတနာနှစ်ခုနဲ့သာဆိုရင် မင်းက လောကရဲ့ နံပါတ်တစ် ဝင်္ကပါကို ပိုင်ဆိုင်ထားပြီလို့ ပြောလို့ရတယ်။ ဒါတွေအားလုံးက အဖိုးမဖြတ်နိုင်အောင် ထိုက်တန်တယ်”

ဝင်္ကပါအကြီးအကဲက အရင်ဦးဆုံး ချုပ်တည်းမှု ပြေလျော့သွားသူဖြစ်သည်။ သူက အရင်ဆုံး မူလအမရ စစ်အလံနှင့် ပုံစံခွက်ကို စယူကြည့်သည်။ သူ၏မျက်လုံးကပင် စိတ်လှုပ်ရှားမှုကြောင့် မျက်အိမ်ထဲမှ ကျွတ်ထွက်မတက် ဖြစ်လာသည်။

သူသည် တစ်ဘဝလုံး ဝင်္ကပါသိုင်းပညာတွင် နစ်မြုပ်ထားခဲ့သည်။ ထိုရတနာနှစ်ခုက သေစေနိုင်လောက်သော ဆွဲဆောင်မှုမျိုး ရှိနေရာ မူလအမရသိုင်းထက်ပင် ဆွဲဆောင်မှု ပြင်းထန်သေးလေသည်။

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် တိတ်တဆိတ်ပြုံးသည်။ သူသည်လည်း ထိုသို့တုန့်ပြန်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ ပြောရမည်ဆိုလျှင် ထိုသို့မတုန့်ပြန်မှသာ ထူးဆန်းပေလိမ့်မည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကမူ တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်လုံးက အနက်ရောင် သားရဲရုပ်ထုနှင့် အနီရောင် သွေးပုလဲလုံးတို့ထံတွင်သာ ရှိသည်။

“ငါဒီပုလဲကိုကြည့်မယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်ဝန်းက တောက်ပသွားပြီး လက်ကိုဆန့်လိုက်သည်။ ပုလဲက မြောက်တက်လျှက် သူ၏လက်ဖဝါးထဲသို့ ရောက်လာ၏။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ချက်ချင်းဆိုသလို ပုလဲအတွင်းသို့ သူ၏ကြယ်တာရာစွမ်းအင် တစ်တန်းကို ပို့လွှတ်လိုက်သည်။ တခဏခန့်ကြာပြီးနောက် ပြင်းထန်သော တုန်ခါမှုနှင့်အတူ ပုလဲက တောက်ပလွန်းသော အလင်းတန်းများဖြင့် ပေါက်ကွဲသွားပြီး လေထဲသို့ မြောက်တက်သွားသည်။ ထို့နောက် သူ၏ခေါင်းအထက် ခြောက်မီတာ၊ ခုနှစ်မီတာခန့်တွင် မျောလွင့်နေလေသည်။

ဝင်္ကပါအကြီးအကဲကလည်း စစ်အလံနှင့် ပုံစံခွက်ကို ချလိုက်ပြီး ပုလဲကိုသာ အာရုံစိုက်လာသည်။ လူတိုင်းကလည်း ပုလဲအတွင်းမှ ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားများကို ခံစားမိသည်။

ထိုစွမ်းအားများက မည်သည့်သိုင်းပညာရှင်၏ မျက်နှာကိုမဆို ဖျော့တော့သွားစေလောက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကပင် ထိုပုလဲ၏အတွင်းမှ စွမ်းအားများနှင့်ယှဉ်သော် နည်းပါးလွန်းနေလေသည်။

အခန်း(၁၄၁၈)

“မျှော်လင့်ထားတဲ့အတိုင်းပဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။ သူ၏မျက်ဝန်းထဲတွင် တောက်ပသောအလင်းက ရှိနေ၏။ သူသည် ဝမ်ချောင်က ထိုပစ္စည်းများကို စတင်ထုတ်ပြချိန်က ထိုပုလဲဟာ မည်မျှပုံမှန် မဟုတ်ကြောင်း သတိထားခဲ့မိပြီးသားဖြစ်သည်။ ယခုအခါ ထိုပုလဲက သူ၏သံသယများကို အတည်ပြုပေးလိုက်သည်။

“စွမ်းအင်သိပ်သည်းခြင်းပုလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အော်ပြောလိုက်သည်။ သူသည် ထိုပုလဲ၏ ရည်ရွယ်ချက် အနည်းငယ်ကိုသာ နားလည်ထားသည်။

“သိုင်းပညာလောကမှာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာလောက်က ကောလဟာလတွေ အမြောက်အများ ပေါ်ထွက်ခဲ့တယ်။ အဲ့ဒီထဲက တစ်ခုနှစ်ခုလောက်က ဒီပုလဲတွေနဲ့ ပတ်သတ်နေတာပဲ။ ဒီလိုပုလဲမျိုးက ကြယ်တာရာစွမ်းအား တစ်စိတ်တစ်ပိုင်းကို သိုလှောင်ထားပြီး တိုက်ပွဲအတောအတွင်းမှာ အသုံးပြုနိုင်တယ်လို့ ပြောကြတယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မကြာခဏ ထုတ်ပြောပြလေ့ မရှိသည့်တိုုင်အောင် သူသည် သိုင်းပညာလောကမှ ပုံပြင်များ၊ ဒဏ္ဍာရီများကို သူ၏လက်ခုံလို သိနေခဲ့ပြီးသားဖြစ်သည်။

“အတိအကျ ပြောရမယ်ဆိုရင်တော့ ဒီလိုပစ္စည်းတွေက သိုင်းပညာလောက အတွင်းမှာ မရှိဘူး။ ဒါကို စတေးခြင်း ကိရိယာတွေလို့ ပြောလို့ရတယ်။ ဒီစတေးခြင်း ကိရိယာတွေ ဆိုကတည်းက လုပ်ဖို့ တော်တော်လေးလည်း ခက်လိမ့်မယ်။ ဒီလိုလုပ်ဖို့အတွက်လည်း နတ်ဘုရားအဆင့်အထိ ရောက်နေတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားရမယ်။ မဟာဗိုလ်ချုပ်ကြီးတွေလောက်က အရည်အချင်း ပြည့်မှီဖို့ အဝေးကြီး လိုတယ်”

ဝုန်း

ဝမ်ချောင်ကပင် ထိုစကားလုံးများကြောင့် ပြင်းပြင်းထန်ထန် သက်ရောက်ခံလိုက်ရသည်။ သူ၏မျက်ဝန်းက အနီရောင်ပုလဲပေါ် အာရုံစိုက်မိသွားသည်။ သူ၏လက်ရှိဘဝတွင်ဖြစ်စေ၊ ယခင်ဘဝတွင်ဖြစ်စေ ဝမ်ချောင်အနေဖြင့် ထိုကဲ့သို့သော ရတနာမျိုးကို မတွေ့ဖူးပါချေ။

“ချောင်အာ ဒီပုလဲက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်အောင် မလုပ်ပေးနိုင်ပေမဲ့လည်း စွမ်းအားတွေကို သိုလှောင်ပေးနိုင်တယ်။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ မင်းအလိုအပ်ဆုံးအရာပဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုယမ်းလိုက်ပြီး စွမ်းအင် သိပ်သည်းခြင်း ပုလဲအား ဝမ်ချောင်ထံပေးသည်။

“ခဏနေပါဦး”

ထိုပုလဲက ဝမ်ချောင်ဆီ ပျံသန်းသွားကြောင်း မြင်သောအခါ လေထဲတွင် နောက်ထပ် စွမ်းအင်တစ်ရပ်က လျှင်မြန်စွာပေါ်ထွက်လာသည်။

“အစ်ကိုကြီးဝမ်ဖူ ကြည့်ဦး”

ဝူရှန်းရွာသူကြီးက ရုတ်တရက်ပြောသည်။ သူသည် ထိုပုလဲကို မယူဘဲ မြေပြင်တွင်သာ ကြည့်နေသည်။

တိုက်တိုက်ဆိုင်ဆိုင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့ အားလုံးကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

သို့ရာတွင် သူတို့အားလုံးသည်လည်း ဝူရှန်းရွာသူကြီးကဲ့သို့ အသက်အရွယ် ကြီးရင့်ပြီး ညင်သာကာ ကြင်နာတတ်သော လူကြီးအနေဖြင့် ထိုပုလဲကို ကိုယ်ကျိုးအတွက် လုယူချင်စိတ် ရှိမည်မဟုတ်ဟု ယုံကြည်ထားပြီးသားဖြစ်သည်။ တခဏခန့်ကြာပြီးနောက် သူတို့အားလုံးက ခေါင်းကိုငုံ့လျှက် မြေပြင်ကို ကြည့်သည်။

“ဒါက”

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝင်္ကပါအကြီးအကဲ၏ မျက်နှာက ဖျော့တော့သွားပြီး မျက်လုံးက ပြူးကျယ်သွားသည်။

အခြားသောသူများကလည်း အခြေအနေကို သတိထားမိလိုက်သည်။ မြေပြင်တွင် ကြယ်များအလား မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသော အဖြူရောင် အစက်များရှိသည်။ ပုလဲလုံးက ထုတ်လွှတ်ထားသော အနီရောင်အလင်းက ပြင်းထန်သိပ်သည်းလွန်းသောကြောင့်သာ အလင်းများအတွင်း ရောနှော ဝင်ရောက်နေသည့် အဖြူရောင် အစက်များကို သတိမထားမိခဲ့ခြင်းဖြစ်သည်။ ထိုအစက်များက သိပ်သည်းစွာ စုစည်းနေပြီး ရှုပ်ထွေးသော ပုံစံခွက်တစ်ခုက ပေါ်လာသည်။

“ဒါကဘာလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်မှောင်ကျုံ့သည်။ သူသည်လည်း ထိုရှားပါးသော ရတနာကို မူလအမရ အရှင်သခင်က ဝမ်ချောင် အန္တရာယ်တွေ့ချိန်တွင် အသုံးပြုရန် ချန်ထားပေးခဲ့ခြင်းဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုမူ ဒါဟာ ရိုးရှင်းသောရတနာ မဟုတ်လောက်ပေ။

“ထူးဆန်းတဲ့ ပုံစံခွက်ပဲ”

ဝင်္ကပါ အကြီးအကဲက မျက်မှောင်ကျုံ့သည်။ သူ၏မျက်နှာတွင် နားလည်ရခက်သော အကြည့်မျိုးက ပေါ်လာသည်။ ထိုထူးဆန်းသော အဖြူရောင် အစက်များက သူ၏အာရုံကို ဆွဲဆောင်သွားပြီဖြစ်သည်။

ဝူရှန်းရွာသူကြီးက ပုံစံခွက်ကိုကြည့်ရင်း ပြောသည်။

“မူလအမရအရှင်သခင်ကို သိုင်းပညာလောကကြီး တစ်ခုလုံးက အလွန်အမင်း မြင့်မားတဲ့ နေရာမျိုးအထိ တင်မြှောက်ထားကြတာ။ သူ့ရဲ့အဆင့်အတန်းကလည်း တအားကိုမြင့်တယ်။ ဒီလိုလူမျိုးက မူလအမရ ဝင်္ကပါကို ချခင်းထားခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်းပုလဲကို ထားရစ်ခဲ့တယ် ဆိုကတည်းက အကြောင်းပြချက် တစ်ခုတော့ ရှိနေမှာပဲ”

ထိုစကားကိုကြားသောအခါ ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခုရလာသည်။

“ဆရာ ရတနာမြေပုံက ဆရာနဲ့အတူ ရှိတယ်မဟုတ်လား။ ဘာလို့ ထုတ်ပြီး မကြည့်တာလဲ။ တစ်ခုခုတော့ ဖြစ်လာနိုင်တာပဲ”

ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကိုပြောသည်။ ရုတ်တရက် တောင်းဆိုမှုတစ်ခုက အကြီးအကဲများ အားလုံးကို အံ့ဩသွားစေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်မြန်မြန် နားလည်သွားပုံပေါ်သည်။

ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မူလအမရသိုင်း ရတနာမြေပုံကို ထုတ်လိုက်လေသည်။

ထိုမြေပုံကို နဂါးနက်ဓားမြများထံမှ ရခဲ့ခြင်းဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပြီးသားဖြစ်သည်။

ဝမ်ချောင်နှင့် သူ၏ဆရာဖြစ်သူတို့က ရတနာမြေပုံနှင့် ပတ်သတ်ပြီး ကိုယ်ပိုင်အတွေးအကြံများ ရှိသည်။ သို့သော် မူလအမရတောင် ပေါ်လာခြင်းက သူတို့၏ယခင် အကြံများကို ကွဲကြေသွားခဲ့သည်။

ထိုအချိန်တွင် ရတနာမြေပုံက အသုံးမဝင်သော အမှိုက်သာဖြစ်သွားသည်။

သို့ရာတွင် ယခုအခါ မူလအမရတောင်က မူလအမရ ဝင်္ကပါကို ထုတ်ဖော်ပြသလာလေပြီး ထိုဝင်္ကပါကလည်း ကွဲကြေသွားပြီးသော် အရာအားလုံးက ပြောင်းလဲသွားလေပြီ။

ပျက်စီးနေသော ရတနာမြေပုံက စွမ်းအင်သိပ်သည်းခြင်း ဆေးလုံး၏ အောက်ဘက်သို့ ချထားလိုက်ခြင်း ခံရသည်။ မည်သူကမှလည်း မည်သို့လုပ်သင့်ကြောင်း မသိပေ။ သို့သော် ဝင်္ကပါအကြီးအကဲကမူ ဝမ်ချောင် ဆိုလိုချင်သော အကြောင်းအရာကို နားလည်ပုံရသည်။

“ငါစမ်းကြည့်မယ်”

ဝင်္ကပါအကြီးအကဲက ရတနာမြေပုံကို ခပ်မြန်မြန်ယူပြီး စတင်ကာရွေ့သည်။ အဖြူရောင် အလင်းစက်များက ရတနာမြေပုံပေါ် ရောင်ပြန်ဟပ်လာသောအခါ ငွေရောင် အပ်ချည်မျှင်များက ခပ်မြန်မြန် ပေါ်လာသည်။

ထိုငွေရောင် အပ်ချည်မျှင်များက ရတနာမြေပုံအတွင်း စတင်ကာ ယက်လုပ်နေသလိုမျိုး ဖြစ်လာသည်။ ထိုသို့ဖြင့် အဖြူရောင် အလင်းစက်များ၏အောက်တွင် တဖြည်းဖြည်းချင်းစီ ပုံပေါ်လာသည်။

ပို၍ဆိုးသည်မှာ ဝင်္ကပါအကြီးအကဲက ရတနာမြေပုံ၏ ပတ်ပတ်လည်က ဆက်တိုက် ပြောင်းလဲနေသည့် အခိုက်အတန့်တွင် အပ်ချည်မျှင်များက ပို၍များပြားစွာ ပေါ်ပေါက်လာလေပြီး ခြားနားသော ပုံပန်းသွင်ပြင်တစ်ခုအသွင် ပြောင်းလဲကာ ဆက်စပ်သွားသည်။

ရတနာမြေပုံက အသစ်တစ်ခုအသွင် ပြောင်းလဲသွားခြင်းဖြစ်သည်။

လေထုအခြေအနေကပင် ထူးဆန်းသွားသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က အလွန်အမင်း အာရုံစိုက်လိုက်ကြသည်။ သူတို့သည် ထိုမြေပုံကို နာရီပေါင်းများစွာ လေ့လာခဲ့သော်လည်း ရတနာမြေပုံ၏ အောက်ဘက်တွင် လျို့ဝှက်ချက်များ ဖုံးကွယ်ထားခြင်း ရှိနေလိမ့်မည်ဟု မထင်ထားမိကြပေ။

“အစ်ကိုကြီးဝမ်ဖူ ကြည့်ရတာ ဒါကမှ ရတနာမြေပုံရဲ့ အစစ်အမှန် လျို့ဝှက်ချက်ထင်တယ်။ ပျက်စီးနေတယ်ဆိုတာထက် မြေပုံရဲ့ တစ်ပိုင်းတစ်စပဲ ဖြစ်နေတယ်။ ဘာလို့ဆိုဒါက ဒီလောက်ပဲ ကြည်တာကို”

ဝူရှန်းရွာသူကြီးက ရတနာမြေပုံပေါ်မှ ငွေရောင် ပုံစံခွက်လေးကို ကြည့်လိုက်သည်။

“ကောင်လေး မင်းကတကယ်ကို မှန်ကန်အောင် ခန့်မှန်းလိုက်နိုင်တာပဲ”

ဝင်္ကပါအကြီးအကဲက ရတနာမြေပုံအား စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကြောင့် မြေပြင်တွင်ပေါ်လာသော အဖြူရောင် အစက်များ၏ ရောင်ပြန်ဟပ်နေသော နေရာပေါ်သို့ တိုက်ရိုက်ပင် ချလိုက်သည်။

ထိုသို့ဖြင့် ရတနာမြေပုံအတွင်းမှ ကြယ်ရောင် အလင်းတန်းများက ဖြာထွက်တောက်ပလာပြီးနောက်တွင် လေထဲတွင်ပင် အလင်းစက်များ စုစည်းလာသည်။ ဝင်္ကပါ အကြီးအကဲက အခြေအနေကို အရင်ဆုံး သတိထားမိပြီး အရင်ဦးဆုံး အော်သည်။

“ဒါက ကြယ်မြေပုံပဲ”

သူသည် ဝင်္ကပါကို အထူးပြုလေ့လာသူ ဖြစ်သည့်အလျောက် နန်းတော်ကိုးခု အပြောင်းအလဲနှင့် ပတ်သတ်ပြီး ဗဟုသုတ ကြွယ်ဝလေသည်။ နန်းတော်ကိုးခုကို တွက်ချက်ရာတွင် မြေမျက်နှာသွင်ပြင် အနေအထားအပြင် ဂြိုလ်အသွားအလာလည်း ပါဝင်လေသည်။

ဝင်္ကပါအကြီးအကဲက ကြယ်များ၏ နေရာအရွေ့အပြောင်းကို မကြာခဏ တွက်ချက်နေကြပြီးသားဖြစ်သည်။ ထိုအတွက်ကြောင့် သူတို့နှင့် ရင်းနှီးထားပြီးသားဖြစ်သည်။ ရတနာမြေပုံ၏ ငွေရောင် အပ်ချည်မျှင်များကြောင့် ဖြစ်လာသော ထိုအလင်းပုံရိပ်ယောင်က အခြားသော သူများအတွက်မူ ထူးဆန်းနေလောက်သော်လည်း ဝင်္ကပါအကြီးအကဲ အတွက်ကမူ ကြယ်မြေပုံဖြစ်ကြောင်း တန်းသိလိုက်ရသည်။

“ခြံဝန်းသုံးခုရဲ့ အဆင့်လွန်နန်းတော် ခြံဝန်းကလွဲပြီး အခြားမဟုတ်ဘူး။ ဒီနေရာမှာ အဆင့်လွန်နန်းတော်ရဲ့ ဘယ်ဘက်မြို့ရိုးရှိတယ်။ အဲ့ဒီဘက်မှာတော့ အဆင့်လွန်နန်းတော်ရဲ့ ညာဘက်မြို့ရိုးပဲ။ ဒါတွေက တောင်ပိုင်းရဲ့ တရားဝင်ကြယ်စင်တွေပေါ့။ သူတို့အားလုံး ပေါင်းလိုက်တဲ့အခါ ပုံစံလေးက ငှက်ငယ်လေးတစ်ကောင်လို ဖြစ်နေတယ်။ ဒီလိုနဲ့ ဒါက ကောင်းကင်ဘုံခုံရုံးကို ကိုယ်စားပြုတယ်။ ဒီဘက်ခြမ်းကတော့ ဧကရာဇ်ငါးပါး။ ဒီတစ်ခုက လက်ယာစီရင်ရေး တာဝန်ခံ၊ ဒီတစ်ခုက လက်ဝဲစီရင်ရေး တာဝန်ခံပဲ။ သူတို့အားလုံးက ကောင်းကင်ဘုံ ဧကရာဇ်ကို ကိုယ်စားပြုတယ်”

