အခန်း (၁၄၈၆-၁၄၉၀)
Vol. 89 Ch. 1486-1490
အခန်း(၁၄၈၆)
“မကောင်းတော့ဘူး”
ဝါးဦးထုပ်နှင့်လူဟာ မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူနှင့် မျက်လုံးချင်း ဆုံသွားလေပြီး ချက်ချင်းလိုလို နှလုံးသားက လေးလံသွားသည်။
ဘန်း
ထိုတစ္ဆေဆက်ခံသူဟာ ခြေလှမ်းတစ်ချက် ခုန်လိုက်ရုံဖြင့် ပေပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီး တတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ အရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရောက်လာသည်။ လက်ဝါးတစ်ချက် ယမ်းလိုက်ရုံနှင့်တင် ရွှေရောင်အလင်းတန်းပေါင်းများစွာ ထွက်လာပြီး အနက်ရောင်ဝတ်စုံနှင့် လူများထံ တိုးဝင်သွားလေသည်။
ထိုဆက်ခံသူ၏ အနောက်ဘက်တွင် မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်အလင်းတန်းက ပေါ်လာသည်။ ရှေးဟောင်းကျောင်းဆောင်ကြီးကလည်း ပေါ်ထွက်လာလေပြီး ကောင်းကင်သို့ စတင်ကာ ထိုးတက်လေသည်။
သို့သော် မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူအတွက် ထိုအဆောင်က (၁၆)ထပ်ရှိပြီး (၁)ထပ်ချင်းစီတိုင်းက မှင်သက်ဖွယ်ကောင်းသော စွမ်းအင်များကို သယ်ဆောင်ထားသည်။
“အခုအချိန်ကျပြီ သွားရအောင်”
အနက်ရောင်ဝတ်စုံနှင့် လူများက မျိုးဆက်ငါးဆက်မြောက်မှ ဆက်ခံသူနှင့် တိုက်ခိုက်နေချိန်တွင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက် လှုပ်ရှားသည်။ သူသည် တိတ်တဆိတ် ဘေးဘက်သို့ ခုန်လိုက်သည်။
မှင်သက်သွားသော ဝမ်ချောင်ကလည်း စိတ်စွမ်းအင်ကို အောက်ဘက်သို့ ပို့လွှတ်လိုက်ပြီးနောက် ကြည့်လိုက်လေရာ ဖျော့တော့သော ရေစီးသံကို ကြားနေရသည့် နက်ရှိုင်းသော ဝင်ပေါက်တစ်ခုကို ရှာတွေ့လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ နားလည်သွားသည်။ သူဟာ ခုန်လိုက်သည်။ ထို့နောက် အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ နောက်မှလိုက်ကာ ကွက်တိ ခုန်ဆင်းလိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။ မြေအောက်မြစ်။
စီးဆင်းနေသော ရေကို မြင်လိုက်သည့် မြင်ကွင်းက ဝမ်ချောင်၏မျက်လုံးကို တောက်ပသွားစေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးကိုပေါ်လာစေသည်။
ဝမ်ချောင်သည် အထီးကျန်တိတ်ဆိတ်ဘိုးဘေးမှတစ်ဆင့် ဒီနေရာတွင် မြေအောက်မြစ်ရှိကြောင်း ကြားထားပြီးသားဖြစ်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးဟာ ရေကို ထိန်းချုပ်နိုင်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည်။ ဒီလမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူဟာ မြေအောက်မြစ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်ပြီး ဒီနေရာသို့ ခိုးကြောင်ခိုးဝှက် လာရောက်ပုန်းအောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
စွစ်
မြေအောက်မြစ်က နီးသထက် နီးလာသည်နှင့် ဝမ်ချောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ရေထဲသို့ ထိုးဆင်းလိုက်သည်။
အေးစိမ့်သော ခံစားချက်တစ်ရပ်က အရိုးထဲသို့ စတင်ကာ ဝင်ရောက်လာသည်။ မြစ်က သူမျှော်လင့်ထားသည်ထက် အများကြီးပိုအေးနေသည်။ ထူးဆန်းစွာဖြင့်ပင် သူဟာ ရေထဲသို့ ဝင်ရောက်လိုက်သောအခါ ရေများ ပွက်ထမလာခဲ့သလို အားလှိုင်းများလည်း မလှုပ်ခတ်သွားခဲ့ချေ။
ထိုမြစ်၏ရေက သူ၏ပတ်ဝန်းကျင်တွင် ရေမှော်အလား အသာအယာ ရစ်ပတ်လာသည်မှာ မြစ်နှင့် ဝမ်ချောင်တို့ဟာ တစ်သားတည်း ဖြစ်သွားသည့်အလား ထင်ရသည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးရဲ့ ရေကို ထိန်းချုပ်နိုင်စွမ်းရည်က တကယ်ကို လေးစားဖို့ကောင်းတာပဲ။
ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။
ထိုမျှအင်အားကြီးမားသောရေကို ထိန်းချုပ်နိုင်စွမ်းအားက မြင့်မားလွန်းသော အမြင့်မှ အောက်ဘက်သို့ ပြုတ်ကျသည့်တိုင်အောင် ရေတစ်စက်မှ အစင်စေအောင် ဖြစ်စေနိုင်သည်။ သိသာစွာပင် အထီးကျန်တိတ်ဆိတ် ဘိုးဘေးကသာလျှင် ထိုကဲ့သို့ လုပ်နိုင်စွမ်းရည် ရှိနေလေသည်။
မည်သို့ပင်ဆိုစေ ရာသီဥတုကို ထိန်းချုပ်နိုင်ပြီး မိုးရွာသွန်းအောင် ဆင့်ခေါ်နိုင်သောလူမျိုးအနေဖြင့် မြေအောက်မြစ်ကို ထိန်းချုပ်ခြင်းက ပြဿနာ မရှိနိုင်ပေ။
“သွားရအောင်”
စိတ်စွမ်းအားတစ်ရပ်က ဝမ်ချောင်၏စိတ်ထဲသို့ ဝင်ရောက်သွားပြီးနောက် အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ အသံကို သယ်ဆောင်လာသည်။
“အဲ့ဒီက တိုက်ပွဲက အချိန်မရွေး အဆုံးသတ်သွားနိုင်တယ်။ ငါတို့သာ အခုမထွက်သွားဘူးဆိုရင် သူတို့ရဲ့ အာရုံကို ဖမ်းစားမိသွားနိုင်တယ်။ ပိုဆိုးတာက ငါတို့ကအခု မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ စောင့်ကြပ်နေတဲ့ ဝန်းကျင်ထဲမှာပဲ ရှိနေသေးတယ်။ ငါတို့ ဒီနေရာမှာ အကြာကြီးနေလို့ မရဘူး။ ငါ့ရဲ့နောက်ကိုလိုက်ခဲ့”
အေးစက်သော ရေများအနှံ့ ကူးခတ်နေရင်းမှ သူသည် ဝမ်ချောင်ရှိရာဘက်သို့ လက်ကို ယမ်းပေးလိုက်လေသည်။ ဝမ်ချောင်သည် ခေါင်းညိမ့်ပြီး နောက်မှ လိုက်ကူးသွားလိုက်သည်။
“ဒီမြေအောက်မြစ်က အပေါ်ယံနဲ့ ဝေးလွန်းတယ်။ လေထုကတည်း တအားပါးတာ။ ဒါကြောင့် ဒီနေရာမှာ အကြာကြီးနေလို့မရဘူး။ ငါမင်းကို ဒီနေရာကနေ အရင်ခေါ်ထုတ်သွားပေးမယ်။ အဲ့ဒီနောက် အပေါ်ယံပေါ်တက်ပြီး လေရှုတာပေါ့”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ စိတ်စွမ်းအင်က ဝမ်ချောင်၏စိတ်ထဲသို့ ထပ်ဝင်လာသည်။ ထိုလူကိုယ်တိုင်ကပင် လေကို သတိထားကာ ရှုထုတ်နေသည်။
ယခုလိုမျိုး လေမရှိသော နေရာမျိုးတွင် စိတ်စွမ်းအင်ဆက်သွယ်ခြင်းကသာ အလျဉ်းအသင့်ဆုံးဖြစ်သည်။ သို့ရာတွင် လက်ရှိနေရာတွင် စိတ်စွမ်းအင် စည်းတံဆိပ်ကလည်း ရှိနေသေးသောကြောင့် သူတို့ကို ဝေးကွာလွန်းသော နေရာမှ လှမ်း၍ မဆက်သွယ်နိုင်အောင် ဖြစ်စေသည်။
“ဒါက ခင်ဗျားအတွက်”
ဝမ်ချောင်က အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ ဘေးဘက်နားသို့ ကူးသွားပြီး အစိမ်းရောင် အရွက်တစ်ရွက် ပေးလိုက်သည်။
“ဒါကဘာလဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက အရွက်ကို တအံ့တဩကြည့်သည်။
“ခင်ဗျား စမ်းကြည့်လိုက်ရင် သိလိမ့်မယ်”
ဝမ်ချောင်ကသူ့ကို အများကြီး ရှင်းပြမနေဘဲ ပြုံးလိုက်သည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ဟာ အန္တရာယ်များသော သားရဲများကို ကျော်ဖြတ်ကြရန်အတွက် အမျိုးမျိုးသော နည်းလမ်းများဖြင့် လာရောက်ကြခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် သူတို့ဟာ အန္တရာယ် အများစုကို ရှောင်ရှားသွားနိုင်ပြီး အချို့သော အရာများကိုလည်း လွတ်သွားစေသည်။
အနည်းဆုံး အထီးကျန်တိတ်ဆိတ် ဘိုးဘေးသည်လည်း သန့်စင်လွန်းသော အောက်ဆီဂျင်ကို ထုတ်ပေးနိုင်သည့် အရွက်များအကြောင်း မသိပေ။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ထိုအရွက်ကို ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ ထွက်လာသည့် အောက်ဆီဂျင်ကို ခံစားမိလိုက်သည်။ ဝမ်ချောင်ကလည်း ထိုအမျိုးသားက တုန်ယင်သွားပြီး သူ့ကို တအံ့တဩ လှည့်ကြည့်လိုက်ကြောင်း မြင်လိုက်ရသည်။
“ဒီလိုအရာမျိုး ရှိလိမ့်မယ်လို့တောင် မထင်ထားဘူး”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ မျက်လုံးက သံသယများ ပြည့်နှက်နေသည်။
“မင်းဒါကို ဘယ်ကရတာလဲ။ ဒီအရွက်နဲ့သာဆိုရင် ငါတို့ အပေါ်ကို လေတက်ရှုစရာမလိုဘဲ မြေအောက်မြစ်ထဲမှာ အသာအယာ ကူးခတ်နေလို့ရတယ်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကလည်း ထိုအရွက်များက မည်မျှအရေးပါကြောင်း ကောင်းကောင်း နားလည်သည်။ မြေပြင်အောက် မီတာ(၁၆၀၀၀)ခန့် နက်သောနေရာက လေအလွန်ပါးလျသည်။ ယခုလို နေရာမျိုးတွင် ထိုအရွက်များက ကောင်းကင်ကို ဖီဆန်နိုင်သော နတ်လက်နက်များဖြစ်နေသည်။ ထို့ကြောင့် အကောင်းမွန်ဆုံးသော လက်နက်များ၊ ရတနာများထက်ပင် တန်ကြေးကြီးသေးသည်။
ပို၍အရေးကြီးသည်မှာ အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ရေပြင်ကို အင်အားကြီးမားစွာ ထိန်းချုပ်နိုင်သူအတွက် ထိုအရွက်က အရေးကြီးဆုံး အားနည်းချက်ဖြစ်သည့် အသက်ဘေးကို ခြိမ်းခြောက်နိုင်သော အချက်ကို ဖယ်ရှားလိုက်နိုင်သည်။ ထိုအရွက်က သူ့အတွက် အချိန်အကြာကြီး ရှင်သန်ရန် လုံလောက်သွားသည်။
“ဟွန်း ဒါက အဲ့ဒီမကောင်းဆိုးဝါးတွေနဲ့ ကြုံတွေ့တာကနေ ရတဲ့ အံ့အားသင့်စရာကောင်းတဲ့ အကျိုးအမြတ်ပေါ့”
ဝမ်ချောင်က ဆက်လက်ပြီး တည်ငြိမ်နေသည်။ နောက်ထပ် နှစ်ရွက်ကို ထပ်ထုတ်လိုက်ပြီး အထီးကျန်တိတ်ဆိတ် ဘိုးဘေးကို ပေးလိုက်သည်။ ထိုအရွက်များက သူတို့အား မြေအောက်မြစ်ထဲတွင် အချိန်အတန်ကြာအောင် နေနိုင်နေပေလိမ့်မည်။
“သွားရအောင် ငါမင်းကို အရှေ့မှာ ဘာတွေဖြစ်နေလဲဆိုတာ သိရအောင် ပြမယ်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ဝမ်ချောင်ကို လက်ယမ်းပြပြီး ဆက်ကူးသွားသည်။
မြစ်က လေးမီတာကျယ်သောကြောင့် လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့်အထိ ဘေးချင်းယှဉ်လျှက် ကူးနိုင်ရန် လုံလောက်သည်။ ထိုရေများက အေးစက်ကာ ကြည်လင်နေပြီး အောက်ဆီဂျင်က အလွန်နည်းသည်။ အပင်များ၊ သေးငယ်သော သတ္တဝါများကိုပင် မမြင်ရပေ။
သို့သော် ဝမ်ချောင်က စိတ်စွမ်းအင်ကို ပတ်ဝန်းကျင် မြေသားထဲသို့ ထည့်သွင်းကာ ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာက ထူးဆန်းနေကြောင်း သတိထားမိလိုက်သည်။
“ဟွန်း မိစ္ဆာဧကရာဇ်ရဲ့ တပည့်ဆိုတဲ့အတိုင်းပဲ။ မင်းက လေးစားဖွယ်ကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတာပဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ အသံကလည်း စိတ်ထဲတွင် ထွက်လာသည်။ သူသည်လည်း ဝမ်ချောင်၏ လုပ်ရပ်ကို သတိထားမိလိုက်သည်။
ဝမ်ချောင်က အထီးကျန်တိတ်ဆိတ် ဘိုးဘေးကို မေးခွန်းထုတ်သလိုကြည့်သည်။
“စီနီယာ ဘာဖြစ်တာလဲ။ ဒီမြစ်ရဲ့အထက်က ကြည့်ရတာ...”
