← Chapters

အခန်း (၁၄၉၆-၁၅၀၀)

Vol. 90 Ch. 1496-1500

အခန်း (၁၄၉၆-၁၅၀၀)

Vol. 90 Ch. 1496-1500

1496 01

အခန်း (၁၄၉၆)

ဝမ်ချောင်၏စိတ်က ပေါက်ကွဲသွားပြီး သွေးများက လှိမ့်တက်လာသည်။ ချက်ချင်းဆိုသလိုပဲ သူ၏မသိစိတ်က ဖျော့တော့သော မျှော်လင့်ချက်အလင်းတန်းကို ခံစားမိလိုက်၏

ဗုန်း!

လမ်းလျှောက်အလောင်းကောင်၏ကျယ်ပြောသော ကြယ်တာယာစွမ်းအင်များက သူ၏ဆရာကို ခြေမွတော့မည့် အခိုက်အတန့်တွင် ဝမ်ချောင်က သူ၏ထိတွေ့ကိုင်တွယ်ရသော စိတ်စွမ်းအင်ကို လွှတ်ထုတ်လိုက်ပြီး ထက်ရှသော ဓါးတစ်လက်ကဲ့သို့ ထိုဆက်ခံသူ၏ပျောက်နေသော ခြောက်ချောင်းမြောက် ခြေချောင်းနေရာက ဖန်တီးထားသော ခုခံမှုအဟကြားနေရာထဲသို့ ထိုးထည့်ပစ်လိုက်သည်။

မူလဆက်ခံသူ၏တိမ်နက်သော ကျင့်ကြံခြင်းအဆင့်က မဟာရင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကိုပဲ အံတုရင်ဆိုင်နိုင်ကာ သူ၏ ရွှေရောင်သံလိုက်အိမ်မြောင်ခံတပ်ကလည်း ဝမ်ချောင်၏ စိတ်စွမ်းအင်ရှေ့တွင် မတည်ရှိသလိုမျိုး ပြောင်းလဲသွား၏။

ဝုန်း

ဝမ်ချောင်၏စိတ်စွမ်းအင်က လမ်းလျှောက်အလောင်းကောင်၏ကိုယ်ထဲသို့ ထိုးဝင်သွားပြီး ဝင်ရောက်သွားလျှင် သူသည် ရုတ်တရက် ခံစားချက်အသစ်တစ်မျိုးကို ရလိုက်သည်။ သူသည်လည်း ကျဥ်းမြောင်းသော ဂူထဲမှ ပိုကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သော လောကထဲ ရှိသွားသလိုမျိုး ခံစားလိုက်ရလေသည်။

ဝမ်ချောင်သည် ထိုဆက်ခံသူ၏ကိုယ်ထဲတွင် မြင်လိုက်ရသောအရာက သူ အပြင်ဘက်မှာ မြင်နေရသော အရာနှင့်လုံးဝခြားနားနေချေသည်။

ဆက်ခံသူက အကန့်အသတ်မဲ့သော စွမ်းအားများကို ပိုင်ဆိုင်ထားနေချိန်တွင် သူ၏အသိစိတ်က မူလုံးဝကွဲကြေနေပြီး အဆုံးအစမဲ့သော အမှောင်ထုများအကြားမှ မှေးမှိန်သည့် ဖယောင်းတိုင်လေးနှင့်တူ၏။

သူ့ခန္ဓာကိုယ်တွင် မြင်တွေ့နေရသောကြောင့်သာ မဟုတ်လျှင် ထိုကဲ့သို့ အင်အားကြီးမားသော အလောင်းကောင်က ထိုမျှအင်အားနည်းသည့် စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ သို့တိုင်အောင် ထိုစိတ်စွမ်းအင်၏ပတ်ဝန်းကျင်မှ စွမ်းအင်ကလည်း ထိုအားနည်းသော ဖယောင်းတိုင်ကို ဆက်လက်ပြီး လောင်ကျွမ်းနေစေသည်။

ဝမ်ချောင်၏စိတ်စွမ်းအင်က ရှေ့သို့ချီတက် သွားသည့်အချိန်တွင် ဆက်ခံသူ၏စိတ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားနိုင်သည်။ သူသည် ခုခံမှုများကိုပင် မကြုံတွေ့ခဲ့ချေ။ သို့ပေမဲ့ တစ်ချိန်တည်းတွင် ဝမ်ချောင်၏စိတ်စွမ်းအင်က ဆက်ခံသူ၏စိတ်အနက်ပိုင်းသို့ ဝင်ရောက်သွားနိုင်သည်။

ဂျိမ်း

သူ့အနား ကျယ်လောင်သည့် မိုးချိန်းသံကဲ့သို့ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ လမ်းလျှောက်အလောင်းကောင်၏စိတ်စွမ်းအင်က အားနည်းနေပုံ ပေါ်သော်လည်း ဝမ်ချောင်၏စိတ်စွမ်းအင်က သူနှင့်ရင်ဆိုင်လိုက်ရုံနှင့်တင်ခံတပ်ကို ဝင်ဆောင့်တိုက်လိုက်ရသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ပင်နန်းတော်ထဲမှ ဆက်ခံသူ၏ကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ဝမ်ချောင်ကို လဲစေသည်။ သူ၏ပတ်ဝန်းကျင်မှ မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များက ရုတ်တရက် ပွင့်ထွက်လာနေပြီး ပြင်းထန်သော ရိုက်ခတ်မှုများကို ခံစားရသလိုမျိုး ဖြစ်လာစေသည်။

ဝုန်း!

သူ၏ပတ်ဝန်းကျင်မှ ရွှေရောင်ခံတပ်အတွင်းရှိ စွမ်းအင်များက လှိမ့်ထွက်လာပြီး သူသည်လည်း မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို လက်ဝါးတစ်ချက်ဖြင့် အရှေ့မှ လွင့်ထွက်သွားစေလိုက်သည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် လွင့်ထွက်သွားသော်လည်း တိုက်ကွက်၏စွမ်းအားက တူညီနေခဲ့ခြင်း မရှိတော့ချေ။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို လွင့်ထွက်သွားရုံသာ လုပ်လိုက်ပြီး နောက်ထပ်ဆက်ခံသူက လေထဲမှာ ဆင်းသက်လာသည်။ သူ၏မျက်လုံးက နံရံနားမှ ဝမ်ချောင့်ထံ ရောက်နေ၏။

အသက်မဲ့သည့် မျက်ဝန်းတစ်စုံက ရုတ်တရက်အေးစက်သော သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် တောက်ပလာလေသည်။ သူသည်လည်း မိစ္ဆာဧကရာဇ်လူအိုကြီးမာန်အပေါ်မှ အကြည့်ကို ဖယ်လိုက်သည်။

"ဘာဖြစ်တာလဲ"

"ဒါက .."

1496 02

အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် မြွေရှင်နွယ်လူကြီးတို့ကလည်း အံ့အားသင့်မှုအပြည့်ဖြင့် တုန်ယင်သွားကြကာ သူတို့သည် ဘာဖြစ်သွားမှန်း မသိသေးပေ။ သို့သော် လည်း ဝမ်ချောင်က အလုံးစုံ ပြန်မပြောနိုင်ပေ။

သို့သော် သူတို့က တွေးဖို့ အချိန်မရှိသေးခင် ဘန်းခနဲအသံက ထွက်လာ၏။ ခြေထောက်တစ်ဖက်က မြေပြင်ကို ဖိချလိုက်သောအခါ ထိုစွမ်းအားများက နန်းတော်တစ်ခုလုံးကို တုန်ခါလာစေသည်။ ဆက်ခံသူက ဝမ်ချောင့်ထံ ခြေလှမ်းကျဲကြီများနှင့် လျှောက်လာသည်။ ထက်ရှကာ ကျယ်ပြောသည့် စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်လာသည်။ ထိုအခိုက်အတန့်တွင် တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။

"မကောင်းတော့ဘူး"

ဝမ်ချောင်က အဲ့ဒီနေရာတွင် ရပ်နေသော်လည်း သုံးယောက်လုံးက အန္တရာယ်ကို ခံစားမိပြီး ခုန်ထွက်လာကြသည်။ သူတို့၏နေရာများကို အတင်းဖိနှိပ်လိုက်ကြ၏။ ဝမ်ချောင်သည် အကျဥ်းထဲအကျပ်ထဲ ရောက်နေ၏။

ဝမ်ချောင်က အလွန်အားနည်းနေရာ လက်ဝါးတစ်ချက်ကပင် သူ့ကို သတ်နိုင်၏။ ဝမ်ချောင်၏မျက်လုံးက မှေးကျဥ်သွား၏။ သူ၏နှာခေါင်းအတွင်း သေဆုံးနေသည့်အနံ့များက မွှန်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည်လည်း ခန္ဓာကိုယ်မှာ အင်အားများကို သုံးနိုင်စွမ်းပင် မရှိတော့ပေ။ သူဟာ ခန္ဓာကိုယ်ကိုပင် မလှုပ်နိုင်တော့သောကြောင့်

"မင်း....ရပ်စမ်း"

"ဒါပေမဲ့"

"ချောင်အာ ပြေးတော့"

"ဒါပေမဲ့"

နန်းတော်အတွင်းစိုးရိမ်တကြီးအော်သံများ ပြည့်နှက်သွားပြီး ထိုသုံးယောက်လုံးက သူတို့၏ခန္ဓာကိုယ်မှ နောက်ဆုံးသော လက်ကျန်အင်အားများကို စုစည်း၍ ဆက်ခံသူဆီသို့ အပြေးအလွှား ရောက်ရှိလာကာ ထိုသုံးယောက်က အလျင်အမြန် တုံ့ပြန်သော်လည်း သို့သော် အလွန်ေနှးကွေးသွားပြန်သည်။ အလင်းက ဖျက်ခနဲလက်ပြီးနောက် ဆက်ခံသူက ခုန်ထွက်လာ၏။

ဝမ်ချောင်၏စိတ်ထဲတွင် ခြောက်ခြားမှုနှင့်အန္တရာယ်က မင်းမူလာပြီး သူ့အား တစ်ရှိန်တည်း ထိုးတက်လာသော ရေလှိုင်းအောက်တွင် မြုပ်သွားစေသည်။ သို့သော် ထိုအချိန်တွင် လည်းဝမ်ချောင်အတွက်နောက်ဆုတ်ရန်လမ်းကြောင်းပင်မရှိတော့ပေ။

"ဒါက စိတ်စွမ်းအားစည်းတံဆိပ်ပဲ"

ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခု ရလာသည်။ သူသည် ဒီခန်းမထဲမှ အဖြစ်အပျက်များကို ကြည့်နေကာ ထိုလမ်းလျှောက်အလောင်းကောင်က လွန်ခဲ့သော နှစ်ခုနှစ်ရာေကျာ်ခန့်က သေသွားခဲ့သည့် အင်အားအကြီးမားဆုံး သိုင်းပညာရှင်ကပင် အသက်၏ချုပ်ထိန်းမှုဒဏ်အောက်မှ မလွတ်မြောက်နိုင်ပေ။ သို့သော် သိသာစွာပင် သူတို့က သေသွားပြီးသည့်တိုင်အောင် တစ်စုံတစ်ရာကို ချန်ထားရစ်နိုင်သေးသည့် သူတို့၏အတွေးနှင့်ဝိညာဏ်ကပင် ကွဲကြေနေသည့်တိုင်အောင် သူ့အသိစိတ် အပိုင်းအစများကလည်း အင်အားကြီးမားသည့် စိတ်စွမ်းအားစည်းတံဆိပ်ကြောင့် ထိန်းသိမ့်ထားနိုင်သေးသည်။

"ဆိုတော့ အဲဒီလိုကိုး"

သူတို့ရဲ့ဗလာကျင်းပြီး သေဆုံးနေတဲ့ အဲဒီမျောက်မွှေးဝတ်စုံက ကြောက်မက်ဖွယ် ကောင်းပြီး ပြင်းထန်တဲ့ တုံ့ပြန်နိုင်တဲ့အရှိန်နှုန်းနဲ့ တိုက်ခိုက်နိုင်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ...နောက်ပြီး သတိလက်လွတ် တိုက်ခိုက်နိုင်စွမ်းရည် ရှိနေတာ"

မြေအောက်မြစ်အထက်မှ လမ်းကြောင်းကို တူးထုတ်နေခဲ့ချိန်တွင် ဝမ်ချောင်နှင့်အထီးကျန်အဆိပ် ဘိုးဘေးတို့က မြစ်တလျှောက် သူတို့ကို လာရောက်ရှာဖွေသော မျိုးဆက်ငါးဆက်မြောက်ဆက်ခံသူနှင့်တိုးခဲ့သည်။

ဒါဟာ အသိစိတ်မရှိတော့သည့် အလောင်းကောင်တစ်ခုက လုပ်နိုင်သော အရာများမဟုတ်ပေ။ ဝမ်ချောင်၏စိတ်စွမ်းအင်တိုက်ကွက်ကလည်း သူ၏စိတ်ကို ပတ်ထားသော အင်အားကြီးမားသည့် စည်းတံဆိပ်နှင့် ဝင်တိုးသည်။ ထိုအရာက သူ၏ဆရာကို ကယ်တင်နိုင်ချိန်တွင် ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုဆက်ခံသူ၏သတ်ဖြတ်ရမည့် စာရင်းထိပ်သို့ ထိုးကျသွားနိုင်ခဲ့သည်။

ဝမ်ချောင်သည် ပင်လမ်းလျှောက်အလောင်းကောင်၏ကိုယ်ထဲမှ စိတ်စွမ်းအင်က သူ့ထံသို့ လျင်မြန်စွာ ချဥ်းကပ်လာနေကြောင်းကို ခံစားမိသည်။ ထိုလှုံ့ဆော်မှုက ဝမ်ချောင့်အား ပြင်းထန်သည့်စွမ်းအင်များဖြင့် ပေါက်ကွဲလာစေသည်။

သားရဲယဥ်ပါးခြင်းသိုင်း...

1496 03

ဝမ်ချောင်က ထိုထိန်းချုပ်ခြင်းသိုင်းကို ချက်ချင်းလက်ငင်း ထုတ်သုံးလိုက်သည်။ ထိုသိုင်းက သူ တာလာ့တွင် ပိတ်ဟယ်မော့များကို ထိန်းချုပ်ခဲ့စဥ်က အတိုင်းဖြစ်ပြီး အင်အားကြီးမားသော စိတ်စွမ်းအင်ကျင့်ကြံသူမာစီကို သတ်ဖြတ်နိုင်ခဲ့သည်။

ဝမ်ချောင်၏စိတ်စွမ်းအင်သည် အတိတ်ကထက် အဆပေါင်းများစွာ သန်မာလာပြီးသားဖြစ်ပြီး ထိုသိုင်းကလည်း မတူညီသော အဆင့်အင်အားများကို ယှဥ်ပြိုင်လာနိုင်သည့် အင်အားပိုင်ဆိုင်ပြီးသား ဖြစ်သည်။

ဗုန်း ဗုန်း ဗုန်း!!

