အခန်း (၁၄၆၆-၁၄၇၀)
Vol. 88 Ch. 1466-1470
အခန်း(၁၄၆၆)
သိုင်းပညာရှင် အဖွဲ့သည် ဝမ်ချောင်၏အကြည့်နှင့်ဆုံပြီး အလိုအလျောက် အရှိန်နှုန်းကို နှေးကွေးမိလိုက်ကြသည်။ သူတို့သည်လည်း သူနှင့် အကြည့်ချင်း မဆုံရဲကြချေ။
သိုင်းပညာရှင်တစ်ယောက်က ရှေ့သို့ ခြေနှစ်လှမ်းခန့်တိုးပြီးနောက် လူအုပ်ကို လှမ်းအော်သည်။
“မင်းတို့ဘာလုပ်တာလဲ ဒါက မိစ္ဆာလမ်းကြောင်းလျှောက်တဲ့ တပည့်နော်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်။ ရှေးခေတ်အချိန်ကတည်းက ဖြောင့်မတ်မှန်ကန်သူတွေ၊ ဆိုးယုတ်သူတွေက ဘယ်တော့မှ တစ်ဖက်တည်း မရပ်နိုင်ကြဘူး။ ဒါပေမဲ့ ဒီလိုဆိုးယုတ်တဲ့ လမ်းကြောင်းလျှောက်တဲ့ အဖွဲ့ဝင်နဲ့ အကျိုးသင့်အကြောင်းသင့် ငြင်းခုံလို့ရမယ်လို့ တွေးနေကြတာလား။ အားလုံးပဲ ငါနဲ့ပူးပေါင်းပြီး သူ့ကို သတ်ကြစမ်းပါ။ သိုင်းပညာလောကက လူတွေသာ ငါတို့က မိစ္ဆာဧကရာဇ်နဲ့ သူ့ရဲ့တပည့်ကို သတ်ဖြတ်ပြီးကြောင်း သိသွားကြရင် ငါတို့ကျော်ကြားသွားမှာပဲ”
နောက်ထပ် လူတစ်ယောက်က ရှေ့ထွက်လာပြီးပြောသည်။
“အစ်ကိုကုပြောတာ မှန်တယ်။ မိစ္ဆာလမ်းကြောင်း လျှောက်တဲ့လူတွေကို အပြစ်ပေးခံရသင့်တယ်။ အားလုံးပဲ အတူကြိုးစားရအောင်”
“ရပ်စမ်း”
သူတို့က မတိုက်ခိုက်နိုင်သေးခင် အင်အားအားဖြင့် အတန်အသင့်ရှိသော သိုင်းပညာရှင် တစ်ယောက်က စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားလေပြီး ရှေ့သို့ထွက်ကာ သူတို့၏လမ်းကြောင်းကိုပိတ်သည်။
“ဖြောင့်မတ်မှန်ကန်တဲ့ ဘက်ကဖြစ်ဖြစ်၊ ဆိုးယုတ်တဲ့ဘက်ကဖြစ်ဖြစ် ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကြင်နာမှုနဲ့ ရန်ငြိုးကြားက ကွာဟချက်ကို သိထားရမယ်။ ဒီသခင်လေးက ငါတို့ကို ကြင်နာမှုပြပေးထားတာ။ ငါတို့ကသူ့ကို လက်နက်တွေနဲ့ ချိန်နေတယ်ဟုတ်လား။ သားရဲထက်တောင် ဆိုးသေးတယ်”
“အစ်ကိုလုပြောတာ မှန်တယ်။ လူတစ်ယောက်ရဲ့ ကြင်နာမှုကို လက်ခံရရှိပြီးသွားတဲ့နောက်မှာ ငါတို့ကဘာလို့ အမုန်းတွေ ပြန်ပေးရမှာလဲ။ ဒီသခင်လေးကိုသာ တစ်ယောက်ယောက်က ရိုက်ရဲရင် ငါကျောင်းချီက အရင်ဦးဆုံး ငြင်းရမယ်”
“အမှန်ပဲ ယောကျာ်းကောင်း တစ်ယောက်အနေနဲ့ ကြင်နာမှုနဲ့ ရန်ငြိုးကြားက ကွာခြားချက်ကို သိထားရမယ်။ မင်းတို့က ဒီသခင်လေးကို အတိုက်အခံလုပ်ချင်ရင် လာ ငါနဲ့အရင်လာပြော”
“ကုထုံ မင်းနဲ့မင်းရဲ့ ညီနောင်တွေက နည်းနည်းလေး အရှက်မဲ့လွန်းရာကျတယ်။ ငါတောင်မှ ဒီလိုအခြေအနေမျိုးကို သည်းခံပြီး ဆက်မကြည့်နိုင်တော့ဘူး။ မင်းလိုလူမျိုးနဲ့ အပြောအဆို အဆက်အသွယ် လုပ်ရတာကိုတောင် ငါရှက်တယ်”
“ဒီနေရာကထွက်သွား”
လူတစ်ယောက်က ရှေ့ထွက်ပြီးသည်နှင့် နောက်ထပ် ပိုများသောလူများက အုံလာကြကာ သူမိုက်ရူးရဲဆန်သော လူတစ်အုပ်၏အရှေ့တွင် ထွက်ရပ်သည်။
“မင်းတို့ မင်းတု့ိအားလုံး ရူးကုန်ပြီ”
“မင်းတို့က ဆိုးယုတ်တဲ့ လမ်းကြောင်းလျှောက်တဲ့ အဖွဲ့ဝင်တစ်ယောက်ကို ကာကွယ်ပေးနေတယ် ဟုတ်လား။ မဖြစ်နိုင်တာ”
ဝမ်ချောင်ကို ကာကွယ်သော လူပေါင်းများစွာ ထွက်လာကြောင်း မြင်ပြီးနောက် ကုထုံးနှင့်အဖွဲ့က မျက်နှာများ ဖြူဖျော့ကာ ထိတ်လန့်ကုန်ကြသည်။ သိသာစွာပင် သူတို့သည်လည်း ဒီလိုအပြောင်းအလဲကို မမျှော်လင့်ထားမိပေ။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်သည် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့နောက် အပြောင်းအလဲက သူ့ကိုပင် အံ့ဩသွားစေသည်။ သို့သော် ဝမ်ချောင်ကလည်း သူတို့နှင့် ကပ်တွယ်ပြီး ငြင်းမနေချေ။ ကုထုံးနှင့်အဖွဲ့က အဝိုင်းခံရပြီးသည်နှင့် ဝမ်ချောင်ဟာလည်း တစ်ဖက်သို့ ခုန်ထွက်ကာ လူတိုင်းက အခြားသူများကို အာရုံစိုက်နေသည့် အချိန်ကို အခွင့်ကောင်းယူပြီး အခြားဂူတစ်ဂူသို့ ထွက်လာခဲ့လိုက်သည်။
ငါကောင်းကောင်း အနားယူလို့ရမဲ့ နေရာတစ်ခုကို ရှာရမယ်။
ဝမ်ချောင်က သူ့ကိုယ်သူတွေးသည်။
သူနှင့် အိမ်မက်ဆိုးသားရဲ၏ တိုက်ပွဲက ဝမ်ချောင်ကို အများကြီး ထိခိုက်နစ်နာစေသည်။ ကြယ်တာရာစွမ်းအင်များ၏ ကုန်ဆုံးမှုကိုလည်း ရှောင်ရှား၍ မရနိုင်ပေ။ သူ့အနေဖြင့် ခန္ဓာကိုယ် အခြေအနေကို ကောင်းကောင်း စစ်ဆေးကြည့်ရန် နေရာတစ်ခုရှာရန် လိုအပ်နေလေသည်။
ဒီတစ်ကြိမ်တွင်မူ မည်သည့် အနှောက်အယှက်မှ မရှိတော့ချေ။ ငါးမိနစ်ခန့် ကြာပြီးနောက် ဝမ်ချောင်ဟာ ပြန်လည်သက်သာသွားပြီး တစ်နေရာသို့သွားရန်အတွက် ပြန်ထရပ်လိုက်သည်။ သူက စတင်ကာ လှုပ်ရှားသည်နှင့် စိတ်စွမ်းအင်များက ဂူတစ်ခုလုံးအနှံ့ စတင်ကာပျံ့သွားသည်။
ဒီတိုက်ပွဲတွင် ဝမ်ချောင်၏ အကြီးမားဆုံးသော အကျိုးအမြတ်က စိတ်စွမ်းအင် အမြောက်အများ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ မူလကမူ ဝမ်ချောင်က သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်သည့် အချိန်တိုင်းလိုလို ဂူထဲမှ စိတ်စွမ်းအား စည်းတံဆိပ်ကြောင့် တွန်းထုတ်ခံနေရသည်။ ယခုအခါ သူ၏စိတ်စွမ်းအင်များက ထိတွေ့ကိုင်တွယ်ရလုမတက် ဖြစ်လာလေပြီး ပို၍ အင်အားကြီးမားလာသောကြောင့် သူသည်လည်း ဂူတစ်ခုလုံးကို ကြည့်ရှု့နိုင်သွားလေပြီ။
သူဟာ အပေါ်ယံတွင် လုပ်နိုင်သကဲ့သို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ခြင်း မရှိသေးသလို နေရာအကျယ်အဝန်းကိုလည်း မီတာတစ်ထောင်အထိ အကန့်အသတ် ခံထားရသေးသည့်တိုင်အောင် ထိုအခြေအနေကတင် ဝမ်ချောင်အတွက် တိုးတက်မှုများစွာ ရရှိနေခြင်း ဖြစ်နေလေသည်။
ဝုန်း
ဝမ်ချောင်၏ စိတ်စွမ်းအင်က မည်သည့်နေရာကိုသွားသွား ရှုပ်ထွေးသော ဂူလမ်းကြောင်းများ၏ ပုံစံက သူ၏စိတ်ထဲတွင် ထင်ရှားစွာ ပေါ်ထွက်လာလေသည်။ အသံလှိုင်းများနှင့် ပေါင်းစပ်ပြီးနောက် ဝမ်ချောင်သည်လည်း ထိုဂူများအပေါ် သူ၏နားလည်မှုကို လျှင်မြန်စွာ မြှင့်တင်လိုက်နိုင်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ဟာ ဂူများအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
....
ထိုအခိုက် မြေပြင်အထက် မီတာသောင်းခြောက်ထောင် အမြင့်ရှိ အပေါ်တစ်နေရာတွင် ဝမ်ချောင်၏ အိမ်မက်ဆိုးသားရဲကို သတ်ဖြတ်မှုကြောင့် မူလအမရ ရတနာသိုက် အစောင့်အရှောက်များအကြား ဝရုန်းသုန်းကား ဖြစ်စေလေသည်။
“အရှင် သတင်းဆိုးပဲ။ အိမ်မက်ဆိုးသားရဲက သေသွားပြီ”
မူလအမရ အစောင့်အရှောက်များထဲမှ တစ်ယောက်ကပြောသည်။
“ဘာ”
ထိုစကားကိုကြားလိုက်သော် လူတိုင်းကလည်း အံ့အားသင့်သွားပြီး မှင်သက်ကုန်ကြသည်။ ထို့နောက် ချက်ချင်းလိုလို မယုံကြည်နိုင်သလို ဖြစ်သွားလေသည်။
“မဖြစ်နိုင်တာ အိမ်မက်ဆိုးသာရဲရဲ့ စိတ်စွမ်းအင်က အရမ်းကိုများတာ။ ဘယ်သိုင်းပညာရှင်ကမှ မယှဉ်နိုင်ဘူး။ နောက်ပြီးသူက အိမ်မက်တွေကို ဖန်တီးဆောက်လုပ်တဲ့ နေရာမှာလည်း အရမ်းကို ကျွမ်းကျင်သေးတယ်။ ငါတို့တောင်မှ အဲ့ဒီကို သတိလက်လွတ် မဆင်းသွားရဲဘူး”
“အမှန်ပဲ အိမ်မက်ဆိုးသားရဲက ဧကရာဇ် ဟွမ်ခေတ်ကတည်းက အရမ်းကို အင်အားကြီးမားတဲ့ သားရဲတစ်ကောင် ဧကရာဇ်ဟွမ်ကတောင် မသတ်နိုင်ခဲ့တာ အခြားသူတွေဆို ပိုတောင်ဆိုးသေးတယ်။ ငါတို့က နဂါးသားရဲနဲ့ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်တွေကို သုံးပြီး အဲ့ဒီအိမ်မက်ဆိုး သားရဲရဲ့ အသိုက်ထဲကို မောင်းထုတ်ခဲ့တာကလည်း သူ့ရဲ့စွမ်းအားတွေကိုသုံးပြီး လူသားတွေကို သတ်ချင်လို့လေ။ ဒါကိုဘယ်လိုဖြစ်ပြီး အိမ်မက်ဆိုးသားရဲက အသတ်ခံလိုက်ရတာလဲ။ မဖြစ်နိုင်တာ”
“အမှားအယွင်းများ ဖြစ်နေတာလား”
လူတိုင်းက ထိုသတင်း၏ တိကျမှုကို မေးခွန်းထုတ်ကြသည်။
မူလအမရ ရတနာသိုက်အတွင်းတွင် မကောင်းဆိုးဝါးပေါင်းများစွာ ထောင်ချောက်ပေါင်းများစွာရှိပြီး အချို့သော နေရာများသို့ သူတို့ကိုယ်တိုင်ကပင် မချဉ်းကပ်သွားရဲချေ။ သို့သော် ထိုမကောင်းဆိုးဝါးများ ထောင်ချောက်များထဲတွင် အိမ်မက်ဆိုးသားရဲက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
“မမှားနိုင်ဘူး။ မူလအမရအရှင်က ချန်ထားရစ်ခဲ့တဲ့ အိမ်မက်ဆိုးသားရဲရဲ့ အသက်တံဆိပ်ပြားက ကွဲကြေသွားတယ်။ အဲ့ဒီတံဆိပ်ပြားက သတ္ထုသားနဲ့ လုပ်ထားတာ။ အိမ်မက်ဆိုးသားရဲက မသေသမျှ ကွဲကြေသွားမှာမဟုတ်ဘူး”
မူလအမရ အစောင့်အရှောက် တစ်ယောက်က ပြောလိုက်သည်။ သူ၏နဖူးမှ ချွေးစေးများ စီးကျလာသည်။
ဘန်း
အစောင့်အရှောက်များ အားလုံးကလည်း မိုးကြိုးအပစ်ခံရသလို တိတ်ဆိတ်သွားသည်။ သူတို့က စွံ့အသွားလေသည်။ အိမ်မက်ဆိုးသားရဲက သေသွားသည်။
သူတို့ကို သေအောင် ရိုက်သတ်မည်ဆိုလျှင်ပင် ထိုသတင်းက မှန်ကန်ကြောင်း မယုံကြည်နိုင်ပေ။ သူတို့အားလုံးသည်လည်း အလွန်အမင်း အံ့အားသင့်သွားလေသည်။
ဘုန်း
ထိုအခိုက်အတန့်တွင် အဆစ်အမြစ်များ ကျိုးသံလိုအသံက လူတိုင်းကို ဆွဲဆောင်သွားသည်။
“အရှင်”
လူတိုင်းက လှည့်ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး အားလုံးက တုန်ယင်သွားသည်။
“အိမ်မက်ဆိုးသားရဲကို ဘယ်သူကမှ မသတ်နိုင်ဘူး။ သတ်နိုင်ခဲ့ရင် အဲ့ဒါက မိစ္ဆာဧကရာဇ်ရဲ့ တပည့်ပဲဖြစ်မယ်။ သူက မူလအမရဝင်္ကပါကို ချိုးဖျက်ခဲ့တာ။ နောက်ပြီး သူကပဲ အိမ်မက်ဆိုးသားရဲကို လှည့်ကွက်တွေ သုံးသွားတာဖြစ်မယ်”
အစောင့်အရှောက်များ၏ ခေါင်းဆောင်မျက်နှာက ပျက်ယွင်းနေသည်။ သူဟာ အံ့ကိုကြိတ်ထားသည်။ သူ၏မျက်လုံးက သတ်ဖြတ်လိုစိတ်များကို ပြင်းထန်စွာ ထုတ်လွှတ်ထားသည်။
“အားလုံးပဲ ငါပြောတာနားထောင်။ ငါတို့ ဒီမိစ္ဆာဧကရာဇ်ရဲ့ တပည့်ကို ဘယ်လိုနည်းနဲ့မဆို ရအောင်သတ်ရမယ်။ နောက်ပြီး ဒီဂူထဲဝင်သွားသမျှ အခြားသိုင်းပညာရှင်တိုင်းကိုလည်း သတ်ရမယ်”
ထိုစကားများနှင့်အတူ မူလအမရ အစောင့်အရှောက် ခေါင်းဆောင်က တွင်းထဲသို့ ခုန်ဆင်းသည်။ သူ၏ခြုံလွှာက အနောက်ဘက်တွင် လွင့်ထွက်နေလေပြီး ကြီးမားသော ငှက်တစ်ကောင်ကဲ့သို့ပင် ထင်ရသည်။ အနောက်ဘက်မှ အခြားသော အစောင့်အရှောက်များ၏ မျက်လုံးများကလည်း ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ပြည့်နှက်သွားသည်။ သူတို့အားလုံးကလည်း အနောက်ဘက်မှလိုက်ကာ ခုန်ဆင်းကြလေသည်။
တွင်းထဲသို့ဝင်ရောက်ပြီးနောက် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီကဲ့သို့သော လူမျိုးကပင် သတိကြီးကြီး ထားရသည်။ သို့သော် မူလအမရ အစောင့်အရှောက်များကမူ ထိုသို့ ကြောက်လန့်မနေချေ။ သူတို့သည်လည်း ကျွမ်းကျင်မှု၊ ယုံကြည်မှု အပြည့်နှင့်အတူ နံရံပေါင်းများစွာကို လျှင်မြန်စွာ ကျော်ဖြတ်သွားနိုင်သည်။ ထို့နောက် အမှောင်ထုထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
...
