← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃) - ဘုရင်၏ အုတ်ဂူ

~မြောင်ချင်းချင်း၏ စနောက်မှုကြောင့် လျိုချင်းယန်မှာ ချွေးစေးများ ပြန်သွားရသည်။

'စစ်မှန်သော နတ်ဘုရား ဘုံ' အဆင့် ပုဂ္ဂိုလ်တွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြ။

"ဆရာ... ဒီချိပ်တံဆိပ်ကို ဖွင့်နိုင်မလား" ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို အားကိုးတကြီး ကြည့်ရင်း မေးလိုက်၏။

ဖုန်းဝူချန် ခဏလောက် တိတ်ဆိတ်သွားပြီးမှ လေးနက်စွာ ပြောလိုက်၏။

"ဒီချိပ်တံဆိပ်က အပေါ်က ဟာထက် ပိုအစွမ်းထက်တယ်... ငါ ဖွင့်နိုင်မယ် မသေချာဘူး"

ရှေးဦး ကမ္ဘာဦး ခေတ်က ဘုရင်တွေကို သီးသန့် ချိတ်ပိတ်ဖို့ သုံးသော အခင်းအကျင်းမျိုးကို ဖုန်းဝူချန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ 'နတ်ဆိုးနဂါး' ၏ မှတ်ဉာဏ်ထဲမှာတောင် ဒီလောက် အစွမ်းထက်သော ချိပ်တံဆိပ်မျိုး မရှိခဲ့ပေ။

ထို့ကြောင့် ဖုန်းဝူချန် လုံးဝ ယုံကြည်မှု မရှိ။

သို့သော်၊... ရှေးဦး ကမ္ဘာဦး စွမ်းအားက ဒီချိပ်တံဆိပ်ကို လှုံ့ဆော်နိုင်သည် ဆိုတော့... ထိုစွမ်းအားကို သုံးပြီး ကြိုးစားဖွင့်ကြည့်လျှင် ရနိုင်ကောင်း ရနိုင်မည်။

ရွှေရောင် အခင်းအကျင်းက သိပ်မကြီးပါ။ ( ၁၂ ) ကိုက်လောက်သာ ရှိသည်။ သေးသော်လည်း ၎င်း၏ အစွမ်းကတော့ အပေါ်ကထက် အများကြီး ပိုသာနေသည်။

ဖုန်းဝူချန်သည် ရွှေရောင် အခင်းအကျင်းနားသို့ ခုန်တက်သွားပြီး... 'ဖျက်ဆီးခြင်း စွမ်းအား' ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်၏။ ရှေးဦး ကမ္ဘာဦး စွမ်းအားကို သုံးပြီး ချိပ်တံဆိပ်ကို ဖွင့်ဖို့ ကြိုးစားလိုက်၏။

"ဝူး..."

ဖျက်ဆီးခြင်း စွမ်းအားများ အခင်းအကျင်းထဲ စီးဝင်သွားပြီး... ဖုန်းဝူချန်က အသက်ရှင်ပေါက်အား လိုက်ရှာနေသည်။

သို့သော်...

"ဒုန်း..."

စွမ်းအား စီးဝင်သွားသည်နှင့် အခင်းအကျင်းက ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး... ကြောက်မက်ဖွယ် စွမ်းအားများ ပြန်ကန်ထွက်လာသည်။

"အခင်းအကျင်းက ငါ့စွမ်းအားကို ပြန်ခုခံနေတယ်"

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်၏။

ကြောက်မက်ဖွယ် ရှေးဟောင်း စွမ်းအားကြီး ပြန်ကန်ထွက်လာတာကို မြင်လိုက်ရတော့ ကျန်းကျွင့်လန်တို့ မျက်နှာပျက်သွားကြသည်။

"ဝုန်း..."

"ဝူး..."

မျက်စိတစ်မှိတ် အတွင်းမှာပင် အခင်းအကျင်းက ပေါက်ကွဲထွက်လာပြီး... ဖုန်းဝူချန် လွင့်စင်ထွက်သွား၏။

"အစ်ကိုကြီးဖုန်း" လင်ရှောင်ရှောင် စိုးရိမ်တကြီး အော်လိုက်၏။

"အစ်ကိုဖုန်း... အဆင်ပြေရဲ့လား" လျိုချင်းယန်လည်း မေးလိုက်၏။

ဖုန်းဝူချန် ခေါင်းခါလိုက်၏။

"ငါ ဘာမှ မဖြစ်ဘူး... ဒါပေမဲ့ အခင်းအကျင်းက ငါ့စွမ်းအားကို လက်မခံဘူး... အသက်ရှင်ပေါက်ကို ရှာလို့ မရဘူး"

"ဒါဆို ဘယ်လို လုပ်ကြမလဲ... တခြားနည်းလမ်း မရှိတော့ဘူးလား" လျိုချင်းယန် စိတ်ပျက်သွား၏။

ရှေးဦး ကမ္ဘာဦး ခေတ်က ဘုရင်တစ်ပါးရဲ့ ရတနာသိုက်ကြီးက မျက်စိရှေ့ ရောက်နေမှတော့... လက်လွတ်မခံချင်ကြ။

"အစ်ကိုကြီးဖုန်း... 'နတ်ဘုရား ပြစ်ဒဏ် စွမ်းအား' နဲ့မှ ပွင့်မှာ ဖြစ်မယ် နော်" ဟု လင်ရှောင်ရှောင်က သုံးသပ်လိုက်၏။

"ဟုတ်သားပဲ"

ဖုန်းဝူချန် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားက သော့ချက်ပဲ"

ဒီစွမ်းအားကို ဒီ နေရာလပ်ထဲမှာ ချိတ်ပိတ်ထားသည်၊... ထို့ပြင် ရှေးဦး ကမ္ဘာဦး စွမ်းအားက အခင်းအကျင်းကို လှုံ့ဆော်နိုင်သည် ဆိုကတည်းက... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားက သော့ချက် ဖြစ်ဖို့ များသည်။

ဖုန်းဝူချန်သည် 'ရွှေနဂါး တံဆိပ်တော်' ကို အသက်သွင်းလိုက်ပြီး... နတ်ဘုရား ပြစ်ဒဏ် စွမ်းအား အနည်းငယ်ကို ဆွဲထုတ်လိုက်၏။

'ဒီစွမ်းအားနဲ့မှ မရရင်တော့... ဘာမှ လုပ်လို့ မရတော့ဘူးပဲ…'

ဖုန်းဝူချန် တွက်ချက်လိုက်၏။

ဒါက နောက်ဆုံး မျှော်လင့်ချက်ပင်။

သူ ရှေ့သို့ တိုးသွားပြီး လက်ကို ဝှေ့ယမ်းကာ... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အခင်းအကျင်းထဲ ထည့်သွင်းလိုက်၏။

ကျန်းကျွင့်လန်တို့ အားလုံး အသက်အောင့်ပြီး စောင့်ကြည့်နေကြသည်။

"ဝူး..."