ဝမ်ချောင်၏စိတ်စွမ်းအင်က ရှေးဟောင်းစိတ်စွမ်းအား စည်းတံဆိပ်ကို ထပ်ခါတလဲလဲ ရင်ဆိုင်ကာ ဖျက်ဆီးသည့်မမြင်ရသော စိတ်စွမ်းအင်လောက နယ်ပယ်မှလည်းပဲ ကြမ်းတမ်းသော ပွတ်တိုက်မှုများက ဖြစ်ပေါ်နေပြီး သူ၏စိတ်အတွင်းအထိအသံက ပဲ့တင်ထပ်နေသည် သို့သော် စိတ်စွမ်းအင်တိုက်ကွက်များက သူတော်စင်သိုင်းနယ်မြေအဆင့်များအတွက် တောင့်ခံနိုင်ရန် ခက်ခဲသော်လည်း သူတို့ကို လုံးဝရပ်တန့်သွားစေနိုင်သေးသည်။ ထို့အပြင် မာကျောလွန်းသော ခံတပ်ထဲသို့ပင် ရိုက်မိသွားနိုင်၏။

ထိုတိုက်ကွက်များက ထိုခံတပ်ကို တသိမ့်သိမ့် တုန်ယင်လာစေပြီး ဆက်ခံသူ၏အရှိန်နှုန်းက သိသိသာသာပင် သက်ရောက်ခံရခြင်းမရှိဘဲ သူသည် ဝမ်ချောင့်ထံသို့ ထပ်မံပြီး လှမ်းလာကာ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးမှာ လျင်မြန်စွာကျုံ့လာသည်။ ဝမ်ချောင်က အလွန်ပင် သိပ်သည်းကာ မွန်းကြပ်စေသည့်ဖိအားကို ခံစားလာရသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလည်း....ဘယ်လိုစည်းတံဆိပ်က ဒီလောက်ထိ သန်မာလို့လဲ"

ဝမ်ချောင်၏နဖူးမှ ချွေးများ စီးကျလာသည်။

သားရဲယဥ်ပါးခြင်းသိုင်းက လက်ရှိအလောင်းကောင်ကို ကိုင်တွယ်ရင်ဆိုင်ရန် အကောင်းဆုံးလက်နက်ဖြစ်သည်။ သို့သော် သူကသာ စည်းတံဆိပ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ သို့ရာတွင် ထိုစည်းတံဆိပ်က ဝမ်ချောင်၏တိုက်ကွက်များကို တားမြစ်နေချိန်တွင် သူ၏တိုက်ခိုက်သည့်အစီအစဥ်များကို လှုံ့ေဆော်နိုင်လေသည်။ ပုရွက်ဆိတ်က ပင်ရှင်သန်လိုစိတ်ရှိသည်ဟု လူသားအများကစုက ပြောရန်ပင် မလိုအပ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသေ၍မရသေးပေ။ အနည်းဆုံး အခုတော့ မဟုတ်သေးချေ။

ဗုန်း! ဗုန်း ဗုန်း!

ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်တန်းကို စုစည်းလိုက်ပြီး သူသိထားသမျှ စိတ်စွမ်းအင်အတိုင်း အသုံးပြုကာ တစ်ဖက်လူ၏စိတ်ထဲမှ စည်းတံဆိပ်ကို တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် တစ်စက္ကန့်က မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာ ပေါင်းထားသလိုမျိုး ကြာညောင်းနေခဲ့ပြီး နောက်တွင် အကွာအဝေးက မီတာတစ်ဆယ်ကျော်ခန့်သာ ကျန်တော့သည်။

မိစ္ဆာဧကရာဇ်လုကျီးမာန်၊ဝူရှန်ရွာသူကြီးနှင့် အထီးကျန်အဆိပ်ဘိုးဘေးတို့က ကျရောက်မှုအတွင်း ဝင်နေကြပြီး လေဟာနယ်အတွင်းမှ အဖြူရောင်လက်ဝါး တစ်ဖက်က ဝမ်ချောင်၏ခေါင်းနားသို့ စတင်ဆင်းသက်သွားသည့်မြင်ကွင်းကို ကြည့်ရှုနေရသည်။ အနောက်ဖက်မှနေ၍ ခံစားချက်မဲ့သော ဆက်ခံသူက စတင်ပေါ်ထွက်လာကာ သူ၏သန့်ပြန့်သော ဝတ်စုံက ဝမ်ချောင်၏သေခြင်းကို ရအောင်ယူမည့်ပုံ ပေါ်သည်။ သူ၏အင်အားနှင့်သာဆိုလည်း သူသည်လည်း ဝမ်ချောင်၏ခေါင်းထံသို့ လက်ချောင်းများ အသာကပ်လိုက်ရုံဖြင့် ခြေမွပစ်နိုင်သည်။

ဒါပေမဲ့"ချောင်အာ"ဟုသုံးယောက်လုံးက အသံကုန်ဟစ်ကာ ရှေ့သို့အပြေးတက်၏။ မိစ္ဆာဧကရာဇ်ကြီးမှာ သူ့၏နှလုံးသားက အေးစက်သွားသလို ခံစားရသည်။ သူ၏သွေးကပင် သွေးကြောထဲတွင် ခဲနေသည်။

မိစ္ဆာလမ်းကြောင့်ဖြစ်သော မိစ္ဆာတစ်ကောင်အနေနဲ့သူသည် မည်သို့သော ရန်သူများကို ရင်ဆိုင်ရစေကာမူ ဘယ်သောအခါမှ စိတ်ပျက်အားငယ်မှု မရှိပေ။ သို့သော် သူ၏နောက်ဆုံးသော တပည့်၊သူဂုဏ်အယူရဆုံးသော တပည့်က လမ်းလျှောက်အလောင်းကောင်ကြောင့် သေရတော့မည့်အချိန်ကို မြင်ရသောအခါ ရုတ်တရက် ရေခဲတုံးများ ကွဲသွားသလို သူ၏မျက်နှာမှာ စိတ်ပျက်အားငယ်မှုက ပေါ်လာ၏။

သူ၏ဘဝက အနိမ့်အမြင့်များကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သူသည် တစ်ချိန်က သိုင်းပညာလောကကို မင်းမူခဲ့ဖူးပြီး ေဖြာင့်မတ်မှန်ကန်ခြင်းနှင့် မိစ္ဆာလမ်းကြောင်းမှလူများက သူ့အား ဦးညွှတ်ရကာ သူဟာ ကိုယ်ပိုင်ဒဏ္ဍာရီကိုပင် ဖန်တီးနိုင်ခဲ့သည်။

သူ၏သစ္စာဖောက်သွားသော တပည့်က သူ့ကို ဒုက္ခိတဖြစ်စေခဲ့သည့်တိုင်အောင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် လောက၏မင်းမူနိုင်သော အမြင်မျိူးမှသာ ငုံ့ကြည့်ခဲ့ပြီးသားဖြစ်သည့်အတွက် နောင်တမရှိတော့ချေ။

1496 04

ယခုအခါ သူ၏တပည့်သားဖြစ်သည့် သူဟာ အနောက်မြောက်ပိုင်းသို့ ဦးစွာလာခဲ့ခြင်း ဖြစ်သည်။ ဒါကြောင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် သူ၏ကိုယ်ပိုင်လုံခြုံရေးကို လျစ်လျူရှု နိုင်သည်။ ဒါကြောင့် အလောင်းကောင်ကိုလည်း မည်သည့် ကြောက်ရွံ့မှုတုံ့ဆိုင်းမှုမှမရှိဘဲ ရင်ဆိုင်နိုင်သည်။ သို့သော် သူသည် ဝမ်ချောင်အပေါ် ဘယ်သောအခါမှ စွန့်မပစ်နိုင်ပေ။

ဝုန်း!!

မိစ္ဆာဧကရာဇ်ကြီး၏ခန္ဓာကိုယ်မှ ကြယ်စင်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ သူ၏အရှိန်နှုန်းက ပို၍ပင်ထိုးတက်လာသည်။ သို့သော် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က မည်မျှမြောက်များသော အင်အားများကို အသုံးပြုစေကာမူ နောက်ကျသွားလေသည်။

******

1497 01

အပိုင်း ၁၄၉၇

ဝီ......

အချိန်က မရပ်တန့်သွားသလို ထင်ရသည်။ အကြီးအကဲသုံးယောက် မမြင်ရသောတစ်နေရာတွင် တစ်စုံတစ်ရာက ပေါက်ကွဲ၍ ကွဲအက်သောအသံမျိုးက ထွက်လာ၏။ တတိယမျိုးဆက်မှ ဆက်ခံသူက ရပ်တန့်ပြီး တုန်ယင်သွားသည်။ သူ၏ဖျက်ဆီးခြင်းစွမ်းအားများက မပေါက်ထွက်လာခင်လေးတင် ရပ်သွားလေသည်။

"ဒါက.....ဘယ်လို ဖြစ်ပြီးတော့လည်း...."အကြီးအကဲသုံးယောက်က မြင့်တက်သွားလေသည်။

သူတို့သည်လည်း ထိုဆက်ခံသူ၏အင်အားကို အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ သူ၏မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များက တောင်များကိုပင် အက်ကွဲသွားစေနိုင်သည်။

ရိုးရှင်းစွာ မြင့်တက်၍ပင် မရနိုင်ပေ။ ထို့ကြောင့် သူတို့သုံးယောက်က အလွတ်တိုက်ခိုက်သည့်တိုင်အောင် လွင့်ထွက်သွားရသည်နှင့်သာ အဆုံးသတ်ခဲ့ရသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည်လည်း ကျင့်ကြံခြင်း သွေဖယ်မှုဒဏ်ကို ခံစားနေရပြီး မလှုပ်ရှားနိုင်ပေ။

သို့သော် သေဆုံးခြင်းနတ်ဘုရားနှင့် တူညီနေသောသူ၏တည်ရှိမှုက ရုတ်တရက် ရပ်တန့်သွားပြီး ရုပ်ထုဖြစ်သွား၏။

"ဖြစ်နိုင်တာက....."

နောက်ဆုံးတွင်ရပ်နေသော အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရပ်တန့်သွားသည်။ သူ၏မျက်လုံးက လှုပ်ခတ်သွားပြီး တစ်စုံတစ်ရာကို တွေးမိသလိုမျိုး လှုပ်ရှားမှုကင်းမဲ့သည့် ဆက်ခံသူကို ကြည့်သည်။ သို့သော် ထိုအကြံက လွန်ကဲလွန်းလေရာ မယုံကြည်ရဲပေ။

ဝှစ်!

လေလှိုင်းက ဆောင့်ထိုးတိုက်ခတ်လာပြီး ပြင်းထန်သောစွမ်းအားကို ဆွဲယူလိုက်သည်။ ဝမ်ချောင်သည်လည်း ထိုလမ်းလျှောက်အလောင်းကောင်၏အောက်ဖက်မှ ဆွဲထုတ် ခံရသည်။

"ချောင်အာ အဆင်ပြေရဲ့လား"

ဝမ်ချောင်၏နားထဲသို့ စိုးရိမ်နေသောအသံများက ဝင်ရောက်လာပြီး မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ဆက်ခံသူ၏အပြောင်းအလဲကို အချိန်အနည်းငယ်သာ အာရုံစိုက်ထားသည်။ ထို့နောက် သူသည် ဝမ်ချောင်ကိုသာ အရင်ကယ်ရန် ဆုံးဖြတ်လိုက်ပြီး မိစ္ဆာဧကရာဇ်လူကြီးမာန်၏ကြီးမားလွန်းသော စိုးရိမ်ပူပန်မှုများက သူ၏အမွေဆက်ခံထားသော တပည့်ဆီတွင်သာ ရှိသည်။

"ဆရာ ငါ အဆင်ပြေပါတယ်"

ဝမ်ချောင်က ခေါင်းကိုခါကာ သူ၏မျက်နှာက အနည်းငယ် ဖျော့တော့နေသည်။ သူ၏ခန္ဓာကိုယ်ကလည်းချွေးစေးများရွှဲနေကြသည်။

"ချောင်အာ....အဲဒီမူလအမှတ်အသား တိုက်ရိုက်ဆက်ခံတာက မင်း အခုလေးတင်....မင်း တကယ်ကို.....လုပ်လိုက်တာပဲ"

ဝူရှန်းရွာသူကြီးကလည်း ဖိအားများနေသည်။ သူ၏အဖြူရောင်တောင်ဝှေးကိုပင် ကောက်ကိုင်ပြီး အရှေ့ဘက်သို့လျှောက်လာသည်။ သူ၏မျက်လုံးများက ဝမ်ချောင်နှင့် ထိုလှုပ်ရှားမှုကင်းမဲ့သော ဆက်ခံသူအကြားတွင် ရှေ့သွားလိုက်နောက်ပြန်လိုက် ဖြစ်နေသည်။

ဝူရှန်းရွာသူကြီး၏ဆိုလိုရင်းကို နားလည်သည့်ဝမ်ချောင်က တစ်ချက် မော့ကြည့်ပြီးနောက် အားနည်းသော်လည်း ပေါ့ပါးသည့်အပြုံးမျိုးကို ပြုံးပြသည်။

"စီနီယာ"

"ဆရာ"

"ငါ သူ့ကို တကယ် ထိန်းချုပ်လိုက်နိုင်ပြီ..."

ဝုန်း!!

မြေထုက ခဲသွားပုံရသည်။ ဝမ်ချောင်၏အဖိုးအသက်အရွယ်တွင်ရှိသော အကြီးအကဲသုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ဆွံ့အ နေကြပြီး ခန္ဓာကိုယ်များက တောင့်တင်းနေကြကာ မိစ္ဆာဧကရာဇ်လူကြီးမာန်၏မျက်နှာတွင် ရုတ်တရက် မယုံကြည်နိုင်သော အမူအရာများက ရှိနေသည်။ သူသည်လည်း အဖြစ်အပျက်ကို ခပ်ရေးရေး ခန့်မှန်းမိပုံ ရ၏။ သို့သော် ဝမ်ချောင်၏အတည်ပြုမှုကို ကြားသောအခါ ခံစားချက်က မတူညီတော့ပေ။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."

ဝူရှန်းရွာသူကြီးက အော်သည်။ သူသည် အနည်းငယ်မျှကိုပင် မထိန်းချုပ်နိုင်တော့ပေ။

1497 02

"မူလအမရ အမှတ်အသားသိုင်းအရှင်၏တပည့်တစ်ယောက်ဖြစ်တဲ့ လောက၏နံပါတ်တစ်အဆင့်လွန် အဆုံးအစမဲ့ မူလအမရသိုင်းကို တတ်မြောက်ထားသည့် ဆက်ခံသူတစ်ယောက်....."

