အခန်း (၁၄၄၆-၁၄၅၀)
Vol. 86 Ch. 1446-1450
အခန်း(၁၄၄၆)
ဝမ်ချောင်နှင့် သူ၏အကြီးအကဲ နှစ်ယောက်က သူတို့၏ အဆင့်လွန်သိုင်း သုံးမျိုးကို ထုတ်သုံးလိုက်ပြီးနောက် သူတို့သည် လုံခြုံသော နယ်မြေတစ်ခုကို ဖန်တီးလိုက်နိုင်သည်။ သူတို့ဟာ ဒုံးကျည်ပစ်လွှတ်လိုက်သကဲ့သို့ လေထဲသို့ မြောက်တက်နေသေးသည့်တိုင်အောင် ဒဏ်ရာမရသွားခဲ့ချေ။
သို့ရာတွင် ထိုသုံးယောက်က အလွန်အမင်း အင်အားကြီးမားလွန်းသည့်အတွက် တခဏခန့် ကြာပြီးရုံနှင့် ထိုသုံးယောက်က ပေတစ်သောင်းအမြင့်သို့ တက်သွားသည်။
“အား”
သူတို့၏နားထဲတွင် အော်ဟစ်သံများက ပဲ့တင်ထပ်လာသည်။ ဝမ်ချောင်တို့၏ အဖွဲ့က အပေါ်ဘက်သို့ မြောက်တက်သွားခဲ့ချိန်တွင် ထိုစွမ်းအင်မုန်တိုင်းဖြင့် ရိုက်မိသော မရေမတွက်နိုင်သည့် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက ဆိုးရွားသော အခြေအနေကို ကြုံတွေ့ရသည်။ ထိုထဲမှ အချို့က ရိုးရှင်းစွာပင် သေဆုံးသွားခဲ့သည်။ အခြားသော သူများကမူ အနောက်ဘက်သို့ ဆက်လွင့်သွားပြီး ထိုကံကြမ္မာကို ရှောင်ရှားနိုင်ခဲ့သည်။
“အနောက်က သတ္ထုဓားသွားတွေကို သတိထားကြည့်ဦး”
အထိတ်တလန့် အော်သံက ထွက်လာပြန်သည်။ စွမ်းအင်မုန်တိုင်းက သူတို့အဖွဲ့အား သတ္ထုဓားသွားများ ရှိရာနေရာသို့ ပြန်ပို့လိုက်သည်။
သူတို့သည်လည်း ထိုသတ္ထုဓားသွားများက လေထဲတွင် မျောလွင့်နေကြောင်း သတိထားမိသည်။ မှေးမှိန်သော အလင်းများကို ထုတ်လွှတ်နေပြီး အေးစက်သော အလင်းများက သူတို့၏ အရိုးများအား စိမ့်တက်သွားစေလေရာ သူတို့၏ခေါင်းများကို ကြီးသွားစေသည်။ ဟန်အမူအရာကို ထိန်းနိုင်သောလူက ဝမ်ချောင်ဖြစ်သည်။
ဆယ်မီတာလိုနေတုန်းပဲ။ ငါတို့ သတ္ထုမုန်တိုင်းကိုတော့ မထွက်လာစေပါဘူး။
ထိုအခြေအနေက အလွန်အမင်း အန္တရာယ်များသော်လည်း ဝမ်ချောင်ကမူ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သူ၏မျက်လုံးက မှိတ်တုပ်မှိတ်တုပ် လင်းလက်လျှက် အကြားမှ အကွာအဝေးကို ခြားလိုက်သည်။
အမှန်တကယ် အန္တရာယ်များသည်ဟု ထင်ရသောနေရာက အန္တရာယ်ရှိပုံ မပေါ်တော့ချေ။
“ချောင်အာ သတိထား”
“ဒီစွမ်းအင်မုန်တိုင်းက ပျောက်တော့မှာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်သော လေသံဖြင့်ပြောသည်။ ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။
ထိုစွမ်းအင်မုန်တိုင်းနှင့် သတ္ထုမုန်တိုင်းတို့ကသာ ထိုတွင်းထဲမှအန္တရာယ်များမဟုတ်ချေ။ နောက်ထပ် မမြင်ရသော အန္တရာယ်တစ်မျိုးက ချောင်းမြောင်းနေသေးသည်။ ထိုအရာက မမြင်ရသည့်တိုင်အောင် စွမ်းအားကြီးမားပြီး ကြယ်တာရာစွမ်းအင်များကို ပစ်မှတ်ထားသည်။
ဝုန်း
တခဏခန့်ကြာပြီးနောက် သတ္ထုမုန်တိုင်းနှင့် ဆယ်မီတာခန့်သာ ဝေးကွာတော့သော အချိန်တွင် စွမ်းအင်မုန်တိုင်းက လုံးဝပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲတွင်ပင် အနက်ရောင်တွင်းပေါက်ကဲ့သို့ အရာမျိုးက ပေါ်ထွက်လာလေပြီး သူတို့သုံးယောက်ကို လှမ်းဆွဲလိုက်သည်။ စက္ကန့်အနည်းငယ်ထဲနှင့် ယခင်ထက် အဆပေါင်းများစွာ ပြင်းထန်သော အရှိန်နှုန်းဖြင့် အောက်ဘက်သို့ ထိုးကျသည်။
သူတို့သုံးယောက်ကလည်း ထိုစွမ်းအားကြောင့် လူစုကွဲသွားသည်။
ပို၍ပင် အံ့အားသင့်စေသည်မှာ သူတို့သုံးယောက်ကို ပြင်းထန်လွန်းသော ဆွဲစုပ်အားဖြင့် သက်ရောက်သွားပြီး မတူညီသော ဦးတည်ရာဘက် တစ်ခုစီသို့ ပျံ့သွားခဲ့ခြင်းဖြစ်သည်။
“ဆရာ”
ဝမ်ချောင်က ရုတ်တရက် အပြောင်းအလဲကြောင့် အငိုက်မိသွားသည်။
ဝုန်း
သူသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်သော စွမ်းအင်များကို လွှတ်ထုတ်လျှက် ဝူရှန်းရွာသူကြီး၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ရှိရာဘက်သို့ ပို့လွှတ်လိုက်သေးသည်။
သို့သော် ထိုစွမ်းအင်က အရှေ့ဘက်သို့ ပျံ့နှံ့သွားသည့် အချိန်တွင် သောင်းပေါင်းများစွာသော မတူညီသည့် အမျှင်များအသွင် ပြောင်းလဲကာ လေထဲသို့ ဝင်ရောက်ပြီး တကွဲတပြားစီဖြစ်ကာ ပျောက်ကွယ်သွားလေသည်။
ဝမ်ချောင်က မြောက်များလွန်းသော စွမ်းအင်များကို လွှတ်ထုတ်လိုက်သေးသော်လည်း ထိုတွင်းပေါက်ကဲ့သို့ ဖြစ်နေသော စွမ်းအားများ၏ အရှေ့တွင် အကန့်အသတ်မဲသော အောက်ခြေထဲသို့ ပို့လွှတ်လိုက်သလိုမျိုး သက်ရောက်မှုမရှိတော့ချေ။
ထိုအခါမှသာ ဝမ်ချောင်သည်လည်း ထိုဖောက်ခွဲမှုစွမ်းအား ပြင်းထန်လွန်းသော ဆွဲစုပ်အားကြီးတစ်ရပ်က မတူညီသော စွမ်းအင်အမျိုးအစား သောင်းကျော်ဖြင့် ဖန်တီးထားကြောင်း သိလိုက်ရလေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ အနားသို့ မကပ်သွားနိုင်သည့်အပြင် ပို၍ပင် ဝေးသထက် ဝေးသွားသေးလေသည်။
မီတာသုံးရာ၊ မီတာလေးရာ၊ မီတာငါးရာ... သူတို့ကြားရှိ အကွာအဝေးက သိသာထင်ရှားသွားသည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် လျှင်မြန်စွာဖြင့် အောက်ဘက်သို့ ထိုးကျနေသည်။ ထိုသို့ဖြင့် မီတာနှစ်ထောင်၊ မီတာသုံးထောင်အထိ ရောက်လေပြီး အောက်ဆုံးသို့ပင် ပြုတ်ကျသွားသေးသည်။
“ဒါ...”
ထိုအချိန်တွင် ဝမ်ချောင်သည် တွင်းအောက်ခြေနားရှိ ချောမွေ့သောနံရံတွင် အနက်ရောင်ဂူ သောင်းကျော် ရှိနေကြောင်း ရုတ်တရက် မြင်လိုက်ရသည်။
ခြိမ်း
ကြောက်စရာကောင်းပြီး အင်အားကြီးမားသော ဆွဲစုပ်အားတစ်ရပ်က ထိုဂူများထဲမှ တစ်ဂူထံမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဝမ်ချောင်ကို ချက်ချင်းဆွဲသွင်းသွားသည်။
ဘုန်း ဘုန်း ဘုန်း
ထိုသို့ဆွဲသွင်းသွားသော အားက ကြောက်စရာ ကောင်းလွန်းသဖြင့် ဝမ်ချောင်ကပင် စက္ကန့်အနည်းငယ်အတွင်း မီတာထောင်ပေါင်းများစွာအထိ ရောက်အောင် ဆွဲသွင်းခံရသည်။ သူဟာ ဂူထဲသို့ ဆွဲသွင်းခံရပြီးပြီးချင်း ဝမ်ချောင်သည်လည်း မတူညီသော လောကတစ်ခုအတွင်းသို့ ဝင်ရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူဟာ စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ကြည့်လိုက်ချိန်တွင် သူဝင်သွားခဲ့သောဂူက အခြားသောဂူများနှင့် ဆက်သွယ်ထားကြောင်း မြင်လိုက်ရသည်။ ဂူတစ်ဂူချင်းစီတိုင်းက အလားတူ အနက်ရောင်ဂူ ဆယ်ဂူကျော် ခွဲထုတ်ထားသေးသည်။
ဝမ်ချောင်ကို ဆွဲသွင်းသွားပြီးသည်နှင့် ဝမ်ချောင်ဟာ ဂူရာကျော် ဖြတ်သန်းသွားရသလို ခံစားလိုက်ရသည်။ ထိုဂူများအားလုံးက အချင်းချင်း ဆက်နေသည်။ သို့သော် လမ်းကြောင်းကွဲထွက်နေသလို ခံစားရသေးပြန်၏။ ဝမ်ချောင်ဟာ ဒီတစ်ကြိမ်တွင် ဂူသောင်းကျော်ကို အာရုံခံမိလိုက်သည်။ သူကဲ့သို့ စွမ်းအင်များရှိသော လူမျိုးကပင် စိတ်ရှုပ်သွားရသည်။
ဝုန်း
သူဟာ တွေးတောရန် အချိန်မရှိတော့သည့်အလျောက် အောက်ဘက်ကိုသာ လက်သီးဖြင့်ထိုးလိုက်သည်။ တစ်ချိန်ထဲတွင်ပင် စိတ်စွမ်းအားများကိုလည်း သူ၏အရှေ့မှ ဂူတစ်ဂူထဲသို့ ပို့လွှတ်လိုက်သည်။ သူလာခဲ့သော နေရာကို ရှာနိုင်မှသာ သူသည် ဝူရှန်းရွာသူကြီးနှင့် ဆရာဖြစ်သူနှင့် ပြန်ဆုံနိုင်ပေလိမ့်မည်။ အင်အားကြီးမားသော စွမ်းအင်တစ်ရပ်က ဂူထဲမှ သူ၏စိတ်စွမ်းအင်များကို မောင်းထုတ်လိုက်သည်။
ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်နှင့် ဂူနံရံလေးသို့ မကပ်သွားနိုင်သေးခင် ချက်ချင်းလိုလို ပြန်ကန်ထုတ်ခံရသည်။ စိတ်စွမ်းအင်များက နံရံများအနှံ့ ခုန်ပေါက်ကာ ဟိုရောက်ဒီရောက်ဖြစ်ပြီး နောက်မှသာ ဝမ်ချောင်၏စိတ်ထဲ ပြန်ဝင်လာသည်။ ထိုသု့ိမီတာရာပေါင်းများစွာ အကွာအဝေးအနှံ့ သွားလာပြီးသည့်အခါ ဝမ်ချောင်၏စိတ်စွမ်းအင်က ပျက်ပျယ်သွားလုနီးပါး ဖြစ်နေလေပြီ။
သေစမ်း ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုနေရာမျိုးမှာ စိတ်စွမ်းအင် စည်းတံဆိပ်က ရှိနေရတာလဲ။
ဝမ်ချောင်သည် အဖြစ်အပျက်ကို တအံ့တဩ နားလည်လိုက်သည်။
စိတ်စွမ်းအင်သည် ပြိုင်ဘက်မကင်းချေ။ ထူးခြားသော စိတ်စွမ်းအင် စည်းတံဆိပ်များလည်း တည်ရှိလေပြီး စိတ်စွမ်းအင်များကို ကျင့်ကြံသောသူများအား တားမြစ်နိုင်သေးသည်။ အာရပ်စိတ်စွမ်းအား ကျင့်ကြံသူ မာစီက ထိုအကြောင်းကိုသိသည်။ ဝမ်ချောင်က သူ၏မှတ်ဉာဏ်များကို ရှာဖွေပြီးကတည်းက ထိုအကြောင်းအရာကို သိနေသည်။
သို့သော် ထိုမျှကြီးမားလွန်းသော စိတ်စွမ်းအင် စည်းတံဆိပ်ပေါင်း များစွာက လိုအပ်ချက်ပေါင်း များစွာလည်းရှိပြီး ကာလကြာရှည်စွာ လိုအပ်သလို တစ်ယောက်တည်းက လုပ်၍လည်း မရနိုင်ချေ။ ပို၍အရေးကြီးသည်မှာ ...