“ဟုတ်တယ် ကျောက်ရိုင်းတုံး သွေးကြောလေ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ဝမ်ချောင်၏စကားကို ဖြတ်ပြောသည်။
“ဒါက နောက်ဆုံး အကာအကွယ်လွှာပဲ။ ငါမြေအောက်မြစ်ထဲမှာ အချိန်အတန်ကြာအောင် ကူးနေခဲ့တာတောင်မှ မူလအမရသိုင်းကို မရသေးတာက အဲ့ဒါကြောင့်ပေါ့”
“မူလအမရအရှင်က ဂမီရပညာ တွက်ချက်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်လွန်းတဲ့ ပညာသင်သား တစ်ယောက်လို့ ပြောကြတယ်။ သူက အနာဂတ်ကိုတောင် ကြည့်ရှု့နိုင်တာ။ သူက ဒီလိုနေရာမျိုးမှာ ရတနာကိုထားဖို့ ရွေးချယ်ထားတော့ သူ့ရဲ့ထောင်ချောက်ကနေ ကွေ့ပတ်ပြီး ဝင်ရောက်ဖို့ ကြိုးစားတဲ့လူတိုင်းအတွက် ရင်ဆိုင်ဖို့ ပြင်ဆင်ထားမှာပဲ။ သူက ရှေးခေတ်ကာလရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကိုထိုက်တန်တယ်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ မျက်နှာတွင် ဂုဏ်ယူစိတ်က ပေါ်ထွက်လာသည်။ ထိုဂုဏ်ယူစိတ်ထဲတွင် နောင်တများ မပါဝင်လေဘဲ လေးစားစိတ်နှင့် ရိုသေစိတ်သာ ပါဝင်လေသည်။
သို့သော် ဝမ်ချောင်ကမူ အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ထည့်ပြောသွားသော ကျောက်ရိုင်းတုံး သွေးကြောကိုသာ အထူးတလည် အာရုံစိုက်လိုက်သည်။ ဝမ်ချောင်သည် အထီးကျန်တိတ်ဆိတ် ဘိုးဘေးထက် ပို၍များပြားသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ပြောလိုက်သည်နှင့် သူ၏စိတ်ဝိညာဉ် စွမ်းအားများအား ပို၍နက်ရှိုင်းသော နေရာဖြစ်သည့် ကျောက်ရိုင်းတုံး သွေးကြောထဲသို့ ထည့်သွင်းကြည့်လိုက်သည်။
ထိုနေရာကို ကျောက်ရိုင်းတုံးသွေးကြောဟုခေါ်သည်။ သို့သော် ကျောက်ရိုင်းတုံးသွေးကြော၏ ကျယ်ပြောသော အခွဲလက်တံများနှင့် အလွန်ခြားနားသည်။
ကျောက်ရိုင်းတုံးသွေးကြောနေရာ အများစုက သတ္ထုကို ရရှိရန်အတွက် သန့်စင်ရန်လိုအပ်သေးသည်။ သို့သော် ဝမ်ချောင်၏အထက်မှ ထိုသွေးကြောကမူ သိသာစွာပင် အလွန်အမင်း သန့်စင်သော သတ္ထုဖြစ်နေသည်။
ထိုသတ္ထုက အလွန်အမင်းမာကြောသည်။ သန့်စင်သော သံမဏိသားထက်ပင် ကြမ်းတမ်းသေးသည်။ ပို၍ တိတိကျကျ ပြောရသော် မူလအမရအရှင်ဟာ ယခုလို ပုံမှန်မဟုတ်လွန်းသော မာကြောလွန်းသည့် သတ္ထုကျောက်ရိုင်းတုံး သွေးကြော၏ အလယ်တွင်ပင် နန်းတော်ကို လာရောက် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။
အံ့အားသင့်သွားသော ဝမ်ချောင်က ထိုနေရာကို သတိထားမိလိုက်သည်။ သူ၏ စိတ်စွမ်းအားများက ကျယ်ပြောလင့်ကစား ဝမ်ချောင်သည်လည်း ထိုကျောက်ရိုင်းတုံးဟာ မည်သည့်နေရာကလာပြီး မည်သည့်နေရာသို့ သွားမှန်း မသိနိုင်ချေ။ ထိုကျောက်ရိုင်းတုံးကြီးက အဆုံးအစမဲ့ပုံရသည်။ သို့မဟုတ် နန်းတော်ကြီး တစ်ခုလုံးကို ရစ်ပတ်ထားသည်လည်း ဖြစ်နိုင်၏။
“ငါဒီမြစ်တောက်လျှောက် ကူးခတ်ကြည့်ပြီးပြီ။ ဒါပေမဲ့ ခန်းမထဲက အဲ့ဒီလျို့ဝှက်လမ်းကြောင်းကလွဲပြီး ဒီမြေအောက်မြစ်က ဒီကျောက်ရိုင်းသွေးကြော ပတ်ဝန်းကျင်မှာ အထူးတလည် နေထိုင်တယ်ဆိုတာကို တွေ့လိုက်ရတယ်။ နောက်ပြီး မတူညီတဲ့ဘက် တစ်ခုချင်းစီတိုင်းကို ဦးတည်ထားတယ်။ ဒါကြောင့် နန်းတော်အတွင်းထဲကို ဝင်ဖို့ကို မဖြစ်နိုင်တာ။ ငါတို့ အခုသွားခဲ့တဲ့ လမ်းကြောင်းကိုလည်း ငါစစ်ကြည့်ပြီးသွားပြီ။ မူလအမရအရှင် ဒါမှမဟုတ် သူ့ရဲ့ အစောပိုင်းတပည့် တစ်ယောက်ယောက်က ဒီမြေအောက်နန်းတော်ကို တည်ထားနိုင်ချေမြင့်တယ်။ သူတို့က ဒီလမ်းကြောင်းကို လွှတ်ထားတာက ရေကိုအသုံးပြုဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ဒီဂူက မူလအမရသိုင်းရဲ့ ဆက်ခံသူ မျိုးဆက် အဆက်ဆက်က သိုင်းကျင့်ဖို့ နေခဲ့ကြတဲ့နေရာကိုး”
“အနောက်မြောက်ပိုင်းက ရေရှားတဲ့နေရာ။ ဒီလိုနေရာမှာ သိုင်းကျင့်တဲ့အခါ အာရုံလွင့်လို့မရဘူး။ နောက်ပြီး သူတို့အနေနဲ့လည်း မကြာခဏ အပြင်ထွက်ပြီး ရေခပ်နေလို့မရဘူး။ ဒါကြောင့် ဒီမြေအောက်မြစ်က တစ်ခုတည်းသော အရင်းအမြစ်ဖြစ်လာတာ။ ဒါ့အပြင် ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဒီလမ်းကြောင်းက နဂိုက မြစ်နဲ့အတူ ဂူတွေကို ချိတ်ဆက်ထားတဲ့ သဘာဝစီးကြောင်း ရှိနေလိမ့်မယ်။ ဒီအတွက်ကြောင့်ပဲ သူတို့က ရေကိုရဖို့အတွက် ရွေးချယ်နိုင်တာပေါ့။ အဲ့ဒီလိုနဲ့ အမွှေးနံ့သာခွက်ကြီး အတွင်းဘက်မှာ လျို့ဝှက်ဝင်ပေါက်အနေနဲ့ ဝှက်ထားခဲ့တာ”
“ရေအရင်းအမြစ်က ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာ။ ဒါပေမဲ့ မူလအမရ အရှင်အနေနဲ့ ဒုတိယမြောက် အရင်းအမြစ်ကို ဖန်တီးတာ အကြောင်းပြချက်မရှိဘူး။ ဒါကြောင့် ဒုတိယမြောက် ဝင်ပေါက်လည်းမရှိဘူး။ တစ်ယောက်ယောက်ကသာ မူလအမရကို လိုချင်ရင် မြေအောက်နန်းတော်ကနေပဲဝင်ပြီး အကာအကွယ်လွှာတွေကို အတင်းအင်အားသုံးပြီး ဖျက်ရလိမ့်မယ်။ အဲ့ဒီလိုနဲ့ မူလအမရအရှင်ရဲ့ မျိုးဆက်ခြောက်ဆက်က ဆက်ခံသူ ခြောက်ယောက်လုံးကို ရင်ဆိုင်ရမှာ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ဝမ်ချောင်အား ရှင်းပြပြီး လမ်းကိုဦးဆောင်ခေါ်သွားသည်။ အဆုံးသတ်နားတွင်မူ သူသည် သူ၏အသံထဲတွင် ဖျော့တော့သည့် စိတ်ပျက်လက်ပျက်ဖြစ်နေသော လေဟန်မျိုးကို ခံစားမိနိုင်သည်။
မူလအမရသိုင်း၏ ဆက်ခံသူ ခြောက်ယောက်တို့ အားလုံးက အလွန်အမင်း သန်မာကြသည်။ ဝမ်ချောင်ကလည်း မြင်ထားပြီးသားဖြစ်သည်။ အားအနည်းဆုံး မျိုးဆက်ခြောက်ဆက်မြောက် ဆက်ခံသူကပင် အဆုံးသတ်လေးခု သိုင်းအရှင်ကို အလွယ်တကူ သတ်နိုင်နေပြီး အတွင်းသို့ ဝင်ရောက်လာလေ ထိုနည်းအားဖြင့် အလောင်းကောင်များက ပို၍ အင်အားကြီးမားလေလေ ဖြစ်လာသည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ အင်အားကလည်း အဆုံးသတ်လေးခု သိုင်းအရှင်နှင့် အလွန်နီးကပ်သည်။ မြေအောက်မြစ်၏ စွမ်းအားကို ချေးငှားသုံးနေရင်းနှင့်ပင် သူဟာ ထင်သလောက် အင်အားမကြီးနိုင်ချေ။ ထို့ကြောင့် သူကသာ လမ်းကို အတင်းဖောက်ထုတ်ကာ ဝင်ရောက်သွားခဲ့ပါက အဆုံးသတ်သွားနိုင်သည်။
မူလအမရအရှင်၏ ဆက်ခံသူများက ပြိုင်ဘက်များကို အလွယ်တကူ မလွတ်သွားစေနိုင်လောက်အောင် အင်အားကြီးမားလွန်းနေသည်။
“စီနီယာ ဒီမြစ်တစ်ပတ်လည်ကိုကြည့်ဖို့ ငါ့ကိုခေါ်သွားပေးလို့ရလား”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
ဝမ်ချောင်သည် အထီးကျန်တိတ်ဆိတ်ဘိုးဘေးထက် အားနည်း၏။ ထို့ကြောင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးကသာ အတွင်းဖောက်မဝင်နိုင်လျှင် ဝမ်ချောင်က ပို၍မဖြစ်နိုင်ချေ။
သို့သော် အထီးကျန်တိတ်ဆိတ် ဘိုးဘေးက မူလအမရသိုင်းကို မရနိုင်ဘဲ နောက်ဆုတ်သွား၍ ရသော်လည်း ဝမ်ချောင်ကမူ မရပေ။ မူလအမရသိုင်းမရှိလျှင် သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ဝရုန်းသုန်းကားဖြစ်နေသော စွမ်းအင်များကို ကိုင်တွယ်၍ မရတော့သောကြောင့် သူ့အနေဖြင့် ကျင့်ကြံခြင်းသွေဖယ်ကာ ဒုက္ခိတ သို့မဟုတ် သေဆုံးသွားနိုင်ချေပင် ရှိနေလေသည်။
++++
အခန်း(၁၄၈၇)
“ကောင်းပြီ ငါ့ရဲ့နောက်ကိုလိုက်ခဲ့”
အနည်းငယ် တွေးတောပြီးသည်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူသည် ငါးကြီးတစ်ကောင်ကဲ့သို့ အရှေ့ဘက်သို့ ဆက်ကူးသွားသည်။
ပွက် ပွက်
သူတို့နှစ်ယောက်က ကူးခတ်နေချိန်တွင် သူတို့၏အနောက်ဘက်မှ ရေက ပွက်ထလာသည်။
ဝူး...