ချိပ်တံဆိပ် အခင်းအကျင်း ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွား၏။ ရွှေရောင် အလင်းတန်းများ စူးရှစွာ တောက်ပလာသည်။

"ရပြီဟေ့"

အခင်းအကျင်းဆီက ဘာခုခံမှုမှ မရှိတော့တာကို သိလိုက်ရတော့ ဖုန်းဝူချန် ဝမ်းသာသွား၏။

မကြာမီမှာပင်... တုန်ခါနေသော အခင်းအကျင်းကြီး ပွင့်ဟလာပြီး... ကြီးမားသော အပေါက်ကြီး တစ်ခု ပေါ်လာသည်။ ရှေးဟောင်း အရှိန်အဝါများ ပြင်းပြစွာ.. ထွက်ပေါ်လာလေ၏။

"အစ်ကိုဖုန်း... ပွင့်သွားပြီဗျို့" လျိုချင်းယန် ထခုန်လိုက်၏။

"တကယ်ကြီး ပွင့်သွားတာပဲ" ယဲ့ထျန်းချင်းတို့လည်း ပျော်ရွှင်နေကြသည်။

ထိုအခိုက်အတန့်တွင်...

ချိပ်တံဆိပ် အခင်းအကျင်း ပွင့်သွားသည်နှင့် တပြိုင်နက်... ဖြူဖွေးသော နေရာလပ်ကြီး ရုတ်တရက် ပြောင်းလဲသွားတော့၏။

ဖုန်းဝူချန်တို့၏ မျက်စိရှေ့မှာပင်... ဖြူဖွေးသော နေရာလပ်ကြီးသည် ကြီးမားခမ်းနားသော အုတ်ဂူကြီး တစ်ခုအဖြစ် အသွင်

ပြောင်းသွားလေသည်။ နေရာလပ် တစ်ခုလုံး တစပြင် တစ်ခု ဖြစ်သွားသကဲ့သို့ပင်။

"ဘာ... ဘာဖြစ်သွားတာလဲ..."

"ဒါ ဘယ်နေရာလဲ..."

"နေရာလပ်ကြီးက ဘယ်လိုလုပ် အုတ်ဂူကြီး ဖြစ်သွားတာလဲ..."

ကျန်းကျွင့်လန်တို့ အားလုံး ကြောင်အသွားကြသည်။

"ဒါ... ရှေးဦး ကမ္ဘာဦး ခေတ်က ဘုရင်တစ်ပါးရဲ့ အုတ်ဂူပဲ"

ဖုန်းဝူချန်က သေချာပေါက် ပြောလိုက်၏။

"ရှေးဦး ကမ္ဘာဦး ချိပ်တံဆိပ် အခင်းအကျင်းက တကယ့်ကို အံ့မခန်းပဲ... ဒီလောက်ကြီးမားတဲ့ အုတ်ဂူကြီး တစ်ခုလုံးကို နောက်ထပ် ချိပ်တံဆိပ် တစ်ခုထဲမှာ ဝှက်ထားနိုင်တယ် ဆိုတော့... ဒီလို နှစ်ထပ်ကွမ်း ချိပ်တံဆိပ်မျိုးကို ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ရှာတွေ့ရင်တောင် နတ်ဘုရား ပြစ်ဒဏ် စွမ်းအား မရှိရင် ဖွင့်လို့ ရမှာ မဟုတ်ဘူး"

ဖုန်းဝူချန်ကတော့ 'ကမ္ဘာပျက် စွမ်းအား' နှင့် ဆက်စပ်မှု ရှိနေ၍သာ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုမျှမက၊ 'ရွှေနဂါး တံဆိပ်တော်' ၏ အကူအညီလည်း ပါသေးသည်။

"ဘုရင်ရဲ့ အုတ်ဂူ..."

အားလုံး အံ့ဩတုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြသည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး အလယ်တည့်တည့်ရှိ ရှေးဟောင်း အုတ်ဂူကြီးကို ညွှန်ပြလိုက်၏။

"ငါတို့ ပတ်လည်က ရွှေရောင် သေတ္တာတွေထဲမှာ... ရွှေ၊ ငွေ၊ ရတနာတွေ အပြည့်ပဲ"

ရွှေ၊ ငွေ၊ ရတနာတွေ ဆိုတာက သာမန်လူတွေအတွက်တော့ တန်ဖိုးရှိသော်ငြား... သူတို့လို ကျင့်ကြံသူတွေအတွက်တော့ သိပ်အရေးမပါလှပါ။

သို့တိုင်၊... ရွှေငွေတွေအပြင် တခြား အဖိုးတန် ပစ္စည်းတွေလည်း အများကြီး ရှိနေသည်။ ကောင်းကင်နှင့် မြေကြီး ရတနာများ ၊ မှော်လက်နက် ပစ္စည်းများ၊ ဆေးလုံးများ၊ ကျမ်းစာလိပ်များ၊ ရှေးဦး ကမ္ဘာဦး ဝိဉာဉ် ကျောက်တုံးများ... စုံလင်လှ၏ မျက်စိကျိန်းလောက်အောင် များပြားလှ၏။

ဖုန်းဝူချန်တို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ရှေးဦး ကမ္ဘာဦး ခေတ်က ဘုရင်တစ်ပါးရဲ့ စည်းစိမ်က တကယ့်ကို အံ့မခန်းပါလား။

"အိုး..ဘုရင်တစ်ပါးရဲ့ အဆောင်အယောင်က တကယ်ကို မတူပါလား... ရတနာတွေကလည်း များလိုက်တာ"

လျိုချင်းယန် အံ့ဩလွန်း၍ ရေရွတ်လိုက်မိ၏။

"ဒီလောက် များပြားတဲ့ စည်းစိမ်တွေနဲ့ ဆိုရင်... အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်းလောက်တောင် တည်ထောင်လို့ ရလောက်တယ်ကွ"

ကျန်းကျွင့်လန်လည်း မှင်သက်နေသည်။ သူက ကျန်းမိသားစု၏ သခင်လေး ဖြစ်သော်လည်း၊ ဒီလောက် များတာမျိုး တခါမှ မမြင်ဖူးပါ။

"ဒါက များလွန်းမနေဘူးလား"

ရေနတ်သူငယ်မလေး လန်ယွဲ့လည်း မယုံနိုင် ဖြစ်နေသည်။

"ဒီခရီးစဉ်က တကယ် တန်တာပဲ... ဒီရတနာတွေ အကုန်လုံး ငါတို့ပိုင်ပြီ... ဒါတွေသာ ရရင် နဂါးနတ်ဘုရား နန်းတော်ရဲ့ အင်အားက မိုးထိအောင် မြင့်တက်သွားတော့မှာပဲ"

ဖုန်းဝူချန် ဝမ်းသာအားရ ပြောလိုက်၏။ သူ့မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဝေဆာနေပြီ။

"နန်းတော်သခင်... ဒီမှာ မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်"

"အဆင့် ၉ ဆေးလုံးတွေ... ဟာ... အဆင့် ၈ ဆေးလုံးတွေလည်း ရှိတယ်"

"အစ်ကိုဖုန်း... အရည်အသွေးမြင့် ဝိညာဉ်လက်နက်တွေ.. သိုလှောင်လက်စွပ်တွေရောပဲ... ဒီမှာတော့..မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်စဉ်တွေ"

ပေတိုယန်တို့ တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသည်။ ပျော်လွန်းလို့ ကခုန်ချင်စိတ်ပင် ပေါက်နေကြတော့၏။

ဒီအုတ်ဂူကြီးက သဘာဝ ရတနာသိုက်ကြီး တစ်ခုလိုပါပင်။

"ဒါက အင်မော်တယ် လက်နက် )... ဒါက အင်မော်တယ် ကျင့်စဉ်..."