ထိုစွမ်းအင်စည်းတံဆိပ်ကို အသုံးပြုခဲ့သောလူက အလွန်အမင်း အင်အားကြီးမားလွန်းသော စိတ်စွမ်းအား ကျင့်ကြံသူ ဖြစ်နေရပေမည်။
ဘန်း
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ ညာဘက်လက်သီးက မြေပြင်ကို ထိုးလိုက်သောအခါ ကျောက်စရစ်ခဲများက မိုးအလား ရွာသွန်းပြီး မီတာရာပေါင်းများစွာ နက်သော တွင်းတစ်တွင်း ပေါ်လာသည်။ နောက်ဆုံးတွင် ပြင်းထန်သော အားကတစ်ဆင့် သူဟာ ပြင်းထန်သည့် ဆွဲစုပ်အားကို တွန်းလှန်လိုက်နိုင်သည်။
ဘန်း
သူ၏ခြေထောက်က မြေပြင်ကို ထိသွားသည်နှင့် ဝမ်ချောင်က ထရပ်လိုက်သည်။ ထိုသို့ရပ်လိုက်ရုံဖြင့် ကြယ်တာရာစွမ်းအင်များကို မြေကြီးထဲသို့ ပို့လွှတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းကာ ခန္ဓာကိုယ်တွင်း ဆွဲကပ်လိုက်ရသည်။
“ဒါက ဘယ်နေရာလဲ”
ဝမ်ချောင်ဟာ မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏အရှေ့က ပိန်းပိတ်အောင် မည်းမှောင်နေသေးသည်။ သူ၏အာရုံခံနိုင်စွမ်းအားများကပင် သူနှင့် ပေတစ်ဆယ်ကျော် ဝန်းကျင်ကိုသာ မြင်နိုင်လေသည်။ သို့သော် ထိုအခြေအနေကတင် ဝမ်ချောင်အား လက်ရှိအခြေအနေကို နားလည်ရန် လုံလောက်စေသည်။
သူသည် ကြီးမားသော ပင့်ကူအိမ်ကြီးက အမျှင်များဖြန့်ထားသလိုမျိုး အမျိုးမျိုးသော ဂူပေါင်းများစွာကို ပိုက်ကွန်တစ်ခုလိုမျိုး စုစည်းထားသည့် နေရာတစ်မျိုးပင် ရှိနေသည်။ ထို့ကြောင့် နေရောင်မရှိသော မြေအောက်လောကအတွင်းမှ မျက်နှာပြင်အထိ မီတာ(၁၆၀၀၀)၊ မှ (၁၇၀၀၀)အထိ အဝေးတွင် ဖြစ်လောက်သည်။
အရာအားလုံးကို မသိရသလို လျို့ဝှက်ဆန်းကြယ်နေသေးသည်။
ဂူထဲတွင် ရပ်နေသော ဝမ်ချောင်ကလည်း ကြီးမားသော ပင့်ကူအိမ်ထဲတွင် မိနေသော သေးငယ်သည့် ပိုးကောင်တစ်ကောင်လို ခံစားလိုက်ရသည်။
“မဟုတ်သေးဘူး ငါဆရာနဲ့ အမြန်ဆုံး ပြန်တွေ့ရမယ်”
ဝမ်ချောင်က ချက်ချင်းလိုလို စတင်ကာ လှုပ်ရှားသည်။ မြေအောက် ထိုအနက်ပိုင်းက လုပ်ကြံသတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့သုံးယောက်က အတူရှိမှသာ အချင်းချင်း ကူညီနိုင်ပေလိမ့်မည်။
“အား”
ရုတ်တရက် အထက်မှ စူးရှသော အော်သံက ထွက်လာသည်။ တစ်စက္ကန်သာ ကြာသေးသည်။ ဝမ်ချောင်က ကျယ်လောင်သော ဟိန်းသံကြီးကို ကျားရသည်။
ဝေါင်း
ထိုဟိန်းသံက အမှောင်လောကအတွင်း ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်၏ မျက်လုံးက လက်သွားပြီး သူ၏ခြေထောက်က ရုတ်တရက် ရပ်သွားသည်။ ထို့နောက် မည်သည့်အသံမှ မကြားရတော့ဘဲ ထိုဟိန်းသံ၏ ဟိန်းထွက်လာသော အသံများကသာ ဂူနံရံများအနှံ့ အဆုံးအစမဲ့လောက်အောင် ပဲ့တင်ထပ်နေသည်။
ထိုသို့ဖြင့် သူ၏စိတ်အခြေအနေက ထူးဆန်းသွားပြီး နားလည်ရခက်သွားသည်။
ဝမ်ချောင်က လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေပြီး မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဦးနှောက်အတွင်း ဖြတ်ပြေးသည်။
“အာ”
အရာအားလုံး တည်ငြိမ်သွားပြီး အရှေ့ဘက်မှလာသော အော်သံက ပုံရိပ်ယောင်အလား ဖြစ်သွားခဲ့ပြီးနောက်တွင် နောက်ထပ် အော်သံတစ်ရပ်က ပျံ့နှံ့လာပြန်သည်။ ဝမ်ချောင်၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ သူဟာ အော်သံလာရာဘက်သို့ပြေးသည်။
ဝေါင်း
နောက်ထပ် ရက်စက်ပြီး ကြမ်းတမ်းသော ဟိန်းသံကြီးက ဂူအတွင်းဘက်တွင် ထွက်လာပြန်သည်။ မီးတောက် ဖြတ်ကနဲ လက်ပြီးရုံနှင့် ဟိန်းသံနှင့် အော်သံက ရုတ်ချည်းရပ်သွားသည်။
“သေစမ်း ဒါကဘာလဲ”
တည်ကြည်သောမျက်နှာထားနှင့် ဝမ်ချောင်က မီးတောက်ထွက်လာရာဘက်သို့ ခုန်ဝင်သွားသည်။
ထိုဂူပိုက်ကွန်ကြီးက မီတာ(၆၀၀၀) မှ (၁၇၀၀၀) ခန့်အနက်တွင် ဖြစ်သည်။ လေထုက အလွန်အမင်း ပါးလျနေလေပြီး လမ်းကြောင်ကလည်း အန္တရာယ်များ ပြည့်နှက်နေသေးသည်။ ထို့ကြောင့် ထိုနေရာသို့ ရောက်လာသော မည်သူကမဆို အလွန်အမင်း အင်အားကြီးမားသော ကျွမ်းကျင်ပညာရှင် ဖြစ်ရပေမည်။ အနည်းဆုံး အင်ပါယာသိုင်းနယ်မြေ အဆင့်တွင်ဖြစ်သည်။
ဝမ်ချောင်သည်လည်း မည်သည့် မကောင်းဆိုးဝါးမျိုးက ထိုအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်မျိုးကို ခြိမ်းခြောက်နိုင်ကြောင်း သိလိုသည်။
ဝှစ်
အလင်းက တစ်ချက်လက်ပြီးနောက် ဝမ်ချောင်က ထိုဖြစ်ရပ်ရှိရာ နေရာသို့ ရောက်သွားသည်။
ထိုနေရာတွင် ပိန်းပိတ်အောင် မည်းမှောင်သော ဂူကြီးရှိနေသည်။ တောက်ပလွန်းသော အနီရောင် အလင်းကလည်း ပျောက်ကွယ်သွားပြီးလေပြီ။ သို့ရာတွင် လေနှင့် ဂူနံရံများက ပြင်းထန်သော အပူကို လွှတ်ထုတ်နေသေးသည်။
ဝမ်ချောင်ကလည်း ပတ်ဝန်းကျင်နံရံများက ပြောင်လက်နေကြောင်း မြင်လိုက်သည်။ မြေပြင်တွင်မူ ပိန်းပိတ်အောင် မည်းမှောင်သော အလောင်းကြီးရှိနေသည်။
ထိုအလောင်း၏ပုံစံကို မမှတ်မိနိုင်တော့ချေ။ သူ၏အဝတ်အစား၊ ဆံပင်၊ ကြွက်သားနှင့် သွေးများအားလုံးက ပြာအဖြစ် လောင်ကျွမ်းခံထားရသည်။ မည်းတူးနေသော အရိုးခြောက်ကြီးနှင့် အလွန်ထက်သော ဓားတစ်လက်သာ ကျန်ရစ်သည်။ လျို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါးက ပျောက်သွားလေပြီ။
ဝမ်ချောင်က အလောင်းဘေးနားတွင် ရပ်နေသည်။ သူ၏မျက်လုံးများက ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းနေ၏။
ထိုအော်သံနှင့်အတူ ရောက်နေသော နေရာအကြား စက္ကန့်အနည်းငယ်ခန့်သာကြာသည်။ ထိုအချိန်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်က အသတ်ခံရပြီးသဖြင့် မကောင်းဆိုးဝါးကလည်း ဝမ်ချောင် သတိမထားမိခင် ထွက်ပြေးသွားနိုင်ခဲ့သည်။
ဆိုတော့ ဘာကဒီလောက်ထိ မြန်နိုင်တာလဲ။
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်ကြည့်သည်။ သူ၏မျက်နှာထားက တင်းမာသွားသည်။
ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ကျားသစ်... ထိုလူများက သာမာန်လူများ၏ မျက်လုံးထဲတွင်သာ ကြမ်းတမ်းသော သားရဲဖြစ်သည်။ သိသာစွာပင် မြေအောက်အနက်တွင် ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ ထိုမကောင်းဆိုးဝါးက သာမာန်သတ္တဝါ မဟုတ်နိုင်ချေ။
“အား”
ဝမ်ချောင်က တွေးတောနေချိန် နောက်ထပ် အော်သံက အခြားသော ဦးတည်ရာဘက် တစ်ခုမှ ထွက်လာသည်။
ဝမ်ချောင်က ချက်ချင်းခုန်ထွက်သွားသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် အငမ်းမရ အသက်ရှုနေသော ကြောက်လန့်နေသည့် အသံကိုကြားရသည်။
“ကယ်ပါ ကယ်ပါ ငါ့ကိုကယ်ပါ”
ထိုသိုင်းပညာရှင်က ဝမ်ချောင်၏ ဘယ်ဘက်လက်ဘက်ခြမ်းမှ ယိုင်နဲ့ကာထွက်လာပြီး ဝမ်ချောင်ရှိရာဘက်သို့ ကမူးရှုးထိုး ပြေးလာလေသည်။
++++
အခန်း(၁၄၄၇)
ထိုသိုင်းပညာရှင်၏ အသက်ရှုနှုန်းက အလွန်အမင်း မြန်ဆန်နေကာ ဘယ်ဘက်လက်မောင်းက ဘေးဘက်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ကျနေသည်။ သူဟာ ရှင်းလင်းစွာပင် ဒဏ်ရာရထားသည်။
ထိုမြေအောက်ဂူများ၏ ဆွဲစုပ်အားက ပြင်းထန်လွန်းအားကြီးသည်။ ထို့ကြောင့် ဝမ်ချောင်ဘေးမှ သိုင်းပညာရှင် အများစုကလည်း ရှုပ်ထွေးသောဂူဝန်းကျင်အတွင်းသို့ ဆွဲစုပ်ခံခဲ့ရလေသည်။
ဝုန်း
ဝမ်ချောင်က တစ်စက္ကန့်ပင် မတွေးတောလေဘဲ ထိုယိုင်နဲ့နေသော သိုင်းပညာရှင်ထံသို့ အပြေးသွားလိုက်သည်။ ထိုသိုင်းပညာရှင်ကလည်း ဝမ်ချောင်၏ အရှိန်အဝါကို အာရုံခံမိလိုက်ပြီး ဝမ်ချောင်ရှိရာဘက်သို့ အပြေးလာသည်။
သို့သော် သူက ခြေလှမ်းအနည်းငယ် မလှမ်းနိုင်သေးခင် ကောင်းကင်ကိုပင် တုန်ခါစေသည့် ဟိန်းသံကြီးက ပဲ့တင်ထပ်လာသည်။ ထို့နောက် ကြီးမားလွန်းသော သတ္တဝါကြီးတစ်ကောင်က ထိုသိုင်းပညာရှင်၏ အနောက်ဘက်တွင် ပေါ်လာသည်။ ထိုသတ္တဝါကြီး၏ ကိုယ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ကောင်းမွန်လွန်းသော စွမ်းအားများက ပေါ်ထွက်နေလေသည်။
ခလွက်
ကြီးမားပြီး သွေးလွှမ်းနေသော ပါးစပ်ကြီးက ပွင့်ထွက်သွားပြီး သိုင်းပညာရှင်ကို လှမ်းကိုက်လိုက်သည်။ သူ၏ချွန်ထက်သော သွားတစ်ချောင်းချင်းစီတိုင်းက နှစ်ပေသုံးပေခန့် ရှည်သည်။ ထိုသွားများက သိုင်းပညာရှင်ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“အား”
“ငါ့ကိုကယ်ပါ”
သိုင်းပညာရှင်၏ မျက်လုံးများက ပြူးကျယ်နေပြီး ကြောက်လန့်မှုများ၊ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေလေသည်။
ဝေါင်း
ကျယ်လောင်လွန်းသော ဟိန်းသံကြီးနှင့်အတူ ထိုကြီးမားသော သတ္တဝါကြီးက ထိုသိုင်းပညာရှင်ကို ဒရွတ်တိုက်ဆွဲ၍ အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“သေစမ်း”
ဝမ်ချောင်သည်လည်း ချက်ချင်းဆိုသလို လက်ဝါးတစ်ချက်ကို ပို့လွှတ်လိုက်ပြီး ကြယ်တာရာစွမ်းအင် အားလှိုင်းများကို ဟိန်းဟောက်သွားစေလျှက် ဝင်ရောက်သွားစေသည်။
ဝုန်း
မြေပြင်က ကွဲထွက်သွားပြီး ဖုန်များက အနည်ထိုင်သွားသောအခါ မကောင်းဆိုးဝါးကြီးက ပျောက်သွားသည်။
“တကယ်ပဲဒါက ဘာလဲ”
ဝမ်ချောင်၏ အမူအရာက တင်းမာနေသည်။ သူ၏နှလုံးသားကလည်း လေးလံနေ၏။ ထိုသတ္တဝါမျိုးက ဒီလောကတွင် ပုံမှန်အားဖြင့် မတည်ရှိသင့်ပေ။ မည်သည့်သတ္တဝါကမှ ထိုမျှနက်သော မြေအောက်တွင် မနေနိုင်သလို ဝမ်ချောင်၏ တိုက်ခိုက်မှုကို မရှောင်နိုင်သင့်ပေ။
ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်တွင် သူဟာ ခပ်ပေါ့ပေါ့ ခြေတစ်လှမ်း လှမ်းလိုက်မည်ဆိုလျှင်ပင် သူ၏ပြိုင်ဘက်က သူ့ထံမှ အလွယ်တကူ ထွက်မပြေးနိုင်လောက်အောင် အင်အားကြီးမားနေခဲ့ပြီးသား ဖြစ်သည်။ သို့သော် မကောင်းဆိုးဝါး၏ အရှိန်နှုန်းက ရိုးရှင်းစွာပင် မြန်ဆန်လွန်းသည်။
