အခန်း (၁၄၅၆-၁၄၆၀)
Vol. 87 Ch. 1456-1460
အခန်း ၁၄၅၆
ဝမ်ချောင်ရဲ့ လက်ထပ်ပွဲ
“အမေက ဆုံးဖြတ်ပြီးပြီ ဆိုကတည်းက ကျွန်တော်တို့ အမေ့အကြံအစည်အတိုင်း လုပ်ကြတာပေါ့။”
ဝမ်ချောင်က ခေါင်းကို ငုံ့ရင်း ပြောလိုက်သည်။
သူသည် အံ့အားသင့်သွားသော်လည်း အချို့သော အကြောင်းပြချက်ကြောင့်လားမသိ ထိုသို့ ပြောပြီးသည်နှင့် ဝမ်ချောင်သည် စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူသည်လည်း ယခုလို အခြေအနေထဲသို့ အတင်း တွန်းပို့ခံရသလိုမျိုး ခံစားရသည်။
သူသည် ကြည်လင် လှပသော မျက်နှာကို စတင်ကာ ပြန်တွေးတောလိုက်သည်။ သူမဟာ သံမဏိမြို့တွင် သူ၏ နဘေးအတွင်း မည်သို့ မည်ပုံ ရှိနေခဲ့ကြောင်း ကျန်းရှင် ကာကွယ်ရေးဌာနချုပ်တွင် နေ့ရောညပါ ကြိုးစားအားထုတ်ခဲ့ပြီး သူ့ထံ ရိက္ခာများ ပို့ပေးနိုင်အောင် မည်သို့ ကြိုးစားခဲ့ကြောင်း တွေးမိသွားသည်။ ထိုအချိန်က သူမ၏ နွမ်းလှသော ပုံစံလေးကို ပြန်တွေးမိသွားသလို သူက အရှေ့ဖက်သို့ သွားသော ခရီးပေါ်မှ နိုးလာချိန်တွင် သူမ၏ နက်ရှိုင်းလွန်းသော စိုးရိမ် ပူပန်မှုများ ပြည့်နှက်နေသည့် အကြည့်ကို သတိရသွာသည်။
နွေဦးလေပြေက မိုးအဖြစ် ပြောင်းလဲသွားပြီး တလောကလုံးကို ကျဲစိမ့်စိမ့် စိုစွတ်လာစေသည်။
ထိုအချိန်တွင် ဝမ်ချောင်ဟာ ချွီချီချင်သည် သူ၏ နှလုံးသားမှ သိသာထင်ရှားသော တနေရာကို ပိုင်ဆိုင်ပြီးကြောင်း ရုတ်တရက် သိလိုက်သည်။
သူမသည် တိတ်တဆိတ် သာပေးနေတက်ပြီး မည်သည့်အခါမျှသာ မတောင်းဆိုတက်သလို သူမက နာကျင်နေချိန်အတွင်း တစ်ယောက်တည်း သည်းခံတက်သည်။ သို့အတွက် သူမကို ပြန်လည် ပေးဆပ်ရန် သင့်တော်သလို ပြန်လည် ပေးဆပ်ရန် ကျလေပြီ။ တနည်းအားဖြင့် အကောင်းဆုံးနှင့် အလှပဆုံးသော အဆုံးသတ်ကို ဖန်တီးပေးနိုင်ပေမည်။
“ဗုန်း”
ဝမ်ချောင်နှင့် ရွှီချီချင် လက်ထပ်မည့် သတင်းက မြို့တော်ကြီး တစ်ခုလုံးကို လှုပ်ခါစေသည်။ ----- တောက်ပသော လူငယ် စစ်နတ်ဘုရားလည်း ဖြစ်သော ဝမ်ချောင်က မှင်သက်ဖွယ်ကောင်းသော အကျိုးပြုမှုများကို လုပ်ဆောင်ခဲ့ပြီး မဟာဗိုလ်ချုပ်ကြီးများကပင် လေးစားရသည်။
ရွှီကလန် အတွက်ကမူ မဟာထန်၏ စီမံရေး လုပ်ငန်းတဝက်ခန့်ကို ထိန်းချုပ်ထားပြီး သင့်တင့်သော လွှမ်းမိုးမှုမျိုးကို ပိုင်ဆိုင်ထားသည့် အလွန်အမင်း ရှေးကျသော ကလန် တခုဟု သတ်မှတ်၍ ရလေသည်။
ယခုလိုမျိုး ကလန်နှစ်ခု ပူးပေါင်းလိုက်သလို ထူးချွန် ပြောင်မြောက်လွန်းသော အရည်အသွေးရှိသော သတို့သား သတို့သမီးများက အင်ပါယာကြီး တခုလုံး၏ အာရုံကို ချက်ချင်းဆိုသလို ဆွဲဆောင်သွားလေသည်။
မင်္ဂလာပွဲအတွက် သတ်မှတ်ထားသော ကောင်းမွန်သော နေ့ထူးနေ့မြတ်က ရောက်ရှိလာချိန်တွင် မြို့တော်ကြီး တခုလုံးက စည်ကားနေခဲ့သည်။ လူအများစုက ဝမ်ချောင်နှင့် လီကျွင်းရှန်းအကြားမှ ရှုပ်ထွေးမှုတွေ၊ ကွန်ဖြူးရှပ်ဂိုဏ်းဖက်မှ ရပ်တည် ခဲ့ကြသည့်တိုင်အောင် ဝမ်ချောင်၏ မျိုးနွယ်စုများ၏ ဘုရင်ဆိုသော အဆင့်အတန်းသည် ယခင် အတိတ်မှ လုပ်ဆောင်မှုများ အားလုံးအရ သူသည်လည်း ထိုလူများအကြားတွင်ပင် သိသာထင်ရှားသော လွှမ်းမိုးမှုရှိကြောင်း နားလည်ရပေမည်။
“မျိုးနွယ်စုတွေရဲ့ ဘုရင် မျိုးနွယ်စုတွေရဲ့ ဘုရင် နတ်မိမယ်ရွှီ နတ်မိမယ်ရွှီ”
ဝမ်မိသားစု၏ စံအိမ် အပြင်ဖက်တွင် လူအုပ်က ဝမ်ချောင်နှင့် ရွှီချင်ရွှင်တို့အတွက် အလားတူ အားပေးနေကြလေသည်။
ရွှီကလန်သည်လည်း လက်ရွေးစင် အထက်တန်းလွှာ ကလန် တခု ဖြစ်ပြီး ရွှီချီချင်က မြို့တော်မှ နေထိုင်သူများအတွက် နတ်မိမယ် တပါးအဖြစ် လူသိများသည်။ လူငယ်အမျိုးသား အမျိုးသမီးများ အားလုံးကလည်း မြင့်မားစွာ ချီးကျူးမှုကို ခံထားရသူ ဖြစ်သည်။
ပို၍ ဆိုးသည်မှာ ------ တန်ဖိုးတွင် သူမက ထိတွေ့ ကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်၏ နောက်ဖက်မှနေပြီး ရိက္ခာများကို စီမံခန့်ခွဲနေခဲ့သူ ဖြစ်ပြီး ရိက္ခာ၏ စီးဆင်းမှုများကို မြန်ဆန်အောင် တည်ငြိမ်အောင် လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ ထိုနည်းအားဖြင့် သူမ၏ ဂုဏ်သတင်းအား မြို့တော်ရှိ အခြားသော မိန်းမပျိုတိုင်းကို ကျော်သွားစေသည်။
------တန်ဖိုး အဆုံးသတ်သွားပြီးနောက် အထက်တန်းလွှာ အိမ်တော်များက ရွှီကလန်သို့ ဖိတ်ကြားရေး ကတ်များ ပို့ခဲ့ရင်းနှင့် လက်ထပ်ကြောင်းလမ်းမှုမှ တဆင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ထောင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်ကသာ အဆုံးသတ်နေရာကို ရသွားခဲ့လေသည်။
“ဒီနေ့ရက် နောက်ဆုံးတော့ ရောက်လာပြီ။”
ဝမ်ချောင်သည် ခြံထဲရှိ မက်မွန် ပန်းပင်၏ အောက်ဖက်တွင် ရပ်ရင်း သူ၏ နှလုံးသားဟာ သူ၏ ဆံပင်ကို လွင့်ထွက်အောင် တိုက်ခတ်နေသည့် လေနှင့်အတူ ငြိမ်းချမ်းလာသလို ခံစားလိုက်ရသည်။
သူဟာ ဆုံးဖြတ်ချက်ကို ချပြီးချိန်ကတည်းက ဝမ်ချောင်သည်လည်း သူ၏ စိတ်ထဲမှ အလေးချိန် အများစုကို ဖယ်ရှားနိုင်ခဲ့သူဟု ခံစားရသည်။ သူသည် လောကမှ လူများအတွက် ပြေးလွှားရင်း အလုပ်အလွန် များနေခဲ့သောကြောင့် သူ့ကိုယ်သူ ဂရုစိုက်ရန် မေ့လေျာ့နေခဲ့သည်။
ယခုအခါ သူသည် စစ်အာဏာကို ဖယ်ရှားခံထားရသည်။ မူဝါဒ ရေးရာ အင်အားစု၏ အလယ်နေရာမှလည်း တွန်းထုတ်ခံထားရသောကြောင့် ရှားရှားပါးပါး သူဂရုစိုက်ပြီး ချစ်ရသော သူများနှင့် ကိစ္စများနှင့် ပတ်သက်သည့် ကိစ္စများတွင် ကိုင်တွယ်ရန် အခွင့်အရေးရလာသည်။ ပို၍ အရေးကြီးသည်မှာ ----- သူသည် သူချစ်ရသောသူနှင့် ပေါင်းစည်းနိုင်လေပြီ။
“ချင်ချင်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ။”
ဝမ်ချောင်သည် နီရဲသော အခမ်းအနားဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်များကို ကျောဖက်သို့ တွန်းပို့ထားသည်။ ညှင်သာသော လေပြေနှင့် မြင့်တက်လာသော မနက်ခင်းနေရောင် အလင်းတန်းအောက်တွင် သူ၏ မျက်နှာအမူအရာကလည်း စွမ်းအင်များဖြင့် တောက်ပနေသလိုမျိုး ထည်ဝါနေလေသည်။ သူသည် တိုက်ပွဲနယ်မြေတွင် လွှင့်ထုတ်ခဲ့သော အရှိန်အဝါမျိုးနှင့် မတူညီသော အရှိန်အဝါ တမျိုးကို စတင်ကာ လွှင့်ထုတ်လာသည်။ ထိုအရှိန်အဝါက ညှင်သာသည်၊ နိမ့်ချတက်ပြီး သဘောထားလည်း ကြီးသည်။ သူဟာ လှပသော ကေျာက်စိမ်းတုံး တစ်တုံးနှင့် တူသည်။
“အရှင့်သား အမျိုးသမီးရွှီရဲ့ ဝေါယာဉ်က လမ်းပေါ် ရောက်နေပါပြီ ဆယ်မိနစ်လောက်နေရင် ရောက်တော့မှာပါ။”
ဝမ်ချောင်၏ ရှေ့တွင် ယွီခယ့်ရီ၊ ရှန်းပင်းနှင့် အခြားသော လက်အောက်ငယ်သားများ အားလုံးက အတောင့်သား ရပ်နေသည်။ ယွီခယ့်ရီက ရှေ့သို့ထွက်ပြီး လေးစားစွာ ဂါရဝ ပြုကာ ပြောသည်။
“သတင်းပို့။”
ယွီခယ့်ရီက ပြောပြီးရုံသာ ရှိသေးသည်။ ဝမ်ကလန်မှ အစောင့်အကြပ်က အပြေးဝင်လာသည်။
“အရှင့်သား ရွှီကလန်ရဲ့ သတို့သမီး ပို့ဆောင်တဲ့ လမ်းကြောင်းက သိပ်မကြာခင် ရောက်ရှိလာတော့မှာပါ။ သခင်နဲ့ သခင်မတို့ကလည်း ဂိတ်ဝမှာ စောင့်နေကြပါပြီ။”
လူတိုင်းကလည်း ထိုအစောင့်၏ စကားလုံးများကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ချွင်းချက်မရှိပေ။ သူ့နှလုံးသားကပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာလေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် မရိုးသားသော အပြုံးက ပေါ်လာသည်။
“လာ.... သူတို့ကို ကြိုဆိုဖို့အတွက် ဂိတ်ဝကို သွားရအောင်။”
ဝမ်ချောင်သည် အင်္ကျီလက်ကို တချက်ယမ်း၍ ရှေ့သို့ လျှောက်သည်။ ဥယျာဉ်များကို ကျော်ဖြတ်ပြီးနောက် လှပသော မီးအိမ်များဖြင့် တောက်ပစွာ ပြင်ဆင်ထားသည့် လမ်းကြောင်းမှ တဆင့် အောက်ဖက်သို့ ဆင်းလျှောက်လိုက်သည်။
ဂိတ်နားတွင် အစေခံများ မိန်းမစေများ အားလုံးက အခမ်းအနား အနီရောင် ဝတ်စုံကို ဝတ်ဆင်၍ ရပ်နေကြသည်။ သူတို့၏ အရှေ့တွင် စိုးရိမ်နေပုံရသော သတ်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်ရှိသည်။ သူမ၏ ဆံပင်များကိုလည်း ပုလဲများ ကျောက်ကလစ်များဖြင့် တန်ဆာ ဆင်ထားလေသည်။
“အမေ”
ဝမ်ချောင်က ခြေလှမ်းများကို မြန်ဆန်လိုက်သည်။
ဝမ်ချောင်ကို မြင်သည်နှင့် လူအုပ်က လှမ်းကြည့်လိုက်သည်။
“ချောင်အာ သားအချိန်ကိုက်ရောက်လာတာပဲ။ အဲ့ဒီကလေး ချီချင်က သိပ်မကြာခင်ရောက်လာတော့မှာ။ လာမြန်မြန် အသင့်ပြင်တော့။”
သခင်မဝမ်သည် သူမ၏ မျက်ဝန်းထဲတွင် သိသာထင်ရှားသော အပြုံးမျိုးကို ချိတ်ဆွဲထားပြီး မျက်နှာကလည်း သွေးရောင်လွှမ်းကာ ပျော်ရွှင်နေပုံရသည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံး အခြေအနေအဖြစ် သူ၏ မိခင်က ထိုမျှ ပျော်ရွှင်လွန်းနေသည်အား မြင်ဖူးခြင်း ဖြစ်သည်။
“ဟာ... ချောင်အာ မင်း အရွယ်ရောက်လာပြီ။ နောက်ဆုံးတော့ မင်းမှာလည်း ကိုယ်ပိုင် မိသားစုကို စပြီး တည်ထောင်နိုင်တော့မယ်။ မင်းရဲ့ ဦးလေးကြီးက မင်းနဲ့ အမျိုးသမီး ချီချင်တို့ကို ငါတို့ ဝမ်ကလန်ကို အများကြီး အင်အား ကြီးမားအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ လက်ဆောင်တခု ပြင်ထားတယ်။”
နက်ရှိုင်းပြီး ခပ်ဆတ်ဆတ်နိုင်သော လေသံမျိုးနှင့် ပြောနေသူက ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်း ဖြစ်သည်။ သူဟာ ရှေ့တက်လာပြီးနောက် မှုတ်ဆိတ်မွေးကြီးကို တချက်သပ်ရင်း ရယ်နေလေသည်။
ဝမ်ကလန်၏ ချီလင်သား ဝမ်ချောင်ဟာ လက်ရှိ ဝမ်ကလန်၏ လူငယ်မျိုးဆက်တွင် အတောက်ပဆုံး တည်ရှိမှု ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း သတို့သမီးကို ကြိုဆိုရန် စောင့်နေသော ဆွေမျိုးများထဲမှ အသက်ဝါကြီးသူ တစ်ယောက်အနေဖြင့် ကိုယ်ပိုင် အရှိန်အဝါမျိုးရှိလေသည်။
“ကျေးဇူး အများကြီးတင်ပါတယ် ဦးလေးကြီး။”
ဝမ်ချောင်က ပြုံးရင်း ဂါရဝ ပြုသည်။
“ရောက်လာပြီ ရောက်လာပြီ။ သတို့သမီးရောက်လာပြီ။”
အရှေ့မှ ဆူဆူပူပူ အသံကို ကြားရသည်။ လူအုပ်ကလည်း အငြိမ်မနေနိုင်တော့ချေ။ ထိုအချိန်အတွင်းမှာ ဝမ်ချောင်၊ မိခင်နှင့် ဦးလေးကြီးတို့ အားလုံးက လှည့်ကြည့်ကြသည်။
မီးပန်းများ၏ ဖောက်သံနှင့် အတူ သတို့သမီးကို သွားရောက် ကြိုဆိုသော ရှည်လျားသော လူတန်းကြီးက လမ်း၏ အဆုံးနားတွင် ပေါ်လာသည်။ အရှေ့ဆုံးတွင် ရွှေရောင် အနားကွပ်ထားသော ဝေါယာဉ်ကို မြင်နိုင်သည်။ အဝေးမှ ကြည့်နေရင်းကတင် ဝမ်ချောင်အား ရွှီကလန်၏ သင်္ကေတနှင့် တံဆိပ်များကို မြင်နိုင်စေသည်။
“သူမလာပြီ။ သတို့သမီးလာပြီ။”
ဝမ်မိသားစုအတွင်းမှ လူအုပ်ကလည်း စိတ်လှုပ်ရှားလာကြသည်။
မီးပန်းဖောက်သံများက ကျယ်လောင်လာသည်။ ကုန်းသံ ဗုံသံများ ဝမ်ကလန်၏ မိန်းမစေများ အစောင့်များအားလုံးက စံအိမ်ထဲမှ အပြေးထွက်ကြသည်။ မင်္ဂလာဝေါယာဉ်က ပေါ်လာသောအခါ လမ်းပေါ်တွင် စီတန်းနေသော လူအုပ်ကလည်း စတင်ကာ အော်ဟစ်အားပေးကြသည်။
“နတ်မိမယ်ရွှီ နတ်မိမယ်ရွှီ”
ကျယ်လောင်သော အော်ဟစ်သံများက ကောင်းကင်ဘုံအထိ တက်သွားသည်။
ဝမ်ချောင်သည်လည်း တဖြည်းဖြည်း နီးကပ်သထက် နီးကပ်လာေသော ရွှေအနားကပ် မင်္ဂလာဝေါယာဉ်ကို မြင်သောအခါ၏ သူ၏ မျက်နှာပေါ်ရှိ အပြုံးက ကျယ်ပြန့်သထက် ကျယ်ပြန့်လာကာ မျက်ဝန်းကလည်း ငြိမ်သာသည်ထက် ငြိမ်သာလာသည်။
“သတို့သမီးရောက်လာပြီ။”
“သတို့သား ရှေ့ထွက်ပြီး ကြိုဆိုပါ”
ဝမ်ချောင်က ဝတ်ရုံကို တချက်ခါလိုက်ပြီး ရှေ့သို့ထွက်သည်။ လှေကားထစ်များပေါ်မှ ကျော့ဆင်းစွာ ဆင်းသတ်၍ မင်္ဂလာ ဝေါယာဉ်နားသို့သွားသည်။
“လိုက်ကာကို ဖွင့်ပါ။ လိုက်ကာကို ဖွင့်ပါ။ နတ်မိမယ်ရွှီ နတ်မိမယ်ရွှီ”
“သတို့သား မြန်မြန်လေး သတို့သမီးကို ကျောပေါ်တင်ခေါ်ပါတော့။”
လူအုပ်၏ အော်ဟစ် အားပေးသံများက ကျယ်သထက် ကျယ်လာသည်.