ဝင်္ကပါအကြီးအကဲသည် အလင်းစက်များကို ဆက်တိုက်ဆိုသလို ညွှန်ပြလေပြီး ကြယ်နာမည်များကို ပေးသည်။ သူသည် ကောင်းရှိ ကြယ်နာမည်များနှင့် ပတ်သတ်ပြီး အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြသည်။

သိုင်းပညာလောကမှ မည်သူကမှ ကြယ်များအထိ သွားရောက် သုတေသန မလုပ်နိုင်ကြပေ။ ဝင်္ကပါအကြီးအကဲ အနေဖြင့် သူတို့ကို ထိုကြယ်များ ထောက်ပြနေသော်လည်း အသုံးမဝင်ပါချေ။

သို့သော် ဝမ်ချောင်ကမူ တွေးတွေးဆဆဖြစ်သော မျက်နှာထားမျိုးဖြင့် ဖြစ်သွားသည်။ သာမာန် ကပ်ဘေးခေတ်တွင် သူသည် စာအုပ် အမြောက်အများကို ဖတ်ခဲ့ဖူးသောကြောင့် ထိုဂြိုလ်သိမ် အသွားအလားကိုလည်း နားလည်မှုအချို့ ရှိလောက်သည်။ သို့သော် ဝင်္ကပါအကြီးအကဲကမူ စိတ်လှုပ်ရှားလွန်းနေပြီး ပြောဆိုနေသောကြောင့်သာ တခဏခန့် တိတ်ဆိတ်နေပေးလိုက်ခြင်းဖြစ်သည်။

“အစ်ကိုကျိုး ဒီကြယ်မြေပုံက ဘာကိုဆိုလိုလဲဆိုတာကို ပြောစမ်းပါ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်ပြတ်ပြတ်မေးသည်။

“ဟား ဟား ရိုးရှင်းပါတယ်။ ရတနာမြေပုံက ပျက်စီးနေတာမဟုတ်ဘူး။ ဒီတိုင်း အစကတည်းက ဒီလောက်ပဲ ကြီးနေလို့ပဲ။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ခြောက်ပိုင်းပေါင်းမှ ရတနာမြေပုံ တစ်ခုပြည့်မှာထင်တယ်။ ဒီခြောက်ခုကို အတူစုစည်းလိုက်မှပဲ မြေပုံက ပြီးပြည့်စုံသွားမှာ။ ဒီကြယ်မြေပုံကတစ်ဆင့် ငါတို့က မူလအမရအရှင်ရဲ့ ရတနာတည်ရှိရာ နေရာကို ရှာတွေ့မှာပဲ”

“ကောင်လေး မင်းကတကယ်ကို အများကြီး လုပ်ဆောင်လိုက်နိုင်ခဲ့တာပဲ။ သိုင်းပညာရှင်တွေက ဟိုနေရာ ဒီနေရာ အပြေးသွားပြီး မူလအမရသိုင်း ရတနာမြေပုံကို လိုက်ရှာနေကြပေမဲ့လည်း မင်းက အမှန်တရား တစ်ခုလုံးကို တူးထုတ်နိုင်ခဲ့တဲ့လူပဲ”

ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကိုကြည့်ရင်း ရယ်မောလေသည်။ သူသည် ထိုကလေးကို သိလာလေလေ ပို၍သဘောကျလေလေဖြစ်သည်။ ခွန်အား၊ လုပ်ကိုင်ရဲသောစိတ်၊ ဉာဏ်ပညာနှင့် အနုစိတ်ကျကျ တွေးတောနိုင်စွမ်းအား... ထိုလူငယ်သည် အယောက်တစ်သောင်းတွင်မှ တစ်ယောက်ဆိုသည့်တိုင် ဖြစ်ထိုက်ပေသည်။

နှမြောစရာပဲ ဘယ်လိုဖြစ်ပြီး ဒီလိုလူရမ်းကားအိုကြီး ကျန်းဝမ်ဖူဆီမှာ ရှုံးသွားတာလဲ။

ဝင်္ကပါအကြီးအကဲက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကိုကြည့်ပြီး ထူးဆန်းသော မျက်နှာထားဖြစ်သွား၏။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အမူအရာ တည်ငြိမ်စွာနှင့် သတိမထားမိဟန် ဆောင်လိုက်သည်။ သူ၏ဘေးဘက်မှ ဝူရှန်းရွာသူကြီးက မနေနိုင်ဘဲရယ်သည်။ သူသည်လည်း ဝင်္ကပါအကြီးအကဲ၏ ညဉ်းညူသံများကို ဆက်တိုက်ဆိုသလို ကြားလာခဲ့ပြီးသား ဖြစ်လေသည်။ တစ်ဖက်သူဟာ ဝမ်ချောင်ကို တပည့်အဖြစ် ခေါ်ချင်လေ၏။

“ဒါပေမဲ့ ငါတို့က ရတနာမြေပုံရဲ့ လျို့ဝှက်ချက်ကို ရှာတွေ့ရင်တောင်မှ ပြဿနာ မရှိသေးဘူး။ ဘာလို့လည်းဆိုတော့ သုံးလို့မှမရတာ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။

“မင်းပြောသလိုမျိုး ငါတို့က ပြီးပြည့်စုံတဲ့ ကြယ်မြေပုံတစ်ခုကို ရဖို့ မြေပုံခြောက်ခုလိုတယ်။ အဲ့ဒီနောက်မှ မူလအမရသိုင်းရဲ့ တည်နေရာကို သိနိုင်မယ်ဆိုရင် ငါတို့ အနောက်မြောက်ပိုင်းကို လာတာက ဘာအကျိုးအမြတ်မှ မရဘူးလို့ ဆိုလိုသေးတာပဲ”

သူ၏ကိုယ်ပိုင် အကျိုးအတွက်ကြောင့်သာဆိုလျှင် မူလအမရသိုင်းကို ရှာဖွေခြင်းက ထိုမျှအထိ အရေးမကြီးပေ။ သို့သော် ဝမ်ချောင်ကမူ သူ၏ တစ်ဦးတည်းသော တပည့်လေးဖြစ်နေပြီး သူအလိုလိုက်ဆုံး၊ တန်ဖိုးအထားဆုံးလည်း ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူသည် တပည့်ဖြစ်သူအတွက် မူလအမရသိုင်းကို ရအောင် ရှာချင်သည်။

“ဟား ဟား အရင်ကဆိုရင်တော့ ဒီလိုမြေပုံတစ်ပိုင်းလောက် ရှိနေတာက သေချာပေါက် အသုံးမဝင်ဘူး။ ဒါပေမဲ့ မူလအမရဝင်္ကပါ ပေါ်လာတာက အနောက်မြောက်ပိုင်းက လူအမြောက်အများကို ဆွဲဆောင်လိုက်မိတယ်ဆိုတာကို မင်းတို့ မေ့နေတာလား”

ဝင်္ကပါအကြီးအကဲ၏ နှုတ်ခမ်းက ကော့တက်ပြီး ခြောက်ခြားဖွယ်ကောင်းစွာ ပြုံးလေသည်။

ဝင်္ကပါအကြီးအကဲက အခြားသောသုံးယောက်ကို နက်နဲစွာကြည့်လိုက်သည်။

“စီနီယာဆိုလိုတာက မဟုတ်သေးပါဘူး... ”

ဝင်္ကပါ၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားသည်။ ရုတ်တရက် ဝင်္ကပါအကြီးအကဲ၏ ဆိုလိုသော အကြောင်းအရာကို နားလည်သွားသည်။

ဒါပေမဲ့ဒါက မကောင်းဘူးမဟုတ်လား။

ဝင်္ကပါအကြီးအကဲကမူ သူ့အား ပြုံးရင်း ပြန်ဖြေသည်။

...

နောက်တစ်ရက်တွင် အနောက်မြောက်ပိုင်း တစ်ခုလုံးအနှံ့ သတင်းတစ်ခုက လေအလျင်အလား ပျံ့နှံ့လာသည်။

လက်စသတ်တော့ မူလအမရအရှင်က ချန်ထားရစ်ခဲ့တဲ့ မူလအမရဝင်္ကပါက တော်တော်လေးကို အရေးပါတဲ့ ရတနာကို ကာကွယ်ထားတာပဲ။ ဒီရတနာကို ရတဲ့လူကပဲ မူလအမရအရှင်ရဲ့ ရတနာရှိတဲ့ နေရာကို ရှာနိုင်မှာ။

နောက်သတင်းတစ်ခုကမူ မူလအမရအရှင်ရဲ့ ရတနာမြေပုံသည် ခြောက်ပိုင်းရှိသည်ဟုဆိုသည်။ တစ်ယောက်တည်းက ထိုမြေပုံခြောက်ခုနှင့် မူလအမရ ဝင်္ကပါ ရတနာကို ရယူနိုင်မှသာ မူလအမရသိုင်း၏ တည်နေရာကို သိရမည်ဟုဆိုလေသည်။

မူလအမရအရှင်နှင့် ပတ်သတ်သော သတင်းစကားများအရ ရတနာကို ရှာတွေ့သော မည်သူကမဆို လောကမှ နံပါတ်တစ် ပုဂ္ဂိုလ်ကြီးဖြစ်လာမည်ဟု ဆိုသေးပြန်သည်။