ဖုန်းဝူချန်က ပိုပြီး တန်ဖိုးကြီးသော ပစ္စည်းတွေကို ညွှန်ပြလိုက်၏။

"ဘုရားရေ. အင်မော်တယ် လက်နက်တွေ... အင်မော်တယ် ကျင့်စဉ်တွေ. ၊ ရှိနေတာလား"

လျိုချင်းယန်တို့ မျက်လုံးတွေ အပြင်ထွက်ကျတော့မတတ် ပြူးကျယ်ကုန်ကြသည်။

အင်မော်တယ် လက်နက် တစ်ခုတည်းနှင့် တင်... တိုက်ကြီး တစ်ခုလုံးက ကျွမ်းကျင်သူတွေ အလုအယက် ဖြစ်ကုန်ကြမည်ပင်။

အင်မော်တယ် ကျင့်စဉ် တစ်ခုတည်းနှင့်တင်... အင်အားကြီး ဂိုဏ်းတွေ စစ်ခင်းကြလိမ့်မည်။

ဤရတနာတွေကို နဂါးနတ်ဘုရား နန်းတော်က ညီအစ်ကိုတွေဆီ ပေးလိုက်လျှင်... သူတို့၏ အင်အား ဘယ်လောက် တိုးတက်သွားမလဲ ဆိုတာ တွေးကြည့်ရုံဖြင့် ကြက်သီးထစရာပင်။

"ချင်းယန်... ကျွင့်လန်လေး... ခေါင်းတလားကို ဖွင့်လိုက်... ဒါက ရှေးဦး ကမ္ဘာဦး ဘုရင်ရဲ့ ခေါင်းတလားက အတန်ဖိုးအရှိဆုံး နေရာပဲ"

ဖုန်းဝူချန်က ပြုံးပြီး တိုက်တွန်းလိုက်၏။

"စိတ်ချ... အစ်ကိုဖုန်း"

သူတို့နှစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းတလားဆီ ပြေးသွားပြီး အတူတူ ဖွင့်လိုက်ကြသည်။

ခေါင်းတလား ပွင့်သွားသည်နှင့် တပြိုင်နက်...

အလွန်တရာ ကြီးမြတ်သော အရှိန်အဝါတစ်ခု ရုတ်တရက် ဖြစ်တည်လာသည်။ ထိုအရှိန်အဝါသည် ကြမ်းတမ်းသော 'ချီ' စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး... လျိုချင်းယန်နှင့် ကျန်းကျွင့်လန် တို့ကို ဘုန်းခနဲ လွင့်စင်ထွက်သွားစေသည်။

အားလုံး လန့်ဖျတ်ကုန်ကြသည်။

ခေါင်းတလားထဲမှ မျက်စိကျိန်းမတတ် တောက်ပသော နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာပြီး... အုတ်ဂူကြီး တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့၏။

အခန်း (၅၅၄) - ဘုရင့် ဝိညာဉ်အဆီအနှစ် သွေး

~"ဒါ... စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါလား"

"အရမ်း ကြောက်စရာ ကောင်းတာပဲ... ဘုရင်က သက်ရှိထင်ရှား ရှိနေသေးတာများလား"

"စစ်မှန်သော နတ်ဘုရား ဘုံ ဒါ စစ်မှန်သော နတ်ဘုရား ဘုံ အဆင့်ပဲ"

မြင့်မားသော အရှိန်အဝါကြီး လွှမ်းမိုးသွားသည့်အခါ... လျိုချင်းယန်တို့အားလုံး ငရဲ ၁၈ ထပ်သို့ ရုတ်တရက် ထိုးဆင်းသွားသလို ခံစားလိုက်ရသည်။ အလင်းရောင် တစ်စက်မျှ မမြင်ရတော့သော မှောင်မိုက်သည့် နေရာလပ်ထဲတွင် ပိတ်မိနေသကဲ့သို့... မျှော်လင့်ချက်မဲ့သည့် ခံစားချက်ကြီးက လွှမ်းမိုးသွား၏။

"ဒီအရှိန်အဝါက... စစ်မှန်သော နတ်ဘုရား ဘုံ အဆင့်ရဲ့ တံခါးဝကို ရောက်နေပြီ... ဒါပေမဲ့ စစ်မှန်သော နတ်ဘုရား ဘုံတော့ မဟုတ်သေးဘူး... တစ်ဝက်လောက်ပဲ ရှိသေးတယ်... ကြည့်ရတာ ဒီဘုရင်က အဆင့်တက်ဖို့ နည်းလမ်းရှာမတွေ့ဘဲ သက်တမ်းကုန်သွားတာ ဖြစ်မယ်"

ဖုန်းဝူချန် စိတ်ထဲတွင် သုံးသပ်လိုက်မိ၏။

'ဒီအရှိန်အဝါက... ဖေဖေ့ထက်တောင် ပိုကြောက်စရာ ကောင်းနေသေးတယ်... ဒါ စစ်မှန်သော နတ်ဘုရား ဘုံ အဆင့်ပဲ ဖြစ်ရမယ်'

လင်ရှောင်ရှောင်၏ ရင်ထဲတွင်လည်း အလွန်အမင်း တုန်လှုပ်နေမိ၏။

ရှိသမျှ လူတွေထဲမှာ ဖုန်းဝူချန်က လွဲလျှင်... ဒီအရှိန်အဝါ၏ အဆင့်အတန်းအမှန်ကို အတတ်အပ် ပြောနိုင်တာ လင်ရှောင်ရှောင် တစ်ယောက်ပဲ ရှိသည်။

'ဒီ အုတ်ဂူထဲမှာများ... စစ်မှန်သော နတ်ဘုရား ဘုံကို တက်လှမ်းနိုင်မယ့် နည်းလမ်း ရှိနေမလား'

လင်ရှောင်ရှောင် တွေးရင်း..