မျိုးနွယ်စုများ၏ ဘုရင်လည်း ဖြစ်သလို သူတော်စဉ် ဧကရာဇ် ကိုယ်တိုင်က သရဖူ ချီးမြင့်ထားသော သူဟာ မြို့တော်၏ ပါရမီ အကြီးဆုံးနှင့် အလှဆုံးတော့ ရွှီချီချင်နှင့် လက်ထပ်သွား၏။ သူတို့၏ မင်္ဂလာပွဲကို ရာစုနှစ် တခုတွင် တကြိမ်သာ တေွ့နိုင်သော ပွဲဟု သတ်မှတ်၍ ရသည်။ မြို့တော်မှ လူများသည်ပင် သတို့သမီးကိုပင် အနည်းငယ် ရှုပ်ရန် အခွင့်အရေး မရနိုင်ချေ။ ဝမ်ချောင်က အော်ဟစ်အားပေးသံများကို ဖျော့တော့စွာ ပြုံး၍သာ တုံ့ပြန်သည်။ ထို့နောက် ထိုဝေါယာဉ်၏ လိုက်ကာကို ကြည့်နေရင်းမှ သူ၏ မျက်လုံးက ပို၍ ညှင်သာသွားသည်။ နူးညံ့သော ချစ်စိတ်ကိုပင် ဖော်ပြနေသေးသည်။
အစေခံ မိန်းမပျို တစ်ယောက်က အနီရောင် သတို့သမီးသယ်တုံးကို လက်ဆင့်ကမ်းပေးသည်။ ဝမ်ချောင်က ထိုတုံးလေးကို တည်ငြိမ်စွာဖြင့် ငုံ့ကိုင်လိုက်ကာ ဝေါယာဉ်နှင့် လိုက်ကာစ အကြားရှိ အဟနေရာကြားသို့ ထိုးထည့်လိုက်ကာ တဖြည်းဖြည်းချင်းစီ လိုက်ကာကို မြှောက်တင်လိုက်သည်။
“ချီချင် ငါမင်းကို စောင့်နေတာ တော်တော်ကြာပြီ။”
ဝမ်ချောင်က လိုက်ကာကို မြင့်သထက် မြင့်အောင် မြှောက်လိုက်ချိန် အတွင်းမှာ အနီရောင် ဝတ်စုံ သော ပုံရိပ်တခုကို မြင်ရသည်။ ရွှေနားကွပ်ထားသော ဖီးနစ်ပဝါ၏ သူမ၏ မျက်နှာကို ကွယ်ထားသည်။
သို့သော် ဝမ်ချောင်က ထိုအလေးတုံးအား ထိုသတို့သမီးကို ကြိိုဆိုရန် လက်ဆင့်ကမ်းနေစဉ် ရုတ်တရက် ပါးလျသော သတ်ဖြတ်လိုစိတ် ဆန္ဒကို ခံစားမိလိုက်သည်။ ဝမ်ချောင်၏ မျက်နှာက တင်းမာသွားပြီး တစုံတရာ မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူဟာ နောက်သို့ ပြန်ဆုတ်လိုသည်။ သို့သော် နောက်ကျလွန်းသွားသည်။
ချိန်း
သိပ်သည်းသော စွမ်းအားများ အပြည့်ပါဝင်သော လက်ဖဝါးတချက်က သူ၏ ရင်ဖက်ကို စောင့်ရိုက်လာသည်။ ထိုင်နေသော သတို့သမီးက ရုတ်တရက် ရှေ့သို့ ခုန်ထွက်လာပြီး ဝမ်ချောင်အား ပြင်းထန်သော ထိုးနှက်ချက်ကို ရင်ဆိုင်ရန် ကြိုးစားသည်။
“ဗုန်း”
ရုတ်တရက် သတ်ဖြတ်ခံရသော အခြေအနေက လူအုပ်တခုလုံးကို မှင်သက်သွားစေသည်။ အားလုံးက အံ့အားသင့်ပြီး စိတ်ရှုပ်သွားကြ၏။ အမျိုးမျိုးသော ခံစားချက်များကို မြင်နိုင်သည်။
မည်သူကမျှ ယခုလိုမျိုး နွေးထွေးကာ စည်ကားသည့်ပွဲက ယခုလို ဖြစ်သွားမည် မထင်ထားကြချေ။ ရွှီကလန်မှ သတို့သမီးက ရောက်လာသည်နှင့် သတို့သားကို တိုက်ခိုက်လိုက်သည်။
“မကောင်းတော့ဘူး။ ပြဿနာ ရှိနေတယ်။”
“သတို့သမီးက သတို့သားကို သတ်ဖြတ်ဖို့ကြိုးစားနေတာ။”
ပျော်ရွှင်နေသော လူအုပ်က ကစဉ့်ကလျား ဖြစ်သွားသည်။ အချို့လူများကလည်း ကြောက်လန့်နေသော သားရဲများအလား တကွဲတပြားစီ ထွက်ပြေးကုန်သည်။
ဗန်း
သို့သော် လူအုပ်က မပြေးနိုင်သေးခင် ဝမ်ချောင်က ကျည်ဆံတခုကဲ့သို့ ထိုဝေါယာဉ်နားမှ လွင့်ထွက်သွားသည်။ သူသည် ဝမ်မိသားစု စံအိမ်၏ ဂိတ်နှင့် ဆောင့်မိသွားပြီး ဂိတ်တခုလုံးကို ပြိုကျစေသည်။
သခင်မဝမ်ကပင် ထိုမြင်ကွင်းကြောင့် စွံ့အသွားသည်။ သူမ၏ မျက်လုံးကလည်း ပြူးကျယ်လာ၏။ အချိန်တန်ကြာပြီးမှသာ သူမက အလန့်တကြား အော်နိုင်သည်။
“ချောင်အာ....”
ယခုလို ကိစ္စမျိုးက ရိုးရှင်းစွာပင် ဖြစ်နိင်သည်။
“သခင်မ သခင်လေး”
ဝမ်မိသားစု စံအိမ်က ဝရုန်းသုန်းကား ဖြစ်သွားသည်။
“အရှင့်သားကို ကာကွယ်”
ယွီခယ့်ရီ ချန်ပင်းနှင့် အားလုံးက မှင်သက်နေသော်လည်း လျှင်မြန်စွာ တုံ့ပြန်နိုင်ကြသည်။ သူတို့သည် ဓားများကို ဆွဲထုတ်လိုက်သည်။ ဝမ်ချောင်၏ ရှေ့တွင် လာရပ်သည်။ ရုတ်တရက် ဖြစ်လာသော မတော်တဆမှုက စံအိမ်တခုလုံးကို ဝရုန်းသုန်းကား ဖြစ်စေသည်။ ထိုအခိုက်အတန့်တွင် မည်သူကမျှ ဝမ်ချောင်ထက် ပိုမအံ့ဩနိုင်ပေ။
“မင်းက ရွှီချင်ချင်း မဟုတ်ဘူး မင်းက ဘယ်သူလဲ။”
ဝမ်ချောင်၏ အကြည့်က အေးစက်သွားပြီး မြေပြင်မှ ကုန်းထသည်။
အခန်း ၁၄၅၇
ဝမ်ချောင်၏ အတွင်းဒဏ်ရာများက ပြင်းထန်လွန်းသည်။ ကျင့်ကြံခြင်း သွေဖယ်မှုက သူ့အား ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူ့ကို သတိလွတ်သွားစေခဲ့သည်။ သူ၏ စိတ်ဓာတ်ခွန်အားနှင့် အင်အားတို့က ယခုတခေါက် တိုက်ခိုက်ခံရမှုကြောင့် ကြီးမားစွာ သက်ရောက်ခံရပြန်သည်။ သို့မဟုတ်ပါက လျှို့ဝှက်ဆန်းကျယ်သော လုပ်ကြံသတ်ဖြတ်မှုလောက်က အလွယ်တကူ အောင်မြင်လိမ့်မည် မဟုတ်ပေ။
ရွှီကလန်မှ သတို့သမီးသည် သတို့သားက လာရောက် ကြိုဆိုသည့် အချိန်တွင် အခွင့်ကောင်းယူပြီး လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ရာ ရှိနေသည့် လူများကို အံ့အားသင့် မှင်သက်ခဲ့ရသည်။
သို့သော် ဝမ်ချောင်က အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူသည် ချက်ခြင်းဆိုသလိုပင် ထိုဝေါယာဉ်ထဲမှ သတို့သမီးက ရွှီချီချင် မဟုတ်နေကြောင်း သိလိုက်သည်။ ရွှီချီချင်သည် ထိုမျှ အထိ မြင့်မားသော ကျင့်ကြံဆင့်ကို မပိုင်ဆိုင်ပေ။
အခြားတဖက်တွင် သတို့သမီးက ဝမ်ချောင်၏ မေးခွန်းကို လျစ်လျူရှုသည်။
“သူ့ကိုသတ်”
ပဝါအောက်ဖက်မှ အေးစက်ပြီး ခံစားချက်မဲ့သော အသံက ထွက်လာသည်။ သတ်ဖြတ်လိုသော ဆန္ဒများက ပြင်းထန်နေသည်။
အနီရောင် ပဝါနှင့် အခမ်းအနားဝတ်စုံက ပေါက်ကွဲသွားပြီးနောက်တွင် အနက်ရောင် ဝတ်ရုံက ပေါ်လာသည်။ မျက်နှာသွင်ပြင်တိုင်းကို ဖုံးကွယ်ထားသည့် တစ္ဆေတစ်ကောင်ကဲ့သို့ အဖြူရောင် မျက်နှာဖုံးအောက်ဖက်မှ အေးစက်ပြီး တင်းမာသော မျက်ဝန်းတစ်စုံကသာ ကြည့်နေသည်။
ချင်… ထိုလူ၏ အနက်ရောင်ဓားကြီးက တုန်ခါသွားပြီးသည့် နောက်တွင် ဝမ်ချောင်ထံသို့ မိုးကြိုးပစ်လိုက်သကဲ့သို့ ခုန်မြန်စွာ ဝင်ရောက်လာပြီး လေထဲတွင် ဝေဝါးသော ပုံရိပ်ကို ချန်ထားရစ်ခဲ့သည်။
ဗုန်းဗုန်းဗုန်း
တချိန်တည်းတွင် ထိုအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူကို လိုက်လံ ပို့ဆောင်သည့် ရွှီကလန်မှ အစောင့်များ အားလုံးကလည်း သူတို့၏ ဒန်တျန်အတွင်းမှ စွမ်းအင် တုန်ခါလာစေပြီး အခမ်းအနား ဝတ်ရုံများအားလုံး ပေါက်ကွဲသွားကြကာ အနက်ရောင် ဝတ်စုံ ပေါ်လာသည်။
ထိုသူများအားလုံးက ဓားများကို ထုတ်ကာ ရှေ့သို့ ခုန်ထွက်လာကြသည်။ ဓားများ အားလုံးက ဝမ်ချောင်ကိုသာ ရည်ရွယ်သည်။
“အရှင့်ကိုကာကွယ်။”
ချီခယ့်ရီနှင့် ဝမ်ကလန်မှ အစောင့်များက ဝမ်ချောင်၏ အရှေ့ဖက်သို့ အလျင်အမြန်သွားကာ ကာကွယ်ရန် ကြိုးစားကြသည်။ မျက်နှာများက ဖျော့တော့နေကြသည်။ သူတို့ ကိုယ်တွင်းမှ ကြယ်တာရာဝိညာဉ်များက ပေါက်ကွဲကုန်ပြီး နဂါးကဲ့သို့ ရှေ့သို့ ခုန်အုပ်သည်။
ရိုက်ချက်တချက်က ထွက်ပေါ်လာပြီး ချီခယ့်ရီနှင့် သူ၏ လူများက လွင့်ထွက်သွားကာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ၏ ရိုက်ချက်တချက်ကိုပင် မခံနိုင်ခဲ့ပေ။
အမျိုးသမီးလုပ်ကြံ သတ်ဖြတ်သူနှင့် နောက်မှ လူများအားလုံးက ဝမ်ချောင်ကို ဝိုင်းပြီး ဝင်္ဂဘာတခုကို ဖွဲ့စည်းလိုက်သည်။
အနက်ရောင် ဝတ်စုံနဲ့လူတွေ
ဝမ်ချောင်၏ စိတ်က အခြေအနေကို နားလည်ပြီး တုန်ယင်သွားသည်။ ရွှီချင်ချီနှင့် အဖွဲ့ဝင်များအဖြစ် လုပ်ကြံသတ်ဖြတ်ထားသော ထိုသူများက သူ့နောက်ကို တောက်လျှောက် လိုက်နေခဲ့သော အနက်ရောင် ဝတ်စုံများဖြင့် လူများဖြစ်နေသည်။
ဝမ်ချောင်သည် ထိုလူ၏ အရှိန်အဝါသည် ရင်းနှီးလွန်းနေသည်။
“သခင်မကို ကာကွယ်”
ဝမ်ချောင်၏ အကြည့်က အေးစက်သွားသည်။ သူဟာ အားလှိုင်းတချက်ကို လွှင့်ထုတ်ပြီးသည်နှင့် သူ၏ ညာဖက်လက်ထဲသို့ ဓားတလက်ကို ဆွဲယူလိုက်သည်။ အနက်ရောင် ဝတ်စုံနှင့် လူများက ဝမ်ချောင်နှင့် ခုနှစ်ပေသာ ဝေးတော့သော အခါ သူသည်လည်း ထိုသူများကို ရင်ဆိုင်ရန် ခုန်အုပ်ပြီး ဝင်သွားလိုက်သည်။ သူဟာ သရဲတစ်ကောင်လို အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ၏ ရှေ့တွင် ပေါ်လာသည်။
