အခန်း (၁၄၆၁-၁၄၆၅)
Vol. 87 Ch. 1461-1465
အခန်း ၁၄၆၁
ဘယ်လို ဖြစ်နိုင်မှာလဲ။
ဝမ်ချောင်က နောက်ပြန်ဆုတ်ကာ ခပ်မတ်မတ် ရပ်ပြီးသည့် အချိန်တွင် သူ၏ မျက်နှာက ဆိုးဆိုးဝါးဝါး ရှုံ့မဲ့သွားလေသည်။
ယခုဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ရိုးရှင်းသော တုပ၍ ဖော်ပြ၍ မရနိုင်တော့ချေ။ သိုင်းပညာများ၏ နယ်မြေတွင် တည်ရှိသော အုတ်မြစ်ဟုပင် ဆိုလို၍ မရတော့ပေ။ ဝမ်ချောင်သည်လည်း သူသည် လူတစ်ယောက်နှင့် တိုက်ခိုက်နေသည် ဟုတ်မဟုတ်ပင် မသေချာချေ။
ဝမ်ချောင်က ပြိုင်ဖက်၏ သူ၏ သိုင်းပညာ ဓားကို တုပနိုင်သော စွမ်းရည်ကို မှင်သက် အံ့အားသင့်နေချိန်တွင် ထိုသတ္တဝါက စကား ထပ်ပြောလေသည်။
“ဟားဟား နောက်ပြီး ဒီတစ်ခုရောပဲ။ မင်းရဲ့ ခန္ဓာကိုယ်မှာ ရတနာတွေ အများကြီး ရှိနေတာပဲ”
ဗုန်း
ထိုဂူကြီး တစ်ခုလုံးက စတင်က လှုပ်ရှားလာပြီးသည်နှင့် ပြင်းထန်လွန်းသော အားလှိုင်းများက မျက်နှာကျက်မှ အောက်ဖက်သို့ ထွန်းထက်စွာ ကျနေသည့် ကျောက်စွယ်များအား တုန်ခါလာသည်။ ရုတ်တရက် အဆုံးစမဲ့သော အမှောင်ထုထဲတွင် ရွှေရောင် နှင့် ငွေရောင် အလင်းတန်းက လက်လာသည်။
“…”
ဝမ်ချောင်၏ ပတ်ပတ်လည်မှ ယင်နှင့်ယန် စွမ်းအင်များက လေပွေတစ်ခုကဲ့သို့ ဖြစ်လာသည်။ ကြယ်မြို့က အင်အား ကြီးမားသည့် အရှိန်အဝါဟာ အပြင်ဖက်သို့ စတင်ကာ ဖြာထွက်လာသည်။ ထိုသတ္တဝါ၏ အနောက်ဖက်တွင် နေ့နှင့်ည ပုံရိပ်က ပေါ်လာသည်။
ဝမ်ချောင်ဟာ အနက်ရောင် တွင်းပေါက်ထဲသို့ အရှေ့ဖက်ရှိ အရာများအားလုံးကို စွဲဆုပ်ယူရန် ကြိုးစားသည်။
မြေအောက်ဂူအတွင်းရှိ စွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် စတင်ကာ လည်ပတ်လာလေသော မြင်ကွင်းဟာ မည်သူ့ကိုမဆို ကြောက်ရွံ့ပြီး ဖြူဖျော့သွားစေနိုင်သည်။
“မဟာ ယင်ယန် ကောင်းကင် ဖန်တီးခြင်းသိုင်း”
ဝမ်ချောင်သည် လောက၏ နံပါတ်တစ် မိစ္ဆာသိုင်း ဖြစ်သော မဟာယင်ယန် ကောင်းကင် ဖန်တီးခြင်းသိုင်းအား ဝမ်ချောင်၏ အကူအညီ အလျင်းမရှိဘဲ ထုတ်သုံးနိုင်သေးသည်။ ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းကို မြင်တွေ့လိုက်ရသော ဝမ်ချောင်၏ နှလုံးသားအား ကျောက်သား အောက်ခြေထဲသို့ ထိုးကျသွားစေသည်။
သူသည် စင်နီယာစု၏ စစ်ဆေးခြင်း ဓားချီကို ကျွမ်းကျင်သော အဆင့်သို့ ရောက်အောင် မကျင့်ရသေးချေ။ သူသည် လေဟာနယ် ရွေ့လျားမှု သိုင်းကိုသာ သိပ်မကြာခင်ကမျှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ထိုအချက်များအပြင် ထိုသိုင်းဟာ တိုက်ခိုက်မှုသိုင်းမျိုး မဟုတ်လေဘဲ ရွေ့လျားမှု သိုင်းဖြစ်သည်။ ဆရာဖြစ်သူ၏ လှုပ်ရှားမှုမှ တဆင့် သူ ဉာဏ်အလင်းပွင့်ကာ ထုတ်သုံးလာနိုင်သည့် မိုးပျံရာလက်သိုင်းအတွင်းကမူ တစ်ဝက်ခန့်သာ ပြီးဆုံးသေးသော ထုတ်ကုန်တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ရသည်။
သူ၏ ရန်သူအား ထိုသိုင်းများကို အသုံးပြုနိုင်ခြင်းဟာ အစစ်အမှန် ချိန်းခြောက်နိုင်သည်ထက်ပင် လက်ခံရန် ပိုခက်သေးသည်။ မဟာယင်ယန် ကောင်းကင် ဖန်တီးခြင်းသိုင်းကမူ ခြားနားသည်။
ဝမ်ချောင်သည် လောက၏ နံပါတ်တစ် မိစ္ဆာသိုင်းကို ကြိုးစားအားထုတ်မှုများ အားလုံးကို နှစ်မြှပ်၍ အာရုံစိုက်ကာ လေ့ကျင့်ခဲ့ပြီးသည်မှာ ကြာလှလေပြီ။ ထိုသိုင်းသည် ပြင်းထန်လွန်းသော စွမ်းအားများကို သယ်ဆောင်ထားလေပြီး လူတစ်ယောက်၏ အဆင့်အား ခုန်ပျံကျော်လွှား မြင့်တက်သွားစေနိုင်သည်။ ထိုသိုင်းကြောင့် သူသည်လည်း သူ၏ အင်အားကို တလောကလုံးကို ကာကွယ်နိုင်ရန် အလို့ငှါ လျင်မြန်လွန်းစွာ ထိုသိုင်းကြောင့်လည်း သူဟာ သူ၏ အင်အားများကို တက်နိုင်သမျှ မြန်ဆန်စွာ မြှင့်တင်ရန် ကြိုးစားခဲ့၍ တလောကလုံးကို ကာကွယ်နိုင်ရန် အားစိုက်ထုတ်ခဲ့လေသည်။
ထိုသိုင်းကသာလျှင် ဝမ်ချောင်က အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံနိုင်သော သိုင်းဖြစ်သည်။ သူသည် ထိုသတ္တဝါက သူ၏ အဆင့်လွန် သိုင်းကိုပင် သုံးနိုင်မည်ဟု မတွေးဖူးပေ။
အဲဒါက ဘာလဲ။
ဝမ်ချောင်က မှင်သက်နေသည်။ သူကိုယ်တိုင်ကပင် အခြားသော သိုင်းပညာရှင် တစ်ယောက်ယောက်က ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်မည်ဟု မယုံကြည်နိုင်ပေ။ ထိုသတ္တဝါကသာ ထိုမျှ အင်မတန် လေးစွာဖွယ်ကောင်းနေလျှင် သူ၏စိတ်စွမ်းအင်နှင့် အခြာားသည်များကို ထိန်းချုပ်ရန် မလိုအပ်ပါပေ။ ဝမ်ချောင်သည်လည်း အခြားသူ၏ သိုင်းပညာများကို ကျင့်ကြံထားခြင်း မရှိသေးဘဲ အသုံးပြုနိုင်စေမည့် လျို့ဝှက်ဆန်းကျယ်သော သိုင်းအမျိုးအစားများ အကြောင်း မကြားဖူးပေ။ မဟာသိုင်း ဆယ်မျိုးထဲမှ မည်သည့်တစ်ခုကမျှ ထိုကဲ့သို့သော စွမ်းအင်မျိုး မရှိပါပေ။
“မဟုတ်သေးဘူး”
ဝမ်ချောင်က တစုံတရာ မှားယွင်းနေကြောင်း ခန့်မှန်း မိသွားသည်။ ထိုသတ္တဝါ၏ စွမ်းရည်က သာမန် မဟုတ်ပေ။ သိုင်းကွက်အားလုံးသည် ပြိုင်ဖက်ထံမှ တုပထားခြင်း ဖြစ်သည်။ ထိုသတ္တဝါဟာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပြီးပြည့်စုံစွာ တုပနိုင်လောက်အောင် လေးစားဖွယ် ကောင်းနေခဲ့လျှင်…
ထိုအတွေးနဲ့တင် ဝမ်ချောင်၏ အာရုံက ခမ်းနားလွန်းသော နေနှင့်လ ပုံရိပ်မှတဆင့် တဖက်သူ၏ ခန္ဓာကိုယ်ကို အာရုံစိုက်နိုင်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဝမ်ချောင်က အသာအယာ ပြုံးလိုက်သည်။ ဘယ်ဖက်ရှိ သွေးကြောများက သူ့နည်းသူ ဆိုးဆိုးရွားရွား ပျက်စီးနေသည်။ သူသည် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို အထင်ကြီးမိသွားသည်။
တဖက်အရ သူ၏ သိုင်းပညာတိုင်းကို အသာအယာ တုပနိုင်သော်လည်း ထင်သလောက် အရမ်းမကြီးချေ။
မဟုတ်သေးဘူး။
ဝမ်ချောင်သည်လည်း သူသည် ထိုသွေးမျှင်များကို လုံးဝ နားလည်ထားခြင်း မရှိကြောင်း သိလိုက်သည်။
ဝမ်ချောင်က ရှေ့သို့ တစ်ချက် ခုန်တက်လိုက်သောအခါ သူ၏ ခြေထောက်အောက်မှ ချီစက်ကွင်းများက ဖြာထွက်လာသည်။ တချိန်တည်းတွင်ပဲ သူက ညာဖက်လက်ကို ဖြန့်လိုက်၍ ဓားတလက် ဆွဲထုတ်သလိုမျိုး ပြုမူလိုက်သည်။ ထို့နောက် သူဟာ လေဟာပြင်များကို အသုံးပြုပြီး ပြိုင်ဖက်ကို တိုက်ခိုက်ရန် အလို့ငှါ အရှေ့ဖက်သို့ ခုန်ဝင်သွားလိုက်လေသည်။
“မဟာယင်ယန်သိုင်း”
“…”
ဝမ်ချောင်သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ယင်နှင့်ယန်ကို ချက်ခြင်းဆိုသလို ပေါင်းစပ်လိုက်ကာ သန့်စင်သော ဖျက်ဆီးခြင်း စွမ်းအင်ကို လွှင့်ထုတ်လိုက်သည်။ ထိုမျှ ကြီးမားလွန်းသော စွမ်းအင်များက ဝမ်ချောင်ကို လွင့်ထွက်သွားစေသည်။
ဝမ်ချောင်သည် နှာခေါင်းရှုံ့လိုက်ရင်း ပြေးလာသည်။
တချိန်တည်းတွင်ပင် ထိန်းချုပ်ခံလိုက်ရသော သိုင်းပညာရှင်များအားလုံးက လူမဆန်သော အော်သံများကို ထုတ်ရင်း ဝမ်ချောင်အား အဖက်ဖက်မှ တိုက်ခိုက်ရန် ခုန်ဝင်လာကြသည်။
ထိုမျှ လူပေါင်းများစွာ ပူးပေါင်းလေသောအခါ ဝမ်ချောင်က ဝိုင်းဝန်းပြီး ထိုးစက်ဆင်ခံနေရသကဲ့သို့ ကျဉ်းထဲကျပ်ထဲ ရောက်သွားသည်။ သို့သော် ဝမ်ချောင်က တည်ငြိမ်သည်။ သူ၏ မျက်လုံးက တောက်ပပြီး ယိမ်းယိုင်သွားခြင်းမျိုး မရှိပေ။
သူ၏ ညာဖက်လက်က မြေပြင်ကို အသာဖိလိုက်ပြီးနောက် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ထိုမြေပြင်နားတွင် ကပ်ကာ ပျံသန်းနေသကဲ့သို့ လျောချကာ သွားလိုက်ရင်း အလွန်နီးကပ်စွာ မဝိုင်းလာသေးခင် ခုန်ချလိုက်သည်။
“ရွှင်”
သူ၏ ဓားက အော်ဟစ်သည်။ တောက်ပလွန်းသော အလင်းတန်းက ရောင်ပြန်ဟပ်နေသေးသည့်တိုင် အန္တရာယ်များသော အလင်းက ပို၍ အလေးသာသည်။ ဝမ်ချောင်၏ ဓားသည် အဆိပ်ပြင်းမြွေတစ်ကောင်က လေထဲသို့ ခုန်တက်လိုက်သကဲ့သို့ ပျံလွှားနေလေပြီး တဖက်မှ “ …” ဝမ်ချောင်၏ ဘယ်ဖက်လက်ဖျံ အောက်ဖက် နေရာသို့ လှမ်း၍ ထိုးလိုက်သည်။
“မင်း မြင်သမျှ အရာအားလုံးကို လိုက်ပြီး ကူးနေတာကို သတိထားဦး။ မင်းသင်လို့ မရတဲ့ တချို့ အရာတွေ ရှိသေးတယ်။”
ဝမ်ချောင်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ဘယ်ညာ အရှေ့အနောက် ရွေ့လျားနေသည်မှာ တစ္ဆေတစ်ကောင်နှင့်ပင် တူသေးသည်။ သိုင်းပညာရှင်ပေါင်းများစွာက မည်သို့ပင် ဝိုင်းထားပြီး ထိုသတ္တဝါက မည်သို့ပင် တိုက်ခိုက်ရန် ကြိုးစားနေစေကာမူ ဝမ်ချောင်ကမူ နောက်ဆုတ်မည့်အစား တိုက်ခိုက်ရန်ကိုသာ ရွေးချယ်သည်။
ဗွက်
သွေးများက ပန်းထွက်လာသည်။ ကြမ်းတမ်းသော တိုက်ပွဲက ဝမ်ချောင်၏ ပုန်းကွယ်တုံးက ရရှိခဲ့သော ဒဏ်ရာကို ပြဲထွက်သွားစေသည်။
ဟီးဟီး ပုရွက်ဆိတ် မင်းဆီက ငါ မသင်နိုင်တာ ဘာမှ မရှိဘူး။ မင်းက ငါ့ကို မယှဉ်နိုင်ပါဘူး။
ဝမ်ချောင်သည် ထိုသို့ဖြင့် ဝံ့ကြွားစွာ ကြုံးဝါးလိုက်ပြီး သူ၏ အသံက ထူးဆန်းပြီး နားလည်ရ ခက်သည်။သူသည် ဝမ်ချောင်၏ တိုက်ကွက်ကို ရှောင်ရန်ပင် မကြိုးစားချေ။
ကျယ်ပြောတဲ့ ကောင်းကင်ဘုံ မြေကြီးသိုင်း
ဝမ်ချေောင်သည် မဟာယင်ယန် ကောင်းကင် ဖန်တီးခြင်းသိုင်းမှ ဒုတိယမြောက် အဆင့်လွန် စွမ်းအင် တမျိုးကို ထုတ်သုံးလိုက်သည်။ ပြင်းထန်သော စွမ်းအားမျိုးက တလောကလုံးကို လွမ်းခြံလိုက်ပြီးနောက် ဝမ်ချောင်၏ တိုက်ကွက်ကို ရိုက်ခတ်လိုက်သည်။
ဝမ်ချောင်သည်လည်း ထိုအခြေအနေကို မျှော်လင့်ထားသည်။ သူ၏ တိုက်ကွက်က ကြမ်းတမ်းပုံပေါ်သော်လည်း သူသည် အမှန်တကယ် တိုက်ခိုက်ရန် မရည်ရွယ်ထားပေ။
ကျယ်ပြောသော ကောင်းကင်မြေပြင်သိုင်းက အပြည့်အဝ မထွက်လာသေးခင် ဝမ်ချောင်က နောက်ဖက်သို့ ခုန်ဆုတ်လိုက်ပြီး ခုန်ဝင်လာချိန်ကထက် ပို၍ မြန်ဆန်သော အရှိန်နှုန်း ဖြစ်ပေသည်။
