← Chapters

အခန်း (၁၄၈၁-၁၄၈၅)

Vol. 89 Ch. 1481-1485

အခန်း (၁၄၈၁-၁၄၈၅)

Vol. 89 Ch. 1481-1485

အခန်း(၁၄၈၁)

ဘန်း

စုန့်ယွမ်ယွီက ရုတ်တရက် ဖနောင့်ပေါက်လိုက်ပြီးနောက် ဖုန်တိမ်စိုင်များကို မွှေနှောက်ပစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ အတက်စွမ်းအားများ ပြည့်နှက်နေသော ကြယ်တာရာစွမ်းအင် အားလှိုင်းကြီးက ရုတ်တရက် ပေါက်ထွက်လာလေပြီး ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များကို ပိတ်ဆို့လိုက်လေသည်။

ဟစ်

တခဏခန့်ကြာပြီးနောက် စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင် အတွင်းမှ မရေမတွက်နိုင်သော အစိမ်းရောင် နွယ်ပင်များက ထွက်ပေါ်လာသည်။ သူ၏အောက်ဘက်ရှိ ကျောက်သားထဲမှလည်း နွယ်ပင်များက ထွက်ပေါ်လာသေးပြီး မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကြီးထွားလာလေပြီး အချင်းချင်း ရစ်ခွေသွားလေသည်။ နွားချေးပိုးထိုးကောင်များက နွယ်ပင်များထံသို့ တိုးဝင်ကာ ကြိတ်ချေ စားသောက်ကြသည်။ သို့သော် နွယ်ပင်များကမူ သူတို့စားသောက်နိုင်သည်ထက် ပို၍မြန်ဆန်စွာ ကြီးထွားလာသည်။

အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာသည် သိုင်းပညာလောကရှိ ခုခံမှုတွင် အင်အားအကြီးမားဆုံး နတ်သိုင်းဖြစ်လေသည်။ ထို့ကြောင့် စုန့်ယွမ်ယွီက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တစ်ဖွဲ့လုံးအား နွားချေးပိုးထိုးကောင်များ၏ တိုက်ခိုက်မှုကို မခံရလေအောင် ကာကွယ်ထားနိုင်လေသည်။

တစ်ချိန်ထဲတွင်ပင် နောက်ထပ် နွားချေးပိုးထိုးကောင် တစ်သုတ်က ရောက်ရှိလာသည်။ သူတို့၏ တာဝန်များက တုန်ခါသံများကိုပင် လွှတ်ထုတ်ရင်း ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်ထံသွားသည်။

“ငါ့ကိုလုပ်ခွင့်ပြု”

ဒဏ္ဍာရီတစ္ဆေဘိုးဘေးက ရုတ်တရက် ထအော်သည်။

ခြိမ်း

မြေကမ္ဘာက တုန်ခါသွားပြီးနောက်တွင် မြေကြီးထဲမှ အနက်ရောင်မြူထု တိမ်စိုင်များက ထိုးထွက်လာလေပြီး အလွန်သိပ်သည်းကာ ဆိုးယုတ်သည့် စွမ်းအင်များနှင့် ပြည့်နှက်သွားလေသည်။ ထိုစွမ်းအင်၏ လမ်းညွှန်မှုမှတစ်ဆင့် ထိုမြူထုဟာ ကိုယ်ပိုင်အသက်ရှိနေသကဲ့သို့ တလက်လက် တောက်ပနေသော နွားချေးပိုးထိုးကောင်များ၏ ကိုယ်ထဲသို့ စိမ့်ဝင်သွားလေသည်။

ထိုးနွားချေးပိုးထိုးကောင်များက ကြယ်တာရာစွမ်းအင် ပြီးသလို ကြယ်တာရာစွမ်းအင်များကိုပင် စားသုံးနိုင်သော်လည်း ထိုမြူထုများနှင့် ထိတွေ့မိသောအခါ အံ့အားသင့်စရာ ကောင်းလောက်အောင် လျှင်မြန်စွာ မည်းသည်းသွားလေသည်။

ထို့နောက် သူတို့သည် စတင်ကာ ယမ်းခါလာသည်။ လေထဲတွင်ပင် ထိုသို့ ခါယမ်းနေပြီးနောက် တောင်ပံများက ကျိုးသွားသလိုမျိုးပင် ဖြစ်သွားလေသည်။

စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်ဆိုသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အရှင်နှင့် ဒုအရှင်တို့က ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ သို့သော် အဖြစ်အပျက်ကို ခပ်မြန်မြန် နားလည်သွားသည်။

ဒဏ္ဍာရီတစ္ဆေဘိုးဘေးသည် ကြယ်တာရာစွမ်းအင်ကို အသုံးပြုနေခြင်းမဟုတ်ပေ။ သို့သော် ဆိုးယုတ်သော ယင်စွမ်းအင်ကိုသာ အသုံးပြုထားခြင်းဖြစ်လေသည်။

တောက်ပသော အရှိန်အဝါများနှင့် နွားချေးပိုးထိုးကောင်များက ကြမ်းတမ်းသော ယန်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ထိုယင်စွမ်းအင်နှင့်ယှဉ်သော် စစ်မက်များဖြစ်နေလေပြီး သဘာဝအလျောက်ပင် သက်ရောက်ခံလိုက်ရခြင်းဖြစ်သည်။

“ငါ့ရဲ့ယင်စွမ်းအင်က ကြာကြာ မထိန်းနိုင်ဘူး။ ဒီအခွင့်အရေးကို အရယူပြီး လက်နက်တွေနဲ့ တိုက်ခိုက်တော့”

ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ အသံက ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသားများ၏ နားထဲသို့ ဟိန်းထွက်၍ ဝင်သွားလေသည်။

နွားချေးပိုးထိုးကောင်များက ကြယ်တာရာစွမ်းအင်များကို ပြင်းထန်စွာ ခုခံနိုင်သောကြောင့် သူတို့ကို တိုက်ခိုက်နိုင်သည့် တိုက်ကွက်များအားလုံးက အသုံးမဝင်ဖြစ်ရသည်။ ထိုနည်းအားဖြင့် သူတို့ကို ပို၍သာ သန်မာအောင် လုပ်မိစေသလို ဖြစ်နေတတ်သည်။ သို့ရာတွင် မူလအမရ ဝင်္ကပါအတွင်းတွင် ထိုနွားချေးပိုးထိုးကောင်များက ကြောက်စရာကောင်းသော်လည်း ထိုဝင်္ကပါကတစ်ဆင့် လက်နက်များဟာ အသုံးမဝင်ကြောင်းကိုသာ အားလုံးက သိလိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များကို ကြယ်တာရာစွမ်းအင် အသုံးမပြုဘဲ လက်နက်သီးသန့်ဖြင့် တိုက်ခိုက်ရပေမည်။

ချွင် ချွင် ချွင်

လေထဲတွင် လက်နက်များ၏ ထိခတ်သံများက ပြည့်နှက်သွားသည်။ ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက သူတို့၏ လက်နက်များ၊ ဆေဘာများဖြင့် နွားချေးပိုးထိုးကောင်များကို ဒီတိုင်း သူတို့၏ ခွန်အားသီးသန့်ဖြင့် ခုတ်ပိုင်းကြသည်။

ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက သူတို့ကျွမ်းကျင်သည့် လက်နက်များကို အသုံးပြုပြီး တိုက်ခိုက်ကြသည်။ ရှင်းလင်းစွာပင် ဘိုးဘေးငါးယောက် မဟာမိတ်သည် ဒီစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ထားလေသည်။

တင် တင် တင်

လက်နက်များက နွားချေးပိုးထိုးကောင်များအား သတ္ထုချင်း လှီးဖြတ်နေသကဲ့သို့ ခုတ်ပိုင်းလေသည်။

အချိန်တစ်ခုကြာသည်အထိ ဂူတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ နားထဲတွင် တောင်ပံခတ်သံကို ကြားလိုက်ရသည်။ သူသည်လည်း ကလေးတစ်ယောက်၏ လက်မောင်း အရွယ်အစားခန့်ရှိသော နွားချေးပိုးထိုးကောင် သုံးကောင်က သူရှိရာဘက်သို့ ပျံသန်းလာနေကြောင်း မြင်လိုက်ရသည်။ ထိုအကောင်သုံးကောင်က သူ၏နဖူးမှ ချွေးစေးများကိုပင် ထွက်ပေါ်လာစေသည်။

အတိတ်တွင်သာဆိုလျှင် သူ၏စွမ်းရည်နှင့် လက်နက်ကြောင့် သူသည်လည်း ထိုအကောင်လောက်ကို ဂရုစိုက်ရန် မလိုအပ်ပေ။ သို့သော် ယခုမူ

ဝမ်ချောင်သည် အလိုအလျောက်ပင် တိုက်ပွဲကို ရှည်လျားရန်ကြိုးစားလိုက်သည်။ သူ၏ လက်မောင်းမှ ကြယ်တာရာစွမ်းအင် တစ်တန်းကို လက်ညိုးထိပ်သို့ စီးဆင်းလာစေလိုက်သည်။

“မလှုပ်နဲ့”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ရင်းနှီးကျွမ်းဝင်သော အသံက နားထဲသို့ဝင်ရောက်လာသည်။

“အဲ့ဒီအလောင်းကောင်က ငါတို့ကို ပိတ်ထားပြီးသား။ ငါတို့ ရုတ်တရက် ထလှုပ်လိုက်တာနဲ့ သူက ကြောက်စရာကောင်းတဲ့ တိုက်ကွက်ကို ထုတ်လိုက်လိမ့်မယ်။ နောက်ပြီး အဲ့ဒီအကောင်က ဒီနားမှာတင် ရပ်နေတာ။ သူ့ရဲ့စွမ်းအင်ကို အကန့်အသတ်ထိ သူစုထားပြီးသား။ သူက အချိန်မရွေး အရယူပြီး တိုက်ခိုက်တော့မှာ။ အဲ့ဒီရိုက်ချက်က အဆုံးသတ်လေးခု သိုင်းအရှင်ကို သတ်ခဲ့တာထက်တောင် ကြောက်ဖို့ ကောင်းနိုင်တယ်”

“ငါမဟာရင်ယန်သိုင်းကိုတော့ မသိဘူး။ ဒါကြောင့် တိုက်ကွက်ကို နှစ်ကွက်မခွဲနိုင်ဘူး။ မင်းက မင်းရဲ့စွမ်းအင် စီးဆင်းမှုကို ကစဉ့်ကလျားဖြစ်အောင် လုပ်နိုင်တာက မြန်ပါတယ်။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် မင်းရဲ့ဆရာက မင်းကို အစပိုင်းကတည်းက သင်ပေးထားတာကစပြီး ထိန်းချုပ်မှုလွတ်နေပြီမဟုတ်လား”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြောလိုက်သောစကားများက ဝမ်ချောင်၏ နှလုံးသားကို လေးလံသွားစေသည်။ အကြောင်းမူကား မှန်ကန်နေသောကြောင့်ဖြစ်သည်။ ဝမ်ချောင်၏ အခြေအနေ အစစ်အမှန်က ပြောစရာမရှိပေ။ တိုက်ပွဲတစ်ပွဲချင်းစီတိုင်းလိုလို သူ၏ခန္ဓာကိုယ်၏ အခြေအနေက ဆိုးရွားသထက် ဆိုးရွားလာသည်။ ယခင်တစ်ခေါက်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသုံးပြုလိုက်ပြီး သေစေနိုင်သော တိုက်ကွက်ကို နှစ်ပိုင်းခွဲလိုက်ခြင်းအားဖြင့် ဝရုန်းသုန်းကား အခြေအနေကို ပိုင်းခြားပစ်လိုက်နိုင်သည်။ ဝမ်ချောင်သည် အထူးတလည် ဘာမှမလုပ်ခဲ့ချေ။ သို့သော် ထိုသို့လုပ်လိုက်ရုံနှင့်တင် သူ၏ အချက်အချာကျသော အမျိုးမျိုးသော အကြောအမှတ်များက စတင်ကာ နာကျင်ကိုက်ခဲလာသလို ခံစားနေရနှင့်လေပြီ။ သူ၏ ကြယ်တာရာစွမ်းအင် စီးဆင်းမှုနှုန်းကလည်း ပို၍ပင် ဖရိုဖရဲဖြစ်လာသည်။

ဒါဟာ သူမတိုက်ခိုက်ရသေးသည့် သူ၏အခြေအနေဆိုလျှင် သူဟာ တိုက်ခိုက်ခဲ့ပါက မည်သို့ဆက်ဖြစ်မည်ဖြစ်ကြောင်း တွေးတောရန် မလိုအပ်တော့ချေ။

ဝုန်း

ထိုသို့စကားပြောနေရင်းမှ နွားချေးပိုးထိုးကောင် သုံးကောင်က လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် သူတို့နှစ်ယောက်ဆီ လာသည်။ လေထုက တင်းကြပ်မှုဖြင့် ပြည့်နှက်သွားသည်။ အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပင် ချွေးစေးပျံလာသည်။

“ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခပ်တိုးတိုးရေရွတ်သည်။

ဂူထဲမှ နွားချေးပိုးထိုးကောင် သုံးကောင်၏ တဝီဝီအသံက သူတို့၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။ သူတို့၏အနောက်မှ ကြောက်စရာကောင်းလွန်းသော အကြည့်ကလည်း စိုက်ကြည့်နေသေးသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြင်းထန်သော အန္တရာယ်အောက်တွင် ရောက်နေလေပြီး ရှေ့ဆက်မတိုးနိုင်သလို နောက်လည်း မဆုတ်နိုင်တော့ပေ။

ဝှစ်

ထိုနွားချေးပိုးထိုးကောင် သုံးကောင်က ရွှေရောင်အလင်းတန်း သုံးတန်းအလား နီးကပ်သထက် နီးကပ်လာသည်။ ခြေလှမ်းခြောက်လှမ်း၊ ငါးလှမ်း၊ လေးလှမ်း... ဝမ်ချောင်သည် သူတို့၏ ခေါင်းသေးသေးလေးပေါ်မှ အနက်ရောင် မျက်လုံးအစက်လေးများနှင့် ပထမခြေထောက် တစ်စုံအပြင် အပေါ်မှ အုပ်ထားသော အစက်သေးသေးလေးများနှင့် အမွှေးများကိုပင် မြင်နိုင်နေပြီဖြစ်သည်။ ထိုကာလက ဝမ်ချောင်အတွက် အလွန်ကြာမြင့်နေခဲ့သည်။

သူတို့နှစ်ယောက်ဟာ အဆုံးသတ်ပြီဟု ထင်ရသော အချိန်တွင်ပင် ဝမ်ချောင်ကလည်း တစ်လောကလုံးက လိပ်တစ်ကောင်သွားသကဲ့သို့ နှေးကွေးလွန်းသည်ဟု ခံစားရချိန်တွင် သူ၏စိတ်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လည်ပတ်နေသည်။ တခဏခန့် ကြာပြီးနောက် ရုတ်တရက် သူ၏စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။