စိတ်လှုပ်ရှားလာမိ၏။

"မကြောက်ကြနဲ့... ဘုရင်က သေသွားပါပြီ"

ဖုန်းဝူချန်က အမြန် ပြောလိုက်၏။

မျက်စိကျိန်းမတတ် အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားသောအခါ... ဖုန်းဝူချန်တို့ အားလုံး ခေါင်းတလားထဲကို လှမ်းကြည့်လိုက်ကြသည်။

ခေါင်းတလားထဲတွင်... လက်သီးဆုပ်လောက် အရွယ်အစားရှိပြီး မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသော သွေးစက်လေး တစ်ခု လွင့်မျောနေသည်။

"ဘုရင့် ဝိညာဉ်အဆီအနှစ် သွေး"

ဖုန်းဝူချန် မထိန်းနိုင်ဘဲ တအံ့တဩ အော်သံ ထွက်သွား၏။

"ဘုရင့် ဝိညာဉ်အဆီအနှစ် သွေးလား..." ကျန်းကျွင့်လန်တို့ အံ့ဩမှင်သက်သွားကြသည်။

ဝိညာဉ်အဆီအနှစ် သွေး ဆိုတာ ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားအနှစ်သာရ မဟုတ်ပါလော။

ဘုရင့် ဝိညာဉ်အဆီအနှစ် သွေး ဆိုတာ... ဘုရင်တစ်ပါးရဲ့ စွမ်းအားအနှစ်သာရ ပေါင်းစုံ စုဝေးနေသည့် အရာပင် ဖြစ်၏။

ဒါ... စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် ပုဂ္ဂိုလ်ရဲ့ ဝိညာဉ်အဆီအနှစ် သွေးပဲ

"တကယ်ကြီး... ဘုရင့် ဝိညာဉ်အဆီအနှစ် သွေးပါလား... အစ်ကိုဖုန်း...ကျွန်တော်တို့ ဒီတခါတော့ ရတနာကြီး တွေ့ပြီဗျို့"

လျိုချင်းယန် မျက်လုံးပြူးနေရာမှ ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။

"ဟုတ်တယ်... ဒါ အစစ်အမှန် ရတနာပဲ" ဖုန်းဝူချန်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် ပုဂ္ဂိုလ်ရဲ့ ဝိညာဉ်အဆီအနှစ် သွေး... ငါတို့ တကယ်ကြီး တွေ့ပြီ" ယဲ့ထျန်းချင်း လည်း အော်ဟစ်လိုက်၏။

"ဟားဟား... ကောင်းကင်ဘုံက ငါတို့ကို ကူညီနေတာပဲ... ဒီသွေးစက်သာ ရရင် ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ မိုးထိအောင် တက်တော့မှာပဲ"

ဖုန်းဝူချန် ဟားတိုက် ရယ်မောလိုက်၏။ ရင်ထဲက ပျော်ရွှင်မှုကို ဘယ်လိုမှ ထိန်းချုပ်မရတော့ပေ။

တကယ်တမ်းတော့... ဒီသွေးစက်က စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် အစစ်အမှန် မဟုတ်ဘဲ... တစ်ဝက်လောက်ပဲ ရှိသေးသည် ဆိုတာ ဖုန်းဝူချန် တစ်ယောက်ပဲ သိသည်။

ဒီဘုရင်ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါက... နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်မှာ ရှိနေ၏။ သာမန် နဝမအလွှာထက်တော့ အများကြီး ပိုစွမ်းအားကြီးသည်။

"အစ်ကိုဖုန်း... ဒီခေါင်းတလားထဲက အဘိုးကြီးက ဘုရင်လားဟင်"

ခေါင်းတလားထဲတွင် သွေးစက်အပြင်... ကြင်နာတတ်သော မျက်နှာထားနှင့် အဘိုးအို တစ်ဦးလည်း လဲလျောင်းနေသည်။

အလောင်းက လုံးဝ မပျက်စီးသေး။ ဆံပင်နှင့် မုတ်ဆိတ်များက ဖြူဖွေးနေပြီး... ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဘုရင်တစ်ပါး၏ ကျက်သရေ ရှိနေဆဲ။ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်မနေဘဲ အိပ်ပျော်နေသကဲ့သို့ပင် ရှိနေသည်။

"အင်း... ဟုတ်လောက်တယ်"

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး အဘိုးအိုကို တစ်ချက် ကြည့်လိုက်၏။

"ချင်းယန်... မင်းတို့က ရတနာတွေကို သိမ်းပါ... ငါက ဘုရင့် ဝိညာဉ်အဆီအနှစ် သွေးကို ယူလိုက်မယ်"

ဖုန်းဝူချန် အလျင်စလို ပြောလိုက်၏။

"စိတ်ချပါဗျ"

လျိုချင်းယန်တို့ အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။ အုတ်ဂူထဲက ရတနာ တစ်ခုမကျန် အကုန် သိမ်းရမည်လေ။

ဒီခရီးစဉ်က တကယ့်ကို အမြတ်ကြီး ထွက်သည်ပဲ။

လျိုချင်းယန်တို့က ရတနာတွေ လိုက်သိမ်းနေချိန်မှာ ဖုန်းဝူချန်က ဝိညာဉ်အဆီအနှစ် သွေးကို စုပ်ယူဖို့ ပြင်နေသည်။ လင်ရှောင်ရှောင်ကတော့ တခြားအရာတွေကို လိုက်ရှာနေသည်။

သို့တိုင်၊ လင်ရှောင်ရှောင် စိတ်ပျက်သွားရသည်။ ခေါင်းတလားထဲမှာတောင်မှ 'စစ်မှန်သော နတ်ဘုရား ဘုံ' ကို ဘယ်လို တက်လှမ်းရမလဲ ဟူသော သဲလွန်စ တစ်ခုမှ ရှာမတွေ့ပါ။

လင်ရှောင်ရှောင် မသိတာက... ဒီဘုရင် ကိုယ်တိုင်လည်း နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာမှာပဲ ရပ်တန့်သွားခဲ့ပြီး ရှေ့ဆက်တက်ဖို့ လမ်းစ ရှာမတွေ့ခဲ့ဘူး ဆိုသည်ကိုပင်။

ဖုန်းဝူချန်သည် 'ဖျက်ဆီးခြင်း စွမ်းအား' ဖြင့် သွေးစက်ကို လွှမ်းခြုံလိုက်ပြီး... 'ရွှေနဂါး တံဆိပ်တော်' ထဲသို့ တစ်စက်ချင်း ဆွဲယူ ဝါးမြိုလိုက်လေသည်။

နောက်ဆုံး သွေးစက်ကလေး ဝင်သွားသည်နှင့် တပြိုင်နက်...

