← Chapters

အခန်း (၁၄၉၁-၁၄၉၅)

Vol. 89 Ch. 1491-1495

အခန်း (၁၄၉၁-၁၄၉၅)

Vol. 89 Ch. 1491-1495

အခန်း(၁၄၉၁)

အိမ်မက်ဆိုးသားရဲ၏ စွမ်းအားကို စုပ်ယူခဲ့ပြီးနောက်တွင် ဝမ်ချောင်၏ စိတ်စွမ်းအင်က ယခင်ကထက် ခုနှစ်ဆ၊ ရှစ်ဆခန့်အထိ များပြားသွားသည်။ ထိုကဲ့သို့ စိတ်စွမ်းအင်မျိုးဟာ သိုင်းပညာလောကမှ တိုင်တန်ကြီးများ အပါအဝင် သိုင်းပညာရှင် အမြောက်အများကို ကြောက်ရွံ့မှုဖြင့် တုန်ယင်စေလောက်သော စွမ်းအင်မျိုးဖြစ်သည်။

ထိုစိတ်စွမ်းအင်သည် မြေအောက်လောကထဲမှ သတင်းအချက်အလက်ပေါင်း များစွာကိုလည်း စစ်ဆေးနိုင်စွမ်းရည် ရှိသေးသည်။

ဝမ်ချောင်၏ စိတ်စွမ်းအင်က မီတာတစ်ထောင် အနက်အထိ ဝင်ရောက်နိုင်သည်။ ထိုအကွာအဝေးက သိပ်မဝေးသော်လည်း မြေအောက်မြစ်ထဲမှ အချက်အလက်များကို စုစည်းနိုင်ရန် လုံလောက်သည်ထက် ပိုနေခဲ့ပြီဖြစ်သည်။

ဝမ်ချောင်က မြေအောက်မြစ်ထဲတွင် ကူးလူးနေရင်းမှ အမျိုးမျိုးသော အချက်အလက်များက စိတ်ထဲဝင်လာသည်။

“ဘယ်လိုလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မျှော်လင့်တကြီး မေးလာသည်။

ဝမ်ချောင်၏ ပြင်းထန်သိပ်သည်းသော စိတ်စွမ်းအင်က သူ့အတွက် လျို့ဝှက်ချက်မဟုတ်တော့ပေ။

“အဲ့ဒီကျောက်ရိုင်းတုံး သွေးကြောတွေက တွန့်လိမ်ကောက်ပြီး မြေကြီးထဲမှာ တည်ရှိနေတာ။ မြေအောက်မြစ်က အများကြီး မပြောင်းလဲပေမဲ့ အဲဒီသွေးကြောတွေက ပုံသဏ္ဍန်အမျိုးမျိုး ဖြစ်နေတယ်။ ဒီကျောက်ရိုင်းသွေးကြောတွေက မီတာတစ်ထောင်ကျော် ထူနေတာကို ထည့်မပြောနဲ့ဦး”

ဝမ်ချောင်က ရှင်းလင်းစွာပြောသည်။ သူ၏အမူအရာက အလွန်အမင်း တည်ငြိမ်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ သူသည် ဝမ်ချောင်၏ စွမ်းရည်နှင့် အကဲဖြတ်နိုင်စွမ်းရည်ကို ယုံကြည်သည်။

“ဒါ့အပြင် ကျောက်ရိုင်းသွေးကြောတွေကို ကျော်ဖြတ်ပြီး အရန်အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ နောက်ပြီး နန်းတော်ထဲကို ဝင်နိုင်ဖို့ဆိုတာက ပုံမှန်အရ လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အဲ့ဒီကျောက်ရိုင်းသွေးကြောတွေရဲ့ အမျိုးမျိုး အထူအပါး ရှိတယ်ဆိုတဲ့ အနေအထားနဲ့ နန်းတော်ရဲ့ စီမံပုံကို ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင် နောက်ပြီး အဲ့ဒီသွေးကြောကိုယ်တိုင်က လုံးဝ ခိုင်မာနေတာမျိုး မဟုတ်ဘူးဆိုတဲ့အချက်ကို ထပ်ထည့်လိုက်မယ်ဆိုရင်တော့ အခွင့်အရေး နည်းနည်းရှိလောက်တယ်”

“ဒါ့အပြင် မြေအောက်မြစ်က ကျောက်ရိုင်းသွေးကြောအတွင်းက နန်းတော်နဲ့ အရမ်းကို ကွာဝေးတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့အထက်မှာက ကျောက်သားသီးသန့် တည်ရှိနေတာကိုး။ ဒီကျောက်သားအလွှာရဲ့ အထက်မှာမှ ကျောက်ရိုင်းသွေးကြောရှိတာ။ နောက်ပြီး ကျောက်ရိုင်းသွေးကြောရဲ့ အချို့နေရာတွေက ပါးတယ်။ အချို့နေရာတွေက ထူတယ်။ ဒါပေမဲ့ ကျောက်သားအလွှာကထူပြီး သွေးကြောက ပါးနေတဲ့ နေရာမျိုးလည်း ရှိသေးတယ်။ ဒါကြောင့် ရှေ့ကိုဆက်လက်တိုးဝင် စစ်ဆေးကြည့်ပြီးမှပဲ နောက်ပိုင်း အခြေအနေကို သိနိုင်မှာ။ ငါတို့ရှာတွေ့တာသာ ဒုတိယတစ်မျိုးဆိုရင်တော့ ထွက်သွားဖို့ အခွင့်အရေးရှိပြီ”

ဝမ်ချောင်က မော့ကြည့်လိုက်သည်။ မည်းမှောင်ကာ အေးစက်သော မြစ်ထဲတွင်ပင် သူ၏မျက်ဝန်းက နက်နဲသော အလင်းဖြင့် တောက်ပနေသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်ကို ကြည့်နေရင်း သဘောတူညီမှု အပြည့်နှင့် ခေါင်းညိမ့်လိုက်သည်။

သူသည် ဝမ်ချောင်၏ အတွေးယာဉ်ကြောနောက်သို့ အပြည့်အဝ မလိုက်နိုင်ခဲ့ပေ။ သို့သော် ဝမ်ချောင်၏ ပြုမူပုံက အတော်လေး ယုံကြည်ဖွယ်ရာဖြစ်နေသည်။ ဝမ်ချောင်တွင် သူဟာ အလွန်အမင်း အဖိုးတန်သော ရဲစွမ်းသတ္တိကို မြင်ရသည်။ လူငယ်တစ်ယောက်၏ ရဲစွမ်းသတ္တိဖြစ်ပြီး မည်သို့သော အန္တရာယ်မျိုးကို ကြုံတွေ့စေကာမူ ဘယ်သောအခါမှ လက်မလျော့မည့် ရဲစွမ်းသတ္တိမျိုးလည်းဖြစ်သည်။

အလက်ကြီးကြီး တောက်လောင်နေသော ဖယောင်းတိုင်နှင့်တူသည်။ နောက်ဆုံးသော အလင်းတန်းက မကုန်သမျှ ဘယ်သောအခါမှ ငြိမ်းသွားလိမ့်မည်မဟုတ်ပေ။ သူသည်လည်း ထိုနောက်ဆုံးသော မျှော်လင့်ချက် အလင်းတန်းကို ခိုင်မြဲစွာ ယုံကြည်ထားလေသည်။

ထိုမြင်ကွင်းက အထီးကျန်တိတ်ဆိတ်ဘိုးဘေးအား အတော်လေး တွေးတောမိစေသည်။

သိုင်းပညာလောကထဲတွင် အချိန်အတန်ကြအောင် နေထိုင်ခဲ့သော လူများအကြားတွင်ပင် ထိုကဲ့သို့ ပြင်းထန်သိပ်သည်းပြီး ထက်မြတ်လွန်းသော သူမျိုးကို ရှာဖွေရန် အလွန်ခက်ခဲသည်။

ဝှစ်

သူတို့နှစ်ယောက်က အမှောင်ထုထဲသို့ ဆက်လက်ပြီး ဝင်ရောက်နေကြသည်။

ထိုကာလ အတောအတွင်းတွင် သူတို့၏ အတန်ရှည်ကြာတဲ့ သွေးကြောက သုံးကြိမ်ခန့် ထပ်ပြီး လှုပ်ခါသွားသေးသည်။ တစ်ကြိမ်ချင်းစီတိုင်းက စက်များလည်ပတ်သံ၊ ခလုတ်များ ဖွင့်သံများဖြင့် လည်ပတ်နေလေသည်။ အပေါ်ဘက်တွင် မည်သည့်အခြေအနေများ ဖြစ်ပျက်နေကြောင်း အသေအချာ မသိသော်လည်း ထိုတိုက်ပွဲက ဆိုးသထက်ဆိုးကာ ပြင်းထန်သထက် ပြင်းထန်နေပြီး ပို၍များပြားသော လူများက သေဆုံးနေပြီဖြစ်ကြောင်း သိနိုင်သည်။

မူလအမရ ရတနာသိုက်ထဲသို့ အဖွဲ့တစ်ဖွဲ့မှ လူတစ်ယောက်ချင်းစီတိုင်းက ချီတက်ချိန်တိုင်းလိုလို ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကလည်း ရှေ့သို့ ဆက်လက်သွားလာနေလေသည်။

အချိန်ကြာလာသည်နှင့်အမျှ သစ်ရွက်ပုံကြီးက စတင်ကာ ယမ်းခါလာသည်။

သူတို့ဟာ မြေအောက်မြစ်ထဲတွင် ကူးခတ်နေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ သူတို့ဟာ ဝေးဝေးသွားလေလေ အန္တရာယ် ပိုများလာလေလေဖြစ်သည်။ သူတို့သည်လည်း အပေါ်ယံသို့တက်ပြီး လေရှုရန် လိုအပ်လာသည်။

အချိန်တစ်ခုကြာပြီးနောက် မြစ်က ကျောက်ရိုင်းသွေးကြောထံမှ ကွဲထွက်သောအခါ ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး အံ့အားတကြီး တုန်သွားသည်။ သူ၏မျက်ဝန်းက တောက်ပသွားသည်။

“ရှာတွေ့ပြီ”

“ဘာဖြစ်တာလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက် အလျင်စလိုမေးလာသည်။ သူ၏ကုန်းကုန်းနတ်သိုင်းက ထိုနေရာတွင် အသုံးမဝင်ချေ။ ထို့ကြောင့် ဝမ်ချောင်ကိုသာ မှီခိုရသည်။

“ငါဒါကို သေချာစေမဲ့ နည်းလမ်းတော့ မရှိဘူး။ ဒါပေမဲ့ ကျောက်သားအလွှာရဲ့ အထူဆုံးအပိုင်းက ဒီအပိုင်းပဲ။ ငါမြင်ဖူးသမျှထဲမှာ အထူဆုံးပဲ။ အခြားစကားနဲ့ပြောရရင် ဒီနေရာက ကျောက်ရိုင်းသွေးကြောက အပါးဆုံးဖြစ်လိမ့်မယ်။ ဆိုလိုတာက ဒီနေရာကနေ ထိုးဖောက်ပြီး မူလအမရ ရတနာသိုက်ရဲ့ အတွင်းပိုင်းထဲကို ဝင်ရောက်နိုင်ချေ အမြင့်ဆုံးပဲ”

“ဒါပေမဲ့ ဒါက သီအိုရီပဲရှိသေးတယ်။ အရင်ဦးဆုံး ဒီသွေးကြောထဲက နန်းတော်ရဲ့ တည်နေရာကို အတည်ပြုရဦးမယ်။ နန်းတော်ကသာ အဲ့ဒီမှာ မရှိဘူးဆိုရင် ဆိုလိုတာက ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး။ ပြန်ထွက်ခွာသင့်တယ်ဆိုတာပဲ”

ဝမ်ချောင်က တစ်ချက်မော့ကြည့်လိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်သည်။

ကျောက်သားအလွှာ၏ အထူက မီတာခြောက်ရာဝန်းကျင် ရှိသည်။ သို့သော် ထိုနေရာတွင် ကျောက်သားအလွှာရဲ့ အထူဆုံးနေရာက ခုနှစ်ရာမှ ရှစ်ရာခန့်အထိဖြစ်နေသည်။ ထို့အပြင် ကျောက်ရိုင်းသွေးကြောကလည်း ရုတ်တရက်ကြီး ချောမွေ့၍သွားသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်၏စကားကို ကြားပြီးနောက် ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တင်းကြပ်သွားလေသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မော့ကြည့်လိုက်သည်။ သူသည် စိုးရိမ်တကြီးပြောသည်။

“ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်ရမှာပဲ။ ငါတို့ တွေးထားသလိုမျိုး မဆိုးသွားဖို့ပဲ မျှော်လင့်တယ်”

ဝမ်ချောင်ကလည်း ခေါင်းကိုအသာညိမ့်လိုက်သည်။

တခဏခန့်ကြာပြီးနောက် ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်က သူ၏စိတ်ထဲမှ ထိုးထွက်သွားလေပြီး မီတာရာကျော်နက်သော ကျောက်သားအလွှာကို ကျော်ဖြတ်သွားသည်။

ထိုသို့ ရှေ့သို့ဆက်လက် တိုးဝင်သွားရင်းနောက် တစ်နေရာတည်းတွင်ပင် စုစည်းသွားကာ သေးကျုံ့သွားလေရင်း အပ်အလား သေးငယ်သွားလေသည်။

ဘုန်း

ထို့နောက် ထိုကျောက်ရိုင်းသွေးကြော၏ အလွန်ထူထည်းသော သတ္ထုသားကို ထိုးစိုက်ကာ ဖောက်ခွဲလေသည်။

ထိုသို့ ထိပ်တိုက်ဆုံလိုက်သည်နှင့် မမြင်ရသော အသံအားလှိုင်းက ထိုသွေးကြော တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ဘုန်း

ဝမ်ချောင်သည် စိတ်ကိုအာရုံစူးစိုက်ထားပြီး စတင်ကာ နားထောင်ကြည့်သည်။ အထီးကျန်တိတ်ဆိတ် ဘိုးဘေး၏ မျက်နှာတွင်လည်း စိုးရိမ်ထိတ်လန့်သော မျက်နှာထားမျိုးက ပေါ်လာသည်။ သူ၏စိတ်စွမ်းအင်က ဝမ်ချောင်လောက် အင်အားမကြီးပေ။ သို့သော် အတိုင်းအတာတစ်ခုအထိ ရှိန်လောက်သေးသည်။ ထို့ကြောင့် သူဟာ ဝမ်ချောင်လောက် အသေးစိတ်ကျကျ နက်နက်ရှိုင်းရှိုင်း မဝင်နိုင်သေးသည့်တိုင်အောင် ဝမ်ချောင်၏ အပြုအမူကတစ်ဆင့် အဖြစ်အပျက်ကို နားလည်နိုင်သေးသည်။ သိသာစွာပင် ဝမ်ချောင်သည်လည်း အသံကို အသုံးပြု၍ သွေးကြောအတွင်းမှ နန်းတော်၏ တည်နေရာကို အတည်ပြုနေခြင်းဖြစ်သည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ စီးဆင်းနေသော ရေသံကိုသာ ကြားရသည်။

ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က အေးစက်သော မြစ်တွင် ရပ်နေကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်က လှုပ်ရှားမှု ကင်းမဲ့နေသော်လည်း နှလုံးသားကမူ ရူးသွပ်စွာ ခုန်နေသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်

ဝမ်ချောင်သည် သွေးကြောထဲမှ ထွက်လာသောအသံကို ဂရုစိုက် နားထောင်နေသည်။

“မကောင်းသေးဘူးလား”

ဝမ်ချောင်က သူ့ဘာသာသူ ရေရွတ်သည်။ သူ့မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သော ခံစားချက်မျိုးက ပေါ်လာသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်၏ အမူအရာကို တလျှောက်လုံး အာရုံစိုက်ကာ အကဲခတ်နေခြင်းဖြစ်သည်။ ဝမ်ချောင်၏ တုန့်ပြန်မှုကို မြင်သည်နှင့် သူသည်လည်း စိတ်ဓာတ်ကျသွားသည်။ ကြည့်ရသည်မှာ ရလဒ်က သိသာနေလေပြီ။

သို့သော် သူတို့နှစ်ယောက်လုံးက စိတ်ဓာတ်ထိုးကျနေချိန်တွင် ရုတ်တရက် အွန်းကနဲအသံက ထွက်လာသည်။ ထိုအသံက ဝမ်ချောင်၏ နားထဲတွင် ခပ်တိုးတိုး ဟိန်းထွက်လာသည်။

ထိုအသံဟာ အလွန်အမင်းတိုးသော ပဲ့တင်သံသာဖြစ်သည်။ ဝမ်ချောင်ကသာ အာရုံအပြည့်အဝစိုက်ပြီး နားမထောင်နေခဲ့လျှင် သတိထားမိမည် မဟုတ်ပေ။

“နေဦး ဒီအသံက”

ဝမ်ချောင်က အံ့ဩမှုဖြင့် တုန်သွားသည်။ သူ၏မျက်လုံးက ဖြတ်ကနဲ ပွင့်သွားသည်။

ထိုပဲ့တင်သံက မတူညီသော တစ်စုံတစ်ရာနှင့် ထိတွေ့မိမှသာ ပေါ်ထွက်လာသော အသံဖြစ်သည်။ အခြားစကားဖြင့် ဆိုရသော် သတ္ထုသား သိပ်သည်းမှုက နေရာပြောင်းသွားရင်းမှ ပြန်လည်ဟိန်းထွက်လာသော အသံဖြစ်သည်။

သတ္ထုကျောက်ရိုင်းသွေးကြောက အလွန်အမင်း သိပ်သည်းသည်။ သူနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က သွေးကြော၏ အောက်ခြေကို ကြည့်နေလိုက်ကြသည်။ ထိုနေရာက အထူဆုံးဖြစ်လောက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် တစ်စုံတစ်ရာ မဖြစ်သင့်ပေ။

ထိုဟိန်းထွက်လာသော အသံက မြေအောက်နန်းတော်မှ ဖြစ်ပေလိမ့်မည်။

ဘုန်း

ရုတ်တရက် အင်အားတက်ကြွသွားသော ဝမ်ချောင်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ကျယ်ပြောများပြားသော ကြယ်တာရာစွမ်းအင်က မြေအောက်မြစ်၏ မျက်နှာကျက်ကို ရိုက်မိသွားသည်။ ထိုနေရာက ဝမ်ချောင်၏အထက် မီတာသုံးဆယ်ခန့် အမြင့်တွင်ဖြစ်သည်။

မိုးခြိမ်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ပြုတ်ကျလာသော အုတ်ကျိုးအုတ်ပဲ့များ အကြားတွင် မီတာတစ်ဝက်ခန့်ကျယ်သော အပေါက်က ပေါ်လာသည်။

ဝမ်ချောင်က အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို လှည့်ပြောသည်။

“စီနီယာ ဒီအတွက်တော့ စီနီယာရဲ့ အကူအညီကိုလိုတယ်။ ကျောက်သားအလွှာကို ဒီအပေါက်တောက်လျှောက် ဖျက်ဆီးသွားလိုက်ပါ။ ဒါက ငါတို့ရှာနေတဲ့ ဝင်ပေါက်ပဲ”

“ဘာ သခင်လေးဝမ်ချောင် မင်း မင်းဆိုလိုတာက”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက စိတ်လှုပ်ရှားမှုဖြင့် တုန်သွားသည်။ ဝမ်ချောင်က ပြုံးပြီး ခေါင်းညိမ့်သည်။

“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ကြောင်တောင်တောင် ဖြစ်သွားသည်။

သူသည်လည်း မူလအမရ ရတနာသိုက်အား မြေအောက်မြစ်မှတစ်ဆင့် သွားနိုင်ပြီး လျို့ဝှက်လမ်းကြောင်းကို ရှာဖွေနေသော်လည်း အပြောင်းအလဲကမူ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝမ်ချောင်ကလည်း ထိုနေရာတွင် ဝင်ပေါက်ရှိကြောင်း ပြောလိုက်သောအခါ အထီးကျန်တိတ်ဆိတ်ဘိုးဘေးအနေဖြင့် ယုံကြည်ရန် ခက်ခဲသွားခြင်းဖြစ်သည်။

“အသေးစိတ်အခြေအနေကို ငါမသိသေးပေမဲ့လည်း ကျောက်ရိုင်းတွင်းကနေတစ်ဆင့် ပဲ့တင်ထပ်သံကို ငါကြားလိုက်ရတယ်။ နောက်ပြီး ဒီပဲ့တင်ထပ်လာတဲ့ နေရာနဲ့ အချိန်အနေအထားအရ ဒီကျောက်ရိုင်းသွေးကြောက ဆယ်မီတာဝန်းကျင်လောက် ထူလိမ့်မယ်။ ငါတို့သာ ကံကောင်းမယ်ဆိုရင် ဒီနေရာကနေတစ်ဆင့် ရတနာသိုက်ရဲ့ အတွင်းပိုင်းကို တိုက်ရိုက် ဝင်နိုင်ပြီပဲ”

ဝမ်ချောင်ကပြောသည်။

ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က စကားပြောရပ်လိုက်ကြပြီး ထိုတွင်းပေါက်ကိုသာ တူးကြသည်။

ထိုနေရာရှိ ကျောက်သားအလွှာက ခုနှစ်မီတာမှ ရှစ်မီတာခန့်အထိ ထူသည်။ ကျောက်သားကလည်း မာကြောသေးသည်။ သို့သော် ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ကမူ သာမာန် ကျွမ်းကျင်ပညာရှင်များ မဟုတ်ပေ။

အထီးကျန်တိတ်ဆိတ်ဘိုးဘေး အတွက်ကမူ ထိုသို့ပင်ဖြစ်သည်။ သူသည် အခြားသော နယ်ပယ်များတွင် ဝမ်ချောင်နှင့်ယှဉ်သော် လိုအပ်ချက် ရှိကောင်းရှိပေလိမ့်မည်။ သို့သော် ရေနှင့်ပတ်သတ်လာသောအခါ အထူးသဖြင့် မြေအောက်မြစ်ကိုသုံးပြီး ကျောက်သားလွှာကို တူးထုတ်သည်နှင့် ပတ်သတ်လာသောအခါ သူဟာ ဝမ်ချောင်ထက် သာလွန်လွန်းနေသည်။

ခြိမ်း

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မြစ်ထဲတွင် နတ်တစ်ပါးအလားရပ်ရင်း ရေမုန်တိုင်းလုံးများကို ထုတ်ဖော်ကာ အပေါက်ကို ရိုက်ချလိုက်သည်။

ထိုဝင်ပေါက်က ကျောက်သားအလွှာကနေတစ်ဆင့် တဖြည်းဖြည်းချင်းစီ ပွင့်လာသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က နောက်ဆုံးတွင် ကျောက်သားလွှာမှတစ်ဆင့် ကျောက်ရိုင်းသွေးကြောထံသို့သွားသော လမ်းကြောင်းကို မြင်လိုက်ရသည်။

“ငါတို့နောက်ဆုံးတော့ တွေ့ပြီ”

သူတို့နှစ်ယောက်သည် ထိုကျောက်ရိုင်းသွေးကြောကို ကြည့်နေရင်း မျက်နှာက ဖျော့တော့သွားသည်။ လမ်းကြောင်းကို တူးထုတ်ပြီးနောက် သိသာထင်ရှားသော ကြယ်တာရာစွမ်းအင် ပမာဏက ကုန်သွားသည်။ နောက်ထပ် အစိမ်းရောင် အရွက်တစ်ရွက်လည်း ကုန်သွားသည်။

“ငါတို့ရဲ့ နောက်ဆုံးအရွက်ပဲ။ ဒါကြောင့် ဆယ်မိနစ်လောက်ပဲ အချိန်ရမှာ။ ဒီဆယ်မိနစ် ကုန်သွားတာနဲ့ ငါတို့ ထွက်သွားနိုင်နိုင် မသွားနိုင်နိုင် ငါတို့ထွက်သွားရတော့မယ်။ အဲ့ဒီလိုမှမဟုတ်ရင် လေက မလုံလောက်တော့ဘူး”

ဝမ်ချောင်က နောက်ဆုံးနှစ်ရွက်ထဲမှ တစ်ရွက်ကို ကမ်းပေးလိုက်ရင်း တစ်ရွက်ကိုမူ သူ၏ပါးစပ်ထဲသို့ ထည့်သည်။

ထိုသို့ဖြင့် သစ်ရွက်များအားလုံးက ကုန်သွားသည်။

“အွန်း”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း တည်ငြိမ်စွာ ခေါင်းညိမ့်သည်။

သစ်ရွက်ကို ပါးစပ်ထဲသို့ ထည့်ပြီးသည်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သွေးကြောကို ငုံ့ကြည့်လိုက်သည်။

ဘန်း

သူဟာ လက်ညိုးတစ်ချောင်း ညွှန်လိုက်သည်။ ကြယ်တာရာစွမ်းအင် တစ်တန်းက လက်ညိုးထိပ်မှထွက်ပြီး သွေးကြောထဲသို့ ဝင်သွားသည်။ တခဏခန့်ကြာပြီးနောက် ကျယ်လောင်သော ပဲ့တင်ထပ်သံက ဟိန်းထွက်လာပြန်သည်။

“အွန်း ဒီနေရာပဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်၏ သံသယကို အနှစ်ချုပ်ပေးသည်။ သူ၏ကိုယ်ပိုင် သံသယကပင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုနေရာသည် အမှန်တကယ်ပင် လျို့ဝှက်လမ်းကြောင်း ရှိနေသည်။

“ဒီလောက်ထူထည်းတဲ့ ကျောက်ရိုင်းသွေးကြော အလယ်မှာ လျို့ဝှက်လမ်းကြောင်း ရှိနေမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ မူလအမရအရှင်က အနာဂတ်ကို ခန့်မှန်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းမှုမှာ အမှားပါသွားတာထင်တယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခပ်တိုးတိုး ရေရွတ်သည်။

+++++

အခန်း(၁၄၉၂)

ဝမ်ချောင်သည် မည်သည့်စကားမှ မဆိုချေ။ သို့သော် သူ၏မျက်ဝန်းကမူ တူညီသော သံသယများဖြင့် တောက်ပနေလေသည်။

သာမာန်လူတစ်ယောက်အနေဖြင့် အနာဂတ်ကို မြင်နိုင်စွမ်းအား မရှိလျှင် မြေအောက်မြစ်ကတစ်ဆင့် သွားလာနိုင်သော လျို့ဝှက်လမ်းကြောင်းကို ချန်ထားရစ်ခဲ့လိမ့်မည် မဟုတ်ပေ။ မူလအမရအရှင်သည်လည်း ဂမ္မီရတွက်ချက်သော ပညာတွင် ဗဟုသုတကြွယ်ဝသော အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ယခုလို အနေအထားမျိုးကမူ သံသယဝင်စရာ ကောင်းလွန်းနေသည်။

“နောက်ကိစ္စကို ငါနဲ့လွှဲထားလိုက်”

ဝမ်ချောင်က သူ၏ဝု့စ်သံမဏိဓားမြောင်ကို ထုတ်လိုက်ပြီး ထိုကျောက်ရိုင်းသွေးကြောကို ထိုးစိုက်လိုက်သည်။

ချွင်

အလင်းဖွားများ တစ်ချက်လက်လာသည်။ ဝမ်ချောင်သည်လည်း သူ၏ဓားမြောင်ထိပ်နှင့် ကြီးမားသော တွန်းလှန်အားတစ်ရပ်ကို ရင်ဆိုင်လိုက်ရကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

“ဘယ်လောက်တောင် မာကြောတဲ့ သတ္ထုသားလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ထည့်ပြောထားပြီးသည့်တိုင်အောင် ဝမ်ချောင်က ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားသေးသော်လည်း ယခုလို ဓားမြောင်နှင့် ကိုယ်တိုင် တိုက်ခိုက်ကြည့်ပြီးမှ ထိုသတ္ထုသား၏ မာကြောမှုကြောင့် မှင်သက်ရလေသည်။

ဝု့စ်သံမဏိသည် ကောင်းမွန်စွာ ထုလုပ်ပြီး သန့်စင်ထားသော သတ္ထုသားများကိုပင် လှီးဖြတ်ရန် လုံလောက်အောင် ထက်ရှပြီးသားဖြစ်သည်။ ဝမ်ချောင်သည်လည်း ယခုလို ဖြတ်ရခက်သော သတ္ထုမျိုးကို မကြုံဖူးချေ။

သူ၏အရှေ့မှ ထိုသတ္ထုသား၏ ကြမ်းတမ်းမာကြောမှုက သူ၏မျှော်လင့်ထားနိုင်မှုကို ကျော်လွန်နေသည်။ ဝမ်ချောင်သည်ပင် မူလအမရအရှင်က မည်သည့်အတွက်ကြောင့် ဒီနေရာတွင် နန်းတော် လာဆောက်ထားကြောင်း နောက်ဆုံးတွင် နားလည်လိုက်သည်။ ကံကောင်းစွာပင် ထိုသတ္ထုသားက ကြမ်းတမ်းမာကြောသော်လည်း ဝမ်ချောင်၏ ဝု့စ်သံမဏိဓားမြောင်ကို မယှဉ်နိုင်သေးချေ။

ဝမ်ချောင်က အင်အားအပြည့်နှင့် ခုတ်ပိုင်းနေချိန်တွင် ကျောက်ရိုင်းတုံးကြီးများ တစ်တုံးပြီးတစ်တုံး ပြုတ်ကျလာသည်။ ဝမ်ချောင်၏ တိုးတက်မှုက နှေးကွေးသည်။ သို့သော် သူသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ဆက်လက်တိုးကာ ကြိုးစားနေသလို ထိုကျောက်ရိုင်းတုံးသွေးကြော ကိုယ်တိုင်ကလည်း သိပ်မထူသောကြောင့် သက်ရောက်မှုရှိလာသည်။ သို့သော် ထိုကဲ့သို့ သတ္ထုကျောက်ရိုင်းတုံးကို သတ္ထုကျောက်သားကို တူးနေခြင်းကလည်း ဝု့စ်သံမဏိဓားမြောင်အတွက် အလွန်ထိခိုက်စေလေသည်။

