← Chapters

အခန်း (၁၅၀၁-၁၅၀၅)

Vol. 90 Ch. 1501-1505

အခန်း (၁၅၀၁-၁၅၀၅)

Vol. 90 Ch. 1501-1505

1501 01

အခန်း (၁၅၀၁)

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူဟာသူတော်စင်သိုင်းနယ်မြေအဆင့်

၏အထွတ်အထိပ်ကို ရောက်ရှိပြီးကတည်းက အထီးကျန်တိတ်ဆိတ်ဘိုးဘေးအနေဖြင့် ထိုကဲ့သို့ အန္တရာယ်များသော အခြေအနေမျိုးကို မကြုံရတော့ချေ။

သူ၏အရှေ့တွင် ယခုရှိနေသော ထိုရန်သူကို သူဟာ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိချေ။ သူ၏စိတ်ဟာ အလွန်အမင်း မသက်မသာဖြစ်နေသည့်တိုင်အောင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးအနေဖြင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ ထိုဆုံးဖြတ်ချက်ကိုမူ ဘယ်သောအခါမှ သံသယမဝင်ပြန်ပေ။

တစ်စက္ကန့်ချင်းစီက ကုန်လွန်နေပြီး လှုပ်ရှားမှုတစ်ခုချင်းစီတိုင်း ကဝမ်ချောင်သည်လည်း သူ၏ခန္ဓာကိုယ်အပေါ် ကျရောက်နေသော ဖိအားက သူ့ကို အလွန်တင်းကြပ်သောကြိုးဖြင့် လာဆွဲညှစ်ပြီး တောင့်တောင့်ကြီး ရပ်ခိုင်းထားသလိုမျိုး မွန်းကြပ်လာစေသည်။

ဘန်း!

တခြားသောသူများကလည်း နတ်တစ်ပါးအလား ထည်ဝါလွန်းသော သံချပ်ကာဝတ်စုံနှင့်ဒုတိယမျိုးဆက် ဆက်ခံသူက ရှေ့သို့ တစ်လှမ်ချင်းစီ တိုးလာသော မြင်ကွင်းကိုသာ ဒီအတိုင်းရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ ထို့နောက် တတိယမျိုးဆက် ဆက်ခံသူ၏နံဘေးမှ ကျော်ဖြတ်လာသည်။

ဝမ်ချောင်သည် တတိယမျိုးဆက်ဆက်ခံသူအား ဒုတိယမျိုးဆက် ဆက်ခံသူ၏လမ်းကို ပိတ်ခိုင်းထားတော့မည့်အချိန်တွင် တတိယမျိုးဆက်ဆက်ခံသူက စတင်ကာ လှုပ်လိုက်သည့်အချိန်တွင် ဝမ်ချောင်သည် ဒုတိယမျိုးဆက် ဆက်ခံသူ၏ဓါးက တုန်ခါလာပြီး ချက်ချင်းရပ်သွားကြောင်း သိလိုက်သည်။

နှစ်ပေ...!

သိမ်မွေ့နယ်မြေ အစီအရင်အကန့်အသတ်မဲ့အား မြင့်မားသော ကြယ်တာယာစွမ်းအင်များက တတိယမျိုးဆက် ဆက်ခံသူ၏ ကြယ်တာယာစွမ်းအင်အတွင်းသို့ အတင်းဝင်ရောက်ကာ လမ်းဖယ်စေသည်။ အရာအားလုံးက ယခုဝမ်ချောင့်အပေါ် မူတည်သွားပြီ ဖြစ်သည်။ အသေးငယ်ဆုံးသော မှားယွင်းမှုတစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင်ပင် ကြမ်းတမ်းသည့်တိုက်ပွဲက ဖြစ်လာနိုင်သည်။

တစ်ပေ..!!

ဒုတိယမျိုးဆက် ဆက်ခံသူသည် နောက်ထပ် ခြေတစ်လှမ်းခန့် လှမ်းလိုက်ပြီးနောက် ဝမ်ချောင်၏ အရှေ့တွင် ကွက်တိလာရပ်လေသည်။ သူတို့နှစ်ယောက်အကြားတွင် ၁ပေပင်မဝေးတော့ချေ။ ဝူရှန်းရွာသူကြီး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့၏ နှလုံးသားဟာလည်း လည်မြိုသို့ ပင် မြောက်တက်လာသည်။ ယခုအခြေအနေက အလွန်အမင်း အန္တရာယ်များသော အခြေအနေမျိုးဖြစ်သည်။ သူတို့သည်လည်း ဝမ်ချောင်က အချက်ပြသည်နှင့် ချက်ချင်းတိုက်ခိုက်ရန် အသင့်ပြင်ထားကြလေသည်။

သူတိုက မနိုင်,နိုင်သည့်တိုင်အောင် အခြားသောကိစ္စများကို စိုးရိမ်နေရန် အချိန်မရှိတော့ပေ။

သို့သော် သူတို့ကိုအံ့အားသင့်စေသည်မှာ ဝမ်ချောင်က ခံစားချက်ကင်းမဲ့စွာနှင့် ဆက်ပြီးငြိမ်နေသည်။ သူသည် လှုပ်ရှားမှုတစ်ခုကိုမှ မလုပ်ပေ။

သူက အင်အားကြီးလွန်းတယ်။ သူကသိမ်မွေ့နယ်မြေရဲ့အလွန်အဆင့်ကို ရောက်နေပြီ။

ဝမ်ချောင်သည် ထိုမျှအကွာအဝေး၏အရှေ့တွင် ပြင်းထန်လွန်းသောအင်အားကို ခံစားရပြီး ယခင်က မကြုံဖူးသောဖိအားမျိုးပင် ဖြစ်နေသည်။ သူဟာ ဒုတိယမျိုးဆက် ဆက်ခံသူကို တစ်ယောက်တည်း ရင်ဆိုင်ရသော် တစ်ဖက်သူက မည်မျှအင်အားကြီးမားကြောင်း တန်းပြောနိုင်သည်။

ဝမ်ချောင်တွင် ဒုတိယမျိုးဆက် ဆက်ခံသူ၏အင်အားက အကန့်အသတ်မဲ့သော တွင်းကြီးကဲ့သို့ ဖြစ်နေကြောင်း ခံစားမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မြင့်မားသောကြားခံနယ်မြေတစ်နေရာမှ ထွက်လာသည့်စွမ်းအင်ကိုပင် ခံစားမိနိုင်သည်။

ထိုစွမ်းအင်က သိမ်မွေ့နယ်မြေ၏ စွမ်းအားအရင်းအမြစ် ဖြစ်သည်။

တစ်စုံတစ်ယောက်ကသာ သူတော်စင်သိုင်းနယ်မြေ၏အထွတ်အထိပ်ကို ကျော်လွန်သွားခဲ့ပြီးနောက် ပိုမြင့်သောအဆင့်သို့ ရောက်ရှိသွားလိုလျှင် အာကာသအကာအကွယ်လွှာကို ချိုးဖျက်၍ ဖုံးဖိရန်ခက်ခဲသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည့်ကြားခံနယ်မြေသို့ ရောက်ရှိရန်လိုအပ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန်ကိစ္စကလည်း ဖော်ပြရန်ခက်ခဲလောက်အောင် ခက်ခဲသေးပြန်၏။

1501 02

ဝမ်ချောင်သည်လည်း အာရပ်စစ်နတ်ဘုရား ချွီတီပါးထံမှ ထိုကဲ့သို့သော စွမ်းအားကို တစ်ကြိမ်ခံစားခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ကြားခံနယ်မြေအတွင်းရှိ စွမ်းအင်များက အလွန်ပင်မတည်မငြိမ် ဖြစ်နေခဲ့သည်။ ဒုတိယမျိုးဆက် ဆက်ခံသူနှင့် တွေ့ဆုံသောအခါမှသာ ထိုကြားခံနယ်မြေမှစွမ်းအားများက သံမဏိကဲ့သို့ ခိုင်မာတည်ငြိမ်နေကြောင်း မြင်လိုက်ရသည်။

ဝမ်ချောင်သည်လည်း သူဟာ သိမ်နုပ်သေးငယ်သူကဲ့သို့ ခံစားရသည်။ သူဟာ လုံးဝပင် မယှဥ်နိုင်တော့ချေ။

*အခုကဒု တိယမျိုးဆက်ဆက်ခံသူကို တိုက်ခိုက်ရမဲ့အချိန် မဟုတ်သေးတာ သေချာတယ်*

သူ၏စိတ်အတွင်း မြောက်များလှစွာသော အတွေးပေါင်းများစွာက ပေါ်ထွက်လာသည်။ ဝမ်ချောင်က သူ၏မွှေးညှင်းပေါက်များကို ချိပ်ပိတ်လိုက်ပြီး သူ၏စွမ်းအင်တိုင်းကို ဒန်တျန်းထဲသို့ ဆွဲသွင်းလိုက်ပြီး မူလအမှတ်အသား ကြယ်တာယာစွမ်းအင်များကိုသာ ခန္ဓာကိုယ်ထဲတွင် ချန်ထားရစ်လိုက်သည်။ ခြေလက်များတစ်ခုလုံးကို ဖြန့်ကျက်၍ အရေပြားကိုပင် ဖုံးအုပ်စေလိုက်သည်။