“ချိန်း”
ကြယ်တာရာ စွမ်းအင်များ၏ ကြမ်းတမ်းသော ပေါက်ကွဲမှုများနှင့်အတူ ဖုန်များက ပေါက်ကွဲနေပြီး မြေပြင်မှ ဝိုင်းထားသော သိုင်းပညာရှင်များကို အဝေးသို့ လွင့်ထွက်သွားစေသလို ကျောက်သားများကိုလည်း ဖောက်ခွဲကာ နေရာအနှံ့ လွင့်စင်စေကုန်သည်။
ဝမ်ချောင်သည် အဆင်သင့် ဖြစ်နေသော်လည်း ကျယ်ပြောကောင်းကင် မြေကမ္ဘာသိုင်းအောက်မှ ခြစ်ရာတွေ မထင်ဘဲ လွတ်မြောက်ရန် မလွယ်ကူပေ။
ဗန်း
သူက နောက်ဆုတ်နေရင်းမှ ကျယ်ပြောသော ကောင်းကင် မြေကမ္ဘာသိုင်းကြောင့် ဖြစ်သည့် ပေါက်ကွဲမှု စွမ်းအားများထဲမှ တစ်ခုနှင့် မိသွားသည်။ အပြင်းအထန်တုန်ခါမှုကြောင့် လွတ်သွားပြီး ထိန်းချုပ်မှု လွတ်သွားသည်။
ဗုန်း
သူဟာ ခိုင်မာလွန်းသော ဂူနံရံ တစ်ခုထဲသို့ ချိုင့်ဝင်သွားလေပြီ။ လူသားသဏ္ဌာန် အပေါက်ကြီးက ပေါ်လာသည်။ မျက်နှာကျက်ထံမှ တဆင့် ကျောက်သားများနှင့် ဖုန်မှုန့်များက ပြုတ်ကျလာသည်။
ဘယ်လောက် လေးစားဖို့ ကောင်းလိုက်သလဲ။ သူက ကျယ်ပြောကောင်းကင် မြေကမ္ဘာသိုင်းကို ဒီလောက် အဆင့်အထိ သုံးနိုင်ပြီ။
ဝမ်ချောင်သည် နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ သူ၏ ဝမ်းဗိုက်မှ ဒဏ်ရာနှင့် ကျယ်ပြောကောင်းကင် မြေကမ္ဘာသိုင်းကြောင့် ခံစားရသည့် သက်ရောက်မှုက သူ၏ အခြေအနေကို ပို၍ ဆိုးသွားစေသည်။ သူ၏ ဒန်တျန်အထိပင် ပြင်းထန်လွန်းသော နာကျင်မှုက ဖောက်ဝင်နေပြီး ကြယ်တာရာစွမ်းအင်၏ကုန်ဆုံးမှုများကလည်း ကျင့်ကြံခြင်း သွေဖယ်မှုကြောင့် ဖြစ်သောအရာများကို ပိုဆိုးစေသည်။
သို့တိုင်အောင် ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသည်။ သူသည် ဆုံးဖြတ်ချက် ချထားပုံရသည်။ ဝမ်ချောင်သည် တဖက်မှ ဝမ်ချောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“အချိန်ကျပြီ။ နောက်ဆုံး တစ်ကွက်ပဲ ကျန်တယ်။”
“မဟာဖျက်ဆီးခြင်းသိုင်း”
ဝမ်ချောင်က ရှေ့သို့ ခုန်တက်လိုက်ပြီး တိုက်ခိုက်သည်။ အင်အားကြီးမားသော ကြယ်တာရာစွမ်းအင် လှိုင်းလုံးများက ကိုယ်မှ ဖြာထွက်လာသည်။ အဆင့်လွန်ယင်နှင့်ယန် စွမ်းအင်များက ဖြာထွက်လာသည်။
ဝမ်ချောင်နှစ်ယောက်က တူညီသော သိုင်းကို တပြိုင်နက်တည်း လွှတ်ထုတ်လိုက်ကြသည်။
“မဟာဖျက်ဆီးခြင်းသိုင်းဟုတ်လား။ နိမ့်ကျတဲ့ ပုရွက်ဆိတ်ကောင်။ ဘယ်သူရဲ့ မဟာဖျက်ဆီးခြင်းသိုင်းက ဘယ်လောက် သန်မာမလဲ ကြည့်ရအောင်။”
ဝမ်ချောင်၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းက ရုတ်တရက် လက်သွားသည်။ သူ၏ ကိုယ်မှ ကြယ်တာရာ စွမ်းအင်များက ပေါက်ကွဲ၏။ သူဟာ တလောကလုံးကို ဝါးမျိုနိုင်သည်ထက် သာလွန်လွန်းသော ဖျက်ဆီးခြင်း စွမ်းအားများကို လွင့်ထုတ်လိုက်လေသည်။
အလင်းတန်းများက ပေါက်ကွဲလာသောအခါ
“…”
ဝမ်ချောင်က လေထဲ ခုန်တက်သွားသည်။ အာကာသပြင်ကလည်း တွန့်လိမ်ကုန်သည်။ သူ၏ ပတ်ဝန်းကျင်ကလည်း တွန့်လိမ်ကုန်၏။ ကြမ်းတမ်းသော ဖျက်ဆီးခြင်းစွမ်းအင်များက သူ၏ ကိုယ်ထဲမှ ဖြာထွက်လာလေပြီး မီးတောင် ပေါက်ထွက်လာသလိုမျိုး ဖြစ်လာသည်။
သူ၏ အခြေအနေမျိုးတွင် ဝမ်ချောင်ကလည်း ထိုတိုက်ကွက်ကို လက်ခံရရှိလိုက်ပါက သေလျှင်သေ မသေလျှင် သေခါနီး အခြေအနေသို့ ရောက်သွားနိုင်သည်။
သို့သော် အံ့ဩစရာ ကောင်းလောက်အောင် ဝမ်ချောင်က ထိုဖျက်ဆီးခြင်း ပုံရိပ်က ချဉ်းကပ်လာသည်ကို မြင်ပြီး ပျော်သွားသည်။
ဝုန်း
မဟာယင်ယန် ကောင်းကင် ဖျက်ဆီးခြင်းသိုင်းမှ ပြင်းထန်သော စွမ်းအင်ဂိုဏ်းများက ရုတ်တရက် တစဆီ အက်ကွဲလာပြီးနောက်တွင် ဝမ်ချောင်က အနောက်ဖက်သို့ ပြန်ဆုတ်လိုက်သည်။ သူသည် အနောက်ဖက်ရှိ ဂူထဲသို့ခုန်ဝင်လိုက်လျှင် သူကိုယ်တိုင်လည်း တဖက်မှ ဝမ်ချောင်နှင့် ချလိုက်သည်။
ဟင်
လေထဲမှ “” ဝမ်ချောင်သည်လည်း ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ ထိုအပြုအမူနှင့် နောက်ဆုတ်သွားသော လုပ်ရပ်က ယခုလေးတင် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချထားသော ဝမ်ချောင်နှင့် ခြားနားလေသည်။ မတူညီသည့် လူနှစ်ယောက်တွင် ထိုအခြေအနေတွင် “” ဝမ်ချောင်သည် မတုံ့ပြန်နိုင်သေးခင် ဝမ်ချောင်၏ အသံကို ကြားရသည်။
“မင်းသေပြီ”
“ဝမ်ချောင်၏မျက်နှာက တင်းမာပြီးနောက် သူ၏ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်းတစ်ခုခြင်းဆီတိုင်းက ပြင်းထန်လွန်းသော နာကျင်မှုကို ခံစားရပြီး ထိုးထွက်နေသော ကြယ်တာရာ စွမ်းအင်များလည်း သူ၏ သွေးကြောများထဲ ရုတ်တရက် ကစဉ့်ကလျား ဖြစ်သွားသည်။
သူက ကြိုတင် ပြင်ဆင်ထားသော မဟာဖျက်ဆီးခြင်းသိုင်းက အက်ကွဲသွားလေပြီး ပြင်းထန်သော အားတစ်ရပ်က သူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
“”ဝမ်ချောင်သည် သွေးကို အန်လိုက်ရ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျကာ မြေပြင်နှင့် ဆောင့်ရိုက်မိရင်း စူးရှစွာ အော်ဟစ်လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
မီတာ သုံးဆယ်ကျော်ခန့်အကွာရှိ ဂူထဲမှ ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားသည်။ ယခု “” ဝမ်ချောင်က မြေပေါ်သို့ ပြုတ်ကျသွားသည်။ ဝမ်ချောင်က အရိုးသားဆုံး အနေအထားမျိုးနှင့် တိုက်ခိုက်ပေးလိုက်သည်။
သူသည် ချက်ခြင်းဆိုသလိုပင် လေဟာနယ် ရွေ့လျားမှု သိုင်းကို ထုတ်သုံးလိုက်သည်။ သူဟာ ထိုဂူကို ချက်ခြင်းဆိုသလို ကျော်ဖြတ်လိုက်ပြီး ဓားတစ်လက်ကို ကောက်ဆွဲ၍ အရှေ့ဖက်သို့ ခုန်ဝင်သွားကာ “”ဝမ်ချောင်၏ ကိုယ်ထဲသို့ ဓားကို ထိုးသွင်းလိုက်သည်။
ချက်ချင်းဆိုသလို တိုက်ပွဲက ပြီးသွားသည်။ အရာအားလုံးက ခဏရပ်သွားသည်။ ပတ်ဝန်းကျင်ရှိ ထိန်းချုပ်ခံ သိုင်းပညာရှင်များ အားလုံးက တွန့်လိမ်မှု ရပ်တန့်သွားသည်။ -ပတ်ဝန်းကျင်တစ်ခုလုံးက ခဲသွားသော အချိန်အောက်တွင် ရပ်တန့်သွားသကဲ့သို့ ထင်ရလေသည်။ ဂူတစ်ခုလုံးက အချိန်၏ အေးခဲမှု အောက်သို့ ရောက်သွားသကဲ့သို့ ထင်ရလေသည်။
******
အခန်း၁၄၆၂
ဝင်ပူးခြင်း
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါမင်းရဲ့ သိုင်းတွေကို ငါတို့ သုံးလို့ ရမှန်း မဖြစ်နိုင်ဘူး။”
“”ဝမ်ချောင်က ယခုအခါ ပုဇွန်လေးအလား ကွေးနေသည်။ သူ၏ ခန္ဓာကိုယ်က ဝမ်ချောင်၏ ဓားအောက်တွင် သေစေနိုင်သော နေရာကို အထိုးခံထားရသည်။ ဝမ်ချောင်၏ လက်မောင်းတနေရာကို ကပ်တွယ်ပြီး ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေလေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း အံ့အားသင့်မှုသော အမူအရာမျိုးက ပေါ်ထွက်နေသည်။ နောက်ဆုံး ကြယ်တာရာစွမ်းအင်များ ရိုက်ခတ်ခံရမှုက သက်ရောက်ခံနေရသေးပုံပေါ်သည်။ သူသည် ဝမ်ချောင်၏ ထိုးလာသော ဓားကိုပင် သေချာ မတုံ့ပြန်နိုင်ပေ။
“ဒီလောကမှာ ငါ မထိန်းချုပ်နိုင်တဲ့ လူသားဆိုတာမျိုး မရှိဘူး။ ငါ မတုပနိုင်တဲ့ သိုင်းဆိုတာမျိုးလည်း မရှိဘူး။ ငါမသုံးနိုင်တဲ့ သိုင်းကို မရှိတာ။”
“”ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်သည်။ သူ၏ ပါးစပ်ထဲမှ သွေးများက တစပ်စပ် စီးကျလာသည်။ သူ၏ စိတ်ကလည်း ကိုယ်ထဲတွင် ပြောင်းလဲနေသည့် ကြီးမားလွန်းသော အလှည့်အပြောင်းကိုသာ အာရုံစိုက်ထားသည်။
ဝမ်ချောင်ကို ပြိုင်ဖက်ကို ကြည့်ရင်း ရုတ်တရက် ပြောသည်။
“မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ။ မင်းက သိုင်းပညာကို သေချာ နားမလည်ဘူး။ တုပဖို့ပဲ သိတယ်။”
သူက အမည်မသိ သတ္တဝါကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နှမြေတသ ဖြစ်သော အကြည့်များက ပေါ်လာသည်။ သူသည် အမှန်တကယ် လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သို့သော် ပြစ်ချက်က သိသာသည်။
“ငါက ဒီနေရာကို မဝင်ရောက်ခင်ကတည်းက ငါ့ရဲ့ သွေးကြောမျှင်အားလုံးက ကစဉ့်ကလျား ဖြစ်ပြီး ----စွမ်းအင်တွေကို အက်ကွဲစေတဲ့ ကျင့်ကြံခြင်း သွေဖယ်မှုဒဏ်ကို ခံစားနေခဲ့ရတာ ကြာပြီ။ မင်းက ငါ့ရဲ့ မဟာယင်ယန် ကောင်းကင် ဖန်တီးခြင်း သိုင်းကို တုပနိုင်တာက တချက်။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း သွေဖယ်မှုကိုပ တုပထားတာက တချက်ဖြစ်သွားတယ်။ မင်းက ဘာမှန်းလို့ ငါမသိပေမဲ့လည်း မင်းအနေနဲ့ သိုင်းပညာတွေရဲ့ အခြေခံ အကျဆုံး ဗဟုသုတကိုတောင် မပိုင်ဆိုင်ထားဘူး။ နောက်ပြီး ကြယ်တာရာ စွမ်းအင်က ဘာမှန်းဆိုတာကို မင်းမသိလိုက်ဘူး။ ဘယ်လို တိုက်ခိုက်ရမှန်းလည်း မသိဘူး မဟုတ်လား။”
“ဆိုတော့ အဲဒီလို ဖြစ်သွားတာလား။”
“”ဝမ်ချောင်ကို ခေါင်းကို တဖြည်းဖြည်းချင်းဆီ မော့သည်။ သူ၏ မျက်ဝန်းထဲတွင် အေးဆေး ပေါ့ပါးသော အကြည့်မျိုးက ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာက စတင်ကာ ဝါးလာသည်။ သူသည် ယခင်က ပုံစံကို မထိန်းသိမ်းထားနိုင်တော့ချေ။ ပုံရိပ်ယောင်က လိုက်ကာ ဖယ်လိုက်သကဲ့သို့ ဖြည်းဖြည်းချင်း စုတ်ပြဲသွားပြီးနောက်တွင် သတ္တဝါ၏ အစစ်အမှန်ပုံက ပေါ်လာသည်။
ထိုအရာကို သတ္တဝါဟု ခေါ်ရပေလိမ့်မည်။ အကြောင်းမူကား ဝမ်ချောင်၏ အရှေ့မှ အရာက လောက၏ နားလည်နိုင်စွမ်းသော အရာများအားလုံးကို ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ဝမ်ချောင်၏ နှစ်ဘဝစာ မှတ်ဉာဏ်နှင့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော သူကပင် ဒီလောကမျိုးတွင် ထိုကဲ့သို့သော သတ္တဝါမျိုးကို တည်ရှိမည်ဟု မတွေးဘူးပေ။