ထိုတပည့်တစ်ယောက်ချင်းစီတိုင်းက ဖော်ပြရန် ခက်ခဲလောက်အောင် ပါရမီကြီးသည့် ပညာရှင်များဖြစ်ပြီး ပြိုင်ဘက်ကင်းသောတည်ရှိမှုမျိုး ဖြစ်သည်။

ထိုမျိုးဆက်သုံးဆက်မြောက် ဆက်ခံသူဆိုလျင်လည်း အရှေ့ပိုင်းဟန်မင်းဆက်ခေတ် အဆုံးသတ်ကာလမှဖြစ်ပြီး သိမ်မွေ့နယ်မြေထဲသို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်ပြီးသား ဖြစ်သည်။ သူတို့ ကြုံတွေ့ခဲ့ပြီးသား မြေအောက်နန်းတော်အတွင်းမှ တခြားသော ဆက်ခံသူများထက် အင်အားကြီးမားသည်။

အစစ်အမှန်တွင် အဆုံးအစမဲ့ မူလအမရသိုင်း၏လျို့ဝှက်ဆန်းကြယ်မှုနှင့်အင်အားကပင် အဆင့်တူတွင်ရှိသော အခြားသောပညာရှင်တိုင်းကို ဖိနှိပ်နိုင်သည့် အစစ်အမှန်ခွန်အားကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ထိုအတွက်ကြောင့် မိစ္ဆာဧကရာဇ်လူကြီးမာန်သည်လည်း သူနှင့် အချိန်ကြာစွာ တိုက်ခိုက်သည့်တိုင်အောင် ထိုမျှအခက်အခဲ ကြိုးစားနေသော်လည်း သေလုနီးပါး ဖြစ်ခဲ့ရသည်။

ဒါ့အပြင် ယခုမူဝမ်ချောင်က တစ်ဖက်သူကို ထိန်းချုပ်ပြီးပြီဟု ဆိုလာသည်။

သူသည် သိမ်မွေ့အဆင့်တစ်ပိုင်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ထိန်းချုပ်လိုက်နိုင်သည်။ သူ၏ကျင့်ကြံခြင်းနှင့်သွေဖယ်သည့်အနေအထားမျိုးကို လုပ်လာနိုင်ခြင်းဖြစ်သည်။ ယခုလေးတင် သူတို့သုံးယောက်က ဝမ်ချောင် သေချာပေါက် သေပြီဟု ထင်ထားကြသည်။

ဝမ်ချောင်က ပြုံးလာ၍ အဖြစ်အပျက်ကို ရှင်းပြပေးလိုက်သည်။ သူသည် နှစ်သက်ဖွယ်ကောင်းလွန်းသော အဖြစ်အပျက်တစ်ခုကို လုပ်လိုက်နိုင်ပြီ။ သိမ်မွေ့ နယ်မြေမှ သိုင်းပညာရှင်ကြီးတစ်ယောက်ကို ထိန်းချုပ်လာနိုင်ပြီဟု ထင်ရသည်။ အမှန်တိုင်းပြောရသော် အန္တရာယ်အလွန်များခဲ့သည်။ ဝမ်ချောင်ကိုယ်တိုင်ကသာ သူသည် အမှန်တကယ် သေဆုံးသွားနိုင်ကြောင်း နားလည်နေသည်။

ဝမ်ချောင်၏စိတ်စွမ်းအင်က တတိယမျိုးဆက် ဆက်ခံသူအပေါ် ရင်ဆိုင်တိုက်ခိုက်သောအခါ ထင်သလောက် အသုံးမဝင်ခဲ့ပေ။

ဝမ်ချောင်ကိုယ်တိုင်ပင် စိတ်ပျက်အားငယ်ခဲ့ရသည့် အခိုက်အတန့်မျိုး ရှိခဲ့လေသည်။ သူသည်လည်း သူဟာ ထိုလမ်းလျှောက်အလောင်းကောင်လက်ထဲတွင် အမှန်တကယ် သေတော့မည်ဟုပင် ခံစားလိုက်ရသည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်က အနိုင်ရခဲ့သည်။

အဆုံးသတ်တွင် လွန်ခဲ့သောနှစ်တစ်ထောင်ခန့်နီးပါးမှ စိတ်ဝိဉာဉ်စည်းတံဆိပ်ကလည်း အထွဋ်အထိပ်အနေအထားမျိူးတွင် ရှိနေသော တစ်စုံတစ်ယောက်၏ စိတ်စွမ်းအင်များကို ရင်ဆိုင်အန်တုနိုင်စွမ်းပင် မရှိခဲ့ပေ။ အချိန်မြစ်က ထိုစည်းတံဆိပ် အသုံးပြုသူကိုပင် တိုက်စားသွားပြီးဖြစ်လေရာ စည်းတံဆိပ်ကိုယ်တိုင်ကလည်း မထူးခြားပါပေ။ ဝမ်ချောင်၏ထို အနိုင်ကလည်း ထိုစည်းတံဆိပ်နှင့် တိုက်ခိုက်ရင်း ရရှိလာသော တိုက်ပွဲ၏အခြေအနေများကို နားလည်သွားခဲ့ပြီးနောက် အနိုင်ရနိုင်ခဲ့ခြင်း ဖြစ်သည်။

စိတ်စွမ်းအင်သည် စွမ်းအင်အမျိုးအစားတစ်မျိုး ဖြစ်သည်။ သို့သော် ဆက်ခံသူ၏ကိုယ်ပေါ်တွင်ရှိသော စိတ်စွမ်းအင်စည်းတံဆိပ်က အင်အားကြီးမားသော အကန့်အသတ်မဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ စွမ်းအားတစ်ခုကို သုံးလိုက်သည်နှင့် ထိုစွမ်းအားက ကုန်သွားမည်ဖြစ်ပြီး ပြန်မရနိုင်တော့ပေ။ ထိုအတွက်ကြောင့်လည်း တခြားသောသူများက သူတို့၏ကိုယ်ပေါ်တွင် နောက်ထပ်စည်းတံဆိပ်များကို ထပ်ကာထားခြင်းအားဖြင့် ထိုစိတ်စွမ်းအင်ကို အားဖြည့်ပေးနေခြင်း ဖြစ်သည်။

ထိုနည်းအားဖြင့် စိတ်စွမ်းအင်ကို ဖြည့်ပေးနေသည်နှင့်တူသည်။ စည်းတံဆိပ်က ဖုံးဖိရန် ခက်ခဲသောအဆင့်မျိုးတွင် ရောက်ရှိနေချိန်တွင် ဝမ်ချောင်၏ ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်ကမူ တိုက်ပွဲကို အနိုင်ရအောင် ယူနိုင်ခဲ့သည်။ ဝမ်ချောင်၏ပုံပြင်က အခြားသောခန်းမထဲရှိ အခြားသောသုံးယောက်ကို မှင်သက်ကာ ဆွံ့အစေသည်။

မူလအမရအရှင်၏အင်အားကြီးမားသော စည်းတံဆိပ်က နှစ်ထောင်ကျော်နီးပါး တည်တံ့ခဲ့ပြီးနောက်တွင် ဝမ်ချောင်ကြောင့် ကျိုးပျက်သွားခဲ့သည်။ ဝမ်ချောင်သည် တတိယမျိုးဆက် ဆက်ခံသူကို ထိန်းချုပ်နိုင်သွားသည်။ ထိုကိစ္စသာ သတင်းပေါက်ကြားသွားခဲ့သော် သိုင်းပညာလောကကြီးတစ်ခုလုံးက အံ့သြမှင်သက်သွားကြမည်မှာ သွားရောက် မေးမြန်းစရာပင် မလိုပေ။

မူလအမရသိုင်းဆက်ခံသူတစ်ယောက်ချင်းစီတိုင်းက ထိုခေတ်မှ သရဖူ မရထားသည့်ဘုရင်များ ဖြစ်ခဲ့ပြီး အစစ်အမှန်လောက၏နံပါတ်တစ်များ ဖြစ်၏။ သို့သော် ဝမ်ချောက်ကမူ ထိုထဲကတစ်ယောက်ကို ထိန်းချုပ်လိုက်နိုင်သွားသည်။

မိစ္ဆာဧကရာဇ်လူကြီးမာန်သည်လည်း ထိုရန်သူကို သူတို့သုံးယောက်ဟာ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပြီး ရင်ဆိုင်ခဲ့ရကြောင်း ပြန်တွေးမိပြီး ရုတ်တရက် သူ ဘာမှပြန်မပြောနိုင်တော့ပေ။

"အရှင်...အရှင့်သား ဒီ....ဒီလမ်းလျှောက်အလောင်းကောင်ကို လှုပ်ရှားအောင် လုပ်နိုင်လား"

အကျဥ်းတန်တိတ်ဆိတ်ဘိုးဘေးက သတိထားကာ မေးသည်။ သူသည် ဝမ်ချောင်ကို သုံးနှုန်းပုံ ပြောင်းလိုက်၏။

မိစ္ဆာဧကရာဇ်လူကြီးမာန်နဲ့ဝူရှန်းရွာသူကြီးတို့က ဘာကိုမှ သတိမထားမမိပေ။ သို့သော် ဝမ်ချောင်ကမူ အကျဥ်းတန်တိတ်ဆိတ်ဘိုးဘေးကို နက်နဲစွာကြည့်ပြီး ရယ်သည်။ သူသည် တစ်စုံတစ်ရာ သတိမထားမိပုံ ရ၏။ သို့သော် ထိုအခိုက်အတန့်တွင် ထုတ်မပြောရန် စဥ်းစားလိုက်သည်။

1497 03

"ဒါပဲ...."ဝမ်ချောင်က ခေါင်းညိတ်သည်။

"ဒါက....ဒီလမ်းလျှောက်အလောင်းကောင်ကို ထိန်းချုပ်ထားနိုင်ပေမဲ့လည်း နည်းနည်းလောက်ပဲ လှုပ်ရှားနိုင်သေးတာ....ခဏလောက် စောင့်ရမယ်...."

ဝမ်ချောင်က မျက်လုံးကို မှိတ်လိုက်ပြီးနောက် ထိုဆက်ခံသူ၏ကိုယ်ထဲမှ အသိစိတ်နှင့်စတင်ကာ ဆက်သွယ်လိုက်သည်။ အချိန်တစ်ခုခန့် ကြာပြီးနောက် လှုပ်ရှားမှူကင်းမဲ့သော ဆက်ခံသူ၏ခန္ဓာကိုယ်က တုန်လာပြီး ထရပ်လာသည်။

ဗုန်း!

အချိန်အနည်းငယ်ကြာပြီးနောက် တတိယမြောက်ဆက်ခံသူက တစ်ဖက်သို့လှည့်၍ သူ၏အသက်မဲ့သောမျက်ဝန်းတစ်စုံဖြင့် သူတို့လေးယောက်ကို ကြည့်လာသည်။

"ဗုန်း!"

ကိုယ်ထဲမှရွှေရောင်အလင်းတန်းက ဖြာထွက်လာသည်၊ မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များက ထိုးထွက်လာ၏။ ကြယ်တာယာစွမ်းအင်များက ခြောက်မီတာ၊ခုနှစ်မီတာခန့်အထိပျံ့ နှံ့လာပြီးနောက်မှသာ ရပ်တန့်သွားသည်။ ထိုသို့ဖြင့် စတင်ကာ ဝရုန်းသုန်းကား ဖြစ်လာ၏။

"ဝမ်ချောင်....မင်း အဲဒီရွှေသံလိုက်အိမ်မြှောင်တွေကိုရောထိန်းချုပ်နိုင်လား"

ဝူရှန်းရွာသူကြီးက သူ၏မျက်လုံးထဲမှ မျှော်လင့်ချက်များကို မြင်နိုင်၏။

ရွှေ၏ရောင်သံလိုက်အိမ်မြောင်ခံတပ်က အမှတ်အသားသိုင်းဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး လောကရှိခုခံမှု အမြင့်ဆုံးသိုင်းများထဲမှ တစ်မျိုးလည်း ဖြစ်သည်။ ထို့ကြောင့် မဟာရင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၊ ဒဏ္ဍာရီဝိညာည်ပင်လယ်သိုင်း၊ ဝူရှန်းရွာလူကြီး၏ရန်ရွန်နတ်သိုင်းနှင့် နဂါးဖြူနတ်သိုင်းတို့ကို လုံးဝဖိနှိပ်နိုင်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ကုန်းကုန်းနတ်သိုင်းကိုလည်း ဖိနှိပ်နိုင်လေသည်။ ထိုကိစ္စတစ်ခုတည်းကပင် လောက၏နံပါတ်တစ်သိုင်းဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ဝမ်ချောင်ကသာ တတိယမြောက်ဆက်ခံသူ၏ထိုရွှေရောင်သံလိုက်အိမ်မြောင်ခံတပ်ကို ရရှိပြီဆိုပါက သူတို့အဖွဲ့သည်လည်း အန္တရာယ်များသောနေရာများသို့ ဆက်လက်ပြီး ဝင်ရောက်သွားသောအခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့်နည်းလမ်းတစ်မျိုး ပိုထွက်ရှိလာမည် ဖြစ်သည်။

ထို့အပြင် မူလအမှတ်အသားရတနာသိုက်မှ အဆုံးအစမဲ့သော ထောင်ချောက်များကို ရင်ဆိုင်ရချိန်တွင် ပို၍လွယ်ကူသွားမည် ဖြစ်သည်။

ဝမ်ချောင်က မျက်လုံးကို ဖွင့်လာသည်။

"ငါ စမ်းကြည့်လိုက်မယ်"

"ဗုန်း!"

တစ်မိနစ်ခန့် ကြာပြီးနောက် ပို၍ပင် မျက်စိကျိန်းစေသည့် တောက်ပလွန်းသော ရွှေရောင်အလင်းတန်းများက ပေါက်ကွဲထွက်လာပြီးနောက်တွင် ကြိပ်ဆုံချောင်း အရွယ်အစားခန့်ရှိသော သံလိုက်အိမ်မြောင်တစ်ခုအဖြစ် တတိယဆက်ခံသူကို ဝိုင်းထားသော မူလအမှတ်အသား ကြယ်တာယာစွမ်းအင်ပင်လယ်အတွင်းမှ မျောလွင့်၍ လာသည်။

အလားတူညီသော ရွှေရောင်သံလိုက်အိမ်မြောင် အခုလေးရာကျော်ကျော်ကလည်း ပေါ်ထွက်လာပြီးသည့်နောက်တွင် ပို၍ပင်ခမ်းနားသော မျက်စိကျိန်းစေသည့် ရွှေရောင်ခံတပ်ကြီးက ပေါ်ထွက်လာသည်။

ထိုရွှေရောင်ခံတပ်သည် အရွယ်ရောက်ပြီးသား လူတစ်ယောက်၏အမြင့်အထိရှိပြီး တတိယဆက်ခံသူကို အဖက်ဘက်မှ ကာကွယ်ထားသည်။ ထို့နောက် နတ်ရွှေအလင်းတန်းကို လွှတ်ထုတ်ပြီး အကြွင်းမဲ့အုပ်စိုးနိုင်သော ရွှေရောင်အလင်းတန်းများကို လွှတ်ထုတ်ထားသည်။

" !!! "

မိစ္ဆာဧကရာဇ်လူကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးတို့ကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ သို့သော် ပျော်ရွှင်သွားကြလေသည်။

"ဟား...ဟား...ဝမ်သာစရာပဲ အရှင့်သား ..ဒီလမ်းလျှောက်အလောင်းကောင်နဲ့သာဆိုရင် ငါတို့ အကာအကွယ်အဆောင်ရပြီး ငါတို့ ဘယ်နေရာကိုသွားသွား စိုးရိမ်နေစရာ မလိုတော့ဘူး...လုံခြုံပြီ..."