ရုတ်တရက် သူ တတိယမျိုးဆက် ဆက်ခံသူထံမှ ရရှိထားသော မူလအမရသိုင်း၏ပထမတစ်လွှာက စိတ်ထဲတွင်ပေါ် လာသည်။ ဝမ်ချောင်သည်လည်း ရုတ်တရက် ညဏ်အလင်းပွင့်သလို ဖြစ်သွားလေပြီ။ မူလအမရသိုင်း၏ကျင့်ကြံပုံနည်းလမ်းအတိုင်း သူ၏စွမ်းအင်အားများကို လည်ပတ်စေကာ ဂါထာကို နားလည်အောင် ကြိုးစားနေလိုက်သည်။

အချိန်က ရပ်တန့်သွားသလို ထင်ရသည်။

ထိုအချိန်တွင် ဒုတိယမျိုးဆက် ဆက်ခံသူက ဝမ်ချောင့်ကို ဆက်ပြီးစိုက်ကြည့်နေလေသည်။ သူ၏မျက်လုံးထဲမှသံသယများက မြင့်သထက် မြင့်မားလာပြီး မျက်ဝန်းက တောက်ပလာသည်။ ထို့နောက် သူဟာ ဓါးကို တဖြည်းဖြည်းချင်းစီ မြှောက်လိုက်ပြီး ဝမ်ချောင့်ကို ထိုးသွင်းရန် ကြံစည်သည်။

"မကောင်းတော့ဘူး"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့၏ မျက်နှာများက တင်းမာသွားသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေပါက ဒုတိယမျိုးဆက်ဆက်ခံသူက သူတို့၏စွမ်းအင်ကို အာရုံမခံနိုင်သည့်တိုင်အောင် ဝမ်ချောင်က အပြင်းထန်ဒဏ်ရာရနိုင်သည်သို့ မဟုတ်သေသွားနိုင်သည်။

"ရွာသူကြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထား"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏အတွေးများက ဝူရှန်းရွာသူကြီး၏စိတ်ထဲသို့ ရောက်ရှိသွားပြီး လှမ်းပြောလိုက်သည်။

ထိုသို့ဖြင့် တောင်ပို့က သိသာထင်ရှားလာချိန်တွင် ရုတ်တရက်....

ဝုန်း

ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မွှေးညှင်းပေါက်များအားလုံးက ပွင့်သွား၏။ မူလအမှတ်အသား ကြယ်တာယာစွမ်းအင်၏ ဖျော့တော့သောစွမ်းအင်စီးကြောင်းတစ်ခုက သူ၏ခန္ဓာကိုယ်ထဲမှ စတင်ကာ မြောက်တက်လာသည်။ အလွန်အမင်း မရင့်ကျက်သေးသော စွမ်းအင်များဖြစ်သည်။ ဒုတိယမျိုးဆက် ဆက်ခံသူနှင့်တတိယမျိုးဆက် ဆက်ခံသူတို့၏စွမ်းအင်များသည်လည်း ခြားနားသည်။ သို့သော် မူလအမရသိုင်း၏စွမ်းအင်ဖြစ်သည်မှာ သံသယဝင်စရာပင် မရှိပေ။

"ဘယ်လိုဖြစ်ပြီးတော့လည်း"

အထီးကျန်တိတ်ဆိတ်ဘိုးဘေးထက် မည်သူကမှ ပိုပြီးမအံ့ဩနိုင်ချေ။ မထွက်လာခင်ကတည်းက ဝမ်ချောင်သည် မူလအမရကြယ်တာယာစွမ်းအင်စီးကြောင်းတစ်ခုစီ ပေးထားပြီးသားဖြစ်သည်။ သို့သော် ထိုစွမ်းအင်က ဝမ်ချောင် အခုထိတွေ့ထားသော စွမ်းအင်နှင့် လုံးဝခြားနားသည်။

မည်မျှပင်သန့်စင်နေစေကာမူ ချေးငှားထားသော မူလအမရကြယ်တာယာစွမ်းအင်က အတုဖြစ်နေသေးသည်။ ဒုတိယမျိုးဆက် ဆက်ခံသူ၏သတိကြီးစွာ ရှာဖွေတွေ့ ရှိမှုအောက်တွင်တွေ့ ရှိသွားနိုင်သေးပြီး သူတို့ကိုပင် သတ်ဖြတ်နိုင်သေးသည်။ သို့သော် ဝမ်ချောင်၏ ယခုကြယ်တာယာစွမ်းအင်ကမူ အားနည်းနေသေးသည့်တိုင်အောင် ကိုယ့်ဘာသာကိုယ်က ကျင့်ကြံပြီးရရှိလာသောအရာမျိုးနှင့် တူနေသည်။

အနှစ်သာရအရ ဆက်ခံသူနှစ်ယောက်၏စွမ်းအင်မျိုးကဲ့သို့ ဖြစ်သည်။

ဝုန်း

1501 03

ဒုတိယမျိုးဆက် ဆက်ခံသူ၏ဓါးက ရုတ်တရက် တောာင့်ခဲသွားသည်။ သူ၏တောက်ပလာသော မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးမှုက ပေါ်လာသည်။ သူသည်လည်း နားလည်ရန်ခက်ခဲသော မေးခွန်းကိုကြုံတွေ့ နေရသလိုမျိုး ဖြစ်သွားသည်။

တိတ်ဆိတ်မှု..

ထို့နောက် အကြွင်းမဲ့ တိတ်ဆိတ်သွားသည်။

လူတိုင်းကလည်း အသက်ရှူအောင့်ထားပြီး စောင့်ဆိုင်းနေကြ၏။ ဝမ်ချောင်သည် ဒုတိယမျိုးဆက် ဆက်ခံသူနှင့်တတိယမျိုးဆက်ဆက်ခံသူတို့နည်းတူ တူညီသောစွမ်းအင်ကို ထုတ်လိုက်နိုင်သည်။ သို့သော် ထိုအကွက်က အလုပ်ဖြစ်မဖြစ် မသေချာပေ။

အချိန် အတန်ကျော်ကြာပြီးနောက် ဝမ်ချောင်က နောက်ထပ်မူလအမရအရှင်၏ဆက်ခံသူတစ်ယောက်အဖြစ် သတ်မှတ်ပြီးသောကြောင့် ဖြစ်လောက်သည်။ ဒုတိယမျိုးဆက် ဆက်ခံသူက ဓါးကို ပြန်သိမ်းလိုက်သည်။ သူ၏ မျက်လုံးထဲမှ ရန်လိုမှုများက ပျောက်သွား၏။ သူဟာ တစ်ဖက်သို့ လှည့်ပြီးသည်နှင့် ကျောက်စိမ်းဖြူပလ္လင်ထံသို့ ပြန်လျှောက်သွားသည်။

ဟူး...

အားလုံးက စိတ်အေးစွာ သက်ပြင်းချကြသည်။ ယခင်က အကျဥ်းထဲအကြပ်ထဲ ရောက်နေသော အနေအထားမျိုးက သယ်ဆောင်လာသည့် မွန်းကြပ်ဖွယ်ခံစားချက်များက နောက်ဆုံးတွင် ဖျော့တော့ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"လာ...ဒီနေရာက ထွက်ရအောင် "

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က တိုက်တွန်းသည်။ သူတို့သာ ဒီနေရာတွင်ဆက်နေ နေလျှင် မည်သို့သောလွဲမှားမှုများ ဖြစ်လာနိုင်ကြောင်း မည်သူကမှ ကြိုမသိပေ။ ထို့ကြောင့် ဒီလမ်းကြောင်းထဲသို့ အမြန်ဝင်ပြီးအန္တရာယ်ထဲမှ ထွက်သွားသင့်သည်။

သူတို့အဖွဲ့က နဂိုအစီအစဥ်အတိုင်း လမ်းကြောင်းထဲသို့ ဝင်ရောက်သွားလိုက်ပြီး တတိယမျိုးဆက်,ဆက်ခံသူကပင် ထွက်သွားခဲ့ချိန်တွင်ပင် ဒုတိယမျိုးဆက် ဆက်ခံသူကလည်း ပလ္လင်၏အရှေ့တွင် ဒီအတို င်းဆက်ရပ်နေတော့သည်။

သူတို့အားလုံးက ထွက်ခွာသွားပြီးသည့်နောက်တွင် သူတို့ဟာ အဓိကကပ်ဘေးကြီးမှ ရှင်သန်လာခဲ့ပြီးသလို ခံစားလိုက်ရသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည်လည်းသူတို့၏စိတ်ထဲတွင် စိတ်စွမ်းအင်အားလှိုင်း တစ်လှိုင်းကို ပို့ပေးကိုလိုက်သည်။