ဆိုလိုသည်မှာ သူတို့က ရတနာကို ရှာတွေ့ပါက အိမ်မက်ဟာ အမှန်တကယ် ဖြစ်တည်လာပေလိမ့်မည်။

အခန်း(၁၄၁၉)

“ဒီသတင်း ဘယ်ကလာလဲ မင်းတို့သိရပြီလား”

မြင့်မားသော တောင်တန်းပေါ်တွင် စုန့်ယွမ်ယွီသည် ကျောဘက်သို့လက်ပို့လျှက် သူ၏အရှေ့တွင် ရပ်နေသော လီအကြီးအကဲကို စိုက်ကြည့်လိုက်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် တင်းတင်းကြပ်ကြပ် ဖွဲ့စည်းတည်ထောင်ထားပြီး တစ်လောကလုံးအနှံ့ ဖြန့်ကျက်ထားသော အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ အကြီးအကဲ တစ်ယောက်ချင်းစီတိုင်းက နယ်မြေတစ်ခုစီကို တာဝန်ယူထားရသည်။ လီအကြီးအကဲသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ သတင်းအချက်အလက် စုစည်းခြင်းနှင့် သူလျိုများ စေလွှတ်ခြင်းကို တာဝန်ယူထားသည်။

လီအကြီးအကဲက ဂါရဝပြုလျှက် လေးစားစွာပြောသည်။

“မဟာမိတ်အရှင် ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းက အနောက်မြောက်ပိုင်း တစ်ခုလုံးအနှံ့ ပျံ့နှံ့နေတာပါပဲ။ ငါတို့မဟာမိတ်နဲ့ တပည့်ဂိုဏ်းသားတွေ အားလုံးကလည်း ဆွေးနွေးနေကြတာပဲ။ မီးမလောင်ဘဲ မီးခိုးကတော့ မထွက်ဘူး။ ဒီသတင်းက ငါတို့ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လာတာ မဟုတ်သလို ဘိုးဘေးငါးယောက် အဖွဲ့ကတည်း မလာဘူး။ အခြားသိုင်းပညာရှင်တွေကလည်း ဘာဖြစ်မှန်း မသိကြဘူး။ လက်ရှိအခြေအနေအရ မိစ္ဆာဧကရာဇ်နဲ့ သူ့ရဲ့တပည့်ကပဲ သတင်းကိုဖြန့်တာထင်တယ်”

ဝမ်ချောင်တို့၏ အဖွဲ့ကသာ ထိုနေရာတွင် ရှိနေခဲ့လျှင် သေချာပေါက် မှင်သက်သွားလောက်သည်။ လူအုပ်ကြီးက ဖော်ပြခက်ခဲလောက်အောင် ကြောက်စရာကောင်ပြီး နည်းပါးလွန်းသော အချိန် အနည်းငယ်ထဲနှင့် သူတို့ကို လက်ညိုးညွှန်နိုင်သည်။

“ဟွန်း ကျန်းဝမ်ဖူက အင်ပါယာခုံရုံးက သူခေါ်လာတဲ့ အဲ့ဒီတပည့်ကို တအားတန်ဖိုးထားတဲ့ပုံပဲ။ သူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုတောင် ဒီလောက် နက်နဲတဲ့အဆင့်ထိ ကျင့်ထားနိုင်တယ်ဆိုတော့ ကျင့်ကြံခြင်း သွေဖယ်နေလောက်တယ်။ နောက်ပြီး အရင်တစ်ခေါက် အဲ့ဒီကလေး လုပ်နိုင်ခဲ့တဲ့ အနေအထားအရ သူက မိစ္ဆာသိုင်းကို တော်တော်လေးကို ကျွမ်းကျင်နေတာ။ ကျန်းဝမ်ဖူရဲ့ အထွတ်အထိပ် အခြေအနေကိုတောင် ယှဉ်နိုင်နေသေးတယ်။ အဲ့ဒီမိစ္ဆာသိုင်းရဲ့ အားနည်းချက်က စဖြစ်နေလောက်ပြီ”

“သူ့ရဲ့ ဒီတပည့်အတွက် မိစ္ဆာဧကရာဇ်က ဘာမဆို လုပ်ချင်စိတ်ရှိနေမှာပဲ”

စုန့်ယွမ်ယွီက ပေ့ါပါးစွာပြောသည်။ သူ၏အမူအရာကမူ အလွန်အမင်း အေးစက်နေ၏။

“မဟာမိတ်အရှင် မိစ္ဆာဧကရာဇ်က တမင်ပေါက်ကြားစေတဲ့ သတင်းအချက်အလက်တွေက လူတော်တော်များများကိုတော့ အာရုံများစေမှာပဲ”

လီအကြီးအကဲကပြောသည်။

“အသုံးမဝင်ဘူး ငါဒီမှာရှိနေမှတော့ သူတို့က လောကရဲ့ နံပါတ်တစ်သိုင်းကို မရစေရဘူး”

စုန့်ယွမ်ယွီက တင်းမာစွာပြောသည်။ သူက လီအကြီးအကဲ၏ စကားကို ဖြတ်ပြော၏။

“ဟုတ်ကဲ့”

စုန့်ယွမ်ယွီ၏ မျက်နှာထားကို မြင်သောအခါ လီအကြီးအကဲက ပါးစပ်ကိုသာ ပိတ်လိုက်ပြီး စကားဆက်မပြောရဲတော့ချေ။

.....

“ဟား ဟား စိတ်ဝင်စားစရာပဲ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်”

“ဒီမူလအမရ မြေပုံအတုက အစစ်ပေါ့။ အနောက်မြောက်ပိုင်းကို လာရတာက တကယ် ပျော်စရာကောင်းတာပဲ”

ထိုအချိန် အခြားတောင်တန်း တစ်ခုပေါ်တွင် ယင်နက်ဘိုးဘေး၊ လော့ချီယင်နှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းတို့က အခြားသော အကြီးအကဲများနှင့်အတူ စုစည်းလျှက် ရှိနေကြသည်။ လော့ချီယင်သည် သူ၏မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အကြည့်မျိုး ဖြစ်နေသလို မျက်နှာထားကလည်း သဘောကျနေပုံရသည်။

“လာဝူ မင်းက အကြံကောင်း အရဆုံးလူပဲ။ မင်းဘာလုပ်သင့်တယ်လို့ထင်လဲ”

ဒဏ္ဍာရီတစ္ဆေဘိုးဘေးကမေးသည်။

“ဟာ အဲ့ဒီကလေးက မူလအမရဝင်္ကပါကို ဖျက်နိုင်ခဲ့သလို အဓိက သော့ချက်ရတနာကိုလည်း ရသွားတယ်။ လူတိုင်းကလည်း မြင်လိုက်တာပဲ။ ငါတို့အရင်ဦးဆုံး လုပ်ရမှာက သူ့ကိုရှာဖို့ပေါ့”

လော့ချီယင်က နတ်ဆိုးတစ်ကောင်လိုရယ်သည်။

“ငါတို့က ရတနာမြေပုံရဲ့ ခြောက်ပိုင်းအပြည့်အစုံမှ မူလအမရဝင်္ကပါကို ရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဒီလိုဆိုမှတော့ ငါတို့ ရတနာနှစ်ခုလုံးကို ယူကြတာပေါ့”

ယင်နက်ဘိုးဘေးက ထပ်ရယ်ပြန်သည်။

“အနောက်မြောက်ပိုင်းရဲ့ ထွက်လမ်းတွေအားလုံးကို စောင့်ကြည့်ပြီးပြီလား”

ဘိုးဘေးငါးယောက် အဖွဲ့မှ အကြီးအကဲများထဲမှ တစ်ယောက်က ဂါရဝပြုလျှက်ပြောသည်။

“ဘိုးဘေး ငါတို့ လမ်းတိုင်းကို လူတွေလွှတ်ထားပြီးပါပြီ။ ကောင်းကင်မှာတောင်မှ နေ့ရောညပါ စောင့်ကြည့်တဲ့ သိန်းငှက်တွေကို လွှတ်ထားပါတယ်။ ဒါကြောင့် အဓိကလမ်းရဲ့ ဆယ်လီအတွင်းကို ဝင်ရောက်လာတာနဲ့ သေချာပေါက် ရှာတွေ့မှာပါပဲ”

အင်ပါယာခုံရုံးသည်သာ သိန်းငှက်များကို အသုံးပြုခြင်းမဟုတ်ပေ။ ဂိုဏ်းများသည်လည်း ငှက်များကို လေ့ကျင့်ပေးသည့် ကိုယ်ပိုင်သိုင်းများရှိသည်။ ပို၍ပင် သဘောကျဖွယ် ကောင်းသေးသည်။ သူတို့က လူတစ်ယောက်၊ သို့မဟုတ် အဖွဲ့ငယ်လေးများကို လိုက်ဖမ်းရာတွင် ပို၍ကျွမ်းကျင်ကြသေးသည်။

“သုံးရက်အတွင်း ငါဒီနယ်မြေ တစ်ခုလုံးကို မြေလှန်ပြီး အဲ့ဒီကလေး ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို ရှာနိုင်တာမျိုးကို မြင်ချင်တယ်”

ယင်နက်ဘိုးဘေးက ခပ်ကြမ်းကြမ်း ပြောလိုက်သည်။

“ဟုတ်ကဲ့ဘိုးဘေး”

တခဏခန့်ကြာပြီးနောက် ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် ရာပေါင်းများစွာက ပျားအုံထဲမှ ထွက်သွားသော ပျားများအလား ထွက်သွားကြလေသည်။

.....