သူ၏ ညာဖက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီးနောက်တွင် သူ၏ ပြောင်မြောက်လောက်သော ဓားစွမ်းရည်ကို အသုံးပြု၍ အမျိုးသမီးလုပ်ကြံ သတ်ဖြတ်သူ၏ ဓားထိပ်သို့ တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။ တချိန်တည်းတွင်ပဲ သူ၏ ဘယ်ဖက်လက်ကို ရှေ့သို့ လှမ်းထုတ်လိုက်ပြီး အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူကို လက်ဝါးတချက် ရိုက်ချလိုက်ကာ လွင့်ထွက်သွားစေသည်။
ဝမ်ချောင်သည် ချက်ချင်းဆိုသလို ခုန်ဝင်လိုက်ပြီး ချက်ချင်းဆိုသလို ခုန်ထွက်သွားကာ ဘယ်ဖက်ညာဖက် အပေါ်အောက် နေရာတိုင်းတွင် ရုတ်ချည်းလိုလို ပေါ်ထွက်လာလေသည်။ အနက်ရောင်ဝတ်စုံဖြင့် လူများ မမျှော်လင့်ထားသော နေရာများမှ တိုက်ခိုက်သည်။ ယခင်ကနှင့် မတူညီစွာပင် ဝမ်ချောင်သည် အတက်နိုင်ဆုံး ကြိုးစားပြီး တိုက်ရိုက် မဆုံတွေ့အောင် ရှောင်ရှားသည်။ သူသည် မျှော်လင့်ထားသော နေရာမှ လက်သီးတချက် သို့မဟုတ် လက်ချောင်းများဖြင့် လှမ်းထိုးသော ရိုက်ချက်မျိုးဖြင့်သာ ပြုလုပ်သည့်တိုင်အောင် လုပ်ကြံသတ်ဖြတ်သူများကမူ အော်ဟစ်ရင်း လွင့်ထွက်သွားရသည်။
“အား…”
အော်ဟစ်သံများက အဆုံးစမဲ့နေသည်။ ထိုတိုက်ပွဲတွင် ဝမ်ချောင်သည် ပြိုင်ဖက်များ၏ ခန္ဓာကိုယ်မှ အားအနည်းဆုံး နေရာများကိုသာ တိုက်ခိုက်ရန် ရွေးချယ်ထားသည်။ ထို့ကြောင့် သူသည်လည်း —-စွမ်းအင် အနည်းငယ်ကိုသာ သုံးရပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ် လက်ရှိ အခြေအနေကြောင့် ထိုဗျူဟာကသာ အကောင်းဆုံး ဖြစ်သည်။
“…..”
ဒီလိုလုပ်ရအောင် ငါတို့ အားလုံး အတူတူ သေကြမယ်။
အချိန်တော်တန်ကြာအောင် ပဲ့တင်ထပ်သွားသည့် ကြမ်းတမ်းသော အော်ဟစ်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်က မတုံ့ပြန်နိုင်သေးခင် ဝရုန်းသုန်းကား ဖြစ်နေသော လူအုပ်ကြောင့် အတင်းတွန်းအားပေး ခံရသလိုမျိုး ယိုင်သွားသော အရပ်သားတစ်ယောက်က ဝမ်ချောင်၏ တည်နေရာသို့ ရုတ်တရက် ဝင်ရောက်လာပြီး ဓားကို ဆွဲထုတ်၍ ဝမ်ချောင်ကို ခုန်အုပ်ရန် ကြိုးစားသည်။
ထိုရိုက်ချက်တချက်တည်းကတင် ခွဲမရအောင် မြန်ဆန်နေပြီး အချိန်ထောင်သောင်းမက လေ့ကျင့်ထားပုံပေါ်ကာ အသေခံရန်လည်း ဆုံးဖြတ်ထားသည့်ပုံပေါက်သည်။ ထိုလူဟာ ဝမ်ချောင်၏ တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့ပြီး တိုက်ခိုက်ရမည့် အခွင့်အရေးကို ကွက်တိ စောင့်နေခဲ့ပုံပေါ်သည်။
ဝမ်ချောင် အဆင့်ရှိ ကျွမ်းကျင် ပညာရှင်ကပင် ထိုဓားချက်ဟာ ရှောင်ရှားရန် အလွန် ခက်ခဲကြောင်း လက်ခံရလေသည်။
သို့တိုင်အောင် ဝမ်ချောင်က မထိတ်လန့်သွားခဲ့ပေ။ သူသည် ချက်ချင်းဆိုသလိုပင် ဘေးဖက်သို့ ခုန်ရှောင်လိုက်သည်။ သို့သော် သူသည် ပေအနည်းငယ် အကွာသို့သာ ရှောင်နိုင်သေးသည်။ ရုတ်တရက် သူ၏ စွမ်းအင်များက ဝရုန်းသုန်းကား ဖြစ်သွားကြောင်း သိလိုက်ပြီး ခန္ဓာကိုယ်က ယိုင်ထိုးကာ အကြိမ်နှုန်း နှေးကွေးသွားရလေသည်။
ဝမ်ချောင်၏ အခမ်းအနားဝတ်စုံက ပွင့်ထွက်သွားသည်။ ထက်ရှသော ဓားထိပ်က ဝမ်းဗိုက်ကို လှီးဖြတ်လိုက်၍ သွေးများ ပန်းထွက်လာသည်။
ဗန်း
ဝမ်ချောင်၏ ခန္ဓာကိုယ်က ကစဉ့်ကလျား ဖြစ်သွားသော်လည်း သူသည် အတက်နိုင်ဆုံး ကြိုးစားပြီး လက်ဝါးတချက်ကို ရိုက်ထုတ်လိုက်ရင်း ထိုအရပ်သားဆိုသူအား နောက်ဖက်သို့ လွင့်ထွက်သွားစေလိုက်သည်။
“သခင်ကြီး”
“သခင်လေး”
ဝမ်ချောင်ဟာ သွေးထွက်လာကြောင်း မြင်လိုက်သည်နှင့် ဝမ်ကလန်မှ အစေခံတိုင်းက အလန့်တကြား အော်ကြသည်။
“မလာကြနဲ့။”
ဝမ်ချောင်က ခပ်တင်းတင်း အမိန့်ထုတ်လိုက်သည်။ သူသည် သတိမေ့လွန်းခဲ့သေးသည်။ သူဟာ အပြည့်အဝ မသက်သာသေးပေ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းမှ ကျင့်ကြံမှု၏ သွေဖယ်သက်ရောက်မှုများက မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။
ဝမ်ချောင်သည် သူ၏ လက်ညှိုးဖြင့် ခန္ဓာကိုယ် တခုလုံးအနှံ့ လိုက်တို့လိုက်ပြီးနောက်တွင် အချို့သော ဆက်သွယ်သည့် သွေးကြောလမ်းကြောင်းများကို ပိတ်လောင်ကာ သွေးတိတ်သွားစေခဲ့သည်။
သို့သော် ဝမ်ချောင်၏ ကပ်ဘေးက မဆုံးသေးချေ။ သူသည် အနက်ရောင် ဝတ်စုံနဲ့ လူများကို အလဲထိုးပြီးကာစသာ ရှိသေးသည်။ နောက်ထပ် ဝရုန်းသုန်းကား ဖြစ်သံကို ကြားရပြန်သည်။
“———- မင်းက သေပြီ သူ့ကိုသတ်”
လူအုပ်ထဲမှ လူတစ်ယောက်က သိပ်သည်းသော ဟူလေသံနှင့် ကို့ရို့ကို့ယားနိုင်သော ထန်စကားကို ပြောလာသည်။ လေထဲက မဲမှောင်သွားပြီးနောက်တွင် ရက်စက်သော ဟူကျွမ်းကျင်ပညာရှင်များက လူအုပ်ကြားထဲမှ ထွက်လာကာ သူတို့၏ အဝတ်များကို စုတ်ဖြဲ၍ လက်နက်များကို ထုတ်ကာ ဝမ်ချောင်ဆီပြေးလာကြသည်။
…..
ထိုသုံးရက်သာ ကာလအတွင်းတွင်ပင် စွမ်းအင်မုန်တိုင်းများ လွှမ်းခြုံထားသည့် ပုံရိပ်သုံးဆယ်မှ လေးဆယ်က ဝမ်ချောင်ဆီချဉ်းကပ်လာသည်။ သူတို့သည်လည်း သူတို့၏ သတ်ဖြတ်လိုစိတ် ဆန္ဒကို မဖုံးကွယ်ထားပေ။ တချက် ကြည့်လိုက်ရုံဖြင့် ဝမ်ချောင်သည်လည်း တိဗက်တန်များ အနောက်ပိုင်း တူရကီများ ဂိုဂူလျောများနှင့် မန်ရှဲ့ကျောင်းမှ လူများကို ပြောနိုင်သည်။
ဝမ်ချောင်နှင့် ရွှီချီချင်၏ လက်ထပ်ပွဲက ဟူကျွမ်းကျင် ပညာရှင်များ၏ အာရုံကိုပင် ဆွဲဆောင်နိုင်ခဲ့သေးသည်။
“မဟာနှင်းတောင်တန်း”
“မဟာတူရကီ စစ်နတ်ဘုရား”
“ဝမ်ချောင်ကိုသတ် ဘုရင်ဟောင်းအတွက် ကလဲ့စား ချေရအောင်။”
အရှင်မင်းကြီးက ဂိုဂူလျောက စစ်သားတွေ အားလုံးကို ———-သတ်နိုင်ဖို့ အတက်နိုင်ဆုံး ကြိုးစားရမယ်လို့ အမိန့်ထုတ်ထားတယ်။”
အမျိုးမျိုးသော ဟူရှာနှင့် ပြောသော ထန်ဘာသာ စကားများက ကောင်းကင်ဘုံအထိ ဟိန်းထွက်သွားသည်။ ဝမ်ချောင်သည်လည်း လမ်းအလယ်မှ လူစုလူဝေး၏ ဇစ်မြစ်ဖြစ်လာသည်။
“မြန်မြန် မြို့အစောင့်တွေကို သွားပြောကြစမ်း။ ဟူတွေက ပုန်ကန်တော့မယ်”
“ရူးနေပြီ။ သူတို့ ရူးနေကြပြီ။ သူတို့က မျိုးနွယ်စုတွေရဲ့ ဘုရင်ကို တိုက်ခိုက်ရဲတယ်။”
ပတ်ဝန်းကျင်မှ လူအုပ်က စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် ထိုးနှက်ချက်ကြီးကို ရရှိလိုက်ပုံပေါ်ပြီး အလွန်အမင်း ထိခိုက်သွားကြ၏။ သို့သော် ဝေးကွာသော ရေက အနားရှိ ငတ်မွတ်စိတ်ကို မပြေပျောက်စေနိုင်ပေ။ မြို့စောင့်များက ရောက်လာရန် အနည်းဆုံး ငါးမိနစ်ခန့် လိုအပ်ပေမည်။ သို့သော် ဝမ်ချောင်ကမူ ထိုမျှ အထိ စောင့်စားနိုင်စွမ်းရည် မရှိချေ။
ဟူကျွမ်းကျင် ပညာရှင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြရင်း လက်ရှိ အခြေအနေက ကိုယ့်ကိုကိုယ် မကာကွယ်နိုင်လောက်တော့သော ဝမ်ချောင်ကို တိုက်ခိုက်ကြသည်။ သူသည် ကြယ်တာရာ စွမ်းအင် အမြောက်အမြား သုံးကုန်သွားလေပြီ။ သူ၏ ထန်တျန်နှင့် သွေးကြောများက နာကျင်ကိုက်ခဲပြီး ကျုံ့မည့် လက္ခဏာများကို ပြလာလေသည်။
ဝမ်ချောင်၏ မျက်လုံးက ရုတ်တရက် အေးစက်သွားသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူဟာ အလွန်အမင်း တည်ငြိမ်သွားပြန်သည်။
သူ၏ လက်မောင်းကို ဘေးဖက်သို့ ချလိုက်ပြီး စွမ်းအင်များအားလုံးကို ပျက်ပြယ်စေလိုက်သည်။ သူဟာ ခုခံရင်း အတွေးတိုင်းကို လက်လျော့ထားပုံပေါ်သည်။
ထိုအခြေအနေက ဟူကျွမ်းကျင် ပညာရှင်များကို စိတ်ရှုပ်သွားစေသည်။ ဒါဟာ သူတို့ ဝမ်ချောင်ထံမှ မျှော်လင့်ထားသော တုံ့ပြန်မှုမျိုး မဟုတ်ပေ။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်ဟာ မဟာထန် နယ်စပ်ရှိ တိုင်းပြည်တိုင်းအတွက် အဓိက ပြဿနာကြီး ဖြစ်နေသေးသည်။ သူမသေဘဲ တစ်ရက် အသက်ရှင်နေသေးသမျှ ထိုတိုင်းပြည်တိုင်းအတွက် အိပ်ရေးပျက်သော တစ်ည တိုးနေပေလိမ့်မည်။
ထိုလူများအားလုံးက အသေခံ တာဝန်ယူလာခဲ့ခြင်း ဖြစ်သည်။ သူတို့ဟာ မည်သည့်တန်ကြေးကို ပေးရစေကာမူ မဟာထန်မှ ငယ်ရွယ်သော စစ်နတ်ဘုရားကို သတ်ရန် ဆုံးဖြတ်ချက် ချထားသည်။
“သူ့ကိုသတ်”
သိပ်သည်းသော အမျိုးမျိုးသော ကြယ်တာရာ စွမ်းအင်များ၏ အလင်းတန်းများက လေထဲတွင် လင်းထိန်သွားပြီး တိုက်ကွက်များက ပုံအောက ဝင်ရောက်လာသည်။ သို့သော် ဝမ်ချောင်ဟာ အမျိုးမျိုးသော တိုက်ကွက်များအောက်တွင် သေတော့မည့် အခိုက်အတန့်တွင်ပဲ….