"လာ.....နောက်ဆုံးနန်းတော်ပဲ ကျန်တော့တယ်"

ယခုအခါသူ တို့သည် ဒုတိယမျိုးဆက် ဆက်ခံသူ၏နန်းတော်ထဲမှ ကျော်ဖြတ်လာနိုင်ခဲ့ပြီး ဖြစ်သည်။ သူတို့၏ယုံကြည်မှုက သန်မာလာသည်။ သူတို့က ဒုတိယမျိုးဆက် ဆက်ခံသူကို လှည့်စားနိုင်သည်။ ဆိုလိုသည်မှာ သူတို့သည် တူညီသောနည်းလမ်းကို ပြန်သုံးပြီး ပို၍အင်အားကြီးမားလွန်းသော ပထမမျိုးဆက်,ဆက်ခံသူကို လှည့်စားနိုင်လောက်သည်။

သူတို့အဖွဲ့က မူလအမှန်တကယ်ရတနာသိုက်၏အတွင်းပိုင်းသို့ လျင်မြန်စွာ နီးကပ်သွားသည်။ မီတာ၆၀၊၇၀ခန့် သွားပြီးနောက်တွင် နောက်ဆုံးနန်းတော်သို့ ရောက်ရှိသွားသည်။ သို့သော် သူတို့က ထွက်လာသောအခါ ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားသွားသည်။

"အာ..."

"ဘာဖြစ်တာလဲ ဘာလို့ဒီလျှောက်လမ်းအဆုံးမှာဘာနန်းတော်မှ ရှိမနေတာလဲ"

"ပထမမျိုးဆက် ဆက်ခံသူက မရှိဘူးလား"

ပထမမျိုးဆက် ဆက်ခံသူက စောင့်ကြပ်ထားသောနန်းတော်ထဲသို့ ဝင်ရောက်သည့် လျှောက်လမ်းကြီးကပွင့်နေသည်။ သို့သော် မြင်ကွင်းကို ဝါးစေသည့် အစိမ်းရောင်မီးခိုးများက ထိုအခန်းကျယ်ကြီးတစ်ခုလုံး ပြန့်နှံ့နေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

ဝူရှန်းရွာသူကြီးက မျက်ခုံးကို ပင့်လိုက်ပြီး သူ၏တုတ်ကောက်ကို ခပ်တင်းတင်းဆုတ်ကိုင်ကာ အတွင်းသို့ ဝင်လိုက်သည်။

မူလအမရအရှင်တွင် ကွဲပြားခြားနားသော စည်းမျဥ်းများ ရှိသည်။ ထို့ကြောင့် စည်းမျည်းများအရဆိုလျှင် တတိယမျိုးဆက် ဆက်ခံသူတို့တွေ့ ပြီးဒုတိယမျိုးဆက် ဆက်ခံသူကို တွေ့သည်။ ထို့ကြောင့်ပထမမျိုးဆက် ဆက်ခံသူကလည်း ဒုတိယမျိုးဆက် ဆက်ခံသူအပြီးတွင် တွေ့ရသင့်သည်။

1501 04

သူတို့ဟာ နောက်ဆုံးအရံအတားကြီးကို ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှ ရတနာသိုက်၏အလယ်ဗဟိုသို့ ရောက်ရှိလာသေးသည့်တိုင်အောင် လောက,က နာမည်ကျော်အဆင့်လွန် အဆုံးအစမဲ့မူလအမရသိုင်းကို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် သူတို့၏အရှေ့မှ အခြေအနေကမူ မျှော်လင့်ထားသည်နှင့် ခြားနားနေသည်။

*ကောလာဟလတွေက မှားနေတာလား*

*မူလအမရအရှင်၏ပထမတပည့်က လွဲမှားမှုတစ်ခုခုကို ကြုံတွေ့သွားလို့ မြေအောက်နန်းတော်ထဲမှာ မရှိနေတော့တာလား*

*ဒါမှမဟုတ် မူလအမရအရှင်မှာ တပည့်၆ယောက် မရှိတာလား*

အားလုံး၏စိတ်က အတွေးစိတ်ငယ်များနှင့် အမျိုးမျိုးသော ဖြစ်နိုင်ချေများကို ထုတ်ကြည့်နေကြသည်။ ရုတ်တရက် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ကျယ်လောင်စွာ အော်ရယ်ပြီးရှေ့သို့ အပြေးသွားသည်။

"ဟား...ဟား...ပထမမျိုးဆက်က ဘာလို့မရှိလဲ ဘာလို့ နောက်ဆုံးမြေအောက်နန်းတော် ဖြစ်နေတာလဲဆိုတာ ငါ မသိပေမဲ့လဲ ဒါက မူလအမရ,ရတနာသိုက်ရဲ့နောက်ဆုံးအဓိကနေရာဆိုတာ သေချာတယ်။ အဆင့်လွန်တဲ့ အဆုံးအစမဲ့ မူလအမရသိုင်းက ဒီမှာပဲဖြစ်ရမယ်"

လွဲမှားမှုများ၊ အခက်အခဲ ကြမ်းတမ်းမှုများ၊ အနိမ့်အမြင့်အတက်ကျမှုများကို ကျော်ဖြတ်ပြီးနောက်တွင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် သူဟာ အမှန်တကယ် မူလရတနာသိုက်၏အတွင်းနေရာသို့ ရောက်ရှိနိုင်လိမ့်မည်ဟု မတွေးထားမိပေ။

"သတိထား"

ဝမ်ချောင့်နှလုံးသားက တင်းကြပ်သွားသည်။ သူသည်လည်း တတိယမျိုးဆက်ဆက်ခံသူကို အရှေ့သို့ အရင်သွားခိုင်းလိုက်သည်။

"ငါတို့ ဒီနေရာကို မစစ်ဆေးနိုင်သေးခင်အထိ သတိမဲ့လို့ မရဘူး"

ဝမ်ချောင်က ပြောနေရင်းမှ သူ၏ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအင်များကို လွှတ်ထုတ်လိုက်ကာ ထိုနေရာတစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက်တွင် ဝမ်ချောင်သည် ကျယ်ပြောသောနယ်မြေများအတွင်းမှ အစိမ်းရောင်၊မီးခိုးများ အုပ်ထားသည့်နေရာကို ဖောက်မြင်လိုက်ပုံ ပေါ် သည်။

ထိုနေရာတွင်ပင် နောက်ထပ်ချောက်ကြီးတစ်ခု ရှိနေသည်။ အချင်းအားဖြင့် မီတာ၁ထောင်နီးပါး ကျယ်သည်။ ထိုချောက်ကြီးက သွားနိုင်ရန်ပင် ခက်ခဲ၏။ ဝမ်ချောင်က သူ၏စိတ်စွမ်းအင်ကို ပို့လွှတ်လိုက်သောအခါ ထိုတံခါးမ၏အရှေ့တွင် အကန့်အသတ်မဲ့သော တွင်းကြီးကိုသာ မြင်ရသည်။

နောက်ထပ်စိတ်စွမ်းအင်ကို ထပ်ထည့်လိုက်ပြီး မီတာ၁ထောင် အနက်ထိ ထိုးချလိုက်ပြီးသည့်တိုင်အောင် အဆုံးကို မတွေ့ရသေးပေ။

သို့သော် တံခါးမကြီး၏အလယ်တွင်မူ သူ၏စိတ်စွမ်းအင်ကိုသုံး ၍အခြားသောကိစ္စများ ကို ရှာတွေ့လိုက်သည်။

ယခုလိုထူးဆန်းသောနေရာမျိုးတွင် မည်သူကမှ သတိ မမဲ့ရဲချေ။ ဝမ်ချောင်သည်လည်း တတိယမျိုးဆက်,ဆက်ခံသူအားလမ်းကို ဦးဆောင်စေပြီးနောက်တွင် သူဟာ တခြားသောသူများနှင့်အတူရှေ့သို့ တဖြည်းဖြည်းချင်းစီ တက်သည်။

"အရမ်းတိတ်လွန်းတယ်..!"

