← Chapters

အခန်း (၁၄၅၁-၁၄၅၅)

Vol. 87 Ch. 1451-1455

အခန်း (၁၄၅၁-၁၄၅၅)

Vol. 87 Ch. 1451-1455

အခန်း(၁၄၅၁)

အပေါ်ယံတွင်ရှိသော မူလအမရ ရတနာသိုက်၏ အစောင့်အရှောက်များထဲမှ တစ်ယောက်က အော်ကာ ရုတ်တရက်ထပြောသည်။

“အရှင် နဂါးသားရဲတွေအားလုံး လှုပ်ရှားကုန်ပြီ။ ငါတို့စီစဉ်ထားတဲ့အတိုင်းပဲ။ သူတို့က အဲ့ဒီသိုင်းပညာရှင်တွေ အားလုံးကို ဂူတွေရဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲကို မောင်းနှင်လိမ့်မယ်”

သူတို့ဟာ မြေအောက်တွင် မရှိသည့်တိုင်အောင် ဝမ်ချောင်နှင့် အခြားသော သိုင်းပညာရှင်များက ကြုံတွေ့ခံစားနေရသည့် အရာအားလုံးကို သူတို့၏ လက်ခုံကဲ့သို့ ကောင်းကောင်း နားလည်နေကြသည်။

“ဘယ်လိုနည်းနဲ့မဆို ငါတို့ ဒီကောင်တွေကို လူစုခွဲထားရမယ်။ အတူပေါင်းပြီး လုပ်စေလို့မရဘူး။ နဂါးသားရဲတွေလောက်က ဒီလိုမလုပ်နိုင်ဘူး။ အချိန်ကျပြီ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ အခုချက်ချင်း တွင်းအောက်ခြေက အဲ့ဒါတွေကို လွှတ်လိုက်တော့”

အစောင့်အရှောက်များ၏ ခေါင်းဆောင်ကပြောသည်။ သူ၏မျက်လုံးက ခံစားချက်ကင်းမဲ့စွာနှင့် တွင်းအောက်ဘက်သို့ ငုံ့ကြည့်နေလေသည်။

“ဟုတ်ကဲ့”

...

အပေါ်ယံနှင့် မီတာခြောက်ထောင်မှ ခုနှစ်ထောင်အထိ ရှိသော နေရာအနားတွင် ခေါင်းဆောင်၏ အမိန့်ပေးသံ ဆုံးသည်နှင့် အပြောင်းအလဲက ဖြစ်လာသည်။ ထိုအပြောင်းအလဲက မမြင်ရသော အားလှိုင်းတစ်ရပ်က တွင်းအောက်ခြေမှ အရောင်မရှိသော အစက်ကလေးများ တွင်းအောက်ခြေ၏ မည်းမှောင်နေသော နေရာအနှံ့ ပျံ့နှံ့သွားသလိုမျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တွင်းထဲရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။

ရုတ်တရက် အလင်းက တစ်ချက်လက်သွားပြီးနောက် ပိုးစုန်းကြူးလေး တစ်ကောင်က အမှောင်ထဲမှထကာ ပျံသန်း၍ ထွက်လာသလိုမျိုး မှေးမှိန်သော အလင်းလေးက ပေါ်ထွက်လာလေသည်။

ထိုအလင်းလေးသည် မီတာရာပေါင်းများစွာ အမြင့်သို့ ရောက်ရှိပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ရာမှ ရုတ်တရက် နိုးထလာသော အနေအထားမျိုးသို့ ပြောင်းလဲသွားသည်။ မှေးမှိန်သောအလင်းက မျက်စိကြိမ်းမတက် တောက်ပလာသည်။ အလင်းတန်းကလည်း အလွန်ကျယ်ပြောသော မြေအောက်ဂူ ပိုက်ကွန်ကြီးအတွင်း ဥက္ကာတုံးကြီးကဲ့သို့ လင်းထိန်လာလေသည်။

...

ဂူများအတွင်းမှ ဝမ်ချောင်က သူထွက်ပြေးနေရင်း သူ၏စွမ်းအင်များကို တက်နိုင်သမျှ ရုတ်သိမ်းထားသည်။ သူ၏အနောက်ဘက်မှ အော်သံ တစ်သံပြီးတစ်သံ ထွက်လာသလို နောက်တွင် ကျန်ရစ်ခဲ့သော သိုင်းပညာရှင်တိုင်းက အသတ်ခံရသည်။

ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တင်းကြပ်နေသည်။

သူ၏စိတ်ထဲတွင်လည်း အန္တရာယ်က ကြီးမားသော လှိုင်းလုံးကြီးများအလား ကြီးစိုးနေပြီး သူ့ကိုတောက်လျှောက် ခြိမ်းခြောက်မှုဖြင့် လွှမ်းခြုံထားလေသည်။

ဝမ်ချောင်၏ အကြီးမားဆုံးသော အထောက်အပံ့က စိတ်ဝိညာဉ် သိပ်သည်းခြင်း ပုလဲဖြစ်သည်။ သို့သော် ထိုပုလဲထဲတွင် မည်မျှစွမ်းအင်များ သိုလှောင်ထားစေကာမူ နဂါးသားရဲ သုံးကောင်၏ တိုက်ကွက်များအောက်တွင် ကုန်ဆုံသွားနိုင်သေးသည်။

ထို့ကြောင့် ထိုသို့ဖြစ်လာသည်နှင့် ဝမ်ချောင်က သေပေလိမ့်မည်။

“ဘယ်နေရာလဲ ငါပြေးသင့်တဲ့နေရာက ဘယ်နေရာလဲ”

ဝမ်ချောင်က ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ထိုဂူပိုက်ကွန်ကြီးက အရပ်မျက်နှာအနှံ့တွင် တည်ရှိနေလေသောကြောင့် လမ်းဖျောက်ရန် အလွန်လွယ်သည်။ ဦးတည်ရာဘက် မှားသွားပြီး ထိုသားရဲ၏ ပါးစပ်ထဲသို့ ခုန်ဝင်မိမည့် အခြေအနေကိုလည်း စိုးရိမ်ရသေးသည်။

စိတ်စွမ်းအင်စည်းတံဆိပ်က ဂူအတွင်း ဖြန့်ကျက်ထားသည့်အလျောက် ဝမ်ချောင် ဂုဏ်အယူရဆုံးသော စိတ်စွမ်းအင်ကိုပင် အသုံးပြု၍ မရနိုင်ပြန်ပေ။

ထိုအခြေအနေက မှန်ကန်သော ဦးတည်ရာဘက်ကို ခွဲထားရန် ပို၍ခက်ခဲသွားစေသည်။

ငါ စိတ်စွမ်းအင်အစား အသံကိုပဲ သုံးရတော့မယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်သည်။

စိတ်စွမ်းအင်သည် ထောက်လှမ်းသည့် နည်းလမ်းများထဲမှ တစ်မျိုးဖြစ်သော်လည်း အသံလှိုင်းကမူ တူညီသော ရည်ရွယ်ချက်အဖြစ် အသုံးပြုနိုင်သည်။ လင်းနို့တစ်ကောင်က အသံဖြင့် ဦးတည်ရာဘက်ကို ဆုံးဖြတ်သကဲ့သို့ဖြစ်သည်။

ဒါပေါ့ စိတ်စွမ်းအင်အများအပြား သုံးဖို့မလွယ်ဘူး။

ဝမ်ချောင်က စိတ်ကိုအာရုံစိုက်လိုက်ပြီး ပတ်ဝန်းကျင်မှ ဆူညံသံများ အားလုံးကို အာရုံစူးစိုက်ထားလိုက်သည်။

သားရဲများ၏ဟိန်းသံ၊ သိုင်းပညာရှင်များ၏ အော်သံ၊ ပေါက်ကွဲသံ၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါသံအားလှိုင်းများ... ထိုအသံများ အားလုံးက ဂူနံရံများအနှံ့ ပဲ့တင်ကာ ကန်ထွက်လာလေသည်။ ထိုအသံများသည် ဝမ်ချောင်က သူ၏ မြောက်များလှစွာသော စိတ်စွမ်းအင်များကို အသုံးပြု၍ ပြန်လည် တည်ဆောက်နေသော စိတ်အတွင်းမှ ပုံရိပ်ထဲသို့ ပို့လွှတ်၍ ရောက်ရှိလာခြင်းအားဖြင့် သူ၏ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကို ပုံရိပ်တစ်ခုအလား စိတ်ထဲတွင် ထင်ရှားစွာ မြင်လာရသည်။

ထိုလုပ်ရပ်၏ သက်ရောက်မှုက မူလအမရဝင်္ကပါ ပုံစံငယ်ကို ဝမ်ချောင်တွက်ချက်ခဲ့ချိန်ကထက် အများကြီး နှေးကွေးသေးသည်။ သို့သော် ရလဒ်လည်းရှိသည်။

ဝမ်ချောင်သည် မူလကမူ ပင့်ကူအိမ်ကြီးသဖွယ် ဖြစ်နေသော ထိုဂူများ၏ ချိတ်ဆက်မှုကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သို့သော်သူ၏ တဖြည်းဖြည်းချင်းစီ ပတ်ဝန်းကျင်မှ ပုံစံငယ်လေးကို စိတ်ထဲတွင် ထည့်သွင်းပုံဖော်နိုင်လာခြင်းအားဖြင့် ထိုပုံစံငယ်လေးကလည်း ပြန့်သထက် ပြန့်လာသည်။

သူဟာ မြေပုံတစ်ခုလုံးကို မရသေးသည့်တိုင်အောင် အနည်းဆုံး ဖြတ်သန်းသွားလာနေရခြင်းမျိုး မဖြစ်နိုင်တော့ပေ။

“ပြေး ပြေး”

“အဲ့ဒီပိုးကောင်တွေ”

“သွားပြီ။ ငါတို့အားလုံး သေတော့မယ်။ အား...”

လေထဲတွင် နောက်ထပ် အော်သံများက ထပ်မံထိုးဖောက်လာပြန်သည်။ သို့သော် မမျှော်လင့်ထားသော ဦးတည်ရာဘက်မှဖြစ်သည်။

ဝေါင်း

ဝမ်ချောင်က တအံ့တဩ လှည့်ကြည့်လိုက်သောအခါ သူရှိရာဘက်သို့ အထိတ်တလန့် ပြေးလာသော သိုင်းပညာရှင် တစ်ဖွဲ့ကို မြင်ရသည်။ သူတို့၏အနောက်ဘက်တွင် လက်သီးဆုပ် အရွယ်အစားခန့် ရှိသည့် ရွှေရောင်အလင်းတန်းများက ဥက္ကာတုံးကြီးများက တစ်ဟုန်ထိုး ထိုးကျနေသကဲ့သို့ သူတို့၏ အနောက်ဘက်မှ လေထုကို ထိုးခွဲရင်း ပြေးလိုက်လာနေသည်။

ထိုရွှေရောင်အလင်းတန်းများက လိုက်နေသည်နှင့် ဝမ်ချောင်သည်လည်း ရင်းနှီးကျွမ်းဝင်သော အကောင်ကို မှတ်မိသွားသည်။

ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်

ဝမ်ချောင်သည် ထိုကြောက်စရာကောင်းသော အကောင်များက နဂါးသားရဲများနှင့် ညင်လက္ခဏာ တူညီနေကြောင်း သိလိုက်ပြီး အလွန်အမင်း အံ့ဩကာ တုန်ယင်သွားသည်။

မူလအမရဝင်္ကပါထဲတွင် ထိပ်တန်းအဆင့် သိုင်းပညာရှင် အများစု သေဆုံးခဲ့သည်မှာ ထိုကြောက်စရာကောင်းသော နွားချေးပိုးထိုး ကောင်များကြောင့်ဖြစ်သည်။ ဝမ်ချောင်သည်လည်း ယခုလိုမျိုး အလင်းမရှိသော ဂူထဲတွင်ပင် ပြန်တိုးလိမ့်မည်ဟု မတွေးထားမိချေ။

မူလအမရ ဝင်္ကပါထဲမှ အကောင်များနှင့်ယှဉ်သော် ထိုနွားချေးပိုးထိုးကောင်များက ပို၍ကြီးပြီး ပို၍ အင်အားကြီးမားကာ ပို၍ ရုတ်ရင့်ကြမ်းတမ်းသေးသည်။

သူတို့က မိုးရွာသလိုမျိုး တောက်လျှောက် ဆင်းသက်လာပြီးသည်နှင့် တဟုန်ထိုး တဆက်တည်းလိုလို အုံလိုက်ကျင်းလိုက် ဝိုင်းလာတတ်သည်။ နဂါးသားရဲ သုံးကောင်ကတင် မြေအောက်မှ သိုင်းပညာရှင်တိုင်းနီးပါးကို သတ်ဖြတ်ရန် လုံလောက်နေခဲ့ပြီးသားဖြစ်သည်။ ယခုအခါ နောက်ထပ် အိမ်မက်ဆိုးကဲ့သို့ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက ဝင်ပါလာသည်။ ဝမ်ချောင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏နှလုံးသားက ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ သူ၏နှာခေါင်းပေါက်ထဲတွင်ပင် ဖော်ပြရန်ခက်ခဲလောက်အောင် နံစော်နေသည့် သေဆုံးခြင်းရနံ့ကိုပင် ရလိုက်သည်။

မည်သည့်သိုင်းပညာရှင်ကမှ ထိုနဂါးသားရဲ သုံးကောင်နှင့် အဆင့်မြင့် ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များအကြား ရှင်သန်နိုင်မည်မဟုတ်ပေ။

ဝေါင်း

ဝမ်ချောင်က သူ၏ရွေ့လျားမှုသိုင်းကို ထုတ်သုံးလိုက်ပြီး ဂူများထဲသို့ ဆက်လက်ပြီး တိုးဝင်လိုက်သည်။

ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာ မရှိသောအခါ ဝမ်ချောင်ကိုယ်တိုင်ပင် ထိုနွားချေးပိုးထိုးကောင်များကို မတားနိုင်တော့ပေ။

ဝုန်း

မရေမတွက်နိုင်သော ရွှေရောင်အလင်းများက ဂူများထဲမှ ဘုန်းကနဲ လိမ့်ထွက်လာသည်။ သောင်းပေါင်းများစွာသော နွားချေးပိုးထိုးကောင်များက ပေါ်လာပြီးနောက် ဝမ်ချောင်ရှိရာ ဦးတည်ရာဘက်သို့ ပျံသန်းလာကြသည်။

ဝေါင်း

တစ်စက္ကန့်ခန့် ကြာပြီးနောက် ဟိန်းဟောက်နေသော နဂါးသားရဲသုံးကောင်ကလည်း သူတို့၏အနောက်ဘက် ဂူထဲတွင် ပေါ်လာသည်။

နွားချေးပိုးထိုးကောင်များနှင့် ပူးပေါင်းပြီးနောက် သူတို့သည် သိုင်းပညာရှင်များ၏ အနောက်ဘက်သို့ လိုက်ကြသည်။

အန္တရာယ်ဟာ သူတို့၏အရိပ်ကဲ့သို့ အနောက်ဘက်မှ တွဲလောင်းပါနေသည်။ နောက်တွင်ကျန်ရစ်ခဲ့သော သိုင်းပညာရှင်တိုင်း၏ နောက်ဆုံးတစ်သုတ်ကလည်း နွားချေးပိုးထိုးကောင်များကြောင့်ဖြစ်စေ၊ နဂါးသားရဲကြောင့်ဖြစ်စေ အသတ်ခံရသည်။ သူတို့၏ သေခါနီး အော်ဟစ်သည့် အသံများက ရှင်သန်သူများကို ကြောက်ရွံ့မှုဖြင့် တုန်ယင်စေလေသည်။

ဝမ်ချောင်သည် ဆက်လက်ပြီး ပြေးလွှားနေသည်။ သို့သော် သူ၏စိတ်ကမူ ပတ်ဝန်းကျင်မှ အခြေအနေကို အထူးတလည် အာရုံစိုက်ထားသည်။ ယခုလို အခြေအနေမျိုးတွင် သူဟာ အနည်းငယ်သော်မျှ သတိ မပေါ့ဆရဲချေ။

“မဟုတ်သေးဘူး”

ရုတ်တရက် ဝမ်ချောင်၏ ခန္ဓာကိုယ်က တစ်စုံတစ်ရာကို နားလည်လိုက်သလို တုန်သွားသည်။ ယခုလို အချိန်အနည်းငယ် ကြာလာမှသာ သူသည်လည်း ထိုနွားချေးပိုးထိုးကောင်များနှင့် နဂါးသားရဲများက သူ့အား အလွန်ထူးဆန်းသော ခံစားချက် ပေးလာကြောင်း သတိထားမိလိုက်သည်။