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၊ ယင်နက်ဘိုးဘေးနှင့် အမျိုးမျိုးသော အရွယ်အစားရှိသည့် ဂိုဏ်းများက ဝမ်ချောင်နှင့် ဆရာဖြစ်သူကို ရှာနေကြသည်။ သိုင်းပညာလောကမှ ထိုတိုင်တန်ကြီးများက အတူတကွ အလုပ်လုပ်နေကြချိန်တွင် လွတ်လပ်သော သိုင်းပညာရှင်များကမူ နောက်တွင်သာ ထိုင်နေကြလေသည်။

သူတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ပင်ဖြစ်စေ၊ ဘိုးဘေးငါးယောက် မဟာမိတ် အဖွဲ့ပင်ဖြစ်စေ၊ ခမ်းနားထည်ဝါပြီး အင်အားအပြည့် မသုံးနိုင်ကြသော်လည်း မရေမတွက်နိုင်သော သိုင်းပညာရှင်များကမူ ဒီနေရာတွင် လာရောက်စုစည်းနေကြသေးသည့်အလျောက် မူလအမရသိုင်း၏ သတင်းကြောင့် ဆွဲဆောင်ခံရသေးလေသည်။

မူလအမရဝင်္ကပါအတွင်းတွင် သိုင်းပညာရှင် အချို့က အသက်ဆုံးရှုံးသွားသော်လည်း သူတို့၏ နေရာကို ဖြည့်မည့် ပို၍များပြားသော သိုင်းပညာရှင်များက ရောက်လာကြသေးသည်။

အနီးအနားရှိ အနောက်ပိုင်းနယ်မြေမှ သိုင်းပညာရှင်အချို့ကပင် ရောက်လာသည်။ သိုင်းပညာရှင်များ၏ အရေအတွက်က လျော့သွားခြင်း မရှိလေဘဲ ပို၍သာတိုးလာသည်။

ထို့ကြောင့် မြင့်မားသော တောင်ထိပ် တစ်နေရာတွင် ရပ်လျှက် အောက်သို့ငုံ့ကြည့်လိုက်မည် ဆိုလျှင် နေရာတိုင်းတွင် ပြည့်နှက်နေသည့် ရွက်ဖျင်တဲများကို မြင်နိုင်သည်။ လမ်းတွင် ပြည့်နှက်နေသော သိုင်းပညာရှင်များကလည်း ရှိနေသည်။

မူလအမရသိုင်းသည် လူတိုင်းသိထားကြသော မိုးခြိမ်းမတက် ကျယ်လောင်လွန်းသည့် ဂုဏ်သိက္ခာမျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော် ထာဝရဆန်ပြီး ထိတွေ့ကိုင်တွယ်၍ မရသော တည်ရှိမှုလည်းဖြစ်နေပြန်သည်။ မည်သူကမှ မရခဲ့ဖူးကြပေ။ သို့သော် ယခုမူ ကိစ္စများက ခြားနားလာသည်။

မူလအမရဝင်္ကပါ၏ ပေါ်ပေါက်မှုနှင့် လူပေါင်းများစွာ၏ သေဆုံးမှုအပြင် လူအုပ်၏ စိတ်အားထက်သန်မှုများက ရောက်သွားလေပြီး အနောက်မြောက်ပိုင်းသို့ ပို၍သာ အာရုံစိုက်လာကြသည်။

မူလအမရသိုင်းသည် ကျယ်ပြောသော မူလအမရဝင်္ကပါနှင့် မရေမတွက်နိုင်သော အလောင်းများထက်ပင် စစ်မှန်နေသေးပုံရလေသည်။

နောက်ဆုံးရသတင်းများအရ ‘မူလအမရ သိုင်းကို ရသောလူက လောက၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်လာမည်’ဆိုသော သတင်းသည် မရေမတွက်နိုင်သော သိုင်းပညာရှင်များကို ရူးသွပ်သွားစေလေသည်။

ထိုအခိုက်အတန့်တွင် နယ်မြေ၏ အရှေ့တောင်ပိုင်း ထောင့်စွန်းတစ်နေရာတွင် သိုင်းပညာရှင် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်က အတူတကွ စုစည်းလျှက် တိတ်တဆိတ် စောင့်နေကြသည်။

ထိုသိုင်းပညာရှင်များ အားလုံးက အရှိန်အဝါ ကြီးမြတ်ကာ အင်အားကြီးမားကြသည်။ သူတို့၏ အရှိန်အဝါအရ အင်ပါယာ သိုင်းနယ်မြေအဆင့်တွင် ရှိနေကြောင်း ဖော်ပြသည်။ ထိုအဆင့်မှ သိုင်းပညာရှင်များကသာ အစစ်အမှန် သိုင်းပညာရှင်ဟု ဆိုထိုက်သည်။ အင်ပါယာ သိုင်းနယ်မြေအဆင့်သည် အင်ပါယာ ဧကရာဇ်ကို ဆိုလိုသည်။

ထိုအဆင့်သို့ရောက်သော မည်သူကမဆို သိုင်းလောကမှ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လေသည်။

သို့သော် ထိုပုဂ္ဂိုလ်များကမူ သေသပ်သော ဝင်္ကပါတစ်ခုအတွင်း စုစည်းနေကြလေပြီး ခေါင်းကိုငုံ့ကာ တိတ်တဆိတ် စောင့်နေကြသည်။ ထိုလူများက တစ်နာရီနီးပါးခန့် စောင့်ပြီးလေပြီ။ သို့သော် မည်သူကမှ စိတ်မရှည် မဖြစ်ကြပေ။ အနှစ်ချုပ်ဆိုရသော် သူတို့က ခေါင်းကိုသာ ပိုငုံ့ပြီး ပို၍ပင် လေးစားလာပုံပေါ်သည်။

“မင်းသေချာလား အဆုံးသတ် လေးခု သိုင်းအရှင်က တကယ်လာမှာလား”

“သေချာတာပေါ့ အဆုံးသတ်လေးခု သိုင်းအရှင်က တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေခဲ့တာ။ သူက မြောက်ပိုင်းမှာတောင် ပေါ်လာခဲ့သေးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှ ဘာလို့ ချွင်းချက်ဖြစ်သွားတာလဲ”

“ဒီသတင်းက သံသယဝင်စရာတောင် မလိုဘူး။ အတည်ပြုပြီးသား။ ငါသိုင်းအရှင်ဆီက သတင်းရထားတာ မကြာသေးဘူး”

ထိုသိုင်းပညာရှင်များက ခပ်တိုးတိုး ပြောနေကြသည်။ သိုင်းအရှင်၏ အမိန့်အကြောင်း ထည့်ပြောချိန်တွင် လူတိုင်းက လေးစားမှုအပြည့်နှင့် တိတ်ဆိတ်သွားကြသည်။

သိုင်းပညာလောကမှ လူတိုင်းသည် အဆုံးသတ်လေးခု သိုင်းအရှင်ဟာ မည်သည့်ဂိုဏ်းမှ လူမဟုတ်ကြောင်း သိထားပြီးသားဖြစ်သည်။ သူသည် တစ်ယောက်တည်း သွားလာသည်။ ထို့ပြင် အဆုံးသတ်လေးခု သိုင်းအရှင်သည် လေးစားဖွယ်ကောင်းလွန်းသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏လွှမ်းမိုးမှုက စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့ကိုပင် ယှဉ်နိုင်သည်။

လွတ်လပ်သော သိုင်းပညာရှင်များ၏ အမြင်တွင် အဆုံးသတ်လေးခု သိုင်းအရှင်က တိုင်းတာရ ခက်ခဲလွန်းသော တည်ရှိမှုကြီးဖြစ်ပြီး စုန့်ယွမ်ယွီ၏ ဘေးဘက်တွင်ရပ်နိုင်သော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

ပို၍ဆိုးသည်မှာ အဆုံးသတ်လေးခု သိုင်းအရှင်က သိုင်းပညာလောက အတွင်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက နာမည်ကျော်ကြားခဲ့ခြင်းဖြစ်သည်။ သူ၏ လက်ရင်းတပည့် အယောက်နှစ်ဆယ်တွင် တစ်ယောက်ချင်းစီတိုင်းက မှင်သက်ဖွယ်ကောင်းလွန်းသော ပါရမီမျိုးကို ပိုင်ဆိုင်ထားကြသည်။ သူသည် မျိုးဆက်တစ်ခုကိုပင် ဖွဲ့ထားနိုင်ခဲ့လေပြီး ပြင်းထန်လွန်းသော လွှမ်းမိုးမှုနှင့် မြောက်များစွာသော နောက်လိုက်များကို ပိုင်ဆိုင်ထားပြီးလေပြီ။

ဒုန်း ဒုန်း ဒုန်း

ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော မြင်းခွာသံမျိုးကို ကြားရသည်။ ထို့နောက် အသံဟာ လေးလံလာပြီး ဝင်္ကပါကပင် စတင်ကာ တုန်ခါလာသည်။ ဟူများက မြောက်တက်လျှက် လေထဲသို့ ဝင်ရောက်သည်။

“သိုင်းအရှင် သိုင်းအရှင်လာနေပြီ”

အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်က ရုတ်တရက် ခေါင်းကိုမော့လျှက် အလွန်အမင်း စိတ်လှုပ်ရှားသော ပုံစံမျိုးဖြင့် လှမ်းကြည့်လေသည်။

အဝေးတွင် အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ပေါ်လာသည်။ သူ၏ ကျောဘက်မှ ဝတ်ရုံလွှာက လေတွင်လွင့်နေသည်။ သူသည် ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် တောင်ပေါ်မြင်းကြီးကိုပင် စီးလာသည်။ ထိုမြင်းက အရွယ်ရောက်ပြီးသောလူထက်ပင် မြင့်မားသေးသည်။ မြင်းခွာများက မြေကမ္ဘာကို ထိလိုက်သောအခါ မိုးခြိမ်းသံများလို အသံမျိုးကို ထွက်ပေါ်လာစေသည်။

ထိုအမျိုးသားက တစ်ယောက်တည်းလာသော်လည်း သူ၏ ချီတက်လာသောအခါ ထွက်လာသော အရှိန်အဝါက တောင်တန်းပေါင်းများစွာကို နင်းချေပြီး ပင်လယ်ပြင်ကို ပြောင်းပြန်လှန်နိုင်သည်။