သူ၏ ခန္ဓာကိုယ်က ပိန်းပိတ်အောင် မဲမှောင်လွန်းနေသည်။ အမွှေးများ ပြည့်နှက်လေသည်။ သူဟာ ဖျံနှင့် တူသည်။ သို့သော် အမျိုးမျိုးသော အဖက်ဖက်က ကွာခြားနေသေးပြန်၏။
သူ၏ ခန္ဓာကိုယ်က ကြီးမားသော နွားသိုးကြီးအလား နှစ်မီတာခန့် မြင့်ပြီး အနက်ရောင်ခြုံလွှာကလည်း မြူအလား အုံ့ဆိုင်းနေလေသည်။ သို့သော် သူ၏ ခေါင်းက အထူးခြားဆုံး ဖြစ်သည်။ အကြောင်းမူကား တချက် ကြည့်လိုက်ရုံဖြင့် ထိုသတ္တဝါဟာ မကောင်းဆိုးဝါး ဖြစ်မှန်း သိနိုင်သည်။ သို့သော် သူ၏ ခေါင်းကမူ အချို့သော နေရာ အစိတ်အပိုင်းများက သားရဲပုံသဏ္ဌာန်ပေါ်နေသော်လည်း နေရာအများစုကမူ လူသားမျက်နှာနှင့် တူသည်။ မျက်ခုံး မျက်လုံး ပါးစပ် နှာခေါင်း အရာများအားလုံးက လူခေါင်းနှင့် ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိတူနေလေသည်။
တူညီမှုဟာ ပြင်းထန်လွန်းသဖြင့် ဝမ်ချောင်ကပင် ထိုမျက်နှာ၏ နဂို--- ကိုက မည်သည့်ပုံသဏ္ဌာန်မျိုး ရှိကြောင်း ပြောရန်ပင် ပိုမို ခက်ခဲသွားသည်။ သို့သော် ယခုအခါ သူ၏ အစစ်အမှန် ပုံစံ ပေါ်လာခဲ့ပြီးနောက် ဝမ်ချောင်သည် ထိုမကောင်းဆိုးဝါးက မည်သည့်အတွက် ရုတ်တရက် ရပ်တန့်သွားပြီးနောက် နဂိုမူလ ပုံသဏ္ဌာန်ကို ပြောင်းလဲသွားခဲ့ကြောင်း နားလည်လိုက်သည်။
ဝမ်ချောင်က မကောင်းဆိုးဝါး၏ ရင်ဖက်ကို ဓားဖြင့် ချိန်ရွယ်ထားသည်။ သို့သော် အမှန်တိုင်း ဆိုရသော် ခေါင်းကို ထိုးမိလိုက်ခြင်း ဖြစ်နေသည်။ ကံကောင်းသွားသော ရိုက်ချက်ကြောင့်သာ မဟုတ်လျှင် ထိုပြိုင်ပွဲက ထိုမျှ စောစော ပြီးသွားလိမ့်မည် မဟုတ်ချေ။
“ဒါပေမဲ့ အပျော်မလွန်နဲ့ဦး”
ထူးဆန်းသော မကောင်းဆိုးဝါး၏ မျက်နှာက နာကျင်မှုများဖြင့် ရုန်းကန်နေလေသည်။
“တိုက်ပွဲက ပြီးဖို့ လိုသေးတယ်။ ဘယ်သူကမှ ငါ့ကို အလဲ မထိုးနိုင်ဘူး။”
ဝမ်ချောင်က ဘာမှ မလုပ်နိုင်သေးခင် မကောင်းဆိုးဝါး၏ ကိုယ်ထဲမှ အဆမတန် များပြားလွန်းသော စွမ်းအားတစ်ရပ်က ဖောက်ထွက်လာသည်။ ဝမ်ချောင်၏ မျက်နှာက ဖောက်ထွက်သွားပြီး သူဟာ ရိုက်ခတ်တော့မည့် အခိုက်အတန့်တွင်ပင် မမြင်ရသော ချုပ်လှောင်မှု တခုက သူနှင့် ထိုမကောင်းဆိုးဝါးအကြား ဖြစ်ပေါ်လာလေပြီး သူတို့၏ စိတ်စွမ်းအင်များကို တံတားသဖွယ် ပေါင်းစည်းလိုက်စေသည်။
ဂူထဲတွင်ပင် အမျိုးမျိုးသော သိုင်းပညာရှင်များရှိနေသည်။ သူတို့၏ မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်ထားကြပြီး သစ်သားတိုင်များအလား တောင့်တင်းကာ ရပ်နေကြ၏။
သူတို့က လဲကျသွားသည့် အခိုက်အတန့်တွင်ပင် ဝမ်ချောင်ဟာ သူတို့၏ ကိုယ်ထဲမှ ထိတွေ့ကိုင်တွယ်၍ ရသော စိတ်စွမ်းအင်များက စီးထွက်လာသည်။ မကောင်းဆိုးဝါးထဲသို့ ဖောက်ဝင်သွားကြောင်း မြင်လိုက်ရလေသည်။
ဝမ်ချောင်နှင့် တိုက်ခိုက်နေချိန်တွင် အမည်မသိရသော သတ္တဝါဟာ မြင့်မားလှစွာသော သိုင်းပညာရှင်များကို ထိန်းချုပ်ထားပြီး ပုံရိပ်ယောင် လောကထဲမှ ထိုသိုင်းပညာရှင်များကို ထိန်းချုပ်ရန် ကြိုးကိုင်နေခြင်း ဖြစ်သည်။
ယခုအခါ မမျှော်လင့်ထားသော ရန်သူ တစ်ယောက်ဖြစ်သည့် ဝမ်ချောင်နှင့် လာရောက် တွေ့ဆုံခြင်းသည် ထိုအမည်မသိ ရသော မကောင်းဆိုးဝါးသည် သူထုတ်သုံးထားသမျှ စိတ်စွမ်းအင်များအားလုံးကို ပြန်လည်ရုတ်သိမ်းပြီး ဝမ်ချောင်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ဝုန်း”
ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များလွန်းသော စိတ်စွမ်းအားမြစ်တစ်စီးက လေထဲတွင် ဖြတ်သန်းကာ စီးဆင်းလာချိန်တွင် ဝမ်ချောင်ကပင် တချက် ညီးညူးလိုက်မိသည်။ သူ၏ နှစ်ဘဝ ရှင်သန်ခဲ့သော အတွေ့အကြုံများအရ ပုံမှန်မဟုတ်သော အင်အားကြီးမားလွန်းသည့် စိတ်စွမ်းအင်များသည် မာစီကပင် တကူးတက ချီးကျူးရလောက်သည်ဟုပင် တွေးမိသွားသည်။ ဝမ်ချောင်သည် စိတ်စွမ်းအင်နယ်ပယ်တွင် အတော်လေး ကျွမ်းကျင်နေပြီးသားဖြစ်သည်။
သို့သော် ထိုကြမ္မာနှင့် နှိုင်းယှဉ်သောအခါ သူဟာ တောက်ပမှုများ ပေျာက်ဆုံးသွားလေသည်။
လေထဲတွင် စုဝေးလျက်ရှိနေသော စိတ်စွမ်းအင်များက ဝမ်ချောင်အပိုင်စွမ်းအားများနှင့် ဆယ်ဆကျော်ခန့် များပြားလွန်းသည်။ ဝမ်ချောင်က ပထမဦးဆုံး အကြိမ်ပင် ကြောက်စရာ ကောင်းလောက်သော စိတ်စွမ်းအင်များကို မြင်ဖူးခြင်း ဖြစ်သည်။
“မင်းက ငါ့ရဲ့ အသွေးသားခန္ဓာကိုယ်ကို ဖျက်ဆီးကတည်းက ငါမင်းရဲ့ ကိုယ်ပဲ သုံးတော့မယ်။”
အမည်မသိရသော သတ္တဝါ၏ အသံက ဝမ်ချောင်၏ အနားတွင် ဟိန်းထွက်လာသည်ကို ကြားပြီးနောက် ဝေဝါးလွန်းသော စိတ်စွမ်းအား တစ်ရပ်က ဝမ်ချောင်၏ စိတ်ကို ----- ဆောင့်တိုက်လာသည်။ ဝမ်ချောင်၏ ကိုယ်က တောင့်တင်းသွားသည်။ သူ၏ သွေးကြောများ အားလုံးကလည်း နာကျင်စွာ ဖမ်းဆုတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် လှုပ်ရှားမှု ကင်းမဲ့ကာ ယိုင်ယဲ့သွားသည်။ ထိုတင်မကသေးချေ။ ဝမ်ချောင်ကလည်း စိုးယုတ်သော စိတ်စွမ်းအား တစ်ရပ်က ---- ကဲ့သို့ ---- လေပြီး သူ၏ စိတ်အနက်ရှိုင်းဆုံး အပိုင်းထဲသို့ တိုးဝင်ရန် ကြိုးစားလာသည်ကို မြင်လိုက်ရလေသည်။
“ဝင်ပူးတာ”
ဝမ်ချောင်သည် အဖြစ်အပျက်ကို ချက်ခြင်း နားလည်လိုက်သည်။ သူဟာ ထိုခံစားချက်နှင့် မစိမ်းသက်ပေ။ သူသည်လည်း မဟာစည်က သာလှ၏ တိုက်ပွဲ အတောအတွင်း စိတ်စွမ်းအားများကို ထိုသို့ အသုံးပြုပြီး ထိန်းချုပ်ခဲ့ဖူးသည်။
သို့သော် သူယခု ရင်ဆိုင်နေရသော စိတ်စွမ်းအင်ကမူကာ မဟာစည်ထက် အဆပေါင်းများစွာ ပြင်းထန်လွန်းသည်။ မဟာစည်ကသာ မာကျောသော ကျောက်သားဆိုလျှင် ဒီအမည်မသိရသော သတ္တဝါက အလွန်အမင်း သိပ်သည်းက အုပ်ဆိုင်းပြီး ကောင်းမွန်စွာ ဖန်တီးထားသည့် သံမဏိချောင်းကြီးနှင့် တူသည်။
အခုလိုမျိုး ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသောအခါ ဝမ်ချောင်၏ စိတ်စွမ်းအင်များက အမြစ်ဖြတ် သုတ်သင်ခံရသည်။
ထိုသူသည် ဝမ်ချောင် ပြန်လည် မွေးဖွားစဉ်ကတည်းက ရင်ဆိုင်ရသော ရန်သူများထဲတွင် အင်အား အကြီးမားဆုံးသော စိတ်စွမ်းအင် ရန်သူ ဖြစ်သည်။
အဆင့်လွန်သိုင်း တောက်ပတဲ့နေမင်း။
ဝမ်ချောင်ကို ထိုမကောင်းဆိုးဝါး ဝင်ပူးတော့မည့် အခိုက်အတန့်တွင် သူ၏စိတ်က ရုတ်တရက် ဝုန်းကနဲ မြည်သွားပြီး ဗန်းကနဲ အသံထွက်လာသည်။ သူ၏ စိတ်စွမ်းအင် အလယ်ဗဟိုမှ ပူလောင်ကျိန်းဆက်နေသော မီးက ပေါ်ထွက်လာသည်။
“ကျိန်း”
လောကက လှုပ်ခါသွားသည်။ ဝမ်ချောင်၏ စိတ်ထဲတွင် ကြီးမားကာ တောက်ပသော နေမင်းကြီးက ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ နောက်ဆုံးတွင် သူ၏ အင်အားကြီးမားသော စိတ်ဝိညာဉ်သိုင်းကို ထုတ်သုံးလိုက်သည်။
အား
ဝမ်ချောင်၏ စိတ်က ရုတ်တရက် အော်သံများ ပြည့်သွားသည်။
“အဆင့်လွန်သိုင်း တောက်ပတဲ့နေမင်း။”
ထိုသိုင်းကြောင့် ဝမ်ချောင်ဟာ အစစ်အမှန်နေမင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းစွာ ပူပြင်းလွန်းသည့် အပူဓာတ်နှင့် တောက်ပသည့် စွမ်းအင်များကို တုပနိုင်စေသည်။ ထို့ကြောင့် ထိုအမည်မသိနိုင်သည့် သတ္တဝါ၏ အေးစက်ကာ ဆုတ်ယုတ်သော စွမ်းအင်နှင့် ဆန့်ကျင်ဖက် ဖြစ်ပြီး အဆိပ်သဖွယ် သက်ရောက်မှု ရှိပေသည်။
တောက်ပသော နေမင်းရဲ့ အကူအညီက တဆင့် သူသည် နောက်ဆုံးတွင် ထူးဆန်းသော စိတ်စွမ်းအင်များကို ရပ်တန့်စေအောင် လုပ်လိုက်နိုင်သည်။
“အသုံးမဝင်ဘူး။ မင်းမှာ နေမင်းရဲ့ စွမ်းအား ရှိရင်တောင်မှ ငါ့ကို မတားနိုင်ဘူး။”
အမည်မသိရသော သတ္တဝါ၏ သာလွန်လွန်းသော ရက်စက်သည့် အသံက ဝမ်ချောင်၏ စိတ်တွင် ဟိန်းထွက်လာသည်။ ယခုအခါ အသွေးအသားနှင့် ခန္ဓာကိုယ်၏ ရှုပ်ထွေးမှုများမှ ကင်းလွတ်သွားသောကြောင့် ထိုမကောင်းဆိုးဝါးက နောက်ဆုံးတွင် အရာအားလုံးကို ထိန်းချုပ်နိုင်သွားသည်။
“ဒါက နေရဲ့ စွမ်းအားပဲ မဟုတ်ဘူးလား။ ငါလည်း လုပ်နိုင်တယ်။ မင်းငါ့ရဲ့ ရှေ့မှာ ဘာလျို့ဝှက်ချက်မှ မထားနဲ့။”
ဝမ်ချောင်၏ စိတ်စွမ်းအား အစောပိုင်းတွင် နောက်ထပ် ---- အသံ တချက် ပေါ်လာသည်။ ဝမ်ချောင်က အံ့အားသင့်ပြီး မော့ကြည့်လိုက်သောအခါ နောက်ထပ် အလင်းများ ပေါက်ထွက်လာသော မြင်ကွင်းကို တွေ့လိုက်ရသည်။ ဝမ်ချောင်၏ အဆင့်လွန်သိုင်း တောက်ပသော နေမင်းကလည်း တဖန်ပြန်လည်ပြီး အသုံးပြုခံလိုက်ရသည်။
ဒီတကြိမ်တွင် အသုံးပြုသော သူက ဝမ်ချောင်မဟုတ်ဘဲ တဖက်မှ --သတ္တဝါ ဖြစ်နေသည်။
ချက်ခြင်းဆိုသလိုပင် ကြီးမားလွန်းသော တောက်ပသော နေမင်းကြီးက ပေါ်ထွက်လာသည်။ တောက်ပလွန်းသော ထိုနေမင်း၏ အလင်းရောင်နှင့် ပူပြင်းလွန်းသော စွမ်းအားများအပြင် နေအစက်အပြောက်များကပင် အားလုံးရှိနေပြီး ဝမ်ချောင်၏ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော နေပုံစံနှင့် တထေရာထဲ တူညီသည်။
ဝမ်ချောင်ကလည်း သူ၏ နှလုံးသားဟာ လေးလံသွားသလို ခံစားလိုက်ရသည်။
ထိုအတွက်ကြောင့်လည်း သတ္တဝါက သူ၏ မြောက်မြားလွန်းသော စိတ်စွမ်းအင်များကိုအသုံးပြုပြီး သူ့အား တဖက်လူ ဖန်တီးထားသော စိတ်စွမ်းအင် လောကထဲသို့ ဆွဲခေါ်သွားသည်။ ထိုသို့ဖြင့် ထိုသတ္တဝါဟာ သူ၏ စိတ်ထဲတွင် စိတ်စွမ်းအား တံဆိပ်တခု ကပ်နှိပ်နိုင်ခဲ့၏။ ထိုသို့မကသေးလေဘဲ သူ၏ မှတ်ဉာဏ်နှင့် လျို့ဝှက်ချက် အချို့ကိုပင် သိလိုက်သည်။
တစုံတယောက်ဟာ သူ၏ စိတ်ထဲမှ နေမင်းနှင့် ပတ်သက်သော လျို့ဝှက်ချက်များကို မရရှိသမျှ ထိုနေမင်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။ အကြောင်းမူကာ ဒီလောကက ထိုအကြောင်း မသိသောကြောင့် ဖြစ်သည်။
ဝမ်ချောင်သည်လည်း သူဟာ သူ၏ ဘဝတွင် အခက်ခဲဆုံးသော အခက်အခဲ တစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။ သူ၏ အင်အား အကြီးမားဆုံး တိုက်ကွက်များ အားလုံးက ထူးခြားမှု မရှိပေ။