“ဟား ဟား သူတို့နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့”
မူလအမရ အစောင့်အရှောက်များ ဆင်းသက်ပြီး သိပ်မကြာခင် အလင်းက တစ်ချက်လက်ပြီး မျက်လုံးသုံးလုံးပါသည့် သမင်မျက်နှာဖုံးကို တပ်ထားသော လူတစ်ယောက်က ပေါ်လာသည်။ သူသည်လည်း တွင်းအစပ်နားတွင် ရပ်နေသည်။
ခလွက်
ထို့နောက် ဝါးဦးထုပ်ဆောင်ထားသော လူသုံးယောက်ကလည်း ပေါ်လာ၏။ သူတို့ကလည်း သမင်မျက်နှာဖုံးနှင့်လူ၏ အနောက်ဘက်တွင် အတန်းလိုက် ရပ်နေကြသည်။ အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အနောက်မှ ကပ်လိုက်ကာ ရပ်နေကြ၏။
“အရှင် ကြည့်ရတာ ငါတို့ရဲ့ တာဝန်နှစ်ခုက ကွက်တိကျနေတာပဲ”
ဝါးဦးထုပ်ဆောင်ထားသောလူက ပြောသည်။ သူသည် သမင်မျက်နှာဖုံးနှင့်လူကို အလွန်အမင်း လေးစားပုံရသည်။
“ဟွန်း မင်းရဲ့တာဝန်၊ ငါ့ရဲ့တာဝန်ဆိုတာမျိုး မဟုတ်တော့ဘူး။ ငါအခုလေးတင် လူတိုင်း ငါ့ရဲ့အမိန့်ကို လိုက်နာရမဲ့ အမိန့်တစ်ခုကို ရထားတယ်။ ငါတို့ဘယ်လိုတန်ကြေးကို ပေးပေး အဲ့ဒါကို ရအောင်ယူရမယ်။ ဒီဂူထဲက အဲ့ဒီသိုင်းပညာရှင်တွေ အတွက်ကတော့... ကြည့်ရတာ ငါတို့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ရာကျော်က အဖြစ်အပျက်တွေကို ပြန်ထပ်လုပ်ဖို့ လိုအပ်ပြီထင်တယ်။ ငါတို့ ဘယ်သိုင်းပညာရှင်ကမှ နတ်ဘုရားရဲ့ တည်ရှိမှုကို သိခွင့်ပြုလို့မရဘူး။ သူတို့အားလုံး သေရမယ်”
သမင်မျက်နှာဖုံးနှင့်လူက တင်းမာစွာပြောသည်။
“ငါတို့ အရှင့်ရဲ့အမိန့်ကို နာခံပါတယ်”
ဝါးဦးထုပ်ဆောင်ထားသော လူသုံးယောက်က အံ့ဩပုံမရချေ။ သူတို့သည်လည်း ထိုသတင်းကို ရထားပြီးလောက်လေပြီ။
“ဒါပေမဲ့အရှင် ငါတို့ အခုလေးတင် သူတို့အားလုံးကို သတ်နိုင်ခဲ့သင့်တာ။ ဒါကိုဘာလို့ နင်ကငါတို့ကို တားတာလဲ”
ခေါင်းဆောင်ဝါးဦးထုပ်နှင့်လူက မေးသည်။
“ဟွန်း လူတိုင်းက ဘယ်လိုသတ်ရမလဲ သိတယ်။ ငါတို့လုံလောက်အောင် သတ်ဖြတ်ခဲ့ပြီးပြီ မဟုတ်လား။ လူတစ်ယောက်က ဦးဆောင်တာမျိုးမရှိဘဲ အဲ့ဒါကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ သွားမယ် အချိန်မဖြုန်းနဲ့”
ကြောက်စရာကောင်းသော သမင်မျက်နှာဖုံးနှင့်လူက ချက်ချင်းဆိုသလိုပင် တွင်းထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
တခဏခန့် တုန့်ဆိုင်းနေပြီး ကျန်သောသူများကလည်း လိုက်ကာ ဝင်သွားကြသည်။
...
“ဒီနေရာဖြစ်လောက်တယ်”
ဝမ်ချောင်က ဂူထဲတွင် ပျံသန်းနေရင်းမှ သူ၏စိတ်စွမ်းအားနှင့် အိမ်မက်ဆိုးသားရဲ၏ မှတ်ဉာဏ်ကြား ဖွဲ့စည်းထားသော ဂူ၏ပုံစံက ထွက်သွားသည်။
အိမ်မက်ဆိုးသားရဲသည် ဒီဂူထဲတွင် နှစ်ရာကျော် နေထိုင်ခဲ့သည်။ ထို့ကြောင့် ဒီနေရာအားလုံးကို သူ၏လက်ခုံကဲ့သို့ သိနေခဲ့ပြီးသားဖြစ်သည်။ မူလအမရအရှင်က မူလအမရနန်းတော် ပုန်းအောင်းနေသော နေရာကို ထုတ်မပြောထားသလို ဝမ်ချောင်အတွက်ကမူ အိမ်မက်ဆိုးသားရဲ၏ မှတ်ဉာဏ်များကတင် ဦးတည်ရာဘက်ကို အခြေခံအားဖြင့် သိရှိရန် လုံလောက်သည်။
ထို့ကြောင့် မီတာထောင်ပေါင်းများစွာ သွားလာပြီးနောက်တွင် သူဟာ နောက်ဆုံးတွင် ဂူအခွဲများက နည်းသထက် နည်းလာပြီး အပြင်ပန်းပုံသဏ္ဍန်က ရှုပ်ထွေးခြင်း မရှိတော့ကြောင်း သိလာရသည်။ ထိုအခြေအနေအားဖြင့် ဝမ်ချောင်အား သူသည် လမ်းကြောင်းမှန်နေကြောင်း သိစေသည်။ ပို၍အရေးကြီးသည်မှာ သူ၏စိတ်စွမ်းအင်ဖြင့် အာရုံခံနိုင်စွမ်းအားအရ ထိုဂူ၏ အဆုံးသတ်နားတွင် အဆုံးအစ မရှိသလို ထင်ရသော ကြီးမားသော ဂူကြီးတစ်ဂူ ရှိနေလေသည်။
ဝင်ရမယ်။
ဝမ်ချောင်က သူ၏အရှိန်နှုန်းကို မြန်ဆန်လိုက်ပြီး ထိုဂူကြီးထဲသို့ သွားသည်။ သိပ်မကြာခင် အချိန်တွင် ဝမ်ချောင်သည် သူ၏လက်ရှိ ဂူထဲမှနေ၍ ထိုကျယ်ပြောသော နေရာသို့ ဝင်ရောက်လိုက်နိုင်သည်။
ဟေ့
ဝမ်ချောင်က ပတ်ဝန်းကျင်ကို အာရုံမခံနိုင်သေးခင် ပင့်သက်ရှိုက်လိုက်မိသည်။ အကြောင်းမူကား အစိမ်းရင့်ရောင် အဆိပ်ငွေ့များက သူ့ဆီသို့ ပြုံတိုးဝင်လာသောကြောင့်ဖြစ်သည်။ မသိသာ မထင်ရှားသော ဝေဝါးမှုအကြားမှ ဝမ်ချောင်သည်လည်း ပါးလျသော အပ်ချည်မျှင်များက ရှေ့ပြန်နောက်ပြန် မျောလွင့်နေကြောင်း မြင်နိုင်သေးသည်။ ထိုအပ်ချည်မျှင်များက ဆံချည်တစ်မျှင်အလား ပါးလျသည်။ နူးညံ့ပြီး အားနည်းပုံပေါ်၏။ အနည်းငယ်လေး ထိလိုက်မိရုံဖြင့် ကျိုးသွားစေလောက်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုအပ်ချည်မျှင်များက နူးညံ့ကာ ဖျက်ဆီးရလွယ်သည်ဟု ထင်ရသော်လည်း သံမဏိအလား မာကြော၍ ဓားအလား ထက်ရှနေကြောင်း နားလည်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကပင် သွေးများက အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ၏နှာခေါင်းထဲတွင် သေဆုံးခြင်းရနံ့များက သိပ်သည်းလာသည်။
++++
အခန်း(၁၄၆၇)
“မကောင်းတော့ဘူး”
ဝမ်ချောင်သည် ချက်ချင်းလိုလိုပင် မကောင်းသည့် ခံစားချက်များကို ရရှိလိုက်သည်။ သူ၏ကျင့်ကြံခြင်း အဆင့်တွင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများထံမှ ခြုံခိုတိုက်ခိုက်မှုများမှ မဟုတ်လျှင် ယခုလို မကောင်းသော ခံစားချက်မျိုးကို မရရှိစေနိုင်ပေ။ ထို့ကြောင့် ထိုအပ်ချည်မျှင်များက မည်မျှအထိ အန္တရာယ်များကြောင်း သိနိုင်သည်။
ခွက်
ဝမ်ချောင်သည် လျှင်မြန်စွာဖြင့် ရောက်ရှိလာသလို လျှင်မြန်စွာဖြင့်ပင် အနောက်သို့ ပြန်ဆုတ်လိုက်သည်။ သူ၏ခြေထောက်က မြေပြင်နှင့်ပင် လျောတိုက်သွားပြီး ထိုအပ်ချည်မျှင်များက အနားမကပ်နိုင်သေးခင် ခုန်ထွက်လိုက်သည်။
“သတိထား”
သူသည် အသံတိုးတိုးကို ကြားလိုက်သည်။ ထို့နောက် အဝတ်က စုတ်ပြဲသလို တဆစ်ဆစ် အသံကို ကြားရသည်။
သေးသွယ်သော အပ်ချည်မျှင်များထဲမှ တစ်ခုက ဝမ်ချောင်၏ ဘယ်ဘက်ပုခုံးကို ဖြတ်တိုက်သွားပြီးနောက် သူသည်လည်း အဝတ်များ စုတ်ပြဲသွားပြီးနောက် ခံစားရသည့် ပူတက်လာသည့် နာကျင်မှုကို မြင်လိုက်သည်။ ထိုနေရာတွင် ပါးလျသော အနီရောင်ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာလေပြီ။
သွေးများက ချက်ချင်းပန်းထွက်လာသည်။ သို့သော် သွေးနီရောင် သွေးများက အစိမ်းရောင်အဖြစ် ပြောင်းလဲ၍ ဖော်ပြရန်ခက်ခဲလောက်အောင် ထူးဆန်းသည့် အငွေ့များနှင့် ပေါင်းစပ်သွားလေသည်။
အဆိပ်
ဝမ်ချောင်၏ နှလုံးသားက အခုန်မြန်သွားသည်။ သူသည် ချက်ချင်းလိုလို နားလည်လိုက်သည်။ သို့သော် သူ၏လက်ရှိ အင်အားမျိုးနှင့် ပြင်းထန်သော အဆိပ်များက ကြယ်တာရာစွမ်းအင်များနှင့် တားဆီးခံရသင့်သည်။ သို့မဟုတ်လျှင်လည်း အရှိန်နှုန်း နှေးကျသွားသင့်သည်။
သို့တိုင်အောင် ထိုအဆိပ် အပ်ချည်မျှင်များက သူ၏ဘယ်ဘက်ပုခုံးထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင် သွေးများက ချက်ချင်းလိုလို အစိမ်းရောင် ပြောင်းသွားသည်။ ထိုအခြေအနေကတင် ထိုအဆိပ်က မရိုးရှင်းကြောင်း သိနိုင်သည်။
ငါအခုစတင်ပြီး ထုံထိုင်းလာသလို ခံစားနေရပြီ။ ဒီအဆိပ်က တကယ်ပဲ ဘာလဲ။ ကြယ်တာရာစွမ်းအင်တောင် မတားနိုင်ဘူးလား။
ဝမ်ချောင်သည် တအံ့တဩ မှတ်ချက်ချလိုက်သည်။
ထိုမူလအမရ ရတနာသိုက်သည် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များ၊ နဂါးသားရဲများ၊ အိမ်မက်ဆိုးသားရဲ၊ ယခု လျို့ဝှက်ဆန်းကြယ်သော အဆိပ်မြူ... မည်သည့်အရာကမဆို လူတစ်ယောက်၏ အသက်ကို နှုတ်ယူနိုင်စွမ်းရည် ရှိနေလေသည်။
ထိုအပ်ချည်မျှင်များ၏ ထက်ရှမှုအရ သူကသာ သူ၏စိတ်စွမ်းအင်ကြောင့် ကြိုတင်ပြီး သတိမထားမိခဲ့ဘဲ မရှောင်နိုင်ခဲ့လျှင် နှစ်ခြမ်းကွဲသွားလောက်သည်။
အဆိပ်မြူက ဆက်လက်ပြီး လိမ့်တက်လာကာ ထိုဂူကြီး တစ်ခုလုံးအနှံ့ ပြန့်ကျက်လာသည်။ သို့သော် အဆိပ် အပ်ချည်မျှင်များကမူ ပျောက်သွားသည်။
ဝမ်ချောင်သည် အနည်းနှင့်အများ အေးဆေးသွားသည်။ သူဟာ ဒဏ်ရာကိုကုသရန် အချိန်သုံးလိုက်၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို တွေးတောကြည့်ပြီးနောက် သူသည် သတိထားဆိုသော အသံထွက်လာရာဘက်သို့ ဂရုစိုက် ရှာကြည့်လိုက်သည်။
ဝမ်ချောင်သည် သိပ်ဝေးဝေးသွားရန် မလိုအပ်ဘဲ ထိုလူကို ရှာတွေ့သွားသည်။
“ခင်ဗျားလား”
ဝမ်ချောင်သည် နံရံနားတွင် အသက်မဲ့သလို ထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဖျားနာသူပုံ ပေါက်စေလေသည့် အစိမ်းရောင် ပြောင်းနေလေသည်။ ဝမ်ချောင်၏ မျက်ခုံးများက အံ့အားသင့်မှုကြောင့် မြောက်တက်သွားသည်။ ထိုမိုးပြာရောင် ဝတ်စုံနှင့်လူက သိုင်းပညာလောကမှ နာမည်ကျော် သခင်လေး ချင်းယန်ကလွဲပြီး အခြားသူမဟုတ်ပါချေ။
သို့သော် ထိုသခင်လေးချင်းယန်က သူ့ကို ထက်မြက်မှု၊ ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်နေခဲ့သောသူဖြစ်ပြီး ယခုတစ်ယောက်ကမူ ပြင်းပြင်းထန်ထန် အဆိပ်မိထားကာ သေသည်နှင့် မခြားတော့သောသူဖြစ်သည်။
“ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ”
သခင်လေးချင်းယန်က သူ၏ စင်းကျနေသော မျက်ခွံများကိုပင့်ပြီး ဝမ်ချောင်ကိုကြည့်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက စွမ်းအင်လိုအပ်ချက်များနှင့် ပြည့်နှက်နေသလို အတက်စွမ်းအားများကလည်း ဆိုးရွားစွာ ထိုးကျနေလေသည်။ ထို့ကြောင့် ရှင်းလင်းစွာ သူ၏အခြေအနေက အလွန်ဆိုးနေသည်။ သို့တိုင်အောင် သူဟာ သူ၏အရှေ့တွင် ရပ်နေသော ဝမ်ချောင်ကိုမြင်သည်နှင့် သူ၏မျက်လုံးနားမှ လှုပ်ခတ်လာသော ခံစားချက်ကို ခံစားမိလိုက်သည်။
သူနှင့် ထိုသခင်လေး ချင်းယန်တို့က တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်မှု ရှိပုံရသည်။
သို့သော် ထိုသခင်လေးချင်းယန်ကလည်း သူတို့ဟာ ယခုလို အခြေအနေမျိုးနှင့် ပြန်တွေ့ရလိမ့်မည်ဟု မတွေးဖူးချေ။
“ရန်သူတွေက လမ်းကျဉ်းမှာ ဆုံတယ်တဲ့။ မင်းလုပ်မဲ့အရာကို ဆက်လုပ်လိုက်”
သခင်လေးချင်းယန်က ပြောပြီးနောက် ခေါင်းကို စင်းချလိုက်သည်။ သူသည်လည်း ဝမ်ချောင်က သူ့အပေါ် လုပ်ခဲ့သည့် အမှားအတွက် ကလဲ့စားချေလိုမည်ဟု ယုံကြည်ထားသည်။
သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ ဆေးတစ်လုံးသာဖြစ်သည်။
ဝမ်ချောင်သည်လည်း အနည်းငယ်ပင် တုန့်ဆိုင်းမနေတော့ဘဲ သူ၏ဝမ်းဗိုက်ထဲမှ ဆေးနှင့်တူသော အရာကို ချက်ချင်းလိုလို ဆွဲထုတ်လိုက်ပြီး ထိုသခင်လေးချင်းယန်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဒါက နန်းတွင်းမှာ လျို့ဝှက်နည်းလမ်းပေါင်း မျိုးစုံကိုသုံးပြီး ဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးပဲ။ တစ်လုံးရဖို့အတွက် ရွှေထည် သုံးသိန်းတောင် ပေးရတာ။ ယာယီအားဖြင့်တော့ မင်းရဲ့ကိုယ်ထဲက အဆိပ်တွေကို ဖိနှိပ်နိုင်ဖို့ လုံလောက်လိမ့်မယ်”
ဝမ်ချောင်က ဆေးတစ်လုံးကို ထုတ်ယူပြီး မထူးခြားနားသလို ရှင်းပြလိုက်သည်။
ထိုအဆိပ်အပ်ချည်မျှင်များ၏ အဆိပ်ဓာတ် ပါဝင်မှုနှုန်းက သူမျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းသည်။ ဝမ်ချောင်သည်ပင် သူ၏ခန္ဓာကိုယ် တစ်ဝက်ခန့်က ထုံထိုင်းနေသလို ခံစားရသည်။ သူကသာ ကုသရန် နည်းလမ်းတစ်မျိုးကို မတွေးနိုင်ခဲ့လျှင် လှုှုပ်ရှားနိုင်စွမ်းအား မရှိတော့ဘဲ အဆုံးသတ်သွားရလောက်သည်။
ကလု
နန်းတွင်းမှ ဆေးဆိုသည့်အတိုင်းပင် ဆေးလုံးအနည်းငယ်ကို သောက်ပြီးသည်နှင့် သူသည်လည်း ခန္ဓာကိုယ်မှ အဆိပ်အများစုက ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
“မင်းကဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ ဒီအရှေ့မှာ အိမ်မက်ဆိုးသားရဲ ရှိတာမဟုတ်ဘူးလား။ မင်းရဲ့ အင်အားမျိုးနဲ့ဆိုရင် အိမ်မက်ဆိုးသားရဲကို မကျော်သွားနိုင်ဘူး ဟုတ်တယ်မလား”
ဝမ်ချောင်က မေးသည်။ သူဟာ ထိုသို့ပြောနေရင်း သခင်လေးချင်းယန်၏ ကိုယ်ပေါ်သို့ လက်ဝါးတစ်ချက်ကို ကပ်လိုက်၍ ကြယ်တာရာစွမ်းအင်များအား ကိုယ်ထဲသို့ ထည့်သွင်းပေးရင်း အဆိပ်များကို ဖယ်ရှားနိုင်ရန် ကူညီပေးသည်။
ဝမ်ချောင်၏ ကူညီထောက်ပံ့မှုကြောင့် သခင်လေးချင်းယန်၏ အသားအရောင်က တိုးတက်လာသည်။ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင် အဆိပ်များကလည်း စတင်ကာ ပျက်ပြယ်လာ၏။ သို့သော် သူဟာ အားနည်းလွန်းနေသေးသည်။ သူသည် စွမ်းအားအနည်းငယ်သာ ကျန်ရစ်တော့သည့်အလျောက် အဆိပ်များ အားလုံး ပျောက်ကွယ်သွားရန် အချိန်တစ်ခုကြာ ယူရလောက်လေသည်။
“ငါလည်း ဒီလိုအခြေအနေမျိုးမှာ မင်းနဲ့တိုးမယ်လို့ မထင်ထားဘူး။ မူလအမရသိုင်းက လောကရဲ့ နံပါတ်တစ်သိုင်းလို့ ကျော်ကြားတာ။ သူက ရာစုနှစ်ပေါင်းများစွာ ပျောက်နေခဲ့တာ။ အခုမှ ပြန်ပေါ်လာခဲ့တာ။ ငါကလည်း ဒီနားမှာ ရှိနေမှတော့ သေချာပေါက် ဒီလိုခမ်းနားတဲ့ အခွင့်အရေးမျိုးကို အလွဲခံလို့ မဖြစ်ဖူးပေါ့”
“ဒါပေမဲ့ ငါရှေးခေတ်ကာလက အမှောင်အရိပ် ပင့်ကူတွေနဲ့ တိုးမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ငါ့ကို ကာကွယ်ဖို့အတွက်နဲ့ နဂါးဓားတောင်မှ ဒီပင့်ကူတွေဖမ်းတာကို ခံလိုက်ရတယ်။ ငါသာ သခင်လေးနဲ့ မတိုးဘူးဆိုရင် ငါလည်း သေနေလောက်ပြီ”
သခင်လေးချင်းယန်က ဝမ်ချောင်ကို ရှုပ်ထွေးသော အကြည့်မျိုးဖြင့်ကြည့်သည်။ သိပ်မကြာခင်က သူနှင့် ဝမ်ချောင်တို့က မည်သူက အသက်ရှင်ခွင့် ရှိမည်နည်းဆိုသော ကိစ္စနှင့်ပတ်သတ်ပြီး ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် ယခုအခါ ဝမ်ချောင်က သူ၏အသက်ကို ကယ်နေသည်။
“အမှောင်အရိပ်ပင့်ကူဟုတ်လား”
ဝမ်ချောင်သည် စိတ်ရှုပ်ထွေးစွာနှင့် မျက်မှောင်များကို ကျုံ့လိုက်သည်။ သူသည်လည်း ထိုကဲ့သို့သော သတ္တဝါမျိုးအကြောင်း မကြားဖူးချေ။ ပို၍ဆိုးသည်မှာ သခင်လေးချင်းယန်ပြောသော စကားများကို ခြေရာခံကြည့်ရာတွင် ထိုပင့်ကူများက ရှင်းလင်းစွာပင် နဂါးသားရဲနှင့် အိမ်မက်ဆိုးသားရဲနှင့် တူလောက်သည်။ သို့သော် ဝမ်ချောင်က ပို၍အံ့အားသင့်သည်မှာ သခင်လေးချင်းယန်က ထိုအကြောင်း သိနေခြင်းဖြစ်သည်။
“ဒီအဆိပ်သတ္တဝါတွေက ဘာလဲဆိုတာကို ဘယ်လိုသိတာလဲ”
ဝမ်ချောင်ကမေးသည်။
“ဒီလူရဲ့ သွေးကြောတွေက ပျက်စီးနေတာ။ ဒါကြောင့် ငါငယ်ငယ်ကတည်းက အကြောင်းအရာ အမျိုးမျိုးနဲ့ ပတ်သတ်သမျှ စာအုပ်တွေအများကြီးကို လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒီစာအုပ်တွေထဲက တစ်ခုက ရှေးခေတ်ကာလက ထူးဆန်းတဲ့ ဖြစ်တည်မှုတွေအကြောင်း မှတ်တမ်းတင်ထားတယ်။ ငါလည်း ဒဏ္ဍာရီစာအုပ်လိုမျိုး သဘောထားပြီး ဖတ်ခဲ့တာပဲ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ အဲ့ဒီအမှောင်အရိပ် ပင့်ကူတွေက တကယ်ဖြစ်နေမှန်း သိလိုက်ရတယ်”
သခင်လေးချင်းယန်ကလည်း ထိုသို့ပြောနေရင်း သူ၏မျက်လုံးထဲမှ အံ့အားသင့်မှုများကို ဖုံးကွယ်ရန် ခက်ခဲနေသည်။
“အဲ့ဒီပင့်ကူတွေက လွှတ်ထုတ်ထားတဲ့ အဆိပ်အပ်ချည်မျှင်တွေက ဆံချည်တစ်မျှင်တမျှ ပါးလျတယ်။ ဒါပေမဲ့ သံမဏိထက်တောင် မာကြောသေးတယ်။ စာအုပ်ရဲ့ ပြောစကားအတိုင်းဆိုရင် အဲ့ဒီပင့်ကူ အပ်ချည်မျှင်တွေက တော်တော်လေးကို ချွန်ထက်တယ်။ အဖိုးတန်လွန်းတဲ့ ဓားတောင်မှ အပ်ချည်မျှင်တွေကို ထိရုံနဲ့ ပြတ်ထွက်သွားနိုင်တယ်။ အဲ့ဒီအချက်အပြင် အဲ့ဒီအပ်ချည်မျှင်တွေက မီးနဲ့ရေကိုလည်း ပြီးသေးတယ်။ အကြမ်းတမ်းဆုံး မီးတောက်ကြောင့် ထိခိုက်တာမျိုးတောင် မရှိနိုင်ဘူး။ ဒါကြောင့် ပြိုင်ဘက်ကင်းလုနီးပါးပဲ”
“အဲ့ဒီအချက်တွေအပြင် ဒီအပ်ချည်မျှင်တွေက တော်တော်လေးကို အဆိပ်ပြင်းတယ်။ မင်းက ဘယ်လိုအမျိုးအစား သိုင်းပညာရှင်မျိုးပဲဖြစ်ဖြစ်၊ ကြယ်တာရာစွမ်းအင် ဘယ်လောက်ပဲများများ၊ တွန်းလှန်ဖို့ ခက်ခဲမှာပဲ။ နဂါးဓားတောင်မှ ဒီအပ်ချည်မျှင်တွေထဲက တစ်ခုကြောင့် အဆိပ်မိသွားခဲ့ပြီး အဖမ်းခံရစေတာပဲ”
သခင်လေးချင်းယန်၏ မျက်နှာတွင် ဝမ်းနည်းသော အကြည့်မျိုးက ပေါ်လာသည်။
ဝမ်ချောင်ကမူ နားလည်ရခက်သလို ဖြစ်သွားသည်။ သခင်လေးချင်းယန်က ထိုမျှအထိ နားလည်နေနိုင်ခြင်းက မမျှော်လင့်ထားသော အကျိုးအမြတ်ဖြစ်သည်။
“အဲ့ဒီ မင်းဖတ်ခဲ့တဲ့ စာအုပ်မှာ ဒီသတ္တဝါတွေကို ကိုင်တွယ်မဲ့နည်းလမ်းကို မှတ်တမ်းတင်ထားလား”
ဝမ်ချောင်ကမေးသည်။
“ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက် လွယ်မှာလဲ”
သခင်လေးချင်းယန်က ခေါင်းကိုခါပြီး ခါးသီးစွာပြုံးသည်။ ထို့နောက် သူသည် နံရံကို မှီကပ်လိုက်ကာ သူ၏အင်အားများအားလုံး ကုန်ဆုံးသွားသလို ပြုမူလေသည်။
ထိုပင့်ကူများက သိုင်းပညာရှင် ရာပေါင်းများစွာကို ဖမ်းဆီးသွားသည်။ အများစုက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်သည်။
သူကဲ့သို့ မွေးရာပါ ပြစ်ချက်ရှိသော သာမာန်ခန္ဓာကိုယ်နှင့် တစ်ယောက်အတွက် ထောင်ချောက်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ယခုလောက်အထိ ရောက်နိုင်ခြင်းကတင် အံ့အားသင့်စရာ ကောင်းနေလေပြီ။
“သခင်လေးအနေနဲ့ ငါ့ကို စိုးရိမ်ဖို့ မလိုပါဘူး။ ငါက ဒီနေရာကနေလည်း အသက်ရှင်လျှက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ဒီတိုင်း ဒီနေရာကနေ မြန်မြန်သာ ထွက်သွားပါ။ ဒီပင့်ကူတွေက ပုံမှန်အားဖြင့် အသိုက်ကထွက်လေ့ မရှိဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က တိုက်ခိုက်လာပြီဆိုတာနဲ့ အရာအားလုံး ပြောင်းသွားပြီ။ သူတို့က သဘာဝကို ကြောက်ရွံ့တတ်တဲ့ အကြည့်မျိုးရှိတယ်။ ဒါကြောင့် ရန်သူရဲ့အင်အားကို မသိမချင်း တိုက်ခိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သိသွားပြီဆိုတာနဲ့ အသိုက်ထဲကနေ ထွက်လာပြီ။ အဲ့လို အသိုက်ထဲကနေ ထွက်လာပြီဆိုတာနဲ့ နောက်ကျသွားပြီပဲ”
သခင်လေးချင်းယန်က မျက်လုံးကိုမှိတ်ပြီးပြောသည်။
သူက သာမာန်လူတစ်ယောက်။ တစ်စုံတစ်ယောက်ရဲ့ အကူအညီ မရှိဘဲနဲ့ သူဒီနေရာကနေ အသက်ရှင်လျှက် မထွက်သွားနိုင်ဘူး။ ဒီတော့ အန္တရာယ်များတဲ့ နေရာတွေကို ရှာဖွေပြီးတဲ့နောက်မှာ သခင်လေးချင်းယန်လည်း မူလအမရ ရတနာသိုက်ထဲကို ဝင်ကတည်းက သေဖို့ကို လက်ခံထားပြီးသား။ အဆုံးသတ်မှာတော့ ဒီလောက်ထိ အချိန်အတန်ကြာ နှောင့်နှေးခဲ့ပြီးနောက်မှာ သူလမ်းရဲ့အဆုံးကို ရောက်သွားခဲ့ပြီပဲ။
ဝမ်ချောင်က ဘာစကားမှ မဆိုတော့ပေ။ သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။
သူသည်လည်း သခင်လေးချင်းယန်၏ နောက်ခံကို မသိသည့်တိုင်အောင် အလွယ်တကူ လက်လျော့စေလိမ့်မည် မဟုတ်ပေ။
ဘန်း
ထိုသို့တွေးပြီးနောက် ရုတ်တရက် ချက်ချင်းဆိုသလိုပင် သူ၏ ကြယ်တာရာစွမ်းအင်များက ထိုအမှောင်အရိပ် ပင့်ကူသိုက်ထဲသို့ ပို့လွှတ်လိုက်သည်။
သို့သော် သူ၏ ကြယ်တာရာစွမ်းအင်က စတင်ကာ ဖြန့်ကျက်ရုံသာ ရှိသေးသည်။ မမြင်ရသော အရန်အတားအဆီးနှင့် ကြုံရပြန်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဝမ်ချောင်သည် ထိုရလဒ်ကို မျှော်လင့်ထားသလိုမျိုး ခေါင်းကိုအသာညိမ့်သည်။
ထိုအကာအကွယ်လွှာက ဝမ်ချောင်၏ စိတ်စွမ်းအင်ကို ရှေ့ဆက်ပြီး မတိုးအောင် တားထားသည်။ ထိုအရာက အစိမ်းရင့်ရောင် မြူထုသာဖြစ်သည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ယခုလို အခြေအနေမျိုးကို ကြုံတွေ့ဖူးခြင်း ဖြစ်လေသည်။
ထိုထက်ရှပြီး သဏ္ဍာန်မဲ့သော အဆိပ်ငွေ့က ကြယ်တာရာစွမ်းအင်များကို တွန်းလှန်နိုင်စွမ်းရည်နှင့် နှောက်ယှက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က အဆိပ်မြူထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိပ်မြူက တကွဲတပြားစီ ဖြစ်နေလေသည်။ ကြယ်တာရာစွမ်းအင်၏ နှောက်ယှက်နိုင်စွမ်းရည်ကလည်း အားနည်းလွန်းပြီး သိုင်းပညာရှင် တစ်ယောက်အတွက်မူ မဖြစ်နိုင်အောင် ဖြစ်စေသည်။ ထို့ကြောင့် ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များကို ရေကြီးသလိုမျိုး အတန်းလိုက် လွှတ်ထုတ်လိုက်သည်။ ဒီနည်းအားဖြင့် အဆိပ်မြူများထံမှ အတင်းထိုးခွဲထည့်ရန် ကြိုးစားလိုက်လေသည်။
ဝမ်ချောင်သည် သိပ်မကြာခင် ဂူတစ်ခုလုံးကို မြင်လိုက်ရသည်။
သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင်အောင် အစစ်အမှန် ပုံစံကို မြင်လိုက်ပြီးနောက် မှင်သက်သွားရသည်။
ထိုသိပ်သည်းလွန်းသော မြေအောက်နယ်မြေကြီးက အိမ်မက်ဆိုးသားရဲ၏ ဂူထက်ပင် ကြီးမားသေးသည်။
ထိုဂူ၏ အလယ်နေရာတွင် ဝမ်ချောင်က ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးကို မြင်လိုက်ရသည်။ ထိုသစ်ပင်ကြီး၏ ပင်စည်က လူလေးယောက်မှ ငါးယောက်ခန့်အထိ ဝိုင်းပတ်ထားရန် လုံလောက်သည်။ ထို့အပြင် မီတာလေးဆယ်၊ ငါးဆယ်ခန့်အထိ မြင့်မားသေးလေသည်။ ထို့အပြင် သစ်ကိုင်းအများစုကလည်း ထိုပင်စည်ထဲမှ ဖြာထွက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် အခြားသော သစ်ပင်များနှင့် မတူညီသည်မှာ ထိုသစ်ပင်မှာ အရွက်များ မရှိပေ။ မရေမတွက်နိုင်သော အဖြူရောင် ပင့်ကူအိမ်များသာ ပြည့်နှက်နေသည်။ သစ်ကိုင်းများကလည်း နှင်းများလို ပြည့်နှက်နေသေး၏။ ထိုသစ်ကိုင်းများအနှံ့ တည်ရှိနေသော ပင့်ကူအိမ်များထံမှ အောက်ဘက်သို့ တွဲလောင်းကျနေသော တွဲလောင်းကျနေသော ပင့်ကူများကိုလည်း မြင်ရသည်။
သို့သော် မှင်သက်ဖွယ်အကောင်းဆုံး အချက်ကမူ ထိုသစ်ကိုင်းများထံမှ တွဲကျနေသော ကြီးမားသည့် ပိုးအိမ်ကြီးများဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အတွင်းမှ အရာများကို သိနိုင်သည်။
သိုင်းပညာရှင်တွေပဲ။
++++
အခန်း(၁၄၆၈)
ဝမ်ချောင်မြင်နိုင်သော အနေအထားမှတဆင့် ထိုကြီးမားသော ပိုးအိမ်ကြီးများထဲတွင် သိုင်းပညာရှင်များ ရှိနေပြီး သူတို့အားလုံး၏ ခန္ဓာကိုယ်များက တောင့်တင်းကာ ဖြောင့်တန်းနေကြသည်။ သို့သော် သိုင်းပညာရှင်ထဲမှ တစ်ယောက်က သိပ်မကြာခင်ကမှ အဖမ်းခံထားရခြင်း ဖြစ်လောက်သည်။ သူတို့၏ ခန္ဓာကိုယ်က အနည်းငယ် ကွေးနေသေးပြီး အဆိပ်ကြောင့် တွန့်လိုက်ကွေးလိုက် ဖြစ်နေသည်။ ရှင်းလင်းစွာဖြင့်ပင် သိပ်ကြာကြာ မခံနိုင်ပါချေ။
ဝမ်ချောင်က စိတ်စွမ်းအင်ကိုသုံးပြီး ဂူတစ်ခုလုံးကို အကဲခတ်နေချိန်တွင် ရှေးဟောင်းသစ်ပင်ကြီးပေါ်မှ ပိုးအိမ် ရာပေါင်းများစွာ ရှိနေကြောင်း မြင်လိုက်ရသည်။
ဟစ်
ရုတ်တရက် ဝမ်ချောင်၏ နားထဲတွင် သတိပေးသံလိုမျိုး ပင့်သက်ရှိုက်သံမျိုးကို ကြားလိုက်ရသည်။
ရှေးဟောင်းသစ်ပင်ကြီး၏ အောက်ဘက်တွင် အင်အားပြင်းထန်လွန်းသော စိတ်စွမ်းအင် အားလှိုင်းတစ်ရပ်ကို အာရုံခံမိလိုက်သည်။
ဝေါင်း
သူသည် သခင်လေးချင်းယန်ထံမှ ကြားထားပြီးသည့်တိုင်အောင် ထိုသစ်ပင်ကြီး၏ အောက်ဘက်မှ ကြီးမားလွန်းသော သတ္တဝါကြီးကို မြင်လိုက်ပြီးနောက် ဝမ်ချောင်သည်လည်း အလွန်အမင်း ထိတ်လန့်သွားရသည်။ ထိုကြီးမားလွန်းသော ပင့်ကူကြီးက လေးမီတာမှ ငါးမီတာခန့်အထိပင် မြင့်သေးပြီး ခေါင်းပေါ်တွင်လည်း မျက်လုံးက (၁၆)စုံပင်ရှိနေသည်။
သူ၏ကိုယ်က ပြင်းထန်သိပ်သည်းလွန်းသော အစိမ်းရင့်ရောင် မြူများကို လွှတ်ထုတ်နေသည်။ ထိုပင့်ကူကြီးဟာ ဂူထဲမှထွက်လာသော အဆိပ်များ၏ အရင်းအမြစ်ဖြစ်သည်။
ဝမ်ချောင်က သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ ထိုနယ်မြေတစ်ခုလုံးကို အကဲခတ်နေချိန်တွင် အမှောင်အရိပ် ပင့်ကူကြီးကလည်း မြေပြင်ရှိ သိုင်းပညာရှင်တစ်ယောက်ကို ပတ်ထားသော ကြီးမားသည့် ပိုးအိမ်ကြီး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေလေသည်။
နဂါးဓား
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် ထိုလူဟာ မည်သူဖြစ်ကြောင်း သိလိုက်သည်။ ထိုအမှောင်အရိပ် ပင့်ကူ၏ အရှေ့မှလူက သခင်လေးချင်းယန်၏ အစောင့်ဖြစ်လောက်သည်။
ငါသူ့ကိုကယ်ရမယ်။
ဝမ်ချောင်က လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ထံမှ ဓားချီများကို ပို့လွှတ်ကာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ညာဘက်လက်ဖဝါးနှင့် ပေါင်းသုံးလိုက်သည်။ ထိုနည်းအားဖြင့် သူသည် သခင်လေးချင်းယန်၏ အစောင့်ကိုသာ အာရုံစိုက်လိုက်သည်။ သို့သော် ထိုပင့်ကူက ဝမ်ချောင် မျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ တုန့်ပြန်သည်။
စွစ်
ထူထပ်သော လေချွန်သံနှင့်အတူ ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းမှ ပါးလျသော ပင့်ကူချည်မျှင် တစ်ရပ်က ဝမ်ချောင်ထံ တိုးဝင်လာသည်။
“အန္တရာယ်”
ဝမ်ချောင်က ချက်ချင်းဆိုသလို အန္တရာယ်ကို ခံစားလိုက်ရသည်။
ဝမ်ချောင်က အကြံကိုပြောင်းလိုက်သည်။ အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီးနောက် ကြယ်တာရာစွမ်းအင်များက ထိုပင့်ကူ အပ်ချည်မျှင်ထံသို့ ပို့လွှတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က ညာဘက်လက်ကိုလည်း ပြန်ရုတ်သိမ်းလိုက်ကာ သခင်လေးချင်းယန်ကို ပုခုံးမှ ကောက်ဆွဲ၍ အနောက်သို့ ပြန်ဆုတ်စေသည်။
ဘုန်း
ဝမ်ချောင်က နောက်ဆုတ်လိုက်ချိန်တွင် ဂူထဲမှထွက်လာသော အဖြူရောင်အပ်ချည်မျှင် ဆယ်ခုကျော်ခန့်က ဝမ်ချောင်၏ အနောက်ဘက် ဂူနံရံကို ဖြတ်ရိုက်လိုက်သည်။
ထိုပင့်ကူမျှင်များက ကျောက်တုံးကိုပင် ကွဲကြေစေနိုင်သော ရွှမ်ဝူသံမဏိသားထက်ပင် ပို၍ မာကြောသေးပြီး ကျောက်စရစ်ခဲများ၊ ဖုန်မှုန့်များကို နံရံပေါ်မှ ပြိုကျလာစေသည်။
သို့သော် ဝမ်ချောင်ကို အံ့အားအသင့်စေဆုံး ကိစ္စကမူ ကြယ်တာရာစွမ်းအင်များ၏ အဖြစ်အပျက်ဖြစ်သည်။
သူဟာ ကြယ်တာရာစွမ်းအင် တစ်သုတ်ကို ထုတ်လွှတ်လိုက်သော်လည်း ထိုကြယ်တာရာစွမ်းအင်များက အဆိပ်အပ်ချည်မျှင်ကို ရင်ဆိုင်ရသောအခါ စက္ကူအလား တဆစ်ဆစ် အသံနှင့်အတူ ပေါက်ထွက်သွားလေသည်။
ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ ပင့်ကူမျှင်လဲ။
ဝမ်ချောင်က မှင်သက်သွားသည်။ သူ၏ ကြယ်တာရာစွမ်းအင်ဟာ သံမဏိအလား မာကြောသည်။ သံမဏိကိုပင် သတ္ထုသားအဖြစ် ပြောင်းနိုင်လောက်အောင် အင်အားကြီးမားသည်။
သို့သော် ထိုဆံချည်မျှင်သာသာသာ ရှိသော ပါးလျလွန်းသော ပင့်ကူမျှင်က ရအောင် ဖောက်ခွဲပစ်လိုက်နိုင်သည်။ သူသည် ပထမဦးဆုံး အကြိမ်ပင် ယခုလို အခြေအနေမျိုးကို ကြုံဖူးခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် သခင်လေးချင်းယန်က မျက်လုံးကိုဖွင့်လာသည်။
“အသုံးမဝင်ဘူး အမှောင်အရိပ် ပင့်ကူတွေရဲ့ အပ်ချည်မျှင်တွေက သံမဏိထက်တောင် မာကြောပြီး ကြမ်းတမ်းကာ သိပ်သည်းသေးတယ်။ နောက်ပြီး အဖိုးတန်ဓားတွေထက်လည်း ထက်ရှတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ နေရာမျိုးမှာ ကြုံတွေ့ရတဲ့အခါ ငါတို့အနေနဲ့ သူ့ကို အလဲထိုးဖို့ မဖြစ်နိုင်ဘူး”
“ဟုတ်လား”
ဝမ်ချောင်၏မျက်မှောင်က ကျုံ့သွားသည်။ သို့သော် မျက်လုံးများကမူ မယိမ်းယိုင်သွားခဲ့ချေ။ သူသည် ကောင်းကောင်း မတိုက်ခိုက်နိုင်သေးခင် အခြေအနေကို စောစော အနှစ်ချုပ်ရန် မဖြစ်နိုင်ပေ။ သူသည် အနည်းဆုံး စမ်းသပ်ကြည့်ရဦးပေမည်။
“သတိထား ပင့်ကူက ထွက်လာပြီ”
သခင်လေးချင်းယန်က ရုတ်တရက်အော်သည်။
သူတို့နှစ်ယောက်က စကားပြောနေချိန်တွင် အဝေးမှ အပ်ချည်မျှင်များက တုန်ခါလာပြီးနောက်တွင် သူတို့နှစ်ယောက်ဟာ တဆစ်ဆစ် အသံလိုလို နှာမှုတ်သံလိုမျိုးကို ကြားလာရသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ကြီးမားသော ပင့်ကူအရိပ်ကြီးက ပေါ်လာသည်။ သူ၏အရပ်က အရွယ်ရောက်ပြီးသား လူနှစ်ယောက်ထက်ပင် မြင့်သေးသည်။ သူသည် ထိုအဖြူရောင် အမျှင်များအကြား ဖော်ပြရန် ခက်ခဲလောက်သော အရှိန်နှုန်းဖြင့် ရွေ့လျားလေသည်။
သူက ပေါ်ထွက်လာရုံသာ ရှိသေးသည်။ နောက်ထပ် ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အပ်ချည်မျှင် ဆယ်မျှင်ကျော်ခန့်က ဝမ်ချောင်ရှိရာဘက်သို့ ပစ်လာပြန်သည်။
ဂူလမ်းကြောင်းက ကျဉ်းမြောင်းပြီးသားဖြစ်သည်။ ထို့အပြင် ထိုအပ်ချည်မျှင်များကလည်း ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လာခဲ့ခြင်းဖြစ်နေသည်။ ထိုပင့်ကူများသည် ယခုချက်ချင်း ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အနားသို့ ရောက်လာ၏။
ဘုန်း
ထိုပင့်ကူမျှင်များက နံရံကိုရိုက်မိသွားသောအခါ ဝင်ပေါက်ကြီး တစ်ခုလုံးက ဆက်တိုက်ဆိုသလို ပြိုကျသည်။
ထိုအချိန်တွင် ဝမ်ချောင်က သခင်လေးချင်းယန်ကို အနောက်ဘက်သို့ ဆွဲခေါ်သွားရင်း အပ်ချည်မျှင်များကို ကပ်သီးလေးရှောင်ကာ ဘေးဘက်ရှိ ဂူထဲသို့ ဝင်လိုက်သည်။
ဘန်း
တစ်ချိန်ထဲတွင်ပင် နောက်ထပ် ကျောက်တုံးကြီးများကိုလည်း ကြယ်တာရာစွမ်းအင်များ ရစ်ပတ်၍ ထိုအမှောင်အရိပ် ပင့်ကူထံသို့ ကောက်ပစ်လိုက်သည်။
သူသည် အမျိုးမျိုးသော အရွယ်အစားခန့်ရှိပြီး အချွန်အထက်များပါသည့် ကျောက်တုံး သုံးဆယ်မှ လေးဆယ်ခန့်ကို ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
သို့သော် ထိုကျောက်တုံးများက ဆယ်ပေကျော်ကျော်ခန့်သာ သွားရသေးသည်။ ချက်ချင်းဆိုသလိုပင် အရှိန်နှုန်းက နှေးကွေးရင်း ထိုပင့်ကူမျှင်များကြောင့် အက်ကွဲသွားရလေသည်။ သို့ရာတွင် ထိုအခိုက်အတန့်တွင်ပင် အမှောင်အရိပ် ပင့်ကူက ထိုကျောက်တုံးများကို ရင်ဆိုင်ပြီးရုံသာ ရှိသေးသည်။ လေးပေကျော်ခန့်ရှိသော ဓားကျယ်ကြီးတစ်လက်က အနောက်ဘက်မှ မိုးခြိမ်းသံအလား ကျယ်လောင်သော အသံမျိုးနှင့် ထွက်လာလေသည်။
ထိုအရာသာ မကသေးချေ စူးရှသော လေချွန်သံကိုလည်း ကြားရသည်။ ဝမ်ချောင်က သူ၏ထက်ရှပြီး ကြမ်းတမ်းသော ဓားချီကိုအသုံးပြု၍ ထိုဓားနှင့်ပူးပေါင်းကာ အမှောင်ရိပ်ပင့်ကူကို သတ်ဖြတ်ရန် ကြိုးစားသည်။
အမှောင်အရိပ် ပင့်ကူ၏ ပင့်ကူမျှင်များက ဖော်ပြရန်ခက်ခဲလောက်အောင် ထက်ရှသည်။ သူသည်လည်း အဆုံးအစမဲ့လောက်အောင် လွှတ်ထုတ်နိုင်ပုံပေါ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အနီးကပ် တိုက်ခိုက်ရန် မသင့်လျော်ပေ။
သို့သော် ဝမ်ချောင်သည်လည်း ထိုမျှအထိ တကူးတက အများခံရန် မလိုအပ်ကြောင်း ခံစားမိနေသည်။ ထိုပင့်ကူမျှင်များက ကိုင်တွယ်ရ ခက်ခဲကတည်းက ဒီတိုင်းလျစ်လျူရှု့ပြီး ပင့်ကူကိုသာ သတ်ဖြတ်ရန် ကြိုးစားသင့်လေသည်။
ပေခြောက်ဆယ်၊ ပေလေးဆယ်၊ ပေသုံးဆယ်...