“နည်းလမ်းရှိတယ်”

အမှောင်ထဲမှ ဝမ်ချောင်၏မျက်လုံးက အလင်းများဖြင့် ပေါက်သွားသည်။

ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင် သုံးကောင်က လာရောက်ထိတွေ့တော့မည့် အခိုက်အတန့်တွင်ပင် ဝမ်ချောင်၏စိတ်ထဲမှ ထိတွေ့ကိုင်တွယ်ရ၍သော စိတ်စွမ်းအင်က ပေါ်ထွက်လာလေပြီး အဝေးရှိ ဘိုးဘေးငါးယောက် မဟာမိတ် ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ ဆေဘာပေါ်သို့ ကျသွားသည်။

သိုင်းပညာရှင်တစ်ယောက်၏ စိတ်စွမ်းအင်က ပုံမှန်အားဖြင့် လက်နက်အပေါ် မသက်ရောက်နိုင်ပေ။ သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအင်က ယခုအခါ ထိတွေ့ကိုင်တွယ်၍ ရနေပြီဖြစ်သည်။ ထိုအသစ်စက်စက် စွမ်းရည်က သူ့အား ပတ်ဝန်းကျင်မှ အခြေအနေကို ပြောင်းပြန်လှန်သွားစေသည်။

ချွင်

ထိုဆေဘာက နွားချေးပိုးထိုးကောင် တစ်ကောင်၏ ဘယ်ဘက်တောင်ပံကို ရိုက်ချတော့မည့် အချိန်တွင် ဝမ်ချောင်၏ စိတ်စွမ်းအင်က ဆွဲယူလိုက်သောအခါ ရုတ်တရက် အလယ်မှ နွားချေးပိုးထိုးကောင်ထံသို့ တိုက်ခိုက်နေသည့် အခြားသော လက်နက်များနှင့် သွားရောက်ရိုက်မိသွားသည်။ ထို့ကြောင့် ဓားက ထိုးဝင်သွားလေပြီး နွားချေးပိုးထိုးကောင်၏ ကိုယ်မှ အစိမ်းရောင်သွေးများကို ပန်းထွက်လာစေသည်။

ထို့နောက် စူးရှသော အော်သံနှင့်အတူ ထိုနွားချေးပိုးထိုးကောင်က ကျွမ်းကျင်ပညာရှင် သုံးယောက်၏ တိုက်ကွက်များကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဟစ်

ဝုန်း

ထိုသို့ဖြင့် ပျားအုံကိုတုတ်နှင့် ထိုးသကဲ့သို့ ဖြစ်သွားသည်။ နွားချေးပိုးထိုးကောင်၏ အော်သံက အခြားသော နွားချေးပိုးထိုးကောင်များ အားလုံးကို ရူးသွပ်သွားစေသည်။ သူတို့အားလုံးကလည်း ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် သုံးယောက်ထံသို့ ပြုံတိုးကာ ဝင်ရောက်သွားကြသည်။ ဝမ်ချောင်ထံသို့ ဦးတည်လာနေသော နွားချေးပိုးထိုးကောင် သုံးကောင်ကပင် တောင်ပံကို တဖြတ်ဖြတ်ခတ်လေပြီး ထိုသုံးယောက်ထံ သွားလေသည်။

ဝမ်ချောင်က စိတ်အေးစွာ သက်ပြင်းချသည်။

ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက အလွန်အမင်း ကိုင်တွယ်ရ ခက်ခဲသည်။ အထူးသဖြင့် အဖွဲ့လိုက်ဆိုလျှင် ပို၍ပင်ဆိုးသေးသည်။ သို့သော် ဝမ်ချောင်ကလည်း သူတို့၏ ထူးခြားသော လက္ခဏာတစ်ရပ်ကို သိထားသည်။ သူတို့ထဲမှ တစ်ကောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရလျှင် သို့မဟုတ် သေသွားခဲ့လျှင် အခြားသော နွားချေးပိုးထိုးကောင်များကလည်း ချက်ချင်းလိုလိုလှည့်ပြီး သတ်သွားခဲ့သောလူကို တိုက်ခိုက်တတ်သည်။

ဝမ်ချောင်သည် ထိုသီအိုရီကို စမ်းသပ်ခဲ့ဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း သူသည် ကပ်ဘေးကို ဖြေရှင်းလိုက်နိုင်သည်။

ဝမ်ချောင်က အန္တရာယ်မှ လွတ်မြောက်သွားချိန်တွင် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် သုံးယောက်ကမူ ဝရုန်းသုန်းကားဖြစ်သွားသည်။

“ဘာ ဘာ ဘာတွေဖြစ်နေတာလဲ”

ထိုသုံးယောက်က အလန့်တကြားအော်သည်။ သူတို့သည်လည်း နွားချေးပိုးထိုးကောင်များကို တစ်ယောက်ထဲ အင်အားဖြင့် တစ်ချိန်ထဲတွင် အများကြီးရင်ဆိုင်ရန် လုံလောက်အောင် အင်အားကြီးမားသည်။ သို့သော် ယခုလိုမျိုး ဝရုန်းသုန်းကား ပြုံတိုးဝင်လာသည့် အတိုင်းအတာတွင်မူ မကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် အားလုံးက ထိတ်လန့်သွားကြသည်။

ဘန်း

မြောက်များလှစွာသော ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များက ချဉ်းကပ်လာသည်နှင့်အမျှ ထိုသုံးယောက်၏နောက်မှ တစ္ဆေလက်ဝါးဖြူကြီး တစ်ဖက်က ထွက်ပေါ်လာလေသည်။ ထို့နောက် တခဏတွင် အလွန်ကျယ်ပြောကာ နက်နဲသည့် ဆိုးယုတ်သော ကြယ်တာရာစွမ်းအင်များက အရှေ့ဘက်သို့ ဝင်ရောက်ကာ ပေါက်ကွဲလာလေပြီး သူတို့သုံးယောက်ကို လွင့်ထွက်သွားစေသည်။

“သောက်သုံးမကျတဲ့ကောင်တွေ။ နည်းနည်းဝေးဝေးမှာရပ်စမ်း”

ယင်နက်ဘိုးဘေး၏ အေးစက်သောအသံက လူတိုင်း၏နားထဲတွင် ဟိန်းထွက်သွားသည်။ ယင်နက်ဘိုးဘေးသည် လှုပ်ရှားရန် လိုအပ်လာသည်နှင့်အမျှ ညှာတာတတ်ခြင်းမရှိပေ။ သူသည် လက်အောက်ငယ်သားများကိုပင် အလျော့မပေးပါချေ။

ထိုသုံးယောက်က နွားချေးပိုးထိုးကောင်များထဲသို့ ဝင်ရောက်သွားပြီး စူးရှစွာ အော်ဟစ်ကြသည်။ တခဏခန့်ကြာပြီးနောက် နွားချေးပိုးထိုးကောင်များက သူတို့၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ကွဲထွက်သွားစေ၍ အရေပြားထဲသို့ ဝင်ရောက်သွားစေပြီး သူ၏တစ်ကိုယ်လုံးကို မီးတောက်လာစေသည်။

“မျိုးမစစ်ကောင် ဒါက မင်းတို့လုပ်လို့ ခံရတာပဲ”

ထိုသုံးယောက်အား မောင်းထုတ်လိုက်ပြီး ကျန်သော အင်အားစုများကို ကပ်ဘေးမှလွတ်အောင် လုပ်လိုက်ခြင်းအားဖြင့် ယင်နက်ဘိုးဘေး၏ ဒေါသမျက်လုံးက ဝမ်ချောင်ဆီ ပြန်ရောက်သွားသည်။ အခြားသော သူများက သတိမထားမိလောက်သော်လည်း ယင်နက်ဘိုးဘေး၏ အဆင့်တွင်ရှိသောလူက မသိစရာ အကြောင်းမရှိပေ။

ယင်နက်ဘိုးဘေး၏ မျက်လုံးက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာလေပြီး အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝမ်ချောင်ကိုကြည့်သည်။

ဝမ်ချောင်သည်လည်း မကောင်းသော ခံစားချက်ကို ချက်ချင်းရလိုက်သည်။ ဆိုရိုးစကား တစ်ခုအတိုင်း သူသည် ဝံပုလွေဂူထဲမှ လွတ်လာသော်လည်း ကျားသိုက်ထဲသို့ ဝင်မိသွားသည်။ နွားချေးပိုးထိုးကောင် သုံးကောင်ကို အာရုံပြောင်းလိုက်ခြင်းအားဖြင့် သူသည် ယင်နက်ဘိုးဘေးဆိုသော ကြောက်မက်ဖွယ်ကျားကို ဆွဲဆောင်မိသွားသည်။

ဝမ်ချောင်နှင့် ယင်နက်ဘိုးဘေး၏ အကြားမှတိုက်ပွဲက ဖြစ်ပျက်လာတော့ပေမည်။ ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူများအပြင် မူလအမရ ရွာသားများအကြားမှ တိုက်ပွဲကလည်း ကဏ္ဍတစ်ခုအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

++++

အခန်း(၁၄၈၂)

“အမှောင်အရိပ် ပင့်ကူတိုက်ခိုက်”

လူတစ်ယောက်က ရုတ်တရက်ထအော်သည်။

အဝါရောင်လည်စီး စစ်သည်တော်၏ ပြင်းထန်သိပ်သည်းသော စွမ်းအားက မူလအမရ အစောင့်အရှောက်များကို မသက်မသာ ဖြစ်စေသည်မှာ ရှင်းလင်းနေသည်။ တခဏခန့်ကြာပြီးသည်နှင့်

စွစ်

သလင်းဖြူရောင် ပင့်ကူအပ်ချည်မျှင်များက ထွက်ပေါ်လာသည်။ ထိုအပ်ချည်မျှင်များက ဆံပင်မွှေးအလား ပါးလျသည်။ သူတို့သည် အမှောင်ထု၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။

ထိုအပ်ချည်မျှင်များက ချက်ချင်းဆိုသလိုပင် အဝါရောင်လည်စီး စစ်သည်တော်၏ ကြီးမားလွန်းသော ကိုယ်ကြီးထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။ ကျန်သောစွမ်းအင်များကလည်း ဆက်လက်ဝင်ရောက်လေပြီး ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို တိုက်ခိုက်ကြလေသည်။

ကျင့်ကြံခြင်းအဆင့် မြင့်သောသူများကပင် ထိုသေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သော ပင့်ကူများကို မတားနိုင်ပေ။

ဇွက် ဇွက် ဇွက်

ဂူထဲမှ ပင့်ကူမျှင် တစ်မျှင်ပြီးတစ်မျှင် ထွက်ပေါ်လာသည်။ အများစုကမူ အနက်ရောင်ဝတ်စုံနှင့် လူများကို ချိန်ရွယ်ထားသည်။ သို့သော် ဂူထဲမှ အခြားသောသူများကလည်း ဒီမီးတွင် လောင်မိသွားသည်။

“အား”

ထိုသို့ဖြင့် ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက သတိမထားမိဘဲ ပင့်ကူမျှင်များကြောင့် နှစ်ခြမ်းကွဲသွားကြလေပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက မြေပြင်ပေါ်သို့ ပြုတ်ကျကြသည်။ အော်ဟစ်သံများကလည်း ဆူညံသွားလေသည်။

ထိုပင့်ကူမျှင်များအား ယခုလိုမျိုး အစိမ်းရောင်မီးတောက်ရောင်ကြောင့် လင်းထိန်နေသော ဂူထဲတွင် တွေ့ကြုံရသည့်အခါ သေစေနိုင်လောက်သော ထောင်ချောက်တစ်ခုထဲသို့ ပိတ်မိသွားသကဲ့သို့ ဆိုးယုတ်သော ခံစားချက်ကို ရရှိစေသည်။ ထိုပင့်ကူမျှင်များသည် ကြယ်တာရာစွမ်းအင် ထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်များ၊ နဂါးသားရဲများနှင့် ပေါင်းလိုက်ခြင်းအားဖြင့် ဂူထဲမှလူများကို ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိစေလေသည်။

“အဲ့ဒီကောင်က ကြောက်ပြီးထွက်ပြေးသွားသင့်တာ”

ဝမ်ချောင်သည်လည်း အမှောင်အရိပ် ပင့်ကူက ထွက်ပေါ်လာသည့်အတွက် အံ့ဩသွားသည်။ သို့သော် ထိုပင့်ကူကမူ အလွန်အမင်း ကြောက်ရွံ့နေသေးပုံရသည်။ သူသည် အမှောင်ထဲတွင်သာ ပုန်းနေပြီး သူ၏ ပင့်ကူမျှင်များကိုသာသုံးပြီး အဝေးမှ တိုက်ခိုက်နေသည်။

ဝမ်ချောင်သည်လည်း ထိုပင့်ကူ မည်သည့်အရာကို ကြောက်မှန်းသိသည်။ သူ့ကိုကြောက်နေခြင်းဖြစ်သည်။

ယခင်က တိုက်ပွဲတွင် သူဟာ ရှေ့လက်နှစ်ဖက်ကို ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် အနီးကပ် တိုက်ခိုက်ခဲ့ပြီးနောက်တွင် မာရာမီးတောက်ကိုပင်သုံးကာ သူ၏ ပင့်ကူအိမ်များကို လောင်ကျွမ်းစေခဲ့သည်။ ထို့ကြောင့် အမှောင်အရိပ် ပင့်ကူပေါ်တွင် နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ထားရစ်နိုင်ခဲ့ပုံရလေပြီး သူ့ကို အလွန်အမင်း ကြောက်သွားသည်။

ထို့ကြောင့် ပင့်ကူမျှင် တစ်မျှင်ပြီးတစ်မျှင်ကို လွှတ်ထုတ်နေသော်လည်း အလိုအလျောက်ပင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည့် ဝမ်ချောင်ကို ရှောင်သွားသည်။

အမှောင်အရိပ် ပင့်ကူသည်လည်း ဝမ်ချောင်ဟာ မလှုပ်နိုင်ကြောင်း သတိမထားမိသောကြောင့် ဝမ်ချောင်အတွက် ကပ်ဘေးတစ်ခုကို ရှောင်နိုင်သွားသည်။

အား ဒီအနက်ရောင်ဝတ်စုံနဲ့ လူတွေကလည်း ကိုင်တွယ်ဖို့မလွယ်ဘူး။

ဝမ်ချောင်သည် အနက်ရောင်မီးတောက် အဇူရာကိုကြည့်လိုက်သည်။

အမှောင်အရိပ်ပင့်ကူ၏ အပ်ချည်မျှင်များက ထက်ရှသည်။ သို့သော် မာရာမီးတောက်ကြောင့် ပျက်ပြယ်သွားရသည်။ ဝမ်ချောင်သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများထံမှ ထိုမာရာမီးတောက်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အမှောင်အရိပ်ပင့်ကူ၏ အပ်ချည်မျှင်များက ဒီဂူအပေါ် အကန့်အသတ်နဲ့သာ သက်ရောက်မှုရှိလေသည်။

“အဲ့ဒီပင့်ကူပဲ ငါ့အတွက် ရိုက်ပေးစမ်းပါ”

ရုတ်တရက် ဒေါသတကြီး အော်သံနှင့်အတူ အဝါရောင် လည်စီး စစ်သည်တော်၏ ကြေးနီရောင်မျက်လုံးက အမှောင်ထုထဲသို့ ဝင်ရောက်သွားလေပြီး အောက်ဘက်သို့ လက်ဝါးဖြင့်ရိုက်ချသည်။

ဘန်း ဘန်း ဘန်း

ထက်ရှသော အဖြူရောင် ပင့်ကူမျှင်များက ချက်ချင်းဆိုသလို ကျိုးပျက်သွားလေပြီး ကြီးမားသော မာရာမီးတောက်ကြီးက လောင်ကျွမ်းပစ်လိုက်သည်။

“မင်းကအဲ့ဒီမှာ ပုန်းနေရုံနဲ့ အသုံးဝင်မယ်လို့ ထင်နေတာလား။ ဟမ် ထွက်လာပြီးသေစမ်း”

အဝါရောင်လည်စီး စစ်သည်တော်၏ မျက်လုံးက အေးစက်သွားပြီးနောက် သူ၏ဘယ်ဘက်လက်မှ လက်ချောင်းများကို ညစ်ဆုပ်လိုက်သလို ပြုမူလိုက်လေသည်။ ထိုသို့ဖြင့် ဂူကြီးက တဝုန်းဝုန်းဖြစ်လာလေပြီး ကျယ်ပြောသော စွမ်းအားများက အာကာသပြင် တစ်ခုလုံးကို ကျော်ဖြတ်၍ အမှောင်အရိပ် ပင့်ကူရှိရာသို့ ဝင်တိုးသွားလေသည်။ ဒါဟာ သူဝမ်ချောင်ကို အသုံးပြုခဲ့သော တူညီသောတိုက်ကွက် ဖြစ်သည်။ တိုက်ကွက်၏နာမည်က ကမ္ဘာမြေကြီး၏ဒေါသဖြစ်သည်။

ခီး....