သူဟာ ဓားမြောင်ကို တစ်ချိန်ယမ်းလိုက်ချိန်တိုင်းလိုလို စူးရှလွန်းသော အသံမျိုးက ထွက်လာတတ်သည်။ ကြမ်းတမ်းမာကြောပြီး အမည်မသိရသော သတ္ထုသားက ဓားမြောင်ပေါ်တွင်ပင် ခြစ်ရာများကို ချန်ထားရစ်ခဲ့လေသည်။

ဝု့စ်သံမဏိဓားမြောင်ကလည်း ယခင်တစ်ခေါက်က အမှောင်အရိပ် ပင့်ကူမျှင်များကြောင့် ထိခိုက်ခဲ့ပြီးသားဖြစ်သည်။ အစွန်းနားတွင်လည်း ကွဲအက်ကြောင်းရာများ ပြည့်နှက်နေလေသည်။

ယခုအခါ ထိုကျောက်ရိုင်းတုံးကို ဆက်လက်တူးနေရင်း ကွဲအက်ရာများက ပိုပိုပြီး များပြားလာသည်။ ထိုမြင်ကွင်းက သည်းမခံနိုင်လောက်သော မြင်ကွင်းမျိုးဖြစ်သည်။ ဝု့စ်သံမဏိဓားမြောင်က လုံးဝ ကွဲကြေသွားတော့မည်ဟုပင် ခံစားရသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း ဘေးဘက်မှသာ ရပ်ကြည့်ပြီး စိုးရိမ်နေရသည်။ သူသည်လည်း မတက်နိုင်ပါချေ။

ဝမ်ချောင်၏ ထိုဓားမြောင်ကသာ ကျောက်ရိုင်းသွေးကြောကို တူးနိုင်သည့် တစ်ခုတည်းသောလက်နက် ဖြစ်နေသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ သူတို့၏ပါးစပ်ထဲမှ အစိမ်းရောင်အရွက်က စတင်ကာ ကုန်ဆုံးစပြုလာသည်။

ဘန်း

ဝမ်ချောင်၏ ဓားမြောင်ကလည်း အလွန်အမင်း မာကြောသော အရန်အတား တစ်ခုကို တွေ့သွားပုံပေါ်သည်။ ဝု့စ်သံမဏိဓားမြောင်က အနောက်ဘက်သို့ ပြန်ကန်ထွက်လာသည်။

ကလစ်

နောက်ထပ် ကွဲအက်ကြောင်းရာ တစ်ခုက ပေါ်လာပြန်သည်။ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ မျက်နှာက ဖြူဖျော့သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကျုံ့ထားသည်။

ယေဘုယျကျကျ ပြောရသော် သူတို့ဟာ ထိုသတ္ထုကျောက်သားကို ရည်ရွယ်ချက်ရှိရှိဖြင့် တူးနေနိုင်ကတည်းက နောက်ထပ် အရန်အတားတစ်ခုနှင့် မတွေ့သင့်တော့ချေ။

“ငါတို့ သတ္ထုရိုင်းကွန်ချာတစ်ခုနဲ့ တိုးတာဖြစ်မယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက် ထပြောသည်။ သူ၏ အမူအရာက အလွန်အမင်း တင်းမာသည်။

“မြေအောက်သတ္ထုရိုင်း သွေးကြောတစ်ခုက အချိန်အတန်ကြာလာခဲ့ရင် ဥပမာအားဖြင့် အခုလိုမျိုး နှစ်ထောင်ကျော် ကြာသွားခဲ့ရင် ဒါမှမဟုတ် ဒီထက်တောင် ပိုကြာလာရင် အဲ့ဒီသတ္ထုကွန်ချာမျိုးက ဖြစ်ပေါ်လာတတ်တယ်။ ဥပမာအနေနဲ့ သံမဏိသတ္ထုရိုင်း သွေးကြောတစ်ခုမှာ သံမဏိကွန်ချာတစ်ခု ဖြစ်တည်လာဖို့ အခွင့်အရေးရှိသလို သတ္ထုရိုင်းသွေးကြောမှာလည်း ကြေးသတ္ထုရိုင်းကွန်ချာတစ်ခု ဖြစ်ပေါ်လာဖို့ အခွင့်အရေးရှိတယ်”

“ဒီလိုအခြေအနေမျိုးကို တွေ့ကြုံရတာကတော့ ရှားပါးတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီလိုသတ္ထုကွန်ချာတစ်ခု ရှိနေခဲ့တာ မှန်ရင်တော့ ငါတို့ တူးလို့မရနိုင်လောက်ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ နှလုံးသားက လေးလံသွားသည်။ သူသည်လည်း သူတို့ဟာ လျို့ဝှက်လမ်းကြောင်းကို ရှာတွေ့ပြီဟု ယုံကြည်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် ယခုလိုမျိုး ပုန်းကွယ်နေသော သတ္ထုရိုင်းကွန်ချာဖြစ်နေသည်။

“ငါစမ်းကြည့်ဦးမယ်။ ငါတို့ သတ္ထုရိုင်းကွန်ချာနဲ့တိုးတာ မဟုတ်လောက်မဲ့ အခွင့်အရေးလည်း ရှိတာပဲ”

ဝမ်ချောင်က အနည်းငယ်တွေးတောပြီးပြောသည်။ သူသည်လည်း ဒီနေရာထိလာပြီးမှ ဒီတိုင်း လက်လျော့နိုင်ခြင်း မရှိသေးပေ။

ချွင်

ဝမ်ချောင်က သူ၏တန်ထျန်းထဲမှ ကြယ်တာရာစွမ်းအင်ကို ဆွဲထုတ်လိုက်ပြီးနောက် ဝု့စ်သံမဏိဓားမြောင်ထဲ စုစည်းလိုက်သည်။

ဝု့စ်သံမဏိဓားမြောင်က ကွဲအက်ကြောင်းရာ များပြားလွန်းနေသည်။ သို့သော် ကြယ်တာရာစွမ်းအင် အများကြီးကိုလည်း တောင့်မခံနိုင်သေးပေ။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်သည် အစပိုင်းက မလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီအခိုက်အတန့်သို့ ရောက်ရှိလာလေရာ သူ့အနေဖြင့် ယခုလို ကိစ္စမျိုးကို စိုးရိမ်၍မရတော့ချေ။

ဓားမြောင်က ကြမ်းတမ်းမာကြောသော ကျောက်ရိုင်းတုံးကို တဖန်ထပ်ခုတ်ပိုင်းလိုက်သောအခါ စူးရှသော အသံက ထွက်ပေါ်လာပြန်သည်။ ဝမ်ချောင်က ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် ထပ်ယမ်းသည်။

သိပ်သည်းသော ကြယ်တာရာစွမ်းအင်များဖြင့် အားဖြည့်ပေးခြင်း ခံထားရသော ဝု့စ်သံမဏိဓားမြောင်သည် ယခင်ထက် အင်အားများစွာ ကြီးသွားသည်။ သို့သော် ထိုအရန်အတားအဆီးက မတုန်လှုပ်သွားချေ။

ဝမ်ချောင်က ဓားမြောင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ယမ်းနေရင်း အပေါ်ယံတွင် ကွဲအက်ကြောင်းရာများက များသထက် များလာသည်။ ဓားမြောင်ဟာ မည်သည့်အချိန်တွင် ကွဲကြေသွားမည်ဟု မည်သူကမှ မပြောနိုင်တော့ချေ။ လုံးဝကွဲကြေထွက်သွားရန် အချိန်သိပ်မကြာလောက်ပေ။

ဝှစ်

ဝမ်ချောင်က ထိုသတ္ထုရိုင်းသွေးကြောကိုသာ အာရုံစိုက်ထားချိန်တွင် ရုတ်တရက် အောက်ဘက်ရှိ မြစ်ထဲမှ ရေပွက်သံကို ကြားရသည်။ ထိုအသံက အကွာအဝေးတစ်ချို့မှလာသည်။ ယခုလို မည်းမှောင်ကာ တိတ်ဆိတ်သော လောကထဲတွင်မူ အတန်ငယ် ကျယ်သည်။

“မကောင်းတော့ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သူ၏စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းအားကို လွှတ်ထုတ်ရင်း မျက်နှာ ဖြူဖျော့သွားသည်။

“တစ်ယောက်ယောက် လာနေပြီ”

“အနက်ရောင်ဝတ်စုံနဲ့ လူတွေလား”

ဝမ်ချောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းကိုလှည့်ကြည့်သည်။

ဝမ်ချောင်သည်လည်း ထိုလူများဟာ ထိုမျှအထိ ကောက်ကျစ်မည်ဟု မထင်ထားမိပေ။ သူတို့က အရာအားလုံးကို ရှင်းလင်းပြီး ထွက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာသည်။

“မဟုတ်ဘူး အခုကပိုပြီး ဒုက္ခများသေးတယ်။ မူလအမရသိုင်းရဲ့ ဆက်ခံသူတွေထဲက တစ်ယောက်ပဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ဝမ်ချောင်ကိုကြည့်သည်။ ဝမ်ချောင်သည်လည်း သူ၏မျက်နှာပေါ်မှ တင်းမာမှုကို သိလိုက်သည်။ ဝမ်ချောင်က ထိုစကားလုံးများကြောင့် ပို၍ပင် မျက်နှာပျက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

လေထုအခြေအနေက ကြောက်စရာကောင်းသော တင်းအားနှင့် ပြည့်နေသည်။

“ငါလည်း ဘာတွေဖြစ်နေမှန်းမသိဘူး။ ဒီလိုမဖြစ်သင့်ပါဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း တူညီသော အံ့အားသင့်မှုမျိုးနှင့်ဖြစ်သည်။

“ဒါပေမဲ့ သူလာနေတဲ့ ဦးတည်ရာဘက်ကို အခြေခံကြည့်ရရင် သူက ငါတို့နဲ့ တူညီတဲ့လမ်းကနေ ဆင်းလာခဲ့တဲ့ပုံပဲ။ အနက်ရောင်ဝတ်စုံနဲ့ လူတွေက မူလအမရသိုင်းရဲ့ ဆက်ခံသူကို မတော်တဆ မြေအောက်မြစ်ထဲကို ခေါ်လာမိတဲ့ ဖြစ်နိုင်ချေက တော်တော်လေးမြင့်တယ်။ နောက်ပြီး ငါတို့က အခု ဒီလိုတူးထုတ်တဲ့အချိန်မှာ ဆူညံသံတွေက တအားများသွားတော့ သူငါတို့ဆီလာတာပဲ”

ဝမ်ချောင်သည်လည်း သူတို့၏ မိုင်းတူးသံက ဆက်ခံသူကို ဆွဲဆောင်မိမည်ဟု မထင်ထားမိပေ။

တူးမြောင်းဟာ တိတ်ဆိတ်လွန်းနေသောကြောင့် ပင်အပ်ကျသံကိုပင် ကြားရသည်။ သူတို့၏ မွှေးညှင်းပေါက်များ အားလုံးကိုလည်း ပိတ်လှောင်ထားပြီး စွမ်းအင်များအားလုံးကို ရုတ်သိမ်းကာ လှုပ်ရှားမှုကင်းမဲ့သော ရုပ်ထုများအဖြစ် ပြောင်းလိုက်ကြသည်။

ရေအသံက နီးသထက်နီးလာသည်။ မူလအမရသိုင်း၏ ဆက်ခံသူက အလွန်အမင်း လျှင်မြန်စွာ ကူးခတ်လာခဲ့ခြင်း မဟုတ်ချေ။ သို့သော် ထိုအခြေအနေကပင် သူတို့နှစ်ယောက်ကို ပို၍ စိုးရိမ်ထိတ်လန့်စေသည်။

သူဘာဆက်လုပ်မည်ဖြစ်ကြောင်း မည်သူကမှ မသိချေ။ သူတို့ဟာ အသံကိုသာ ကြားနေရသည်။

အသံကိုပဲ ကြားရတာလား။ ဒါမှမဟုတ် သူတို့နှစ်ယောက်ကို တကယ်ပဲ တွေ့သွားတာလား။

ဒုန်း ဒုန်း ဒုန်း

အလွန်အမင်း ခုန်လှုပ်နေသော သူတို့၏နှလုံးသားကလွဲပြီး အရာအားလုံးက ရပ်တန့်နေပုံပေါ်သည်။ အချိန်ကပင် နှေးသွားပုံရသည်။

မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ

မူလအမရသိုင်း၏ ဆက်ခံသူက ထိုနှစ်ယောက်၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်းချင်းစီ ဝင်လာချိန်တွင် ဝမ်ချောင်၏ နှလုံးသားက စိမ့်တက်သွားသည်။ ထိုမျိုးဆက်ငါးဆက်မြောက် ဆက်ခံသူဟာ ခြောက်ဆက်မြောက် ဆက်ခံသူထက် အများကြီး အင်အားကြီးမားသည်။

ဝမ်ချောင်သည် သူ့ကို နန်းတော်ထဲတွင် တွေ့ဖူးချိန်ကတည်းက ထိုအရှိန်အဝါကို အလွန်အမင်း ရင်းနှီးနေပြီးသားဖြစ်သည်။ ပို၍ဆိုးစေသည်မှာ

“မကောင်းတော့ဘူး သူငါတို့ကို သတိထားမိနေတဲ့ပုံပဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အသံက ဝမ်ချောင်၏နားထဲတွင် ဟိန်းထွက်လာသည်။ မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူက မြစ်တောက်လျှောက် ကူးခတ်လာနေသော်လည်း ရုတ်တရက် ရပ်တန့်ကာ ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတု့ိ ရှိသောဘက်သို့ မော့ကြည့်လာသည်။

လေထဲမှ ပြင်းအားက သိပ်သည်းလွန်းသဖြင့် ဓားတစ်လက်ဖြင့် ခုတ်ဖြတ်နေသည့်အလားပင် ခံစားရစေသည်။

ဝမ်ချောင်၏ မျက်နှာက တင်းမာသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ လက်ဖဝါးက တုန်နေကြောင်း မြင်လိုက်ရသည်။

ခြိမ်း

အလွန်ဝေးကွာသော တစ်နေရာ၊ မြေအောက်မြစ်အတွင်းမှ ကြမ်းတမ်းသော ပေါက်ကွဲမှုက ဖြစ်လာသည်။

ကုန်းကုန်းနတ်သိုင်း

ဝမ်ချောင်သည် အဖြစ်အပျက်ကို နားလည်လိုက်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရေ၏ စီးဆင်းမှုကို ထိန်းချုပ်နိုင်စွမ်းရည်ရှိသည်။ ဝမ်ချောင်ကပင် သူဟာ ထိုမျှဝေးကွာလွန်းသော တစ်နေရာမှ ရေကို မည်သို့မည်ပုံ ထိန်းချုပ်လိုက်ပြီး ပေါက်ကွဲသွားစေလိုက်ကြောင်း မမြင်လိုက်ရပေ။ ထိုထဲတွင် စိတ်စွမ်းအင် သို့မဟုတ် ကြယ်တာရာစွမ်းအင်များပင် မပါဝင်ခဲ့ချေ။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးဟာ သဲလွန်စပင် မကျန်ရစ်လေဘဲ ပေါက်ကွဲမှုကြီးကို လုပ်လိုက်နိုင်သည်။