သူ၏ အင်အားပြင်းသော တွက်ချက်နိုင်စွမ်းရည်နှင့်အတူ ဝမ်ချောင်က အမှောင်အရိပ် ပင့်ကူ၏ တိုက်ခိုက်နိုင်သောဝန်းကျင်ကို အောင်မြင်စွာ ရှောင်ရှားလိုက်နိုင်သည်။ သို့သော် သူ၏ တိုက်ကွက်များက အမှောင်အရိပ် ပင့်ကူနှင့် ပေနှစ်ဆယ်ခန့် အကွာသို့သာ ရောက်သေးသည်။ သူဟာ ပါးစပ်ကြီးကို ဟလိုက်သည်။ ထို့နောက် ပင့်ကူမျှင် ဆယ်မျှင်ခန့်က ပါးစပ်ထဲမှ ထွက်လာလေပြီး ထိုဓားချီနှင့် ဓားကြီးကို ရစ်ပတ်လိုက်သည်။
တင်
ကွဲအက်သံ ခပ်ဆတ်ဆတ်က ထွက်လာသည်။ ထိုကြီးမားသော ဓားကြီးနှင့် ဓားချီတို့က လေထဲတွင်ပင် ပျက်စီးသွားလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ သူသည်လည်း ထိုပင့်ကူက သာမာန် သတ္တဝါမဟုတ်မှန်း သိနေပြီးသားဖြစ်သည်။ သို့သော် သေချာမွန်းမံ ပြင်ဆင်ထားပြီးသား သံမဏိသားနှင့် ဓားချီကို ထိုသို့ကွဲအက်သွားနိုင်စွမ်းရည် ရှိနေမည်ဟု မထင်ထားမိပေ။ ထို့ပြင်သူဟာ အေးအေးဆေးဆေး လုပ်နိုင်ပုံပေါ်သည်။
“အဓိပ္ပာယ်မရှိဘူး ဒီလိုထိပ်တိုက် ရင်ဆိုင်တဲ့အချိန်မှာ ငါတို့လုံးဝ မယှဉ်နိုင်ဘူး”
သခင်လေးချင်းယန်ကပြောသည်။ သူ၏အသံက ကူကယ်ရာမဲ့မှုများ စွန်းထင်းနေသည်။
“ရှေးခေတ်ကာလမှာဆိုရင် ဒီလိုပင့်ကူမျိုးကို သံမဏိတွေကို ဖျက်ဆီးဖို့ ပင့်ကူမျှင် ထုတ်ခိုင်းကြတယ်။ သူ့ရဲ့ပင့်ကူမျှင်က နှစ်ထောင်ကျော် ကြာလာပြီးတဲ့နောက်မှာ ပိုပြီး သန်မာပြီး၊ ပိုပြီးကြမ်းတမ်းလာမှာပဲ။ ဒီလောကမှာ ဒီလိုပင့်ကူမျှင်မျိုးကို တားနိုင်တဲ့အရာမျိုး ရှိမယ်လို့တောင် ငါမထင်ဘူး”
သိသာစွာပင် သူသည်လည်း ထိုပင့်ကူနှင့် တစ်ကြိမ်ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုလို နားလည်နေခြင်းဖြစ်သည်။
ဝမ်ချောင်၏မျက်မှောင်က ကျုံ့သွားသည်။ သို့သော်သူဟာ ပြန်လည်ငြင်းခုံတော့မည့် အချိန်တွင် ရုတ်တရက် သူ၏မျက်နှာက ဖျော့တော့သွားလေပြီး ထိုသခင်လေးချင်းယန်ကို ကောက်မကာ ခပ်မြန်မြန် နောက်ဆုတ်လိုက်ရသည်။
စွစ် စွစ် စွစ်
သူဟာ ခုန်လိုက်ရုံသာ ရှိသေးသည်။ လေထုကို တစ်စုံတစ်ရာက လေထုကို တစ်စုံတစ်ရာက ထိုးခွဲပြီး ဝင်ရောက်လာသလို အသံမျိုးကို ကြားလိုက်ရသည်။
နံရံထဲမှ ပင့်ကူမျှင် သုံးဆယ်လေးဆယ်ခန့်က ထွက်လာလေပြီး နဂိုက သခင်လေးချင်းယန်နှင့် ဝမ်ချောင်တို့ ရပ်နေသောနေရာကို သိမ်းယူသွားသည်။ ဝမ်ချောင်၏ မြန်ဆန်သော တုန့်ပြန်မှုကြောင့်သာ မဟုတ်လျှင် သူတို့သည် အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွားပြီးလောက်လေပြီ။
“အရှက်မဲ့တယ်”
သခင်လေးချင်းယန်က သေဆုံးမှုကို လက်ခံထားပြီးသည့်တိုင်အောင် ထိုအမှောင်အရိပ် ပင့်ကူ၏ နံရံထဲမှ ဖောက်ဝင်ပြီး သူတို့ကို တိုက်ခိုက်ရန် ကြိုးစားခြင်းက သူတို့ကို ကူကယ်ရာမဲ့စေကာ ဒေါသလည်း ထွက်စေပြီး အလန့်တကြားလည်း ဖြစ်စေသည်။
“ဒီပင့်ကူက အသိဉာဏ်ရှိနေတယ်”
ဝမ်ချောင်က ထိုပင့်ကူမျှင်များကိုကြည့်ရင်း ရုတ်တရက်ပြောသည်။
အမှောင်အရိပ် ပင့်ကူသည် ရှင်းလင်းစွာပင် ပင့်ကူမျှင်များကို လွှတ်ထုတ်နိုင်ရုံလောက် မဟုတ်နိုင်ချေ။ သူသည်လည်း တွက်ချက်နိုင်သည်။ ပုန်းအောင်းနိုင်သေး၏။ သူ၏ တိုက်ခိုက်မှုကိုပင် ဖုံးကွယ်ကာ လှုပ်ရှားနိုင်လေရာ လူသားတမျှ တွေးတောနိုင်စွမ်းရည် ရှိနေလောက်လေပြီး ထိုကဲ့သို့သော ဉာဏ်ရည်ရှိသော သတ္တဝါမျိုးက ကိုင်တွယ်ရ အခက်ဆုံးဖြစ်သည်။
“မြန်မြန်လေးသွားတော့ ငါတို့က ဒီပင့်ကူကို မယှဉ်နိုင်ဘူး။ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ကျင့်ကြံခြင်းသွေဖယ်တဲ့ လက္ခဏာ ပြနေပြီမဟုတ်လား။ ဒီတော့ မင်းရဲ့ အင်အားက အများကြီး ထိုးကျနေမှာပဲ”
သခင်လေးချင်းယန်က ရုတ်တရက်ပြောသည်။ သူဟာမျက်လုံးကို မှိတ်လိုက်ပြီးနောက် အင်အားများ ကုန်ဆုံးသွားသလိုမျိုး ဖြစ်သွားသည်။ သူသည် အတက်နိုင်ဆုံး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းနေရသည်။
“အဲ့ဒါကြောင့်သာ မဟုတ်ရင် မိစ္ဆာဧကရာဇ်ကလည်း မင်းကို ဒီအနောက်မြောက်ပိုင်းကို ခေါ်လာမှာမဟုတ်ဘူး။ နောက်ပြီး သူက ဒီလိုမျိုး အခြားသော သိုင်းပညာရှင်တွေ အဝိုင်းခံနေရတာတောင်မှ ဒီလောက်ထိ ခေါင်းမာပြီး ရင်ဆိုင်နေမှာ မဟုတ်ဘူး။ ဒီအခြေအနေကို သိရုံနဲ့တင် မင်းရဲ့အခြေအနေကို ငါသိနိုင်တယ်”
ဝမ်ချောင်သည်လည်း သခင်လေးချင်းယန်၏ စကားများကြောင့် အံ့ဩသွားရသည်။ သူသည် သခင်လေးချင်းယန်ကိုပင် စိုက်ကြည့်လိုက်မိ၏။ တစ်ဖက်သူဟာ သူ၏ ဉာဏ်ကောင်းမှုကြောင့် ကျော်ကြားခဲ့သူဖြစ်သည်။ သူက စကားအနည်းငယ်သာ ပြောရသေးသော်လည်း သူ၏အမူအရာကတစ်ဆင့် ဝမ်ချောင်၏ ခန္ဓာကိုယ် အခြေအနေများ အားလုံးကို သိနေပုံရသည်။
“မင်းမှန်တယ် ဆိုလိုတာက ငါက ထွက်သွားခွင့်မရှိဆုံး ဖြစ်နေတုန်းပဲ။ ဒီပင့်ကူကို ကျော်ဖြတ်နိုင်ပြီးမှ ငါဒီနေရာက ထွက်သွားပြီး အဲ့ဒီမူလအမရသိုင်းကို ဆက်ရှာနိုင်လိမ့်မယ်”
ဝမ်ချောင်ကပြုံးလိုက်သည်။ သူသည်လည်း တစ်ဖက်သူ၏ ပြောစကားကို မငြင်းဆန်ခဲ့ပေ။
သခင်လေးချင်းယန်ကဲ့သို့ ဉာဏ်ကောင်းသော လူမျိုးကို ရင်ဆိုင်ရသောအခါ ဘာကိုမှ ဖုံးကွယ်ထားရန် မလိုအပ်သလို ဖုံးကွယ်၍လည်း ရမည်မဟုတ်ပေ။
သခင်လေးချင်းယန်၏ မျက်လုံးက အံ့အားသင့်မှုကြောင့် ပွင့်လာသည်။ သို့သော် ဝမ်ချောင်၏ မျက်နှာထားက တင်းမာသွားသည်။
သခင်လေးချင်းယန်ကဲ့သို့ သာမာန်လူတစ်ယောက်အဖြစ် နေထိုင်နေကျဖြစ်ပြီး အနားတွင် စောင့်ကြပ်နေတတ်သော အစောင့်က မရှိတော့သောအခါ ကြုံတွေ့နိုင်မည့် ကပ်ဘေးအခြေအနေကို လက်ခံပြီးသားလူနှင့် မတူညီစွာပင် ဝမ်ချောင်ကမူ ကျားဂူထဲတွင် ကျားရှိနေမှန်း သိထားပြီးသည့်တိုင်အောင် ထိုထောင့်နားတွင် ပတ်သွားတတ်သောလူမျိုး ဖြစ်နေသည်။
ထို့ကြောင့် အနောက်တောင်ပိုင်းမှ မာန်ရှဲ့ကျောင်း၏ ကပ်ဘေးအတောအတွင်းတွင်ဖြစ်စေ၊ အနောက်မြောက်ပိုင်းမှ တာလာ့၏ စစ်ပွဲအတွင်းတွင်ဖြစ်စေ ဝမ်ချောင်သည် အမြဲတစေ ထိုသို့သာဖြစ်ခဲ့သည်။
သေရမည်အား စောင့်နေတတ်သော ပုံစံက သူနှင့်မသက်ဆိုင်ပါချေ။
“ဒီမှာခဏစောင့်နေ ငါပြန်လာခဲ့မယ်”
သခင်လေးချင်းယန်ကို ဂရုစိုက်ပြီးသည်နှင့် ဝမ်ချောင်က ရှေ့သို့ ခုန်ဝင်သွားသည်။ သို့ရာတွင် ထိုဂူထဲတွင် အပ်ချည်မျှင် အနည်းငယ်သာလျှင် ကျန်ရစ်ပြီး ကြီးမားသော ပင့်ကူကြီးက ဂူထဲသို့ ပြန်ဝင်သွားပြီဖြစ်သည်။
ယခုမြင်နိုင်သမျှက တဆတ်ဆတ်ခါကာ တုန်ယင်နေသေးသော အမျိုးမျိုးသော ပင့်ကူမျှင်များဖြစ်သည်။ သခင်လေးချင်းယန်ကလည်း မှန်ကန်သည်။ ထိုပင့်ကူဟာ သူ၏အသက်ကို ခြိမ်းခြောက်ခံရမှသာ အသိုက်ထဲက ထွက်လောက်လေသည်။
++++
အခန်း(၁၄၆၉)
စွစ်
ဝမ်ချောင်သည် ဂူဝင်ပေါက်ထံသို့ တိတ်တဆိတ် သွားလိုက်သည်။
ကောင်းတယ် သူကဂူကို မပိတ်သွားဘူး။
ဝမ်ချောင်က တိတ်တဆိတ် ပြောလိုက်သည်။
အစိမ်းရင့်ရောင် မြူများက ဂူကိုပိတ်ဆို့ထားသောကြောင့် မြင်ကွင်းက ဝါးနေသေးသည်။ သို့ရာတွင် သူ၏စိတ်စွမ်းအင်ကတစ်ဆင့် ဝမ်ချောင်သည်လည်း ပထမတစ်ခေါက် အနောက်ဘက်သို့ ပြန်ဆုတ်ခွာလိုက်ပြီးကတည်းက လမ်းကြောင်းဖောက်နိုင်ခဲ့သည်။ ထို့အပြင် ထိုပင့်ကူက ရှေးဟောင်း သစ်ပင်ကြီး၏ အောက်ခြေဘက်သို့သာ ပြန်သွားလေပြီး သားကောင်များ ချည်ထားသော နေရာတွင်သာ စောင့်ကြပ်နေလေသည်။
သူ၏ရှေ့ခြေထောက်က သားကောင်ကို လှမ်းဆွဲ၍ အဖြူရောင် ပင့်ကူမျှင်များတောက်လျှောက် သစ်ကိုင်းများပေါ်သို့ ကျော်တက်သွားသည်။
ကြည့်ရတာ ဒီသားရဲက ဒီပင့်ကူမျှင်တွေရဲ့ ကြမ်းတမ်းမှုနဲ့ ထက်ရှမှုကို စိတ်ထင်တိုင်း အသုံးပြုနိုင်တဲ့ပုံပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီပင့်ကူမျှင်တွေရဲ့ ထက်ရှမှုက သားကောင်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေတာ ကြာလောက်ပြီ။
ဝမ်ချောင်က မှတ်ချက်ချသည်။
တခဏခန့် တွေးတောပြီးနောက် ဝမ်ချောင်သည် အကြံတစ်ခုရလာသည်။
ဝုန်း
သူသည် အစိမ်းရင့်ရောင် မြူထဲသို့ ခုန်ဝင်သွားလိုက်ပြီး ထိုပင့်ကူကြီး ရှိရာနေရာသို့သွားသည်။ သူဟာ ရှေ့သို့တက်သွားသည်နှင့် သူ၏ပတ်ပတ်လည်မှ ပါးလျပြီး ချွန်ထက်ကာ အဆိပ်ရှိသော ထိုပင့်ကူမျှင်များကို ရှောင်ရှားနိုင်ရန် သေချာတွက်ချက် သွားလာနေရသည်။ တခဏခန့်ကြာပြီးနောက် သူဟာ ပင့်ကူနှင့် ပေတစ်ရာခန့်အကွာသို့ ရောက်သွားသည်။
ဟစ်
ထိုပင့်ကူကြီးက ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီးနောက် သတိပေးသော နှာမှုတ်သံကိုထုတ်သည်။ တစ်ချိန်ထဲတွင်ပင် သူဟာ သူ၏ပါးစပ်ကြီးကိုဟ၍ မြောက်များလှစွာသော ပင့်ကူမျှင်များကို ဝမ်ချောင်ရှိရာဘက်သို့ မှုတ်ထုတ်လိုက်သည်။
ဝမ်ချောင်ကလည်း လျှင်မြန်လွန်းစွာ တုန့်ပြန်နေသည်။ သူသည်လည်း ပင့်ကူမျှင် ဆယ်မျှင်ကျော်ခန့်ကို တိုက်ရိုက် ရှောင်ရှားပြီးသည်နှင့် နောက်ထပ် ရှု့ထောင့်တစ်ခုမှနေ၍ ပင့်ကူကို တိုက်ခိုက်ရန် ကြိုးစားသည်။