ဝူရှန်းရွာသူကြီးက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်သည်။ အုံ့ဆိုင်းစွာ ဝေ့ဝါးမှုများအပြည့် သူသ ည်ဘာကိုမှမခံစားမိပေ။

"ငါတို့ ဒီနေရာကိုဝင်လာတဲ့အချိန်က ဒုတတိယမျိုးဆက်ဆက်ခံသူက လေထဲမှာပဲ ရပ်နေတုန်းပဲ၊သူက ဓါးကို မဆင့်ခေါ်ထားဘူးဆိုတော့ ငါတို့က အရင်ဦးဆုံး ရောက်တာဖြစ်မယ် "

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ပတ်ဝန်းကျင်ကိုကြည့်ရင်း ပြောသည်။

ဒုတိယမျိုးဆက် ဆက်ခံသူသည် ရိုးရှင်းစွာပင် အင်အားကြီးမားလွန်းသည်။ သူတို့သည် တတိယမျိုးဆက်,ဆက်ခံသူကို မပိုင်ဆိုင်ထားခဲ့လျှင် ထိုနေရာကို ကျော်ဖြတ်ရန် အလွန်ခက်ခဲလောက်သည်။ သိမ်မွေ့နယ်မြေ၏အလယ်အလတ်အဆင့်က အင်အားကြီးမားသော အစောင့်အရှောက်ကို အလွယ်အနိုင်ယူနိုင်ရန် မလွယ်ကူပေ။

ဗဟိုမြေနေရာတွင် ထိုသူ့ကို ကျော်ဖြတ်နိုင်သောသူမျိုးကို ရှာဖွေရခြင်းက ဖီးနှစ်ငှက်မွှေး သို့မဟုတ် ချီလင်းဦးချိုကို ရှာဖွေရသည်ထက် ခက်နိုင်သည်။

ဝမ်ချောင်က ဘာစကားမှ မပြောပေ။ သူသည်လည်း အခြေအနေကို အကြွင်းမဲ့မသေချာအထိ မည်သည့်အခြေအနေကိုမှ အနှစ်ချုပ်မပြရဲချေ။

******

1502 01

အခန်း (၁၅၀၂)

“ဒီနေရာက လုံခြုံလောက်ပါတယ်”

ဝမ်ချောင်သည် ရှေ့သို့လျှောက်နေရင်း နှာခေါင်းတရှုံ့ရှုံ့ လုပ်ကြည့်လေသည်။ လေထဲတွင် ထူးဆန်းသော ရနံ့များက ရှိနေသည်မှာ တစ်စုံတစ်ရာကို မီးမြှိုက်ထားသလိုမျိုး ရနံ့မျိုးဖြစ်သည်။

*ဒါက အစိမ်းရောင်မီးခို့၏အနံ့ထင်တယ်*

ဝမ်ချောင်က စိတ်ထဲတွင် တွေးလိုက်သည်။ သူ၏စိတ်စွမ်းအင်များက ပြန်လည်ပေးစွမ်းသော ခံစားချက်အရ ဒီနေရာတွင် မည်သူမှ မရှိပေ။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့်လည်း ဝမ်ချောင်၏စိတ်အစဥ်က မငြိမ်းအေးနိုင်ပေ။

“ အရှေ့မှာ ကျောက်တံခါးရှိတယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏အသံက လူတိုင်း၏နားတွင် ထွက်လာသည်။ ထိုလူသည် ချက်ချင်းဆိုသလို အရှေ့ဘက်သို့ အပြေးသွားပြီးနောက် တတိယမျိုးဆက် ဆက်ခံသူကိုပင် ကျော်လိုက်သည်။

“သတိထား! “

ဝမ်ချောင်က သူ၏ညာဘက်လက်ဖြင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ပြန်ခေါ်ရန် ကြိုးစားသည်။ သို့သော် ထိုလူဟာ လျင်မြန်လွန်းစွာ ရွေ့လျားပြီး အမှ န်တကယ် အချိန်အတွင်းတွင် လျှောက်လမ်းမှ ပြေးထွက်ပြီး ချောက်ကမ်းပါးဆီ ရောက်သွားသည်။

ဆစ်...ဆစ်..ဆစ်..

အရှေ့မှ အသံပေါင်းများစွာ ကြားရသည်။ သူတို့အဖွဲ့သည်လည်း သူတို့၏ရှေ့မှာ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို ပြန်မြင်လိုက်ရသည်။ ထိုလူက အထီးကျန်တိတ်ဆိတ်ဘိုးဘေးဖြစ်သည်။ တစ်ဖက်သူ၏အရှေ့တွင် မီးအိမ်နှစ်ခုက လင်းနေ၏။ တစ်ဖက် တစ်ခုစီ ဖြစ်သည်။

မီးအိမ်၏အောက်ခြေတွင်မူ အပြာရင့်ရောင်အလင်းက လင်းလက်နေပြီး ကိုယ်ပိုင်အသံစွမ်းအားများကို ဆန့်ထုတ်ထားသလိုမျိုး ဒုတိယတစ်ခုထံသို့ပို့ လွှတ်ထားသည်။ ထို့နောက် တတိယတစ်တန်း...

ထိုသို့ပင် မီးအိမ်အတန်းလိုက် လင်းထိန်လာပြီးနောက် ဝေဝါးမှုများအတွင်း ဆက်တိုက်ဝင်ရောက်သွားသည်။

ထိုအေးစက်သော အလင်းရောင်က ထိုအလင်းမဲ့သည့်လမ်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထိုမည်းမှောင်အုံ့ဆိုင်းမှုအတွင်းမှ ရှေးဟောင်းကျောက်တုံးတံတားကြီးက ပေါ်ထွက်လာသည်။

ကျောက်တုံးတံတားကြီးသည် နှစ်ပေခန့်ကျယ်သည်။ မရေမတွက်နိုင်သော မီးအိမ်များအတိုင်း တံခါးပေါက်အတွင်းသို့ တောက်လျှောက်ဆန့်တန်းထားပြီး လျှိဝှက်ဆန်းကျယ်သော လောကထံသို့ ဦးဆောင်ပြသနေသည်။

“ကြည့် ဒီမှာ စကားလုံးတွေ ရှိတယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ ဝမ်းသာအားရဖြစ်သော အသံက အရှေ့မှ ပေါ်ထွက်လာသည်။ မည်သူမဆို သူ၏စိတ်လှုပ်ရှားမှုကို ခံစားမိနိုင်သည်။

“ကျောက်တိုင် အမရဖြတ်သန်းခြင်း”

သူတို့အဖွဲ့က လှမ်းကြည့်လိုက်ချိန်တွင် တံတားနံဘေးမှ ကျောက်တိုင်ကို အမှ န်တကယ်မြင်လိုက်ရသည်။ ၃ပေခန့်မြင့်၏။

ဝမ်ချောင်သည်လည်း ချက်ချင်းလက်ငင်းပင် ရှေ့တက်လာသည်။ သို့သော် နှစ်လှမ်းပင် လှမ်းရသေးသည်။ တံတားပေါ်တွင် လောင်ကျွမ်းနေသော မီးအိမ်များကို ကြည့်ရင်း ရုတ်တရက် မကောင်းသော ခံစားချက် ရလာသည်။

“နေဦး အဲဒီမှာ တစ်ယောက်ယောက် ရှိတယ်”

ဝမ်ချောင်က ရုတ်တရက် အော်သည်။

“!!! “

ထိုသတိပေးချက်က ရုတ်ချည်းထွက်လာလေရာ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝူရှန်းရွာသူကြီးတို့ကပင် ဝမ်ချောင့်ကို တအံ့တဩ လှည့်ကြည့်သည်။ သူတို့ကလည်း ဝမ်ေချာင်က မည်သည့်အတွက်ကြောင့် ထိုသို့လုပ်မှ န်းကို နားမလည်သေးချိန်တွင် အေးစက်သော နှာခေါင်းရှုံ့သံကို ကြားရသည်။

1502 02

“ဟားဟား တကယ်ကို မဟာထန်ရဲ့မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်ဆိုတဲ့ အတိုင်းပါပဲ ဝိညာည်နဲ့မကောင်းတဲ့အနံ့ကို ရတာကတင် တော်တော်လေးကို လုံလောက်နေပြီ။ ငါမင်းကို အထင်သေးမိသွားတယ်”

အမှောင်လောကထဲမှ အေးစက်သော စကားသံက ရုတ်တရက် ထွက်လာပြီး အခန်းတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။

ဆိုးယုတ်ကာ မည်းမှောင်သည့်စွမ်းအင်များက မည်သည့်နေရာကမှ န်းမသိ ထွက်လာလေပြီ။ သူတို့၏ထံတွင် မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းခြုံလာသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က လျှောက်လမ်း၏ကျောက်သားနံရံထဲမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး သူတို့နှင့် ပေအနည်းငယ်သာ ဝေးသည်။

“မကောင်းတော့ဘူး”

အားလုံးက ကြောက်လန့်တကြားမျ က်နှာဖြူဖျော့သွားသည်။ မည်သူကမှလည်း တစ်စုံတစ်ယောက်ဟာ ထိုမျှနီးကပ်စွာ ပုန်းအောင်းနေလိမ့်မည်ဟု မထင်ထားကြပေ။ အံ့အားအသင့်ရဆုံးကမူ ထိုမျှနီးကပ်နေချိန်တွ င်ဖြစ်သည်။

ဝမ်ချောင်၏စိတ်စွမ်းအင်က ဘယ်သူ့ကိုမှ အာရုံမခံမိခဲ့ပေ။

သို့သော် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ထိုမျှထိနီးကပ်စွာ ဖြစ်နေသည့်တိုင်အောင် ဘာကိုမှ မခံစားမိခဲ့ပေ။ သူက တစ္ဆေတစ်ကောင်ကဲ့သို့ အားလုံး၏အာရုံခံစားနိုင်စွမ်းအားအောက်မှ ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်နေခဲ့သည်။