“ဝုန်း”
လောကကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အသံတိုင်းက အဆုံးသတ်သွားပြီး ကြယ်တာရာ စွမ်းအင်တိုင်းက မုန်တိုင်းသဖွယ် ဟိန်းဟောက်သံများကပင် ခဲသွားသည်။ ဝမ်မိသားစု စံအိမ်အနားရှိ လူတိုင်းသည် ဝေဝါးလွန်းသော ခံစားချက် တစ်မျိုးကို ရလိုက်ကြသည်။
“ဗန်း”
ကြယ်တာရာ ဓားချီ တစင်းက ထိုဖြစ်ပွါးရာ နေရာသို့ ဝင်ရောက်လာပြီးနောက်တွင် ပေသောင်းကျော် ပြန့်သွား၍ ကောင်းကင်တခုလုံးကို လှီးဖြတ်ကာ မိုးကုပ်စက်ဝိုင်း တည့်တည့် တိုးဝင်သည်။ ထိုသို့ဖြင့် ဝမ်မိသားစု စံအိမ်အထက်ကောင်းကင်တွင် ဖြောင့်တန်းသော ဓားတန်းချောင်းကြီးကို ပေါ်ထွက်လာစေလေသည်။
ထိုဓားချီက မြင့်မြတ်ပြီး ခန်းနားထည်ဝါက ကြမ်းရှပြီး အင်အား ကြီးမားလေသည်။ပေါ်လာသည်နှင့် သူက ရောင်စုံတိုင်းကို ခိုးယူပြီး အခြားသော တိုက်ကွက်တိုင်း၏ တောက်ပမှုကို မှေးမှိန်သွားစေသည်မှာ ရုတ်တရက် ကြယ်များအားလုံးကို အရောင်ပျောက်သွားသလို နေတစင်းနှင့် တူသည်။
ထို့နောက် လူတိုင်း အလန့်တကြား ဖြစ်နေသော အနေအထားမျိုးတွင် လျို့ဝှက်ဆန်းကြယ်ပြီး ချောက်ခြားဖွယ်ကောင်းသော ထိုဓားချီက မရေမတွက်နိုင်အောင် သေးငယ်သည့် ဓားချီမျှင်ပိုင်းများစွာကို ရုတ်ချည်းလိုလို လွှင့်ထုတ်ပေးလိုက်သည်။ စက္ကန့်အနည်းငယ်သေးနှင့်တင် မရေမတွက်နိုင်သော ဓားချီမျှင်ပေါင်းများစွာက အပြင်ဖက်သို့ ပေါက်ကွဲထွက်ပြီး တမျှင်ချင်းဆီတိုင်းက ဟူကျွမ်းကျင်ပညာရှင်တိုင်းဆီကို ဦးတည်သည်။
စွတ်စွတ်စွတ်
သွေးပေါက်ကွဲသံများနှင့်အတူ ဓားချီများ၏ ထိုးဖောက်ခံရသော ထိုဟူတိုင်းက အဝတ်ရုပ်များအလား အသက်သေဆုံးနိုင်သည့် နေရာများကို ထိုးနှက် ခံရလေသည်။ သူတို့၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပလုံကနဲ မြည်သံနှင့် ပြုတ်ကျသွားသည်နှင့် အားလုံးက သေနေနှင့်လေပြီ။
…..
ဟူကျွမ်းကျင် ပညာရှင်အယောက်သုံးဆယ်ကျော်၏ ထိုအလောင်းများက စံအိမ်၏ ဂိတ်တွင် ပုံလာသည်။ထိုတိုက်ပွဲသည် လူတိုင်း မျှော်လင့်ထားသော အနေအထားမျိုးနှင့် ———- စွာပင် အဆုံးသတ်သွားသည်။
တိုက်ပွဲက ပြီးဆုံးသွားပြီးနောက် အထူးတိတ်ဆိတ်သွားကာ လူတိုင်းကလည်း အသက်မဲ့နေသော အလောင်းများကိုသာ တိတ်တဆိတ် ကြည့်ကြသည်။
မည်သူကမျှ အဖြတ်အပျက်ကို နားမလည်ကြပေ။ ဟူကျွမ်းကျင်ပညာရှင်များကို သတ်ဖြတ်ပြီးနောက် တောက်ပသော ဓားချီက ချက်ချင်း ပျောက်သွားသည်။
ကျောဖက်သို့ လက်ပို့ရင်း အပြုံးနှင့် ရှိနေသော ဝမ်ချောင်ကသာ အရာရာအားလုံးကို နားလည်သည့် ချွင်းချက် ဖြစ်သည်။
အခန်း(၁၄၅၈)
“စီနီယာစု”
ဝမ်ချောင်၏စိတ်ထဲတွင် ထိုနာမည်က ဖြတ်ပြေးသွားသည်။
တစ်လောကလုံးတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သော သူဆိုလျှင် ဓားနတ်ဘုရားဟုလည်း ခေါ်ကြပြီး မဟာထန်၏ စစ်နတ်ဘုရားလည်းဖြစ်သော စုကျန်းချန်သာရှိသည်။
စုကျန်းချန်သည် ဝမ်ချောင်အား သူ၏တပည့်ဟု ဘယ်သောအခါမှ မခံယူခဲ့သော်လည်း ဝမ်ချောင်ကမူ သူ့အား ဒုတိယဆရာအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။
ဒီနေ့က ဝမ်ချောင်၏ မင်္ဂလာပွဲဖြစ်သည်။ သူသည် ရွှီကလန်မှ သခင်မလေး ရွှီချီချင်နှင့် လက်ထပ်သည်။ ယခုလို ခမ်းနားသောပွဲတွင် ဝမ်ချောင်ဟာ သဘာဝအလျောက်ပင် စုကျန်းချန်ကို ဖိတ်ခေါ်ခဲ့လေသည်။
သို့သော် သူ၏အဆင့်အတန်းက လူပေါင်းများစွာ၏ အရှေ့တွင် ပေါ်လာရန် ထူးခြားလွန်းသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့အား စံအိမ်ထဲတွင်သာ ဆက်နေခွင့်ပြုထားသည်။
ယခုလေးတင် ဖြစ်သွားခဲ့သော တိုက်ကွက်က စုကျန်းချန်သည်လည်း ဝမ်ချောင်ဟာ အန္တရာယ်ရှိနေကြောင်း သိ၍ ကပ်ဘေးကို ဖြေရှင်းရန် လှုပ်ရှားခဲ့ခြင်းဖြစ်လောက်သည်။
“ဘယ်သူက ငါ့ရဲ့တပည့်ကို ထိခိုက်အောင် လုပ်ရဲလဲ”
ထိုအခိုက်အတန့်တွင် နောက်ထပ် ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။ စံအိမ်၏ဂိတ်မှ စံအိမ်အတွင်းထဲသို့ မိုးပြာရောင် မူလစွမ်းအင်တန်း တစ်တန်းက ဝင်ရောက်သွားခဲ့လေသည်။
ဝုန်း
ကြီးမားသော မိုးပြာရောင် လက်ကြီးတစ်ဖက်က အောက်ဘက်သို့ ရိုက်ချလာပြီးနောက်တွင် ထွက်ပြေးရန် ကြိုးစားနေသေးသော ကျန်ရစ်သည့် အနက်ရောင်ဝတ်စုံနှင့် လူများကို ချေမွလိုက်သည်။
ထိုလက်ဖဝါးထဲမှ ဒေါသက ပြင်းထန်သော ခွန်အားကြောင့် မြေပြင်ကိုပင် ညဉ်းညူစေပြီး စွမ်းအင်အောက်တွင် တုန်ခါလာစေသည်။
“ပြေးတော့”
မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ပြီးနောက် ရှင်သန်ကျန်ရစ်နေသေးသော အနက်ရောင်ဝတ်စုံနှင့် လူများ၏ မျက်နှာက ဖျော့တော့သွားကြကာ ချက်ချင်းလိုလို ဝေးရာသို့ ထွက်ပြေးကြသည်။
“ချောင်အာ အဆင်ပြေရဲ့လား”
ရင်းနှီးကျွမ်းဝင်သော စိုးရိမ်သံနှင့်အတူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လူအုပ်ထဲမှ လျှပ်စစ်လက်သလို ဖြတ်ကနဲ ခုန်ထွက်ကာ ဝမ်ချောင်၏အရှေ့တွင် ပေါ်လာသည်။
“ဆရာ ငါအဆင်ပြေပါတယ်”
ဆရာဖြစ်သူ ရောက်ရှိလာခြင်းက ဝမ်ချောင်အား စိတ်အေးပေါ့ပါးစွာ သက်ပြင်းချစေသည်။ ဆရာဖြစ်သူ ရှိနေသမျှ ကိစ္စအားလုံး ဖြေရှင်းပြီးလေပြီ။
ရုတ်တရက် အဝေးမှ ပဲ့တင်ထပ်သွားသော အော်သံက ထွက်လာသည်။
“သတို့သမီးရောက်လာပြီ”
“ဘာလို့နောက်ထပ် သတို့သမီးလဲ။ ဘာတွေဖြစ်နေတာလဲ”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ ဝမ်ချောင်ကသာ ပြုံးနိုင်သည်။
တခဏခန့်ကြာပြီးနောက် နောက်ထပ် သတို့သမီးယာဉ်တန်းက ထွက်လာသည်။ တူညီသော ရွှေအနားကွပ်ဝေါယာဉ်နှင့် တူညီသော ရှီကလန်တံဆိပ်၊ တူညီသော အဖွဲ့ဝင်များက ပေါ်လာသည်။ ယခင်တစ်သုတ်မှ လူများနှင့် တထေရာတည်းနီးပါးတူသည်။
သို့သော် ဝမ်ချောင်က ဦးဆောင်လာသောသူဟာ အညိုရောင်တောင်ပေါ်မြင်းကို စီးထားသည့် ဝူရှန်းရွာသူကြီးဖြစ်ကြောင်း မြင်လိုက်ချိန်တွင် ပြုံးလိုက်သည်။
ယခုတစ်ကြိမ်ကမှ အစစ်အမှန် သတို့သမီးယာဉ်တန်းဖြစ်သည်။
ထိုကိစ္စက ထင်ထားသလောက် မရှုပ်ထွေးပါချေ။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ ရောက်ရှိလာမှုက လျို့ဝှက်ဆန်းကြယ်မှုကို ဖြည်ပေးလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူများက အမှန်ပင် အကြံအစည်ကြီးကြသည်။ သူတို့သည်လည်း သတို့သမီးယာဉ်တန်းအဖြစ် ဟန်ဆောင်ပြီး လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သလို အခြားသော အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး သတို့သမီးယာဉ်တန်းအား နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲခဲ့သည်။ ထိုအခွင့်အရေးကို အရယူပြီးနောက် ဝမ်ချောင်ကို လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
ကံကောင်းသည်မှာ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ဝမ်ချောင်၏ မင်္ဂလာပွဲကို အလွန်အရေးထားသည်။ ထို့ကြောင့် သူတို့သည် အချိန်ကိုက်ရောက်လာပြီး ကပ်ဘေးကို ဖြေရှင်းပေးလိုက်သည်။
မတော်တဆမှုက အလွန်အန္တရာယ်များပုံပေါ်သော်လည်း ဒဏ်ရာရသူများက ဝမ်ချောင်၊ ရွှီခဲ့ယွီနှင့် အခြားသူများသာလျှင်ဖြစ်သည်။
ဝမ်မိသားစု စံအိမ်အရှေ့မှ တိုက်ပွဲက လျှင်မြန်လွန်းစွာ ရှင်းလင်းသွားပြီးနောက်တွင် မင်္ဂလာပွဲက ဆက်လက်ဖြစ်ပွားသည်။ ထိုသို့ဖြင့် ပွဲတော်ဆန်သည့် လေထုအခြေအနေက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံပြန်သည်။
ဝမ်ချောင်သည် အခမ်းအနားပွဲ အလေးတုံးကိုကိုင်ကာ လိုက်ကာကို မတင်လိုက်သည်။ ထို့နောက် ထိုအလေးတုံးကိုယူပြီး ရွှီချီချင်၏ နုနယ်သော လက်ဖဝါးလေးထဲသို့ ထည့်ပေးကာ သူမကို ဦးဆောင်ခေါ်၍ ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သော အားပေးသံများနှင့်အတူ စံအိမ်ထဲသို့ ဦးဆောင်ခေါ်လာခဲ့လိုက်သည်။
ချီးကျူးဂုဏ်ပြုသံများနှင့် ဂီတသံစဉ်များက ပွဲတော်တစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ ဝမ်းသာပျော်ရွှင်နေသော လေထုအခြေအနေက မနက်ခင်းမှ ညအချိန်ရောက်သည်အထိ ရှေ့ဆက်သွားသည်။ မြို့တော်ကြီးတစ်ခုလုံးကလည်း ပြီးပြည့်စုံသော စုံတွဲ၏ အောင်ပွဲအတွက် အောင်ပွဲခံနေကြသည်။
ဒါဟာ နှစ်တစ်ရာမှ တစ်ကြိမ်သာ တွေ့ရခဲသော မင်္ဂလာပွဲမျိုးဖြစ်သည်။
ညနက်လာသောအခါ အရာအားလုံးက တိတ်ဆိတ်နေချိန်တွင် ဝမ်ချောင်၏ အခန်းကသာ တောက်ပလင်းထိန်နေသည်။ လေထဲတွင် ချိုမြိန်ပြီး နှစ်သိမ့်အေးဆေးသော ခံစားချက်ကလည်း ပျံ့နှံ့နေသေးသည်။
မင်္ဂလာဖယောင်းတိုင်က မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသည့် အကြားတွင် အနီရောင်ဝတ်စုံ ဝတ်ထားသော ဝမ်ချောင်က အလေးတုံးကို တဖြည်းဖြည်းချင်းစီ ဆန့်ထုတ်ယူ၍ ဇနီးဖြစ်သူ၏ အနီရောင်ပုဝါပေါ်သို့ တဖြည်းဖြည်းချင်းစီ မတင်လိုက်သည်။ နူးညံ့သော အနီရောင်ပုဝါက ပြုတ်ကျသွားပြီးနောက်တွင် နှင်းဖြူရောင် လက်တစ်စုံပေါ်တွင် ဝဲလျှက်ကျန်ရစ်သည်။