သို့သော် ငါးမီတာ ခြောက်မီတာခန့်ထိသာ သွားရသေးသည်။ ဘုန်းကနဲ ပေါက်ကွဲသံက ထွက်လာ၏။ သူ၏ရင်ဘက်ကို ထက်ရှသော ပင့်ကူမျှင် ဆယ်မျှင်ခန့်က ထိုးဖောက်သွားသည်။
သို့တိုင်အောင် မည်သည့်သွေးမှ ထွက်မလာပေ။ ပင့်ကူမျှင်က ထိုးဖောက်ပြီးသည်နှင့် ဝမ်ချောင်၏ ခန္ဓာကိုယ်က မီးခိုးအလား ပျောက်ကွယ်သွားသည်။ ဒါဟာ ပုံရိပ်ယောင်သာဖြစ်သည်။
ပင့်ကူ၏ ခေါင်းထဲတွင် အချက်ပေးသံများက ပေါ်ထွက်လာသည်။ သူသည် စိုးရိမ်တကြီး နှာမှုတ်လိုက်သည်။ သူဟာ ဉာဏ်အလွန် မကောင်းသော်လည်း ယခုတိုက်ခိုက်ခဲ့သော လူသားက အစစ်အမှန် မဟုတ်ကြောင်း သိလိုက်သည်။
စွစ်
ဝမ်ချောင်ကို ထိုပင့်ကူမျှင်များက လာရောက်ထိုးဖောက်သည့် အစပိုင်းတွင် ထိုဝမ်ချောင်က အခြားသော ဦးတည်ရာဘက်သို့ ခုန်ထွက်လာပြီး လက်ထဲမှဓားနှင့်အတူ အေးစက်သော မျက်ဝန်းမျိုးနှင့် တိုက်ခိုက်ရန် ပြင်လာသည်။
ပင့်ကူသည် ရှင်းလင်းစွာပင် စိုးရိမ်စိတ် များသွားသည်။ သူသည်လည်း မည်သည့်အရာက အစစ်အမှန် လူသားဖြစ်ကြောင်း မဝေခွဲနိုင်သည့်တိုင်အောင် အတုဆိုလျှင် မပြောနိုင်သောကြောင့် အားလုံးကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
စွစ်
အမှောင်အရိပ် ပင့်ကူက သူ၏ကိုယ်ကြီးကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် ပင့်ကူအမျှင် ခုနှစ်ဆယ်ကျော်ခန့်က ဒုတိယမြောက် ဝမ်ချောင်ထံ တိုးဝင်လာသည်။
စွစ်
ကြီးမားသော အလုံးအရင်းနှင့် တိုက်ခိုက်မှုကြီးက အောင်မြင်သွားသည်နှင့် ထိုဒုတိယမြောက် ဝမ်ချောင်သည်လည်း သိပ်မကြာခင်မှာတင် အပေါက်များ ပြည့်နှက်သွားလေသည်။
“ပြောင်မြောက်တဲ့ အခွင့်အရေးပဲ”
ထိုအခိုက်အတန့်တွင် ပျော်ရွှင်သွားသော ဝမ်ချောင်က အမှောင်အရိပ် ပင့်ကူကို အနောက်ဘက်မှနေ၍ တိုက်ခိုက်သည်။
ကိုယ်ပွားဆေးက ဝမ်ချောင်အား ကိုယ်ပွားသုံးခု ခွဲနိုင်စေသည်။ ထိုကိုယ်ပွားများကလည်း အစစ်အမှန် ခန္ဓာကိုယ်ကို ပုန်းကွယ်နေစေရင်း ရန်သူကို အာရုံလွင့်အောင် လုပ်နိုင်သည်။ ဒါဟာ ဝမ်ချောင်၏ အချိန်ကို စမ်းသပ်သော အကွက်များထဲမှ တစ်ခုဖြစ်လေသည်။ ဝမ်ချောင်သည် တူညီသော လှည့်ကွက်ကို သုံးနေပြီး ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့ကို တိုက်ခိုက်ခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်နိုင်ခဲ့သည်။ သူသည် နဂါးသားရဲများကိုလည်း လှည့်စားနိုင်ခဲ့၏။
ဟစ်
အမှောင်အရိပ် ပင့်ကူသည်လည်း ပြင်းထန်လွန်းသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူ၏မျက်လုံး (၁၆)လုံး လုံးက ထိတ်လန့်မှုကို ပြသသည်။ သူဟာ ပါးစပ်ကြီးမှနေ၍ သတိပေးသော နှာမှုတ်သံမျိုးကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေခဲ့သည်။ ထို့နောက်သူဟာ ကြီးမားသော ခန္ဓာကိုယ်ကြီးကို လိမ်တွန့်ပြီး ဝမ်ချောင်ကို ရင်ဆိုင်ရန် ကြိုးစားသည်။
သူဟာ တစ်ဖက်သို့ လှည့်လိုက်သည်နှင့် ပင့်ကူမျှင်များစွာက အနောက်ဘက်မှထွက်ကာ ဝမ်ချောင်ထံသွားသည်။ သို့ရာတွင် သူသည် ပထမနှစ်ကြိမ်တွင် ပင့်ကူမျှင်ပေါင်း များစွာကို လွှတ်ထုတ်ထားပြီးနောက်တွင် တတိယမြောက် အကြိမ်တွင် အများကြီး မထုတ်နိုင်တော့ချေ။ သို့တိုင်အောင် ထိုအဆိပ်ပင့်ကူများက အလွန်အမင်း ထက်ရှပြီး ရပ်တန့်နိုင်စွမ်း မရှိသေးချေ။
ချွင်
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် သေးငယ်သော ဓားမြောင်လေးအား လေထုကိုထိုးခွဲကာ ထွက်သွားစေလိုက်သည်။
တင် တင် တင်
ထိုဓားမြောင်က ကြောက်မက်ဖွယ်ကောင်းသော ပင့်ကူမျှင်ပေါင်းများစွာနှင့် ရိုက်မိသွားသည်။
ထက်ရှသော ပင့်ကူမျှင်များက နောက်ဆုံးတွင် ပြိုင်ဘက်ကို တွေ့သွားသည်။
တချွင်ချွင်အသံများ ထွက်လာပြီးနောက် ထိုပင့်ကူမျှင်များသည်လည်း အားလုံး တားဆီးခံရရင်း အောက်ဘက်သို့ ပြုတ်ကျသွားသည်။
ဝု့စ်သံမဏိဓားမြောင်
ဝမ်ချောင်က ထိုမျှကျွမ်းကျင်စွာ တိကျစွာ အသုံးပြုနိုင်သော လက်နက်က သူနှင့်အတူသယ်လာသော ဝု့စ်သံမဏိဓားမြောင် ဖြစ်လေသည်။
ဝု့စ်သံမဏိဓားမြောင်ဟာ အဖိုးအတန်ဆုံး လက်နက်ဟု သတ်မှတ်၍ရသည်။ သူသည် အလွန်ရှားပါးသလို အလွန်အမင်း ထူးချွန်ပြောင်မြောက်သော ပစ္စည်းများဖြင့် သွန်းလုပ်ထားခြင်းလည်း ဖြစ်နေသည်။ သွန်းလုပ်သည့်ဖြစ်စဉ် အတောအတွင်းတွင်လည်း မှော်သင်္ကေတပေါင်းများစွာကို ထည့်သွင်းထားခြင်းအားဖြင့် သတ္ထုသားကိုပင် အလွယ်တကူ လှီးဖြတ်နိုင်သည်။ ထို့ကြောင့် ထက်ရှမှုက လောကတွင် ကျော်လွန်နိုင်စွမ်းရည်ပင် မရှိပေ။
ဝု့စ်သံမဏိ လက်နက်များကသာ ထိုအဆိပ် ပင့်ကူမျှင်များကို ရင်ဆိုင်နိုင်သည်။
ဘန်း
ဝမ်ချောင်က မြေပြင်ကို ခြေတစ်ဖက်ဆောင့်ကာ နင်းလိုက်ပြီးနောက် ထိုအခွင့်အရေးကို အရယူပြီး အမှောင်အရိပ် ပင့်ကူထံသို့ ခုန်ဝင်သွားလိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည် ထပ်ခါတလဲလဲ လှုပ်ရှား၍ ပင့်ကူ၏ ကြီးမားသောကိုယ်ကြီးကို ထိခိုက်အောင်လုပ်ရန် ဓားချီများကို ထုတ်လွှတ်လိုက်သေးသည်။
ပင့်ကူက ထိတ်လန့်သွားသည်။ သူသည်လည်း ခပ်စူးစူး နှာမှုတ်လိုက်ပြီးနောက် စူးရှစွာ အော်ဟစ်သည်။ ထို့နောက် ပင့်ကူမျှင် တစ်မျှင်ပြီးတစ်မျှင်အား ဝမ်ချောင်ထံ ပို့လွှတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူ၏ခြေထောက်ကြီး ရှစ်ဘက်လုံးက ပင့်ကူအိမ်ထံသို့ လျှင်မြန်စွာ တက်လှမ်း၍ အမြင့်ပိုင်းမှ တိုက်ခိုက်သည့် အားသာချက်ကို အရယူရန် ကြိုးစားသည်။
သူသည်လည်း သိသာစွာပင် အခြေအနေကြောင့် အလွန်အံ့ဩသွားခဲ့ပုံပေါ်သည်။ သူသည် သားကောင်ကို အဝေးမှတိုက်ခိုက်သည့် အခြေအနေမျိုးတွင်သာ ကျွမ်းကျင်နေခဲ့ခြင်းဖြစ်သည်။ ယခုလိုမျိုး နီးကပ်လွန်းစွာ တိုက်ခိုက်လာခဲ့သောအခါ အံ့အားသင့်သွားလေသည်။
“ဟွန်း မင်းက ပြေးနိုင်မယ်ထင်တာလား”
ဝမ်ချောင်က နှာခေါင်းရှုံ့လိုက်သည်။ အမှောင်အရိပ် ပင့်ကူ၏ ပင့်ကူမျှင်များက လေးစားဖွယ်ကောင်းသော်လည်း သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ထင်သလောက် သဘောကျစရာ မဟုတ်ပါပေ။ ထိုအတွက်ကြောင့်လည်း သူဟာ ကိုယ်ပွားများကိုသုံးပြီး သူ့ကို လှည့်စားရန် ကြိုးစားရင်းနှင့် အနားကပ်လာခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် အမှောင်အရိပ် ပင့်ကူက သစ်ပင်ထိပ်သို့ ထွက်ပြေးရန် ခွင့်ပြုလိုက်ပါက ကိုင်တွယ်ရန် ပို၍ခက်ခဲသွားပေလိမ့်မည်။
တင် တင်
ဝု့စ်သံမဏိဓားမြောင်က ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားလေပြီး ပင့်ကူမျှင်များက မည်မျှပင် မြန်ဆန်စေကာမူ မည်မျှပင် များပြားစေကာမူ ရအောင်ရှောင်ရှားကာ ထိုးခွဲ ဖြတ်တောက်ပစ်လိုက်သည်။
အမှောင်အရိပ်ပင့်ကူ၏ ကြောက်စရာကောင်းသော ပင့်ကူမျှင်များကလည်း ထိုဝု့စ်သံမဏိဓားမြောင်၏ အရှေ့တွင် သူတို့၏ သာလွန်သော စွမ်းရည်ကို ထုတ်ပြနိုင်စွမ်းရည် မရှိတော့ပေ။ သို့သော် တခဏခန့် ကြာပြီးနောက် သတ္ထုချင်း ထိခတ်သံလိုမျိုး အသံမျိုးက ထွက်လာသည်။
နှလုံးသားအေးစိမ့်သွားသော ဝမ်ချောင်က သူ၏ ဝု့စ်သံမဏိဓားမြောင်က ပင့်ကူမျှင်ရာကျော်ခန့်၏ တိုက်ကွက်ကို ရင်ဆိုင်ရပြီးနောက် ကွဲအက်ရာများ ပြလာကြောင်း မြင်လိုက်ရလေသည်။
နေရာတစ်ခုမှဆိုလျှင် ကွဲအက်ရာများ များပြားလွန်းသည့်အတွက် ကြီးမားသော အပိုင်းအစကြီး တစ်ခုကပင် ပဲ့ထွက်သွားသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏မျက်လုံးက ပြူးသွားသည်။ သူသည်လည်း ဝု့စ်သံမဏိလက်နက်များကို ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ်ခဲ့သူဖြစ်လေပြီး ထိုလက်နက်များက မည်မျှအထိ ကြောက်စရာကောင်းကြောင်းအား သူကလွဲပြီး မည်သူကမှ မသိနိုင်လောက်ပေ။
ဝမ်ချောင်၏ နားလည်သဘောပေါက်မှုက ထိုလက်နက်များက ပြိုင်ဘက်ကင်းလေသည်။
အမှောင်အရိပ် ပင့်ကူ၏ ပင့်ကူမျှင်များက ဝု့စ်သံမဏိဓားမြောင်နှင့် ယှဉ်နိုင်စွမ်းရည်ပင် မရှိသော်လည်း အဆုံးသတ်တွင်မူ သူသည်လည်း အလွန်ထက်ရှလွန်းပြီး အလွန်များပြားလွန်းနေသေးသည်။ ထို့ကြောင့် တိုက်ကွက်ပေါင်းများစွာကို လက်ခံရပြီးနောက် ဝု့စ်သံမဏိဓားမြောင်ကပင် ပျက်စီးလာသည်။ ထိုအတွေးက ဝမ်ချောင်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။ သို့သော် ဝမ်ချောင်က အရှိန်ကို မနှေးကွေးစေခဲ့ပေ။
ဝုန်း
သူ၏ ဝမ်းဗိုက်အောက်က နာကျင်ကိုက်ခဲလာသလို ကြယ်တာရာစွမ်းအင်များက ကစဉ့်ကလျား ဖြစ်နေသည့်တိုင်အောင် ဝမ်ချောင်ဟာ တုန့်ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။ သူသည် နေရာအနှံ့ ရွေ့လျားမှုသိုင်းကို ချက်ချင်းလိုလို ထုတ်သုံးလိုက်လေပြီး အမှောင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
ခီး...