ခေါင်းတလားထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော အဘိုးအို၏ ခန္ဓာကိုယ် ရုတ်တရက် ပြောင်းလဲသွား၏။

အလောင်းလူကြီးသည် ရုတ်တရက် အလင်းမှုန်လေးတွေ အဖြစ် ပြိုကွဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားလေတော့၏။

"ဘုရင်ရဲ့ အလောင်း ပျောက်သွားပြီ" လျိုချင်းယန်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အလင်းမှုန်လေးတွေ ပျောက်ကွယ်သွားသည်နှင့်... အဘိုးအို၏ ဝိညာဉ် ပုံရိပ်ယောင် တစ်ခု လေထဲတွင် ဘွားခနဲ ပေါ်လာသည်။

"ဝိညာဉ်ခန္ဓာကိုယ်" ပေတိုယန် အော်လိုက်၏။

"ဒါက 'အစစ်အမှန် ယွမ်' စွမ်းအား တစ်မျှင်ပဲ"

ဖုန်းဝူချန်က ပုံရိပ်ယောင် အဘိုးအိုကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"ငါ့ရဲ့ ချိပ်တံဆိပ်ထဲ ဝင်လာနိုင်တယ် ဆိုတော့... မင်းတို့နဲ့ ရေစက် ပါတာပဲ... ငါ့ရဲ့ စွမ်းအားတွေကို အကျိုးရှိရှိ သုံးနိုင်ကြပါစေ"

ပုံရိပ်ယောင် အဘိုးအိုက နှုတ်ခမ်းကို အသာဟ လိုက်ပြီး ပြောသည်။ အသံက ဘုရင်တစ်ပါးရဲ့ အာဏာသံ ပါနေသည်။

ဖုန်းဝူချန်က လက်သီးဆုပ် အရိုအသေ ပေးလိုက်ပြီး...

"စီနီယာ စိတ်ချပါ... ကျွန်တော်တို့ သေချာပေါက် အကျိုးရှိရှိ သုံးပါ့မယ်ခင်ဗျ"

"ကမ္ဘာပျက် စွမ်းအားကိုတောင် အသုံးပြုနိုင်တယ် ဆိုတော့... မင်း နာမည် ဘယ်လို ခေါ်လဲ"

အဘိုးအိုက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ ဖုန်းဝူချန် ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ... နတ်ဘုရား အသွင်ပြောင်းဘုံ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ မျက်လုံးကိုတော့ လှည့်စား၍ မရပါလေ။

"ကျွန်တော့် နာမည် ဖုန်းဝူချန်ပါ"

"စီနီယာ... စစ်မှန်သော နတ်ဘုရား ဘုံကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာများ သိပါသလား..."

ဖုန်းဝူချန် ဖြေပြီးသည်နှင့် လင်ရှောင်ရှောင်က အလောတကြီး ဝင်မေးလိုက်ခြင်းပါ။

သို့သော်၊ စကားမဆုံးခင်မှာပဲ... အဘိုးအိုက ခေါင်းတစ်ချက် ညိတ်ပြပြီး ပျောက်ကွယ်သွားလေတော့၏။

"စီနီယာ…စီနီယာ"

လင်ရှောင်ရှောင် စိတ်ပျက်လက်ပျက် အော်ဟေါ်နေသော်လည်း ဘာမှ ပြန်ထူးမလာတော့။

လင်ရှောင်ရှောင်ရဲ့ မေးခွန်းကြောင့် ကျန်းကျွင့်လန်တို့ ကြောက်လန့်သွားကြသည်။ သူတို့က လင်ရှောင်ရှောင်ကို ကြောက်ရွံ့သော မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။

လင်ရှောင်ရှောင် ဒီမေးခွန်း မေးသည် ဆိုကတည်းက... သူ့နောက်ကွယ်က အင်အားစုထဲမှာ 'စစ်မှန်သော နတ်ဘုရား ဘုံ' ကို တက်လှမ်းခါနီး ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိနေပြီဟု ဆိုလိုတာ မဟုတ်ဘူးလား။

"ရှောင်ရှောင်... စီနီယာက စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် မဟုတ်ဘူး... နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ... သူလည်း သိချင်မှ သိမှာပါ.."

ဖုန်းဝူချန်က လင်ရှောင်ရှောင် ပခုံးကို ပုတ်ရင်း နှစ်သိမ့်ပေးလိုက်၏။

"နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် တဲ့လား" လင်ရှောင်ရှောင်တို့ အံ့ဩသွားကြသည်။

"ဟုတ်တယ်... သူလည်း အဆင့်တက်ဖို့ လမ်းစ ရှာမတွေ့ဘဲ သက်တမ်းကုန်ပြီး သေဆုံးသွားတာပဲ" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။

ကျန်းကျွင့်လန် တံတွေး နင်သွား၏။

"အီး..ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီး ရှိနေတာတောင်... စစ်မှန်သော နတ်ဘုရား ဘုံ မဟုတ်သေးဘူး ဟုတ်လား"

"ဒါဆို... စစ်မှန်သော နတ်ဘုရား ဘုံ ဆိုတာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ..."

လျိုချင်းယန်တို့ ထပ်ပြီး မှင်သက်သွားကြပြန်သည်။ သူတို့ အဆင့်နှင့်တော့ ထို အတိုင်းအတာကို အလှမ်း မမီနိုင်သေးပါ။

"သွားကြစို့... အဆင့်တက်ဖို့ နည်းလမ်းကို နောက်မှ ဖြည်းဖြည်း ရှာကြတာပေါ့"

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။

နတ်ဘုရား ပြစ်ဒဏ် စွမ်းအားရော၊ အုတ်ဂူထဲက ရတနာတွေရော အကုန် ရပြီ ဆိုတော့...သည်နေရာမှာ ဆက်နေစရာ အကြောင်း မရှိတော့ပါ။

...

နတ်ဘုရား ဘုရင် နန်းတော် ခန်းမဆောင်ကြီး အတွင်း...

လိန်ဟွန်း တစ်ယောက် နွားသိုးကြိုးပြတ် ဒေါသတကြီး သောင်းကျန်းနေသည်။ ခန်းမကြီး တစ်ခုလုံး ကြောက်မက်ဖွယ် ဒေါသအရှိန်အဝါများ လွှမ်းမိုးနေ၏။

"ဒီတိုက်ကြီးပေါ်မှာ... အိုးယွမ် ဆိုတဲ့ အဆင့် ၈ အင်းကွက်ပညာရှင် ရှိတယ်လို့ ကျုပ် တခါမှ မကြားဖူးဘူး... အဆင့် ၈ အင်းကွက်ပညာရှင် ဆိုတာ လက်ချိုးရေလို့ ရတဲ့ အနေအထားပါ"

ဟု ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအို တစ်ဦးက လေးနက်စွာ ပြောလိုက်၏။ သူ့မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပနေ၏။

"အခုချက်ချင်း လူလွှတ်ပြီး စုံစမ်းခိုင်း... အဲဒီ ကောင်မလေးရဲ့ နောက်ခံက ဘာလဲ ဆိုတာ သိအောင် လုပ်... ပြီးတော့ ငါ့ဆီက နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို လုသွားတဲ့ ကောင်စုတ်လေးကိုလည်း ရှာ... သူ့အရိုးတွေကို အမှုန့်ကြိတ်ပစ်မှ ကျေနပ်မယ်"