ဘန်း

လောကကြီးက ရမ်းခါသွားသည်။ ဖောက်ခွဲသည့်စွမ်းအား ပြင်းထန်သော စွမ်းအင်များက သူတို့အဖွဲ့ ထံတိုးဝင်လာပြီး အားလုံးကို လှုပ်ခါသွားစေ၏။

ထိုစွမ်းအားက ကြီးမားလွန်းသဖြင့် ပိန်းပိတ်အောင်မည်းမှောင်သော စွမ်းအင်များအတွင်း ဖျက်ဆီးခြင်းစွမ်းအင်များဟာ ထိုတလောကလုံးကိုပင် တုန်ခါနေစေပုံ ရသည်။

“သတိထား”

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏မျက်နှာက တင်းမာသွားသည်။ တပြိုင်တည်းလိုလို တိုက်ခိုက်လိုက်သည်။ ဝမ်ချောင်ကလည်း သူ၏ကြယ်တာယာစွမ်းအင်များကို စုစည်း၍ အရှေ့ဘက်သို့ ပို့လွှတ်လိုက်သည်။ တတိယမျိုးဆက် ဆက်ခံသူက ရှေ့မီတာ၂၀အကွာမှ နေ၍တစ်ဖက်သို့ ပြန်လှည့်ပြီး ရန်သူအသစ်ကို ရင်ဆိုင်သည်။

ထိုတိုက်ကွက်က လူသစ်ဆီသို့ ကျရောက်လာသည့်တိုင် သူတို့အဖွဲ့ကလည်း ချက်ချင်းလက်ငင်းကို တုံ့ပြန်နိုင်လိုက်သည်။

သို့တိုင်အောင် သူတို့သည်လည်း ထိုအင်အားကို အထင်သေးမိခဲ့သလို ထိုလူ၏ကောက်ကျစ်မူကိုလည်း အထင်သေးမိလိုက်သည်။ သူဟာ ကျောက်တုံးနံရံတွေထဲ ပုန်းနေခဲ့သည်မှာ အချိန်တစ်ခုပင် ကြာပြီဖြစ်ပြီး ထိုအဖွဲ့က လူစူကွဲမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တံတားနားတွင်ရပ်နေပြီး တတိယမျိုးဆက်ဆက်ခံသူက အဖွဲ့ကို ဦးဆောင်နေချိန်မှသာလျှင်သူ ဟာ သူ၏ဖောက်ခွဲခြင်းစွမ်းအား ပြင်းထန်သည့် တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ဗုန်း...ဗုန်း..ဗုန်း

ကြယ်တာယာအလင်းတန်းလေးတန်းက လေထဲတွင် ထိပ်တိုက်ရင်ဆိုင်သွားသည့် အခိုက်အတန့်တွင် ထိုအမျိုးသား၏အရှိန်အဝါက ရုတ်တရက် အရေအတွက် အပြတ်အသတ် သာနေသည့်တိုင်အောင် သူဟာ အားနည်းသည့် အနေအထားမျိုးတွင် မရှိပေ။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည်လည်း တစ်စုံတစ်ရာကို ခံစားမိပုံရပြီး ထိတ်တလန့်တကြား အော်သည်။

“မကောင်းတော့ဘူး ချောင်အာ”

သို့သော် နောက်ကျသွားသည်။ အလင်းက တစ်ချက်လက်သွားပြီးနောက် ဝမ်ချောင်၏အရှေ့တွင် မင်းမူလွန်းသော ပုံရိပ်ကြီးတစ်ခုက ပေါ်လာပြီး သူ့ကို လှမ်းဖမ်းရန်ကြိုး စားသည်။

1502 03

ဝမ်ချောင်၏နှလုံးသား ရုတ်တရက် အေးစိမ့်သွားသည်။ သူသည်လည်း သူ၏ ကြယ်တာယာစွမ်းအင်များကို တစ်ဖက်လူထံ ပို့လွှတ်လိုက်သည်။ သို့သော် ဝမ်ချောင်သည် ရန်သူ၏အင်အားကို အထင်သေးမိ ပြန်သည်။

ဘန်း

ကြယ်တာယာစွမ်းအားနှစ်ခုက ထိပ်တိုက်ရင်ဆိုင်သောအခါ ဝမ်ချောင်သည်လည်း သူဟာ တောင်တစ်လုံးကို ဝင်တိုက်မိလိုက်သလို ခံစားလိုက်ရသည်။ သူ၏ပြိုင်ဘက်က သူ့ကို တိတ်တဆိတ် တိုက်ခိုက်သည်။ သို့သော် တိုက်ကွက်ကမူ မင်းမူလွန်းကာ ဖောက်ခွဲစွမ်းအား ပြင်းထန်သည့်စွမ်းအင်များကို သယ်ဆောင်ထားလေသည်။ ဝမ်ချောင်၏ကြယ်တာယာစွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။

ဖွီး

တစ္ဆေများငိုညည်းသံကဲ့သို့ စူးရှသော အသံက ပေါ်ထွက်လာသည်။ ရန်သူ၏အနက်ရောင် ကြယ်တာယာစွမ်းအင်က ကိုယ်ပိုင်အသက်ရှိနေသလိုမျိုး ဝမ်ချောင်၏ကြယ်တာယာစွမ်းအင်များကို ထိုးဖြတ်ပြီးနောက် ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြသည်။

သူ၏အထွတ်အထိပ် အနေအထားမျိုးတွင်ဆိုလျှင်လည်း ဝမ်ချောင်သည်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်နိုင်လောက်သည်။ ရန်သူအတွက်ပင် ခက်ခဲအောင် လုပ်နိုင်လောက်၏။ သို့သော် ဝမ်ချောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသေးသည့်အပြင် မသက်သာသေးသည်ကို သတိထားမိနေပုံရသည်။ ထိုအတွက်ကြောင့်လည်း သူ့ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပုံရ၏။

ခရက်

ရေခဲတမျှ အေးစက်ပြီးသွယ်လျသော အဖြူရောင်လက်တစ်ဖက်က ဝမ်ချောင်၏လည်ပင်းကို လှမ်းညှစ်လာသည်။

“တစ်ယောက်ယောက်သာ ရှေ့ကိုခြေ တစ်လှမ်းတိုးခဲ့ရင် ငါ သူ့ရဲ့လည်တိုင်ကို ချိုးပစ်လိုက်မယ်”

လူတိုင်း၏နားအတွင် ထိုအသံ ထွက်လာသည်နှင့် အသံပိုင်ရှင်က လက်ချောင်းများကို ဆုတ်လိုက်သည်။

“စိတ်မကောင်းဘူး”

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့က အပြေးအလွှား လာနှင့်နေကြပြီ ဖြစ်သည်။ ထိုသို့လာနေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူတို့၏ကြယ်တာယာ စွမ်းအင်များကို ပြန်သိမ်းလိုက်ကြသည်။

“မင်းရဲ့အဲဒီအိမ်မွေးတိရိစ္ဆာန်လေးကို ငါ သတိမထားမိဘူး ထင်လား နောက်ဆုတ်ခိုင်းလိုက်”

ထိုအသံက ပေါ့ပါးသော ဟူလေသံမျိုးပါပြီး လူတိုင်း၏နားတွင်ဟိ န်းထွက်လာသည်။ ထိုအချိန်တွင် အချိန်က ရပ်တန့်သွားပုံရသည်။ ဝမ်ချောင်၏အနောက်ဘက်မှ တတိယမျိုးဆက် ဆက်ခံသူကလည်း ဒေါသတကြီး ရပ်လိုက်သည်။

အဝေးမှ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တောင့်တင်းသွားသည်။ သူသည် အံ့အားသင့်လွန်း၍ စကားမပြောနိုင်တော့ပေ။ သူသည်လည်း ကျောက်တိုင်နှင့်တံတားကိုသာ မော့ကြည့်ရုံသာ တတ်နိုင်တော့သည်။ မည်သူကမှ ယခုလိုဖြစ်လာမည်ကို မထင်ထားကြချေ။

သူတို့၃ယောက်နှင့် လမ်းလျှောက်အလောင်းကောင်တို့က အကျိုးဆက်ကို ကြောက်ရွံ့လွန်း၍ရှေ့ ပင်ဆက်မတိုးရဲတော့ပေ။

“ ပါးကုရှီတု မင်းက ဘာလုပ်တာလဲ”

ဝမ်ချောင်က တိုက်ခိုက်သည့်လူကို ချက်ချ င်းမှတ်မိသွားသည်။ သူဟာ အားနည်းပြီး ဖိနှိပ်ခံထားရသည့်တိုင်အောင် ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်ကို သုံးနိုင်သေးသည်။

“ဟွန်း မျိုးနွယ်ခြားဘုရင်...မင်း တကယ်ကို အထင်သေးလို့မရဘူးပဲ”

