အခန်း (၁၄၇၆-၁၄၈၀)
Vol. 88 Ch. 1476-1480
အခန်း(၁၄၇၆)
“အဆုံးသတ်လေးခု သိုင်းအရှင်လား”
ဝမ်ချောင်သည် ဂူထဲမှ ပုံရိပ်ကို တအံ့တဩကြည့်လိုက်သည်။
ထိုနေရာတွင် ရပ်နေသောသူက တွင်းထဲသို့ ပထမဦးဆုံး ဝင်သွားခဲ့သည့် အဆုံးသတ်လေးခု သိုင်းအရှင်ဖြစ်နေသည်။ လူတိုင်းသည် တွင်းအတွင်းမှ ပုန်းကွယ်နေသော အန္တရာယ်များနှင့် ရင်ဆိုင်နေချိန်တွင် အဆုံးသတ်လေးခု သိုင်းအရှင်ကမူ မတုန့်ဆိုင်းဘဲ ဝင်ရောက်သွားခဲ့သည်။
ဝမ်ချောင်သည်လည်း ဒီနေရာသို့ လာခဲ့သည့် လမ်းကြောင်းတွင် ယင်နက်ဘိုးဘေးတို့အပြင် အခြားသော သိုင်းပညာရှင်များနှင့် တွေ့ကြုံခဲ့သည်။ သို့သော် သိုင်းပညာရှင်များအကြားမှ အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်ကြီးများထဲမှ မည်သူနှင့်မျှ မတွေ့ကြုံခဲ့ဖူးချေ။
မမျှော်လင့်ထားစွာပင် ဒီနေရာတွင် လာရောက်တွေ့ဆုံနေသည်။
အဆုံးသတ်လေးခု သိုင်းအရှင်က မားမတ်စွာရပ်နေသည်။ သူ၏ခန္ဓာကိုယ်က ပြင်းထန်ကာ အင်အားကြီးမားပြီး ထည်ဝါသော အရှိန်အဝါကို လွှတ်ထုတ်ထားလေသည်။ တောက်ပသော သံချပ်ကာနှင့် အပေါ်တွင်ဝတ်ထားသည့် ကြီးမားသော ခြုံလွှာကြီးက သူ၏နောက်ခံကို ရှင်းလင်းစွာဖော်ပြနေသည်။ သိုင်းပညာလောကအတွင်းတွင် ထိုကဲ့သို့ အရှိန်အဝါကြီးမြတ်ပြီး စစ်သည်ဆန်သော အရှိန်အဝါမျိုးက ရှားပါးလေသည်။
“သိုင်းအရှင်”
ဝမ်ချောင်သည် အရှိန်ကိုနှေးကွေးလိုက်ပြီးနောက် ကျောချမ်းဖွယ်ကောင်းသောဂူကို ကျော်ဖြတ်ရင်း အဆုံးသတ်လေးခု သိုင်းအရှင်အနားသို့ ချဉ်းကပ်သွားသည်။
သို့သော် အဆုံးသတ်လေးခု သိုင်းအရှင်က ဝမ်ချောင်၏စကားကို ကြားပုံမရချေ။ သူသည် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေပြီး တစ်စုံတစ်ရာကို တွေးနေခြင်း သို့မဟုတ် ကြည့်နေခြင်းဖြစ်လောက်သည်။ ဝမ်ချောင်သည် သူ၏မျက်နှာကို မမြင်ရချေ။ ထို့ကြောင့် သူဘာလုပ်နေမှန်း သေချာမသိနိုင်ပါပေ။
တစ်လှမ်း၊ နှစ်လှမ်း... ဝမ်ချောင်က နီးသထက် နီးသွားချိန်တွင် သိုင်းအရှင်၏ ခြုံလွှာက ကြမ်းတမ်းစွာ ဖြတ်ကနဲ လွင့်လာပြီး ပြန်ပြုတ်ကျသွားသည်။ သို့သော် သူကိုယ်တိုင်ကမူ မလှုပ်ရှားသေးပေ။
ဝမ်ချောင်က မျက်မှောင်ကို ကျုံ့လိုက်သည်။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိနေသည်။ သို့သော် ပြဿနာက ဘာမှန်းမသိသေးချေ။
“သိုင်းအရှင်”
နောက်ဆုံးတွင် ဝမ်ချောင်သည် အဆုံးသတ်လေးခု သိုင်းအရှင်၏ အရှေ့ဘက်သို့ ရောက်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ်ချောင်က တုန်ယင်ကာ မျက်နှာက ဖြူဖျော့သွားလေသည်။
အဆုံးသတ်လေးခု သိုင်းအရှင်က ဝင်ပေါက်အရှေ့တွင် အပေါက်ကိုကျောပေးပြီး ရပ်နေသည်။ သူ၏မျက်လုံးက ပြူးကျယ်နေပြီး သွေးကြောများက ထောင်ထနေသည်။ သို့သော် အသားအရောင်ကမူ လူသေတစ်ယောက်အလား ဖြူစုတ်နေလေသည်။ ဝမ်ချောင်သည် သူ၏ကိုယ်မှ မည်သည့် အတက်စွမ်းအားကိုမှ မခံစားမိပါချေ။
ဝှစ်
မျက်နှာထားတင်းမာသွားသော ဝမ်ချောင်က အဆုံးသတ်လေးခု သိုင်းအရှင်၏ နှာခေါင်းထံသို့ လက်တစ်ချောင်းကို ဆန့်ထုတ်ကာ အဆုံးသတ်လေးခု သိုင်းအရှင်သို့ကပ်လိုက်သည်။ ထိမိရုံနှင့်တင် အေးစက်နေသည်။ အသက်ရှုနေသော လက္ခဏာလည်း မရှိတော့ချေ။
ဝမ်ချောင်က ပို၍သေချာစေရန် အလို့ဌာ သူ၏ကြယ်တာရာစွမ်းအင်ကိုလည်း အဆုံးသတ်လေးခု သိုင်းအရှင် ကိုယ်ထဲသို့ ထည့်သွင်းကာ စစ်ဆေးကြည့်သေးသည်။ ထိုအခါ သွေးကြောများအားလုံးက ပျက်စီးနေကြောင်း မြင်လိုက်ရသည်။ အလွန်အမင်း အင်အားကြီးမားလွန်းသော ပြင်ပအားတစ်ရပ်က ဖြတ်တောက်သွားခဲ့ပုံပေါ်သည်။
“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်သည်ပင် မယုံနိုင်စရာ ကောင်းလွန်းသော အံ့အားသင့်မှုကြီးကို ခံစားလိုက်ရပြီး အနောက်ဘက်သို့ ယိုင်သွားသည်။
သူသည် အဆုံးသတ်လေးခု သိုင်းအရှင်ကိုသိသည်။ တစ်ဖက်သူဟာ သိုင်းပညာလောကထဲတွင် အလွန်အမင်း အဆင့်အတန်းမြင့်မားလွန်းသော အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် စုန့်ယွမ်ယွီလောက် အဆင့်အတန်းမမြင့်သလို သူက ကျင့်ကြံထားသော ထာဝရနွေဦးမာန်ထရာလောက် မြင့်မားသောသိုင်းကို ကျင့်ကြံထားလောက်လျှင်ပင် ကွာဟချက်က သိပ်မကြီးမားနိုုင်ပေ။ သိုင်းပညာလောကအတွင်းတွင်မူ သူတို့ဟာ အဆင့်အတန်းတစ်ခုထဲတွင် ရှိကြသည်။
ပို၍ဆိုးသည်မှာ သူသည် ဝမ်ချောင်၏အရှေ့တွင် စပေါ်လာခဲ့ချိန်က စစ်မြင်းကိုစီးထားပြီး အကြမ်းတမ်းဆုံးသော ယန်ကြယ်တာရာ စွမ်းအင်များကို ထုတ်လွှတ်ထားခဲ့သည်။ ထိုစွမ်းအင်များက ပြင်းထန်လွန်းသဖြင့် အနီးကပ်တည်ရှိနေသော လေထုကိုပင် အလိုအလျောက် လောင်ကျွမ်းစေရန် ခြိမ်းခြောက်နိုင်သည့် မီးတောက်အဖြစ်ပင် ပြောင်းလဲလွန်းနေလောက်အောင် သိပ်သည်းနေခဲ့သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်သူသည် သူ၏ ကြယ်တာရာစွမ်းအင်ကို အနုစိတ်ကျလွန်းသော အတိုင်းအတာထိရောက်အောင် ကျင့်ကြံထားခဲ့နိုင်မှန်း သိနိုင်သည်။
ထို့ကြောင့် ဝမ်ချောင်သည်ပင် တစ်ဖက်သူဟာ အလွန်အမင်း ဒုက္ခများသော ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း မှတ်သားမိခဲ့သည်။
ဝမ်ချောင်သည်ပင် အကြောက်အလန့်မဲ့သော အဆုံးသတ်လေးခု သိုင်းပညာရှင်နှင့် သူ၏ လွန်ကဲလွန်းသော စွမ်းအင်များကို ပိုင်ဆိုင်ထားလင့်ကစား ဒီလိုနေရာမျိုးတွင် သေဆုံးသွားလိမ့်မည်ဟု မထင်ထားမိပေ။ သူပြောနိုင်သော အခြေအနေများအရ တစ်ဖက်သူ၏ သွေးကြောများကို တစ်စုံတစ်ယောက်က အလွန်အမင်း ကြမ်းတမ်းကာ တောက်ပလွန်းသော စွမ်းအားတစ်ရပ်ဖြင့် ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးက မယုံနိုင်စရာကောင်းလွန်းသည်။
“အဆုံးသတ်လေးခု သိုင်းအရှင်ကို ဘယ်သူကသတ်သွားတာလဲ”
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားပြီး အမျိုးမျိုးသော အတွေးများအားလုံးကို ဖယ်ထုတ်ပစ်နေသည်။
သူသည်လည်း အဆုံးသတ်လေးခု သိုင်းအရှင်၏ သေဆုံးသော မျက်လုံးအတိုင်း လိုက်ကြည့်လိုက်သောအခါ သူမြင်နိုင်သမျှက အမှောင်ထုနှင့် ထူးဆန်းသော အစိမ်းရောင်မြူများသာဖြစ်သည်။ သို့တိုင်အောင် ဝမ်ချောင်၏ မျက်မှောင်က ပြင်းပြင်းထန်ထန် ကျုံ့မိစေသည်။
ကြမ်းတမ်းသော ယန်စွမ်းအင်ကို အသုံးပြုပြီး အဆုံးသတ်လေးခု သိုင်းအရှင်၏ ခန္ဓာကိုယ်ကို ထိုသို့ကွဲကြေသွားအောင် လုပ်နိုင်သောသူက သာမာန်လူမဟုတ်နိုင်ပေ။
ဝုန်း
ဝမ်ချောင်က ရုတ်တရက် သူ၏ကြယ်တာရာစွမ်းအင်များက အမှောင်ထုထဲသို့ ပို့လွှတ်လိုက်လေပြီး မည်းမှောင်သော လမ်းကြောင်းထဲသို့ ရှေ့ဆက်တိုးကာ အစိမ်းရောင်မြူထုကို ထိတွေ့လိုက်သည်။
သို့သော် ဝမ်ချောင်သည် ထိုသို့လုပ်လိုက်ခြင်းအားဖြင့် ဖြစ်လာနိုင်သည့် အကျိုးဆက်ကို မတွေးထားမိပေ။
ဝုန်း
အစိမ်းရောင်မြူအတွင်းတွင် ခံစားချက်ကင်းမဲ့သော အေးစက်သည့် အလင်းနှစ်တန်းက လက်လာသည်။
“အဲ့ဒီမှာဘယ်သူလဲ”
သူ၏နှလုံးသားက အေးစိမ့်သွားရင်း အချက်ပေး ခေါင်းလောင်းသံများက မြည်ဟီးလာသည်။
အလင်းက တစ်ဖက်လက်ပြီးရုံနှင့် ဝမ်ချောင်၏အရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ အနက်ရောင် ပုံရိပ်တစ်ခုက ပေါ်လာသည်။ သူသည် ရုတ်ချည်းဆန်စွာ မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် ရွေ့လျားကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပြင်းထန်သိပ်သည်းသော ယန်စွမ်းအင်က ပေါက်ထွက်တော့မည့် မီးတောင်တစ်ခုအလား ထိုလူ၏ကိုယ်ထဲမှ ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်ပင် တစ်လောကလုံးက လောင်ကျွမ်းနေပြီဟု ခံစားလိုက်ရသည်။
ထိုပူပြင်းတောက်လောင်နေသော စွမ်းအင်သည် အဆုံးသတ်လေးခု သိုင်းအရှင်၏ ကြမ်းတမ်းသော ယန်နတ်သိုင်းထက်ပင် ပို၍ကြောက်စရာကောင်းသေးသည်။ ထိုနေမင်းလုံးကြီးက ဝမ်ချောင်၏အရှေ့တွင် ပေါ်လာသည်။ ထိုဝင်ပေါက်တစ်ခုလုံးကလည်း နေ့အလား လင်းထိန်သွားသည်။
“မကောင်းတော့ဘူး”
ထိုလူက ပေါ်လာသည့် အခိုက်အတန့်တွင်ပင် ဝမ်ချောင်၏စိတ်ထဲမှ ခံစားရသည့် အန္တရာယ်က ဆတိုးများပြားသွားသည်။ သူ၏အရေပြားတစ်ခုလုံးအနှံ့ ကြက်သီးများထလာလေပြီး ဆံပင်များက ထောင်တက်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း သိပ်သည်းသည့် သေဆုံးခြင်းရနံ့ကို ရလိုက်ပြီး သူ့အား ခြိမ်းခြောက်မှုကို ခံစားရစေသည်။
“မဟာရင်ယန်သိုင်း”
တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်သည် ကျင့်ကြံခြင်းသွေဖယ်သည့် အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှိသမျှ ကြယ်တာရာစွမ်းအင်တိုင်းကို စုစည်းလိုက်သည်။ ထိုသို့ဖြင့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းထဲမှ သိုင်းကွက် သုံးကွက်ထဲမှ တစ်ကွက်ကို ထုတ်သုံးလိုက်ရသည်။
ဘုန်း
ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များက နေမင်းထက်ပင် ပို၍ပူပြင်းသေးပြီး ပို၍ပင် အဆင့်မြင့် လွန်ကဲသေးကာ တောက်ပသည်။ ထိုစွမ်းအင်ဟာ ဝမ်ချောင်ထံသို့ လေထုပေါက်ကွဲသွားသည့်အလား တစ်ဟုန်ထိုး ဝင်တိုးလာလေရင်း မရပ်တန့်နိုင်သော မီးတောက်မုန်တိုင်းကိုလည်း သယ်ဆောင်လာလေသည်။
ဝမ်ချောင်ကသာ ကိုယ်တိုင်ကြုံတွေ့နေခဲ့ရခြင်း မရှိလျှင် ဝမ်ချောင်ကိုယ်တိုင်ပင် တစ်စုံတစ်ယောက်ဟာ ကြယ်တာရာစွမ်းအင်ကို ထိုအတိုင်းအတာထိရောက်အောင် လေ့ကျင့်ထားနိုင်မည်ဟု မတွေးမိလောက်ပေ။
ထိုကြယ်တာရာစွမ်းအင် တစ်စက်ချင်းစီတိုင်းက ရွှေရောင်သဲပွင့် တစ်ပွင့်စာသာရှိပြီး တစ်ခုချင်းစီတိုင်းကလည်း စွမ်းအင်များနှင့် သိပ်သည်းစွာ တည်ရှိနေလေရာ လူ၏ကိုယ်အား တိုက်ရိုက်ပင် မီးခိုးနှင့် ရေငွေ့အဖြစ် ပြောင်းလဲနိုင်ပုံရသည်။ ဝမ်ချောင်သည်ပင် အဆုံးသတ်လေးခု သိုင်းအရှင်၏ အင်အားမျိုးကို ပိုင်ဆိုင်ထားသော လူမျိုးက မည်သို့သတ်ခံရကြောင်း ရုတ်တရက် နားလည်သွားသည်။