လိန်ဟွန်းက ဟိန်းဟောက်လိုက်၏။ သူ့အသံထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။

"နန်းတော်သခင်လေး... စိတ်လျှော့ပါ... အဲဒီ ကောင်မလေးနဲ့ အိုးယွမ်ရဲ့ နောက်ခံက သာမန် မဟုတ်ဘူး... ဒီကိစ္စကို နတ်ဘုရား အရှင်ဆီ တင်ပြပြီးမှ ဆက်လုပ်တာ ကောင်းမယ်"

ဒဏ်ရာရထားသော ဒုတိယ အကြီးအကဲက ဖြည်းညှင်းစွာ ပြောလိုက်၏။

"နတ်ဘုရား ဘုရင် နန်းတော် ဆိုတာ ဒီတိုက်ကြီးမှာ အင်အားအကြီးဆုံးပဲ... သူတို့ကို ကြောက်နေရမှာလား" လိန်ဟွန်းက ပြန်အော်သည်။

ပထမ အကြီးအကဲက ခေါင်းခါလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

"မသေချာဘူး”

အခန်း (၅၅၅) - လျှို့ဝှက်ဆန်းကြယ်သော အင်အားစု ပေါ်ထွက်လာခြင်း

~"မသေချာဘူး"

နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ပထမ အကြီးအကဲ ၏ စကားတစ်ခွန်းကြောင့် ဒေါသထွက်နေသော လိန်ဟွန်းတစ်ယောက် ကြောင်အသွား၏။ သူ့မျက်နှာထားက ခက်ထန်သွား၏။

"မသေချာဘူး တဲ့လား"

လိန်ဟွန်း မျက်မှောင်ကြုတ်လိုက်ပြီး ပထမ အကြီးအကဲကို စူးစိုက်ကြည့်လိုက်၏။

"အကြီးအကဲ... ခင်ဗျား ကျွန်တော့်ကို ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတယ် မဟုတ်လား"

'မသေချာဘူး' ဟူသော စကားလုံးရဲ့ နောက်ကွယ်မှာ... နတ်ဘုရား ဘုရင် နန်းတော်ထက် ပိုအစွမ်းထက်တဲ့ အင်အားစုတစ်ခု ဒီတိုက်ကြီးပေါ်မှာ ရှိနေနိုင်သည် ဟူသော အဓိပ္ပာယ် သက်ရောက်နေသည်။

အဘိုးအိုက လိန်ဟွန်း၏ စူးစမ်းလိုစိတ် ပြင်းပြနေသော မျက်လုံးများကို ကြည့်လိုက်ပြီး ခဏလောက် တိတ်ဆိတ်နေလိုက်၏။ ...

"တကယ်တော့... အများကြီး ရှိပါတယ်... မင်း မသိသင့်တဲ့ အရာတွေ... ဒါပေမဲ့ မင်း မေးလာမှတော့ ပြောပြရမှာပေါ့... မင်း သိသင့်တဲ့ အချိန်ရောက်ပြီ"

"ပြောပါ အကြီးအကဲ" လိန်ဟွန်း၏ မျက်နှာ တည်ကြည်လေးနက်သွား၏။ ဒေါသတွေ ပြေလျော့သွား၏။

ပထမ အကြီးအကဲက လေးနက်စွာ ပြောလိုက်၏။

"ဒီတိုက်ကြီးပေါ်မှာ... လူတွေ သိထားတာက အပေါ်ယံပဲ ရှိသေးတယ်"

"အပေါ်ယံ... အဲဒါ ဘာသဘောလဲ" လိန်ဟွန်း နားမလည်။

"တိုက်ကြီးရဲ့ မျက်နှာပြင် အပေါ်ယံမှာတော့... ငါတို့ နတ်ဘုရား ဘုရင် နန်းတော်က အင်အားအကြီးဆုံး ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ လူတွေ မသိတာက... နတ်ဘုရား ဘုရင် နန်းတော်ထက် ပိုအစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေသေးတယ် ဆိုတာပါပဲ... သူတို့က သိပ်ပြီး လှုပ်ရှားလေ့ မရှိကြဘူး... ပေါ်လာရင်လည်း အရမ်း လျှို့ဝှက်ဆန်းကြယ်ကြတယ်"

"လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေ... နတ်ဘုရား ဘုရင် နန်းတော်ထက် ပိုအစွမ်းထက်တယ် ဟုတ်လား"

လိန်ဟွန်း မျက်နှာတွင် အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွား၏။

ဒီစကားကြားတော့ လိန်ဟွန်းက ဒုတိယ အကြီးအကဲကို လှမ်းကြည့်လိုက်မိ၏။

ယခုမှ သူ သဘောပေါက်သွား၏။ ဘာလို့ ဒုတိယ အကြီးအကဲက တိုက်ဖို့ ဝန်လေးပြီး ဆုတ်ခွာဖို့ ရွေးချယ်ခဲ့သလဲ ဆိုသည့် အချက်ကိုပင်။

လိန်ဟွန်း ကြည့်နေတာကို သတိထားမိတော့ ဒုတိယ အကြီးအကဲက လေးနက်စွာ ဝင်ပြောသည်။

"တကယ်လို့ နတ်ဘုရား ဘုရင် နန်းတော်သာ အင်အားအကြီးဆုံး ဖြစ်နေခဲ့ရင်... နန်းတော်သခင်ကြီးက ဘာလို့များ သူ့ကျင့်ကြံခြင်း အဆင့် တက်ဖို့ ဒီလောက် စိတ်အားထက်သန်နေရမှာလဲ... ဘာလို့ ကျုပ်တို့ နန်းတော်က အစွမ်းထက် ပုဂ္ဂိုလ်တွေကို မွေးထုတ်ဖို့ ဒီလောက် ကြိုးစားနေရမှာလဲ"

"ဒါဆို..အိုးယွမ်နဲ့ ဟိုကောင်မလေးက... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေထဲကများ ဖြစ်နေမလား" လိန်ဟွန်း တွေးဆလိုက်မိ၏။

ဒုတိယ အကြီးအကဲက ခေါင်းညိတ်လိုက်၏။

"ဖြစ်နိုင်ချေ အရမ်းများတယ်"

'ဖြစ်နိုင်ချေ များတယ်' ဟူသော စကားက... လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစု တစ်ခုမက ရှိနေသည် ဆိုတာကိုပါ ညွှန်ပြနေသည်။