ထိုအမျိုးသားဟာ ရှေ့သို့ ဒုန်းစိုင်းအပြေးဝင်လာချိန်တွင် သူ၏ပတ်ဝန်းကျင်မှ လေထုကပင် ဝေဝါးလာပုံပေါ်သည်။ ထိုအခြေအနေကိုမြင်သော မည်သည့် သိုင်းပညာရှင်ကမဆို ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့လောက်လေသည်။ စစ်မြင်းက နီးသထက် နီးကပ်လာလေလေ မျက်စိကြိမ်းမတက် တောက်ပသော နေမင်းအလား ထောင်လွှားပြီး ဖြောင့်မတ်သော စွမ်းအင်တစ်မျိုးကို ခံစားမိလေလေဖြစ်သည်။

“ဒါကတကယ်ပဲ သိုင်းအရှင်ပဲ”

ထိုအားလှိုင်းက လူတိုင်းအား စိတ်လှုပ်ရှားလာစေသည်။ ပေတစ်သောင်း အကွာမှ ကြိမ်းတက်သွားစေလောက်သော အပူကို ခံစားမိစေသော ထိုသိုင်းသည် အဆုံးသတ်လေးခု သိုင်းအရှင်၏ တိုင်းတာရခက်ခဲသော ကြောက်မက်ဖွယ် ယန်နတ်သိုင်းသာလျှင် ရှိလေသည်။

ဟီး....

ခပ်ဆိုးဆိုး ဟီသံနှင့်အတူ ရှည်လျားသော အရိပ်ကြီးက ထိုအဖွဲ့ကိုကျော်သွားသည်။ မြင်းစီးလာသော ပုဂ္ဂိုလ်က ရောက်ရှိလာလေပြီ။ ထိုသို့ဖြင့် ထိုလူများ၏ စိတ်အခြေအနေက လေးနက်တည်ကြည်ကာ ငြိမ်းအေးသွားသည်။

“သိုင်းအရှင်ကို ဂါရဝပြုပါတယ်”

လူတိုင်းက ခေါင်းကိုငုံ့လျှက် လေးစားစွာ ပြောလိုက်ကြသည်။

အရာအားလုံးက တိတ်ဆိတ်နေသည်။ သူတို့၏အရှေ့တွင် စွမ်းအင်မုန်တိုင်းကြီးက ရပ်လျှက် တည်ရှိနေသည်။ သို့သော် လူတိုင်းသည်လည်း စူးရှကာ ခမ်းနားထည်ဝါသောအကြည့်ကို ခံစားမိသည်။ ထိုအကြည့်က အင်အားကြီးမားလွန်းသဖြင့် ထိတွေ့ကိုင်တွယ်၍ ရသလိုမျိုး သူတို့ကို အကဲခတ်နေပုံရသည်။ အချိန်အတန်ကြာပြီးနောက် အေးစက်ကာ ထောင်လွှားသောအသံက ထွက်လာသည်။

“ခေါင်းမော့ မင်းတို့မူလအမရသိုင်းနဲ့ ပတ်သတ်ပြီး သိသမျှအားလုံးပြောပြ”

မြင်းစီးလာသော ပုဂ္ဂိုလ်က ခေါင်းကိုမော့လိုက်သည်။ သူ၏ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော မျက်လုံးက ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်လွှတ်ထားသည်။

“ဟုတ်ကဲ့သိုင်းအရှင်”

ထိုလူများကလည်း ဘာကိုမှ နှောင့်နှေးခြင်း မရှိတော့လေဘဲ မူလအမရသိုင်းနှင့် ပတ်သတ်ပြီး လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်မှုက ကြီးစိုးလာပြန်၏။

“သုံးရက်အတွင်း မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေများရဲ့ ဘုရင်နဲ့ ပတ်သတ်သမျှ အားလုံးကို ငါသိချင်တယ်”

ထိုထည်ဝါကာ မြင့်မြတ်သော ပုဂ္ဂိုလ်က စကားဆက်ပြောပြန်သည်။ ထို့နောက် ဝုန်းကနဲ အသံနှင့်အတူ မြင်းစီးသူသည် အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များ အားလုံးကို ကျော်လျှက် အဝေးသို့ ဆက်သွားလေသည်။

ထို့နောက် ထိုဖုန်တန်းများက အသစ်ဝင်လာသလိုမျိုး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးလိုက်သည်။

.....

အနောက်မြောက်ပိုင်းက ပို၍ပင် လှုပ်ရှားတက်ကြွမှုများ များလာသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များကလည်း စုစည်းလာကြ၏။ သူတို့အားလုံးက ဝမ်ချောင်ကို ရှာနေကြသည်။

ထိုအခိုက်အတန့်တွင် ထိုနယ်မြေ၏ အပြင်ဘက်အကျဆုံးအပိုင်းတွင် လူတစ်ယောက် ရပ်နေကြောင်း မည်သူကမှ သတိမထားမိလောက်ပေ။ သူသည် ကျောဘက်သို့ လက်ပို့လျှက် အရာအားလုံးကို ကြည့်နေသည်။ သူက အနောက်မြောက်ပိုင်းတွင် ဝရုန်းသုန်းကားဖြစ်ကာ လှုပ်ရှားသွားလာနေကြသော သိုင်းပညာရှင်တိုင်းကို ကြည့်ရင်း လှောင်ပြုံး ပြုံးနေကြလေသည်။

အခန်း(၁၄၂၀)

“ဟွန်း အနောက်မြောက်ပိုင်း ဗဟိုပြင်ကျယ်ကို လာတဲ့ ဒီခရီးက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်”

အရှေ့ပိုင်းတူရကီ ဘုရင် အာရှီနာပါးကုရှီတုက အဓိပ္ပာယ်ဖော်ရခက်သော အကြည့်မျိုးဖြင့် တောင်အောက်ဘက်သို့ ကြည့်လိုက်သည်။ တိုက်ခိုက်နေသော လေပြင်းက သူ၏ဝတ်ရုံကို ပတ်ပတ်လည်တွင် ကခုန်နေစေလေသည်။

“မူလအမရဝင်္ကပါက ပျက်စီးသွားတဲ့အခါ အရာအားလုံးက အဆုံးသတ်သွားပြီလို့ ငါကထင်နေတာ။ ဒါပေမဲ့ ကြည့်ရတာ အဲ့ဒီလိုအဆုံးသတ်ဖို့ တော်တော်လေးကို ဝေးနေသေးတဲ့ပုံပဲ”

“နာလု အဲ့ဒီမဟာထန်ရဲ့ သိုင်းပညာရှင်တွေဆီက မင်းဘာသတင်းတွေ ရလာလဲ”

ပါးကုရှီတုက နောက်ကိုလှည့်မကြည့်ဘဲ မေးလိုက်သည်။

“အရှင် ဗဟိုပြင်ကျယ်က သိုင်းပညာရှင်တွေအပြင် အနောက်နယ်မြေတွေက အဖွဲ့ သိုင်းပညာရှင်တွေ အားလုံးက မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေများရဲ့ ဘုရင်ကို ရှာနေကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ တည်နေရာကို ရှာမတွေ့သေးကြတဲ့ပုံပဲ။ နည်းနည်းလေး ထူးဆန်းပေမဲ့လည်း သူတို့နဲ့အတူ ဝင်္ကပါကို တော်တော်လေး ကျွမ်းကျင်တဲ့ လူတစ်ယောက်ကလည်း ရှိနေသလို မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင် တစ်ယောက်တည်းကတောင် နံပါတ်တစ် ဝင်္ကပါကို ဖျက်ဆီးနိုင်ခဲ့တဲ့လူဆိုတော့ ဝင်္ကပါ တစ်မျိုးမျိုးကိုသုံးပြီး ပုန်းနေလာက်မှာပဲ”

နာလုက ကြည်လင်ကာ ပြတ်သားသော အသံမျိုးနှင့်ပြောသည်။ အံ့အားသင့်စရာကောင်းသည်မှာ နာလုသည် ငယ်ရွယ်သော တူရကီမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ မျက်နှာက အနက်ရောင် ပုဝါအောက်တွင် ရှိနေသောကြောင့် သူမ၏ အစစ်အမှန် မျက်နှာကိုမူ ဖုံးကွယ်ထားသည်။

“ဟွန်း ဒီလိုသတင်းမျိုး ရှိနေကတည်းက သူက အလွယ်တကူ မထွက်သွားနိုင်ပါဘူး။ အချိန်ကမှန်တာနဲ့ သေချာပေါက် ပေါ်လာမှာပဲ။ ငါမင်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းဖြန့်ခိုင်းထားတဲ့ မူလအမရသိုင်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေက ဘယ်လိုလဲ”

ပါးကုရှီတုကမေးသည်။

“အရှင် သိုင်းပညာလောကမှာ ဒီကိစ္စအကြောင်းမသိတဲ့ ဘယ်သူမှ မရှိလောက်တော့ပါဘူး။ အဆုံးသတ်လေးခု သိုင်းအရှင်တောင် ရောက်လာသေးတယ်။ ဒါ့အပြင် စုန့်ယွမ်ယွီနဲ့ အဆင့်ချင်းတူတဲ့ အထီးကျန်စိတ်ငြိမ်းခြင်း ဘိုးဘေးတောင်မှ အနောက်မြောက်ပိုင်းကို လာနေတယ်”

“အိုး ဒါဆိုပိုကောင်းတာပေါ့”

ပါးကုရှီတုက ရယ်သည်။

“ငါကြားထားတဲ့အတိုင်းဆိုရင် အဲ့ဒီအထီးကျန်ဘိုးဘေး ငယ်ရွယ်တဲ့အချိန်မှာ စုန့်ယွမ်ယွီနဲ့ တော်တော်လေး တိုက်ခိုက်ခဲ့ကြတယ်ဆိုပဲ။ အဲ့ဒီနှစ်ယောက်က အချင်းချင်းမြင်တာနဲ့ သည်းမခံနိုင်ကြဘူး။ ဒီလိုလူမျိုးကို လာစေတော့ မကောင်းတာမရှိဘူး”