လျှပ်စီးကြောင်းတစ်ခုက စက်ဝိုင်းခြမ်းသဏ္ဍန် ကောက်ကွေး၏ ထိုနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူတို့ဟာ ဓာတ်လိုက်ပြီး တုန်ယင်သွားလေသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် တင်းမာသော အကြည့်မျိုးဖြင့် ကြည့်ကြသည်။
ဒီမြေအောက်မြစ်ထဲမှ ရေက အလွန်အေးသည်။ အရေးကြီးသော အချက်ကမူ အပေါ်ယံမှ မြစ်များနှင့် မတူညီဘဲ အလွန်ငြိမ်နေခြင်းဖြစ်သည်။ တစ်ခုတည်းသောအသံက စီးသံဖြစ်သည်။ ထို့ကြောင့် အပြင်မှ တစ်စုံတစ်ရာ မကျသမျှ ပွက်ထရန် အကြောင်းမရှိပေ။
“တစ်ယောက်ယောက် ဝင်လာတာ”
ဝမ်ချောင်က တင်းမာစွာပြောပြီး မျက်မှောင်က ကျုံ့သွားသည်။
ထိုမြေအောက်မြစ်ဟာ ရှာတွေ့ရန် မလွယ်ကူချေ။ ဒီနေရာကို ဝင်ရောက်နိုင်လျှင် တောင်အရွယ်အစားတမျှ ရှိသော ကြီးမားသည့် အမွှေးနံ့သာခွက်ကြီးအပြင် အောက်ဘက်မှ လမ်းကြောင်းကိုသာ ရှာဖွေရပေလိမ့်မည်။
“ဘယ်သူများ ဖြစ်လောက်မလဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက မျက်မှောင်ကျုံ့သည်။ သူ၏မျက်လုံးထဲတွင် တွေးတောရခက်သော အကြည့်မျိုးကပေါ်လာသည်။
“ဒီလူတွေက ငါတို့နောက်ကိုလိုက်လာတာ”
ဝမ်ချောင်က ခေါင်းခါသည်။ အထီးကျန်တိတ်ဆိတ် ဘိုးဘေးကမူ ရန်သူလား၊ မိတ်ဆွေလား မကြည့်နိုင်လောက်ပေ။ သို့သော် ဝမ်ချောင်ကမူ အနက်ရောင်ဝတ်စုံနှင့် လူများဖြစ်ကြောင်း သေချာနေသည်။ သူတို့ကသာ သူ၏နောက်သို့လိုက်ရန် အကြောင်းပြချက်ရှိသည်။ ထို့ကြောင့် သူဟာ မည်သည့်နေရာသို့ပြေးပြေး သူ့ကိုရှာနိုင်လေသည်။
ပို၍ဆိုးသည်မှာ ဒီမြစ်ထဲသို့လာသော လမ်းကြောင်းကလည်း မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူက စောင့်ကြပ်ထားသော နန်းတော်နားတွင် ဖြစ်နေသည်။ အမွှေးနံ့သာခွက်က တိုက်ပွဲအတောအတွင်း ဖျက်ဆီးခံရလောက်ခြင်းအားဖြင့် အနက်ရောင်ဝတ်စုံနှင့် လူများအား ဒီဝင်ပေါက်ကို ရှာတွေ့သွားစေပြီး အဖြစ်အပျက်ကို နားလည်သွားစေခြင်း ဖြစ်လောက်သည်။
ဒါက တစ်ခုတည်းသော ဝင်လမ်းကြောင်းဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက သူ၏နောက်သို့ အနီးကပ် ကပ်လိုက်နေသည့်တိုင်အောင် မတွေ့နိုင်ပေ။ ထို့ကြောင့် အခြေအနေကို ဆက်စပ်ကြည့်၍ရသည်။
ဝှက်
သူဟာ အထီးကျန်တိတ်ဆိတ် ဘိုးဘေးနှင့် စကားပြောနေရင်းမှ နောက်ဘက်မှ အသံများက ပို၍ကျယ်လာသည်။ တစ်ဖက်သောသူများက ပို၍ မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကူးလာသည်။
“ပြေးတော့”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ဝမ်ချောင်ကိုခေါ်ကာ ရှေ့သို့ကူးသည်။
သူတို့၏အနောက်ဘက် မီတာရာပေါင်းများစွာ အကွာတွင် အင်အားကြီးမားသော ပုံရိပ်များက နဂါးများအလား မြစ်ထဲတွင် ကူးခတ်နေရင်း ဝမ်ချောင်တို့၏ နေရာနှင့် နီးသထက် နီးလာသည်။
ထိုသူများက အနက်ရောင်ဝတ်ရုံများကို ခြုံထားကြပြီး မျက်လုံးသာပေါ်နေသည်။ သူတို့က လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်ထားသည်။
သူ၏ခန့်မှန်းမှုက မှန်ကန်သည်။ သူတို့ဟာ အနက်ရောင်ဝတ်စုံနှင့် လူများဖြစ်သည်။
“မြန်မြန်လုပ် ဒီနေရာကို အဆုံးထိရှာ။ မြေအောက်မြစ်က တစ်ခုပဲရှိတာ။ သူတို့အနေနဲ့ ထွက်ပြေးသွားစရာ လမ်းကြောင်းကိုမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကောင်စုတ်ကို ရအောင်ဖမ်းရမယ်”
“မူလအမရ ရွာသူကြီးက ငါတို့အရှင်ရဲ့ လက်ထဲကို ရောက်နေပြီးသား။ အဲ့ဒီကောင်စုတ်လေးပဲ ကျန်တော့တာ။ ငါတို့သာ ဒီတာဝန်ကို မပြီးမြောက်နိုင်ဘူးဆိုရင် မင်းတို့အားလုံး ဘာဖြစ်မလဲသိပါတယ်”
တတိယမြောက် ဝါးဦးထုပ်နှင့်လူက အေးစက်စွာပြောသည်။ သူ၏အသံက စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် အနက်ရောင်ဝတ်စုံနှင့် လူများထံရောက်သည်။
“ဟုတ်ကဲ့အရှင်”
လူတိုင်းက တညီတညာတည်း ဖြေကြသည်။ ဝါးဦးထုပ်နှင့် လူက အရှေ့ဘက်သို့သာ အာရုံစိုက်ကာ ကြည့်နေသည်။
ဝေါင်း
ဝါးဦးထုပ်နှင့်လူ ဘေးဘက်ရှိရေက စုစည်းလာပြီးနောက်တွင် သူ့ကိုလွှမ်းခြုံလိုက်ကာ ကြီးမားသော မြွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုမြွေနဂါးက ဆယ်မီတာကျော် ရှည်သည်။
ထိုအခါမှသာ တတိယမြောက် ဝါးဦးထုပ်နှင့်လူက လေးစားဖွယ်ကောင်းသော ရေအခြေပြုသိုင်းကို ပိုင်ဆိုင်ထားမှန်း ပေါ်လာသည်။
ဘန်း
ရေက ပွက်ကနဲထသွားသည်။ တတိယမြောက် ဝါးဦးထုပ်နှင့်လူဟာ ရေလှိုင်းလုံးများကို ဆင့်ခေါ်လိုက်ပြီး သူ့ကိုယ်သူ တွန်းပို့စေ၍ အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများကိုပင်သယ်ကာ ခပ်မြန်မြန် ကူးခတ်နိုင်စေသည်။
သူ၏အင်အားက ဂူထဲတွင် အကန့်အသတ်ရှိလောက်သည်။ သို့သော် ရေထဲတွင်မူ သူဟာ အားမနည်းရုံသာ မကသေးလေဘဲ သူဟာ ပို၍ပင် အင်အားကြီးမားလာသည်။
“ကောင်စုတ်လေး မင်းမလွတ်ပါဘူး”
ဝါးဦးထုပ်နှင့်လူ၏ မျက်လုံးက စူးရှသောအလင်းဖြင့်လက်ရင်း ရှေ့သို့တက်သည်။
“မြန်လိုက်တာ”
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ကလည်း အနောက်ဘက်မှ အဖြစ်အပျက်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး သူတို့၏စိတ်က တုန်လှုပ်သွားသည်။
“သွားရအောင်”
အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ မျက်လုံးထဲတွင် အလင်းက တောက်ပလာသည်။ တခဏခန့်ကြာပြီးနောက် ထိုနှစ်ယောက်ဟာ ပို၍မြန်ဆန်စွာ ကူးခတ်သည်။ အနောက်ဘက်မှ အသံများ၊ ဒေါသတကြီး အော်ဟစ်သံများနှင့် မတူညီစွာပင် ထိုနှစ်ယောက်က အသံမထွက်ပေ။ သူတို့၏အရှေ့မှ ရေများကလည်း တည်ငြိမ်နေလေပြီး သူတို့ရင်ဆိုင်ရမည့် ခုခံအားကို လျော့ကျစေသည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ဝမ်ချောင်ကို ရှေ့သို့ ဆွဲခေါ်သွားသည်နှင့်အမျှ ဝမ်ချောင်သည်လည်း သူတို့နှစ်ယောက်ဟာ ရေထဲတွင် အလိုအလျောက် ကြီးမားသော ဆွဲစုပ်အားတစ်ရပ်ဖြင့် ဆွဲခေါ်သွားခြင်း ခံနေရကြောင်း သိလိုက်ရသည်။
ထိုဆွဲခေါ်အားက သဘာဝကျကျ ဖြစ်လာလေပြီး သိသာထင်ရှားခြင်းပင် မရှိချေ။ သို့သော် အနောက်ဘက်မှ အားကမူ ဝါးဦးထုပ်နှင့်လူ၏ မြေနဂါးထက်ပင် ကြီးမားပြင်းထန်လေသည်။
ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်ကို ဖြန့်ထုတ်လိုက်သည်။ ထိုအခါ ချွန်ထက်သော နေရာသုံးခုပါသည့် ခက်ရင်းခွကြီးတစ်ခုက အရှေ့ဘက်မြစ်ထဲတွင် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုခက်ရင်းခွကြီးက ဆယ်မီတာခန့်မြင့်မားပြီး ရှည်လျားကာ ရေများဖြင့် ဖွဲ့စည်းထားသည်။ ထိုခက်ရင်းခွကြီးက နက်နဲကာ ရှည်ကြာသောစွမ်းအင်ကို လွှတ်ထုတ်ထားသည်။
“ဒါက”
ဝမ်ချောင်၏မျက်လုံးက တွန့်သွားပြီး နားလည်သွားသည်။
ကုန်းကုန်းနတ်သိုင်း
ဝမ်ချောင်သည်လည်း ဗဟိုပြင်ကျယ်မှ လူအနည်းစုက နားလည်သည့် အင်အားကြီးမားသော ရေအခြေပြုသိုင်းကို ချက်ချင်းမှတ်မိလိုက်သည်။
ထိုသိုင်းသည် ရေနတ်ဘုရားကုန်းကုန်းက ရှေးခေတ်ကာလက လက်ဆင့်ကမ်းပေးခဲ့သော သိုင်းဖြစ်သည်။ ထိုသိုင်းသည် ဖော်ပြရန်ခက်ခဲလောက်အောင် ရေကိုထိန်းချုပ်နိုင်စွမ်းရည် ရှိစေသည်။ ဗဟိုပြင်ကျယ်ရှိ မှတ်တမ်းများထဲတွင် အနည်းငယ်သာ ပါဝင်သော်လည်း ဝမ်ချောင်ကမူ ကမ္ဘာကပ်ဘေးကာလ အတောအတွင်းတွင် မှတ်တမ်း တစ်ခု၊ နှစ်ခုသာ တွေ့ခဲ့ဖူးသည်။
ထိုကုန်းကုန်းနတ်သိုင်းနှင့် ပတ်သတ်သည့် သိသာထင်ရှားသော အပိုင်းကမူ ကြီးမားသော ကုန်းကုန်းနတ်ခက်ရင်းခွကြီးက အသုံးပြုသူ၏ ဘေးဘက်တွင် ပေါ်လာတတ်သောကြောင့် မှတ်မိရလွယ်ခြင်းဖြစ်သည်။
ဝမ်ချောင်သည်လည်း ထိုမှတ်တမ်းဟာ ပျောက်သွားခဲ့ပြီဟု ထင်သည်။ သို့သော် ယခုမူ သူ့ကို အံ့အားသင့်စေစွာပင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သုံးနေသည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ရာသီဥတုကိုတောင် ထိန်းချုပ်ပြီး မိုးကိုတောင် ဆင့်ခေါ်နိုင်တာ တအံ့ဩတော့ပါဘူး။ ရေရှိနေသမျှ ပိုပြီးအင်အားကြီးမားတာကိုး။
ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက မပြောသောကြောင့် ဝမ်ချောင်သည်လည်း မဖော်ထုတ်လိုက်ချေ။ လူတိုင်းတွင် ကိုယ်ပိုင်လျို့ဝှက်ချက်ရှိသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင် ချွင်းချက်မရှိပေ။
အထီးကျန်တိတ်ဆိတ် ဘိုးဘေးကလည်း ဝမ်ချောင်၏ အမူအရာ အလှည့်အပြောင်းကို သတိမထားမိပေ။ သူ၏မျက်လုံးက ရှေ့ကိုသာ အာရုံစိုက်ကြည့်နေသည်။
“တကယ်ပဲ သူတို့က ဘယ်သူတွေလဲ။ ဒီနေရာက လူတိုင်းက မူလအမရသိုင်းဆီလာတာ။ ဒါပေမဲ့ သူတို့က ငါတို့နောက်ကို အမြဲလိုက်နေသလိုပဲ။ ငါတို့မြစ်ထဲကို ခုန်ချပြီးတော့တောင် ပုန်းလို့မရဘူး။ ဒီလူတွေက အရမ်းကို လျို့ဝှက်ဆန်းကြယ်လွန်းတယ်။ ငါတို့လိုမျိုး နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ သိုင်းပညာလောကက ပုဂ္ဂိုလ်ကြီးတွေတောင် သူတို့အကြောင်း မကြားဖူးဘူး။ သူတို့ကြည့်ရတာ မူလအမရ ရွာသားတွေနဲ့လည်း ဆက်ဆံရေး နက်ရှိုင်းနေတဲ့ပုံပဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ရေရွတ်သည်။ သူသည် ထိုကိစ္စဟာ ဝမ်ချောင်နှင့် ဆက်စပ်ကြောင်းကို သတိမထားမိချေ။
သူ၏စိတ်ကမူ ဝါးဦးထုပ်ခေါင်းဆောင်နှင့် မူလအမရ ရွာသူကြီးတို့ စကားကိုသာ တွေးတောနေမိသည်။
ထိုစကားကလည်း သိုင်းပညာလောကမှ ပုဂ္ဂိုလ်ကြီးများအားလုံးကို အံ့ဩစေခဲ့သည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏အမူအရာက တင်းမာသွားသည်။ ယခင်က ဂူထဲမှတိုက်ပွဲဟာ သူ့အတွက် ကာကွယ်ပေးရုံသာ ဖြစ်ခဲ့သည်။
ဝမ်ချောင်က ရုတ်တရက် အကြောင်းအရာကိုပြောင်းသည်။
“သူတို့အရှိန်နှုန်းမြှင့်လာပြီ။ ကြည့်ရတာ သူတို့က ငါတို့ကိုမမိမချင်း မရပ်တဲ့ပုံပဲ”
ဝမ်ချောင်၏ စကားလုံးများက အထီးကျန်တိတ်ဆိတ်ဘိုးဘေးအား အခြေအနေကို နားလည်သွားစေပြီး မျက်မှောင်ကိုကျုံ့သည်။
“သွားရအောင် အရှေ့ကိုဆက်ကူးကြမယ်။ လေက ရှားပါးနေပြီဆိုတော့ သူတို့ အကြာကြီးတော့ မနေနိုင်ပါဘူး။ သိပ်မကြာခင် ထွက်သွားမှာပဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက တင်းမာစွာပြောသည်။
