အခန်း (၁၄၂၆-၁၄၃၀)
Vol. 85 Ch. 1426-1430
အခန်း(၁၄၂၆)
မူလဝိညာဉ် သွေးပုဇဉ်း
သူ၏ခန္ဓာကိုယ်ထဲမှ သေးငယ်သော ဆံချည်မျှင်ကုများကို သတ်ဖြတ်ပြီးသည်နှင့် ဝမ်ချောင်ဟာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လတ်ဆတ်သွားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များ၏ လည်ပတ်မှုနှုန်းကလည်း ယခင်ကထက် ပိုမြန်သွားသည်။
ဘန်း
ဝမ်ချောင်က မြေပြင်ကို တစ်ချက်ဖိနင်းလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်ကာ ချက်ချင်းဆိုသလိုပင် ဆရာဖြစ်သူ၏ ဘေးနားသို့ ရောက်သွားလျှက် တစ်ဖက်သူ၏ ပုခုံးကို လက်ဝါးဖြင့်ဖိလိုက်သည်။
“ဆရာ ငါကူညီပေးမယ်”
ဝမ်ချောင်က အနည်းငယ်သော်မျှ မတုန့်ဆိုင်းတော့ဘဲ ကံကြမ္မာကျောက်တုံး၏ သန့်စင်သော စွမ်းရည်အား ဆရာဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။
ဘန်း
တစ်စက္ကန့်ပင် မကြာသေးခင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခန္ဓာကိုယ်ထဲမှ ဆံချည်မျှင်ကုက နှင်းကဲ့သို့ အရည်ပျော်ကျသွားသည်။
အလင်းက တစ်ချက်လက်ပြီးရုံနှင့် ဝမ်ချောင်ဟာ ဝူရှန်းရွာသူကြီးနှင့် ဝင်္ကပါအကြီးအကဲတို့၏ ကိုယ်အတွင်းသို့လည်း သန့်စင်ခြင်း စွမ်းအင်များကို ဝင်ရောက်လျှက် သူတို့၏ ဆံချည်မျှင်ကုများကို သတ်ပေးလိုက်သည်။
“အခု လေထဲက ကုတွေပဲကျန်တယ်”
ဝမ်ချောင်က မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်းစီ ဆင်းသက်လိုက်သည်။ သူ၏ တောက်ပသော မျက်ဝန်းက ကောင်းကင်ကို ရှာဖွေနေသည်။
ကုအဆိပ်ဘုရင်၏ ဆံချည်မျှင်ကုများက လေနှင့်ရောနှောနေပြီး မြင်နိုင်စွမ်းအားမရှိပေ။ ကိုယ်အတွင်းမှ ဆံချည်မျှင်ကုများက လက္ခဏာသာဖြစ်ပြီး အစစ်အမှန် ရောဂါလည်း မဟုတ်သေးချေ။ ထို့ကြောင့် သူသည် ကုအဆိပ်ဘုရင်၏ တိုက်ကွက်ကို တားမြစ်လိုလျှင် ထိုနေရာတွင်ရှိသမျှ ကုတိုင်းကို ဖယ်ရှားရပေမည်။
ဝုန်း
ဝမ်ချောင်က လေထဲသို့ လက်ဖဝါးကို တဖြည်းဖြည်းချင်းစီ ဆန့်တန်းကာ ညွှန်လိုက်ပြီးနောက် ကံကြမ္မာကျောက်တုံး၏ စွမ်းအားကို အသက်သွင်းလိုက်သည်။
နားလည်သဘောပေါက်စွာ သန့်စင်မှု
ဝမ်ချောင်၏ ညာလက်ဖဝါးအောက်မှ မမြင်ရသော စွမ်းအားလှိုင်းက ဖြာထွက်လာသည်။
ဟူး...
ထိတွေ့ကိုင်တွယ်ရသော လောကအတွင်းတွင် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းအား မရှိသော်လည်း စိတ်စွမ်းအင် လောကအတွင်းတွင်မူ ဆံချည်မျှင်ကု သောင်းပေါင်းများစွာက တစ်လွှာပြီးတစ်လွှာ ဖယ်ရှားရှင်းလင်း ခံနေရသည်။ မမြင်ရသော စွမ်းအားလှိုင်းက တွေ့ကြုံရသမျှ ဆံချည်မျှင်ကုတိုင်းကို သုတ်သင်ပစ်လိုက်သည်။
ကံကြမ္မာကျောက်တုံးက သူ၏သန့်စင်ခြင်းစွမ်းအားကို လွှတ်ထုတ်ပြီးနောက် ဝမ်ချောင်ရှိရာ လီတစ်ဆယ်ကျော် ဝန်းကျင်တစ်ခုလုံးတွင် ကုများရှင်းလင်းသွားသည်။
အနက်ရောင် အဆိပ်မြူကပင် ရှင်းလင်းသွားသည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”
လေထဲတွင် အံ့ဩနေသော အသံကထွက်လာသည်။ ဝမ်ချောင်၏ တိုက်ကွက်က ကုများနှင့်အတူ မမြင်ရချေ။ သို့သော် အခြားသောသူများက စွမ်းအားကို အာရုံမခံနိုင်လောက်သည့်တိုင်အောင် ကုအဆိပ်ဘုရင်ကမူ မသိဘဲ မနေပေ။
သသည်လည်း သူ၏ကိုယ်ပိုင် ခန္ဓာကိုယ်ကိုသုံးပြီး မွေးထားခဲ့သည့် ထိုကုများက လူငယ်တစ်ယောက်၏ ဖျက်ဆီးမှုကို ခံရလိမ့်မည်ဟု မထင်ထားမိပေ။
ဒါဆိုရင် ဒီတစ်ခုပဲကျန်မယ်။
ဝမ်ချောင်က အံ့အားသင့်နေသော အသံကို လျစ်လျူရှု့ရင်း မျက်လုံးကိုမှိတ်လိုက်သည်။
သူ၏ယခင်တစ်ခေါက် တိုက်ပွဲတွင် ဝမ်ချောင်ဟာ အဆိပ်ဆရာသခင် ငါးယောက်လုံးက ဒဏ္ဍာရီများလောက် လျို့ဝှက်ဆန်းကြယ်ခြင်း မရှိကြောင်း သိထားပြီးသားဖြစ်သည်။ သူတို့သည်လည်း သာမာန် လူများသာဖြစ်သည်။
မြွေဘုရင်က မြွေများကြားတွင် ခန္ဓာကိုယ်ကို မြုပ်ထားပြီး လျို့ဝှက်သိုင်းတစ်မျိုးဖြင့် သူ၏ အရှိန်အဝါကို မြွေများဖြင့် ပေါင်းစည်းထားခြင်းအားဖြင့် ရှာမတွေ့နိုင်အောင် ဖြစ်စေသည်။ အဆိပ်နက်ဘုရင်ကလည်း အလွန်မြင့်မားလွန်းသော ကောင်းကင် တစ်နေရာတွင် ရှိသည့် ကျီးကန်းကြီး၏ ကျောပေါ်တွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။ သားရဲခုနှစ်ကောင် ဘုရင်က မြေပြင်အောက် ငါးမီတာခန့်အကွာတွင် ပုန်းနေခဲ့ခြင်းဖြစ်သည်။
မည်သူကမှ လီထောင်ကျော်အကွာမှ သတ္တဝါများကို ထိန်းချုပ်နိုင်စွမ်းရည် မရှိကြပါချေ။ သူတို့၏ ခန္ဓာကိုယ်ကလည်း ထိုအဆိပ်ရှိ ပိုးကောင်များနှင့် နီးကပ်သောနေရာတွင် နေရန်လိုအပ်သည်။ သူတို့၏ ပြောင်မြောက်သော ဖုံးကွယ်နိုင်စွမ်းရည်များကြောင့်သာ ရှာမတွေ့နေခြင်းဖြစ်သည်။
ထို့ကြောင့် ကုအဆိပ်ဘုရင်က မည်မျှလျို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းနေစေကာမူ သူ့တွင် တူညီသောပြစ်ချက် ရှိရပေမည်။
ဝမ်ချောင်၏ အဆုံးအစမဲ့လောက်အောင် မြောက်များသော ကြယ်တာရာစွမ်းအင်များက အပြင်ဘက်သို့ ပျံ့နှံ့သွားပြီးနောက်တွင် အလွန်သေးငယ် ကျဉ်းမြောင်းသော နေရာများပင်မကျန် ရှာဖွေစစ်ဆေးလေသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က နှုတ်ခမ်းထောင့်မှ အပြုံးနှင့်အတူ မျက်လုံးကိုဖွင့်လာသည်။
“တွေ့ပြီ ကုအဆိပ်ဘုရင် အပြန်အလှန်မရှိရင် မယဉ်ကျေးရာရောက်တယ်။ ဆိုတော့ လက်ဆောင်တစ်ခုတော့ ပေးပါရစေ”
ဝမ်ချောင်၏ မျက်လုံးက ပေထောင်ပေါင်းများစွာ အကွာရှိ ညိုးနွမ်းနေသော သစ်ပင်ဆီ ရောက်သွားသည်။
ထိုသစ်ပင်နှင့်ပတ်သတ်ပြီး ထူးခြားမှုလည်းမရှိပေ။ စွမ်းအင်လောက အတွင်းတွင်ပင် ဝမ်ချောင်ဟာ ကုအဆိပ်ဘုရင်က အားနည်းစွာ တည်ရှိနေကြောင်း မြင်နိုင်နေလေသည်။
စွစ်
ဝမ်ချောင်က ရှေ့သို့ခုန်ဝင်လိုက်သည်။ အနောက်ဘက်တွင် ပုံရိပ်ယောင်များကို ချန်ထားရစ်ခဲ့သည်။ သူသည် ညိုးနွမ်းနေသော သစ်ပင်၏အရှေ့တွင် ချက်ချင်းရောက်သွားသည်။
“အန္တရာယ်က ပြီးသွားပြီ။ အခု ငါတို့တိုက်ခိုက်ရမဲ့ အလှည့်ပဲ”
ပြုံးနေသောဝမ်ချောင်က သစ်ခေါက်တစ်တုံးကို ကောက်ယူလိုက်ပြီးနောက် ခလွက်ကနဲ မြည်သံနှင့်အတူ ဆွဲဖြဲပစ်လိုက်သည်။ ထိုသို့ဖြင့် အလွန်အမင်းကြီးမားသော သွေးပုဇဉ်းကြီး ပေါ်လာသည်။
ထိုပုဇဉ်းသည် လက်တစ်ဝါးခန့် အရွယ်အစားရှိပြီး ခန္ဓာကိုယ်က ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေပြီး ရတနာတစ်ခုအလား ထင်ရသည်။ သူ၏ အတောင်က သလင်းသားရောင် တလက်လက် တောက်ပနေသေးသည်။
သူ၏အဘက်ဘက်တိုင်းက သဘာဝလောကမှ ထုတ်ကုန်တစ်ခုဟု ထင်ရခြင်းမရှိပါချေ။
ထိုသွေးပုဇဉ်းသည် ထိုသစ်ပင်ထဲတွင် ပုန်းနေခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်သည်။ ယခုအခါ သူဟာ ပေါ်သွားပြီဖြစ်သည်။ ရှင်းလင်းစွာပင် သူဟာ အထိတ်တလန့် ဖြစ်သွားသည်။
ဟုတ်တယ် ထိတ်လန့်သွားတာ။ အခြားသောသူများက ကိုယ်ကိုယ်တိုင်သာ မမြင်ရလျှင် ပိုးကောင်တစ်ကောင်က လူသားနှင့်တူညီသော ခံစားချက်များကို ထုတ်ပြနိုင်မည်ဟု ယုံကြည်ရန် ခက်ခဲလောက်လေသည်။
ဝမ်ချောင်၏ တိုက်ကွက်က သူ၏အကြံအစည်ကို ရှင်းလင်းစွာ ဖျက်ဆီးပစ်လိုက်သည်။ သူ၏တောင်ပံက စတင်ကာလှုပ်လျှက် လေထဲသို့ ခုန်တက်ပြီး ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ဒါဟာ အားနည်းသော ရုန်းကန်မှုသာဖြစ်သည်။
ခီး....
သွေးပုဇဉ်းက ပေအနည်းငယ်ခန့်သာ မြောက်တက်ရသေးသည်။ ဝမ်ချောင်က လှမ်းဖမ်းလိုက်သည်။
“ကုအဆိပ်ဘုရင် ဒါက မင်းရဲ့ မူလဝိညာဉ် ကုမဟုတ်လား။ အရာအားလုံးမှာ တန်ကြေးရှိတယ်။ အဲ့ဒီလိုမှမဟုတ်ရင် မင်းက အကျိုးဆက်မရှိဘဲ ထွက်သွားနိုင်မယ်ထင်တာလား”
ဝမ်ချောင်က လက်ထဲမှ သွေးပုဇဉ်းကိုကြည့်ပြီး လှောင်သည်။
“ကောင်စုတ်လေး မင်းလုပ်ရဲလား”
ဒေါသတကြီးအသံက ထွက်လာသည်။ သို့သော် ထိုအသံထဲတွင် ထိတ်လန့်မှုများကသာ ပြည့်နှက်နေသည်။
ဝမ်ချောင်က တစ်ဖက်သူ၏ အသံကို လျစ်လျူရှု့ရင်း သူ၏လက်ချောင်းများကို ဖိညှစ်လိုက်သည်။ ထိုသို့ဖြင့် ထိုပုဇဉ်းကို ချေမွလိုက်ကာ သွေးများပေါက်ထွက်လာစေသည်။
“အား”
သွေးပုဇဉ်းက သေအောင် ချေမွခံရလုနီးပါး ဖြစ်ချိန်တွင် လီတစ်ဆယ်ကျော်အကွာမှ စူးရှသော အော်ဟစ်သံကြီးက ထွက်လာသည်။ ထို့နောက် အဆုံးအစမဲ့သော အဝါရောင်သဲများအကြားတွင် ပုံရိပ်တစ်ခုက လေထဲသို့ ခုန်တက်လာပြီး သွေးများကိုအန်သည်။ ထိုပုံရိပ်က တောင်ပိုင်းသို့ စတင်ကာ ပြေးသည်။ သူသည် ပြေးရင်းတောက်လျှောက် အော်သွားသေးသည်။
“မဖြစ်နိုင်ဘူး ဒါက မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ငါ့ရဲ့ကုကို မဖျက်ဆီးနိုင်ဘူး။ ဒါမဖြစ်နိုင်ဘူး....”
အဆိပ်ငါးမျိုး အကြီးအကဲတို့အားလုံးနှင့် မတူညီစွာပင် ကုအဆိပ်ဘုရင်က မော့ဟယ်ရန် ကန္တာရတွင် ပုန်းနေခဲ့ခြင်းဖြစ်သည်။ သူ၏အရှိန်အဝါကို ချုပ်ထိန်းထားပြီး ခန္ဓာကိုယ်ကလည်း အဝါရောင်သဲထဲတွင် မြုပ်နေသည်။
ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားကပင် ရှာနိုင်ခြင်းမရှိလောက်အောင် ဝေးကွာသော တစ်နေရာတွင် သူဟာ ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကုအဆိပ်ဘုရင်က သူ၏မူလဝိညာဉ်ကို အသုံးပြု၍ သူ၏ကုအား အဝေးမှ ထိန်းချုပ်ခြင်းဖြစ်သည်။ ထိုလေထဲမှ ဆံချည်မျှင်ကုများကိုလည်း သွေးပုဇဉ်းကသာ လွှတ်ထုတ်ခြင်းဖြစ်လေသည်။
မြောင်ပိုင်နက်တွင် မိခင်ကုအကြောင်း ကြားဖူးပေမည်။ ထိုသွေးပုဇဉ်းကလည်း မိခင်ကုများထဲမှ တစ်ကောင်သာ ဖြစ်သည်။
ကုအဆိပ်ဘုရင်က ဝမ်ချောင်သတ်ခဲ့သော ဆံချည်မျှင်ကု မည်မျှသေသေ သက်ရောက်ခံရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် သွေးပုဇဉ်းရှိနေသေးကာ သူသည်လည်း ချက်ချင်းပြန်ပြီး အနည်းငယ် ပြန်မွေးနိုင်သည်။ ဒါဟာ ကုအဆိပ်ဘုရင်၏ ကြောက်စရာအကောင်းဆုံးသော ညဉ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ကုအဆိပ်ဘုရင်သည်လည်း ဝမ်ချောင်ဟာ ဆံချည်မျှင်ကုကို ဖျက်ဆီးရုံသာ မကသေးလေဘဲ သွေးပုဇဉ်းကိုပင် ရှာတွေ့သွားမည်ဟု မထင်ထားမိချေ။
ကုအဆိပ်ဘုရင်က မိခင်ကု သန်မာလေလေ သူ၏ဝိညာဉ်နှင့် ထိုမိခင်ကုက ပေါင်းစည်းလေလေဆိုသော အနေအထားမျိုးအထိ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သွေးပုဇဉ်းကို ဖျက်ဆီးခြင်းအားဖြင့် ဝမ်ချောင်သည် သူ့ကို သေစေနိုင်သော ရိုက်ချက်တစ်ခုအဖြစ် ထိုးနှက်လိုက်နိုင်သည်။ ထို့ကြောင့် မြောင်ပိုင်နက်ထဲမှ ရှေးရိုးပုံပြင်များအရ ကုအဆိပ်ဘုရင်သည် သူ၏ အသက်တစ်ဝက်ကျော်ကျော်ကို ဆုံးရှုံးသွားရပြီဖြစ်သည်။ ထို့ကြောင့် သူသည် မြောင်ပိုင်နက်ကို ပြန်သွားခဲ့လျှင်ပင် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှင်သန်နိုင်တော့မည်ဖြစ်သည်။
“မိစ္ဆာဧကရာဇ် ငါမင်းနဲ့ မင်းရဲ့တပည့်ကို လုံးဝ မမေ့ဘူး”
ကုအဆိပ်ဘုရင်၏ မုန်းတီးမှုပြည့်နှက်နေသော အသံက လေထဲတွင် ဟိန်းထွက်ရင်း ပျောက်ကွယ်သွားလေသည်။
....