အဝေးမှ အမှောင်အရိပ် ပင့်ကူသည် အန္တရာယ်ကို ခံစားမိပုံရပြီး ကြောက်လန့်တကြားအော်လေသည်။

အမှောင်အရိပ်ပင့်ကူက အများဆုံး သူ၏ပင့်ကူမျှင်များကို ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိကိုသာ ဆန့်ထုတ်ပစ်နိုင်လေသည်။ သို့သော် အဝါရောင်လည်စီး စစ်သည်တော်ကမူ မြေသားစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ဝန်းကျင်က ပိုကျယ်သည်။ ထို့ကြောင့် သူသည်လည်း အမှောင်အရိပ် ပင့်ကူ၏ ခန္ဓာကိုယ်ကို မြေအောက်ဘက်မှနေ၍ ရိုက်ချလိုက်နိုင်သည်။ ထိုနည်းအားဖြင့် ပြီးပြည့်စုံစွာ ရင်ဆိုင်နိုင်သွားသည်။

ထိုသို့ဖြင့် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းပင့်ကူကြီးက အဝါရောင်လည်စီး စစ်သည်တော်၏ လက်ထဲတွင် သေရတော့မည့် အချိန်တွင်

ဘန်း

ကမ္ဘာမြေကြီးက တသိမ့်သိမ့်တုန်သွားပြီး နောက်ထပ် ကျယ်ပြောများပြားသော စွမ်းအင်မုန်တိုင်းက ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို ဖြတ်တိုက်လာသည်။ တခဏခန့်ကြာပြီးနောက် အဝါရောင်လည်စီး စစ်သည်တော်က ကမ္ဘာမြေကြီးကို ထိန်းချုပ်မှု ပျက်ပျယ်သွားလေသည်။

ပို၍ဆိုးသည်မှာ မမြင်ရသော ပိတ်လှောင်စွမ်းအားတစ်ရပ်ကလည်း လူတစ်ယောက်ချင်းစီတိုင်း၏ ကိုယ်ပေါ်မှ ကြယ်တာရာစွမ်းအင်များကို ရုတ်တရက် တင်းကြပ်ကာ ခဲသွားစေသည်။

ဝုန်း

အေးစက်သော လေပြင်းက ဂူတစ်ခုလုံးကို ဖြတ်တိုက်လာသည်။ အနက်ရောင် မီးတောက်အဇူရာ၏ အလက်ကြီးကြီး တောက်လောင်နေသော မီးတောက်ကလည်း အားနည်းလာသည်။ လုဝူတစ်ပိုင်း၏ လှုပ်ရှားမှုများကပင် နှေးကွေးလာသည်။

ထိုသို့ဖြင့် သူတို့၏ လက်များခြေထောက်များပေါ်တွင် လေးလံသော သံဆူးကြိုးများဖြင့် ခတ်လိုက်သကဲ့သို့ ထင်ရသည်။

ဝင်္ကပါစွမ်းအား

ဝမ်ချောင်သည် ချက်ချင်းဆိုသလို ရင်းနှီးကျွမ်းဝင်သော စွမ်းအင်ကို ခံစားမိလိုက်သည်။

မူလအမရ အရှင်သခင်သည် အမျိုးမျိုးသော ဝင်္ကပါများကို ချခင်းထားသည်။ ဝမ်ချောင်ကဲ့သို့ ပဲ့ဟယ်မော့များကို ထိန်းချုပ်နိုင်သော အင်အားကြီးမားသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့် လူကပင် ယခုလိုနေရာမျိုးတွင် ထူးခြားနေခြင်းမရှိတော့ပေ။

မူလအမရ အစောင့်အရှောက်များသည် နောက်ထပ် ဝင်္ကပါတစ်ခု၏ စွမ်းအားကို ချက်ချင်းလိုလို ဆင့်ခေါ်လိုက်ခြင်းအားဖြင့် ဒီနေရာမှလူများကို သိအောင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့သည် အနက်ရောင်ဝတ်စုံနှင့် လူများကို ပို၍ပင် သက်ရောက်စေလေသည်။

ချွင် ချွင်

တခဏခန့်ကြာပြီးနောက် သူ၏နားထဲတွင် သတ္ထုကွင်း နှစ်ကွင်း၏ ရိုက်သံလိုလို အသံမျိုးကို ကြားရသည်။ သူတို့သည် သိပ်သည်းလွန်းသော စွမ်းအားများကြောင့် ဝမ်ချောင်သည်လည်း ဝင်္ကပါစွမ်းအားများက သူရှိရာနေရာသို့ ပျံ့နှံ့လာကြောင်း ခံစားမိလိုက်သည်။

ဝမ်ချောင်သည်လည်း သူ၏ကြယ်တာရာစွမ်းအင်မှ သုံးဆယ်ရာခိုင်နှုန်းခန့်က ချုပ်နှောင်ခံလိုက်ရကြောင်း သိလိုက်သည်။ သို့သော် သူမြင်နိုင်သည့်အတိုင်းဆိုလျှင် မူလအမရ အစောင့်အရှောက်များက သက်ရောက်ခံရခြင်းမရှိပေ။

“သူတို့ကိုသတ်”

ငွေရောင်ဝတ်စုံနှင့် မူလအမရ ရွာသူကြီးက အနက်ရောင်ဝတ်စုံနှင့် လူများထံသို့ လက်ညိုးညွှန်လိုက်လေပြီး စူးရှစွာ အော်ဟစ်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် တောက်ပလာသည်။

ဘန်း

သူမ၏ခန္ဓာကိုယ်မှ နို့နှစ်ဖြူရောင် ဓားချီက ပေါက်ထွက်လာသည်။

ထိုအခိုက်အတန့်တွင် သူမ၏ အနောက်ဘက်ရှိ လေထုကပင် ပြောင်းလဲကာ သိပ်သည်းသွားပုံပေါ်သည်။ တခဏခန့်ကြာပြီးနောက် ရွှေရောင်ဖီးနစ်ကြီးက ပေါ်လာသည်။

အခြားသောသူများကမူ ဖီးနစ်၏ သက်ရှိပုံသဏ္ဍန်ကို သိလောက်သော်လည်း စုန့်ယွမ်ယွီ၊ ရေနက်ဘိုးဘေး

နှင့် အခြားသောသိုင်းပညာရှင်များကမူ ဘာမှန်းသိသည်။

“လီဂါးနားဓားတာအို”

ပြောကြသည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အကြာက သိုင်းပညာလောကထဲတွင် အမျိုးသမီးများသာ ကြည့်နိုင်သော အင်အားကြီးမားလွန်းသည့် သိုင်းတစ်မျိုးရှိသည်ဟု ပြောကြသည်။

ထိုသိုင်း၏စွမ်းအားနှင့် ကြမ်းတမ်းမှုက နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းပြီးလျှင် ဒုတိယမြောက် အင်အားအကြီးမားဆုံးဖြစ်လေသည်။

သို့ရာတွင် ထိုသိုင်းက သိုင်းပညာလောကထဲတွင် တခဏသာ ပေါ်ပေါက်လာခဲ့သည်။ ကာလက တိုတောင်းလွန်းသဖြင့် လူအများစုကမူ မြင်တွေ့ခွင့်ပင် မရခဲ့လိုက်ပေ။ ထို့ပြင် အမျိုးသမီးများကလည်း သင်ကြားနိုင်သောကြောင့် သိုင်းပညာလောကထဲတွင် ထင်သလောက် မပျံ့နှံ့သွားခဲ့ချေ။ ထို့ကြောင့် သိုင်းပညာရှင်များထဲမှ လူအများစုကမူ ကြားပင်မကြားဖူးကြချေ။

သို့သော် သိုင်းပညာလောကမှ ပုဂ္ဂိုလ်ကြီးများအနေနှင့် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ကလည်း သဘာဝအလျောက်ပင် သိလေသည်။

သို့ရာတွင် သူတို့သည် ဒါကို အတုအယောင်ဟုသာ ထင်ထားခဲ့သည်။ ကောလဟာလက ချဲ့ကားလွန်းသည်ဟုသာ ယုံကြည်ခဲ့ကြသည်။

သူတို့ထဲက မည်သူကမှလည်း ထိုဒဏ္ဍာရီလာဓားသိုင်းက ယခုလိုမျိုး မူလအမရ အစောင့်အရှောက်များ၏ လက်ထဲတွင် ပေါ်လာမည်ဟု မထင်ထားမိပေ။

ယင်နက်ဘိုးဘေး၏ မျက်လုံးက လင်းလက်သွားပြီး သူဟာ အခြေအနေကို နားလည်လိုက်သည်။

“ဆိုတော့ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ လူတွေက မူလအမရ အစောင့်အရှောက်တွေပေ့ါ။ လီဂါးနားဓားတာအိုက တခဏသာပေါ်လာပြီး တန်းပျောက်သွားတာ မအံ့ဩတော့ပါဘူး”

မူလအမရ ရွာသူကြီး၏ ဓားချီနှင့်ပေါင်းစပ်ထားသော ထိုရွှေရောင်ဖီးနစ်က ပို၍ပင် တောက်ပထည်ဝါလာလေပြီး ခမ်းနားသော စွမ်းအင်အလင်းတန်းများဖြင့် ပြည့်နှက်လာသည်။ ထိုသို့ဖြင့် ဂူ၏မျက်နှာကျက်ကိုပင် တိုက်ရိုက် ထိုးဖောက်လိုက်ပြီး ဝါးဦးထုပ်နှင့် ခေါင်းဆောင်ထံသို့ ဝင်ရောက်သွားလေသည်။

ဓားချီအလင်းတန်းက ဥက္ကာတုံးကြွေကျသလို သို့မဟုတ် အရှေ့ဘက်ခြမ်းမှ နေမင်းကြီး မြောက်တက်လာသလိုမျိုး ထင်ရစေလောက်အောင် တောက်ပလွန်းလေသည်။ သူသည် ဂူထဲတွင် ပေါ်လာသည်နှင့် အခြားသော အရောင်များအားလုံးကို မှောင်ကျသွားစေသည်။ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့်လည်း ရှေ့သို့တိုးဝင်သွားစေသည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် ဓားချီ၏ ခမ်းနားထည်ဝါသော အလင်းတန်းက အဝါရောင်လည်စီးကို ထိမိသွားသည်။

ဝေါင်း

အဝါရောင်လည်စီး စစ်သည်တော်က သူ၏လက်နှစ်ဖက်လုံးကို ရှေ့တွင်ပို့ပြီး ထိုစွမ်းအားများကို ကာကွယ်သည်။ သူ၏ခန္ဓာကိုယ်မှလည်း စွမ်းအားများကို ပေါက်ထွက်လာစေသည်။

ရပ်တန့်၍မရနိုင်သော ဓားချီအလင်းတန်းကို ရင်ဆိုင်ရသောအခါ အင်အားကြီးမားသော အဝါရောင်လည်စီး စစ်သည်တော်ကပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏မျက်နှာက ဖျော့တော့သွားသည်။

“သတ်”

ထို့နောက် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မူလအမရ အကြီးအကဲနှစ်ယောက်ကလည်း ဂါထာများကို စတင်ကာ မန်းမှုတ်လေသည်။ သူတို့၏အနောက်ဘက်မှ နံရံကြီးက ပွင့်ထွက်သွားလေပြီး ကြေးနီရောင်စက်ကြီးက ပေါ်လာသည်။

ကြိတ်ဆုံအရွယ်အစားခန့်ရှိသော ကြေးနီရောင် ထုလုံးပုံ အချွန်ကြီးနှစ်ခုက ထိုစက်ထဲမှ ထိုးထွက်လာလေသည်။ သို့သော် သူတို့က မြေပြင်ပေါ်သို့ မကျသေးခင် မရေမတွက်နိုင်သော ကြေးနီရောင် ဓားသွားများအဖြစ် ပေါက်ထွက်သွားသည်။

ဇွက် ဇွက် ဇွက်

အကြီးအကဲနှစ်ယောက်ထံမှ လက်ညိုးညွှန်ပြမှု တစ်ခုနှင့်အတူ ထိုမရေမတွက်နိုင်လောက်အောင် မြောက်များလွန်းသော ကြေးနီရောင်ဓားများက အနက်ရောင်ဝတ်စုံနှင့် လူများထံသို့ မုန်တိုင်းကြီးတစ်ခုအလား တိုးဝင်သွားလေသည်။

ထိုမြင်ကွင်းက ကြီးမားသောတွင်းကြီးထဲတွင် သတ္ထုမုန်တိုင်းတိုက်ခတ်သော ပုံစံနှင့် တူညီသည်။ သူတို့၏ခေါင်းဆောင်နှင့် အကြီးအကဲများကလည်း လမ်းကိုဦးဆောင်နေသောကြောင့် အခြားသော မူလအမရ ရွာသားများကလည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာနိုင်သည်။