သူ၏ပတ်ဝန်းကျင်က တဖန်ပြန်လည်ပြီး တည်ငြိမ်ကာ တိတ်ဆိတ်သွားပြန်သည်။ သို့သော် လေထုအတွင်းတွင် အန္တရာယ်များသော အရိပ်အယောင်များက လှိုင်းထနေသည်။
ဝမ်ချောင်က သတိမမဲ့ရဲချေ။ သူက သူ၏အရှိန်အဝါကို အတက်နိုင်ဆုံး ချုပ်ထိန်းလိုက်သည်။ သို့သော် ရုတ်တရက် သတိပေးချက် အလျဉ်းမရှိလေဘဲ သူ၏ အန္တရာယ်အပေါ် အာရုံခံနိုင်စွမ်းအားများက ဆတိုးမြင့်မားသွားသည်။
ဝေါင်း
ရင်းနှီးကျွမ်းဝင်သော အသံက ထပ်ထွက်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူ၏အနောက်ဘက်မှလာသည်။
ဘန်း
ဝမ်ချောင်က ချက်ချင်းဆိုသလို တစ်ဖက်သို့လှည့်လိုက်ကာ အနောက်ဘက်သို့ ခုန်ဝင်လိုက်ပြီး သူ၏လက်ဖဝါးကို ကြယ်တာရာစွမ်းအင် အဆပေါင်းများစွာနှင့် ပေါင်းစပ်၍ ကြီးမားလွန်းသည့် သတ္တဝါကြီးကို ရိုက်ချသည်။
ဘန်း ဘန်း
ဝုန်း
လက်ဝါးနှစ်ဖက်ကို ရိုက်ချလိုက်ပြီးသည်နှင့် ဖော်ပြရန်ခက်ခဲလောက်အောင် တင်းမာပြီး မာကြောသော အားတစ်ရပ်က တွန်းပို့လိုက်သလို ခံစားလိုက်ရသည်။ ဝမ်ချောင်သည်လည်း အလွန်ခိုင်မာသည့် မြို့ရိုးနံရံကို ရိုက်မိလိုက်သလို ခံစားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် ထိုစွမ်းအင်များက ဝမ်ချောင်ထံ ပြန်လှည့်ဝင်လာသည်။
ခြိမ်း
ကြီးမားလွန်းသော စွမ်းအင်များက ဝမ်ချောင်အား တဖြောင့်တည်း နောက်သို့ လွင့်ထွက်သွားစေသည်။ သူ၏မြေက မြေပြင်တွင် မြောင်းရာကြီးနှစ်ချောင်းကို ဖြစ်ပေါ်နေစေသည်။ ဝမ်ချောင်သည် ပထမဦးဆုံး အကြိမ်အဖြစ် သန့်စင်သော စွမ်းအားသီးသန့်ဖြင့် သူ့ကိုဖိနှိပ်နိုင်သော တည်ရှိမှုကို ရှာတွေ့လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ ထိုမကောင်းဆိုးဝါးကြီး၏ ပုံသဏ္ဍန် အစစ်အမှန်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီဖြစ်သည်။
ရက်စက်ကြမ်းတမ်းပြီး ကြီးမားသည့် သတ္တဝါကြီးက နွားထီးနှင့်ခြင်္သေ့ ပေါင်းစပ်ထားသလို ထူးဆန်းသည့် ပုံသဏ္ဍန်မျိုးဖြစ်သည်။ သူ၏ခေါင်းထက်မှ ရှည်လျားသော ဂျိုကြီးက ပေါက်နေလေပြီး သူ၏ခြေထောက်တွင်လည်း ခွာများရှိသည်။ သူ၏ခန္ဓာကိုယ်က ခြောက်မီတာမှ ခုနှစ်မီတာအထိ မြင့်ပြီး အရှည်ကလည်း တစ်ဆယ်နီးပါးဖြစ်သည်။ သူ၏ ကြမ်းတမ်းသော အရေပြားများက အနက်ရောင်ကြေးခွံများ ပြည့်နှက်နေကာ လူလက်ဖဝါး အရွယ်အစားခန့် ဖြစ်နေလေသည်။
“ဒါကဘယ်လို သတ္တဝါလဲ”
ဝမ်ချောင်၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားသလို သူ၏စိတ်ကလည်း တိုင်းတာရခက်ခဲသည့် အံ့အားသင့်မှုကို လက်ခံရရှိလိုက်သည်။
သူသည် ယခုလောက် ကြောက်စရာကောင်းသော သတ္တဝါက မြေအောက် မီတာ(၁၆၀၀၀)အနက်တွင် ရှင်သန်နေထိုင်နေမည်ဟု မတွေးဖူးချေ။ ထိုသွေးနီရောင်မျက်ဝန်း၊ ရက်စက်ကြမ်းတမ်းကာ ချွန်ထက်သောသွား၊ ကြောက်စရာကောင်းသော စွမ်းအင်များက အထွတ်အထိပ် မဟာဗိုလ်ချုပ်အဆင့်ကို ကျော်လွန်နေလေရာ သူ၏ မျှော်လင့်နိုင်စွမ်းအားများကို ကျော်လွန်နေလေသည်။
“နဂါးသားရဲက နိုးနေလောက်ပြီ”
ဝမ်ချောင်က လျို့ဝှက်ဆန်းကြယ်သော သားရဲကို ရင်ဆိုင်နေချိန်တွင် ဂူအဝတွင်ရပ်နေသော လူများက အောက်ဘက်သို့ ငုံ့ကြည့်နေကြောင်း သတိမထားမိလောက်ပေ။
မူလအမရ ရတနာသိုက်၏ အစောင့်အရှောက်များက အောက်ဘက်သို့ မဆင်းလာခဲ့ချေ။ သူတို့သည် မီတာ(၁၆၀၀၀) မှ (၁၇၀၀၀)ခန့်အထိ အမြင့်ကွာခြားထားသည့်တိုင်အောင် အောက်ဘက်မှ အဖြစ်အပျက်ကို သူတို့လက်ခုံကဲ့သို့ မြင်နိုင်နေပုံပေါ်သည်။
“အရှင် ငါတို့မျှော်လင့်ထားတာထက် သိုင်းပညာရှင် အများကြီး ဝင်သွားကြတာ။ နဂါးသားရဲတွေကလည်း သူတို့ကို ဖြေရှင်းနိုင်ပါ့မလား”
ပုံရိပ်များထဲမှ တစ်ယောက်ကပြောသည်။
“ဟွန်း သိုင်းပညာရှင် ဘယ်လောက်ဝင်သွားဝင်သွား ဘာအရေးကြီးလို့လဲ။ နှစ်ထောင်ကျော်ရှိတဲ့ ရှေးခေတ်ရဲ့ အကြွင်းအကျန် နယ်မြေတစ်ခုမှာ နဂါးသားရဲပဲရှိတာမို့လို့လား”
ခေါင်းဆောင်က မထူးခြားနားသလိုပြောသည်။ သူ၏အမူအရာကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်နေလေသည်။
ဝမ်ချောင်ကသာ ရှိမည်ဆိုလျှင် သူသည်လည်း မှင်သက်သွားလောက်သည်။ ထိုရတနာသိုက်၏ အစောင့်အရှောက် လေသံများအရ ထိုနဂါးသားရဲဟာ အခြားသောခေတ်တစ်ခုမှ တည်ရှိခဲ့သော ရှေးဟောင်းသားရဲကြီး ဖြစ်လောက်သည်။ သာမာန်လူများက ရင်မဆိုင်နိုင်လောက်ပေ။
“နဂါးသားရဲက မြောက်များလွန်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။ သူက အချိန်ကြာလာတာနဲ့ ပိုပြီး အင်အားကြီးမားလာမှာပဲ။ ဒါက မူလအရှင်သခင်ကိုယ်တိုင် မသေခင် ဒီချောက်ကမ်းပါးအတွင်းမှာ အထူူးတလည် ချိတ်ပိတ်ထားခဲ့တဲ့ သားရဲလေ။ သူ့ရဲ့အင်အားက ဒီခေတ်ကို ကျော်လွန်နေခဲ့ပြီးသား။ ဘယ်သိုင်းပညာရှင်ကမှ သူ့ကိုမနိုင်ဘူး”
ခေါင်းဆောင်၏ မျက်လုံးထဲတွင် အဓိပ္ပာယ်ဖော်ရခက်သော အကြည့်မျိုးက ပေါ်ထွက်လာသည်။ သူသည် ဝေးကွာလွန်းသော အတိတ်ကို ပြန်လည်အောက်မေ့ သတိရနေပုံပေါ်သည်။ မူလအမရအရှင်၏ ဆက်ခံသူများထဲမှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် သူသည် ရတနာသိုက်၏ အစောင့်အရှောက်လည်း ဖြစ်ပြီး အကြောင်းအရာ အမြောက်အများကို သိထားပြီး လျို့ဝှက်ချက် အမြောက်အများကိုလည်း သိထားသည်။
သမိုင်း၏ လွှမ်းမိုးမှုအောက်တွင် နစ်မြုပ်သွားခဲ့သော လျို့ဝှက်ချက်ပေါင်းများစွာရှိသည်။ လူမျိုးစု အများစုနှင့် ဖန်တီးမှုအများစုက အချိန်မရွေး ပျောက်ဆုံးသွားကြပြီဖြစ်သည်။ သို့သော် အရာအားလုံးက ပျောက်ဆုံးသွားသည်ဟု မဆိုလိုသေးပေ။ အချို့သော လျို့ဝှက်ချက်များကို ဆက်လက်ပြီး လက်ဆင့်ကမ်းပေးနိုင်သေးသည်။ ထိုသို့ဖြင့် သာမာန်လူများ မသိလောက်သော နေရာမျိုးတွင် တည်ရှိနေကြ၏။
ထိုနဂါးသားရဲများသည်လည်း ကြာရှည်စွာ ချိတ်ပိတ်ခံထားရသော ဝေးကွာလွန်းသောခေတ်မှ ထုတ်ကုန်များဖြစ်သည်။
သူတို့၏ ရက်စက်မှုနှင့် ဆာလောင်မှု၊ ကြမ်းတမ်းမှုများက လက်ရှိခေတ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များအတွက်ပင် အိမ်မက်ဆိုးကဲ့သို့ တည်ရှိမှုမျိုးဖြစ်သည်။
“သူတို့ကို သူတို့ရဲ့လောဘ၊ သူတို့ရဲ့မိုက်မဲမှုနဲ့၊ သူတို့ရဲ့ ရူးသွပ်မှုကြောင့် တန်ကြေးတစ်ခု ပေးဆပ်ခိုင်းလိုက်ရအောင်။ ဒီတစ်ကြိမ်မှာ အားလုံးက အနက်ရှိုင်းဆုံး အဆင့်မှာရှိတဲ့ ကြောက်ရွံ့မှုကို နားလည်လာကြလိမ့်မယ်။ ဒီနေရာကို ဝင်လာတဲ့ ဘယ်သူကမှ အသက်ရှင်မှာမဟုတ်ဘူး”
ခေါင်းဆောင်က ရေရွတ်သည်။ သူ၏မျက်လုံးက ဒေါသများ ပြည့်နှက်လာသည်။
“လုံလောက်ပြီ။ နဂါးဝိညာဉ်သစ်ရွက်တွေ အားလုံးကို ပစ်ချလိုက်တော့။ ငါတို့သူတို့အားလုံးကို နှိုးရမယ်”
ဝှစ်
မူလအမရ အစောင့်အရှောက်များထဲမှ တစ်ယောက်က ရုတ်တရက် သူတို့၏ လက်မောင်းများကို ဖြန့်လိုက်ပြီးနောက် ကျောက်စိမ်းရောင်သစ်ရွက် အပုံလိုက်ကို ချေမွ၍ အောက်ဘက်သို့ ဖြူးချလိုက်သည်။ ထိုသို့ဖြင့် တွင်းပေါက်ကြီးအောက် တောက်လျှောက်လွင့်ကာ ဝင်ရောက်သွားလေသည်။
...
မြေအောက်အနက်ရှိုင်းဆုံးအပိုင်းမှ ဝမ်ချောင်က နဂါးသိုင်း၏ ပြင်းထန်လွန်းသောအားကို တောင့်ခံနိုင်ခဲ့ချိန်တွင် နဂါးသားရဲက ရုတ်တရက် သူ၏ပါးစပ်ကြီးကို ဖြဲလိုက်ပြီး အမှောင်ထုတစ်ခုလုံးကို လင်းထိန်သွားစေသော မီးတောက်ကြီးကို မှုတ်ထုတ်လိုက်သည်။
ထိုမီးတောက်က ဂူထဲတွင် ရေလွှမ်းမိုးသကဲ့သို့ ရုတ်တရက် စိမ့်ဝင်လာပြီး ဝမ်ချောင်ကိုပင် လွှမ်းခြုံရန် ကြိုးစားသည်။
ပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် ဒီဂရီ(၆၀၀၀) မှ (၇၀၀၀)အထိပင် ထိုးတက်သွားသေးသည်။ ထို့နောက် (၁၀၀၀၀)နီးပါးဖြစ်လာသည်။ ဂူနံရံများက ကွဲအက်လျှက် အရည်ပျော်ကျမတက် ဖြစ်လာသည်။ လေထုကိုယ်တိုင်က မီးခိုးများထလာ၏။ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကလည်း ဆက်တိုက်ဆိုသလို လှုပ်ခတ်လာသည်။
“မကောင်းတော့ဘူး”
အလန့်တကြားဖြစ်သွားသော ဝမ်ချောင်က အနောက်ဘက်သို့ ခုန်ဆုတ်လိုက်သည်။ နဂါးသားရဲ၏ ပြင်းထန်လွန်းသော အရှိန်အဝါ ဖိအားကို အခွင့်ကောင်းယူလိုက်သည်။ သူသည် ပေဆယ်ပေါင်းများစွာ အကွာခန့်သို့ နောက်ဆုတ်ပြီးသည်နှင့် အကွာအဝေးတစ်ခုခြားလိုက်သည်။
သို့သော် ဝမ်ချောင်က မြန်လွန်းသော်လည်း နဂါးသားရဲက ပိုမြန်သည်။ လေပြင်းက တစ်ချက် ဆောင့်တိုက်ပြီးသည်နှင့် ဝမ်ချောင်က နောက်သို့ပြန်ဆုတ်လိုက်သည့် တစ်စက္ကန့်အတွင်းတွင်ပင် နဂါးသားရဲက ရုတ်တရက် တစ္ဆေတစ်ကောင်ကဲ့သို့ သူ၏အရှေ့တွင် တဖန်ပြန်လည် ပေါ်လာပြန်သည်။
“ဝေါင်း”
အန္တရာယ်အဆင့်က ဆက်တိုက်ဆိုသလို မြင့်တက်သွားသည်။ ဝမ်ချောင်ကပင် သူ၏ခြေကို တည်ငြိမ်အောင် မချနိုင်သေးခင် ထိုသွေးပါးစပ်ကြီးက သူ့ကို ဝါးမြိုကိုက်စားရန် ရှေ့တိုးလာသည်။ ထိုသွားများက အထက်ရှဆုံး ဓားသွားထက်ပင် ထက်ပုံရသည်။
ဝမ်ချောင်၏ စိတ်က တုန်ယင်သွားသည်။ သူ၏တန်ထျန်းက မဟာရင်ယန်သိုင်း၏ စွမ်းအင်များဖြင့် ပေါက်ကွဲသွားသည်။ စွမ်းအင်အလင်းတန်း နှစ်တန်းဖြစ်သည့် ယင်ရန်စွမ်းအင်တန်းတို့က ပေါ်ထွက်လာပြီးနောက်တွင် ဝမ်ချောင်၏လက်နောက်သို့ လိုက်ပါလာကြသည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံအောက်တွင် ဖျက်ဆီးခြင်းစွမ်းအားများက မြေကမ္ဘာကိုပင် ဖိနှိပ်၍ ကြီးမားသော နဂါးကြီးထံသို့ ရိုက်ချလိုက်သည်။
ယင်ရန်သိုင်းသည် ဝမ်ချောင်၏ အင်အားအကြီးဆုံး သိုင်းများထဲမှ တစ်ခုဖြစ်သည်။ သူသည် အဆင့်လွန် ယင်နှင့်ရန်၏စွမ်းအားကို အတူတကွ စုစည်းနိုင်စေသည်။ တောင်တစ်တောင်ကိုပင် အလွယ်တကူ ကျေမွသွားအောင် ချေနိုင်၏။
သံမဏိကပင် အလွယ်တကူ အရည်ပျော်သွားနိုင်သည်။ ရွှံ့များ၊ မြေပြင်များဆိုလျှင်လည်း အပျက်အစီးပုံများ ဖြစ်သွားလောက်၏။