“ဒီကောင်တွေရဲ့ပန်းတိုင်က သတ်ဖို့မဟုတ်ဘဲ တစ်နေရာကို မောင်းသွင်းနေတာပဲ”

နဂါးသားရဲများနှင့် ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက နောက်ဆုံးမှ သိုင်းပညာရှင်များကို သတ်ရန်ဟူ၍ ကန့်သတ်ချုပ်ချယ်ခံထားရခြင်း မရှိပါချေ။

နွားချေးပိုးထိုးကောင်များက ကိစ္စတစ်ရပ်ဖြစ်သည်။ သို့သော် ဝမ်ချောင်သည် နဂါးသားရဲများ၏ အရှိန်နှုန်းကို ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ဖူးပြီးသားဖြစ်သည်။ သိုင်းပညာရှင် အနည်းစုကသာ သူတို့၏အရှိန်ကို လိုက်မှီနိုင်ပေလိမ့်မည်။

သို့သော် ထိုနဂါးသားရဲများက အလုံးအရင်း သတ်ဖြတ်ရန်အလို့ဌာ လူအုပ်ထဲသို့ ခုန်မဝင်လာခဲ့ချေ။ ထို့နောက် သူတို့၏ရည်ရွယ်ချက်က သတ်ဖြတ်ခြင်းမှ တစ်နေရာသို့ ခြောက်သွင်းရန် ဖြစ်နေကြောင်း သိရပေမည်။

ဒီလူတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေပြန်ပြီထင်တယ်။

ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် မူလအမရဝင်္ကပါထဲမှ လျို့ဝှက်ဆန်းကြယ်သော အဖွဲ့ကလည်း ဝင်္ကပါကို အသုံးပြုပြီး အတွင်းမှ သိုင်းပညာရှင်တိုင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးကြောင်း သတိရသွားသည်။ ရှင်းလင်းစွာဖြင့်ပင် ထိုလျို့ဝှက်ဆန်းကြယ်သော ကြိုးကိုင်သူများသည် နဂါးသားရဲနှင့် ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များအား သူတို့၏ ရင်ထဲမှ ကြင်နာမှုနှင့် ချုပ်ထိန်းပေးထားလိမ့်မည် မဟုတ်ချေ။ ထိုအစား ပိုကြီးသော အကြံအစည် ရှိနေရပေမည်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် ပိုကြီးမားသော အန္တရာယ်က ချဉ်းကပ်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သို့သော် ယခုလို အချိန်လေးအနည်းငယ်သာ ရနေသော အခိုက်အတန့်မျိုးတွင် သူသည် ဖြေရှင်းချက်ကောင်းကောင်းကို မထုတ်နိုင်ချေ။

“အား”

သူဟာ ပြေးလွှားနေရာမှ ရုတ်တရက် သူ၏ဝမ်းဗိုက်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် ကြယ်တာရာစွမ်းအင်များက ကစဉ့်ကလျား ဖြစ်ကုန်သည်။

မကောင်းတော့ဘူး ငါကြယ်တာရာစွမ်းအင်တွေ အများကြီး သုံးမိလို့ ငါ့ရဲ့သွေးကြောတွေက ကစဉ့်ကလျားဖြစ်လာပြီ။

ဝမ်ချောင်သည် ယိုင်နဲ့လျှက် လဲကျလုနီးပါး ဖြစ်လာသည်။ ဝမ်ချောင်က သူ၏ကျင့်ကြံခြင်း သွေဖယ်မှုကို မကုသရသေးချေ။ စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကလည်း အရှိန်နှုန်းကိုသာ နှေးကွေးစေနိုင်ပြီး ဒဏ်ရာများကို မဆိုးရွားအောင် ကာပေးထားနိုင်ရုံသာ ဖြစ်သည်။ သို့သော် မကုသပေးနိုင်ချေ။

မြောက်များလှစွာသော တိုက်ပွဲများနှင့် ထွက်ပြေးရသော အခြေအနေများအပြင် သူဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၊ မဟာဖျက်ဆီးခြင်း သိုင်းများကိုလည်း ထုတ်သုံးခဲ့ရသေးသည့်အတွက် ဝမ်ချောင်၏ ကစဉ့်ကလျားဖြစ်နေပြီးသား သွေးကြောများအပေါ် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်စေသည်။

ဝမ်ချောင်သည် သူဟာ သူ၏ ကျင့်ကြံခြင်းသွေဖယ်သည့် ပြဿနာအား ဖြေရှင်းလိုလျှင် မူလအမရသိုင်းကို ရှာတွေ့ရုံကလွဲပြီး အခြားနည်းလမ်း မရှိကြောင်း သိထားသည့်တိုင်အောင် သူ၏ကျင့်ကြံခြင်း သွေဖယ်မှုက အချိန်ကြာလာသည်နှင့်အမျှ ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် ဆိုးရွားသထက် ဆိုးရွားလာသည်။ သူသည်လည်း ယခုလောက်အထိ မြန်ဆန်နေမည်ဟု မထင်ထားမိချေ။

ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးမှာဆိုရင် ဒါက သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်တယ်။

“သေစမ်း ဘာလို့ အခုဖြစ်ရတာလဲ”

ဝမ်ချောင်၏ ဖျော့တော့သောမျက်နှာက ချွေးစေးများ စီးကျလာသည်။ သူသည် မသိလိုက် မသိဘာသာပင် အရှိန်နှုန်းကို နှေးကွေးမိသွားသည်။ သို့ရာတွင် တခဏခန့်ကြာပြီးနောက် သူ၏ဝမ်းဗိုက်မှ စူးရှလွန်းသော နာကျင်မှုက ပို၍သာ ပြင်းထန်လာသည်။ အတွင်းတွင် စီးဆင်းနေသော ကြယ်တာရာစွမ်းအင်များ၏ ကစဉ့်ကလျားဖြစ်သော အနေအထားကလည်း ပို၍ဆိုးလာ၏။ ဝမ်ချောင်၏ အရေးကြီးသော သွေးကြောနှစ်ခုက စတင်ကာ တွန့်လိမ်၍ ခြောက်ကပ်ဟန်ပြလာသည်။ သို့သော် ဒါက ပြဿနာများ၏ အစသာဖြစ်သည်။ ဝမ်ချောင်က အရှိန်ကို နှေးကွေးလိုက်သည်နှင့် သူ၏ခေါင်းအထက်မှ ကြမ်းတမ်းသော ဟိန်းသံကြီးက ထွက်လာသည်။

မည်သည့်အချိန်ကမှန်းမသိ ကြီးမားသော သတ္တဝါကြီးတစ်ကောင်က အခြားသိုင်းပညာရှင်များကို တစ်ပတ်ကျော်၍ အခြားဂူတစ်ဂူထဲမှ ပြေးထွက်လာသည်။ ထိုသို့ဖြင့် ဝမ်ချေင်၏အရှေ့ဘက် မီတာနှစ်ဆယ်ခန့်အကွာတွင် ပေါ်လာသည်။

သူ၏တောက်ပလွန်းသော အနီရောင်မျက်လုံးက ဝမ်ချောင်ကို ငုံ့ကြည့်သည်။

ဝမ်ချောင်၏နှလုံးသားက ကျောက်တုံးတစ်တုံးကဲ့သို့ ပြုတ်ကျသွားပြီး သူ၏ မျက်နှာက တင်းမာသွားသည်။

ကံကောင်းမှုသည် အတွဲလိုက်ပေါ်လာတတ်သလို ကံဆိုးမှုကလည်း တစ်ယောက်တည်း မလာတတ်ချေ။ ဝမ်ချောင်သည်လည်း ထိုနဂါးသားရဲက ယခုလိုအချိန်တွင် သူ့ကို မျက်စိကျသွားမည်ဟု မတွေးထားဖူးချေ။

စွစ်

ထိုအခိုက်အတန့်တွင် အချိန်က တခဏခန့် ရပ်တန့်သွားပုံပေါ်သည်။ လောကကြီးကလည်း ဝမ်ချောင်နှင့် ခုနှစ်မီတာ၊ ရှစ်မီတာခန့်မြင့်သော နဂါးသားရဲသာ ရှိတော့သည်။ ရှေးခေတ်ကာလမှ ရက်စက်ကြမ်းကြုတ်သော နဂါးသားရဲကြီးက ဝမ်ချောင်ကို စိုက်ကြည့်သည်။ ဝမ်ချောင်ကပင် တစ်ဖက်သူ၏ တဖူးဖူးနှင့် နှာမှုတ်သံကို ကြားနေရသည်။ သူ၏နှာခေါင်းထဲမှ ပူနွေးသော လေစိးကြောင်းများ ထွက်လာသည်။

ဝုန်း

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် နဂါးသားရဲကြီးက သူ၏ခြေထောက် တစ်ဖက်ကို မြှေက်လိုက်ပြီး ပြေးလျော့သွားသော ကြွက်သားများက တင်းကြပ်သွားကြောင်း မြင်လိုက်သည်။ ဝမ်ချောင်၏ စိတ်ထဲမှ အန္တရာယ်အဆင့်က ထိပ်ဆုံးတွင်ထိုးတက်သွားသည်။ ထိုထက်ပို၍ပင် မြင့်၍မရတော့ချေ။

ထိုအခိုက်အတန့်တွင် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးပေလိမ့်မည်။

ဘန်း

နဂါးသားရဲကြီး၏ ခြေထောက်က အောက်ဘက်သို့ ဖိချချိန်တွင် မြေကမ္ဘာက တုန်ခါသွားသည်။ ထို့နောက် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ပျောက်သွားသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင် ဝမ်ချောင်၏ နှာခေါင်းပေါက်အတွင်း မွန်းကြပ်သလို ခြောက်ခြားဖွယ်ကောင်းသော သေဆုံးခြင်းရနံ့က ပြည့်နှက်သွားပြီဖြစ်သည်။

နဂါးသားရဲက ထုတ်ပြထားသော အင်အားနှင့် သူ၏ကိုယ်ပိုင် အတွင်းပိုင်းမှ လှိုင်တက်လာသော နာကျင်မှုများက ပေါင်းစပ်လိုက်သော် သူသည် ထိုတိုက်ကွက်ကိုသာ ခံလိုက်ရပါက သေချာပေါက် သေသွားနိုင်လေသည်။

အခန်း (၁၄၅၂)

“သတိပေးချက် အသုံးပြုသူက ဧကရာဇ်ဟွမ်ရဲ့ ခေတ်က ချန်ထားရစ်ခဲ့တဲ့ အင်အားကြီးမားတဲ့ သတ္တဝါ တစ်ကောင် ဖြစ်တဲ့ ရှေးဟောင်းနဂါးသားရဲနှင့် ရင်ဆိုင် တွေ့ကြုံနေရပါတယ်။ ဒီရှေးဟောင်း ဖြစ်တည်မှုတွေက လောကရဲ့ အသေးစိတ်ကျတဲ့ အားလိုင်းတွေထဲမှာ လျို့ဝှက်ပုံးကွယ်လျက်သာ ရှိနေသင့်သည့် သတ္တဝါသာဖြစ်တယ်။ ဒါကြောင့် အသုံးပြုသူက နဂါးဖြစ်သူရဲ့ တိုက်ကွက်ကနေ လွတ်မြောက်သွားခဲ့မယ်ဆိုရင် အသုံးပြုသူကို ကံကြမ္မာဆိုး၏ အမှတ် တစ်သောင်း ချီးမြင့်ပါမယ်။ အသုံးပြုသူက နဂါးသားရဲကို သတ်နိုင်ရင် အသုံးပြုသူအား ကံကြမ္မာစွမ်းအင် တစ်သိန်းချီးမြင့်ပါမယ်။ အသံုးပြုသူကသာ နဂါးသားရဲကို ရင်ပါးအောင် လုပ်နိုင်ရင် အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ် ငါးသိန်းချီးမြင့်ပါမယ်။”

ကံကြမ္မာကျုံဖြုန်းက ဝမ်ချောင်အား ရုတ်တရက် တာဝန် တခုကို လာပေးသောအခါ ဝမ်ချောင်၏ စိတ်ထဲတွင် တောက်ပသော အလင်းက လက်လာသလို ထိုခဏအတွင်း သူ သတိလက်လွတ် ဖြစ်သွား၏။

“အာ... ဧကရာဇ်ဟွမ်ရဲ့ ခေတ်ဟုတ်လား။”

ဝမ်ချောင်သည် ထိုစကားများကြောင့် အံ့ဩသွားသည်။ သူသည်လည်း ထိုသားရဲက ပုံမှန်မဟုတ်သော နောက်ခံရှိမှန်း သိထားပြီးသား ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပဲ ဧကရာဇ်ဟွမ်နှင့်လည်း ပတ်သတ်နေသေးသည်။

ထိုသားရဲသည် ထိုမျှကြာအောင်ရှင်သန်နေထိုင်ခဲ့ခြင်းက သူ၏ နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားသည်။ ဝမ်ချောင်သည် အများကြီး တွေးရန် အချိန်မရှိတော့ချေ။ အရင်ဆုံး -----က သေချာ မြင်ခဲ့ပြီးသား ဖြစ်သည်။ သူသည် နဂါးသားရဲကို မမြင်နိုင်သော်လည်း သူ၏ အရှိန်နှုန်းအရ သူ၏ ရှေ့သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ခံစားမိသည်။

ဝမ်ချောင်က နဂါးတိုက်၏ ခြေထောက်အောက်တွင် သေတော့မည့် အခြေအနေကို ရုတ်တရက် အုတ်ကျိုး အုတ်ပဲများက ရုတ်တရက် ပေါက်ကွဲသလိုမျိုး ဂူနံရံကြီးက ပေါက်ကွဲသွားပြီး ဝမ်ချောင်က တစ္ဆေတကောင်ကဲ့သို့ ပျောက်သွားသည်။

နဂါးသားရဲသည် အသိဉာဏ်နဲသော သတ္တဝါ ဖြစ်လေရာ ထိုမြင်ကွင်းကြောင့် မှင်သက်သွားလေသည်။ သူ၏ ခြေထောက်ကြီးက မြေပြင်ပေါ်သို့ ဝုန်းကနဲ ဖိချလိုက်ပြီးနောက်တွင် ရုတ်တရက် အ‌ရှေ့သို့ ဆက်မတိုးတော့ဘဲ ရပ်တန့်သွားသည်။ သူသည် နောက်ဖက်သို့ ချောင်ကနဲ လှည့်လိုက်ပြီးနောက် နဂို ဝမ်ချောင်က ရပ်နေခဲ့သော နေရာတွင် လူသားအရွယ်အစား အပေါက်သေးသေးလေးက ဂူ၏ အောက်အတွင်းပိုင်းသို့ ဦးတည်သွားစေမည့် အပေါက်သေးသေးလေးက ရှိနေကြောင်း တွေ့လိုက်ရသည်။

“ဝေါင်း....”

နဂါးသားရဲကြီးကလည်း အဖြစ်အပျက်ကို နားလည်သွားပြီး ဒေါသကြီးကြီ အော်သည်။ ဒီနေရာရှိ ဂူ ချိတ်ဆက်မှုများက ဖော်ပြအောင် ခက်ခဲလောက်အောင် ကျယ်ပြန့်သည်။ နဂါးသားရဲက တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင်မူ ဝမ်‌ချောင်က သူ၏ စွမ်းအင်လှိုင်းကို စုစည်း၍ သူ၏ အောက်ဖက်ရှိ ကျောက်သားကြီးကို ပေါက်ကွဲသွားစေကာ အောက်ဖက်ရှိ ဂူထဲသို့ ခုန်ချသွားခြင်း ဖြစ်သည်။

ဒါက ရိုးရှင်းသော အကြံ ဖြစ်သည်။ သို့သော် လုပ်ရန် မလွယ်ချေ။ အောင်မြင်ရန် အလို့ငှာ ထိုဂူများကို မည်သို့မည်ပုံ ချခင်းထားခြင်း ဖြစ်ကြောင်း နားလည်ရန် လိုအပ်သေးပြန်သည်။

ထို့ကြောင့် အသားက ထူလွန်းနေသော နေရာတွင်သာ ဖောက်ခွဲရန် ကြိုးစားပါက အသေခံသလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သတိမဲ့သွားရုံနှင့် မြေအောက်တွင် မြုပ်သွားနိုင်သေးသည်။

ကြီးမားသော နဂါးသားရဲကြီးက ပြင်းထန်လွန်းသော အင်အားနှင့်အတူ သူသည်လည်း ဝမ်ချောင်ကို အတုခိုးလိုက်ပြီး အလားတူဖောက်ခွဲပစ်ကာ ခုန်ဝင်လိုက်ဖမ်းရန် ကြိုးစားသည်။

နဂါးသားရဲများသည် --- စွမ်းအင်ကို အလွန် အထိမခံနိုင် ဖြစ်လေရာ သူတို့ဟာ တစ်ယောက်ကို အမဲလိုက်ပြီးသည်နှင့် ထိုတယောက်ဟာ သေချာပေါက် သေရတက်သည်။ သို့သော် နဂါးသားရဲက နောက်မှ လိုက်တော့မည့် အခြေအနေတွင်.....