“အသုံးမဝင်ဘူး ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူတို့မှာလည်း အဲ့ဒီအစိမ်းရောင်အရွက်တွေ ရှိလောက်တယ်”
ဝမ်ချောင်၏ ခေါင်းကိုခါသည်။ သူ၏စကားလုံးများက အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ နှလုံးသားကို လေးလံသွားစေသည်။
ဝမ်ချောင်သည် မူလအမရ ရွာသားတစ်ယောက်ထံမှ ထိုအရွက်များကို ရထားခဲ့ခြင်းဖြစ်ပြီး အနက်ရောင်ဝတ်စုံနဲ့ လူများကလည်း ရွာသားအနည်းငယ်ကို ဖမ်းမိထားသည်။ ထို့ကြောင့် သူတို့သည်လည်း ရထားပေမည်။ ပိုဆိုးသည်မှာ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း မူလအမရရွာသားများကို ကောင်းမွန်စွာ နားလည်နေသည်။ ထို့ကြောင့် ဝမ်ချောင်ကိုယ်တိုင်ပင် သူတို့ဟာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဟု မယုံကြည်ချေ။
“အာ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”
အထီးကျန်တိတ်ဆိတ် ဘိုးဘေးက မျက်နှာဖြူဖျော့သွားသည်။
မြေအောက်မြစ်ထဲတွင် သွားလာနေသောအခါ အန္တရာယ်ကလည်း များသေးသည်။ သူတို့ဟာ ခပ်ဝေးဝေးသို့ ကူးခတ်သွားခဲ့ပြီးနောက် နောက်ထပ် ထွက်ပေါက်တစ်ခု၊ သို့မဟုတ် အပေါ်ထပ်သို့ပြန်ပြီး လေရှုနိုင်မည့် နေရာတစ်ခုကို မရှာနိုင်ခဲ့ဘဲ အရွက်များက ကုန်သွားခဲ့မည်ဆိုပါက သူတို့ကသာ အရင်သေရပေလိမ့်မည်။
ပြဿနာအများဆုံးကမူ သူတို့သည် သူတို့အကြောင်း ဖော်ထုတ်၍မရဘဲ အနက်ရောင်ဝတ်စုံနဲ့ လူများက မြစ်ထဲတွင် သူတို့ရှိမှန်း မသိသေးပေ။
သို့သော် သူတို့အကြောင်း ပေါ်သွားသည်နှင့် သူတို့ဟာ ဒီနေရာမှာ ရှိနေမှန်း သေချာသွားပြီဖြစ်သည်။ ထို့ကြောင့် မျက်လုံးသုံးလုံးပါသော သမင်မျက်နှာဖုံးနှင့် လူကပင် လာဖမ်းနိုင်သေးသည်။
ထိုအခြေအနေက ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ အစိုးရိမ်ဆုံး ကိစ္စဖြစ်သည်။ သူတို့သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများနှင့်အတူ ယခုလို ပိတ်လှောင်နေသော နေရာမျိုးတွင် မတိုက်ခိုက်လိုပေ။
သူတို့နှစ်ယောက်က စကားပြောနေချိန်တွင် ရုတ်တရက် အရှိန်ကိုမြှင့်ကာ ကူးခတ်လိုက်ကြသည်။ ရုတ်တရက် အရှေ့ဘက်ခြမ်းမှ ကြီးမားသော တုန်ခါမှုကြီးက ဖြစ်ပေါ်လာသည်။ မမြင်ရသော စွမ်းအားတစ်ရပ်က သူတို့၏အထက်မှ ကျောက်ရိုင်းတုံး သွေးကြောကို တွန်းလိုက်ပုံပေါ်လေပြီး တုန်ခါကာ လှုပ်ခါလာလေသည်။
ပို၍ဆိုးသည်မှာ သူတို့နှစ်ယောက်သည်ပင် သူတို့၏နှလုံးသားကို အေးစိမ့်သွားစေသည့် ဂီယာလည်ပတ်သံကို ကြားရသည်။
ဝမ်ချောင်က ရုတ်တရက် အဖြစ်အပျက်ကို နားလည်သွားသည်။
“ဒါက မူလအမရရွာသားတွေ”
မူလအမရရွာသားများကသာ မြေအောက် အာကာသပြင်အတွင်းမှ အရာများကို ကြိုးကိုင် လည်ပတ်နိုင်စွမ်းရည် ရှိသည်။ သို့သော် ထိုအသံက ကျယ်လွန်းသည်။ ကျောက်ရိုင်းသွေးကြောကြီး တစ်ခုလုံးကပင် တုန်သွားသည်။
ဘယ်လောက်တောင် အင်အားကြီးမားတဲ့စက်လဲ။ မူလအမရ ရွာသားတွေက အန္တရာယ်ကို အာရုံခံမိလို့ အနက်ရောင်ဝတ်စုံနဲ့ လူတွေကို ရင်ဆိုင်ဖို့ အသက်သွင်းလိုက်တာဖြစ်မယ်။
ဝမ်ချောင်က တိတ်တဆိတ် တွေးသည်။
သူတို့နှစ်ယောက်က မြစ်ထဲသို့ ရောက်နေသည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သည်။ ဒီနည်းအားဖြင့် အန္တရာယ် အမြောက်အများကို ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် သူတို့သည်လည်း ဂူထဲမှ အခြေအနေကို မသိပေ။
သို့သော် လှုပ်ခါမှု အနေအထားအရ နောက်ဆုံး အရန်အတားအလွှာမှ တိုက်ပွဲက သံသယဝင်ရန် မလိုလောက်အောင် ပြင်းထန်နေပေလိမ့်မည်။
“မကောင်းတော့ဘူး”
သူဟာ တွေးတောနေရင်းမှ ရုတ်တရက် အလန့်တကြားအော်သံကို ကြားရသည်။ သူ၏သွေးများက အေးစက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ မြေအောက်မြစ်၏ နံရံများအားလုံးက တုန်ခါနေကြောင်း သတိထားမိလိုက်သည်။ ထိုသို့ဖြင့် ကျောက်သားများနှင့် ရွှံ့တုံးများက ရေထဲသို့ ပြုတ်ကျလာသည်။ အရှေ့မီတာ ငါးဆယ်၊ခြောက်ဆယ်ခန့် အမြင့်တွင် အပေါ်မှ ကျောက်သားများအားလုံးက မြစ်အောက်ဘက်သို့ ထိုးဆင်းလာပြီး ပြိုကျသွားသည်။ ကြီးမားသော ကျောက်တုံးကြီးတစ်ခုကဆိုလျှင် အောက်ဘက်သို့ တိုက်ရိုက်ထိုးကျလာလျှက် မြစ်ကို ပိတ်ဆို့လိုက်သည်။
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့၏ မျက်နှာက ဖျော့တော့သွားလေသည်။
++++
အခန်း(၁၄၈၈)
ပွက် ပွက် ပွက် ပွက် ပွက်
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ရှေ့သို့အပြေးသွားသော်လည်း နောက်ကျလွန်းသွားသည်။ ရွှံ့တုံးများနှင့် ကျောက်သားများက မြေအောက်မြစ် တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး သူတို့နှစ်ယောက်လုံးက ရပ်တန့်ရန် တွန်းအားပေးခံရသည်။
“ဘယ်လိုကြောင့် ဒီလိုဖြစ်လာတာလဲ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခပ်အုပ်အုပ် ညဉ်းညူသည်။
မြေအောက်နန်းတော်ထဲမှ တိုက်ပွဲက မြစ်ကိုပါ သက်ရောက်လာခဲ့ပြီး သူတို့၏လမ်းကို ပိတ်သွားသည်။ ဒါဟာ သူတို့ အစပိုင်းက လုံးဝမတွေးမိသည့် ကိစ္စဖြစ်သည်။
“မျိုးမစစ်တွေ ငါတို့လမ်းကို အတင်းဖောက်ထုတ်ရတော့မယ်”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြောသည်။
သူဟာ ခေါင်းကိုလှည့်ပြီး အနောက်ဘက်သို့ ကြည့်သည်။ သူ၏မျက်လုံးက တိုက်ခိုက်လိုစိတ်ဆန္ဒများ ပြင်းထန်လာသည်။
သူတို့သာ ဒီတိုက်ပွဲတွင် နိုင်သွားခဲ့လျှင်ပင် နောက်ပိုင်းတွင် ပြဿနာအများကြီး တက်နိုင်သေးသည်။ သို့သော် သူတို့တွင် အခြားလုပ်နိုင်သော ကိစ္စများ မရှိတော့ပေ။
ဝှစ်
အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း အနက်ရောင်ဝတ်စုံနှင့် လူများနှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားချိန်တွင် ရုတ်တရက် ကြီးမားသော ရေပွက်သံနှင့်အတူ တတိယ ဝါးဦးထုပ်လူနှင့်တူသော ကျယ်ပြောလွန်းသော အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်သည်။
အရှိန်အဝါ အသစ်နှစ်ခုက လျှင်မြန်စွာ ချဉ်းကပ်လာနေသည်အား အာရုံခံမိလိုက်သည့် ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ မျက်နှာက ဖျော့တော့သွားသည်။
မူလအမရ အရှင်သခင်က ချခင်းထားသည့် စိတ်ဝိညာဉ်စည်းတံဆိပ်က ထိုမြေအောက်မြစ် အပေါ်အထိပဲ သက်ရောက်မှုရှိသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်လောက် သိပ်သည်းသော ကြယ်တာရာစွမ်းအင်များကို မပိုင်ဆိုင်ထားသော်လည်း သူ၏ ကုန်းကုန်းနတ်သိုင်းက မြစ်နှင့် တစ်သားတည်း ပေါင်းစပ်အောင် ဖန်တီးပေးထားသည်။ ထို့ကြောင့် အချို့သော နယ်ပယ်များတွင် သူသည် ဝမ်ချောင်ထက်ပင် ထိုမြစ်ထဲမှ အလှည့်အပြောင်းများကို နားလည်နေသေးသည်။
“နောက်ထပ် ဝါးဦးထုပ်လူနှစ်ယောက်”
ဝမ်ချောင်၏ နှလုံးသားက လေးလံသွားသည်။
သူတို့၏မျက်လုံးက မြေအောက်မြစ်ထဲမှ အမှောင်ထုကလွဲပြီး ဘာကိုမှ မမြင်ရချေ။ သို့သော် ဝမ်ချောင်ကမူ ကျယ်ပြောများပြားလွန်းသည့် အန္တရာယ်၏ ချဉ်းကပ်မှုကို ခံစားမိလိုက်သည်။
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ဝါးဦးထုပ်နှင့် လူတစ်ယောက်ကို မနိုင်နိုင်သည့်တိုင်အောင် အနည်းဆုံး တိုက်ခိုက်နိုင်သေးသည်။ သို့သော် ဝါးဦးထုပ်နှင့်လူ သုံးယောက်လုံး ပေါင်းစည်းသွားပြီး အခြားသော လုဝူတစ်ပိုင်း အနက်ရောင်မီးတောက် အဇူရာပုံသဏ္ဍန်နှင့် အနက်ရောင်ဝတ်စုံနှင့် လူများအားလုံး ပေါင်းစည်းသွားခဲ့သော် ထိုနှစ်ယောက်အနေဖြင့် အင်အားမရှိတော့ပေ။
ရေသံများက နီးသထက် နီးလာသည်နှင့်အမျှ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ မျက်နှာက တင်းမာလာသည်။
“သခင်လေးဝမ် ဒီကိစ္စက တော်တော်လေးကို ခက်ခဲနေတယ်။ ငါက ရေမှာကျွမ်းတယ်။ ဒါကြောင့် ငါအတက်နိုင်ဆုံး ကြိုးစားပြီး သူတို့ကို ထိန်းထားပေးမယ်။ မင်းက ထွက်ပြေးဖို့ကြိုးစားတော့”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တင်းမာစွာပြောသည်။ သူ၏စိတ်ထဲမှ အကြံတစ်ခုကိုလည်း ထုတ်ပြောလိုက်သည်။
“နေဦး”
ဝမ်ချောင်က ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို တားသည်။ တစ်ချိန်ထဲတွင်ပင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက စိတ်ထဲတွင် ဖြတ်ပြေးသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်ကိုသာ စိုက်ကြည့်လိုက်သည်။
ယခုအနေအထားအရ ဘာကိုမှလုပ်ရန် အချိန်မရှိတော့ချေ။ ဝါးဦးထုပ်နှင့် လူသုံးယောက်က အလွန်အမင်း အင်အားကြီးမားသည်။ ယခုလို ကျဉ်းမြောင်းသော နေရာမျိုးတွင် ထိပ်တိုက်ရင်ဆိုင်ရသောအခါ သူတို့သည်လည်း ပုန်းကွယ်ရန် မဖြစ်နိုင်ပေ။ တိုက်ပွဲကသာ အကောင်းဆုံးသော ရွေးချယ်စရာ ဖြစ်နေသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း ဝမ်ချောင်က သူတို့နှစ်ယောက်ကို ယခုလို ကပ်ဘေးမှ လွတ်မြောက်အောင် အကြံအစည်းတစ်ခုကို တွေးတောနိုင်မည်ဟု မတွေးတောတတ်ပေ။
သူတို့၏အနောက်မှ ကျောက်တုံးကြီးက မြစ်ကိုပိတ်ဆို့ထားသောကြောင့် အချိန်တိုအတွင်းတွင်ပင် ကိုင်တွယ်၍ မရနိုင်ပေ။ သူတို့က ကိုင်တွယ်နိုင်ပြီးသည့် အချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူများကလည်း မှီလာလောက်လေပြီ။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏မျက်လုံးထဲမှ အမူအရာက တင်းမာသထက် တင်းမာလာသည်။ သူ၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးအကြံများက ပေါ်ထွက်လာသည်။ သို့သော် လက်ရှိပေးထားသော အခြေအနေအရ သူ့ကိုအမှန်တကယ် သက်ရောက်မှုရှိအောင် လုပ်ပေးနိုင်မည့် အကြံအစည်က အကန့်အသတ်နှင့်ဖြစ်နေသည်။
ထိုအချိန် မြေအောက်မြစ်၏ တစ်နေရာတွင်