ဝမ်ချောင်၏ ထက်မြတ်သော မသိစိတ်က ယခုလိုမျိုး အရေးပေါ် အခြေအနေကို ကြုံတွေ့ရသောအခါ မည်သို့ တုန့်ပြန်နိုင်ကြောင်း လမ်းညွှန်ပေးသည်။ ရွှေရောင်ကြယ်တာရာစွမ်းအင်က ရိုက်ချတော့မည့် အခိုက်အတန့်တွင်ပင် သူ၏ကိုယ်ပိုင် ယင်ရန်အဆင့်လွန်စွမ်းအင်က ရုတ်ချည်း ထွက်ပေါ်လာခြင်းအားဖြင့် အတူတကွ ပေါင်းစပ်ကာ ကြိတ်ဆုံကျောက်တုံးတစ်ခုအလား လည်ပတ်သည်။
ယင်နှင့်ရန်၏ စွမ်းအားက ထိုသေဆုံးခြင်းစွမ်းအင် လှိုင်းလုံးများအား နှစ်ပိုင်းကွဲသွားစေသည်။
ထိုစွမ်းအင်၏တစ်ပိုင်းက ဝမ်ချောင်၏ကိုယ်ထဲ ဆက်လာနေပြီး အခြားသောတစ်ပိုင်းကမူ သူ့ကို ကျော်ဖြတ်သွားကာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ လမ်းညွှန်မှုအတိုင်း ကျောက်သားနံရံပေါ်သို့ တိုးခွဲဝင်ရောက်သွားသည်။
ဝမ်ချောင်သည် အဆင့်လွန်ယန်စွမ်းအင်ကို ကိုယ်တိုင်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားပြီး ဂူအပြင်ဘက်သို့ လွင့်သွားသည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက တိုက်ခိုက်နိုင်သလို ခုခံနိုင်သေးသည်။ တိုက်ခိုက်နေချိန်တွင် သူဟာ အဆင့်လွန်ယင်ရန်စွမ်းအားကို အသုံးပြုပြီး ရန်သူအား ကြောက်စရာကောင်းသော ဖောက်ခွဲမှုတစ်မျိုးနှင့် ထိခိုက်အောင်လုပ်နိုင်သည်။ ခုခံနေချိန်တွင်လည်း သူသည် အဆင့်လွန်ယင်ရန်အား နှစ်ခုခွဲ၍ ရန်သူ၏တိုက်ကွက်ကို အင်အားတစ်ဝက်ခန့်အထိ လျော့ကျသွားစေခြင်းအားဖြင့် အများကြီး အားနည်းသွားအောင် လုပ်၍ရသည်။
သို့တိုင်အောင် ကျန်သောစွမ်းအား တစ်ဝက်ကတင် သိပ်သည်းစွာ အင်အားကြီးမားနေခဲ့သည်။ သူ၏ လက်ရှိအခြေအနေမျိုးကြောင့် ဝမ်ချောင်ကိုယ်တိုင်ပင် တောင့်ခံရန်ခက်ခဲသည်။
“ဘာလို့ဒါက ဒီလောက်ထိ အင်အားကြီးနေတာလဲ”
ဝမ်ချောင်က အစိမ်းရောင်မြူထဲမှ ပုံရိပ်ကိုစိုက်ကြည့်ရင်း မှင်သက်သွားသည်။
ဒီမြေအောက်လောကထဲတွင် သူသည် အမျိုးမျိုးသော ထောင်ချောက်များ၊ ဝင်္ကပါများကို ကြုံတွေ့ခဲ့ပြီးလေပြီ။ ထို့ပြင် မုန်တိုင်းများ၊ နဂါးသားရဲများ၊ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်းများ၊ အိမ်မက်ဆိုးသားရဲနှင့် အမှောင်အရိပ် ပင့်ကူကဲ့သို့ ထက်ရှလွန်းသော ပင့်ကူမျှင် ပိုင်ရှင်နှင့်ပင် တွေ့ကြုံခဲ့ပြီးလေပြီ။ သူသည် အမျိုးမျိုးသော အန္တရာယ်များကို တွေ့ကြုံခဲ့ပြီးသားဖြစ်သည်။ သို့သော် သူ၏အရှေ့မှ အရာကမူ ထိုခေါင်းစဉ်များအောက်တွင် မရှိနေခဲ့ချေ။ အကြောင်းမူကား မည်သည့် မကောင်းဆိုးဝါးကမှ လူတစ်ယောက်၏ သိုင်းမျိုးကို အသုံးမပြုနိုင်ချေ။
ဝမ်ချောင်သည်ပင် ထိုအရာဟာ မည်သည့်အရာမှန်း နားမလည်နိုင်ပေ။
ဝမ်ချောင်သည် နောက်ဆုတ်ရန် ပြင်ဆင်ထားရင်း ထိုလမ်းကြောင်းအတွင်းသို့ တစ်ပြိုင်တည်းလိုလို စူစမ်းကြည့်ရန် ဆုံးဖြတ်ထားချိန်တွင် ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်းတွင် ရင်းနှီးပြီး အနည်းငယ် တောင့်တင်းနေသော အသံတစ်သံက ဝင်ရောက်လာသည်။
“မလှုပ်နဲ့။ မင်းရဲ့ မွှေးညှင်းပေါက်တွေ အားလုံးကို ပိတ်လှောင်ပြီး စွမ်းအင်တွေအားလုံးကို ရုတ်သိမ်းလိုက်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးပဲ။
ဝမ်ချောင်က အသံပိုင်ရှင်ကို မှတ်မိသွားပြီး အံ့ဩသွားရပြန်သည်။
တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်သည်လည်း အခြားသော အချိန်တွင်ဆိုလဆင် တစ်စုံတစ်ယောက်က သူ့ကိုပြောလာသည့်အတိုင်း လုပ်လိမ့်မည်မဟုတ်ပေ။ သို့သော် အခုက အချို့သော အကြောင်းပြချက်များကြောင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အသံက ဝမ်ချောင်၏ခန္ဓာကိုယ်ကို အလိုအလျောက် နာခံမိစေသည်။
သူကဘာလို့ ဒီနေရာကိုရောက်နေတာလဲ။
ဝမ်ချောင်၏စိတ်က လွန်ဆွဲနေသည်။
ယခု ပို၍ပင် ဖော်ပြရန် ခက်ခဲသည်မှာ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အသံက ထိုလမ်းထဲမှ လာဟန်တူသည်။
ဝုန်း
တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်က ရပ်တန့်လိုက်သည်။ ထိုနယ်မြေတစ်ခုလုံးက တောင့်တင်းနေသေးပြီး အသက်ရှုသံက တဖြည်းဖြည်းချင်းစီ လျော့ပါးပျောက်ကွယ်လာသည်။
ဂူတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်သွားသည်။
ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင် လမ်းကြောင်းထဲတွင် မြူထုများက ဆက်လက်ပြီး ထွက်လာနေသည်။ သို့သော် မင်းမူလွန်းသော ထိုပုံရိပ်ကြီးက ဝမ်ချောင်ကို တိုက်ခိုက်နေရာမှ ရုတ်တရက် ရပ်သွားသည်။
ဖိနှိပ်စွမ်းအားပြင်းထန်ပြီး မွန်းကြပ်လွန်းသော လေထုအခြေအနေကြောင့် ထိုပုံရိပ်ဟာ ဝမ်ချောင်၏အနားသို့ တဖြည်းဖြည်းချင်းစီ စတင်ကာ ချဉ်းကပ်လာသည်။
လေထုထဲမှ လေအလုံးလိုက်က တိုက်ခတ်လာလေပြီး ဝမ်ချောင်သည်လည်း ထိုပုံရိပ်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။
ဒါဟာ အိမ်မက်ဆိုးသားရဲနှင့် အဆိပ်ပင့်ကူကဲ့သို့ မကောင်းဆိုးဝါးမျိုး မဟုတ်ချေ။ သို့သော် ခုနှစ်မီတာမှ ရှစ်မီတာခန့်မြင့်သော သာမာန်လူသား သိုင်းပညာရှင်ဖြစ်သည်။
သူ၏ဆံပင်ရှည်များက ကျောဘက်သို့ ဖြာကျနေသည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် အခြားသော သိုင်းပညာရှင်များနှင့် မတူညီသည်မှာ ထိုလူ၏ဝတ်စုံများက စွေ့နောက်ဆုံကာလမှ ရှေးဟောင်းပုံစံ အရပ်သားဝတ်စုံဖြစ်နေသည်။
ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။
ဗဟိုပြင်ကျယ်၏ မင်းဆက် အဆက်ဆက်က အစားထိုးသွားခဲ့သည်။ မင်းဆက် တစ်ဆက်ချင်းစီတိုင်းကလည်း ကိုယ်ပိုင်ထူးခြားသော သင်္ကေတနှင့် ပုံစံများကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ ထို့ကြောင့် အမတ်များ၊ ဗိုလ်ချုပ်များအပြည့်ရှိသော ကလန်မှ ဆက်ခံသူတစ်ယောက်အနေနှင့် ဝမ်ချောင်သည်လည်း စွေ့မှ အရာအချို့နှင့် အထိအတွေ့ အဆက်အစပ် ရှိခဲ့ဖူးသောကြောင့် ထိုကဲ့သို့ ဝတ်စုံအမျိုးအစားကို တန်း၍ မှတ်မိလိုက်သည်။
သူသည် စွေ့မင်းဆက်မှ ဝတ်စုံများကို မြင်ရသောအခါ ရုတ်တရက် တွေးတောရ ခက်ခဲသည့် ခံစားချက်မျိုးကို ရလာသည်။
ဝမ်ချောင်က ဆက်လက်ပြီး ကြည့်နေသည်။ ဂူထဲမှ အစိမ်းရောင်မီးတောက်များက လူ၏မျက်နှာကို ရောင်ပြန်ဟပ်ပေးသည်။
သေလူတစ်ယောက်၏ မျက်နှာဖြစ်သည်။ ဖြူစုတ်နေလေပြီး သွေးများကင်းစင်သည်။ သို့သော် ထိုလူ၏ မျက်လုံးကသာ စွမ်းအင်များသိပ်သည်းနေသည်။ ထိုမျက်လုံးက အသက်မဲ့နေသည်နှင့်တူသည်။ အသက်ရှိနေသည့် လူတစ်ယောက်နှင့်ပင် မတူပေ။
သူကသေပြီးသား။
ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။
အရာအားလုံးက တိတ်ဆိတ်ကာ ကျောချမ်းဖွယ်ကောင်းနေသည်။ ဝမ်ချောင်နှင့် ထိုလူတို့က အချင်းချင်း စိုက်ကြည့်နေကြသည်။ အဆုံးသတ်လေးခု သိုင်းအရှင်၏ အလောင်းက သူတို့အကြားတွင်ဖြစ်သည်။ အသက်မဲ့သော ထိုအသေကောင်၏ မျက်လုံးက တဖြည်းဖြည်းချင်းစီ ရွေ့လာပြီးနောက် မျက်လုံးအိမ်များထံသို့ ရောက်လာသည်။ သို့သော် ဝမ်ချောင်က ထိုလူ၏ ငွေရောင်ဝတ်ရုံထံမှ ယင်ရန်သင်္ကေတကို တွေ့လိုက်သလို ထိုလူ၏ အနောက်မှ ထည်ဝါသော ပုံရိပ်ယောင်တစ်ခုဖြစ်သည့် ရွှေရောင်သံလိုက်အိမ်မြောင် ပုံစံအရာက တဖြည်းဖြည်းချင်းစီ နောက်ဆုတ်သွားကြောင်း မြင်လိုက်သည်။ ထိုအရာက လျို့ဝှက်ဆန်းကြယ်သောအရာနှင့် တောက်ပနေသေးသောကြောင့် ဝမ်ချောင်သည် ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။
မူလအမရသိုင်းရဲ့ ဆက်ခံသူ
အလင်းက တစ်ဖက်လက်သွားပြီးနောက် ဝမ်ချောင်သည် တစ်ဖက်သူက မည်သူဖြစ်ကြောင်း မှတ်မိလိုက်ပြီဖြစ်သည်။
++++
အခန်း(၁၄၇၇)
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် ထိုလူ၏ အနောက်ဘက်မှ ကြီးမားသော ရွှေရောင် သံလိုက်အိမ်မြောင်ကြီးကို အာရုံစိုက်လိုက်ပြီး သူ၏စိတ်အတွင်းတွင် ဖုံးကွယ်ရ ခက်ခဲသည့် အံ့အားသင့်မှု အားလှိုင်းများက လှုပ်ခတ်လာသည်။
လွန်ခဲ့သော နှစ်(၂၀၀)ခန့်က မူလအမရသိုင်းတွင် ဆက်ခံသူများ ရှိခဲ့သည်။ သို့သော် သူတို့ဟာ မေ့လျော့ခံခဲ့ရသည်အထိ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာညောင်းနေခဲ့လေပြီ။ သူ၏ဝတ်စုံမှ ယင်ရန်ဝူကျိသင်္ကေတက သူတို့၏ နောက်ခံကို အကောင်းဆုံး သက်သေပြပေးနိုင်လေသည်။ ယခင်ဘဝတွင် ဝမ်ချောင်သည် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်း၏ အရှိန်အဝါအကြောင်း ကြားခဲ့ဖူးသည်။ သူ၏ဂုဏ်သတင်းကလည်း သိုင်းပညာရှင်တိုင်းအတွက် မတွန်းလှန်နိုင်သော ကျော်ကြားမှုဖြစ်လေသည်။
သို့သော် ဝမ်ချောင်ကိုယ်တိုင်ကပင် သူဟာ အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ရသောအခါ ယခုလိုမျိုး ဖြစ်နေမည်ဟု မတွေးတောဖူးချေ။
ကြမ်းတမ်းသော ယန်နတ်သိုင်းဟာ လေးစားဖွယ်ကောင်းသည်။ သို့သော် အဆုံးသတ်တွင်မူ လောက၏ နံပါတ်တစ် အဆင့်လွန်သိုင်းကို မယှဉ်နိုင်ခဲ့ပေ။
ဝမ်ချောင်သည်လည်း ထိုသံလိုက်အိမ်မြောင်ကြီးက လေထဲသို့ မြောက်ကာ ပျောက်ကွယ်သွားသည်အား ကြည့်လိုက်ရသည်။ မူလအမရသိုင်း၏ ဆက်ခံသူက မျက်လုံးကို ဟိုနေရာ ဒီနေရာရွှေ့သည်။ သူသည် ဝမ်ချောင်ကို မမြင်နိုင်သလိုမျိုး နောက်သို့ ပြန်လှည့်၍ ဂူထဲသို့ ပြန်လျှောက်ဝင်ရင်း မြူထုထဲတွင် ပျောက်ကွယ်သွားသည်။
အချိန်အတန်ကြာအောင် နေပြီးနောက် ဝမ်ချောင်ဟာ သတိအပြည့်ကပ်ရင်း အနောက်ဘက်သို့ စဆုတ်သည်။