နဂါးသားရဲသည် တန်ခြောက်ထောင်မှ ခုနှစ်ထောင်အထိ အလေးချိန်ရှိသည့် သတ္တဝါဖြစ်သည့် အလျောက် ဝမ်ချောင်ရှိနေသော ဂူထဲသို့ ရောက်လာပြီး ရုတ်တရက် ဟန်ချက် ပျက်သွားသည်။ အောက်ဖက်ရှိ မြေသားက ပြိုကျသွားပြီးနောက် နဂါးသားရဲကလည်း နောက်ထပ် ဂူတစ်စင်းသို့ ထပ်မံ ထိုးချသွားပြန်သည်။

“သွားတော့။”

ဝမ်ချောင်က အလွန်အမင် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ----- စပစ်သည်။ တချိန်တည်းတွင်ပဲ သူသည် သူ၏ ကိုယ်များကိုလည်း အခြားသော ဦးတည်ရာဖက်သို့ ပို့လိုက်ခြင်းအားဖြင့် နဂါးသားရဲကို မြှားခေါ်သွားခိုင်းလိုက်သည်။ သူ၏ နဖူးမှ ချွေးစေးများက ဆက်တိုက်ဆိုသလို စီးကျနေ၏။ ထိုသို့ အင်အား စိုက်သုံးလိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ အင်အား အားလုံးနီးပါး ကုန်သွားလေသည်။ ဝမ်ချောင်သည် သူ၏ ဂူထဲမှ တည်နေရာများကို ဆက်တိုက်ဆိုသလို ရွေ့ပြောင်းနေခဲ့ရသည်။ ထိုသို့ဖြင့် နဂါးသားရဲ၏ လိုက်ဖမ်းမှုမှ ထွက်ပြေးနိုင်ရန် အလို့ငှာ ဂူတခုမှ အခြားဂူတခုသို့ပြောင်းရွေ့ နေခဲ့ရသည်။ သို့သော် ဝမ်ချောင်သည် လက္ခဏာကိုသာ ကုနိုင်ပြီး ရောဂါကို အမြစ်ပြတ်အောင် မလုပ်နိုင်ပေ။

ငါဒီနဂါး သားရဲဆီက လွတ်မြောက်ဖို့ရှာရမယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေက ပိုပြီး ဆိုးလာနေပြီ။ ငါဒီအတိုင်း သိပ်ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး။

ဝမ်ချောင်က သူ့ကိုယ်သူ ရေရွတ်သည်။

ဟိန်းသံများ အထိတ်တလန့် အော်ဟစ်သံများက အဆုံးစမဲ့သည်။ သို့သော် နဂါးသားရဲက သူ၏ ----- စွမ်းအင်ကို ပိတ်လှောင်ထားသလိုမျိုး မမိမချင်း အနားယူမည် မဟုတ်ဟု ဆိုရပေမည်။

ထိုနဂါးသားရဲက နောက်ဆုံးတွင် လိုက်မှီလာပြီးနောက်တွင် ဝမ်ချောင်၏ ကိုယ်ပွားကို လက်တဖြတ် ပစ်လိုက်သောကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်လာသည်။

ဝမ်ချောင်သည်လည်း ထိုစွမ်းအင် မုန်တိုင်းက နဂါးသိုက်ရဲသည် အနှံ့ပတ်ပြေးပြီး သူ့ဆီသို့ ပြန်လှည့်လာနေသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။ ထိုနဂါးသားရဲက အနံ့ပေါ် သီးသန့် မှီခိုတက်လေသည်။ ကျယ်လောင်သော စွမ်းအင် မရှိနေသော်လည်း အနံ့ကရှိသေးသည်။ သူသည် ရှုပ်ထွေးသော ဂူလမ်းကြောင်းကို သိုင်းပညာရှင်များထက် ပိုနားလည်သည်။

ငါ ဘယ်နေရာကို သွားသင့်လဲ။

ဝမ်ချောင်၏ စိတ်က မုန်တိုင်းထန်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက စိုးသည်ထက် စိုးလာသည်။ သူကသာ တိုက်ပွဲမှာ ထွက်ပြေးပြီး အနားယူရန် အခွင့်အရေး မရလျှင် သူ၏ အခြေအနေက ပို၍သာ စိုးလာပေတော့မည်။ ထိုနဂါးသားရဲနှင့် မြောက်မြားလွန်းသော ကြယ်သာယာထိုးဖောက်ခြင်း နောက်ထိဖုထိုး တိမ်ဆိုင်လုံးကြီးများက နီးသထက် နီးလာနေလေရာ ဝမ်ချောင်သည်လည်း ရပ်တန့်၍ မရနိင်ပေ။

ဝမ်ချောင်က ---- အထိတ်သလန့်ဖြင့် အော်ဟစ်သံများက ပြည့်နှက်လေသည်။ ဝမ်ချောင်သည်လည်း အသံလှိုင်းများကို အသုံးပြု၍ စိတ်ထဲမှ ဂူများ၏ ပုံကြမ်းကို ဖြည့်နေရသည်။

“ဒီနေရာပဲ။”

သူဟာ အသံလှိုင်းတခုကို ရပြီးသည်နှင့် ရုတ်တရက် ပျော်ရွှင်စွာဖြင့် သတိမထားမိသော ဘေးဖက်ဂူတခုသို့ ပြေးဝင်သွားလေသည်။

ငါတို့ ရောက်ပြီ။

ဝမ်ချောင်သည် သူ၏ ပတ်ဝန်းကျင်ရှိ ဂူက ကျဉ်းမြောင်းလာကြောင်း သိလိုက်သည်။ ထိုဂူ၏ ဝင်ပေါက်က တစ်ဒဿမ ခြောက်မီတာခန့် မြင့်ကာ အရှေ့ပိုင်းက နှစ်ဆယ်မီတာ ဝန်းကျင်ခန့်တာ ရှိလေသည်။ အခြားသော ဂူများနည်းတူ ပိန်းပိတ်အောင် မဲမှောင်နေသေးသော်လည်း ဝမ်ချောင်အတွက် မျှော်လင့်ချက် ဝက်ပေါင်ခြောက်ကြီးနှင့် တူသည်။

နဂါးသားရဲကလည်း ----- ကြီးမားလေရာ သူ၏ အမြင့်ခြောက်မီတာ ခုနှစ်မီတာတို့ကြောင့် ထိုဂူထဲသို့ ဝင်၍ မရပေ။ အကြောင်းမူကာ ထိုဂူက တစ်ဒဿမ ခြောက်မီတာသာ ရှိလေသည်။ ထိုဂူက ထင်သလောက် မသေးချေ။ သို့သော် နဂါးသားရဲအတွက်မူ ကြွက်တွင်းသာသာ ဖြစ်နေလောက်သည်။ နဂါးသိုက်၍ ခန္ဓာကိုယ်ကလည်း ထိုဂူ‌သေးသေးလေးထဲသို့ အတင်းဝင်တိုး၍ မရချေ။ ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် နဂါးသားရဲ၏ လိုက်ဖမ်းမှုမှ လွတ်မြောက်သွားသည်။ သူ၏ မျက်လုံးက တောက်ပနေသည်။ သူသည် ဂူထဲသို့ အပြေးဝင်သွားပြီး သူ၏ ရှေ့မှ ကျောက်သားနှင့် အညစ်ကြေးများက မိုးရွာသကဲ့သို့ ဆင်းချလာပြီး ကြီးမားသော ပုံရိပ်ကြီးတခုက ဆင်းချလာကာ ဝမ်ချောင်နှင့် ဂူအကြားတွင် ရပ်သည်။

ထိုသူ၏ နေရာ မျက်ဝန်းတစ်စုက အလွန်အမင်း အေးစက်ပြီး ရိုးတွင်းခြင်ဆီ တောက်လျှောက်ခဲသွား စေနိုင်လောက်အောင် အေးဆေးနေလေသည်။ ဝမ်ချောင်၏ မျက်လုံးကပင်လျှင် မဲမှောင်သွား၏။ သူသည် လွတ်မြောက်ရန် နီးကပ်လွန်းနေခဲ့သည်။ သို့သော် ထိုနဂါးသားရဲက မျှော်လင့်ချက်များကို ဖျက်စီး ပြစ်လိုက်သည်။ ဝမ်‌‌ချောင်၏ စစ်ဆေးမှုက ----- ဖြစ်နေခဲ့ပြီး ဖြစ်နေရာ သူ ယခင်ကလောက် အများကြီး မကျန်ရစ်တော့ချေ။ ယခုလောက် ဂူသေးသေးလေးထဲသို့ ဝင်လိုလျှင် သူသည် ထို ရွှေနဂါးသားရဲကို သတ်မှ ရပေလိမ့်မည်။

ထို ရွှေနဂါးသားရဲက ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် အမြှောက်တခုကဲ့သို့ မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထွက်လာလေသည်။

သူသည် လေထဲတွင် ရှိနေသေးသည်။ ပါးစပ်ကြီးကို ဖြဲထားကာ မီးပင်လယ်ကို မှုတ်ထုတ်သည်။ သူသည် နဂါးသားရဲ၏ လက်ထဲတွင် သေတော့မည့် အချိန်တွင် ဝမ်ချောင်က မျက်လုံးက ရုတ်တရက် သေးမှုန်သွားလေသည်။

သူသည် နဂါးသားရဲ၏ မီးတောက်ကို ရင်ဆိုင်ရချိန်တွင် နောက်မဆုတ်ရုံမကသေးဘဲ ရှေ့သို့ပင် ခုန်ဝင်လိုက်ပြီး သူ့ကိုယ်သူ မြေပြင်နှင့် ကပ်၍ ထိုနဂါးသားရဲထံသို့ မြွေနှစ်ကောင်က လေထဲသို့ ခုန်တက်၍ ပေါက်ရန် ကြိုးစားသကဲ့သို့ ခုန်ဝင်သွားလိုက်သေးသည်။

ဝုန်း”

----- ဝမ်ချောင်၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ ထို့နောက် အကာကွယ် အလွှာတခုအဖြစ် ပြောင်းလဲသွား၏။ စာရွက်အလား ပါးလျသော်လည်း သူသည် ထိုနဂါးသားရဲ၏ ဗိုက်အောက်သို့ ရောက်အောင် ဝင်သွားလိုက်လေသည်။

ဝမ်ချောင်က လက်ထဲတွင် တစုံတရာကို ထုတ်လိုက်ပြီးသည်နှင့် နဂါးသားရဲ၏ ဗိုက်ကို ခွဲလိုက်သည်။

ဝုန်းကနဲအသံနှင့်အတူ ဝမ်ချောင်သည် ထိုနဂါးသားရဲ့၏ အော်ဖက်မှ ကပ်သီးလေး ရှောင်ရန် ဂူထဲသို့ ဝင်သည်။

“အောင်မြင်ပြီ။”

ဝမ်ချောင်သည် ချက်ခြင်းဆိုသလိုပင် ထရပ်၍ လက်ထဲမှ ---- ဓားမြောင်ကို ကြည့်သည် တပေပင် မရှိသော ထိုဓားသွားလေးများက သွေးများ တစက်စက် ကျနေသည်။

နဂါးသားရဲ၏ သွေး

ဝမ်ချောင်က ကျင့်ကြံစိတ် သွေဖယ်မှုကြောင့် သတိလစ်သွားချိန်တွင် ဆရာ ဖြစ်သူက သူ့ကို ခေါ်လာခဲ့သောအခါ သူသည် သူ၏ ဝစ်သံမဏိ သံချပ်ကာကို ဖြစ်စေ လက်နက်များကို ဖြစ်စေ ယူချိန်မရှိခဲ့ချေ။ ထိုဓားမြောင်ကသာ သူ၏ ပေါင်နားတွင် သိသိကျကျ ချည်နှောင်ထားခြင်းအားဖြင့် ထိုနည်းအားဖြင့် ဒီကပ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။ သို့သော် ဝမ်ချောင်သည်လည်း ဓားမြောင်ကို အသုံးမပြုရသေး၍ သဘောမကျချေ။ ထို့ကြောင့် သူသည် ယခုလက်ရှိထိတိုင် အသုံးမပြုခဲ့ပေ။

နဂါးသားရဲကသာ သူ့ကို စိတ်ပျက်အားငယ်ဖွယ်ကောင်းသော အနေအထားမျိုးအထိ တွန်းပို့ခဲ့လျှင် သူသည်လည်း အသုံးမပြုခဲ့လောက်ပေ။

ဗုန်းဗုန်းဗုန်း

ဗိုက်က ပွင့်ထွက်သွားသည့် နဂါးသားရဲကြီးက သူ၏ ကိုယ်ထဲမှ သိပ်သည်းလွန်းသော ရက်စက်ကြမ်းတမ်းသည့် သွေးစများကို မြေပြင်တွင် ချန်ထားရစ်ခဲ့ပြီး မီတာ သုံးဆယ်ခန့်အကွာမှ ဂူနံရံကို ဝင်ဆောင့်တိုက်သည်။ သူ၏ ခေါင်းကြီးကလည်း ကျောက်သားအတွင်းသို့ပင် မြေှာက်သွားသေးသည်။ ဝမ်‌ချောင်သည်လည်း နဂါးသားရဲ၏ အလောင်းကောင်ကို ပျော်ရွှင်စွာ စိုက်ကြည့်သည်။

မျှော်လင့်ထားသည့်အတိုင်း ဝစ်စတန်၏ လက်နက်က ထက်ရှသော လက်နက်နှင့် ထိုက်တန်သည်။ နဂါးသားရဲကပင် သက်ညှာပေးခြင်း မခံရပေ။

သို့သော် ဝမ်ချောင်၏ ပျော်ရွှင်မှုက ပျော်ရွှင်မခံပေ။ တစ်စက္ကန့်ခန့် ကြာပြီးနောက် မြေပြင်က တသိမ့်သိမ့် တုန်လာကာ ထိုသားရဲ၏ ခန္ဓာကိုယ်ကြီးက ဖြည်းဖြည်းခြင်း ပြန်ထလာသည်။ သူ၏ ကိုယ်ထဲမှ ---- မီးတောက်များကလည်း တောက်လောင်လာပြန်၏။

ဝမ်ချောင်က ကြည့်နေသည့် အောက်တွင် ထိုနဂါးသားရဲကြီးက ဖြည်းဖြည်းချင်း တဖက်သို့ လှည့်လာသည်။ သူ၏ ရက်စက်ပြီး ခြောက်ခြားဖွယ် ကောင်းလွန်းသော ခေါင်းကြီးက ဝမ်ချောင်အား မီတာ သုံးဆယ်ခန့် အကွာမှ လှမ်းကြည့်သည်။ ပထမဦးဆုံးအနေဖြင့် ဝမ်ချောင်သည်လည်း ထိုသားရဲကြီးထံမှ လွန်ကြူးလွန်းသော မုန်းတီးမှုကို ခံစားလိုက်ရသည်။