သူ၏နှာခေါင်းပေါက်ထဲသို့ မွှေးပျံ့သော ရနံ့ကလည်း ဝင်ရောက်လာသည်။
အလင်းအောက်တွင် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ချစ်ရသူ၏မျက်နှာကို မြင်လိုက်ရသည်။ ဝမ်ချောင်သည် ပထမဦးဆုံး အကြိမ်အဖြစ် သတို့သမီးအနေဖြင့် သူ၏ရှေ့တွင် ပေါ်လာသော ရွှီချီချင်ကို မြင်ဖူးခြင်းလည်းဖြစ်သည်။
ရွှီချီချင်၏ခေါင်းက ရှက်ရွံ့မှုဖြင့် အနည်းငယ်ငုံ့နေသည်။ သူမ၏အလှက မှင်သက်ဖွယ်ကောင်းသည်။ ဝမ်ချောင်က သူမကိုကြည့်သောအခါ သူမ၏မျက်နှာက ပို၍နီသွားပြီး မျက်လုံးကလည်း ဘယ်ရွှေ့ညာရွှေ့ ဖြစ်နေကာ ဝမ်ချောင်၏ကိုယ်ကို အလိုအလျောက် ရှောင်ပြီး မျက်နှာချင်းဆိုင် မကြည့်ရဲအောင်ဖြစ်နေသည်။
လူများ၏အမြင်တွင် ရွှီချီချင်ဟာ အဝေးကိုမြင်နိုင်စွမ်းအား ပြင်းထန်လွန်းသော ဗျူဟာပညာရှင်ဖြစ်သည်။ သူမသည် အရာအားလုံးကို အကြံအစည်ချနိုင်သော စီမံရေးဘုရင်မလည်းဖြစ်သည်။ ထိုနှစ်ယောက်က အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့သည့်တိုင်အောင် ယခုလို နေ့ရက်မျိုးက ရွှီချီချင်ကို သတိလက်လွတ် ဖြစ်စေခဲ့သေးသည်။ သို့တိုင်အောင် သူမ၏လှုပ်ရှားမှုတိုင်းက ဖယောင်းတိုင်စွမ်းအား ပြင်းထန်နေပြီး သူမကို တင်းကြပ်စွာ ပွေ့ဖက်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ထိုညတွင် ဝမ်ချောင်ကလွဲပြီး မည်သူကမှ ရွှီချီချင်၏ ထိုသို့နူးညံ့ပြီး ဆွဲဆောင်မှုပြင်းသော ဘက်ခြမ်းကို မမြင်နိုင်ပါချေ။
ဝမ်ချောင်သည်လည်း နှစ်သိမ့်ချော့မြူသည့် စကားလုံးများမသုံးချေ။ သူက ရွှီချီချင်ကိုကြည့်နေရင်း တခဏခန့်ကြာပြီးနောက် သူ၏မျက်လုံးထဲမှ အကြည့်က ပြင်းထန်လာသည်။
“ချီချင် ဒီနေ့ကစပြီး မင်းက ဝမ်ကလန်က မိသားစုပဲ။ ငါဝမ်ချောင် ဒီမှာရှိနေသမျှ မင်းဘာပဲလုပ်လုပ် ငါကမင်းရဲ့ အခိုင်မာဆုံးဒိုင်းဖြစ်ပေးမယ်”
ဝမ်ချောင်ဟာရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးနောက် သွယ်လျကာ တုန်ယင်နေသည့် လက်တစ်စုံကို ညင်သာစွာ လှမ်းဆွဲယူလိုက်သည်။ ဝမ်ချောင် ယခုလုပ်နိုင်သမျှက သူမ၏လုံခြုံရေးကို ကာကွယ်ပေးပါမည်ဟု အာမခံပေးခြင်းဖြစ်သည်။
ရွှီချီချင်က တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်ပြီး မော့ကြည့်သည်။ သူမ၏မျက်လုံးက အရည်လဲ့လာ၏။
“ငါနင့်ကိုယုံတယ်”
ထိုစကားလုံးများက အဆတစ်ထောင် အလေးချိန်စီးသည်။ မျက်လုံးထဲမှ အကြည့်များကလည်း မျိုးဆက်သောင်းကျော် ဖြတ်သွားနိုင်သည်။
ထိုဖယောင်းတိုင်အောာက်တွင် သူတို့နှစ်ယောက်က တဖြည်းဖြည်းချင်းစီ ထွေးပွေ့လိုက်ပြီး မည်သည့် စကားလုံးမှမဆိုဘဲ တိတ်ဆိတ်စွာဖြင့်သာ သာလွန်မှုကို လက်ခံကြသည်။
သို့သော် ဝမ်ချောင်သည် သူတို့ပွေ့ဖက်လိုက်သည်နှင့် ‘ရွှီချီချင်၏ မျက်လုံးထဲမှ နူးညံ့မှုက ပျောက်ကွယ်သွားကာ ရေခဲတမျှ အေးစက်လာကြောင်း မမြင်လိုက်ချေ။ သို့ရာတွင် အေးခဲနေသော သတ်ဖြတ်လိုစိတ်ဆန္ဒက သိပ်မကြာခင် ပျောက်ကွယ်သွားပြီး သဲလွန်စပင် မကျန်ရစ်ခဲ့ချေ’
ထိုအခိုက်အတန့်တွင် ရွှီချီချင်၏မျက်နှာက ဝေဝါးလာပြီး ပန်းချီကားချပ်ပေါ်သို့ ရေတစ်ပုံး လောင်းကျလာသလို ဖြစ်လာသည်။
စွစ်
ထိုစုံတွဲက အနူးညံ့ဆုံး ကြင်နာမှုကို ပြသတော့မည့် အခိုက်အတန့်တွင်ပင် ရွှီချီချင်၏ လက်မောင်းတစ်ဖက်က ရုတ်တရက် ဓားအဖြစ်ပြောင်းလဲပြီး ဝမ်ချောင်၏ကျောကိုခုတ်သည်။ သိသာစွာပင် ဝမ်ချောင်ဟာ ယခုလိုအခြေအနေမျိုးကို သတိထားမိသင့်သည်။ သို့သော် ရုတ်တရက် ဝမ်ချောင်သည် ထိုနေရာတွင် ရှိနေသည့်တိုင်အောင် သူသည် ဘာကိုမှ မခံစားမိပေ။ ရွှီချီချင်၏ အရှိန်အဝါနှင့် ပြောင်းလဲမှုက အနည်းငယ်ပင် ယိုဖိတ်ကျခြင်း မရှိလောက်အောင် အားလုံးကို ဖုံးကွယ်ထားနိုင်သည်။ သူမ၏ အပြုအမူများနှင့် အရှိန်အဝါကလည်း ပတ်ဝန်းကျင်တွင် သဟဇာတ ဖြစ်နေလေပြီး သူမကိုယ်တိုင်က သဘာဝ၏ အစိတ်အပိုင်း ဖြစ်နေပုံရသည်။
ထိုဓားအဖြစ်ပြောင်းသွားသောလက်က ဝမ်ချောင်၏ ကျောတွင် နီးသထက် နီးလာသည်။ သူသည် သိပ်မကြာခင် ရွှီချီချင်ဆိုသူ၏ ဓားအောက်တွင် သေရတော့မည့်ပုံပေါ်သည်။ ရုတ်တရက် ဇွက်ကနဲ မြည်သံနှင့်အတူ ရွှီချီချင်၏ ကျောဘက်မှ သွေးများစွန်းထင်းနေသော သွယ်လျသည့် လက်တစ်စုံက ပေါက်ထွက်လာသည်။
“အား”
ရွှီချီချင်၏ကိုယ်က တောင့်တင်းသွားပြီး မျက်လုံးကလည်း ပြူးကျယ်သွားသည်။ ဝမ်ချောင်၏ကျောကို ချိန်ထားသောဓားက ရုတ်တရက် ရပ်သွားသည်။
“အစ်ကို အစ်ကိုချောင်”
ရွှီချီချင်က အနောက်ဘက်သို့ ယိုင်ကျသွားပြီး ဝမ်ချောင်ကို မယုံကြည်နိုင်စွာ တွန်းလိုက်သည်။
“ဘာလို့ ဘာလို့”
မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသော ဖယောင်းတိုင်မီးရောင်အောက်တွင် ရွှီချီချင်က သူမ၏ရင်ဘက်ကို အုပ်ထားသည်။ သူမ၏မျက်နှာက ဖျော့တော့နေပြီး စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ သူမသည်လည်း ဝမ်ချောင်ဟာ သူမကို သတ်မည်ဟု မထင်ထားခဲ့ပုံရသည်။
အခန်းက ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ပွဲတော်ဆန်သော အနီရောင်အလင်းက ရန်လိုကာ အေးစက်ပြီး စိတ်ပျက်အားငယ်မှုနှင့် သဟဇာတမဖြစ်ချေ။
ရွှီချီချင်၏ ကြောက်ရွံ့မှု၊ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုများနှင့် နှိုင်းယှဉ်သော် ဝမ်ချောင်ဟာ အများကြီး တည်ငြိမ်အေးဆေးနေသည်။ သူသည် ရွှီချီချင်အား သူစိမ်းတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် မည်သည့် ကြင်နာမှုမျှ ရှိမနေခဲ့ချေ။
“မင်းဘယ်လိုလုပ်ထားမှန်း ငါမသိပေမဲ့လည်း မင်းဟာ ချီချင်မဟုတ်ဘူး”
ဝမ်ချောင်က တဖြည်းဖြည်းချင်းစီ မတ်တပ်ထရပ်သည်။ သူ၏အကြည့်က အေးစက်နေသည်။ ဝမ်ချောင်၏စကားကို ကြားပြီးနောက် ရွှီချီချင်က ခေါင်းခါသည်။ သူမ၏ရင်ဘက် နှလုံးသားကိုအုပ်ထားပြီး အနောက်ဘက်သို့ ယိုင်ကျသွားကာ ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရသလို တုန့်ပြန်သည်။
“အစ်ကိုချောင် ဘယ်လိုပြောလိုက်တာလဲ။ ငါကချီချင်လေ ငါ့ကိုအတုလို့ ထင်တယ်ဟုတ်လား။ ဒါဆိုရင် ငါက လုပ်ကြံသတ်ဖြတ်သူလား”
သူမ၏နှုတ်ခမ်းပါးက တဆတ်ဆတ် တုန်ခါပြီး မျက်လုံးကလည်း စိတ်ပျက်အားနည်းမှုများ ပြည့်နှက်လာသည်။
ဝမ်ချောင်က ကျောဘက်သို့ လက်ကိုပစ်ရင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“ဟန်ဆောင်မနေနဲ့တော့ မင်းက အနက်ရောင် လုပ်ကြံသတ်ဖြတ်သူတွေထဲက တစ်ယောက် မဟုတ်ပေမဲ့လည်း မင်းက ချီချင်မဟုတ်ဘူး။ ငါခုနက မတုန့်ပြန်ခဲ့ဘူးဆိုတာက ငါတကယ်ကို ယုံကြည်သက်ဝင်နေတာကြောင့် မဟုတ်ဘဲ ငါချီချင်နဲ့ အရင် မတိုက်ခိုက်ချင်လို့ပဲ”
“ပိုဆိုးတာက”
ဝမ်ချောင်က မင်္ဂလာလက်ဆောင်များ ထည့်ထားသော သေတ္တာများ၊ ပိုးထည်လိပ်များ၊ လိုက်ကာများ၊ ကုလားထိုင်များ၊ စားပွဲများနှင့် အခန်း၏ ထောင့်တစ်နေရာတိုင်းတွင် အလင်းရောင် ထုတ်လွင့်နေသော အနီရောင် ဖယောင်းတိုင်များကို တစ်ချက်ကြည့်သည်။
“ဘယ်လောက် လေးစားဖို့ကောင်းလိုက်လဲ။ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီအရာတွေအားလုံး၊ အွန်း ဒီတစ်လောကလုံးပေါ့ ဒါတွေက မင်းဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲဖြစ်မယ်”
“နင်ကဘာကြောင့် ဒီလိုပြောတာလဲ”
ရွှီချီချင်က ဝမ်ချောင်၏စကားလုံးများကြောင့် အံ့အားသင့်မှုအပြည့်နှင့် တုန်ယင်နေပုံပေါ်သည်။ သိပ်မကြာခင် သူမ၏မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြီး ခေါင်းကိုခါကာ ဝမ်းနည်းမှုအပြည့်နှင့် ပြောသည်။
“နင်ရူးသွားပြီ နင်တကယ် ရူးသွားပြီပဲ။ ငါနင်သတိလစ်နေတဲ့ ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး တောက်လျှောက် ဂရုစိုက်ပြုစုပေးနေခဲ့တာ။ ငါသခင်မနဲ့ သမားတော်ကို နင်အဆင်ပြေတယ်လို့ ထင်လို့ ငါအဆင်ပြေတယ်လို့ ပြောထားတာ။ ဒါပေမဲ့ နင်သိထားရမှာက နင်ငါ့ကို အတုလို့ထင်လို့ရတယ်။ ဒါပေမဲ့ တစ်လောကလုံးကို အတုအယောင်လို့ ထင်နေတာကတော့ အရမ်းကြီးကို ကြောက်စရာကောင်းနေပြီ”
“ဟန်ဆောင်မနေနဲ့တော့ မင်းရဲ့ စိတ်စွမ်းအင်ပုံရိပ်ယောင်က ငါအရင်က အတွေ့အကြုံ မရှိဘူးတဲ့ အနေအထားမျိုး ဆိုတာကို သေချာပေါက် ဝန်ခံရမယ်။ ပန်းတွေ၊ မြက်တွေ၊ သစ်ပင်တွေတောင်မှ အရိပ်ရှိနေတယ်။ နောက်ပြီး ဒီသစ်သားပရိဘောဂတွေကိုလည်း ကောင်းကောင်း ထွင်းထုထားတာပဲ။ နောက်ပြီး အထိအတွေ့နဲ့ နွေးထွေးမှုကိုလည်း ခံစားနိုင်သေးတယ်။ ဒါကြောင့် ပုံရိပ်ယောင် လောကနဲ့ကို မတူဘူး။ ငါကသာ ကိစ္စတွေကို ကောင်းကောင်း နားလည်ထားတာကြောင့် မဟုတ်ရင် အရူးလုပ်ခံရမှာ။ အား ဒီလောကမှာ ကြီးမားတဲ့ ပြစ်ချက်တစ်ခုရှိတယ်။ အဲ့ဒီပြစ်ချက်ကြောင့် မင်းရဲ့ ငွေရောင်လျှာလို စကားလုံးတွေကတောင်မှ ငါ့ကို မလှည့်စားနိုင်တော့ဘူး”
အခန်း(၁၄၅၉)