အကျည်းတန်တိတ်ဆိတ်ဘိုးဘေး၏မျက်ဝန်းက တောက်ပစွာနှင့် ထိုစစ်နတ်ဘုရားကဲ့သို့သောဆက်ခံသူကို သဘောတကျကြည့်ကာ ရယ်လေသည်။

သူသည်လည်းသူတို့အားလုံးက ထိုဆက်ခံသူကြောင့် သေရမည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုလို ပြောင်းပြန်အခြေအနေမျိုးက ရှိလာမည်ဟု ထင်မထားမိပေ။ ဒါပေမဲ့ တတိယမြောက်ဆက်ခံသူက သူတို့ဘက်တွင် ဖြစ်သည်။

မိစ္ဆာဧကရာဇ်လူကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့က ဘာစကားမှ မပြောကြသော်လည်း သူတို့၏မျက်ဝန်းထဲမှ အကြည့်များက အရာအားလုံးကို ပြောပြနေသည်။

1497 04

"ချောင်အာ...မင်း...မင်းဆရာကို ကျော်သွားပြီ ထင်တယ်" မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က သက်ပြင်းချသည်။

ဆရာသည် တပည့်ထက် နိမ့်ကျရန် မလိုအပ်ပေ။ သူ့တပည့်ကလည်း ဆရာထက် နိမ့်ကျရန် မလိုအပ်ပါပေ။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည်လည်း ဝမ်ချောင်၏လုပ်ဆောင်နိုင်စွမ်းအားအတွက် ရိုးသားစွာ ပျော်ရွှင်မိသည်။ ထိုအချိန်တွင် တတိယမျိုးဆက်,ဆက်ခံသူက အဆုံးမသတ်သေးပေ။

ဝမ်ချောင်၏ထိန်းချုပ်မှုအောက်တွင် ထိုကောင်းကင်ဘုံအသွင် ပုံဖော်ထားသော အနောက်ဘက်မှ ရွှေရောင်အဆောက်အဦးကြီးက ရုတ်တရက် ပေါ်ထွက်လာပြီးနောက်တွင် ရွှေရောင်အလင်းတန်းများကို ထုတ်ဖော်ကာ အမှောင်ထုထဲတွင် ထွန်းလင်းလာသောနေမင်းအလား ရောင်ပြန်ဟပ်လာသည်။

တတိယမြောက်ဆက်ခံသူက သူ၏အနောက်ဘက်သို့ ရောက်လာချိန်တွင် ထိုကောင်းကင်ဘုံကောင်းဆောင်ကြီးကလည်း နှစ်ဆယ့်နှစ်ဆစ်ရှိသော လှံရှည်တစ်လက်အသွင် ပြောင်းလဲသွားသည်။ အပေါ်တွင်လည်း ရွှေရောင်သင်္ကေတများက အပြည့်ရှိနေ၏။ ထိုသို့ပြောင်းလဲသွားပြီးနောက်တွင် တတိယမြောက်ဆက်ခံသူက စွမ်းအားများဖြင့် ဖောင်းပွလာသည်။

တာလာ့တွင် ဝမ်ချောင်နှင့် တိုက်ခိုက်ခဲ့ဖူးသော အာရပ်စစ်နတ်ဘုရားကပင် ထိုအခိုက်အတန့်မှာ တတိယမျိုးဆက်,ဆက်ခံသူကို နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

******

1498 01

အပိုင်း၁၄၉၈

ယခုအခါတိုက်ပွဲက အဆုံးသတ်သွားပြီး သူတို့၄ယောက်အဖွဲ့ကလည်း အသိပြန်ဝင်သွားကြပြီ ဖြစ်သည်။

ဝမ်ချောင်သည် ဒဏ်ရာအပြင်းထန်ဆုံး ဖြစ်သည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးတို့ကလည်း ဝမ်ချောင်ထက် ပေါ့သော်လည်း အလားတူပြင်းထန်သော ဒဏ်ရာများကို ရရှိထားကြသည်။ သူတို့အဖွဲ့၏အင်အားက ထိုးကျနေ၏။ အခုလို ထောင်ချောက်များ ပြည့်နေသောနေရာတွင် အချိန်မရွေး သေသွားနိုင်သည်။

ပို၍ဆိုးသည်မှာ သိုင်းပညာရှင်များ၊ ပိုပြီးလျှိဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံနှင့်လူများ၊ မာကျောကာ ရက်စက်သောနည်းလမ်းများကို အသုံးပြုတတ်သော မူလအမှတ်အသား ရွာသားများလည်း ရှိနေသေးသည်။ သူတို့ဟာ မည်သည့်အချိန် ရောက်လာနိုင်ကြောင်း မည်သူကမှ မသိပေ။

ထို့ကြောင့် သူတို့သည် အမြန်ဆုံးသက်သာရန် လိုအပ်သည်။ ထို့နောက် ဆက်လက်ပြီး ရှေ့ဆက်သွားရပေမည်။

အခုလိုနက်ရှိုင်းသော မြေအောက်အတွင်းတွင် စွမ်းအားများကို ပြန်လည်ဖြည့်တင်းရခြင်းက လွယ်ကူသောအနေအထားမျိုး မဟုတ်ပေ။ သို့သော် တတိယမျိုးဆက် ဆက်ခံသူ၏အကူအညီကြောင့်လည်း အလုပ်က တစ်ဝက်ခန့် ပြီးမြောက်သွားသည်။

"ဘန်း"

ဝမ်ချောင်၏ပခုံးတစ်ဖက်ပေါ်သို့ လက်ဖဝါးတစ်ဖက်က ဖိချလာပြီး မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပြီး ဝမ်ချောင်၏ကျင့်ကြံခြင်းနယ်ပယ် သွေဖယ်မှုကလည်း အရင်ဦးဆုံး ဖိနှိပ်ခံရသည်။ ထို့နောက် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးထံမှ ဆေးတစ်လုံးကြောင့် ဝမ်ချောင်သည် ဒဏ်ရာတစ်ဝက်ကျော်ကျော်ခန့် သက်သာသွားလေသည်။

သူ၏ကိုယ်ပိုင် နေရာများကို ဂရုစိုက်ပြီးသည်နှင့် ဝမ်ချောင်သည် တတိယမျိုးဆက်မှဆက်ခံသူအား မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးတို့ထံသို့ စွမ်းအင်ကို လွှဲပြောင်းပေးခိုင်းလိုက်သည်။ မူလအမှတ်အသားသိုင်း ဆက်ခံသူက သိုင်းသိမ်မွေ့ နယ်မြေသို့ ခြေလှမ်းတစ်ဝက်ခန့် ဝင်ရောက်နေပြီး ထိုကဲ့သို့သောသူမျိုးက ကူညီပေးနေသောအခါ သူတို့သုံးယောက်သည် တိုက်ရိုက်ပင် ဒဏ်ရာအများကြီး မြန်ဆန်စွာ သက်သာလာကြသည်။ အချိန်တို့အတွင်းတွင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ထရပ်လာသည်။

"ချောင်အာ....သွားရအောင်...."

အနောက်ဖက်တွင် လူများရှိသေးသည်။ သူတို့ဟာ သိပ်မကြာခင် ရတနာ၏အတွင်းပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး သူတို့က လောကကြီးနှင့်ပက်သက်တာကို မမြင်ရနိုင်ဘူး ဖြစ်သည်။ သူတို့အဖွဲ့က ရှေ့ဆက်သွားနေချိန်တွင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က သိသိသာသာပင် အနောက်ဆုံးနေရာကို ယူထားပြီး ဝမ်ချောင်၏စိတ်ထဲသို့ စိတ်စွမ်းအင်ကို ပို့လွှတ်လာသည်။

"ချောင်အာ..မင်းတွေ့လား"

ဝမ်ချောင်လည်း ဆရာဖြစ်သူ၏မေးခွန်းကို နားလည်သည်။ ထို့ကြောင့် စိတ်စွမ်းအင်ဖြင့် ပြန်ဖြေသည်။

"မတွေ့ဘူး.. သူ့ရဲ့စိတ်က အပိုင်းအစတွေ ကွဲထွက်နေတာ... ဒါတောင်မှ မူလအမှတ်အသားသိုင်းရဲ့ပထမတစ်လွှာကိုပဲ ရနိုင်ခဲ့တယ်။ ဒါပေမဲ့ အခြား မရှိတော့ဘူး"

ဒီတိုက်ပွဲတွင် ဝမ်ချောင်သည် လက်ကျန်စွမ်းအင်ဖြင့် တတိယမျိုးဆက်မှဆက်ခံသူကို ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပေ။ သူ၏စိတ်စွမ်းအင်ကို တစ်ချက်လွှဲရမ်းလိုက်ရုံနှင့် မူလအမှတ်အသားသိုင်းက ခန္ဓာကိုယ်အတွင်း မည်သို့မည်ပုံ လည်ပတ်နေကြောင်း အကြမ်းဖျင်း နားလည်လိုက်သည်။

ဝမ်ချောင်ကဲ့သို့ စိတ်စွမ်းအင်ကျင့်ကြံသူများအနေနှင့် တတိယမျိုးဆက် ဆက်ခံသူ၏ကိုယ်အတွင်းမှ စိတ်စွမ်းအင်အပိုင်းအစများက မြောက်များလှသော ရတနာကြီးဖြစ်သည်။

ဝမ်ချောင်သည် သားရဲယဥ်ပါးခြင်းသိုင်းကို သုံးလိုက်သောအခါ သူသည် အချို့သောမှတ်ညဏ်များကို ရရှိနိုင်ခဲ့သည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က လည်း မူလအမှတ်အသားသိုင်း၏ပထမတစ်ဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေကပင် မယုံနိုင်စရာကောင်းသည့်အကျိုးအမြတ်ကြီး ဖြစ်နေသည်။

1498 02

"မူလအမှတ်အသားအရှင်က တော်တော်လေးကို အနုစိတ်ကျကျ စီစဥ်နိုင်တဲ့သူမျိုး သူကလည်း ဒီလမ်းလျှောက်အလောင်းကောင်တွေကနေ မူလအမှတ်အသားသိုင်းကို အပြည့်အဝရအောင် ခွင့်ပြုပေးထားမှာ မဟုတ်ဘူး...ဒါပေမဲ့လည်း ပထမတစ်ဆင့်ကို ရောက်တာကိုက လုံလောက်နေပါပြီ...မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့ လုံလောက်ပြီမှတ်တာပါပဲ "

ဒီစကားလုံးများနှင့်အတူ မိစ္ဆာဧကရာဇ်လူကြီးမာန်က အစစ်အမှန်ရည်ရွယ်ချက်ကို ဖော်ပြသည်။

မူလအမှတ်အသားသိုင်း၏ကြောက်စရာကောင်းလွန်းသော စွမ်းအားက မှင်သက်ဖွယ်ရာပင် ဖြစ်သည်။ ဝမ်ချောင်၏ကိုယ်အတွင်းမှ ကြယ်တာယာစွမ်းအင် အမျိုးအစားတစ်ထောင်နီးပါးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သောစွမ်းအားမျိုးလည်း ဖြစ်နေသေးသည်။

"ဆရာရဲ့တပည့်က အဲဒီသိုင်းကို နားဖို့အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"

ဝမ်ချောင်က ခပ်တင်းတင်း ပြောသည်။

မူလအမှတ်အသားသိုင်း၏ပထမတစ်ဆင့်အတွက် ဂါထာကစကားလုံး ၃ထောင်ကျော်သည်။ တစ်လုံးချင်းစီတိုင်းကလည်း နက်နဲကာ သိမ်မွေ့လွန်းသည်။ သာမန်လူတစ်ယောက်ကို လုံးဝစိတ်ရှုပ်ထွေး သွားစေနိုင်သည်။ အချိန်က အကန့်အသတ်နှင့်ဖြစ်သည်၊ ထိုကြောင့် ဝမ်ချောင်သည် လည်းတတိယမျိူးဆက် ဆက်ခံသူ၏မူလအမှတ်အသားသိုင်း၏လည်ပတ်ပုံကိုသာ အဓိကထား လေ့လာလိုက်ပြီးနောက် သူ၏နားလည်မှုနှင့်ပေါင်းစပ်ကာ အတည်ပြုပြီး သူ၏တို့တက်မှုကို အဆော့တလျင် လျှင်မြန်အောင် လုပ်ရသည်။

မူလအမှတ်အသားသိုင်းကို ထိုမျှတိုတောင်းလွန်းသော ကာလမျိုးထဲတွင် နားလည်သဘောပေါက်နိုင်ခြင်းသည် မဖြစ်နိုင်ပေ။ သို့သော် ဝမ်ချောင်သည် မူလအမှတ်အသားသိုင်းမှ နားလည်သဘောပေါက်လာသော အရာကတင် သူ၏ကြယ်တာယာစွမ်းအင်များ သွေဖယ်မှုကို နှစ်သိမ့်အောင် လုပ်နိုင်နေပြီးသား ဖြစ်သည်။

မြေအောက်လောကထဲတွင် ခြေလှမ်းသံများက ဟိန်းထွက်နေသည်။ တတိယမျိုးဆက် ဆက်ခံသူက စောင့်ကြပ်ထားသော အနောက်နန်းတော်၏အနောက်ဖက်တွင် လျှောက်လမ်းအရှည်ကြီး ရှိသည်။

လျှိုဝှက်ဆန်းကြယ်သောပိရမစ်ပုံများ၊ ရှုပ်ထွေးမှုပုံများက ပြည့်နေလျက် မိုးပြာရောင်နံရံများတွင် ထွင်းထုထား၏။ ပုံရိပ်တစ်ခုချင်းစီတိုင်းက ကပ်ဘေးခေတ်ကာလမြင်ကွင်းကို ဖော်ထုတ်ပြထားသည်။ ထိုပုံရိပ်များအားလုံးက လျှိုဝှက်ဆန်းကြယ်မှုများကို ထိန်းချုပ်ထားပြန်၏။

အကျည်းတန်တိတ်ဆိတ်ဘိုးဘေးသည် မြေအောက်နန်းတော်က ရတနာသိုက်ကဲ့သို့ ရိုးရှင်းခြင်း မရှိကြောင်းသိလာသည်။

သူတို့က လျှောက်လမ်းတစ်ဝက်ခန့် သွားလာပြီးနောက်တွင် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက်ပင် အလွန်အမင်း သတိကြီးသောမျက်နှာမျိုးနှင့် ထအော်လိုက်သည်။

"သတိထား.."

"အရှေ့ကဒုတိယမျိုးဆက် ဆက်ခံသူ စောင့်ကြပ်တဲ့နေရာပဲ...ငါတို့တွေလည်း တတိယမျိုးဆက် ဆက်ခံသူရဲ့အင်အားတွေကို မြင်ခဲ့ပြီးပြီဆိုတော့ ဒုတိယမျိုးဆက် ဆက်ခံသူက ပိုပြီးအင်အားကြီးမှာ သေချာတယ်...မင်းတို့ သတိမဲ့လို့ မရဘူး"

ထိုလျှောက်လမ်းကြီးတစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်သွားသည်။ မမြင်ရသော အင်အားတစ်ခုက ပြန့်လာ၏။

"ချောင်အာ...အသင့်ပဲလား"

မိစ္ဆာဧကရာဇ်လူကြီးမာန်က ခေါင်းကိုလှည့်၍ ဝမ်ချောင်ကို ကြည့်သည်။ ထို့နောက် ဝူရှန်းရွာသူကြီးနှင့် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးတို့က အလားတူပဲ ကြည့်လာသည်။

"ချောင်အာ..."

"အွန်း"

ဝမ်ချောင်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။

1498 03

"ဝုန်း"

တစ်ခဏခန့် ကြာပြီးနောက် တတိယမျိုးဆက် ဆက်ခံသူ၏ကိုယ်ထဲမှ ကြယ်တာယာစွမ်းအင်တစ်လှိုင်းက ရွှေရောင်ထုလုံးချွန် အကာအကွယ်အလွှာကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး သူ၏ပေတစ်ဆယ်ကျော်ပတ်ပတ်လည်တစ်ခုလုံးကို ဝန်းရံကာ အလုံပိတ်လိုက်သည်။ ထိုထဲတွင် ဝမ်ချောင်တို့အဖွဲ့လည်း ပါသည်။

ထိုလေးယောက်အဖွဲ့၏အရှိန်အဝါကိုလည်း မူလအမှတ်အသားအရှင်၏စွမ်းအားများက ပိတ်လှောင်လိုက်ပြီး ပျောက်ကွယ်သွားစေသည်။

တတိယမျိုးဆက် ဆက်ခံသူ၏ မူလအမှတ်အသားသိုင်းမှ စွမ်းအားများကို အသုံးပြုခြင်းအားဖြင့် သူတို့သည်လည်း ဒုတိယမျိုးဆက် ဆက်ခံသူနဲ့ပထမမျိုးဆက်,ဆက်ခံသူတို့၏အာရုံခံနိုင်စွမ်းအားမှ ပုန်းကွယ်နိုင်သည်။ ဒါဟာသူ တို့ပြန်လည်သက်သာလာပြီးနောက် ထုတ်ထားသောအကြံ ဖြစ်သည်။ သို့သော် ဝမ်ချောင်ကိုယ်တိုက်ကပင် ထိုအကြံက အမှန်တကယ်အလုပ်ဖြစ် မဖြစ်မသေချာပါပေ။

လမ်းလျှောက်အလောင်းကောင်၏ မျိုးဆက်တစ်ဆက်ချင်းစီတိုင်းက ဟီရင်တစ်ယောက်ထက် ပိုပြီးအင်အားကြီးမားနေသည်။ တတိယမျိုးဆက် ဆက်ခံသူကပင် ထိုမျှ အင်အားကြီးမားနေလေလျှင် သူတို့သည်လည်း ပို၍အင်အားကြီးမားသော ဒုတိယအဆင့်နှင့် ပထမအဆင့်ဆက်ခံသူများကို မရင်ဆိုင်ချင်တော့ပေ။

"ဟစ်"