စွစ်

မြစ်ထဲမှ မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူကလည်း ပေါက်ကွဲမှုကို အာရုံခံမိလိုက်ပြီး ချက်ချင်းလိုလို သွားရောက်စစ်ဆေးကြည့်သည်။

“သခင်လေးဝမ် သွားရအောင် ငါ့ရဲ့ ရေနတ်ဘုရားသိုင်းက သူ့ကို ခဏလောက်ပဲ အချိန်ဆွဲနိုင်မှာ သိပ်မကြာဘူး။ ငါတို့ ဒီနေရာကနေ ထွက်ဖို့အခွင့်အရေးပဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တည်တင်းသော လေသံမျိုးနှင့် ပြောသည်။ သူသည်လည်း ချက်ချင်းလိုလို အောက်ဘက်သို့ ပြန်ဆင်းသည်။

“နေဦး ငါနောက်တစ်ကြိမ်လောက် ထပ်ပြီး ကြိုးစားကြည့်ချင်သေးတယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပေတစ်ရာခန့် အကွာသို့ပင် ရောက်သွားပြီဖြစ်သည်။ သို့သော် ဝမ်ချောင်၏ အသံက သူ့ကိုတားလိုက်သည်။

“သခင်လေးဝမ် မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူက အချိန်မရွေး ပြန်လာနိုင်တယ်။ ငါတို့ရဲ့ သစ်ရွက်တွေကလည်း ကုန်တော့မှာ။ ငါတို့ ဒီနေရာမှာ တစ်မိနစ်တောင် အချိန်ဆွဲလို့မရတော့ဘူး။ အခု ခံစားချက်ကို မူတည်ပြီး ဆုံးဖြတ်ရမဲ့အချိန် မဟုတ်ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက စိုးရိမ်တကြီးပြောသည်။

“ငါတစ်ကြိမ်လောက် စမ်းကြည့်ပါရစေဦး”

ဝမ်ချောင်က တင်းမာစွာပြောသည်။ သူဟာ သတ္ထုရိုင်းသွေးကြောကို ကြည့်သည်။

“တကယ်လို့ မကောင်းဘူးဆိုရင် ငါလိုက်ခဲ့မယ်”

မြေအောက်မြစ်ထဲတွင် ကျောချမ်းဖွယ်ကောင်းသော တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ အချိန်အတန်ကြာပြီးနောက် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သက်ပြင်းချသည်။

“ကောင်းပြီ ငါသူ့ကို အများဆုံး ငါးမိနစ်လောက်ပဲ အချိန်ဆွဲပေးနိုင်မယ်။ ဒါပေမဲ့ အချိန်ပြည့်သွားပြီ ဆိုတာနဲ့ မင်းထွက်သွားချင်ချင် မသွားချင်ချင် ငါကတော့ သွားမှာပဲ”

+++++

အခန်း(၁၄၉၃)

အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် ဖော်ပြရန်ခက်ခဲလောက်အောင် သဘောထားကြီးပေးနေခြင်း ဖြစ်သည်။ သိုင်းပညာလောကမှ တိုင်တန်များထဲမှ တစ်ယောက်အနေနှင့် သူသည်လည်း အခြားသော သူများအတွက်ကြောင့်နှင့် စိတ်ကိုအလွယ်တကူ ပြောင်းပေးတတ်သောလူမျိုး မဟုတ်ချေ။ သူသည် ဝမ်ချောင်အတွက် အထူးတလည် စိတ်ထားပေးပုံရသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်သွားသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ထိုအလောင်းကောင်ကို ဆက်လက်ပြီး မျှားခေါ်ထုတ်ပေးနေချိန်တွင် ဝမ်ချောင်ကလည်း ကွဲအက်နေသော ဝု့စ်သံမဏိဓားမြောင်ကို လွှဲယမ်းကာ သတ္ထုရိုင်းသွေးကြောထဲသို့ ခပ်ကြမ်းကြမ်း ထိုးသွင်းလိုက်သည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်

နောက်ထပ် ပို၍များပြားသော ကွဲအက်ကြောင်းရာများက ထပ်ထွက်လာသည်။ ဝမ်ချောင်ကမူ ဘာကိုမှ မမြင်သလိုမျိုး ဆက်လက်ပြီး ခုတ်ပိုင်းနေသည်။ လေထုက တောင့်တင်းနေ၏။ သူတို့၏ပြိုင်ဘက်က မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ တစ်ယောက်တည်းသာ မဟုတ်ဘဲ အောက်ဆီဂျင်ပြတ်လပ်မှုလည်း ပါလာသည်။

“သခင်လေးဝမ် ငါတို့ထွက်သွားမှ ရတော့မယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အောက်သို့ တစ်ချက်ကြည့်ရင်း အလျင်စလို တိုက်တွန်းသည်။ မူလအမရအရှင်က မည်သည့်လျို့ဝှက်သိုင်းကို အသုံးပြုစေကာမူ ထိုလမ်းလျှောက်နိုင်သော အလောင်းကောင်များက ရိုးရှင်းသော အလောင်းကောင်များ မဟုတ်တော့ချေ။ သူတို့သည်လည်း အသိဉာဏ်ကို တစ်ပိုင်းတစ်စ ပိုင်ဆိုင်ထားသည်။ မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူဟာ မီတာထောင်ပေါင်းများစွာ အကွာခန့်အထိ မျှားခေါ်ခံရပြီးနောက် ရုတ်တရက် ရပ်တန့်ကာ သူတို့နှစ်ယောက်ဘက်သို့ လှည့်ကြည့်ပြီး ပြန်ကူးလာနေပြီဖြစ်သည်။ ထို့နောက် မကြာခင် သူတို့နှစ်ယောက်နားသို့ ရောက်ရှိလာပေလိမ့်မည်။

“ခဏလေးစောင့်ပါဦး”

ဝမ်ချောင်က တင်းမာစွာပြောသည်။ သူ၏အာရုံက သတ္ထုသွေးကြောတွင်သာရှိသည်။

ဝု့စ်သံမဏိဓားမြောင်က အရှေ့ဘက်သို့ ခုတ်ပိုင်းရင်း ကျယ်လောင်သော အသံများကို ထွက်ပေါ်စေသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း ထိုခုတ်ချက် တစ်ချက်ချင်းစီတိုင်းက သူ၏နှလုံးသားကို လာခုတ်နေသလိုမျိုး ခံစားရသည်။ ထိုအချိန်တွင် မျိုးဆက်ငါးဆက်မြောက် ဆက်ခံသူ၏ ပြင်းထန်သိပ်သည်းသော စွမ်းအင်များက အမှောင်ထုအတွင်းသို့ လွှမ်းမိုးလာသည်။ ထိုလွှမ်းမိုးမှု အရှိန်အဝါက ထိုနှစ်ယောက်နှင့် မီတာလေးရာခန့်ပင် မကွာဝေးတော့ချေ။

တခဏခန့်ကြာပြီးနောက် သူသည် မိုင်းတူးသံများကို ကြားရပြီး သူတို့ထံသို့ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် အပြေးလာပေလိမ့်မည်။

“မကောင်းတော့ဘူး ငါတို့ သွားရတော့မယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အံ့ကိုကြိတ်လိုက်ပြီး သူ၏လက်များကို လက်သီးဖြင့် ဆုပ်လိုက်သည်။

ဘုန်း ဘုန်း

ဝမ်ချောင်၏ ဝု့စ်သံမဏိဓားက အောက်ဘက်သို့ ဆက်လက်ပြီးခုတ်သည်။ တစ်ကြိမ်၊ နှစ်ကြိမ် သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ထွက်သွားတော့မည့် အချိန်တွင် ရုတ်တရက် ကွဲအက်သံ ထွက်ပေါ်လာသည်။

တစ်လောကလုံးက တိတ်ဆိတ်သွားသည်။ ထိုကွဲအက်သံက အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ စိတ်ထဲတွင် ချောမွေ့စွာ ကွဲထွက်သွားလေပြီး အခြားသောအတွေးများ အားလုံးကို မြုပ်ပစ်လိုက်သည်။

“ဘယ်လို ဘယ်လို ဖြစ်နိုင်မှာလဲ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း အံ့အားတကြီး တုန်ယင်စွာနှင့် တစ်ဖက်သို့လှည့်ကာ မယုံကြည်နိုင်သလို ကြည့်သည်။ သူသည် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးသော်လည်း အခွင့်အရေးဟာ အလွန်အမင်း နည်းပါးသည်။ အပုံတစ်သောင်းနေလျှင် တစ်ပုံပင်မရှိချေ။ ထိုသတ္ထုရိုင်းသွေးကြော၏ ကြမ်းတမ်းမာကြောမှုအရ ထိုသတ္ထုရိုင်းကွန်ချာဟာ ဖောက်ထုတ်ရန် အလွန်အမင်း မာကြောကြမ်းတမ်းပေလိမ့်မည်။ သို့သော် ဝမ်ချောင်က လုပ်လိုက်နိုင်သည်။ ယခုလို အန္တရာယ်များလွန်းသော အခိုက်အတန့်တွင်ဖြစ်သည်။

“ငါလမ်းကြောင်းရှာတွေ့ပြီ”

ဝမ်ချောင်က အော်ဟစ်သည်။ သူ၏အမူအရာက အေးစက်ပြီး တည်ငြိမ်နေသေးသည်။ သူဟာ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အမူအရာကို သတိထားမိပုံပင်မရချေ။

“ဒီသတ္ထုရိုင်းသွေးကြောက တော်တော်လေးကို မာကြောကြမ်းတမ်းလွန်းတာ။ နောက်ပြီး ဒီနေရာမှာ တော်တော်ကြီးတဲ့ သတ္ထုကွန်ချာတွေ ရှိနေတယ်။ ကံကောင်းစွာနဲ့ သိပ်မကြာခင်ကမှ သတ္ထုကွန်ချာ ဖြစ်လာတာပဲ။ ဒီတော့ မကွဲသွားခင် နည်းနည်းလောက်ပဲ တောင့်ထိန်းနိုင်ခဲ့တာ”

ထိုသို့ပြောပြီးသည်နှင့် ဝမ်ချောင်က နောက်ဆုံး အကာအကွယ်လွှာကို ဖယ်လိုက်ပြီး အသစ်စက်စက် ပေါ်လာသော လမ်းကြောင်းထဲသို့ ခုန်ဝင်သွားသည်။

ဘုန်း ဘုန်း

လမ်းလျှောက်အလောင်းကောင်ကလည်း သူတို့နှစ်ယောက် ဖန်တီးထားသော လမ်းကြောင်းအနားသို့ ရောက်လာတော့မည်ဖြစ်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ နှလုံးသားက တုန်သွားသည်။ သူသည် တွေးတောရန် အချိန်မရှိတော့ဘဲ ဝမ်ချောင်၏အနောက်မှလိုက်ကာ အတွင်းထဲသို့ဝင်သည်။

ထိုတူးမြောင်းကဲ့သို့ ဖြစ်နေသော ဝင်ပေါက်လမ်းကြောင်းကြီးဟာ အချင်းအားဖြင့် တစ်မီတာခန့်ကျယ်ပြီး ထိုသတ္ထုရိုင်းသွေးကြော၏ အလယ်နေရာတွင် အံ့အားသင့်ဖွယ် တည်ရှိနေခြင်းဖြစ်သည်။ မီတာနှစ်ဆယ်၊ သုံးဆယ်ခန့်ထိ သွားပြီးနောက် သူတို့နှစ်ယောက်သည်လည်း ကြီးမားသော လက်ကိုင်ပါသည့် ကြေးနီရောင် အစိတ်အပိုင်းကြီး တစ်ခုကို မြင်လိုက်ရသည်။ ထိုကြေးနီရောင် အစိတ်အပိုင်းကြီးက ရှေးခေတ်ကာလမှ ဖြစ်ပုံရပြီး လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများနှင့် ပြည့်နေသည်။

“ဆိုတော့ အဲ့ဒီယန္တရားက ဒီမှာကိုး..”

ထိုကြေးနီရောင် အစိတ်အပိုင်းကြီးက အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို အတွေးတစ်ချက် ရသွားစေသည်။

လမ်းကြောင်းကို တူးနေချိန်တွင် သူသည်လည်း မူလအမရအရှင်က ယခုလိုမျိုး သိသာလွန်းသည့် အမှားကို လုပ်ထားသည့်အတွက် ထူးဆန်းသလိုမျိုး ခံစားနေခဲ့ရသည်။ ပို၍ဆိုးသည်မှာ ထိုသတ္ထုရိုင်း သွေးကြောကလည်း အထူးတလည် မာကြောကြမ်းတမ်းကာ ထူလွန်းနေခဲ့သည်။ ထို့ကြောင့် ယခုလို နေရာမျိုးက အထူးတလည် ပါးနေစရာ အကြောင်းမရှိပေ။ သို့သော် ထိုကြေးနီရောင် ယန္တရား အစိတ်အပိုင်းကြီးကို မြင်ပြီးမှသာ နားလည်သွားသည်။

ဒါဟာ မူလအမရအရှင်သခင်က မရည်ရွယ်ဘဲ ချန်ထားရစ်ခဲ့သည့် သိသာထင်ရှားသော အမှားမျိုး မဟုတ်လေဘဲ တမင်တကာ ဖန်တီးထားခဲ့ပုံရသည်။ သူသည်လည်း သတ္ထုရိုင်းသွေးကြော အတွင်းထဲတွင် အရေးပါသော ယန္တရား အစိတ်အပိုင်းများကို လျို့ဝှက်ပြီး နှုတ်ခဲ့ပေလိမ့်မည်။ သူတို့နှစ်ယောက် ယခင်က ကြားသည့်အသံများက အထက်မှလာသော်လည်း စွမ်းအားများက ကြီးမားလွန်းသောကြောင့် သွေးကြောကြီး တစ်ခုလုံးကပင် တုန်လှုပ်သွားခဲ့ရသေးသည်။ ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးကို သာမာန်ထောင်ချောက် သို့မဟုတ် ယန္တရားလောက်က မလုပ်နိုင်ပေ။

ထိုအချက်အပြင် မူလအမရအရှင်ဟာ ဝင်္ကပါပေါင်းများစွာကို ချခင်းထားခဲ့သည်။ အထွတ်အထိပ် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်များက အချိန်ကာလတိုအတွင်း ပျံသန်းသွားလာနိုင်စွမ်းရည် ရှိကြသော်လည်း မည်သူကမှ ဒီနေရာတွင် မပျံနိုင်ပေ။ ငှက်များကပင် မြေကြီးထဲတွင် မပျံနိုင်ကြပေ။