သို့သော် သူ၏ ပြင်းထန်လွန်းသော စွမ်းအားအောက်တွင်ပင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ထိုသားရဲကြီးအား ရှေ့သို့ဆက်မတက်အောင် တားနိုင်ရုံသာ တားနိုင်ခဲ့လေသည်။ ဝမ်ချောင်သည်လည်း သူ၏စွမ်းအား ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်က ခန္ဓာကိုယ်ထဲမှ စီးထွက်သွားကြောင်းသိလိုက်သည်။ သက်ရောက်မှုကမူ မသိသာသလောက်သာ ဖြစ်သွားသည်။
ကြယ်တာရာစွမ်းအင်ပြီးတာ။
ဝမ်ချောင်၏စိတ်က အလင်းတစ်ချက် လက်သွားသည်။ သို့သော် သူလုပ်သမျှ အရာအားလုံးက သူ၏နှလုံးသားကို ရေခဲတုံးအလား ခဲသွားစေသည်။
ထိုသားရဲက ကြီးမားလွန်းသော အရွယ်အစားကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ခွန်အားကလည်း မဟာဗိုလ်ချုပ်၏ အထက်တွင်ဖြစ်သည်။ ခန္ဓာကိုယ်သီးသန့်ကပင် အလွန်အမင်း ထူးဆန်းသည်။ ထို့အပြင် သိုင်းပညာရှင်များ၏ ကြယ်တာရာစွမ်းအင်ကို ရင်ဆိုင်နိုင်စွမ်းရည် ရှိနေသေးပြန်သည်။ ဒါဟာ ကြယ်တာရာစွမ်းအင်တိုင်းအတွက် အိမ်မက်ဆိုးဖြစ်သည်။
ဝမ်ချောင်က ရုတ်တရက် မည်သည့်အတွက်ကြောင့် သိုင်းပညာရှင်များက လျှင်မြန်လွန်းစွာ သေဆုံးသွားခဲ့ကြောင်း သိလိုက်သည်။ သူတို့က မတိုက်ခိုက်နိုင်ခဲ့သောကြောင့် မဟုတ်လေဘဲ သူတို့၏ ခုခံနိုင်စွမ်းရည်က ထိုသားရဲ၏ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးဆန်မှု အရှေ့တွင် သေးငယ်သည့် ယားယံရုံ ဖြစ်စေသည့် ခံစားချက်ထက် မပိုသောကြောင့် ဖြစ်လောက်သည်။
စွစ်
ဝမ်ချောင်က သူ၏မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးပြီး နဂါးသားရဲကို ထိန်းထားချိန်တွင် ရုတ်တရက် လေထဲတွင် ဓားတစ်ချောင်းက လေထုကို လှီးဖြတ်လာသလိုမျိုး ခပ်တိုးတိုး လေတိုးသံကို ကြားလိုက်ရလေသည်။
++++
အခန်း(၁၄၄၈)
ပြဿနာတစ်ခုပေါ် တစ်ခုဆင့်
ထိုတိုးလျသော လေတိုးသံက ဝမ်ချောင်၏ နားထဲတွင် ပေါ်ထွက်ရုံသာ ရှိသေးသည်။ သူသည် သူ၏ဘဝ၏ အရေပြားနှင့်အသား လှီးဖြတ်ခံရသလို နာကျင်မှုကို ခံစားရသည်။ သူ၏နှလုံးသားက ရုတ်တရက် ရူးသွပ်စွာ ခုန်လှုပ်နေပြီး သူ၏ အလိုအလျောက် တုန့်ပြန်မှုအရ တိုင်းတာတွက်ချက်၍ ညာဘက်ခြမ်းသို့ ခုန်လိုက်မိသည်။
ဘုန်း
ဝမ်ချောင်၏အနောက်ဘက် ဆယ်မီတာခန့်အကွာ နေရာသို့ ခပ်မည်းမည်း တစ်စုံတစ်ရာက ဝင်တိုးသွားပြီး ထိုနေရာတွင်ရှိသော ဂူနံရံ အတုံးကြီးတစ်တုံးကို ကြေမွကာ ပြုတ်ကျစေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း လေထုကို ဓားပါးပါးက လှီးဖြတ်ပြီး သူ့ထံဝင်တိုးလာသလိုမျိုး ရောက်ရှိလာသည့် အရာက ကြီးမားသော သားရဲကြီး၏ လက်မောင်း အရွယ်အစားခန့်ရှိသော ကြေးခွံတစ်ခုဖြစ်ကြောင်း သိလိုက်ရလေသည်။
ကြောက်စရာကောင်းလောက်အောင် မြန်ဆန်တဲ့ အရှိန်ပဲ။
ဝမ်ချောင်၏ နှလုံးသားက အေးစိမ့်သွားသည်။ သူသည်လည်း ထိုသားရဲကြီးက သူ၏ ကိုယ်ပိုင်ကြေးခွံကို လက်နက်အဖြစ် အသုံးပြုနိုင်မည်ဟု မထင်ထားမိပေ။ ထို့ပြင် ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပစ်ခတ်နိုင်သေးသည်။ အစပိုင်းတွင် ကြားရသောအသံက တိုးလွန်းသဖြင့် အလွန်ဝေးကွာသော တစ်နေရာမှ လာရောက်နေသည်ဟု ထင်ရလောက်သည်။ ထို့ကြောင့် သူ၏အနားသို့ ရောက်ရန် အချိန်တစ်ခု လိုအပ်မည်ဟု တွေးမိလောက်သည်။
သို့သော် အမှန်တိုင်းဆိုရသော် သားရဲ၏ ကြေးခွံက သူ၏ ခန္ဓာကိုယ်ကို လှီးဖြတ်နေနှင့်ပြီဖြစ်သည်။ ဝမ်ချောင်၏ မသိစိတ်နှင့် အလိုအလျောက် တုန့်ပြန်နိုင်စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ထိုနဂါးသားရဲက သူ့ကို ထပ်ပိုင်းဖြတ်ပြီးသွားလောက်လေပြီ။
ဒီကောင်က ငါထင်ထားတာထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာ နားလည်သွားသည်။ သူသည် သိပ်မကြာခင်ကမှ ကောင်းကင်ဘုံ အုပ်ချုပ်မှု သံချပ်ကာကို အသုံးပြုထားပြီးဖြစ်သည်။ ထို့ကြောင့် နောက်ထပ် အသုံးပြုရန် အလို့ငှာ ရက်(၂၀)၊ (၃၀)ခန့်ထိ စောင့်ရဦးပေမည်။ ထို့ကြောင့် အင်အားကြီးမားသော သံချပ်ကာဝတ်စုံ မရှိသောအခါ ဝမ်ချောင်သည်လည်း နဂါးသားရဲ၏ ကောင်းကင်ကို ဖီဆန်နိုင်သော အင်အားကို အံ့တုရန် ခက်ခဲသွားသည်။
သူဟာ ပါးစပ်ဖြင့် ကိုက်နိုင်ရုံသာ မကသေးလေဘဲ လက်သည်းဖြင့်လည်း ကုပ်ခြစ်နိုင်သည်။ ခန္ဓာကိုယ်ပေါ်မှ ကြေးခွံများကိုလည်း အသုံးပြုနိုင်၏။ ထိုအခြေအနေများက ဝမ်ချောင်ကဲ့သို့ မည်သည့် သံချပ်ကာမှ ဝတ်ဆင်ထားခြင်း မရှိသော သိုင်းပညာရှင် တစ်ယောက်အတွက် အန္တရာယ်များလေသည်။
ဝမ်ချောင်၏ ထပ်ခါတလဲလဲ ခုခံမှုများက နဂါးသားရဲကို ဒေါသထွက်သွားစေသည်။ အမှောင်ထုထဲမှ သူ၏ သွေးနီရောင်မျက်လုံးကြီးက ဝမ်ချောင်ကို လာကြည့်သည်။
ဝုန်း
ထိုနဂါးသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြင်ကွင်းမှ ဖြတ်ကနဲ ပျောက်သွားသည်။
ဝမ်ချောင်က ရပ်နေသော နေရာဟာ ဖုန်မှုန့်များဖြင့် ပေါက်ကွဲသွားပြီး မြေအောက်ဘက်မှ မာကြောသော ကျောက်သားများကလည်း ထိုသားရဲ၏ ခြေတစ်ချက် ဆောင့်မှုကိုပင် မခံနိုင်ခဲ့ပေ။ သူသည် ထိုနေရာတစ်ခုတစ်ခုလုံးကို အပျက်အစီးပုံအဖြစ် ပြောင်းလဲရန်အတွက် ဆုံးဖြတ်ချက် ပြတ်သားစွာ ခုန်ဆောင့်လိုက်ခြင်း ဖြစ်နေလျှင် ပို၍ပင် ဆိုးသေးသည်။
သို့သော် ထိုရိုက်ချက်မှ လွင့်ထွက်သွားပြီးသည့်တိုင်အောင် ထိုနဂါးသားရဲကြီးက တုန့်ဆိုင်းမနေတော့ဘဲ ဝမ်ချောင်ရှိရာသို့ ခုန်အုပ်လိုက်သည်။ ဒီတစ်ကြိမ်တွင်မူ ဝမ်ချောင်က ဗျူဟာကို ပြောင်းလိုက်သည်။
ဝုန်း
ဝမ်ချောင်၏ကိုယ်က မှိတ်တုပ်မှိတ်တုပ် လင်းလက်လာသည်။ ထိုနဂါးသားရဲ၏ ပတ်ပတ်လည်တွင် ပုံရိပ်သုံးခု ပေါ်လာသည်။ နဂါးသားရဲက ဝမ်ချောင်ကို သူ၏ရှေ့လက်နှစ်ဖက်ဖြင့် ခုန်အုပ်ချိန်တွင် ဝမ်ချောင်ကလည်း ဘေးဘက်သို့ ခုန်ရှောင်လိုက်ပြီး တိုက်ကွက်ကို ဆံချည်တစ်မျှင်စာမျှ အကွာအဝေးသို့ မြှင့်တင်ရှောင်သည်။ တစ်ချိန်ထဲတွင်ပင် သူဟာ သူ၏လက်ထဲမှ နို့နှစ်ဖြူရောင်ဓားချီ နှစ်မျှင်ခန့်ကိုထုတ်ကာ နဂါးသားရဲ၏ မျက်လုံးထဲသို့ ထုတ်လွှတ်လိုက်သည်။
နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်း
ဝမ်ချောင်ဟာ မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်းထံမှ သင်ယူထားသော အဆင့်လွန်ဓားသိုင်းကို ထုတ်သုံးလိုက်သည်။
လူသားများ၏ အကြီးမားဆုံးသော အားသာချက်က သူတို့၏စွမ်းရည်နှင့် ဉာဏ်ရည်ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးကို သားရဲများက မပိုင်ဆိုင်ထားချေ။ သိုင်းပညာများက လူသားများ၏ လေးစားဖွယ်ကောင်းသော အားသာချက်များဖြစ်သည်။ ထိုကဲ့သို့ အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီး အဆင့်ကိုပင် ကျော်လွန်နေသော နဂါးသားရဲမျိုးကို ရင်ဆိုင်ရသောအခါ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားနည်းက အကောင်းဆုံးနည်းလမ်းမျိုး ဖြစ်သည်။ ဒီနည်းအားဖြင့် အားနည်းချက် နေရာများကို တိုက်ခိုက်ရပေမည်။
ထိုအခါ နဂါးသားရဲကြီး၏ ကြယ်တာရာစွမ်းအင်ပြီးသော စွမ်းအားကြီးမားသည့်အားက ပြင်းထန်လွန်းသော တိုက်ကွက်များ၏ဒဏ်ကို လျော့ချသွားစေနိုင်နည်းသာဖြစ်သည်။ သို့သော် ထိုနဂါးသားရဲက မည်မျှ အင်အားကြီးမားနေစေကာမူ သူ၏ မျက်လုံး၊ ပါးစပ်နှင့် မွှေးညှင်းပေါက်များကမူ ကာကွယ်ရန် မဖြစ်နိုင်သည့် အားနည်းချက်များ ဖြစ်နေသေးသည်။
ဝမ်ချောင်၏ အကြံက မဆိုးပေ။ သို့သော် အမှန်တရားက သူ့ကို အံ့ဩစေသည်။
ဘန်း
ဝမ်ချောင်က လွှတ်ထုတ်လိုက်သော ဓားချီနှစ်စင်းက ထိုနဂါးသားရဲကြီးကို သူမျှော်လင့်ထားသလို မကန်းသွားစေခဲ့ချေ။ သို့သော် နဂါးသားရဲက မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏မျက်ခွံ အရှေ့တွင်ပင် ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အကာတစ်လွှာက ပေါ်လာသည်။ ဝမ်ချောင်၏ ဓားချီက ထိုမျက်ခွံကို မထိုးဖောက်နိုင်ခဲ့ချေ။
အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်၏ တိုက်ကွက်က ထိုနဂါးသားရဲကို ဒေါသသာ ထွက်စေသည်။
ဝေါင်း
သူ၏ကောင်းမွန်သော ကြေးခွံများဖြင့် အုပ်ထားသည့် လက်သည်းကြီးက ရုတ်တရက် ဝမ်ချောင်၏ မျက်ဝန်းထဲတွင် ကြီးမားလာသည်။ တချိန်ထဲတွင်ပင် နဂါးသားရဲကြီးက သူ၏ ကြီးမားသော ပါးစပ်ကြီးကို ထပ်ဖွင့်လိုက်ပြန်ကာ အလက်ကြီးကြီး တောက်လောင်နေသော မီးတောက်မုန်တိုင်းကြီးကို မှုတ်ထုတ်ရန် ကြံစည်သည်။ ထိုမီးတောက်မုန်တိုင်းသည် ယခင်တစ်ခေါက်ထက် ပိုပြင်းကာ ပို၍ပင် များပြားသေးသည်။
ထိုမီးတောက်က ဂူတစ်ခုလုံးအနှံ့ ချက်ချင်းပြည့်သွားသည်။ နဂါးသားရဲကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း လွှမ်းခြုံသွားသေးသည်။
ဝမ်ချောင်ကပင် ထိုမီးတောက်အနားတွင် သတိမပေါ့ဆရဲချေ။ ထိုမီးတောက်က သူ့အား အလွန်အမင်း ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေသည်။ ထိုမီးတောက်က မာရာမီးတောက်နှင့် ကျွီပိုင်မီးတောက်မျိုးနှင့်ပင် တူသေးသည်။ သို့သော် မတူညီသော သက်ရောက်မှုတစ်မျိုးကို ပိုင်ဆိုင်ထားပုံရသည်။ ယခုလိုအခြေအနေမျိုးတွင်ပင် ဝမ်ချောင်က မထိတ်လန့်သွားခဲ့ပေ။
အခွင့်အရေးကောင်းပဲ။ အတွင်းဘက်ကနေ တိုက်ခိုက်လို့ရတယ်။
ထိုနဂါးသားရဲ၏ မီးတောက်က လေးစားဖွယ်ကောင်းသည့်တိုင်အောင် ဝမ်ချောင်၏ စိတ်စွမ်းအင်က သက်ရောက်ခံရခြင်း မရှိသည့်အတွက် ပါးစပ်၏ တည်နေရာကို လျှင်မြန်စွာ အတည်ပြုလိုက်နိုင်သည်။
ဝှစ်