အမှောင်အရိပ် ပင့်ကူကြီးသည်လည်း အလွန်အမင်း ထိတ်လန့်နေသောကြောင့် အမျိုးမျိုးသော အသံများကို ထုတ်လွှတ်နေသည်။ နှာမှုတ်သံထက်ပင် စူးရှနေသေး၏။ ဝမ်ချောင်၏ ပျောက်ကွယ်သွားသော ဖြစ်ရပ်က သူ့အား ပို၍ပင် အန္တရာယ်ကို ခံစားမိစေသည်။ ပို၍ပင် မသက်မသာ ဖြစ်လာစေ၏။ ထို့ကြောင့် သူသည် အလွန်အမင်း ရှောင်ရှားရခက်သလို တိုက်ခိုက်ရ ခက်ခဲသည့် အနေအထားမျိုးတွင် ရင်ဆိုင်နေရကြောင်း နားလည်သွားလေသည်။
စွစ်
အန္တရာယ်၏ လှုံ့ဆော်မှုအောက်တွင် အမှောင်အရိပ် ပင့်ကူကြီးက မြောက်များလှစွာသော ပင့်ကူမျှင်များကို လွှတ်ထုတ်သည်။ သူ၏ပါးစပ်နှင့် ဝမ်းဗိုက်အောက်မှတစ်ဆင့် ပင့်ကူမျှင် ရာပေါင်းများစွာ ထွက်လာလေပြီး အရပ်မျက်နှာအနှံ့ ပစ်ထုတ်လိုက်သည်။
အမှောင်အရိပ် ပင့်ကူ၏ ခန္ဓာကိုယ်က သိသာစွာပင် ကျုံ့လာသည်။
ဝမ်ချောင်၏ တိုက်ကွက်များက သူ၏ အလားအလာကို လှုံ့ဆော်လိုက်သည်မှာ ရှင်းလင်းနေသည်။ သူသည် ပင့်ကူမျှင်ပေါင်းများစွာကို လွှတ်ထုတ်ပြီးနောက် သိသာထင်ရှားစွာပင် ထိခိုက်သည့် လက္ခဏာမျိုးကို ပြလာသည်။
ဝမ်ချောင်သည်ပင် ထိုမြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားရသည်။ အကြောင်းမူကား ပင့်ကူမျှင်များက မြောက်များလွန်းနေလေသည်။
လေဟာနယ် ရွေ့လျားမှုသိုင်းသည် အလွန်အမင်း မြန်ဆန်သောကြောင့် သာမာန်မျက်စိကပင် လိုက်မမှီနိုင်လောက်အောင် ဖြစ်နိုင်သည်။ သို့သော် အမှောင်အရိပ် ပင့်ကူက ပင့်ကူမျှင်များစွာ လွှတ်ထုတ်ထားလေပြီး သိပ်သည်းလွန်းသောကြောင့် ကြောင်ကပင် ဖောက်ဝင်နိုင်စွမ်းရည် မရှိလောက်လေရာ လူကဆိုလျှင် ပိုဆိုးသေးသည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များကို ထုတ်သုံးပြီး လမ်းကြောင်းကို ဖွင့်နိုင်နေသော်လည်း အမှောင်အရိပ် ပင့်ကူ၏ ပင့်ကူမျှင်များက ကြယ်တာရာစွမ်းအင်ကိုပင် လှီးဖြတ်နိုင်သည်။ ဓားချီကိုလည်း တားနိုင်၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကိုတောင် ထိုးဖောက်ခံရရင်း အဆုံးသတ်သွားနိုင်လေသည်။
သို့တိုင်အောင် ဝမ်ချောင်သည်လည်း လျှင်မြန်လွန်းစွာ တုန့်ပြန်လိုက်သည်။ ထိပ်တန်းအဆင့် အင်ပါယာ မဟာဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် သူသည်လည်း မြောက်များလွန်းလှသော တိုက်ပွဲဝင် အတွေ့အကြုံများကို ပိုင်ဆိုင်ထားလေသည်။
တင် တင်
ဝမ်ချောင်က ဝု့စ်သံမဏိဓားမြောင်အား အမှောင်အရိပ် ပင့်ကူထံသို့ မိုးကြိုးပစ်ထုတ်လိုက်သလိုမျိုး ပစ်ထုတ်လိုက်သည်။
ခီး...
ဝု့စ်သံမဏိဓားမြောင်က အရှေ့ဘက်သို့ တိုးဝင်သွားသည်နှင့် ဂူကြီးတစ်ခုလုံးက ချွန်ထက်စူးရှသော ဖြတ်တောက်သံများ ထွက်ပေါ်လာလေသည်။ အမှောင်အရိပ် ပင့်ကူ၏ မျက်လုံး (၁၆)လုံး လုံးက မှေးကျဉ်းသွားလေပြီး ထိုဓားမြောင်ထံသို့ ပင့်ကူမျှင်များကို လွှတ်ထုတ်လေသည်။
ထိုပင့်ကူသည်လည်း လူသားများလောက် ဉာဏ်ရည်မရှိသော်လည်း သူသည် အသိဉာဏ်အနည်းငယ် ရှိသေးသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ထိုလူသား၏ ဓားမြောင်က သူ၏အဖြူရောင် ပင့်ကူမျှင်များကို တားနိုင်မှန်းသိလိုက်သည်။ ထို့ကြောင့် သူသည် သစ်ပင်ပေါ်သို့ အလျှင်အမြန် ဆုတ်ပြေးသည့်တိုင်အောင် သူ၏ မျက်လုံး(၁၆)လုံးက ထိုဓားမြောင်ကိုသာ စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သိသာသော ရှု့ထောင့်တစ်ခုမှကြည့်သော် ထိုဓားမြောင်က ဝမ်ချောင်ထက်ပင် ခြိမ်းခြောက်နိုင်စွမ်းအား ရှိနေသည်။
“ဟွန်း မျှော်လင့်ထားတဲ့အတိုင်းပဲ”
ဝမ်ချောင်က အေးစက်စွာရယ်သည်။ သူသည် ထိုသို့လုပ်လာနိုင်ကြောင်း ခန့်မှန်းထားပြီးလေပြီ။
သူဟာ ကြယ်တာရာစွမ်းအင်များအား ဓားမြောင်ထဲသို့ လောင်းထည့်လိုက်ပြီး ပင့်ကူကို အဝေးမှသတ်ဖြတ်ရန် ကြိုးစားသော်လည်း သိသာစွာပင် ကောက်ကျစ်သော ပင့်ကူကလည်း သေချာပေါက် သတိကပ်ထားပေလိမ့်မည်။ ဝု့စ်သံမဏိဓားမြောင် မရှိသောအခါ ဝမ်ချောင်သည်လည်း ထိုပင့်ကူကို ကိုင်တွယ်နိုင်စွမ်းရည် နည်းပါးသွားပေလိမ့်မည်။
အရင်းအနှီးက ကြီးသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း ပို၍ သတိထားရသည်။
ကံကောင်းစွာဖြင့် သူသည် အစမှ အဆုံးအထိ ဝမ်ချောင်၏ အကြံများကို သေချာနားမလည် ထားခဲ့ပေ။
ဘန်း
အမှောင်အရိပ် ပင့်ကူထံမှ နောက်ထပ်တိုက်ကွက် တစ်ကွက်က မထွက်လာသေးခင် ဝမ်ချောင်၏ ဝု့စ်သံမဏိဓားမြောင်က ရုတ်တရက် တဖြောင့်တည်း ထိုးတက်သွားသည်။ ဝု့စ်သံမဏိ ဓားမြောင်၏ ကြမ်းတမ်းသော ဓားသွားကို ဒိုင်းအဖြစ် အသုံးပြု၍ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက အနောက်ဘက်မှ ပေါက်ကွဲမတက် လိုက်ပါသွားလေပြီး လူသားတစ်ယောက်က ဖြတ်သွားနိုင်သည့် အရွယ်အစားတစ်ခုကို ပေါ်ထွက်လာစေလေသည်။
ခလွက် ခလွက် ခလွက်
ထိုဖြစ်စဉ် အတောအတွင်းတွင် ဝု့စ်သံမဏိဓားမြောင်ထံမှ ကွဲအက်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။ ချောမွေ့သော ဝု့စ်သံမဏိဓားသွားကြီး တစ်ခုလုံးက ပင့်ကူအိမ်အလား ကွဲအက်ရာများ ပြည့်နှက်နေပြီဖြစ်သည်။
++++
အခန်း(၁၄၇၀)
ဝမ်ချောင်သည် ဓားမြောင်၏ အဖြစ်အပျက်ကြောင့် မှင်သက်သွားသည်။
ယခုလို ရှု့ထောင့်မှကြည့်သော် ထိုအမှောင်ရိပ် ပင့်ကူသည် နဂါးသားရဲ သို့မဟုတ် အိမ်မက်ဆိုးသားရဲထက် ကြောက်စရာကောင်းသည်။ ဝု့စ်သံမဏိဓားမြောင်ကို ထိုမျှအထိ ကွဲအက်ရာများ ဖြစ်ပေါ်စေကတည်းက သိပ်မကြာခင် ကွဲထွက်သွားတော့မည့်ပုံပေါ်သည်။
သို့သော် ဝမ်ချောင်အတွက် ထိုအခြေအနေကတင် လုံလောက်သည်။
သူသည် ခန္ဓာကိုယ်ကို ကွေးလိုက်ပြီးနောက် ဝု့စ်သံမဏိဓားမြောင်က ဖွင့်ထားပြီးသော သေးငယ်သော လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ခုန်ထွက်လိုက်ကာ ရှေးဟောင်းသစ်ပင်ကြီးထိပ်မှ အမှောင်အရိပ် သားရဲထံသို့ ခုန်ဝင်သွားသည်။
ထိုသေးငယ်သော အပေါက်လေးက အလွန်တိုသည်။ ဝု့စ်သံမဏိဓားမြောင်က ဖွင့်ထားသော လမ်းကြောင်းက အလွန်သေးငယ်လေသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထိုနေရာမှ ဖြတ်သွားသည်နှင့် သူ၏ နှာခေါင်းပေါက်များက သေဆုံးခြင်းရနံ့များနှင့် ပြည့်နှက်နေလေသည်။ ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အဖြူရောင် ပင့်ကူမျှင်များသည် အထက်ရှဆုံး အကြမ်းတမ်းဆုံး ဖြစ်လေသည်။
ထိုဖြစ်စဉ်အတောအတွင်း အနည်းငယ် သတိပေါ့လျော့သွားရုံဖြင့် သူ၏ခန္ဓာကိုယ်က အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားနိုင်သည်။
ဝမ်ချောင်က ထိုနေရာမှ ကျော်ဖြတ်နေချိန်တွင် ထက်ရှပြီး မာကြောပြီး ပင့်ကူမျှင်များက သူ၏မျက်နှာနှင့် လက်မအနည်းငယ်ခန့် အကွာတွင်သာ ရှိနေလေသည်။ သူတို့၏ ထက်ရှမှု တစ်ခုတည်းကတင် အသားအရည်ကို ကွဲလာစေသည်။
စွစ်
ဝမ်ချောင်၏ အဝတ်ထောင့်တစ်နေရာက ပင့်ကူမျှင် တစ်ခုအနားမှ ဖြတ်သွားမိလေပြီး ချက်ချင်းလိုလို ပြတ်ထွက်သွားသည်။ အခြားသော ပင့်ကူမျှင်များကလည်း ပြတ်ထွက်၍ ပါသွားသော အပိုင်းအစများကို ချက်ချင်းလိုလို သေးငယ်သော အလွှာလေးများ ဖြစ်သည်အထိ လှီးဖြတ်ပစ်လိုက်သည်။
ထိုအခြေအနေ၏ အန္တရာယ်က ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို တုန့်ဆိုင်းစေလောက်သည်။ သို့သော် ဝမ်ချောင်နှင့် ကြွယ်ဝလွန်းသော တိုက်ပွဲဝင် အတွေ့အကြုံများက ထိုကဲ့သို့သော အန္တရာယ်မျိုးအား သူ၏ ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေပြီးသားဖြစ်သည်။ ထို့ကြောင့် သူဟာ မည်သည့် အကြပ်အတည်းမျိုးကို ရင်ဆိုင်ရစေကာမူ မည်သည့်အခါမှ နောက်မတွန့်တတ်ချေ။
စွစ်
မျက်တောင်တခတ် အချိန်အတွင်းတွင် ဝမ်ချောင်က ထိုလမ်းကြောင်းထဲမှ ကပ်သီးလေး လွတ်မြောက်ပြီး ပင့်ကူအနားသို့ ရောက်သွားသည်။
စွစ် စွစ် စွစ်
ဝမ်ချောင်သည် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီးနောက် ဓားချီမျှင်ပေါင်းများစွာကို လွှတ်ထုတ်ကာ ပင့်ကူ၏ ခေါင်းထံ ဦးတည်လိုက်သည်။
ထိုမျှအနီးကပ် ဝန်းကျင်မျိုးတွင် အမှောင်ရိပ်ပင့်ကူနှင့် သူ၏ ဖော်ပြရန်ခက်ခဲလောက်အောင် ဖြတ်လတ် မြန်ဆန်မှုကပင် ရှောင်ရှားရန် ခက်သွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ သူဟာ အနီးကပ် စောင့်ကြည့်ပြီးနောက်တွင် ပင့်ကူဟာ ကြီးမားပြီး သူ၏ပင့်ကူမျှင်များက ထက်ရှသော်လည်း သူ၏ခေါင်းကလည်း ထိခိုက်နာကျင်နိုင်သည်။ သူ၏ခေါင်းကို ထိခိုက်လိုက်ပါက သေစေနိုင်သည်။ သို့မဟုတ်လျှင် ပြင်းပြင်းထန်ထန် ထိခိုက်သွားစေနိုင်မှန်း သိလာရသည်။
သို့သော် သူ့ကို သိလာရစေသည်မှာ ထိုတိုက်ကွက်က သက်ရောက်မှု မရှိခဲ့ပေ။ စွစ်ကနဲ မြည်သံနှင့်အတူ ကြမ်းတမ်းမာကြောသော အမွှေးထူထူနှင့် လက်ကြီးနှစ်ဖက်က မြောက်တက်လာလေပြီး ထိုဓားချီမျှင်များကို ပိတ်ကာစီးလိုက်လေသည်။
ခွက် ခွက် ခွက်
ကြမ်းတမ်းမာကြောသော ထိုခြေလက် နှစ်ဖက်က ချက်ချင်းလိုလို ပြတ်ထွက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။
ထိုအမှောင်ရိပ် ပင့်ကူကြီးက မှင်သက်သွားပြီး ဒေါသထွက်သွားသည်။ သူသည် စူးရှစွာ အော်ဟစ်ပြီးနောက် ပင့်ကူအိမ်များနှင့်အတူ မီတာ ခုနှစ်မီတာ၊ ရှစ်မီတာခန့်အထိ နောက်ဆုတ်ကာ ဆုတ်ခွာသွားလေသည်။ မျက်လုံး (၁၆)လုံးကလည်း အောက်ဘက်သို့ငုံ့ပြီး ဝမ်ချောင်ကို မုန်တီးစွာကြည့်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ဖိအားများသွားသည်။
ထိုအမှောင်အရိပ် ပင့်ကူကြီး၏ ဝမ်းဗိုက်က ရုတ်တရက် ကွဲထွက်သွားပြီးနောက် ကိုယ်တွင်းအင်္ဂါလို အရာမျိုးက ပေါ်လာသည်။
ဘုန်း
ထိုဝမ်းဗိုက်အတွင်းမှ အဖြူရောင်အရာ အလုံးတစ်လုံးက လေထဲသို့ ရောက်ရှိလာပြီးနောက်တွင် ဆယ်မီတာခန့် အချင်းရှိသော ကြီးမားသည့် ပင့်ကူအိမ်ကြီးတစ်ခု ဖြစ်သွားသည်။ ထိုပင့်ကူအိမ်၏ ပင့်ကူအိမ်များက သိပ်သည်းလွန်းစွာ ကပ်တွယ်ပြီး ရှိနေလေသည့်အပြင် အလယ်နေရာတွင်လည်း