ဝမ်ချောင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ တတိယမျိုးဆက် ဆက်ခံသူအား သူဘေးဘက်ခြမ်းတွင် ကပ်လျှောက်ရန် အမိန့်ပေး၍ ပခုံးပေါ်သို့ လက်လှမ်းတင်လိုက်လေသည်။

မူလအမှတ်အသား ကြယ်တာယာစွမ်းအင်က သူ၏ခန္ဓာကိုယ်တည့်တည့် ဝင်ရောက်လာသည်။ တစ်မိနစ်ခန့်ကြာပြီးနောက် ဝမ်ချောင်၏မဟာယင်ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသက်သွင်း၍ မူလအမှတ်အသားကြယ်တာယာစွမ်းအမ်းများကို စုတ်ယူပြီးနောက် ခန္ဓာကိုယ်အနှံ့ ပျံ့စေသည်။ ထိုအခိုက်အတန့်တွင် အဆင့်အလွန်မြင့်မားသော မူလအမှတ်အသား ကြယ်တာယာစွန်းအင်များကသာ ဝမ်ချောင် စုပ်ယူနိုင်သည့်တစ်ခုတည်းသော ကြယ်တာယာစွမ်းအင် ဖြစ်သည်။

"ဝုန်း"

ဝမ်ချောင်က သူ၏ကိုယ်ထဲမှ မူလအမှတ်အသား ကြယ်တာယာစွမ်းအင်တစ်စိတ်တစ်ပိုင်းကိုသာ ချန်ထားရစ်ခဲ့ပြီးနောက် မဟာယင်ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးကာ အကျည်းတန်တိတ်ဆိတ်ဘိုးဘေး၊ ဝူရှန်ရွာသူကြီးနှင့် မိစ္ဆာဧကရာဇ်လူကြီးမာန်တို့၏ကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်သည်။

ထိုကြယ်တာယာစွမ်းအင်များကို ရရှိပြီးသည်နှင့် နေသုံးယောက်လုံး၏အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွား၏။

ထိုလူ၄ယောက်နှင့်သေဆုံးနေသူတစ်ယောက်တို့က...သေစေသော စွမ်းအင်များကို ပိုင်ဆိုင်ထားပုံ ပေါ်စေသည်။ အလွန်အမင်း အနီးကပ်ကြည့်ရှုမှသာ အပြောင်းအလဲကို သိနိုင်ပေလိမ့်မည်။

"သွားရအောင်"

ထိုသို့လုပ်ဆောင်ပြီးသည်နှင့်ဝမ်ချောင်သည် လမ်းလျှောက်အလောင်းကောင်ကို လမ်းကိုဦးဆောင်ေစ၍ သူနှင့်ဆရာတို့ကမူ နောက်တန်းမှ လိုက်သည်။ ထွက်သက်ဝင်သက်နှင့်စိတ်ကို တည်ငြိမ်အောင်ထား၍သတိကြီးကြီးထားကာ လှမ်းကြသည်။

ထိုလုပ်ရပ်က ဒုတိယမျိုးဆက် ဆက်ခံသူကို အရူးလုပ်နိုင်ခြင်း ရှိမရှိမည်သူကမှ မသေချာပေ။ သို့သော် သူတို့ကသာ သူ့ကို ထိုသို့မလှည့်ဖျားနိုင်ခဲ့လျင် ထွက်ပြေးနိုင်လိမ်မည်ပင် မဟုတ်ပေ။

ပေတစ်ဆယ်ကျော်ဝန်းကျင်တစ်ခုလုံးကို လျင်မြန်စွာ ကျော်ဖြတ်လာနိုင်ခဲ့သည်။ ဝမ်ချောင်၏အဖွဲ့က လျှောက်လမ်းအဆုံးသို့ ရောက်ရှိလာသောအခါ သူတို့နှလုံးသားက လည်မြိုသို့ တစ်လာ၏။

သူ့တို့အရှေ့ဘက်တွင် ပြင်းထန်သိပ်သည်းပြီး အလွန်ပင်ခမ်းနားသည့် ရှေးဟောင်းနန်းတော်ကြီးတစ်ခုက ပေါ်လာသည်။ ကြီးမားသောကျောက်တိုင်များဖြင့် ဖန်တီးထားသော ထိုရွှေရောင်တောအုပ်ကြီးက သူတို့၏မြင်ကွင်းတစ်ခုလုံးနဲ့ ပြည့်သွားသည်။

အရှေ့သို့ ဆက်လက်ကြည့်မည်ဆိုပါက မြေအောက်နန်းတော်၏မိုးပြာရောင်အမိုးထံမှ ဖောက်ဝင်လာသည့်သန့်စင်သောလရောင်သီးသန့်ကိုမြင်နိုင်မည်ဖြစ်သည်။ ကြီးမားကာ တောက်ပသည့်ပုလဲတစ်လုံးက မျက်နှာကျက်တွင် အလင်းရောင် ထုတ်ပေးရန်အတွက် ကပ်ထားသေးသည်။

မြေအောက်တွင်လည်း ကောင်းကင်အာဏာရှင်နှင့်ကွေ့ နဂါးများကဲ့သို့ အင်အားကြီးမားသောသူများကိုပင် ဝါးမြိုနေသောပုံရိပ်များကိုမြင်နိုင်သည်။

1498 04

ဝမ်ေချာင်က ရုတ်တရက် ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သိသွားသည်။

"ဒါက အနောက်ပိုင်း ဟန်ခေတ်ကလက်ရာပဲ...မူလအမှတ်အသားအရှင်ရဲ့ဒုတိယဆက်ခံသူကအနောက်ပိုင်းဟန်ခေတ်ကပဲ"

ထိုအချိန်တွင်သူတို့သည်လည်း နန်းတော်တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားသောကွဲအက်သံကို ကြားရသည်။ အားလုံးကလည်း အသံလာရာအရင်းအမြစ်ဘက်သို့ ကြည့်လိုက်ကြသည်။

နန်းတော်၏အခြားတစ်ဖက်ခြမ်းတွင် အင်ပါယာလှေကားထစ်များကို မြင်နိုင်သည်။ ထိပ်ဆုံးတွင် အဖြူရောင်ကျောက်စိမ်းသားဖြင့် လုပ်ထားသော ရှေးဟောင်းနန်းတော်ကြီး ရှိ၏။ ထိုနန်းတော်၏အထဲတွင် လိမ်တွန့်နေသော ရွှေရောင်အလင်းလုံးတစ်လုံးကို မြင်ရသည်။ ထိုအလင်းလုံးက နေမင်းအလား တောက်ပနေသည်။

ထိုရွှေရောင်အလင်းလုံးထဲတွင်လည်း ရွှေရောင်သံချပ်ကာကို ဝတ်ပြီး သိုင်းပညာအရှိန်အဝါကို လွှတ်ထုတ်ထားသော ပုံရိပ်တစ်ခုကရှိနေသည်။

သူတို့အားလုံးက ရွှေရောင်အလင်းကို ကြည့်နေစဥ် ရွှေရောင်အလင်းလုံးထဲမှ လူကလည်း လည်တိုင်ကိုစောင်း၍ သူတို့ကို ပြန်လှည့်၍ကြည့်သည်။ ထို့နောက် ထွက်လာသော ကွဲအက်သံများအရ သူ၏လည်ပင်းက လည်ထွက်သွားပုံရသည်။

"!!!"

ဖော်ပြရန်ခက်ခဲသည့်နက်နဲလွန်းသော ခံစားချက်များက သူတို့၏စိတ်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ သူတို့သည်လည်း ယခုလိုပုံစံမျိုးနှင့်အတူ ဒုတိယမြောက်ဆက်ခံသူကို တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားမိပေ။ ဒါကြောင့် နန်းတော်တစ်ခုလုံးက တိတ်ဆိတ်သွားကာ အားလုံးအသက်ရှုအောင့်ထားကြသည်။ သူတို့၏မွှေးညှင်းပေါက်များကိုပင် ချိတ်ပိတ်ထားကာ မည်သည့်စွမ်းအင်ကိုမှ ယိုမထွက်သွားအောင် ပိတ်လှောင်ထားမိစေသည်။

ဒုတိယမြောက်ဆက်ခံသူက လေထဲတွင် မြောလွင်နေသေးသည့် သူ၏အစစ်အမှန်ပုံစံကို မြင်ရသည်။ သို့သော် သူတို့ဟာ အလွန်ပင် ခမ်းနားထည်ဝါကာ သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သော ရန်သူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရမှန်း ခံစားမိနေကြသည်။

ဒုတိယမြောက်ဆက်ခံသူက လေထဲတွင် မြောလွင့်နေနိုင်ကတည်းက တတိယမြောက်ဆက်ခံသူထက် အင်အား အပြတ်အသတ် သာလွန်မှန်း ဖော်ပြထားပြီးသား ဖြစ်သည်။ ဘယ်သူကမှ နောက်ဆက်ဖြစ်လာမည့်ကိစ္စကို မသိနိုင်ကြချေ။ သို့သော် အကြံကသာ ကျရှုံးသွားခဲ့လျှင် သေချာပေါက်ကြော က်စရာကောင်းသော ထိုးနှက်ချက်နှင့်ရင်ဆိုင်ရမည်မှန်း သေချာနေသည်။

"ဝုန်း!"

တောက်ပကာ လိမ်တွန့်နေသော ရွှေရောင်အလင်းလုံးက တဖြည်းဖြည်းချင်း ဆင်းသက်လာကာ နောက်ဆုံးတွင် ကွဲထွက်သွားပြီးနောက်တွင် ရွှေရောင်သံချပ်ကာ ဝတ်ထားသောပုံရိပ်ကို ပိုင်ဆိုင်ထားသောပုဂ္ဂိုလ်တစ်ယောက်က အဖြူရောင်ကျောက်စိမ်းဖြူပုလင်းလို ထိုင်လျက်သား ပေါ်လာသည်။ သူ၏မျက်လုံးကို မှိတ်ထားသည်။ သို့သော် မျက်ခွံများက တုန်ယင်စွာပွင့်လာပြီး တောက်ပလွန်းသောအလင်းကို ထုတ်လွှတ်ထားသည်။

"ဘယ်လို့ဖြစ်နိုင်မှာလည်း.."

သူတို့သည်လည်း လမ်းလျှောက်အလောင်းကောင်က သူတို့ယခင်ကကြုံခဲ့သော ဆက်ခံသူများနှင့်ခြားနားကြော င်းသိလာသည်။ သူ၏မျက်လုံးများက အသက်မဲ့မနေချေ။ ကြယ်ရောင်တွေလို တောက်ပလွန်းနေသည်။

*သူရဲ့စိတ်အပိုင်းအစတွေ ကျန်ရစ်ခဲ့တဲ့ပမာဏက တခြားသူတွေထက် များနေတယ်...*

ထိုအတွေးက ဝမ်ချောင်၏စိတ်ထဲဝင်လာသည်နှင့် မကောင်းသောခံစားချက်မျိုးကို ရလိုက်သည်။

တတိယမျိုးဆက်ဆက်ခံသူနှင့် တိုက်ပွဲပြီးဆုံးသွားပြီးနောက် ဝမ်ချောင်သည်လည်း ထိုလမ်းလျှောက်အလောင်းကောင်များ၏လျှိုဝှက်ချက်များကို အခြေခံအားဖြင့် နားလည်လိုက်သည်။

သူတို့သည် ပြင်းထန်သောအင်အားကို ပိုင်ဆိုင်ထား၍ သေဆုံးသွားခဲ့ပုံအရ ရတနာသိုက်ကို စောင့်ကြပ်ရမည်ဆိုသောကိစ္စက သူတို့၏စိတ် တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ထို့ပြင် သူတို့၏ထိုအစိတ်အပိုင်းကိုလည်း ချိတ်ပိတ်ထားခြင်းအားဖြင့် အသက်ရှင်နေချိန်ကကဲ့သို့ စွမ်းအားကြီးမားသည့်တိုင်အောင် ရှေးကျသောစည်းတံဆိပ်ဖြင့်လည်း ပိတ်လှောင်ထားခြင်း ခံရသည်။

ထိုအပိုင်းအစအဖြစ် ပျံ့နှံ့နေသော အသိစိတ်များကြောင့်လည်း ထိုလမ်းလျှောက်အလောင်းကောင်များသည် နန်းတော်ကို လှည့်လည်သွားလာနေနိုင်ကာ လူများကိုပင် တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

သူတို့၏စိတ်က သန်မာလေလေ တုံ့ပြန်သောအချိန်နှင့် တိုက်ခိုက်နိုင်စွမ်းအားက မြင့်မားလေလေဖြစ်ပြီး ပို၍ပင်ကြောက်စရာကောင်းကာ အပြင်လောက အပြောင်းအလဲတိုင်းကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ဝမ်ချောင်၏အကြံအစည်ကလည်း တခြားသော လမ်းလျှောက်အလောင်းကောင်များနှင့် ဒီရှန်းရှအလောင်းကောင်များကို တတိယမျိုးဆက် ဆက်ခံသူနှင့် နှိုင်းယှဥ်ကြည့်ကာ စီစဥ်ထားခြင်းဖြစ်လေသည်။ သို့သော် ဒုတိယမျိုးဆက် ဆက်ခံသူ၏စိတ်က အခြားသောအလောင်းကောင်များထက် အများကြီး ကြည်လင်သန်မာနေသည်။ ဆိုလိုသည်မှာ သူတို့၏အကြံအစည်က အချိန်မရွေး ပေါ်သွားနိုင်သည်။

ထိုအကြံကလည်း သူတို့ မျှော်လင့်ထားသလောက် အလုပ်မဖြစ်လောက်တော့ပေ။

******

1499 01

အပိုင်း ၁၄၉၉

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"

အကျည်းတန်တိတ်ဆိတ်ဘိုးဘေးနှင့်ဝူရှန်းရွာသူကြီးတို့သည်လည်းအလိုလျောက်ပင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့နှလုံးသားများက တုန်ယင်နေသည်။

"ချောင်အာ မင်းဆုံးဖြတ်"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏အသံက ဝမ်ချောင်၏ စိတ်တွင် ဟိန်းထွက်လာသည်။ အကြွင်းအမဲ့ ယုံကြည်မှုနှင့် အထောက်အပံ့ပေးသည့် လေသံမျိုး ဖြစ်သည်။

"အွန်း"

ဝမ်ချောင်က တစ်ချက် အသံပေးလိုက်ရင်း ခေါင်းညိတ်သည်။ အခက်အခဲက မည်မျှကြီးမားနေစေကာမူ သူသည် အနည်းဆုံးတော့ ကြိုးစားကြည့်သင့်သည်။ ဒါဟာ တစ်ခုတည်းသော လွတ်လမ်းဖြစ်လေသည်။

ဝမ်ချောင်သည်လည်း အဆင့်လွန် အဆုံးအစမဲ့မူလအမှတ်အသားသိုင်းက သူ၏ခန္ဓာကိုယ်အတွင်းတွင် ကြီးမားသည့်ပြောင်းလဲမှုကြီး လုပ်ဆောင်ပေးထားကြောင်း ခံစားမိပြီးသားဖြစ်သည်။

ပထမအဆင့် တစ်ဆင့်တည်းကတင် သူ၏ဒဏ်ရာအခြေအနေကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ သူကသာ ထိုမူလအမှတ်အသားသိုင်းအပြည့်အစုံတစ်ခုလုံးကို ရရှိနိုင်မည်ဆိုပါက သူသည်လည်း သူ၏သိုင်းအတွင်းမှ မွေးရာပါပြစ်ချက်ကို ပြင်နိုင်ရင် ပိုမြင့်သောအဆင့်ကို ရနိုင်ပေလိမ့်မည်။

ထိုနောက် သူသည်လည်း မူလအမှတ်အသားသိုင်းနှင့်ပင်ဖြစ်စေ၊ ယှဥ်နိုင်သော သို့မဟုတ် သိုင်းအသစ်ကြီးတစ်ခုလုံးကို ဖန်တီးနိုင်ခြင်းတို့ပင် လုပ်နိုင်လောက်၏။

ဝမ်ချောင်သည် တတိယမျိုးဆက်၏ဆက်ခံသူကို ရှေ့ဆက်သွားခိုင်းလိုက်သည်။

ခွပ်!