“မင်းက ဘယ်လောက် လေးစားဖို့ ကောင်းလိုက်သလဲ ဆိုတာ ကြည့်ရအောင်။”
အမှောင်ထဲမှ မြောက်တက်လာသော နေမင်းကြီးကို မြင်လိုက်သည်နှင့် ဝမ်ချောင်က နှလုံးသားကို မာကျောစေလိုက်သည်။ ထိုအမည်မသိရသော သတ္တဝါ၏ အပြုအမူက သူ၏ မာနကို လှုံ့ဆော်နိုင်သည်။ သူက စတင်ကာ အရင် လက်ဦးမှု ယူလိုက်ပြီး သူ၏ တောက်ပသော နေမင်းကို အရ ထိန်းချုပ်၍ ထိုလျှို့ဝှက်ဆန်းကျယ်သော သတ္တဝါက ဖန်တီးထားသော နေမင်းထံသို့ မောင်းနှင်လိုက်လေသည်။
အတွေးလောကတွင် အရှိန်နှင့် အချိန်ကို အပြင်လောကကဲ့သို့ တိုင်းတာ၍ မရပေ။ သို့ရာတွင် ထိုသတ္တဝါက ဝမ်ချောင်ထက် အစပေါင်းများစွာ သန်မာသည်။ သို့သည်အောင် ထိုနေမင်းကို မရှောင်နိုင်ခဲ့ပေ။
ချိန်း
ဗုန်း
ထိုသို့ အလားတူ ကြီးမားသော နေကြီးနှစ်စင်းက ထိပ်တိုက် ရင်ရင်ရသောအခါ ကောင်းကင်က ဆုတ်ပြဲသွားပုံပေါ်လေသည်။ ဒီဂရီ သောင်းကျော်သော အပူဓာတ်များက ဖြာထွက်၍ စိတ်စွမ်းအား လောကထဲတွင် ပေါင်းစုံသည်။
သက်ရောက်မှု၏ ကြီးမားမှုကို ဖော်ပြရန်ပင် မဖြစ်နိုင်လောက်ပေ။ ထိုသတ္တဝါ၏ စိတ်စွမ်းအင်က ဝမ်ချောင်ထက် အဆပေါင်းများစွာ အင်အားကြီးမားသည်။ အဆပေါင်းများစွာ မြောက်မြားသည်။ သို့တိုင်အောင် ယခုလို အဆင့်လွန် သိုင်းများ၏ ပေါက်ကွဲမှုအောက်တွင် ပြင်းထန်သော သက်ရောက်မှုကို ခံရပြီး လှုပ်ခါသွားလေသည်။
“ပုရွက်ဆိတ်ကောင် မင်းငါ့ကို အလဲမထိုးနိုင်ပါဘူး။ ရှေးခေတ်ကာလကတည်းက အဲ့ဒီနတ်တွေ နတ်ဆိုးတွေတောင်မှ ငါ့ကို မဖယ်ရှားနိုင်သေးတာ။ မင်းလိုမျိုး ဘာမဟုတ်တဲ့ လူသားတစ်ကောင်က ဘာလုပ်နိုင်မှာလဲ။”
လျှို့ဝှက်ဆန်းကျယ်သော သတ္တဝါ၏ အသံက ဝမ်ချောင်၏ စိတ်အတွင်း ပဲ့တင်ထပ်သွားသည်။
အခန်း(၁၄၆၃)
ဆိုးယုတ်သူက ဆိုးယုတ်တဲ့ ဆုလာဒ်ကိုပဲ ပြန်ရရှိတတ်တယ်။
ဘုန်း ဘုန်း ဘုန်း
မကောင်းဆိုးဝါးက ကျယ်လောင်စွာ ပြောပြီးသည်နှင့် နေနှစ်စင်းဟာ အချင်းချင်း ရိုက်မိသွားသည်။ ထိုသို့ ရိုက်မိသွားသောကြောင့် ဖြာထွက်လာသည့် အားလှိုင်းများက စိတ်စွမ်းအားလောကမှတဆင့် ပျံ့ထွက်လာသည်။
ဝမ်ချောင်နှင့် ထိုလျို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါး၏ တိုက်ပွဲက ကျူးကျော်မှုနှင့် ပြန်လည် ထိပ်တိုက်ရင်ဆိုင်ကာ ကျူးကျော်မှုဆိုသော အတိုင်းအတာကိုပင် ကျော်လွန်သွားလေပြီး ဝင်ပူးမှုနှင့် ပြန်လည် ဝင်ပူးရန် ကြိုးစားမှု၊ သိမ်းယူမှုနှင့် ပြန်လည်သိမ်းယူရန် ကြိုးစားမှု... စသဖြင့် ဆက်လက် ကြီးမားသွားလေသည်။
ထိုတိုက်ပွဲတွင် တိုက်ခိုက်သူ နှစ်ယောက်လုံးက ရနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုထားသည်။ ဝမ်ချောင်၏ စိတ်စွမ်းအင်ဟာ ရန်သူထက် အားနည်းနေသော်လည်း ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုတိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း နားလည်သေးသည့်တိုင်အောင် သူဟာ ထိုမကောင်းဆိုးဝါး ဝင်ပူးခံရရင်း အဆုံးသတ်သွားနိုင်ကြောင်း သိနေသော်လည်း သူ၏စိတ်ကမူ ထာဝရ အကျဉ်းချခံမည်မဟုတ်ပေ။
“မင်းကငါ့ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးချင်ရင် အဲ့ဒီလို ဝင်ပူးနိုင်စွမ်းအား ရှိဖို့လိုအပ်တယ်”
ဝမ်ချောင်၏ စိတ်စွမ်းအင်များက ရူးသွပ်စွာနှင့် ပြန်လည်တိုက်ခိုက်သည်။ သူဟာ အားနည်းသော်လည်း သူ၏ တိုက်ကွက်များက မကောင်းဆိုးဝါးထက်ပင် ကြမ်းတမ်းသေးသည်။
စိတ်စွမ်းအင်လောကမှ တိုက်ပွဲက အထူးတလည် ကြမ်းတမ်းသည်။ ပြင်းထန်လာသည်နှင့်အမျှ သူတို့၏ မှတ်ဉာဏ်များက ရောနှောကုန်သည်။
“စိတ်ဝင်စားစရာပဲ မင်းမှာ လူနှစ်ယောက်ရဲ့ မှတ်ဉာဏ် ရှိနေတာပဲ။ နေဦး နှစ်ယောက်လုံးကမင်းပဲ။ အာ မင်းက တကယ်တော့ မတူညီတဲ့ နှစ်ဘဝရှင်သန်ခဲ့တာပေါ့။ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အာ နေဦး နေဦး မင်းမှာ နောက်ထပ်မှတ်ဉာဏ် ရှိသေးတယ်။ ဒါပေမဲ့ ဘယ်လို ... ”
“ဒါက ပထမဦးဆုံး အကြိမ်အဖြစ် လျို့ဝှက်ချက်တွေ အများကြီးရှိတဲ့ လူသားတစ်ယောက်ကို မြင်ဖူးတာပဲ။ မင်းမှာ ဘာတွေဖုံးကွယ်ထားတာ ရှိလဲလို့ ငါကြည့်ဦးမယ်”
အမည်မသိရသော သတ္တဝါ၏ အသံက ထိုလောကထဲတွင် ဟိန်းထွက်နေသည်။ သူသည် ဝမ်ချောင်အား ပုံရိပ်ယောင် လောကထဲတွင် အရင်ဦးဆုံး ပိတ်လှောင်ခဲ့ချိန်က ဝမ်ချောင်၏ အပေါ်ယံမှတ်ဉာဏ်များကိုသာ နားလည်ခဲ့သည်။ အထူးသဖြင့် သိုင်းပညာများနှင့် တိုက်ပွဲဝင် အတွေ့အကြုံသာဖြစ်သည်။
သို့သော် ယခုအခါ သူသည် ဝမ်ချောင်၏ မှတ်ဉာဏ် အတွင်းပိုင်းထဲသို့ စတင်ကာ တတိတိ တိုက်စားဝင်ရောက်နေပြီးနောက် အစစ်အမှန် အရေးကြီးသည့် လျို့ဝှက်ချက်များကို သိလာသည်။
အင်အားကြီးမားလွန်းသော စိတ်စွမ်းအင် အရန်အတားကို ပိုင်ဆိုင်ထားပြီး သူတစ်ယောက်တည်းသာ ရွေးချယ်ထားသည့် မှတ်ဉာဏ်များက သူတို့၏စိတ် အနက်ရှိုင်းဆုံး အပိုင်းနားတွင် ပုန်းကွယ်လျှက် ရှိနေသော အရေးအကြီးဆုံး မှတ်ဉာဏ်များဖြစ်တတ်သည်။ ဒါဟာ ထိုသတ္တဝါ ယခင်က မသိနိုင်ခဲ့သော မှတ်ဉာဏ်များလည်းဖြစ်သည်။
သို့ရာတွင် သူဟာ ဝမ်ချောင်၏ စိတ်အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သွားပြီးနောက် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော မကောင်းဆိုးဝါးကပင် တုန်လှုပ်သွားရသည်။
ထိုလူသား၏ လျို့ဝှက်ချက်များက သူ၏ စိတ်ကူးယဉ်နိုင်စွမ်းအားကို ကျော်လွန်သွားသည်။ ထိုလူသားဟာ နှစ်ဘဝ သို့မဟုတ် သုံးဘဝ .... မတူညီသော ဘဝအသီးသီးတွင် နေထိုင်နိုင်ခဲ့ခြင်းက မဖြစ်သင့်ပါချေ။
ထိုမကောင်းဆိုးဝါးသည် ယခုလို အခြေအနေမျိုးကို မမြင်ဖူးသေးချေ။
ထိုမကောင်းဆိုးဝါးက သူ၏ တိုက်ခိုက်မှုကို ချက်ချင်းလိုလို နှစ်ဆခန့် မြှင့်တင်လိုက်သည်။ တောင်တန်းလို ဖိအားများက အဘက်ဘက်မှ ပြုတ်ကျလာ၏။ ဝမ်ချောင်သည် နောက်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် တွန်းထုတ်ခံနေရကာ ပြိုကွဲလုနီးပါး ဖြစ်လာ၏။
“အရာအားလုံး ငါ့ကိုပြစမ်း”
မကောင်းဆိုးဝါးက ရူးသွပ်စွာ အော်ဟစ်သည်။
လောကရှိ မည်သည့်သတ္တဝါကမှ မတားဆီးနိုင်ချေ။ အတိတ်တွင်လည်း မရှိခဲ့ဖူးချေ။ အနာဂတ်တွင်လည်း ရှိလာလိမ့်မည် မဟုတ်ချေ။ သူသည်လည်း ဝမ်ချောင်၏ ခန္ဓာကိုယ်ကို သိမ်းယူနိုင်သည်အား မြင်ယောင်နေခဲ့ပြီးလေပြီ။ ထိုသို့ဖြင့် သူကိုယ်တိုင်ကပင် ထိုလူသားကို အရယူရပေမည်။
အနက်ရှိုင်းဆုံး အပိုင်းအတွင်းတွင် တည်ရှိနေသော ထိုလူသား၏ လျို့ဝှက်မှုများက ပြန်လည်မွေးဖွားမှု၏ လျို့ဝှက်ချက်ကို ပိုင်ဆိုင်ထားသည်နှင့် တူနေသည်။
သို့သော် ထိုမကောင်းဆိုးဝါးကမူ ထိုသို့ ဝင်ပူးရန်အတွက် ပြင်းထန်စွာ ကြိုးစားနေခဲ့ချိန်တွင် ဝမ်ချောင်ဟာ တည်ငြိမ်နေသည့် အချက်ကို သေချာသတိမထားမိခဲ့ချေ။ သူဟာ ဆက်တိုက်ဆိုသလို တိုက်ခိုက်တတ်သည်။ ဂူထဲမှ သူ၏ခန္ဓာကိုယ်ကမူ ထိတ်လန့်မှုကို မပြသချေ။
အနှစ်ချုပ်ဆိုရသော် သူ၏ တင်းတင်းကြပ်ကြပ် ပိတ်ထားသော မျက်လုံးက ကြယ်တာရာစွမ်းအင်များ ဖြာထွက်ပြီး ထူးဆန်းသော အလင်းမျိုး လက်လာသည်။
ဝမ်ချောင်၏ အနီးစပ်ဆုံး လက်အောက်ငယ်သားဖြစ်သည့် ရွှီခဲ့ယွီကသာ ရှိနေခဲ့ပါက ဝမ်ချောင်သည်လည်း စွမ်းအင်လောကအတွင်းတွင် အာရုံစိုက်ထားကြောင်းကို သူ၏ကိုယ်မှ ဖြာထွက်နေသည့် စွမ်းအင်များကိုကြည့်ရင်း ကြည့်နိုင်ပေလိမ့်မည်။
ဝုန်း
ထိုမကောင်းဆိုးဝါးက ဂုဏ်ယူစွာနှင့် တိုက်ခိုက်နေခဲ့ချိန်တွင် သူ၏စိတ်အတွင်း အသံတစ်သံ ထွက်လာသည်။
“တိုက်ပွဲဟာ ပြီးဖို့အဝေးကြီး လိုသေးတယ်။ အောင်ပွဲခံ မစောနဲ့”
ထိုအသံသည် မကောင်းဆိုးဝါး၏ ကြမ်းတမ်းသော အော်ဟစ်သံနှင့် စိတ်စွမ်းအင် တိုက်ကွက်များ အားလုံးကို ရုတ်တရက် ရပ်တန့်သွားစေသည်။
“ဘယ်လို မင်း ဘယ်လိုသိတာလဲ”
ပထမဦးဆုံးအကြိမ်အဖြစ် သူ၏အသံထဲတွင် ထိတ်လန့်မှုက ပါလာသည်။
“အရာအားလုံးမှာ အားနည်းချက်ရှိတယ်။ ဒါက မင်းရဲ့အမြူတေထင်တယ်”
ကြီးမားသော ဂူကြီးအတွင်းမှ ဝမ်ချောင်က ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ညိုးနှင့် လက်ခလယ်အကြားတွင် အနက်ရောင် ပုလဲလုံးလေးကို ကိုင်ထားသည်။ ထိုနှစ်မီတာခန့်မြင့်သော မကောင်းဆိုးဝါးကြီး၏ ကိုယ်က ဓားဖြင့်ခွဲထုတ်ခံထားရသည်။
ခွက်
ထိုသို့ နှစ်ခြမ်းကွဲသွားသော မကောင်းဆိုးဝါးကြီး၏ ကိုယ်ပွားက ဘေးဘက်သို့ ခွက်ကနဲ မြည်သံနှင့်အတူ ပြုတ်ကျပြီး ဖုန်များကိုပင် တိမ်အလား မြောက်တက်လာစေသေးသည်။
အနီးအနားတွင် ပုံနေသော အရိုးများက လေထဲတွင် မြောက်တက်သွားသည်။ မကောင်းဆိုးဝါး၏ အလောင်းက ပြုတ်ကျသွားသည်နှင့် သူ၏လည်တိုင်နားမှ ပုလဲအရွယ်အစားခန့်ရှိသော အလုံးလေးကို မြင်နိုင်သည်။
“ခန္ဓာကိုယ် သေဆုံးပြီးသွားတဲ့နောက်မှာ ဘယ်သက်ရှိကမှ သေစေနိုင်တဲ့ တိုက်ကွက်ကို ခံစားပြီး ဆက်လက်ပြီး စိတ်ကိုတည်ငြိမ်နိုင်အောင် ထိန်းထားနိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့ခန့်မှန်းမှုသာ မှန်ရင် မင်းက ဒီအဖြူတေကို မှီခိုပြီး ရှင်သန်နေတာထင်တယ်”
“ပေါက်ကရတွေ မပြောနဲ့။ ဒါက မင်းဘာသာမင်း ထင်မြင်ယူဆနေတာ။ မင်းက အဲ့ဒီပုလဲကို ဖျက်ဆီးလိုက်ရင် ငါက မင်းရဲ့ခန္ဓာကိုယ်ကို တစ်ခါတည်း ဝင်ပူးလိုက်မှာပဲ”
“အဲ့ဒီလိုလား”
ဝမ်ချောင်က နှာခေါင်းရှုံ့လိုက်ပြီး ထိုပုလဲကိုကြည့်သည်။ သူ၏မျက်လုံးက လင်းလက်လာ၏။ သူဟာလည်း အတွေးအတိုင်း လုပ်လိုက်သည်။ သူ၏စိတ်စွမ်းအင် အနည်းငယ်ကို ခွဲထုတ်၍ ထိုပုလဲထံသို့ ပို့လိုက်၏။
“အား...”