မူလအမရသိုင်း၏ ဆက်ခံသူ တစ်ယောက်ချင်းစီတိုင်းက မှင်သက်ဖွယ်ကောင်းလောက်သော ပါရမီမျိုးကို ပိုင်ဆိုင်ထားကြသည့် သူများဖြစ်သလို သူတို့၏ အင်အားကလည်း ကြီးမားလွန်းသည်။ သူတို့ကို ရင်ဆိုင်သည့် အထွတ်အထိပ် အင်ပါယာ မဟာဗိုလ်ချုပ်တိုင်းက ကိုယ့်သေတွင်းကိုယ် တူးကြခြင်းဖြစ်သည်။ ယခုလို အန္တရာယ်များသော ဝန်းကျင်မျိုးတွင် ဝမ်ချောင်သည် သတိမမဲ့ရချေ။
ဝါး
ဝမ်ချောင်းက နောက်သို့ဆုတ်နေချိန်တွင် ကျောက်သားများ ပြုတ်ကျသည့်အသံကို ကြားလိုက်ရသည်။ ထို့နောက် မြူများပြည့်နေသော လမ်းကြောင်း အပြင်ဘက်သို့ သန်မာသော ပုံရိပ်တစ်ခုက ပြေးထွက်လာပြီး ဝမ်ချောင်၏ ဘေးဘက်တွင် ရပ်သည်။
“အထီးကျန်ဆိတ်ငြိမ်ဘိုးဘေး ဒါကဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်က မေးလိုက်သည်။
သူတို့နှစ်ယောက်ဟာ အခြေခံအားဖြင့် ပြိုင်ဘက်များ ဖြစ်နေသေးသည့်တိုင်အောင် အထီးကျန်ဆိတ်ငြိမ်ဘိုးဘေးက သူ့ကို ယခု သတိပေးခဲ့သည်။ ထို့ကြောင့် သူ့အပေါ် ရန်လိုမှုများ ရှိတော့ပုံမရချေ။ ပို၍ဆိုးသည်မှာ သူတို့ယခင်က အတူပူးပေါင်း လုပ်ဆောင်ခဲ့ဖူးသည်။ ထို့ကြောင့် စိတ်ရင်းမပါသည့်တိုင်အောင် မဟာမိတ် ဖြစ်ခဲ့သေးလေသည်။
“ရှူး အသံမကျယ်စေနဲ့”
ဆိတ်ငြိမ်ဘိုးဘေးက နှုတ်ခမ်းနားသို့ လက်ညိုးကပ်လိုက်သည်။ သူ၏ပုံစံက ကြီးမားသော ကြောက်လန့်မှုတစ်မျိုးကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။
ဝမ်ချောင်သည်လည်း အဖြစ်အပျက်ကို ပြန်လည်တွေးတောလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ သူ၏စိုးရိမ်မှုကို နားလည်သွားပြီး သူသည်လည်း ထိုအလောင်းကောင်ကို စိုးရိမ်နေမှန်း သိလိုက်သည်။
“ဘိုးဘေး အခုဘာဖြစ်သွားတာလဲ။ ဘာလို့ အဆုံးသတ်လေးခု သိုင်းအရှင်က ဒီမှာသေသွားတာလဲ။ ဒီဂူထဲက ဘာရှိတာလဲ”
ဝမ်ချောင်ကမေးသည်။ သူသည် ရိုးရှင်းစွာဖြင့် မေးခွန်းအများကြီး ရှိနေသည်။
“ဒါက ပုံပြင်ရှည်ကြီးပဲ။ အဆုံးသတ်လေးခု သိုင်းအရှင်က သူနဲ့တိုးသွားတာ။ မူလအမရသိုင်းရဲ့ ဆက်ခံသူကလည်း ဒီလိုမြေအောက်နန်းတော်မှာ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဆုံးသတ်လေးခုသိုင်းအရှင်က သတိမဲ့သွားပြီး သူနဲ့ လက်ဝါးချင်းဖလှယ်လိုက်မိတယ်။ ရလဒ်အနေနဲ့ သူ့ရဲ့ သွေးကြောတွေအားလုံးက ပေါက်ကွဲသွားပြီး သေသွားတာပေါ့။ မူလအမရသိုင်း၊ မူလအမရသိုင်း... လောကရဲ့ နံပါတ်တစ်သိုင်းဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
အထီးကျန်ဆိတ်ငြိမ် ဘိုးဘေးကလည်း အံ့အားသင့်မှုနှင့် ချီးကျူးမှုအကြား ပိတ်မိနေပုံရလေပြီး သူ့ဘာသာသူ ခပ်တိုးတိုး ရေရွတ်နေလေသည်။
သူသည် အတော်လေး ကြောက်လန့်ခဲ့ရသည်။ ထို့ပြင် ဝမ်ချောင်သည်လည်း မူလအမရသိုင်း၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါနှင့် ပတ်သတ်သည့် ချီးကျူးမှုများကို ခံစားမိနိုင်သည်။
“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အကြာက မူလအမရသိုင်းက မပျောက်သေးဘူး။ အဲ့ဒီအချိန်မှာ သိုင်းပညာလောက တစ်ခုလုံးမှာ လျို့ဝှက်တဲ့ ကောလဟာလတစ်ချို့ ပျံ့လာတယ်။ ပြောကြတာကတော့ မူလအမရသိုင်းရဲ့ ဆက်ခံသူ တစ်ယောက်ချင်းစီတိုင်းက အဆုံးသတ်ဂူထဲမှာ မူလအမရဂူထဲကို ပြန်သွားပြီး မူလအမရသိုင်းအတွက် အစောင့်အရှောက် လုပ်ပေးရတယ်တဲ့။ ငါရို့ကျိုးမှာ ရှိနေခဲ့တဲ့ အချိန်က ဒီကောလဟာလကို မှတ်သားထားတဲ့ ရှေးဟောင်းမှတ်တမ်း အချို့ကို တွေ့ဖူးတယ်။ အဲ့ဒီအချိန်က ငါနားမလည်ခဲ့ဘူး။ အခုတော့သိပြီ”
“အဲ့ဒီကောလဟာလတွေက လုံးဝမှန်နေတယ်။ သူတို့က သေဆုံးသွားပြီးတာတောင်မှ မူလအမရသိုင်းနဲ့ ဆက်ခံသူတွေ အားလုံးက ဒီမြေအောက်လောကထဲမှာ လာပြီး ဒီရတနာကို ကာကွယ်ပေးနေကြတယ်။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဒါက မူလအမရသိုင်းရဲ့ နောက်ဆုံး အကာအကွယ်လွှာပဲ။ ငါတို့ဒါကို ကျော်ဖြတ်နိုင်သမျှ မူလအမရ ရတနာသိုက်ထဲကို အမှန်တကယ် ဝင်ရောက်ပြီး အဲ့ဒီရတနာကို ရနိုင်ပြီ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ထိုသို့ပြောသည်။ သူ၏မျက်လုံးထဲတွင် တောင့်တမှုနှင့် မသက်မသာဖြစ်သော ခံစားချက်များကို ရောနှောကာ ထုတ်ပြသည်။
“မူလအမရသိုင်းက ပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီဆိုတဲ့ အကြောင်းကိုပဲ လူတိုင်းက သိကြတာ။ ဒါပေမဲ့ မူလအမရသိုင်းက မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကမ်းပေးခဲ့တယ်ဆိုတာကို လူအနည်းငယ်လောက်ပဲ သိကြတယ်။ နှစ်ရာအနည်းငယ် ကြာပြီးတဲ့အချိန်မှသာ ဆက်ခံသူ တစ်ယောက်က ပေါ်လာတတ်တယ်။ အဲ့ဒီလိုနဲ့ ဆက်ခံသူမျိုးဆက်က မျိုးဆက်ခြောက်ခုလောက် ဖြစ်နေတာ။ အခြားစကားနဲ့ ပြောရရင် နောက်ထပ် အင်အားကြီးမားတဲ့ မူလအမရသိုင်းရဲ့ ဆက်ခံသူ ငါးယောက်လောက်က ဒီမြေအောက်နယ်မြေထဲမှာ ရှိနေအုံးလိမ့်မယ်”
“နောက်ဆုံး အကာအရံထားပြီး သူတို့ကို ထားခဲ့မှာ။ မူလအမရအရှင်က ငါတို့အတွက် ကျော်ဖြတ်သွားလာနိုင်ဖို့ နယ်မြေအကြီးကြီးကို ဖန်တီးထားခဲ့တယ်။ ဒါတောင်မှ မလွယ်ကူနိုင်ဘူး”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကလည်း သူ၏အသံထဲတွင် စိုးရိမ်စိတ်များနှင့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားနိုင်ခြင်း မရှိပေ။
မူလအမရသိုင်း၏ ပထမဦးဆုံးသော ဆက်ခံသူက အဆုံးသတ်လေးခု သိုင်းအရှင်ကို လက်ဝါးချက် အနည်းငယ်ထဲနှင့် သတ်သွားခဲ့သည်။ ဆက်ခံသူများကလည်း အလွန်အမင်း အင်အားကြီးနိုင်လေရာ အထီးကျိန်တိတ်ဆိတ် ဘိုးဘေးကပင် ခန့်မှန်းရန်ခက်ခဲသည်။ သို့သော် ယခု ပို၍အန္တရာယ်များလေလေ သူတို့ဟာ အောင်မြင်ရန် ပို၍နီးကပ်လေလေ ဖြစ်လာသည်။
နောက်ဆုံးအရန်အတားအဆီးကို ကိုယ်ပိုင်ခွန်အား တစ်ခုထဲဖြင့် ကျော်ဖြတ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူကိုယ်တိုင်ကပင် အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ပေးလာသော အချက်အလက်များကြောင့် အလွန်အမင်း အံ့အားသင့်နေခဲ့ရခြင်းဖြစ်သည်။
ဆက်ခံသူခြောက်ယောက်ဟုတ်လား။
အတွင်းပိုင်းကိုရောက်လေလေ ပို၍ အန္တရာယ်များလေလေပဲ။ ဒီစည်းမျဉ်းအတိုင်းသာဆိုရင် အခြားဆက်ခံသူ ငါးယောက်က ပိုပြီးအင်အားကြီးမှာမဟုတ်ဘူးလား။ အားအနည်းဆုံး တစ်ယောက်က အဆုံးသတ်လေးခု သိုင်းအရှင်ကို အတွင်းဘက်ကနေ တိုက်ရိုက် သွေးကြောတွေ ပေါက်ကွဲသွားအောင် လုပ်နိုင်တယ်ဆိုတော့ နောက်ဆုံးတစ်ယောက်က ဘယ်လောက်တောင် အင်အားကြီးမားလဲ။ ဆက်ခံသူ ခြောက်ယောက်လုံးကသာ ဒီလောက်ထိ အင်အားကြီးနေရင် လောကက ဘယ်သူကမှ ဖောက်ဝင်နိုင်တော့မှာ မဟုတ်ဘူး။
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်ကြည့်သည်။ သူ၏မျက်မှောင်က ကျုံ့လာသည်။
ဝင်ပေါက်ထဲသို့ အမှန်တကယ် မဝင်ရောက်သေးသည့်တိုင်အောင် ဝမ်ချောင်ကိုယ်တိုင်ကပင် ပြင်းထန်လွန်းသော ဖိအားကို အမှန်တကယ် ခံစားနေရသည်။ ဒါဟာ သူ၏ တစ်ခုတည်းသော စိုးရိမ်မှု မဟုတ်သေးချေ။ ပြိုကျသွားသော ဝင်ပေါက်က လိုက်ဖမ်းသူများကို အချိန်အတန်ကြာအောင် မတားပေးထားနိုင်ချေ။ သူတို့ဟာ သိပ်မကြာခင် ရောက်လာလောက်လေသည်။
ဝမ်ချောင်သည်လည်း သူ့အနေဖြင့် ဒီနေရာမှ ထွက်သွားနိုင်ရန် အရှေ့မှ လမ်းကြောင်းတစ်ခုထဲသာ ရှိနေကြောင်း သိလိုက်သည်။
သူ၏စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ခြင်းအားဖြင့် သူ၏အနောက်ဘက်မှ အခြားသော ဂူများက ထွက်လမ်းမရှိကြောင်း သိလိုက်သည်။
သူကသာ နောက်သို့ ထပ်ဆုတ်လိုလျှင် သူ့ကိုယ်သူ ထိုစစ်သည်တော်၏ အတွင်းသို့ ပစ်သွင်းမှ ရပေမည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကပင် လွန်ဆွဲသွားသည်။
သူဘာလုပ်ရမလဲ။ သူဘာလုပ်ရမလဲ။ သူ့မှာ အများဆုံး နှစ်မိနစ်ပဲ အချိန်ရှိတော့တာ။ နည်းလမ်းတစ်ခုကို တွေးရမယ်။
ဝမ်ချောင်၏မျက်နှာက တည်ငြိမ်သည်။ သို့သော် သူ၏စိတ်ကမူ ပို၍ပင် စိုးရိမ်စိတ် များလာသည်။ တစ်စက္ကန့်ချင်းစီ ကုန်ဆုံးသွားချိန်တိုင်းလိုလို သူ၏ရင်ထဲတွင် ကျယ်လောင်စွာ မြည်ဟီးနေသလို ဖြစ်လာသည်။
ယခုလေးတင် တွေ့ဆုံမှုကတစ်ဆင့် သူသည် မူလအမရသိုင်း၏ ဆက်ခံသူကို မယှဉ်နိုင်မှန်း နားလည်လိုက်ပြီဖြစ်သည်။
မျက်လုံးသုံးလုံးပါသော သမင်မျက်နှာဖုံးနှင့် လူ၏ ခွန်အားကလည်း ပို၍ပင် တိုင်းတာရ ခက်ခဲသည်။
ဝုန်း
ဝမ်ချောင်၏အကြည့်က အထီးကျန်ဆိတ်ငြိမ်ဘိုးဘေးထံသို့ ရောက်သွားချိန်တွင် ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခု ရသွားသည်။
“ဟုတ်သားပဲဘိုးဘေး ဘိုးဘေးနဲ့ အဆုံးသတ်လေးခု သိုင်းအရှင်က ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာလဲ။ ဘိုးဘေးတို့တွေ အိမ်မက်ဆိုးသားရဲနဲ့ အမှောင်အရိပ် ပင့်ကူနဲ့ မတိုးဘူးလား”
ဝမ်ချောင်သည်လည်း တစ်ချိန်လုံးလိုလို စိတ်ရှုပ်နေခဲ့ခြင်းဖြစ်သည်။ သူသည် အလွန်မြန်သည်ဟု သူ့ကိုယ်သူ ထင်နေခဲ့သည်။ သူသည် အနှောက်အယှက်တိုင်း အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။ အင်အားကြီးစွာ တိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် ဒီနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် အဆုံးသတ်လေးခု သိုင်းအရှင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကမူ ထိုပင့်ကူနှင့် အိမ်မက်ဆိုး သားရဲတို့နှင့် တွေ့ကြုံခဲ့ပုံ မရလေဘဲ ဒီနေရာသို့ ပို၍စောစွာ ရောက်ရှိလာခဲ့ပုံပေါ်သည်။
ထိုအခြေအနေက မယုံနိုင်စရာပင် ကောင်းသေးသည်။
“ဒါက”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တုန့်ဆိုင်းသွားသည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုအပြည့်နှင့် ခေါင်းကိုမော့လိုက်သည်။ ရှင်းလင်းစွာပင် ဝမ်ချောင်က ထိုမေးခွန်းကို မေးလာမည်ဟု ထင်ထားပုံမရချေ။ နောက်ဆုံးတွင်သူက ရှင်းပြသည်။