အားလုံးကလည်း အသက်ရှုအောင့်ထားကြရင်း ခြေတစ်လှမ်း,လှမ်းလိုက်ကြသည်။ ထိုခြေထောက်တစ်ဖက်က အောက်ဖက်သို့ ကျသွားသောအခါ နန်းတော်ကြီးတစ်ခုလုံးက တုန်လှုပ်သွားပုံရသည်။ သူတို့၄ယောက်ကလည်း ကျောက်စိမ်းဖြူပလ္လင်ပေါ်မှ ဒုတိယမျိုးဆက် ဆက်ခံသူကို စောင့်ကြည့်နေကြသည်။ အနည်းငယ်သော လှုပ်ရှားမှုကိုမှ သတိမလွတ်ရဲကြပေ။

အကြံအစီကတစ်မျိုးဖြစ်ပြီး လက်တွေ့ ဖြစ်ရပ်က တစ်မျိုးဖြစ်သည်။ ပထမခြေလှမ်းသည်လည်း ထိုလမ်းလျှောက်အလောင်းကောင်က အခြားတစ်နေရာရာမှ လမ်းလျှောက်အလောင်းကောင်ကို တိုက်ခိုက်ခြင်း ရှိမရှိဆုံးဖြတ်ရန် ဖြစ်သည်။

သူတို့ကသာ ပထမတစ်လှမ်းကိုပင် မလှမ်းနိုင်လျှင်မူ တခြားသောအရာများကို

မေ့လိုက်သင့်လေသည်။

သို့သော် ထိုတစ်လှမ်းကပင် ဒုတိယမျိုးဆက် ဆက်ခံသူအား ချက်ချင်း လှည့်ကြည့်လာစေသည်။ သူတို့အားလုံးက အသက်ရှူ အောင့်ထားလိုက်ကြကာ ဝမ်ချောင်၏မျက်နှာကပင် တင်းမာသွားသည်။

ဝုန်း

ဒုတိယမျိုးဆက်ဆက်ခံသူက ခပ်မတ်မတ် ထိုင်လာသည်။ ရိုးရှင်းသောအပြုအမူကပင် ဖော်ပြရန်ခက်ခဲသော ခံစားချက်ကိုရစေသည်။

*ဘာဖြစ်တာလဲ။ လမ်းလျှောက်အလောင်းကောင်တွေက အခြားသူရဲ့နယ်မြေတွေကို ကျော်ဖြတ်ခွင့် မရှိတာလား*

ဝမ်ချောင်၏စိတ်က မုန်တိုင်း ထန်သွားသည်။ လေးလံသောအတွေးများ ပေါ်လာသည်။

"ချောင်အာ....အသင့်ပြင်ထား"

တူညီသောအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့်အကျည်းတန်တိတ်ဆိတ်ဘိုးဘေးတို့၏ကိုယ်က တင်းကြပ်သွားပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သို့သော် ထိုအချိန်တွင်ပင် ပလ္လင်ပေါ်မှ ပုံရိပ်က လှုပ်ရှားမှု ရပ်တန့်သွားသည်။ လမ်းလျှောက်အလောင်းကောင်နှစ်ကောင်က တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ နှစ်ယောက်လုံးက ရုပ်တုများအလား ဖြစ်သည်။

1499 02

လမ်းကြောင်းပေါ်မှအဖွဲ့က မှင်သက်နေကြသည်။ သို့သော် သူတို့သည်လည်း အဖြစ်အပျက်များ နားလည်ပြီးနောက် စိတ်ပြန်လည်သွားကြသည်။

လမ်းလျှောက်အလောင်းကောင် အချင်းချင်းက ကိုယ့်တာဝန်ကို ပိုင်ဆိုင်ထားကြပုံရသည်။ ယခုလို အခြေအနေမျိုးက ယခင်ကမဖြစ်ပျက်ခဲ့ဖူးချေ။ ထိုလမ်းလျှောက်အလောင်းကောင်ကလည်း အခြားသော လမ်းလျှောက်အလောင်းကောင်၏အရှိန်အဝါကို ရင်းနှီးနေပေလိမ့်မည်။

ဝမ်ချောင်က နားလည်စွာ တွေးလိုက်သည်။ သို့သော် ထိုကိစ္စက မပြီးသေးပေ။ ဝမ်ချောင်က သတိတော့ ကပ်ထားရသေးသည်။ ထိုသို့ဖြင့် အဖြစ်အပျက်က ထာဝရနီးပါး ကြာညောင်းနေခဲ့ပြီးနောက်တွင် ဒုတိယမျိုးဆက် ဆက်ခံသူက တဖြည်းဖြည်းချင်းဖြင့် အကြည့်ပြန်လွှဲသည်။ သူ၏မျက်နှာပေါ်မှအကြည့်က ငြင်သာသွားသည်။

ဝှစ်

သူတို့အဖွဲ့က စိတ်အေးသွားသည်။ ထိုတိုတောင်းသော အခိုက်အတန့်ကပင် သူတို့အတွက် အနှစ်၁၀၀ကဲ့သို့ ကြာရှည်လွန်းနေသည်။ သူတို့မျက်နှာများက ပေါ့ပါးသွားပြီးနောက်တွင် ဝမ်ချောင်က တတိယမျိုးဆက်ဆက်ခံသူကို နောက်ထပ် ခြေလှမ်းတစ်လှမ်း ဆက်လှမ်းခိုင်းသည်။

ဝုန်း

ဒုတိယမျိုးဆက်ဆက်ခံသူက ကြည့်လာပြန်သည်။ သို့သော် သူ၏အကြည့်က ငြင်သာပြီး သတိကပိုလျော့နေသည်။

"ဆရာ...စီနီယာတို့ ... ငါတို့အလှည့်ပဲ"

ဝမ်ချောင်၏အသံက စိတ်စွမ်းအင်ကိုအသုံးပြုပြီး ပို့လွှတ်လိုက်ကာ ထိုသုံးယောက်လုံး၏ခေါင်းထဲသို့ ဝင်ရောက်သွားစေ သည်။

ပထမစမ်းသပ်မှုက အောင်မြင်သွားသည်။ ယခုအခါ သူတို့သည်လည်း တတိယမျိုးဆက် ဆက်ခံသူ၏စွမ်းအင်အကွာအကွယ်လွှာကို မှိခိုပြီး ရှေ့ဆက်သွားရပေမည်။

အားလုံး၏ အသက်က မျဥ်းကြောင်းပေါ်တွင် ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း စိတ်ကိုတည်ငြိမ်စွာထားပြီး သတိကပ်ထားရသည်။ တတိယမျိုးဆက် ဆက်ခံသူက အရှေ့တွင်ဖြင်ပြီး သူတို့၄ယောက်က အနောက်ဘက်တွင် ဖြစ်သည်။ သူတို့သည် ရှေ့ဆက်သွားကြ၏။ စီစဥ်ထားသည့်အတိုင်းပဲ တတိယမျိုးဆက် ဆက်ခံသူ၏စွမ်းအင်များက သူတို့ကို ဖုံးကွယ်ထားလေရာ အာရုံအနည်းငယ်တောင်မှ ဆွဲဆောင်ထားခြင်း မရှိခဲ့ပေ။ ထိုဖြစ်စဥ်တောအတွင်း ဒုတိယမျိုးဆက်ဆက်ခံ၏သူက သူတို့ကို ကြည့်ပင်မကြည့်ပေ။

ထိုရလဒ်ကအားလုံးကို ယုံကြည်မှု မြင့်မားလာစေသည်။ ဝမ်ချောင်က နောက်ထပ် တစ်လှမ်းထပ်လှမ်းပြီးနောက်တွင် ပလ္လင်ပေါ်မှ နတ်ဘရားကဲ့သို့သောတည်ရှိမှုက သူ့ကို ကြည့်လာသည်။ သို့သော် ထိုသို့ကြည်သောအကြည့်က သူတို့ကိုမမြင်ရသလိုမျိုးသာ ဖြစ်သည်။ ဝမ်ချောင်တို့က အမှန်တကယ် မတည်ရှိသလိုမျိုး ထင်ရ၏။

"အောင်မြင်ပြီကွ"

အကျည်းတန်တိတ်ဆိတ်ဘိုးဘေး၏မျက်ခုံးက ပြေလျော့သွားသည်။ မိစ္ဆာဧကရာဇ်ကြီး၏တည်ငြိမ်သော အမူအရာသည်လည်း ပြေလျော့လာသည်။

ဝမ်ချောင်သည် တတိယမြောက်မျိုးဆက် ဆက်ခံသူကို ဖမ်းမိလိုက်ခြင်းက သူတို့၏အကြံအစည်ကို ကြိုးကိုင်နိုင်ခဲ့သည်။ သူတို့ကသာ ဒုတိယမျိုးဆက် ဆက်ခံသူကို လှည့်စားနိုင်သမျှ အလားတူသောနည်းလမ်းကိုသုံးပြီး အင်အားကြီးမားသော ဆက်ခံသူကို လှည့်စားနိုင်လေသည်။

ကြမ်းတမ်းသောတိုက်ပွဲများကိုပင် တိုက်ခိုက်ရန်ပင် မလိုအပ်တော့ပေ။ သူတို့သည်လည်း အင်အားကို ထိန်းထားနိုင်သည်။ ဒါဟာ သူတို့သည် ယခင်ကမတွေးဖူးသောအ ခြေအနေမျိုးလည်း ဖြစ်သည်။

သူတို့အဖွဲ့ကလည်း ထိုရှည်လျားသော လျှောက်လမ်းကိုကျော်ဖြတ်၍ ဒုတိယမျိုးဆက် ဆက်ခံသူက စောင့်ကြပ်နေသော နန်းတော်ထဲသို့ဝင်သည်။ သို့သော် ထိုအတွေ့အကြုံကလည်း အစစ်အမှန် အန္တရာယ်များသော အနေအထားထက်ပင် ပို၍ခြောက်လှန့်နိုင်သေးသည်။ မည်သည့်ရန်ပွဲကမှပင် မဖြစ်ခဲ့ပေ။

သူတို့သည်ခြေလှမ်းများကို လျှင်မြန်စွာ လှမ်းလိုက်ကြသည်။ သူတို့လှမ်းနေရင်းမှ လေထုက ပို၍တင်းကြပ်လာသည်။ နောက်ဆုံးအကာအကွယ်ကသာလျှင် ကျန်တော့သည်။

ဝမ်ချောင်၏အမူအရာက တည်ငြိမ်သွားရင်း ဒုတိယမျိုးဆက်ဆက်ခံသူကို ကျော်ကြည့်လိုက်သည်။

1499 03

ဒုတိယမျိုးဆက် ဆက်ခံသူ၏အနောက်ဘက် သိပ်မဝေးသောနေရာတွင် ကျဥ်းမြောင်းသောလျှောက်လ မ်းရှိသည်။ ဒါဟာ နန်းတော်ထဲမှထွက်နိုင်သော တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းထဲတွက်သာ ဝင်ရောက်လိုလျှင် ကျောက်စိမ်းဖြူကို ကျော်ဖြတ်သွားရမည်ဖြစ်သည်။ သို့သော် ကျောက်စိမ်းဖြူအရှေ့တွင် ရပ်နေသောသူက ဒုတိယမျိုးဆက်၏ဆက်ခံသူ ဖြစ်နေသည်။

သူတို့အဖွဲ့ကလည်း ဒုတိယမျိုးဆက် ဆက်ခံသူ၏သိပ်မဝေးသောနေရာတွင် ရပ်လိုက်ကြသည်။

ထိုအချိန်တွင်အဆိပ်ဘိုးဘေးကသူ၏စိတ်စွမ်းအင်ကို ဝမ်ချောင်ဆီသို့ ပို့လွှတ်ရင်း ပြောသည်။

"အရှင့်သား အကွာအဝေးက အရမ်းနီးတယ် ဒီလောက် နီးကပ်နေတဲ့ အကွာအဝေးမျိုးနဲ့ဆိုရင် မူလအမှတ်အသား ကြယ်တာယာစွမ်းအင်နဲ့ ဖုံးကွယ်ထားမှုက အများကြီးလျော့ကျသွားမှာ ကြယ်တာယာစွမ်းအင်သုံးပြီး သူ့ကို ထိန်းချုပ်လို့မရဘူးလား"

ဒုတိယမျိုးဆက် ဆက်ခံသူသည် အလွန်ပင် အင်အားကြီးမားသည်။ သူ၏ရွှေရောင်အလင်းက တတိယမျိုးဆက် ဆက်ခံသူထက် အများကြီးပို၍သန့်စင်သည်။ သူဟာ သူ၏အရှိန်အဟုန်ကိုပင် ထုတ်မသုံးရသေးပေ။ သို့သော် သူ၏အဖွဲ့ကမူ သူတို့၏ကျောရိုးသို့ ဓါးမြောင်တစ်လက်ဖြင့် ဖိထားသလိုမျိုး ခံစားနေရခြင်းသာ ဖြစ်သည်။

ပို၍ဆိုးသည်မှာ တတိယမျိုးဆက် ဆက်ခံသူ၏အရှိန်အလျင်က ရှိခဲ့သောကြောင့် ဒုတိယမျိုးဆက် ဆက်ခံသူကို ထိန်းချုပ်နိုင်လိမ့်မည်ဟု တွေးနေ သည်။

သိမ်မွေ့နယ်မြေအဆင့်မှ ဒုတိယမျိုးဆက် ဆက်ခံသူနှင့်သိမ်မွေ့ နယ်မြေသို့ တစ်ပိုင်းဝင်ရောက်နေသော တတိယမျိုးဆက် ဆက်ခံသူတို့နှင့်သာဆိုလျှင် သူတို့သည်လည်း ဒီမြေအောက်နန်းတော်တွင် ဘာကိုမှကြောက်ရွံ့နေရန် မလိုတော့ပေ။ အနည်းဆုံး သူတို့ကို ခြိမ်းခြောက်နေသောအရာများက နည်းပါးသွားပေလိမ့်မည်။

"မရဘူး"

ဝမ်ချောင်က ခေါင်းခါသည်။

"ဒီမူလအမှတ်အသားသိုင်းရဲ့ တိုက်ရိုက်ဆက်ခံသူတွေက သေဆုံးပြီးခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ သူတို့ရဲ့ စိတ်စွမ်းအင်ကအကြီးမားဆုံး အားနည်းချက်ပဲ။ ဒါပေမဲ့ အဲဒီအကြောင်းပြချက်ကြောင့်ပဲ အဲဒီစိတ်စွမ်းအင်ရဲ့တိုက်ကွက်တွေကို အထပ်ထပ် ကာကွယ်ထားကြတယ်။ သူကသာ စိတ်စွမ်းအင်တိုက်ကွက်တစ်ကွက်ကို လက်ခံရရှိသွားမယ်ဆို ချက်ချင်းပြန်တိုက်ခိုက်မှာပဲ။ ဒါဆိုရင် ငါတို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့လုပ်ထားသမျှ အရာအားလုံးက အလကားဖြစ်သွားပြီ"

"နောက်ပြီး ငါက တတိယမျိုးဆက် ဆက်ခံသူကို ထိန်းချုပ်နိုင်တယ်ဆိုတာကလည်း ဟာကွက်အဖြစ် ပွင့်နေတဲ့သူ့ရဲ့ ဒဏ်ရာတစ်ခု ရှိနေလို့ပဲ။ ဒါပေမဲ့ ငါ တစ်ချိန်လုံးကြည့်နေတာ၊ ဒီဒုတိယမျိုးဆက် ဆက်ခံသူရဲ့ကိုယ်က ဘယ်လိုခြစ်ရာ တစ်ခုမှမရှိနေခဲ့ဘူး။ သူ့ရဲ့သံချပ်ကာတောင်မှ အကောင်းဆုံးအခြေအနေမှာ ရှိတယ်။ ငါ့ရဲ့စိတ်စွမ်းအင်ကလည်း သူ့ရဲ့ကိုယ်ထဲကိုဝင်ပြီး ထိန်းချုပ်ဖို့ နည်းလမ်းကို မရှိဘူး"