မြွေများ၊ ပင့်ကူများ၊ မြူများ၊ ပိုးကောင်များ အားလုံးက တစ်စစီကွဲသွားသည်။ အရာအားလုံးက တည်ငြိမ်သွား၏။ မမျှော်လင့်ထားသော အန္တရာယ်ကလည်း အဆုံးသတ်သွားပြီဖြစ်သည်။
မြေပြင်မှ ဝင်္ကပါအကြီးအကဲက အသိပြန်ဝင်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သွေးပုဇဉ်း
“ဒါက ကုအဆိပ်ဘုရင်ရဲ့ မူလဝိညာဉ်ကုပဲ။ ဒီအဘိုးကြီးက အသက်ရှင်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒါပေမဲ့ မူလဝိညာဉ်ကုက ဒီလိုမျိုးဆိုတာကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ”
လူတိုင်းက ဝမ်ချောင်၏အနားတွင် စုစည်းကြပြီး သူက ဖိညှစ်သတ်လိုက်သည့် ပိုးကောင်ကို ကြည့်နေကြသည်။ ဝင်္ကပါအကြီးအကဲက တအံ့တဩဖြင့် လျှာကိုပင်သပ်နေသေးသည်။ သို့ရာတွင် သူသည်လည်း အဖြစ်အပျက်ကို အနည်းငယ် ကြောက်နေသေးသည်။
“ဝမ်ချောင် မင်းက ကဏ္ဍအကြီးကြီးက ကစားသွားခဲ့တာပဲ။ မင်းသာမရှိရင် ငါတို့အားလုံး အရှင်းခံရလောက်တယ်။ ဟုတ်သားပဲ မင်းဒီကုတွေကို ဘယ်လိုဖယ်ရှားလိုက်တာလဲ”
ထိုစကားလုံးများက ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ အာရုံကို ဖမ်းစားသွားသည်။ ယခုလေးတင် အဆိပ်ကုဘုရင်၏ တိုက်ကွက်က ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူတို့သည်လည်း စဖြစ်မည့် ကိစ္စကို မတွေးတောရဲပါပေ။
“ဒါက အရှည်ကြီးရှင်းပြရမှာ”
ဝမ်ချောင်သည် တခဏခန့် တွေးတောပြီးနောက် အရာအားလုံးအား မှင်သက်ဖွယ်ကောင်းသော မတော်တဆ တိုက်ဆိုင်မှုအဖြစ်သာ ပုတ်ချလိုက်သည်။ ကံကောင်းသည်မှာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က သိချင်စိတ်သာဖြစ်ပြီး ဆက်လက်ပြီး မေးခွန်းမထုတ်ကြပါချေ။
ဝမ်ချောင်သည် ဆရာဖြစ်သူနှင့် အတူနေသည်ထက် အပြင်ဘက်တွင် တစ်ယောက်ထဲ သွားလာရင်းဖြင့်သာ ကုန်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ဆရာကလည်း သူ၏လုပ်ရပ်ကို မေးခွန်းထုတ်ခဲသည်။ ထို့ကြောင့် သူပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးကပင်ဖြစ်စေ ထိုမှင်သက်ဖွယ်ကောင်းသော အံ့အားသင့်ဖွယ် တိုက်ဆိုင်မှုနှင့် ပတ်သတ်ပြီး ထူးခြားနေခြင်း မရှိကြပေ။ ဝူရှန်းရွာသူကြီးက ကောင်းကင်ကိုသာ မော့ကြည့်ရင်းပြောသည်။
“အစ်ကိုဝမ်ဖူ၊ အစ်ကိုကျိုး အခု ကုအဆိပ်ဘုရင်ရဲ့ တိုက်ကွက်က ဝရုန်းသုန်းကား ဖြစ်သွားစေတယ်ဆိုတော့ အခြားသူတွေ အများစုရဲ့ အာရုံကိုလည်း ဆွဲဆောင်ပြီးလောက်ပြီ။ ငါတို့ အရင်ဦးဆုံး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်”
ယခုအခါ အဆိပ်ရှိသော သတ္တဝါများအားလုံးက ပျောက်သွားကြပြီဖြစ်သည်။ သူတို့က ကပ်ဘေးတစ်ခုကို ဖြေရှင်းပြီးသည့်တိုင်အောင် နောက်ထပ် ကပ်ဘေးအသစ်တစ်ခုက ရောက်လာတော့ပေမည်။
“အွန်း”
လူတိုင်းက ခေါင်းညိမ့်ကြပြီး အနောက်တောင်ပိုင်းသို့ စတင်ကာပြေးသည်။
အနောက်တောင်ပိုင်းသည် သူတို့အဖွဲ့အတွက် အန္တရာယ်ပိုကြီးသော နေရာဖြစ်သည်။ ထို့ကြောင့် အာရုံစိုက်မှုမှ ထွက်သွားရန် အကောင်းဆုံးနေရာလည်း ဖြစ်နေသည်။
အနက်ရောင်လူများသည် ကောင်းကင်ဘုံ၏ အကြံအစည်ကို မတွန်းလှန်နိုင်ချေ။ ထို့ကြောင့် သူတို့က ဝေးဝေးမရောက်သေးခင် ထူးဆန်းသောရယ်သံများ ထွက်လာသည်။
“ဟား ဟား ဟား မိစ္ဆာဧကရာဇ် ငါမင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ”
လေထုက မိုးခြိမ်းသံနှင့်အတူ စတင်ကာ တုန်ခါလာသည်။ ဝမ်ချောင်က ခေါင်းကိုမော့လိုက်သောအခါ အနက်ရောင်တိမ်စိုင်များ စုဝေးနေကြောင်း မြင်လိုက်ရ၏။ အနက်ရောင်တိမ်စိုင်များအကြားတွင် သူတို့ရှိရာဘက်သို့ ဦးတည်ကာ လာနေသည့် ကြီးမားသော နဂါးနက်တစ်ကောင်ကို မြင်ရသည်။
အဝေးမှပင် ကြီးမားသော ကိုယ်ထည်ကြီးကို မြင်လိုက်ရုံဖြင့် တိုင်းတာရ ခက်ခဲသော ဖိအားများကို ခံစားရသည်။
“ယင်နက်ဘိုးဘေး”
ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားပြီး နှလုံးသားကလည်း လေးလံသွားလေသည်။
+++++
အခန်း(၁၄၂၇)
အရိုးနတ်ဆိုးဘိုးဘေး ဝေ့ဝူရှဲ့
ဝမ်ချောင်၏အဖွဲ့က အလွန်အမင်း လျှင်မြန်လွန်းစွာ လှုပ်ရှားခဲ့သော်လည်း သိုင်းပညာလောကမှ အဖွဲ့ဝင်များ၏ မူလအမရသိုင်းအပေါ် သတ်မှတ်သည့် စိတ်ဆန္ဒကို သူတို့က အထင်သေးခဲ့မိသည်။ ယခုအခါ သိုင်းပညာလောကမှ တိုင်တန်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့် ယင်နက်ဘိုးဘေးက သူတို့ကို ရှာတွေ့သွားပြီဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပေ။ သူတို့က မထွက်သွားခင် တစ်ဖက်သူကို အရင်ကိုင်တွယ်ရပေလိမ့်မည်။
“စီနီယာတို့ သတိထား ယင်နက်ဘိုးဘေးကသာ ဒီနေရာမှာ ရှိနေပြီဆိုရင် ဘိုးဘေးငါးယောက် မဟာမိတ်က အခြားသူတွေက နောက်ကောက်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး”
ဝမ်ချောင်က ယင်နက်ဘိုးဘေးကို လှမ်းကြည့်လိုက်သည်။ သူ၏ခေါင်းထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာသည်။
ယင်နက်ဘိုးဘေး တစ်ယောက်လောက်က သူတို့အတွက် ခြိမ်းခြောက်မှု အနည်းငယ်သာ ပေးနိုင်သည်။ သူ၏ဆရာဖြစ်စေ၊ ဝူရှန်းရွာသူကြီးကပင်ဖြစ်စေ တစ်ဖက်သူကို ကိုင်တွယ်ရန် လုံလောက်နေသည်။ သို့သော် ယင်နက်ဘိုးဘေး ရှိနေလျှင် ဆိုလိုသည်မှာ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အခြားသော ဘိုးဘေးများကလည်း ရောက်ရှိလာပေလိမ့်မည်။ ထို့ကြောင့် အားလုံးပေါင်းသွားသောအခါ ကိုင်တွယ်ရ ခက်ခဲသွားနိုင်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ကောင်းကင်ကိုကြည့်ရင်း တည်ငြိမ်စွာပြောသည်။
“လော့ချီယင် လူတစ်ယောက်ကို ကိုယ့်အကန့်အသတ်ကို သိရတယ်။ ဒီအဘိုးကြီးရဲ့ ရှေ့မှာ မင်းက မူလအမရအရှင်ရဲ့ ရတနာကို လိုချင်စိတ်ဆန္ဒပြရဲတာလား”
ယင်နက်ဘိုးဘေးက သိုင်းပညာလောကမှ တိုင်တန်ကြီးတစ်ယောက် ဖြစ်သည့်တိုင်အောင် သူတို့နှစ်ယောက်အကြားတွင် ကွာဟချက်က ကြီးမားနေသေးသည်။
“ဟား ဟား ဟား နားလည်မှုမလွဲနဲ့”
ယင်နက်ဘိုးဘေး၏ ကျယ်လောင်လွန်းသော အသံက ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
အနက်ရောင် တိမ်စိုင်များက ခွဲထွက်သွားပြီးနောက်တွင် ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်ကြီးက ဥက္ကာတုံးတစ်ခုကဲ့သို့ ဆင်းသက်လာသည်။
ဘုန်း
ထို့နောက် ဖုန်များက လေထဲသို့ မြောက်တက်သွားသည်။
“ဟမ်း ဟမ်း မိစ္ဆာဧကရာဇ် ငါကဒီတိုင်း သဘောတူညီမှုပဲ လုပ်ချင်တာပါ။ ကျန်းဝမ်ဖူ မင်းက သိုင်းပညာလောကရဲ့ အကြီးအကဲဟောင်းကြီး တစ်ယောက်ပဲ။ ဒီတော့ လက်ရှိအခြေအနေကို နားလည်သင့်တယ်။ အခုအချိန်မှာ သိုင်းပညာလောကက အဖွဲ့အစည်းတိုင်းနီးပါးက မင်းကို ရှာနေကြပြီ။ ဒီလိုအခြေအနေမျိုးမှာ မင်းအနေနဲ့ အလွယ်တကူ ထွက်ပြေးပြီး ရတနာကို တူးထုတ်သွားနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”
“ဘာလို့ အဲ့ဒီ မူလအမရ ဝင်္ကပါထဲက ရရှိလာခဲ့တဲ့ ရတနာနဲ့ မူလအမရသိုင်းရတနာမျိုးကို ငါ့ဆီ မပေးလိုက်တာလဲ။ အပြန်အလှန် အနေနဲ့ ငါကမင်းကို သိုင်းပညာလောကက ထိပ်တန်းအဆင့် သိုင်းတွေ၊ ရတနာတွေ ပြန်ပေးနိုင်တယ်။ ဒါပေါ့ မင်းတို့က ရှုံးတယ်လို့ ထင်ရင်လည်း မူလအမရအရှင် ရတနာသိုက်ထဲက ရတနာ သုံးဆယ်ရာခိုင်နှုန်းကို ပြန်ခွဲပေးနိုင်တယ်။ မူလအမရသိုင်းကိုတောင် မျှပြီး ကျင့်နိုင်သေးတယ် ဘယ်လိုလဲ”
ယင်နက်ဘိုးဘေးက အနက်ရောင် နဂါးပုံသဏ္ဍန်ကို ထိန်းသိမ်းထားသည်။ သူ၏ နဂါးနှာမောင်းများက လေထဲတွင် မြောက်တက်နေလျှက် ထည်ဝါသော အရှိန်အဝါမျိုးဖြင့် တောက်ပနေလေသည်။
နဂါနက် နတ်သိုင်း
ထိုသိုင်းသည် ယင်နက်ဘိုးဘေး၏ အသန်မာဆုံးသော တိုက်ခိုက်ရေးပုံသဏ္ဍန်ဖြစ်သည်။ မိစ္ဆာလမ်းကြောင်းကို လျှောက်ပြီး သိုင်းပညာလောကထဲမှ တွေ့သမျှလူ တောက်လျှောက်သတ်ကာ ကျော်ကြားလာခဲ့သောသူကို ရင်ဆိုင်နေခဲ့ရချိန်တွင် ယင်နက်ဘိုးဘေးကပင် သတိမမဲ့ရဲပါချေ။
သူသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သူ၏စိတ်အတွင်းပိုင်းက အလွန်တင်းကြပ်နေသည်။ သူသည် မိစ္ဆာဧကရာဇ်နှင့် ကြမ်းတမ်းသော တိုက်ပွဲအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။
“ဟွန်း မင်းတစ်ယောက်တည်းလောက်က အဲ့ဒီလိုပြောပိုင်ခွင့် မရှိဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အနီးအနားမှ နဂါးနက်ကို အေးစက်စွာ အကဲဖြတ်လိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းက မင်းမူနိုင်စွမ်းရည်ကို လွှတ်ထုတ်ထားကာ အာဏာရှင်ဆန်သည်။
မိစ္ဆာဧကရာဇ်နှင့် နဂါးနက်၏ အရွယ်အစားချင်း ကွာခြားချက်က ကြီးမားသော်လည်း အင်အားချင်း ကွာခြားချက်က ပြောင်းပြန်ဖြစ်သည်။ အားနည်းသူက ကြီးမားသော နဂါးနက်ဖြစ်နေသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ အဖြေကိုကြားပြီးနောက် ဘိုးဘေးက သူ၏နဂါးပုံသဏ္ဍန်မှ အမြှီးကို တစ်ချက်ယမ်းလိုက်ပြီး သူ၏မျက်လုံးထဲတွင် ဒေါသများက ပေါ်ထွက်လာသည်။ သို့သော် ယင်နက်ဘိုးဘေး၏ စကားက မဆုံးသေးခင် အေးစက်ကာ ခံစားချက်မဲ့သည့် အသံတစ်သံက ထွက်လာသည်။
“ဒီလိုဆိုမှတော့ ငါတို့က အင်အားသုံးရမယ်ထင်တယ်။ မူလအမရအရှင် ရတနာတွေကို ဒီမှာထားခဲ့။ မင်းတို့က ဆန္ဒရှိရှိ၊ မရှိရှိပေါ့”
ဝှစ်
လေပြင်းက ဟိန်းဟောက်သွားပြီး တခဏခန့်ကြာပြီးနောက်တွင် မြေပြင်ထဲမှ အနက်ရောင်မီးခိုးများက မြောက်တက်လာကာ လောကတစ်ခုလုံးကို ထိုစွမ်းအားများနှင့်အတူ စတင်လွှမ်းခြုံပစ်လိုက်သည်။ ဝမ်ချောင်သည်လည်း သူ၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များက ကစဉ့်ကလျားဖြစ်လာလျှက် အပြင်ဘက်သို့ ယိုဖိတ်စီးကျနေကြောင်း သိလိုက်သည်။
ဒဏ္ဍာရီတစ္ဆေဘိုးဘေး
ဝမ်ချောင်၏စိတ်အတွင်း ထိုနာမည်က ပေါ်လာပြီးနောက် သူသည် ပတ်ဝန်းကျင်တစ်ခုလုံးကို မျက်လုံးဖြင့် အကဲခတ်ကြည့်သည်။ စွမ်းအင်များကို ထိုမျှအထိ အလုံးအရင်းဖြင့် ထိန်းချုပ်နိုင်ပြီး ကြယ်တာရာစွမ်းအင်များ၏ အတွင်းပိုင်း စီးဆင်းပုံကို သက်ရောက်စေနိုင်သောသူက ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းသာရှိသည်။
ယင်နက်ဘိုးဘေးသည် မကြာခဏဆိုသလို ဖေးလွမ်ချန်းကို သာလွန်သလို ထင်ရသော်လည်း ဝမ်ချောင်ကမူ တစ်ဖက်သူကို အထင်မသေးရဲပါချေ။