“ငါသာ အခြားတစ်နေရာမှာ မင်းနဲ့ဆုံခဲ့ရင် ငါမင်းကို လုံးဝပြောပြမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ အခု နောက်ဆုံး အရန်အတားအဆီးကို ရောက်နေပြီဆိုတော့ ရှင်းပြလည်း ပြဿနာမရှိတော့ဘူး”
“ဒီနေရာက ဂူတွေအားလုံးက ဆက်နေတာ။ ဝင်ပေါက်ကလည်း တစ်ခုထဲမဟုတ်ဘူး။ သိုင်းပညာလောကက ဆရာကြီးတွေ အားလုံးကလည်း ကိုယ်ပိုင် လျို့ဝှက်ချက်တွေရှိကြတယ်။ ဥပမာအနေနဲ့ဆိုရင် စုန့်ယွမ်ယွီရဲ့ ထာဝရနွေဦးမာန်ထရာရဲ့ နက်နဲလွန်းတဲ့ အဆင့်ကြောင့် ထောင်ချောက်တွေအားလုံးကို ကြိုတင် အလွယ်တကူ သတိထားမိနိုင်သလို သူ့ရဲ့ ကိုယ်ပိုင်နွယ်ပင်တွေ ဒါမှမဟုတ် အပင်တွေကို ထိန်းချုပ်ခြင်းအားဖြင့် သားရဲတွေကိုလည်း အဝေးကို ခေါ်သွားလို့ရသေးတယ်။ နောက်ပြီးသူက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာတောင် နွယ်ပင်တွေကို ပေါက်ထွက်စေပြီး အပြင်မှာ အမြစ်တွယ်သွားအောင် လုပ်နိုင်တယ်။ ငါကတော့ စုန့်ယွမ်ယွီလောက် လှည့်ကွက်မများဘူး။ ဒါပေမဲ့လည်း မြေနှစ်ခုထဲက တစ်ခုနှစ်ခုလောက်ကို ရှာဖို့ ပြဿနာမရှိဘူး”
“မြေအောက်မြစ်ဟုတ်လား”
ဝမ်ချောင်က အံ့အားတကြီးမျက်ခုံးပင့်လိုက်သည်။
“ဒီနေရာက ဘယ်လောက်နက်နက် ရေတော့ရှိမှာပဲလေ။ မင်းအတွက် ခံပြင်းဖို့ ခက်လောက်ပေမဲ့ ငါကတော့ အပေါ်ယံကတည်းက မြေအောက်မြစ်ရဲ့ တည်နေရာကို အာရုံခံပြီးပြီ။ ဒါကြောင့် ခေါ်လာပြီးတာနဲ့ ငါ့ရဲ့ ဒီနည်းလမ်းအတိုင်းသုံးပြီး ထောင်ချောက်အများစုကို ရှောင်ရှားနိုင်ခဲ့တာပေါ့”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြုံးလိုက်သည်။ သူဟာ မုတ်ဆိတ်မွှေးကို ပွတ်နေရင်း အလွန်အမင်း ကျေနပ်နေပုံရသည်။ မည်သို့ပင်ဆိုစေ ဒါဟာသူ၏ လှည့်ကွက်ဖြစ်သည်။ ဆိုတော့ ဒီလိုဖြစ်သွားတာပေါ့။
ဝမ်ချောင်က အံ့အားတကြီးနဲ့ ခေါင်းကိုခါပြီး သက်ပြင်းချသည်။
သူသည် နောက်ဆုံးတွင်လည်း သိုင်းပညာလောကမှ ပုဂ္ဂိုလ်ကြီးများ၏ သိုင်းပညာများက မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်း သိလိုက်သည်။ သူသည်လည်း အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ရေကိုထိန်းချုပ်နိုင်ကြောင်း ကြားခဲ့ဖူးသည်။ ထိုတွင်းတည့်တည့်တွင်ရှိသော မြေအောက်မြစ်ကို အာရုံခံနိုင်ကတည်းက သံသယရှိရန် မလိုလောက်အောင် သူ၏ ကိုယ်ပိုင်ထူးခြားသော စွမ်းရည်ကြောင့် ဖြစ်လေသည်။
“မူလအမရအရှင်က လွန်ခဲ့တဲ့ နှစ်ထောင်ကျော်ကတည်းက လျို့ဝှက်ဆန်းကြယ်လွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒီလိုလူမျိုးက ချန်ထားခဲ့တဲ့ ထောင်ချောက်တွေက ကိုင်တွယ်ရ လွယ်မှာမဟုတ်ဘူး။ တစ်ခုပြီးတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ကျော်ဖြတ်နိုင်ဖို့တောင် ဖြစ်မှာမဟုတ်ဘူး”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ဝမ်ချောင်ကိုကြည့်သည်။
“မဖြစ်နိုင်တာ ဟုတ်တယ်မလား”
ဝမ်ချောင်သည်လည်း ရှင်းလင်းစွာပင် အကျိုးအကြောင်းမရှိ မေးမြန်းခဲ့ခြင်းမဟုတ်ပေ။ အထီးကျန်တိတ်ဆိတ် ဘိုးဘေးကလည်း ဝမ်ချောင်သည် သူ့နည်းတူ လှည့်ကွက်များကိုသုံးပြီး ထောင်ချောက်များကို ရှောင်ရှားလာခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်နေသည်။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုအရ ထိုသို့မဟုတ်လောက်ချေ။
“ကြည့်ရတာ ငါ့ရဲ့ကံက နည်းနည်း လိုအပ်ချက်ရှိလို့ ဖြစ်ပါလိမ့်မယ်”
ဝမ်ချောင်က ခါးသီးစွာပြုံးလိုက်သည်။
လူတစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်ကံကောင်းမှု၊ ကံဆိုးမှုများကို ပိုင်ဆိုင်တတ်သည်။ ဝမ်ချောင်၏ကံကမူ အဆိုးရွားဆုံးဖြစ်လောက်သည်။ သူသည် သိသာစွာပင် ခက်ခဲသောလမ်းကို ရွေးမိသွားသည်။
“???”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက စကားဖြင့် မပြောနိုင်လောက်အောင် မှင်သက်သွားသည်။
ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။ ဒီနည်းအားဖြင့် သူသည် နဂိုလမ်းကြောင်းအတိုင်း တဖြောင့်တည်း ဝင်ခဲ့ကြောင်း ဝန်ခံလိုက်သည်။ အခြားစကားဖြင့်ဆိုရသော် ဝမ်ချောင်ဟာ အမျိုးမျိုးသော ထောင်ချောက်များနှင့် သားရဲတိုင်းကို ကျော်ဖြတ်ခဲ့ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပင် ထိုသို့မလုပ်နိုင်သော အရာမျိုးကို သူက လုပ်နိုင်ခဲ့သည်။
+++
အခန်း(၁၄၇၈)
“မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်က တော်တော်လေး ခြားနားတာပဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပင် ခပ်တိုးတိုးရေရွတ်သည်။
ဝမ်ချောင်၏ အခြေအနေကတစ်ဆင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးသည် ကျန်းဝမ်ဖူဆိုသော ဝမ်ချောင်၏ ဆရာအကြောင်း တွေးမိသွားသည်။ သိုင်းပညာလောကမှ အဆင့်လွန် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည့် အနေနှင့် ကျန်းဝမ်ဖူသည်လည်း ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းနှင့် မိစ္ဆာလမ်းကြောင်းတွင် ကျင့်ကြံကြသော ပုဂ္ဂိုလ်တိုင်းကို လက်ဗလာနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ သို့သော် သာမာန်လူများ၏ အမြင်တွင်မူ မဖြစ်နိုင်သော လုပ်ရပ်မျိုး ဖြစ်နေလေသည်။
ဘုန်း
ထိုအခိုက်အတန့်တွင် ဂူ၏အခြားတစ်ဖက်ခြမ်းမှ ပေါက်ကွဲသံထွက်လာပြီး ဟိုးအနောက်ဘက်ခြမ်းမှ နေ၍ ကျောက်သားနှင့် ဖုန်လုံးများက အပြင်ဘက်သို့ ထွက်လာသည်။
“ဟွန်း ကောင်လေး ငါမင်းကို နောက်ဆုံးတော့မိပြီ။ မင်းဒီတစ်ကြိမ် ဘယ်ပြေးမှာလဲ”
ရုတ်တရက် အေးစက်ကာ သွေးဆာသောအသံက အစိမ်းရောင် မီးတောက်များ ပြည့်နှက်နေသော ဂူကိုပင် ကျော်ဖြတ်ကာ ထွက်ပေါ်လာသည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပင် ဘာဖြစ်နေမှန်း မသိသေးပေ။ သို့သော် ဝမ်ချောင်၏ မျက်နှာက တင်းမာသွားသည်။
ဝါးဦးထုပ်နှင့်ခေါင်းဆောင်
ဝမ်ချောင်သည် သူဒီနေရာသို့ လာခဲ့သော ဝင်ပေါက်ကို ပြိုကျအောင်လုပ်ခဲ့သည်။ သို့သော် အင်အားကြီးမားသော ဝါးဦးထုပ်နှင့် လူသုံးယောက်ကို မတားနိုင်ခဲ့ပေ။ သူတို့သည် သိပ်မကြာခင် လိုက်မှီလာပေလိမ့်မည်။
ထိုလူများကသာ ဒီနေရာသို့ ရောက်လာခဲ့မည်ဆိုလျှင် မျက်လုံးသုံးလုံးနှင့် သမင်မျက်နှာဖုံးကို တပ်ထားသော ထိုလူကလည်း သိပ်မဝေးလောက်တော့ချေ။
ဝုန်း
ဝမ်ချောင်က လှည့်ပြေးတော့မည့် အချိန်တွင် နောက်ထပ် အသံတစ်သံက ထွက်လာသည်။
“မလှုပ်နဲ့”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက စိုးရိမ်တကြီးပြောသည်။
ဝှစ်
ဝမ်ချောင်က စကားမပြောနိုင်သေးခင် သူ၏အနောက်ဘက်မှ လေပြင်းကို ခံစားမိလိုက်သည်။ ဂူထဲမှ အစိမ်းရောင်မြူထုက ထွက်ပေါ်လာ၏။ ဝမ်ချောင်သည် ရင်းနှီးကျွမ်းဝင်သော စွမ်းအင်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်က သေဆုံးခြင်း အရှိန်အဝါများဖြင့် တောက်ပနေသေးသည်။
“အလောင်းကောင်”
ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။
“မလှုပ်နဲ့ ငါစမ်းသပ်ကြည့်ပြီးပြီ။ မူလအမရသိုင်းရဲ့ ဆက်ခံသူတွေ အားလုံးက တိုက်ခိုက်တဲ့ဝန်းကျင်ကို သတ်မှတ်ထားတာရှိတယ်။ ဒါကြောင့် ငါတို့ကသာ ဒီဝင်ပေါက်ကို အတင်းဖောက်ဝင်ဖို့ မကြိုးစားသမျှ သူက ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး။ နောက်ပြီး ဒီဂူကသူ့ရဲ့ တိုက်ခိုက်တဲ့ ဝန်းကျင်ထဲမှာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းအားက ထင်သလောက် မမြင့်ဘူး။ ဒါကြောင့် ငါတို့ကသာ မိုက်ရူးရဲဆန်ဆန် မလှုပ်ရှားသမျှ သူ့ကို ရန်စမိမှာမဟုတ်ဘူး”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပြောသည်။
လေထု အခြေအနေက ချက်ချင်းလိုလို ထူးဆန်းသွားသည်။
မူလအမရသိုင်း၏ ဆက်ခံသူက အထွတ်အထိပ် အခြေအနေတွင် ရှိနေသော အဆုံးသတ်လေးခု သိုင်းအရှင်ကိုပင် သတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း သဘာဝအလျောက်ပင် ထိုလူများကို ခပ်အေးအေး ရင်ဆိုင်နိုင်ပေလိမ့်မည်။ သတိမဲ့စွာ လှုပ်ရှားမိခြင်းကသာ သူတို့ကိုပြန်ပြီး တိုက်ခိုက်စေနိုင်သည်။ ထို့ပြင် သူတို့၏အရှေ့တွင် အနက်ရောင်ဝတ်စုံနဲ့ လူများအားလုံးက ရောက်ရှိနေကြပြီဖြစ်သည်။
ဘန်း
ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ အလင်းက တစ်ချက်လက်သွားသည်။ ဝါးဦးထုပ်နှင့် လူသုံးယောက်က ပေါ်လာသည်။
သူတို့က နက်နဲသော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ပေါ်လာသည်နှင့် ဝမ်ချောင်ကို ချက်ချင်း ပိတ်လှောင်လိုက်ကြသည်။ သူတို့၏ အနောက်ဘက်မှ ပို၍များပြားသော အနက်ရောင်ဝတ်စုံနှင့် လူများက ပေါ်လာပြီး ထိုသုံးယောက်ကိုဝိုင်းသည်။
“မြန်မြန်လုပ် ငါအဲ့ဒီဘက်က အသံကြားတယ်”
ထိုအချိန်တွင် နောက်ထပ် အသံတစ်သံကို ကြားရသည်။ သို့သော် အခြားဦးတည်ရာဘက် တစ်ခုမှလာသည့် အလျင်လိုသော ခြေသံများကိုလည်း ကြားရသည်။
ဝါးဦးထုပ်နှင့်လူများက ထိုအခြေအနေအတွက် ပြင်ဆင်ထားကြခြင်း မရှိဘဲ အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။
ထိုရွေ့လျားလာသောလူက ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့်ဖြစ်သည်။ သိပ်မကြာခင် အချိန်တွင်ပင် မြေကမ္ဘာတစ်ခုလုံးကို တုန်ခါစေသော အရှိန်အဝါ ကြီးမြတ်သည့် နဂါးဟိန်းသံကို ကြားရသည်။ အလွန်အမင်း ကြီးမားသော အနက်ရောင် နဂါးကြီးက ဂူနံရံအပြင်ဘက်သို့ ခုန်ထွက်လာသည်။ ထိုနဂါးကြီးသည် အနောက်ဘက်တွင် ဖုန်လုံးများကို ချန်ထားရစ်ခဲ့သည်။ ကျောက်စရစ်ခဲ အကျိုးအပဲ့များ အကြားမှ ထိုးခွဲကာ ထွက်လာသောကြောင့် သူသည် ယခုမှ ထွက်လာခဲ့ပုံရသည်။ သို့သော် တခဏခန့် ကြာပြီးနောက် နဂါးက ပျက်ပျယ်သွားလေပြီး ထိုအဖွဲ့နှစ်ဖွဲ့အနားသို့ ပုံရိပ်တစ်ခုက ခုန်ဆင်းလာသည်။