ထို့ပြင် အလုံးအရင်းဖြင့် ချခင်းထားသော စိတ်စွမ်းအား စည်းတံဆိပ်များလည်း ရှိနေသေးသည်။ မူလအမရ အရှင်သခင်ကသာ မည်သည့်သိုင်းပညာရှင်ကမှ စိတ်စွမ်းအားကို လီတစ်ဆယ်ကျော်သည်အထိ ထုတ်လွှတ် အသုံးမပြုနိုင်စေလိုလျှင် ထိုစည်းတံဆိပ်များက ကျိုးပျက်ခြင်းမရှိစေရန် သေချာစေရပေမည်။ ထို့ကြောင့် ယန္တရားပေါင်းများစွာကို လိုအပ်သည်။ ထိုနည်းအားဖြင့် ထိုသတ္ထုရိုင်း သွေးကြောများအတွင်းမှ အားနည်းချက် အနည်းငယ်ကို တမင်တကာ ချန်ထားခဲ့ပုံရသည်။

သူတို့နှစ်ယောက်ကလည်း ထိုလမ်းကြောင်းများထဲမှ တစ်ခုနှင့် ဝင်တိုးခြင်းဖြစ်သည်။

“သွားရအောင် ဒီမြေအောက်နန်းတော်က ရှုပ်ထွေးတယ်။ ဒီလမ်းကြောင်းက ဘယ်နေရာကို ရောက်သွားမလဲဆိုတာ မပြောနိုင်သေးဘူး။ အခုက စိတ်အေးရမဲ့အချိန် မဟုတ်သေးဘူး”

ဝမ်ချောင်၏မျက်ဝန်းက တစ်ချက်လက်သွားသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေး ပြောသကဲ့သို့ သူသည်လည်း ထိုယန္တရားကို မြင်လိုက်ရုံနှင့် အဖြစ်အပျက်ကို နားလည်လိုက်သည်။ သို့သော် သူသည် စကားလုံးအနည်းငယ်နှင့်သာ သူ့ကိုယ်သူ ချုပ်ထိန်းလိုက်ပြီး ခပ်မြန်မြန် ကျော်ဖြတ်လာခဲ့လိုက်သည်။

ဝမ်ချောင်က ထိုလမ်းကြောင်းထဲတွင် သတိထားကာ သွားလာနေရင်း ဖြစ်နိုင်သမျှ အန္တရာယ်တိုင်းကို ဖြေရှင်းရန် အသင့်ပြင်ထားသည်။ တစ်ချိန်ထဲတွင်ပင် သူဟာ သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်ရင်း ပတ်ဝန်းကျင်ကို လေ့လာနေသည်။

မူလအမရအရှင်တွင် ဆက်ခံသူ ခြောက်ယောက်ရှိသည်။ ဒါဟာ အင်အားကြီးမားသော အကာအကွယ်လွှာ ခြောက်ခုဖြစ်သည်။ ဝမ်ချောင်သည်ပင် ထိုအကာအကွယ်လွှာထဲမှ တစ်ခုက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာနိုင်ခြင်း ရှိမရှိ မသေချာသေးပေ။

ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က အကာအကွယ်လွှာများ အားလုံးကို ကျော်ဖြတ်သွားနိုင်ခဲ့လျှင်မူ သဘာဝအလျောက်ပင် အပျော်လွန်မိလောက်သည်။ သို့သော် သူတို့က အစဦးပိုင်းကာလသို့ ပြန်ရောက်သွားခဲ့လျှင် အချိန်ဖြုန်းရာရောက်သည်။ သို့သော် သူတို့ဟာ လမ်းကြောင်းအဆုံးသို့ မရောက်မချင်း အဖြေကို မသိနိုင်ပေ။

“ငါတို့ရောက်ပြီ”

အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က နောက်ဆုံးတွင် ထိုယန္တရားကြီး၏ အဆုံးနားကို အာရုံခံမိလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

သူတို့ကလည်း ထိုလမ်းကြောင်း၏ အနောက်ဘက်တွင် ရှိသည့်အရာကို ရှာမတွေ့သေးခင် ဟိုးအရှေ့ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဒေါသတကြီး အော်ဟစ်သံများလည်းပါသည်။

“ဒဏ္ဍာရီစွမ်းအင်တွေ တစ်သားတည်းဖြစ်”

“နဂါးတွေ ကောင်းကင်မှာကူးခတ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း ထိုအော်သံနှစ်သံကို နားထောင်ရင်း ဘာကိုမှ မပြောသည့်တိုင်အောင် ဝမ်ချောင်၏ မျက်နှာကမူ ဖြူဖျော့သွားသည်။

“ဆရာ ရွာသူကြီး”

ဝမ်ချောင်သည် ချက်ချင်းလိုလို အော်ဟစ်လိုက်ပြီး ရှေ့ဘက်သို့ ခုန်သွားလိုက်သည်။ သူသည်လည်း ထိုသိုင်းနှစ်ခုကို ချက်ချင်းမှတ်မိလိုက်သည်။ တစ်ခုက ဆရာဖြစ်သူ၏ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းဖြစ်ပြီး အခြားတစ်ခုကမူ ဝူရှန်းရွာသူကြီး၏ နဂါးဖြူနတ်သိုင်းဖြစ်သည်။

ဝမ်ချောင်သည် ဂူထဲသို့ ဝင်လာပြီးချိန်ကတည်းက သူတို့နှင့် လူစုကွဲသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့၏အသံကို ဒီနေရာတွင် ကြားရမည်ဟု မထင်ထားမိချေ။ ဝမ်ချောင်က အရှေ့သို့ခုန်သွားသည်။ သို့သော် အရှေ့မှလမ်းကြောင်းက ထူထည်းသော သတ္ထုနံရံကြီးဖြစ်သည်။

“မကောင်းတော့ဘူး ဒီသတ္ထုနံရံက ဆယ်မီတာလောက်ထူတာ။ ငါတို့ လက်သီးနဲ့ထိုးရုံနဲ့ ဖောက်ထွက်သွားလို့ မရဘူး။ ခလုတ်တစ်ခုခု ရှိရမယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြောသည်။ သူသည်လည်း ထိုအချိန်မှ တစ်စုံတစ်ရာကို နားလည်သွားပုံပေါ်သည်။

အပြင်ဘက်မှလာသော တိုက်ပွဲသံက ပြင်းထန်လွန်းနေပြီး ကြယ်တာရာစွမ်းအင်များ၏ အချင်းချင်း ထိခတ်သံ၊ ကြမ်းတမ်းသော အသံများက အခြေအနေ၏ ပြင်းထန်မှုကို ဖော်ပြနေသည်။ ပို၍ဆိုးသည်မှာ အချို့သော အကြောင်းပြချက်များကြောင့် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ဝမ်ချောင်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ အသံကို မကြားနိုင်ကြပေ။

ထိုထဲမှ တစ်ယောက်က သိုင်းပညာလောကမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး မိစ္ဆာလမ်းကြောင်းလျှောက်သည့် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် သိမ်မွေ့နယ်မြေတစ်ပိုင်း ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ အခြားတစ်ယောက်ကမူ သူ့လောက်အင်အား မကြီးသော်လည်း ထိုအခြေအနေနှင့် သိပ်မကွာဝေးသော သူမျိုးလည်း ဖြစ်ပြန်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကို ထိုအခြေအနေသို့ တွန်းပို့နိုင်သောလူကို တွေးကြည့်ရန် ခက်ခဲသည်။

“နည်းလမ်းရှိရမယ် နည်းလမ်းရှိရမယ်”

ဝမ်ချောင်သည် အလွန်အမင်း စိုးရိမ်စိတ် များနေလေပြီး သူ၏စိတ်စွမ်းအင်ကို ပတ်ဝန်းကျင်အနှံ့ ဖြန့်ကျက်ကြည့်လိုက်သည်။

“ဒီလမ်းကြောင်းက မူလအမရရွာသားတွေအတွက် ပြင်ထားတာပဲ။ ဝင်ဖို့နည်းလမ်းရှိမှ သေချာပေါက် ထွက်လမ်းလည်းရှိရမယ်။ မူလအမရအရှင်က ရှုပ်ထွေးလွန်းတဲ့ ပုံစံမျိုးကိုတော့ ပြင်ဆင်ထားမှာမဟုတ်ဘူး။ ဒီတော့ အနီးအနားမှာ ခလုတ်ရှိရမယ်”

ဝမ်ချောင်သည် အပြင်ဘက်မှ အခြေအနေကြောင့် စိုးရိမ်စိတ်များနေသည်။ သူသည်လည်း မူလအမရ ရွာသားများက ပေါ်ထွက်လာပြီး ခလုတ်ကိုပင် လာဖွင့်ပေးရန် မျှော်လင့်မိနေ၏။

ဘုန်း

ရုတ်တရက် ဝမ်ချောင်၏လက်ညိုးက ပုံမှန်မဟုတ်လောက်အောင် အေးစက်နေသော နံရံ၏ တစ်စိတ်တစ်ပိုင်းကို ထိမိသွားသည်။ နံရံ၏ ထိုနေရာက အခြားသောနေရာများနှင့် ခြားနားခြင်းမရှိပေ။ သို့သော် အပူချိန်သာ ကွာခြားသည်။ သူသည် ကြယ်တာရာစွမ်းအင်များကို လက်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် တွန်းလိုက်သည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် ထူထည်းသော သတ္ထုနံရံတွင် ကွဲအက်ကြောင်းရာက ပေါ်လာပြီး အလင်းသဲ့သဲ့က ဝင်လာ၏။

နံရံက ကွဲသွားသည်နှင့် ဝမ်ချောင်သည်လည်း တိုက်ခိုက်နေသော ပုံရိပ်သုံးခုကို မြင်လိုက်သည်။ တစ်ယောက်က အနက်ရောင်ဝတ်ရုံ ခြုံထားလေပြီး သူ၏ရှည်လျားသောဆံပင်က ဘေးဘက်တွင် ကခုန်နေသည်။ သူ၏ဘေးဘက်တွင်လည်း အဖြူရောင်နဂါးက ရစ်ခွေထားသော လူတစ်ယောက် ရှိနေသည်။ သူတို့ဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ဖြစ်သည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ကျယ်ပြောကာ ခမ်းနားထည်ဝါသော အဆောင်ကြီးရှိနေပြီး (၂၂)လွှာမြင့်ကာ ရွှေရောင်အလင်း တောက်ပနေသည်။ ထိုအဆောင်၏ အရှေ့တွင် အရှေ့ပိုင်းဟန်မင်းဆက် အဆုံးသတ်ကာလမှ ပုံစံမျိုး ဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ သူဟာ လေးစားဖွယ်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ထိုလူသည်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကို ဆက်တိုက်ဆိုသလို ဖိအားပေးနေခြင်းဖြစ်သည်။

သူတို့နှစ်ယောက်က အမောတကော အသက်ရှုနေရသည်။ ရှင်းလင်းစွာပင် သူတို့သည်လည်း ဆက်တိုက် နောက်သို့ ဆုတ်နေရလေပြီး ထိုလူကြောင့် ဒဏ်ရာရသွားနိုင်သည်။

“ဆရာ”

တွေးတောရန် အချိန်မရှိတော့သည့်အလျောက် ဝမ်ချောင်သည်လည်း မြေအောက်နန်းတော်ထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်က မူလအမရသိုင်း၏ ဆက်ခံသူထံ တိုးဝင်ရောက်ကာ ပေါက်ကွဲသွားသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည် သူ၏ကြယ်တာရာစွမ်းအင်ကို အင်အားသုံးကာ လည်ပတ်လိုက်သည်။ သူသည် ကျင့်ကြံခြင်းသွေဖယ်သွားမည့် ကိစ္စကိုပင် ဂရုမစိုက်တော့ချေ။

“မဟာဖျက်ဆီးခြင်းသိုင်း”

ခြိမ်း

မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် ဝမ်ချောင်၏ ကြောက်စရာကောင်းသော စိတ်စွမ်းအားများက ထိုလမ်းကြောင်း အလောင်းကောင်ကို ရိုက်ချပစ်လိုက်သည်။

++++

အခန်း(၁၄၉၄)

ဘုန်း

ဝမ်ချောင်သည် လုံးဝမမျှော်လင့်ထားသည့် အခြေအနေတစ်ခုကို တွေ့ကြုံလိုက်ရသည်။ သူ၏စိတ်စွမ်းအင်က ကြောက်စရာကောင်းလွန်းသောကြောင့် အကြမ်းတမ်းဆုံးသော သတ္ထုသားကို ဖောက်ထွင်းနိုင်သော်လည်း အရှေ့ပိုင်းဟန်မင်းဆက်မှ လမ်းလျှောက်အလောင်းကောင်နှင့် ရင်ဆိုင်ရသောအခါ တောင်ကို ဝင်ဆောင့်တိုက်ရသလို ဖြစ်သွားသည်။ သူ၏စိတ်စွမ်းအင်များသည် အရှိန်နှုန်းအပြည့်နှင့် စီးဆင်းနေသော ရေမုန်တိုင်းကြီးတစ်ခုအလား ဖြစ်နေခဲ့ရာမှာ ထိုတောင်ကြီးနှင့် ဆောင့်တိုက်မိသွားသောအခါ ကွဲကြေသွားရသည်။

စိတ်စွမ်းအားစည်းတံဆိပ်

ဝမ်ချောင်၏စိတ်က တုန်သွားသည်။ ထိုခံစားချက်ဟာ ရင်းနှီးလွန်းနေသည်။ သို့သော် ဝမ်ချောင် ရင်းနှီးလွန်းနေသော စိတ်စွမ်းအားစည်းတံဆိပ်မျိုး မဟုတ်ချေ။ ဝမ်ချောင်သည်လည်း တစ်စုံတစ်ယောက်ဟာ လူတစ်ယောက်၏ ကိုယ်ထဲတွင် စိတ်စွမ်းအားစည်းတံဆိပ်ကို ထွင်းထုထားပေးလိမ့်မည်ဟု မတွေးဖူးချေ။ ကြမ်းတမ်းမာကြောမှုအရ စိတ်စွမ်းအားစည်းတံဆိပ်ဟာ ဂူများထဲမှ တစ်ခုထက်ပင် သန်မာလွန်းနေသည်။

ထိုစိတ်စွမ်းအားစည်းတံဆိပ်က သူမတွေ့ဖူးသော ပုံစံမျိုးလည်းဖြစ်နေပြီး အင်အားကြီးမားကာ လျို့ဝှက်ဆန်းကြယ်သည်။ သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားချိန်တွင် သူ၏ ကြယ်တာရာစွမ်းအင်ကလည်း မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်အလင်းနှင့် တိုက်မိသွားပြီဖြစ်သည်။

မဟာပျက်စီးခြင်းသိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ အင်အားအကြီးဆုံး သိုင်းဖြစ်ပြီး လောကမှ မဖောက်ခွဲနိုင်သောအရာ မရှိလောက်အောင် ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သည်။ သိုင်းပညာလောကမှ တိုင်တန်ကြီးများဖြစ်သော စုန့်ယွမ်ယွီကပင် ထိုသိုင်းကို ရင်ဆိုင်သောအခါ အာရုံအပြည့် စိုက်ထားရန် လိုအပ်သည်။ သို့သော် ဝမ်ချောင်၏ မဟာဖျက်ဆီးခြင်းသိုင်းကမူ ရွှေရောင်အလင်းနှင့် တိုက်မိသွားသောအခါ ...