တတိယမြောက် ဝါးဦးထုပ်နှင့်လူက ရေနဂါးပုံသဏ္ဍန်မျိုးနှင့်အတူ မြစ်ထဲတွင် ကူးခတ်သွားလာနေသည်။ သို့သော် သူသည်လည်း နောက်ထပ် ပြင်းထန်သိပ်သည်းသော စွမ်းအင်များကို ခံစားမိနေသည်။ ရုတ်တရက် မျက်မှောင်ကျုံ့လိုက်သည်။
တခဏခန့်ကြာပြီးနောက် နောက်ထပ် ဝါးဦးထုပ်နှင့် လူနှစ်ယောက်နှင့် လက်အောက်ငယ်သားများက လိုက်လာသည်။
တတိယမြောက် ဝါးဦးထုပ်နှင့်လူက သူ၏ အပေါင်းအဖော် နှစ်ယောက်ကိုကြည့်ကာ မေးသည်။
“ဘာဖြစ်တာလဲ မင်းတို့ အပေါ်မှာနေရမှာမဟုတ်ဘူးလား”
ဝါးဦးထုပ်နှင့် ခေါင်းဆောင်က ရပ်တန့်သွားပြီး တင်းမာစွာပြောသည်။
“မူလအမရသိုင်းကို ရအောင်ယူဖို့က သူ့ရဲ့တာဝန်။ ငါတို့ရဲ့တာဝန်မှမဟုတ်တာ။ ငါတို့လုပ်ရမှာက အဲ့ဒီကောင်စုတ်ကို ဖမ်းတာပဲ။ ဒီတာဝန် ကျရှုံးသွားရင် ဘာဖြစ်မလဲ မင်းသိပါတယ်”
တတိယမြောက် ဝါးဦးထုပ်နှင့်လူက ချက်ချင်းနားလည်သွားသည်။
သူတို့ထဲမှ နှစ်ယောက်က သူတို့အရှင်၏ အသိအမှတ် ပြုမှုမရှိဘဲ သူတို့ဘာသာ လှုပ်ရှားခြင်းဖြစ်သည်။ သို့သော် အခြေအနေအရ.... ဒီအနေအထားအရ သူတို့သုံးယောက်လုံးကသာ ထိုကောင်စုတ်ကို ဖမ်းရလောက်သည်။
“ဟုတ်တယ် ငါတို့ရှုံးနိမ့်သွားရင် ပေးရမဲ့တန်ကြေးကို တောင့်မခံနိုင်လောက်ဘူး”
တတိယမြောက် ဝါးဦးထုပ်နှင့်လူကပြောသည်။
“အဲ့ဒီကောင်စုတ်က ဘယ်မှာလဲ”
ဝါးဦးထုပ်ခေါင်းဆောင်က မေးသည်။
“ငါရှာမတွေ့သေးဘူး။ ဒါပေမဲ့ စိုးရိမ်စရာ မလိုပါဘူး။ ငါတို့ မကြာခင် ရှာတွေ့မှာပေါ့။ မြစ်က ဒီလောက်ပဲကြီးတာ။ သူဝေးဝေး မပြေးနိုင်ပါဘူး”
ဝါးဦးထုပ်သုံးယောက်နှင့် အနက်ရောင်ဝတ်စုံနှင့် လူများက လျှင်မြန်စွာ ရှေ့တက်ကြသည်။ သူတို့၏မျက်ဝန်းထဲမှ အလင်းက စူးရှလာသည်။
ရှေ့သို့တက်သွားနေရင်းမှ ထိုသုံးယောက်သည် ဂရုတစိုက် ရှာဖွေကြသည်။ မည်သည့် ကျောက်တုံးကိုမှ မချန်ရစ်ထားခဲ့ချေ။ မီတာငါးဆယ်၊ မီတာလေးဆယ်၊ မီတာသုံးဆယ်... ထိုအဖွဲ့က ဝမ်ချောင်တို့၏ နေရာနှင့် နီးသထက်နီးလာသည်။
ထိုအချိန်တွင် သူတို့၏မြစ်မှရေက ခဲနေပုံရသည်။
အန္တရာယ်က သိသာထင်ရှားနေသည်။ ကြမ်းတမ်းသောတိုက်ပွဲက အချိန်မရွေး ဖြစ်ပွားတော့မည်ဖြစ်သည်။ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ စွမ်းရည်များအရ အလွန်အမင်း အန္တရာယ်များနေသည်။
ဝုန်း
ဝမ်ချောင်က အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို အနောက်ဘက်သို့ ပြန်ဆွဲခေါ်ပြီး နံရံထောင့်တစ်နေရာသို့ ဆွဲသွင်းလိုက်သည်။
“စီနီယာ ကျေးဇူးပြုပြီး ငါပြောတဲ့အတိုင်းလုပ်ပါ။ လုံးဝ မလိုအပ်သမျှ မတိုက်ခိုက်ပါနဲ့”
ထိုမြစ်၏ အထက်က အလွန်အမင်း ကြမ်းတမ်းမာကြောသော ကျောက်ရိုင်းသတ္ထုသွေးကြောကြီး ဖြစ်သည်။ သို့သော် အခြားဦးတည်ရာဘက်ကမူ ထိုသို့မဟုတ်ချေ။
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က သူတို့၏ခန္ဓာကိုယ်များကို ထိုနံရံထဲသို့ တစ်သားတည်း ဝင်ရောက်သည်အထိ မြုပ်ပစ်လိုက်ရင်း ဖုံးကွယ်နိုင်စွမ်းရည်မျိုး ရှိနေပြန်သည်။
“သခင်လေး ဘာလုပ်မလို့လဲ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ မျက်လုံးက အံ့အားသင့်မှုဖြင့် ပြူးသွားသည်။
ဒီလောက်အင်အားကြီးမားတဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဒီလောက်အနီးကပ် ဘယ်လို လှည့်စားနိုင်မှာလဲ။
ဝမ်ချောင်၏ တည်ငြိမ်ကာ အေးစက်သော အမူအရာကြောင့်သာ မဟုတ်လျှင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း ဝမ်ချောင်ဟာ အန္တရာယ်ကြောင့် ရူးသွားပြီလောဟု တွေးမိလောက်သည်။
“စီနီယာ ငါ့စကားကိုနားထောင် ငါပြောတဲ့အတိုင်းလုပ်ပါ။ ငါ့ရဲ့နည်းလမ်းက သက်ရောက်မှုမရှိရင် ငါတို့ တိုက်ခိုက်ဖို့ ကြိုးစားကြည့်မယ်”
ဝမ်ချောင်က တင်းမာစွာပြောသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အတွေးကိုလည်း နားလည်ပုံရသည်။
“ကောင်းပြီလေ”
တခဏခန့် တိတ်ဆိတ်ပြီးသည်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း အံ့ကိုကြိတ်ပြီး ခေါင်းကိုညိမ့်လိုက်သည်။
“ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပတ်ဝန်းကျင်ကိုကြည့်သည်။ ထို့နောက် မြစ်ထဲသို့ ကျလာသော ကြီးမားသော ကျောက်တုံးကြီးအချို့ကို ခပ်မြန်မြန် သတိထားမိသွားသည်။ သူဟာ လက်ကိုဖွင့်လိုက်ပြီးနောက် ထိုကျောက်တုံးများထဲမှ ရေတိုင်တစ်တိုင်ကို ထွက်ပေါ်လာစေလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်၏ အရှေ့တွင်လည်း ကျောက်တုံးအရွယ်အစား ပုံသဏ္ဍန် ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် ကျောက်သားများက သူတို့ကိုဆက်ပြီး ဖုံးကွယ်ထားပေးနိုင်သည့် အကာအကွယ်လွှာ ဖြစ်လာသည်။
ဝမ်ချောင်က အသိအမှတ်ပြုသလို ခေါင်းညိမ့်သည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အမှန်ပင် ကြွယ်ဝသော အတွေ့အကြုံကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ယခုလို ပုန်းကွယ်နေခိုင်းရုံနှင့် တစ်ဖက်သူက သတိပေးစရာမလိုဘဲ ချက်ချင်းလုပ်ပြတတ်သည်။
“အခု ဒီအကွက်က အလုပ်ဖြစ်မလား ကြည့်ရမယ်”
တခဏခန့်ကြာပြီးနောက် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အံ့အားတကြီး စောင့်ကြည့်နေမှုအောက်တွင် သူဟာ ကြယ်တာရာစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ယခင်ကနှင့် မတူညီစွာပင် သူသည် ထိတွေ့ကိုင်တွယ်၍ရသော ကြယ်တာရာစွမ်းအင်များကို စုစည်းလိုက်ပြီးနောက် သူတို့ပုန်းနေသောနေရာကို ဝိုင်းလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူတို့ဟာ နံရံနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။ ထိုသို့လုပ်ပြီးနောက် ကြယ်တာရာစွမ်းအင်များက မည်းမှောင်ကာ လေးလံလာသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် အစပိုင်းတွင် စိတ်ရှုပ်နေသေးသည်။ ဝမ်ချောင်က ဘာဆက်လုပ်မည်ဖြစ်ကြောင်း နားမလည်သေးပေ။ သို့သော် ကြယ်တာရာစွမ်းအင်က အသွင်ပြောင်းလဲနေသည်ကို ကြည့်ရင်း တဖြည်းဖြည်း သံမဏိပုံသဏ္ဍန် ပြောင်းသွားမှသာ ရုတ်တရက် မျက်နှာက ဖြူဖျော့သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က သူ၏စိတ်စွမ်းအင်အား မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့သည့် စိတ်စွမ်းအင် စည်းတံဆိပ်နှင့် တူလွန်းသော သတ္ထုတုံးပုံသဏ္ဍန် ပြောင်းလဲနေခြင်းဖြစ်သည်။
ထို့အပြင် ဝမ်ချောင်၏ စိတ်စွမ်းအင်သည် ဆက်လက်ပြီး ပျံ့နေရင်းမှ သူတို့နှစ်ယောက်အပြင် သူတို့ကို ဖုံးကွယ်ထားသော ကျောက်သားများကိုလည်း အလုံပိတ်ပစ်လိုက်သည်။
တစ်စက္ကန့်ခန့် ကြာပြီးနောက် ဝမ်ချောင်ဟာ ဝမ်ချောင်ဖြစ်နေသေးသည်။ သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အာရုံခံနိုင်စွမ်းအားထဲတွင်မူ ကျောက်သားဖြစ်သွားသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် သိုင်းပညာလောကထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်ကျန်နေရစ်ခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော စွမ်းအင်များနှင့် သိုင်းများအကြောင်း သိထားသည်။ သို့သော် ဝမ်ချောင်ကဲ့သို့ စိတ်စွမ်းအင်က ကျောက်သားအဖြစ် ပုံသဏ္ဍန်ပြောင်းပြီး ကိုယ့်ကိုယ်ကို သဘာဝပစ္စည်းများနှင့် အရှိန်အဝါတူအောင် ပြောင်းလဲနိုင်သည့် အခြေအနေမျိုးကို မကြုံတွေ့ဖူးချေ။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း အခြားသောသူများ၏ အာရုံခံနိုင်စွမ်းအားထဲတွင် ကျောက်သားဖြစ်နေလေသည်။
ဖော်ပြဖို့တောင် ခက်သေးတယ်။ ဒီစိတ်စွမ်းအင်မျိုးက ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားဘူး....။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက လုံးဝမှင်သက်သွားသည်။ ထိုစိတ်စွမ်းအင်၏ နက်နဲမှုအဆင့်က သူယုံကြည်ရန် မဖြစ်နိုင်သော အနေအထားသို့ ရောက်သွားသည်။
ဝမ်ချောင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက် သူသည်လည်း သူ၏ မွှေးညှင်းပေါက်များ အားလုံးကို ချိတ်ပိတ်ရင်း စွမ်းအင်များအားလုံးကို ချုပ်သိမ်းပစ်လိုက်သည်။ သူသည်လည်း ဂူထဲသို့ တစ်သားတည်း ဝင်ရောက်နေသော ကျောက်သားဖြစ်သွားသည်။
သူတို့၏ပတ်ဝန်းကျင်က တိတ်သွားသည်။ တစ်ခုတည်းသော အသံက ရေစီးသံဖြစ်သည်။
အဝေးမှ ရေပွက်သံများနှင့်အတူ သိပ်သည်းသော စွမ်းအင်များက ချဉ်းကပ်လာသည်။ ပတ်ဝန်းကျင်တွင် စွမ်းအင်မုန်တိုင်းများက ပတ်ပတ်လည် ဝိုင်းနေသည်။ ဝါးဦးထုပ် လူသုံးယောက်က ရောက်လာသည်။ မြေအောက်မြစ်၏ လေထုအခြေအနေက သိပ်သည်းသွားသည်။
“ဒီလမ်းကြောင်းက ပိတ်နေပြီ”
“သူတို့ဝေးဝေး မသွားနိုင်ဘူး”
“ဂရုစိုက်ရှာကြ။ သူတို့ဒီနားမှာပဲ ရှိမယ်”
ဝါးဦးထုပ်လူ သုံးယောက်က မြစ်အပေါ်တွင် မျောလွင့်နေသည်။ သူတို့၏မျက်လုံးက တောက်ပပြီး အေးစက်သည်။ ဝါးဦးထုပ်နှင့် ခေါင်းဆောင်ဟာ မြစ်ပေါ်တွင် မျောလွင့်နေရင်း သူ၏ဝါးဦးထုပ်က မျက်နှာကျက်နှင့် ပေတစ်ဝက်ခန့်သာလျှင် ကွာသည်။ အခြားသော လူနှစ်ယောက်ကလည်း အပေါ်ယံတွင် ရပ်နေကြသည်။ သူတို့၏ ခြေထောက်က ရေပေါ်တွင် မြဲမြံစွာတင်ထားသည်။
အချိန်ကပင် ရပ်တန့်သွားပုံပေါ်သည်။ ထိုသုံးယောက်က ပတ်ဝန်းကျင်ကို အကဲခတ်ကြသည်။ ကျောက်သားများ အနောက်မှ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့က မျက်လုံးကိုမှိတ်ထားပြီး ကျောက်ရုပ်များနှင့်ပင် တူနေသည်။
သူတို့၏စိတ်ကမူ အလွန်အမင်း တင်းကြပ်နေကြသည်။
+++++
အခန်း(၁၄၈၉)
ဝမ်ချောင်၏ အကွက်က အလွန်အမင်း အနုစိတ်ကျသော စိတ်ကူးစိတ်သန်းများအပြင် သူ၏ ဖော်ပြရန်ခက်ခဲသော စွမ်းရည်ကိုပါ ထည့်သွင်းစဉ်းစားထားရခြင်းဖြစ်ပြီး ဝါးဦးထုပ်လူများကို ရင်ဆိုင်ရာတွင် အမှန်တကယ် အသုံးဝင်ခြင်း ရှိမရှိ စောင့်ကြည့်ရဦးပေမည်။
“လာ”
ကျယ်ပြောများပြားသော စိတ်စွမ်းအားတစ်ရပ်က ထိုသုံးယောက်ထံမှ စတင်ကာ ပျံ့ထွက်လာရင်း ဖုံးကွယ်နေသော နှစ်ယောက်နှင့် နီးသထက် နီးကပ်လာသည်။