ရုတ်တရက် မကောင်းဆိုးဝါး၏ စိတ်ထဲမှ ဆိုးရွားစွာ အော်ဟစ်သံကြီးက ထွက်လာသည်။
သူသည်လည်း အစောပိုင်းရှိ စိတ်စွမ်းအင်တိုက်ပွဲတွင် အားသာချက်ကြီးကို ခိုင်မြဲစွာ ဖမ်းဆုပ်ထားနိုင်ခဲ့သော်လည်း ယခုအခါ ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရပုံပေါ်သည်။
ဝမ်ချောင်သည်လည်း တစ်ဖက်သူက သူ၏ကိုယ်ထဲသို့ ပို့လွှတ်ထားသော စိတ်စွမ်းအင် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက တွန့်လိမ်ကာ တုန်ခါနေပုံအရ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပုံပေါက်ကြောင်း သိလိုက်သည်။
ဝမ်ချောင်၏ အခြားတိုက်ကွက်များပင်ဖြစ်စေ သူ၏ အဆင့်လွန်စေသော တိုက်ကွက်များကပင်ဖြစ်စေ မကောင်းဆိုးဝါးကို လှုပ်ခါအောင် မလုပ်နိုင်ခဲ့ချေ။ သို့သော် သူဟာ လက်ညိုးလေးကို အသာအယာ လှုပ်ခါလိုက်ရုံနှင့် စိတ်စွမ်းအားတိုက်ကွက် ရာကျော်၊ ထောင်ကျော်ထက် သက်ရောက်မှုပြင်းထန်သော ရလဒ်မျိုးကို ရလာသည်။
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် သူ၏ထင်မြင်ချက်က မှန်ကန်ကြောင်း သိလိုက်သည်။
စွမ်းအင်လောကကတစ်ဆင့် သူသည် ပြိုင်ဘက်၏ ဟာကွက်ကို မြင်လိုက်ရသည်။ ထိုကဲ့သို့သော နည်းလမ်းကို မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့ကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း ထိုသင်ခန်းစာကို ထုတ်သုံးသည်မှာ ပထမဦးဆုံး အကြိမ်လည်း မဟုတ်ပါချေ။ ထိုအတွက်ကြောင့် တစ်ဖက်အလောင်းက စွမ်းအင်များနှင့် လှုပ်ခတ်နေသေးကြောင်း မြင်လိုက်ရုံနှင့် မကောင်းဆိုးဝါးတွင် အားနည်းချက်ရှိကြောင်း သိလိုက်သည်။
ထိုမကောင်းဆိုးဝါးကြီးက မည်သည့်သိုင်းပညာရှင်ကမှ သံသယမဝင်လောက်အောင် မြောက်များလွန်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်ကပင် သူ့ကို မယှဉ်နိုင်ပေ။ သို့သော် သူ၏အမြူတေကမူ ထိုသို့မဟုတ်ပေ။
“မင်းငါ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုသိမ်းယူမလဲလို့ ကြည့်ပါဦးမယ်”
ဝမ်ချောင်က ထိုသို့ရယ်မောလိုက်ရင်း သူ၏လက်ကလေးကို ထိုအမြူတေပေါ်သို့ အသာလေး ပုတ်လိုက်သည်။
ဝေါင်း ဝေါင်း
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် စိတ်ထဲမှ အော်ဟစ်သံကို ကြားရပြန်သည်။ နဂိုက သူ၏စိတ်အတွင်း အပြည့်အဝ လျံထွက်မတက် ပြည့်နှက်နေလေသော စိတ်စွမ်းအင်များဟာ ဝရုန်းသုန်းကားဖြစ်ကာ မုန်တိုင်းထန်လာသည်။ ဝမ်ချောင်သည် ထိုအရာများကို အထူးတလည် ဘာမှလှုပ်ရှားရန် မလိုအပ်တော့ချေ။ ထိုသတ္တဝါ၏ စိတ်စွမ်းအင်များက လျှင်မြန်စွာဖြင့် အားနည်းလာနေကြောင်း ခံစားမိလိုက်သည်။
ယခုနှုန်းတိုင်းဆိုလျှင် သူလိုချင်သည် ရလဒ်မျိုးကို မရနိုင်လောက်တော့ပေ။
ထိုမကောင်းဆိုးဝါးသည် ယခင်က သူ့ကိုပုံရိပ်ယောင် လောကထဲသို့ ဆွဲခေါ်နိုင်ခဲ့သည့် အချိန်က ထည့်သွင်းခဲ့သည့် စိတ်စွမ်းအားတံဆိပ်ကို အသုံးပြုပြီး ဝမ်ချောင်နှင့် ဆက်သွယ်ကာ ယခုလိုမျိုး စိတ်အချင်းချင်း တံတားဖွဲ့လိုက်ခြင်းဖြစ်သည်။ မကောင်းဆိုးဝါး၏ စိတ်စွမ်းအင်က အားနည်းလာသည်နှင့် ဝမ်ချောင်သည်လည်း မကောင်းဆိုးဝါး၏ ကိုယ်ပေါ်မှ အချို့သော စိတ်စွမ်းအင်များက အသန့်စင်ဆုံး အနေအထားမျိုးသို့ ပြောင်းသွားလေပြီး သူ၏စိတ်ထဲသို့ ဝင်ရောက်လာနေကြောင်း သိလိုက်သည်။
ထိုစွမ်းအင်ကို ရင်ဆိုင်မိသော ဝမ်ချောင်က သူ၏ကိုယ်ပိုင် စိတ်စွမ်းအင်များသည်လည်း ထိုအရာများကို ချက်ချင်းလိုလို စုပ်ယူကြောင်း သိလိုက်သည်။ ထိုသို့စုပ်ယူပြီးသည်နှင့် ချက်ချင်းလိုလို စွမ်းအားများက မြင့်တက်လာ၏။ တခဏခန့်ကြာရုံသာ ရှိသေးသည်။ ဝမ်ချောင်၏ စိတ်စွမ်းအင်များက အင်အားအပြည့် ပြန်ဖြစ်သွားလေပြီး ပို၍ပင် အဆင့်မြင့်လာသေးသည်။
“ဘာတွေဖြစ်နေတာလဲ”
ထိုအပြုအမူက ဝမ်ချောင်ကို အံ့ဩသွားစေသည်။ သို့သော် တခဏခန့် တွေးတောပြီးသည်နှင့် အဖြစ်အပျက်ကို သိလိုက်သည်။
“ဟွန်း ဒါက ဆိုးယုတ်သူတွေက ဆိုးယုတ်တဲ့ ဆုလဒ်ကို ပြန်ရတယ်ဆိုတဲ့ အတိုင်းပဲ။ မင်းက အရင်ငါ့ရဲ့စိတ်ထဲမှာ မျိုးစေ့ကိုချသွားတယ်။ ဒါမှ ငါ့ရဲ့ခန္ဓာကိုယ်ကို ဝင်ပူးနိုင်မှာလေ။ ဒါပေမဲ့ အခုတော့ မင်းက ထွက်ပြေးချင်ရင်တောင်မှ မဖြစ်နိုင်တော့ဘူးမဟုတ်လား”
မကောင်းဆိုးဝါးသည် သူတို့နှစ်ယောက်ကြားတွင် တံတားဆောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က ပျက်စီးသွားသည်နှင့် ဝမ်ချောင်၏ ခန္ဓာကိုယ်ကို ချောမွေ့စွာ ဝင်ပူးနိုင်ကြောင်း မျှော်လင့်ခဲ့သည်။ သို့သော် ယခုအခါ ဝမ်ချောင်က ထိုတံတားကိုသုံးပြီး မကောင်းဆိုးဝါးကို ရင်ဆိုင်နိုင်သွားသည်။ သူတို့နှစ်ယောက်က ကြိုးတစ်ချောင်းဖြင့် ချည်ထားသလိုဖြစ်နေသည်။
ယခုအခါ မကောင်းဆိုးဝါး၏ စိတ်စွမ်းအင်များက အားနည်းလာသည်။ တစ်စစီ ကွဲထွက်နေသော စိတ်စွမ်းအင်များက လေဟာနယ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခြင်းမရှိပေ။ ထိုအစား စိတ်စွမ်းအား ဆက်သွယ်မှု တံတားအတိုင်း ဝမ်ချောင်၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို အင်အားမြှင့်ပေးနေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ မဟုတ်ဘူး မဟုတ်ဘူး ငါမှားတယ် ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ ငါမင်းကို မပူးတော့ပါဘူး။ ငါအခြားခန္ဓာကိုယ်တစ်ခု ရွေးလိုက်မယ်လေ။ ငါတို့အချင်းချင်း မပတ်သတ်ကြတော့ရင် မကောင်းဘူးလား”
မကောင်းဆိုးဝါး၏ အသံတွင် ကြောက်ရွံ့မှုများက စွန်းထင်းနေသည်။
“အရမ်းနောက်ကျသွားပြီ။ ကိုယ့်ကံကြမ္မာကို ကိုယ်လက်ခံလိုက်တော့။ ဒီလိုအခြေအနေမျိုးမှာ မင်းက အခြားသူကို ဝင်ပူးဖို့ တွေးနေသေးတယ် ဟုတ်လား”
ဝမ်ချောင်က လှောင်လိုက်သည်။ အတိတ်ဟာ အတိတ်ဖြစ်ပြီး ယခုက လက်ရှိဖြစ်သည်။ သူဟာ လက်ညိုးလေးကို နှစ်ကြိမ်ခန့် ယမ်းလိုက်ရုံဖြင့် ထိုသတ္တဝါ၏ ခွန်အားများနှင့် အားနည်းချက်များ အားလုံးကို ရရှိနိုင်ပေလိမ့်မည်။ ယခုအခါ သူ၏ကိုယ်ပိုင်ကံကြမ္မာကို တစ်ဖက်သူက ထိန်းချုပ်နိုင်စွမ်းရည် မရှိတော့ပေ။
“အရမ်းထောင်လွှားမနေနဲ့ ပုရွက်ဆိတ်ကောင် အခြားကိစ္စတွေ ဘာမှမရှိရင်တောင်မှ ငါမင်းကို ဆွဲချသွားနိုင်သေးတယ်”
မကောင်းဆိုးဝါး၏ အသံက ဩရှနေပြီး ခပ်ဆတ်ဆတ်နိုင်သည်။ ဝမ်ချောင်၏ စကားလုံးများက သူ၏ မွေးရာပါ အရိုင်းဆန်မှုကို တူးဆွလိုက်နိုင်ပုံပေါ်သည်။
အာဝူး....
ရုတ်တရက် စိတ်စွမ်းအင်လောကထဲတွင် ကျယ်လောင်သော ဟိန်းသံကြီးက ထွက်ပေါ်လာသည်။ မကောင်ဆိုးဝါးကြီးက သူ၏စိတ်စွမ်းအားများ အားလုံးကို ဝမ်ချောင်၏ကိုယ်ထဲသို့ ပို့သွင်းလိုက်သည်။
ဘန်း
သို့သော် တခဏခန့်ကြာပြီးနောက် နောက်ထပ် အမြူတေပေါ်သို့ တစ်ချက် ပုတ်လိုက်ရုံဖြင့် ရပ်တန့်သွားသည်။ အကြောင်းမူကား သူတစ်ခေါက် ပုတ်လိုက်သည့် အခိုက်အတန့်တွင် အင်အားပိုပိုထည့်ထားသောကြောင့် စိတ်စွမ်းအင်ကပင် ပါဝင်သွားသေးသည်။ ထိုသို့ဖြင့် ထိုပုလဲ၏ အပေါ်ယံ မျက်နှာပြင်ပေါ်တွင် ကွဲအက်ကြောင်းများကို မြင်နိုင်သည်။
“အား ဘယ်လိုဖြစ်နိုင်မှာလဲ ငါမလိုချင်ဘူး”
နောက်ထပ် အော်ဟစ်သံက ထွက်ပေါ်လာသည်။ များပြားလွန်းသော စိတ်စွမ်းအင်များက တကွဲတပြားစီ လွင့်စင်ကုန်ကာ ကွဲကြေကုန်သည်။ သူက ဝမ်ချောင်၏စိတ်ကို သူ၏ မြောက်များလွန်းသော စွမ်းအားများဖြင့် မရိုက်ထုတ်နိုင်သေးခင် သူကိုယ်တိုင်ကပင် အဆုံးအစမဲ့စွာ အော်ဟစ်နေရလေသည်။
ဝမ်ချောင်၏ လက်ညိုးက တစ်ချက်လှုပ်သွားသည်။ ထိုအမြူတေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပြီး စိတ်ကိုပင် သက်ရောက်သည်။ ဝမ်ချောင်ဟာ အမြူတေကို ရှာတွေ့သွားပြီးကတည်းက ဝမ်ချောင်၏ သူ၏တိုက်ပွဲက အဆုံးသတ်သင့်နေလေပြီ။
ထိုသတ္တဝါ၏စိတ်က ပြိုကျသွားသည်။ အဆုံးအစမဲ့သော စိတ်စွမ်းအင်များကလည်း အသန့်စင်ဆုံးသော အခြေခံအကျဆုံးသော ပုံသဏ္ဍန် ပြောင်းလဲ၍ စိတ်စွမ်းအင်တံတာမှတစ်ဆင့် ဝမ်ချောင်၏ စိတ်ထဲသို့ စီးဝင်သည်။ ထိုသို့ဖြင့် လူမဟုတ်သော သတ္တဝါ၏ ရှေးကျသော မှတ်ဉာဏ်များ အားလုံးက သူ၏စိတ်ထဲတွင် စပေါ်လာသည်။
အခန်း(၁၄၆၄)
ရှေးဟောင်းမှတ်ဉာဏ်များ
ဝမ်ချောင်၏ နားထဲတွင် အဆုံးအစမဲ့သည့် အော်သံက ဟိန်းထွက်သွားသည်။ သူသည် မည်းမှောင်ကာ ရှင်းလင်းသည့် စွန့်ပစ်နယ်မြေကြီးတစ်ခုကို မြင်လိုက်ရသည်။ စွမ်းအားများနှင့် တောက်ပနေပြီး မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက သူကိုယ်တိုင်၏ ပတ်ပတ်လည်တွင် ကြမ်းတမ်းသော တိုက်ပွဲကို ဆင်နွဲနေကြသည်။
သူတို့အားလုံးသည် မဟာဗိုလ်ချုပ် အဆင့်ထက် မြင့်မားသာလွန်လွန်းသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြသည်။ ထိုသိုင်းပညာရှင်များ အားလုံးက မဟာထန်ရှိ အလွန်အမင်း ရှားပါးသော အမျိုးအစား ဖြစ်လောက်သော်လည်း ယခုမူ သိပ်သည်းစွာ ရှိနေကြသည်။ သူတို့သည် တိုက်ခိုက်နေရင်း အော်ဟစ်နေကြသည်။ အမျိုးမျိုးသော မတူညီသော သိုင်းထောင်ကျော်၏ အမျိုးမျိုးသော မတူညီသည့် အလင်းထောင်ပေါင်းများစွာနှင့်အတူ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြရင်း ကြမ်းတမ်းသော ပေါက်ကွဲသံများကို ထွက်ပေါ်နေစေသည်။
ဝမ်ချောင်သည် အလွန်အမင်း ရှင်းလင်းစွာ မြင်နေရခြင်းမျိုး မဟုတ်ချေ။ သို့သော် သူသည်လည်း ထိုလူများသည် အလွန်ရှည်လျားသော ဦးထုပ်များ ဆောင်းထားကြပြီး ခပ်ကြီးကြီး ခါးပတ်များကို ပတ်ထားကြကာ ရှေးခေတ်ကာလ ဝတ်စုံမျိုးကို ဝတ်ဆင်ထားကြောင်း မြင်နိုင်သည်။ သူတို့၏ အရှိန်အဝါက အလွန်အမင်း သက်တမ်းရင့်နေသည်။ ထို့ကြောင့် လက်ရှိ အရှိန်အဝါမျိုးနှင့် အလွန်အမင်း ခြားနားနေလေသည်။
တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့တွင် ကြမ်းတမ်းသော မီးတောက်များနှင့် မီးခိုးလုံးများက မြောက်တက်လာချိန်တွင် ကောင်းကင်တွင်လည်း အနက်ရောင် တိမ်စိုင်များက အုပ်စိုးလာသည်။ အဝါအဖြစ် ပိုင်းခြားထားသည့် စုတ်ပြဲနေသော အလံများကလည်း လေတွင်လွင့်နေ၏။ ထိုအလံများပေါ်ရှိ စကားလုံးများကို ဝမ်ချောင်ကလည်း မဖတ်တတ်ပေ။ ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်ထဲမှ စာသားများထက်ပင် သက်တမ်းပိုရင့်နေသေးသော စာသားမျိုးဖြစ်သည်။