ဝုန်း

လောကမှ အသန်မာ အကြမ်းတမ်းဆုံးသော စိတ်စွမ်းအားနှစ်ရပ်က ထိပ်တိုက်တွေ့ဆုံသကဲ့သို့ နူးညံ့ညင်သာသည့် ရွှေရောင်အလင်းက ရုတ်ချည်းဆိုသလို ရွှေရောင်သံလိုက်အိမ်မြောင်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ဒုတိယ၊ တတိယ... မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် အမျိုးမျိုးသော အရွယ်အစားရှိသည့် ရွှေရောင်သံလိုက်အိမ်မြောင် အခုတစ်ရာနီးပါးက ပေါ်လာသည်။

ထိုသံလိုက်အိမ်မြောင်များက ယန္တရားကြီးများအလား လည်ထွက်သွားရင်း အချင်းချင်း ချိတ်ဆက်၍ ကြီးမားလွန်းသော ခံတပ်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဝမ်ချောင်၏ မဟာဖျက်ဆီးခြင်းသိုင်းက ထိုခံတပ်နှင့် ရိုက်မိသွားချိန်တွင် ရေက ဒူးလေးလက်နက်ကြီးကို ဝင်ရိုက်လိုက်သကဲ့သို့သာ လှုပ်သွားလေသည်။ သို့သော် ထိုရေစီးကြောင်းများက မတူညီသောစီးကြောင်း သောင်းကျော်အဖြစ် ပြောင်းလဲသွားချိန်တွင် ရွှေရောင်သံလိုက်အိမ်မြောင်များကမူ ထိုရေစီးကြောင်းများအား ဒုတိယအလွှာ၊ တတိယအလွှာ စသဖြင့် ပို့ပေးလိုက်သည်။ တခဏခန့်ကြာပြီးချိန်တွင် ဝမ်ချောင်၏ ကြယ်တာရာစီးကြောင်းများက လုံးဝပျက်ပျယ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်သည်လည်း သူ၏ကြယ်တာရာစွမ်းအင် အပြောင်းအလဲကို အာရုံခံမိလိုက်ချိန်တွင် ခန္ဓာကိုယ်က အံ့အားသင့်မှု၊ မယုံကြည်မှုများကြောင့် တုန်ယင်သွားသည်။

ထိုစွမ်းအားသည် မဟာရင်ယန်သိုင်းနှင့် ခြားနားသည်။ သူသည် နှစ်ပိုင်းခွဲကာ တိုက်ခိုက်ခြင်းလည်း မဟုတ်ချေ။ ထိုအစား သန့်စင်လွန်းသည့် ဖျက်ဆီးခြင်းစွမ်းအား သီးသန့်ကိုသာ သယ်ဆောင်သွားခဲ့ရင်းမှ ထိုရွှေရောင်အလင်းများဟာ လုံးဝမကျန်တော့သည်အထိ တစ်ပိုင်းပြီးတစ်ပိုင်း ခွဲသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောင်းလဲပေးနိုင်စွမ်းအားရှိသော စွမ်းအားဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းအား ဖုန်ဖြစ်သွားစေသည်။

ဝမ်ချောင်သည်ပင် ဆရာဖြစ်သူကလည်း အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ မွေးရာပါ ပြစ်ချက်ကို ဖာထေးပေးနိုင်သည်ဟု မည်သည့်အတွက်ကြောင့် ပြောကြောင်း ရုတ်တရက် နားလည်လိုက်သည်။

“ချောင်အာ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။ သိသာစွာပင် သူလည်း အံ့ဩသွားသည်။ သူသည်လည်း ဒီတစ်ကြိမ် နန်းတော်ထဲသို့ ဝင်လာခဲ့သောလူက ဝမ်ချောင်ဖြစ်နေမည်ဟု မထင်ထားမိချေ။ သို့သော် အများကြီး တွေးတောနေရန် အချိန်မရှိပေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စိတ်မသက်မသာဖြစ်သလို စိုးရိမ်သလို သတိပေးသံကို အော်ဟစ်လိုက်သည်။

“ရှောင်”

ဝမ်ချောင်က တွေးတောရန် အချိန်မရှိချေ။ သူဟာ ငေးငိုင်နေချိန်တွင် ပြင်းထန်လွန်းသော စွမ်းအားတစ်ရပ်က ရွှေရောင်သံလိုက်အိမ်မြောင်ထဲမှ ပေါက်ထွက်လာလေသည်။ ထိုစွမ်းအင်ဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအားနှင့် အနည်းနှင့်အများတူသည်။ သို့သော် အတော်လေးလည်း ခြားနားနေသေးပြန်၏။ သို့သော် တစ်စုံတစ်ရာကို ထည့်သွင်းရောနှောထားသကဲ့သို့ ပို၍အင်အားကြီးမားသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်သည် တစ်စုံတစ်ရာကို နားလည်လိုက်ပြီး ချက်ချင်းလိုလို အနောက်ဘက်သို့ ပြန်ဆုတ်သည်။ သို့သော် သူဟာ နောက်ကျလွန်းသွားသည်။ အဆုံးအစမဲ့သော စွမ်းအင်များက သူ့ကို ရိုက်လိုက်လေပြီး သူ့အား အရုပ်ကြိုးပျက် လွင့်ထွက်သွားစေသည်။

ဘုန်း

ဝမ်ချောင်က နံရံထဲသို့ လွင့်စင်သွားသည်။ သူ၏ကိုယ်တွင်းအင်္ဂါများ အားလုံးက လှုပ်ခတ်သွား၏။ ဝမ်ချောင်သည် ကျင့်ကြံခြင်း သွေဖယ်မှုဒဏ်ကို ခံစားနေရနှင့်ပြီးသားဖြစ်သည်။ ယခုလို ရုတ်တရက် နံရံနှင့် ဝင်ရိုက်မိသွားခြင်းက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖျော့တော့သွားစေပြီး သွေးကို အန်လိုက်ရစေသည်။ သူ၏ အရှိန်အဝါတစ်ခုလုံးက အားနည်းကာ ဖျော့တော့သွားသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ခွန်အားလဲ”

ဝမ်ချောင်သည် ယခင်က လုံးဝမခံစားဖူးသည့် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုမျိုးကို ခံစားလိုက်ရသည်။

နက်နဲသော အဆင့်သို့ရောက်အောင် ကျင့်ကြံပြီးသောအခါ အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းသည် ပြိုင်ဘက်၏ စွမ်းအင်များကိုပင် ပျက်ပျယ်သွားအောင် လုပ်နိုင်ပြီးနောက် အလားတူ စွမ်းအင်မျိုးနှင့် ပြန်လည်ပို့လွှတ်ကာ တိုက်ခိုက်နိုင်နေသည်။ ဒါဟာ မယုံနိုင်စရာကောင်းလွန်းသော စွမ်းအားတစ်ရပ်ဖြစ်ပြီး နံပါတ်ခြောက်နှင့် နံပါတ်ငါး ဆက်ခံသူတို့၏ ခွန်အားကို သာလွန်နေသည်။

“ချောင်အာ အခြေအနေ ဘယ်လိုရှိလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ချက်ချင်းလိုလို အော်ဟစ်လိုက်သည်။ သူတို့၏စိတ်ကလည်း ကစဉ့်ကလျားဖြစ်နေသည်။ မျိုးဆက်သုံးဆက်မြောက် ဆက်ခံသူဟာ ယခင်မျိုးဆက်တိုင်းထက် ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားလွန်းနေလေပြီး တိုက်ခိုက်နိုင်သည့် စွမ်းအင်ကိုပင် ပျက်ပျယ်စေလျှက် အလားတူ တိုက်ကွက်မျိုးနှင့် ပြန်လည်ထုတ်လွှတ်နိုင်စွမ်းရည် ရှိနေခြင်းဟာ မမြင်ဖူးသော အခြေအနေမျိုးဖြစ်နေသည်။

ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ထိုဆက်ခံသူနှင့် တိုက်ခိုက်နေခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်ပြီး ထိုစွမ်းအားကို အလွန်အမင်း ရင်းနှီးသည်။ သို့သော် ဝမ်ချောင်ကမူ ထိုအကြောင်းအရာကို မသိပေ။

“ဆရာ ငါ့ကို ငါ့ကိုမေ့လိုက်ဦး လောလောဆယ် ငါအဆင်ပြေတယ်”

ဝမ်ချောင်၏ခန္ဓာကိုယ်က နံရံထဲမှ လျောကျလာသည်။ သူသည် ခြေထောက်များကို ခပ်မြန်မြန် ချိတ်လိုက်ပြီး ဆေးတစ်လုံးထုတ်ကာ သောက်ပြီး စွမ်းအားများကို စတင်ကာ ထိန်းညှိသည်။

မူလအမရအရှင်၏ တပည့်များထဲမှ တစ်ယောက်ချင်းစီတိုင်းက ပြင်းထန်သိပ်သည်းသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် တောက်ပသော ပါရမီရှင်များဖြစ်သည်။ ဒီတိုက်ပွဲ၏ အဆင့်တွင် အသေးငယ်ဆုံးသော စိတ်ပျံ့လွင့်မှုကတင် ဆိုးရွားလွန်းသည့် အကျိုးဆက်ကို ဖြစ်သွားစေနိုင်သည်။ ဝမ်ချောင်သည်လည်း သူဟာ ဆရာဖြစ်သူနှင့် ဝူရှန်းရွာသူကြီးတို့ကို သူ့အတွက်ကြောင့်နှင့် စိတ်မပျံ့လွင့်လိုပေ။

မြေအောက်နန်းတော်အတွင်းတွင် ကြမ်းတမ်းသော လေပြင်းများက ဟိန်းဟောက်နေရင်း တိုက်ပွဲက ပြင်းထန်လာသည်။ အလွန်အမင်း ကြီးမားလွန်းသော အမွှေးနံ့သာ ခွက်ကြီးများက နံရံကို ဝင်တိုက်မိကာ ကွဲကုန်သည်။

အလယ်မှ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အလင်းတန်းများဖြင့် ပေါက်ကွဲထုတ်နေရင်း လေထုကိုပင် ဟိန်းသံများ ထွက်ပေါ်နေစေလောက်အောင် စွမ်းအင်များကို လွှတ်ထုတ်ထားသည်။ ထို့နောက် စွမ်းအင်အလင်းတန်း တစ်ခုချင်းစီတိုင်းက ဓားထက်ပင် ထက်ရှနေသေးသည်။ သူသည် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို အကန့်အသတ်သို့ရောက်အောင် ထုတ်လိုက်လေပြီ လမ်းလျှောက် အလောင်းကောင်ကို တိုက်ခိုက်လေသည်။

ဝူရှန်းရွာသူကြီး၏ မုတ်ဆိတ်ကြီးက တုန်ယင်နေသည်။ သူသည် နဂါးပုံသဏ္ဍန်ကို ပြောင်းလဲထားပြီး စွမ်းအင်စီးကြောင်း ငါးကြောင်းကို ထုတ်လွှတ်ထားသည်။ နဂါးဖြူကလည်း တုတ်ကောက်ကြီးအဖြစ် ပြောင်းလဲ၍ ဆက်ခံသူကို တိုက်ခိုက်သည်။

သူတို့နှစ်ယောက်လုံးက ချွီထေပါးနှင့် တိုက်ပွဲမှ အကျိုးအမြတ်ကို ရရှိခဲ့ကြခြင်းအားဖြင့် သိမ်မွေ့နယ်မြေမှ ခွန်အား တစ်စိတ်တစ်ပိုင်းကို နားလည်သွားသည်။ ထိုသို့ဖြင့် သိမ်မွေ့နယ်မြေသို့ ဝင်ရောက်ရန် အချိန်တစ်ခုသာ လိုအပ်တော့သည်။

သို့သော် ထိုလမ်းလျှောက်အလောင်းကောင်ကမူ ရွှေရောင်ခံတပ်၏ လွှမ်းခြုံကာကွယ်ပေးခြင်းကို ခံထားရပြီး ကြီးမားလွန်းသော ခုခံနိုင်စွမ်းရည်ရှိနေသည်။ ထိုအတိုင်း ဆက်ဖြစ်နေပါက သူတို့အားလုံး သေသွားရလောက်သည်။ ဝမ်ချောင်ပင် ပါလောက်၏။

“ငါလာကူညီမယ်”

ရုတ်တရက် အော်သံတစ်ချက်က ထွက်လာသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း လျှပ်စီးလက်သလို ခုန်ဝင်လာသည်။

သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေး ဝင်ရောက်လာခြင်းကလည်း အဖွဲ့၏ အခြေအနေကို အနည်းငယ်လေးသာ သက်သာသွားစေလေသည်။ လမ်းလျှောက်အလောင်းကောင်၏ စွမ်းအားကို စုပ်ယူနိုင်စွမ်းအားနှင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်းအားက ရယ်စရာပင် ကောင်းလွန်းသည်။

သူတို့ကသာ အတူတကွ ပူးပေါင်းကာ လုပ်ဆောင်နေကြသည်မှာ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များသာ မဟုတ်နေခဲ့ဘဲ တစ်ယောက်ချင်းစီကသာ ကြွယ်ဝသည့် တိုက်ပွဲဝင် အတွေ့အကြုံများကို မရှိနေခဲ့လျှင် သေသွားပြီးလောက်လေပြီ။

နန်းတွင်းထဲရှိ လေထုက သိပ်သည်းလွန်းကာ ဖောက်ခွဲသံများကလည်း ပြည့်နှက်နေသည်။ ဝမ်ချောင်က နံရံနားတွင်ကပ်ကာ ထိုင်နေရင်း စိတ်စွမ်းအားကိုသုံးပြီး ဒဏ်ရာများကို ကုစားနေခဲ့ရသည်။ လမ်းလျှောက်အလောင်းကောင်၏ တိုက်ကွက်ကြောင့် ဖြစ်သွားခဲ့သော စွမ်းအင်များကလည်း သွေးကြောများထဲသို့ ပြန်လည်ပြီး ရောက်ရှိလာသည်။

သို့သော် တခဏခန့်ကြာပြီးနောက် သူ၏ကျောဘက်ရှိ အကြောအမှတ် တစ်နေရာမှ ပြင်းထန်လွန်းသော နာကျင်မှုက ဆောင့်တက်လာပြီး ယခုလေးတင် ပြန်လည်စုစည်းလိုက်နိုင်သည့် ကြယ်တာရာစွမ်းအင်များကို ကွဲအက်သွားစေလျှက် သူ့ကို သွေးအန်စေသည်။ မြေပြင်က ကြောက်စရာကောင်းလောက်အောင် နီသွားသည်။ ဝမ်ချောင်၏ အခြေအနေက တဖန်ထပ်ပြီး ကစဉ့်ကလျားဖြစ်သွားသည်။

“ဘာလို့ဒီလိုဖြစ်တာလဲ”