ဝမ်ချောင်သည် ထိုအချိန်ထိ တည်ငြိမ်နေသေးသည်။ သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကမူ အလွန်အမင်း စိုးရိမ်စိတ်များနေသည်။ သူ၏လက်ထဲတွင်လည်း စွမ်းအင်များကို စတင်ကာ စုစည်းထား၏။ ဝမ်ချောင်က အလွန်အမင်း အဆင့်မြင့်သော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း ဝင်္ကပါက ဖန်တီးထားသော စိတ်စွမ်းအင်စည်းတံဆိပ်နှင့် ခြားနားနေသေးသည်။ ဝမ်ချောင်၏ လှည့်ကွက်ကသာ ပေါ်သွားခဲ့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း ချက်ချင်းလှုပ်ရှားရန် လိုအပ်သည်။
သူတို့ဟာ အရေအတွက် အပြတ်အသတ် ကွာနေသည့်တိုင်အောင် တိုက်ခိုက်ရုံသာ တက်နိုင်လေသည်။
အချိန်က ရပ်တန့်သွားပုံရသည်။ ဝမ်ချောင်က အသက်ရှုအောင့်ထားသည်။ သူ၏အမူအရာက အပြည့်အဝ အာရုံစိုက်ထားသည်။
ဝမ်ချောင်သည် မူလအမရအရှင်၏ စိတ်စွမ်းအား စည်းတံဆိပ်ထံမှတစ်ဆင့် ထိုနည်းလမ်းကို သိလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်နေသေးသည်။ ထို့ကြောင့် ဝါးဦးထုပ်လူများကို အမှန်တကယ် လှည့်စားနိုင်ချေ ရှိမရှိ မသေချာပေ။
ထိုသုံးယောက်၏ စိတ်စွမ်းအင်များက ဝမ်ချောင်တို့၏ နေရာနှင့် နီးသထက် နီးကပ်လာပြီး ဝမ်ချောင်ကပင် စတင်ကာ စိုးရိမ်လာသည်။
သုံး နှစ် တစ်
ဝမ်ချောင်က တိတ်တဆိတ် ရေတွက်သည်။
ရုတ်တရက် ထိုသုံးယောက်၏ စိတ်စွမ်းအင်က ဂူနံရံကို လာထိသည့်အချိန်တွင် ဝမ်ချောင်၏ မျက်လုံးက တစ်ချက်လက်သွားပြီး သူ၏စိတ်စွမ်းအင်ကို တိုက်ခိုက်ရန် ပို့လွှတ်လိုက်သည်။
ဘုန်း
ဝမ်ချောင်၏ စိတ်စွမ်းအင်က မရေမတွက်နိုင်သော စီးကြောင်းများအဖြစ် ပြောင်းလဲကာ ထိုသုံးယောက်၏ စိတ်စွမ်းအင်များကို အဘက်ဘက်မှ တိုက်ခိုက်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ စိတ်စွမ်းအင်က ထိုသုံးယောက်၏ စိတ်စွမ်းအင်စီးကြောင်း သုံးခုကို တစ်ပြိုင်တည်းတွင်ပင် တိုက်ခိုက်လိုက်သေးသည်။
စွမ်းအင်ချင်း ထိပ်တိုက်ရင်ဆိုင်မှုက တောင်တန်းများကိုပင် ခုတ်ထွင်နိုင်သည်။ ဝါးဦးထုပ် လူသုံးယောက်က အငိုက်မိသွားသည်။
“အား”
“ဘာဖြစ်တာလဲ”
ထိုသုံးယောက်က ရုတ်တရက် တိုက်ခိုက်ခံရသောကြောင့် ကြောင်သွားသည်။ သူတို့က တုန့်ပြန်လိုက်သော အချိန်တွင် ဝမ်ချောင်၏ စိတ်စွမ်းအင်က ကြမ်းတမ်းသော တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။
ပို၍ဆိုးသည်မှာ သာမာန်သိုင်းပညာရှင်နှင့် မတူညီစွာပင် ဝမ်ချောင်သည် စိတ်စွမ်းအင်ကိုသုံးပြီး တိုက်ရိုက် တိုက်ခိုက်ခြင်းမဟုတ်ပေ။ ထိုအစား မရေမတွက်နိုင်သော စိတ်စွမ်းအင် အမျှင်ပေါင်းများစွာကို ထူးဆန်းသော ပုံစံမျိုးဖြင့် သွားလာစေရင်း တစ်နေရာစီမှ တိုက်ခိုက်ခြင်းဖြစ်သည်။
ဝါးဦးထုပ်နှင့် လူများအတွက်မူ မြောက်များလှစွာသော ရန်သူများကို တစ်ပြိုင်တည်း ရင်ဆိုင်ရသလိုမျိုး ဖြစ်သွားသည်။
ဝါးဦးထုပ်လူများက လက်သီးဖြင့် တစ်ချက်စီသာ ထိုးလိုက်ရပြီး ဝမ်ချောင်က မရေမတွက်နိုင်သော လက်သီးချက်ပေါင်းများစွာ ထိုးလိုက်ရသည်။ လက်သီး တစ်ချက်ချင်းစီတိုင်းက မတူညီသော နေရာတစ်ခုမှလာပြီး မတူညီသော အင်အားအဆင့်နှင့်ဖြစ်သည်။
တခဏခန့်ကြာပြီးနောက် ထိုလူသုံးယောက်က ပို့လွှတ်ထားသော စိတ်စွမ်းအင်များက ပုံပျက်ပန်းပျက်ဖြစ်ကာ လိမ်တွန့်လျှက် ပျောက်ကွယ်ကုန်သည်။
သူတို့၏စိတ်စွမ်းအင်များက နံရံကိုပင် မထိနိုင်ခဲ့ချေ။
ထိုသို့ဖြင့် ဖျက်ဆီးခံလိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်ပင်ဖြစ်စေ၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင်ဖြစ်စေ မတုန့်ပြန်နိုင်သေးခင်မှာတင် ဝါးဦးထုပ် လူသုံးယောက်က အလန့်တကြားအော်သည်။
“မူလအမရအရှင်ရဲ့ စိတ်စွမ်းအားစည်းတံဆိပ်”
သူတို့၏အမူအရာက မတည်ငြိမ်တော့ချေ။ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က သူတို့၏အသံကို မကြားနိုင်သော်လည်း ဝမ်ချောင်ကမူ သူ၏စိတ်စွမ်းအင်ကို တစ်ချိန်လုံး ဆက်သွယ်ထားခြင်းဖြစ်သလို အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း သူ၏ ရေစွမ်းအားမှတစ်ဆင့် အရာအားလုံးကို အာရုံခံနိုင်သည်။
ထိုဝါးဦးထုပ် လူသုံးယောက်၏ တုန့်ပြန်မှုကတင် အခြေအနေကို သိရန်လုံလောက်သည်။
“???”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်ထက်ပင် ပို၍အံ့ဩရသေးသည်။
သူတကယ်ကို ဝင်္ကပါရဲ့ သက်ရောက်မှုကို တုပဖို့ စိတ်စွမ်းအင် သုံးလိုက်နိုင်တယ်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ စိတ်က မုန်တိုင်းထန်သွားသည်။ သူသည် မတည်ငြိမ်နိုင်တော့ချေ။
သူကိုယ်တိုင်သာ မျက်မြင်တွေ့ကြုံရခြင်း မဟုတ်လျှင် သူသည်လည်း လူတစ်ယောက်က စိတ်စွမ်းအင်ကို အသုံးပြုရုံနှင့် စိတ်စွမ်းအားစည်းတံဆိပ်၏ တိုက်ကွက်ကို ပစ်ချက်ကင်းမဲ့စွာ တုပနိုင်မည်ဟု မယုံကြည်နိုင်လောက်ပေ။
ဝါးဦးထုပ်နှင့်လူ သုံးယောက်ထဲမှ မည်သူကမှ အားမနည်းကြပေ။ သို့သော် ဝမ်ချောင်က ရှင်းလင်းစွာပင် စိတ်စွမ်းအင်စည်းတံဆိပ်ကို တုပပြီး သူတို့ကို အရူးလုပ်လိုက်နိုင်သည်။
“ဘာတွေဖြစ်နေတာလဲ။ မြေအောက်မြစ်က မူလအမရအရှင်ရဲ့ ဂူရဲ့ အနှစ်သာရ နေရာကိုတောင် မရောက်သလို သိုင်းပညာရှင်တွေကလည်း ပုံမှန်အားဖြင့် ဒီနေရာထဲကို မဝင်တတ်ပါဘူး။ ဘာလို့ စိတ်စွမ်းအားစည်းတံဆိပ်က ဒီမှာရှိနေတာလဲ”
ပထမဦးဆုံး အသိဝင်လာသူက ပထမဦးဆုံး ဝါးဦးထုပ်နှင့်လူဖြစ်သည်။ သူ၏မျက်နှာတွင် သံသယပင် ပေါ်လာ၏။
သူဟာ မြစ်ထဲသို့ အရင်ဝင်သူဖြစ်သည်။ ထို့ကြောင့် စိတ်စွမ်းအင် နှောက်ယှက်မှုများကို မကြုံတွေ့ခဲ့ဖူးသေးချေ။ ထို့ကြောင့် ရုတ်တရက် ပေါ်လာသောအခါ ထူးဆန်းသွားသည်။ မူလအမရအရှင်က ဘာလို့ ဒီလိုအရေးမပါတဲ့ မြစ်ထဲမှာ စည်းတံဆိပ်ကို လာထားမှာလဲ။
“မူလအမရအရှင်ကလည်း အနာဂတ်ကို ကြိုမြင်နိုင်လိမ့်မယ်။ ဒါကြောင့် ဂဏန်းဗေဒနဲ့ ဂမ္မီရပညာကို ကျွမ်းကျင်တဲ့ ဆရာသခင်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ နောက်ပြီး ငါတို့လာရှာတဲ့ အဲ့ဒီအရာက အရမ်းကို အရေးကြီးလွန်းလို့ သူနည်းနည်းလေးမှ အားနည်းချက်ကို ချန်ထားရစ်ခဲ့မှာမဟုတ်ဘူး။ ဒီနေရာမှာရှိနေတဲ့ အဲ့ဒီစိတ်စွမ်းအား စည်းတံဆိပ်ကလည်း မြစ်ကိုသုံးပြီး အတွင်းဘက်ကို ဝင်ဖို့ ကြိုးစားတဲ့လူတိုင်းအတွက် ထားထားတာဖြစ်လိမ့်မယ်”
“နောက်ပြီး မူလအမရအရှင်ရဲ့ ပုံစံအတိုင်းဆိုရင် ဒါက သတိပေးတာပဲ။ ငါတို့သာ ရှေ့ကိုဆက်ပြီး ဝင်သွားခဲ့ရင် ပိုများတဲ့ အန္တရာယ်ကြီးတဲ့ ထောင်ချောက်တွေနဲ့ တွေ့ရလိမ့်မယ်”
ဝါးဦးထုပ်လူ ခေါင်းဆောင်ထံမှ စိတ်စွမ်းအား အားလှိုင်းက ဖြာထွက်လာသည်။ သူ၏မျက်လုံးက နက်နဲသော အလင်းဖြင့် လက်နေပြီး အခြားသော အဖွဲ့ဝင်များကို ပြောပြသည်။
သူသည် မူလအမရအရှင်၏ ဂူထဲသို့ ဝင်ရောက်လာပြီးချိန်ကတည်းက အလွန်အမင်း သတိကြီးကြီး ထားထားသည်။ အကြောင်းမူကား သူတို့၏ မှတ်တမ်းထဲမှ ဖော်ပြချက်ထဲမှ လူက အလွန်အန္တရာယ် များလွန်းသောကြောင့်ဖြစ်သည်။
သူဟာ သေသွားပြီးသည့်တိုင်အောင် သူက ချန်ထားရစ်ခဲ့သည့် ထောင်ချောက်များနှင့် စည်းတံဆိပ်များက အဖွဲ့အစည်းကို ကြောက်စရာကောင်းသည့် ဆုံးရှုံးမှု ပေးခဲ့သေးသည်။
“ဟွန်း ဒီမှာ စိတ်စွမ်းအားစည်းတံဆိပ် ရှိနေလည်း အရေးမကြီးဘူး။ ငါအဲ့ဒီကောင်စုတ်လေးကို ဘယ်လိုနည်းနဲ့မဆို ရအောင်ရှာရမယ်။ ငါတို့က စိတ်စွမ်းအင်ကိုသုံးပြီး ရှာလို့မရဘူးဆိုကတည်းက ကြယ်တာရာစွမ်းအင်ကို သုံးရုံပေါ့”
တတိယမြောက် ဝါးဦးထုပ်နှင့်လူက အော်လိုက်သည်။
သူဟာ သားကောင်ကို မျက်စိကျနေသော အမဲလိုက်ခွေးနှင့်တူသည်။ အစာမတွေ့အချင်း လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ဘုန်း ဘုန်း
ထိုလူ၏ကိုယ်က တုန်ခါသွားပြီး စိတ်စွမ်းအင်များက ဖြာထွက်လာသည်။
ကျောက်သားများနောက်မှ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ မျက်နှာက ဖျော့တော့သွားသည်။
ဝမ်ချောင်သည် စိတ်စွမ်းအင်ကိုသုံးပြီး မူလအမရအရှင်၏ စိတ်စွမ်းအားစည်းတံဆိပ်အဖြစ် တုပကာ ထိုလူများ၏ အာရုံခံနိုင်စွမ်းအားကို အရူးလုပ်နိုင်သေးသည်။ သို့သော် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ ကြယ်တာရာစွမ်းအင်ကိုမူ အရူးလုပ်နိုင်ခြင်းမရှိပေ။
အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ကြယ်တာရာစွမ်းအင်များကို သုံးပြီး ရှာဖွေသည်နှင့် ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ပေါ်သွားပေလိမ့်မည်။
တတိယမြောက် ဝါးဦးထုပ်လူ၏ ကြယ်တာရာစွမ်းအင်များက ရှေ့ဘက်သို့ တိုးဝင်လာပြီး သိပ်မကြာခင်မှာတင် ဝမ်ချောင်တို့၏အနားသို့ ရောက်လာသည်။
“နေဦး”
လက်တစ်ဖက်က ရှေ့သို့ထွက်လာပြီး တတိယမြောက် ဝါးဦးထုပ်လူ၏ပုခုံးကို လှမ်းဆွဲသည်။
ထိုလူက အံ့အားတကြီး တုန်သွားသည်။ သူ၏ ထုတ်လွှတ်ထားသော ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်တို့ ပုန်းနေသောနံရံနှင့် ပေအနည်းငယ်ခန့် အကွာတွင် ရပ်သွားသည်။
“ခေါင်းဆောင် ဘာဖြစ်လို့လဲ”
တတိယမြောက် ဝါးဦးထုပ်လူက ခေါင်းဆောင်ကို ပြန်လှည့်ကြည့်သည်။ သူသည်လည်း ခေါင်းဆောင်က သူ့ကို ရုတ်တရက် တားသည်အား နားမလည်နိုင်ချေ။
“ဒီလောက်ဒုက္ခခံဖို့မလိုဘူး”
အေးစိမ့်နေသောမြစ်ထဲမှ ဝါးဦးထုပ်လူ ခေါင်းဆောင်၏ မျက်နှာအမူအရာက ပို၍အေးစက်နေသည်။ သူဟာ လက်ညိုးတစ်ချောင်းညွှန်ပြီး အရှေ့ဘက်သို့ထိုးပြသည်။
“ဒီအပိုင်းရဲ့အရှည်က မီတာတစ်ဆယ်ကျော်ပဲရှိတာ။ သူတို့က ဒီမှာလား ဒါမှမဟုတ် ဒီနေရာကနေ မဖြတ်သွားဘူးလားဆိုတာကို ငါတို့ ချက်ချင်းကြည့်လိုက်ရုံနဲ့ ရတယ်”
ထိုစကားကို ကြားပြီးနောက် တတိယမြောက် ဝါးဦးထုပ်နှင့်လူက နောက်ပြန်လှည့်ကြည့်သည်။ သူသည် ချက်ချင်းဆိုသလိုပင် စွံ့အသွားပြီး မျက်နှာက နီလိုက်စိမ်းလိုက် ဖြစ်သွားသည်။
သူသည်လည်း ဝမ်ချောင်ကိုဖမ်းရန် အာရုံစိုက်နေသောကြောင့် သူ၏ရှေ့မှလမ်းက မီတာတစ်ရာသာလျှင် ရှိမှန်း သတိမထားမိခဲ့ချေ။