မိစ္ဆာလမ်းကြောင်းကိုလျှောက်သော ကျွမ်းကျင်ပညာရှင် လက်ရွေးစင် တစ်ယောက်ဖြစ်သလို ထိုဘိုးဘေးငါးယောက် မဟာမိတ်ထဲက ခေါင်းဆောင်တစ်ယောက် ဖြစ်လာသော မည်သူကမဆို ရိုးရှင်းသောသူများ မဟုတ်ကြသလို သူတို့၏ အဆင့်အတန်းကြောင့်လည်း ရိုးရှင်းနေလိမ့်မည် မဟုတ်ပါပေ။
ပို၍ဆိုးသည်မှာ ဖေးလွမ်ချန်းသည် မဟာသိုင်းဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့် ဒဏ္ဍာရီတစ္ဆေ သွားလာခြင်း မဟာရင်သိုင်းကို ကျင့်ကြံထားသူဖြစ်သည်။
ကိုက်တတ်သောခွေးက မဟောင်တတ်ပေ။ ထိုမျှအဆင့်လွန်သိုင်းကို ပိုင်ဆိုင်ထားသော်လည်း သူဟာ ထောင်လွှားခဲသည်။ ထို့ကြောင့် လူတစ်ချို့က သူ့ကို မေ့မေ့နေတတ်၏။
ဝမ်ချောင်အတွက် ထိုကဲ့သို့သော လူမျိုးက ကြောက်စရာကောင်းဆုံး ဖြစ်သည်။
သူသည် ဒဏ္ဍာရီတစ္ဆေဘိုးဘေးကို ခြိမ်းခြောက်နိုင်စွမ်းရည်ချင်း နှိုင်းယှဉ်သောအခါ ယင်နက်ဘိုးဘေး၏ အထက်သို့ပင် ပို့ထားသေးလေသည်။
စွစ် စွစ် စွစ်
ယင်နက်ဘိုးဘေး၏ အနောက်ဘက် ပေထောင်ပေါင်းများစွာခန့် အကွာတွင် ပုံရိပ်တစ်ခုက ပေါ်လာပြီး အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့်အတူ လေပြင်းများကိုပင် သယ်ဆောင်၍ သူတို့လူအုပ်ထံသို့ လာနေသည်။ တစ်ဖက်သူ၏ မျက်နှာက အလွန်အမင်း မာကြောနေလေပြီး သစ်သားရုပ်ကဲ့သို့ တောင့်တင်းနေသည်။ ဝမ်ချောင်သည် ဒဏ္ဍာရီတစ္ဆေဘိုးဘေး လျှောက်သော ထူးခြားသောလမ်းကို မှတ်သားလိုက်မိသည်။
တစ်ဖက်သူဟာ အရှေ့သို့ တက်လာချိန်တိုင်းလိုလို ပတ်ဝန်းကျင်ရှိ ကျောက်သားများ၊ သစ်ပင်များ၊ အရိပ်များအားလုံးနှင့် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားခြင်းအားဖြင့် တစ်ဖက်သူ၏ အရှိန်အဝါကို သတိမထားမိနိင်အောင် ဖြစ်စေသည်။
အာကာသပြင် ပူးပေါင်းခြင်း
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် အင်အားကြီးမားသော သိုင်းကို မှတ်မိလိုက်သည်။
အာကာသ ထိုအသွင် ပြောင်းလဲခြင်းသည် ဒဏ္ဍာရီလာ ဂါထာတစ်ခုမဟုတ်ချေ။ သို့သော် ရှေးခေတ်ကာလမှ ဖော်ပြရန်ခက်ခဲလောက်အောင် လေးစားဖွယ်ကောင်းသော သိုင်းတစ်မျိုးဖြစ်ပြီး ကျင့်ကြံရန် ခက်ခဲလွန်းသော ရွေ့လျားမှု သိုင်းများထဲမှ တစ်မျိုးလည်းဖြစ်သည်။ သူ၏ လေ့လာထားမှုများအရ ဝမ်ချောင်သည်လည်း ထိုရှေးဟောင်းသိုင်း၏ မှတ်တမ်းများကို တစ်ချိန်က ရှာတွေ့ခဲ့ဖူးသည်။
သို့သော် ထိုအချိန်က ထိုသိုင်းကို အာသာသအသွင် ပြောင်းလဲခြင်းဟာ ပျောက်ဆုံးနေသော သိုင်းတစ်ခုအဖြစ် လူအများက အသိအမှတ်ပြုထားပြီးသား ဖြစ်နေသည်။
ဝမ်ချောင်သည်လည်း ဒီလိုနေရာမျိုးတွင် တွေ့ရမည်ဟု မထင်ထားမိချေ။
သို့သော် သူက များများစားစား တွေးတောရန် အချိန်မရှိသေးခင် စွမ်းအင်မုန်တိုင်းတစ်ရပ်က ဝမ်ချောင်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ အလွန်ဝေးကွာသော မိုးကုတ်စက်ဝိုင်း တစ်နေရာမှ မိစ္ဆာစွမ်းအင်များက ဝရုန်းသုန်းကား ဖြစ်လာချိန်တွင် ဘိုးဘေးငါးယောက် မဟာမိတ်၏ အကြီးအကဲများက ကာကွယ်စောင့်ရှောက်သူများ၊ အမျိုးမျိုးသော ကျွမ်းကျင်ပညာရှင်များ အားလုံးက စုဝေးရောက်ရှိလာကြသည်။ အရေအတွက်အားဖြင့် ရာပေါင်းများစွာခန့်အထိ ရှိနေလေပြီး ဝမ်ချောင်တို့၏ အဖွဲ့ကို လျှင်မြန်စွာ ဝိုင်းလာလေသည်။
ရှင်းလင်းစွာပင် ယင်နက်ဘိုးဘေး၏ ဘိုးဘေးငါးယောက် မဟာမိတ်က ကြိုတင်ပြင်ဆင်ထားပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။
“လော့ချီယင် ကြည့်ရတာ မင်းက သေချင်နေတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မားမတ်စွာရပ်နေသည်။ သူ၏ပုံရိပ်က အလွန်မြင့်မားကာ လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သော တောင်တစ်လုံးနှင့် တူသည်။ ယင်နက်ဘိုးဘေးပင်ဖြစ်စေ၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးကပင်ဖြစ်စေ သူ၏ အုပ်စိုးသည့် ကာလအတောအတွင်းတွင် မည်သူကမှ အသက်ပင် ကျယ်ကျယ်မရှုရဲလေရာ အမိန့်ကို ဖီဆန်ရန်ဆိုလျှင် ပို၍ပင် ဆိုးဝါးသေးသည်။
ထိုခေတ်ကာလက ပြောင်းသွားခဲ့ပြီး သူဟာ နှစ်နှစ်ခန့် အနားယူပြီးသည့်အတွက် ယင်နက်ဘိုးဘေးကလည်း မူလအမရအရှင်၏ ရတနာများကို သူ့ထံမှ ယူနိုင်မည်ဟု တွေးနေခဲ့မည်ဆိုလျှင် အထင်သေးလွန်းရာ ရောက်လေသည်။
ရုတ်တရက် ခြားနားသော ပေါက်ကွဲသံတစ်မျိုးက ထွက်လာပြန်သည်။
“ဟား ဟား မျှော်လင့်ထားတဲ့အတိုင်းပဲ အစ်ကိုကျန်းက အရိုးထဲထိ သူရဲကောင်းတစ်ယောက် ဖြစ်ချင်နေတာပဲ။ မင်းက မင်းရဲ့စိတ်ဓာတ် မပျောက်ဆုံးသေးဘူးပေါ့။ မင်းရဲ့ အကြံအစည်ကြီးတဲ့ အဲ့ဒီတပည့်က မင်းရဲ့တန်ထျန်းကို ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာ လူတိုင်းကလည်း မင်းက ဒုက္ခိတအဖြစ်နဲ့ အနားယူသွားပြီလို့ပြောတာကို ငါကြားခဲ့ရတယ်။ ငါလုံးဝ မယုံကြည်ခဲ့ဘူး။ ဘယ်လိုများ အရှိန်အဝါ ကြီးမြတ်တဲ့ မိစ္ဆာဧကရာဇ်က အဲ့ဒီလိုမျိုး ဖြစ်သွားရမှာလဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ နှစ်နှစ်ကြာသွားတဲ့နောက်မှာ မင်းက အတိတ်က ကျင့်ကြံမှုတွေကို ပြန်ရသွားပြီး မိစ္ဆာဧကရာဇ်ဆိုတဲ့ ဘွဲ့ထူးနာမည်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်”
“လော့ချီယင်တစ်ယောက်က မင်းအတွက် မလုံလောက်မှန်း ငါသိလို့ တိုက်တိုက်ဆိုင်ဆိုင် ဖေးလွမ်ချန်းကိုလည်း ထပ်ထည့်ပေးထားတယ်။ ဒါကလည်း အလုပ်မဖြစ်မှန်း ငါသိတယ်။ ဒါကြောင့် ဝေ့ဝူရှဲ့ကိုသာ ထပ်ထည့်လိုက်ရင် တစ်ခုခုများ ပြောင်းသွားမလားလို့ ငါသိချင်မိတာလေ”
ခြိမ်း
ထိုအသံက အလွန်ဝေးကွာသော တစ်နေရာမှ လာပုံရသည်။ မျက်တောင်တခတ် အချိန်အတွင်းတွင်မူ မိုးကုတ်စက်ဝိုင်း တည့်တည့်တွင် အခြားသော ပုံရိပ်တစ်ခုက ပေါ်လာသည်။ စက္ကန့်အနည်းငယ်ထဲနှင့် ထိုပုံရိပ်က အကွာအဝေးကို တစ်ဝက်ကျော်ကျော်ခန့်အထိ ကျော်ဖြတ်လိုက်ပြီးနောက်တွင် လှပသော ကွေးကောက်မှု တစ်မျိုးနှင့်အတူ မြေပြင်ပေါ်သို့ ကျော့ရှင်းကြည့်ကောင်းစွာ ဆင်းသက်လာသည်။
ထိုသို့ဖြင့် ဖေးလွမ်ချန်းနှင့် လော့ချီယင်တို့၏ နဘေးတွင် လာရပ်သည်။
“အစ်ကိုကျန်း မတွေ့ရတာကြာပြီ”
ထိုအသံ ထွက်လာသည်နှင့် လေထုကပင် ခဲသွားပုံရသည်။
ဝမ်ချောင်ကပင် မျက်နှာထား အနည်းငယ် တင်းမာသွားသည်။
ဝမ်ချောင်သည် သိုင်းပညာလောကမှ ပုဂ္ဂိုလ်ကြီးများနှင့် မရင်းနှီးပေ။ သို့သော်သူသည် သူ့ကိုယ်သူ ဝေ့ဝူရှဲ့ဟုခေါ်သော ထိုလူသစ်ဟာ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့နှင့် အဆင့်တူသော ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
ယင်နက်ဘိုးဘေး တစ်ယောက်က ကိုင်တွယ်ရန် လွယ်သည်။ တစ္ဆေဘိုးဘေး တစ်ယောက်ထပ်ပါလျှင်လည်း ခက်ခဲမှု သိပ်မများသေးချေ။ သို့သော် မိစ္ဆာလမ်းကြောင်းလျှောက်သော တိုင်တန်သုံးယောက်ဆိုလျှင်မူ အခြားပုံပြင်တစ်ပုဒ် ဖြစ်သွားလေပြီ။
“အရိုးနတ်ဆိုးဘိုးဘေး”
လူသေကောင်ကဲ့သို့ ဖျော့တော့လွန်းသော မျက်နှာထားနှင့် လူအိုကြီးကို မြင်လိုက်သောအခါ ဝင်္ကပါဘိုးဘေးက တုန်ယင်စွာနှင့် ကြောက်လန့်တကြား ခန္ဓာကိုယ်က ယိုင်ထိုးသွားသည်။
အရိုးနတ်ဆိုးဘိုးဘေး ဝေ့ဝူရှဲ့သည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ခန့်က ကြောက်စရာကောင်းသော ဂုဏ်သတင်းတစ်ခုကို ပိုင်ဆိုင်ခဲ့သေးသည်။
သူသည် မိစ္ဆာလမ်းကြောင်းလျှောက်သော အဖွဲ့ဝင်တစ်ယောက် သီးသန့်ဆိုလျှင် ထိုဝေ့ဝူရှဲ့လောက်က နံပါတ်တစ်နေရာကို သိမ်းယူနိုင်စွမ်းအား ရှိမည်မဟုတ်ချေ။ သို့တိုင်အောင် သူသည် ထိပ်ဆုံးသုံးယောက် နေရာထဲတွင် ရှိနေသေးသည်။
မိစ္ဆာလမ်းကြောင်းလျှောက်သော ထိုကဲ့သို့ မိစ္ဆာသုံးယောက်က ဒီနေရာတွင် စုစည်းနေသောအခါ အဖွဲ့၏ အခြေအနေက အန္တရာယ်ပို၍ ပြင်းထန်သွားလေသည်။
“ဝေ့ဝူရှဲ့ နှစ်နှစ်လောက် မတွေ့ဆုံပြီးတဲ့နောက်မှာ မင်းက နည်းနည်းလေး အင်အားကြီးမားလာတဲ့ပုံပဲ။ ငါ့ကိုတောင် ခြိမ်းခြောက်ရဲနေပြီ”
ထိုအချိန်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သောသူက ဝမ်ချောင်၏ဆရာ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူဖြစ်သည်။
မိစ္ဆာလမ်းကြောင်းမှ နံပါတ်တစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့်အလျောက် သူသည် မွေးရာပါ မင်းမူနိုင်စွမ်းအားနှင့် မာနကြီးသော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးသုံးယောက်လုံးက ထူးခြားသော အင်အားမျိုးကို ပိုင်ဆိုင်ထားကြပြီး လွှမ်းမိုးမှုပြင်းထန်သည့် အဆင့်အတန်းများကို ပိုင်ဆိုင်ထားကြသည့်တိုင်အောင် မိစ္ဆာဧကရာဇ်ကမူ တစ်ချိန်က သိုင်းပညာလောကမှ နေ့လည်ခင်းနေမင်းတစ်စင်း ဖြစ်ခဲ့ဖူးသူဖြစ်သည်။
ထို့ကြောင့် သုံးယောက်နှင့် သူ့အကြားမှ ကွာဟချက်ဟာ ကြီးနေသေးသည်။
“အစ်ကိုကျန်း အတိတ်မှာ မင်းမိစ္ဆာကျန်းက ရှိနေခဲ့ရင် ငါတို့က ချက်ချင်းနောက်လှည့်ပြီး တစ်စက္ကန့်တောင် မတွေးဘဲ ထွက်ပြေးမှာပါ။ ဒါပေမဲ့ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တော့ မူလသိုင်းရဲ့ ဆွဲဆောင်မှုကိုပဲ အပြစ်တင်ရတော့မယ်။ အား သူတို့ပြောတဲ့အတိုင်း အမျိုးသားတွေက အကျိုးအမြတ်အတွက်သေပြီး ငှက်တွေက အစာအတွက် သေရတယ်တဲ့။ ငါတို့က အစ်ကိုကျန်းနဲ့ ဒီနေ့ တိုက်ခိုက်ရင်းနဲ့ မူလအမရအရှင်က ချန်ထားရစ်ခဲ့တဲ့ ရတနာတွေကို ရယူနိုင်ချင်လည်း ရယူနိုင်မှာပေါ့လေ”
ဝေ့ဝူရှဲ့က ရှေ့သို့တစ်လှမ်းတိုးလာသည်။ သူ၏အမူအရာက ယုံကြည်မှုအပြည့်နဲ့ အကြောက်အလန့် ကင်းမဲ့သည်။
“ဟား ဟား ကျန်းဝမ်ဖူ မင်းအနေနဲ့ ဒီလိုမာကြောတဲ့ပုံစံမျိုး ဟန်ဆောင်နေစရာမလိုဘူး။ မင်းရဲ့အဖွဲ့က တိုက်ခိုက်နိုင်တဲ့လူက မင်းတစ်ယောက်တည်းပဲ ဖြစ်လောက်တယ်။ မင်းရဲ့ တန်ထျန်းက ဖျက်ဆီးခံလိုက်ရပြီးသား။ နောက်ပြီးမင်းရဲ့ တပည့်ကတော့ ငါနဲ့စုန့်ယွမ်ယွီဆီက တစ်ကွက်ကို ခံယူနိုင်တယ်ဆိုတော့ ရှက်စရာတော့ မကောင်းပါဘူး။ အား င့ါရဲ့ခန့်မှန်းချက်က မှန်လောက်တယ်။ သူ အခုကတည်းက သိုင်းပညာ သွေဖယ်နေပြီ”
“မဟာရင်ယန် သိုင်းပညာဖန်တီးခြင်းက တော်တော်လေးကို တိုင်းတာရခက်လောက်အောင် အင်အားကြီးတယ် ဆိုပေမဲ့လည်း သိုင်းပညာသွေဖယ်မှုက အရမ်းမြန်နေတယ်။ ဒါကြောင့် နက်နဲလွန်းတဲ့ အဆင့်အထိ ကျင့်ကြံပြီးတာနဲ့ သူ့ရဲ့ စွမ်းအင်တွေက စတင်ပြီး ကစဉ့်ကလျား ဖြစ်လာတော့မှာ။ မိစ္ဆာဧကရာဇ် မင်းက မူလအမရသိုင်းရှာဖို့ အနောက်မြောက်ဘက်ကို လာတယ်ဆိုတာက မင်းရဲ့ အဲ့ဒီတပည့်ကြောင့်မဟုတ်လား”