သူတို့အားလုံးက အလွန်အမင်း အင်အားကြီးမားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က အင်ပါယာ သိုင်းနယ်မြေနှင့် အထက်တွင် ဖြစ်ကြလေသည်။ ထိုလူများက တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီးနောက် မြေအောက်ဝင်္ကပါ၏ သက်ရောက်မှုနှင့် ပေါင်းစပ်လိုက်သော် အနက်ရောင်ဝတ်စုံနှင့် လူများက ဆက်တိုက်ဆိုသလို နောက်ဆုတ်ရလေသည်။

ကြေးနီရောင်ဓားသွားတစ်ချက်က အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ လည်ပင်းကို ဖြတ်ပြေးသွားသည်။ သို့သော် ထိုလူကပင် မတုန့်ပြန်နိုင်သေးခင် ပါးလျသော အနီရောင် အစင်းကြောင်း တစ်ကြောင်းက ရုတ်တရက် ပေါ်လာလေပြီး သူ၏ခေါင်းက လွင့်ထွက်သွားလေသည်။

သေသွားသည့်တိုင်အောင် သူသည် မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူးသွားလေသည်။

ဝေါင်း

ထို့နောက် တစ်ချိန်ထဲလိုလိုပင် ဂူကြီးတစ်ခုလုံးက တုန်ခါလာသည်။ နဂါးသားရဲကလည်း ချက်ချင်းလိုလို ပြန်ထလာသည်။ ထိုနဂါးသားရဲက သူ၏ပါးစပ်ကြီးကို ဖြဲလိုက်ပြီး မီးတောက်များကို မှုတ်ထုတ်လိုက်ကာ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို ပြာဖြစ်သွားစေသည်။ ထိုအချိန်တွင် ထိုနဂါးသားရဲများက စတင်ကာ အသွင်ပြောင်းနေပြီဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်က စတင်ကာ ကွဲအက်သံများကို ထုတ်လွှတ်လာပြီး မြင်ကွင်းက ကြီးသထက် ကြီးလာသည်။ မည်းသထက်မည်းကာ သန်မာသထက် သန်မာလာသည်။ ပို၍များပြားသော နဂါးကြေးခွံများကလည်း ထွက်ပေါ်လာသေးသည်။

စွစ်

သို့သော် သိပ်မကြာခင် အချိန်တွင်ပင် ထိုကြေးခွံများအကြားမှ အနက်ရောင်မီးခိုး လှိုင်းလုံးများက ထွက်ပေါ်လာလေသည်။

မျက်တောင်တခတ် အချိန်အတွင်းတွင် နဂါးသားရဲများက လုံးဝ အသွင်ပြောင်းလဲ၍ ပြီးသွားသည်။ သူတို့၏ အရှိန်အဝါက အဆင့်အတန်းတစ်ခုသို့ တက်သွား၏။ သူတို့ဟာ ယခင်ကထက် ပို၍ အင်အားကြီးမားပြီး ကြောက်စရာကောင်းလေသည်။

အနက်ရောင်မီးခိုးများ အုပ်စိုင်း၍ ကြမ်းတမ်းသော မီးတောက်များ၏ လွှမ်းမိုးမှုကို ခံနေရချိန်တွင် နဂါးသားရဲများဟာ အနက်ရောင်ဝတ်စုံနှင့် လူများထံသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။

++++

အခန်း(၁၄၈၃)

ဘန်း

နဂါးသားရဲတစ်ကောင်က ခြေကို လွှဲယမ်းလိုက်သောအခါ တိုက်ပွဲ၏ အလယ်မှ လုဝူတစ်ပိုင်း နှစ်ယောက်က ကြောက်လန့်တကြား မျက်နှာဖြူဖျော့ရုံသာ တက်နိုင်သည်။ ထို့နောက် နံရံထဲသို့ ဝင်သွားလေသည်။

နဂါးသားရဲများသည် သန်မာလွန်းသောကြောင့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခန္ဓာကိုယ်ဟာ ကန်ချက် တစ်ချက်နဲ့တင် တစ်စစီ ကွဲထွက်ကုန်လေသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်လာသည်။ ကြယ်တာရာနွားချေးပိုးထိုး ကောင်များကလည်း သူတို့၏ အရှိန်အဝါကို စပြလေသည်။

နွားချေးပိုးထိုးကောင်များ၏ ကြယ်တာရာစွမ်းရည်အပေါ် ခုခံနိုင်စွမ်းရည်က အနက်ရောင် ဝတ်စုံနှင့် လူများကို ရင်ဆိုင်အန်တုရာတွင် သိပ်အသုံးမဝင်သလို မာရာမီးတောက်က ရှိနေသေးသော်လည်း ဒါဟာ သူတို့၏ တစ်ခုတည်းသော စွမ်းအင် မဟုတ်သေးပေ။ နွားချေးပိုးထိုးကောင်များ၏ ပါးစပ်က ဓားအများစုထက် ချွန်သည်။ ထို့ပြင် ထိုဓားများကိုပင် အလွယ်တကူ ကိုက်နိုင်သည်။ လူသားဆိုလျှင် ပို၍ပင် လုပ်နိုင်လေသည်။

ထိုနွားချေးပိုးထိုးကောင်များ အားလုံးက အဆင့်မြှင့်တင်ခြင်း ခံထားရသော ဆင့်ကဲပြောင်းလဲနိုင်သည့် သားရဲကောင်များဖြစ်နေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက သူတို့၏ အရေအတွက် အမြောက်အများကို သတ်ဖြတ်နိုင်ခဲ့သည့်တိုင်အောင် သူတို့၏ ခုခံသည့် ပစ္စည်းများပေါ်တွင် အပေါက်များ ကျန်နေရစ်ခဲ့သလို သူတို့၏ ခန္ဓာကိုယ်များတွင်လည်း အပေါက်များ ကျန်နေရစ်ခဲ့လေသည်။

အနက်ရောင်ဝတ်စုံနှင့် လူများက ခန္ဓာကိုယ် ပုံပျက်ပန်းပျက်ဖြစ်ပြီး မြေပြင်ပေါ် ပြုတ်ကျကြလေသည်။ ထိုအချိန်တွင် အမှောင်အရိပ်ပင့်ကူက အမှောင်ထုထဲမှနေ၍ တဖန်ထပ်ပြီး တိုက်ခိုက်ပြန်သည်။

ဇွက် ဇွက် ဇွက်

မရေမတွက်နိုင်သော ပိုးမျှင်ဖြူပေါင်းများစွာက ဂူတစ်ခုလုံးကို ဖြတ်သန်းကာ သွားလာနေလေပြီး သေစေနိုင်သော ထောင်ချောက်တစ်ခုကို ဖန်တီးပေးလေသည်။ အမျိုးမျိုးသော သိုင်းပညာရှင်များနှင့် အနက်ရောင်ဝတ်စုံနှင့် လူများက အချိန်မှီ မရှောင်ရှားနိုင်တော့ဘဲ ပင့်ကူမျှင်များ၏ လှီးဖြတ်မှုကို ခံရသည်။ တိုတောင်းသော ကာလအတောအတွင်းတွင်ပင် မူလအမရ ရွာသားများက အသာစီးရလိုက်သည်။

“ဟွန်း”

မူလအမရ ရွာခေါင်းဆောင်ကလည်း ဝါးဦးထုပ်နှင့် ခေါင်းဆောင်ကို တိုက်ခိုက်တော့မည့် အချိန်တွင် ရုတ်တရက် လူတိုင်း၏ နားထဲတွင် အေးစက်သောလှောင်သံကို ကြားလိုက်ရသည်။

“မင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပေါ့”

လူတိုင်း၏ အာရုံခံစားနိုင်သော ဝန်းကျင်အတွင်းသို့ အလွန်အမင်း သိပ်သည်းကာ စိတ်ဝိညာဉ်ကိုပင် အေးစိမ့်သွားစေလောက်သည့် စွမ်းအားတစ်ရပ်က ပေါက်ကွဲ၍ ဝင်ရောက်လာသည်။ ကျယ်ပြောသော စွမ်းအင်ကို ခံစားမိလိုက်သည်နှင့် မူလအမရ ရွာခေါင်းဆောင်နှင့် ရွာသားများ၏ မျက်နှာက ဖျော့တော့ကုန်သည်။

ဝါးဦးထုပ်နှင့် လူသုံးယောက်အပြင် လက်အောက်ငယ်သားများ အားလုံးက တက်ကြွသွားကြသည်။

ဘုန်း

သူတို့က မတုန့်ပြန်နိုင်သေးခင်မှာတင် လောကကြီးက ယမ်းခါသွားသည်။ ကြီးမားသော ရွှေရောင်လက်ကြီး တစ်ဖက်က ဂူနံရံထဲမှ ဖောက်ထွက်လာလေပြီး မူလအမရ ရွာသားများကို ရိုက်ချသည်။

“အား”

အော်ဟစ်သံများနှင့် စွမ်းအင်ပေါက်ကွဲသံများကြား ရွာသားများအားလုံးက အရုပ်ကြိုးပျက် လွင့်စင်ကုန်သည်။

လေထဲမှ နွားချေးပိုးထိုးကောင်များကလည်း ရွှေရောင်စွမ်းအင်နှင့် ထိတွေ့မိပြီး သေကုန်ကြသည်။ အများစုကမူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

သိမ်မွေ့နယ်မြေ

ဝမ်ချောင်သည် ထိုရွှေရောင်စွမ်းအင်နှင့် အလွန်ရင်းနှီးလေသည်။ ဒါဟာ သိုင်းပညာလောက၏ ထိပ်ဆုံးအဆင့်မှ အထွတ်အထိပ် စွမ်းအားဖြစ်လေပြီး မဟာဗိုလ်ချုပ်တိုင်း၏ စိတ်ကူးယဉ်အိမ်မက်မက်ရာ နေရာဖြစ်လေသည်။

ထိုအဆင့်ထိ ရောက်ရှိသွားပြီးနောက် လူတစ်ယောက်၏ စွမ်းအင်က လုံးဝပြောင်းလဲသွားပြီးသား ဖြစ်သည်။

ဒီလူက သမင်မျက်လုံး မျက်နှာဖုံးကို တပ်ထားတဲ့လူပဲ။

ဝမ်ချောင်၏ နှလုံးသားက အေးစိမ့်သွားသည်။ သူသည် ပြင်းထန်သိပ်သည်းလွန်းသော အန္တရာယ်ကို သိလိုက်သည်။

အဆုံးသတ်တွင် ရှောင်ရှား၍မရသော ကိစ္စက ဖြစ်လာသည်။ ဝမ်ချောင်သည် ထိုလူနှင့်ပတ်သတ်ပြီး တစ်ချိန်လုံး စိုးရိမ်နေခဲ့သည်။ သူဟာ မည်သည့်နေရာသို့ ရောက်နေခဲ့သနည်းဟု တွေးတောရ၏။ ဝါးဦးထုပ်နှင့် လူများက လေးစားဖွယ်ကောင်းသော်လည်း မျက်နှာဖုံးနှင့်လူကမူ ဝမ်ချောင်ကို အစစ်အမှန် ကြောက်ရွံ့စေသည်။

သူသည် အတက်နိုင်ဆုံး ထွက်သွားရန် လိုအပ်နေပြီဖြစ်သည်။ သို့မဟုတ်လျှင် ဒီနေရာတွင် အခွင့်အရေး ဆုံးရှုံးသွားရပေလိမ့်မည်။

တိုက်ပွဲစတင်ပြီးသည်မှာ ဘယ်လောက်မှပင် မကြာသေးပေ။ ဝမ်ချောင်ကမူ နွားချေးပိုးထိုးကောင်များအား ဘိုးဘေးငါးယောက် မဟာမိတ်ထံသို့ ပို့နိုင်ခဲ့ပြီး အမှောင်အရိပ် ပင့်ကူကလည်း သူ့ကို ကြောက်နေသည်။ နဂါးသားရဲများကလည်း အနက်ရောင်ဝတ်စုံနှင့် လူများကိုသာ အာရုံစိုက်နေ၏။

ထို့ကြောင့် ကြည့်ရှု့သူတစ်ယောက်အနေဖြင့် စတင်ခြင်းအားဖြင့် ဝမ်ချောင်သည် အလုံခြုံဆုံးလူဖြစ်လာသည်။

သို့သော် ထိုအခြေအနေဟာ ကြာကြာ မခံနိုင်ကြောင်း ဝမ်ချောင်က ကောင်းကောင်း နားလည်လေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက မူလအမရ ရွာသားများကို ရှုံးအောင်လုပ်ပြီးသည်နှင့် သူ့ကို ပစ်မှတ်ထားပေလိမ့်မည်။

“ပြေးတော့”

လေထဲတွင် အမည်မသိရသော စူးရှသည့် အော်သံက ထွက်လာသည်။ မူလအမရ ရွာသူကြီး၏ မျက်လုံးထဲတွင် အထိတ်တလန့်ဖြစ်သော အမူအရာက ပေါ်လာ၏။ သိသာစွာပင် သူမသည်လည်း သမင်မျက်လုံး သုံးလုံးပါသော မျက်နှာဖုံးနှင့်လူက ရောက်လာမည်ဟု မထင်ထားခဲ့ချေ။

ခြိမ်း

ဓားချီဟိန်းသံနှင့်အတူ ဖီးနစ်ငိုသံက ထွက်လာသည်။ ထိုအော်ကြွေးသံက စိုးရိမ်မှု၊ မသက်မသာ ဖြစ်စိတ်များနှင့် ပြည့်နှက်နေလေသည်။ မူလအမရ ရွာသူကြီး၏ လီဂါးနား ဓားတာအိုက တစ်ချက်လှည့်လိုက်သည်။ သူ၏စွမ်းအားကမူ ဖောင်းကြွလာလေရင်း သူမနှင့် တိုက်ခိုက်နေသော ဝါးဦးထုပ်နှင့် ခေါင်းဆောင်ကို ကြမ်းတမ်းလွန်းသော တိုက်ကွက်မျိုးဖြင့် ရိုက်ချလိုက်လေသည်။

“ဟား ဟား ဒီလိုအခြေအနေမျိုးမှာ ထွက်သွားချင်တယ်ဟုတ်လား။ မင်းမှာ အချိန်ရှိလို့လား”

ထိုအချိန်တွင် အဝါရောင်လည်စီး စစ်သည်တော်က ထူးဆန်းသော အပြုံးမျိုးကို ထုတ်ပြသည်။ တိုက်ပွဲက မစတင်ခင်က ထိုခေါင်းဆောင်သည် မူလအမရ ရွာသူကြီးကို ရင်ဆိုင်နိုင်ခြင်း မရှိမှန်း သိထားပြီးသားဖြစ်သည်။ ရွာသားများ၏ ဒီဂူပေါ် နားလည်မှုနှင့် အမျိုးမျိုးသော ထောင်ချောက်များကို ထိန်းချုပ်နိုင်စွမ်းရည်က ထွက်ပြေးရန် လွယ်ကူသည်။ သို့သော် ယခုမူ သူဟာ သူမကို ထွက်ပြေးခွင့် မပြုနိုင်တော့ပေ။

“တောင်တန်းတွေကိုမြှင့်တင် ပင်လယ်ပြင်ကိုကျော်လွန်”