“နောက်ပြီး အပေါ်ကတစ်ယောက်က ဒီစီမံကိန်းကို တာဝန်ယူထားတဲ့လူ။ မူလအမရ ရွာသားတွေက ကောက်ကျစ်တယ်။ ဒီတော့ သူငါတို့ရဲ့ အကူအညီကို သိပ်မကြာခင် လိုအပ်လောက်တယ်။ သူကသာ ဒီကိစ္စကို အထက်ကလူတွေကို တင်ပြလိုက်ရင် ငါတို့ပိုပြီး ဒုက္ခများလိမ့်မယ်။ ဒီတော့ ဒီကိစ္စကို မြန်မြန် အဆုံးသတ်ရအောင်”
ရုတ်တရက် ဝါးဦးထုပ်ခေါင်းဆောင်ဟာ မျက်နှာပျက်သွားသည်။ သူ၏ခြုံလွှာကလည်း ရုတ်တရက် တဖြောင့်တည်း မြောက်တက်သွားသည်။
ဘုန်း
ပြင်းထန်သိပ်သည်းသော ဖျက်ဆီးခြင်းစွမ်းအားများက အရှေ့ဘက်သို့ ထိုးတက်သွားလေပြီး သူတို့၏အရှေ့မြစ်ကို ပိတ်ထားသောနေရာအား ရိုက်ချပစ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မြစ်တစ်ခုလုံးအနှံ့ ပေါက်ကွဲသံများက ပေါ်ထွက်လာလေပြီး သိပ်သည်းစွာ စုစည်းထားသော ကြယ်တာရာစွမ်းအင်များက ထိုနေရာတွင် နံရံတစ်ခုအလား ပိတ်ဆို့နေသည့် ကျောက်သားတုံးများကို လွင့်ထွက်သွားစေသည်။
မြေအောက်မြစ်ကြီး တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။
ဝါးဦးထုပ်လူ သုံးယောက်လုံးဟာ မြေအောက်မြစ်အပေါ်တွင် တြဂံပုံသဏ္ဍန်မျိုးနှင့် ရပ်လျှက်နေကြရင်း အေးစက်သော မျက်နှာထားမျိုးနှင့်အတူ ထိုနေရာကို ကြည့်နေကြသည်။
အရာအားလုံးက တိတ်ဆိတ်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အလားတူတိတ်ဆိတ်ပြီး ထိုနေရာကို အကဲခတ်ကြည့်သည်။
ထိုအခိုက်အတန့်တွင် ထိုမြစ်အတွင်းမှ အသေးငယ်ဆုံးသော နေရာကိုပင် မချန်ထားခဲ့ပါချေ။
အလွန့်အလွန် ဖော်ပြရန် ခက်ခဲနေပြီးနောက်တွင် ဝါးဦးထုပ်ခေါင်းဆောင်က ပြောသည်။
“လောင်စန်း အဲ့ဒီကလေး ဒီမှာဆိုတာ မင်းသေချာလား”
သူ၏စူးရှသော မျက်လုံးကမူ မြစ်ပေါ်အာရုံစိုက်နေခြင်း မရှိတော့ဘဲ တတိယမြောက် ဝါးဦးထုပ်နှင့်လူကို မေးသည်။
“မေးခွန်းရဲ့ အဓိပ္ပာယ်က ဘာလဲ”
တတိယမြောက် ဝါးဦးထုပ်နှင့်လူ မျက်နှာက ဖျော့တော့သွားသည်။
ဝါးဦးထုပ်လူခေါင်းဆောင်က သူဟာ လူတိုင်းအား မှားယွင်းသောနေရာသို့ ခေါ်လာခဲ့သည်ဟု ရည်ရွယ်နေခြင်းဖြစ်သည်။
“ရလဒ်ကို မင်းဘာသာမင်းကြည့်နေ။ အဲ့ဒီကလေး ဒီမြစ်ထဲကိုဝင်ခဲ့တာ သေချာလို့လား”
ဝါးဦးထုပ်လူခေါင်းဆောင်က ပြောသည်။
“မဖြစ်နိုင်တာ သူအဲ့ဒီလမ်းကြောင်းထဲ ဝင်သွားတာကို ငါကိုယ်တိုင်မြင်လိုက်တာ။ နောက်ပြီး မြေအောက်မြစ်က မူလအမရအရှင်ရဲ့ မျိုးဆက်ငါးဆက်မြောက် တပည့်က စောင့်ကြပ်နေခဲ့တာ။ ဒီတော့ သူဒီနေရာကလွဲပြီး အခြားဘယ်နေရာကမှ မဝင်သွားနိုင်ဘူး။ နောက်ပြီး သူထွက်ပြေးနိုင်တဲ့ အခြားနေရာမှ မရှိတာ”
တတိယဝါးဦးထုပ်လူက ပြောသည်။ သူ၏အသံက ရင်ကျိုးမရဖြစ်သလို၊ မတရားခံရသလို ကျယ်သထက် ကျယ်လာသည်။
“နန်းတော်ထဲမှာ အခြားလျို့ဝှက်လမ်းကြောင်း မရှိဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ဘူး။ မြစ်ဆီကို ဦးဆောင်ပေးနိုင်တဲ့ လမ်းရှိနေကတည်းက အခြားတစ်နေရာရာကို ဦးဆောင်ခေါ်သွားနိုင်တဲ့ နေရာကလည်း ရှိနေမှာပဲ။ တကယ်လို့ သူတို့က မူလအမရ ရွာသားတွေ ချန်ထားရစ်ခဲ့တဲ့ လမ်းကြောင်းကို ရှာတွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
ခေါင်းဆောင် ဝါးဦးထုပ်လူကပြောသည်။
ထိုငြင်းခုံမှုက အဆုံးသတ်သွားသည်။ တတိယမြောက် ဝါးဦးထုပ်လူက ခေါင်းဆောင်ကို စွံ့အစွာကြည့်သည်။
“ဟုတ်သားပဲ မင်းဆီလာတဲ့လမ်းကြောင်းက ရှိနေကတည်းက နောက်ထပ်လမ်းကြောင်း ရှိမရှိ မပြောနိုင်ဘူး”
သူကိုယ်တိုင်ပင် ခုခံသည့်စကား တစ်ဝက်ပင် ထုတ်မပြောနိုင်တော့ပေ။
“သွားမယ် ဒီနေရာမှာ အချိန်ဖြုန်းမနေနဲ့”
ဝါးဦးထုပ်လူခေါင်းဆောင်က ချက်ချင်းဆိုသလိုပင် လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်သွားသည်။ ရေလှိုင်းလုံးကြီးများကလည်း မြစ်တစ်ခုလုံးကို လှုပ်ခါနေစေသည်။
“အရှင့်နောက်ကိုလိုက်”
အနက်ရောင်ဝတ်စုံနှင့် လူများက အနောက်ဘက်မှ ခပ်မြန်မြန် လိုက်ကြသည်။
“မျိုးမစစ်ကောင် ဘာလို့ဒီလိုဖြစ်လာတာလဲ”
တတိယမြောက် ဝါးဦးထုပ်နှင့်လူက အံ့ကိုကြိတ်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူများ၏ အနောက်မှလိုက်ကာ အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဘုန်း
သူတို့က ထွက်သွားပြီးနောက် သူဟာ လက်ကောက်ဝတ်ကို ယမ်းခါလိုက်ပြီး ခေါင်မိုးထဲသို့ပင် ကြယ်တာရာစွမ်းအင်များကို ပို့လွှတ်လိုက်သေးကာ ကြီးမားသော ကျောက်သားများကို အောက်ဘက်သို့ ပစ်ချပြီး မြစ်ကိုပိတ်ဆို့သွားစေသေးသည်။
+++++
အခန်း(၁၄၉၀)
အရာအားလုံးက ပြန်လည်ပြီးတိတ်ဆိတ်သွားသည်။ ဝရုန်းသုန်းကား ဖြစ်နေသော ရေလှိုင်းလုံးများနှင့် လမ်းကို ပိတ်ဆို့ထားသော ကျောက်သားများကသာ အဖြစ်အပျက်ကို သက်သေအဖြစ် ပြသရန် ကျန်နေရစ်လေသည်။
အချိန်အတန်ကြာ ကုန်လွန်သွားခဲ့ပြီးနောက်
ဝှက်
မြစ်အောက်ခြေမှ ကြီးမားသော ရေပူဖောင်းကြီးက မြောက်တက်လာပြီး လူပုံရိပ်နှစ်ယောက်က ရွှံ့ထဲမှထွက်လာသည်။
“သူတို့သွားကြပြီ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခန္ဓာကိုယ်တစ်ချက် လှုပ်ခါပြီး ခန္ဓာကိုယ်ပေါ်မှ အုပ်နေသော ရွှံ့များကိုခါသည်။
“ငါတို့အခုတော့ တကယ်လုံခြုံလောက်ပါပြီ”
စိတ်စွမ်းအင်ကို အသုံးပြုကာ အာရုံခံနိုင်ခြင်းက ပေါ်သွားလောက်နိုင်သည်။ သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ကုန်းကုန်းနတ်သိုင်းကမူ မြစ်ထဲမှ အခြေအနေကို မည်သူမှ မသိခင် ရှာဖွေနိုင်စွမ်းရည်ရှိသည်။
“အွန်း သူတို့လက်လျော့သွားလောက်ပါပြီ”
ဝမ်ချောင်သည်လည်း ခေါင်းညိမ့်ရင်း ကိုယ်ပေါ်မှရွှံ့များကို ခါသည်။
သူ၏မျက်နှာက အနည်းငယ် ဖျော့တော့နေသည်။ အသက်ရှုနှုန်းက နွမ်းလျနေ၏။ သူတို့သည် မုန်တိုင်းဒဏ်ကို ကြံကြံခံနိုင်ခဲ့သော်လည်း နှစ်ယောက်လုံးက တန်ကြေးတစ်ခု ပေးလိုက်ရသည်။
“ဟင်း သခင်လေးဝမ် မင်းရဲ့နည်းလမ်းက တကယ်အလုပ်ဖြစ်တာပဲ။ နည်းနည်းလေးသာ ကြာသွားရင် ငါတို့ပေါ်သွားတော့မှာ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြောသည်။ သူ၏မျက်နှာတွင် စိတ်အေးသော အမူအရာမျိုးကပေါ်လာသည်။
အမှန်တကယ် ကြုံတွေ့ခဲ့မှသာ ယခုအခြေအနေက သူတို့နှစ်ယောက်လုံးအတွက် မည်မျှ အန္တရာယ်များခဲ့ကြောင်း သိနိုင်သည်။
ဝမ်ချောင်၏ စိတ်စွမ်းအား စည်းတံဆိပ်က... ကြယ်တာရာစွမ်းအင် တိုက်ကွက်များအတွက် အသုံးမဝင်ပေ။ ထိုနှစ်ယောက်သည် ပေါ်သွားလုနီးပါး အနေအထားမျိုးသို့ ရောက်သွားသည်။ ထို့နောက် ပေါ်သွားသည်နှင့် ကြမ်းတမ်းသောတိုက်ပွဲက ဖြစ်လာပေလိမ့်မည်။
ဝါးဦးထုပ်လူသုံးယောက်နှင့် လက်အောက်ငယ်သားများ အားလုံး၏ ပြင်းထန်သိပ်သည်းသော စွမ်းအားများအရ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က သေချာပေါက် သေရလောက်သည်။
သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ဝမ်ချောင်ဟာ စိတ်စွမ်းအားကို အသုံးပြုပြီး အထီးကျန်တိတ်ဆိတ် ဘိုးဘေးကို ကျောက်သားများထဲသို့ ကြယ်တာရာစွမ်းအင်များကို တွန်းထည့်ခြင်းအားဖြင့် သူတို့နေရာကို ဖုံးကွယ်ရန် လုပ်ခိုင်းခဲ့လေသည်။
သူတို့သည်လည်း ကျောက်သားများကို ဒိုင်းတစ်ခုအဖြစ် အကာအရံအတားလုပ်ပြီး တိုက်ကွက်ကို တားထားသည်။ ဒီနည်းအားဖြင့် ဝါးဦးထုပ်လူခေါင်းဆောင်ကို လှည့်စားနိုင်ခဲ့သည်။
ဝါးဦးထုပ်လူ ခေါင်းဆောင်က အင်အားကြီးကောင်း ကြီးပေလိမ့်မည်။ သို့သော် သူ၏ တိုက်ကွက်များအားလုံးက ကျောက်သားများပေါ်သာ ကျရောက်သွားခဲ့ပြီး သဘာဝအလျောက်ပင် ဘာကိုမှ သတိမထားမိခဲ့ပေ။
သို့တိုင်အောင် သူတို့သည်လည်း ကြယ်တာရာစွမ်းအင် တိုက်ကွက်အောက်မှ လုံးဝ လွတ်မြောက်ခဲ့သည်သော မဟုတ်ပေ။
ကံကောင်းစွာဖြင့်ပင် ဝါးဦးထုပ်ခေါင်းဆောင်ဟာ သူ၏တိုက်ကွက်များကို မြစ်၏ မီတာတစ်ရာဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံကာ ဖြန့်ကျက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နေလေပြီး သတ်ဖြတ်လိုစိတ် စွမ်းအားများကိုလည်း ဖြန့်ဝေကာ လွှတ်ထုတ်ခဲ့သည်။
“ငါတို့ဒီကပ်ဘေးတစ်ခုက ရှင်သန်နိုင်ခဲ့ရုံပဲ ရှိသေးတယ်။ အခုငါပြန်တွေးကြည့်မှ အနက်ရောင်ဝတ်စုံနဲ့ လူတွေမှာ ကိုယ်ပိုင် အတွင်းရေးပြဿနာ ရှိမယ်ဆိုတာကို သိလိုက်ရတယ်”
ဝမ်ချောင်က လက်ကိုတစ်ချက် ယမ်းလိုက်သည်။ သူ၏စိတ်က ဝါးဦးထုပ်လူ နှစ်ယောက်အကြားမှ ကတောက်ကဆ ဖြစ်ရပ်ကို ပြန်သတိရသွားသည်။
သူတို့၏အတွင်းရေး ထိုးနှက်ချက်ကြောင့်သာ မဟုတ်လျှင် တတိယမြောက် ဝါးဦးထုပ်လူကလည်း ကြယ်တာရာစွမ်းအင်ကိုသုံးပြီး ရှာဖွေမည်ဖြစ်ပြီး သူတို့ကို ကြိုတားပြီးလောက်လေပြီ။
“ဒါပေမဲ့ အန္တရာယ်က မပြီးသေးဘူး။ ငါတို့ထွက်ဖို့ လမ်းကြောင်းရှာရဦးမယ်”
ပိုပြီးအရေးကြီးတာက မူလအမရသိုင်းကို ရှာရမှာပဲ။
ဝမ်ချောင်ကမူ နောက်ဆုံးတစ်ပိုင်းကို ထုတ်မပြောလိုက်ချေ။
သူသည် ရှေ့ရေးကိုမြင်နိုင်သော ဗျူဟာပညာရှင် တစ်ယောက်၏ ပုံစံကို လွှတ်ထုတ်ထားပြီး အကြီးမားဆုံးသော အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့ပုံရသည်။ ထို့ကြောင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးက သူ့ကို လေးစားမှုများနှင့် ကြည့်နေပြီဖြစ်သည်။
သို့တိုင်အောင် ဝမ်ချောင်ကသာ သူ၏အတွင်းပိုင်း ဒဏ်ရာများက ဆိုးသထက်ဆိုးနေကြောင်း နားလည်နေသည်။
သူသည် ဝါးဦးထုပ်လူတစ်ယောက်ကို အရူးလုပ်နိုင်ခဲ့ချိန်တွင် သူ၏အခြေအနေက ပိုဆိုးသွားသည်။ သူ၏တန်ထျန်းနှင့် ခန္ဓာကိုယ်မှ အမျိုးမျိုးသော အစိတ်အပိုင်းများက နာကျင်မှုနှင့် ကြိမ်းကိုက်နေသည်။
ဝမ်ချောင်သည် သူကြာကြာမခံနိုင်တော့မှန်း နားလည်နေသည်။ သူသည် မူလအမရသိုင်းကို အမြန်ဆုံးရှာရန် လိုအပ်နေလေပြီ။
“ငါ့ကိုလွှတ်ထားလိုက်”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြုံးလိုက်ပြီး ဘယ်ဘက်လက်ဖဝါးကို အရှေ့ဘက်သို့ အသာတွန်းလိုက်သည်။
ပြင်းထန်သိပ်သည်းသော အင်အားနှင့်အတူ မြစ်ရေများက လိမ့်တက်လာလေပြီး တတိယမြောက် ဝါးဦးထုပ်လူကြောင့် ပိတ်သွားသောလမ်းကြောင်းကို ချက်ချင်းလိုလို ရှင်းလင်းပေးလိုက်သည်။