အေးစက်နေသော မျက်နှာထားနှင့် ဝမ်ချောင်က ရုတ်တရက် အရှေ့ဘက်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ရွှီချီချင်ထံသို့ ကြယ်တာရာစွမ်းအင် တစ်လှိုင်းကို ပို့လွှတ်လိုက်သည်။ ဝမ်ချောင်က အသိစိတ်အပြည့်ရှိလျှက် မတုန်လှုပ်သွားကြောင်း မြင်သောအခါ ရွှီချီချင်က နောက်ဆုံးတွင် အော်ဟစ်သည်။
စွစ်
ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်က မဆက်စပ်သွားသေးခင် သူမ၏ခန္ဓာကိုယ်က အနောက်ဘက်သို့ လျှောဆုတ်လိုက်သည်။
“ဝမ်ချောင် ဟွန်း ငါ့ရဲ့စကားလုံးတွေက အသုံးမဝင်လောက်တဲ့အထိ နင်က ဒီလောက်ထိ ခေါင်းမာမယ်လို့ ငါမထင်ထားဘူး”
ရွှီချီချင်က တံခါးကိုကျောကပ်လိုက်သည်။ သူမ၏ နွေးထွေးကာ မြင့်မြတ်သည့် အမျိုးသမီးတစ်ယောက်၏ ပုံစံက အလုံးစုံ ပျောက်ကွယ်သွားသည်။ သူမ၏အသံက ဩရှပြီး မုန်းတီးစိတ်များ တောက်လောင်လာသလို သူမ၏ ခန္ဓာကိုယ်ကလည်း ခြောက်ခြားဖွယ်ကောင်းပြီး အေးခဲမတက် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ဆန္ဒများကို လွှတ်ထုတ်သည်။
အစစ်အမှန် ရွှီချီချင်သည် ယခုလို ပြုမူပုံမျိုး မပြုတတ်သလို ထိုမျှအထိလည်း ကြောက်စရာမကောင်းချေ။ ထိုရွှီချီချင်၏ နောက်ခံက ပြိုကျသွားသည်။
“ဒါပေမဲ့ ငါနားမလည်တာ တစ်ခုရှိပါသေးတယ်။ ဒီလောကက ဒီလောက်ထိ စစ်မှန်တာ အစစ်အမှန်လောကမှာ ရှိသမျှ အားလုံးရှိတယ်။ ပြစ်ချက်ကို မရှိသင့်တာ။ ဒါကိုဘယ်လိုဖြစ်ပြီး မင်းက ဒီလောကကို အတုလို့ ပြောရတာလဲ”
ရွှီချီချင်က အနည်းနဲ့အများ နားမလည်နိုင်သလို ပုံစံမျိုးနဲ့ ဝမ်ချောင်ကိုကြည့်သည်။ သူမ၏ပုံစံက ပြောင်းလဲသထက် ပြောင်းလဲလာပြီး မျက်လုံးအရောင်က အစိမ်းရင့်ရောင် ဖြစ်သွားသည်။
“ဟွန်း ဟုတ်လား”
ဝမ်ချောင်က လှောင်သည်။
“အနောက်ပိုင်းနယ်မြေနဲ့ မြို့တော်ရဲ့ ကြားအကွာအဝေးက ဖော်ပြရန်ခက်ခဲလောက်အောင် ဝေးတာ။ ခရီးက တစ်လကျော်သွားရတယ်။ ကောင်းရှန်းကျစ် ရာထူးအချခံရပြီး မြို့တော်ကိုရောက်လာစဉ်က ခုနှစ်ရက်တဲ့လား။ သူက အတောင်ပေါက်ပြီး ပျံရင်တောင်မှ ဒီလောက်အကွာအဝေးကို ဒီရက်အတောအတွင်းမှာ မသွားနိုင်ဘူးဆိုတာ မသိတာလား”
ဝုန်း
ထိုစကားလုံးများက နှလုံးသားထဲသို့ မျှားတစ်စင်း ပစ်သွင်းလိုက်သည်နှင့်တူသည်။ ရွှီချီချင်ပင်ဖြစ်စေ ဒီပုံရိပ်ယောင် လောကကို ဖန်တီးသူကပင်ဖြစ်စေ ချက်ချင်းလိုလို စွံ့အသွားသည်။ သူမသည်လည်း လေကျုံ့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်သွားသည်။
အရာအားလုံးတွင် ပြစ်ချက်ရှိချိန်တွင် အစစ်အမှန်လောကနှင့် ခွဲထုတ်၍ မရလောက်အောင် စစ်မှန်လွန်းသည်ဟု ခိုင်မြဲစွာ ယုံကြည်ထားသော သူတို့၏လောကကို ခိုင်မြဲစွာ ယုံကြည်ထားသူများလည်း ရှိတတ်သည်။ သို့သော် ဝမ်ချောင်၏ စကားလုံးများက ယုံကြည်မှုကို ကွဲကြေသွားစေသည်။ သူမသည်လည်း ဒီလောကတွင် အရေးကြီးလွန်းသော ပြစ်ချက်ကြီးတစ်ခုက ရှိနေမည်ဟု မထင်ထားမိပေ။
“အစစ်ကအစစ် အတုကအတုပဲ။ အစစ်အမှန်လောကက အပူချိန်၊ လူသားဆန်မှု၊ အထိအတွေ့၊ အနံ့နဲ့ အရသာလောက်ပဲ ရှိတာမဟုတ်ဘူး။ အာကာသ အကွာအဝေး၊ ခံစားချက်၊ တုန့်ပြန်မှုဆိုတာလည်း ရှိတယ်။ မင်းဖန်တီးထားတဲ့ လောကက ဘယ်လောက်စစ်မှန်စစ်မှန် ဘယ်လောက် ပြီးပြည့်စုံစုံ ဟာကွက်နဲ့ ကွာဟချက်ကတော့ ရှိမှာပဲ။ ဒီလိုပြစ်ချက်တစ်ခုက မစစ်မှန်ဘူးဆိုတာ ပြလိုက်တာပဲ။ အတုက အမြဲတမ်း အတုပဲဖြစ်မှာ”
ဝမ်ချောင်က ရယ်သည်။
ပထမဦးဆုံး စတင်ထွက်လာသောအခါ သူသည် စာကြည့်ခန်းထဲတွင် ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး အမှန်တကယ် သတိလစ်နေခဲ့သည်ဟု ယုံကြည်မိသွားသည်။ အနောက်မြောက်ပိုင်းမှ သူ၏အတွေ့အကြုံက အိမ်မက်ဟုသာ မှတ်ယူလိုက်မိသည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်ဟာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိနေသည်။
ကောင်းရှန်းကျစ်က ချန်းချန့်လီနှင့်အတူ သူ၏အရှေ့တွင် ပေါ်လာသောအခါ ဝမ်ချောင်ဟာ ချက်ချင်း အမှန်တရားကို နားလည်လိုက်သည်။
ယခုလောက်စစ်မှန်လွန်းသော ပုံရိပ်ယောင်က ရှားပါးပြီး ဖော်ပြရန်ခက်ရုံသာဖြစ်သည်။ စစ်မှန်လွန်းသဖြင့် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအင် ကျင့်ကြံသူများကို မဆိုထားဘိ ဝမ်ချောင်ကပင် တအံ့တဩနှင့် သက်ပြင်းချရလောက်သည်။ သူ၏နိမ့်ကျမှုကို ဝန်ခံရ၏။ တစ်ဘဝလုံး မတွေ့ကြုံနိုင်လောက်အောင် ရှားပါးသော အခွင့်အရေးမျိုးလည်းဖြစ်သည်။
ပို၍ဆိုးသည်မှာ ယခုအချိန်အထိ ဝမ်ချောင်သည်ပင် တစ်ဖက်ရန်သူဟာ မြောက်များလွန်းသော စိတ်စွမ်းအင်များကို မြေအောက်ဂူလမ်းကြောင်းများအတွင်း မည်သို့မည်ပုံ ပိတ်လှောင်ထားခဲ့ကြောင်း နားမလည်နိုင်သေးချေ။ ထိုသို့လုပ်ရန် အင်အားကြီးမားလွန်းသဖြင့် သူကဲ့သို့ အင်အားကြီးမားသည့် စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်ကိုပင် ပုံရိပ်ယောင် လောကထဲသို့ ဆွဲသွင်းနိုင်ခဲ့သေးသည်။
သူ၏မသိစိတ်အရ တုန့်ပြန်မှုက ဝမ်ချောင်အား အခွင့်အရေးကို လေ့လာသင့်ယူပြီး စောင့်ကြည့် အကဲခတ်စေသည်။
သို့သော် လုပ်ကြံသတ်ဖြတ်သူက သူ၏မိခင်အား ထိန်းချုပ်ပြီး သူ့အား ရွှီချီချင်နှင့် လက်ထပ်စေခဲ့သည်။ သူတို့ကိုယ်သူတို့ ရွှီချီချင်အဖြစ်ပင် ရုပ်ဖျက်ခဲ့သေးသောအခါ သူသည် ဆက်မကြည့်နိုင်တော့ပေ။
“ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ်က မင်းရဲ့အကျည်းချတာကို ခံထားရလိမ့်မယ်။ အဲ့ဒီမြေအောက်ဂူလမ်းကြောင်းတွေထဲမှာ ရှိလိမ့်မယ်”
ဝမ်ချောင်က တည်ငြိမ်စွာ မှတ်ချက်ချသည်။
“ဒီလိုတွေးဖို့က...”
ရွှီချီချင်က တိတ်တဆိတ် ရေရွတ်သည်။ သိသာစွာပင် ဝမ်ချောင်၏ မျက်လုံးများနှင့်အတူ တစ်ခန်းလုံးက စတင်ကာ တုန်ခါလာသည်။
“တင်”
စားပွဲပေါ်မှ ကြွေပန်းအိုးလေးက ရုတ်တရက် ပေါက်ထွက်သွားသည်။ သစ်သားနံရံများက စတင်ကာ ပြတ်ကျသည်။ ကွဲအက်ကြောင်းရာများကလည်း မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပြည့်လာသည်။
ဘန်း
ဝမ်ချောင်နှင့် ခြေလှမ်းသုံးလှမ်း၊ လေးလှမ်းခန့်အကွာတွင် ရှိနေသော အနက်ရောင် စန္ဒကူးသား စားပွဲက ရုတ်ချည်းပေါက်ကွဲသွားပြီး မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ထို့နောက် ပို၍များပြားသော ပေါက်ကွဲမှုများက ဖြစ်ပေါ်လာသည်။ အမျိုးမျိုးသော ပွဲတော်ပိုးထည်များ၊ လိုက်ကာများကလည်း နေရောင်အောက်တွင် နှင်းကဲ့သို့ အရည်ပျော်ကျသွားသလို ပျောက်ကွယ်လာသည်။ ကြီးမားသော အနီရောင် ဖယောင်းတိုင်များကလည်း ပျော်ကျကုန်သည်။
ထိုသို့ဖြင့် ပို၍များပြားသော ပြောင်းလဲမှုများက ဖြစ်ပေါ်လာသည်။ အခန်းတစ်ခုလုံးအနှံ့ ကြီးမားသော အစင်းကြောင်းရာကြီး တစ်ခုက ခုတ်ထင်လိုက်သလိုမျိုး ထင်ရှားစွာ ပေါ်ထွက်လာပြီးနောက်တွင် ဝမ်ချောင်နှင့် ရွှီချီချင်အကြားတွင် ကြီးမားသော ကွာဟချက်နေရာကြီးကို ဖန်တီးလိုက်သည်။ ထိုအနက်ရောင် အစင်းကြောင်းက အကန့်အသတ်မဲ့သည်ဟု ထင်ရသည်။ ကြီးမားသော မြောင်းကြီးတစ်ခုကဲ့သို့ ကျယ်သထက် ကျယ်လာသည်။ သစ်သားတုံးများ၊ ပရိဘောဂပစ္စည်းများက သေးငယ်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲကာ ပေါက်ကွဲကုန်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ အခန်းကို ဗဟိုပြု၍ မြို့တော်နှင့် တစ်လောကလုံးက စတင်ကာ လှုပ်ခါပြီး ပျက်စီးကုန်သည်။ ခက်ခက်ခဲခဲ တည်ဆောက်ထားသော လောကကြီးက ပြိုကျမည့် လက္ခဏာများကို ပြသလာသည်။
ပထမဦးဆုံး လှုပ်ခါလာသည်မှာ ကောင်းကင်မှ နေဖြစ်သည်။ ကြီးမားသော ပေါက်ကွဲသံနှင့်အတူ ထိုတောက်ပလွန်းသော နေက ရိုးရှင်းသော အဖြူရောင်အလင်း အရင်းအမြစ်မှ မှေးမှိန်သထက် မှေးမှိန်လာသည်။
လောက၏ အစွန်းထောင့်တိုင်း၊ နေရာတိုင်းမှာ ပေါက်ကွဲသံများက ထွက်ပေါ်လာပြီးနောက် လောကက ပြိုကျသည်။ ထို့နောက် သိပ်မကြာခင် မြို့တော်၏ မြို့ရိုးများကလည်း ပြိုကျကုန်သည်။
ဝမ်ချောင်ကပြောပြီး တခဏသာ ကြာသေးသည်။ တစ်လောကလုံးက ပြိုကျသွားလေသည်။
ဝမ်ချောင်၏အရှေ့တွင် သူ၏အခန်းက တွန့်လိမ်သွားပြီး အမျိုးမျိုးသော အရောင်များ ပြောင်းကုန်သည်။ ရွှီချီချင်ကလည်း ပျောက်ကွယ်သွားပြီးနောက်တွင် ရိုးရှင်းသော အရောင်သာရှိသည့် အမှုန်များဖြစ်သွားသည်။
“ငါ့ရဲ့အစစ်အမှန် အိမ်မက်ကို ပြင်ဆင်နိုင်မဲ့လူ ရှိမယ်လို့တောင် မထင်ထားမိဘူး”
ဝမ်ချောင်က ရွှီချီချင်၏ ဖော်ပြရန်ခက်သော အသံကို ကြားလိုက်ရသည်။ တခဏခန့်ကြာပြီးနောက် အဆုံးအစမဲ့သော အမှောင်ထုက သူ၏မျက်လုံးထဲသို့ ဝင်ရောက်လာချိန်တွင် တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည်လည်း မြေအောက်ဂူများထဲမှ ပါးလျသောလေထု၊ အေးစက်ပြီး နံဟောင်နေသော ရနံ့ကို ရလိုက်သည်။
“အား”
ဝမ်ချောင်သည်လည်း များပြားလှသော နာကျင်သောကြောင့် အော်ဟစ်သည့် အသံများကို ကြားရလေသည်။
ထိုအသံများက ယခင်က သူမကြားခဲ့ရသော အသံများဖြစ်သည်။ နောက်ဆုံးတွင်...