သို့သော် ဝမ်ချောင် ပိုအာရုံစိုက်သည်မှာ ထိုနဂါးသားရဲ၏ ဝမ်းဗိုက် ဖြစ်သည်။

ဝမ်ချောင်၏ အကွက်က သက်ရောက်မှု အမှန်တကယ် ရှိသည်။ နဂါးသားရဲ၏ ဝမ်းဗိုက်မှ အနူးညံ့ဆုံးသော အပိုင်းတွင် ပေတဝက်ခန့်နက်သော ဒဏ်ရာကြီးက ရှိနေသည်။ ယခုအချိန်တွင် သွေးများက စီးကျနေသည်။ သို့သော် ဝမ်ချောင်သည်လည်း ပျော်စရာ အကြောင်းမရှိချေ။ အကြောင်းမူကာ လေထဲတွင် သွေးအနံ့ကသာ ရှိနေသော်လည်း ထိုသားရဲကမူ ဒီအတိုင်းသာ ဖြစ်သည်။ သူသည် သူ၏ ဝတ်ဆံမဲ့ဓားကြောင့်ဖြစ်သော ဒဏ်ရာက ဖြည်းဖြည်းချင်း ကျဉ်းလာကာ ပိတ်လုနီးပါး ဖြစ်လာကြသည်ကို မြင်လိုက်ရသည်။ ------- ဒဏ်ရာက လုံးဝ ကောင်းသွားသည်။ ခြစ်ရာပင် မကျန်ပေ။

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဝမ်ချောင်၏ စိတ်က တုန်လှုပ်သွားသည်။

ပြန်လည်မွေးဖွားခြင်းစွမ်းအား။

ထိုကြီးမားသော သားရဲကြီးက မှင်သက်ဖွယ်ကောင်းသော ခွန်အားနှင့် ရှင်သန်နိုင်စွမ်းရည်အပေါ် ခုခံ နိုင်ရုံသာမကပဲ ကောင်းကင်ကိုပင် ဖီဆန်နိုင်သော အင်အားဖြစ်သည့် ပြန်လည်မွေးဖွားနိုင်သည့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုစွမ်းအားနှင့် ဆိုလျှင် ဝမ်ချောင်က မည်သည့် လှည့်ကွက်များကို အသုံးပြုစေကာမူ မည်မျှ အင်အား စိုက်ထုတ်စေကာမူ ဘယ်သောအခါမှ ထိုသားရဲကို ထိခိုက်နစ်နာအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သူသည် နေ့တိုင်းလိုလို ထိုသားရဲ၏ ဗိုက်အောက်သို့ ခုန်ဝင်ပြီး ခွဲရန် အခွင့်အရေး မရနိုင်ပေ။

အခန်း ၁၄၅၃

“ဝေါင်း”

နဂါးသားရဲဟာ နောက်ဆုံးတွင် သူ၏ ခွန်အားများအားလုံးကို စစ်ထုတ်၍ ဝမ်ချောင်ထံ ခုန်အုပ်လိုက်သည်။

“ဝုန်း”

ဂူဝင်ပေါက်က ပြိုကျသွားသည်။ နဂါးသားရဲ၏ ကြီးမားသော ခေါင်းကြီးက ဝင်ပေါက်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ကျန်သော တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်ကြီးကမူ တဖြည်းဖြည်းချင်းဆီ ခြောက်သွေ့၍ တွန့်လိမ်လာကာ ကျောက်သားပုံများကိုပင် အောက်သို့ ပြုတ်ကျလာစေသည်။ ထို့နောက် နဂါးသားရဲကြီးက ပါးစပ်ကြီးကို ဟ၍ မီးများကို ဂူထဲသို့ မှုတ်သွင်းသည်။

ဝမ်ချောင်သည် ချက်ခြင်း ခုန်ရှောင်လိုက်ပြီးနောက် ဂူအတွင်းပိုင်းသို့ ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်ခြင်းအားဖြင့် ထိုနေရာတွင် တခဏပင် ရစ်ဝဲမနေတော့ရန် ဆုံးဖြတ်ကာ ထွက်ပြေးလေသည်။

သူ၏ ညာဖက်မှ ကြီးမားသော နဂါးသားရဲကြီးကလည်း ဝမ်ချောင်နောက်သို့ ခုန်ဝင်လိုက်လိုသည်။ သို့သော် ဂူဝင်ပေါက် သေးသေးလေးက သူ့အတွက် မကျော်လှမ်းနိုင်သည့် သဘာဝ အကာကွယ်လွှာ ဖြစ်နေသည်။

ဆယ်မီတာ မီတာတစ်ရာ မီတာ တစ်ထောင်ကျော် နောက်ဆုံးတွင် နဂါးသားရဲ၏ ဟိန်းသံက မကြားရတော့လောက်အောင် ရှင်းလင်းပျောက်ကွယ်သွားသည်။ လက်ရှိ အခြေအနေအရ သူသည် ဝမ်ချောင်ကို လက်လျော့လိုက်လောက်လေပြီ။

ဝှစ်

ဝမ်ချောင်က နံရံကို မှီကပ်နေရင်း ရင်ဖက်က နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ သူသည် ထိုအခိုက်အတန့်တွင် မြေအောက်လောကကို ကျော်ဖြတ်လာခဲ့ရသလိုမျိုး ခံစားလိုက်ရသည်။ သူ၏ အဝတ်များက ချွေးများဖြင့် စိုရွဲနေပြီ ဖြစ်သည်။

ယခုအခါ သူသည် သေခြင်းနဘေးမှ ယာယီ ကပ်သီးလေး လွတ်မြောက်ခဲ့သည်။ ဝမ်ချောင်သည် နောက်ဆုံးတွင် အခြားသော အကြောင်းအရာများကို တွေးနိုင်သွားသည်။

“ဧကရာဇ်ဟွမ် နဂါးသားရဲ။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ မူလ အရှင် ရတနာသိုက်ရှိတဲ့ နေရာမှာ ဧကရာဇ်ဟွမ်ရဲ့ ခေတ်က ရက်စက်ကြမ်းတမ်းတဲ့ သားရဲသုံးကောင် ရှိနေတာလဲ။ ပြီးတော့ ဒီလောကကြီးက တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။”

ဝမ်ချောင်၏ စိတ်က မုန်တိုင်းထန်ကုန်သည်။ မူလ အမှတ်သိုင်းသည် လောက၏ နံပါတ်တစ် သိုင်းဖြစ်ပြီး ဝမ်ချောင်သည် သူကြုံတွေ့ခဲ့ရသမျှ အမျိုးမျိုးသော အန္တရာယ်များတွင် သတ်ဖြတ်ခံရမှုများသည် သာမန်နှင့် ကွဲထွက်နေကြောင်း သိလိုက်သည်။ သို့တိုင်အောင် ဝမ်ချောင်ဟာ တစုံတရာဟာ မှားယွင်းနေကြောင်း ဖြည်းဖြည်းချင်းစီ နားလည်လာသည်။

တွင်းထဲမှ သတ္ထုမုန်တိုင်းနှင့် ကြယ်တာရာ ထိုးဖောက်ခြင်း ရွေပိုးတိုးကောင်များ အပါအဝင် အခြားသော ထောင်ချောက်များကို ဝမ်ချောင်က လက်ခံနိုင်သေးသည်။ သို့သော် ဧကရာဇ်ဟွမ်၏ ခေတ်မှ နဂါးသားရဲကဲ့သို့ အရာမျိုးက ဒီလိုနေရာတွင် မပေါ်လာခဲ့သင့်ပေ။ ထိုအရာ၏ စီစဉ်မှုကမူလ သိုင်းကွက်များကို ကာကွယ်ရန် မဟုတ်ဘဲ အခြားသော လျို့ဝှက်ချက်များကို ကာကွယ်ရန် ကဲ့သို့ပင် ဖြစ်နေသည်။

တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

ဝမ်ချောင်က နားလည်ရ ခက်သွားသည်။ သို့သော် သူ၏ စဉ်းစားဆင်ခြင် မှုများကလည်း မည်သည့် ရလဒ်ကိုမျှ ထုတ်မပေးနိုင်ပြန်ပေ။

“ကြည့်ရတာ ဒေါင့်ထဲမှာ တွေ့တာ ကောင်းမယ်ထင်တယ်။”

ဝမ်‌ချောင်က ရှေ့သို့ဆက်သွားသည်။ နောက်ပြန် မီတာထောင်ကျော် ဆက်သွားပြီးနောက်တွင် သူဟာ သီးသန့် ကွဲထွက်နေသော နေရာလေး တခုကို တွေ့လိုက်ပြီး မြေပြင်တွင် ထိုင်ချလိုက်သည်။ သူ၏ ဒဏ်ရာများက မျှော်လင့်ထားသည်ထက် အများကြီး ပြင်းထန်သည်။ ဆက်တိုက်ဆိုသလို တိုက်ခိုက်ပြီး ထွက်ပြေးနေရခြင်းက သူ၏ ကိုယ်အား ဒဏ်ပိစေသည်။

ခန္ဓာကိုယ်အတွင်းမှ အခြေအနေက ယခင်က ဖြစ်ခဲ့ဖူးသော အခြေအနေအတိုင်း အများကြီး ပို၍ ပြင်းထန်နေသည်။

ဆရာတခါက ပြောခဲ့ဖူးသလိုမျိုး မဟာယင် ကောင်းကင် ဖန်တီးခြင်းသိုင်းက စတင် သွေဖယ်လာတဲ့အခါ ဖြစ်ရပ်ကို တွန်းလှန်ဖို့ခက်တယ်။ နောက်ပြီး အရှိန်နှုန်းကလည်း မြန်ဆန်လာဖို့ပဲရှိတယ်။ ငါသာ နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲ ဒါမှမဟုတ် ---- စွမ်းအင် အများကြီးကို ထုတ်သုံးမိတာမျိုးဆိုရင် ငါပြင်းထန်လွန်းတဲ့ အကျိုးဆက်တွေ အားလုံးကို ရင်ဆိုင်ရလောက်တယ်။ ဒါမှမဟုတ် သေတောင် သေသွားနိုင်သေးတယ်။ ဒါကြောင့်ပဲ ဆရာက သူ့ရဲ့ နောက်ပိုင်းနေ့တွင်မှာ သိုသိုသိပ်သိပ်ပဲ နေခဲ့တာ ဒါတောင်မှာ သူ့ရဲ့ တပည့် သစ္စာဖောက်ခံတာကို ခံခဲ့ရသေးတယ်။

ငါက ဆရာ------ ကို ရှာနိုင်တဲ့ အချိန်အထိ စွဲထားနိုင်မယ်လို့ ထင်ထားခဲ့တာ။ ကြည့်ရတာ ငါဆက်မထိန်းထားနိုင်လောက်ဘူး။ မူလအမှတ်သားအတိုင်းကို အမြန်ဆုံးရှာပြီး ငါ့ရဲ့ ဒဏ်ရာတွေကို ကုမှ ဖြစ်တော့မယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်သည်။

ထိုသို့ တွေးနေစဉ် သူက ကြယ်တာရာ စွမ်းအင်တိုင်းကို စုစည်းလိုက်ပြီးနောက်တွင် တန်ထျန်ထဲသို့ ပို့လွှတ်လိုက်ကာ စတင်ကာ အချိန်ညှိသည်။ ဝမ်ချောင်၏ ခေါင်းအထိပ်မှ အဖြူရောင်မီးခိုးများက ထွက်နေချိန်တွင် ဝမ်ချောင်က သူ၏ ကြယ်တာရာစွမ်းအင်များ၏ ဝရုန်းသုန်းကား ဖြစ်နေသော အချိန်များ၏ အခြေအနေကို ဖိနှိပ်ရန် ကြိုးစားရင်းဖြင့် စိတ်နစ်မြှပ်သွားပြီ ဖြစ်သည်။

အချိန်က ဖြည်းဖြည်းခြင်း ကုန်လွန်သွားသည်။ ဂူက တိတ်ဆိတ်စွာ တည်ငြိမ်နေသေးသည်။ အချိန်တခုကြာပြီးနောက် ဝမ်ချောင်၏ သွေးကြောများနှင့် အတွင်းပိုင်း အခြေအနေက ဖောင်းကြွကာ ဝရုန်းသုန်းကားဖြစ်ပြီး ဆိုးရွားစွာ ပျက်စီးနေမှုမှ ရပ်တန့်သွားသည်။

ဝမ်‌ချောင်၏ စိတ်ကလည်း ရေတွင်းဟောင်း၏ အောက်ခြေမှ ရေအလား တည်ငြိမ်သွားသည်။

လောကကြီးတခုလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က ဒဏ်ရာများကို ကုစားရန် အာရုံစိုက်နေချိန် ရုတ်တရက် တစုံတယောက်က ပခုံးကို လာလှုပ်သလို ထူးခြားသော ခံစားချက်မျိုးကို ရလိုက်သည်။ ဝမ်ချောင်က အစပိုင်း သတိထားမိရုံသာ ဖြစ်သည်။ သို့သော် တစုံတယောက်က သူ့ကို ခေါ်နေသလိုမျိုး နားနား လာကပ်ကာ အော်သံကို ကြားလိုက်ရသည်။

ထိုအသံက အလွန်ဝေးကွာသော နေရာမှ ရောက်လာသည်။ သို့သော် တဖြည်းဖြည်း နီးသထက် နီးလာ၏။

ဝမ်ချောင် ဝမ်ချောင်

ထိုအသံက စိုးရိမ်မှု ပူပန်မှုနှင့် ငိုသံပင် စွတ်နေသေးသည်။

ဝမ်ချောင်က အလန့်တခြား ဖြစ်သွားပြီး စိတ်ယိုင်သွားသည်။ သူသည် အဖြစ်အပျက်ကို နားမလည်နိုင်လောက်အောင် စိတ်ရှုပ်သွားရ၏။ သူသည် ဆရာ ဖြစ်သူနှင့် ကွဲနေခဲ့ပြီး ထင်ကတည်းက မြေအောက်ဖက်တွင် ထိုကဲ့သိုသော အသံမျိုးကို ကြားရရန် မဖြစ်နိုင်ပေ။ သို့သော် ထိုအသံက ကြည်လင်ကာ ရှင်းလင်းပြီး စစ်မှန်နေသည်။

ထိုအချိန်တွင် ဝမ်ချောင်သည် နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်။ ရုတ်တရက် အလင်း၏ ကွဲအက်ကြောင်းအရာမှ တဆင့် လျင်မြန်စွာ ပြန့်သထက် ပြန့်နှံ့သွားပြီးနောက်တွင် ထိုအလင်းက ဝေဝါးသွားကြောင်း မြင်လိုက်ရသည်။

ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ မြေအောက်ထဲမှာ အလင်းက ရှိမှာလဲ။ ဝမ်ချောင်က ဖိအားများသွားသည်။ သို့သော် သူသည် ထပ်မြင်ရန် အာရုံစိုက်မိသောအခါ တစုံတရာ မှားယွင်းနေကြောင်း သိလိုက်သည်။ ဒါဟာ မြေအောက်လောကမှ အလင်းအရင်းအမြစ် မဟုတ်ချေ။ ထိုအစား အလင်းထဲမှ ဝေဝါးသော ပုံရိပ်တချို့သာ ဖြစ်သည်။ ထိုပုံရိပ်များထဲမှ တခုက သူ၏ ကိုယ်ပေါ်တွင် အုပ်ကာ ငိုနေပုံရသည်။

သူသည်ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကတည်းက ဝမ်ချောင်သည်လည်း ထိုလူဟာ ဝမ်းနည်းမှုများ ပြည့်နှက်နေကြောင်းကို ခံစားနိုင်သေးသည်။

တကယ်ပဲ ဘာတွေ ဖြစ်နေပြန်တာလဲ။

ဝမ်ချောင်က ပို၍ ပို၍သာ အံ့ဩလာရသည်။ သူဟာ မည်မျှပင် နှေးကွေးသွားသည် ဖြစ်စေကာမူ ထိုအခြေအနေက သူမျှော်လင့်ထားသည့်ထက် ခြားနားလွန်းနေကြောင်း စတင်ကာ အာရုံခံမိလာသည်။ သူသည် မျက်လုံးကို ဖွင့်ရန် ရုန်းကန်လိုက်ပြီး ထိုလူများကို ကြည့်ရှုလိုသည်။

တဖြည်းဖြည်းချင်း သူ၏ မျက်လုံးက ကြည်လင်လာသည်။ သို့သော် ထိုဖြစ်စဉ်က ပြီးမြောက်သွားပြီးနောက် ပုံရိပ်တခုက သူ့ဆီ အပြေးလာသည်။

“ဝမ်ချောင် နင်နောက်ဆုံးတော့ နိုးလာပြီပေါ့။”

အသံပိုင်ရှင်က ပျော်ရွှင်မှုဖြင့် ငိုပြန်သည်။ ထို့နောက် ဝမ်ချောင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီး ဆက်ငိုသည်။

“ချီချင်”

နောက်ဆုံးတွင် သူ၏ မျက်လုံးက ကြည်လင်သွားပြီးနောက်တွင် ရင်းနှီးကျွမ်းဝင်သော တရှုံ့ရှုံ့ ငိုနေသည့် မျက်နှာလေးကို မြင်ရလိုက်သောအခါ ဝမ်‌ချောင်ကို ထုံထိုင်းသွားစေသည်။