ကြီးမားသော ရေတိုင်ကြီးတစ်တိုင်က ကျောက်သားများကို တွန်းထုတ်လိုက်ပြီးနောက်တွင် ရွှံ့များကိုပင် သယ်ဆောင်ကာ မီတာတစ်ရာခန့်အကွာသို့ ပို့ပေးလိုက်သည်။
ထိုအရာသာ မကသေးချေ။ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ဘယ်ဘက်လက်ထဲမှ အဖြူရောင် အလင်းတန်းက ထိုးထွက်လာလေပြီး မြစ်တစ်ခုလုံးအနှံ့ မမြင်ရသော စွမ်းအင်အကာအကွယ်လွှာ တစ်ခုကို လွှတ်ထုတ်လိုက်သည်။ တစ်ချက်လှုပ်ခါသွားပြီးသည်နှင့် ရေပေါ်တွင် မျောလွင့်နေသော ရွှံ့များအားလုံးက အနည်ထိုင်ကျကာစ မြစ်ရေများအလား တဖန်ပြန်လည်ပြီး ကြည်လင်သွားသည်။
ထိုသို့ဖြင့် တိုက်ပွဲမဖြစ်ခင်က အခြေအနေအတိုင်း ပြန်လည်ပြောင်းလဲသွားလေသည်။
ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် တုန်ယင်သွားသည်။ သူ၏မျက်နှာတွင် မှင်သက်အံ့ဩမှုကို ရိုးရှင်းစွာ ရေးသားထားလေသည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ကုန်းကုန်းနတ်သိုင်းက ရေကိုထိန်းချုပ်မှုတွင် အထွတ်အထိပ်သို့ ရောက်ရှိနေနှင့်ပြီးသားဖြစ်ပြီး သိုင်းပညာရှင်များကပင် မမျှော်လင့်ထားသော အတိုင်းအတာသို့ ရောက်နေပြီ။
ဝမ်ချောင်ကပင် ထိုသို့လုပ်နိုင်ခြင်းမရှိပေ။
“သခင်လေး ငါတို့အခု ဘာဆက်လုပ်သင့်လဲ”
ရေကိုရှင်းပြီးသည်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်ကို လှည့်ကြည့်သည်။ သူသည် ထိုလူငယ်ကို အလွန်အမင်း ယုံကြည်နေပြီဖြစ်သည်။
ဝမ်ချောင်၏ မူလအမရဝင်္ကပါကို ဖျက်ဆီးနိုင်စွမ်းအား၊ အစစ်အမှန် ရတနာမြေပုံကို ရှာဖွေရန်အတွက် ရတနာမြေပုံများအားလုံးကို စုစည်းနိုင်ခဲ့ခြင်း၊ ခြောက်ဆက်မြောက် မျိုးဆက်မှ ဆက်ခံသူကို ရင်ဆိုင်ရခဲ့ချိန်က အန္တရာယ်ကို ဖယ်ရှားခဲ့ပုံ၊ ဝါးဦးထုပ်လူ သုံးယောက်ထံမှ ဖုံးကွယ်ရန် ကြိုးစားခဲ့သည့်နည်းလမ်း... ဝမ်ချောင် ထုတ်ပြထားခဲ့သော စွမ်းရည်များအားလုံးက မည်သူ တစ်ဦးတစ်ယောက်၏ စိတ်ထဲကိုမဆို နက်ရှိုင်းစွာ စွဲမြဲထင်မြင်၍ ကျန်နေရစ်ခဲ့လေပြီး သူ့အပေါ် လေးစားလာမိစေသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင် လွှမ်းမိုးခံရသည်။ သူသည်လည်း ဝမ်ချောင်၏ အသက်အရွယ်ကိုပင် မေ့သွားလေပြီး သက်တူရွယ်တူအဖြစ် သဘောထားကာ အကြံဉာဏ်ကို မေးမြန်းတောင်းခံနေလေသည်။
ဝမ်ချောင်ကလည်း သေချာပြန်လည် စဉ်းစားသည်။ သူတို့သည် ရှေ့ဆက်သွားမည်လော သို့မဟုတ်လျှင် နောက်ဆုတ်ရပေမည်။ အပြန်လမ်းမှ အနှောက်အယှက်ကလည်း ဖယ်ရှားပြီးသားဖြစ်သည်။ သူတို့သည် မူရင်းလမ်းကြောင်းအတိုင်း သွားခြင်းက အလုံခြုံဆုံးဖြစ်သည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ခိုင်မြဲစွာကျုံးဝါးသည်။
“ရှေ့ဆက်သွားမယ်”
“အပေါ်မှာ သိုင်းပညာရှင် အများကြီး စုစည်းနေတယ်။ အနက်ရောင်ဝတ်စုံနဲ့ လူတွေ၊ မူလအမရ ရွာသားတွေ ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့၊ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့နဲ့ အခြား သတင်းကြားလို့ အပြေးအလွှား လာကြတဲ့ သိုင်းပညာရှင်တွေ အများအပြား ရှိနေကြတယ်။ နောက်ပြီး မူလအမရသိုင်းရဲ့ ဆက်ခံသူတွေတောင် ရှိတယ်။ အခြားသူတွေကို မပြောပါနဲ့ဦး။ အဲ့ဒီ အလောင်းကောင်တွေကတင် ကိုင်တွယ်ဖို့ ခက်နေပြီ”
“ပြန်သွားခဲ့ရင် အဓိကနေရာထဲကို မဝင်နိုင်သေးတဲ့အပြင် တိုက်ပွဲတွေကြောင့် လွင့်ထွက်သွားနိုင်သေးတယ်။ အနှစ်ချုပ်ပြောရရင် ဒီမြစ်က အလုံခြုံဆုံးနေရာပဲ။ မြစ်ရဲ့ အခွဲနေရာတွေကနေ ဒီကျောက်သွေးကြောကို ဆက်သွယ်ထားတဲ့နေရာကို ရှာဖွေကြည့်ပြီး မြစ်သွေးကြော အပါးဆုံးနေရာကို ကြည့်ရမယ်။ အဲ့ဒီလိုနည်းလမ်းနဲ့ ထိပ်ဆုံးထပ်ကိုတက်ရင်း အလောင်းတွေကို ရှောင်ရှားလို့ အန္တရာယ်များတဲ့ တိုက်ပွဲတွေကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်”
“အလောင်းကောင်တွေကို တက်နိုင်သမျှ များများရှောင်နိုင်ရင် အကောင်းဆုံးပဲ”
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ထိုအလောင်းကောင်များအကြောင်း တွေးမိရုံဖြင့် နှလုံးသားက လေးလံသွားသည်။
ခြိမ်း
သူတို့နှစ်ယောက်က တိတ်ဆိတ်နေချိန်တွင် ပတ်ဝန်းကျင် မြစ်က ရုတ်တရက် လှုပ်လာပြန်သည်။
ကီလိုမီတာမြောက်များစွာ ဖြန့်ကျက်နေသည့် ကျောက်ရိုင်းတုံးသွေးကြောက တဖန်ထပ်ပြီး တုန်ခါလာပြန်သည်။ ကျယ်လောင်သော စက်လည်ပတ်သံများကလည်း နားထဲတွင် ဟိန်းထွက်လာသည်။
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ခေါင်းကိုမော့ပြီး နားထောင်သည်။
“မူလအမရရွာသားတွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ မူလအမရအရှင်ရဲ့ ရတနာကို ကာကွယ်ဖို့အတွက်နဲ့ သူတို့က ဒီလိုမြောက်များတဲ့ ထောင်ချောက်တွေ စက်တွေကို တပ်ဆင်ထားတယ်။ နောက်ပြီး အသံတွေအရ သူတို့ အချို့အင်အားကြီးမားတဲ့စက်ကို ဖွင့်လိုက်တာထင်တယ်။ ငါရုတ်တရက် ဒီအနက်ရောင်ဝတ်စုံနဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ လူတွေက ဒီလောက်အင်အားကြီးတာတောင် ဘာလို့ ဒီလောက် သတိထားနေလဲဆိုတာကို နားလည်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြေပုံအတုတွေကိုတောင်ထုတ်ပြီး ငါတို့ကို ဒီနေရာကိုလာဖို့ လမ်းပြခိုင်းတာက မူလအမရအရှင်ကို အထင်သေးလို့ မရဘူးဆိုတာကို ပြလိုက်တာပဲ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ မျက်နှာတွင် ကြောက်ရွံ့သော မျက်နှာထားက ပေါ်လာသည်။ သူသည် အထက်မှ အခြေအနေကို အတိအကျ မသိသော်လည်း အင်အားကြီးမားသော တုန်ခါမှုကတင် တိုက်ပွဲ၏ ပြင်းထန်မှုကို သက်သေပြနိုင်ရန် လုံလောက်သည်။
ဝမ်ချောင်က ဘာစကားမှမဆိုပေ။ သို့သော် သူ၏မျက်လုံးက တူညီသော ခံစားချက်ကို ထုတ်ပြသည်။
ထိုအခိုက်အတန့်တွင် အနီးအနားမှ တုန်သွားပြီး ရေပွက်သံ ထွက်လာပြန်သည်။
နှစ်ယောက်လုံးက လှည့်ကြည့်လိုက်ပြီး မျက်လုံးက တောက်ပသွားသည်။
မြစ်ကိုပိတ်ဆို့နေသည့် ကြီးမားသော ကျောက်တုံးကြီးက အထက်မှလှုပ်ခါသံကြောင့် ရွေ့သွားပြီး လခြမ်းကွေးလို အဟနေရာလေးက ကွေးကွေးကောက်ကောက် ပေါ်လာသည်။ သူတို့နှစ်ယောက်ကလည်း ထိုနေရာကို မြင်လိုက်ရသည်။
“ဝမ်းသာစရာပဲ”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက စိတ်လှုပ်ရှားစွာပြောသည်။
“အခုငါတို့ အလွယ်တကူ ထွက်သွားလို့ရပြီ”
ထိုကျောက်တုံးက မြစ်ကိုပိတ်ဆို့နေသည့် အကြီးမားဆုံးနှင့် အခိုင်မာဆုံး ကျောက်တုံးဖြစ်သည်။
အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း သူသည် အနည်းဆုံး မိနစ်သုံးဆယ်ခန့် အချိန်ယူပြီး ထိုနေရာကို ရှင်းရလောက်သည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ ထိုကျောက်တုံးက အလိုအလျောက် နေရာဟပေးလိုက်သည်။ အဟနေရာက သိပ်မကြီးသော်လည်း သူတို့နှစ်ယောက်အတွက် ဖြတ်သွားရန်လုံလောက်သည်။
ခြိမ်း
အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ထိန်းချုပ်မှုအောက်တွင် ရေများက ထိုလခြမ်းကွေးလို အဟကြားနေရာထဲသို့ ထိုးဝင်သွားသည်။
ထိုရေများဖြင့် အဟကြားနေရာကို ကျယ်အောင် လုပ်လိုက်ခြင်းဖြင့် လူတစ်ယောက်စာ အလွယ်တကူ ဖြတ်နိုင်လောက်သွားပြီဖြစ်သည်။
“သွားရအောင်”
အထီးကျန်တိတ်ဆိတ်ဘိုးဘေးက လက်ကိုတစ်ချက်ယမ်းလိုက်သည်။ သူတို့နှစ်ယောက်ကလည်း ထိုနေရာမှတဆင့် ကျော်ဖြတ်လေသည်။
“နောက်ပိုင်းကိစ္စကို ငါ့တာဝန်ထား”
ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ပိန်းပိတ်အောင် မည်းမှောင်နေသော ရေထဲတွင် ငါးနှစ်ကောင်ကဲ့သို့ ဘေးချင်းယှဉ်လျှက် ကူးခတ်နေကြသည်။ ဝမ်ချောင်က ပြောလိုက်ပြီးသည်နှင့် သိပ်သည်းများပြားသော စိတ်စွမ်းအားလှိုင်းများက အထက်မှ ကျောက်သားအလွှာထဲသို့ ဝင်ရောက်သွားလေပြီး သတ္ထုကျောက်ရိုင်းသွေးကြော အနက်ပိုင်းထဲသို့ ဖောက်ဝင်သည်။
ဝမ်ချောင်က ခပ်နက်နက် ဖောက်ဝင်စေလေလေ ထိုကျောက်သားသွေးကြောက မည်မျှသိပ်သည်းမာကြောက မလှုပ်ခါနိုင်လေလေဖြစ်ကြောင်း သိလာလေလေဖြစ်သည်။ ကျောက်သားအမှုန် တစ်ခုချင်းစီတိုင်းကပင် ထူတုတ်လွန်းသဖြင့် သံမဏိနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် သံမဏိကို ပူစီဖောင်းဖြစ်သွားစေနိုင်သည်။ ယခုလို အခြေအနေမျိုးတွင် မူလအမရသိုင်း၏ ဆက်ခံသူများကို ကျော်ဖြတ်ပြီး အတွင်းပိုင်း မြေအောက်နန်းတော်၏ အဓိကနေရာသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးစားနေခြင်းက မဖြစ်နိုင်လောက်ချေ။ သို့သော် နေရာများက အင်ဂျင်နီယာများကပင် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူပြီး ကြိုးစားအားထုတ်ရလောက်သည်။ ထို့အပြင် မိုင်းတူးမည့် ပစ္စည်းများနှင့် အောက်ဆီဂျင် ပြတ်လပ်မှုကိုလည်း သတိထားရန် လိုအပ်သည်။ သို့တိုင်အောင် ထိုသိပ်သည်းလွန်းသော သတ္ထုသားများက စိတ်စွမ်းအင်၏ ထူးဆန်းမှုကို မတားနိုင်ပေ။
ငါအရင်က အကြံမှားခဲ့တာ ဖြစ်လောက်တယ်။ မူလအမရအရှင်က ဒီလောက်ကြီးမားတဲ့ စိတ်စွမ်းအားစည်းတံဆိပ်ကို ချခင်းထားပြီး မူလအမရဂူထဲက ဒီသွေးကြောထဲကို ဘယ်သူမှ ဖောက်မဝင်နိုင်အောင် တားထားတယ်။ သာမာန်လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကလည်း သွေးကြောထဲကို ဒီလောက်ထိ ဖောက်ဝင်နိုင်မှာမဟုတ်ဘူး။ ဆိုတော့ အဓိကသွေးကြောရဲ့ အခြေအနေကိုလည်း သိနိုင်မှာမဟုတ်ဘူး။ မှန်ကန်တဲ့နေရာကိုရွေးပြီး တူးဖို့က ပိုခက်တယ်။
သူတို့ကသာ နေရာမှားပြီး တူးလိုက်မိရင် ဒီသွေးကြောထဲမှာ နှစ်ရာပေါင်းများစွာ ကြိုးစားအားထုတ်နေမှ နည်းနည်းလောက်ပဲ သက်ရောက်မှုရှိမှာ။ နောက်ပြီး အနက်ရောင်ဝတ်စုံနဲ့ လူတွေကလည်း သူတို့မှာ အရင်းအမြစ်တွေ ဒီလောက်ရှိနေတာတောင်မှပဲ မကြိုးစားကြည့်တာက အဲ့ဒါကြောင့် ဖြစ်လိမ့်မယ်။
ဝမ်ချောင်က အေးစက်ကာ မှောင်မည်းနေသည့် ရေခဲတွင် ကူးခတ်နေရင်းမှ အခြေအနေ တစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာကာ စဉ်းစားကြည့်နေလေသည်။