ပထမ အကြီးအကဲက ဆက်ပြောသည်။

"နန်းတော်သခင်လေး... လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက နန်းတော်သခင်ကြီး ရခဲ့တဲ့ ဒဏ်ရာက... ကျင့်ကြံခြင်း လမ်းကြောင်းလွဲလို့ ရတာ မဟုတ်ဘူး... လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူ တစ်ယောက်နဲ့ တိုက်ခိုက်ရင်း ရခဲ့တာ... အဲဒီတုန်းက ဗလာ စွမ်းအားကို လုရင်း တိုက်ပွဲဖြစ်ကြတာ... နန်းတော်သခင်ကြီး ရှုံးနိမ့်ခဲ့တယ်... ၁၃ နှစ် ကြာသွားတာတောင် ဒဏ်ရာက အရှင်းမပျောက်သေးဘူး"

"ဗျာ... လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူက အဖေ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် ဟုတ်လား"

လိန်ဟွန်း အလွန်အမင်း တုန်လှုပ်သွား၏။ သူ့အဖေကို ဒဏ်ရာရအောင် လုပ်နိုင်လူ ဒီလောကမှာ ရှိနေသေးသည် ဆိုတာ သူ မယုံနိုင်ပါ။

"မှန်တယ်... အဲဒီ တိုက်ပွဲကြောင့်ပဲ နန်းတော်သခင်ကြီးရဲ့ ကျင့်ကြံခြင်းက ဒီနှစ်တွေအတွင်း မတိုးတက်တော့တာ... ကံကောင်းလို့ ကျုပ်ရဲ့ ဆေးလုံးတွေ အကူအညီနဲ့ ဒဏ်ရာ ၉၀ ရာခိုင်နှုန်းလောက် သက်သာသွားခဲ့တာ"

"ဒါဆို အဖေရော အကြီးအကဲတွေရောက... ဒီတိုက်ကြီးပေါ်မှာ ပိုအစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေမှန်း အစကတည်းက သိနေခဲ့ကြတာပေါ့.. ဒါကြောင့်လည်း အဖေက ကျွန်တော့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ လိုက်ရှာခိုင်းနေခဲ့တာကိုး"

လိန်ဟွန်း မျက်မှောင်ကြုတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ခဏလောက် တိတ်ဆိတ်သွားပြီးမှ လိန်ဟွန်းက မေးလိုက်ပြန်သည်။

"အကြီးအကဲ သိထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေက ဘာတွေလဲ"

"နတ်သူငယ် မျိုးနွယ်စု၊ ယင် နှင့် ယန် မိသားစု၊ ဘီလူးမျိုးနွယ်စု.. ဒီ သုံးခုကိုပဲ သိသေးတယ်... တခြားဟာတွေ ရှိမရှိတော့ မသိရသေးဘူး... ဒီ အင်အားစု သုံးခုက အရမ်းကို အစွမ်းထက်တယ်... အထူးသဖြင့် ယင် နှင့် ယန် မိသားစုတွေက အကြမ်းဆုံးပဲ... သူတို့ တည်ရှိနေတာကို လောကကြီးက မသိကြဘူး"

ပထမ အကြီးအကဲက လေးနက်စွာ ပြောလိုက်ရင်း သူ့မျက်လုံးအိုတွေထဲမှာ သတိထားမှု အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။

"ဒီလောက်တောင် များတာလား"

လိန်ဟွန်း မျက်နှာ ဖြူရော်သွား၏။ ‘တစ်ခုတည်း ရှိမယ် ထင်ထားတာ... အခု သိထားတာတင် သုံးခု ရှိနေပြီ။ မသိရသေးတာတွေက ဘယ်လောက်တောင် ရှိနေဦးမလဲ။’

ပထမ အကြီးအကဲက ခေါင်းညိတ်လိုက်၏။

"မသိရသေးတဲ့ အင်အားစုတွေက... ယင် နှင့် ယန် မိသားစုတွေထက်တောင် ပိုအစွမ်းထက်နိုင်သေးတယ်... ငါတို့ နတ်ဘုရား ဘုရင် နန်းတော် ယှဉ်နိုင်တဲ့ အတိုင်းအတာထက် အများကြီး ကျော်လွန်နေတယ်"

ပထမ အကြီးအကဲ၏ စကားတွေက လိန်ဟွန်းရဲ့ တိုက်ကြီးအပေါ် နားလည်ထားမှုတွေကို လုံးဝ ပြောင်းလဲပစ်လိုက်လေ၏။

"နန်းတော်သခင်လေး... မင်းက နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အနာဂတ်ပဲ... နန်းတော်သခင်ကြီးက မင်းအပေါ် မျှော်လင့်ချက်တွေ အကုန် ပုံအပ်ထားတာ... သူ့ကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့"

"ဟုတ်ကဲ့၊ ကျွန်တော် အဖေနဲ့ အကြီးအကဲတွေကို စိတ်ပျက်အောင် မလုပ်ပါဘူး... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို မရ ရအောင် ပြန်ယူပြမယ်"

လိန်ဟွန်း အံကို ကြိတ်လိုက်၏။ သူ့မျက်လုံးများထဲတွင် အေးစက်သော စိတ်ပိုင်းဖြတ်မှုများ.. တောက်ပနေသည်။

"လူလွှတ်ပြီး တိတ်တဆိတ် စုံစမ်းခိုင်းပါ... ရန်သူကို သတိမပေးမိပါစေနဲ့"

ဟု ပထမ အကြီးအကဲက မှာကြား

လိုက်လေ၏။

...

"အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာ တည်နေရာ အတိအကျကို ရှာမတွေ့သေးဘူး... ကြည့်ရတာ ငါ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အရင် စုပ်ယူထားမှ ရမယ် ထင်တယ်... ဒါပေမဲ့ ဒီစွမ်းအားက အရမ်း ကြမ်းတမ်းလွန်းတယ်... ကမ္ဘာပျက် စွမ်းအားနဲ့ ကာကွယ်ထားရင်တောင် ငါ့ခန္ဓာကိုယ်က ခံနိုင်ပါ့မလား မသိဘူး... အထောက်အကူပြု ပစ္စည်းတချို့ လိုလိမ့်မယ်"

နဂါးနတ်ဘုရား နန်းတော်သို့ ပြန်လာသော လမ်းခရီးတွင်... ရတနာ မြေပုံက လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ဖုန်းဝူချန် အာရုံခံမိ၏။ ဒါကြောင့် သူက နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အရင် စုပ်ယူပြီး ကျင့်ကြံခြင်း အဆင့် မြှင့်ထားဖို့ ဆုံးဖြတ်လိုက်၏။

နတ်ဘုရား ဘုရင် နန်းတော်ရဲ့ နန်းတော်သခင်ကြီးကို ရန်စမိထားပြီ ဆိုတော့... လိန်ဟွန်းက ဘယ်အချိန်မဆို လူလွှတ်ပြီး လာတိုက်နိုင်သည်။ ထို့ကြောင့် ကိုယ့်အင်အားကို မြန်မြန် မြှင့်ထားမှ ဖြစ်မည်။

နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို စုပ်ယူလိုက်လျှင်... ကမ္ဘာပျက် စွမ်းအားက ပိုပြီး အစွမ်းထက်လာမှာ သေချာ၏။ ထိုအခါမှာတော့၊ ကျင့်ကြံခြင်း အဆင့်က ဒုံးပျံတက်သလို တက်သွားပြီး... 'ကောင်းကင်ဘုံလူသား' တတိယအလွှာ အား ရောက်ဖို့က မခက်တော့ပါ။ စတုတ္ထအလွှာတောင် ရောက်နိုင်သေးသည်။

ထိုမျှသာ မကသေး၊ ဒီခရီးစဉ်မှာ ရတနာတွေ အများကြီး ရခဲ့သည် ဆိုတော့... အဆင့်တက်ဖို့က မခဲယဉ်းလှ။

ရက်အနည်းငယ် ခရီးနှင်ပြီးနောက်...