စိတ်စွမ်းအင်တိုက်ပွဲသည် ပို၍အန္တရာယ်များပြီး အခြားသောသူများ မျှော်လင့်ထားနိုင်ခြင်းပင် မရှိလောက်အောင် ခက်ခဲသည်။ ဝမ်ချောင်ကသာ တတိယမျိုးဆက် ဆက်ခံသူ၏ခုခံမှုကို မထိုးဖောက်နိုင်ခဲ့လျှင် သူကသာ အသတ်ခံရပေလိမ့်မည်။ အကျည်းတန်တိတ်ဆိတ်ဘိုးဘေးသည်လည်း နှစ်သက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ပြင်းထန်သောစိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ သို့သော် သူဟာ သိုင်းပညာရှင်သီးသန့်သာ ဖြစ်သည်။

အစစ်အမှန်စိတ်စွမ်းအင်ကျင့်ကြံသူမျိုးပင် မဟုတ်ပေ၊ ထို့ကြောင့် သူသည်လည်း ထိုနယ်မြေအတွင်းက တိုက်ပွဲက မည်မျှအန္တရာယ်များကြောင်း မသိလောက်ပေ။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန် ကဝင်ပြောသည်။

"ချောင်အာ တစ်လှမ်းချင်းစီ တစ်ယောက်ချင်းစီ သွားရအောင် ဖြည်းဖြည်းချင်း သွားတာပေါ့ ဒုတိယမျိုးဆက် ဆက်ခံသူ၏အာရုံကို မဆွဲဆောင်မိအောင် တတ်နိုင်သမျှ ကြိုးစားရမယ်"

အားလုံးက တစ်ပြိုင်တည်းလိုလို ခေါင်းညိတ်လိုက်ကြသည်။ တတိယမြောက်ဆက်ခံသူက လမ်းကြောင်း ဦးဆောင်သည်။ ဝူရှန်းရွာသူကြီးက ဒုတိယနေရာမှ လိုက်၏။ အကျည်းတန်တိတ်ဆိတ်ဘိုးဘေးက တတိယဖြစ်ပြီး ဝမ်ချောင်က နောက်ဆုံးမှ ဖြစ်သည်။ မိစ္ဆာကရာဇ်လူအိုကြီးမာန်က သူ၏နောက်တွင် ဖြစ်သည်။

သူတို့အဖွဲ့က ဒုတိယမျိုးဆက် ဆက်ခံသူနဲ့ နီးကပ်သွားပြီး ဒုတိယမျိုးဆက်ဆက်ခံသူသည် တစ်စုံတစ်ရာကို ခံစားမိပုံရပြီး လှည့်ကြည့်လာသည်။ သို့သော် နောက်ဆုတ်၍လည်း မရတော့ချေ။ ထို့ကြောင့် လေထုက ပို၍ပင် တင်းကြပ်နေကြသည်။

1499 04

တတိယမျိုးဆက် ဆက်ခံသူက ကျောက်စိမ်းဖြူနားသို့ ရောက်သွားပြီဖြစ်သည်။ ဒုတိယမျိုးဆက် ဆက်ခံသူသည်လည်း သတိထားမိသည်။ ထို့ကြောင့် တတိယမျိုးဆက် ဆက်ခံသူက စိတ်ရှုပ်ထွေးမှုကို ကျန်နေခဲ့စေသည်။ ထိုအခြေအနေကပင် အားလုံး၏နှလုံးသားများကို ခုန်လှုပ်စေသည်။

" ဆက်သွားရမယ်"

လူတိုင်း၏စိတ်ထဲတွင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏အသံက ပေါ်ထွက်လာသည်။ ဒုတိယမျိုးဆက် ဆက်ခံသူက မတူညီသောအကြည့်မျိုးဖြင့်သာ ကြည့်ကာ သူသည် ဘာကိုမှ မလုပ်သေးပေ။ ဒါဟာ သူတို့၏အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။ သို့ပေသိ သူတို့ကသာ ဒီတောင်ကို ကျော်ဖြတ်သွားနိုင်သမျှ တိုက်ခိုက်ရန် မလိုအပ်ခဲ့လျှင် သူတို့သည် လက်လျော့လိမ့်မည် မဟုတ်ပေ။

ထို့နောက် ဝူရှန်းရွာသူကြီး၏အလှည့် ဖြစ်သည်။

သူဟာ အဖြူရောင်တောင်ဝှေးကို ကိုင်ပြီး တည်ငြိမ်စွာ ကျော်ဖြတ်လျှောက်ပြီး ကျောက်စိမ်းပလ္လင်ဆီ သွား၏။

တခြားသောသူများကလည်း အသက်ရှူအောင့်ထားကြသည်။ လှုပ်ရှားမှုအနည်းငယ်ကပင် ဒုတိယမျိုးဆက် ဆက်ခံသူကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်နေသည်။

တစ်လှမ်း....နှစ်လှမ်း....သုံးလှမ်း.....

သူတို့တစ်ယောက်ချင်းစီတိုင်း၏စောင့်ကြည့်မှုအောက်တွင် ဝူရှန်းရွာသူကြီး၏ခြေလှမ်းများကို ရေတွက်နေကြသည်။ တစ်မိနစ်လုံး ထိုမျှ တိုတောင်းသောကာလကို မိနစ်အနည်းငယ်ပင် ကြာသေးသည်။ နောက်ဆုံးတွင် ဝူရှန်းရွာသူကြီးက ပလ္လင်နားသို့ ရောက်သွားပြီးနောက် အားလုံးက အသက်ရှူထုတ်လိုက်ကြ၏။

ဝူရှန်းရွာသူကြီး၏လမ်းကို ဦးဆောင်မှုနှင့် တခြားသူများကလည်း လမ်းကို ဆက်လျှောက်ကြသည်။ အကျည်းတန်တိတ်ဆိတ်ဘိုးဘေး၊ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့က ထိုဖြစ်စဥ်ကို ကျော်ဖြတ်သည်။ သူတို့ဟာ ရေခဲအလွှာပါးပါးလေးပေါ် လမ်းလျှောက်နေရသလိုမျိုး ခံစားနေကြရလေသည်။

အနည်းဆုံးမိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် ပလ္လင်နားသို့ ရောက်သွားပြီဖြစ်သည်။

သူတို့၄ယောက်က ပလ္လင်နားတွင် ကပ်လျက် ရပ်နေကြသည်။ သူတို့၏စိတ်က တင်းကြပ်နေကြသည်။ ယခုအခါ သူတို့သည် ဒုတိယဆက်ခံသူနှင့်တစ်မီတာတွင် မဝေးတော့ပေ။ ဝမ်ချောင်သည်လည်း ဒုတိယမျိုးဆက် ဆက်ခံသူ၏ထူထဲသော အနက်ရောင်မျက်ခုံး၊ အသားအရည်ပေါ်မှ သွေးကြော၊ နားရွက်ပေါ်ကျနေသော ကောင်းမွန်သောဆံပင်များနှင့် သံချပ်ကာပေါ်မှ ရိုးရှင်းသော ထွင်းထုပုံများကိုပင် မြင်နိုင်လေသည်။

ဝမ်ချောင်က ကြည့်နေချိန်တွင် ဒုတိယမြောက်ဆက်ခံသူ၏မျက်လုံးက မှေးကျဥ်းစွာဖြင့် သူ့ကို လှည့်ကြည့်လာကြောင်း မြင်လိုက်ရသည်။

******

1500 01

အပိုင်း ၁၅၀၀

ထိုနေရာက တိတ်ဆိတ်လွန်းနေကာ ပင်အပ်ကျသံကိုပင် ကြားရသည်။ လေထုကပင် တင်းအား ကြောင့် တောင့်တင်း,တင်းကြပ်လာနေပြီး အရှိန်အဝါများက သေဆုံးခြင်းရနံ့ကိုပင် သိပ်သည်းစွာ ရနေစေသည်။

ဒုတိယမျိုးဆက် ဆက်ခံသူ၏အနီးနားတွင် နေရခြင်းဟာ သူတို့၏ခေါင်းအထက်တွင် ဓါးပေါင်းများစွာကို အောက်ဖက်သို့ဦးစိုက်၍ ချထားသလို အချိန်မရွေး ပြုတ်ကျလာသလိုမျိုး ခံစားရစေသည်။

ပင်လယ်ပတ်ပတ်လည်မှ နက်နဲသောတည်ညိမ်နေသည့် လေထုအခြေအနေကို ဆက်လက်ထိန်းသိမ်းထားသည်။ ဘယ်သူကမှလည်း သတိလက်လွတ် လှုပ်ရှားမှုများ မလုပ်ကြချေ။ ဒုတိယဆက်ခံသူသည်လည်း မလှုပ်ရှားသေးပေ။ သူသည်လည်း ဝမ်ချောင်တို့၏အဖွဲ့ကိုသာ တစ်နည်းအားဖြင့် စောင့်ကြည့်နေသည်။ သို့သော် ဘာကိုမှ မလှုပ်ရှားလာပေ။ သို့တိုင်အောင်ထို အဖွဲ့က မည်သည်မှ မပေါ့ဆရဲပေ။

"ချောင်အာ...မြန်မြန်သွားရအောင်..."

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကတိုက်တွန်းနေသည်။

ဒီလိုနေရာမျိုးတွင် ထိုအတိုင်း ရပ်နေခြင်း ကမီးပြင်းဖိုထဲတွင် ရပ်နေသလိုမျိုး အန္တရာယ်များလွန်းသည်။ သူတို့ ပထမဦးဆုံးလုပ်ရမည့် အရေးကြီးဆုံးကိစ္စက ဒီနေရာမှ အမြန်ဆုံးထွက်သွားကာ တခြားသောလမ်းကြောင်းသို့ ဝင်ရောက်ရန်ဖြစ်သည်။

ဝူရှန်းရွာသူကြီးသည် အရင်ဦးဆုံးလှုပ်ရှားသည်။ ထို့နောက် အကျည်းတန်တိတ်ဆိတ်ဘိုးဘေးနှင့်ဝမ်ချောင်တို့ ဖြစ်သည်။ အစဥ်က နဂိုအတိုင်း ဖြစ်သည်။ သို့သော် တတိယမြောက်ဆက်ခံသူကမူ ယခုအခါဒုတိယမျိုးဆက် ဆက်ခံသူ၏တိုက်ကွက်တိုင်းကို စောင့်ကြပ်ရန်အလို့ငှာ နောက်ဆုံးတွင် ရပ်၍ကျန်နေခဲ့သည်။

အားလုံးက တိတ်တဆိတ် ရွေ့လျားနေကြပြီး လုံခြုံမှုရှိသောနေရာသို့ သတိထားပြီး သွားနေကြသည်။

ထိုအတွေ့အကြုံက အန္တရာယ်များသည်ထက် ပို၍ကြောက်စရာကောင်းလေသည်။ တစ်ခုတည်းသောအရာကမူ ဒုတိယမျိုးဆက်,ဆက်ခံသူက သူတို့ကိုသာ တစ်ချက်ကြည့်ရုံသာ ကြည့်လာသည်။

အကျည်းတန်တိတ်ဆိတ်ဘိုးဘေးကမူ လုံခြုံသည့်နေရာသို့ လမ်းတစ်ဝက်ခန့်သာ သွားရသေးသည်။

"ဂျိမ်း"

မည်သည့်သတိပေးချက် အလျင်းမရှိသေးဘဲ ထိုနန်းတောင်ကြီးတစ်ခုလုံးနှင့် ကျောက်ရိုင်းသွေးကြောကြီး တစ်ခုလုံးမှက ပြင်းထန်စွာ တုန်ခါသွားသည်မှာ ကြီးမားကာ မမြင်ရသည့်လက်တစ်ဖက်က သွေးကြောကို လာရောက်ကာ လှုပ်ကိုင်လိုက်သည်နှင့်တူသည်။ ထိုမျှပင်မကသေးပေ၊ သူတို့အားလုံးသည်လည်း အချို့သောကြီးမားသည့် စက်ကြီးများ၏ကျယ်လောင်သည့်အသံကို ကြားရသည်။

"ဒါက မူလအမှတ်အသားရွာသားတွေပဲ..."

ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။ သူသည်လည်း ထိုအတွေးကို ရလိုက်သည်။

သူသည်လည်း ထိုသို့ပြင်းထန်သော တုန်ခါမှုနှင့်အသံများကိုပင် မစိမ်းသက်တော့ပေ။ သူသည်လည်း မြေအောက်မြစ်ထဲသို့ အနည်းဆုံး၃ကြိမ်မက ကျခဲ့ဖူးသည်။ မူလအမှတ်အသားရွာသားများသည်လည်း ကြီးမားသောစက်ကြီးများကို သုံးပြီး အနက်ရောင်ဝတ်စုံနှင့်လူများကို တိုက်ခိုက်ခဲ့ဖူးလေသည်။

ဝမ်ချောင်သည် မြေအောက်မြစ်ထဲတွင် ရှိနေခဲ့စဥ်အခါက အထိတ်တလန့်မှုကိုပင် မခံစားခဲ့ရဖူးပေ။ သို့သော် ယခုမူ မကောင်းသောခံစားချက်ကိုပင် ရနေပြီဖြစ်သည်။

"!သတိထား..."

ဝမ်ချောင်၏စိတ်အတွင်းထဲမှ အလန့်တကြားအော်သံက ပေါက်ကွဲလာသည်။

" ကျောက်တုံးတွေ ကျလာပြီ ..."

ကျယ်လောင်စွာဟိန်းဟောက်လာသည့်အသံကို စတင်ကာကြားလိုက်ရသည်။ သူတို့အဖွဲ့က မော့ကြည့်လိုက်သောအခါ မျက်နှာကျက်ထံမှ ပြေလျော့နေသော ကျောက်သားတုံးများက တုန်ခါနေကြောင်း မြင်ရသည်။ အမျိုးမျိုးသော အရွယ်အစားခန့်ရှိသော မညီညာသည့်ထိုကျောက်တုံး အတုံးလေးဆယ်ကျော်ခန့်က ယခုအခါ လှေကားထစ်များ၏ထိပ်တွင်ရှိသော စင်မြင့်ထံသို့ ဆင်းသက်လာနေသည်။

ထိုထဲမှ တစ်တုံးဆိုလျှင် မီတာ၂၀ကျော်ခန့်အချင်းရှိပြီး အလေးချိန်အားဖြင့် ကျင်း၆ထောင်မှ၇ထောင်ခန့်အထိရှိနိုင်သည်။ သေးငယ်သော ကျောက်တုံးများနှင့်အတူ မျက်နှာကျက်ကို ကျိုးပဲ့သွားစေပြီးနောက် အကျည်းတန်တိတ်ဆိတ်ဘိုးဘေး၊ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမန်တို့ဆီသို့ လာနေသည်။

1500 02

အားလုံး၏မျက်နှာက ဖျော့တော့သွားသည်။

မည်သူကမျှ ထိုအပြောင်းအလဲကို ထင်မထားကြပေ။ ထိုအခြေအနေက ရုတ်တရက်ဆန်ပြီး ပြန်လည်ရင်ဆိုင်ရန်ပင် မဖြစ်နိုင်ပေ။

"ဘန်း"

ထို့နောက် ချက်ချင်းဆိုသလို အကျည်းတန်တိတ်ဆိတ်ဘိုးဘေးက လက်ဝါးတစ်ဖက်ကိုမြှောက်ပြီး ကျောက်သားကိုလှမ်းတားလိုက်သည်။ သိုင်းပညာရှင်တစ်ယောက်က သူတို့၏စွမ်းအားကို အသုံးမပြုလျှင် ထိုကဲ့သို့သောကြီးမားသည့် ကျောက်တုံးအောက်ဖက်တွင် ကြေမွသွားနိုင်သည့် သာမန်လူတစ်ယောက် ဖြစ်နိုင်စေသည်။

သိုသော် သူက မတိုက်ခိုက်နိုင်သေးခင်တွင် ရွှေရောင်အလင်းတန်းက ဖြာထွက်လာသည်။ ရုတ်တရက် လက်ဝါးတစ်ဖက်က မြောက်တက်လာပြီး ထိုကျလာသော ကျောက်တုံးကို ကွဲကြေသွားစေသည်။

ဝမ်ချောင်က တတိယမျိုးဆက်,ဆက်ခံသူကိုထိန်းချုပ်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ တတိယမျိုးဆက်,ဆက်ခံသူက တိုက်ခိုက်မှုက အကျည်းတန်တိတ်ဆိတ်ဘိုးဘေးထက် အများကြီးသာသည်။

"ချောင်အာ...."