ဝမ်ချောင်က မြောက်ကိုဖွင့်လိုက်ပြီးနောက် အသတ်ခံရသော သိုင်းပညာရှင်၏ဓားကို သူ၏လက်ထဲသို့ ဆွဲယူလိုက်သည်။ တစ်ချက်ပစ်လိုက်ရုံဖြင့် ထိုဓားက မိုးကြိုးတန်းကဲ့သို့ လျှင်မြန်စွာ ဝင်ရောက်သွားလေပြီး ထိုမီးတောက်ကို ကျော်ဖြတ်၍ နဂါးသားရဲ၏ ပါးစပ်ထဲသို့ ဝင်သည်။
ထိုအနက်ထိ ဝင်လာသော မည်သည့်သိုင်းပညာရှင်ကမဆို အားမနည်းကြသလို သူတို့၏ ဓားများကလည်း သာမာန်ဓားများ မဟုတ်ကြပေ။ ဝု့စ်သံမဏိဓားကို မယှဉ်နိုင်လျှင်ပင် ထက်ရှမှုကို မေးခွန်းထုတ်ရန် မလိုအပ်သေးချေ။
ချွင်
ထိုဓားက မီးတောက်ကို ကျော်ဖြတ်ပြီးနောက် မီးတောက်များက ပျောက်ကွယ်သွားပြီးသည့် အချိန်တွင် နဂါးသားရဲ၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းက ပေါ်ထွက်လာသည်။ ဝမ်ချောင်ကလည်း နဂါးသားရဲက သူ၏ပါးစပ်မေးရိုးကိုပိတ်၍ ဝမ်ချောင်က ပစ်လွှတ်လိုက်သော ထိုဓားကို ကိုက်ချလိုက်ခြင်းအား မြင်လိုက်ရလေသည်။
ထိုဓားက အကောင်းဆုံးသော သံမဏိသားဖြင့် လုပ်ထားသလို သင်္ကေတပေါင်း များစွာဖြင့် ထပ်ကူထားသေးသည်။ သို့သော် ထိုသားရဲကြီးကမူ နှစ်ပိုင်း ပိုင်းအောင် ကိုက်ချလိုက်နိုင်သည်။
ဝမ်ချောင်၏စိတ်က ပို၍ပင် တုန်ယင်သွားရသည်။ လောကရှိ မည်သည့် သားရဲကမှ ထိုသို့ မလုပ်နိုင်သင့်ချေ။ ထိုမကောင်းဆိုးဝါးကြီး၏ ဖော်ပြရန်ခက်ခဲသော မသိစိတ်အရ တုန့်ပြန်နိုင်စွမ်းအားကပင် အချိန်မှီလွန်းနေသည်။ ဝမ်ချောင်သည်လည်း ထိုနဂါးသားရဲကြီးက သာမာန်ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ထက် ပိုလွန်နေသည်ဟု ခံစားလိုက်ရ၏။ အချို့သော သိုင်းပညာရှင်များက လေ့ကျင့်ပေးထားသော သတ္တဝါဟုပင် ထင်လာမိသည်။
သို့မဟုတ်ပါက ယခုလောက်ထိ လျှင်မြန်စွာ တုန့်ပြန်နိုင်မည်မဟုတ်ပေ။
ဘုန်း
သူ၏စိတ်အတွင်း ပြင်းထန်သော အန္တရာယ်က ပြည့်နှက်သွားသည်။ ထို့နောက် မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်၏ ခန္ဓာကိုယ်က နောက်ဘက်သို့ ဆုတ်သွားသည်။ ပြင်းထန်သော ပေါက်ကွဲမှု အားလှိုင်းအောက်တွင် နဂါးသားရဲကြီးက ဝမ်ချောင် နဂိုရပ်နေသော နေရာကဲ့သို့ ချက်ချင်းလိုလို ခြေနင်းချလိုက်သည်။
မကောင်းတော့ဘူး။ ဒီသားရဲရဲ့ စွမ်းရည်က သိုင်းပညာရှင်တွေကို ရင်ဆိုင်ဖို့ အထူးတလည် ဖန်တီးပေးထားသလိုပဲ။ သူ့ရဲ့ တာဝန်က မြေအောက်မူလအမရ ရတနာသိုက်ကို ကာကွယ်ဖို့ဖြစ်လောက်တယ်။ ဆိုတော့ မတိုက်ခိုက်တာကောင်းမယ်။
ဝမ်ချောင်၏စိတ်က အတွေးပေါင်းများစွာ ထွက်နေသည်။ ဝမ်ချောင်သည် နဂါးသားရဲထက် အားမနည်းချေ။ သို့သော် နဂါးသားရဲက ကြယ်တာရာစွမ်းအင်အပေါ် ပြင်းထန်သည့် ခုခံနိုင်စွမ်းရည် ရှိနေပြီး ဝမ်ချောင်ကလည်း ဒီနေရာတွင် အချိန်မဖြုန်းလိုပေ။ ထို့ပြင် သူ့ကိုလည်း တော်တန်ရုံ သတ်နိုင်လိမ့်မည်မဟုတ်ချေ။
အွန်း ဒီနေရာက အမြန်ဆုံးထွက်သွားပြီး ရတနာကို သွားရှာတာ ပိုကောင်းလိမ့်မယ်။
ဝမ်ချောင်က ခပ်မြန်မြန် ဆုံးဖြတ်ကာ ဘေးမှ ဂိုဏ်းခွဲ ဂူပေါင်းများစွာထဲမှ တစ်ခုထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ညာဘက်မှ ပေါက်ကွဲသံများ၊ ဝုန်းကနဲအသံများက ကျယ်လောင်စွာ ဟိန်းထွက်နေသည်။ နဂါးသားရဲကလည်း ဝမ်ချောင်ကို ပစ်မှတ်အဖြစ်ထားကာ နောက်မှလိုက်လာပုံရသည်။
ဂူပိုက်ကွန်ကြီးကကျယ်ပြီး အလွန်အမင်း မြောက်များသည်။ ဝမ်ချောင်သည် သိပ်မကြာခင် အခွဲဂူသုံးခုကို မြင်လိုက်ရသည်။ သူသည် ကိုယ်ပွားသုံးခုခွဲ၍ ချက်ချင်းခွဲဝင်လိုက်သည်။ တစ်ယောက်ကို တစ်ဂူစီဝင်သည်။ သို့သော် အံ့အားသင့်စေသည်မှာ ဂူပေါက်က သက်ရောက်မှုမရှိချေ။
နဂါးသားရဲက စဉ်းစားမနေလေဘဲ အစစ်အမှန် ဝမ်ချောင်ဝင်သွားသော ဂူခွဲသို့ လိုက်လာလေသည်။
နေဦး ဒီသားရဲက သူ့ရဲ့မျက်လုံးကိုမှီခိုပြီး ပစ်မှတ်ကိုရှာတာ မဟုတ်လောက်ဘူး။ သိုင်းပညာရှင်မှာရှိတဲ့ ကြယ်တာရာစွမ်းအင်ရဲ့ အနံ့ပဲဖြစ်လောက်တယ်။
ဝမ်ချောင်က ချက်ချင်းနားလည်သွားသည်။
ထိုနဂါးသားရဲကြီး၏ သွေးနီရောင်မျက်လုံးက အမှောင်ထဲတွင် အလွန်အမင်း သိသာသည်။ ဝမ်ချောင်သည်လည်း ထိုမျက်လုံးက သားရဲကို အမဲလိုက်သောမျက်လုံးဟု ယုံကြည်ထားသည်။ သို့သော် သူဟာ ထိုအတွက်ကြောင့်သာ ကိုယ်ပွားနှစ်ခု ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် ဝမ်ချောင်မြင်ရသော ထိုနဂါးသားရဲကြီးက ရွေးချယ်သည့် မှန်ကန်သည့် လမ်းကြောင်းကမူ အတွေးနှင့် သက်ဆိုင်ပုံမရချေ။
သိသာစွာပင် နဂါးသားရဲကြီးက မျက်လုံးကိုသုံးပြီး လိုက်နေခြင်းမဟုတ်ပေ။
သူဟာ မျက်လုံးကိုမသုံးလျှင် သိုင်းပညာရှင်ကိုယ်ပေါ်မှ ကြယ်တာရာစွမ်းအင်ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်လောက်သည်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က အကြံတစ်ခုရလာသည်။
ခြိမ်း
ဂူများပြိုကျသံ၊ နဂါးသားရဲ၏ အနောက်ဘက်မှ အဆုံးအစမဲ့ ဟိန်းသံက နီးကပ်သထက် နီးကပ်လာသည်။ နဂါးသားရဲကြီးက ဝမ်ချောင်ကို အမိအရဖမ်းရန် ဆုံးဖြတ်ထားပုံရသည်။ သို့တိုင်အောင် ဝမ်ချောင်က တည်ငြိမ်နေသည်။ သူ၏အတွေးက လျှင်မြန်စွာ လည်ပတ်နေသည်။
လှုပ်ရှားမှု အနည်းငယ်ခန့်ကြာပြီး နောက်ထပ် အခွဲဂူတစ်ခုက ပေါ်လာသည်။ ဝမ်ချောင်သည် ဒီတစ်ကြိမ်တွင် အများကြီး သတိကြီးကြီး ထားထားသောကြောင့် ကိုယ်ပွားကို နှစ်ခုထက်ပို၍ ခွဲလိုက်သည်။ ထိုအချိန်တွင်မူ သူဟာ သူ၏ကိုယ်ပွားထဲသို့ ကြယ်တာရာစွမ်းအင် အမြောက်အများကို ထည့်ပေးလိုက်ပြီး တစ်ချိန်ထဲတွင်ပင် သူ၏တန်ထျန်းကို ချိတ်ပိတ်လိုက်ကာ မွှေးညှင်းပေါက်များ၊ ကြားခံနယ်များအားလုံးကို ပိတ်လှောင်လိုက်ခြင်းအားဖြင့် ခြေထောက်ထံမှ စွမ်းအားများကလွဲပြီး ကျန်သောနေရာများကို ဖယ်ရှားပစ်လိုက်သည်။ သူ၏ ကြယ်တာရာစွမ်းအင် စီးဆင်းမှုနှုန်းက ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်၏ အရှိန်အဝါက ထိုးကျသွားသည်။
ထိုသို့လုပ်ပြီးနောက် ဝမ်ချောင်က သူ၏ကိုယ်ပွားနှင့် အစစ်အမှန် ခန္ဓာကိုယ်ကို မတူညီသော ဂူထဲသို့ ဝင်စေသည်။
ဝေါင်း
ကြမ်းတမ်းရက်စက်သော နဂါးသားရဲကြီး၏ ရက်စက်ကြမ်းကြုတ်သော ဟိန်းသံက ဂူများထဲ ပဲ့တင်ထပ်သွားပြီး မျက်နှာကျက်များမှ ကျောက်သားများကို ပြိုကျစေသည်။
သို့သော် တခဏခန့်ကြာပြီးနောက် နဂါးသားရဲကြီးဟာ ဂူတစ်ခုထဲသို့ ဝင်တိုးသွားသည်။ ထို့နောက် ဝမ်ချောင်၏ ကိုယ်ပွားနောက်သို့သာ လိုက်တော့သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
အခြားဂူထဲမှ ဝမ်ချောင်ဟာ ယုံကြည်မှုအပြည့်နှင့် စိတ်အေးသွားပြီဖြစ်သည်။
စွစ် စွစ် စွစ်
သူဟာ ဂူ၏အနက်ရှိုင်းဆုံး အပိုင်းသို့ တိုးဝင်သွားသည်။ သို့သော် သူက ရှေ့သို့ ဆက်သွားနေချိန်တွင် သတိပေးချက် အလျဉ်းမရှိဘဲ ခေါင်းထက်မှ ပေါက်ကွဲသံတိုးတိုးကို ကြားလိုက်ရသည်။ ထိုနေရာတွင် ပုန်းနေသော စွမ်းအားတစ်ရပ်က ဝမ်ချောင်ပေါ်လာမှသာ လူလုံးထွက်ပြလာသည်။
အခြားတစ်ယောက်သာဆိုလျှင် သတိလက်လွတ်ဖြစ်သွားပြီး ဖမ်းယူတိုက်ခိုက် ခံရလောက်သည်။ သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်နေသည်။
ဘန်း
ဝမ်ချောင်က အောက်ဘက်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လေပြီး အရှေ့ဘက်သို့ ခုန်ဝင်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
လက်ဝါးနှစ်ချက်က ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ မြောက်များသော ကြယ်တာရာစွမ်းအင် အားလှိုင်းများက ဖြာထွက်လာကာ လွန်ကဲလွန်းသော ယင်စွမ်းအင်၊ မည်းမှောင်ပြီး လွန်ကဲလွန်းကာ အေးစိမ့်နေသော စွမ်းအားတစ်မျိုးနှင့် ထိပ်တိုက်ဆုံသွားသည်။ အထက်မှ ညဉ်းညူသံ ခပ်အုပ်အုပ် ထွက်လာသည်။ ထို့နောက် လုပ်ကြံသတ်ဖြတ်သူက လေထဲတွင် လွင့်ထွက်သွားလေပြီး ဝမ်ချောင်၏အထက်ရှိ ဂူပေါ်သို့ကျသည်။
ထိုလူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည်နှင့် ယိုင်ထိုးသွားသည်။
“အာ”
မှင်သက်နေသော အသံတစ်သံက ထွက်လာသည်။ သို့သော် ထိုအသံက ထိုပုံရိပ်ရှိသော နေရာနှင့် ခြားနားသည်။
“ကောင်လေး မင်းပဲဆိုတာ ငါသိတယ်”
ထိုအသံကလည်း ရင်းနှီးသောလူ၏ အသံဖြစ်သည်။ ဝမ်ချောင်က အံ့ဩစွာ လှည့်ကြည့်လိုက်၏။ သူနှင့် အခြားတစ်ဖက်ခြမ်း အမျိုးမျိုးသောဂူများထဲမှ သူနှင့် မီတာ(၂၀)ကျော် အကွာတွင် ရှိနေသော ဂူထဲတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက ဆိုးယုတ်သော မျက်ဝန်းအကြည့်ဖြင့် သူ့အားကြည့်လျှက် ရပ်နေသည်။
သူ၏ဘေးဘက်တွင်လည်း အလားတူ အင်အားမျိုးကို ပိုင်ဆိုင်ထားသော ပုံရိပ်တစ်ခုရှိသည်။ သူတို့ကလည်း တအံ့တဩ ကြည့်နေကြသည်။
++++
အခန်း(၁၄၄၉)
“ယင်နက်ဘိုးဘေး”
ဝမ်ချောင်က ထိုလူကို မှတ်မိလိုက်ပြီး သူနှလုံးသားက ခုန်လှုပ်သွားသည်။
သူသည် ယခုလောက် ရှုပ်ထွေးပြီး ကျယ်ပြောသော ပိုက်ကွန်သဖွယ် ယက်လုပ်ထားသည့် ဂူများအကြားတွင်ပင် ထိုလူနှင့် တိုးမည်ဟု မတွေးဖူးချေ။
“ဟား ဒါက ကျန်းဝမ်ဖူရဲ့ တပည့်လေးမဟုတ်လား”
ဒဏ္ဍာရီတစ္ဆေဘိုးဘေးကပြောသည်။
“ငါတို့က ယင်ကောင်လေးတစ်ကောင်ကို ကိုင်တွယ်ချင်ရုံပဲ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ငါးအကြီးကြီး မိသွားတယ်။ ကောင်လေး မင်းက ငါတို့ရဲ့အိမ်တံခါးဝကို လာခေါက်မှတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မယ်”
“မင်းဆရာက အတိတ်မှာ ပြစ်မှုမျိုးစုံ ကျူးလွန်သွားတာ။ သူကတော်တော်လေးကို နှလုံးသားမဲ့တယ်။ အခု ကံကြမ္မာတစ်ပတ်လည်တယ်လို့ ပြောရတော့မှာပဲ”
အရိုးနတ်ဆိုးဘိုးဘေးကလည်း ကျုံးဝါးသည်။ သူ၏မျက်နှာထားက အေးစက်သည်။
“ကောင်လေး ကံကြမ္မာကို လက်ခံလိုက်”