“ဟား ဟား မိစ္ဆာဧကရာဇ် ငါတို့လည်း မင်းအင်အားကြီးမှန်း သိပါတယ်။ ဒီသိုင်းပညာလမ်းကြောင်း တစ်ခုလုံးမှာ မင်းကို အနိုင်ယူနိုင်တဲ့ လူတွေက လက်တစ်ဖက်တည်းနဲ့ ရေရင်တောင်မှ ပြည့်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါတို့က တကယ်တိုက်ခိုက်ရမယ်ဆိုရင်တော့ မင်းကို မနိုင် နိုင်ရင်တောင်မှ မင်းရဲ့တပည့်က သေမှာ သေချာတယ်”
ယင်နက်ဘိုးဘေးက ဝမ်ချောင်ကို ဆိုးယုတ်သော အကြည့်မျိုးဖြင့် ကြည့်သည်။ ရှင်းလင်းစွာပင် သူသည် မကောင်းသော ရည်ရွယ်ချက်များကို ဖော်ထုတ်ပြသထားလေသည်။
+++++
အခန်း(၁၄၂၈)
ဝမ်ချောင်က သူ့ရဲ့စွမ်းအားတွေ ထုတ်ပြပြီ။
“အရှက်မဲ့တယ်”
ဝင်္ကပါအကြီးအကဲက မနေနိုင်ဘဲ ဆဲသည်။
သိသာစွာပင် ယင်နက်ဘိုးဘေးတို့ အားလုံးက ဝမ်ချောင်ကိုအသုံးပြု၍ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ထံမှ စွမ်းအင်စုစည်းခြင်း ပုလဲနှင့် ရတနာမြေပုံကို အရယူလိုနေခြင်းဖြစ်သည်။
“ဟွန်း”
သို့သော် ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ဝေ့ဝူရှဲ့တို့က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို စိုက်ကြည့်နေရင်း အခြားသော သူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှု့ထားသည်။
“ဟမ်း အဲ့ဒီလိုလား။ ခင်ဗျားကြည့်ရတာ ငါ့ကိုရထားတဲ့ပုံစံပဲ”
ဝမ်ချောင်က မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးသုံးယောက်ကိုကြည့်ပြီး ရုတ်တရက် ထရယ်သည်။
“ယင်နက်ဘိုးဘေး ဒီလိုဆိုမှတော့ ငါခင်ဗျားကို အဖော်ပြုပေးရမှာပေါ့”
ဘုန်း
အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများအကြားတွင် ဝမ်ချောင်ဟာ ရုတ်တရက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အနောက်ဘက်မှ မိုးကြိုးတစ်ကြောင်းကဲ့သို့ ခုန်ထွက်သွားပြီး လေထဲတွင် အကန့်အသတ်မဲ့အောင် မြောက်များသော ပုံရိပ်ယောင်များကို ချန်ထားခဲ့လေသည်။
“ဟား ဟား ဟား”
မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးသုံးယောက်က ထိုမြင်ကွင်းကြောင့် မှင်သက်အံ့ဩသွားကြသည်။ သူတို့သည်လည်း ဝမ်ချောင်က စတင်ပြီး တိုက်ခိုက်လာမည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားကြပါချေ။ သို့သော် တခဏခန့်ကြာပြီးရုံနှင့် ယင်နက်ဘိုးဘေးထံမှ ဆိုးယုတ်သော ရယ်သံနှင့်အတူ သူ၏မျက်လုံးထဲမှ သဘောတကျဖြစ်သော ပုံရိပ်ယောင်များက ပေါ်ထွက်လာသည်။ သူသည်လည်း ကျည်ဆံတစ်ခုကဲ့သို့ ခုန်ထွက်လာသည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်နှင့် ယင်နက်ဘိုးဘေးတို့က လူအုပ်၏အရှေ့ အလယ်တည့်တည့်တွင် ဆုံကြသည်။ သူတို့၏ကိုယ်မှ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာပြီးနောက်တွင် မီတာတစ်ဆယ် ကျော်သည်အထိ လေထဲသို့ မြောက်တက်သွားသည်။
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
“နဂါးနက် နတ်သိုင်း”
သူတို့နှစ်ယောက်က လေထဲသို့ မြောက်တက်သွားသည်နှင့် အင်အားကြီးသော တိုက်ကွက်များကို တစ်ခါတည်း သုံးလိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း
သူတို့၏တိုက်ပွဲမှ အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများက ပတ်ဝန်းကျင် မီတာထောင်ကျော်သည်အထိ ပျံ့နှံ့သွားလေသည်။
ဆင့်ခေါ်ထုတ်ခြင်း ခံရသော နေနှင့်လ ပုံရိပ်များက ပေါ်ထွက်လာပြီး သိသာထင်ရှားလာသည့်အလျောက် ထိုနေနှင့်လများထံမှ ထွက်ပေါ်လာသော စွမ်းအင်မုန်တိုင်းများက မီတာ ထောင်ပေါင်းများစွာခန့် အကွာမှ စွမ်းအားများ အားလုံးကိုပင် စုစည်းနေလျှက် ပုံရိပ်တစ်ခုကို လည်ပတ်ကာ လျှင်မြန်စွာနှင့် လည်ပတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဆွဲစုပ်အားက မြွေအသေအလောင်းများ၊ ကျောက်တုံးသေးသေးလေးများ အပြင် အခြားသော ကြီးမားသည့် ကျောက်တုံးကြီးများကိုပင် လေထဲသို့ မြောက်တက်သွားစေလေပြီး ဝမ်ချောင်ရှိရာသို့ လျှင်မြန်စွာ ရောက်ရှိလာလေသည်။
သူထုတ်ပြလိုက်သည့် အင်အားပြကွက်က ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့အား အနည်းငယ် မျက်နှာထားတင်းမာသွားကာ အာရုံစိုက်လိုက်မိစေသည်။
ဝမ်ချောင်သည် သူ့ကိုယ်သူ အန္တရာယ်များသော မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲလျှက် သူ၏ပတ်ဝန်းကျင်တွင် ရှိသမျှသော မူလစွမ်းအင်၏ သိပ်သည်းလွန်းသော အားလှိုင်းများ အားလုံးကို လည်ပတ်နေစေခြင်းအားဖြင့် နီးကပ်လာသမျှ အရာအားလုံးကို ထိုးဖောက်သတ်ဖြတ်နိုင်စွမ်းအား ရှိလောက်အောင် အင်အားကြီးမားသည်။
ထိုစွမ်းအားနှင့် ဝမ်ချောင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ထုတ်ပြထားသော စွမ်းအား၏ ကွာခြားချက်က နေ့နှင့်ညအလား ဖြစ်သည်။ တစ်ယောက်က သူ၏လက်နှင့်ခြေများကို ချုပ်နှောင်ထားနိုင်သလို အခြား တစ်ယောက်ကမူ အင်အားအပြည့်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။
ဝေါင်း
ယင်နက်ဘိုးဘေး၏ ကြီးမားသော နဂါးနက်ပုံသဏ္ဍန်က သူ၏ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လျှက် လက်သည်းများကို ဆန့်ထုတ်ပြီး ဝမ်ချောင်ရှိရာဘက်သို့ ခပ်မြန်မြန် ကုပ်ဆွဲလိုက်သည်။ အမြှီးဖြင့်လည်း ရိုက်ချလိုက်သေးသည်။
ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်က ရိုက်ချက် တစ်ချက်ချင်းစီတိုင်းတွင် တောင်တန်းများကိုပင် စုတ်ဖြဲနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။
ဝမ်ချောင်၏ စိန်ခေါ်မှုက မိစ္ဆာလမ်းကြောင်းလျှောက်သော ထိုဘိုးဘေးကို ဒေါသထွက်သွားစေသည်။
“ကောင်စုတ်လေး ငါမင်းကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပစ်မယ်”
ယင်နက်ဘိုးဘေးက ဆက်လက်ပြီးအော်သည်။
“ဒါဆိုရင် ခင်ဗျားမှာ အဲ့ဒီလိုလုပ်ဖို့ စွမ်းအားအရင်ရှိရမယ်”
ဝမ်ချောင်၏ အေးစက်သော အသံကလည်း ပြန်လည်ထွက်ပေါ်လာ၏။ သူသည်လည်း နောက်မတွန့်ပါချေ။ တစ်ချိန်ထဲတွင်ပင် ကြောက်စရာကောင်းသော ရူးသွပ်မတက် ဖြစ်နေသည့် စွမ်းအားလှိုင်းများက လိမ့်ဝင်လာသည်။
ထိုလေထုကိုယ်တိုင်ကပင် သူ၏ အင်အား အကြီးမားဆုံး လက်နက်တစ်ခု ဖြစ်သွားပုံရသည်။ ကြယ်တာရာစွမ်းအင် အားလှိုင်းများက ယင်နက်ဘိုးဘေး၏ တိုက်ကွက်တိုင်းကို ဖယ်ရှားနိုင်စွမ်းအား ပြင်းထန်လောက်အောင် ကြောက်စရာကောင်းလာသည်။
ဝမ်ချောင်နှင့် ယင်နက်ဘိုးဘေး၏ အရွယ်အစားချင်း ကွာခြားချက်က သိသာထင်ရှားသည်။ သို့သော် အင်အားချင်း ကွာခြားချက်က ပြောင်းပြန်ဖြစ်သွားပြန်သည်။ ဝမ်ချောင်၏ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းကို ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်၏ ကြီးမားလွန်းသော အလေးချိန် ပိုင်ဆိုင်ထားသည့် ကိုယ်ထည်ကြီးကပင် မဖိနှိပ်နိုင်ဘဲ နောက်သို့ ဆုတ်နေရလေသည်။
ထိုသို့ ယင်နက်ဘိုးဘေးနှင့် ထိပ်တိုက်တွေ့ဆုံခြင်းအားဖြင့် ဝမ်ချောင်ဟာ လက်သီးဖြင့်သာ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချက်အပြင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ နက်နဲသော ဝိသေသ လက္ခဏာများက ယင်နက်ဘိုးဘေး၏ တိုက်ကွက်များအား သိသာထင်ရှားစွာဖြင့် သွေဖယ်နိုင်လေသည်။
ရရှိလာသော အကြွင်းမဲ့ ရလဒ်အရ ယင်နက်ဘိုးဘေးက တစ်ကြိမ် တိုက်ခိုက်ခံရချိန်တိုင်းလိုလို မိုးကြိုး အပစ်ခံရသလိုမျိုး တဆတ်ဆတ် တုန်သွားလေ့ရှိသည်။
မြေပြင်ပေါ်မှ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့ကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့သည်လည်း ဝမ်ချောင်ဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ တပည့်ဖြစ်ကြောင်း၊ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့၏ တိုက်ကွက်ကို ခံနိုင်ကတည်းက သူဟာ သာမာန်မဟုတ်ကြောင်း သိထားခဲ့ပြီးသားဖြစ်သည်။ သို့သော် မည်သူကမှလည်း ဝမ်ချောင်ဟာ ထိုမျှအထိ မရပ်တန့်နိုင်လောက်အောင် အင်အားကြီးမားနေမည်ဟု မထင်ထားမိချေ။ ယင်နက်ဘိုးဘေးကပင် အင်အားများ အားလုံးကို အသုံးပြု၍ တားရန်လိုအပ်နေသည်။
ယင်နက်ဘိုးဘေးက ထိပ်တန်းအဆင့် နတ်သိုင်းကို တက်မြောက်ထားပြီး မြောက်များလွန်းသော တိုက်ပွဲဝင် အတွေ့အကြုံများကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည်။ သို့သော် ထိုတိုက်ပွဲတွင် ယင်နက်ဘိုးဘေးသည် ဝမ်ချောင်၏ ဖိနှိပ်မှုကို ခံနေရပုံပေါ်သည်။ ထိုအခြေအနေက မည်သူမှ မထင်ထားသော ရလဒ်မျိုးဖြစ်နေသည်။
“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”
အဝေးရှိ ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသားများ အားလုံးကလည်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်ကာ မှင်သက်ကုန်ကြပြီး တဖြည်းဖြည်းချင်းစီ စွံ့အသွားရသည်။
“ဒီကလေး ဒီကလေးက ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အင်အားကြီးနေတာလဲ”
အပြင်လူများကိုပင် မဆိုထားဘိ ဝမ်ချောင်ကို ဝင်္ကပါများအကြောင်း သင်ပေးခဲ့သော ဝင်္ကပါအကြီးအကဲကပင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သူသည်လည်း ဝမ်ချောင်ဟာ အင်အားကြီးမားကြောင်း သိသည်။ သို့သော် ယင်နက်ဘိုးဘေးကို ဖိနှိပ်နိုင်လောက်အောင် အင်အားကြီးမားလွန်းနေမည်ဟု မထင်ထားမိချေ။
ဝမ်ချောင်၏ အင်အားက သူ၏မျှော်လင့်ချက်ကို ကျော်လွန်သွားသည်။
“ဒီကလေးက သူ့ဆရာနဲ့ အဆင့်တူလုနီးပါး ဖြစ်နေပြီ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း ဝမ်ချောင်ဟာ သူ၏ တပည့်ဖြစ်လာခဲ့သည်မှာ နှစ်နှစ်ခန့်သာ ကြာသေးကြောင်း သူမှတ်မိနေသေးသည်။ ထို့ကြောင့် ဝင်္ကပါအကြီးအကဲက ပို၍ပင် စွံ့အသွားရသည်။
ထိုနှစ်နှစ်က ယင်နက်ဘိုးဘေးအား ဦးညွှန်ရန် လုံလောက်မည်ဆိုကတည်းက ထိုပါရမီဟာ ကြောက်စရာ ကောင်းလွန်းနေပြီ။
သူသည် ရုတ်တရက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုတပည့်ကို မည်သည့်အတွက်ကြောင့် ထိုတပည့်ကို ထိုမျှအထိ တန်ဖိုးထားနေရကြောင်း သိလိုက်သည်။
နှမြောစရာပဲ။ ငါ့မှာသာ ဒီလိုတပည့်မျိုးရှိရင်...