တစ်လက်မခန့်ပင် မနည်းသော အပေါက်များနှင့် ပြည့်နှက်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအများ၏ သွေးများကို ခဲသွားစေနိုင်သည်။
ထိုကြီးမားသော ပင့်ကူအိမ်ကြီးက မြောက်တက်လာပြီးနောက် လေထုကပင် စုတ်ဖြဲခံရသလိုမျိုး တဆစ်ဆစ် အသံထွက်လာသည်။
ဝမ်ချောင်သည်လည်း သူ၏ခေါင်းအထက်မှ သတိပေး ခေါင်းလောင်းသံများကို ကြားရသည်။ ထိုအသံများက ယခင်ပင့်ကူမျှင်များကို မြင်ခဲ့ရချိန်ကထက် ကျယ်လေသည်။
“ဆိုးတာပဲ”
ဝမ်ချောင်ဟာ နောက်ဆုံးတွင် မျက်နှာဖြူဖျော့သွားသည်။
ထိုပင့်ကူအိမ်ကြီးသည် နေရာကျယ်ကြီးကို သိမ်းယူထားလေပြီး ထွက်ပြေးလွတ်မြောက်နိုင်သမျှကို ဖြတ်တောက်ထားသည်။ ပို၍ဆိုးသည်မှာ ထိုပင့်ကူအိမ်က အကြီးမားဆုံးအရွယ်ကို ရောက်ရှိသွားသည်နှင့် ဝမ်ချောင်ကပင် အစွန်းနားက တုန်ခါလာပြီး အလုံပိတ်အဖြစ် ပိတ်လှောင်ပစ်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်ရလေသည်။
သူ၏ခန့်မှန်းမှုသာ မှန်ကန်ပါက ထိုအရာကို အနည်းငယ် ထိလိုက်မိရုံဖြင့် ချက်ချင်းလိုလို ရစ်ပတ်လိုက်ပေလိမ့်မည်။
ပို၍အခြေအနေ ဆိုးရွားသည်မှာ ဝမ်ချောင်သည် လေထဲတွင်ဖြစ်သည်။ ထို့ကြောင့် သူဟာ ထွက်ပြေးလိုလျှင်ပင် ထိုပင့်ကူအိမ်က သူ၏ထွက်ပြေးနိုင်သည့် လမ်းကြောင်းတိုင်းကို ပိတ်ထားနိုင်သေးသည်။ သူသည် မပြေးနိုင်လောက်ပေ။
ဝုန်း
ထိုပင့်ကူအိမ်က မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကြီးမားသော သေမင်း၏ လက်ကြီးတစ်ဖက်အလား သူ့ထံတိုးဝင်လာသည်။ ထိုသို့ဖြင့် ဝမ်ချောင်ကို တင်းတင်းကြပ်ကြပ် ဆွဲပတ်ပြီး အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဖြစ်ညှစ်ရန် ကြံစည်ထားသည်။
ထိုအခိုက်အတန့်တွင် အန္တရာယ်က ခန္ဓာကိုယ်၏ နေရာတိုင်းကို ဆင်းကျလာစေသည်။ သူသည် အသက်ရှု ရပ်လုနီးပါးဖြစ်သွားသည်။ နှစ်မီတာ၊ တစ်မီတာ၊ စင်တီမီတာငါးဆယ်
ဝမ်ချောင်က အမှန်တကယ်ပင် ကျဉ်းထဲကြပ်ထဲ ရောက်သွားသည်။
အဖြစ်အပျက်များဟာ မြန်ဆန်လွန်းစွာ ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ချောင်အနေဖြင့် တွေးတောရန်ပင် အချိန်မရှိတော့ပေ။ ဝု့စ်သံမဏိဓားမြောင်ကလည်း ယခုလို အခြေအနေမျိုးမှ မလွှတ်ထုတ်ပေးနိုင်ချေ။
ဝု့စ်သံမဏိဓားမြောင်က ထိုပင့်ကူအိမ်ကို ထိလိုက်သည်နှင့် ပင့်ကူအိမ်က လျှင်မြန်စွာဖြင့် ကျုံ့လာသည်။
သေခြင်းက သူ၏အနောက်သို့ အရိပ်ကဲ့သို့ ရောက်လာသည်။ ဝမ်ချောင်သည်လည်း ပင့်ကူအိမ်ကြောင့် သေရတော့မည်ဟု ခံစားမိလာသည်။
“ပင့်ကူမျှင်တွေက မီးပြီးတယ်၊ ရေပြီးတယ်။ အကြမ်းတမ်းဆုံး မီးတောက်ကြောင့်တောင်မှ မထိခိုက်သွားနိုင်ဘူး။ ရိုးရှင်းစွာပဲ သူတို့က ပြိုင်ဘက်ကင်းတယ်”
သခင်လေးချင်းယန်၏ စကားများက သူ၏စိတ်ထဲတွင် ဟိန်းထွက်လာသည်။
“ဒီကြမ်းတမ်းတဲ့မီးတောက်ကတောင်မှ မတားနိုင်ရင် အခြားမီးတောက်ကတော့ အလုပ်ဖြစ်မှာပဲ”
သေခြင်းရနံ့များက ဝမ်ချောင်၏ အလားအလာကို လွှတ်ထုတ်ပေးလိုက်သည်။
ဝှစ်
ဝမ်ချောင်၏ကိုယ်ထဲမှ သိပ်သည်းသော မီးတောက်များက ပေါက်ထွက်လာပြီး အရောင်သုံးရောင် ပြောင်းသွားသည်။ ထိုအရောင်သုံးရောင်လုံးက မတူညီသော ညင်လက္ခဏာများကို သယ်ဆောင်ထားလေသည်။ ထိုမီးတောက်များက လုဝူမီးတောက်၊ ကျွီပိုင်မီးတောက်နှင့် မာရာမီးတောက်တို့ ဖြစ်သည်။
ထိုမီးတောက်များသည် သာမာန်မီးတောက်များကို ကျော်လွန်နေလေပြီး မယုံနိုင်စရာကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားလေသည်။
ပင့်ကူမျှင်များက ပါးလျကာ ကြမ်းတမ်းပြီး ဖော်ပြရန်ခက်ခဲလောက်အောင် ထက်ရှသော်လည်း သံမဏိမဟုတ်ပေ။ ထိုမီးတောက်ကပင် သူတို့ကို ဘာမှမလုပ်နိုင်ခဲ့လျှင်မူ ဒီလောကရှိ မည်သည့်အရာကမှ သူတို့ကို တားနိုင်တော့မည် မဟုတ်ချေ။ ဝမ်ချောင်ကလည်း သေရတော့ပေမည်။
လုဝူမီးတောက်နှင့် ကျွီပိုင်မီးတောက်တို့က ပင့်ကူမျှင်များကို ဖြတ်သန်းသွားသောအခါ မြင့်မားသော အပူချိန်ကပင် သူတို့ကို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထိုအခြေအနေက သူတို့၏ ကြောက်စရာကောင်းမှုကို ဖော်ပြသည်။
သို့သော် တခဏခန့်ကြာပြီးနောက် ဖြတ်ကနဲ အသံက ထွက်ပေါ်လာသည်။ မာရာအနက်ရောင် မီးတောက်က ရှေ့သို့လိမ့်ဝင်သွားပြီးနောက် ကြီးမားလွန်းသော ပင့်ကူအိမ်မှ ပင့်ကူမျှင်များက ဆတ်ကနဲ ပြတ်ကာ လောင်ကျွမ်းကုန်သည်။
ချက်ချင်းဆိုသလိုပင် မာရာမီးတောက်ကလည်း သေမင်း၏ ပင့်ကူအိမ်ကြီး တစ်ခုလုံးတွင် ကြီးမားသော အပေါက်ကြီးကို ဖောက်လိုက်နိုင်သည်။
ခီး...
ပင့်ကူအိမ်က ပေါက်သွားသည်နှင့် ကြီးမားသော အမှောင်အရိပ် ပင့်ကူကြီးကလည်း လျှင်မြန်စွာဖြင့် နောက်ဆုတ်လာသည်။ သူဟာ ပါးစပ်ကြီးကို ဆက်တိုက်ဆိုသလို ဖြဲလာ၏။ သူ၏မျက်လုံး(၁၆)လုံးကလည်း ထိုမာရာမီးတောက်ကို ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို မြင်နိုင်သည်။
“ဒီသားရဲက မာရာမီးတောက်ကိုကြောက်တယ်”
ဝမ်ချောင်က ချက်ချင်းလိုလို နားလည်သွားသည်။ သူဟာ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ကြီးမားသော သစ်ပင်ကြီးပေါ်သို့ လှမ်းတင်လိုက်ကာ ပင့်ကူအိမ် အဟကြားမှတစ်ဆင့် ကုန်းတက်ရန် ကြံစည်သည်။
သူဟာ ရှေ့သို့ ခုန်တက်သွားသည့် အချိန်တွင် ဝမ်ချောင်ဟာ လက်နှစ်ဖက်လုံးကို ဖွင့်ထားပြီး မာရာမီးတောက်များကိုလည်း လွှတ်ထုတ်လိုက်သည်။ ပင့်ကူအိမ်များ အားလုံးကိုလည်း လောင်ကျွမ်းသွားလေသည်။
ဖောက် ဖောက် ဖောက်
မာရာမီးတောက်ကလည်း ချက်ချင်းဆိုသလိုပင် ထိုနေရာ တစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဝှစ်
သူဟာလက်ကို ဆက်တိုက်ယမ်းနေရင်းမှ ဝမ်ချောင်သည် ထိုနေရာတစ်ခုလုံးကို ဖျက်ဆီးလိုက်နိုင်သည်။ ထိုသို့ဖြင့် သစ်ပင်ပတ်ဝန်းကျင် တစ်ခုလုံးက ရှင်းလင်းသွားသည်။
ခီး...
အမှောင်အရိပ် ပင့်ကူ၏ အော်သံများက ပို၍ပင် အလျင်လိုလာသည်။ သူသည်လည်း သစ်ပင်ခြေရင်းရှိ ပင့်ကူအိမ်များအားလုံး အရှင်းခံလိုက်ရကြောင်း မြင်သောအခါ ပို၍ပင် စူးရှစွာအော်ဟစ်သည်။
သူ၏မျက်လုံးများက ဝမ်ချောင်ကို ကြောက်လန့်တကြားကြည့်သည်။ သူသည် သစ်ပင်ထိပ်ဆုံးသို့ ထွက်သွားပြီးလေပြီ။ ထို့ကြောင့် ဝမ်ချောင်နှင့် တက်နိုင်သမျှ အဝေးဆုံးနေရန် ဆုံးဖြတ်ထားပုံပေါ်သည်။
“ငါနောက်ဆုံးတော့ မင်းရဲ့အားနည်းချက်ကို ရှာတွေ့ပြီ”
ဝမ်ချောင်က ကြီးမားလွန်းသော အမှောင်အရိပ် ပင့်ကူကြီးကိုကြည့်ရင်း ရယ်သည်။
အမှောင်အရိပ် ပင့်ကူက ကိုင်တွယ်ရ ခက်ခဲလွန်းသည်။ သူသည် ပင့်ကူမျှင်များကြောင့် သေလုနီးပါး ဖြစ်သွားခဲ့၏။ သူယခင်က တစ်ဘဝလုံးလုံး ကျော်ဖြတ်ခဲ့ဖူးသော တိုက်ပွဲများ၏ အန္တရာယ်များထဲတွင်ပင် ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးသော ကြောက်စရာအကောင်းဆုံး ပင့်ကူမျှင်မျိုးကို ကြုံဖူးခြင်းဖြစ်သည်။
သို့သော် ကိစ္စများက ခြားနားသွားလေပြီ။
“မာရာမီးတောက်က ပြင်းထန်လွန်းတဲ့ ဖျက်ဆီးခြင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး အတက်စွမ်းရည် သိပ်သည်းစွာ ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေကို ရင်ဆိုင်ဖို့ သက်ရောက်မှုရှိတယ်။ ဒါက သော့ချက်ပဲ မဟုတ်ဘူးလား”
ဝမ်ချောင်က သစ်ပင်ထိပ်ကိုကြည့်ရင်း ပြုံးသည်။
သူ့တွင် ပိုင်ဆိုင်ထားသော မီးတောက်သုံးခုထဲတွင် လုဝူမီးတောက်နှင့် ကျွီပိုင်မီးတောက်တို့ကသာ ထိခိုက်အောင် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မာရာမီးတောက်ကမူ ထိုပင့်ကူမျှင်များကို ချက်ချင်း လောင်ကျွမ်းသွားအောင် လုပ်နိုင်သည်။ ဝမ်ချောင်က ထိုအခြေအနေဟာ အလွန်အမင်း စိတ်ဝင်စားစရာ ကောင်းကြောင်း ခံစားလိုက်ရသည်။
“ဒီပင့်ကူမျှင်တွေက အရမ်းမာကြော ကြမ်းတမ်းပြီး ထက်ရှနေတာက မင်းရဲ့အတက်စွမ်းအင်ကို ရောနှောပြီး ပေါင်းစပ်ထားလိုက်လို့ပဲ”
ပင့်ကူမျှင်များသည် သဘာဝလောက အတွင်းရှိ မည်သည့်နေရာကမှ ရှာတွေ့၍ မရနိုင်သော ကိုယ်ပိုင် အတက်စွမ်းအားများနှင့် ဖြစ်နေသည်။ ထိုအတွက်ကြောင့် ယခုလိုမျိုး လက်နက်များကို ဖြတ်တောက်နိုင်ခြင်း ဖြစ်နေသည်။
ခီး...
ကြီးမားသော အမှောင်အရိပ် ပင့်ကူကြီးသည် ဝမ်ချောင်၏ စကားကို နားလည်ပုံရပြီး မုန်းတီးမှုအပြည့်နှင့် ကြမ်းတမ်းစွာ အော်ဟစ်သည်။ သို့သော် ဝမ်ချောင်က ပြန်လည် မတိုက်ခိုက်သေးခင် သူဟာ တစ်ဖက်သို့ ချာကနဲလှည့်သွားပြီး သစ်ပင်ထိပ်မှ ပင့်ကူမျှင်တစ်ခုကိုသာ ဆင်းထုတ်၍ အောက်ဘက်သို့ တွဲလောင်းဆင်းကာ အခြားဂူတစ်ဂူထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ခီး...
အဝေးမှ ကြည့်လိုက်ရုံနှင့်ပင် ပင့်ကူ၏ အထိတ်တလန့် ဖြစ်နေသံကို ကြားနိုင်သည်။
ဝမ်ချောင်ကလည်း ကြောင်သွားသည်။ ထို့နောက် ရယ်သည်။ သူသည်လည်း နောက်မှလိုက်ရန် မရွေးချယ်ချေ။ အကြောင်းမူကား ဒီနေရာမှ ဂူများက ရှုပ်ထွေးသည်။ အချင်းချင်းလည်း ဆက်သွယ်နေသေး၏။ ထိုသားရဲကသာ ထွက်ပြေးရန် အာရုံစိုက်ထားပါက သူကိုယ်တိုင်ကပင် မလိုက်နိုင်လောက်ပေ။
“ယခု အရေးကြီးဆုံး လုပ်ရမှာက ဒီလူတွေကို ကယ်ပြီး မူလအမရသိုင်းကို ရှာဖို့ပဲ”
ဝမ်ချောင်က လက်ကောက်ဝတ်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် မာရာမီးတောက်အား ဂူတစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။ ထိုသို့ဖြင့် ပင့်ကူအိမ်ပေါင်း များစွာကို ရှင်းလင်းပစ်လိုက်ပြီး အတွင်းမှ လူများကို ကယ်ထုတ်သည်။
ဘန်း
သစ်ပင်ပေါ်မှ ကြီးမားသော ပိုးအိမ်ကြီးတစ်ခုက ပြုတ်ကျလာသည်။
သူဟာ ဝု့စ်သံမဏိဓားမြောင်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် ထိုပိုးအိမ်ကြီးကို ဖယ်ထုတ်လိုက်သော် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုသူဟာ သခင်လေးချင်းယန်၏ အစောင့် နဂါးဓားဖြစ်လေသည်။