ထိုသို့ဖြင့် ဘိုးဘေးငါးယောက် မဟာမိတ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ငါးယောက်က ဝမ်ချောင်၏ရှေ့တွင် တဖြောင့်တည်းပေါ်လာသည်။
ဝမ်ချောင်၏ မျက်နှာထားက တင်းမာပြီး နှလုံးသားက လေးလံသွားသည်။
ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေး တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်ကို လှုပ်ခါနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည်။ သူတို့သည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် မျိုးဆက်တူလေပြီး ကျင့်ကြံခြင်းအဆင့်၊ အတွေ့အကြုံ သို့မဟုတ် တိုက်ခိုက်စွမ်းရည်များ ယှဉ်သော် အားလုံးက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ သူတို့ထဲက မည်သူကမဆို လက်ရှိခေတ်၏ အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ ဖြစ်နိုင်နေလေပြီး မည်သည့်ရန်သူကိုမဆို ကြီးမားသည့် ခြိမ်းခြောက်မှုမျိုး ပေးစွမ်းနိုင်လေရာ ယခုအခါ သုံးယောက်ပေါင်းထားသည်။
ဝမ်ချောင်သည် သူ၏အတွေးများက အေးခဲသွားသလိုမျိုး ခံစားလိုက်ရပြီးနောက် တိုင်းတာရန်ပင် ခက်ခဲသော အန္တရာယ်ကို အာရုံခံနိုင်စွမ်းအားက ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ထိုခံစားချက်သည် စွမ်းအင်မုန်တိုင်းကြောင့်ပင်ဖြစ်စေ၊ နဂါးသားရဲကြောင့်ပင်ဖြစ်စေ သာလွန်လွန်းသည်။
“ဟား ဆိုတော့ မင်းဖြစ်နေတာကိုး။ မင်းတော့ ဒီတစ်ကြိမ် အဆုံးသတ်ပြီ”
“ဒါက သူတို့ပြောကြတဲ့ ကောင်းကင်လမ်းကြောင်ကို မလျှောက်ဘဲ မြေအောက်လောကရဲ့ တံခါးကို လာခေါက်တယ်ဆိုတာမျိုးလား”
လှောင်သံနှစ်ခုက ဘိုးဘေးငါးယောက် မဟာမိတ်မှ အမျိုးမျိုးသော အင်ပါယာ သိုင်းပညာရှင်နှင့် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်သည့် အကြီးအကဲများထံမှဖြစ်သည်။ သူတို့သည်လည်း အခြားသောဂူများမှထွက်၍ ဝမ်ချောင်ကို ဝိုင်းလိုက်ကြသည်။
ဘန်း
ကျယ်လောင်သော ပေါက်ကွဲသံကြားတွင် ဝမ်ချောင်၏ အနောက်ဘက် မီတာနှစ်ဆယ်၊ သုံးဆယ်ခန့်အကွာရှိ အမိုးအဖုံးက ရုတ်တရက် ချိုင့်ဝင်သွားသည်။ ဘိုးဘေးငါးယောက် မဟာမိတ်မှ အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲ လေးယောက်၊ ငါးယောက်ခန့်က အခြားဂူတစ်ခုထဲမှ မျက်နှာကျက်ကို ဖောက်ထုတ်၍ ထွက်လာကြသည်။
“ဟွန်း ငါတို့ရဲ့ ဘိုးဘေးငါးယောက် မဟာမိတ်က ဒီတစ်ကြိမ် အားလုံးသုံးပြီး လှုပ်ရှားတော့မှာနော်။ နောက်ပြီး ဘိုးဘေးသုံးယောက်တောင် ဝင်ပါဦးမှာ။ မူလအမရ အရှင်သခင်ကိုယ်တိုင် ရှိနေမယ်ဆိုရင်တောင်မှ မင်းလွတ်မှာမဟုတ်တော့ဘူး။ ဒီကောင်လေးတော့ အဆုံးသတ်ပြီ”
“ကြွက်ကိုသတ်ပြီး မျောက်ကိုခြောက်ရတယ်တဲ့။ ငါတို့ရဲ့အင်အားကို ပြသဖို့အတွက် ဒီကောင်လေးကို သတ်လိုက်ခြင်းအားဖြင့် တစ်လောကလုံးကလည်း ဘိုးဘေးငါးယောက် မဟာမိတ်ကို ရန်စတဲ့အခါ ဘယ်လိုဖြစ်ရမလဲဆိုတာကို သိရမှာပဲ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်ဆိုရင်တောင် အဆုံးမှာတော့ သေရမှာပဲလေ”
ဝမ်ချောင်၏ ပတ်ဝန်းကျင်အနှံ့မှ အင်အားကြီးမားသော စွမ်းအင်အားလှိုင်းများက ဖြာထွက်လာပြီး သူ့ကို ပိတ်လှောင်လိုက်သည်။
ဒီတစ်ကြိမ်တွင် ထွက်ပြေးရန် နည်းလမ်းမရှိတော့ချေ။ ကျွမ်းကျင်ပညာရှင် ပိုက်ကွန်ကြီး တစ်ခုလုံးက လွတ်မြောက်မည့် လမ်းကြောင်းတိုင်းကို ပိတ်လှောင်ထားသည်။
မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးအားလုံးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့သည်လည်း ဝမ်ချောင်ကို လူသေတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြသည်။
ဘိုးဘေးငါးယောက် မဟာမိတ်က အဝိုင်းခံလိုက်ရသလို မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးများအားလုံးက ဝင်ကြီးစိုးနေသည့် အချိန်တွင် လောကရှိ မည်သူကမှ ယခုလိုမျိုး ရန်သူအင်အားစု၏ ပိတ်ဆို့တိုက်ခိုက်မှုကြားမှ မလွတ်မြောက်နိုင်တော့ပေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန် ကိုယ်တိုင်ကပင် ယခုလိုမျိုး လွတ်ပါမည်ဟု မခံယူရဲလေရာ သူ၏တပည့်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
“သူ့ကိုသတ်”
“လူငယ်ကိုသတ်ပြီး လူကြီးကိုလွှတ်ပေးလိုက်”
အေးစက်သောရယ်သံနှင့်အတူ ယင်နက်ဘိုးဘေးက သတ်ဖြတ်ရန် အမိန့်ထုတ်သည်။ သူ၏အမိန့်နှင့်အတူ ဂူထဲမှ လေထုအခြေအနေက တင်းကြပ်သွားသည်။
ဝမ်ချောင်က ဘိုးဘေးငါးယောက် မဟာမိတ်လက်အတွင်း အသတ်ခံရလုမတက် ဖြစ်လာသည်။
“နေဦး”
ဝမ်ချောင်က ရုတ်တရက် အော်လိုက်သည်။ သူ၏ရုတ်တရက် အော်သံက လူတိုင်းကို တောင့်ခဲသွားစေ၏။
“ဟာ ကောင်လေး နောက်ဆုံးစကားတွေ ဘာတွေများ ချန်ခဲ့ချင်လို့လား။ ကျန်းဝမ်ဖူအတွက်နဲ့ ငါမင်းရဲ့ စကားကို နားထောင်ပေးလိုက်မယ်”
ယင်နက်ဘိုးဘေးက လှောင်သည်။
မိစ္ဆာလမ်းကြောင်းလျှောက်သော ကျွမ်းကျင်ပညာရှင်များ အားလုံးက ရယ်ကြသည်။ ဝမ်ချောင်ကို ဝိုင်းထားသော အဝိုင်းက ပို၍တင်းကြပ်လာသည်။
“ယင်နက်ဘိုးဘေး ခင်ဗျား အတွေးလွန်နေပြီ”
ဝမ်ချောင်က ရုတ်တရက် ထရယ်သည်။ သို့သော် သူ၏စိတ်က လျှင်မြန်စွာဖြင့် လည်ထွက်နေသည်။
“နောက်ဆုံးမှာ ရယ်နိုင်မဲ့လူက အကောင်းဆုံး ရယ်နိုင်သူပဲ။ နောက်ဆုံးအခိုက်အတန့် မရောက်သေးသမျှ ခင်ဗျား အပျော်မစောသင့်ဘူး”
ဝမ်ချောင်က တည်ငြိမ်စိတ်အေးနေပုံပေါ်ပြီး အနည်းငယ်သော ထိတ်လန့်မှုကိုမှ မပြသထားပေ။
“စိတ်ဝင်စားစရာပဲ။ ဒီလိုအခြေအနေမှာတောင် မင်းက လှည့်ကွက်သုံးရဲသေးတယ် ဟုတ်လား။ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အခုလေးတင် ဖြစ်သွားတဲ့ ပေါက်ကွဲမှုဆွဲအားက မင်းနဲ့ မင်းဆရာကို ကွဲသွားစေလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ရင် မင်းနဲ့ မင်းဆရာရဲ့ အကျင့်စရိုက်နဲ့ဆိုရင် မင်းနဲ့ ဘယ်တော့မှ လူစုကွဲမှာမဟုတ်ဘူး။ ဆိုတော့ ကံကြမ္မာကို လက်ခံလိုက်တော့”
ယင်နက်ဘိုးဘေးက ဆိုးယုတ်စွာရယ်သည်။
သူ၏စကားဆုံးသွားသည်နှင့် သူဟာ သူ၏ လက်ဖဝါးထဲသို့ မိစ္ဆာစွမ်းအင်များကို စုစည်းလိုက်ပြီး ဝမ်ချောင်၏ အသက်ကိုလည်း လက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့် အဆုံးသတ်ရန် ကြံစည်သည်။
“ဟား ယင်နက်ဘိုးဘေး ခင်ဗျားအပျော်စောနေသေးတယ်။ ခင်ဗျားက ငါ့ကို တကယ်ရမယ်လို့ တွေးနေတာလား။ ဘာလို့ နောက်လှည့်ပြီး တစ်ချက်မကြည့်တာလဲ”
သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က လှောင်သည်။ သူသည် ကြောက်ရွံ့မှုကို မပြသပေ။
“ကောင်လေး အချိန်ဖြုန်းမနေနဲ့။ ငါတို့က ဒီလိုလှည့်ကွက်ကြောင့်နဲ့ အရူးလုပ်ခံမယ် ထင်လို့လား”
ယင်နက်ဘိုးဘေးက တစ်ကြိမ်ထပ်ရယ်သည်။ သူသည် ငါးစာကိုဟပ်ရန် မကြိုးစားချေ။ သိုင်းပညာလောကမှ တိုင်တန်တစ်ယောက် ဖြစ်သည့်အလျောက် သူသည် အမျိုးမျိုးသော ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ပြီးသား ဖြစ်သည့်အလျောက် ရဲရင့်သလို လာပြသည့် လှည့်ကွက်လောက်ကို ဂရုမစိုက်ချေ။
“လောင်ဝူ စကားပြောမနေနဲ့။ သူ့ကိုသတ်လိုက်တော့”
အရိုးနတ်ဆိုးဘိုးဘေးက နောက်ဆုံးတွင် ဝင်ပြောသည်။ သူ၏ အေးစက်သောအကြည့်က ဝမ်ချောင်ထံတွင် ရောက်လာပြီးနောက် ရုတ်တရက် ဖနောင့်ပေါက်ကာ အရှေ့ဘက်သို့ ခုန်အုပ်လိုက်သည်။ တုန်ခါသွားသော မြေပြင်ထဲမှ အနက်ရောင်မီးခိုးများက ဖြာထွက်လာပြီး မိစ္ဆာစွမ်းအင်များက ဂူတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ နံရံထဲတွင်လည်း စူးရှသောအော်သံများနှင့် ငိုညဉ်းသံက ပြည့်နှက်လာသည်။
ထိုသို့ဖြင့် သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် လောင်ကျွမ်းနေသော လူသုံးယောက်လုံးက သတ်ဖြတ်ခြင်းတိုက်ကွက်ကို ထုတ်သုံးတော့မည့် အခိုက်အတန့်တွင်...
ဝေါင်း
လူမဆန်သော ရဲရင့်ပြီး အာဏာရှင်ဆန်သော ဟိန်းသံကြီးက သူတို့၏အနောက်ဘက်မှ ထွက်လာသည်။ ထိုအသံထဲတွင်ပင် ဖျက်ဆီးလိုစိတ်ဆန္ဒက အပြည့်ပါဝင်နေ၏။ သူတို့က မတုန့်ပြန်နိုင်သေးခင် ကြောက်စရာကောင်းပြီး ရက်စက်ကာ သားရဲဆန်သည့် အရှိန်အဝါကြီးတစ်ရပ်က စတင်ကာ ခုန်ဝင်လာသည်။
“ဒါ ဒါ ဒါကဘာလဲ”
ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေးတို့ အားလုံးက အလန့်တကြား ဖြစ်သွားကြပြီး အလျင်စလို ခေါင်းလှည့်လိုက်ကြသည်။ သို့ရာတွင် အမှောင်ထုထဲတွင် အတက်နိုင်ဆုံး မြင်ရအောင် ကြိုးစားနေသည့် အခိုက်အတန့်တွင် ရုတ်တရက် ဂူအတွင်းမှ မီးတောက်ကြီးတို့ လိမ့်ဝင်လာကြောင်း မြင်လိုက်ရလေသည်။ မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် သူတို့သုံးယောက်နှင့် ပေအနည်းငယ်သာ ဝေးတော့သည်။
မီးတောက်အတွင်းမှ ခြောက်ခြားဖွယ်ကောင်းလွန်းသော တစ်စုံတစ်ရာက ချဉ်းကပ်လာသလို ထင်ရသည်။
သူတို့က အချိန်မရှိတော့သည့်အလား ဘိုးဘေးသုံးယောက်သည်လည်း တစ်ပြိုင်တည်းလိုလို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ပတ်ဝန်းကျင်တွင်လည်း မိစ္ဆာလမ်းကြောင်းလျှောက်သော ကျွမ်းကျင်ပညာရှင်များက ဝိုင်းလာကြသည်။ သူတို့၏တိုက်ကွက်များက မီးပင်လယ်အတွင်းသို့ ဖောက်ထွင်းမတက် ဝင်ရောက်သွားသည်။
“နဂါးနတ်သိုင်း”
“ဒဏ္ဍာရီတစ္ဆေ ထိုးဖောက်ခြင်း မဟာရင်ယန်သိုင်း”
“အရိုးနတ်ဆိုးဆင်းသက်လာခြင်း”
သူတို့သုံးယောက်က သူတို့၏ အဆင့်လွန် မိစ္ဆာသိုင်းများကို ထုတ်သုံးလိုက်ကြသည်။ သူတို့က ထုတ်လွှတ်ထားသော စွမ်းအားများက နတ်များ၊ တစ္ဆေသရဲများကိုပင် ငိုညဉ်းရန် လုံလောက်သည်။
အမှန်တိုင်းပြောရသော် ထိုသုံးယောက်၏ တိုက်ကွက်က သက်ရောက်မှုရှိခဲ့သည်။
...