“ဘာတွေ ဖြစ်နေတာလဲ။ သူအခုလေးတင် ကျင့်ကြံပြီး နိုးလာတာ မဟုတ်ဘူးလား။ သူ သူ့ရဲ့ ကစင့်ကလျား ဖြစ်နေတဲ့ ----- စွမ်းအင်တွေကို တည်ငြိမ်အောင် လုပ်နေတာ မဟုတ်ဘူးလား။

ဘာလို့ ဒီနေရာမှာ ရွှေခြေချင်ကို မြင်ရတာလဲ။

ဘေးဘီကို ကြည့်လိုက်သောအခါ သူ၏ ဘေးဖက်ခြမ်းတွင် သူနှင့် ရင်းနှီးလွန်းသော ပုဂ္ဂိုလ်များဖြစ်သည့် ဘုရင်စုပ်၊ အိမ်တော်ထိန်းအိုကြီး၊ သူ့ဦးကြီး၊ သူ့အမေ၊ ဟွမ်ချန်ဟာ၊ ပိုင်းရာထုံ၊ ပိုင်စစ်လင်နှင့် ဆရာအပြင် လူကြီးတို့ကိုလည်း မြင်ရသည်။ သူတို့ အားလုံးက အခန်းထဲတွင် ရှိနေပြီး အိပ်ရာကို ဝိုင်းကာ ယူကြုံးမရာ ဖြစ်နေသော မျက်နှာထားမျိုးနှင့် ဖြစ်လေသည်။

နေပါဦး ဆရာနဲ့ ရွာသူကြီးက.... ဒါက ပုံရိပ်ယောင်ပဲ ပုံရိပ်ယောင် ဖြစ်မယ်။

သူသည် အနောက်မြောက်ပိုင်းတွင် ဖြစ်သည်။ မြေအောက်မီတာ တစ်သောင်းခုနှစ်ထောင်ခန့်ရှိသော အနက်မျိုးတွင် ဖြစ်၍ မူလအမှန်က သိုင်းကို ရှာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေရမှာလဲ။

ဝမ်ချောင်က မတ်တပ်ထရပ်ရန် ကြိုးစားကာ ပုံရိပ်ယောင်များကို ဖျက်ဆီးရန် ကြိုးစားသည်။ သို့သော် သူက ထိုင်ပင် မထိုင်နိုင်သေးခင်။ ခန္ဓာကိုယ် တခုလုံး ---- ကိုက်နေသော ပြင်းထန်သော ခံစားချက်မျိုးကို ရလိုက်သည်။ တချိန်တည်းတွင်ပင် လက်ဖဝါးတဖက်က သူ၏ ပခုံးကို ဖိလိုက်သည်။

“ချောင်အာ မင်းရဲ့ ဒဏ်ရာတွေက အပြည့်အဝ မပျောက်သေးဘူး။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး။ မင်းရဲ့ ဆရာက မင်းရဲ့ ဒဏ်ရာတွေကို ကုပေးမယ် ဒါမှ မင်းအမြန်ဆုံး သက်သာသွားမှာ။”

“ဆရာ”

ဝမ်ချောင်က မော့ကြည့်လိုက်သောအခါ --မှန်က ဘေးဖက်တွင် ပေါ်လာပြီး သူ၏ ပခုံးကို လက်ဖဝါးဖြင့် ဖိထားကြောင်း မြင်လိုက်ရသည်။ သူ၏ မျက်နှာကလည်း စိတ်ရှုပ်ထွေးမှုများ ပြည့်သွားသည်။

“အွန်း ငါတို့ အကောင်းဆုံး ကြိုးစားပြီး မင်းကို ကုပြီးပြီး။ ဒါပေမဲ့ မဟာယင် ကောင်းကင်ဖန်တီးခြင်း သိုင်းကို ကျင့်ကြံသူရဲ့ သွေဖယ်မှုက ကုဖို့ မလွယ်ဘူး။”

-----၏ ရင်းနှီးကျွမ်းဝင်သော အသံကလည်း ထွက်လာပြန်သည်။ သူသည်လည်း တည်ငြိမ်စွာဖြင့် အနားသို့ တိုးလာသည်။

ရင်းနှီးကျွမ်းဝင်သော လူနှစ်ယောက်ကို မြင်လိုက်ရသည့် မြင်ကွင်းက ဝမ်ချောင်၏ စိတ်ကို ကစဉ့်ကလျား ဖြစ်သွားစေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူကိုယ်တိုင်ကပင် အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကို ခွဲခြားရန် ခက်ခဲလာသည်။

“ဆရာ ကျွန်တော်တို့တွေ မူလ အမှတ်အသားအတိုင်းကို ရှာဖို့အတွက် အနောက်မြောက်ပိုင်းကို သွားနေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ နောက်ပြီး အဲ့ဒီကိစ္စက ပြီးသွားပြီလား။”

ဝမ်ချောင်က မှင်သက်သွားသည်။

သူက မြေအောက်မှာ သတိလစ်သွားပြီး ဆရာနှင့် မောချင်ရွာ သူကြီးတို့က ပြန်ခေါ်ထုတ်လာတာလား။ အနောက်မြောက်ပိုင်း ဟုတ်လား။ မူလအမှတ်အသားဟုတ်လား။”

------ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အကယ်ဒမီ ပညာရှင်လုထင်က သက်ပြင်းအခြေကြီးချပြီး ရှေ့တက်လာကာ အိပ်ယာထဲ လှဲနေရသော ဝမ်ချောင်၏ ဘေးဖက်တွင် ဝမ်းနည်း ညှိုးငယ်စွာဖြင့် လာကြည့်သည်။

“---- ဘုရင် မင်း မဟာခုံရုံးရဲ့ ကိစ္စတွေကို အရမ်း စိုးရိမ်နေသေးမှန်း ငါသိတယ်။ ဒါပေမဲ့ မင်းက စစ်ဖက်ဆိုင်ရာကျွမ်းကျင် ပညာရှင်တွေနဲ့ ကွန်ဖြူးရှပ် ဝါဒကို ကျင့်သုံးတဲ့ သူတွေ အကြားက ရှုပ်ထွေးမှုမှာ အကောင်းဆုံး လုပ်ခဲ့ပြီးသားပါ။ ဘယ်သူမှ မင်းကို အပြစ်မတင်ဘူး။”

“စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကွန်ဖြူးရှပ်ဝါဒပညာရှင်တွေ အကြား ရှုပ်ထွေးမှု ဟုတ်လား။”

ဝမ်ချောင်က ထုံထိုင်းသွားပြန်သည်။ ဘာတွေ ဖြစ်ပြန်တာလဲ။ ဒါတွေက ပြီးသွားပြီ မဟုတ်ဘူးလား။

“ချောင်အာ မင်းနားမလည်သေးဘူးလား။ မင်း မင်းရဲ့ စာကြည့်ခန်းထဲမှာ ကျင့်ကြံခြင်း သွေဖယ်ခြင်းကို ကျင့်ကြံပြီး လဲကျသွားပြီးတဲ့နောက် ငါတို့ မင်းကို ရှာတွေ့ပေးခဲ့တာ ခုနှစ်ရက်နဲ့ ခုနှစ်ညတောင် ကြာသွားပြီ။ မင်းက ခုနှစ်ရက်နဲ့ ခုနှစ်ည လုံးလုံး သတိလွတ်နေခဲ့တယ်။”

သခင်ဖုန်းဝမ်က ရှေ့တိုးလာသည်။ သူမက သူ၏ မျက်နှာကို လာရောက် ပွတ်သပ်ရင်း မျက်ရည်များကို မထိန်းနိုင်ခဲ့ချေ။

“ဘာ....”

ဝမ်ချောင်က အေးခဲသွား၏။ စာကြည့်ခန်း ကျင့်ကြံခြင်း သွေဖယ်တယ် ဟုတ်လား။

သူသည် စာကြည့်ခန်းထဲတွင် သတိလစ်သွားခဲ့ပြီးနောက် ---- တွင်နိုးလာခဲ့ကာ ဆရာ ဖြစ်သူနှင့် အနောက်မြောက်ပိုင်းသို့ သွားသည့် လမ်းပေါ်တွင် ဖြစ်ကြောင်း သိခဲ့သည်။

ဒါကို ဘယ်လိုဖြစ်ပြီး သူက စံအိမ်ထဲမှာ ရှိနေရမှာလဲ။ နောက်ပြီး ဒါတွေ အားလုံးက ပုံရိပ်ယောင် မဟုတ်ဘူးလား။

မဖြစ်နိုင်ဘူး။

“ခင်ဗျားတို့ ငါ့ကို နောက်နေတာ မဟုတ်ဘူးလား။ ဟုတ်တယ်မလား။”

ဝမ်ချောင်က ပြုံးပြီးနောက် နောက်ဖက်သို့ လှည့်လိုက်သည်။ သူ၏ မျက်နှာက တည်ငြိမ်နေသည်။ -----က ဝမ်ချောင်ကိုသာ တိတ်တဆိတ် ကြည့်နေလိုက်သည်။

သို့သော် အကြီးမားဆုံး ထိုးနှက်ချက်က မိစ္ဆာကယ်လူကြီး မာန်နှင့် ဝူချိန်တို့ ကြီးမားလာသည်။

“ချောင်အာ မင်းဘာပြောနေမှန်း မင်း သိမှာ မဟုတ်ဘူး။ မင်းဆရာနဲ့ ဝူချိန်ရွာသူကြီးက အနောက်မြောက်ပိုင်းကို တခါမှ မသွားဘူး။ နောက်ပြီး မူလ အမှတ်အသားကိုလည်း သွားမရှာဘူး။”

“ငါတို့ အနောက်မြောက်ပိုင်းကို သွားဖို့ ကြံစည်ထားတာဆိုတာ အမှန်ပဲ။ မူလအမှတ်အသားတိုင်က နှစ်ရာကျော် ပျောက်နေခဲ့တာ။ ဒါကို အလွယ်တကူ ဘယ်ရနိုင်ပါ့မလဲ။”

ဝူချိန်ရွာသူကြီးက ထပ်ဖြည့်ပြောလိုက်သည်။

ဝူချိန်ရွာသူကြီးသည် ဝမ်ချောင်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ သူ့ကိုလည်း ရွာမှ လူငယ်များနည်းတူ ဆက်ဆံသူ ဖြစ်သည်။ သို့ရာတွင် သူသည် ကွန်ဖြူးရှပ်ဂိုဏ်းက ဝမ်ချောင်၏ စိတ်ကို ထွေပြားစေကြောင့် ယခုလို ထိုးနှက်ချက် ဖြစ်သွားစေလောက်သည်ဟု ခံစားနေခဲ့ပုံပေါ်သည်။

“ဝုန်း”

ထူးဆန်းသော်လည်း ရင်းနှီးနေသော မျက်နှာများကို စိုက်ကြည့်နေရင်း မှောင်မဲနေသော ဝမ်ချောင်ဟာ ရုတ်တရက် ဆွံ့အသွားရသည်။

“အတုယောင်တွေ ဒါတွေ အားလုံးက အတုယောင် ဖြစ်မယ်။ ငါ အိပ်မက် မက်နေတာ ဖြစ်မယ်။”

ဝမ်ချောင်က သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်သည်။ သူသည် အိပ်ရာ၏ အောက်ခြေကို ကြည့်သည်။ အိပ်မက်နှင့် အစစ်အမှန်ကြားတွင် အကြီးမားဆုံး ကွာခြားချက်ရှိသည်။ သူသည် အိပ်မက်ထဲတွင် အရိပ် မထင်နိုင်ပေ။ အိပ်မက်ကလည်း အစစ်အမှန် မဖြစ်နိုင်ပေ။

တခဏခန့် ကြာပြီးနောက် သူသည် သူ၏ ကိုယ်ပိုင် အရိပ်ကို မြင်လိုက်ရပြီး ရုတ်တရက် ထုံထိုင်းသွားလေသည်။

အခန်း ၁၄၅၄

“မဟုတ်သေးဘူး။ ဝမ်ချောင်က ခေါင်းခါပြီး သူ၏ လက်များကို ပြန်ကြည့်သည်။ သူ၏ လက်များက ဖေျာ့တော့ပြီး သေးသွယ်သည်။ သူသည် လက်ချောင်း တစ်ချောင်းချင်းဆီတိုင်းကို ချိုးကြည့်သည်။ သူ၏ လက်ချောင်းထိပ်များမှ တဆင့် ဝမ်ချောင်သည်လည်း အခန်းက အနည်းငယ် အေးဆိမ့်နေပြီး နေက သူ၏ လက်မှတဆင့် လာရောက် တိုက်ခိုက်ကြောင်း ခံစားလိုက်ရသည်။

ဒါက စစ်မှန်လွန်းပြီး အသေးစိတ်ကျလွန်းသည်။ အိပ်မက်က ပိုင်ဆိုင်သင့်သော အရည်အသွေးမျိုးလည်း မဟုတ်ပေ။

သူဟာ သူ၏ လယ်ဆွဲလေးများကို ကြည့်လိုက်သောအခါ အခန်းထဲရှိ မှေးမှိန်သော နေရောင်အောက်တွင် ရောင်ပြန်ဟပ်နေကြောင်း မြင်လိုက်ရ၏။ အခြားသော အရာများနည်းတူ စစ်မှန်ပြီး အသေးစိတ် ကျနေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဝမ်ချောင်၏ စိတ်က ဗလာ ဖြစ်သွားသည်။

အိပ်မက်ထဲတွင် အထိအတွေ့ဟူသော ခံစားချက် မရှိသင့်ပေ။ နွေးထွေးမှုကို ခံစားမိသည် ဆိုသော အသေးစိတ်ကျသည့် အကြောင်းအရာမျိုးဆိုလျှင် ပို၍ ဆိုးသည်။ ဝမ်ချောင်၏ စိတ်က ကစဉ့်ကလျား ဖြစ်သွားသည်။

မှန်ကန်မှုနှင့် ဖန်တီးမှု အတိတ်နှင့် လက်ရှိ အရာအားလုံးက ရောနှောသွားသည်။ သူသည် နဂိုမူလကမူ အနောက်မြောက်ပိုင်းမှ အတွေ့အကြုံများကို ခိုင်မြဲသည်ဟု ယုံကြည်နေခဲ့သည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်အရ သူ့အား ပြင်းထန်သည့် အင်အားသင့်မှုသာ ဖြစ်ပေါ်လာစေသည်။

ဝမ်ချောင်သည် ရုတ်တရက် ဘာကိုမျှ မသေချာ မရေရာတော့ချေ။

သူက ပို၍ မသက်မသာ ဖြစ်စေသည်မှာ သူ၏ သွေးကြောများထဲမှ ကျိတ်လှိုက်နေသော ခံစားချက်နှင့် ဝမ်းတွင်းက ဖြစ်နေသော အခြေအနေကလည်း သူစာကြည့်ခန်းထဲတွင် သတိမလစ်စဉ်က ခန္ဓာကိုယ်၏ အခြေအနေအတိုင်း ဖြစ်နေသည်။ ဆိုလိုသည်မှာ သူ၏ အနောက်‌မြောက်ပိုင်းသို့ သွားသော ခရီးတခုလုံးက သူသတိမေ့နေစဉ် အတောအတွင်း သူ့ဘာသာသူ စိတ်ကူးထဲတွင် ဖန်တီးမိသည့် ပုံရိပ်ယောင် တခုသက်သက် ဖြစ်နေပုံရသည်။

ဒါဆိုရင် သူစာကြည့်ခန်းထဲမှာ သတိလစ်သွားပြီးတဲ့နောက်မှာ သူ့ဆရာက သူ့ကို အနောက်မြောက်ပိုင်းကို အတင်းမခေါ်သွားခဲ့ဖူးပေါ့။

ဒါဆိုရင် ဒါတွေ အားလုံးက ပုံရိပ်ယောင် အိပ်မက်တခု မဟုတ်လား။

ထိုအတွေးများက စိတ်ထဲတွင် ဖြတ်တွေးသွားပြီးနောက် ဝမ်ချောင်ဟာ လုံးဝ ဆွံ့အသွားသည်။

သူတွေ့ကြုံခဲ့သော အရာအားလုံးက သူ့အား အစစ်အမှန်နှင့် အတုအယောင်ကို မခွဲခြားနိုင် ဖြစ်စေသည်။