ချွင်
အင်္ကျီလက် ခပ်ကျယ်ကျယ်နှင့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော စစ်သည်တော် တစ်ယောက်က သူ၏ဓားကို ကောင်းကင်ဘုံကို ချိန်ရွယ်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။
“ဧကရာဇ် ဟွမ်အတွက်”
ဘုန်း
ဝမ်ချောင်၏ကိုယ်က မိုးကြိုးပစ်ခံရသလို တုန်သွားသည်။ သူသည် အဖြစ်အပျက်ကို ရုတ်တရက် နားလည်လိုက်သည်။
“ဒါက ကျူးလော့တိုက်ပွဲပဲ”
သူသည်လည်း လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ အကြာက အလွန်အမင်း လျို့ဝှက်ဆန်းကြယ်ကာ ခမ်းနားပြီး တောက်ပလွန်းသော တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရလိမ့်မည်ဟု မတွေးဖူးပါချေ။ ရှေးခေတ်ကာလက ဒီတိုက်ပွဲကို နတ်နှင့် နတ်ဆိုးများအကြားမှ တိုက်ပွဲဟု သူက ပြောထားသည်။
ဗဟိုပြင်ကျယ် လူသားများရှိ သမိုင်းများထဲမှ အရေးအကြီးဆုံး တိုက်ပွဲအဖြစ် လူသိများသော်လည်း အခြားသော ပျောက်ဆုံးသွားသည့် လူမျိုးစုများနည်းတူ ထိုခေတ်ကာလနှင့် ထိုတိုက်ပွဲအကြောင်း စကားလုံးအနည်းငယ်နှင့် ဖော်ပြချက် အနည်းငယ်ကိုသာ ပိုင်ဆိုင်တော့လေသည်။ ကျန်သော အကြောင်းအရာများ အားလုံးက သမိုင်း၏ မုန်တိုင်းအောက်တွင် ပျောက်ဆုံးသွားခဲ့ပြီး အချိန်ဆိုသော ဖုန်အောက်တွင် မြုပ်သွားပြီဖြစ်သည်။
မင်းဆက်အချို့တွင် ဒါဟာ ဖြစ်နိုင်ချေ အနည်းငယ်သာရှိသော ဒဏ္ဍာရီဟု အခိုင်အမာ ပြောသောသူများပင် ရှိခဲ့သည်။
သို့သော် ထိုလျို့ဝှက်ဆန်းကြယ်သော သတ္တဝါ၏ မျက်လုံးကတစ်ဆင့် ဝမ်ချောင်ဟာ တိုက်ပွဲ၏ အရေးပါမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည်။
ဝမ်ချောင်က တိုက်ပွဲကို နည်းနည်းထပ်ကြည့်လိုသည့် အခိုက်အတန့်တွင် သူ၏မြင်ကွင်းက မည်းမှောင်သွားပြီး မြင်ကွင်းက ပျောက်သွားသည်။
ဝမ်ချောင်သည် နောက်ထပ်မြင်ကွင်းတစ်ခုကို ခပ်မြန်မြန် မြင်လိုက်ရပြန်သည်။ ရှေးခေတ်ကာလမှ မရေမတွက်နိုင်သော စစ်သည်ပေါင်းများစွာက အချင်းချင်း အော်ဟစ်ရင်း သတ်ဖြတ်နေကြသည်။ သူတို့၏ မျက်လုံးများကလည်း ဦးတည်ရာမဲ့နေပြီး အကျိုးအကြောင်း စဉ်းစားနိုင်စွမ်းရည် မရှိတော့ပေ။ လေးစားဖွယ်ကောင်းသော စစ်သည်တော်များ ဖြစ်သည့်တိုင်အောင် သူတို့ဟာ တစ်ယောက်ပြီးတစ်ယောက် သူ၏ပတ်ပတ်လည်တွင် လဲကျကုန်သည်။
သို့သော် ဒီတိုက်ပွဲတစ်ခုလုံးတွင် မည်သူကမှ သူ့ကို အာရုံမစိုက်ကြပေ။ သူတို့အားလုံးက သူ့ကို ရဲဘော်ရဲဘက်အဖြစ် သတ်မှတ်ထားကြသည်။
ဒါက စိတ်စွမ်းအင်ထိန်းချုပ်မှုပဲ။
လက်စသတ်တော့ သူ့ရဲ့ပုံစံကို လူတိုင်းက မဟာမိတ်အဖြစ် မြင်နေကြတာကိုး။
ဝမ်ချောင်က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဝမ်ချောင်သည် ထိုလျို့ဝှက်ဆန်းကြယ်သော သတ္တဝါ၏ အရာအားလုံးကို စိတ်ထင်တိုင်း ပြောင်းလဲနိုင်ပြီး မည်သည့်စွမ်းအင်ကိုမဆို ပြောင်းလဲယူနိုင်သော စွမ်းရည်ကို အတွေ့အကြုံ ရှိထားပြီးသားဖြစ်သည်။ သူ၏စိတ်စွမ်းအင်ဟာ များပြားသည်ထက် သာလွန်လွန်းသည်။ သို့သော် သူကိုယ်တိုင်ကပင် တစ်ဖက်သူလက်အောက် ကျသွားခဲ့ကတည်းက အခြားသောသူများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်နှင့် သူ၏အနားရှိ လူများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကာ လဲကျကုန်သည်။ ဝမ်ချောင်သည် စိတ်လှုပ်ရှားမှုမျိုးကို ခံစားလိုက်ရသည်။
ယခုလိုမျိုး သတ်ဖြတ်မှုက ဆက်တိုက် ဖြစ်ပွားနေလေပြီး ဝမ်ချောင်၏စိတ်အတွင်း အမျိုးမျိုးသော မှတ်ဉာဏ် အပိုင်းအစများက ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် အဆုံးအစမဲ့သော အမှောင်ထုက လိမ့်ဝင်လာသည်။
“ဒီအိမ်မက်ဆိုးသားရဲက အရမ်းအန္တရာယ်များတယ်”
ဝမ်ချောင်က ရုတ်တရက် အသံတစ်သံကို ကြားရသည်။ မဟာထန်၏ အသံနှင့် ခြားနားသော ဘာသာစကားမျိုးနှင့် ဖြစ်သော်လည်း သူဟာ နားလည်နိုင်နေသည်။
“ဆိုတော့ ဒီမကောင်းဆိုးဝါးကို အိမ်မက်ဆိုးသားရဲလို့ ခေါ်တာပေါ့”
ဝမ်ချောင်သည် ချက်ချင်းနားလည်သွားသည်။ သူသည် ယခုအခါ ထိုမကောင်းဆိုးဝါးက ဘာဖြစ်မှန်း သိသွားပြီဖြစ်သည်။ သူဟာ မည်သည့်အတွက်ကြောင့် ထိုမျှအထိ စွမ်းအားကြီးမားသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်နေကြောင်းကိုလည်း နားလည်လိုက်၏။ သူဟာ ပုံရိပ်ယောင်ကို ဖန်တီးခြင်းမဟုတ်ဘဲ အိမ်မက်ကို ဖန်တီးခြင်းဖြစ်သည်။
“ငါတို့သူ့ကို သတ်ဖို့လိုတယ်။ အဲ့ဒီလိုမှမဟုတ်ရင် တစ်ရက်မှာ ကပ်ဘေးကို ဆောင်ယူလာမှာပဲ”
“သူ့ရဲ့စိတ်စွမ်းအင်က အင်အားကြီးမားလွန်းတယ်။ ငါတို့ထဲက ဘယ်သူကမှ မတားနိုင်ဘူး။ ပိုဆိုးတာက ဒီသားရဲက အသိဉာဏ်လည်း ရှိတာမဟုတ်ဘူး။ ဒီတော့ သူ့ရဲ့ကိုယ်ပိုင် ခွန်အားကိုလည်း ထိန်းချုပ်ဖို့ စဉ်းစားမှာမဟုတ်ဘူး”
“ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် သူက အရှင်မင်းကြီးနဲ့အတူ ကြီးပြင်းလာတာပဲလေ”
“အိမ်မက်ဆိုးသားရဲရဲ့ သက်တမ်းက လူသားသက်တမ်းထက် သာလွန်လွန်းတယ်။ အရှင်မင်းကြီးက ရှိနေသေးရင်တောင်မှ ဒီသတ္တဝါက ကပ်ဘေးတွေကို ဖန်တီးနေတာ။ အခုကနေစပြီး နောက်နှစ်ထောင်ကျော်သွားတဲ့အခါ အရှင်မင်းကြီးကလည်း ရှိတော့မှာမဟုတ်ရင် ဘယ်သူကသူ့ကို တားမှာလဲ။ ဒါက ကပ်ဘေးဖြစ်လာလိမ့်မယ်။ နောက်ပြီး အဲ့ဒီသတ်ခံခဲ့ရတဲ့ စစ်သားတွေအကြောင်းကို ပြန်တွေးကြည့်စမ်း။ အရှင်မင်းကြီးက အသတ်ခံရတဲ့ စစ်သားတွေအတွက် တရားမျှတမှု ပြန်ပေးဖို့ မျှော်လင့်ပါတယ်”
“အရှင်မင်းကြီး ကျေးဇူးပြုပြီး အသတ်ခံရတဲ့ စစ်သားတွေအတွက် တရားမျှတမှုကို ဆောင်ယူပေးပါ”
“အရှင်မင်းကြီး ကျေးဇူးပြုပြီး အသတ်ခံရတဲ့ စစ်သားတွေအတွက် တရားမျှတမှုကို ဆောင်ယူပေးပါ။ ဒီအိမ်မက်ဆိုးသားရဲကို သတ်ပေးပါ”
ကောင်းကင်တွင် အော်ဟစ်သံများက ပဲ့တင်ထပ်သွားသည်။
သို့သော် ထိုအသံများက ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။ အားလုံးက တိတ်ဆိတ်ကုန်သည်။ ဝမ်ချောင်သည်လည်း အိမ်မက်ဆိုးသားရဲ၏ မှတ်ဉာဏ်များထဲမှ နောက်ထပ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ရိုးရှင်းကာ ရှေးကျသည့် နန်းတော်ကြီးတစ်ခုဖြစ်ပြီး အရာအားလုံးက အမှောင်အောက် ကျနေသည်။
ဝမ်ချောင်သည် နန်းတော်၏အထက်တွင် အဝါရောင်ဝတ်စုံကို ဝတ်ဆင်၍ သရဖူဆောင်းထားသော ဧကရာဇ်တစ်ပါး၏ လေးစားဖွယ်ကောင်းလွန်းသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူသည် ရှင်းလင်းစွာပင် အဆင့်အတန်း အချို့ရှိသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်းနည်းနေပုံပေါ်သည်။
“ငါလုပ်ရမယ်။ မင်းငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ငါဒီနည်းနဲ့မှပဲ မင်းကိုကာကွယ်နိုင်တော့မှာ။ တစ်ရက်မှာ မင်းငါနဲ့တူတဲ့လူကို ရှာတွေ့ခဲ့ရင် အဲ့ဒီအချိန် ရောက်လာတဲ့အခါ မင်းအခုလို ငါ့ရဲ့နောက်ကို လိုက်ခဲ့သလိုမျိုး သူ့နောက်ကိုလိုက်သွားပါ။ သူကငါပဲ”
ထိုထည်ဝါသောအသံက သူ၏နားထဲ ဟိန်းထွက်သွားသည်။ သို့သော် ထိုသူဆိုသောသူက အခြေအနေကို တစ်ဝက်ခန့်သာ နားလည်ပြီး နောက်ဆုံးစကားကလွဲပြီး ဘာကိုမှ မမှတ်မိလိုက်ပေ။
ထို့နောက် မရေမတွက်နိုင်သော သံချပ်ကာဝတ် စစ်သားပေါင်းများစွာက မြင့်မားသော မီးတုတ်များကိုကိုင်ပြီး နန်းတော်ထဲတွင် ပေါ်လာသည်။ ထို့နောက်သူ့အား ရှေးဟောင်း နွံ့တောတစ်ခုထဲသို့ ဆွဲခေါ်ချသွားသည်။
သူသည် ထိုနေရာတွင် ကြီးမားသော တွင်းပေါက်ကြီးကို မြင်လိုက်ရသည်။
“ဒီနေရာက မင်းကိုထာဝရ ပိတ်လှောင်ထားမဲ့ နေရာပဲ။ မင်းက ကျန်တဲ့အချိန်ကာလတစ်ခုလုံး မြေအောက်ဘက်မှာပဲ အိပ်စက်နေရလိမ့်မယ်”
ခေါင်းဆောင်လာသော စစ်သားက တည်တင်းစွာပြောသည်။
တခဏခန့်ကြာပြီးနောက် ကြီးမားသော သတ္ထုလှောင်အိမ်ကြီး တစ်ခုအတွင်းမှ သူ့အား နက်ရှိုင်းသော အပိုင်းအတွင်းသို့ ခေါ်သွားသည်။ ထိုနောက်ပိုင်း တွေ့မြင်ရသမျှက အဆုံးအစမဲ့သော မည်းမှောင်မှုနှင့် အအေးဓာတ်ဖြစ်သည်။ ထို့နောက် မည်သည့်အရာမှ မရှိတော့ပေ။ သူသည် အပေါ်သို့ ကုန်းတက်ရန် ကြိုးစားသည်။ တွင်းထိပ်သို့ရောက်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးစားသည်။ ထွက်သွားနိုင်စွမ်းရည် ရှိလုနီးပါး အနေအထားမျိုးပေါင်းများစွာ ဖြစ်ခဲ့ဖူးသည်။ သို့သော် သူဟာ ထိပ်မှ အလွန်အမင်း ထည်ဝါသော စည်းတံဆိပ်ကို မြင်ပြီးနောက် တုန့်ဆိုင်းသွားလေသည်။
သူ့ကို ပိတ်လှောင်ထားသည်မှာ လေးစားဖွယ်ကောင်းသော ခွန်အားမျိုးမဟုတ်လေဘဲ ထိုစည်းကို ကိုယ်စားပြုသော လူဖြစ်သည်။ ထိုစည်းက သူ၏နှလုံးသားဖြစ်လေသည်။
“လတ်စသတ်တော့ မူလအမရအရှင်က ဒီတွင်းကို တူးထားခဲ့တာမဟုတ်ဘဲ ဧကရာဇ်ဟွမ်က လုပ်ခဲ့တာပဲ။ နောက်ပြီး ဧကရာဇ်ဟွမ်က စည်းပိတ်ခဲ့တဲ့သူပေါ့”
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ သူ၏နှလုံးသားအတွင်း ဖော်ပြရန်ခက်ခဲသော ခံစားချက်မျိုးကို ရလာသည်။
သူသည် ထိုအိမ်မက်ဆိုးသားရဲ၏ မှတ်ဉာဏ်မှတစ်ဆင့် ဧကရာဇ်ဟွမ်နှင့် အလွန်အမင်း နီးကပ်လွန်းသော ဆက်ဆံရေးကို ဝေမျှထားကြောင်း သိနိုင်သည်။ ဒါဟာ သူမျှော်လင့်ဖူးသော အနေအထားမျိုး ဖြစ်လေသည်။
နောက်ပိုင်းတွင် အိမ်မက်ဆိုးသားရဲ၏ နှစ်ထောင်ကျော် အကျဉ်းချခံထားရသည့် ကာလအတောအတွင်းမှ အမျိုးမျိုးသော မှတ်ဉာဏ်များစွာကို မှတ်မိလိုက်သည်။ မည်သူကမှ ထိုမျှကြာရှည်စွာ တစ်ယောက်ထဲ မနေနိုင်ပေ။ လူသားများပင် မနေနိုင်လေရာ အိမ်မက်ဆိုးသားရဲကလည်း မနေနိုင်ပေ။ နှစ်ထောင်ကျော်ကာလ အတောအတွင်းတွင် သူ၏မျှော်လင့်ချက်၊ ဒေါသနှင့် နာကျင်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး သူသည် ထွက်ခွာရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။
သို့သော် အကြိမ်တိုင်းလိုလို ထိပ်ဆုံးမှ ရင်းနှီးကျွမ်းဝင်သော စည်းတံဆိပ်ကြောင့် ပြန်လည်ပြုတ်ကျလာခဲ့သည်။
ထိုအမှောင်ထု မှတ်ဉာဏ်များက အချိန်အတန်ကြာ တည်တံ့ခဲ့လေပြီး ထိုလူဟာ နောက်ဆုံးတွင် တွင်းအောက်ဘက်သို့ ဆင်းလာသည်အထိ ဖြစ်ခဲ့လေသည်။
“မင်းစောင့်နေတဲ့လူက နှစ်ရှစ်ရာ ကြာပြီးတဲ့နောက်မှာ ပေါ်လာလိမ့်မယ်။ မင်းက ဒီနေရာကို ငါ့အတွက် ကာကွယ်ပေးမယ်ဆိုရင် ငါကလည်း မင်းစောင့်နေတဲ့လူကို မင်းနဲ့ တွေ့ခွင့်ရအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ ဒါက ငါတို့ရဲ့ကတိပဲ”