ဘုန်း ဘုန်း ဘုန်း
ကြယ်တာရာစွမ်းအင်များက ကြမ်းတမ်းသော ပေါက်ကွဲမှုများအနှံ့ ဖြစ်ပေါ်လာစေလျှက် ပတ်ဝန်းကျင်အနှံ့ ဟိန်းထွက်သွားသည်။ မရေမတွက်နိုင်သော တိုက်ကွက်ပေါင်းများစွာက မီးပင်လယ်ထဲသို့ ဝင်ရောက်သည်။
တခဏခန့်ကြာပြီးနောက် ကောင်းကင်ကိုပင် လှုပ်ခါစေသော တုန်ခါသံကြီးနှင့်အတူ ခြောက်မီတာမှ ခုနှစ်မီတာနီးပါးမြင့်သော ကြီးမားသည့် ပုံရိပ်ကြီးက မီးပင်လယ်ထဲမှ ခုန်ထွက်လာပြီး ဘိုးဘေးသုံးယောက်ထံသို့ ဥက္ကာတုံးပြိုကျသလိုမျိုး ဝင်ဆောင့်တိုးသည်။
“အား”
ဘိုးဘေးသုံးယောက် နဘေးမှ အားနည်းသော မိစ္ဆာလမ်းကြောင်းလျှောက်သည့် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာ၏ စူးရှသော အော်သံက လေထဲတွင် ပြည့်နှက်သွားသည်။ သူတို့သည် အချိန်မှီ မရှောင်နိုင်ခဲ့သောကြောင့် မီးတောက်ဖြင့် ဝါးမြိုခြင်း ခံလိုက်ရသည်။ သူတို့၏ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လေပြီး ခန္ဓာကိုယ်များက ပြာဖြစ်သွားသည်။
“ဒါက ဘာမကောင်းဆိုးဝါးလဲ”
ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးတို့ကပင် ထိုအကောင်ကြီးဖြင့် ဝင်ဆောင့်တိုက်ခံရပြီးနောက် အဝတ်များ ထိုးထည့်ထားသော အရုပ်တစ်ရုပ်ကဲ့သို့ လွင့်ထွက်သွားလေသည်။
ယင်နက်ဘိုးဘေးသည် သူ၏ နဂါးနတ်သိုင်းကို ပြီးမြောက်အောင် ထုတ်မသုံးနိုင်သေးခင် လွင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ယင်နက်ဘိုးဘေး၏ ခန္ဓာကိုယ်တစ်ခုလုံးက အံ့အားသင့်မှုဖြင့် တုန်လှုပ်နေသည်။ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးတို့က အခြေအနေ အနည်းငယ်သာ ပိုကောင်းသည်။
သိုင်းပညာလောကရှိ မည်သူကမှ သူတို့ကဲ့သို့ ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် သုံးယောက်၏ ပူးပေါင်းတိုက်ကွက်ကို တောင့်မခံနိုင်ခဲ့ချေ။ သို့သော် ထိုသားရဲကြီးကမူ အားလုံးကို တောင့်ခံလိုက်သည်။ ခြစ်ရာပင် မထင်သွားခဲ့ချေ။ ဒါဟာ ရိုးရှင်းစွာပင် မယုံနိုင်စရာ ကောင်းလွန်းနေလေသည်။
ထိုအရာသာ မကသေးချေ။ ယင်နက်ဘိုးဘေးသည်လည်း သူ၏တိုက်ကွက်က ထိုသားရဲအနားသို့ ရောက်သွားသည်နှင့် ကျောက်တိုင်ကြီးကို ဝင်ဆောင့်တိုက်သလိုမျိုးပင် ပြန်ကန်ထွက်လာကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ထိုသားရဲက အနည်းငယ်သော်မျှ မထိခိုက်သွားခဲ့ပါပေ။ ထိုညဉ်လက္ခဏာနှင့် သားရဲကြီး၏ ကြီးမားလွန်းသော အရွယ်အစား၊ အင်အားကို ပေါင်းစပ်ခြင်းအားဖြင့် စိတ်ပျက်အားငယ်စေရန် လုံလောက်နေပြီဖြစ်သည်။
ဝေါင်း
ဘိုးဘေးသုံးယောက်က လွင့်ထွက်သွားချိန်တွင် ခြင်္သေ့နှင့်နွားထီး ပေါင်းစပ်ထားသလို သားရဲကြီးက ပါးစပ်ကြီးကိုဖြဲကာ ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ အကြီးအကဲတစ်ယောက်၏ အလောင်းကို ကိုက်ချသည်။ ထက်ရှသောသွားကြီးက အလောင်းကို နှစ်ခြမ်းကွဲလောက်အောင် ကိုက်ပစ်လိုက်သည်။ တစ်ချက်ယမ်းခါလိုက်ရုံဖြင့် နောက်ထပ် ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သည်အထိ စုတ်ပြဲသွားရသည်။
ဝှစ်
ထိုမီးတောက်ပုံရိပ်ကြီးက အရှေ့ဘက်သို့ ခုန်ဝင်လာသည်။ ထိုသို့ဖြင့် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်အား စူးရှစွာအော်ဟစ်ရင်း ပြာဖြစ်သွားစေသည်။
ဘိုးဘေးသုံးယောက်က ခေါင်းကိုလှည့်ကာ ကြည့်လိုက်ပြီးနောက် ဖြူဖျော့သွားသည်။ ထိုသားရဲ၏ ရက်စက်ရန်လိုမှုက မယုံနိုင်စရာ ကောင်းနေလေသည်။
ထိုကျွမ်းကျင်ပညာရှင်များ အားလုံးက သိုင်းလောကမှ ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့၏နာမည်ကတင် အားလုံးကို ကြောက်ရွံ့စေရန် လုံလောက်နေပြီးသားဖြစ်သည်။
သို့သော် ထိုသားရဲကြီး၏ အရှေ့တွင်မူ သူတို့သည် စက္ကူနှင့် ရွံ့များဖြင့် လုပ်ထားသော အကောင်များ ဖြစ်သွားသည်။
“သွားရအောင် အားလုံးပဲ နောက်ဆုတ်တော့”
“ဒီနေရာကထွက်”
ယင်နက်ဘိုးဘေးက အသားကုန်ဟစ်ကာ အော်ဟစ်သည်။ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုများကို မြင်နိုင်၏။
သူဟာ ထိုသားရဲနှင့် တစ်ကြိမ်တည်းသာ တိုက်ကွက်ဖလှယ်ထားရသော်လည်း ထိုတစ်ကြိမ်တည်းကတင် သူ၏နှလုံးသားအတွင်းမှ အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုများကို ပြည့်နှက်နေစေခဲ့ပြီးသားဖြစ်သည်။
ထိုသို့ တိုက်ကွက်ဖလှယ်ရုံနှင့်တင် ယင်နက်ဘိုးဘေးဟာ တောင်တန်းကြီးတစ်ခုလုံးနှင့် တိုက်ကွက် ဖလှယ်လိုက်ရသလို ခံစားလိုက်ရသည်။ ထိုသားရဲ၏ ခန္ဓာကိုယ်မှ မာကြောကြမ်းတမ်းမှုက သူ၏အင်အားအပြည့် တိုက်ကွက်များထဲမှ တစ်ကွက်ကိုပင် အလဟသ ဖြစ်သွားစေသည်။
++++
အခန်း(၁၄၅၀)
“ကြယ်တာရာစွမ်းအင် ပြီးနေတာ။ ဒီမကောင်းဆိုးဝါးက ကြယ်တာရာစွမ်းအင်ကို ဂရုစိုက်စရာကို မလိုတာ။ ငါတို့သူ့ကို မနိုင်ဘူး”
ယင်နက်ဘိုးဘေးကလည်း သူ၏ သွေးများက ခဲသွားသလို ခံစားလိုက်ရသည်။ သူသည် သူတို့အဖွဲ့က ထိုသားရဲကို မယှဉ်နိုင်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သိုင်းပညာရှင်များ ဂုဏ်အယူရဆုံးက ကြယ်တာရာစွမ်းအင်ဖြစ်သည်။ ထိုသားရဲက ကြယ်တာရာစွမ်းအင်ကို ဂရုစိုက်စရာ မလိုလေရာ မည်သည့် သိုင်းပညာရှင်ကမှ မယှဉ်နိုင်တော့ပေ။
သာမာန်ကျွမ်းကျင်ပညာရှင်မျိုးဆိုလျှင် ထိုကဲ့သို့သော အရာမျိုးကို ယုံကြည်မည်မဟုတ်ဘဲ စမ်းသပ်ကြည့်လောက်သည်။ သို့သော် ယင်နက်ဘိုးဘေးက မတူပေ။
သူသည် အန္တရာယ်နှင့် ပတ်သတ်လာသောအခါ အလွန်အမင်း ထက်ရှလွန်းသည့် အာရုံခံနိုင်စွမ်းရည် ရှိသည်။ ထိုအာရုံခံနိုင်စွမ်းရည်ကြောင့်လည်း ယင်နက်ဘိုးဘေးက ယခုအချိန်အထိ နောက်ကျော ဓားထိုးခံရသည့် အနေအထားမျိုးမှ ကျော်ဖြတ်ရင်း ရှင်သန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်လှမ်းပြီးတစ်လှမ်းတက်၍ မိစ္ဆာလမ်းကြောင်းလျှောက်သော သာမာန်လူသစ်ဘဝမှ ထိပ်ဆုံး ရပ်တည်နိုင်သောသူ ဖြစ်လာသည်။ လူတိုင်းက သူ့ကို မော်ကြည့်ရပြီး ခြောက်ခြားရသောလူ ဖြစ်လာ၏။
ဖြောင့်မတ်မှန်ကန်မှု သတ္တိက ယင်နက်ဘိုးဘေး အနေဖြင့် တစ်မျှင်သော်မျှ မပိုင်ဆိုင်သော အရာဖြစ်သည်။
ယင်နက်ဘိုးဘေးကပင် ထိုမကောင်းဆိုးဝါးကို အာရုံခံမိလျှင် ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့က မသိစရာအကြောင်းမရှိပေ။
ယင်နက်ဘိုးဘေးက ထွက်ပြေးသလို သူ၏ လက်အောက်ငယ်သား နှစ်ယောက်ကလည်း ထွက်ပြေးသည်။ သို့သော် အရိုးနတ်ဆိုးဘိုးဘေးက ခေါင်းဆောင်ဖြစ်လေရာ အင်္ကျီလက်ကိုခါပြီး ထွက်သွား၍မရချေ။ ထို့ကြောင့် သူသည် မိစ္ဆာကြယ်တာရာစွမ်းအင် လှိုင်းများကို ထိုသားရဲထံသို့ လွှတ်ထုတ်လျှက် အခြားသော ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်သားများ ထွက်ပြေးနိုင်ရန် အချိန်ယူပေးရသည်။
“ပြေးတော့ ဒီမကောင်းဆိုးဝါးက ကြယ်တာရာစွမ်းအင်ကို လျစ်လျူရှု့လို့ရတယ်”
အရိုးနတ်ဆိုး ဘိုးဘေး၏အသံက လူတိုင်း၏နားအတွင်း ပဲ့တင်ထပ်သွားသည်။
ဘိုးဘေးငါးယောက် မဟာမိတ်က ယခုလေးတင် အသာစီးရနေခဲ့ရာမှ ရုတ်ချည်း တိုက်ခိုက်ခံရမှုကြောင့် တကွဲတပြားစီ ထွက်ပြေးရပြီး ကစဉ့်ကလျား ဖြစ်သွားသည်။ ဘိုးဘေးသုံးယောက်ကလည်း ထွက်ပြေးသည်။ အခြားသော မိစ္ဆာလမ်းကြောင်းလျှောက်သော ကျွမ်းကျင်ပညာရှင်များကလည်း အသတ်ခံရသည်။ သူတို့သည်လည်း အထိတ်တလန့် ထွက်ပြေးရသည်။
ဝှစ်
ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဖြူဖျော့သော မျက်နှာနှင့် စတင်ကာ ထွက်ပြေးကြသည်။ ထွက်ပြေးသွားသော ကိစ္စက သူတို့အပေါ် ပို၍ သက်ရောက်မည်ကိုလည်း စိုးရိမ်နေကြပုံ ရလေသည်။
ထိုအခိုက်အတန့်တွင် တည်ငြိမ်နေပြီး မလှုပ်ရှားသောလူက ဝမ်ချောင်ဖြစ်သည်။
“ဟွန် မင်းတို့က ပြေးချင်တယ်ဟုတ်လား။ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေး ခင်ဗျားတို့ ဒီမှာရှိနေမှတော့ ဘာလို့ပြေးမှာလဲ”
ဝမ်ချောင်က လှောင်ရယ်သည်။
မိစ္ဆာလမ်းကြောင်းလျှောက်သော ထိုမိစ္ဆာသုံးကောင်ဟာ နဂါးသားရဲအတွက် သဘာဝအလျောက်ပင် တောင်ကုန်းများ ဖြစ်နေပြီးသားဖြစ်သည်။ ထို့ပြင် ထိုနဂါးသားရဲ၏ ကြယ်တာရာစွမ်းအင်ကို မှု့စရာမလိုသော ညဉ်လက္ခဏာကလည်း ဘိုးဘေးသုံးယောက်၏ ပူးပေါင်းတိုက်ကွက်ထံမှ လက်ဗလာနှင့် အသာစီးရစေနိုင်သည်။
သို့သော် သူတို့ကသာ တစ်စုံတစ်ယောက်ကို အပြစ်တင်ရမည်ဆိုလျှင် ကိုယ့်ကိုယ်ကို ထောင်လွှားပြီး ပတ်ဝန်းကျင်ကို ဝိုင်း၍ ကျန်းဝမ်ဖူကို ထိုးနှက်ရန်အလို့ငှာ ဝမ်ချောင်ကို သတ်ဖြတ်ရန် ကြိုးစားသည့်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်သင့်သည်။
သူတို့အတွက် ကံဆိုးသည်မှာ ဆိုးယုတ်သူများက တစ်ပေမြောက်တက်လျှင် ဖြောင့်မတ်မှန်ကန်သူများက ဆယ်ပေ မြောက်တက်ပြီးသားဖြစ်သည်။ ဝမ်ချောင်က သူ၏ကိုယ်ပွားကိုသုံးပြီး ထိုနဂါးသားရဲကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သလို တကွေ့တပတ်နှင့် သူ၏ဘိုးဘေးများအနောက်တွင် ပေါ်ထွက်လာပြီး ကြမ်းတမ်း တိုက်ကွက်မျိုးကို ထုတ်လွှတ်ခိုင်းနိုင်သေးသည်။ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ယင်နက်ဘိုးဘေးက ဝမ်ချောင်ကသူ့ကို လှည့်စားနေသည်ဟုထင်ပြီး နောက်ကို လှည့်မကြည့်ခဲ့ချေ။ ထိုသို့ဖြင့် ယခုလို ရလဒ်မျိုးက ဖြစ်လာသည်။
သို့သော် ဝမ်ချောင်၏ ရှု့ထောင့်အရ ထိုဘိုးဘေးများက တိုက်ခိုက်ရန် ကြိုးစားကတည်းက သူတို့၏ အခြေအနေကိုလည်း မကောင်းမွန်စေရပေ။
သူဟာ ထိုဘိုးဘေးသုံးယောက် မဟာမိတ်များနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေရင်း ကောက်ကျစ်စွာပြုံးသည်။ ထိုအပြုံးက ယင်နက်ဘိုးဘေးနှင့် အပေါင်းအဖော်များကို လှုပ်ခါသွားစေသည်။
သို့သော် သူတို့က ဘာမှမပြောနိုင်သေးခင် ဝမ်ချောင်က ရုတ်တရက် ထိုသုံးယောက်ထံသို့ ခုန်ဝင်လိုက်သည်။
“ဆက်နေ”
“မဟာဖျက်ဆီးခြင်းသိုင်း”
ဝမ်ချောင်က သူ၏လက်များကို စုစည်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ အင်အားကြီး အဆင့်လွန်သိုင်းတစ်ကွက်ဖြစ်သည့် မဟာဖျက်ဆီးခြင်းသိုင်းကို ထုတ်သုံးလိုက်သည်။