ဝမ်ချောင်၏အနောက်ဘက်မှ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ နှုတ်ခမ်းက တုန်သွားကာ သူသည် တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း နောက်ကျသွားသည်။

ဘန်း!

ကျောက်တုံးက ကွဲကြေသွားပြီးနောက် အစွမ်းများက လှုပ်ခတ်လာကာ ထိုနေရာတစ်ခုလုံးကို လင်းထင်းသွားစေသည်။ ထိုစွမ်းအင်ထဲတွင် ပြင်းထန်သိပ်သည်းသော ဖိအားကို သယ်ဆောင်ထားပြီး နန်းတော်တစ်ခုလုံးကို ပျံ့နှံ့ သွားစေသည်။

သူတို့၄ယောက်၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်နှာများကသွေးများ ခြောက်ကပ်သွားသည်။ သူတို့အားလုံး၏ကြောက်ရွံ့မှုက ဖြစ်လာလေပြီ။ ကျောက်ရိုင်းသွေးကြောက တုန်ခါသွားချိန် ကျောက်တုံးများ ကျဆင်းလာပြီး တတိယမျိုးဆက်,ဆက်ခံသူက လှုပ်ရှားမှုများကပလ္လင်ပေါ်ရှိ ဒုတိယမျိုးဆက်,ဆက်ခံသူကို အလန်တကြား ဖြစ်သွာစေသည်။

ခရက်! ခရက်!

ဒုတိယမျိုးဆက်,ဆက်ခံသူက တစ်ဖက်သို့လှည့်လာချိန်တွင် အရိုးများမှခပ်အုပ်အုပ်သံမျိုးကို ကြားရလေသည်။ သူ၏မှေးမှိန်သောမျက်လုံးက ရုတ်တရက် တောက်ပလင်းလက်လာ၍ ဝမ်ချောင်တို့အဖွဲ့ကို ကြည်လာသည်။

တတိမျိုးဆက်,ဆက်ခံသူ၏ လက်က အလင်းများဖြင့် တောက်ပလာသည်။ ရွှေရောင်မီးတောက်များကလည်း တစ်ပေခန့်ရှည်နေခဲ့ရာမှ ပေတစ်ဆယ်ကျော်ထိ ရှည်သွားသည်။ ထိုနေရာရှိလေထုကိုယ်တိုင်ကပင် စတင်ကာတွန့်လိမ်ရှုံ့တွလာသည်။ ဒုတိယမျိုးဆက်,ဆက်ခံသူ၏ပုံရိပ်ကို မမြင်နိုင်အောင် ဖြစ်သွားစေပြန်၏။

သူ၏စွမ်းအင်ကလည်း တတိယမျိုးဆက် ဆက်ခံသူထက်သာလွန်ပြီး သိမ်မွေ့နယ်မြေသို့ ရောက်ရှိနေပြီးသားဖြစ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ သူ၏အနောက်ဘက်တွင် မူလအမှတ်သားသိုင်းဖြင့် ပုံဖော်ထားသောကောင်းကင်ဘုံ နန်းတော်ကြီးက ပေါ်လာသည်...သို့သော် ဒုတိယမျိုးဆက်ဆက်ခံသူ၏ ကောင်းကင်ဘုံနန်းတော်က ပို၍ကျယ်ပြန့်ကာ ပို၍ခမ်းနားလေသည်။ ထိပ်ဆုံးက နန်းတော်၏မျက်နှာကျက်ထဲသို့ ရောက်ရှိကာ ပျောက်ကွယ်နေတာကြောင့် အလွှာမည်မျှရှိကြော င်းခွဲခြားရန်ခက်ခဲသည်။

"ချွင် ချွင် ချွင် "

ထိုနန်းတော်ကြီးပေါ်လာသည်နှင့် ဒုတိယမျိုးဆက်,ဆက်ခံသူ၏ ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းများက ပြောင်းလဲသွားကာ မရေမတွက်နိုင်သော သံလိုက်အိမ်မြောင်များအဖြစ် ပြောင်းလဲ၍ ကြီးမားသောဝင်္ကမ္ဘာကြီးကို ဖွဲ့စည်းလိုက်သည်။ တတိယမျိုးဆက် ဆက်ခံသူ၏ခံတပ်ထက်ပင် ပို၍သန်မာသေးသည်။

တတိယမျိုးဆက် ဆက်ခံသူ၏ရွှေရောင်ခံတပ်ကြီးကလည်း ခမ်းနားထည်ဝါပြီး အနုစိပ်ကျစွာ ပေါ်ထွက်လာသည်။ သို့သော် ဒုတိယမျိုးဆက် ဆက်ခံသူနဲ့နှိုင်းယှဥ်သော် ... ကြယ်တာယာစွမ်းအင်များကို ကျော်လွန်သည်အထိ ပို၍ပင်ခိုင်မာလွန်းနေသည့် သတ္ထုသားဖြင့် ဖန်တီးထားသည်ဟုပင် ထင်ရသည်။ ထိုအချက်တစ်ခုတည်းကပင် ဒုတိယမျိုးဆက်,ဆက်ခံသူက တတိယမျိုးဆက်,ဆက်ခံသူထက်သန်မာကြောင်း မြင်နိုင်စေသည်။

1500 03

တိတ်ဆိတ်....

အကြွင်းမဲ့ တိတ်ဆိတ်သွားသည်။

လူတိုင်းသည်လည်း ပြင်းထန်သည့်အန္တရာယ်ကို ခံစားမိသည်။

ခက်ခဲတော့မယ်။

ဝမ်ချောင်၏မျက်ခုံးက တွန့်သွားသည်။ မျက်နှာကျက်ပေါ်မှ ကျောက်သားများ လိမ့်ဆင်းကျလာသည်။ သို့သော် မည်သူကမှ မည်သူ့ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ရုတ်တရက်ဖြစ်လာသော ဒုတိယမျိုးဆက်ဆက်ခံသူ၏ ရုတ်တရက်လှုပ်ရှားမှုတစ်ခုတည်းကပင် အန္တရာယ်အများဆုံး တည်ရှိမှုမျိုး ဖြစ်နေလေသည်။ သူ၏ ကြောက်စရာကောင်းသော ခွန်အားများကလည်း သူတို့၏သွေးများပင် ခဲသွားစေပြီး အသက်ရှူနှုန်းကို ရပ်တန့်လုနီးပါး ဖြစ်သွားစေသည်။

ရုတ်တရက် ကျလာသောကျောက်တုံးက သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။

ဒုတတိယမျိုးဆက် ဆက်ခံသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူက ခြေတစ်ချက်ဆောင့်ရုံနှင့် ပလ္လင်ပေါ်မှဆင်းလာပြီးနောက် အဖွဲ့ထံ ဆက်လျှောက်လာသည်။ ခြေတစ်လှမ်းကတင် ကျင်း၁သောင်း အလေးချိန်ရှိပုံရပြီး ခန်းမတစ်ခုလုံးကိုပင် လှုပ်ခါနေစေသည်။

သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သည်။

ရွှင်!

၄ပေခန့်ရှည်ပြီး အနောက်ပိုင်းဟန်မင်းဆက်ပုံစံများ ပြည့်နှက်နေသော ရှေးဟောင်းဓါးတစ်လက်က ထိုမျက်နှာကျက်ထဲတွင် ချိုင့်ဝင်နေခဲ့ရာမှ အောက်ဘက်သို့ ဆင်းသက်လာသည်။ ဓါးက ဆင်းသက်လာသည်နှင့်အမျှ ရုတ်တရက် ဒုတိယမျိုးဆက် ဆက်ခံသူ၏ လက်ထဲသို့ အရှိန်မြှင့်ကာ ရောက်လာသည်။

သူဟာ ရုတ်တရက်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါဟာ သူ့ရဲ့လက်နက်ပဲ"

ဝမ်ချောင်က ချက်ချင်းဆိုသလို နားလည်သွားသည်။

မူလအမှတ်အသားဆက်ခံသူ၏အနောက်ဖက်တွင် ပေါ်လာသော သောကောင်းကင်ဘုံနန်းတော်ကြီးက လက်နက်များအသွင် ပြောင်းလဲသွားသည်။ ဒုတိယမျိုးဆက်ဆက်ခံသူ၏ ကောင်းကင်ဘုံသည် အင်အားကြီးမားသော ရွှေရောင်လှံရှည်အဖြစ် ပြောင်းလဲနိုင်သည်။

သို့သော် ဒုတိယမျိုးဆက်၏ဆက်ခံသူကမူထို ကောင်းကင်ဘုံကို အသုံးမပြုခဲ့ချေ။ ထို့အစား သူသည် ၄ပေရှည်သောဓါးကိုသာ အသုံးပြုခဲ့သည်။ ထိုအချက်ကပင် ဝမ်ချောင့်အား ပို၍များပြားသည့် အန္တရာယ် ခံစားမိစေသည်။

ဒုတိယမျိုးဆက်,ဆက်ခံသူကသာ အနောက်ဘက်ကောင်းကင်ဘုံကို မသုံးဘဲ ဓါးကို အသုံးပြုမည်ဆိုလျှင် ဆိုလိုသည်မှာ သူသည်လည်း ထိုကောင်းကင်ဘုံလက်နက်ဆိုသည်ထက် ပို၍ပင် ကြောက်စရာကောင်းစေမည့် ဓါးသိုင်းမျိုးကို ကျွမ်းကျင်ထားကြောင်း ဖော်ပြနိုင်သည်။

ဒုတိယမျိုးဆက် ဆက်ခံသူက ထိုဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ရှေ့တက်လာကာ သူသည် တိုက်ခိုက်တော့မည် ဖြစ်သည်။ ဝမ်ချောင်၏စိတ် ကတင်းကြပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ကြယ်တာယာစွမ်းအင်ကလည်း အချိန်မရွေး ပြန်လည်ရင်ဆိုင်နိုင်ရန်အလို့ငှာ လျင်မြန်စွာ လည်ပတ်လာ၏။

သို့သော် သူတို့၄ယောက်နှင့်တတိယမျိုးဆက် ဆက်ခံသူတို့ ပေါင်းလိုက်မည်ဆိုလျှင်ပင် ဒုတိယမျိုးဆက် ဆက်ခံသူကို သူတို့ မယှဥ်နိုင်လောက်သေးပေ။

ထိုတင်းအားက ပြင်းထန်သိပ်သည်းလွန်းသဖြင့် ဓါးတစ်လက်ဖြင့် ခုတ်ဖြတ်လို့ရနိုင်သည်။

ဝူရှန်းရွာသူကြီး၊ အကျည်းတန်တိတ်ဆိတ်ဘိုးဘေးနှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကလည်း လေးကြိုးတစ်ချောင်းကဲ့သို့ တောင့်တင်းနေကြသည်။ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ထားကြသည်။

ဘန်း!

နောက်ထပ်ပေါက်ကွဲမှုက ဖြစ်လာသည်။ ဓါးကိုဆင့်ခေါ် ပြီးနောက် ဒုတိယမျိုးဆက် ဆက်ခံသူက အရှေ့ဘကက်သို့လွှဲရမ်းလိုက်ပြီး သူတို့ဆီသို့ ရွယ်လာသည်။ ယခုအခါ သူ့တွင် ယခုအခါ ဓါးရှိနေပြီဖြစ်သည်။ စွမ်းအင်များကလည်း ထက်ရှလွန်းနေပြီး ပို၍ပင်ကြောက်စရာကောင်းနေသည်။ ထိုအချိန်တွင် အနီးဆုံးဖြစ်သောဝမ်ချောင်က ဒုတိယမျိုးဆက် ဆက်ခံသူ ကိုပထမဦးဆုံးရင်ဆိုင်ရမည့် သူဖြစ်သည်။ သူတို့နှစ်ယောက်သည်၃ပေပင် မဝေးတော့ပေ။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းကလည်း ဒီရေအလား သူတို့၏အဖွဲ့ကို ဖိနှိပ်လာသည်။

1500 04

ဝမ်ချောင်သည် တတိယမျိုးဆက်ဆက်ခံသူကို ထိန်းချုပ်နိုင်ခဲ့သော တစ်ဦးသူဖြစ်သည်။ သူ၏မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များကို အကန့်အသတ်သို့ ပို့လွှတ်၍ ဒုတိယမျိုးဆက် ဆက်ခံသူ၏စွမ်းအားကို ထိန်းနိုင်ရန်ကြိုးစားသည်။

ဒုတိယမျိုးဆက်ဆက်ခံသူ၏ ကြယ်တာယာစွမ်းအင်က သူတို့ကိုယ်ပေါ် လွှမ်းခြုံလာသောအခိုက်အတန့်တွင် သူတို့အဖွဲ့က ပေါ်သွားပြီဖြစ်သည်။

အကျည်းတန်တိတ်ဆိတ်ဘိုးဘေးကလည်း အံကိုကြိတ်ထားပြီး သူ၏ကြယ်တာယာစွမ်းအင်များကို တခြားတစ်ယောက်၏စိတ်ထဲသို့ပို့ကာ ပြောသည်။

"တိုက်ခိုက်မှုကို အသင့်ပြင်ထား....တိုက်ပွဲကို ရှောင်လို့မရလောက်တော့ဘူး...."

ဒုတိယမျိုးဆက် ဆက်ခံသူသည် သူတို့ကို တစ်ဖက်သတ် ဖိနှိပ်နိုင်ခဲ့ပြီးသားဖြစ်သည်။ အကျည်းတန် အဆိပ်ဘိုးဘေးသည်လည်း ဒုတိယမျိုးဆက် ဆက်ခံသူက ပို၍ပင် အသက်ကြီးကာ ပို၍ပင်တွေ့အကြုံကြွယ်ဝသည့်အလျောက် မည်မျှလုပ်နိုင်သည်ဖြစ်ကြောင်း တွေးပင်မတွေးရဲပေ။ သို့သော် အခြားနည်းလမ်း ရွေးချယ်စရာလည်း မရှိတော့ပေ။

"နေဦး....အခုက တိုက်ခိုက်ဖို့ အချိန်မကျသေးဘူး"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ရုတ်တရက် ပြောသည်။ ရုတ်တရက်သူ၏ မျက်လုံးထဲမှအကြည့်က နက်နဲကာတင်းမာ၍ ဝမ်ချောင်ကိုပြောသည်။

"ဒုတိယမျိုးဆက်ဆက်ခံသူကသာ ငါတို့ကို အာရုံခံမိရင် တိုက်ခိုက်ပြီးတာ ကြာပြီ သူလည်း မသေချာသေးလို့ စစ်ဆေးဖို့ကြိုးစားနေရုံပဲ။ နောက်ဆုံးသော အချိန်အခိုက်အတန့် မရောက်ခင်အထိ မတိုက်ခိုက်နဲ့ "

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏စကားကို ကြားသောအခါ အဖွဲ့က တိတ်ဆိတ်သွားသည်။

All Chapters