“ယင်နက်ဘိုးဘေး”
သူ၏သဘာဝကျသော ဆိုးယုတ်သည့်အသံနှင့် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရခြင်းက ဝမ်ချောင်ကို မျက်ခုံးပင့်မိစေသည်။ သူသည်လည်း ဘိုးဘေးငါးယောက် မဟာမိတ်၏ ခေါင်းဆောင်များထဲမှ တစ်ယောက်က ယခုလိုအခြေအနေမျိုး ဖြစ်လာမည်ဟု မထင်ထားမိချေ။ ဒါဟာ အံ့အားသင့်စရာကောင်းသော အပြောင်းအလဲ မဟုတ်သေးချေ။
“မဟာမိတ်အရှင် အရှေ့မှာ”
နောက်ထပ် အသံတစ်သံကို ကြားရပြန်သည်။ ဝမ်ချောင်၏ ဘယ်ဘက် မီတာသုံးဆယ်၊ လေးဆယ်ခန့်အကွာမှ အင်အားကြီးမားသော အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်သည်။
စွစ်
ပိုင်ရှင်က မပေါ်လာသေးခင် လတ်ဆတ်ကာ ကြည်လင်သော တောအုပ်ရနံ့က ညင်သာသော လေပြေကို သယ်ဆောင်ရင်း ရောက်ရှိလာသည်။ ထို့နောက် လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင်ပင် ရှင်းလင်းနေသော နေရာမှတစ်ဆင့် ရုတ်တရက် မရေမတွက်နိုင်သော အစိမ်းရောင် နွယ်ပင်များက ပေါ်ထွက်လာလေပြီး ဂူတစ်ဂူလုံးအနှံ့ ကျောချမ်းဖွယ်ကောင်းလောက်သော အရှိန်နှုန်းဖြင့် ပျံ့နှံ့လာလေသည်။
တခဏခန့် ကြာပြီးရုံဖြင့် ပုံရိပ်ပေါင်းများစွာက ကျည်ဆံများအလား အရှေ့ဘက်သို့ တိုးဝင်လာသည်။
ထိုလူများအားလုံးသည် ကြိုးကြာပုံနှင့် ယင်ရန်သင်္ကေတ တံဆိပ်ပါသည့် ဝတ်စုံမျိုးကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးကို တောက်ပသောမျက်ဝန်းနှင့် အေးစက်ကာ ထီမထင်သော လူများက ဦးဆောင်လာလေသည်။
ပို၍ပင် အာရုံစိုက်ခံရသည်မှာ ထိုဦးဆောင်လာသော လူနှစ်ယောက်၏ ကိုယ်အတွင်းမှ သိပ်သည်းလွန်းသော ကြယ်တာရာစွမ်းအင်များဖြစ်သည်။
ထို့ကြောင့် ယင်နက်ဘိုးဘေးနှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ိကိုပင် အနည်းနှင့်အများ ကျော်လွန်နေသေးလေသည်။ ထိုလူများ ပေါ်လာသည့် အခိုက်အတန့်တွင် သူတို့ဟာ ဂူတစ်ခုလုံးကို အကဲခတ်ကြည့်သည်။ ထို့နောက် ဝမ်ချောင်ကို တွေ့သွားပြီးနောက် သူတို့၏မျက်လုံးဟာ ချက်ချင်း အေးစက်သွားသည်။
“စုန့်ယွမ်ယွီ”
ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရုံဖြင့် သူ၏စိတ်က တုန်ယင်သွားသည်။ ယင်နက်ဘိုးဘေးကတင် အံ့အားသင့်စရာ ကောင်းနေပြီးသားဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် စုန့်ယွမ်ယွီက ရောက်လာသည်။
သိုင်းပညာလောကမှ အင်အားအကြီးဆုံးသော အဖွဲ့အစည်းနှစ်ခုမှ လူများက ရောက်ရှိလာကြသည်။ ဂူထဲမှ အခြေအနေက အတော်လေး နားလည်ရခက်သွားသည်။
“ဘိုးဘေး သူတို့ဒီမှာ”
“ဟာ မဟာမိတ်ဘိုးဘေး ဘာလို့ ရပ်တန့်လိုက်တာလဲ”
“သွား သွား သွား တစ်ချက်ကြည့်ရအောင်”
နောက်ထပ် ခြေလှမ်းသံများကို ကြားရပြန်သည်။ နောက်ထပ် အော်သံများကို ကြားရပြန်ပြီး ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက အသီးသီး ဂူထဲမှ ထွက်လာသည်။
ဆူညံနေသော လူအုပ်ကလည်း လေးဖွဲ့ဆုံသော နေရာတွင် ရပ်တန့်သွားသည်။ တစ်စုံတစ်ယောက်က ရုတ်တရက် သူတို့၏လည်မြိုကို လာရောက် ကိုင်လိုက်သကဲ့သို့ အားလုံး၏ပါးစပ်က ချက်ချင်းပိတ်သွားသည်။
ပြဿနာ အတော်များတာပဲ။
ဝမ်ချောင်က မျက်လုံးကိုမှေးကျဉ်းရင်း ကြီးမားသော လူအုပ်ကြီးကိုကြည့်ကာ သူ၏နှလုံးသားက ချက်ချင်း လေးလံသွားသည်။
ထိုလူလေးဖွဲ့ထဲတွင် သူနှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးကသာ ထိုဂူထဲတွင် နောက်ထပ် ပြင်းထန်ကာ ကြောက်စရာကောင်းသည့် အင်အားစုကြီး ရှိကြောင်း သိနေသေးသည်။ သူတို့ဟာ အမှောင်ထဲတွင် ချောင်းမြောင်းနေသည်။ ထု့ိကြောင့် သူ့တွင် ယခု ပြေးစရာနေရာ မရှိတော့ပါပေ။
“သူပဲဖြစ်ပြန်ပြီ”
အပြောင်းအလဲအသစ်ကြောင့် လူတိုင်းက အငိုက်မိသွားချိန်တွင် ဝမ်ချောင်ကသာ ရှုပ်ထွေးသော အခြေအနေအတွင်း ရှိနေခဲ့ခြင်းမဟုတ်ပေ။ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ ပေါ်လာသည်နှင့် ဝါးဦးထုပ်နှင့် လူသုံးယောက်က ချက်ချင်းမှတ်မိလိုက်သည်။ သူတို့စားသမျှက လည်မြိုတွင်တစ်သွားသည်။
စုန့်ယွမ်ယွီက အတော်လေး စိုးရိမ်စရာဖြစ်သည်။ ကြမ်းတမ်းသောတိုက်ပွဲတွင် ဝါးဦးထုပ်နှင့် ခေါင်းဆောင်ကပင် ထိုလူကို မသတ်နိုင်ခဲ့သည့်အပြင် တစ်ဖက်သူ၏ ကြယ်တာရာစွမ်းအင်ကလည်း ထူးဆန်းလွန်းသောကြောင့် သူကိုယ်တိုင်ကိုပင် အတွင်းဒဏ်ရာ ရရှိစေခဲ့စေသည်။ ဝမ်ချောင်က ထိုမျှအထိ နီးကပ်နေခဲ့သော်လည်း စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ ပေါ်ပေါက်လာခြင်းက သူတို့အား သတိထားစေသည်။
စစ်ခွန်းယွမ်ကျားက ရုတ်တရက် ရှေ့တက်ပြီး ခပ်တိုးတိုးပြောသည်။
“မဟာမိတ်အရှင် အနက်ရောင်ဝတ်စုံနဲ့ လူတွေက အဲ့ဒီနေရာက ငါတို့ကို တိုက်ခိုက်ခဲ့တဲ့လူတွေပဲ”
အနက်ရောင်ဝတ်စုံနှင့် လျို့ဝှက်ဆန်းကြယ်သော လူများကိုလည်း သူတို့က ချက်ချင်းမှတ်မိလိုက်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က မိစ္ဆာဧကရာဇ်ကို အမဲလိုက်ရန် အနောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ၏တပည့်ကို အမဲလိုက်ခဲ့သည်။ သို့ရာတွင် လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံနှင့် လူများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အဖွဲ့ဝင်ရာကျော်ကို သတ်ဖြတ်သွားခဲ့သေးသည်။ ဒါဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အနေဖြင့် တည်ထောင်ပြီးချိန်ကတည်းက အဆိုးရွားဆုံးသော ဆုံးရှုံးမှုမျိုးဖြစ်သည်။ ထို့ကြောင့် စစ်ခွန်းယွမ်ကျားကပင် ထိုတိုက်ပွဲအတွက် ဒဏ်ရာရရှိခဲ့သေးသည်။
သူတို့သည် ယခင်က အနက်ရောင်ဝတ်စုံနှင့် လူများ၏ သဲလွန်စကို မရှာနိုင်ခဲ့ပေ။ ထို့ကြောင့် လွှတ်ထားပေးရသည်။ သို့သော် ယခုလိုမျိုး ပက်ပင်းတိုးကတည်းက လွှတ်ထားပေးစရာ အကြောင်းမရှိတော့ပေ။
စုန့်ယွမ်ယွီက ဘာစကားမှမပြောချေ။ သူဟာ ရှဲ့ကွမ်းထင်နားတွင်သာ ရပ်နေပြီး သူ၏မျက်လုံးက အေးစက် စူးရှနေသည်။
အနက်ရောင်ဝတ်စုံနှင့်လူများ၊ ဘိုးဘေးငါးယောက် မဟာမိတ်၊ မိစ္ဆာဧကရာဇ် လူအိုကြီး၏တပည့် ထိုအဖွဲ့များ အားလုံးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ကတောက်ကဆ ရှိနေသည်။ စုန့်ယွမ်ယွီက တိုက်ခိုက်ချင်လျှင်ပင် ပစ်မှတ်ကိုအရင် အတည်ပြုရန် လိုအပ်သေးသည်။
သူတို့က စတင်တိုက်ခိုက်သည်နှင့် စုန့်ယွမ်ယွီကပင် အခြားသော အဖွဲ့အစည်း နှစ်ခုက ဒီတိုင်း ထိုင်ကြည့်နေပါမည်ဟု အာမခံချက် မရှိနိုင်ပေ။
ရေနေသတ္တဝါများ တိုက်ခိုက်နေချိန်တွင် တံငါသည်က အကုန်ဖမ်းသွားနိုင်သည်။ ယခုလို အခြေအနေမျိုးတွင် အရင်ဦးဆုံး တိုက်ခိုက်သူကသာ အရင်ဦးဆုံး ဒုက္ခရောက်ပေလိမ့်မည်။
ဘိုးဘေးငါးယောက် မဟာမိတ်ကလည်း တူညီသော အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။
တစ်ဖက်က သူတို့၏ ပုံမှန်ပြိုင်ဘက်ဖြစ်သည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဖြစ်သည်။ အခြားတစ်ဖက်ကမူ ယခင်က သူတို့ကို ဒုက္ခပေးထားသော ဝမ်ချောင်ဖြစ်သည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံနှင့် လူများရှိပြန်သည်။ ထိုဂူကလည်း အချိန်မရွေး ပေါက်ကွဲနိုင်လောက်အောင် ဒုက္ခများသွားသည်။ ဘိုးဘေးငါးယောက် မဟာမိတ်က အချိန်မရွေး ဆွဲချခံရနိုင်သည်။
“အထီးကျန်တိတ်ဆိတ်ဘိုးဘေး မင်းဘယ်အချိန်က မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူနဲ့ ပူးပေါင်းသွားတာလဲ”
ရုတ်တရက် ထီမထင်သောအသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ပြောလိုက်သောသူက ယင်နက်ဘိုးဘေး မဟုတ်လေဘဲ မဟာမိတ်၏အရှင် စုန့်ယွမ်ယွီဖြစ်သည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ သူ၏ပထမဦးဆုံး ပစ်မှတ်က ဝမ်ချောင် သို့မဟုတ် ယင်နက်ဘိုးဘေး မဟုတ်လေဘဲ ဝမ်ချောင်၏ အနားတွင်ရပ်နေသော အထီးကျန်တိတ်ဆိတ်ဘိုးဘေး ဖြစ်နေသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အရင်ဦးဆုံး ကြောင်သွားသည်။ ထို့နောက် စရယ်သည်။
“ဟား ဟား မဟာမိတ်အရှင်စုန့်က ငါ့ကိုတော်တော် သဘောကျတဲ့ပုံပဲ။ ငါက ဘယ်သူနဲ့မှ မိတ်ဆွေဖွဲ့တာမျိုး မရှိဘူး။ နောက်ပြီး ဘယ်သူနဲ့မှလည်း မငြင်းခုံဘူးလေ။ ငါ့ရဲ့ တစ်ခုတည်းသော ပန်းတိုင်က မူလအမရ ရတနာသိုက်ထဲကို ဝင်ရောက်နိုင်ဖို့ပဲ။ အခြားဘယ်ကိစ္စကမှ ငါနဲ့မဆိုင်ဘူး”
သူက ခေါင်းညိမ့်ရဲလျှင် ဖြောင့်မတ်မှန်ကန်ခြင်းဘက်နှင့် ဆိုးယုတ်သော ဘက်တို့အားလုံးက သူ့ကို ဘုံရန်သူအဖြစ် သတ်မှတ်ကြပေလိမ့်မည်။ ဒါဟာ မည်သည့်အဖွဲ့အစည်းနှင့်မျှ သက်ဆိုင်ခြင်းမရှိသော သူမျိုး၏ ဒုက္ခဖြစ်သည်။
စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့နှင့် မတူညီသည်မှာ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းကမှ မဟုတ်ချေ။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့ကဲ့သို့ သားရဲကြီးများနှင့် မတိုက်ခိုက်နိုင်ပေ။
“ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုး ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်းဘက်နဲ့ ဆိုးယုတ်တဲ့ ဘက်ကလူတွေက အမြဲတစေ ရေနဲ့မီးလို ဖြစ်နေတယ်ဆိုပေမဲ့လည်း အခုလောလောဆယ်မှာတော့ ငါတို့ ရန်ငြိုးအဟောင်းတွေကို ခဏဘေးဖယ်ထားရအောင်။ အရင်ဦးဆုံး ဒီဂူကနေ ထွက်သွားပြီး နောက်တန်းကနေ တိုက်ခိုက်မယ်။ ငါတို့ရဲ့ အဖွဲ့အစည်း နှစ်ခုလုံး အတူပေါင်းပြီး ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတွေကို ရင်ဆိုင်ကြတာပေါ့”
ထိုအချိန်တွင် ဒုမဟာမိတ်အရှင် ရှဲ့ကွမ်းထင်က ပြောလိုက်သည်။ သူ၏စကားလုံးများက ဘိုးဘေးငါးယောက် မဟာမိတ်မှ ဘိုးဘေးသုံးယောက်နှင့် သူတို့၏ တပည့်ဂိုဏ်းသားများကို စိတ်ထဲတွင် ကျိန်ဆဲစေသည်။