ခြိမ်း
ပတ်ဝန်းကျင်ရှိ အာကာသပြင်က အလွန်အမင်း လေးလံကာ ဖျက်ဆီးခြင်းစွမ်းအင်များက ဝမ်ချောင်၏ ကိုယ်ထဲမှ ဟိန်းဟောက်လျှက် ထွက်လာပြီး ဘိုးဘေးသုံးယောက်၏ အရှေ့ဘက်ရှိ လေထုကို ရိုက်ချသည်။ ဖျက်ဆီးခြင်းစွမ်းအင်များက အာကာသပြင်ကို ကွဲကြေသွားစေလေပြီး ကြီးမားကျယ်ပြောစွာ ရှိနေသည့် ဂူပင့်ကူအိမ်ကြီး တစ်ခုလုံးကို လှုပ်ခါသွားစေသည်။
“နတ်ဆိုးလေး မင်းလုပ်ရဲလား”
ဘိုးဘေးသုံးယောက်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူတို့ထဲမှ အင်အားအကြီးဆုံး အရိုးနတ်ဆိုး ဘိုးဘေးက ချက်ချင်းလိုလို ထအော်သည်။
မဟာဖျက်ဆီးခြင်းသိုင်းက ကျန်းဝမ်ဖူ လောကတစ်ခုလုံးကို နှိမ်နှင်းရန် သုံးခဲ့သည့် အဆင့်လွန် သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။ သူတို့သုံးယောက်ကို သဘာဝအလျောက်ပင် မှတ်မိလေသည်။ သို့ရာတွင် ကျန်းဝမ်ဖူကပင် သူတို့သုံးယောက်လုံးကို တစ်ယောက်တည်း ရင်မဆိုင်နိုင်ချေ။ ဝမ်ချောင်၏ ယခုလို တိုက်ခိုက်လိုက်ခြင်းက သူတို့အား နောက်မှ သားရဲအတွက် အမှီလိုက်လာနိုင်စေရန်အတွက် အချိန်ဆွဲပေးခြင်းသာ ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
သုံးယောက်ကလည်း ချက်ချင်းလိုလို တိုက်ခိုက်သည်။ ထိုသို့ဖြင့် မိစ္ဆာစွမ်းအင်၊ ယင်စွမ်းအင်၊ အလောင်းစွမ်းအင်များ အားလုံးက ဝမ်ချောင်၏ တိုက်ကွက်ထံသို့ ဝင်ရောက်လာသည်။ ထိုတိုက်ကွက်က အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သည်အထိ ကွဲကြေသွားသော်လည်း ဝမ်ချောင်က ရည်မှန်းချက် ပြည့်သွားပြီဖြစ်သည်။
ဝေါင်း
အော်သံတစ်ချက်၊ မီးတောက်တဖြတ်နှင့်အတူ သားရဲကြီးက ထိုသုံးယောက်ကို ခုန်အုပ်သည်။
ထိုအခိုက်အတန့်တွင် ထိုသုံးယောက်က ဒေါသများဖြင့် အမျက်ထောင်းထောင်း ထနေသည်။
“ကောင်စုတ်လေး ဒီအဘိုးကြီးမင်းကို သေချာပေါက် သတ်မှာ”
ထိုသုံးယောက်က အော်ဟစ်ရင်း တိုက်ခိုက်ကြရသည်။ ကျွမ်းကျင်ပညာရှင်တိုင်း၏ တိုက်ပွဲသည် စက္ကန့်တိုင်းကို ရေတွက်၍ရသည်။ အနည်းငယ် အချိန်ကျန့်ကြာသွားသည်နှင့် နဂါးသားရဲကြီးက သူတို့ကို မှီသွားရန်လုံလောက်သည်။
“ဟေး ငါခင်ဗျားတို့ကို ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်နော်”
ဝမ်ချောင်က သဘောတကျရယ်သည်။ ထို့နောက် သူ၏ ကြွက်သားများကို တင်းကြပ်လိုက်ပြီး လေးကြိုးမှ ပစ်လွှတ်လိုက်သော မျှားတစ်စင်းကဲ့သို့ အနောက်ဘက်သို့ ခုန်ဆုတ်ကာ ဂူထဲမှထွက်သည်။
အား လက်ဆောင်ပြန်မပေးရင် မသင့်တော်ဘူး။ ထိုဘိုးဘေးသုံးယောက်ဟာ လုံလောက်သော အတွေ့အကြုံနှင့် အင်အားမျိုးရှိပြီး သိပ်မကြာခင် နဂါးသားရဲကို သတ်ဖြတ်ရန် မခက်ခဲလောက်သော်လည်း အချိန်တစ်ခုတော့ဖြင့် ကြာပေလိမ့်မည်။
“အခုက အစစ်အမှန် အလုံးအရင်းနဲ့ သတ်ဖြတ်မှု စတင်ရတော့မဲ့ အချိန်ပဲ”
ဝမ်ချောင်က ဂူထဲမှ ပြန်ထွက်လာချိန်တွင် စွမ်းအင်တန်းကို ခန္ဓာကိုယ်ထဲသို့ သိပ်သည်းစေပြီးနောက် မည်သည့်အာရုံမှ မဖမ်းစားမိစေရန် ကြိုးစားသည်။ ထောင်လွှားမောက်မာပြီး ချုပ်ထိန်းမှုကို လုံးဝမသိသော ဆိုးယုတ်သည့် လမ်းကြောင်းလျှောက်သော ကျွမ်းကျင်ပညာရှင်များကမူ သူတို့၏ အရှိန်အဝါများက တောက်လောင်နေကြသည်။ ဝမ်ချောင်က မှေးမှိန်သောအလင်းက လက်နေသည့် ပိုးစုန်းကြူးသာသာသာ ဖြစ်သည်။ သဘာဝအလျောက်ပင် နဂါးသားရဲကလည်း သူ့ကို အာရုံမစိုက်ချေ။
ထိုအခြေအနေကြောင့်လည်း ဝမ်ချောင်က နဂါးသားရဲကို ခေါ်ရဲခြင်းဖြစ်သည်။
ဘိုးဘေးငါးယောက် မဟာမိတ်က သုတ်သင်ခံရခြင်း မရှိခင်အထိ နဂါးသားရဲက သူ့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
“သေစမ်း”
“ရပ်”
“သတိထား”
ထိုသို့ဖြင့် သူ၏အနောက်ဘက်တွင် ကျိန်ဆဲသံများ၊ အော်ဟစ်သံများ၊ အလန့်တကြား အော်ဟစ်သံများက ပေါက်ကွဲထွက်နေသည်။ အရာအားလုံးက အဆုံးအစမဲ့သော အော်သံများနှင့် ပြည့်နှက်နေသေး၏။
“မင်းတို့က ကိုယ့်ကံကြမ္မာကို ဖန်တီးတာပဲ။ ဒီသားရဲနဲ့ ပျော်လိုက်ပါဦး”
တခဏခန့် နားထောင်နေပြီးသည်နှင့် ဝမ်ချောင်က အခြားဦးတည်ရာဘက် တစ်ခုသို့ ခုန်ထွက်လာခဲ့သည်။
ထိုသားရဲက သိုင်းပညာရှင်တစ်ယောက်၏ ကြယ်တာရာစွမ်းအင်ကို ပိတ်လှောင်ထားနိုင်သည်။ ဘိုးဘေးငါးယောက် မဟာမိတ်ကလည်း ထွက်ပြေးနိုင်ရန် အလို့ငှာ အတိုင်းအတာ တစ်ခုအထိ တန်ကြေး ပေးရပေလိမ့်မည်။
မီတာထောင်ပေါင်းများစွာ ကျော်ဖြတ်သွားပြီးသည်နှင့် ဝမ်ချောင်ဟာ နောက်ထပ် အော်သံတစ်သံကို ကြားရသည်။ ထို့နောက် အထက်မှ စူးရှသော အော်သံတစ်သံ ထွက်လာပြန်သည်။
“ဘာဖြစ်တာလဲ”
ဝမ်ချောင်က ရပ်သွားသည်။ သူ၏မျက်လုံးထဲမှ အကြည့်က စိတ်ရှုပ်သွား၏။ ထိုအော်သံက ဝမ်ချောင် ယခုလေးတင် ကြုံတွေ့ခဲ့သော သားရဲ၏အော်သံနှင့် အလွန်တူသည်။ သို့သော် ထင်သလောက်လည်း မတူပေ။
“နှစ်ကောင်ရှိနေတာလား”
ထိုအတွေးက ဝမ်ချောင်၏ မျက်နှာကို ဖျော့တော့သွားစေသည်။
ဂူထဲမှ ထိုသားရဲတစ်ကောင်ကတင် ဒီနေရာရှိ သိုင်းပညာရှင်တိုင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု ပေးနိုင်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ ဘိုးဘေးသုံးယောက်နှင့် ကျွမ်းကျင်ပညာရှင်များက ရပ်တန့်နိုင်ကတည်းက သိနိုင်သည်။
အကယ်၍ တစ်ကောင်က ကိုင်တွယ်ရန် ခက်ခဲနေပြီဆိုလျှင် နှစ်ကောင်ဖြစ်သွားပါက ဖြစ်လာနိုင်မည့် အခြေအနေကို စိတ်ကူးယဉ်ကြည့်၍ရသည်။
ဝေါင်း
ဝမ်ချောင်က မကောင်းသော ခံစားချက်များ ရနေချိန်တွင် ရုတ်တရက် နောက်ထပ် နဂါးသားရဲတစ်ကောင်၏ ဟိန်းသံကို ကြားရ၏။ ဝမ်ချောင်၏ မျက်နှာက ဖျော့တော့သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ ဒီနေရာမှာ ရှိနေတာ တစ်ကောင်၊ နှစ်ကောင် မကတာလဲ”
ဝမ်ချောင်ကဲ့သို့ အကြံအစည်ကြီးသော သူမျိုးကတင် ထိုအခိုက်အတန့်တွင် အန္တရာယ်၏ ပြင်းထန်မှုကို ခံစားမိလိုက်သည်။
ယခုလို ဂူများထဲတွင် တစ်ကောင်၊ နှစ်ကောင်ခန့်သာ ရှိနေခြင်းမဟုတ်လျင် သိုင်းပညာရှင်တိုင်းအတွက် အန္တရာယ် များနေလေပြီ။
“အား”
သူဟာ တွေးတောနေစဉ် ရုတ်တရက် သူ့ဘက်သို့ ဦးတည်လာနေသည့် အလျင်စလိုနိုင်သော ခြေလှမ်းသံများနှင့် ဝရုန်းသုန်းကား အော်ဟစ်သံများကို ကြားလိုက်ရသည်။
ဘုန်း
မီးတောက်နှစ်တန်းက ပေါ်ထွက်လာပြီးနောက်တွင် ပျောက်ကွယ်သွားသည်။ ထို့နောက် ပြန်ပေါ်လာသောအခါ မတူညီသော ဦးတည်ရာဘက်များအနှံ့ ထွက်ပြေးသွားသံများ ကြားရပြန်သည်။ မီးတောက်များက ဝင်လိုက်ထွက်လိုက် ဖြစ်နေ၏။ အော်ဟစ်သံများက ဆိုးသထက် ဆိုးလာသည်။
တခဏခန့်သာ ကြာရုံရှိသေးသည်။ ဝမ်ချောင်ဟာ သူရှိရာဘက်သို့ မြောက်များလှစွာသောလူပေါင်း အပြေးလာနေကြောင်း မြင်လိုက်ရသည်။
“သူတို့က ဒီနားကိုလာနေတယ်။ ပြေးပြေး”
“မျိုးမစစ်ကောင် ဘာလို့ မူလအမရအရှင်က ဒီလို မကောင်းဆိုးဝါးမျိုး ချန်ထားခဲ့တာလဲ”
“သွားပြီ သွားပြီ ငါဒီနေရာကို မလာခဲ့သင့်ဘူး”
“မျိုးမစစ်ကောင် ငါ့ရဲ့လမ်းကို လာမပိတ်နဲ့ဖယ်”
ဂူများအတွင်း အထိတ်တလန့် အော်သံများက ရောနှောနေသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် သိုင်းပညာရှင် အယောက်(၃၀)၊ (၄၀)ခန့်ကို မြင်ရသည်။ သူတို့၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့နေပြီး အသက်ဘေးမှ လွတ်မြောက်အောင် ပြေးနေကြသည်။
ထိုသိုင်းပညာရှင်များဟာ ဝမ်ချောင်၏နောက်မှ ဝင်လာခဲ့သောလူများ ဖြစ်လောက်သည်။ သို့သော် ရှုပ်ထွေးပြီး ဆက်သွယ်နေသော ဂူများအကြားတွင် သူတို့ဟာ ဆက်သွယ်မိသွားသည်။
ဝေါင်း
ဂူထဲတွင် နောက်ထပ် မီးတောက်တစ်တန်းက ပေါ်လာသည်။ တောက်ပလွန်းသော မီးအလင်းရောင်မှတစ်ဆင့် ဝမ်ချောင်သည်လည်း နဂါးသားရဲနှင့် အလားတူသော ပုံသဏ္ဍန်မျိုးကို မြင်လိုက်ရသည်။
ထိုနဂါးသားရဲနှစ်ကောင်က တစ်ယောက်နှင့်တစ်ယောက် အတော်ဝေးဝေးတွင် ရပ်နေသည်။ မတူညီသော ဂူအတွင်းမှ နီရဲသော မျက်လုံးများဖြင့် ကြည့်နေသည်။ ထိုမျက်လုံးများကလည်း ဖျက်ဆီးခြင်းစွမ်းအား အရှိန်အဝါများဖြင့် ဖြာထွက်နေလေသည်။
ဝေါင်း
ဝမ်ချောင်ကလည်း ထိုနဂါးသားရဲက သူယခုလေးတင် တွေ့ခဲ့သော နဂါးသားရဲ ဟုတ်မဟုတ် တွေးတောနေချိန်တွင် နောက်ထပ် အသံတစ်သံက ဂူအနှံ့ ဟိန်းထွက်သွားသည်။ ဒီတစ်ကြိမ်တွင်မူ သူ၏ အနောက်ဘက်မှလာသည်။
ဝမ်ချောင်က ခပ်အုပ်အုပ် ညဉ်းလိုက်သည်။
“သွားမယ်”
သူသည် အနည်းငယ်မျှပင် အချိန်မဆွဲနိုင်တော့ပေ။ သူဟာ ချက်ချင်းဆိုသလိုပင် အခြားသော သိုင်းပညာရှင်များနှင့် ပေါင်းကာ အသက်ဘေးမှ လွတ်မြောက်အောင်ပြေးသည်။
ကျယ်လောင်လွန်းသော ဟိန်းသံနှင့်အတူ မတူညီသော မီးတောက်တန်း သုံးတန်းက ဂူများကိုကျော်ဖြတ်၍ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်ကလည်း မီးတောက်များဖြင့် ထိမှန်ကာ အော်ဟစ်ရသည်။ ထို့နောက် ပြာကျသွားသည်။
အားထုတ်မှုစွမ်းအား ပြင်းထန်သော အားလှိုင်းများကလည်း အချို့သော သိုင်းပညာရှင်များကို လေထဲသို့ မြောက်တက်သွားကာ လွင့်ပျံသွားစေသည်။
“ကယ်ပါ ငါ့ကိုကယ်ပါ”
သိုင်းပညာရှင်များထဲမှ တစ်ယောက်က ပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ သူဟာ လက်နှစ်ဖက်လုံးကို ဆန့်တန်းပြီး စိတ်ပျက်အားငယ်မှု အပြည့်နှင့် လှမ်း၍ အော်ဟစ်ကာ အကူအညီတောင်းသည်။
တခဏခန့်ကြာပြီးနောက် ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က အောက်ဘက်သို့ ဖိချလာပြီး ထိုသိုင်းပညာရှင်ကို ကြေမွသွားစေသည်။
နဂါးသားရဲများက မီးတောက်များကို ဆက်တိုက်ဆိုသလို မှုတ်ထုတ်ကာ ပြေးလိုက်နေချိန်တွင် မီးများက ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။ အချိန်မှီ မရှောင်နိုင်ဘဲ ဖမ်းမိသွားသော မည်သူကမဆို နဂါးသားရဲ၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။
ဂူထဲတွင် သိုင်းပညာရှင် မြောက်များသော်လည်း မည်သူကမှ နဂါးသားရဲ၏ တိုက်ကွက် တစ်ကွက်ကိုပင် မခံနိုင်ပေ။
“အား”
ထိုသို့ဖြင့် ဂူ၏ နံရံများမှ အဆုံးအစမဲ့သော အော်ဟစ်သံများက ပဲ့တင်ထပ်နေလေသည်။