အရှေ့ပိုင်းတူရကီ လက်အောက်ငယ်သားက ဂါရဝပြုရင်းပြောသည်။

“သေချာပါတယ်။ ကျွန်တော်တို့တွေ မူလအမရသိုင်းကိုသုံးပြီး ကျွန်တော်တို့ရဲ့ အရှေ့ပိုင်းတူရကီ ခါကာနိတ်ရဲ့ အဓိကရန်သူကြီးကို ဖယ်ရှားနိုင်တဲ့အပြင် ဗဟိုပြင်ကျယ်ရဲ့ သိုင်းပညာလောကက အင်အားကိုလည်း နည်းပါးသွားအောင် လုပ်နိုင်မှာပဲ”

စုန့်ယွမ်ယွီက ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်း၏ ခေါင်းဆောင်တစ်ယောက်ဟု သိထားသော်လည်း အစစ်အမှန် လောကတွင်မူ သိုင်းပညာရှင်လောကသည် နယ်မြေအမျိုးမျိုး ကွဲနေခဲ့ပြီးသားဖြစ်သည်။ စုန့်ယွမ်ယွီက ထိုခေါင်းဆောင်များထဲမှ တစ်ယောက်သာ ဖြစ်နေရုံဖြစ်သည်။ ဒီတိုင်း ထိုနယ်မြေက ကြီးရုံသာဖြစ်သည်။

အထီးကျန်စိတ်ငြိမ်ခြင်းဘိုးဘေးက အခြားနယ်မြေတစ်ခုကို အုပ်ချုပ်သည်။ ထိုနယ်မြေက မဟာထန်၏ အရှေ့မြောက်ပိုင်းဖြစ်ပြီး အရှေ့ပိုင်းတူရကီ ခါကာနိတ်နှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ရှု့ထောင့်တစ်ခုမှကြည့်သော် အရှေ့ပိုင်းတူရကီများ၏ အဓိကရန်သူလည်းဖြစ်လေသည်။

သူတို့က မဟာထန်၏ သိုင်းပညာရှင်များကို အချင်းချင်း တိုက်ခိုက်အောင် လုပ်ခြင်းအားဖြင့် အကျိုးအမြတ် ရမည်ဆိုလျှင် တန်ပေလိမ့်မည်။

“ဟုတ်သားပဲအရှင် ခါကန်းက မဟာထန်ရဲ့ ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ ပတ်သတ်တဲ့ မှတ်တမ်းကို ပို့လိုက်တယ်”

အစောင့်တစ်ယောက်က ရုတ်တရက်ပြောသည်။

“မဟာထန်ရဲ့ အင်ပါယာခုံရုံးမှာ အခြေခံအားဖြင့် အနှောက်အယှက်တွေ မရှိတော့ဘူး။ မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေများရဲ့ ဘုရင်ပဲကျန်တာ။ သူက ရှိနေသေးသမျှ အဲ့ဒီအနှောက်အယှက်တွေက ရှိနေဦးမှာပဲ”

“ခါကန်းကလည်း အရှင့်သားက အစိုးရရေးရာ ကိစ္စတွေမှာ ဝင်မပါမှန်းသိတယ်။ ဒါပေမဲ့ ဒီကိစ္စက အရမ်းကို အရေးကြီးဆုံးဖြစ်နေတယ်။ ဒါကြောင့် အရှင့်သားအနေနဲ့ ခါကာနိတ်ရဲ့ ကောင်းကျိုးကိုတွေးပြီး တက်နိုင်သမျှ ကြိုးစားလို့ မျိုးနွယ်ခြားနယ်မြေများရဲ့ ဘုရင်ကို သုတ်သင်ပေးချင်နေတယ်”

“ဟွန်း ခါကန်းကိုပြောလိုက် ငါသိတယ်လို့”

ပါးကုရှီတုကပြောသည်။ သူသည် မလှုပ်ရှားပေ။

သူကသာ တစ်စုံတစ်ရာကို လုပ်ချင်လျှင် သူလုပ်ချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် တစ်စုံတစ်ယောက်က လာခိုင်း၍မရပေ။ ခါကန်းကပင် သူ့ကို အမိန့်ပေး၍မရပေ။

အစောင့်က ပါးကုရှီတု၏ အမူအရာကို မြင်သောအခါ အံ့ကိုကြိတ်ရင်း ထပ်ဖြည့်ပြောသည်။

“တကယ်လို့ ဒီတာဝန်သာ ပြီးမြောက်မယ်ဆိုရင် အရှင့်သားက ပြည်နယ်ဆရာ ဖြစ်လာစေရမယ်လို့ ခါကန်းက ပြောထားပါသေးတယ်။ အရှေ့ပိုင်းတူရကီ ခါကာနိတ်ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အရှင်နေရာကို ပြန်လည်ရရှိစေပါလိမ့်မယ်”

အစောင့်က ခေါင်းကိုငုံ့သည်။ စကားကိုကြားသောအခါ ပါးကုရှီတု၏ မျက်နှာက ပြောင်းလဲသွားသည်။ ယခင်ကလောက် မတည်ငြိမ်တော့ပေ။

“ဒါကခါကန်းကိုယ်တိုင် ပြောတာလား”

ပါးကုရှီတုက တင်းမာစွာပြောသည်။

“ဟုတ်ပါတယ်”

အစောင့်က ဂါရဝပြုသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လက်အောက်ငယ်သားများ အားလုံးက တိတ်ဆိတ်သွားကြသည်။ အချိန်အတန်ကြာပြီးနောက် ပါးကုရှီတုက နောက်ဆုံးတွင်ပြောသည်။

“ခါကန်းကို ပြန်ပြောလိုက်။ ငါသူပြောတာကို သဘောတူတယ်”

.....

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး နေက မြောက်တက်လိုက် ပြန်ကျလိုက် ဖြစ်သွားသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများကလည်း သတင်းကိုကြားပြီး ဝမ်ချောင်ကို စတင်ကာ အမဲလိုက်ကြသည်။

ထိုတစ်ကြိမ်တွင် ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝင်္ကပါအကြီးအကဲနှင့် ဝူရှန်းရွာသူကြီးတို့နှင့်အတူ ရှိနေသည်။

“ဘာတွေဖြစ်နေတာလဲ”

“ပထမသတင်းနှစ်ခုကို ငါတို့ဖြန့်တာ ဟုတ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ခုက ဘာလဲ”

ကျောက်တုံးဝင်္ကပါအတွင်းမှ လေးယောက်က အချင်းချင်းကြည့်ကြသည်။

ဝမ်ချောင်တို့၏အဖွဲ့က စွမ်းအင်သိပ်သည်းခြင်းပုလဲနှင့် မြေပုံအပိုင်းအစ ခြောက်ခုအကြောင်းနှင့် ပတ်သတ်သော သတင်းကို ဖြန့်ခဲ့သည်မှာ မှန်ကန်သော်လည်း လောက၏ နံပါတ်တစ် ဖြစ်လာစေမည်ဆိုသော သတင်းကမူ သူတို့နှင့် ပတ်သတ်ခြင်းမရှိပေ။ အမှန်တိုင်းဆိုရသော် ပထမသတင်းနှစ်ခု ပေါင်းမည်ဆိုလျှင်ပင် နောက်ဆုံးတစ်ခုလောက် မကြီးကျယ်ပေ။

“ကြည့်ရတာ ငါတို့ကပဲ ဒီရေထဲမှာ ငါးဖမ်းနေတာမဟုတ်ဘူးပဲ။ ဒီနှစ်ယောက်က ဒီသတင်းကို ဖြန့်လိုက်တာဖြစ်မယ်”

ဝူရှန်းရွာသူကြီးကပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ မူလအမရသိုင်းကို ရအောင်ယူရမယ်”

သူက ဝမ်ချောင်ကိုကြည့်သည်။

ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အချိန်မရွေး ပေါက်ကွဲနိုင်သော လျို့ဝှက်ဗုံးကဲ့သို့ ဖြစ်နေသည်။

ထိုကဲ့သို့သော အရာက စောစောသတိပေးလိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်သည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းတွင် နက်နဲလွန်းသောအဆင့်သို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည့်အလျောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သူက အသက်ဆက်ရှင်နိုင်မည်ဖြစ်ကြောင်း မသေချာပေ။

“ဒါပေမဲ့ ငါတို့ ဒီအဖွဲ့အစည်းတွေနဲ့ ပတ်သတ်ပြီး သတိထားရမယ်။ ဒီလူတွေက မူလအမရဝင်္ကပါကို ကြိုးကိုင်နိုင်နေတယ်။ နောက်ပြီး အဆုံးမှာပေါ်လာတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတွေလည်းရှိနေတယ်။ သူတို့က အမှောင်ထဲမှာ ပုန်းနေကြတာ။ ငါတို့လည်း သတိမထားမိရင် ဒုက္ခရောက်သွားလိမ့်မယ်”

“ချောင်အာ အဆုံးမှာပေါ်လာတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတွေက ဘယ်လိုပုံစံမျိုး ရှိတယ်ဆိုတာကို မှတ်မိလား။ သူတို့က ငါတို့နောက်ကိုလိုက်နေတဲ့ အဖွဲ့မဟုတ်တာ သေချာလား”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်ကိုကြည့်သည်။

မူလအမရဝင်္ကပါက ပြုတ်ကျသွားသောအခါ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ဖွဲ့က ဝင်္ကပါကို ဆွဲဖွင့်လျှက် အတွင်းသို့ ချီတက်လာကြသည်။ ဝမ်ချောင်ကသာ သူတို့၏မျက်နှာကို မြင်လိုက်ရသည်။