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကို မျက်စိကျနေသေးပြန်သည်။
ကောင်းကင်မှ ဝမ်ချောင်နှင့် ယင်နက်ဘိုးဘေးတို့၏ တိုက်ပွဲက အလွန်အမင်း ပြင်းထန်လာသည်။
“ဒီအဘိုးကြီးက လုံလောက်ပြီ။ မင်းင့ါအတွက် သွားသေတော့”
ယင်နက်ဘိုးဘေးက အော်ဟစ်လိုက်သည်။ သူ၏ကိုယ်ထဲမှ အနက်ရောင် မီးခိုးများက လိမ့်ထွက်လာပြီးနောက်တွင် အမျိုးမျိုးသော ကြယ်တာရာစွမ်းအင် တိုက်ကွက်များအားလုံးက လက်သည်းနှင့် ပါးစပ်များထံမှ ထွက်ပေါ်လာသည်။
“ဟွန်း အသုံးမဝင်တဲ့ ပေါက်ကရစကားတွေ”
ဝမ်ချောင်က ယင်နက်ဘိုးဘေးကို အထင်သေးမှု အပြည့်ဖြင့်သာ ကြည့်ရှု့သည်။ သူ၏လက်ထဲတွင် စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကို ကိုင်ဆောင်ထားသောကြောင့် ဝမ်ချောင်ဟာ ကျင့်ကြံခြင်း သေဖွယ်မှု၏ ချုပ်ထိန်းမှုမှ နောက်ဆုံးတွင် လွတ်မြောက်သွားနိုင်ခဲ့ပြီးလေပြီ။ ထို့ကြောင့် သူသည် သူ၏သိုင်းတိုင်းကို လွတ်လပ်စွာ လှုပ်ရှား၍ အသုံးပြုနိုင်နေပြီ။
“ခင်ဗျားက အညံ့မခံဘူးဆိုမှတော့ ငါကခင်ဗျားကို အညံ့ခံတဲ့အထိ ရိုက်ပေးရမှာပေါ့”
လေထဲတွင် အေးစက်သောအသံက ဟိန်းထွက်သွားပြီးနောက် ဝမ်ချောင်ဟာ သူ၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း သုံးကွက်လုံးကို ချောမွေ့လျှင်မြန်စွာ အသုံးပြုလာသည်။
“မဟာရင်ယန်သိုင်း”
ကောင်းကင်တွင် နေမင်းနှင့် လမင်း၏ ပုံရိပ်ကြီးက ရုတ်တရက် ပေါင်းစပ်သွားပြီးနောက်တွင် အလွန်အမင်း ကြီးမားသော နဂါးနက်ကြီးကို ရိုက်ချသည်။ ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များက ထိုနဂါးနက်ကြီးအား ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေလွန်းသဖြင့် မတုန့်ပြန်နိုင်အောင် ဖြစ်သွားစေသည်။
“ကျယ်ပြောကောင်းကင်မြေကမ္ဘာသိုင်း”
လောကကြီးတစ်ခုလုံးက လည်ထွက်လျှက် ကြမ်းတမ်းသော လေပြင်းက ဟိန်းဟောက်သည်။ ဝမ်ချောင်၏ အရှိန်အဝါက ရုတ်တရက် ဖောင်းကားထွက်သွားသည်။ ချက်ချင်းဆိုသလိုပင် မီးခိုးရောင် မြူထုက လောကထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ဝမ်ချောင်၏ ထိုလှုပ်ရှားမှုက ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့၏ မျက်နှာကိုပင် ဖြူဖျော့သွားစေသည်။
ရှင်းလင်းစွာပင် ကျန်းဝမ်ဖူ၏ ထိုအဆင့်လွန် သိုင်းကွက်များကို ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့က ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီး ရှုံးနိမ့်ခဲ့ဖူးလေရာ မသိစရာ အကြောင်းမရှိပေ။
ခြိမ်း
စွမ်းအားနှစ်ရပ်က တဖန်ထပ်ပြီး တိုးဝင်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်ချိန်တွင် ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်ကြီးက မည်မျှသန်မာနေစေကာမူ ပေရာကျော်အထိ လွင့်ထွက်၍ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါသွားရလေသည်။
သို့သော် အရာအားလုံးက အစပိုင်းသာ ဖြစ်နေသေးသည်။ ပထမအကွက်နှစ်ကွက်ကို သုံးပြီးသည်နှင့် ဝမ်ချောင်က မဟာဖျက်ဆီးခြင်းသိုင်းကို ထုတ်သုံးသည်။
ဘုန်း
ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြီးနောက်တွင် အာကာသပြင် ကိုယ်တိုင်ကပင် ကွဲကြေသွားပုံပေါ်သည်။ ပြင်းထန်လွန်းသော ဖျက်ဆီးခြင်းစွမ်းအင်များက ဝမ်ချောင်၏ကိုယ်ထဲမှ ထိုးထွက်လျှက် နဂါးနက်ဆီသို့ တိုးဝင်သွားလေသည်။
“မဟာဖျက်ဆီးခြင်းသိုင်း ဘယ်လို ဘယ်လိုကြောင့်လဲ”
ယင်နက်ဘိုးဘေးသည် နောက်ဆုံးတွင် ထိတ်လန့်မှုကို ဖော်ထုတ်ပြသပြီဖြစ်သည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ သိုင်းတစ်ကွက်ချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားသည်။ ကျန်းဝမ်ဖူက ထိုသိုင်းကွက်များကို မှီခို၍ သိုင်းပညာလောကတောက်လျှောက် ကြီးမားသည့် သတ်ဖြတ်မှုကြီးကို ပြုလုပ်ခဲ့ခြင်းဖြင့် မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည်။
တတိယမြောက် သိုင်းကွက်က ကျင့်ကြံရန် အခက်ခဲဆုံးဖြစ်သည်။ အလွန်အမင်းလည်း ခက်ခဲသလို စွမ်းအင်များကို ထိန်းချုပ်ရန်အတွက် နတ်ဘုရားအဆင့် စွမ်းရည်မျိုးကို လိုအပ်နေခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကို အင်အားသီးသန့်ဖြင့် ရနိုင်မည်မဟုတ်ပေ။
သို့သော် ယင်နက်ဘိုးဘေးက မည်သို့တွေးနေစေကာမူ သူ့အနေဖြင့် အခြားသော အတွေးများကို ထပ်ထုတ်ရန် အလွန်အမင်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
“အား”
ယင်နက်ဘိုးဘေးက သူ၏ ကြယ်တာရာစွမ်းအင်များ အားလုံးကို သူ၏ညာဘက်လက်ထံသို့ စုစည်းလိုက်ပြီးနောက် ရှေ့သို့ ခပ်မြန်မြန် ရိုက်ချရန်သာ အချိန်ရှိခဲ့သည်။ သို့သော် ကြောက်စရာကောင်းသော အော်သံတစ်ခုနှင့်အတူ သူဟာ ကြောက်စရာကောင်းသော စွမ်းအင်များကြောင့် လွင့်ထွက်သွားရသည်။
“သေစမ်း”
တိုက်ပွဲက ထိုမျှအထိ မြန်ဆန်သော အရှိန်နှုန်းဖြင့် ဖြစ်ပျက်ပြောင်းလဲနေခဲ့သည်။ ယင်နက်ဘိုးဘေး၏ ရဲဘော်ရဲဘက်များ အားလုံးက တုန့်ပြန်ရန် အချိန်မရှိခဲ့ပေ။
ဘန်း
ဒဏ္ဍာရီတစ္ဆေဘိုးဘေးက ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ဆီသို့ ခုန်ဝင်သွားချိန်တွင် အရိုးနတ်ဆိုး ဘိုးဘေးကလည်း ဝမ်ချောင်နှင့် ရင်ဆိုင်ရန်အလို့ငှာ မြောက်များလွန်းသော စွမ်းအားလှိုင်းများကို လွှတ်ထုတ်လိုက်လေသည်။
ထိုသို့ဖြင့် ဘိုးဘေးသုံးယောက်က ကျန်းဝမ်ဖူကို လာယှဉ်ရဲပြီး စွမ်းအားသိပ်သည်းခြင်း ပုလဲလုံးနှင့် မြေပုံကို တောင်းဆိုရဲကတည်းက သူတို့တွင် အရေအတွက် အားသာချက် ရရှိမှုကို အသာစီးရနေပြီဟု ယူဆထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့က ပြောထားသည့်အတိုင်း လက်သီးနှစ်လုံးက လက်လေးဘက်ကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ သန်မာသော လူတစ်ယောက်က မြောက်များလှစွာသော အဖွဲ့ဝင်များကို အလဲမထိုးနိုင်ပေ။
ထို့ကြောင့် မိစ္ဆာဧကရာဇ်က မည်မျှလေးစားဖွယ် ကောင်းနေစေကာမူ သူတို့သုံးယောက် အတူပေါင်းပါက သူသည်လည်း ရှုံးနိမ့်ရပေလိမ့်မည်။
သို့သော် သူတို့၏ အကြံအစည်က မှားယွင်းသော ထင်မြင်ချက်အပေါ် အခြေခံမိလျှက်သား ဖြစ်သွားသည်။
ဒဏ္ဍာရီတစ္ဆေဘိုးဘေးက လေထဲသို့ မြောက်တက်လိုက်ချိန်တွင် အဖြူရောင် တုတ်ကောက်က မြေပြင်ကို အသာလေး ထိလိုက်ပြီးရုံနှင့် နောက်ထပ် မြောက်များလှသော စွမ်းအင်အရင်းအမြစ် တစ်ခုက လေထဲသို့ မြောက်တက်သွားကာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အနောက်ဘက်သို့ ရောက်သွားသည်။
“မင်းတို့က ဒီကောင်လေးကို ဒဏ်ရာရအောင် လုပ်ချင်ရင် အရင်ဦးဆုံး ဒီအဘိုးကြီးကို ကျော်သွားလိုက်ဦး”
ဝူရှန်းရွာသူကြီးက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အနောက်ဘက်တွင် တစ်ချိန်လုံး ရပ်နေခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့်စကားကိုမှ မပြောဘဲ သူ၏အရှိန်အဝါကိုသာ ဖုံးကွယ်ချုပ်ထိန်းထားခဲ့သည်။ ဒဏ္ဍာရီ တစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးတို့ကပင် သူ၏တည်ရှိမှုကို မေ့နေခဲ့ကြသည်။
သို့သော် ယခုအခါ ဝူရှန်းရွာသူကြီးက သူ၏ ထိန်းသိမ်းထားသော ခွန်အားတိုင်းကို လွှတ်ထုတ်ခြင်းအားဖြင့် သူ့ပေါ်ထင်မြင်ချက်ကိုရအောင် ဆွဲယူလိုက်သည်။
ခြိမ်း
ဒဏ္ဍာရီတစ္ဆေဘိုးဘေးက ဝမ်ချောင်၏အနားသို့ မချဉ်းကပ်နိုင်ခင် ရုတ်တရက် ဝူရှန်းရွာသူကြီးက သူ့ကို လာတားသည်။ သူတို့လက်ဝါးချင်း ဆုံသွားသည်နှင့် ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သော စွမ်းအားလှိုင်းများက ပျံ့ထွက်လာသည်။
ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ စွမ်းအားများက ကစဉ့်ကလျားဖြစ်သွားပြီး သူကိုယ်တိုင်ကပင် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ဝူရှန်းရွာသူကြီးကလည်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သို့သော် သူ၏လှုပ်ရှားမှုများက အများကြီး ယုံကြည်မှုရှိနေကာ အေးဆေးပေါ့ပါးနေသည်။
ခွက် ခွက်
တစ်စက္ကန့်ခန့်ကြာပြီးနောက် ဝမ်ချောင်နှင့် ယင်နက်ဘိုးဘေးတို့က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ ဝမ်ချောင်ဟာ အေးဆေးပေါ့ပါးနေချိန်တွင် ယင်နက်ဘိုးဘေးကမူ နဂါးပုံသဏ္ဍန်နှင့် ပျောက်သွားပြီး အလွန်အမင်း စုတ်ပြတ်သပ်နေလေသည်။
ထိုအခိုက်အတန့်တွင် တစ်လောကလုံးကို တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ အရာအားလုံးက တိတ်ဆိတ်သွားသည်။
ဝှစ်
အဖွဲ့နှစ်ခုကြားသို့ လေပြင်းက ဖြတ်တိုက်သွားသည်။
ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများက အသက်ပင် ကျယ်ကျယ်လောင်လောင် မရှုရဲကြပေ။ သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုက ကြီးစိုးနေသည်။
အရိုးနတ်ဆိုးဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့ကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့အား အလွန်အမင်း တင်းမာပြီး ကြည့်ရဆိုးသော မျက်နှာထားမျိုးဖြင့် စိုက်ကြည့်နေကြလေသည်။
+++++
အခန်း(၁၄၂၉)
အဆုံးသတ်လေးခု သိုင်းအရှင်ရောက်လာပြီ
နှစ်ဖက်ကြားမှ အင်အားချင်း ကွာခြားချက်က ကျယ်ပြောလွန်းသဖြင့် မိစ္ဆာလမ်းကြောင်းလျှောက်သော အခြားသောဘိုးဘေး အားလုံး၏ တွေးတောပုံနှင့် ကွဲထွက်သွားလေသည်။
ဝမ်ချောင်သည် သိုင်းပညာ ဖောက်ပြန်နေသောကြောင့် သူသည် ပြင်းထန်လွန်းသော တိုက်ပွဲမျိုးကို တိုက်ခိုက်နိုင်စွမ်းရည် မရှိအောင် ထိန်းချုပ်ခံထားရသည်မှာ ရှင်းလင်းနေသည်။ သို့သော် သူသည် ယင်နက်ဘိုးဘေးနှင့် တိုက်ပွဲတွင် အနည်းငယ်ပင် သက်ရောက်ခံရခြင်းမရှိဘဲ သူ၏ အင်အားအပြည့်ကို ဖော်ထုတ်ပြသထားသည်။ သူတို့သည် ဝူရှန်းရွာသူကြီးကိုလည်း ထည့်သွင်းစဉ်းစားရဦးပေမည်။ တစ်ဖက်သူသည် သူ၏ ကိုယ်ပိုင် တိုင်းတာရခက်ခဲသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။
ထိုအချိန်တွင် အင်အားအကြီးဆုံး အရိုးနတ်ဆိုး ဘိုးဘေးကပင် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေနေပြီး မိုက်ရူးရဲဆန်စွာ မလှုပ်ရှားရဲချေ။
“ဝေ့ဝူရှဲ့ ငါမင်းကို ဘယ်လိုကိုင်တွယ်မယ်လို့ မင်းထင်လဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်မေးသည်။
သူ၏မျက်လုံးက ထိုသုံးယောက်ကို အကဲခတ်နေရင်း ရေခဲတုံးအလား အေးခဲလာသည်။ ရိုးရှင်းသော မေးခွန်းကတင် တစ်ဖက်မှ သုံးယောက်လုံးကို ဖျော့တော့သွားစေသည်။ သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုက ပို၍သာ မြင့်တက်လာသည်။
တစ်ဖက်သူ၏ တန်ထျန်း မပျက်စီးခင်က မိစ္ဆာဧကရာဇ်ဟာ မိစ္ဆာလမ်းကြောင်းတွင် အုပ်ချုပ်သူ တစ်ယောက်အဖြစ် အများက အသိအမှတ်ပြု လက်ခံထားကြသည်။ သူသည်လည်း မိစ္ဆာလမ်းကြောင်းရှိ သိုင်းတိုင်းကို သူ၏လက်ခုံအလား သိနေပြီးသားဖြစ်သည်။
ထိုသုံးယောက်သည် တစ်ယောက်ချင်းစီ ရင်ဆိုင်မည်ဆိုပါက မိစ္ဆာဧကရာဇ်ကို မနိုင်ခဲ့ဖူးပေ။
သူတို့က ဆယ်စုနှစ်ပေါင်းများစွာ သူတို့ရဲ့နှလုံးသားအပေါ် ထင်ကျန်ရစ်နေတဲ့ အဲ့ဒီအရိပ်လို တည်ရှိမှုကို ဘယ်လိုများ မကြောက်ဘဲနေမှာလဲ။
သို့သော် ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာတွင် ကြယ်တာရာစွမ်းအင် ပေါက်ကွဲမှုတစ်မျိုးက ကြမ်းတမ်းစွာ ဖြစ်ပေါ်လာပြီးနောက်တွင် အားလှိုင်းများက မြေပြင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ တစ်ချိန်ထဲတွင်ပင် လူတိုင်းကလည်း အလွန်ကျယ်ပြောသော စွမ်းအင်ပင်လယ်ကြီးက သူတို့ရှိရာ နေရာသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေကြောင်းကို မြင်လိုက်ရလေသည်။
“ဒါက...”