ဝမ်ချောင်က သူ၏ရင်ဘက်ကို ဆုတ်ကိုင်ထားသည်။ ခန္ဓာကိုယ်က တုန်နေသည်။ သူသည်လည်း မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကျင့်ကြံခြင်းသွေဖယ်သည့် ရောဂါက ယခုအချိန်မှ ထလာမည်ဟု မထင်ထားချေ။ တခဏခန့်ကြာပြီးနောက် နဂိုနာကျင်နေခဲ့သည့် အကြောအမှတ် ပတ်ပတ်လည်မှ အကြောအမှတ်များနှင့် သွေးကြောများက စတင်ကာ ညိုးနွမ်းပြီး လိမ်တွန့်လာသည်။ သူ၏တန်ထျန်းပင် ပါသေးသည်။

ပြင်းထန်လွန်းသော နာကျင်မှုက ဝမ်ချောင်၏မျက်နှာကို တစ္ဆေအလား ဖြူစုတ်သွားစေသည်။ သူ၏နဖူးမှ ရေတံခွန်အလား စီးကျလာသည်။ မိုးရွာသကဲ့သို့ စီးဆင်းလာပြီးနောက်တွင် ဝမ်ချောင်ဟာ စတင်ပြီး ယိမ်းယိုင်လာသည်။ ဝူရှန်းရွာသူကြီး၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေး တို့ကလည်း ပြင်းထန်လွန်းသည့် တိုက်ခိုက်မှုဒဏ်ကို ခံစားနေရပြီး သတ်ဖြတ်ခံရတော့မည့် အနေအထားမျိုးတွင်ဖြစ်သည်။

“သတိထား သူက သူ့ရဲ့ ပြိုင်ဘက်ကင်းသိုင်းကို သုံးတော့မယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် အော်လိုက်သည်။ သူ၏ရှည်လျားကာ ရှုပ်ပွနေသော ဆံပင်များက ဘေးဘက်တွင် ရူးသွပ်စွာ လွင့်ပျံနေသည်။ သူတို့သုံးယောက်သည်လည်း ချက်ချင်းဆိုသလို စတင်ကာ နောက်ဆုတ်သည်။ သို့သော် နောက်ကျလွန်းသွားသည်။

လမ်းလျှောက်အလောင်းကောင်က တိုက်ပွဲအတောအတွင်းတွင် သူ၏ မူလအမရသိုင်းအတွက် လိုအပ်သော စွမ်းအားများ အားလုံးကို စုစည်းထားပြီးလေပြီ။ ယခုအခါ လုံလောက်သွားသောကြောင့် ခန္ဓာကိုယ်က ဖောင်းကားလာကာ ယခင်ကထက် မျက်စိကြိမ်းမတက် တောက်ပပြီး လင်းထိန်လွန်းနေသော စွမ်းအားကို လွှတ်ထုတ်လိုက်သည်။

ခမ်းနားထည်ဝါသော အထပ်ပေါင်းများစွာရှိသည့် ကောင်းကင်ဘုံကြီးက ပို၍ပင် ခိုင်မာကာ ပုံသဏ္ဍန်ပေါ်လာသည်။ အစစ်အမှန် ကောင်းကင်ဘုံနန်းဆောင်ကြီးက မျောလာသကဲ့သို့ပင် ထင်ရှားလာသည်။

ဘန်း

တောင်တန်းကို ခုတ်ထွင်လိုက်သလို ကျယ်လောင်သော ပေါက်ကွဲသံမျိုးနှင့်အတူ လမ်းလျှောက်အလောင်းကောင် ပတ်ပတ်လည်မှ ရွှေရောင် သံလိုက်အိမ်မြောင် ရာပေါင်းများစွာက အရှေ့ဘက်သို့ထွက်၍ ပေါက်ထွက်လာသည်။ ထို့နောက် မူလအမရ ကြယ်တာရာစွမ်းအင်များကိုလည်း သယ်ဆောင်လာရင်း သူတို့သုံးယောက်ထံ လွှမ်းခြုံလာသည်။

ထိုတိုက်ကွက်က ရိုးရှင်းစွာပင် သုံးယောက်လုံးကို နောက်မဆုတ်နိုင်အောင် ဖြစ်စေသည်။

ပို၍ကျယ်သော နေရာမျိုးတွင်သာဆိုလျှင် သူတို့သုံးယောက်အနေဖြင့် လွတ်မြောက်သွားနိုင်လောက်သည်။ သို့သော် ယခုလိုမျိုး ကျဉ်းမြောင်းသည့် နန်းတော်ထဲတွင် မျှော်လင့်ချက် သေးသေးလေးကပင် မရှိတော့ချေ။

ဘုန်း

သုံးယောက်ထဲမှ အားအနည်းဆုံးဖြစ်သော အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အရင်ဦးဆုံး တိုက်ခိုက်ခံရသည်။ သို့သော် သူ၏အနောက်တွင် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ခံရသည်။ အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မျှော်လင့်ကြည့်ရန်ပင် ခက်ခဲလွန်းသည်။ လောကများအားလုံးတွင် ထိုမျှအထိ ကြမ်းတမ်းပြီး ထိုမျှထက် ပို၍ ဖြောင့်မတ်မှန်ကန်ကာ ယန်အခြေပြုစွမ်းအားနှင့် ကိုက်ညီလွန်းသော သိုင်းမျိုး မရှိနိုင်ပေ။

ဇွက်

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တုန်ယင်ပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သူဟာ နောက်ဘက်သို့ လွင့်ထွက်သွားသည်။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ မျက်နှာက ဖျော့တော့သွားပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သူတို့သည်လည်း မူလအမရ ကြယ်တာရာစွမ်းအားများ၏ အကန့်အသတ်မဲ့သော စွမ်းအားများကြောင့် ဘေးဘက်သို့ လွင့်ထွက်သွားကြသည်။

++++

အခန်း(၁၄၉၅)

ဝေါင်း

နန်းတွင်းထဲတွင် နဂါးတစ်ကောင်၏ ဟိန်းသံက ဟိန်းထွက်သွားသည်။ သူတို့သုံးယောက်ကို လွင့်ထွက်သွားအောင် လုပ်ပြီးသည်နှင့် ထိုလမ်းလျှောက်အလောင်းကောင်က ရုတ်တရက် လေချွန်လိုက်သည်။ သူ၏ ဗလာကျင်းကာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်က ရုတ်ချည်းဆိုသလိုပင် သုံးယောက်ထဲမှ အင်အားအကြီးဆုံးနှင့် အခြိမ်းခြောက်နိုင်ဆုံးသော မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ကြည့်သည်။

“ဆရာ”

ဝမ်ချောင်၏ နှလုံးသားက တုန်သွားသည်။ လမ်းလျှောက်အလောင်းကောင်က ဘာကိုမှ မလုပ်ရသေးသော်လည်း ဝမ်ချောင်က ဆရာဖြစ်သူ မကျော်လွှားနိုင်သော အန္တရာယ်ကို ကြုံရတော့မည်ဟု ခံစားလိုက်ရသည်။

ဝုန်း

တခဏခန့်ကြာပြီးနောက် ရှေးဟောင်း ဟန်မင်းဆက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်အလင်းများ ခြံရံထားသည့် သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အရှေ့သို့ထွက်လာသည်။ သူသည် ညာဘက်လက်ကို အနောက်ဘက်သို့ ဆန့်ထုတ်လိုက်ပြီးနောက်တွင် ဘုံအထပ်ပေါင်းများစွာရှိသော ကောင်းကင်ဘုံ ရွှေရောင်ကျောင်းဆောင်ကြီးက လျှင်မြန်စွာဖြင့် သိပ်သည်းလာသည်။ ထို့နောက် ရွှေရောင် ခက်ရင်းခွကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုခက်ရင်းခွက အခွဲ(၂၂)ခွဲအထိရှိနေသည်။

ထိုမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေသည်။ သူတို့ထဲက မည်သူကမှလည်း ထိုမူလအမရသိုင်း ဆက်ခံသူ၏ အနောက်ဘက်မှ (၂၂)ထပ်ခန့်မြင့်သော ကောင်းကင်ဘုံကျောင်းဆောင်ကြီးက ယခုလို စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားဦးမည်ဟု မထင်ထားမိပေ။

ထိုဆက်ခံသူက အသွင်ပြောင်းလဲထားသော ခက်ရင်းခွကြီးကို ကောက်ကိုင်လိုက်ကာ အရှေ့ဘက်သို့ ခုန်ဝင်လာသည်။ ရွှေရောင်စွမ်းအင်မုန်တိုင်းကလည်း စတင်ကာ တိုက်ခတ်လာပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ထံ တိုးဝင်လာသည်။

လေထဲမှ တင်းအားက သိပ်သည်းလွန်းသဖြင့် ဓားတစ်လက်ဖြင့် ခုတ်ဖြတ်၍တောင်ရသည်။

“မကောင်းတော့ဘူး”

ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့၏ မျက်နှာက ဖြူဖျော့သွားသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သုံးယောက်ထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ သူတို့၏ အမြူတေလည်းဖြစ်သည်။ ထို့ကြောင့် အဆင့်လွန်ကြမ်းတမ်းသော မူလအမရကြယ်တာရာ စွမ်းအားများ၏ တစ်ဝက်ကျော်ကျော်ခန့်ကို သူတစ်ယောက်တည်းက တောင်ခံခဲ့ခြင်းဖြစ်သည်။

သူတို့ကသာ တစ်ယောက်တည်း တိုက်ခိုက်ရမည်ဆိုလျှင် အဆုံးသတ်လေးခု သိုင်းအရှင်ကဲ့သို့ အဆုံးသတ်သွားပြီး တစ်ချက်တည်းနှင့် သေသွားလောက်သည်။ ထိုလမ်းလျှောက်အလောင်းကောင်က မိစ္ဆာဧကရာဇ်ကို ဖယ်ရှားပြီးသည်နှင့် သူတို့ကလည်း သေရမည်ဖြစ်သည်။

“သူ့ကိုတား”

နန်းတွင်းထဲတွင် ကျယ်လောင်သောအသံက ဟိန်းထွက်သွားသည်။

ဘုန်း ဘုန်း ဘုန်း

အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝူရှန်းရွာသူကြီးတို့က သူတို့၏ဒဏ်ရာများကို ဖိနှိပ်ရင်း ရှေ့သို့ခုန်ထွက်သွားသည်။ ဝူရှန်းရွာသူကြီးက သူ၏အဖြူရောင် တောင်ဝှေးကိုပင် ပစ်လိုက်သည်။ ထိုတောင်ဝှေးကြီးက လေထဲသို့ ရောက်သွားသည်နှင့် အဖြူရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။ နဂါးက ဆယ်မီတာကျော် ရှည်လျားလေသည်။ ထို့နောက် လမ်းလျှောက်အလောင်းကောင်ထံ ခုန်ဝင်သွားသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အနောက်ဘက်တွင်လည်း ရေလှိုင်းများက ကြီးမားသော အလုံးကြီးအဖြစ် ပြောင်းလဲလိုက်ကာ မရေမတွက်နိုင်သော ရေဓားအပ်ပေါင်းများစွာအဖြစ် ပြောင်းလဲလိုက်သည်။ ထိုသို့ဖြင့် ထိုလမ်းလျှောက် အလောင်းကောင်ထံ ဝင်ရောက်သွားလေသည်။

ထိုအပ်များနှင့်တူသော ဓားသွားများက အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ အဆင့်လွန်သိုင်းတစ်ခုကို ကိုယ်စားပြုသည်။ လူတစ်ယောက်၏ ကိုယ်ထဲသို့ မွှေးညှင်းပေါက်များမှတစ်ဆင့် ဝင်ရောက်နိုင်ပြီး သွေးပြန်ကြောများအနှံ့ သွားလာနိုင်လေသည်။

ထိုအပ်နှင့်တူသောဓားက ကိုယ်ထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် ထိုသိုင်းပညာရှင်က သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကိုပင် ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ထိုမျှအထိ အင်အားကြီးမားပြီး ကြောက်စရာကောင်းသည့် အချက်ကလည်း ထိုသိုင်းကြောင့်ဖြစ်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် ထိုတိုက်ပွဲနှင့် အထူးတလည် ဆက်စပ်မှု အများကြီးမရှိပေ။ သို့သော် သူဟာ လမ်းကြောင်းထဲမှတစ်ဆင့် ဝင်လာပြီးချိန်ကတည်းက မှန်ကန်သော ရွေးချယ်ခွင့် မရှိတော့ချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကသာ သေဆုံးသွားခဲ့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း လိုက်ရပေလိမ့်မည်။

ဘန်း

ဖြူစုတ်နေသော မျက်နှာနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လေထဲသို့ခုန်တက်လိုက်သည်။ သူ၏ဝတ်ရုံက သွေးစက်များနှင့် ပြည့်နှက်နေသည်။ သို့သော် သူ၏အမူအရာကမူ တည်ငြိမ်နေသေးသည်။ လောကက မည်သည့်အရာကမှ သူ့ကို လှုပ်ခါနိုင်ပုံမရချေ။

“ချောင်အာ ပြေးတော့”

ဝမ်ချောင်၏စိတ်ထဲတွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်ထပ် ပေါက်ကွဲသံ တစ်သံက ထွက်ပေါ်လာလေပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ကလည်း သတ်လတ်ပိုင်းလူနှင့် ရင်ဆိုင်သည်။

“အား”

ထည်ဝါသော ရွှေရောင်အလင်းများ ပေါက်ကွဲလာပြီးနောက် ထိုသုံးယောက်လုံးက အော်ဟစ်ရင်း လွင့်ထွက်သွားသည်။

“ဆရာ”

ဝမ်ချောင်က အော်ဟစ်လိုက်သည်။ သူဟာ အံ့အားသင့်မှုဖြင့် တုန်သွားသည်။ ထိုသို့ရင်ဆိုင်နေသည့် အခိုက်အတန့်တွင် ဆရာဖြစ်သူဟာ သူ့ကိုစိုးရိမ်နေသေးသည်။

လေထဲသို့ ပုံရိပ်တစ်ခုက လွင့်လာချိန်တွင် သူ၏စိတ်ထဲတွင် ကြားလိုက်ရသည့် လူကြီးတစ်ယောက်၏ ရင်းနှီးကျွမ်းဝင်သော အသံက ဝမ်ချောင်၏ခေါင်းထိပ်သို့ သွေးများကို ထိုးတက်သွားစေသည်။

အဝေးတွင်ရပ်နေပြီး ရွှေရောင်သံလိုက်အိမ်မြောင်ကြီးက ပြောင်းထားသော ကြီးမားသည့် ခံတပ်ကြီးများ ဝိုင်းထားသော လမ်းလျှောက်အလောင်းကောင်၏ မျက်နှာက အေးစက်နေသည်။ ရပ်နေသော ဟန်အမူအရာကလည်း ထောင်မတ်သည်။ အချွန်အတက် (၂၂)ခုရှိနေသော ခက်ရင်းခွကြီးကို လက်တစ်ဖက်တွင် ကိုင်ထား၏။ သူဟာ တောင်တန်းကြီးတစ်ခုအလား ရပ်နေပြီး ခြစ်ရာပင် မထင်သွားခဲ့ချေ။