“နင်နိုးလာကာစလေ။ ဒီတော့ နင်အနားယူတော့လေ။ ဒေါ်လေး အရှင့်သား ငါတို့ သူ့ကို အေးအေးဆေးဆေး နားလို့ ရအောင် ထားခဲ့ရအောင်။”

ရွှင်မင်ကြယ်က နားလည်သော လေသံမျိုးနှင် ပြောလေသည်။

လူအုပ်က ခပ်မြန်မြန် အခန်းထဲမှ ထွက်သွား၏။ အခန်းက တိတ်ဆိတ်သွားသည်။

ဝမ်ချောင်တယောက်တည်းကသာ ခုတင်တွင် ထိုင်လျက် အမျိုးမျိုးသော အတွေးများနှင့် ကျန်ရစ်သည်။

တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

ဝမ်ချောင်၏ စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်နေသည်။ သူသည်လည်း သူ၏ အောက်ဖက်မှာ အနက်ရောင် စန္ဒကူးသား ရနံ့ကိုလည်း ခံစားရသည်။ ဒါသာ အိပ်မက်ဆိုလျှင် မည်သည့် ခံစားချက်နှင့် ရနံ့မှ မရခဲ့ပေ။

“ငါတကယ်ပဲ ခုနှစ်ရက် ခုနှစ်ညလုံး သတိလစ်နေခဲ့တာလား။”

ဝမ်‌ချောင်က ပြတင်းပေါက်နားသို့ လျှောက်သွားပြီး နေအလင်းရောင်က ဝင်ရောက်လာ၏။ သူခံစားခဲ့ရသော ခန္ဓာကိုယ်ကို လာထိသောအခါ ခံစားရသော နွေးထွေးမှုက သူ့အား ဆွံ့အစေသည်။

တံခါးကို ဖွင့်ပြီး ဝမ်ချောင်သည် ရင်းနှီးကျွမ်းဝင်သော ဥယျာဉ်ထဲသို့ ထွက်ပြီး သူသည် ဝမ်မိသားစု စံအိမ်ကြီးထဲရှိ အဆောက်အဦးများကိုလည်း ကြည့်သည်။ ဝမ်ချောင်ဟု ဘိလပ်မြေ တိုင်များပေါ်မှ ပုံစံများကိုလည်း မြင်တွေ့လိုက်သလို တံဆက်မြိတ်များ တခုဆီပေါ်မှ ငှက်ကိုလည်း မြင်လိုက်သည်။

ဝမ်‌ချောင်၏ အတွေးက အနောက်ဖက်ပိုင်းသို့ ပြန်ရောက်သွားသည်။ ရုတ်တရက် ကြည်လင်လွန်းသော မှတ်ဉာဏ်များက အိပ်မက်တခုကဲ့သို့ ဝေဝါးလာကြောင်း သိလိုက်သည်။ တကယ်ပဲ အိပ်မက်ထင်ပါတယ်။ ထိုတွေးနေသည့် ဝမ်ချောင်က သူ၏ အခြေအနေကို တဖြည်းဖြည်းချင်း လက်ခံလာသည်။

သူက တွေးသောနေချိန် ရုတ်တရက် ပြင်းထန်သော တံခါးခေါက်သံက ထွက်ပေါ်လာပြီး ဝမ်ချောင်သည်လည်း ရွှေခက်ရည်တို့၏ ဒေါသကြီးကြီး အော်သံကို ကြားရသည်။

“မျိုးမစစ်ကောင် မင်းကို ဘယ်ကောင်က လာခိုင်းလို့လဲ။ အခုချက်ချင်း ထွက်သွားစမ်း။”

အပြင်ဖက်မှ လှောင်ပြောင်လိုသော အသံတသံက ဆက်ထွက်လာသည်။

“ဟွန်း လာလည်တဲ့သူက ဧည့်သည်ပဲ။ ----- ကျန်းမာရေး မကောင်းဘဲ မနိုးထလာသေးဘူးလို့ ငါကြားတယ်။ ငါတို့ရဲ့ သခင်လေးက ဒီကို တကူးတက လာပြီး လက်ဆောင် ပို့ခိုင်းလိုက်တာ။”

သူ၏ အရှိန်အဝါ ကြီးမြတ်တဲ့ ဘုရင်က ဒီလောက်အထိ စိတ်သ‌ဘောထား မကြီးမားလောက်ဘူးလို့ ငါထင်မြင်မိတယ်။

ထိုအသံပိုင်ရှင် ထုတ်ထားသော လေသံအရ သူ့တွင် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်းသိရသည်။

“ထွက်သွား။ မင်းတို့ ကွန်ဖြူးရှပ်ဂိုဏ်းက အသာစီး ရနေတာနဲ့ပဲ မင်းတို့ လုပ်လို့ ရမယ် ထင်မနေနဲ့။ အရှင့်သားကြောင့်သာ မဟုတ်ရင် မင်းတို့ကွန်ဖြူးရှပ်ဂိုဏ်းက လူလုံး ထွက်ပြလာဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။”

“ငါတို့ရဲ့ အရှင့်သားက မင်းတို့လိုလူမျိုးကို မကြိုဆိုဘူး။”

ဒီတကြိမ်တော့ ဒီအသံပိုင်ရှင်က ချန်ပင် ဖြစ်သည်။

အစေခံများနှင့် အိမ်စေများကလည်း ဝင်ပြောကြသည်။ ထိုသို့ဖြင့် စံအိမ်ဂိတ်ဝနားတွင် မဝုန်းသုန်းကား ဖြစ်နေသည်။

“ရပ်တော့”

ရုတ်တရက် ဆူညံသံများကို အသံတသံက ဖြတ်တောက်လိုက်သည်။

---- ရှန်းမင်နှင့် များပြားလှသော ဝမ်ကလန်မှ အစောင့်များ အားလုံးက ဝင်ပေါက်တွင် စစ်ဆေးနေကြပြီး သူတို့၏ ပုံရိပ်က အပြင်ဖက်တွင် ရှိနေသော ဖြောင့်မှတ် မှန်ကန်မှုများ ပြည့်နေသော ပုံရိပ်တခုထံသို့ ရောက်သွားသည်။

လူအုပ်ကလည်း ခေါင်းကို လှည့်ပြီး ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်သည်။ ရုတ်တရက် တောင့်တင်းသွားကြသည်။

“အရှင်”

သူတို့သည် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း ဝမ်ချောင်က သူတို့၏ နောက်ဖက်တွင် ရောက်နေမှန်း သတိမထားမိခဲ့ပေ။

“မင်းတို့ အားလုံး နောက်ဆုတ်ကြ။”

ဝမ်ချောင်က အမိန့်ပေးသည်။ သူ၏ မျက်နှာက အနည်းငယ် ဖျော့တော့နေသေးသည်။ ထို့ကြောင့် သူ၏ ပုံစံက အားနည်းသော ပုံစံလေး ဖြစ်နေသည်။ ဒါကြောင့် လူတိုင်းက ဂါရဝ ပြုပြီး ဝမ်ချောင်၏ အမိန့်အတိုင်း သူ့အတွက် လမ်းဖယ်ပေးကြသည်။

“အရှင့်သား မတွေ့ရတာကြာပြီ။”

လှောင်ပြောင်ပြီး မကောင်းသော ရည်ရွယ်ချက် အပြည့်ဖြင့် အသံက ထပ်ပြောလာသည်။

“လူတိုင်းက အရှင့်သား သတိလစ်နေတဲ့ ခုနှစ်ရက် ခုနှစ်ည ကြာပြီလို့ ပြောတယ်။ အရှင့်ရဲ့ စိတ်က တော်တော်လေးကို စိတ်ဓာတ်ကျနေတဲ့ပုံပဲ။ ဒါပေမဲ့ကြည့်ရတာ ကောလဟာလတွေက မှားနေတာပါပဲ။ အရှင်တောင် နိုးတောင် နိုးနေပြီ။”

“မင်းမဲ။”

ဝမ်ချောင်သည် အသံလာရာကို ကြည့်လိုက်သောအခါ ------ ဖတ်နေသော ပုံရိပ်အချို့ကို မြင်ရ၏။ သူတို့၏ ခေါင်းဆောင်က အနက်ရောင် ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်ဖြစ်သည်။ သူ၏ ဆံပင်ကို ခပ်လျော့လေျာ့သာ ချည်ထားသည်။ ထိုလူက ဝမ်ချောင်အား မရင့်ပါးသော သားရဲ တစ်ကောင်ကဲ့သို့ စိန်ခေါ်လိုစိတ် ပြင်းထန်စွာဖြင့် ကြည့်နေသည်။

ဝမ်‌ချောင်သည် ထိုလူအပေါ် မည်သည့် ထင်မြင်ချက်မျှ မရှိပေ။ သို့သော် ရှင်းလင်းစွာပင် ထိုအမျိုးအသား၏ အရှိန်ဝါက မူးရစ်ခြင်း လမင်းကျောင်းဆောင်ထံမှ တစ္ဆေဓားသွားကဲ့သို့နှင့် တူသည်။

သူ၏ နောက်ဖက်တွင် ------- မင်းသမီးတစ်ယောက်ရှိပြီး ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျွမ်းကျင် ပညာရှင် နှစ်ယောက် ဖြစ်သည်။ သူတို့ဟာ အကြားတွင် ပိုးသားသေတ္တာ တခုကို ကိုင်ထားသည်။ စိတ်ပျက်စွာဖြင့် သူတို့ပြောသည့် ဓာတ်စာ ဖြစ်နိုင်သည်။

“လူရမ်းကားတွေ သိပ်မလွန်လာနဲ့။”

ရွှင်ခဲ့ယွီနှင့် ချန်ပိန်းတို့က ထိုသူ၏ စကားကြောင့် ဒေါသ ထွက်သွားကြပြီး လက်များကို ဆန့်ထုတ်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။

“ဘာလက်ဆောင်လဲ။”

သူတို့က အစစ်အမှန် အခြေအနေကို သိရဖို့လာထောက်လှမ်းရင်းနှင့် ဝမ်ချောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စနေတာပဲ။ သူတို့ကြောင့် မဟုတ်ရင် ဝမ်ချောင်က ဘာလို့ သွေးအန်ရမှာလဲ။

“လုံလောက်ပြီ။”

ဝမ်ချောင်က ရုတ်တရက် ပြောသည်။ သူက လက်တဖက်ကို မြှောက်ပြီး လက်အောက်ငယ်သားများကို တားကာ တစ္ဆေချောင်းဖက်သို့ ပြန်ကြည့်သည်။

“မင်းရဲ့ သခင်လေးကိုလည်း ဒီဘုရင်က ဒီလက်ဆောင်ကို လက်ခံကြောင်း ဒီဘုရင်က သူ့ရဲ့ ကျင်နာတဲ့ ရည်ရွယ်ချက်ကို လက်ခံကြောင်း ပြောပေးပါ။”

ဝမ်ချောင်သည် တည်ငြိမ်သည်။ သူသည် မလှုပ်ရှားသွားခဲ့ချေ။ တစ္ဆေချောင်းနှင့် အပေါင်းအဖော်များကပင် ထိုစကားများကြောင့် သံသယ ဝင်သွားသည်။

ဝမ်ချောင်၏ အပြုအမူက သူတို့၏ မျှော်လင့်ထားသော အခြေအနေမျိုးနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။ ထို့နောက် တစ္ဆေထားက ခပ်မြန်မြန် တည်ငြိမ်သွားသည်။

“ဟွန်း အရှင်သားက တကယ်ကို ကျော့ရှင်းလွန်းပါတယ်။ ကြည့်ရတာ အရှင်သားက စီရင်စု စစ်တပ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လက်ခံနိုင်သွားပြီလို့ ထင်တယ်။ ဒီလိုဆိုရင်တော့ ဒီလူက နှုတ်ဆက်ပါတယ်။”

တစ္ဆေဓားက အနည်းငယ် ခေါင်းငုံ့ကာ ဂါရဝ ပေးသည်။

“စီရင်စု စစ်တပ်ဟုတ်လား။”

ဝမ်ချောင်က မျက်ခုံးပင့်သည်။

“ဘာ အရှင့်သားက မသိသေးဘူးလား။”

တစ္ဆေဓားက နားလည်ကာ ထွက်သွားတော့ရန် ပြင်ပြီးမှ ရုတ်တရက် စကားကို ကြားပြီးနောက် ချက်ခြင်းပြန်လှည့်ကာ လျိုခဲ့ရီကို ကြည့်သည်။

“ဘာလဲ။ သူတို့တွေ အရှင့်သားကို မလျှောက်တင်ရသေးဘူးလား။”

ဝမ်ချောင်သည် နားလည်လိုက်ပြီး လျိုခဲ့ရီနှင့် အခြားသော လက်အောက်ငယ်သားများကို လှည့်ကြည့်သည့် အားလျော်စွာ အားလုံး၏ မျက်နှာက ဖျော့တော့ပြီး ခေါင်းငုံ့သွားကြသည်။

ထိုအခြေအနေကို မြင်သောအခါ တစ္ဆေဓားက အဖြစ်အပျက်ကို နားလည်လိုက်သည်။

“ကြည့်ရတာ ဒီကိစ္စကို အရှင်သားဆီက ဖုန်းကွယ်ထားတဲ့ပုံပဲ။ အမ်း ဒီလို ဆိုမှတော့လည်း ဒီလူက ဖျက်ပြောရင် မသင့်‌တော်ပါဘူးလေ။ ဒီလိုဆိုတော့ နှုတ်ဆက်ပါတယ်။”

နှုတ်ခမ်းပေါ်မှ အဓိပ္ပာယ်ဖော်ရခက်သော ဝေပါးသည့် အပြုံးမျိုးနှင့် တစ္ဆေဓားနှင့် အပေါင်းဖော်များက ထွက်သွားသည်။

“ဘာတွေဖြစ်နေပြန်တာလဲ။”

စာကြည့်ခန်းထဲတွင် ဝမ်ချောင်က သူ၏ လက်အောက်ငယ်သားများကို ကြည့်သည်။

“ဒါ.....”