ဝမ်ချောင်က မျက်မှောင်ကိုကျုံ့ရင်း စွမ်းအင်များ ရောက်လာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များက အလွန်အမင်း အထိမခံဖြစ်သည်။ ထိုလူက ထုတ်လွှတ်နေသော ခံစားချက်က ဝမ်ချောင်အား တစ်ဖက်သူသည် ဒဏ္ဍာရီအရိုးဘိုးဘေးနှင့် စုန့်ယွမ်ယွီနှင့် အဆင့်တူကြောင်း နားလည်သွားစေသည်။
ထိုစွမ်းအင်သည် အလွန်အမင်း ထူးဆန်းသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုကြယ်တာရာစွမ်းအင်နှင့် ပင်လယ်ပြင်အတွင်း အနက်ရှိုင်းဆုံး တစ်နေရာမှ ထွက်လာပုံရသော ထိုစွမ်းအင်က ပေါင်းစပ်နေကြောင်း ခံစားမိလိုက်သည်။
“သူပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရောက်လာသောသူကို နားလည်လိုက်သလို မျက်ခုံးတစ်ဖက်ပင့်သည်။ ထို့နောက် ချဉ်းကပ်လာသော စွမ်းအင်ဘက်သို့ လှမ်းကြည့်နေလိုက်သည်။
အခြားတစ်ဖက်ခြမ်းမှ မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးများအားလုံးက စိတ်အေးစွာ သက်ပြင်းချကြသည်။ အနည်းနှင့်အများဆိုသလို စွမ်းအင်အသစ်တစ်ခု ရောက်ရှိလာသည့်အတွက် သူတို့ဘက်မှ ဝန်ပေါ့သွားလေပြီ။ လူတစ်ယောက်၏ ဂုဏ်သတင်းက သစ်ပင်အရိပ်နှင့်တူသည်။ မိစ္ဆာဧကရာဇ်သည် သိုင်းလောကမှ အဖွဲ့ဝင်တိုင်းအား နာမည်ကိုကြားရုံဖြင့် ကြောက်ရွံ့တုန်လှုပ် နေစေခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကြောင့် မဟုတ်လေဘဲ သူ၏ မြောက်များလွန်းသော သတ်ဖြတ်မှု အတွေ့အကြုံနှင့် ကိစ္စများကို လုပ်ဆောင်သော ရက်စက်မှု၊ ကြမ်းတမ်းမှုများကြောင့်လည်းဖြစ်သည်။
ထိုသုံးယောက်ထဲမှ အင်အားအကြီးဆုံးနှင့် ခေါင်းအမာဆုံး အရိုးနတ်ဆိုးဘိုးဘေးကပင် မိစ္ဆာဧကရာဇ်ကဲ့သို့ ကြမ်းတမ်းလွန်းသော လူမျိုးကို ရန်စလိုစိတ် မရှိပါပေ။
ဖူး
တစ်ဖက်မှ ရောက်လာသောလူက ဖုံးကွယ်လိုစိတ် ရှိပုံမရချေ။ ခြေထောက်က လေကိုတစ်ချက် ဆောင့်နင်းလိုက်သောကြောင့် တစ်စုံတစ်ရာ ထိုးဖောက်ခံရသလို စူးရှလွန်းသော လေချွန်သံမျိုး ထွက်လာပြီးနောက်တွင် အဖွဲ့နှစ်ဖွဲ့နှင့် နီးကပ်သထက် နီးကပ်လာသည်။
တခဏခန့်ကြာပြီးနောက် ဥက္ကာတုံးကြီးတစ်ခု ပြုတ်ကျလာသလိုမျိုး စွမ်းအင်လှိုင်းများကို လွင့်ထွက်နေစေသည့် စွမ်းအင် အင်အားစုကြီးတစ်ခုကို အားလုံးက မြင်လိုက်ရပြီဖြစ်သည်။
မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် အရိုးနတ်ဆိုးဘိုးဘေး၏ အနောက်ဘက် ပေတစ်ရာခန့် အကွာတွင် ထိုစွမ်းအင် အင်အားစုကြီးက ပေါ်လာသည်။
ဘုန်း
ထိုကျယ်ပြောကာ မြောက်များလွန်းသော စွမ်းအားများက ရုတ်တရက် မြေကြီးထဲသို့ ထိုးဝင်သွားသည်။ တခဏခန့်ကြာပြီးနောက် ငွေဖြူရောင်ဆံပင်နှင့် လူကြီးတစ်ယောက်က ပေါ်လာသည်။ သူ၏မျက်နှာက ကြမ်းတမ်းမာကြောကာ တင်းမာနေပြီး လူတိုင်း၏အရှေ့တွင် ထင်ရှားစွာ ပေါ်လာလေသည်။
ထိုအကြီးအကဲ၏ အကြည့်က စူးရှသည်။ သူ၏အကြည့်က ကြယ်ရောင်များအလား တောက်ပကာ တလက်လက် ဖြစ်နေသေးသည်။ လူအများ၏ အာရုံကို အဆွဲဆောင်စေဆုံး ကိစ္စက သူ၏ခေါင်းထဲတွင် ထိုးထားသော အစိမ်းရောင် ဆံထိုးနှင့် သူ၏ ရင်ဘက်ဘယ်ညာတွင် ခတ်နှိပ်ထားသော လည်တိုင်ရှည်သည့် အစိမ်းရောင် ကြိုးကြာတစ်စုံတို့ကြောင့်ဖြစ်သည်။
ဝမ်ချောင်သည် အဖြူရောင်ကြိုးကြာ၊ အနီရောင် သရဖူများကရှိနေသည့် အနီရောင်ကြိုးကြာများနှင့် လည်ပင်းမည်းသော အနက်ရောင် ကြိုးကြာများကို မြင်ဖူးသော်လည်း အစိမ်းရောင် ကြိုးကြာကိုမူ မမြင်ဖူးချေ။ ထိုအကြီးအကဲက လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။
“ဘယ်လောက်တောင် စည်ကားလိုက်တဲ့ မြင်ကွင်းလဲ။ ငါ့ရဲ့ညီနောင် ရောင်းရင်းတို့ အများကြီး ရှိနေပုံထောက်ရင် ငါအချိန်ကိုက် ရောက်လာတာပဲဖြစ်မယ်”
ထိုအကြီးအကဲက လူအုပ်ကို တစ်ချက် ခပ်တင်းတင်း အကဲခတ်ပြီးနောက်တွင် တဖြည်းဖြည်းချင်းစီ ရှေ့တက်လာသည်။
ထိုအကြီးအကဲက ရှေ့သို့လျှောက်လာသည်နှင့် ဝမ်ချောင်သည်လည်း ကျောက်သားများပေါ်တွင် ရေစက်များက စတင်ကာ သိပ်သည်းလာပြီး ဆောင်းဦးနှင့် ဆောင်းတွင်းနှောင်းပိုင်းမှ စီးနှင်းစက်များအလား စုစည်းလာကြောင်း ခံစားမိလိုက်သည်။
ဝမ်ချောင်က တွေးတောနေချိန်တွင် ဝင်္ကပါအကြီးအကဲက စိတ်အေးစွာ သက်ပြင်းချရင်းပြောသည်။
“အထီးကျန်တိတ်ဆိတ် ဘိုးဘေးပဲ။ တကယ်ကို သူဖြစ်နေတာပဲ။ မူလအမရသိုင်းက ဒီလို မကောင်းဆိုးဝါးအိုကြီးကိုတောင် မျှားထုတ်လိုက်မယ်လို့ မထင်ထားဘူး”
ထိုအတွေးတစ်ခုနဲ့အတူ ဝမ်ချောင်က စိတ်ဖြင့်ဆက်သွယ်ကာ လှမ်းမေးလိုက်သည်။
“အကြီးအကဲကျိုး ဒီအထီးကျန် တိတ်ဆိတ်ဘိုးဘေးဆိုတာ ဘယ်သူလဲ”
ဝမ်ချောင်က ခပ်တိုးတိုးမေးသည်။
“သူက ပုံမှန်မဟုတ်တဲ့သိုင်းကို ကျင့်ထားသလိုပဲ”
“သိုင်းလောကမှာ ဘိုးဘေး (၁၂)ယောက်ရှိတယ်လို့ ပြောကြတယ်။ ဆိုလိုတာက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းကြောင်းလိုက်တဲ့လူတွေ၊ ဆိုးယုတ်တဲ့ လမ်းကြောင်းလိုက်တဲ့ လူတွေထဲမှာမှ အင်အားအကြီးဆုံး ဘိုးဘေး(၁၂)ယောက်ကို ပြောတာပေါ့။ ဒါပေမဲ့ ဒီ(၁၂)ယောက်လုံးက အလွယ်တကူ ရန်စလို့ရတဲ့သူတွေ မဟုတ်ဘူး။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့ပိုင်နက်က အရှေ့မြောက်ပိုင်း ရို့ကျိုးမှာရှိတယ်။ သူက ပုံမှန်အားဖြင့် အပြင်ထွက်ပြီး ဗဟိုပြင်ကျယ်က ကိစ္စရေးရာတွေနဲ့ ပါဝင်ပတ်သတ်ခဲတယ်။ ဒါကြောင့် မင်းရဲ့ဆရာက အတိတ်က အဲ့ဒီလိုတွေ လုပ်ခဲ့တာတောင်မှ သူကထွက်မလာခဲ့ဘူး။ သူက ရေအမျိုးအစား သိုင်းတစ်မျိုးကိုကျင့်တာ။ ရေရှိနေသမျှ သူ့ရဲ့အင်အားက အမြောက်အများ ထိုးတက်နေမှာပဲ။ ဒါကြောင့် သူက တိမ်စိုင်တစ်လွှာကိုတောင် စုစည်းပြီး မိုးကိုခေါ်လို့ မုန်တိုင်းဖန်တီးနိုင်သေးတယ်”
“အဲ့ဒီလိုကြောက်စရာကောင်းတဲ့ မုန်တိုင်းမိုးအောက်မှာ ဘယ်သူကမှ သူ့ကို မယှဉ်နိုင်ဘူး”
ဝင်္ကပါအကြီးအကဲကပြောသည်။
ဝင်္ကပါအကြီးအကဲသည် ဝင်္ကပါများကို ဆက်တိုက်ဆိုသလို ကျင့်ကြံနေခဲ့သော်လည်း သူသည် သိုင်းပညာလောကမှ ကျယ်ပြောသော ပုဂ္ဂိုလ်များကို နားလည်မှုအချို့ ရှိသေးသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း ထိုလောကမှ ဖြစ်လေသည်။ ပို၍ဆိုးသည်မှာ သိုင်းပညာလောကမှ လူတိုင်းနီးပါးက အထီးကျန်တိတ်ဆိတ် ဘိုးဘေးအကြောင်းကို သိကြသည်။
“အာ မုန်တိုင်းကို ဆင့်ခေါ်တာလား”
ဝမ်ချောင်က ထိုစကားကြောင့် ရုတ်တရက် ကြောင်အသွားသည်။ ဒီဘဝတွင်ဖြစ်စေ၊ ယခင်ဘဝတွင်ဖြစ်စေ သူသည် သိုင်းပညာလောကမှ လူများနှင့် များများစားစား အဆက်အဆံ မရှိခဲ့ဖူးချေ။ သူသည်လည်း ထိုမျှ အဆင့်လွန်သိုင်းတစ်မျိုးရှိကြောင်း မကြားဖူးပါချေ။
ဒါက မဟာသိုင်းဆယ်မျိုးထဲမှာတောင် မဟုတ်ဘူး။
သို့သော် ဝမ်ချောင်သည်လည်း သိုင်းတစ်မျိုးက အလွန်အမင်း အရေးကြီးချိန်တွင် ကျင့်ကြံသောသူက ပို၍အရေးကြီးဆုံးဖြစ်ကြောင်း နားလည်သည်။
အချို့သောသူများက ထူးချွန်လွန်းသော ပါရမီမျိုးကို ပိုင်ဆိုင်ထားကြသည့်တိုင်အောင် မဟာသိုင်း ဆယ်မျိုးထဲမှ တစ်မျိုးကို သင်ယူရန် အခွင့်အရေး မရှိခဲ့ကြချေ။ သို့သော် သူတို့၏ မစုပ်မနစ် ကြိုးစားမှုနှင့် သူတို့၏ ပါရမီများကြောင့် သူတို့ပိုင်ဆိုင်ထားသောသိုင်းကို နတ်အဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ကြခြင်းအားဖြင့် သိုင်း၏ အားနည်းချက်များ အားလုံးကို ချိုးဖျက်တတ်နိုင်သွားတတ်သည်။
ထိုလူများသည် မဟာသိုင်းဆယ်မျိုးထဲမှ သိုင်းများကို မကျင့်ကြံထားသော်လည်း သူတို့ဟာ အင်အားကြီးမားလွန်းသဖြင့် မဟာသိုင်းဆယ်မျိုးကို ကျင့်ကြံထားသော သူများနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းခြင်းမရှိတတ်ချေ။
ထိုအဆင့်တွင် ကျင့်ကြံသောသူ၏သိုင်းနှင့် ကျင့်ကြံသူက ဆက်နွယ်နေခြင်းဆိုသည်ထက် ထိုသိုင်းပညာရှင် ကိုယ်တိုင်ထံမှလာသော စွမ်းအားများကိုသာ မြင်တွေ့ရတော့ပေမည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အလားတူပင် ထိုကဲ့သို့ အမျိုးအစားထဲတွင် ပါဝင်သည်။
“ဟွန်း နောက်ထပ် အမရသိုင်းကို လောဘကြီးတဲ့ တစ်ကောင် ရောက်လာပြန်ပြီ။ ကောင်းတယ် ငါမင်းတို့ တစ်သုတ်တည်းကို တစ်ခါတည်း သတ်ပေးမယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။
သူ၏ကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်ဆန္ဒများက လိမ့်ထွက်လာပြီး သူ၏ ပတ်ပတ်လည် ပေရာပေါင်းများစွာအား ဝရုန်းသုန်းကား ဖြစ်လာကာ တွန့်လိမ်လာစေသည်။ ထိုအချိန်တွင် သူ၏ကိုယ်ထဲမှ အသစ်စက်စက် လှုံ့ဆော်နိုင်စွမ်းအား ပြင်းထန်လွန်းသည့် စွမ်းအားတစ်ရပ်က ဖြာထွက်လာသည်။
ဝမ်ချောင်ကပင် ထိုစွမ်းအားကို အနည်းငယ် မရင်းနှီးသလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်ခြမ်းမှ အရိုးနတ်ဆိုး ဘိုးဘေးနှင့် အထီးကျန်တစ္ဆေဘိုးဘေးတို့၏ မျက်နှာကပင် တင်းမာသွားသည်။ ရက်စက်မှုချင်းယှဉ်သော် မိစ္ဆာဧကရာဇ်က လောက နံပါတ်တစ်ဖြစ်သည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ဆိုးယုတ်သောလမ်းကြောင်း နှစ်ခုလုံးမှ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး အရိုးဘိုးဘေး ကိုယ်တိုင်ကပင် သူ၏လက်ထဲတွင် အထိနာခဲ့ဖူးသေးသည်။
မိစ္ဆာဧကရာဇ်၏ တန်ထျန်းက ပျက်စီးသွားခဲ့သော်လည်း သူသည် အလားတူ ရက်စက်လွန်းသော အရှိန်အဝါကို လွှတ်ထုတ်နိုင်နေသေးလေရာ လူတိုင်း၏နှလုံးသားက မြောက်တက်လာသည်။
လေထုအခြေအနေက တင်းကြပ်မှုများဖြင့် ခဲမတက် ဖြစ်လာသည့်အချိန်တွင်
“ဒီမှာပဲ အဲ့ဒီဦးတည်ရာဘက်ပဲ ငါမမှားနိုင်ဘူး။ အဲ့ဒီမှာ တိုက်ပွဲဖြစ်နေတာ”
“ဟိုကိုကြည့် လူတွေအများကြီးပဲ။ အားလုံးပဲ လိုက်လာကြ”
ရုတ်တရက် အဝေးမှ လူအမြောက်အများ လာနေသလိုမျိုး အသံမျိုးကို ကြားရသည်။
ဝမ်ချောင်တို့သည် ထိုနေရာတွင် နေနေခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်ထားပြီးသားဖြစ်နေသည်။ အချက်အလက်အားဖြင့် ထိုအနောက်မြောက်ပိုင်းတွင် ရှိသမျှ သိုင်းပညာရှင်တိုင်းနီးပါးက ထိုနေရာသို့ ပုံအောကာ ရောက်ရှိလာနေကြသည်။ သိုင်းပညာရှင်ပေါင်း များစွာ၏ မြောက်များလှသော အရေအတွက်၏ စုစည်းမှုက ဝမ်ချောင်ကို ကြောက်ရွံ့လာစေသည်။
“ဆရာ”
ဝမ်ချောင်က အလိုအလျောက် ဆရာဖြစ်သူကို လှမ်းခေါ်လိုက်သည်။ အခြေအနေက အလွန်အမင်း ဆိုးရွားနေသည်။ ကြာကြာဆက်နေလေလေ လူအများ၏ အာရုံကို ဆွဲဆောင်မိလေလေ ဖြစ်ပေလိမ့်မည်။
သိုင်းပညာရှင်များ အားလုံး စုစည်းပြီးသွားသည်နှင့် သူတို့က ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
သို့သော် ဝမ်ချောင်တို့၏အဖွဲ့က ထွက်သွားမည် နေရစ်မည် စသည့်အကြောင်း ဆွေးနွေးနေကြချိန်တွင် အလွန်အမင်း ဝေးကွာလွန်းသော မြောက်ပိုင်းတစ်နေရာမှ ကျယ်လောင်သော မိုးခြိမ်းသံကြီးက ထွက်ပေါ်လာသည်။ ထို့နောက် အလွန်ကျယ်ပြောသော စွမ်းအားလှိုင်းတစ်ရပ်က ချဉ်းကပ်လာသေးသည်။
ထိုပုံရိပ် ရောက်ရှိလာမှုကို ခံစားမိသလိုမျိုး လေထုကပင် စတင်ကာ လောင်ကျွမ်း၍ ပြင်းထန်လွန်းသော အပူဒဏ်ကို လွှတ်ထုတ်လေသည်။
“ကောင်လေး အထီးကျန်တိတ်ဆိတ်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ ယင်နက်ဘိုးဘေး... သိုင်းလောကရဲ့ အဆင့်လွန် ကျွမ်းကျင်ပညာရှင်တွေ အားလုံးက စုစည်းနေကြပြီဆိုတော့ ဒီအရှင်က ဘယ်လိုများ ဒီလိုစုဝေးပွဲကို လွတ်ရမှာလဲ”
အဝေးမှ မြင်းစီးနေသော ပုဂ္ဂိုလ်တစ်ယောက်က ပေါ်ထွက်လာသည်။ သူ၏ ကျယ်လောင်ကာ မင်းမူလွန်းသော အသံက လူတိုင်း၏နားအတွင်း ဟိန်းထွက်သွားလေသည်။
ဟီး...