ဝမ်ချောင်၏မြင်ကွင်းက မည်းမှောင်သွားပြီးနောက်တွင် မြေအောက်ဂူထဲသို့ ပြန်ရောက်သွားသည်။ သူဟာ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ဝမ်ချောင်သည် သူယခင်က သူ့ကိုယ်သူ ပိတ်လှောင်ထားသော ကျဉ်းမြောင်းသော ဂူလမ်းကြောင်းထဲတွင် ရှိမနေတော့ကြောင်း မြင်လိုက်ရသည်။ မည်သည့်အချိန်ကမှန်းမသိ သူသည် မြို့စားစံအိမ် ခုနှစ်ထဲမှ ခြောက်ခုခန့်ရှိမည့် အရွယ်အစား ကြီးမားသော မြေအောက်ဂူကြီးအတွင်းသို့ ရောက်နေသည်။
ဝမ်ချောင်သည်လည်း မျက်နှာကျက်တွင် တွဲလောင်းဆွဲထားသော ကြီးမားသည့် ထုံးကျောက် အချွန်အတက်များကို မြင်ရသည်။ ထိုအချွန်အတက်များ၏ အောက်ဘက်တွင် အလောင်းများပုံနေသည်။
ထိုအလောင်းများကလည်း ယခင်တစ်သုတ် ဝင်ခဲ့သည့် သိုင်းပညာရှင်များ ဖြစ်လောက်သည်။ သူတို့၏ ကိုယ်ပေါ်တွင် အဝါရောင်အစက်များ ရှိနေပြီး အစိတ်အပိုင်း အများစုက ပုပ်ပွကာ မည်းတူးနေသည်။ အလောင်းများ၏အထက်တွင် အသက်ရှိနေသေးသော သိုင်းပညာရှင် အယောက်သုံးရာ၊ လေးရာခန့်ကို မြင်ရသည်။
အချို့သောသိုင်းပညာရှင်များက မြေပြင်တွင် လှဲနေပြီး အချို့ကမူ ရပ်လျှက်ဖြစ်သည်။ အချို့ကမူ ခပ်တိုးတိုး ရေရွတ်နေကြ၏။ အချို့ဆိုလျှင် လက်နက်များကို လွှဲယမ်းရင်း အော်ဟစ်နေကြသေးသည်။ သူတို့၏မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များဖြစ်သည့် ငိုခြင်း၊ ရယ်ခြင်း၊ ရူးခြင်း၊ တုံးအခြင်း စသဖြင့် ခံစားချက်များကို မြင်နိုင်သည်။ သူတို့အားလုံးတွင် တူညီသော လက္ခဏာကမူ သူတို့မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားကြခြင်းဖြစ်သည်။
စွစ်
ဝမ်ချောင်၏ ဝမ်းဗိုက်က နာကျင်သလို ခံစားရသည်။ ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်နှာက တင်းမာသွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုဓားဒဏ်ရာက သူ၏ဘယ်ဘက်ပုခုံးမှ ညာဘက်ဗိုက်အထိဖြစ်သည်။ ဝမ်ချောင်၏ အဝတ်များကလည်း ထိုဒဏ်ရာနှင့်အတူ စုတ်ပြဲနေသည်။
ထိုဒဏ်ရာဟာ ပုံရိပ်ယောင်လောကအတွင်း အနက်ရောင်ဝတ်စုံနှင့် လူများ၏ တိုက်ခိုက်မှုအောက်တွင် ခံစားခဲ့ရခြင်းဖြစ်သည်။
“ငါသာ ပုံရိပ်ယောင်လောကထဲမှာ ဒဏ်ရာရသွားရင် အပြင်မှာပါ ဒဏ်ရာရမှာလား။ ဘယ်လိုကြောင့်လဲ”
ဝမ်ချောင်က စိတ်စွမ်းအားနှင့် ပတ်သတ်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ပြီး မာစီ၏ အင်အားအကြီးမားဆုံး သိုင်းဖြစ်သည့် အသူရာလောကကိုပင် ဖျက်ဆီးရန် နေမင်းကို ထုတ်လွှတ်နိုင်ခဲ့သူဖြစ်သည်။ သို့သော် ဝမ်ချောင်သည် သူက ဂုဏ်ယူရသော စိတ်စွမ်းအားတွင်ပင် ရန်သူနှင့်လာတိုးသည်။ စိတ်စွမ်းအားလောကထဲတွင် ဒဏ်ရာရရုံသာ မကသေးလေဘဲ အစစ်အမှန် ခန္ဓာကိုယ်ကိုပင် လာရောက်ထိခိုက်သည်။ ယခုလို အဖြစ်အပျက်မျိုးက သူ့အား မယုံကြည်နိုင်အောင် ဖြစ်စေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် ရင်းနှီးကျွမ်းဝင်သော စွမ်းအားက ချဉ်းကပ်လာကြောင်း သတိထားမိလိုက်သည်။ ဆယ်မီတာခန့်အကွာမှ ရွှီချီချင်ကို သူက ရှာတွေ့လိုက်သည်။
မဟုတ်ဘူး။ ရွှီချီချင်လို့ ခေါ်လို့မရတော့ဘူး။
ထိုလူဟာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသေးပြီး ရွှီချီချင်၏ ဆံပင်အဆင်တန်ဆာများကို တပ်ထားသေးသည့်တိုင်အောင် ဝမ်ချောင်၏ လုပ်ကွက်ကို ယူပြီးသည်နှင့် ရှင်းလင်းစွာပင် ရွှီချီချင်၏ ပုံသဏ္ဍန်ကို မထိန်းနိုင်တော့ပေ။
ထို့ကြောင့် မျက်နှာက ရွှီချီချင်နှင့် သုံးဆယ်ရာခိုင်နှုန်းခန့်သာ တူတော့သည်။ အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းများက ကြီးထွားကာ ကြမ်းတမ်းလာသည်။
ထို့ကြောင့် ရွှီချီချင်ကို ကိုယ်စားပြုသော တစ်စုံတစ်ရာ မရှိတော့ပါချေ။ အရာအားလုံးက တိတ်ဆိတ်နေသည်။ ထူးဆန်းသော ခံစားချက်ကသာ တည်ငြိမ်၍ ကျန်ရစ်သည်။
“မင်းကတကယ်ပဲ ဘယ်သူလဲ။ မဟုတ်ဘူး ငါမေးသင့်တာက မင်းက တကယ်ပဲ ဘာလဲ”
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်လုံးထဲတွင် နားလည်လွန်းသော အကြည့်တစ်ရပ်က ပေါ်ထွက်လာသည်။
သူသည် မြေအောက်ဂူထဲသို့ ဝင်ရောက်လာပြီးကတည်းက သူ့အား ဝေဝါးသော ခံစားချက်ကို ပေးစွမ်းလွန်းသည့် တစ်စုံတစ်ရာကို တွေ့ကြုံလာရသည်။
ဒီလောကထဲတွင် မည်သည့်စိတ်စွမ်းအား ကျင့်ကြံသူကမှ ယခုလိုမျိုး မလုပ်နိုင်လောက်ချေ။ အစစ်အမှန် ခန္ဓာကိုယ်ပေါ် သက်ရောက်မှုရှိစေနိုင်သော ပုံရိပ်ယောင် လောကတစ်ခုကို ဖန်တီးခြင်းက သာမာန်မဟုတ်ပေ။ ထိုပုံရိပ်ယောင် လောကက ခိုင်မာလွန်းပြီး စစ်မှန်လွန်းသည်။ မည်သည့်စိတ်စွမ်းအား ကျင့်ကြံသူကမှ ထိုကဲ့သို့ မလုပ်နိုင်တတ်ချေ။
ပို၍ဆိုးသည်မှာ သူမြင်နိုင်သည့် အတိုင်းဆိုလျှင် ထိုအရာက သိုင်းပညာရှင် အယောက်သုံးရာမှ လေးရာခန့်ကိုပင် တစ်ပြိုင်တည်း ထိန်းချုပ်ထားပြီး သူတို့၏ဝိညာဉ်ကို ပုံရိပ်ယောင်လောကထဲတွင် ထည့်ထားသည်။
ယခု သူတွေးမိလိုက်မှသာ သူနေနေခဲ့သည့် ထိုကျဉ်းမြောင်းသော လမ်းကြောင်းမှ နံရံများက အစစ်အမှန် မဟုတ်လောက်ဘဲ ဒီဂူ၏ လျို့ဝှက်ထားသော ပုံစံသာ ဖြစ်လောက်လေသည်။
ထိုအတွက်ကြောင့်သာ နဂါးသားရဲက သူ၏အနောက်သို့ မလိုက်ခဲ့ခြင်းဖြစ်လောက်သည်။ အကြောင်းမူကား ထိုလမ်းကြောင်းက တစ်ဖက်အကောင် တိုးဝင်ရန် ကျဉ်းမြောင်းနေသောကြောင့် မဟုတ်လေဘဲ ပုံမှန်မဟုတ်သလို ပို၍ပင် ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင်က ဒီနေရာတွင် ထိုင်နေခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
အခန်း(၁၄၆၀)
ဝမ်ချောင်က ထိုအရာကို သတ္တဝါဟု ခေါ်သည်မှာ သူရင်ဆိုင်နေရသော အရာကို မသေချာ၍ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ရွှီချီချင်ဟာ အစစ်အမှန် မဟုတ်ကြောင်း သေချာနေသည်။ သူမ၏ သွေးနီရောင်ဝတ်စုံနှင့် ခေါင်းပေါ်မှ အဆင်တန်ဆာများက ပုံရိပ်ယောင်လောကထဲမှ ပုံစံအတိုင်းဖြစ်သည်။ ထို့ကြောင့် ဒီလိုအခြေအနေက ရိုးရှင်းစွာပင် မဖြစ်နိုင်ချေ။
အခြားစကားဖြင့် ဆိုရသော် သူဟာ သူမကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သည့်တိုင်အောင် အစစ်အမှန် လောကသို့ ပြန်ရောက်လာပြီးနောက် သူ၏ရန်သူဖြစ်သူမှ စိတ်စွမ်းအင်များက သူ့ပေါ် သက်ရောက်နေသေးသည်။ သို့သော် ထင်သလောက် မနက်ရှိုင်းပေ။
“ဟား ဟား မင်းက ပုရွက်ဆိတ်သာသာ အကောင်တစ်ကောင်ပဲ။ အစစ်အမှန် လောကက မင်းကို လက်လျော့လိုက်ပြီ။ ပုံရိပ်ယောင်လောကထဲက အံ့အားသင့်ဖို့ကောင်းတဲ့ အိမ်မက်တွေက မင်းကို အစစ်အမှန် ဖြစ်လာစေတာလေ။ မင်းက အဲ့ဒီကောင်မလေးကို သဘောကျတယ်မဟုတ်ဘူးလား။ ငါမင်းတို့နှစ်ယောက်ကို ညားခိုင်းမလို့လေ။ ဒါကိုမကျေနပ်ဘူးလား”
“တိုက်ခိုက်မနေနဲ့တော့။ မင်းရဲ့စိတ်စွမ်းအင်တွေကို ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ထည့်ပြီး ပေါင်းစပ်လိုက်။ ဒါက သမုဒ္ဒရာထဲကို မိုးရွာကျသလိုပဲ။ မင်းနဲ့ငါအပြင် အခြားသိုင်းပညာရှင်တွေ အားလုံးက အတူတကွပေါင်းပြီး အစစ်အမှန် လောကကြီးတစ်ခုကို ဖန်တီးကြမယ်။ အစစ်အမှန် လောကသစ်ထဲမှာ ငါတို့ ဘာမဆို ရနိုင်တယ်။ ဆန္ဒရှိသမျှ ဘာမဆိုရတာနော်။ မင်းအဲ့ဒီလောကရဲ့ အမှန်တရားကို မမြင်နိုင်ခဲ့ဘူးမဟုတ်လား။ ငါမင်းကိုကူညီပြီး အဲ့ဒီကွန်ဖြူးရှပ်ဂိုဏ်းကို အလဲထိုးပေးနိုင်တယ်။ အခြားလူသား အင်ပါယာတိုင်းကိုလည်း ဖျက်ဆီးပေးနိုင်သေးတယ်။ မင်းရဲ့ရန်သူတွေကို ဖုန်ဖြစ်အောင် ချေမှုန်းပေးမယ်။ ဒီလှပတဲ့ အိမ်မက်ကို မင်းဘယ်တော့မှ အဆုံးသတ်ချင်မှာမဟုတ်ဘူး”
ရွှီချီချင်နှင့် သုံးဆယ်ရာခိုင်နှုန်းခန့်သာ တူညီသော ရုပ်ရည်နှင့် ထိုတည်ရှိမှုက ဆွဲဆောင်နိုင်စွမ်းအား ပြင်းထန်သော အသံမျိုးနှင့် ပြောလာသည်။
“ဟွန်း ဒါကမင်းရဲ့အိမ်မက်၊ ငါ့ရဲ့အိမ်မက်မှ မဟုတ်တာ။ မင်းက သိုင်းပညာရှင်တွေ အများကြီးကို ကြိုးကိုင် ထိန်းချုပ်ထားတယ်။ လူတွေအများကြီးကိုလည်း သတ်ထားသေးတယ်။ ဒါကြောင့် မင်းက ဘာဖြစ်ဖြစ် မင်းကို သေဆုံးခြင်းကပဲ စောင့်ကြိုနေလိမ့်မယ်”
ဝမ်ချောင်က အေးစက်စွာပြောသည်။
ဝုန်း
ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်က ဝုန်းကနဲ မြည်ဟီးပြီးနောက် သူသည်သူ၏ အရှေ့မှ ဝေဝါးလွန်းသော တည်ရှိမှုကို ပိတ်လှောင်လိုက်သည်။
သူမြင်နိုင်သည့်အတိုင်းဆိုလျှင် ဂူထဲမှ အခြားသော ကျွမ်းကျင်ပညာရှင်များက အိမ်မက်ထဲတွင်သာ ရှိနေသေးသည်။ သူတစ်ယောက်တည်းကသာ ထိုသတ္တဝါကို ကိုင်တွယ်နိုင်သည်။
ပို၍ဆိုးသည်မှာ သူသည် ယခုလေးတင် ထိုပုံရိပ်ယောင်လောကို ဖျက်ဆီးထားသည်။ ထိုသတ္တဝါကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားလောက်ပြီး သူ့အား ထိုလောကထဲသို့ ပြန်မသွင်းနိုင်ချေ။ ဒါဟာ ပြီးပြည့်စုံသော သတ်ဖြတ်ရန် အခွင့်အရေးဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်းပါပေ။ ထိုသတ္တဝါကလည်း ဝမ်ချောင်က တိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် ကြောက်သွားသည်။
“ဟွန်း မျှော်လင့်ထားတဲ့အတိုင်းပဲ”
ဝမ်ချောင်က လှောင်သည်။ စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်များက အနီးကပ် တိုက်ခိုက်ရာတွင် မကျွမ်းကျင်သော အခွင့်အရေးက အလွန်မြင့်မားသည်။ ဥပမာအနေဖြင့် မာစီကိုကြည့်နိုင်သည်။ သူသည် မြောက်များလွန်းသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းအား မရှိချေ။
သူ၏ရှေ့မှ ထိုသတ္တဝါက ဖော်ပြရန်ခက်ခဲလောက်အောင် စိတ်စွမ်းအင်ကျင့်ကြံသူ ဖြစ်သော်လည်း ဝမ်ချောင်က သိထားသမျှ လူတိုင်းထက် ပို၍များပြားသော စိတ်စွမ်းအားများကို သယ်ဆောင်ထားလျှင်ပင် သူ့တွင် တိုက်ခိုက်နိုင်စွမ်းရည် လိုအပ်နေပေလိမ့်မည်။
“ပုရွက်ဆိတ် မင်းရဲ့ တွေးပုံတွေးနည်းက အရမ်းရိုးရှင်းတယ်။ ငါ့ရဲ့ပုံရိပ်ယောင်လောက ပေါ်သွားတော့ ဘာဖြစ်လဲ။ ငါကမင်းကို မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား။ မင်းက မပူးပေါင်းချင်ကတည်းက ငါကမင်းရဲ့ စိတ်စွမ်းအင်အားလုံးကို စုပ်ယူပြီး အတင်းပေါင်းစပ်ပစ်လိုက်မယ်”
ဝမ်ချောင်ကပင် မတိုက်ခိုက်နိုင်သေးခင် ထိုသတ္တဝါက အရင်စပြီး တိုက်ခိုက်သည်။
ခြိမ်း