ချူလွဲ့ရင်နှင့် ချန်ပင်တို့က တယောက်ကို့ တယောက် တုံ့ဆိုင်းစွာ ကြည့်ကြသည်။ သို့သော် ဝမ်ချောင်၏ ဖိအားက သူတို့အား စကားထုတ်ပြောရန် ဖိအားပေးလာသည်။

“အမှန်တိုင်း ပြောရရင် အရှင့်သား သတိလစ်နေတဲ့ အချိန်အတောအတွင်း ကိစ္စတွေ အများကြီး ဖြစ်သွားတာ။ အရှင့်သားက ----- မရှိ ပထမ မင်းသားရဲ့ ဂိုဏ်းက တော်ဝင်အခွန်ရုံး တခုလုံးကို သူတို့က အပြည့်အဝ ထိန်းချုပ်လိုက်ကြတယ်။ ပိုဆိုးတာက အရှင့်သားက သတိလစ်နေတာ ကြာလာတော့ ဘုရင်စုန့်နဲ့ အခြားသူတွေကလည်း အရှင့်သားရဲ့ အခြေအနေကို အတော်လေးစိုးရိမ်နေခဲ့တယ်။”

“အရှင့်သားရဲ့ အကြံအစည်တွေ မရှိတဲ့အခါ ကွန်ဖြူးရှပ်ဂိုဏ်းက ပထမ မင်းသားနဲ့ အောင်အောင်မြင်မြင် ပူးပေါင်းပြီး စီရင်စု စစ်တပ်ကို ဖယ်ရှားတဲ့ အမိန့်ကို ထုတ်လိုက်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် အင်ပါယာ ခွန်ရုံးက စီရင်စု စစ်တပ်တွေ အားလုံးကို စာရင်းသွင်းထားတဲ့ အရာအားလုံးကို ဖျက်ဆီးလိုက်ပြီး အနာဂတ်မှာ ဒီအဖွဲ့အဝင်တွေ အားလုံးကို ပြန်ခေါ်မယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး။”

“ဒါ့အပြင် ကွန်ဖြူးရှပ်ဂိုဏ်း၊ ပထမ မင်းသား၊ အတွင်းဝင် အမှတ်ချုပ်ကြီးနဲ့ ဘုရင်ချီတို့က ဘုရင်စုန့်ကို စစ်ဖက်ဆိုင်ရာ အကြံပေးရုံးတော်ပေါ်က အာဏာနဲ့ သူရဲ့ စစ်ဖက်ဆိုင်ရာ အာဏာတွေ အားလုံးကို ဖယ်ရှားလိုက်တယ်။”

“ဒါ့အပြင် ကွန်ဖြူးရှပ်ဂိုဏ်းက စောင့်ကြည့်သူ အမြောက်အမြား စစ်တပ် အသီးသီးဆီ စေလွှတ်ထားပါသေးတယ်။ ဒါကြောင့် စစ်တပ်ကြီး တခုလုံးက အားအနည်းဆုံး အခြေအနေကို ရောက်နေလို့။ အခု သူတို့ အားလုံးက ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ထိန်းချုပ်မှု အောက်မှာပါ။”

ဝမ်‌ချောင်ဟာ သူသတိလစ်နေချိန် အတောအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အားလုံးကို တဖြည်းဖြည်းချင်း သိလာရသည်။

မြေအောက် ကျောက်တုံးအခန်းထဲမှ စီနီယာများ၏ လမ်းညွှန်မှုက သူဟာ အမြင်စေခဲ့သော်လည်း ဝမ်ချောင်သည် ထိုသတင်းတခုချင်းဆီတိုင်း သူ့အား ထိခိုက်နာကျင်စေသည်ဟု ခံစားနေရသည်။ သူသည် လက်လွှတ်နိုင်ခဲ့သော်လည်း သူကြိုးစားခဲ့သမျှ အရာများအားလုံးက၊ အသက်များ စတေးထားရသော စစ်သားများ အားလုံးက တညတည်းနှင့် ဖျက်ဆီး ခံခဲ့ရသည့် အခြေအနေကို မြင်ရသောအခါ မည်သည့်အတွက်နှင့်မျှ စိတ်အခြေနေ မကောင်းနိုင်ပေ။ ပိုဆိုးသည်မှာ စစ်ပညာရှင်များနှင့် ကွန်ဖြူးရှပ် ပညာရှင်များသည် ဗဟိုပြည်နယ်နှင့် ဒီနယ်မြေအတွင်းရှိ သူတိုင်း၏ ရှင်သန်မှုနှင့် ဆက်စပ်နေလေသည်။

“မင်းတို့ အားလုံး ထွက်သွားကြ။ ငါတွေးဖို့ လိုအပ်တယ်။”

ဝမ်‌ချောင်က ရုတ်တရက် လက်ယမ်းလိုက်သည်။

“ဟုတ်ကဲ့အရှင်”

လက်အောက်ငယ်သားများ၏ မျက်ဝန်းထဲတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။ သို့သော် သူတို့က ခပ်မြန်မြန် နောက်ဆုတ်သွားကြ၏။

ဝမ်ချောင်က စာကြည့်ခန်းထဲတွင် အချိန်အတန်ကြာ လှုပ်ရှားမှု ကင်းမဲ့လျှက် ‌ရပ်နေခဲ့သည်။ နောက်ဆုံးတွင် ဝမ်ချောင်က သက်ပြင်းကို ချသည်။

သူသည် စာကြည့်ခန်းထဲမှ ထွက်ပြီးနောက် ဥယျာဉ်ထဲ လမ်းလှေျာက်က အရှေ့ဖက် ဂိတ်မှ ထွက်သည်။ အစေခံများနှင့် အိမ်ခြေများက သူ့ကို တွေ့သော်လည်း မည်သူကမျှ မတားရဲကြချေ။

သူဟာ အရာအားလုံးကို တွေးနေသလို ဘာမှ မတွေးနေသလိုလို စိတ်ရှုပ်ထွေးလွန်းသော အခြေအနေမျိုးတွင် မြို့‌တော်ထဲသို့ လျှောက်ဝင်မိသွား၏။

ဝမ်‌ချောင်က အသိ ပြန်ဝင်လာသောအခါ သူသည် လူစည်ကားသော လူအုပ်အလည်ကို ရောက်နေလေပေသည်။ သူသည် မျက်နှာချေမှုန့်များ အမွှေးများ ရောင်းသော အထမ်းသည်များကို မြင်သည်။ အချင်းချင်း အော်ဟစ်ကာ ပွေ့ဖက်နေသော ကုန်သည်များကိုလည်း မြင်သည်။ ဓားကြီးများကို ယမ်းကာ ကျယ်လောင်စွာ အသားများ ရောင်းနေသော သားသတ်သမားများကိုလည်း မြင်ရ၏။

သို့သော် ထိုလူအုပ်ထဲတွင် ဝမ်ချောင်ဟာ ထူးခြားသော ပုံရိပ်များစွာကို မြင်ရ၏။ သူတို့သည် မုတ်ဆိတ်ထူထူနှင့် ရှည်လျားသော အဝတ် ဝတ်ရုံများကို ဝတ်ဆင်ကြပြီး စွန်ရဲ့ကဲ့သို့ ခပ်ကောက်ကောက် နှာခေါင်း နက်ရှိုင်းသော မျက်ဝန်းများနှင့် သိပ်သည်းသော လေသံများဖြင့် စကားပြောနေကြ၏။

“ဟူ”

ထောင်လွှားသော ဟူများက သူတို့၏ ထန်ဘာသာ စကားကို ကို့ယို့ကားယား နိုင်စွာ ပြောနေသော ပုံစံမျိုးနှင့် အမျိုးမျိုးသော ပုံစံမျိုးတွင် ဝင်ထွက် သွားလာနေကြသည်။ အများစုကမူ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးနှင့် ဖြစ်နေသည်။

အခန်း၁၄၅၅

ကောင်းရွှယ်ကျင်း၏ အခြေအနေ

ဝမ်ချောင်သည် မြို့တော်တွင် ကြီးပြင်းလာခဲ့သည်။ ထိုနေရာတွင် ဟိုမြောက်မြားလွန်းနေသော ကိစ္စလောက်က ဝရုန်းသုန်းကား လုပ်ရလောက်အောင် မတန်သေးချေ။ သို့သော် သူက ပတ်ဝန်းကျင်ကို ပတ်ကြည့်ပြီး ရုတ်တရက် ယခုအခါ မြို့တော်တွင် ဟူများ ပို၍ များပြားလာကြောင်း သိလိုက်ရသည်။

ဂိုဂူလျော တိဗက်၊ တူရဂီ၊ အာရပ်၊..... သူတို့အား လူအုပ်ထဲတွင်မြင်နိုင်သည်။

ဝမ်ချောင်သည် လူအုပ်ထဲမှ ဟူတချို့ ဆယ်ရောက်ကျော်ကိုပင် တွေ့ရသေးသည်။ သို့သော် ပတ်ဝန်းကျင်ရှိ သာမန် လူများကမူ အမျိုးမျိုးသော ကြင်နာတက်သော မျက်နှာများနှင့် ဘာကိုမှ သတိမထားမိဘဲ ရှိနေသည်။

“ဟဟ လောကက သာသာယာယာ ရှိနေတယ်။ ဆိုတော့ သူစိမ်းတွေလို ဆက်ဆံဖို့ မလိုပါဘူး။”

အနားရှိ‌ ဆိုင်ရှင် တစ်ယောက်က သိုင်းပညာ လေ့ကျင့်ထားပုံပေါ်ကြောင်း သိသာလွန်းနေသော ဟူတစ်ယောက် လက်ထဲသို့ အထည်စ တစ်ဆကို ထည့်ပေးသည်။

“ဟင်း.... ငါတို့ အားလုံးက မိသားစုတွေ ဘာလို့ ဒီလောက်အထိ သူစိမ်းလို ဆက်ဆံနေတာလဲ။ နင့်မှာ ပိုက်ဆံ မရှိမှန်း ငါသိတယ်။ ဒီတော့ နင့်ကို ဈေးတဝက်နဲ့ ပေးလိုက်မယ်။”

အနားရှိ ဆိုင်ရှင် တစ်ယောက်ကလည်း ပြောသည်။

“ဂရုစိုက်ဦး။ ပြန်လာဖို့လည်း သတိရနော်။”

“အုပ်ချုပ်ရေး ရုံးတော်က အကြံပေး ပြောတဲ့အတိုင်း လောကက လူတိုင်းက မိသားစု တစ်ခုရဲ့ တစိတ်တပိုင်းပဲတဲ့။ ဒါကြောင့် ငါနဲ့ ပတ်သက်ပြီး ယဉ်ကေျးမနေပါနဲ။”

ဝမ်ချောင်၏ နားတွင် စိတ်အားထက်သန်မှုများက ဟိန်းထွက်နေသည်။ သူသည် မည်သည့် နေရာကို ကြည့်ကြည့် ပတ်ဝန်းကျင် အခြေအနေမှ အန္တရာယ်များကို သတိထားမိပုံရသည့် ကိစ္စများကိုသာ မြင်နေရသည်။

ဝမ်ချောင်သည်လည်း သူ၏ နှလုံးသားထဲမှ စူးတက်နေသော နာကျင်မှုက ပို၍ ပြင်းထန်လာသည်ဟု သူခံစားလိုက်ရသည်။ သူသည် ခြေလှမ်းကြီးများကို မြန်ဆန်စေ၍ ရှေ့သို့ ဆက်သွားသည်။

သူဟာ မည်သည့် နေရာကိုကြည့်ကြည့် ထိုမြို့တော်က ဆိတ်ချည်းတခုကို ပြောင်းလဲသွားသလိုမျိုး ဖြစ်နေသည်။ မဟာထန်၏ မြို့‌တော်က -----မရှိသော မြို့တစ်မြို့ကဲ့သို့ လူတိုင်းက သူတို့ အားလုံး၏ အရာအားလုံးကို ထုတ်ပြကာ ဖွင့်လှစ်ထားကြသည်။ သူသည် ရှေ့သို့သွားစဉ် ရုတ်တရက် ရင်းနှီးသော အသံကို ကြားရသည်။

“အာ ဒါက ------------- သရက်ပင် မဟုတ်လား။”

ဝမ်ချောင်က ရှေ့သို့ ဆက်သွားနေသေးသည်။ တခဏကြာပြီးနောက် အသံကို မှတ်မိပြီး တအံ့တဩ လှည့်ကြည့်လိုက်သည်။

“ချန်းချန်းလေ ဒါပဲ ဒါပဲ။”

သူသည် ________________ နှင့် ဘေးချင်းယှဉ်လျက် တိုက်ခိုက်ခဲ့သည်။ သူ၏ ________ကို မှန်းစရာ မရှိပေ။

သို့သော် ဝမ်ချောင် မှတ်မိသည်ကား မှန်ကန်သည်။ ချန်းချန်------------- နှင့် ------------ စစ်တမ်းက အနောက်ပိုင်းတွင် ဆက်ဆက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် စစ်အမိန့် မရှိနေဘဲ ဘယ်နေရာမှ ထွက်လာ၍ မရချေ။ ဒါကို ဘာလို့ ရုတ်တရက် ဒီလောက်ဝေးတဲ့ မြို့တော်မှာ ပေါ်ထွက်လာရတာလဲ။

ဝမ်ချောင်က ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ ------- ဝမ်ချောင်သည် လူအုပ်ထဲမှ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်သည်။

တဖက်သူ၏ အမူအရာက ဖြောင့်မတ်ပြီး ခေါင်းကိုလည်း မြင့်မြင့် မြှောက်ထားသည်။ သူ၏ ခန္ဓာကိုယ်က ကြမ်းတမ်းသော မီးတောက်များကို လွှင့်ထုတ်ထားပုံရသည်။ အန်းလီတာ စောင့်ရှောက်ရေး စစ်တပ်မှ ဒုတိယ ကာကွယ်ရေးဗိုလ် ရှင်းကျန့်တီကလွဲပြီး ဘယ်သူမျှ မဖြစ်နိုင်ချေ။ ထို့နောက် သူ၏ ရှေ့တွင် နောက်ထပ် မမျှော်လင့်ထားသော ပုံရိပ်တခုရှိနေသည်။

“ကောင်းရှန်းကျယ်”

ဘယ်လို ဖြစ်ပြီးတော့လဲ။

ဝမ်ချောင်၏ ကိုယ်က အံ့အားသင့်မှုအပြည့် ----------------၏ ပေါ်ပေါက်လာခြင်းက သူ့အား အံ့အားသင့်နေစေခဲ့သည်။ မကြာခင် ကောင်းရှန်းကျစ်ပါ ပေါ်လာသည်ကမူ ပုံမှန် မဟုတ်တော့ချေ။

------ ဗိုလ်ချုပ်တယောက်က မဟာဗိုလ်ချုပ်ဆိုသော တည်ရှိမှုမျိုး ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးလှုပ်ရှားမှုတိုင်းကို တလောကလုံးကို အုံကြွစေသည်။ သူတို့၏ ဂုဏ်အဆင့်အတန်းနှင့် ရာထူးက သူတို့အား နယ်စပ်နယ်မြေများ၏ လုံခြုံရေးနှင့် ဆက်စပ်နေသည်။ သာမန် အခြေအနေမျိုးတွင် ဆိုလျှင် အရှင်သခင်က မဆင့်ခေါ်သမျှ သူတို့သည် မြို့တော်သို့ ဝင်ရောက်ခွင့် မရှိဘဲ နှစ်လေးဆယ် နှစ်ငါးဆယ် ကြာသည်အထိပင် နေရတက်‌သေးသည်။

“ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ချန် ဘာလို့ ဒီကို ရောက်နေတာလဲ။”

ဝမ်‌ချောင်က တဒင်္ဂအတွင်း အပြေးသွားကာ မေးလိုက်သည်။ တချိန်တည်းတွင်ပဲ -----နှင့် ----- တို့ကလည်း လူအုပ်မှ ကွဲထွက်၍ ဝမ်ချောင်၏ အနားသို့ ရောက်လာသည်။

“ဝမ်‌ချောင် မင်းနောက်ဆုံးတော့ နိုးလာပြီပေါ့။”

ဝမ်ချောင်ကို မြင်သည့် ထိုနှစ်ယောက်၏ မျက်နာပေါ်တွင် ရိုးသားသော အပြုံးကို မြင်နိုင်သည်။

“ချဲ့လီနဲ့ငါက မင်းရဲ့ စံအိမ်ကို လာတွေ့သေးတယ်။ ဒါပေမဲ့ မင်းက သတိလစ်နေတာလေ။ အဲ့ဒီနောက် မင်းက နေကောင်းလာတယ်လို့ ကြားတော့ ငါတို့က မင်းဘယ်လို နေလဲဆိုတာ လာကြည့်ဖို့ လာတာ မင်းနဲ့ တိုးတာပဲ။”

မိတ်ဆွေများ ဆုံသောအခါ ဝိုင်ခွက် တစ်ထောင်ကပင် မလုံလောက်ပေ။ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေဖြင့် ကောင်း------သည် သဘာဝ အလျောက်ပင် အမြဲတစေ တည်ကြည့်ခန့်ညားစွာ နေထိုင်တက်သော လူမျိုး ဖြစ်သည်။ သို့သော် ဝမ်ချောင်၏ အရှေ့တွင်မှ ဝမ်ချောင်ကဲ့သို့ မဟာချန်၏ အငယ်ဆုံး ဘုရင်၏ ရှေ့တွင်မှသာ ကောင်းချန်လီက ထိုကဲ့သို့သော နွေးထွေးမှုမျိုးကို ပြသတက်သည်။ သို့သော် ဝမ်ချောင်ကမူ စကားပြောရန် စိတ်အခြေအနေကောင်း မနေချေ။

ဝမ်ချောင်က ထိုနှစ်ယောက်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“အရှင်ကောင်း ဗိုလ်ချုပ်ချန် ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ အမ်းရှေမှာ တပ်မစွဲထားဘဲနဲ့ မြို့တော်ကို ရောက်လာတာလဲ။”

---- သူတို့၏ မျက်နှာပေါ်မှ အပြုံးက ချက်ခြင်း ပျောက်သွားသည်။ သူတို့၏ အမူအရာများက ပြောင်းလဲလာသည်။

“ဒါက...”