“ဒီမျိုးမစစ်ကတော့”
ယင်နက်ဘိုးဘေးက ဒေါသတကြီး အံ့ကိုကြိတ်သည်။ ရှင်းလင်းစွာပင် ဂူထဲမှ အစိမ်းရောင်မီးတောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဝါးဦးထုပ်နှင့်လူများကြားမှ ကတောက်ကဆ အခြေအနေကို နားလည်စေသည်။
ယင်နက်ဘိုးဘေးသည်လည်း သူ၏ ဘိုးဘေးငါးယောက် မဟာမိတ်က ကြားထဲမှ အခွင့်ကောင်းယူနိုင်မည်ဟု တွေးတောကာ စိတ်ကူးယဉ်ထားသေးသည်။ ထိုသို့ဖြင့် သူဟာ ထိုလူများအတိုင်း တိုက်ခိုက်ပြီး ဆုံးရှုံးမှုဖြစ်လာမှသာ ပြန်လာပြီး အကျိုးအမြတ် ယူနိုင်နေသည်။
သို့သော် ရှဲ့ကွမ်းထင်၏ စကားလုံး အနည်းငယ်ကတင် ဖြစ်နိုင်ချေကို ဖျက်ဆီးလိုက်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကသာ သူတို့နှင့် မဟာမိတ်ဖွဲ့လိုလျှင် ရန်သူ၏ အရှေ့တွင်ပင် ထိုသို့ထုတ်မပြောသင့်ချေ။
ရှင်းလင်းစွာပင် သူသည် ဗျူဟာကိုပင် ထုတ်ပြောလိုက်သည်။ ထိုနည်းအားဖြင့် သူ၏ ဘိုးဘေးငါးယောက် မဟာမိတ်က တိုက်ပွဲနယ်မြေမှ အမှန်တကယ် ဆုတ်ခွာလိုလျှင်ပင် အနက်ရောင်ဝတ်စုံနှင့် လူများက သံသယ ဝင်တော့ပေမည်။
ပြောရမည်ဆိုလျှင် ထိုစကားလုံးများက အမှန်ပင် သက်ရောက်မှုရှိသည်။
+++
အခန်း(၁၄၇၉)
ဝါးဦးထုပ်နှင့် ခေါင်းဆောင်က ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့ကို သတိထားသလို အကြည့်တစ်ချက်ကြည့်ပြီး ခပ်တိုးတိုးပြောသည်။
“အဲ့ဒီအဖွဲ့ကို စောင့်ကြည့်ထား။ သူတို့အခြားသူတွေနဲ့ မပူးပေါင်းစေနဲ့”
သူတို့သည်လည်း သိုင်းပညာလောကမှ အခြေအနေကို အမှန်တကယ် နားလည်ခြင်း မရှိချေ။ ထို့ကြောင့် ထိုနှစ်ဖွဲ့က အတူတကွ ပူးပေါင်းတိုက်ခိုက်မည်ကို အထူးတလည် သတိထားရန် လိုအပ်သည်။
“ဟား ဟား ဟား”
ထိုအချိန်တွင် ယင်နက်ဘိုးဘေးက စရယ်သည်။
“တာအိုညီနောင်တို့ ဒီတစ်ယောက်က ဘိုးဘေးငါးယောက် အဖွဲ့က လော့ချီယင်ပါ။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် မင်းတို့ဖမ်းဖို့ ကြိုးစားတာက အဲ့ဒီကောင်စုတ်လေး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က မင်းတို့ရဲ့အကြံကို ဖျက်ဆီးခဲ့တယ်။ ဒီလိုနဲ့ မင်းတို့ကို လူအများကြီး ဆုံးရှုံးစေတာ။ ငါ့ရဲ့ ဘိုးဘေးငါးယောက် မဟာမိတ်ကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ရန်ငြိုးရှိတယ်။ ဆိုတော့ ဘာလို့ ငါတို့အတူပေါင်းပြီး သူတို့ကို မသတ်ရမှာလဲ။ ငါတို့ရိုးသားမှုကို ပြတဲ့အနေနဲ့ ငါတို့ရဲ့ ဘိုးဘေးငါးယောက် မဟာမိတ်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က လူဆယ်ယောက်ကို အရင်သတ်ပြပေးမယ်”
ယင်နက်ဘိုးဘေးက အေးစက်ကာ ဆိုးယုတ်သော အပြုံးမျိုးပြုံးသည်။ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က မည်သည့်အဖြေမှ မပေးကြပေ။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အဖွဲ့ဝင်များကမူ ပေါက်ကွဲသည်။
“မင်းလုပ်ရဲလား ဟမ် ကျန်တာတွေကို ဘေးဖယ်ထားလိုက်ဦး။ ငါတို့က မင်းတို့ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့က လူတွေကို အရင်သတ်ပေးမယ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က ပြောသည်။
“ဟွန်း ဘာကိုကြောက်စရာရှိလဲ”
“အားလုံးလည်း ဘိုးဘေးရဲ့အမိန့်ကို ကြားပြီးသားပဲ။ ခဏနေရင် ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က လူတွေရဲ့သွေးကို မြစ်လိုစီးအောင် သတ်ဖြတ်ကြတော့”
ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း ပြန်အော်ကြသည်။
လော့ချီယင်က တကယ်ကို ကောက်ကျစ်တဲ့ကောင်ပဲ။ အခုတော့ ရှုပ်ကုန်ပြီ။
ဝမ်ချောင်က လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေရင်း ဘေးဘက်မှ အားလုံးကို စောင့်ကြည့်နေသည်။
သူ၏အခြေအနေက နဂိုကတည်းက ဆိုးနေခဲ့ပြီးသားဖြစ်သည်။ သို့သော် ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တို့ ပေါ်လာခဲ့ခြင်းက သူ့အား ရှင်သန်ခွင့်ပေးလိုက်သည်။
ဝမ်ချောင်သည်လည်း ပါးစပ်ပိတ်ပြီး စောင့်ကြည့်နေခြင်းက အကောင်းဆုံးဖြစ်မည်ဟုထင်သည်။
သို့သော် ထိုသို့ အော်ဟစ်သံများအကြားတွင် တစ္ဆေသံလိုမျိုး ခြောက်ခြားဖွယ် ကောင်းလွန်းသည့် အသံက လူတိုင်း၏ နားအတွင်းသို့ ဟိန်းထွက်လာသည်။
“ငြင်းခုံနေတာကို ရပ်လိုက်။ ဒီနေ့က မင်းတို့အားလုံး ဒီမှာသေရမဲ့နေ့ပဲ”
ဝှစ် ဝှစ် ဝှစ်
မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက ဂူထဲသို့ ပြေးဝင်လာသည်။
ထိုလူများက အဖြူရောင် မျက်နှာဖုံးများ တပ်ထားကြပြီး အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုဝတ်စုံက အနက်ရောင်ဝတ်စုံနှင့် လူများနှင့်တူသည်။ သို့သော် သူတို့၏ အင်္ကျီလက်၊ ကော်လံနှင့် ခြုံလွှာများက ရွှေရောင်အပ်ချည်မျှင်များဖြင့် ထိုးထားသည်။ ပို၍ဆိုးသည်မှာ သူတို့၏ရင်ဘက်တွင် လုံးဝိုင်းသော ယင်ရန်ဝူကျိသင်္ကေတ ရှိနေသေးသည်။ အောက်ဘက်တွင်လည်း ရွှေရောင်အပ်ချည်မျှင်များဖြင့် ထိုးထားသည့် ကြီးမားသော စကားလုံးတစ်လုံးရှိသည်။
“မူလ”
သူတို့ပဲ
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့က လူသေများကို ကြည့်နေချိန်တွင် ဝမ်ချောင်ကမူ ယင်ရန်ဝူကျိသင်္ကေတနှင့် မူလဆိုသော စကားလုံးကို မြင်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိလိုက်သည်။
သူတို့၏ရင်ဘက်မှ ထိုသင်္ကေတက မူလအမရနန်းတော်မှ အစောင့်အရှောက်များကို ကိုယ်စားပြုသော ဝတ်ရုံဖြစ်သည်။ အနည်းငယ်ကသာ ခြားနားသည်။
ဝမ်ချောင်သည်လည်း သူတို့ဟာ မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် မူလအမရဝင်္ကပါကို ခိုးကာ ကြိုးကိုင်နေသော ထိုလျို့ဝှက်ဆန်းကြယ်သော အဖွဲ့က ဒီအဖွဲ့ထဲတွင် ပေါ်လာသည့် သိုင်းပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ရန် အသုံးပြုလိမ့်မည်ဟု မထင်ထားမိပေ။
ဘုန်း
ဝါးဦးထုပ်နှင့် လူသုံးယောက်နှင့် လက်အောက်ငယ်သားများ အားလုံး၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
ဆာလောင်နေသော ဝံပုလွေက ကြမ်းတမ်းသော ကျားနှင့် တွေ့သကဲ့သို့ သူတို့သည်လည်း မူလအမရ ရွာသားများအား ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသလို ကြည့်ကြသည်။
ဝှစ်
မူလအမရရွာသား ရာကျော်က စတင်ကာ လူစုခွဲလေပြီး အထီးကျန်ဆိတ်ငြိမ်ဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့နှင့်ပင် ယှဉ်နိုင်သော အရှိန်အဝါကြီးမြတ်သည့် လူတစ်ယောက်ကို ရှေ့ထွက်လာစေသည်။
အခြားသူများနှင့် မတူသည်မှာ ထိုလူများသည် ငွေရောင်ဝတ်စုံကို ဝတ်ထားသည်။ သူတို့ရင်ဘက်မှ ယင်နက်သင်္ကေတကလည်း မြင့်မြတ်ကာ ကျော့ရှင်းသည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ထို့ပြင် အလွန်အမင်းလည်း အင်အားကြီးမားပုံပေါ်သည်။
“အဝါရောင် လည်စီးစစ်သည်တော် မင်းတို့တွေကလည်း ဒီနေရာကနေ ထွက်သွားဖို့ မတွေးတာကောင်းမယ်”
မူလအမရရွာမှ ငွေရောင်ဝတ်စုံနှင့် ခေါင်းဆောင်က ကျုံးဝါးသည်။
သူတို့၏မျက်နှာက လျို့ဝှက်ဆန်းကြယ်သော ရွှေရောင်မျက်နှာဖုံးများနှင့် အုပ်ထားသော်လည်း အောက်ဘက်မှ လာသော အသံကမူ မိန်းမအသံဖြစ်သည်။ ထည်ဝါပြီး အေးစက်သည်။ အမြင့်တွင် အမြဲတစေ နေထိုင်ခဲ့သော အုပ်ချုပ်သူတစ်ယောက်ရဲ့ အသံမျိုးဖြစ်သည်။
သူမ၏ တောက်ပသောအကြည့်က ဝါးဦးထုပ်နှင့် ခေါင်းဆောင်ထံ ရောက်လာပြီး သူ၏နာမည်ကို တိုက်ရိုက် ပြောလိုက်သည်။
“ဟွန်း ငါတို့နောက်ဆုံးတော့ တွေ့ပြီပဲ။ မင်းတို့က မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားပြီး ကိုယ့်ကိုယ်ကို အမျိုးမျိုး ရုပ်ဖျက်ထားတယ်ဆိုပေမဲ့လည်း အဆုံးသတ်မှာတော့ ငါတို့ရဲ့အရှေ့မှာ ပေါ်လာရတာပဲ”
ဝါးဦးထုပ်နှင့်ခေါင်းဆောင်က ရုတ်တရက်ပြောသည်။ သူ၏အမူအရာကလည်း ထိတ်လန့်သွားပုံမရချေ။
သူတို့အချင်းချင်း သိကြသည်။
ဝမ်ချောင်သည် ဘေးလူအဖြစ် နေထိုင်နေရင်းမှ ထိုနှစ်ဖွဲ့ကိုကြည့်ကာ တစ်စုံတစ်ရာကိုတွေးပြီး မျက်မှောင်ကျုံ့သည်။
အခြေအနေဟာ ရှုပ်သထက် ရှုပ်လာသည်။ ဝမ်ချောင်သည်လည်း ဝါးဦးထုပ်နှင့်လူက သူ့အတွက် လာနေသည်ဟု ထင်နေသည်။ ယခုအခါ အခြေအနေအားလုံးက ထိုသို့မဟုတ်လောက်ချေ။ မူလအမရ ရတနာသိုက်၏ ထိုအစောင့်အရှောက်များကလည်း ဝင်္ကပါများကိုသုံးပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ကာ ရတနာကို ကာကွယ်ထားသည်။ ထို့နောက် သူတို့သည် ဒီအတွင်းတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။
ဝမ်ချောင်သည်လည်း ထိုနှစ်ဖွဲ့က ဆက်စပ်မှု မရှိလောက်ဟု ထင်ထားခဲ့သည်။ သူတို့သည် တစ်ဖွဲ့အကြောင်း တစ်ဖွဲ့ မသိလောက်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူတို့က အချင်းချင်း သိနေသည်။
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်လာသည်။
မူလအမရ ရတနာသိုက်၏ အစောင့်အရှောက်များက သိုင်းပညာရှင်များအတွက် ပေါ်ထွက်လာခဲ့ခြင်းဟု ဆိုခြင်းထက် အနက်ရောင်ဝတ်စုံနဲ့ လူများကြောင့် ပေါ်လာခဲ့ခြင်း ဖြစ်လောက်သည်။ ထိုသု့ိ အနှစ်ချုပ်လိုက်သည်မှာလည်း သူတို့၏ ခေါင်းဆောင်ဟု ထင်ရသော လူများက ဝါးဦးထုပ်နှင့် လူသုံးယောက်ကို တစ်ချိန်လုံး ကြည့်နေသောကြောင့်ဖြစ်သည်။
ရှင်းလင်းစွာဖြင့်ပင် သူတို့၏ အဓိကပစ်မှတ်က မည်သူဖြစ်ကြောင်း ဖော်ပြသည်။
နတ်ဘုရားအဖွဲ့အစည်းက ဒီအနက်ရောင်ဝတ်စုံနဲ့ လူတွေရဲ့နောက်ကွယ်မှာ ရှိနေတာလား။ ဆိုတော့ မူလအမရ ရတနာရဲ့ အစောင့်အရှောက်တွေက လျို့ဝှက်ချက်အချို့ ရှိနေတာလား။ မဟုတ်ဘူး ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် မူလအမရအရှင် ဖြစ်လောက်တယ်။ ဒီနေရာက အရာအားလုံးကို မူလအမရအရှင်က ဖန်တီးထားတာပဲ။