ကြီးမားသော အဝါရောင်လည်စီး စစ်သည်တော်က သူ၏ ကြယ်တာရာ စွမ်းအင်များကို ပတ်ဝန်းကျင်မှ အနှံ့ယူဆောင် စုစည်းလိုက်ပြီးနောက် မူလအမရ ရွာသူကြီးထံသို့ ရိုက်ချပစ်လိုက်သည်။ သူသည် လီဂါးနား ဓားတာအိုကြောင့် ကိုယ့်ကိုယ်ကို အနာခံနေပြီး သူမကို ဆွဲထားလိုက်သည်။

မူလအမရ ရွာသူကြီးက အော်ဟစ်သည်။ ထိုအခိုက်အတန့်တွင် ခြောက်ခြားဖွယ်ကောင်းလွန်းသော အပြောင်းအလဲက ဖြစ်လာသည်။

မူလအမရ ရွာသားများ၏ အနောက်ဘက်ရှိ ဂူထဲမှ အလင်းက တစ်ချက်လက်သွားပြီးနောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ထွက်လာသည်။ ထိုလူသည် မျက်လုံးသုံးလုံးပါသည့် သမင်မျက်နှာဖုံးကို တပ်ထားပြီး လွန်ကဲလွန်းလောက်အောင် အေးစက်သော အမူအရာမျိုးနှင့်ဖြစ်သည်။

ဝုန်း

ထိုလူပေါ်လာခဲ့ခြင်းက စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ယင်နက်ဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေးနှင့် အခြားသော သိုင်းပညာရှင်များ အားလုံးကို အံ့အားတကြီး မျက်လုံးပြူးသွားစေသည်။ သူ၏စိတ်က ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားမိလိုက်သည်။

သမင်မျက်နှာဖုံးနှင့် ထိုလူက အလွန်ပြင်းထန်လွန်းသော ဖိအားကို လွှတ်ထုတ်ထားသည်။ သူတို့အားလုံးသည်လည်း အလွန်အမင်း သိပ်သည်းကာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ဆန္ဒကို ခံစားမိလိုက်သည်။ ထိုလူဟာ မည်သို့ပင်ပြောပြော ထိုသတ်ဖြတ်လိုစိတ်ဆန္ဒကတင် ဂူထဲမှ လူတိုင်းကို ပစ်မှတ်ထားနေပြီးသားဖြစ်သည်။

မျက်နှာဖုံးနှင့်လူ၏ မျက်လုံးက အေးစက်ပြီး အမိန့်ပေးလိုက်သည်။

“သူတို့အားလုံးကိုသတ် တစ်ယောက်မှ မကျန်စေနဲ့”

တခဏခန့်ကြာပြီးနောက် သူဟာ အဖြူရောင်ဝတ်စုံနှင့် မူလအမရ ရွာသူကြီးကိုသာ အာရုံစိုက်လိုက်သည်။

ဘုန်း

လူတိုင်းဟာ ပို၍မြင့်မားပြီး လျို့ဝှက်ဆန်းကြယ်သော နယ်မြေသို့ တက်ရမည့်လမ်းက ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်သိပ်သည်းလွန်းပြီး နေမင်းတမျှ ပူပြင်းသော စွမ်းအားတစ်ရပ်က ပေါက်ထွက်လာလေပြီး မျက်နှာဖုံးနှင့်လူ၏ ကိုယ်ထဲသို့ စီးဝင်သည်။

“အား”

အော်ငိုသံတစ်ရပ်က ထွက်လာသည်။ မူလအမရ ရွာသူကြီး၏ နို့နှစ်ဖြူရောင် လီဂါးနားဓားချီက ကြီးမားသော ရွှေရောင်လက်ကြီးကြောင့် ကွဲကြေသွားသည်။

မူလအမရ ရွာသူကြီးသည် အနောက်ဘက်သို့ ယိုင်ကျသွားပြီး ခြေခုနှစ်လှမ်း၊ ရှစ်လှမ်းခန့်အထိ ဆုတ်လိုက်ရသည်။ ဝါးဦးထုပ်နှင့်လူက ဒီအခြေအနေကို အခွင့်ကောင်းယူ၍ သူမကို တိုက်ခိုက်သည်။

ထိုအဖွဲ့အစည်းမှ အဖွဲ့ဝင်များအားလုံးက ရက်စက်သောသူများဖြစ်သည်။ သူတို့သည် အခြားသော သူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို အထင်သေးသည်။ အဆင့်အတန်းမြင့်မားသော သူကသာ လှုပ်ရှားပိုင်ခွင့် ရှိလေသည်။ ထို့ကြောင့် သမင်မျက်လုံး၊ မျက်နှာဖုံးနှင့်လူက အဆင့်အတန်း အမြင့်မားဆုံးဖြစ်သည်။ သူသည် အကြီးမြတ်ဆုံးသော အင်အားကို ပိုင်ဆိုင်ထားပြီး မာနအကြီးဆုံးသော စိတ်နေသဘောထားလည်း ရှိလေသည်။ သူဟာ လှုပ်ရှားသည်နှင့် တစ်ယောက်ယောက်က သူ့ကို ကူညီရဲပါက ဒါဟာ သူ့ကို အရှက်ခွဲခြင်းဖြစ်သည်။

“အဲ့ဒီရွာသူကြီးကို အရှင့်ဆီ လွှဲထားခဲ့လိုက်ပြီး ငါတို့က အခြားသူတွေကို သတ်ကြတာပေါ့။ ဘယ်သူကမှ ထွက်သွားခွင့်မရှိဘူး”

ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ မျက်ဝန်းက တောက်ပလာပြီး မူလအမရရွာသားများကို ကြည့်သည်။ ထို့နောက် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ဆိုးယုတ်သော လမ်းစဉ်လျှောက်သည့် သိုင်းပညာရှင်များကို ပြန်ကြည့်သည်။

ချွင် ချွင်

ပို၍များပြားသော လက်နက်များက အချင်းချင်း ရိုက်မိကြသည်။ အော်ဟစ်သံများကလည်း ထွက်ပေါ်လာသည်။ မူလအမရ ရွာသားများက ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်။

လုဝူတစ်ပိုင်းများနှင့် အနက်ရောင်မီးတောက် အဇူရာများကလည်း ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းလမ်းကြောင်းမှ သိုင်းပညာရှင်များကို တိုက်ခိုက်ကြသည်။

“မင်းတို့ဘာလုပ်တာလဲ”

“မျိုးမစစ်ကောင် အနက်ရောင်ဝတ်စုံနဲ့ လူတွေကိုသတိထား”

အော်ဟစ်သံများက ထွက်ပေါ်လာသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အနက်ရောင်ဝတ်စုံနဲ့ လူများနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သဘာဝအလျောက်ပင် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားလေရာ ထိတ်လန့်မနေခဲ့ချေ။ သို့သော် ဘိုးဘေးငါးယောက် မဟာမိတ်မှ လူများကမူ ပြင်ဆင်ထားကြခြင်းမရှိပေ။

“ဒါကပြဿနာပဲ။ ဂူထဲမှာ တိုက်ခိုက်တာက ငါတို့အားလုံးကို ဒုက္ခရောက်စေလိမ့်မယ်။ ငါတို့ရဲ့ အနောက်ဘက်မှာလည်း မျိုးဆက် ခြောက်ဆက်လုံးက အလောင်းကောင်တွေ ရှိနေသေးတယ်။ ဒီအလောင်းကောင်တွေက သူတို့ကိုယ်ပိုင် လှုပ်ရှားတဲ့ဝန်းကျင်ကို သတ်မှတ်ထားတာ။ ဒီတော့ ဂူထဲမှာ တိုက်ခိုက်တာက သူ့ကိုအလန့်တကြား ဖြစ်သွားစေလောက်တယ်။ ငါတို့ရဲ့ အခြေအနေက ပိုဆိုးလာမှာ”

အထီးကျန်တိတ်ဆိတ် ဘိုးဘေးက စိုးရိမ်တကြီးပြောသည်။ ဝမ်ချောင်နည်းတူ သူသည်လည်း မူလအမရ သိုင်းဆက်ခံသူ၏ တိုက်ခိုက်နိုင်သော ဝန်းကျင်ထဲတွင် ရှိနေသေးသည်။

မူလအမရသိုင်း ဆက်ခံသူဟာ အင်အားကြီးမားလွန်းသည်။ ယခုအခါ သူသည် တစ်ဖက်သူ၏ တိုက်ခိုက်သော ဝန်းကျင်ထံသို့ ရောက်ရှိနေလေသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကဲ့သို့ လေးစားဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသူကပင် ထွက်ပြေးနိုင်စွမ်းအား မရှိပေ။

အနက်ရောင်ဝတ်စုံနဲ့ လူများကလည်း ဂူထဲတွင် အလုံးအရင်းဖြင့် စတင်ကာ သတ်ဖြတ်နေသည်။ ထို့ကြောင့် ကြယ်တာရာ နွားချေးပိုးထိုးကောင်များ၏ တိုက်ခိုက်ခံရနိုင်ချေကလည်း ရှိနေသေးပြန်၏။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏စိတ်က လည်ထွက်နေသည်။

သူသည်လည်း အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ စကားက မှန်ကန်ကြောင်း နားလည်သည်။ သူသည် တစ်ဖက်သူထက်ပင် ပို၍ စိုးရိမ်သေးသည်။ မည်သို့ပင်ဆိုစေ အနက်ရောင်ဝတ်စုံနှင့် လူများက သူ့ဆီ လိုက်လာခြင်းဖြစ်သည်။

“မစိုးရိမ်နဲ့။ ငါ့မှာ ဖြေရှင်းချက်ရှိတယ်။ ခဏနေရင် ငါအခွင့်အရေးကို မြင်တာနဲ့ ချက်ချင်း ထွက်ပြေးကြတာပေါ့။ ဒါပေမဲ့ အခွင့်အရေးက တစ်ခုပဲရှိတာနော်။ အဲ့ဒီရွှေရောင်မျက်နှာဖုံးနဲ့လူ အားသွားတာနဲ့ ငါတို့ထဲက ဘယ်သူကမှ လွတ်တော့မှာမဟုတ်ဘူး”

ဝမ်ချောင်က အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ သူ၏စကားလုံးများက တစ်ဖက်သူကို အံ့ဩစေသည်။

“သခင်လေးဝမ်က ဘာကိုဆိုလိုတာလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏အခြေအနေက အလွန်အမင်း အန္တရာယ်များသည်။ အခြားသောလူတိုင်းက တိုက်ခိုက်နေကြချိန်တွင် သူတို့နှစ်ယောက်ကမူ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေရသည်။

မတိုက်ခိုက်လျှင် အဆင်ပြေသည်။ သို့သော် လူတိုင်းက တိုက်ခိုက်နေပြီး သူတို့နှစ်ယောက်တည်းက ရပ်နေသောအခါ ထူးဆန်းသွားသည်။

ဝမ်ချောင်က တိုက်ပွဲတစ်ခုလုံးကို အကဲခတ်ကြည့်သည်။ သူ၏မျက်လုံးက ဝါးဦးထုပ်နှင့်လူများထဲမှ တစ်ယောက်ထံသို့ ရောက်သွားသည်။ တစ်ဖက်သူက ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို သတ်ဖြတ်နေခြင်းဖြစ်သည်။

“သူပဲ”

သူ၏မျက်လုံးက ကြမ်းတမ်းသောအလင်းဖြင့် တောက်ပလာသည်။ သိပ်မကြာခင် အချိန်တွင် စိတ်စွမ်းအင် အားလှိုင်းတစ်ရပ်က ဝါးဦးထုပ်နဲ့ လူ၏စိတ်ထဲသို့ ဝင်ရောက်သွားသည်။ ဝမ်ချောင်၏ စိတ်စွမ်းအင်က အင်အားကြီးမားလွန်းသဖြင့် ထိတွေ့ကိုင်တွယ်၍ ရလောက်အောင် ပုံသဏ္ဍန်ပင် ပေါ်နေပြီဖြစ်သည်။ ထို့ကြောင့် သိမ်မွေ့နယ်မြေ အဆင့်အောက်မှ မည်သည့် ကျွမ်းကျင်ပညာရှင်ကမှ ရင်မဆိုင်နိုင်ချေ။

ဝါးဦးထုပ်နှင့်လူကပင် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ရင်မဆိုင်နိင်ပေ။

++++

အခန်း(၁၄၈၄)

တတိယမြောက် ဝါးဦးထုပ်နဲ့လူက မဟာခြေလှမ်းကွက်သိုင်းကို ထုတ်သုံး၍ ထိုဂူထဲတွင် လျှင်မြန်စွာ ရွေ့လျားသွားလာနေရင်း ချောမွေ့စွာဖြင့် တိုက်ခိုက်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်မှ ဘိုးဘေးငါးယောက် မဟာမိတ်၏ အကြီးအကဲများကမူ ထိန်းထားနိုင်ရုံသာ တက်နိုင်သည်။

“သေစမ်း ဒီကောင်က မြန်လွန်းတယ်။ ဒီတိုင်း ဆက်ဖြစ်နေရင် ငါတို့အားလုံးသေတော့မှာ”

ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲများက စိုးရိမ်မှုဖြင့် ရူးသွပ်မတက် ဖြစ်နေကြချိန်တွင် ရုတ်တရက်

ဘုန်း

သူတို့၏ အရှေ့ဘက်ရှိ လေဟာနယ်ထဲမှ ပေါက်ကွဲသံက ထွက်ပေါ်လာပြီး လူတစ်ယောက်၏ ညဉ်းညူသံကို ကြားရသည်။

ထိုနေရာတွင် တတိယမြောက် ဝါးဦးထုပ်နှင့်လူက ပြုတ်ကျလာလေသည်။ ဝမ်ချောင်၏ အပြင်းထန်ဆုံး ရိုက်ချက်က တတိယမြောက် ဝါးဦးထုပ်နှင့်လူကို ပေါ်ထွက်လာစေလိုက်ပြီး သူဟာ ဒုက္ခများသွားစေသည်။

ဝါးဦးထုပ်နဲ့လူက ဝင်ပေါက်နားတွင် ရပ်နေသော ဝမ်ချောင်ရှိရာဘက်သို့ ခက်ထန်စွာ လှည့်ကြည့်သည်။

“ဟွန်း အရှိန်အဝါကြီးမြတ်တဲ့ နတ်ဘုရား အဖွဲ့အစည်းက တကယ်တော့ ဘာမှလည်း မဟုတ်ပါလား”

ဝမ်ချောင်၏ စကားကြောင့် တတိယမြောက် ဝါးဦးထုပ်နှင့်လူက ဒေါသထွက်သွားသည်။

သူတို့၏ အဖွဲ့အစည်းက အမြဲတစေ လျို့ဝှက်ဆန်းကြယ်သည်။ သဲလွန်စများကိုလည်း မချန်ထားတတ်ချေ။ ထို့ကြောင့် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ကဲ့သို့ သိုင်းပညာလောကမှ ပုဂ္ဂိုလ်ကြီးများကပင် ထိုတစ်ယောက်ကို မသိကြပေ။ သို့သော် ဝမ်ချောင်ကမူ သူတို့၏နာမည်ကို ထုတ်ပြောလိုက်သည်။ သူထုတ်ပြောသောနာမည်က သူတို့၏ အစစ်အမှန်နာမည် မဟုတ်သော်လည်း သူတို့၏ အဖွဲ့အစည်းကို ရည်ညွှန်းသည့် နာမ်စားတစ်ခုဖြစ်နေသည်။