မူလအမရသိုင်း၏ ဆက်ခံသူက ထိုသုံးယောက်၏ တိုက်ကွက်အောက်တွင် မည်သို့မှ မထိခိုက်သွားခဲ့ပေ။

လမ်းလျှောက်အလောင်းကောင်ဟာ ခန်းမ၏အလယ်တွင် သေမင်းအလား ရပ်နေလေသည်။ သူသည် ပြိုင်ဘက်ကင်းပြီး ရပ်တန့်၍ပင် မရနိုင်ချေ။ လူတိုင်း၏စိတ်ထဲတွင် စိတ်ပျက်အားငယ်သော အတွေးက ဝင်ရောက်လာသည်။

သူတို့သည်လည်း သူတို့သုံးယောက်က အတူတကွ ပူးပေါင်းခဲ့သည့်တိုင်အောင် ထိခိုက်အောင်ပင် မလုပ်နိုင်သည့် အခြေအနေမျိုးကို ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မူလအမရသိုင်းသည် သူတို့မျှော်လင့်ထားသည်ထက် အင်အားကြီးမားလွန်းနေသည်။

ဘုန်း

ထိုအချိန်တွင် ထိုလမ်းလျှောက်အလောင်းကောင်၏ မင်းမူလွန်းသော ပုံရိပ်က ရှေ့သို့နှစ်လှမ်းတိုးလာသည်။ ထို့နောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ထံ လာပြန်သည်။ ထိုအခြေအနေတွင် မည်သူကမှသူ့ကို မတားနိုင်တော့ချေ။

“ဆရာ”

ဝမ်ချောင်က တုန်ယင်သွားသည်။ သူသည် ကြယ်တာရာစွမ်းအင်များ အားလုံးကို အတင်းအင်အားသုံးကာ အတင်းဖိချလိုက်သည်။ ထို့နောက် အတင်းမတ်တပ်ထရပ်ကာ တိုက်ပွဲထဲဝင်ရန် ပြင်လိုက်သည်။ သို့သော် သူဟာ လှုပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အနှံ့တွင် နာကျင်မှုများက ထိုးတက်လာသည်။ သူ၏ခန္ဓာကိုယ်က တစ်စစီ ပဲ့ကြေကျတော့မည်ဟု ခံစားလိုက်ရ၏။

သူ၏ဒဏ်ရာများဟာ မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများနှင့် ကြယ်တာရာစွမ်းအင်များကို ဆက်တိုက် အသုံးပြုနေခြင်းအပြင် ထိုလမ်းလျှောက်အလောင်းကောင်၏ ရိုက်ချက်တစ်ချက်ကို လက်ခံရရှိလိုက်ခြင်းက သူ၏ တိုက်ခိုက်နိုင်စွမ်းရည်ကို ပျောက်ကွယ်သွားနိုင်သည်။

“ရွာသူကြီး အထီးကျန်တိတ်ဆိတ်ဘိုးဘေး မင်းတို့ ချောင်အာကိုခေါ်ပြီး ဒီနေရာကနေသွားတော့။ ငါဒီအကောင်ကို ထိန်းထားမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် ထအော်သည်။ သူ၏ဝတ်ရုံက စုတ်ပြဲနေပြီး သွေးများကလည်း နှုတ်ခမ်းထောင့်မှ စီးကျနေသည်။ သို့တိုင်အောင် သူဟာ တိုက်ခိုက်လိုစိတ်ဆန္ဒများဖြင့် လောင်ကျွမ်းနေသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် စိုးရိမ်ရမည့်အစား ပို၍ပင် တည်ငြိမ်နေသေးသည်။ သူသည်လည်း သေခြင်းကို လက်ခံထားပြီးသလိုမျိုး ကြိုဆိုရန် ပြင်ဆင်ထားပုံပေါ်နေလေသည်။

ဘုန်း

သူဟာ ဒဏ်ရာများကိုပင် လျစ်လျူရှု့လိုက်ပြီးနောက် လမ်းလျှောက်အလောင်းကောင်ထံ ခုန်ဝင်သွားပြန်သည်။

“ဆရာ”

ဝမ်ချောင်ကအော်သည်။

“အစ်ကိုကြီးဝမ်”

“မိစ္ဆာဧကရာဇ်”

ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ ဆန္ဒကိုနားလည်ပြီး တုန်ယင်သွားသည်။

ဘန်း

လမ်းလျှောက်အလောင်းကောင်ကြီးက မားမတ်သောကိုယ်က မလှုပ်သွားခဲ့ချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရှေ့သို့ခုန်ဝင်လာချိန်တွင် ဆက်ခံသူက သူ၏ကိုယ်ပိုင်ခြေထောက်ဖြင့် အောက်ဘက်သို့ တစ်ချက် ဖနောင့်ပေါက်လိုက်သည်။ ထို့နောက် အမြှောက်တစ်ခုကဲ့သို့ အရှေ့ဘက်သို့ ခုန်ဝင်လာ၏။

ရွှေရောင်ကြယ်တာရာစွမ်းအင်များ၏ ဒေါသတကြီး ဟိန်းဟောက်သံက ပင်လယ်လှိုင်းလုံးကြီးများ ရိုက်ပုတ်သကဲ့သို့ ရှေ့ဘက်သို့ လိမ့်ဝင်လာသည်။ ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်သွားသလို ထင်ရသည်။

အဆင့်လွန် အဆုံးအစမဲ့ မူလအမရသိုင်းဟာ သိုင်းပညာလောကထဲတွင် နှစ်ရာပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည်။ သို့တိုင်အောင် ဗဟိုပြင်ကျယ်အတွင်းမှ နံပါတ်တစ်သိုင်းဆိုသော နေရာကို မည်သူကမှ အစားမထိုးနိုင်ခဲ့ပေ။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းတို့ကပင် အညံ့ခံထားရသည်။

ထိုမူလအမရသိုင်း၏ ဆက်ခံသူများက သေဆုံးသွားခဲ့ပြီးသည်မှာ နှစ်ရာကျော်ကြာသလို သို့မဟုတ် နှစ်ထောင်ကျော် ကြာညောင်းနေခဲ့ခြင်း ဖြစ်နိုင်သေးသည့်တိုင်အောင် သူတို့သည် မူလအမရသိုင်း၏ အရှိန်အဝါကို ခြောက်ခြားဖွယ်ကောင်းသော အင်အားမှတစ်ဆင့် ပြသနိုင်သေးသည်။

ဆယ်မီတာ၊ ရှစ်မီတာ၊ ခြောက်မီတာ

ဆရာဖြစ်သူ၏ ကျောနှင့် တဖြည်းဖြည်း နီးကပ်လာသော ထိုအလောင်းကောင်၏ ပုံရိပ်ကို ကြည့်နေရင်း ဝမ်ချောင်က စိတ်ဓာတ်ကျလာသည်။

မဟုတ်ဘူး ငါဒီတိုင်း လက်မခံနိုင်ဘူး။

ဝမ်ချောင်က လက်သီးကိုဆုပ်လိုက်သည်။ သူ၏နှုတ်ခမ်းက တဆတ်ဆတ်တုန်လာပြီး မျက်နှာက သွေးများကင်းမဲ့လာသည်။ ဆရာဖြစ်သူဟာ သူ၏နှလုံးသားထဲတွင် အလွန်အမင်း အရေးပါသည့် နေရာကို သိမ်းယူထားသည်။ ဝမ်ချောင်သည်လည်း သူ့ဆရာကို ဖခင်ကဲ့သို့ ဆက်ဆံနေပြီဖြစ်သည်။

သူ၏ကြယ်တာရာစွမ်းအင်များက ဝရုန်းသုန်းကားဖြစ်နေသည်။ သူခံစားနေရသော နာကျင်မှုက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ပုရွက်ဆိတ်သောင်းကျော်က လာရောက် ကြိတ်ချေနေသကဲ့သို့ ဆိုးရွားလွန်းနေသည်။ သို့သော် အရှေ့မှမြင်ကွင်းက သူ့အား ဒီပြင်းထန်သော နာကျင်မှုထက် ပို၍လက်ခံရ ခက်စေသည်။

နည်းလမ်းတော့ရှိမှာပါ။ ရှိရမယ်။

ဝမ်ချောင်၏မျက်လုံးက ငြိမ်သွားသည်။ သူသည် သူတို့လက်မောင်းအားဖြင့် ကိုယ့်ကိုယ်ကို အတင်းအားတင်းကာ နံရံကိုမှီကပ်ရင်း ထလိုက်သည်။ သူ၏ကြယ်တာရာစွမ်းအင်များကလည်း မြင်းဇောင်းထဲမှ လွတ်လာသော မြင်းအုပ်အလား ကဆုန်ပေါက်ကာ ပြေးလွှားနေသည်။ ထို့ကြေင့် သူသည် လုံးဝထိန်းချုပ်မှုမှ လွတ်ကင်းသွားမည့် အနေအထားမျိုးသို့ ရောက်နေသည်။ သို့တိုင်အောင် ဝမ်ချောင်က ဒါကို ဂရုမစိုက်နိုင်တော့ပေ။

ဝုန်း

ဝမ်ချောင်၏မျက်လုံးက ကြီးမားကာ မင်းမူနိုင်လွန်းသည့် ရွှေရောင်သံလိုက်အိမ်မြောင် ခံတပ်ကြီးကို ဖြတ်ပြေးသွားရင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားသည်။

ဒါ

သတ်လတ်ပိုင်းအရွယ် အလောင်းကောင်က ထုတ်လွှတ်ထားသော ရွှေရောင်အလင်းများက ရိုးရှင်းစွာပင် သိပ်သည်းလွန်းနေသည်။ သူကထုတ်ပြထားသော ပြိုင်ဘက်ကင်းသော ခွန်အားက အရာအားလုံးကို လွှမ်းမိုးပစ်လိုက်သည်။ ထို့ကြောင့် အခြားလူများ မြင်နိုင်သမျှဟာ မင်းမူလွန်းသော အသွင်အပြင်သာ ဖြစ်နေခဲ့သည်။ သူတို့သည်လည်း ထိုလူဟာ အသက်ရှင်ချိန်က အင်အားကြီးမားသော သိုင်းပညာရှင်တစ်ယောက်သာသာ ဖြစ်ခဲ့ကြောင်း မေ့သွားလောက်သည်။

သူဟာလည်း ဒဏ်ရာရနိုင်သည်။ သူ့တွင်လည်း အားနည်းချက်ရှိနိုင်သည်။

ထိုလမ်းလျှောက်အလောင်းကောင်က အမျိုးမျိုးသော အရွယ်အစားရှိသော ရွှေရောင်သံလိုက်အိမ်မြောင် ထောင်ပေါင်းများစွာကို ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကာထားပြီး ခုခံခြင်းခံတပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

ထို့ကြောင့် တိုက်ခိုက်နိုင်သမျှ ကြယ်တာရာစွမ်းအင်များက ထိုရွှေရောင်ခံတပ်ကြီးကိုသာ ထိသွားမည်ဖြစ်ပြီး ပျက်ပျယ်သွားရမည်ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် လမ်းလျှောက်အလောင်းကောင်က လေထဲသို့ ခုန်တက်သွားသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း သူ၏ဘယ်ဘက် ခြေညိုးနားတွင် လက်တစ်ဝါးခန့် အရွယ်အစားရှိသော ရွှေရောင်သံလိုက်အိမ်မြောင်လေး တစ်ခုမှ ကွဲထွက်နေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။

လမ်းလျှောက်အလောင်းကောင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်သံလိုက်အိမ်မြောင် ခံတပ်ကြီးက အချင်းချင်း ချိတ်ဆက်နေသည်။ ထို့ကြောင့် သံလိုက်အိမ်မြောင်ကြီး တစ်ခုဖြင့် အပြည့်အဝ ကာကွယ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း ယခုလို အဟကြားနေရာလေးကို မြင်လိုက်သောအခါ တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။ တခဏခန့် ငေးငိုင်ကာ ကြည့်နေပြီး နားလည်သွားသည်။

သူ့ခြေထောက် ဒဏ်ရာရထားတာပဲ။

အိမ်မက်ဆိုးသားရဲ၏ စွမ်းအားကို ရရှိသွားပြီးနောက် ဝမ်ချောင်ဟာ သူ၏စိတ်စွမ်းအင်သည် ဆရာဖြစ်သူ သို့မဟုတ် ဝူရှန်းရွာသူကြီးထက်ပင် သာလွန်သွားကြောင်း ကောင်းကောာင်း နားလည်ထားသည်။ သူ၏ သူ၏ကြယ်တာရာစွမ်းအင်ကို အသုံးပြုနိုင်သော်လည်း စိတ်စွမ်းအင်ဖြင့် အာရုံခံနိုင်သေးသည်။

တစ်စက္ကန့် ကြာပြီးသည်နှင့် ဝမ်ချောင်သည်လည်း ထိုလမ်းလျှောက်အလောင်းကောင်က သူယခင်မြင်ခဲ့သော နှစ်ယောက်နှင့် မည်မျှခြားနားကြောင်း သိလိုက်သည်။ သူသည် ခြေချောင်းခြောက်ချောင်းနှင့် မွေးဖွားလာခဲ့သူဖြစ်သည်။

ခြေထောက်ခြောက်ချောင်းရှိသော လူတစ်ယောက်သည် သာမာန်လူနှင့် ကွာခြားသော သွေးကြောစနစ်မျိုးကို ပိုင်ဆိုင်ထားပေလိမ့်မည်။ ဝမ်ချောင်သည်လည်း သူ၏ထိုခြေချောင်းကို မည်သို့ဆုံးရှုံးသွားခဲ့ကြောင်း မသိချေ။ မူလအမရသိုင်းကို သင်ယူရန် ကြိုးစားနေရင်း ပြတ်ထွက်သွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် တိုက်ပွဲတွင် ဆုံးရှုံးသွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုလမ်းလျှောက် အလောင်းကောင်၏ ဖိနပ်အောက်ဘက်တွင်မူ ခြေထောက်တစ်ချောင်း ပျောက်နေကြောင်း သေချာလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထိုအခြေအနေကို မြင်ရန်ခက်ခဲသည်။ ယခုလိုမျိုး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့နှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲနေရင်းမှ သူ၏ဒဏ်ရာဟောင်းက ပြန်ထလာသလို ဖြစ်လာပြီး ထိုနေရာက ကွဲထွက်ကာ အဟကြားနေရာတစ်ခု ဖြစ်လာခြင်းဖြစ်လောက်သည်။

ပို၍အရေးကြီးသည်မှာ ဝမ်ချောင်သည်လည်း ထိုအမာရွတ်ကြောင့်လည်း အင်အားကြီးမားကာ လျို့ဝှက်ဆန်းကြယ်သော စိတ်စွမ်းအားစည်းတံဆိပ်က သူ၏တစ်ကိုယ်လုံးကို ကာထားနိုင်သည့်တိုင်အောင် ထိုဘယ်ဘက်ခြေထောက်မှ လွတ်နေသော နေရာကိုမူ မဖုံးအုပ်နိုင်ခဲ့ကြောင်း နားလည်လိုက်သည်။

All Chapters