အော်သံတစ်ချက်နှင့်အတူ ထိုမြင်းက အရှိန်ကိုမြှင့်လိုက်သည်။ သူဟာ တိမ်စိုင်ကို စီးနင်းနေသလိုမျိုး လျှင်မြန်စွာဖြင့် ရောက်ရှိလာလေသည်။
“ဒါက အဆုံးသတ်လေးခု သိုင်းအရှင်ပဲ”
ဝင်္ကပါအကြီးအကဲ၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်သွားသည်။ မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးသုံးယောက်က အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ပေါင်းစည်းနေခြင်းကပင် ကိုင်တွယ်ရန် ခက်ခဲနေခဲ့ပြီးသားဖြစ်သည်။ ယခုအခါ ပို၍ကြမ်းတမ်းကာ မင်းမူလွန်းသည့် အဆုံးသတ်လေးခု သိုင်းအရှင်က ရောက်လာသည်။ အခြေအနေဟာ ဆိုးသထက် ဆိုးလာသည်။
လူသစ်ရောက်ရှိလာသောကြောင့် အဆိုးတကာ့ အဆိုးဆုံးအခြေအနေ ဖြစ်လာလေရာ မည်သည့်နည်းနှင့်မျှ ထွက်သွားရန် မျှော်လင့်ချက် မရှိတော့ပေ။
ဝမ်ချောင်၏စိတ်အတွင်း အမျိုးမျိုးသော အတွေးများက ဖြတ်ပြေးသွားသည်။ သူသည် အဆုံးသတ်လေးခု သိုင်းအရှင်အကြောင်း မကြားဖူးချေ။ သို့သော် ဝင်္ကပါအကြီးအကဲ၏ တုန့်ပြန်မှုအရ တစ်ဖက်သူသည် အထီးကျန်တိတ်ဆိတ် ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့နှင့် အဆင့်တူလောက်ကြောင်း သိလိုက်သည်။
တစ်ဖက်သူသည် တောက်ပလွန်းသော နေမင်းအလား မင်းမူတတ်ကာ ပြင်းထန်လွန်းသော စွမ်းအင်အရှိန်အဝါများကို လွှတ်ထုတ်ထားသောကြောင့် ဝမ်ချောင်က ထိုမျှကြမ်းတမ်းလွန်းသော စွမ်းအင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ကြည့်ရတာ သေတဲ့အထိ တိုက်ပွဲဝင်မဲ့ စိတ်ဆန္ဒလိုမျိုးပဲ။
ဝမ်ချောင်သည် သူ၏ဝမ်းဗိုက်နားမှ စွမ်းအင်စုစည်းခြင်းပုလဲကို တစ်ချက်ပွတ်လိုက်သည်။ အနည်းဆုံး အရာအားလုံးဟာ ပေါ်တင်ဖြစ်ပျက်နေခြင်းဖြစ်သည်။
တခဏခန့်ကြာပြီးနောက် အဆုံးသတ်လေးခု သိုင်းအရှင်က မြောက်ပိုင်းတွင်ပေါ်လာသည်။ ထို့နောက် ဝမ်ချောင်တို့၏အဖွဲ့နှင့် အကွာအဝေး အနည်းငယ်ခြားသော နေရာတွင် ရပ်တန့်လိုက်သည်။ သူသည် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အပူလှိုင်းများက ဖြာထွက်နေ၏။ သူစီးထားသောမြင်းက သူ့အား ပို၍ထည်ဝါသွားစေသည်။
သူသာ ဂရုစိုက်မကြည့်မိလျှင် ဝမ်ချောင်ဟာ တစ်ဖက်သူဟာ ခုံရုံးမှ မဟာဗိုလ်ချုပ်တစ်ယောက် ရောက်လာသည်ဟု ထင်မိလောက်လေသည်။
++++
အခန်း(၁၄၃၀)
မမျှော်လင့်ထားတဲ့ အပြောင်းအလဲ
“ဝမ်ချောင် မင်း တော်တော်လေးကို သတိထားမှဖြစ်တော့မယ်”
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ အနောက်ကနေ ခပ်တိုးတိုး ကပ်ပြောသည်။
“ဒီအဆုံးသတ်လေးခု သိုင်းအရှင်က နဂိုက နယ်စပ်မှာ တာဝန်ကျနေတဲ့ အရာရှိတစ်ယောက်လေ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သူ လွန်ခဲ့တဲ့ နှစ်နှစ်ရာ ကျော်ကျော်လောက်က ကြမ်းတမ်းယန်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရသွားတယ်။ အဲ့ဒီဂိုဏ်းရဲ့ အဖိုးတန်ဆုံး ကိုယ်စားအပြုနိုင်ဆုံး ပစ္စည်းက ကြမ်းတမ်းယန် ရွှေသံချပ်ကာဆိုတဲ့ သူအခုဝတ်ထားတဲ့ သံချပ်ကာပဲ။ အဲ့ဒီသံချပ်ကာက သူ့ရဲ့ ပြိုင်ဘက်ကင်း ကြမ်းတမ်းယန်နတ်သိုင်းနဲ့ လိုက်ဖက်ညီလွန်းတယ်။ ဒီအဆုံးသတ်လေးခု သိုင်းအရှင်က သူ့ရဲ့ အဲ့ဒီကြမ်းတမ်းယန် နတ်သိုင်းကို အဆင့်လွန်အဆင့်ထိ ကျင့်ကြံပြီးနေပြီးသား။ ဒါကြောင့် သူက သူ့ကိုယ်သူ နေတစ်စင်းအဖြစ် ပြောင်းလဲပြီး လောကကိုတောင် အလင်းပေးနိုင်လိမ့်မယ်။ သူ့ရဲ့အင်အားက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်”
ဒီနေ့အဖြစ်အပျက်များက ဆိုးရွားစွာ အဆုံးသတ်မည့် အခြေအနေရှိလာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် အဆုံးသတ်လေးခု သိုင်းအရှင်ကိုကြည့်ရင်း သူ၏မျက်လုံးက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာလေသည်။
“မင်းကလည်း လာတာလား”
သူဟာ အလုံးအရင်းနှင့် သတ်ဖြတ်ပြီးခဲ့သည်မှာ အချိန်အတန်ကြာသွားပြီဖြစ်သည်။ သို့သော် ထိုလူများကလည်း သူတို့၏ အရေအတွက်နှင့် သူ့ကို အနိုင်ကျင့်နိုင်မည်ဟု ထင်နေပုံရသည်။ ထိုသို့ဆိုလျှင် အမှားကြီးမှားသွားပေလိမ့်မည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်မှ သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ် ဆန္ဒများက ဖြာထွက်လာလေပြီး ရှိသမျှ လူတိုင်း၏မျက်နှာကို အလွန်အမင်း စိုးရိမ်ကြောင့်ကြသွားစေသည်။
ဝှစ်
ထိုအဖွဲ့က ထိုသို့ ထိပ်တိုက်ရင်ဆိုင်နေချိန်တွင် အရှေ့မြောက်ပိုင်း တစ်နေရာမှ ပုံရိပ်တစ်ခုက အခြေအနေကို အဝေးမှ စောင့်ကြည့်နေသည်။ သူ၏ဝတ်စုံပေါ်မှ ယင်ယန်သင်္ကေတနှင့် အဖြူရောင် ကြိုးကြာဟာ အလွန်အမင်း သိသာလွန်းသည်။
“မြန်မြန်လေး မဟာမိတ်အရှင်ကို သွားပြီးသတင်းပို့”
သူဟာ ရုတ်တရက် နောက်သို့ပြန်လှည့်၍ အဝေးသို့ အပြေးသွားသည်။ တစ်ချိန်ထဲတွင်ပင် သူ၏လက်ထဲမှ သတင်းပို့ငှက်က ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။
လီပေါင်းများစွာ ကွာဝေးသော တောင်တစ်ခုပေါ်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်တစ်ယောက်က ရိုသေစွာနှင့် ဒူးထောက်နေသည်။
“မဟာမိတ်အရှင်ကို သတင်းပို့ပါတယ်။ အထီးကျန်တိတ်ဆိတ် ဘိုးဘေးနဲ့ အဆုံးသတ်လေးခု သိုင်းအရှင်တို့ ရောက်လာပါပြီ။ ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့က ဘိုးဘေးတွေနဲ့ ပေါင်းစပ်ပြီးသွားတဲ့ နောက်မှာ သိုင်းလောကမှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ငါးယောက်လုံးက စုစည်းရောက်ရှိ နေခဲ့ပါပြီ။ ဒါတွေအပြင် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူရဲ့ နဘေးမှာရပ်နေတဲ့ အရမ်းကို အင်အားကြီးမားလွန်းတဲ့ အကြီးအကဲ တစ်ယောက်ကိုလည်း တွေ့ခဲ့ပါတယ်”
ဘန်း
အနီးအနားရှိ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ထိုကင်းထောက်၏ တင်ပြချက်ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ သူတို့သည် အချင်းချင်း တီးတိုးစပြောကြသည်။
မိစ္ဆာများက သူတို့မျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ ပြောင်းလဲသွားသည်။ လွန်ခဲ့သော တစ်ရက်ခန့်ကတင် သိုင်းပညာရှင်များ အားလုံးက စုစည်းနေခဲ့သည့်တိုင်အောင် မိစ္ဆာဧကရာဇ်၏ အရိပ်ကိုပင် ရှာမတွေ့ခဲ့ချေ။ သို့သော် ယခုအခါ မိစ္ဆာဧကရာဇ်၏ တည်နေရာက ပေါ်သွားသည်။ ထို့ပြင် သိုင်းလောကမှ တိုင်တန်ကြီးများ အားလုံးကပင် ရောက်နေသည်။
စစ်ခွန်းယွမ်ကျားက ရှေ့သို့တက်၍ တင်းမာစွာပြောသည်။
“ဒီကိစ္စက မူလအမရအရှင်နဲ့ တစ်ဖက်သူ ချန်ထားရစ်ခဲ့တဲ့ ဟာတွေနဲ့ ပတ်သတ်နေတယ်။ ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ အဆုံးသတ်လေးခု သိုင်းအရှင်က ရောက်နေပြီဆိုမှတော့ ငါတို့လည်း သွားသင့်တယ်မဟုတ်လား။ အဲ့ဒီလိုမှမဟုတ်ရင် ဘိုးဘေးငါးယောက် မဟာမိတ်က မူလအမရသိုင်းကို ရသွားလိမ့်မယ်”
“ဟုတ်ချင်မှလည်းဟုတ်မှာ အခု လှုပ်ရှားတာက မလိုအပ်သေးဘူး။ အခုတော့ စောင့်ကြည့်မယ်”
စုန့်ယွမ်ယွီက တောင်ထိပ်ပေါ်တွင် ရပ်နေသည်။ သူသည် တောက်ပသော မျက်ဝန်းတစ်စုံဖြင့် အနောက်တောင်ပိုင်းကိုသာ ကြည့်နေသည်။
ပတ်ဝန်းကျင်မှ ကျွမ်းကျင်ပညာရှင်များက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရှိ မည်သူကမှ စုန့်ယွမ်ယွီ၏ ဆုံးဖြတ်ချက်ကို အတိုက်အခံ မလုပ်ရဲချေ။
“ဟုတ်ကဲ့”
လူတိုင်းက တစ်ပြိုင်တည်း ဖြေကြသည်။
ထိုအချိန် အနောက်တောင်ပိုင်းတွင် သွေးမုန်တိုင်းက ဖြစ်ပွားလုနီးပါး ဖြစ်လာသည်။
မည်သူကမှလည်း မိစ္ဆာလမ်းကြောင်းမှ နံပါတ်တစ်ဖြစ်သော မိစ္ဆာဧကရာဇ်၏ ခြိမ်းခြောက်မှုကို ပေါ့သေးသေး သဘောမထားရဲချေ။ အထီးကျန်တိတ်ဆိတ် ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေ ဘိုးဘေး အပါအဝင် လူတိုင်း၏ အမူအရာက လေးနက်တင်းမာနေကြလေပြီး သူတို့၏ ကြွက်သားများကို အသင့်ပြင်ကာ တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။
ထို့နောက် မမျှော်လင့်ထားသော အခြေအနေ တစ်ခုကဖြစ်လာသည်။
ဝှစ်
အဆုံးသတ်လေးခု သိုင်းအရှင်က သူ၏လက်ကောက်ဝတ်ကို ရုတ်တရက် လှုပ်လိုက်သည်။
ချွင်
အဆင်တန်ဆာများနှင့် ထည်ဝါသော သတ္ထုဘူးလေး တစ်ခုက မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် မိစ္ဆာဧကရာဇ်စီ ရောက်လာသည်။
ဘန်း
ထိုဘူးလေးက လေထဲတွင်ပင် ပေါက်ကွဲသွားပြီးနောက် အဆုံးသတ်လေးခု သိုင်းအရှင်က အရင်ဦးဆုံး တိုက်ခိုက်တော့မည်ဟု လူတိုင်းက ယူဆလိုက်သည့် အခိုက်အတန့်တွင်ပင် ရုတ်တရက် ထိုပေါက်ကွဲမှုအတွင်းမှ ရွှေရင့်ရောင် စာလိပ်တစ်လိပ်က အလွန်အမင်း နှေးကွေးသွားလွန်းသော အရှိန်နှုန်းဖြင့် ဆင်းသက်လာသည်။
ကလွက်
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုဆန့်ထုတ်၍ စာလိပ်ကို ယူလိုက်သည်။ ထို့နောက် မည်သည့်အရာဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
မူလအမရ ရတနာမြေပုံ
အဆုံးသတ်လေးခု သိုင်းအရှင်က ထိုမျှအဖိုးတန်လွန်းသော ရတနာမြေပုံကို ပစ်ပေးလိုက်ခြင်းက ရှိနေသမျှသော လူတိုင်း၏ မျက်နှာကို ဖျော့တော့သွားစေသည်။ သူတို့၏ ရှုသွင်းလိုက်သော လေကပင် လည်မြိုတွင် တစ်သွားသည်။ သူတို့၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။