“သိမ်မွေ့နယ်မြေက ကျွမ်းကျင်ပညာရှင် တစ်ယောက်က အခြားလူတွေနဲ့ပေါင်းပြီး အမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်နေတယ်တဲ့။ အရှက်မဲ့လိုက်တာ”

ဝမ်ချောင်က ထိုသို့ပြောပြီး ငွေရောင်ဝတ်စုံဝတ်ထားပြီး ရွှေရောင်မျက်နှာဖုံး တပ်ထားသော မူလအမရ ရွာသူကြီးကို လှမ်းကြည့်လိုက်သည်။ သူမဟာ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို မပေါ်အောင် လက်ကျယ်သော ဝတ်စုံမျိုးကို ဝတ်ဆင်ထားသော်လည်း သူမ၏ အေးစက်ကာ ထောင်လွှားသော ပြုမူပုံနှင့် အသံကတစ်ဆင့် သူမ၏ လိင်အမျိုးအစားကို သိနိုင်သည်။

“ကောင်စုတ်လေး မင်းက လျှာထက်တာပဲ။ ဒါပေမဲ့ မင်းအများကြီး စိုးရိမ်စရာ မလိုပါဘူး။ ငါဒီကောင်တွေ အားလုံးကို သတ်ပြီးတာနဲ့ မင်းကိုလာပြီး ကိုင်တွယ်ပေးမယ်”

တတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ မျက်လုံးက အေးစက်သောအလင်းဖြင့် တောက်ပသွားသည်။ သူ၏ခန္ဓာကိုယ်က မှိတ်တုပ်မှိတ်တုပ်နှင့် လင်းလက်လာပြီးနောက်တွင် ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲ တစ်ယောက်၏ တိုက်ကွက်ကို ရှောင်လိုက်သည်။

ခြိမ်း

ကြယ်တာရာစွမ်းအင်က ပေါက်ကွဲသွားသည်။ သူ၏ ခြုံလွှာက ဖြတ်ကနဲ ယမ်းသွားပြီး တခဏခန့်ကြာပြီးနောက် သူဟာ ခြင်တစ်ကောင်ကဲ့သို့ ပျောက်သွားလေသည်။

ချွင် ချွင် ချွင်

တတိယမြောက် ဝါးဦးထုပ်နှင့်လူက ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားလာသည်။ တခဏခန့်ကြာပြီးနောက် ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲ သုံးယောက်က နောက်သို့ တွန်းထုတ်ခံရသည်။ သူတို့၏ ရင်ဘက်၊ လက်မောင်းနှင့် ပေါင်မှ သွေးများစီးကျနေသည်။ သူတို့သုံးယောက်လုံးက အတူတကွ ပူးပေါင်းခဲ့သည့်တိုင်အောင် ထိုလူကို ဘာမှမလုပ်နိုင်ခဲ့ပေ။

မဟာခြေလှမ်းကွက်သိုင်းက ဝမ်ချောင်၏ ရွေ့လျားမှုသိုင်းကွက်ထက် ပို၍မြန်ဆန်သည်။ သူ၏ စိတ်စွမ်းအားမှ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သော အဆင့်ကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင်ကပင် တတိယမြောက် ဝါးဦးထုပ်နှင့်လူကို ဖမ်းမိနိုင်လောက်မည် မဟုတ်ပေ။

“ဟွန်း အဲ့ဒီလောက် မရိုးရှင်းဘူး”

ဝမ်ချောင်က ဝါးဦးထုပ်နှင့်လူ၏ အာရုံကို ခက်ခက်ခဲခဲ ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည်လည်း ရိုးရှင်းစွာပင် ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲများကို ဆက်လက်ပြီးကိုင်တွယ်၍ နောက်ပိုင်းမှ သူ့ဆီလာရန် အခွင့်အရေး မပေးနိုင်ချေ။

စစ်ပွဲတွင် အရှိန်နှုန်းက အရေးကြီးသည်။ သမင်မျက်လုံးနှင့်လူက အားသွားသည်နှင့် အခြားသော အကြံအစည်များကိုထုတ်ရန် နောက်ကျသွားပေလိမ့်မည်။

မင်းက မတိုက်ခိုက်ချင်ဘူးဆိုမှတော့ ငါက တွန်းအားပေးရတော့မှာပေါ့။

ဝမ်ချောင်က စိတ်ဆုံးဖြတ်လိုက်သည်။

အန္တရာယ်များသော အပူထဲတွင် လူတိုင်းကလည်း ရေခဲအလွှာပါးပါးပေါ် ရပ်နေရသကဲ့သို့ ဖြစ်နေကြသည်။ ဝမ်ချောင်သည်သာ အရင်ဦးဆုံး ပစ်မှတ်ထားခံချင်နေခြင်းဖြစ်သည်။

တတိယမြောက် ဝါးဦးထုပ်နှင့်လူက ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲ သုံးယောက်ကိုသာ အာရုံစိုက်ထားပြီး မဟာခြေလှမ်းကွက်သိုင်းကို အကန့်အသတ်သို့ ရောက်သည်အထိ ထုတ်သုံးထားသည်။ ထိုသို့ဖြင့် သူ၏ဆေဘာ ဓားချက်ဖြင့် သေစေနိုင်သော ထိုးနှက်ချက်များကို ထုတ်ဖော်နေလေသည်။ ထိုအခိုက် အကြီးအကဲများ၏ နားထဲသို့ အသံတစ်သံဝင်လာသည်။

“ခမ်းနေရာ ရှစ်ပေ နဂါးကိုဖမ်းပြီး ကျားကိုသိမ်းသွင်း”

“လီနေရာ ခြောက်ပေ နဂါးကိုပြန်လွှတ်ပြီး ဖီးနစ်ကိုပြောင်း”

“ခမ်းနေရာ ကိုးပေ တောင်ပေါ်တက်ပြီး ပျံလွှားငှက်ကိုဖမ်း”

“ကျန်းနေရာ လေးပေ ပျံလွှားငှက်က ကျော့ရှင်းကြည့်ကောင်းစွာနဲ့ ဆင်းသက်လာပြီ”

“သူပဲ”

ဘိုးဘေးငါးယောက် မဟာမိတ်မှ အကြီးအကဲသုံးယောက်ကက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ သူတို့သည်လည်း အသံပိုင်ရှင်က မိစ္ဆာဧကရာဇ်၏ တပည့်ဖြစ်မှန်း တန်းသိလိုက်သည်။

ဘိုးဘေးငါးယောက် မဟာမိတ်သည် မိစ္ဆာဧကရာဇ်နှင့် ရေနှင့်မီးကဲ့သို့ဖြစ်သည်။ ယင်နက်ဘိုးဘေးကလည်း မကြာခဏဆိုသလို သူ၏တပည့်များကို ဒုက္ခပေးတတ်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ချောင်က သူတို့ကို ကူညီရန် ရွေးချယ်ခဲ့သည်။ ထိုအခြေအနေက အကြီးအကဲသုံးယောက်အား စိတ်ရှုပ်သွားစေပြီး မသက်မသာ ဖြစ်သွားစေသည်။

သို့တိုင်အောင် သူတို့၏ ခန္ဓာကိုယ်ကမူ ဝမ်ချောင်၏ အကြံအတိုင်း အလိုအလျောက် လုပ်မိသွားသည်။

ဘုန်း ဘုန်း ဘုန်း

တခဏခန့်ကြာပြီးနောက် တိုက်ပွဲက ရုတ်တရက် အပြောင်းအလဲဖြစ်သွားသည်။

ထိုသုံးယောက်က ဝမ်ချောင်၏ အမိန့်ကတစ်ဆင့် သေစေနိုင်သော ထိုးနှက်ချက်များကို တားနိုင်ရုံသာသေးလေဘဲ တစ်ဖက်သူကိုပင် ကျဉ်းထဲကြပ်ထဲရောက်အောင် ဖိနှိပ်လိုက်နိုင်သည်။

တတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ အကြီးမားဆုံး အားသာချက်က သူ၏ မဟာခြေလှမ်းကွက်သိုင်းဖြစ်သည်။ ထိုသိုင်းကို ရင်ဆိုင်ရသည်နှင့် သူ၏ ခြိမ်းခြောက်နိုင်စွမ်းရည်က ထိုးတက်သွားနိုင်သည်။

“ရွှမ်နေရာ ဆယ်ပေ ခြောက်လက်မ တောင်တန်းကို ထိုးဖောက်ခြင်း”

ဝမ်ချောင်က နောက်ထပ် အမိန့်တစ်ခုကို ထုတ်အော်ပြန်သည်။ ဆေဘာက အလင်းတစ်ချက် လက်ပြီးနောက် အဝတ်၏ စုတ်ပြဲသံက ထွက်ပေါ်လာသည်။ တတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ ပုခုံးမှ သွေးများပန်းထွက်လာ၏။ သူ၏မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး နောက်သို့ဆုတ်သည်။

“မျိုးမစစ်ကောင် မင်းက သေချင်နေမှတော့ ငါမင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်”

ဝါးဦးထုပ်နှင့်လူက တစ်ဖက်သို့လှည့်ပြီး ဝမ်ချောင်ကို စူးရဲစွာ စိုက်ကြည့်သည်။ သူ၏မျက်နှာတွင် တင်းမာသော မျက်နှာထားကို ထုတ်ပြထားသည်။

ဝမ်ချောင်သည် ဘိုးဘေးငါးယောက် မဟာမိတ်ကို အသုံးပြု၍ ရိုးရှင်းသည့် အခြေခံအကျဆုံး နည်းလမ်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဘိုးဘေးငါးယောက် မဟာမိတ် အထူးတလည် သိုင်းများကိုလည်း အသုံးမပြုခိုင်းထားပေ။ ထို့ကြောင့် အကြီးအကဲများကလည်း အသုံးပြုရန် ခက်ခဲနေမည်မဟုတ်ပေ။

ဝမ်ချောင်ကသာ ဆက်လက်ပြီး အော်ဟစ်နေပါက အကြီးအကဲနှစ်ယောက်ကို သတ်ရန်မဆိုထားဘိ ဝါးဦးထုပ်နှင့်လူ ကိုယ်တိုင်ကပင် သူ၏ အသက်ကို ထိန်းထားနိုင်မည်ဟု မသေချာတော့ချေ။

ဘုန်း

မျက်လုံးထဲမှ ကြမ်းတမ်းသော အလင်းနှင့်အတူ တတိယမြောက် ဝါးဦးထုပ်နှင့်လူက ဝမ်ချောင်ကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်သည်။ ထို့နောက် ရုတ်တရက် ပျောက်သွားသည်။

အရိပ်ထဲမှ ဘာကိုမှ မမြင်နိုင်သော်လည်း ဝမ်ချောင်ကမူ သိပ်သည်းသော စွမ်းအင်များကို တွေ့လိုက်သည်။ ထိုစွမ်းအင်များက ရူးသွပ်မတက် ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းလွန်းနေကာ လျှင်မြန်စွာ ချဉ်းကပ်လာသည်။

“ငါးစာဟပ်လိုက်ပြီ”

ဝမ်ချောင်၏နှုတ်ခမ်းတွင် ကျေနပ်သောအပြုံးက ပေါ်လာသည်။

ဘုန်း

ဝါးဦးထုပ်နဲ့လူက ခြောက်ပေ၊ ခုနှစ်ပေခန့်အကွာတွင် ရောက်လာသောအခါ ဝမ်ချောင်က စိတ်စွမ်းအင်များ အားလုံးကို အသုံးပြု၍ ထိုလူ၏စိတ်ထဲသို့ စူးရှသော ဓားတစ်ချောင်းကဲ့သို့ ထိုးသွင်းပစ်လိုက်သည်။ ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်များက သူ၏စိတ်ထဲကို ရိုက်ချလိုက်လေပြီး အစစ်အမှန် ပုဆိန်ဖြင့် ခုတ်သကဲ့သို့ သက်ရောက်မှု ရှိသွားစေသည်။ ဝါးဦးထုပ်နှင့်လူက ကြယ်လများ မြင်သွားသည်။

သူသည်လည်း သူ၏ အကြီးမားဆုံး စိတ်စွမ်းအင်ကိုသုံးပြီး ဝမ်ချောင်ကို ချက်ချင်းသတ်ရန် ပြင်ဆင်ထားသည်။ သို့သော် ဝမ်ချောင်၏ ဝင်ရောက်နှောက်ယှက်မှုက သူ့အား ဒေါသထွက်သွားစေပြီး အကြံအစည် ပြောင်းသွားသည်။

သူဟာ လက်ကောက်ဝတ်ကို ခါလိုက်သည်။ ထို့နောက် ကြယ်တာရာစွမ်းအင် ဆူနာမီမုန်တိုင်းကဲ့သို့ မြောက်များလွန်းသော ကြယ်တာရာစွမ်းအင်များနှင့် ရစ်ပတ်ထားသော အနက်ရောင် ဆေဘာဓားကောက် တစ်ချောင်းက ပေါ်လာလေသည်။

ထိုဆေဘာဓားကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် လွှဲယမ်းနေပြီး ဝမ်ချောင်ရှိရာ နေရာသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။ သူ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီးနောက် ဆေဘာအပေါ်သာ အာရုံစိုက်ထားလိုက်သည်။

သုံး နှစ် တစ်

ဝမ်ချောင်က ရေတွက်ကြည့်သည်။ သူဟာ တစ်သို့ရောက်သည်အထိ ရုတ်တရက် အော်လိုက်သည်။

“အထီးကျန်တိတ်ဆိတ်ဘိုးဘေး အခုပဲ”

ဝမ်ချောင်က နောက်ထပ်တစ်ခွန်း ထပ်မပြောတော့ချေ။ သူသည် လေဟာနယ် ရွေ့လျားမှုသိုင်းကို ချက်ချင်းထုတ်သုံးပြီး ဘယ်ဘက်သို့ ခုန်ရှောင်သည်။

သူ၏ ခြေထောက်အောက်ခြေမှနေ၍ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာလေပြီး သူ၏ အနောက်ဘက်မှ လမ်းကြောင်းတောက်လျှောက် စီးဝင်သွားကာ အဆုံးသတ်လေးခု သိုင်းအရှင်၏ အလောင်းကိုပင် လွင့်ထွက်သွားစေသည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်သော ဆေဘာက ဝမ်ချောင်ကိုကျော်ဖြတ်၍ အစိမ်းရောင် မြူထဲသို့ ဝင်သွားသည်။

ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံက ဖြစ်ပေါ်လာသည်။ မြူထဲမှ ရွှေရောင်အလင်းတန်းက ပေါက်ထွက်လာ၏။ ကြီးမားလွန်းသော ရွှေရောင် သံလိုက်အိမ်မြောင်ကြီးက မျက်စိကြိမ်းမတက် တောက်ပကာ ခမ်းနားထည်ဝါစွာနှင့် ရုတ်တရက် ထပေါ်လာရင်း မှင်သက်ဖွယ်ကောင်းသော ရိုက်ချက်ကို တားလိုက်သည်။

ရွှေရောင်သံလိုက်အိမ်မြောင်ကို မြင်သည်နှင့် တတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ အလွန်အမင်း သိပ်သည်းလွန်းသော အန္တရာယ်က သူ့ကို လွှမ်းခြုံလိုက်ကြောင်း သိလိုက်သည်။

ဝုန်း

မင်းမူနိုင်စွမ်းအား ပြင်းထန်လွန်းသည့် ပုံရိပ်တစ်ခုက အဆုံးအစမဲ့သော စွမ်းအားများနှင့်အတူ ဂူထဲမှ အလွန်အမင်း မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့်အတူ ထွက်လာသည်။

သို့ရာတွင် ဂူထဲမှ ပေအနည်းငယ်အထိသာ ထွက်လာပြီးနောက် ရုတ်တရက် မမြင်ရသော အရန်အတားဖြင့် ရိုက်မိသွားသလို ရပ်သွားသည်။ သူ၏ကိုယ်က ရပ်သွားသလို ထိုလူ၏ တိုက်ကွက်ကမူ ရှေ့သို့ တိုးဝင်လာသေးသည်။

ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်က နေမင်းထံမှ ထွက်ပေါ်လာသော မီးတောက်ထက် မရေမတွက်နိုင်လောက်အောင် မြောက်များသော အဆပေါင်းများစွာအထိ ပူပြင်းလွန်းနေလေသည်။ ထိုကဲ့သို့သော စွမ်းအင်က တတိယမြောက် ဝါးဦးထုပ်နှင့်လူကို ရိုက်ချသည်။

စွမ်းအင်ကြောင့်ဖြစ်သော တိုက်ကွက်က ဝမ်ချောင်ကို ပိတ်လှောင်ထားရာမှ တတိယမြောက် ဝါးဦးထုပ်နှင့် လူထံသို့ ရွေ့သွားခဲ့ခြင်းဖြစ်သည်။

စွစ် စွစ်

မူလအမရသိုင်း၏ ခြောက်ဆက်မြောက် မျိုးဆက်မှ ဆက်ခံသူ၏ ရုတ်တရက် ပေါ်ပေါက်မှုက ဂူကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

ဝမ်ချောင်ကသာ မလှုပ်ရှားဘဲ ငြိမ်နေသည်။

သူသည် ဝင်ပေါက်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆက်ခံသူက ပေါ်လာသည်နှင့် ခြောက်ပေဝန်းကျင် အကြားမှ ကွာဟချက်တစ်ခုက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ နှလုံးသားက စိတ်လှုပ်ရှားပြီး ခုန်လှုပ်လာသည်။

“အခုပဲ”

သူ၏ကြယ်တာရာစွမ်းအင်က ဝုန်းကနဲဖြစ်လာသည်။ ဝမ်ချောင်က လေဟာနယ် ရွေ့လျားမှုသိုင်းကို ထုတ်သုံးလိုက်ပြီး ထိုခြောက်ပေကွာဟချက်ကတစ်ဆင့် ဂူပေါက်ထံသို့ပြန်လိုက်သည်။

သူဟာ ထိုသို့ပြန်လိုက်သည်နှင့် ဝမ်ချောင်သည်လည်း သူ၏မျက်ဝန်းထောင့်ကတစ်ဆင့် ခြောက်ယောက်မြောက် ဆက်ခံသူ၏ အနောက်ဘက်မှ ရွှေရောင်အလင်းတန်းက ဂူ၏ မျက်နှာကျက်ထံသို့ တစ်ဖြောင့်တည်း ပစ်ခတ်လိုက်ကြောင်း မြင်လိုက်ရသည်။

ထိုသို့ဖြင့် အလင်းတိုင်များအတွင်းမှ မိုးမျှော်ရွှေရောင်ကျောင်းဆောင်ကြီးက ခမ်းနားထည်ဝါစွာနှင့် ပေါ်လာသည်။

သူက တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ဝမ်ချောင်သည်လည်း ထိုကျောင်းဆောင်တွင် (၁၂)ထပ်ရှိကြောင်း တစ်ထပ်ချင်းစီတိုင်းက မတူညီသော စွမ်းအားတစ်မျိုးစီတိုင်းကို ပိုင်ဆိုင်ထားကြောင့် မြင်လိုက်ရသည်။ ခြုံငုံပြောရသော် ထိုအဆောင်က အလွန်အမင်း ထူးခြားသော ခံစားချက်ကို ပေးလေသည်။ တစ်ထပ်ချင်းစီတိုင်းက ကြားခံနယ်မြေတစ်ခု ရှိနေသကဲ့သို့ ဖြစ်သည်။

သူသည် နှစ်ဘဝလုံး ရှင်သန်နေထိုင်ခဲ့ဖူးသော်လည်း ထိုကဲ့သို့ နက်နဲကာ တွေးတောရန် ခက်ခဲသည့် သိုင်းမျိုးကို မမြင်ဖူးသေးချေ။

“ဒါက ဒါက ကောင်းကင်ဘုံ (၃၂)ထပ်ပဲ”

ရုတ်တရက် သူ၏အတူ လျှောက်လမ်းထဲသို့ ဝင်ရောက်လာခဲ့သော အထီးကျန်တိတ်ဆိတ်ဘိုးဘေးထံမှ အလန့်တကြား အော်သံက ထွက်လာသည်။ သူသည်လည်း ထိုအရာကို မှတ်မိလိုက်ပုံပေါ်သည်။ (ကောင်းကင်ဘုံ (၃၂)ထပ်က စစ်ပွဲထဲမှာ အဇူရာတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက်တတ်တယ်ဆိုတဲ့ နတ်ဘုရားကဲ့သို့ ဖြစ်တည်မှုတွေဖြစ်တဲ့ နတ်ဆိုး (၃၃)ပါး နေထိုင်ရာနေရာ)

+++

အခန်း(၁၄၈၅)

“မြန်မြန် သူတို့တွေ သိပ်မကြာခင် ဒီလမ်းကနေလာလိမ့်မယ်”

ဝမ်ချောင်က ခပ်တိုးတိုးပြောသည်။ သူသည် မျိုးဆက် ခြောက်ဆက်မြောက် အလောင်းကောင်ထံမှ အကြည့်လွှဲလိုက်ပြီး အရှေ့ဘက်သို့ ဦးတည်သွားသည်။

မျက်လုံးသုံးလုံး သမင်မျက်နှာဖုံးနှင့်လူက တိုက်ပွဲနယ်မြေကို ထိန်းချုပ်၍ ပြီးသွားပြီဖြစ်သည်။ ဝမ်ချောင်က တစ်ဖက်မှ ဆက်ခံသူကို ထိန်းရန်အလို့ဌာ တတိယမြောက် ဝါးဦးထုပ်နှင့်လူကို သုံးထားသော်လည်း တတိယမြောက် ဝါးဦးထုပ်နှင့် လူကလည်း ဒီအခွင့်အရေးကြောင့် အတွင်းသို့ လိုက်ဝင်နိုင်လေသည်။

ထိုနှစ်ဖက်လုံးက ဝမ်ချောင်ကို ရန်လိုကြသည်။ ထို့ကြောင့် သူ့ကိုလိုက်ဖမ်းကြသည်နှင့် သူ၏ လက်ရှိ အခြေအနေအရ သေဆုံးရပေလိမ့်မည်။ သူ့ရှင်သန်နိုင်ချေကို မြှင့်တင်ရန်အလို့ဌာ ရှေ့သို့သာ ဆက်သွားရပေလိမ့်မည်။ ဒီနည်းအားဖြင့် သူနှင့် မျက်နှာဖုံးနှင့်လူအပြင် တစ်ဖက်မှ မျိုးဆက်ခြောက်ဆက်မှ ဆက်ခံသူအကြားမှ အကွာအဝေးကို ခြားထားရပေမည်။ ဒီနည်းအားဖြင့် အသက်ရှုချောင်နိုင်သည်။

အကောင်းဆုံး ရလဒ်ကမူ မူလအမရသိုင်းကို ရှာဖွေပြီး ခပ်မြန်မြန် ထွက်သွားခြင်းဖြစ်သည်။

လေပြင်းက သူ့ကို ဖြတ်တိုက်သွားသည်။ သိပ်သည်းသော အစိမ်းရောင်မြူများက ပတ်ဝန်းကျင်အနှံ့ ပြည့်သွားသည်။ တဖြည်းဖြည်းနှင့် သူဟာရှေ့သို့ ဆက်သွားနေရင်းမှ တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း ခံစားမိလာသည်။

ထိုဂူက အခြားသောဂူများနှင့် ခြားနားပုံရသည်။ အကြမ်းထည် တူးထုတ်ထားခြင်းဆိုသည်ထက် သူ၏ခြေထောက် အောက်ဘက်ကကို သန်မာသော အုတ်များဖြင့် တည်ဆောက်ထားသလို ဖြစ်နေသည်။

တစ်ဖက်တစ်ချက်ရှိ နံရံများကလည်း သာမာန်ကျောက်သားများ မဟုတ်တော့ဘဲ သတ္ထုများဖြစ်လာသည်။ အစိမ်းရောင်မြူများအကြားတွင် ဝမ်ချောင်ဟာ ဖျော့တော့သင့်ပျံ့သော စန္ဒကူးရနံ့ကို ရလိုက်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း မည်သည့် အချိန်ကမှန်းမသိ ပျောက်သွားသည်။ ဝမ်ချောင်ဟာ သူ၏စိတ်စွမ်းအင်ကို ပို့လွှတ်ထားသလို တစ်ဖက်သူ၏ တည်နေရာကို မရှာတွေ့တော့ချေ။

ထားလိုက်တော့ ငါထွက်ပေါက်ကို မြန်မြန်ရှာရမယ်။

ဝမ်ချောင်က အာရုံစူးစိုက်ပြီး တွေးလိုက်သည်။

မရေမတွက်နိုင်သော အတွေးပေါင်းများစွာက သူ၏စိတ်အတွင်း ဖြတ်ပြေးသွားသည်။ သတ္ထုနံရံများ၊ အစိမ်းရောင်မြူများနှင့် စန္ဒကူးပိုးသားရနံ့က ဝမ်ချောင်အား တစ်စုံတစ်ရာကို သိသွားစေသည်။ တခဏခန့် ကြာပြီးနောက် ဝမ်ချောင်ဟာ သူ၏သီအိုရီကို အတည်ပြုလိုက်နိုင်သည်။

ဝုန်း

ထိုလမ်းကြောင်းတောက်လျှောက် မီတာထောင်ပေါင်းများစွာကို သွားပြီးနောက်ဆုံးတွင် အောက်ဘက်သို့ ဆင်းသွားနိုင်သော ကြေးနီရောင် လှေကားထစ်ရှည်ကြီးရှေ့တွင် ရပ်လိုက်သည်။

မြေအောက်နန်းတော်

ဝမ်ချောင်က သူ၏အရှေ့မှ အောက်ဘက်သို့ ဆင်းသွားသည့် နယ်မြေကို တစ်ချက်ကြည့်သည်။

ထိုနေရာဟာ ကြီးမားသော ရှေးဟောင်းနန်းတော်ကြီးဖြစ်ပြီး ထိုနန်းတော်ကြီး၏ အတွင်းတွင် ကြီးမားသော တောင်တန်းပုံသဏ္ဍန် အမွှေးနံ့သာခွက်ကြီးများရှိပြီး ထိုခွက်ကြီးများထဲမှ အစိမ်းရောင် မီးခိုးများထွက်နေသည်။ ဝမ်ချောင်ရသည့် စန္ဒကူးသား ရနံ့ကလည်း ထိုအမွှေးတိုင်ရနံ့ဖြစ်သည်။

နန်းတော်၏ အလယ်တွင် လှေကားထစ်များရှိပြီး ထိုလှေကားထစ်များ၏ ထိပ်ဆုံးတစ်နေရာတွင် အလွန်အမင်း ကြီးမားသော နဂါးတိုင်များ ရှိနေသည်။

ထိုတိုင်များကို သစ်သားဖြင့် ထွင်းထုထားခြင်းမဟုတ်ဘဲ ကြေးသားဖြင့် လုပ်ထားသည်။

“ဒါကဘယ်လိုနေရာလဲ”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်သည်။ ထူးဆန်းသော ခံစားချက်က သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလာသည်။

ယခုလို ရှုပ်ထွေးသော ဂူများထဲတွင် သွားလာခဲ့ပြီးနောက်တွင် ထိုရှေးဟောင်းနန်းတော်ကြီးဟာ ရှေးခေတ်ကာလမှ ဖြစ်ပုံရသည်ဟု ခပ်ရေးရေး ခံစားမိနေသည်။

သူ၏အရှေ့မှ ထိုနန်းတော်ကြီးသည် လုံးဝရှင်းလင်းနေသည်။ သို့တိုင်အောင် သူသည် သတိမမဲ့ရဲချေ။

ဝမ်ချောင်ကလည်း အထီးကျန်တိတ်ဆိတ် ဘိုးဘေးကပြောသည့် မျိုးဆက်ခြောက်ဆက်မှ ဆက်ခံသူများအကြောင်း မှတ်မိနေသေးသည်။ ဒီနေရာဟာ လုံခြုံနေသည်ဟု ထင်ရလေလေ ပို၍ အန္တရာယ်များလေလေ ဖြစ်သည်။

ဘုန်း

ဝမ်ချောင်က ထိုရှင်းလင်းသောနယ်မြေကို လေ့လာကြည့်နေရင်းမှ သူ၏မျက်နှာက တင်းမာသွားရသည်။ တခဏခန့်ကြာပြီးနောက် သူ၏ တန်ထျန်းထံမှလာသော စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

“နောက်ထပ် ရောဂါထလာပြန်ပြီ။ နောက်ပြီး တစ်ခေါက်နဲ့တစ်ခေါက် မြန်သထက် မြန်လာတယ်။ ငါသာ မူလအမရသိုင်းကို ခပ်မြန်မြန်ရှာပြီး ငါ့ရဲ့ကြယ်တာရာစွမ်းအင်တွေကို တည်ငြိမ်အောင် မလုပ်ဘူးဆိုရင် သိပ်မကြာခင်မှာတင် ငါ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးက ကစဉ့်ကလျားဖြစ်ကုန်တော့မယ်”

ဝမ်ချောင်က သူ၏ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်လာပြီး ငယ်ရွယ်သောမျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့လာသည်။