“ဆရာ ဘာတွေဖြစ်နေမှန်း ငါမသိပေမဲ့လည်း ဆရာ့ရဲ့ တပည့်အနေနဲ့ သူတို့က အခြားတစ်ဖွဲ့နဲ့ မတူတာ သေချာပါတယ်”

သူသည် ထိုနေ့မှ အဖြစ်အပျက်တိုင်းကို စီနီယာများထံ အသေးစိတ် ပြောပြလိုက်သည်။

“ငါစင်မြင့်ပေါ်မှာ ရှိနေတဲ့အချိန်မှာ သူတို့ငါ့ဆီလာတယ်လို့ တွေးထားတယ်။ ဒါပေမဲ့ တစ်ခုခုမှားနေတာကို ချက်ချင်းပဲသိလိုက်တယ်။ သူတို့က ငါတို့နောက်ကို လိုက်နေတဲ့လူတွေ ပုံစံဝတ်ထားပြီး တူညီတဲ့ အရှိန်အဝါမျိုး ရှိနေတယ်ဆိုပေမဲ့လည်း ငါ့ကို မှတ်မိပုံမရဘူး။ အနှစ်ချုပ်ဆိုရရင် သူတို့ကငါ့ကို အမြူတေထဲမှာ ပုန်းနေတဲ့ လူတွေထဲက တစ်ယောက်လို့ ထင်နေတဲ့ပုံပဲ”

ဝမ်ချောင်က တင်းမာစွာပြောသည်။

“အခုဆိုရင် ဆရာ့တပည့်က ဒီအကြောင်းအရာကို သေချာ ပြန်တွေးမိသွားပြီ။ အနောက်မြောက်ပိုင်းနယ်မြေမှာ ငါတို့နောက်ကို လိုက်နေတဲ့အဖွဲ့အပြင် မူလအမရ ဝင်္ကပါအတွက် လာနေတဲ့ နောက်ထပ်တစ်ဖွဲ့ ရှိနေသေးတဲ့ပုံပဲ။ ဒီနှစ်ဖွဲ့က နည်းလမ်းအမျိုးမျိုးအရ ခြားနားနေလိမ့်မယ်။ နောက်ပြီး အချင်းချင်းလည်း အဆက်အသွယ် မရှိလောက်ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘာစကားမှမပြောဘဲ မျက်မှောင်ကိုသာ အသာကျုံ့လျှက် စတင်ကာ တွေးတောလေသည်။

ဝမ်ချောင်က သူတို့အား ထိုအဖွဲ့နှစ်ဖွဲ့အကြောင်း ပြောထားပြီးသားဖြစ်သည်။ ဒါဟာ ရယ်စရာကိစ္စ မဟုတ်တော့ပေ။ အနက်ရောင်ဝတ်စုံနဲ့ လူများက အနောက်မြောက်ပိုင်းတွင် ပုန်းအောင်းနေကြသော်လည်း အဖွဲ့က နှစ်ဖွဲ့ကွဲနေလောက်သည်။ ထို့ကြောင့် အနောက်ဘက်မှ အင်အားစု တစ်ခုခုက လွှမ်းမိုးနေသည့် အခြေအနေကိုလည်း စဉ်းစားရဦးပေမည်။

ပို၍ဆိုးသည်မှာ ထိုအဖွဲ့နှစ်ဖွဲ့က ရတနာသိုက်ကို ဖွင့်ရန်ကြိုးစားရင်း အချင်းချင်း အရိပ်ထဲမှ စောင့်ကြည့်နေကြလျှင် သူတို့အနေဖြင့် ဘယ်သောအခါမှ စိတ်အေးနိုင်မည်မဟုတ်ပေ။

“ကျန်းဝမ်ဖူ ဒီအကြောင်းအရာတွေကို တွေးမနေနဲ့။ ငါတို့အရင်ဆုံး ဒီကလေးရဲ့ အခြေအနေကို စဉ်းစားဖြေရှင်းရမယ်။ အနက်ရောင်ဝတ်စုံနဲ့ လူတွေအတွက်တော့ မင်းက မိစ္ဆာဧကရာဇ်ပဲ။ မင်းက သူတို့ကို ကြောက်လို့လား”

ဝင်္ကပါအကြီးအကဲက ပို၍ပင် ပေါ့ပေါ့ပါးပါး ရှိလေသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းကိုငုံ့လျှက်တွေးသည်။

“ဒီလိုပဲဖြစ်ဖို့ မျှော်လင့်ရတာပဲ”

“သတ်”

ရုတ်တရက် အဝေးမှ အသံများကိုကြားရသည်။ ထိုအခြေအနေက သူတို့၏အာရုံကို ဆွဲဆောင်သွားသည်။

“သိုင်းညီအစ်ကိုတို့ ဒီနေရာက ထွက်လာခဲ့။ ဘယ်လိုနည်းနဲ့မဆို ငါမင်းတို့ကို ဘယ်တော့မှ ရတနာမြေပုံ ပေးမှာမဟုတ်ဘူး”

ဒေါသတကြီးအော်သံက ထွက်လာသည်။ အဝေးမှ အဖွဲ့တစ်ဖွဲ့က ပေါ်လာ၏။ သူတို့က ဝမ်ချောင်တို့ ရှိရာဘက်သို့ အပြေးလာနေသည်။ သူတို့က ဒဏ်ရာရနေရင်း ပြေးလွှားနေရပုံပေါ်သည်။

“ရတနာမြေပုံလား”

အရပ်ပုပုနှင့် ဝင်္ကပါအကြီးအကဲက အရင်ဦးဆုံးတုန့်ပြန်ပြီး တောက်ပသော မျက်ဝန်းဖြင့် ထလိုက်သည်။

“ဟား ဟား မြောက်ပိုင်း ဖြတ်သန်းခွင့်နယ်မြေက သူရဲကောင်းရှစ်ယောက်။ မင်းတို့ မလွတ်နိုင်ပါဘူး။ ရတနာမြေပုံတောင် နာနာခံခံနဲ့ ပေးလိုက်။ လောကရဲ့ နံပါတ်တစ်ဟုတ်လား ဟွန်း မင်းကို အိမ်မက် မမက်ဖို့ပြောချင်တယ်”

“ဟုတ်တယ် ရတနာမြေပုံကိုပေးလိုက်။ ဒါဆိုရင် ငါတို့မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ မြောက်ပိုင်းဖြတ်သန်းခြင်းနယ်မြေက သူရဲကောင်းရှစ်ယောက် အားလုံး ဒီနေရာမှာ အမြုပ်ခံရမှာပဲ”

နောက်တစ်ဖွဲ့က ခက်ထန်သော မျက်နှာများဖြင့် အေးစက်စွာရယ်သည်။

“အား”

ထွက်ပြေးသော သိုင်းပညာရှင်များထဲမှ တစ်ယောက်က ဆေဘာတစ်လက်ဖြင့် အခုတ်ခံရပြီး အော်ဟစ်ကာ မြေပြင်သို့ လဲကျသွားသည်။

“ဟော်ကော မင်းမျိုးမစစ်ကောင် ငါမင်းကို ဒီတစ်ခုမပေးနိုင်ဘူး။ တစ်ရက်မှာ ငါမင်းတို့အားလုံးကို ဒီကိစ္စအတွက် ပြန်ပြီး ပေးဆပ်ခိုင်းမှာပဲ”

အရှေ့ဆုံးမှ လူကပြောသည်။ သူ၏မျက်လုံးက သွေးနီရောင်သမ်းနေပြီး ဒေါသများဖြင့် ပေါက်ကွဲမတက် ဖြစ်နေသည်။

ထွက်ပြေးနေသော အဖွဲ့က ဝမ်ချောင်တို့ရှိရာနေရာနှင့် နီးသထက်နီးလာသည်။ တခဏခန့်ကြာပြီးနောက် ကျောက်တုံးဝင်္ကပါနှင့် မီတာငါးဆယ်၊ ခြောက်ဆယ်အကွာသို့ ရောက်လာသည်။

ခွက်

သူတို့က တိုက်ခိုက်နေသည့် အချိန်တွင် ထွက်ပြေးနေသော သိုင်းပညာရှင်များထဲမှ တစ်ယောက်က မြောက်တက်လျှက် မြေပြင်ကို ပြုတ်ကျသွားသည်။ သူ၏လက်က ပြေလျော့သွားပြီးနောက်တွင် တလက်လက် တောက်ပနေသော ရွှေရောင်ပစ္စည်းလေး တစ်ခုက လက်ထဲမှထွက်လျှက် အနီးအနားရှိ ကျောက်တုံးဝင်္ကပါနားသို့ ကျသွားသည်။

“ရတနာမြေပုံ ဒါက ရတနာမြေပုံပဲ”

ရတနာမြေပုံက ကျွတ်ထွက်လာကြောင်း မြင်သောအခါ ဝင်္ကပါအကြီးအကဲ၏ စိတ်အခြေအနေက ယိမ်းယိုင်သွားပြီး အပြင်ထွက်ယူရန် ကြံစည်လိုက်သည်။

“ဟေ့ ကျန်းဝမ်ဖူ ကလေး မင်းတို့ဘာစောင့်နေကြတာလဲ။ ဝင်္ကပါကို မြန်မြန်ဖွင့်ပြီး ရတနာမြေပုံကို မယူဘူးလား”

ဝင်္ကပါအကြီးအကဲက အမြဲတစေ စိတ်မရှည်တတ်သူဖြစ်သည်။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ့်ကို မချုပ်ထိန်းနိုင်ချေ။

“နေဦး”

ဝင်္ကပါအကြီးအကဲက အပြေးမထွက်နိုင်သေးခင် သွယ်လျသော အားပါသော လက်တစ်ဖက်က သူ၏ပုခုံးကို ဖိဆွဲလျှက် သူ့အား နောက်သို့ ပြန်ဆွဲထားလိုက်သည်။

All Chapters