ထိုသူက ရယ်သည်။ သူဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး ပညာသင်သားဆန်သော ကျော့ရှင်းကြည့်ကောင်းသည့် အရှိန်အဝါမျိုးကိုလည်း သယ်ဆောင်ထားသေးသည်။ သန့်ရှင်းသော ရုပ်ရည်မျိုးလည်း ရှိ၏။ ထို့ကြောင့် တစ်ချိန်လုံး အမှောင်ထဲတွင် အသင့်စောင့်နေပြီး လူအုပ်ကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည့်သူနှင့် တွဲကြည့်ရန် ပင်မဖြစ်နိုင်ပေ။

ပါးကုရှီတုသည် အနောက်မြောက်ပိုင်း၏ခရီးလမ်းတစ်ခုလုံးတွင် လျှိဝှက်အဆန်းကြယ်ဆုံး ပုဂ္ဂိုလ်ဖြစ်လောက်သည်။ မူလအမရဝင်္ကမ္ဘာ ဖွင့်သည်မှစပြီး ရတနာသိုက်ကို ဖွင့်သည်အထိ ဝမ်ချောင်တို့အဖွဲ့က သူ့ကို မမြင်ခဲ့ရပေ။ အခြားသော သူများက မူလအမရတနာသိုက်အတွက် အသက်ကိုသုံးကာ တိုက်ခိုက်နေချိန်တွင် ပါးကုရှီတုက ဂရုစိုက်ပုံပင် မပေါ်ပေ။

1502 04

ထိုသို့ မသိသာမထင်ရှားသော အရှေ့ပိုင်းတူရကီဘုရင်က ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားလောက်ပေ။ ထို့အပြင် သူဟာ အားလုံးထက်စောစီးစွာ ရောက်နေသေးသည်။

သူသည် တတိယမျိုးဆက်ဆက်ခံသူနှင့် ဒုတိယမျိုးဆက်ဆက်ခံသူတို့ကပင် သတိမထားမိသေးခင် ရောက်နေခဲ့ပုံ ရသည်၊ဒါဟာ ရိုးရှင်းစွာ မယုံနိုင်စရာ ကောင်းနေလေသည်။

“ကြည့်ရတာ အားလုံးက မင်းကို အထင်သေးခဲ့မိတာ။ မင်းက လူတိုင်းရဲ့အာရုံခံစားနိုင်စွမ်းအားလုံးကို လှည့်စားနိုင်တဲ့စွမ်းရည်မျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ မူလအမရသိုင်းရဲ့ဆက်ခံသူတောင်မှ သတိမထားမိတဲ့ပုံပဲ။ မင်းက အလောတကြီး ဝင်လာနိုင်ခဲ့တာ မအံ့ဩတော့ပါဘူး”

ဝမ်ချောင်က အေးစက်စွာ ပြောသည်။

ဝမ်ချောင်သည် အမှားအယွင်း လုပ်ခဲသည်။ သို့သော် ဒီအချိန်တွင်မူ သူသည်လည်း အထင်သေးမိကြောင်း ဝန်ခံရန် တွန်းအားပေးခံရသည်။

တစ်ယောက်၏အစစ်အမှန်ရန်သူက မမြင်နိုင်သော သူမျိုးဖြစ်နေခဲ့လျှင်ကို ဒုက္ခများလေပြီ။ ထိုသို့ပင်မမြင်နိုင်သော တစ်နေရာမှ တိုက်ခိုက်လာခြင်းများက သေစေနိုင်လောက်သည်။

“ဟမ်း မျိုးနွယ်ခြားဘုရင်က ငါ့ကို အရမ်းချီးကျူးနေတာပဲ ဒါပေမဲ့ မင်းမသေချင်ဘူးဆိုရင် မင်းရဲ့ဆရာ၊ အဲဒီစီနီယာနှစ်ယောက်နဲ့ လမ်းလျှောက်အလောင်းကောင်ကို နည်းနည်းဝေးဝေးကို ရပ်ခိုင်းရမယ်ထင်တယ်”

ပါးကုရှီတုက ပြုံးသည်။ အခုလိုတင်းကြပ်ကာ အန္တရာယ်များသော အခြေအနေမျိုးတွင် သူဟာ သူ၏ကျော့ရှင့်းကြည့်ကောင်းသော ပုံစံကို ထိန်းထားလေသည်။

ဝမ်ချောင်၏နှလုံးသားက တုန်ယင်သွားသည်။ ပါးကုရှီတုသည် ပြောရဆိုရလွယ်မည့်ပုံ ပေါ်၏။ သို့သော် လည်းဝမ်ချောင်၏လည်ပင်းကို ညှစ်ကိုင်ထားမှုက ဘယ်သောအခါမှ မဖြေလျော့ထားချေ။ ပို၍ တင်းကြပ်လာသေးသည်။ ရှင်းလင်းစွာပင် ထိုသူက အလွန်ပင်အန္တရာယ်များသူ ဖြစ်သည်။

“ပါးကုရှီတု ..မင်းသာ ငါ့ရဲ့တပည့်ကို ထိခိုက်အောင်လုပ်ရဲရင် ဒီအဖိုးကြီးက မင်းကိုလုံးဝမလွှတ်ပေးဘူး”

မိစ္ဆာဧကရာဇ်လူအိုကြီး၏မျက်နှာက ပြာနှမ်းကာ ဖြူဖျော့နေသည်။ သို့သော် သူ၏ခြိမ်းခြောက်မှုက ထိုသို့ဖြစ်နေသည့်တိုင် သူက အနောက်သို့ ဆုတ်လိုက်သည်။

“ဗဟိုဟူတွေရဲ့ မိစ္ဆာဧကရာဇ်က ရက်စက်တတ်သူ၊ဘယ်သူကမှ သူ့ရဲ့လမ်းကို ရှုပ်လို့ မရဘူး။ ဘယ်သောအခါမှ ဦးမညွှတ်ဘူးတဲ့။ ဒါပေမဲ့ ကြည့်ရတာ တပည့်ကို အတော်ချစ်တဲ့ပုံပဲ”

ပါးကုရှီတုက ရုတ်တရက် ယုံကြည်မှုရှိစွာ ရှေ့တိုးလာသည်။ သူ၏လက်ကလည်း ဝမ်ချောင်၏လည်ပင်းကို ညှစ်ကိုင်ထားသေး၏။

သူ၏အရှိန်နှုန်းကလည်း မနှေးကွေးသွားဘဲ ဆက်လျှောက်နေသည်။ တချိန်တည်းတွင်ပင် သူဟာ သူ၏ဗဟိုပြင်ကျယ်အတွက် ကောက်ကျစ်သည့် အနက်ရောင်ကြယ်တာယာစွမ်းအင်အဖြစ် သတ်မှတ်ခံထားရသော စွမ်းအားများကို လမ်းမတစ်လျှောက် စီးဆင်းစေ၍ ဝမ်ချောင်၏ကိုယ်ထဲသို့ပင် ထိုးသွင်းလိုက်သည်။

ဝမ်ချောင်က သူ၏ခွန်အား အားလုံးကို စုစည်းလိုက်သည်။ သို့သော် သူသည်လည်း တွန်းလှန်ရန် အားအင်မဲ့နေသည်။ စက္ကန့်အနည်းငယ်အတွင်းတွင် သူ၏သွေးကြောများ၊အကြောမှတ်များအားလုံးက ရန်သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားတော့မည်။

* ဒီလူက...ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့အင်အားလဲ*

ဝမ်ချောင်၏စိတ်က တုန်ယင်စွာနှင့် ပြုံးနေသော ပါးကုရှီတုကို ကြည့်လိုက်သည်။

******

1503 01

အခန်း ၁၅၀၃

ပါးကုရှီတု၏တိုက်ကွက်များက လွန်ကဲလွန်းစွာ ကြွားဝါပြနေခြင်းမျိုး မဟုတ်လေဘဲ သူ၏ကြယ်တာယာစွမ်းအားများကပင် အလွန်ပြင်းထန်သိပ်သည်းနေခြင်းဖြစ်သည်။ သူသည် မဟာထန်၏အင်ပါယာခုံရုံးမှ ကောင်းရှန်းကျစ်နှင့်ဖူမန်လင်းချာတို့ထက်ပင် ပို၍ကြောက်စရာ ကောင်းသည်။ ထိုသို့မဟုတ်လျှင်လည်း လောကမှ ရေနတ်ဘိုးဘေး၊အရိုးနတ်ဆိုးဘိုးဘေး သို့မဟုတ် စုန့်ယွမ်ယွီတို့ထက်ပင် ပို၍ကြောက်စရာကောင်းပုံ ပေါ်သည်။

ပို၍ပင် အလန့်တကြားဖြစ်စေသည်မှာ ပါးကုရှီတု၏ကိုယ်ပေါ်မှ သိမ်မွေ့ နယ်မြေ၏စွမ်းအားများကို ခံစားမိနေခြင်း ဖြစ်သည်။ ယခင်က ဝမ်ချောင်ကြုံတွေ့ ဖူးသော သိမ်မွေ့နယ်မြေ၏စွမ်းအင်တန်းများက အမြဲတစေ ကြမ်းတမ်းကာ နေမင်းကဲ့သို့ ပူလောင်နေတတ်ကြသည်။