သူ၏နဖူးမှ ချွေးစေးများက တောက်လျှောက် စီးကျလာသည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း သူ၏ခန္ဓာကိုယ်ကို လက်ကြီးတစ်ဖက်ဖြင့် ဖိညှစ်ရင်း သွေးကြောများကို ဆွဲညှစ်ထားသလို ခံစားနေရသည်။ ထို့ကြောင့် ပြင်းထန်လွန်းသော နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နေလေသည်။ ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်ပြီးနောက် ကြယ်တာရာစွမ်းအင်များကို စတင်ကာ ရွှေ့ကြည့်သည်။ သူသည် တဖြည်းဖြည်းချင်းစီ ကြိုးစားနေရင်း ကြမ်းတမ်းလွန်းနေသည့် ထိုစွမ်းအားစီးဆင်းသော လမ်းကြောင်းများကို ထိုးဖောက်ရန် ကြိုးစားသည်။

နောက်ဆုံးတွင် နှလုံးကွဲမတက် နာကျင်မှုက တဖြည်းဖြည်းချင်းစီ လျော့ပါးပျောက်ကွယ်လာသည်။

ငါဒီနေရာကနေထွက်ပြီး မူလအမရသိုင်းကို ရှာရမယ်။

ဝမ်ချောင်ကတွေးပြီး ခေါင်းမော့လိုက်သည်။

တက် တက် တက်

သူ၏အနောက်ဘက်မှ လေက အပြေးတိုက်လာသလိုမျိုး တိုးဝင်လာသည်။ ဆူညံသော ခြေလှမ်းသံများကိုလည်း ကြားရသည်။

“မြန်မြန်လုပ် အဲ့ဒီကောင်လေးကို ထွက်မပြေးသွားစေနဲ့”

“ငါတို့သူ့ကိုရှာရမယ်”

“ဘယ်လိုတောင် ကောက်ကျစ်တဲ့ ဖျက်ဆီးခြင်းကလေးလဲ”

အနောက်ဘက်မှ ခြေလှမ်းသံများနှင့် ဒေါသကြီးနေသော အသံများကြောင့် အနက်ရောင်ဝတ်စုံနှင့်လူများ လာနေပြီဖြစ်ကြောင်း ပြောနေသည်။

ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။

မျိုးဆက်ခြောက်ဆက်မှ ဆက်ခံသူသည် ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားပြီး အဆုံးသတ်လေးခု သိုင်းအရှင်ကပင် သူ၏ လက်ဝါးတစ်ချက်ကို မခံနိုင်ခဲ့ပေ။ သို့သော် အနက်ရောင်ဝတ်စုံနဲ့ လူများကို မတားနိုင်ခဲ့ပေ။

ဝမ်ချောင်က အလွန်အမင်း အားနည်းသော အနေအထားမျိုးတွင်ဖြစ်သည်။ သူဟာ ယခုလိုအနေအထားမျိုးနှင့် အနက်ရောင်ဝတ်စုံနှင့် လူများနှင့် တွေ့ဆုံခဲ့သော် သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

တွေးတောရန် အချိန်မရှိတော့သည့်အလျောက် ဝမ်ချောင်သည်လည်း အသက်ကိုသာ ပြင်းပြင်းရှုလိုက်ပြီး သူ့ကိုယ်သူ မာကြောအောင် တင်းခံ၍ နန်းတော်ထဲသို့ဝင်လိုက်သည်။

ဝှစ်

ဝမ်ချောင်က ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ပေသုံးရာကျော်ကို ကျော်ဖြတ်လိုက်ပြီး အဓိက ဝင်ပေါက်မှတစ်ဆင့် ကျော်ဖြတ်ဝင်ရောက်သည်။ အစိမ်းရောင်မီးခိုးများနှင့် စန္ဒကူးသားရနံ့က ပို၍ပြင်းထန် သိပ်သည်းလာသည်။

ခလွက်

ဝမ်ချောင်က နန်းတော်၏ အေးစက်သော ကျောက်အုတ်သားများပေါ်တွင် နင်းလိုက်ချိန်တွင် ခပ်တိုးတိုး ကွဲအက်သံက ထွက်လာသည်။ မှင်သက်သွားသော ဝမ်ချောင်က ချက်ချင်းရပ်လိုက်သည်။ သို့သော် ထိုကွဲအက်သံက မရပ်သွားခဲ့ဘဲ ပို၍ပြင်းထန်လာသည်။

ဘုန်း

ဝမ်ချောင်က ဆူညံသံများထွက်လာရာ အရင်းအမြစ်သို့ မော့ကြည့်လိုက်သည်။

နန်းတော်၏ အခြားတစ်ဖက်ခြမ်း အခြားသော ကြေးနီရောင် လှေကားထစ်များ၏ ထိပ်ဆုံးနေရာတွင် ဆယ်ပေခန့်အထိမြင့်သော ကြေးတိုင်ကြီးရှိသည်။ ထိုတိုင်ကြီးက လူနှစ်ယောက်က လက်ဖြန့်ပြီး ပွေ့ဖက်ထားနိုင်လောက်အောင် ကြီးမားသည်။ ထိုတိုင်ကြီးထိပ်တွင် ရုပ်ထုကြီးတစ်ခု ရှိနေသည်။

ရုပ်ထုကြီးက ကြေးနီရောင်ဖြစ်သည်။ ဝမ်ချောင်က သာမာန်ရုပ်ထုဟုသာ ထင်မှတ်မှားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သာမာန်ဟု မထင်ရလောက်တော့ပေ။

ပေါ့ ခလွက်

ထိုရုပ်ထု၏ မျက်နှာပြင်ပေါ်တွင် ကွဲအက်သံများက လျှင်မြန်စွာ ပျံ့နှံ့သွားသည်။ တစ်စက္ကန့်ခန့် ကြာပြီးနောက် ပေါက်ကွဲသွားကာ အောက်ဘက်မှ တစ္ဆေလို ဖြူဖျော့သည့် မျက်နှာကြီးကပေါ်လာသည်။

ထိုလူဟာ ရှေးကျသောဝတ်စုံကို ဝတ်ဆင်ထားသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းမင်းဆက်ပုံစံမျိုး ဖြစ်သည်။ သူ၏ကိုယ်ကလည်း သေဆုံးခြင်း အရှိန်အဝါနှင့် ပြည့်နှက်နေသည်။

မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ

ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် သူယခင်က တွေ့ခဲ့သော မျိုးဆက်ခြောက်ဆက်မြောက် ဆက်ခံသူကို သတိရသွားသည်။

ထိုနှစ်ယောက်၏ သိသာသော အရှိန်အဝါများအရ ထိုလူဟာ ပို၍ပင် အသက်အရွယ် ကြီးရင့်သေးပြီး ပို၍ မျိုးဆက်မြင့်သည်။

ဝုန်း

မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူက မျက်လုံးကိုဖွင့်လာသည်။ အလွန်အမင်း အသက်မဲ့နေသော မျက်လုံးများဖြစ်ပြီး မျက်လုံးပွင့်လာသည်နှင့် ဝမ်ချောင်သည် ပြင်းထန်သိပ်သည်းလွန်းသော အန္တရာယ်ကို ခံစားမိလိုက်သည်။

ထိုအန္တရာယ်က ကြီးမားလွန်းသော ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်အား အသက်မရှုနိုင်အောင် ကြေမွပစ်နိုင်သည်။

ဝုန်း

မျိုးဆက်ခြောက်ဆက်မြောက် ဆက်ခံသူထက် သာလွန်ကျယ်ပြောကာ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် စွမ်းအားလှိုင်းတစ်ရပ်က ထိုကြေးတိုင်ထိပ်မှ ပေါက်ကွဲလာပြီး နန်းတော်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံးကပင် အရောင်ပျောက်သွားသည်။

ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် သေဆုံးခြင်းရနံ့ကို ရလိုက်သည်။ ယခင်က ဆက်ခံသူထက်ပင် ဒီတစ်ယောက်က ပို၍ အင်အားကြီးမားလာသည်။ ထိုမျိုးဆက်ငါးဆက်မြောက် ဆက်ခံသူဟာ အင်အားကြီးမားသည်။ သူ၏လက်ဝါး တစ်ချက်ကတင် ဝမ်ချောင်၏အသက်ကို အဆုံးသတ်ပေးနိုင်သည်။

အနောက်ဘက်မှ ဆူညံသံများက နီးသထက်နီးလာသည်။ ဝါးဦးထုပ်နှင့်လူကလည်း လက်အောက်ငယ်သားများကို ခေါ်လာသည်။ ထိုလူများက သူ၏နေရာနှင့် အလွန်အမင်း နီးနေပြီဖြစ်သည်။

မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူက လျှင်မြန်စွာ နိုးထလာချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူကလည်း နီးသထက်နီးလာသည်။ လေထုအခြေအနေက တင်းအားဖြင့် အေးလာသည်။ ဝမ်ချောင်ကမူ သူ၏ နှလုံးခုန်သံဟာ ရူးသွပ်စွာ ခုန်ပေါက်နေသလို ခံစားနေရသည်။

ဝါးဦးထုပ်နှင့်လူများနှင့် လက်အောက်ငယ်သားများက ရောက်လာပြီးနောက် မျိုးဆက်ငါးဆက်မှ ဆက်ခံသူက သူ့ကိုပိတ်လှောင်လိုက်သည်နှင့် သူဟာ သေဆုံးရပေလိမ့်မည်။

ဝမ်ချောင်သည်လည်း စက္ကန့်များ၏ ကျော်ဖြတ်သံကို ကြားနေရသည်။ သူ၏ နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းက သူ့အား ပြင်းထန်သိပ်သည်းလွန်းသော သေဆုံးခြင်းရနံ့ကို ရစေသည်။ ဝမ်ချောင်သည် အတက်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းကာ တစ်ခုခုကို တွေးတောနေသော်လည်း သူ၏နဖူးမှ စီးကျလာသော ချွေးစေးများက သူ၏အစစ်အမှန် ပုံစံကို ဖော်ပြသည်။

လေထုက တင်းအားဖြင့် ပြင်းထန်သထက် ပြင်းထန်လာပြီး အချိန်ကပင် ရပ်တန့်မတက်ဖြစ်လာသည်။

“သခင်လေးဝမ် ဒီကိုလာ”

ယခုလို ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုးတွင် ရင်းနှီးကျွမ်းဝင်သောအသံကို ကြားရသည်။

“ဒီ ဒီမှာ ဒီကိုလာ”

ထိုစိုးရိမ်စိတ်များနေသော အသံက ဝမ်ချောင်၏အနောက်ဘက် သိမ်မွေ့သောနေရာမှ လာသည်။ ထို့ပြင် မြေအောက်ဘက်မှဖြစ်သည်။

ဝုန်း

ဝမ်ချောင်၏ ညာဘက်ခြမ်းမှ ကြီးမားသော တောင်တန်းပုံသဏ္ဍန် အမွှေးနံ့သာခွက်ကြီးက တုန်ယင်ပြီး ရွေ့သွားကာ လုံးဝိုင်းသောအပေါက်လေး ပေါ်လာသည်။ အတွင်းဘက်က ပိန်းပိတ်အောင် မည်းမှောင်နေသည်။ သို့သော် ဝမ်ချောင်ကမူ သူ့ကို လက်ယမ်းပြနေသော လက်တစ်ဖက်ကို မြင်လိုက်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေး

ဝမ်ချောင်က ဖော်ပြရန်ခက်ခဲသော အံ့အားသင့်မှုကို ခံစားလိုက်ရသည်။

သူသည် တစ်ဖက်သူနှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ပို၍မြန်မြန်ပင် သွားလာခဲ့သည်။ သို့သော် တွေ့ကြုံသမျှကြောင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကသာ သူ့ထက်အရင်ရောက်သွားပြီး ထူးဆန်းသော နေရာတစ်ခုကို ရှာတွေ့လိုက်သည်။

“မြန်မြန်လေး သူဝေးဝေးမရောက်လောက်သေးဘူး”

အနောက်ဘက်မှ ဒေါသတကြီးဖြစ်နေသော အသံများကိုလည်း ကြားရသည်။

တွေးတောရန် အချိန်မရှိတော့သည့်အလျောက် ဝမ်ချောင်သည်လည်း ထိုအပေါက်ထဲသို့သာ ခုန်ဝင်လိုက်သည်။

သူဝင်လိုက်သည်နှင့် ညာဘက်လက်က ဆောင့်ဆွဲခံရသည်။ ကြီးမားလေးလံလွန်းသည့် အမွှေးနံ့သာခွက်ကြီးက ပြန်ရွှေ့ကာ နဂိုအတိုင်း အပေါက်ကိုပိတ်လိုက်သည်။

“မလှုပ်နဲ့”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အလွန်အမင်း လေးနက်လွန်းသော အသံမျိုးဖြင့်ပြောသည်။ ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူဟာ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ဘေးနားတွင် ရပ်လိုက်ပြီး သူ၏မွှေးညှင်းပေါက်များ အားလုံးကို ပိတ်လှောင်လိုက်ကာ အရှိန်အဝါကို တက်နိုင်သမျှ လျော့ချလိုက်သည်။

သူတို့နှစ်ယောက်သည်လည်း ငါးယောက်မြောက် ဆက်ခံသူ၏ တိုက်ခိုက်သော ဝန်းကျင်ထဲမှ မထွက်သွားရသေးချေ။ အမွှေးတိုင်ခွက်အောက်တွင် ပုန်းအောင်းနေခြင်းက တစ်ဖက်သူထံမှ လွတ်မြောက်နိုင်သည့် နည်းလမ်းမဟုတ်သေးချေ။

သို့သော် ဝမ်ချောင်သည်လည်း အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ရည်ရွယ်ချက်ကို နားလည်သည်။

အလျင်စလိုနိုင်သော ခြေလှမ်းသံများနှင့် အလင်းက တစ်ချက်လက်ပြီးနောက်တွင် ပုံရိပ်ပေါင်းများစွာက မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်လာသည်။ သူတို့၏ ခေါင်းဆောင်က ဝမ်ချောင်ယခင်က ရန်စခဲ့သည့် ဝါးဦးထုပ်နှင့်လူဖြစ်သည်။

သူ၏အနောက်ဘက်တွင် လုဝူတစ်ပိုင်းများနှင့် အနက်ရောင်မီးတောက် အဇူရာများပါသည်။ ထို့နောက် လူအုပ်ကြီး လိုက်လာခဲ့ခြင်းဖြစ်သည်။

သူတို့က နန်းတော်ထဲမှထွက်ပြီး လှေကားထစ်များပေါ်သို့ ခြေချလိုက်သည်နှင့် နိုးထလာသော မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူကို တွေ့လိုက်သည်။ တစ်ဖက်သူ၏ မသက်မသာ မျက်လုံးများက သူတို့အပေါ် ပိတ်လှောင်လိုက်သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အလက်ကြီးကြီး တောက်လောင်နေသော တောမီးထဲသို့ ရောက်ရှိနေသော သူများကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ထိန်းချုပ်ထားသော စွမ်းအားများက ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကို ဖုံးကွယ်ပေးလိုက်သလို ဖြစ်သွားလေပြီး မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ၏ အာရုံကို ဆွဲဆောင်သွားမိလေသည်။

All Chapters