ဝမ်ချောင်သည် သူ့ဘာသာသူ သဘောကျသွားသည်။ သူသည်လည်း မူလအမရ ဝင်္ကပါအတွင်းတွင် ထူးခြားသော ကမ္ဘာကပ်ဘေးသင်္ကေတကို တွေ့မြင်ခဲ့ကြောင်း သတိရလိုက်သည်။ ထို့အပြင် ဒါဟာ ရိုးရှင်းသော ရတနာအမဲလိုက်မှု မဟုတ်ကြောင်း ပြင်းထန်သော ခံစားချက်မျိုး ရလာသည်။ ထိုအစား အောက်ဘက်မှနေ၍ အလွန်အမင်း တိုင်းတာရခက်ခဲသည့် လျို့ဝှက်ချက်တစ်ခုက ချောင်းမြောင်းကာ ကြည့်နေသည်။
မူလအမရ အရှင်က သိုင်းပညာရှင်များ လုံးဝမသိလောက်သည့် လျို့ဝှက်ချက်ပေါင်းများစွာကို သိထားလောက်သည်။
သိုင်းပညာလောကမှ တိုင်တန်ကြီးများဖြစ်သော စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေး၊ အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ကလည်း ဝမ်ချောင်နည်းတူ ခံစားမိလိုက်ကြသည်။
“မိုက်ရူးရဲဆန်တဲ့ လှုပ်ရှားမှုတွေမလုပ်နဲ့။ စောင့်ကြည့်”
အရိုးနတ်ဆိုးဘိုးဘေး၏ မျက်လုံးက ရွေ့သွားပြီး အခြားသော ဘိုးဘေးနှစ်ယောက်ကိုပြောသည်။
အခြားတစ်ဖက်မှ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် အခြားနှစ်ဖွဲ့ကိုကြည့်၏။ နှစ်ပေါင်းများစွာ အချင်းချင်း ဆက်သွယ်လာခဲ့သောကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့မှ ထိုခေါင်းဆောင် နှစ်ယောက်သည်လည်း အကြည့်ချင်း ဖလှယ်ကြရုံဖြင့် တစ်ယောက်အတွေးကို တစ်ယောက်က သိနိုင်သည်။
ထိုအခိုက်အတန့်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၊ ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဝမ်ချောင်တို့အားလုံးက ဘေးလူများဖြစ်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများအပြင် မူလအမရ ရွာသားများကသာ အာရုံစိုက်မှု အလယ်သို့ ရောက်သွားသည်။
မည်သည့်အဖွဲ့ကမှ မရိုးရှင်းပေ။ ဒါဟာ လူတိုင်း၏ ဘုံတူအတွေးဖြစ်သည်။
လူတိုင်းသည်လည်း ဒီရတနာ အမဲလိုက်မှု၏ လိုက်ကာနောက်ကွယ်မှ အလွန်အမင်း လျို့ဝှက်ဆန်းကြယ်သော လျို့ဝှက်ချက်ကို ဖုံးကွယ်ထားမှန်း ခံစားမိလိုက်သည်။
“ငါဒီမှာ ပေါ်လာတယ်ဆိုတာက အရေးမကြီးတော့ဘူး။ ဘာလို့လည်းဆိုတော့ မင်းတို့အားလုံး ဒီနေရာမှာ ထာဝရနေရမယ်ဆိုတာ အာမခံချက်အပြည့် ရှိနေလို့ပဲ။ မင်းတို့က အဲ့ဒီသိုင်းပညာရှင်တွေကို မင်းတို့ရဲ့ ရှေ့ပြေးတပ်တွေအဖြစ် မောင်းသွင်းလိုက်တာက ငါတို့ရဲ့ လုပ်နိုင်စွမ်းရည်ကို စမ်းသပ်ဖို့မဟုတ်ဘူးလား။ ဆိုတော့ သူတို့က သေသွားတဲ့အချိန်မှာ မင်းတို့က ဒီနေရာကိုလာပြီး မူလအမရအရှင် ချန်ထားရစ်ခဲ့တဲ့ ရတနာကို ခိုးနိုင်မယ်လို့ ထင်နေတာပေါ့ဟုတ်လား”
မူလအမရရွာ၏ ခေါင်းဆောင်ကပြောသည်။
ဝုန်း
စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ယင်နက်ဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့အားလုံးက အံ့အားတကြီး တုန်လှုပ်သွားကြသည်။ သူတို့၏မျက်လုံးမှ စူးရှသောအလင်းများ လက်လာသည်။
“မဟာမိတ်အရှင်”
စစ်ခွန်းယွမ်ကျားက တစ်စုံတစ်ရာကို တွေးမိပြီးနောက် စုန့်ယွမ်ယွီ၏ အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။ သို့သော် သူက ချက်ချင်းရောက်လာသည်။
“အခုတော့ တိတ်တိတ်နေဦး။ စောင့်ကြည့်ရအောင်”
စုန့်ယွမ်ယွီကပြောသည်။ သူသည် အလိုအလျောက်ပင် တစ်စုံတစ်ရာကို နားလည်လိုက်သည်။
ဒီခရီးက သိုင်းပညာလောကမှ ခေါင်းဆောင်များပင် မသိသော လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပုံပေါ်သည်။ မူလအမရ အစောင့်အရှောက်များ၏ ပြောစကားအရ သူတို့ဟာ အသုံးချခံခဲ့ရခြင်းဖြစ်သည်။
တိတ်ဆိတ်နေသော ဒဏ္ဍာရီတစ္ဆေဘိုးဘေးက နောက်ဆုံးတွင် ပြောသည်။
“လောင်ဟူ တစ်ခုခုကတော့ မမှန်တော့ဘူး”
“အွန်း”
ယင်နက်ဘိုးဘေးကလည်း ခေါင်းညိမ့်သည်။ သူ၏အသံက အလွန်တိုးသည်။
“ငါတို့အားလုံးက သိုင်းပညာလောကမှာ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ ဒီလောကက သိုင်းပညာရှင် အနည်းငယ်က ငါတို့မသိတဲ့လူက အနည်းငယ်ပဲရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်း နှစ်ခုအကြောင်း တစ်ခါမှ မကြားဖူးဘူး။ သူတို့က အားနည်းပြီး နာမည်မဲ့ရင်တစ်မျိုးပေါ့။ ဒါပေမဲ့ ဒီနှစ်ဖွဲ့လုံးက ကိုင်တွယ်ရ လွယ်တာမဟုတ်ဘူး။ ဒါကြောင့် ရှု့ထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ငါတု့ိလမ်းကြောင်း နှစ်ခုထက် တိုင်းတာရ ခက်နေလောက်တယ်။ ဆိုတော့ မဖြစ်နိုင်တာပဲ”
“လောလောဆယ်တော့ သူတို့ကို မလှမ်းလိုက်နဲ့ဦး။ တစ်ခုခုများ ပေါ်လာမလားလို့ အရင်ဆုံး စောင့်ကြည့်ရမယ်။ ဒီလောက်ကြီးမားတဲ့ အဖွဲ့အစည်းကြီးက ဘယ်သူမှမသိဘဲ တည်ရှိနေတယ် ဆိုကတည်းက မသက်မသာကို ဖြစ်စေတာပဲ”
ယင်နက်ဘိုးဘေး၏ စကားများက အခြားသော အပေါင်းအဖော်များကို မသက်မသာ ဖြစ်သွားစေသည်။ ထိုသို့ သိုဝှက်စွာ ဖုံးကွယ်နိုင်နေကတည်းက ကြောက်စရာ ကောင်းနေလေသည်။
အဖွဲ့အစည်း နှစ်ခုလုံးကလည်း ဝမ်ချောင်ကို မေ့သွားသည်။ စုန့်ယွမ်ယွီ၊ ဘိုးဘေးနှင့် အခြားသော သိုင်းပညာရှင်များအားလုံးက ထိုလျို့ဝှက်ဆန်းကြယ်သော အဖွဲ့နှစ်ဖွဲ့ကိုသာ အာရုံစိုက်နေကြ၏။ ကျန်သောသူများကလည်း ဒီအဖွဲ့ထဲတွင် ပိတ်မိထားသော ယင်ကောင်များသာ ဖြစ်သည်။
“ဟား ဟား ငါတို့သာ အဲ့ဒီလိုမလုပ်ရင် ဘယ်သူက မင်းတို့ကို ဆွဲထုတ်ပေးမှာလဲ။ မင်းတို့ ဒီလောက်နှစ်တွေအများကြီး ကြွက်တွေလိုမျိုး ပုန်းနေတာ။ ရွံ့စရာကောင်းလိုက်တာ ဘယ်လောက်တောင် အသုံးမကျတဲ့ ကောင်တွေလဲ။ ဒီလိုမျိုး အသေးစား လှည့်ကွက်တွေသုံးပြီး မင်းတို့ကို ကိုင်တွယ်တာက ပုံမှန်ပဲမဟုတ်ဘူးလား”
ဝါးဦးထုပ်ခေါင်းဆောင်က ဆိုးယုတ်စွာပြုံးသည်။ သူဟာ လုံးဝ နောက်ဆုတ်မည့်ပုံမရချေ။
မူလအမရ ခေါင်းဆောင်က ဝါးဦးထုပ်နှင့် လူသုံးယောက်ကို လက်ညိုးညွှန်လိုက်ပြီး အော်ပြောသည်။
“ရမ်းကားတယ်။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် နင်တို့ကသာ မြေပုံအတုတွေကို ဖန်တီးပြီး သိုင်းပညာရှင်တွေ အားလုံးကို ဒီနေရာကိုလာလို့ နင်တို့အတွက် အသက်ကို စတေးခိုင်းနေတာမဟုတ်လား။ နင်တို့ ဒီလှည့်ကွက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် သုံးနေတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ အတွင်းမှာ ဒီတိုင်းသာ ဆက်တိုက်လုပ်နေတာပဲ။ မရှက်ဘူးလား”
ဘန်း
အနက်ရောင်ဝတ်စုံနှင့် လူများက ဘာစကားမှမပြောချေ။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၊ ယင်နက်ဘိုးဘေး၊ ဝမ်ချောင်၊ အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့အားလုံးက မှင်သက်သွားသည်။
ထိုမူလအမရ မြေပုံအတုများက သူတို့၏လုပ်ရပ် ဖြစ်မည်ဟု မထင်ထားမိချေ။ ပထမဦးဆုံး အကြိမ်အဖြစ် ဝမ်ချောင်သည်ပင် အံ့အားသင့်မှုနှင့် မှင်သက်မှုများပင် ပေါ်လာသည်။
+++++
အခန်း(၁၄၈၀)
ဝမ်ချောင်သည်လည်း မူလအမရသိုင်း၏ ရတနာမြေပုံတွင် အစစ်နှင့် အတုရှိမှန်း သိထားပြီးသည်မှာ ကြာပြီဖြစ်သည်။ အတုများက အစစ်များထက် အရေအတွက်များသေးသည်။ ထိုထဲမှ ခြောက်ခုကသာ မူလအမရသိုင်း၏ မြေပုံဖြစ်သည်။ သို့သော် ကုန်လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာထဲတွင် မူလအမရ မြေပုံအတု တစ်ထောင်ခန့်က ရှိနေခဲ့သည်။ ထိုရတနာမြေပုံများကတင် မရေမတွက်နိုင်သော တွင်းမုန်တိုင်းများ ဖြစ်ပေါ်စေခဲ့လေပြီး သိုင်းပညာရှင်ပေါင်းများစွာကို သေစေခဲ့သည်။
ဝမ်ချောင်ဟာ ပထမဦးဆုံး ကြားခဲ့ချိန်က ဂိုဏ်းများအကြားမှ သာမာန် ကတောက်ကဆ ဖြစ်ရပ်များကြောင့်ဟုလည်း သိထားခဲ့သည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများနှင့် ဆက်စပ်နေမည်ဟု မထင်ထားမိချေ။
ဘာတွေဖြစ်နေတာလဲ။ ငါ့နောက်ကို တစ်ချိန်လုံးလိုက်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတွေနဲ့ သေသွားတဲ့ နှစ်ထောင်ကျော်ကြာပြီဖြစ်တဲ့ မူလအမရ အရှင်အကြားမှာ ဘယ်လိုဆက်ဆံရေးများ ရှိနေလို့လဲ။
ဝမ်ချောင်က ပို၍ပင် စိတ်ရှုပ်လာသည်။
“မျိုးမစစ်ကောင် သူတို့ကိုသတ်”
“သူတို့က ငါတို့ကိုတောင် လှည့်စားရဲတယ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဒေါသထွက်သွားကြသည်။
ထိုနှစ်ဖွဲ့၏ စကားပြောခန်းမှတစ်ဆင့် ဒီအနောက်မြောက်ပိုင်းသို့ ရှာဖွေခြင်းတစ်ခုလုံးက ထောင်ချောက်ကြီးဖြစ်နေသည်။ ထိုလျို့ဝှက်ဆန်းကြယ်သော မျိုးမစစ်များက လောကမှ သိုင်းပညာရှင်များကို အရုပ်များကဲ့သို့ ကစားသွားသည်။ ဒါဟာ ခွင့်လွှတ်၍မရသော ပြစ်မှုဖြစ်သည်။
“ဟွန်း”
ဝါးဦးထုပ်နှင့်လူက သိုင်းပညာရှင်များကို ကြည့်ပြီး အကြည့်တစ်ချက်လွှဲသည်။ သူ၏မျက်ဝန်းက အထင်သေးမှုဖြင့် တောက်ပနေသည်။
“ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ တိုက်ခိုက်ပိုင်ခွင့်မရှိဘူး”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့က တစ်ပြိုင်တည်းလိုလို တူညီသော အမိန့်ကိုထုတ်သည်။ သူတို့က ထိုနှစ်ဖွဲ့၏အင်အားကို မဆုံးဖြတ်နိုင်သေးသမျှ မလှုပ်ရှားနိုင်ပေ။
“မင်းတို့သိတော့ရော ဘာအရေးလဲ။ ငါတို့က မင်းတို့ကို ကစားစရာလိုမျိုး ဆော့ကစားနိုင်ခဲ့တာပဲ မဟုတ်ဘူးလား။ နောက်ပြီး ....”
ဝါးဦးထုပ်နှင့်ခေါင်းဆောင်က လှောင်သည်။
“မင်းတို့က လူသာများတာ ငါတို့ကို ဘာများလုပ်နိုင်လဲ။ ငါတို့က မင်းတို့အားလုံးကို သတ်ပြီးတာနဲ့ မင်းတို့ စောင့်ကြပ်ကာကွယ်နေတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားတွေကရော ငါတို့လက်ထဲကို ကျလာမှာပဲလေ”
“သူတို့ကိုသတ်”
ဝါးဦးထုပ်နှင့် လူသုံးယောက်က သတ်ဖြတ်ခြင်း စွမ်းအင်မုန်တိုင်းကို လွှတ်ထုတ်လိုက်လေပြီး မူလအမရ အစောင့်အရှောက်များကို ပိတ်လှောင်လိုက်သည်။ ထို့နောက် အားလုံးက အသီးသီး လက်နက်များကို ထုတ်လိုက်ကြသည်။
အာဝူး....