သို့သော် ပါးကုရှီတု၏ ကိုယ်မှထွက်နေသော ထိုစွမ်းအင်များကမူ လုံးဝပြောင်းလဲနေသည်။ မည်းမှောင်ဆိုးယုတ်နေပြီး ဖျက်ဆီးခြင်း ဓါတ်များကိုသာ အပြည့်အ ဝထုတ်ဖော်နေသည်။ ဒါဟာ သိမ်မွေ့နယ်မြေ၏ ထောင်လွှားကာ မင်းမူတတ်လွန်းပြီး တောက်ပလွန်းသော စွမ်းအားမျိုးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သို့သော် ထိုနှစ်ခုကလည်း အဆင့်တူနေပြန်သည်။

ဝမ်ချောင့်အနေဖြင့် ပထထမဦးဆုံးအကြိမ်အဖြစ် အလားတူအဆင့်မြင့်သည့် စွမ်းအင်တစ်မျိုးကိုကြုံတွေ့ ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏သိမ်မွေ့နယ်မြေအပေါ် နားလည်ပူးပေါင်းမှုက ကျော်လွန်သွားပြန်လေသည်။

မဟာထန်က တူရကီခါကာနိပ်ကို အရှေ့ပိုင်းနှင့်အနောက်ပိုင်းအဖြစ် ပြောင်းလိုက်တယ်။ အနောက်ပိုင်းတူရကီနိပ်က အာရှပါရာခါကန်း ရဲ့လက်အောက်မှာ အင်အားကြီးမားသည့်စစ်တပ်ကို ပိုင်ဆိုင်ထားသည်။ အရှေ့ပိုင်းတူရကီခါကာနိပ်ကတော့ အော့စမစ်ခါကန်းရဲ့လက်အောက်မှာရှိပြီး သိုင်းပညာကို ကျင့်သုံးကြလို့ ကျွမ်းကျင်ပညာရှင်အများဆုံးရှိတယ်၊ ပြောရမယ်ဆိုရင် အော်တူကန်းတောင်က အရှေ့ပိုင်းတူရကီခါကာနိပ်က သိုင်းပညာရှင်တွေရဲ့ တော်ဝင်နယ်မြေပဲ။ အဲဒီနေရာက ခါကာနိပ်မှာတောင် အစောဆုံးနေထွက်တဲ့ နေရာလို့ပြောလို့ရတယ်၊ဒါကြောင့် နေတော်ဝင်နယ်မြေလို့ ခေါ် ကြတယ်။

*သိုင်းပညာရဲ့မြွေအနှစ်က ဗဟိုပြင်ကျယ်နှင့်လုံးဝခြားနားတယ်။ ဗဟိုပြင်ကျယ်နှင့် မဟာနှင်းတောင်တန်းကနေ ခွဲထုတ်ထားတဲ့ မျိုးဆက်တစ်ခုလို့တောင် ပြောရမလားပဲ၊ပါးကုရှီတုက အရှေ့ပိုင်းတူရကီဘုရင်ဖြစ်တယ်။ နောက်ပြီး သူ့ရဲ့ထူးချွန်တဲ့ သိုင်းပညာအရသူလည်း နေတော်ဝင်တောင်ကနေ တစ်ခုခုရထားတာပဲဖြစ်ရမယ်*

ဝမ်ချောင်ကနောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။ သူသည် နောက်ဆုံးတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာကိုရပ်တန့်နိုင်သွားသည်။

သိုင်းတော်ဝင်နယ်မြေတစ်ခုချင်းစီတိုင်းက အင်ပါယာတင်ခုကိုထောက်ပံ့ပေးနိုင်သည်။ ဥပမာအနေဖြင့် မဟာနှင်းတောင်ရဲ့တော်ဝင်ဘုရားကျောင်းသည် တိဘက်တောင်ပေါ်ဒေသတွင် တည်ရှိပြီး ရူယွင်စန်းအင်ပါယာကြီးအတွက် ကျွမ်းကျင်ပညာရှင်များကို တစ်သုတ်ပြီးတစ်သုတ် မွေးထုတ်ပေးနိုင်သည်။ ထို့ကြောင့် အရှင်သခင်များက အကြိမ်မည်မျှပင် ပြောင်းလဲနေခဲ့စေကာမူ ရူယွင်စန်းသည် အမြဲတစေဦးမော့နိုင်ပြီး ဗဟိုပြင်ကျယ်၏ မင်းဆက်အသီးသီးကို ပြသနာရှာနိုင်ခြင်းဖြစ်သည်။

အရှေ့ပိုင်းလောကကြီးသည် တော်ဝင်နယ်မြေ၃ခုအတွက်အိမ်ဖြစ်သည်။ ဝမ်ချောင်၏ယခင်ဘဝတွင် ဝမ်ချောင်အဆက်အသွယ် မလုပ်ဖူးသော သိုင်းပညာရှင်များက ထိုတော်ဝင်နယ်မြေများမှ ဖြစ်သည်။

အင်ပါယာကြီးတစ်ခုလုံးတွင် သူတို့နှင့်မကြာခဏ အတိုက်ခိုက်ရဆုံးကအန်းလု ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် စုန့်ကျန်းရှို့ ပင်ဖြစ်သည်။

"ပါးကုရှီတု မင်း ဘာကိုကြံစည်နေတာလဲ။ မင်း မူလအမရသိုင်းကိုယူ ချင်ရင် ဘယ်သူက မှမင်းကိုမတားနိုင်ဘူးလေ"

ဝမ်ချောင်က စိတ်ထဲတွင် အတွေးပေါင်းများစွာကို တွေးတောကြည့်နေရင်းမှ လျှင်မြန်စွာ ပြောလိုက်သည်။ သူ၏အမူအရာက တည်ငြိမ်ပြီး ထိတ်လန့်မှုများကင်းစင်သည်။

"ဟွန်း ငါအစက မူလအမရသိုင်းကိုလိုချင်တာပဲ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင်ရဲ့ဘုရင် မင်းကသာငါ့ရဲ့ပစ်မှတ်ပဲ"

ပါးကုရှိတုက ပေါ့ပါးစွာရယ်သည်။

1503 02

"အားလုံးက ပြောကြတယ်..မဟာထန်က သူရဲကောင်းနယ်မြေတဲ့။ ဒါပေမဲ့ ငါ အရှင့်သားနဲ့လုံး ဝမဆုံခင်အထိ လုံးဝမယုံခဲ့ဘူး။ အသက်၁၆နှစ်အရွယ်မှာ မင်းက အနောက်တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး ရူယွင်စန်းနယ်မြေရဲ့ ချဲ့ကျောင်းကို အနိုင်ယူလိုက်တယ်၊အသက်၁၇နှစ်မှာမင်းကအမတ်ဖြစ်လာတယ်၊ အသက်၁၈နှစ် မတိုင်ခင်မှာ မင်းက အနောက်ပိုင်းလောကကြီးတစ်ခုလုံးကို မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ သိမ်းပိုက်နိုင်ပြီး အာရေးဗီးယားအင်ပါယာကြီးကို အလဲထိုးလိုက်ပြီး စစ်သည်၁သန်းကိုတောင် သတ်ဖြတ်ခဲ့တယ်၊ ဒီအတိုင်း ဆက်ဖြစ်နေရင်လောက,က ဘယ်သူမှအရှင့်သားကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး၊ မဟာထန်ရဲ့ သူတော်စင်ဧကရာဇ်က မင်းကို အရမ်းကို မျက်နှာသာပေးပြီး မျိုးဆက်ခြား နယ်မြေတို့ရဲ့ဘုရင်ဖြစ်စေတာ မအံ့ဩတော့ပါဘူး"

ဝုန်း

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အဝေးမှ အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကပင် မျက်နှာ ဖျော့တော့သွားသည်။

ဒီနေရာသို့ ရောက်လာသော မည်သူကမဆို အဆင့်လွန်တဲ့အဆုံးအစမဲ့ မူလအမရသိုင်းအတွက်သာ ဖြစ်သည်။ ထို့ကြောင့် မည်သို့ အရယူမည်ဟု ဆုံးဖြတ်ချက် ချထားလျှင်ပင် တစ်ယောက်ကိုတစ်ယောက် မြင်သည်နှင့် အချင်းချင်း တိုက်ခိုက်ကြမည့် ရန်သူများဖြစ်သည်။ အရှုပ်အထွေးများ ဖြစ်နိုင်သည်။

သို့သော် ပါးကုရှီတု၏ စကားလုံးများကမူ မတူညီသောအခြေအနေ ဖြစ်သွားသည်။ ဝမ်ချောင်၏နှလုံးသားက လေးလံလာသည်။ သို့သော် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အပိတ်ခံထားရသည်။ ထို့ကြောင့် မတိုက်ခိုက်နိုင်ပေ။