တခဏခန့် ကြာပြီးနောက်တွင် ကောင်းချန်လီက အမှန်တရားကို ထုတ်ပြောသည်။

“ဝမ်ချောင် ငါ မင်းဆီတော့ ဖုံးကွယ်မနေတော့ဘူး။ ငါက ကာကွယ်ရေး ဗိုလ်ချုပ် မဟုတ်တော့ဘူး။ အင်ပါယာခုံရုံးက ငါ့ရဲ့ စစ်အာဏာကို ဖယ်ထုတ်လိုက်ပြီ။ အဲ့ဒီအချိန်က စပြီး ငါ့ရဲ့ စစ်တပ်က အခု ကွန်ဖြူးရှပ်ဂိုဏ်းက စောင့်ကြည့်သူတွေရဲ့ အမိန့်အောက်မှာပဲ။ ဝမ်ချောင်။”

အခြားတဖက်မှာ ရှန်ရှိုက်နီက တည်ငြိမ်စွာဖြင့်သာ ရှိနေသည်။

ဝမ်ချောင်၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးထွက်သွားသည်။

“အမှန်တိုင်း ပြောရရင် ငါတို့ကိုပဲ ခေါ်လိုက်တာ မဟုတ်ဘူး။ နယ်စပ်မှာ ရှိနေတဲ့ အဲဒီ ဗိုလ်ချုပ်တွေ အားလုံး ပြန်ခေါ်ခံရတာ။ စစ်တပ်ဖက်က ကံကြမ္မာက‌တော့ သတ်မှတ်ထားပြီးသားပဲ။

ကောင်းချန်လီက တည်ငြိမ်သော မျက်နှာထားမျိုးဖြင့် ပြောသည်။

ဝမ်ချောင်က ဘာစကားမျှ မပြောပေ။ သို့သော် သူ၏ နှလုံးသားက လေးလံပြီး အသက်မရှုနိုင်လုနီးပါး ခံစားလိုက်ရသည်။

“အရှင့်သား ကွန်ဖြူးရှပ်ဂိုဏ်းက အင်ပါယာခုံရုံးနှင့် အင်ပါယာကြီး တစ်ခုလုံးကို ထိန်းချုပ်ထားပြီးပြီ။ ငါတို့မှာ သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်းရည် ဆုံးရှုံးသွားပြီ။”

ချန်ကျန်လီက ဝမ်းနည်းတကြီးပြောသည်။

တစ်ဘဝလုံး တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သဘာဝအလျောက်ပင် ဤလို အခြေအနေမျိုးကို လက်သင့် မခံလိုပေ။ သို့သော် ပထမ မင်းသားက ဘုရင်ခံအဖြစ် တည်ရှိနေခဲ့ပြီး ပို၍ အင်အားကြီးမားသော အဖွဲ့အစည်းကြီး တခု ဖြစ်သည့် ကွန်ဖြူးရှပ်ဂိုဏ်း၏ ထောက်ပံ့မှုကိုလည်း ရရှိထားသေးသည်။ ထိုအဖွဲ့က အင်ပါယာ ခုံရုံးကို ထိန်းချုပ်မှုကို ဘယ်လိုမျှ မတားနိုင်တော့ပေ။ ဝမ်ချောင်သည်လည်း စူးရှသော အပ်တချောင်းဖြင့် သူ၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ထိုးမွေ့နေသလို ခံစားရသည်။ ထိုနှစ်ယောက်၏ စကားလုံးများက ၏ဒီအတိုင်း အချက်အလက် တခုကို ထုတ်ပြောပြနေသလို ဖြစ်နေသလည်း သူသည် ထိုနှစ်ယောက်၏ ခံစားချက်များကို နားလည်နိုင်သည်။

သူတို့သည် သူတို့၏ ဘဝ တစ်ဝက်ကျော်ကျော်လောက် အန်းရှိအတွက် တိုက်ခိုက်ခဲ့သည်။ သို့သော် ဂျိုးငှက်စုံတွဲက ငှက်ကျော၏ အသိုက်ကို နေရာဝင်ယူပြီး မောင်းထုတ်သကဲ့သို့ ဖြစ်နေလေသည်။

“သွားရအောင်။ ဒီလို ရှားပါးတဲ့ တွေ့ဆုံမှုအတွက် ငါတို့မူးသွားတဲ့အထိ ကောင်းကောင်း သောက်ပြီးပြောရမယ်။”

ကောင်းချန်လီက ဝမ်ချောင်၏ ပခုံးကို ဖက်လိုက်သည်။ သူတို့ သုံးယောက်က အနီးဆုံး အရက်ဆိုင်သို့သွားသည်။

ထိုစုဝေးမှုက ညနေမှ ညရောက်သည်အထိပင် ကြာသည်။ ဝမ်ချောင်သည် အလွန်အမင်း ညနက်နေသော အချိန်မှသာ စံအိမ်သို့ ပြန်နိုင်သည်။

တရက်ပြီး တရက် ကုန်ဆုံးသွားပြီးနောက် ဝမ်‌ချောင်က သူမေ့မြောနေစဉ် ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများအားလုံးက နောက်ဆုံးတွင် ဆက်စပ်မိသွားသည်။

တချိန်တည်းတွင်ပဲ နယ်စပ်မှ ပေါ်ပေါက်လာသော သတင်းများကလည်း သူ၏ စံအိမ်သို့ ရောက်လာသည်။

အမျိုးမျိုးသော သတင်းပို့ငှက်များထံမှ သတင်းများက ပျံသန်း၍ ဝင်ရောက်လာသည်။

“ယဉ်စန်းဆီက ရသည့် နောက်ဆုံး သတင်းအရ စန်းပေါ်က ဘာရီဘား တောင်ကြားမှစစ်သားတွေကို ခန့်နေပြီး လျှို့ဝှက်စွာ လေ့ကျင့်ပေးနေတယ်။ ငါတို့ရဲ့ ခန့်မှန်းချက်အရ ဒီစစ်သားတွေက ခြောက်သိန်းဝန်းကျင် ရှိပြီး အရေအတွက်က ပိုတောင် ကြီးလာနိုင်သေးတယ်။ အရှင့်သား ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးတော်မူပါ။”

“ဆယ့်ခုနှစ်ရက်နေ့မှာ နမ့်ရွှင့်‌ချောင်းရဲ့ ဘုရင်အသစ် ဖုန်းကြားရီက မာန်လူမျိုးစုတွေကို ခန့်အပ်ပြီ ဆင်ရိုင်းအမြောက်အမြားနဲ့ လေ့ကျင့်ပေးရင်းနဲ့ သူ့ရဲ့ စစ်အင်အားစုကို တည်ထောင်ခွင့် ကြိုးစားတယ်။ ငါတို့ရဲ့ ရဲဘော်ရဲဖက် ရှဲ့ကျောင်းက ဆင်အကောင် ငါးသောင်းနီးပါး လေ့ကျင့်ပြီးထားပြီးပြီသာ။ နဂိုမူလက ဆင်ဖြူတော် တပ်ရင်းထပ်တောင် ဆယ်ဆလောက် များပြားနေသေးတယ်။ ‌အရှင် ကျေးဇူးပြုပြီး ညွှန်ကြားပေး‌တော်မူပါ။”

“၁၅ရက်နေ့မှာ ငါတို့ရဲ့ ကင်ချောင်က တင်ပြချက် ပို့လာတယ်။ ဂိုဂူလျော ကုန်သည် တပ်ဖွဲ့ယဉ်တန်း အဖြစ် ရုပ်ဖျက်ထားတဲ့ ကင်းထောက်တပ်ဖွဲ့က ဂိုဂူလျောရဲ့ တောင်ပိုင်းမြို့ကို ချောချောမွေ့မွေ့နဲ့ သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီနောက် ကင်းထောက်ဆယ်ယောက်ရဲ့ အသက်ကို ယူပြီးတဲ့ နောက်မှာ ယွန်ဂယ်ဆိုမွန်ရဲ့ တောင်ပိုင်းရေတပ်က စစ်သင်္ဘောတွေကို အလုံးအရင်းနဲ့ စလွှတ်ရင်း ရေကြောင်းလေ့ကျင့်မှုကို ပြုလုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ထိုအင်အားစုလေးသိန်းလုံးက စုစည်းနေပြီး မဟာထန်ကို ပင်လယ်ရေ လမ်းကြောင်းကနေပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။”

‘ငါတို့ ဆယ့်ကိုးရက်နေ့က မြောက်ပိုင်းနယ်စပ်ရဲ့ သတင်း တင်ပြချက်အတိုင်းဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်က ငါတို့ရဲ့ ရိက္ခာ ကုန်သည်ယဉ်တန်းတွေထဲက တခုက အမည်မသိရ လုပ်ကြံသတ်ဖြတ်သူ တပ်ဖွဲ့က တိုက်ခိုက်သွားခဲ့တယ်။ သာမန်ပြည်သူ နှစ်ထောင်ကျော်က တိုက်ခိုက်ခံခဲ့ရပြီး ရိက္ခာပို့‌ဆောင်တဲ့ တပ်ရင်း တစ်ထောင်က အရင်းခံခဲ့ရတယ်။ လက်နက်နဲ့ စားစရာ ရိက္ခာတွေ အားလုံးကို သိမ်းပိုက်ခံလိုက်ရပြီး ဘာကိုမှ နောက်ယောင်ခံ လိုက်လို့ မရသေးပါဘူး။ နောက်ပြီး ခိုင်မာတဲ့ သက်သေ မရှိပေမဲ့လည်း အခြေခံအားဖြင့် အနောက်ပိုင်း တူရဂီ -----ရဲ့ လုပ်ရပ်လို့ ယုံကြည်တယ်။ ငါတို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ အမျိုးမျိုးသော ဟူတွေက သူတို့ရဲ့ ဗျူဟာတွေကို အရင်ကတည်းကပင် လှုပ်ရှားနေကြတယ်။ ဒီလိုနဲ့ ငါတို့ကို အကြီးကြီး ခြိမ်းခြောက်နေပါတယ်။’

‘နယ်စပ်က စစ်တပ်တွေ အားလုံးကို အမျိုးမျိုး စစ်အကြံပေးတွေက စုံစမ်းစစ်‌ဆေးဖို့ တားမြစ်ထားတယ်။ စစ်သားတွေက တော်တော်လေးကို မယုံကြည်နိုင် ဖြစ်နေကြတယ်။’

ဝမ်ချောင်၏ လက်ထဲသို့ စာများက တစ်စောင်ပြီး တစ်စောင် ဝင်ရောက်လာသည်မှာ နှင်းမုန်တိုင်းနှင့်ပင် တူသေးသည်။ ထိုသတင်းတခုချင်းဆီတိုင်းက ဝမ်ချောင်၏ နှလုံးသားကို ထိုးဆွနေပြီး သူတို့အား ပို၍ပင် စိုးရိမ်လာစေသည်။

မဟာထန်ကို အရင်က ဝိုင်းနေသည်။ သို့သော် မည်သူကမျှ သတိမထားမိချေ။

ဝမ်ချောင်သည် အချက်အလက်များကို စုစည်းထားနိုင်သော်လည်း အင်ပါယာ ခုံရုံးက ပထမမင်းသား လီကျွင်းရွှမ်း၏ ထိန်းချုပ်မှု အောက်တွင်ဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုမျိုးက အဓိပ္ပာယ်မဲ့သည်။ ဘာပဲ ဖြစ်ဖြစ် ဒီလို ဆက်ဖြစ်ခွင့်ပြုလို့ မရဘူး။

ဝမ်ချောင်က --------- စိတ်ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ဝမ်ချောင်၏ အကြံအစည်ကို ပျက်စီးစေသော ကိစ္စများက ရောက်လာလေသည်။

“ချောင်အာ မင်းအမေက ဆွေးနွေးစရာရှိတယ်”

တခဏခန့် ကြာပြီးနောက် ဝမ်ချောင်၏ မိခင် ဖြစ်သူက အခန်းထဲတွင် ပေါ်လာပြီး သူမ၏ အမူအရာက ပုံမှန် မဟုတ်လောက်အောင် တည်ငြိမ်သည်။

“သားက မငယ်တော့ဘူး။ မြို့တော်ရဲ့ အထက်တန်းလွှာတွေရဲ့ ဓလေ့ ထုံးတမ်းအတိုင်း အခုဆိုရင် သားရဲ့ အသက်အရွယ်က လက်ထပ်ပြီး မိသားစု တခုကို စတင်သင့်နေပြီ။ သားရဲ့ အမေကလည်း သား သတိလစ်သွားတဲ့ အချိန်တွေကြောင့် သေလောက်အောင် ကြောက်ခဲ့ရတယ်။ ဒါကြောင့် တွေးတောပြီးတဲ့နောက်မှာ သားကို မိသားစု တစု တည်ထောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။”

“သားအမေက သားက သားက ရွှေကလန်က သခင်မလေးနဲ့ ဆက်ဆံရေး ကောင်းမှန်းသိတယ်။ သားသတိလစ်နေတုန်း သူမကပဲ သားကို တချိန်လုံး ဂရုစိုက်ပေးနေတာလေ။ သားရဲ့ဘေးမှာ နေ့ရောညပါ နေခဲ့တာ။ တော်တော်လေးတောင် ပိန်ကျသွားတယ်။ မြို့တော်ရဲ့ မိန်းကလေးတွေ အားလုံးထဲမှာ ဒီကလေးမလေးကပဲ သားအမေ သဘောအကျဆုံးပဲ။”

“ဒါကြောင့် သားသတိလစ်နေတုန်း သားအမေက သားသာ နိုးလာခဲ့ရင် ဒီကလေးမလေးကို ငါတို့ ဝမ်မိသားစုရဲ့ ချွေးမအဖြစ် လက်ခံမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။”

“ဘာ....”

ဝမ်ချောင်က ထိုစကားလုံးများကြောင့် မှင်သက်သွားသည်။ သူသည် အငိုက်မိသွားသည်။

“ဘာလဲ ဆန္ဒမရှိလို့လား။”

အမေဝမ်က ဆူသည်။ သူမ၏ သားက မကျေနပ်ချက်များ ပြည့်နေသည်။

“.... ဒီဒီ သားက--- မလုပ်ရဲပါဘူး။”

ဝမ်ချောင်က အလျင်စလို ငုံ့လိုက်သည်။ သူသည် သူ၏ မိခင်------ လွန်ကဲလွန်းစွာ လေးစားပေးခဲ့ပြီး ငြင်းခုံပြီး စကားတခွန်းကိုမျှ မပြောရဲခဲ့ဖူးချေ။ သခင်မဝမ်၏ မျက်လုံးများက နူးညံ့သွားသည်။

“ဒါဆိုရင် သားနိုးလာပြီ ဆိုတော့ သားအမေက ရွှေစံအိမ်ကို သွားခဲ့ပြီးပြီ။ ‌ရွှေကလန် ခေါင်းဆောင်ကလည်း သားနဲ့ သခင်မလေးရွှေကို သဘောတူထားပြီးသား။ ဒါကြောင့် ဒီကလေးက သားအတွက်ပဲ။”

“နောက်လ အစက လက်ထပ်ဖို့ အ‌ကောင်းဆုံးရက်ပဲ သားအမေက မြို့တော်က နာမည်ကျော် အောင်သွယ်တော်ကို ဖိတ်ခေါ်ပြီး အခမ်းနားပွဲအတွက် ပြင်ဆင်ခိုင်ထားတယ်။ ဒီတော့ သားတို့နှစ်ယောက် အဲ့ဒီရက်မှာ လက်ထပ်နိုင်တယ်။ ဒီလို နည်းလမ်းမှပဲ သားအမေက မြေးလေးကို စောစော ချေနိုင်မှာ။ နောက်ပိုင်း သားအမေအနေနဲ့ ဒီလိုမျိုး ထပ်ပြီး မကြောက်လန့်ချင်ဘူး။”

သခင်မဝမ်က တင်းမာစွာ ပြောသည်။

ဝမ်‌ချောင်က ငေးငိုင်စွာ ရပ်နေသည်။ အချိန်တခုကြာမှသာ အံ့အားသင့်မှုမှ ရုန်းထွက်နိုင်သည်။ အံ့အားသင့်စရာ ကောင်းလောက်သည်။ ဝမ်ချောင်သည်လည်း သူ၏ မိခင်က ထိုကိစ္စ ပြောလာလိမ့်မည်ဟု မထင်ထားမိပေ။ သူသည်ငယ်သေးသည်။ နှစ်အနည်းငယ်ခန့် ဆက်ပြီး တိုက်ခိုက်နိုင်သည်။

သို့သော် မိခင် ဖြစ်သူ၏ အမူအရာကို မြင်သောအခါ သူ၏ သတိလစ်သွားသော အခြေအနေက မိခင်ဖြစ်သူ----- ဖြစ်သွားအောင် ခံစားလိုက်ရသည်။ ထို့ကြောင့် ယခုလို ပြောလာခဲ့ခြင်း ဖြစ်ရပေမည်။

မိခင်ဖြစ်သူက အလွန်အမင်း လေးနက်လွန်းနေသည်။

All Chapters