ကြမ်းတမ်းသော ဝံပုလွေအူသံများအကြားတွင် ထိုလူများက လုဝူတစ်ပိုင်းအဖြစ် ပြောင်းလဲပြီး သူတို့၏ ခန္ဓာကိုယ်များက ကြီးမားစွာ ကြီးထွားလာလေပြီး ခရမ်းရောင်မီးတောက်က သူတို့အသားအရည်ကို လောင်မြိုက်သည်။
“အား”
တစ်ချိန်ထဲတွင်ပင် အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျော်ခန့်က အနက်ရောင် မီးတောက်များနှင့် တောက်လောင်လာသည်။
အနက်ရောင်မီးတောက် အဇူရာ
စက္ကန့်အနည်းငယ်ထဲနှင့်တင် အနက်ရောင်ဝတ်စုံနှင့် လူများက အမျိုးမျိုးသော စွမ်းအင်များကို ထုတ်လွှတ်ကြသည်။ သူတို့၏ အရှိန်အဝါက ရူးသွပ်ကာ ကြမ်းတမ်းလေပြီး သတ်ဖြတ်ရန် ဖျက်ဆီးရန်သာ အာသီသပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်လာသည်။
စုန့်ယွမ်ယွီနှင့် ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့မှ လူများကလည်း ထိုလူများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့၏ စွမ်းအားကိုသိသည်။ ဒီတိုင်း ယခင်တစ်ခေါက်က ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က နည်းပါးလေသည်။ သို့သော် ဒီတစ်ခေါက်တွင်ပင် ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ လူများကပင် အတွေ့အကြုံအသစ်ကို ရရှိလိုက်လေပြီး အလွန်အမင်း အံ့ဩသွားလေသည်။
“ဘာတွေဖြစ်နေတာလဲ ဒီ ဒီလူရမ်းကားတွေက ဘာလဲ”
ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က အလန့်တကြား အော်လိုက်သည်။ လူအများစုကမူ ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။
အနက်ရောင်ဝတ်စုံနှင့် လူများနှင့် လူမဆန်သော အသွင်ပြောင်းမှုက သိုင်းပညာရှင်များ၏ ဝန်းကျင်ကို ကျော်သွားသည်။ မိစ္ဆာလမ်းကြောင်းမှ လူများကပင် ထိုမြင်ကွင်းကြောင့် ဖိအားများသွားသည်။
“ဟား ဟား အားလုံးပဲ အဲ့ဒီကိုသွားပြီးသတ်စမ်း”
ဝါးဦးထုပ်နှင့်လူက အေးစက်စွာရယ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒကလည်း ထိတွေ့ကိုင်တွယ်၍ မရလောက်အောင် သိပ်သည်းလာသည်။
ထိုစကားလုံးများက လေထုကို ပြင်းထန်စေသည်။ ယင်နက်ဘိုးဘေး၊ စုန့်ယွမ်ယွီနှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့အားလုံး၏ မျက်နှာက တင်းမာသွားသည်။
“ဟွန်း ဘယ်လိုတောင် အသေခံချင်နေကြတာလဲ။ ငါတို့က မင်းတို့ရှေ့မှာ ပေါ်လာရဲတယ်ဆိုရင် မင်းတို့ထဲက ဘယ်သူကမှ ဒီနေရာက မထွက်သွားနိုင်လောက်အောင် အကြွင်းမဲ့ယုံကြည်မှု ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့”
မူလအမရရွာခေါင်းဆောင်ထံမှလည်း အေးစက်သောအသံက ထွက်လာပြန်သည်။
ထိုအသံက ဂူတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ လူတိုင်းကလည်း ရုတ်တရက် လေထဲတွင်ပင် မရေမတွက်နိုင်သော တောင်ပံများ၏ ရိုက်ခတ်သံကို ကြားလိုက်ရသည်။
“မကောင်းတော့ဘူး အဲ့ဒီပိုးကောင်တွေ”
အခြားသောသူများကမူ ထိုတုန်ခါမှုအကြောင်းသိရန် ခက်ခဲလောက်သည်။ သို့သော် ဝမ်ချောင်ကမူ ချက်ချင်းသိလိုက်သည်။
သူသည်လည်း ထိုကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ပြင် ယခုတုန်ခါမှုက ပို၍ပင် ပြင်းထန်မာနေသေးသည်။
သူ၏စိတ်ထဲတွင် အတွေးပေါင်းများစွာက ဖြတ်သန်းသွားနေချိန်တွင် ဝေးကွာနေသော ကောင်းကင်ရှိ ဂူထဲတွင် ညကောင်းကင်တွင် ကြယ်များအလား သိပ်သည်းလွန်းသော အရာများက ပေါ်လာသည်။ ထိုနွားချေးပိုးထိုးကောင်များက ဝမ်ချောင်၏သွေးကို ခဲသွားစေသည်။ သူ၏အနောက်မှ မူလအမရသိုင်း၏ ဆက်ခံသူများထဲမှ တစ်ယောက်က ရပ်နေသေးသည်။ ထို့ပြင် သူသည် ဒီနေရာမှ ထွက်သွားရန်လည်း အကြံအစည် မရှိသေးပုံရသည်။ သူတို့၏ အရှေ့တွင်လည်း ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင် ရာကျော်ရှိနေသည်။
အတိတ်တွင်သာဆိုလျှင် ကောင်းကင်ဘုံ အုပ်ချုပ်ခြင်း တိုက်ပွဲဝင်သံချပ်ကာကြောင့် ဝမ်ချောင်သည်ပင် မကြောက်ရွံ့လောက်ပေ။ သို့သော် ယခုအခါ ဝမ်ချောင်ဟာ အလွန်အမင်း ဒုက္ခများသော အနေအထားမျိုးတွင် ရှိနေလေသည်။ အရာအားလုံးက ယခုမှ စတင်ကာစ ဖြစ်နေသေးသည်။
ဝေါင်း
အဝေးရှိဂူထဲမှ နက်ရှိုင်းကာ ကြမ်းတမ်းသည့်အသံက ထွက်လာသည်။ မြေပြင်က တသိမ့်သိမ့် တုန်ခါလာလေပြီး ကြီးမားသော မြင်းခွာသံများကို ကြားရသည်။ ဖုန်နှင့်ကျောက်သားများက မျက်နှာကျက်ပေါ်မှ ပြုတ်ကျလာသည်။
သိပ်သည်းလွန်းသော ကြယ်တာရာစွမ်းအင် အားလှိုင်းများကလည်း သူတို့ရှိရာ ဂူဘက်သို့ စတင်ကာ လိမ့်ဝင်လာသည်။ ထို့ပြင် ရှေးကျသော အရှိန်အဝါက လူတိုင်း၏မျက်နှာကို ဖျော့တော့စေသည်။
“နဂါးသားရဲတွေ အများကြီးပဲ”
မူလအမရ ရွာသားများက ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များနှင့်အတူ နဂါးသားရဲများကို လှမ်းခေါ်လိုက်သည်။ နဂါးသားရဲ တစ်ကောင်ချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် သန်မာနေပြီး ကြယ်တာရာစွမ်းအင်များကို မွေးရာပါ တွန်းလှန်နိုင်သည်။ ထို့အပြင် လေးစားဖွယ်ကောင်းသော ပြန်လည် ကုစားနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသေးသည်။ တစ်ကောင်ထဲကတင် သူတို့အတွက် အိမ်မက်ဆိုး ဖြစ်နေပြီးသားဖြစ်သည်။ ယခုလို သုံးကောင်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
“ငါသာနင်တို့ဆိုရင် လည်ကိုပဲစင်းပေးလိုက်ပြီး သေဖို့စောင့်နေလိုက်မှာ။ သူတို့အားလုံးကိုသတ်”
မူလအမရရွာမှ ခေါင်းဆောင်၏အသံက နားထဲ ဟိန်းထွက်သွားသည်။ သို့သော် မရေမတွက်နိုင်သော တောင်ပံခတ်သံများနှင့် တုန်ခါသံများကြောင့် အားလုံးက ပျောက်ဆုံးသွားလေသည်။
နွားချေးပိုးထိုးကောင်များက ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းမှ သိုင်းပညာရှင်များ၊ ဆိုးယုတ်သော လမ်းကြောင်းမှ သိုင်းပညာရှင်များ၊ အနက်ရောင်ဝတ်စုံနှင့် လူများထံသို့ လူတန်းစားခွဲခြားခြင်းမရှိဘဲ ဝင်ရောက်၍လာလေသည်။
“အား”
“သတိထား”
ထိုသို့ဖြင့် ဂူထဲတွင် စူးရှသော အထိတ်တလန့်ဖြစ်သံများက ပျံ့နှံ့သွားလေသည်။ အားလုံးက သူတို့၏ လက်နက်များကို ထုတ်ပေးပြီး နွားချေးပိုးထိုးကောင်များကို ခုခံရသည်။
ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က အငိုက်မိသွားသည်။ နွားချေးပိုးထိုးကောင် တစ်ကောင်က သူ၏စွမ်းအင် အကာအကွယ်လွှာကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ထိုလူက အော်ဟစ်နေရင်းမှ သူ၏ကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မီးတောက်က တောက်လောင်လာလေပြီး တစ်ကိုယ်လုံးကို ဝါးမြိုသွားလေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် ထိုလူက ကျွတ်ရွသွားသည်အထိ အကင်ခံရသည်။ သူ၏ ကျွတ်ရွသော အကြွင်းအကျန်များက မြေပြင်ပေါ်သို့ မည်းတူး၍ ပြုတ်ကျသည်။
ခွက်
အခြားသော နေရာများမှလည်း အလားတူ မီးတောက်များက တောက်လောင်နေသည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာက အငိုက်မိသွားပြီး သေသွားသည်။
“အား”
ဂူထဲတွင် အော်ဟစ်သံများက ပြည့်နှက်သွားသည်။
“နဂါးသားရဲတွေ”
“ဝင်္ကပါထဲကို ဝင်ရအောင် အားလုံးပဲ သတိထားကြ”
ကြောက်လန့်တကြား အော်ဟစ်သံများအကြားတွင် ပြင်းထန်သိပ်သည်းသော နဂါးသားရဲ လေးကောင်လုံးက ဝင်လာသည်။
ကြယ်တာရာစွမ်းအင်များက ဂူထဲတွင် ပိတ်ဆို့နေသည်။ အမျိုးမျိုးသော တိုက်ကွက်များက နဂါးသားရဲများကို ဦးတည်သည်။ သို့သော် မည်သည့်တိုက်ကွက်ကမှ သက်ရောက်မှုမရှိပေ။
နဂါးသားရဲများအတွက် ကြယ်တာရာစွမ်းအင် တိုက်ကွက်များက ညင်သာသောလေပြေ တိုက်သကဲ့သို့သာဖြစ်သည်။
“ဟွန်း နင်တို့က အဲ့ဒီအရာတွေကို ခေါ်ထားရင်တောင်မှ အလားတူ သေရမှာပဲ”
ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်နှင့် နဂါးသားရဲများက သတ်ဖြတ်မှုကို စတင်ပြီးသည်နှင့် ဝါးဦးထုပ်နှင့်ခေါင်းဆောင်က ခက်ထန်ကြမ်းတမ်းစွာ အော်ဟစ်နေရင်း ခန္ဓာကိုယ်ကို စတင်ကာ အသွင်ပြောင်းသည်။ တခဏခန့်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်ထံသို့ ကြွက်သားများက စတင်ကာ တိုးကပ်လာသည်။ သူတို့က ခန္ဓာကိုယ်နှင့် ကပ်တွယ်သွားပြီးသည်နှင့် ကြီးမားလွန်းသော ကြေးသားရုပ်ထုအဖြစ် ပြောင်းလဲစေသည်။
တစ်စက္ကန့်ဆိုသော အချိန်အတွင်းတွင်ပင် ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်က မီတာသုံးဆယ် မြင့်မားသော အဝါရောင် လူသားစစ်သည်တော်ကြီး ဖြစ်သွားသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်ပင်လယ်ကြီးကလည်း မည်သည့်သိုင်းပညာရှင်ကိုမဆို ဖိနှိပ်နိုင်လေသည်။
ဘန်း
သံမဏိလက်သည်းကြီးက အရှေ့ဘက်သို့ တိုးဝင်သွားချိန်တွင် မှင်သက်ဖွယ်ကောင်းလွန်းသော နဂါးသားရဲများထဲမှ တစ်ကောင်ကို ဂူနံရံထဲသို့ ဝင်ရောက်သွားစေသည်အထိ လွင့်ထွက်သွားစေသည်။ နဂါးသားရဲ အရေခွံကလည်း ထိုးဖောက်ခံရသော ခန္ဓာကိုယ်ကို ပြသသည်။
ထိုကဲ့သို့ပြင်းထန်ကာ ကြောက်စရာကောင်းလွန်းသော စွမ်းအင်မျိုးက စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ကိုပင် မှင်သက်သွားစေသည်။ ဝမ်ချောင်ကဲ့သို့ နဂါးသားရဲများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော သူအတွက်ကမူ သူတို့၏စွမ်းအားကို သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် အထူးတလည် အံ့ဩနေခြင်းမရှိပေ။
“သန်မာလိုက်တာ ဝါးဦးထုပ်နဲ့ ခေါင်းဆောင်ရဲ့ သိုင်းပညာက မတူညီတဲ့ လမ်းကြောင်းနောက်ကို လိုက်တာပဲ။ သူ့ရဲ့ ကြီးမားတဲ့ လူထွားပုံသဏ္ဍန်က ကြယ်တာရာစွမ်းအင် လှည့်ကွက်တွေကို မှီခိုထားတာမဟုတ်ဘူး။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ်ပဲ။ နဂါးသားရဲရဲ့ ကြယ်တာရာစွမ်းအင် ပြီးတယ်ဆိုတဲ့ သက်ရောက်မှုက သူ့အပေါ် သက်ရောက်မှုမရှိဘူး”
ဝမ်ချောင်က ထိုမြင်ကွင်းကို လေ့လာစူးစမ်းနေရင်း မှင်သက်သွားသည်။ ထိုဂူထဲမှ လူများထဲတွင် သူဟာ အခြေအနေ အဆိုးဆုံးဖြစ်သည်။ နဂါးသားရဲနှင့် ကြယ်တာရာစွမ်းအင် ထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက လေးစားဖွယ်ကောင်းသည်။ သို့သော် သူကမူ လေးစားဖွယ်ကောင်းသော မူလအမရသိုင်း ဆက်ခံသူက အနောက်ဘက်တွင် ကွက်တိရပ်နေသည်။ ထို့ကြောင့် သူဟာ နည်းနည်းလေး လှုပ်ရှားမိလိုက်ရုံဖြင့် အနောက်ဘက်ကသူ့ကို ရိုက်ပေလိမ့်မည်။
သူ၏တစ်ခုတည်းသော အားသာချက်ကမူ သူဟာ အနောက်ဘက်ဆုံးသို့ ရောက်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူများအပြင် ဘိုးဘေးငါးယောက် မဟာမိတ်အပြင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အဖွဲ့ဝင်များ အားလုံးက ဖိအားအများစုကို တောင့်ခံပေးနေသည်။ သို့သော် တစ်စက္ကန့်၊ နှစ်စက္ကန့်သာ ကြာသေးသည့် ဝမ်ချောင်၏ အတော်လေးလုံခြုံသော နေရာက ရေငွေ့ပျံသွားသည်။ အကြောင်းမူကား ဝမ်ချောင်သည်လည်း လူတိုင်းထက်ပို၍ အန္တရာယ် များသွားလေသည်။
ဝုန်း
နွားချေးပိုးထိုးကောင်များက ဝမ်ချောင်ရှိရာ ဦးတည်ရာဘက်သို့လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တိုက်ကွက်များနှင့် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးကလည်း ထိုလမ်းကြောင်းတွင် ရှိနေကြသည်။
ထိုနွားချေးပိုးထိုးကောင်များကို ရင်ဆိုင်ရသောအခါ ထိုသိုင်းပညာရှင်များ အားလုံး၏ နှလုံးသားထဲတွင် အကြောက်တရားက ဝင်ရောက်သွားသည်။ စုန့်ယွမ်ယွီကမူ မလှုပ်ရှားပေ။ သူ့အနေဖြင့် နွားချေးပိုးထိုးကောင်များကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းမဟုတ်ပေ။ သူတို့ဟာ အင်အားကြီးမားသော်လည်း သူတို့၏စွမ်းအားက အကန့်အသတ်နဲ့ဖြစ်သည်။