ဝမ်ချောင်ကပင် ထိုအခြေအနေကို မမျှော်လင့်ထားမိပေ။
“ရတနာမြေပုံက အားလုံး ခြောက်ပိုင်းရှိတယ်။ ငါတို့အားလုံး မရနိုင်ဘူးဆိုရင် အဲ့ဒီတစ်ပိုင်းချင်းစီက အသုံးမဝင်ဘူး ဖြစ်နေမှာပဲ။ ပိုဆိုးတာက မူလအမရသိုင်းက ပျောက်နေခဲ့တာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီ။ ဘယ်လောက်ရှာရှာ အသုံးမဝင်ခဲ့ဘူးဆိုတော့ ဒီတစ်ကြိမ်ကပဲ ငါတို့ အနီးစပ်ဆုံး ရောက်ဖူးတဲ့အချိန် ဖြစ်နေတယ်”
အဆုံးသတ်လေးခု သိုင်းအရှင်က လူအုပ်၏အကြည့်နှင့်ဆုံပြီး မှင်သက်ဖွယ် အကောင်းဆုံးသော ကမ်းလှမ်းချက်ကိုပေးသည်။
“ဒါကြောင့် ငါတို့ထဲက ဘယ်သူကမှ အဲ့ဒီသိုင်းကိုမရဘဲ ဒီတိုင်း ဆုံးရှုံးသွားမှာနဲ့စာရင် ငါတို့အတူပေါင်းလို့ အဲ့ဒီမြေပုံကို ဖွင့်လိုက်တာ မကောင်းဘူးလား။ အဲ့ဒီနောက် ဆက်ဖြစ်မဲ့ ကိစ္စကတော့ အားလုံးရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ဆိုင်တယ်”
မူလအမရသိုင်း ရတနာမြေပုံ တစ်ခုချင်းစီတိုင်းက အလွန်အမင်း အဖိုးတန်သည်။ တစ်ခုပေါ်လာသည်နှင့် သိုင်းပညာလောကအတွင်းမှ အမျိုးမျိုးသော အဖွဲ့အစည်းတိုင်းက အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက် လုယူရလောက်အောင် သွေးမုန်တိုင်း ဖြစ်စေနိုင်သည်။ အဆုံးသတ်လေးခု သိုင်းအရှင်က ရိုးရှင်းစွာပင် အမှိုက်တစ်ခုကို လွင့်ပစ်သလိုမျိုး ရူးကြောင်ကြောင် ပစ်ထုတ်လိုက်ခြင်းက လူတိုင်း၏ အမြင်တွင်မူ သူရူးတစ်ယောက်နှင့်တူသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူအုပ်ကလည်း စတင်ကာ နားလည်လာပုံပေါ်လေသည်။ သူတို့၏ အမူအရာက နားလည်လာကြသည်။
“အမတ်မင်း မူလအမရသိုင်းက ပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ဘယ်သူကမှ မရနိုင်ခဲ့ဘူး။ ဒါပေမဲ့ ရဖို့ကြိုးစားတဲ့ လူတိုင်းလိုလို သေဆုံးသွားခဲ့ရတယ်။ အားလုံးက တစ်ကိုယ်ကောင်းဆန်ပြီး ရတနာမြေပုံကို တစ်ယောက်ထဲ ယူချင်တယ်ဆိုရင်တော့ ဘယ်သူကမှ ရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါတို့အတူပေါင်းပြီး အတူဖွင့်တာ ပိုကောင်းမယ်လို့ထင်တယ်”
“ဒါ့အပြင် ငါတို့က ရတနာမြေပုံ တစ်ပိုင်းကို အပ်လိုက်တာနဲ့ မူလအမရသိုင်းကို ပေးလိုက်တာလို့ မဆိုလိုသေးဘူးလေ။ အဆုံးသတ်မှာတော့ မူလအမရသိုင်းက ကိုယ့်စွမ်းရည်အတိုင်း ကိုယ်ရနိုင်မှာပေါ့”
လူအုပ်၏ စိတ်အခြေအနေက ထူးဆန်းလာသည်။
အဆုံးသတ်လေးခု သိုင်းအရှင်၏ ကမ်းလှမ်းမှုက အကျိုးအကြောင်း သင့်တော်သော်လည်း အမှန်တကယ် လုပ်ရပ်က ခြားနားသေးသည်။ သူတို့က ခက်ခက်ခဲခဲ ရှာလို့ရတဲ့ ရတနာမြေပုံကို မိစ္ဆာဧကရာဇ်ကို ပေးလိုက်ရမှာလား။ ဟွန်း အရူးတွေ ငါတို့က ဘာလို့ ရတနာမြေပုံတွေကို သူ့ဆီ ပေးရမှာလဲ။ အဲ့ဒီအစား သူကပဲ ရတနာမြေပုံတွေကို ငါတို့ဆီ ပေးသင့်တာ မဟုတ်ဘူးလား။ ငါတို့ကသူ့ကို ဘယ်လိုယုံရမှာလဲ။
ယင်နက်ဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူသည် အဆုံးသတ်လေးခု သိုင်းအရှင်၏ အပြုအမူကို အလွန်အမင်း ရှုံ့ချပုံရသည်။ သို့သော် ယင်နက်ဘိုးဘေးက ထိုသို့ပြောပြီးသွားသည့် အချိန်တွင်ပင်...
ခွက်
နောက်ထပ် ရတနာမြေပုံ တစ်ခုကိုလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အရှေ့သု့ိ လွင့်ပစ်လိုက်ပြန်သည်။
“ငါက အရှိန်အဝါကြီးမြတ်တဲ့ မိစ္ဆာဧကရာဇ်လို လူမျိုးက စကားကို ပြန်မရုတ်သိမ်းဘူးလို့ ယုံကြည်တယ်။ အဆုံးသတ်လေးခု သိုင်းအရှင် မင်းပြောတဲ့အတိုင်း လုပ်ရအောင်။ ငါတို့က မူလအမရသိုင်းရဲ့ ရတနာသိုက်ကို ဖွင့်နိုင်မယ်လို့ မျှော်လင့်တယ်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ပြန်ပြောသည်။ မမျှော်လင့်ထားစွာပင် သူသည်လည်း ရတနာမြေပုံ တစ်ခုကို ပစ်ပေးလိုက်သည်။
ထိုအခါမှသာ သူဟာ မည်သည့်အတွက်ကြောင့် သူ၏ ပိုင်နက်နယ်မြေမှထွက်ပြီး ဝေးကွာလွန်းသော အနောက်မြောက်ပိုင်းသို့ လာရကြောင်း သိလိုက်ကြသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုဆန့်တန်းပြီး မြေပုံကိုယူသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ဝမ်ချောင်ကိုပေးသည်။
“ချောင်အာ ကြည့်ကြည့်ပါဦး”
ရတနာမြေပုံက အစစ်၊ အတုဟူ၍ ရှိသေးသည်။ အစစ်အမှန် ရတနာမြေပုံဖြင့်သာ ရတနာသိုက်ကို ဖွင့်နိုင်မည်ဖြစ်သည်။ ဝမ်ချောင်ပိုင်ဆိုင်ထားသော စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကသာ အစစ်၊ အတုကို ခွဲခြားပေးနိုင်သည်။
“ဟုတ်ကဲ့ဆရာ”
ဝမ်ချောင်က အရင်ဦးဆုံး အဆုံးသတ်လေးခု သိုင်းအရှင်၏ ရတနာမြေပုံကို ယူလိုက်ပြီးနောက် စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးဖြင့် တစ်ချက်အုပ်ကာ ကြည့်လိုက်သည်။ ရတနာမြေပုံပေါ်သို့ အလင်းတန်းများက ကျသွားပြီးနောက်တွင် ချက်ချင်းဆိုသလို အဖြူရောင် အပ်ချည်မျှင်များက အလင်းစက်များကို ပြန်လည်ထုတ်ဖော်ပေးလာသည်။
“အစစ်ပဲ”
ဝမ်ချောင်က အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ ရတနာမြေပုံကို ယူလိုက်သည်။ အလားတူစွာပင် အဖြူရောင် အစက်များက ရောင်ပြန်ဟပ်လျှက် ပေါ်လာသည်။
ရတနာမြေပုံ နှစ်ခုလုံးက စစ်မှန်လေသည်။
ဝမ်ချောင်တို့၏ အဖွဲ့တွင် ရတနာမြေပုံတစ်ခု ရှိထားပြီးသားဖြစ်သည်။ ထိုနှစ်ခုနှင့် ထပ်ပေါင်းလိုက်သော် သုံးခုရှိသွားလေပြီ။ နောက်ထပ် သုံးခုခန့် ရမည်ဆိုလျှင် မူလအမရအရှင်၏ ရတနာသိုက်သို့ သွားသော မြေပုံက ပြီးပြည့်စုံသွားလေပြီ။
“အံ့ဩစရာပဲ။ ငါတို့ မူလအမရအရှင်ရဲ့ ရတနာသိုက်ကို ဖွင့်နိုင်တော့မယ်ထင်တယ်”
ဝမ်ချောင်က တိတ်တဆိတ် မှတ်ချက်ချသည်။
ကိစ္စများက မျှော်လင့်ထားသည်ထက် ချောမွေ့လွန်းစွာ ဖြစ်သွားသည်။ အဆုံးသတ်လေးခု သိုင်းအရှင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့က သာမာန်သူများ မနှိုင်းယှဉ်နိုင်သည့် လုပ်ရဲကိုင်ရဲသောစိတ်မျိုး ရှိသည်။ အခြားသောသူများက သူတို့၏ ရတနာမြေပုံကို အသတ်ခံရမည်ဆိုလျှင်ပင် မပေးတတ်ချေ။
သို့သော် သူဟာ ခေါင်းမော့လိုက်ရုံနှင့် ရုတ်တရက် သူ၏ကိုယ်ပေါ်သို့ ဆိုးယုတ်သောအကြည့်က ရောက်ရှိနေကြောင်း သိလိုက်သည်။
“ကောင်လေး ငါအဲ့ဒီပုလဲကို ကြည့်လို့ရလား”
ယင်နက်ဘိုးဘေးက ရုတ်တရက် ဆိုးယုတ်သောအသံဖြင့် လှမ်းပြောသည်။
သူဟာ အတက်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း ဝမ်ချောင်ကမူ သူ၏မျက်လုံးထဲမှ လောဘများကို မြင်လိုက်သည်။
“ဒါပေါ့... မရဘူး”
ဝမ်ချောင်က ပြုံးရင်း ထိုပုလဲကိုပြန်သိမ်းလိုက်သည်။ ယင်နက်ဘိုးဘေး၏ မျက်နှာက တင်းမာသွားသည်။
ဝမ်ချောင်၏မျက်နှာက အထင်သေးမှုများနှင့် တောက်ပလာသည်။ သူသည် အကြောက်အလန့် မဲ့သည်။ သိုင်းပညာလောကမှ တိုင်တန်တစ်ယောက်ဖြစ်သော ယင်နက်ဘိုးဘေး၏ အရှေ့တွင်ပင် ကြောက်ရွံ့ခြင်းမရှိပေ။
“ယင်နက်ဘိုးဘေး ဘယ်သူကမှ အလကားနေရင်း အကျိုးအမြတ် မရနိုင်ဘူး။ ဒီတစ်ကြိမ် အနောက်မြောက်ပိုင်းကို ရောက်လာတဲ့လူတိုင်းက ရည်ရွယ်ချက် တူညီမှု ရှိနေကြပြီးသား။ မင်းက မိစ္ဆာဧကရာဇ်ကို ကိုင်တွယ်ဖို့ အနောက်မြောက်ပိုင်းမှာ ပေါ်လာခဲ့တယ်လို့တော့ ငါမယုံဘူး။ ငါ့ရဲ့ခန့်မှန်းမှုသာ မှန်မယ်ဆိုရင် မင်းမှာ ရတနာမြေပုံ တစ်ပိုင်းရှိနေလိမ့်မယ်”
အဆုံးသတ်လေးခု သိုင်းအရှင်က တဖန်ထပ်ပြောသည်။ ထိုသို့ဖြင့် ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်ကို တစ်ခါတည်း ဆွဲသွင်းလိုက်သည်။
အခြားသော တစ်နေရာတွင်ဆိုလျှင် အကြောင်းပြချက်တစ်ခု ရှာကောင်းရှာ၍ ရလောက်သည်။ သို့သော် သိုင်းပညာလောကမှ တိုင်တန်ကြီးတိုင်းက အနောက်မြောက်ပိုင်းတွင် ပေါ်လာခဲ့သည်။ ထို့ပြင် မူလအမရသိုင်းက ရှိနေသော နေရာမျိုးတွင်ဖြစ်နေသည်။ ထို့ကြောင့် ထိုလူများတွင်လည်း မြေပုံ ရှိနေရပေမည်။
“အဆုံးသတ်လေးခု သိုင်းအရှင် ပေါက်ကရတွေ မပြောနဲ့။ ငါတို့ ဘိုးဘေးငါးယောက် မဟာမိတ်မှာ အဲ့ဒီလိုမြေပုံမျိုး မရှိဘူး”
ယင်နက်ဘိုးဘေးက ချက်ချင်းလိုလို ပြန်လည်ငြင်းခုံလေသည်။ သို့သော် သူဟာ ပြောပြီးသည်နှင့် စာလိပ်တစ်လိပ်က လေထဲသို့ မြောက်တက်သွားသည်။
“ရတနာမြေပုံကိုယူလိုက်”
ယင်နက်ဘိုးဘေးက ဒေါသထွက်သွားသည်။ သို့သော် သူဟာ ကျိန်ဆဲပြီး ပြောဆိုတော့မည့် အချိန်တွင်ပင် ပြောလိုက်သောသူကို နားလည်လိုက်ပြီး ချက်ချင်းလိုလို စကားကို ပြန်ရုတ်လိုက်သည်။
အရိုးနတ်ဆိုးဘိုးဘေး
“လာဝူ ခံစားချက်အတိုင်း စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိစေနဲ့။ ငါတို့က မူလအမရ ရတနာသိုက်ကို ဖွင့်နိုင်သမျှ မူလအမရသိုင်းကို မရနိုင်မှာကို ဘာလို့စိုးရိမ်နေတာလဲ”
အရိုးနတ်ဆိုးဘိုးဘေး၏ လေသံတိုးတိုးက သူ၏နားနားကပ်လျှက် ပေါ်ထွက်လာ၏။
ယင်နက်ဘိုးဘေးသည် ဘိုးဘေးငါးယောက် မဟာမိတ်၏ ဗျူဟာပညာရှင်ဟု လူသိများသော်လည်း အာဏာအရယှဉ်သော် အရိုးနတ်ဆိုးဘိုးဘေးက သူ၏အထက်တွင်ဖြစ်သည်။ အနောက်မြောက်ပိုင်းသို့ ရောက်လာခဲ့သည့် ခရီးကလည်း တစ်ဖက်သူ၏ အကြံကြောင့်ဖြစ်သည်။
“ဟုတ်ကဲ့ အစ်ကို (၂)”
ယင်နက်ဘိုးဘေးက ချက်ချင်းဆိုသလို ခေါင်းညိမ့်လိုက်သည်။ သူသည် စကားဆက်မပြောတော့ပေ။