ဖုန်းဝူချန်တို့ အဖွဲ့သည် ကြယ်တာရာ နယ်မြေ သို့ ပြန်လည် ရောက်ရှိလာကြသည်။

လွန်ခဲ့တဲ့ ရက်တွေမှာ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တွေကြောင့် သူတို့အားလုံး လူရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။

အခုချိန်မှာတော့... ဖုန်းမင် မြို့ရှိ တည်းခိုခန်း တစ်ခုမှာ အနားယူနေကြသည်။

ပင်ပန်းနေကြသော်လည်း... ရတနာတွေ အများကြီး ရခဲ့သော ပီတိကြောင့် အားလုံးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာနေပြီး ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။

"အစ်ကိုဖုန်း... အင်ပါယာ အစွန်းရောက် ဂိုဏ်းကိစ္စ ဘာထူးသေးလဲဗျ" ဟု လျိုချင်းယန်က စားသောက်ရင်း မေးလိုက်၏။ နောက်ထပ် ရတနာတွေ သွားရှာချင်နေပုံ ရသည်။

ဖုန်းဝူချန် ခေါင်းခါလိုက်၏။ "မထူးသေးဘူး"

"နန်းတော်သခင်... တစ်ခုခုတော့ လွဲနေသလိုပဲဗျာ"

ပေတိုယန်က ရုတ်တရက် ထပြောလိုက်၏။ သူ့အကြည့်က တည်းခိုခန်းထဲ ဝင်လာနေသော ကျင့်ကြံသူတွေဆီ ရောက်နေသည်။

ဖုန်းဝူချန်တို့ လှည့်ကြည့်လိုက်ကြသည်။ အစွမ်းထက် ကျင့်ကြံသူ ဒါဇင်နှင့် ချီပြီး တည်းခိုခန်းထဲ ဝင်လာကြသည်။ သူတို့၏ အရှိန်အဝါက ကြီးမားလွန်း၍ တခြား စားသောက်နေသူတွေတောင် လန့်ပြီး ထွက်ပြေးကုန်ကြသည်။

ထို ကျင့်ကြံသူတွေ အားလုံးက 'ထျန်းယွမ်ဘုံ' အထက် အဆင့်တွေချည်း ဖြစ်ပြီး... စားပွဲဝိုင်း တစ်ဝိုင်းကို ဝိုင်းထားလိုက်ကြ၏။

ထိုစားပွဲဝိုင်းမှာတော့... အသက် ၃၀ အရွယ်လောက် ရှိမည့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး၊ ပြီးတော့ ကလေး နှစ်ယောက် ထိုင်နေကြသည်။

လင်မယား နှစ်ယောက်စလုံး၏ မျက်နှာမှာ ကြောက်ရွံ့မှုတွေ အပြည့်။ ကလေးလေး နှစ်ယောက်ကတော့ ကြောက်လွန်း၍ တုန်ရီပြီး မိဘတွေကို အော်ခေါ်ကာ ငိုယိုနေကြသည်။

"မကြောက်နဲ့... မကြောက်နဲ့နော်... မေမေ ရှိတယ်"

အမျိုးသမီးက သူ့ကြောက်စိတ်ကို မနည်း ထိန်းချုပ်ပြီး ကလေးတွေကို နှစ်သိမ့်နေရှာသည်။

"ဝမ်ပူထို.. မင်းက တော်တော် ဇိမ်ကျနေပါလား... မိန်းမနဲ့ ကလေးတွေကိုပါ ခေါ်ပြီး တည်းခိုခန်းမှာ လာစားနေတယ်ပေါ့လေ"

ခေါင်းဆောင်ဖြစ်ပုံရသော လူက ကုလားထိုင်ပေါ် ခြေထောက်တင်ပြီး မောက်မာစွာ လှောင်ပြောင်လိုက်သည်။

"အစ်ကိုကြီး လျို... ကျေးဇူးပြုပြီး ကျွန်တော့် မိန်းမနဲ့ ကလေးတွေကိုတော့ ချမ်းသာပေးပါဗျာ... သူတို့ကို လွှတ်ပေးပါလို့ တောင်းပန်ပါတယ်"

ဝမ်ပူထိုက နဖူးက ချွေးတွေကို သုတ်ရင်း တောင်းပန်လိုက်၏။

"လွှတ်ပေးရမယ် ဟုတ်လား... ဒါဆို ငါ့ကိုကျတော့ ဘယ်သူက လွှတ်ပေးမှာလဲ"

အစ်ကိုကြီး လျို ဟူသော လူက ချက်ချင်း ဒေါသတကြီး ပြန်အော်လိုက်သည်။

"အစ်ကိုကြီး လျို... သူတို့ စားနေတာ တော်တော် မြိန်ပုံရတယ်... နည်းနည်း နှေးနေတာလေးပဲ ရှိတာ" နောက်တစ်ယောက်က ဝင်ပြီး လှောင်လိုက်၏။

"ဟွန့်... သူတို့ကို သေချာ ကျွေးလိုက်စမ်း" ဟု အစ်ကိုကြီး လျိုက ရက်စက်စွာ အမိန့်ပေးလိုက်၏။

သွက်လက်စွာပင်၊ လူသုံးယောက် ရှေ့ထွက်လာပြီး... လှောင်ပြုံးပြုံးရင်း အမျိုးသမီးနှင့် ကလေးနှစ်ယောက်၏ ပါးစပ်ထဲသို့.. အစားအသောက်တွေ အတင်း ထိုးထည့်ကြတော့၏။

သေအောင် ကျွေးမည့် ပုံစံမျိုးပင်။ ကလေးတွေ၏ ငိုသံကို လုံးဝ ဂရုမစိုက်ပေ။

"ရပ်လိုက်... အခုချက်ချင်း ရပ်လိုက်"

ဝမ်ပူထို ရူးသွပ်မတတ် အော်ဟစ်လိုက်၏။ သူ့မိန်းမနှင့် ကလေးတွေ နှိပ်စက်ခံနေရတာကို ကြည့်ပြီး ရင်ထဲမှာ မီးစဖြင့် ထိုးသလို ခံစားနေရသည်။

All Chapters