နက်ရှိုင်းကာ နွေးထွေးပြီး ချော့မြူသလို အသံမျိုးက အမှောင်ထုထဲမှ ထွက်လာသည်။
အိမ်မက်ဆိုးသားရဲက တည်ငြိမ်သွားပြီး အဆုံးအစမဲ့သော စောင့်ဆိုင်းမှုထံ ပြန်ရောက်သွားသည်။
“ဆိုတော့ အမရအရှင်သခင်က လာရှာခဲ့တာပေါ့”
ဝမ်ချောင်က နားလည်သွားသည်။
ရှေးဟောင်းခေတ်၏ ထိုနွံ့တောက ဧကရာဇ်ဟွမ်ဟာ အိမ်မက်ဆိုးသားရဲကို ချိတ်ပိတ်ရန် အသုံးပြုခဲ့သော နေရာဖြစ်သည်။ သို့သော် မူလအမရအရှင်သခင်ကသာ သူ့ကို ရှာတွေ့သွားခဲ့ပြီး ဒီနေရာကို သူ့အပိုင်အဖြစ် လုပ်ခဲ့ကာ အိမ်မက်ဆိုးသားရဲကလည်း သူ၏ အစောင့်အရှောက်သားရဲ ဖြစ်လာသည်။ အချိန်များ တဖြည်းဖြည်းချင်းစီ ကုန်လွန်လာပြီး ခေတ်တစ်ခုချင်းစီ ပြောင်းလဲလာပြီးနောက်တွင် ဒီနွံ့ဟာ တောင်တန်းနှင့် ကန္တာရဖြစ်လာသည်။ သို့သော် အိမ်မက်ဆိုးသားရဲကမူ ဆက်လက်ပြီး စောင့်နေခဲ့သည်။
သူနှင့် ဧကရာဇ်ဟွမ်၏ ဆက်ဆံရေးကြောင့် ဖြစ်လာသည်။ ဝမ်ချောင်သည်လည်း အိမ်မက်ဆိုးသားရဲကို စာနာသနားမှုများ ခံစားလိုက်ရသည်။ သို့သော် တခဏခန့်ကြာပြီးနောက် ခံစားချက်က ပျောက်သွားသည်။
ဒီဂူထဲမှ မြောက်များလွန်းသော အရိုးများက အိမ်မက်ဆိုးသားရဲကြောင့် မတရားခံရသူများဖြစ်သည်။
ဒါကို မင်းဘာသာမင်း ဖန်တီးတာပဲ။ ဝမ်ချောင်က ထိုသို့အေးစက်စွာတွေးသည်။
ဝုန်း
သူဟာ အိမ်မက်ဆိုးသားရဲ၏ စွမ်းအင်များကို ရယူနေရင်းမှ သူ၏ စိတ်စွမ်းအင်များက လျှင်မြန်စွာဖြင့် အင်အားကြီးမားလာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုထိ ထိုးတက်သွားလေသည်။ အိမ်မက်ဆိုးသားရဲ၏ စိတ်စွမ်းအင်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားပြီး ကျယ်ပြောသည်။ သူဟာ နှစ်ထောင်ကျော်လုံးလုံး စုစည်းခဲ့ပုံရသည်။
ထိုထူးဆန်းသော သားရဲက စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရည်နှင့်အတူ မွေးဖွားလာခဲ့သည်။ အိမ်မက်ဆိုးသားရဲသည် လူသားများက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ပင် ရောက်ရှိနေသည့် စိတ်စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ဝမ်ချောင်ကလည်း သူဟာ အလွန်ကျယ်ပြော မြောက်များလွန်းသော အဆုံးအစမဲ့သည့် သမုဒ္ဒရာထဲတွင် တစ်ယောက်တည်း ရပ်နေရသလို ခံစားလိုက်ရသည်။
ဝုန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ စိတ်စွမ်းအင်များက နဂိုက ပိတ်လှောင်ခံထားရသော အနှောက်အယှက်များကြားမှ လွတ်မြောက်သွားပြီး ဟိန်းဟောက်လာသည်။
“အင်အားကြီးမားလွန်းတယ်။ ငါတောင် မယုံနိုင်ဘူး”
ဝမ်ချောင်ဟာ ပထမဦးဆုံး အကြိမ်အဖြစ် ကျင့်ကြံခြင်း သွေဖယ်မှုဒဏ်ကို ခံစားရပြီးနောက်တွင် ယစ်မူးသွားသော ခံစားချက်မျိုးကို ပြန်လည်ခံစားရခြင်းဖြစ်သည်။
သို့သော် စိတ်စွမ်းအင်များကြောင့် သယ်ဆောင်လာသော ပျော်ရွှင်မှုက ကြယ်တာရာစွမ်းအင်များ တိုးပွားလာပြီး ရုပ်ပိုင်းဆိုင်ရာအင်အား မြင့်တက်လာသောကြောင့် ခံစားရသည့် ပျော်ရွှင်မှုထက် သာလွန်နေသည်။ ထို့အပြင် ဝမ်ချောင်သည်လည်း အိမ်မက်ဆိုးသားရဲ၏ စိတ်စွမ်းအင်မှ စိတ်စွမ်းအင် အမြောက်အများကို စုပ်ယူနိုင်လေလေ သူသည် အကန့်အသတ်ကို ရောက်နေပြီဟု ခံစားရလေလေဖြစ်သည်။
မမြင်ရသော အရန်အတားအဆီးလွှာ တစ်ခုက ရှိနေသလိုမျိုး သူသည်လည်း ထိုအတားအဆီး၏ တည်ရှိမှုကို ယခင်က လုံးဝမသိခဲ့သော အရာမျိုးဖြစ်သည်။
ဆိုတော့ စိတ်စွမ်းအင်ကလည်း သိုင်းပညာလိုပဲ။ သိမ်မွေ့နယ်မြေလို အရာမျိုး ရှိနေတာပဲ။ အဲ့ဒီထက်တောင် ပိုမြင့်တဲ့အဆင့်က ရှိနေသေးတယ်။
ဝမ်ချောင်သည် သိပ်မကြာခင် အဖြစ်အပျက်ကို နားလည်သွားသည်။
သိုင်းပညာရှင် အမြောက်အများထဲတွင် စိတ်စွမ်းအင်ဟာ လူတစ်ယောက်က သန်မာလေလေ များများ ပိုင်ဆိုင်လေလေဟု သတ်မှတ်ထားကြသည်။ ထို့ပြင် အဆင့်များ ကန့်သတ်ချက်များ မရှိပါပေ။ အကြောင်းမူကား စိတ်စွမ်းအင်သည် ကြယ်တာရာစွမ်းအင်နှင့် မတူညီသလို ပုံသဏ္ဍန်လည်းမရှိသလို သွင်ပြင်မျိုးလည်း မရှိချေ။ သို့သော် ယခုအခါ အိမ်မက်ဆိုးသားရဲ၏ ဘဝကို ရယူနေခြင်းမှတစ်ဆင့် ဝမ်ချောင်သည်လည်း သူဟာ စိတ်စွမ်းအင် ကျင့်ကြံသူများက အိမ်မက်သာ မက်ရသော အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။
သူကသာ ထိုအရန်အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် သူ၏ စိတ်စွမ်းအင်များသည် မြင့်မားလွန်းသော အဆင့်တစ်ခုသို့ တက်လှမ်းသွားနိုင်ပေလိမ့်မည်။
အခန်း(၁၄၆၅)
ဘန်း
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် သူ၏စိတ်ကိုဖွင့်၍ အိမ်မက်ဆိုးသားရဲက လွှတ်ထုတ်ထားသမျှ သန့်စင်ကာ မြောက်များလွန်းသော ကြယ်တာရာစွမ်းအင်များကို စုပ်ယူလိုက်သည်။ သူ၏ကိုယ်ပိုင် စိတ်စွမ်းအင်ကိုပင် ချိတ်ဆက်ရန် ကြိုးစားလိုက်သေး၏။ သူဟာ သူ၏စိတ်စွမ်းအင်များကို ကြီးမားသော ဆူနာမီ မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲ၍ မမြင်ရသော အရန်အတားဆီးကို ထပ်ခါတလဲလဲ ရိုက်ချလိုက်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်
တစ်ကြိမ်ရိုက်ချလိုက်ချိန်တိုင်းလိုလို ရိုက်ချက်က သန်မာသထက် သန်မာကာ ပြင်းထန်သထက် ပြင်းထန်လာတတ်သည်။ ရုတ်တရက် ဝမ်ချောင်၏စိတ်က တုန်ယင်ကာ ပေါက်ကွဲသွားသည်။ တစ်လောကလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဝမ်ချောင်သည် သူ၏နားထဲတွင် မည်သည့်အသံကိုမှ မကြားရတော့ချေ။ နောက်ဆုံးတွင် မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးသလို တစ်စက္ကန့်တည်းသာ ကြာသွားသလိုမျိုး မသေချာ၊ မရေရာသည့် ကာလအထိ ကြာညောင်းသွားခဲ့ပြီးနောက်တွင်...
ငွေရောင်ပန်းအိုးလေးက ကွဲကြေသွားသကဲ့သို့ စိတ်စွမ်းအင်၏ မမြင်ရသော အရန်အတားအဆီးက ပေါက်ကွဲသွားသည်။ ထိုစိတ်စွမ်းအင်ဟာ ရှေ့သို့ ဆက်မတိုးနိုင်လောက်အောင် ပိတ်ဆို့ခံထားရရာမှ ရုတ်တရက် ဝုန်းကနဲ ရှေ့သို့စီးထွက်သွားလေသည်။ ယခုအခါ စိတ်စွမ်းအင်များက အကန့်အသတ်ကို ကျော်လွန်ကာ ကြီးထွားသွားလေပြီး အလုံးအရင်းဖြင့် တိုးတက်ကာ အရည်အသွေးက မြင့်မားသွားသည်။ ဝမ်ချောင်စောင့်ဆိုင်းနေသော အရာကလည်း ထိုအရာဖြစ်သည်။ ထိုအဆုံးအစမဲ့သော စိတ်စွမ်းအင်များက ရုတ်တရက်ဆိုသလိုပင် ကန့်သတ်ခံရသလို ဖြစ်သွားပြီး နဂိုမူလ အရွယ်အစား၏ ဆယ်ပုံတစ်ပုံပင် မရှိသော အနေအထားထိ လျော့ကျသွားသည်။ သို့သော် သိပ်သည်းဆကမူ ယခင်ထက် ငါးဆ၊ ခြောက်ဆအထိ သာလွန်လာသည်။
ဝမ်ချောင်၏စိတ် အနက်ရှိုင်းဆုံး အပိုင်းတွင်းမှ မုန်ညှင်းစေ့ အရွယ်အစားသာသာသာ ရှိသော ပုတီးစေ့လေးက ဖြစ်ပေါ်လာသည်။ ဝမ်ချောင်၏စိတ်ကပင် မုန်တိုင်းထန်ပြန်သည်။
စိတ်စွမ်းအင်အမြူတေ
ဒါစိတ်စွမ်းအင်၏ ဆင့်ကဲပြောင်းလဲမှုက ဖန်တီးထားခြင်းဖြစ်သည်။
ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ယခုလိုမျိုး နည်းလမ်းတစ်မျိုးကြောင့်နှင့် မမြင်ရသလို အသွင်အပြင်လည်း ကင်းမဲ့သည့် စိတ်စွမ်းအင်က ပုံသဏ္ဍန်တစ်ခုပင် ပေါ်လာမည်ဟု မတွေးဖူးချေ။ စိတ်စွမ်းအင်ဟာ သဘာဝ၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ ထိတွေ့ကိုင်တွယ်၍ မရသော အနေအထားမျိုး၊ ဖောက်ဖျက်၍ မရနိုင်သော နိယာမတစ်ခုအလား တည်ရှိနေခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုနိယာမကို ဖျက်ဆီးရန် ကြိုးစားချင်သည့် ကောင်းကင်နှင့် မြေပြင်အကြားရှိ ကွာဟချက်ကို ရအောင် ရှာဖွေနေသလိုမျိုး လည်ထွက်စေသည်အထိ ခက်ခဲပေလိမ့်မည်။
သို့သော် ထိုနိယာမက ကြိုးပျက်သွားသည်နှင့် အဆုံးအစမဲ့သော ဖြစ်နိုင်ချေများက သိသာထင်ရှားစွာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး အိမ်မက်ဆိုးသားရဲနည်းတူ တူညီသော လုပ်နိုင်စွမ်းရည်အထိ ဆင့်ကဲပြောင်းလဲကာ တိုးတက်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူ၏ယခု အနေအထားအရ ထိုအဆင့်ထိ မတက်နိုင်သေးသော်လည်း ဝမ်ချောင်ဟာ လောကသစ်တစ်ခုသို့ ရောက်သွားမည်မှာ သေချာသည်။
ဘုန်း
ဆက်တိုက်ဆိုသလို သိပ်သည်းလိုက်၊ ဆင့်ကဲပြောင်းလဲလိုက် ဖြစ်ပေါ်ပြီးနောက်တွင် ဝမ်ချောင်၏ စိတ်စွမ်းအင်ဟာ တဖန်ပြန်လည်ပြီး ဖောင်းကားများပြားလာပြန်သည်။ မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် အရေအတွက်က နှစ်ဆဖြစ်သွားသည်။ ထိုသို့ဖြင့် ဆက်လက်ပြီး မြင့်မားနေသေးသည်။
“ငါ့ရဲ့စိတ်စွမ်းအင် မဟုတ်ဘူး”
ဝမ်ချောင်၏ လက်ချောင်းများထဲရှိ အမြူတေထံမှ အားနည်းသောအသံလေး ထွက်လာသည်။
ဝမ်ချောင်၏ လက်ညိုးက အိမ်မက်ဆိုးသားရဲ၏ အမြူတေပေါ်ရှိ ပြင်းပြင်းထန်ထန် ထိခိုက်ထားသော နေရာကို ထပ်ဖိလိုက်သည်။ ထိုအမြူတေက ချက်ချင်းဆိုသလို အားနည်းလာ၏။ သို့သော် ထိုအိမ်မက်ဆိုးသားရဲက မသေသေးပေ။
အမြူတေဟာ သူ၏အသက်ဖြစ်သည်။ အမြူတေရှိနေသေးသမျှ သူဟာ မသေနိုင်ပေ။ ဝမ်ချောင်ဟာ ဆန္ဒရှိလျှင် အိမ်မက်ဆိုးသားရဲကို စက္ကန့်ပိုင်းအတွင်း ကိုင်တွယ်၍ရသည်။
“ဟွန်း ဒီလိုအခြေအနေမျိုးမှာတောင် မင်းက အခွင့်အရေးရှိမယ်လို့ ထင်နေသေးတာလား”
ဝမ်ချောင်က မထူးခြားနားသလိုပြောသည်။
အသွေးအသား ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ပြီး သူ၏အမြူတေကိုယ်တိုင်ကပင် ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသောအခါ အိမ်မက်ဆိုးသားရဲဟာ အတိုက်ခံရန် စောင့်နေသော သိုးသာသာဖြစ်သွားသည်။ သို့သော် အိမ်မက်ဆိုးသားရဲသည်လည်း မြောက်များလွန်းသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်မှာ မှန်ကန်သည်။ ဝမ်ချောင်၏ စိတ်စွမ်းအင်များက နဂိုအရွယ်အစားထက် လေးဆခန့်အထိ မြောက်များလာသည်။ သို့တိုင်အောင် အမြူတေထဲမှ စွမ်းအင်တိုင်းကို အကုန်အစင် မစုပ်ယူနိုင်သေးပေ။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်ဟာ နာကျင်မှု အနည်းငယ်ကိုပင် ခံစားလာရသည်။
“ကြည့်ရတာ ဒါက ငါ့ရဲ့ အကန့်အသတ်ထင်တယ်။ ငါက ဒီစွမ်းအင်တွေကို အစာချေသလိုမျိုး ကြေညက်အောင်လုပ်ပြီး တည်ငြိမ်အောင် မထိန်းနိုင်သေးသမျှ နောက်ထပ် အင်အားကြီးတာ လုပ်နိုင်မှာမဟုတ်ဘူး”
ဝမ်ချောင်က ထိုသို့ရေရွတ်လိုက်သည်။ သူသည်လည်း အခြေအနေကို နားလည်သည်။