အလင်းက တစ်ချက်လက်သွားသည်။ အလင်းတန်းများက အော်ဟစ်ကာ ဝင်ရောက်လာလေပြီး စွမ်းအင်များကလည်း စီးဆင်းသည်။ ဝမ်ချောင်သည်လည်း သတ္တဝါ၏ အနောက်ဘက်မှ ကျွမ်းကျင်ပညာရှင်တိုင်းက မျက်လုံးပွင့်လာကြောင်း မြင်လိုက်သည်။ သို့သော် သူတို့၏ မျက်လုံးများက အာရုံစူးစိုက်မှု မရှိချေ။ ထိန်းချုပ်ခံလိုက်ရကြောင်း ဖော်ပြသည်။
ဘန်း
သိုင်းပညာရှင် ခုနှစ်ယောက်က အရှေ့ဘက်သို့ ခုန်ဝင်လာပြီး ဝမ်ချောင်အား အဘက်ဘက်မှ ခုန်အုပ်ရန် ကြိုးစားသည်။
“အား”
လက်နက်များက အချင်းချင်း ခုတ်ကြသည်နှင့် အသက်သုံးဆယ်ဝန်းကျင်ရှိသော သိုင်းပညာရှင် တစ်ယောက်က လူမဆန်သော အော်သံမျိုးကိုထုတ်သည်။ သူ၏လက်မောင်းက သွေးကြောများက ထောင်တက်လာပြီးနောက်တွင် ရုတ်တရက် ပတ်ပတ်လည်မှ ကြယ်တာရာစွမ်းအင်များက ကြီးမားသော သံမဏိလက်သီးကြီးအဖြစ် ပြောင်းလဲသွားသည်။ သူလက်သီးဖြင့်သာ အထိုးခံရမည်ဆိုလျှင် ဝမ်ချောင်၏ သေဆုံးမှုက အာမခံချက်နှင့်ဖြစ်သည်။
တစ်ချိန်ထဲတွင်ပင် နောက်ထပ် ကျွမ်းကျင်ပညာရှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကလည်း အလားတူပင် အော်ဟစ်ကာ ဝမ်ချောင်၏ အနောက်ဘက်မှ ခုန်ဝင်လာကြသည်။ လျှပ်တစ်ပြက် အချိန်အတွင်းတွင်ပင် သူဟာ အဝိုင်းခံလိုက်ရသည်။
ထိုသတ္တဝါက လူများကို ပုံရိပ်ထဲသို့ ဆွဲသွင်းနိုင်သည်။ ထို့ကြောင့် အမှန်တရားကို အတုအယောင်နှင့် ခက်ခက်ခဲခဲ ပေါင်းစပ်ထားသည့် အစစ်အမှန် လောကတွင် အခြားသောသူများကိုလည်း ထိန်းချုပ်နိုင်သည်။ ထိုသိုင်းပညာရှင်များအား သူတို့၏ အဆင့်လွန်သိုင်းများကိုပင် ထုတ်သုံးအောင် ဖိနှိပ်နိုင်သေး၏။ ဒီလိုအခြေအနေမျိုးကို ဝမ်ချောင်က မမျှော်လင့်ထားမိချေ။ သို့သော် သူသည် ခပ်မြန်မြန် ကိုင်တွယ်လိုက်နိုင်သည်။
ဘန်း
ခန္ဓာကိုယ်က အရှေ့ဘက်သို့ ခုန်ဝင်သွားသည်။ သူသည် ဖြတ်လတ်စွာနှင့် အဝိုင်းခံလိုက်ရသော သေးငယ်သော အဟကြားထဲမှ ရအောင်ခုန်ထွက်သည်။ သူတို့၏ပစ်မှတ်က လျှင်မြန်စွာ ရွေ့လျားသွားပြီးနောက် သိုင်းပညာရှင်များက ခြောက်ခြားဖွယ် ကောင်းလွန်းသော ရလဒ်ကို ရလာသည်။
ဘန်း ဘန်း ဘန်း
သိုင်းပညာရှင်များက အချင်းချင်း ဝင်တိုက်မိကြပြီး ဝရုန်းသုန်းကား ဖြစ်သွားသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဝမ်ချောင်သည် ထိုရလဒ်ကို မအံ့ဩပါချေ။
ထိုသတ္တဝါက ပုံရိပ်လောကကို ဖန်တီးနိုင်သည်။ စိတ်စွမ်းအင်ကိုသုံးပြီး လူအများကို ထိန်းချုပ်နိုင်သည်။ သူတို့၏ စွမ်းအင်ကိုပင် အသုံးပြုနိုင်သေး၏။ ထို့ကြောင့် သဘာဝအလျောက်ပင် ထိုလူများက အသုံးပြုသော အမျိုးမျိုးသော သိုင်းပညာရှင်များကိုလည်း သဘာဝကျကျ နားလည်ထားပြီး သူတို့၏ ခန္ဓာကိုယ်များက အင်အားအပြည့် ထုတ်ပြနိုင်ပေလိမ့်မည်။
သို့ရာတွင် အခြားသူ၏ သိုင်းပညာကို နားလည်သဘောပေါက်ခြင်းက ထိုသိုင်းပညာတိုင်းကို ကိုယ်တိုင် ဖမ်းဆုပ်မိထားပြီး လိုအပ်သည့်အခါ အသုံးပြုနိုင်ခြင်းနှင့် မတူညီချေ။ ထိုခြားနားချက်က အခြားသော သိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရသောအခါ မသိသာလောက်သော်လည်း ဝမ်ချောင်ကဲ့သို့ ထိပ်တန်းအဆင့် အတွေ့အကြုံရှိ သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင်ပင် သေးငယ်သော ခြားနားမှုကတင် ရလဒ်များကို ပြောင်းလဲသွားစေသည်။
“မင်းရဲ့အလှည့်ပဲ”
ဝမ်ချောင်၏ မျက်လုံးထဲတွင် အေးစက်သောအလင်းက လက်လာသည်။ ဝမ်ချောင်ဟာ ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးလက်သလို ရှေ့ကိုခုန်ဝင်လိုက်သည်။
ချွမ်
ဓားက အောက်ဘက်မှ မြောက်တက်လာပြီးနောက်တွင် ဝမ်ချောင်၏ ဓားထိပ်ကို လာရောက်ထိမှန်သည်။
အဆင့်တူစွမ်းအင်များက အချင်းချင်း လာရောက်ထိပ်တိုက် ရင်ဆိုင်သည်။ မည်သည့်ဘက်ကမှ အသာစီး မရခဲ့ချေ။ သို့သော် သက်ရောက်မှုက ဝမ်ချောင်နှင့် တစ်ဖက်မှ လာရောက်တိုက်ခိုက်သောဓားကို လွင့်ပျံသွားစေလေသည်။
ဘန်း
ဝမ်ချောင်က မြေပြင်သို့ ဆင်းသက်လိုက်ပြီး တခဏခန့် ယိုင်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ သူသည် ရုတ်တရက် အလွန်အမင်း အံ့ဩသွားရသည်။ သူနိုးထလာပြီးချိန်ကတည်းက သူ၏အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ အတွေ့အကြုံနှင့် လျှင်မြန်သည့် သတ်ဖြတ်နိုင်စွမ်းအားကို ပိုင်ဆိုင်နေသေးသည်။ သူ၏ဓားထိပ်ကို ရိုက်ချခြင်းက စိတ်စွမ်းအင်လောက်ဖြင့် ယှဉ်၍မရချေ။
ထိုအရာသာမကသေးချေ။ သူတို့နှစ်ယောက်က တစ်ချက်တည်းနှင့် တိုက်ခိုက်သည်ဟု ထင်ရသည်။ သို့သော် အမှန်တိုင်းဆိုရသော် သူတို့၏ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်ပေါင်း များစွာက ဓားများနှင့်အတူ ပျံလွှားပြီး တိုက်ခိုက်လိုက်သည့် အချိန်တွင်ပင် ဆယ်ဆထက်မနည်း ရင်ဆိုင်ပြီးသားဖြစ်သည်။
သို့သော် ဝမ်ချောင်က ခေါင်းကိုမော့လိုက်သောအခါ ပို၍အံ့ဩသွားရသည်။
ဝမ်ချောင်နှင့် ဆယ်မီတာခန့်အကွာမှ ရွှီချီချင်က ပျောက်သွားပြီး ဝမ်ချောင်က ပေါ်လာသည်။
တူညီသောမျက်နှာ၊ တူညီသောဝတ်စုံ၊ တူညီသောအရှိန်အဝါနှင့် ဝမ်ချောင်ဖြစ်သည်။ သို့သော် တည်ငြိမ်မှုနှင့် ခိုင်မာမှုမှာ ပျောက်ဆုံးနေသည်။ ဝမ်ချောင်ဟာ ရန်သူ၏ စွမ်းအင်များကို အတွေ့အကြုံ ရထားပြီးသားဖြစ်သည့်တိုင်အောင် သူကိုယ်တိုင် မြင်ရသော အရာအတွက် ပြင်ဆင်ထားပြီးသည့်တိုင်အောင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။
“ငါကမင်းကို ဘာမှမလုပ်နိုင်ဘူး ထင်လို့လား။ အခု ငါမင်းရဲ့စွမ်းရည်တွေကိုသုံးပြီး မင်းကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
တစ်ဖက်မှ ဝမ်ချောင်က ကျောချမ်းဖွယ်ကောင်းအောင် ပြုံးနေသည်။
ဘန်း
ဝမ်ချောင်က ဘာမှမလုပ်နိုင်သေးခင် တစ်ဖက်မှ ဝမ်ချောင်က ရှေ့သို့ ခုန်ထွက်လိုက်သည်။
စွစ်
ထိုဝမ်ချောင်က ထုတ်လွှတ်ထားသော ဓားချီက သူ၏လက်ချောင်းများအတွင်းမှ နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းဓားဖြစ်သည်။
ထိုသို့ရက်စက်ကြမ်းကြုတ်သော နို့နှစ်ဖြူရောင် ဓားချီအလင်းတန်းများက ဝမ်ချောင်၏ ခန္ဓာကိုယ်တွင် အမျိုးမျိုးသော အားနည်းချက် နေရာများကို ပစ်ခတ်လာလေသည်။ ဒဏ်ရာများက အနည်းငယ် မှေးမှိန်နေသော်လည်း တူညီသော အကျင့်စရိုက်ရှိပြီး တူညီသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားကာ ဝမ်ချောင်၏ ကိုယ်ပိုင်စွမ်းအားများနည်းတူ တူညီစွာ ထက်ရှနေသေးသည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်က ထိုတိုက်ကွက်များကို ဆံချည်တစ်မျှင်စာ အကွာအဝေးမျိုးနှင့် ကပ်ကာ ရှောင်တိမ်းနေလေရင်း လေထဲတွင် ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။
“ဘယ်လောက် လေးစားဖို့ ကောင်းလိုက်သလဲ။ အခြားသူတွေနဲ့ ဘာမှမခြားတဲ့ ပုရွက်ဆိတ်သာသာ တစ်ကောင်က သိုင်းတွေအများကြီး ပိုင်ထားမယ်လို့ ဘယ်ထင်ထားမှာလဲ။ စမ်းကြည့်ရအောင်”
ထိုသို့ပြောနေရင်းမှ ထိုဝမ်ချောင်ဟာ တစ်ချက်ဝေဝါးသွားပြီးနောက် ထိတွေ့ကိုင်တွယ်ရ ခက်ခဲသွားသည်။ သူ၏ကိုယ်က အနက်ရောင်မီးခိုးများကို ထုတ်ရင်း ပျောက်ကွယ်သွားသည်။
လေဟာနယ် ရွေ့လျားမှုသိုင်း
ဝမ်ချောင်၏ မျက်လုံးက ပြူးသွားပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။
ဝမ်ချောင်သည် သူ၏ယခင်ဘဝတွင် သိုင်းပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် သူ့ကို အံ့ဩအောင် လုပ်နိုင်သောအရာများ အလွန်နည်းလာသည်။ သို့တိုင်အောင် ယခုမြင်ရသမျှက ဖော်ပြရန်ပင် ခက်နေသည်။
နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်းက သူသည် မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်းထံမှ အမွေဆက်ခံထားသော အဆင့်လွန်သိုင်းဖြစ်ပြီး ဗဟိုပြင်ကျယ်၏ မဟာသိုင်းဆယ်မျိုးထဲမှ တစ်ခုဖြစ်သည်။ ဖော်ပြရန်ခက်ခဲလောက်အောင် ကျင့်ရခက်သည်။ ထိုအချိန်တွင် ရွေ့လျားမှုသိုင်းကမူ အနက်ရောင်ဝတ်စုံနဲ့ လူများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို ဝင်စီးသည့် ကာလအတောအတွင်း အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ထံမှ ရရှိထားခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်သည်ပင် ထိုသိုင်းကို သိပ်မကြာခင်ကမှ အောင်မြင်စွာ ကျင့်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသတ္တဝါက ဝမ်ချောင်၏သိုင်းကို မကျင့်ကြံဘဲ ထုတ်သုံးနိုင်သည်။ တုပခြင်းမျိုးသာ ဖြစ်နေသေးသည့်တိုင်အောင် ရလဒ်က မှင်သက်ဖွယ်ကောင်းနေသေးသည်။ ပိုဆိုးသည်မှာ အရည်အသွေးအားဖြင့် ယှဉ်သော် ထိုသတ္တဝါသည်လည်း ထိုသိုင်းကို ပြီးပြည့်စုံစွာ တုပနိုင်ခဲ့ပုံရသည်။
စွစ်
ဝမ်ချောင်က ရုတ်တရက် လေဟာနယ် ရွေ့လျားမှုသိုင်းကို အလားတူ ထုတ်သုံးလိုက်သည်။ သူ၏တည်နေရာက အချိန်တိုင်းလိုလို ပြောင်းလဲနေလေပြီး အတည်တကျ သိရှိနိုင်ရန် မဖြစ်နိုင်တော့ချေ။
ထိုသိုင်းကို ထုတ်သုံးနေရင်းမှ ဝမ်ချောင်၏ လက်ချောင်းများကို လှုပ်ခတ်လိုက်ကာ ဓားချီများကို ပစ်လွှတ်ရင်း တစ်ဖက်သူကို ရင်ဆိုင်ခိုင်းသည်။
ဘန်း
သူတို့နှစ်ယောက်က တိုက်ခိုက်လိုက်သည်နှင့် ဝမ်ချောင်ဟာ ရုတ်တရက် သူ၏လက်ကို လက်သီးအဖြစ် ပြောင်းလဲကာ လက်သီးဖြင့် ထိုးလိုက်သေးသည်။
ထိုလက်သီးက အရှေ့ဘက်သို့ တိုးဝင်သွားပြီးနောက်တွင် မရေမတွက်နိုင်သော မူလစွမ်းအင် အလင်းတန်းများက စုစည်းရောက်ရှိလာကာ ကြီးမားသော တောင်ကြီးတစ်လုံးအသွင် ပြောင်းလဲ၍ မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့်အတူ ရှေ့သို့ တိုးဝင်သွားလေသည်။
ထိုအရာကို မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မိုးပြာရောင်လက်များ ဖန်တီးမှုအား ကြည့်ပြီးမှသာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ သူဟာ တိုက်ခိုက်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက သူ၏စွမ်းအားကို လေးဆယ် သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်။
တခဏခန့်ကြာပြီးနောက် မူလစွမ်းအင်ပင်လယ်အကြားတွင် သိသာထင်ရှားသော မိုးပြာရောင်လက်သီးက ကြီးထွက်လာပြီး ဝမ်ချောင်ကို ရင်ဆိုင်သည်။
မြေကမ္ဘာ တုန်ခါသွားစေလောက်သော ပေါက်ကွဲသံက ထွက်ပေါ်လာပြန်သည်။ ဝမ်ချောင်နှစ်ယောက်က တူညီသောအင်အား၊ တူညီသော ကျင့်ကြံခြင်းအဆင့်၊ တူညီသော သိုင်းပညာနှင့် တူညီသော တိုက်ခိုက်ပုံစံမျိုးနှင့် တိုက်ခိုက်နေကြကာ သက်ရောက်မှုကြောင့် နှစ်ယောက်လုံးက လွင့်ထွက်သွားကြသည်။