လူသားများသည် သားရဲများနှင့် ခြားနားသည်။ ပုံမှန်အခြေအနေမျိုးအောက်တွင် လူသားများဟာ ကျားသို့မဟုတ် ဆင်ထက် သန်မာနိုင်စွမ်းရည် မရှိနိုင်ပေ။ စိတ်စွမ်းအင်အရာတွင်လည်း အလားတူသာလျှင် ဖြစ်သည်။ အိမ်မက်ဆိုးသားရဲအတွက်လည်း ထိုသို့ဖြင့် အိမ်မက်ဆိုးသားရဲဟာ သိသာစွာပင် စိတ်စွမ်းအင်များနှင့်အတူ မွေးဖွားလာသော သတ္တဝါမျိုးဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ကကို လူသားများနှင့် ခြားနားစွာ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် သူသည် အင်အားကြီးမားသော လူသားကျွမ်းကျင်ပညာရှင်က အိမ်မက် မက်ရုံသာ ရနိုင်သော ခန္ဓာကိုယ် တည်ဆောက်ပုံမျိုးနှင့် ဖြစ်သည်။
“အဆင်သင့်ဖြစ်လောက်ပြီ”
ဝမ်ချောင်သည် အတွေးတစ်ခုနှင့်အတူ သူ၏လက်ချောင်းထဲမှ အဖြူရောင် အလင်းတန်းတစ်တန်းကို ထိုးတက်သွားစေလျှက် သန့်စင်လွန်းသော စိတ်စွမ်းအင်အသွင် ပြောင်းလဲလိုက်သည်။
ဘုန်း
ဝမ်ချောင်က ထိုအမြူတေလေးကို အသာအယာ ထိတွေ့လိုက်ပြီး တခဏခန့်ကြာပြီးနောက် ထိတွေ့ကိုင်တွယ်၍ ရသော စိတ်စွမ်းအင်များက ထိုအမြူတေပေါ်တွင် စိမ်စွမ်းအား စည်းတံဆိပ်ကို ခက်နှိပ်လိုက်သည်။
အမှောင်အိမ်မက်ဆိုး သားရဲ၏ အမြူတေက ချက်ချင်းဆိုသလို မှေးမှိန်သွားပြီး စွမ်းအင်များအားလုံးက အထဲတွင် ပိတ်လှောင်ခံရသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ အိမ်မက်ဆိုးသားရဲကို အလဲထိုးနိုင်သွားတဲ့အတွက် ကံကြမ္မာစွမ်းအင်အမှတ် သုံးသိန်း ရရှိပါမယ်”
ကံကြမ္မာကျောက်တုံး၏ အသံက ထွက်ပေါ်လာသည်။
ဝမ်ချောင်က အံ့အားတကြီး မျက်ခုံးပင့်သည်။ သူသည်လည်း နဂါးသားရဲကို သတ်ခဲ့သည့်အတွက် ဆုရမည်ဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် အိမ်မက်ဆိုးသားရဲကို သတ်ဖြတ်ပြီးနောက် ထိုမျှအထိ မြောက်များလွန်းသော ကံကြမ္မာစွမ်းအင်အမှတ်များ ရရှိလိမ့်မည်ဟု မထင်ထားမိပေ။
ဝမ်ချောင်မသိသည်မှာ ကံကြမ္မာကျောက်တုံး၏အသံ ထွက်လာချိန်တွင် ပိတ်လှောင်ခံထားရသော အိမ်မက်ဆိုး သားရဲက ရုတ်တရက် အံ့အားတကြီး တုန်ယင်သွားပြီး စတင်ကာ အော်ဟစ်ခြင်းဖြစ်သည်။
“ဒါ ဒါ ဒါ အဲ့ဒီစွမ်းအင်ပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီးတော့လဲ ဘယ်လိုဖြစ်ပြီး ငါ့သခင်နဲ့ စွမ်းအင်တူနေတာလဲ။ ဖြစ်နိုင်တာ ဖြစ်နိုင်တာက ငါစောင့်နေတဲ့လူက သူလား”
အိမ်မက်ဆိုးသားရဲ၏ စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။
“မင်းငါ့နဲ့တူတဲ့လူကို ရှာတွေ့တဲ့နေ့ရက် ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျတဲ့အခါ မင်းငါ့ရဲ့နောက်ကို လိုက်ခဲ့သလိုမျိုး သူ့ရဲ့နောက်ကို လိုက်နိုင်တယ်။ သူကငါပဲ”
“မင်းစောင့်နေတဲ့လူက နှစ်ရှစ်ရာကြာပြီးရင် ပေါ်လာလိမ့်မယ်။ မင်းဒီနေရာကို ငါ့အတွက် ကာကွယ်ပေးမယ်ဆိုရင် မင်းစောင့်နေတဲ့လူနဲ့ တွေ့နိုင်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။ ဒါကငါတို့ရဲ့ ကတိပဲ”
သူ၏ဘဝမှ အရေးပါဆုံး လူနှစ်ယောက်၏ အသံများက သူ၏စိတ်ထဲတွင် ပြန်လည်ထွက်ပေါ်လာသည်။ အိမ်မက်ဆိုးသားရဲဟာ အခြေအနေကို နားလည်သွားပြီး အလွန်အမင်း တုန်လှုပ်သွားသည်။ သူဟာ ပထမစကားများကို ကြားခဲ့ချိန်က သူသည် ရာစုနှစ်အနည်းငယ် စောင့်ရန် လိုအပ်သည်ဟုသာ ထင်ထားသည်။ သို့သော် ထိုမျှအထိ နှစ်တစ်ထောင်နီးပါး စောင့်လိုက်ရသည်။
သူဟာ ဒုတိယစကားများကို ထပ်ကြားခဲ့ချိန်တွင် နှစ်ရာကျော်စောင့်ရုံသာ လုပ်ရမည်ဟု ထင်ထားသည်။ သို့သော် သတိပေးထားသော ထိုလူနှင့်မတွေ့ခင် နှစ်တစ်ထောင်နီးပါးစောင့်ရင်း အဆုံးသတ်သွားပြန်သည်။ ထိုအခြေအနေကြောင့် သူသည် ဒေါသများဖြင့် ပေါက်ကွဲမတက်ဖြစ်လာရင်း လူသတ်ချင်စိတ်ကသာ ပိုလာခဲ့သည်။
သို့သော် ဒုတိယမြောက်ပြောသောလူ၏ နှစ်ရှစ်ရာကြာပြီးနောက်ဆိုသော စကားအရ သူဟာနှစ်ရှစ်ရာ စောင့်ရမည်မဟုတ်ကြောင်း ယခုအခါမှသာ နားလည်သွားသည်။ ဆိုတော့သူပေါ့။
အိမ်မက်ဆိုးသားရဲသည် ဒေါသတကြီး အော်ဟစ်သည်။ သူ၏မည်သည့်အသံကမှ အမြူတေထဲမှ မထွက်နိုင်ချေ။ စိတ်စွမ်းအား စည်းတံဆိပ်က သူ၏စိတ်ကို ပိတ်လှောင်ရုံတင်မဟုတ်ဘဲ အသံကိုလည်း ပိတ်လိုက်သည်။
ဝမ်ချောင်ကလည်း သူ၏အော်ဟစ်သံကို မကြားနိုင်ပေ။ အမြူတေကိုသာ ဒီတိုင်းသိမ်းလိုက်သည်။
“အား”
ရုတ်တရက် သူဟာ အော်ဟစ်သံတစ်သံကို ကြားသဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ အိမ်မက်ဆိုးသားရဲက သတိလစ်အောင်လုပ်ထားပြီး ကြိုးကိုင်ခံထားရသည့် သိုင်းပညာရှင်များ အားလုံးက နိုးထလာကြောင်း မြင်လိုက်ရသည်။
“ဒါက ဒါက ဘာတွေဖြစ်နေတာလဲ”
“ငါဂိုဏ်းကို ပြန်သွားတာမဟုတ်ဘူးလား။ ဘာလို့ဒီကို ရောက်နေတာလဲ”
“အား ငါ့ခေါင်းက နာလိုက်တာ။ ခေါင်းကနာလိုက်တာ ဘာဖြစ်သွားတာလဲ”
“ငါက မူလအမရသိုင်းကို ရသွားပြီး လောကရဲ့ နံပါတ်တစ်ဖြစ်တာ ရှင်းနေတာပဲ။ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”
ထိုသိုင်းပညာရှင်များက ထထိုင်သူကထိုင်၊ ရပ်သူကရပ်နှင့် ရှင်းလင်းစွာပင် အခြေအနေကို နားမလည်ဘဲ စိတ်ရှုပ်ထွေးစွာ ကြည့်နေကြလေသည်။ ရှင်းလင်းစွာပင် သူတို့သည်လည်း အိမ်မက်ဆိုးသားရဲ၏ ပုံရိပ်ယောင် လောကအတွင်းမှ အပြည့်အဝ မနိုးသေးပေ။
“မျိုးမစစ်ကောင် မင်းက တောက်လောင်ခြင်းမီးတောက် ခံရဖူးလား။ မင်းက ငါ့ရဲ့ဘေးမှာ ရှိနေမယ်ဆိုရင် ငါမီးလန့်နေတဲ့ အချိန်အတောအတွင်း ငါ့ကိုလှည့်စားလိုက်တာက မင်းပေါ့ဟုတ်လား”
“ရန်သူတွေက လမ်းကျဉ်းမှာ တွေ့တယ်ဆိုတာ မှန်နေတာပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါမူလအမရသိုင်းကို ရအောင် ယူရမယ်။ အဲ့ဒီနောက် ငါပထမဦးဆုံး သတ်ဖြတ်မှာက မင်းတို့ယင်နက်ဂိုဏ်းက အဖွဲ့ဝင်တွေပဲ”
သိုင်းပညာရှင်တွေက ပုံရိပ်ယောင်လောကအတွင်းမှ ထွက်လာပြီးသည်နှင့် ခံစားချက် အခြေအနေက ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် အသေးစား တိုက်ပွဲလေးက ဖြစ်ပွားသည်။
မူလအမရသိုင်းကို ရှာဖွေရန်အလို့ငှာ အမျိုးမျိုးသောဂိုဏ်းမှ သိုင်းပညာရှင်များက စုစည်းနေကြသည်။ သူတို့သည်လည်း အမျိုးမျိုးသော ကတောက်တဆ ဖြစ်ရပ်များ ဖြစ်ထားကြသည်။ အိမ်မက်ဆိုးသားရဲက မရှိတော့သည်နှင့် ထိုရန်ငြိုးများက အပေါ်ယံသို့ ပြန်ပေါ်လာသည်။ လူတိုင်းက မည်သည့်အတွက်ကြောင့် ဒီနေရာတွင် ရောက်နေရသနည်းဆိုသည့် ကိစ္စကိုမူ မည်သူကမှ ဂရုမစိုက်ကြပေ။
ဝမ်ချောင်က အေးစက်စွာစိုက်ကြည့်ရင်း ခေါင်းကိုအသာခါသည်။ ထိုသိုင်းပညာရှင်များက မူလအမရသိုင်းအတွက် လာကြသည်။ သို့သော် သူတို့သည်လည်း ထိုသိုင်းကိုပင် ဂရုမစိုက်တော့ဘဲ ပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှုများကို ဖြေရှင်းပြီးပုံပေါ်သည်။
“ဟိုကိုကြည့်လိုက်ဦး ဒါက မိစ္ဆာဧကရာဇ်ရဲ့ တပည့်မဟုတ်လား”
လူတစ်ယောက်က ဝမ်ချောင်ကို သတိထားမိသွားသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီအား ဝမ်ချောင်အတွက် ကိုင်တွယ်ရန် ဝင်ရောက်စွက်ဖက်လာပြီးချိန်ကတည်းက ဝမ်ချောင်၏ နောက်ခံကို လူတိုင်းက သိထားပြီးသားဖြစ်သည်။
“ဆိုးယုတ်တဲ့ လမ်းကြောင်းလျှောက်တဲ့လူတိုင်း အပြစ်ပေးခံရမယ်။ အားလုံးပဲ သူ့ကိုဝိုင်းပြီး သတ်ရအောင်”
အချို့သော ခေါင်းမာသည့် သိုင်းပညာရှင်များက ဝမ်ချောင်ကို ခက်ထန်စွာ စိုက်ကြည့်ကြသည်။
ဝှစ်
ထိုစကားလုံးများက ဂူထဲရှိလူများအား မိစ္ဆာဧကရာဇ်၏ တပည့်ကို အာရုံစိုက်စေသည်။
“မိစ္ဆာဧကရာဇ်က သူနဲ့အတူမရှိဘူး။ သူတို့ လူစုကွဲသွားတာဖြစ်မယ်။ အားလုံးပဲ မကြောက်ကြနဲ့။ ငါတို့ အတူပေါင်းရင် သူ့ကိုသတ်နိုင်မှာပဲ”
လူတစ်ယောက်က အားပေးသည်။
ချွင် ချွင် ချွင်
ထို့နောက် ဓားသံတချွင်ချွင်နှင့်အတူ ထိုသိုင်းပညာရှင်များ အားလုံးက သူတို့၏ဓားများ၊ ဆေဘာများအားလုံးကို ဆွဲထုတ်ပြီး ဝမ်ချောင်ကိုညွှန်သည်။
သူတို့အားလုံးသည်လည်း မိစ္ဆာဧကရာဇ်က သိုင်းပညာလောကကို ယူဆောင်ပေးခဲ့သည့် ကပ်ဘေးအကြောင်း သိထားကြသည်။ သိုင်းပညာလောက တစ်ခုလုံးဟာ သူ၏အုပ်စိုးမှုအောက်တွင် ကြောက်လန့်တကြား ရှင်သန်နေထိုင်ခဲ့ရသည်။ ယခုအခါ သူ၏တပည့် ဝမ်ချောင်က တစ်ယောက်တည်း ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် ဒီလိုရှားပါးလွန်းသော အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
“သူ့ကိုသတ်”
“ဒီနတ်ဆိုးကောင်လေးကို သတ်ရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် သိုင်းပညာလောကရဲ့ သမိုင်းဟောင်းက ပြန်ဖြစ်လာမှာပဲ”
ဝှစ်
သူတို့၏မျက်ဝန်းထဲတွင် ကြမ်းတမ်းသောအလင်းက လက်နေသည်။ သိုင်းပညာရှင်က ဝမ်ချောင်ထံ ခုန်ဝင်လာကြ၏။ သို့သော် သူတို့အနားသို့ မရောက်သေးခင် ရုတ်တရက် ရပ်သွားသည်။
“ဒါကဘာလဲ”
သူတို့သည်လည်း ဝမ်ချောင်၏အနားတွင် အိမ်မက်ဆိုးသားရဲ၏ နှစ်မီတာခန့်မြင့်သော အလောင်းကြီးကို သတိထားမိသွားကြသည်။
သူတို့အားလုံးဟာ ထိုဂူများအတွင်း ကြောက်စရာကောင်းသော အရာများကို ကျော်ဖြတ်ခဲ့ကြပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုထူးဆန်းသော အလောင်းကို မြင်လိုက်သည်နှင့် မသတ်နိုင်သော နဂါးသားရဲများကို သတိရသွားကြသည်။ သူတို့သည် တစ်စုံတစ်ရာကို နားလည်သွားပုံပေါ်သည်။
“သူငါတို့ကို ကယ်လိုက်တာ”
သူတို့ဟာ ဝမ်ချောင်၏လက်ထဲမှ သွေးတစ်စက်စက် ကျနေသော ဓားကိုကြည့်သည်။ ထို့နောက် အိမ်မက်ဆိုးသားရဲ၏ နှစ်ပိုင်းကွဲနေသော အလောင်းကိုပြန်ကြည့်သည်။ သူတို့၏မျက်နှာတွင် ရှုပ်ထွေးသော အကြည့်များက ပေါ်လာပြီး စွံ့အကုန်ကြသည်။
ဒီနေရာတွင် ပေါ်လာသောလူများက အရူးများမဟုတ်ချေ။ ရှင်းလင်းစွာပင် သူတို့က ဒီနေရာတွင် ပေါ်လာနိုင်ပြီး သူတို့၏အိမ်မက်များအရ သူတို့သည် ထိုမကောင်းဆိုးဝါး၏ လက်ချက်မိနေကြောင်း သိလိုက်သည်။
ဝမ်ချောင်က အေးစက်စွာသာ စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးကရှိနေ၏။ သူသည်လည်း ထိုလူများအား အိမ်မက်ဆိုးသားရဲ၏ ထိန်းချုပ်မှုအောက်မှ လွတ်အောင် အင်အားအများကြီး စိုက်ထုတ်ပေးထားရသည်။ ထိုလူများက အမှန်တရားကို သိပြီးနောက် သူ့ကို တိုက်ခိုက်မည်လောဟု သိချင်သည်။
ထိုသို့ဖြင့် လေထုအခြေအနေက ထူးဆန်းသွားသည်။