"မျိုးနွယ်ခြားဘုရင် သွားရအောင်"

ပါးကုရှိတုကပြုံးပြီး အရှေ့သို့ ညွှန်ပြသည်။

အခြားသူများ၏မျက်ဝန်းက တောက်ပသွားသည်။ သို့သော် သူတို့သည် ဘာကိုမှမလုပ်ရဲပေ။ ရန်သူများက ဝန်းရံထားသည့်တိုင်အောင် ပါးကုရှီတုကမူ စိတ်လက်ပေါ့ပါးပြီး အကြောက်အလန့် ကင်းလေသည်။

သူသည် ဝမ်ချောင်ကိုခေါ်ကာ အဝေးရှိကျောက်တံတားပေါ်သို့ သွားသည်။

ထိုအချိန်တွင် တခြားသောသူများ၏စိတ်က အလွန်အမင်း ရှုပ်ထွေးသွားကြ၏။ ဝမ်ချောင်သည်လည်း တတိယမျိုးဆက်,ဆက်ခံသူကို ပြသနာရှာခိုင်းရန် ထပ်ခါတလဲလဲ ကြိုးစားကြည့်သည်။ သို့သော် ပါးကုရှီတု၏လက်ချောင်းကို အနည်းငယ် တင်းကျက်လာရုံနှင့် သူ၏အကြံများကိုဖယ်ရှားရသည်။

သူသည်လည်းစိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ရန်ကြိုးစားသည်။ သို့သော် ပါးကုရှီတုကမူသာမန်သိုင်းပညာရှင်တစ်ယောက်ပင် မဟုတ်တော့ပေ။ သူသည်သိမ်မွေ့နယ်မြေသို့ ခြေတစ်လှမ်းဝင်ရောက်နေသူ ဖြစ်သည်။ ထို့ထက်ပင် မြင့်လောက်၏။

ပို၍ဆိုးသည်မှာ လမ်းလျှောက်အလောင်းကောင်နှင့် မတူညီစွာ ပါးကုရှီတု၏ ကိုယ်တွင်းမှာကျန်းမာပြီးပို၍ကြောက်စရာကောင်းသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ စိတ်စွမ်းအင် အထောက်အပံ့ အနည်းငယ်လောက်က သူ့ကိုကိုင်တွယ်နိုင်ခြင်းမရှိပေ။

ထို့အပြင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးထက် မည်သူကမှ စိတ်မရှုပ်နေပေ။ သူသည် ကျောက်တိုင်နားတွင်ရပ်နေပြီး အနောက်ဘက်တွင် တံတားရှည်ကြီးရှိသည်။ သူသည်ခြေတစ်လှမ်းသာ ချလိုက်ရုံဖြင့် အဆင့်လွန်အဆုံးအစမဲ့မူလအမရသိုင်းကို သွားရှာနိုင်ပြီဖြစ်သည်။

ပို၍ဆိုးသည်မှာ သူသည်လည်း မိစ္ဆာဧကရာဇ်လူအျိုကြီးမာန်နှင် ဝူရှန်းရွာသူကြီးတို့ထက်ပင် ဝမ်ချောင်နှင့် ဆက်ဆံရေး မကောင်းပေ။

ပါးကုရှီတုသည် ဝမ်ချောင့်ကို ဓါးစာခံအဖြစ် ထား,ထားသည်။ သို့သော် ထိုအခြေအနေက သူ့ကိုအနည်းငယ်သာ သက်ရောက်သည်။

"ဟမ့် အထီးကျန်တိတ်ဆိတ်ဘိုးဘေး... အရင်လာတဲ့သူကအရင်ရသွားမှာပဲ။ ခင်ဗျားက။ ဒီကို ငါ့ထက် အရင်ရောက်တာဆိုတော့ ဘာလို့ တံတားပေါ် အရင်မတက်တာလဲ။ မူလအမရသိုင်းက ခင်ဗျားအပိုင်ပဲ..."

ပါးကုရှီတုက အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ကြည့်ပြီးပြောသည်။

ဝုန်း

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရွေးချယ်ကာ စဥ်စားနေစေသည်။ သို့သော် ပါးကုရှီတု၏ စကားများက သူ့အား တောင့်ခဲသွားစေ၏။ သူသည် မူလအမရသိုင်းကို ရရုံနှင့်နံပါတ်တစ်ဖြစ်သွားမည် ဖြစ်သည်။ ထို့ကဲ့သို့သော ရတနာ၏ အရှေ့တွင်မည်သူကမှ စိတ်မတည်ငြိမ်နိုင်မည်မဟုတ်ပေ။

*ဆိုတော့ သူအညံ့ခံလိုက်ရမှာလား*

ပါးကုရှီတု၏ကမ်းလှမ်းချက်က အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ပို၍အတွေးနက်စေကာ ပို၍ကြောက်သွားစေခဲ့သည်။

ဘန်း

1503 03

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက်လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ပြီး အင်အားကြီးမားသော ရေအခြေပြု ကြယ်တာယာစွမ်းအင်များက ကျောက်သားတံခါးထံသို့ ပို့လွှတ်လိုက်သည်။

ချွင်!

ဝေဝါးမှုများကြားတွင် သတ္ထုချင်းထိခတ်သံက ပေါ် ထွက်လာသည်။ ထို့နောက် တလောကလုံးက တိတ်ဆိတ်သွား၏။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပို့လွှတ်လိုက်သော ကြယ်တာယာစွမ်းအင်များက အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။

"မလိုပါဘူး။ အရှင့်သားပဲ အရင်သွားပါစေ"

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ချက်ချင်းလိုလိုပင် လမ်းဖယ်ပေးလိုက်သည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ဝူရှန်းရွာသူကြီးနှင့် ဝမ်ချောင်တို့သည်လည်း ပါးကုရှီတုကို အလွန်ကောင်းမွန်စွာ နားမလည်တော့ပေ။

သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အရှေ့မြောက်ပိုင်းတွင်နေသည်။ သူ၏ပိုင်နက်ကလည်း အရှေ့ပိုင်းတူရကီခါကာနိပ် နယ်စပ်နားတွင် ဖြစ်သည်။ ထိုအတွက်ကြောင့် အရှေ့ပိုင်းတူရကီခါကာနိပ် နယ်မြေအတွင်းမှ အဆင့်မြင့်မားလွန်းသော ထိုဘုရင်ကို သိသည်ဟုပြော၍ရသည်။ ထိုကြောင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည် သူ့အကြောင်းပို၍ နားလည်သည်။

သူသည်လည်း ထိုအစိတ်အပိုင်းနယ်မြေ အထွတ်အထိပ်ကျော်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ပိုမြင့်သော အဆင့်ပင် ရောက်ရှိနေသည်။ အကြွင်းမဲ့ မလိုအပ်၍သာမဟုတ်လျှင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးအနေနှင့် တိုက်ခိုက်လိုစိတ် မရှိပေ။ အမှန်တိုင်းပြောရရင် သူတို့ အမှန်တကယ် တိုက်ခိုက်ခဲ့ပါက အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်ပင် အရှေ့ပိုင်းတူရကီဘုရင်နှင့် မယှဥ်နိုင်ကြောင်း ဝန်ခံရပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ပါးကုရှီတုက ထူးချွန်သောခွန်အားကို ပိုင်ဆိုင်ထားသည်။ သူတို့ထက် စောစီးစွာရောက်ရှိနေခဲ့ခြင်းဖြစ်၏။ မူလအမရသိုင်းကသာရရှိရန် လွယ်ကူနေခဲ့မည်ဆိုလျှင် ပါးကုရှိတုကလည်း အရယူထားပြီးသား ဖြစ်သွားပေလိမ့်မည်။

သို့သော် တူရကီခါကာနိပ်က ထိုနေရာတွင် ပုန်းအောင်းနေ၍ ဝမ်ချောင့်ကို တိုက်ခိုက်ရန်ကြိုးစားခဲ့၏။ ထိုအခြေအနေပင် မကောင်းသော ကိစ္စတစ်ခုရှိကြောင်းဖော်ပြနေသည်။

"ဟမ်း မင်းက မျက်လုံးကောင်းသားပဲ"

ပါးကုရှိတုက အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ခပ်ညစ်ညစ်ကြည့်ပြီး တစ်ချက်ပြုံးသည်။ သူဟာ ဝမ်ချောင်၏လည်ပင်းကို ဆုတ်ကိုင်ထားရင်း လျှိ့ဝှက်ဆန်းကျယ်သော ကျောက်တံတားဆီသို့ လျှောက်လာသည်။

ဘမ်း

သူဟာ လမ်းလျှောက်လာနေရင်းမှ ကြယ်တာယာစွမ်းအင်များဖြင့် ဖန်တီးထားသော အဖြူရောင်နဂါးတစ်ကောင်က မြေကြီးထဲမှ ခုန်ထွက်လာပြီး သူ၏ကျောကို တိုက်ခိုက်သည်။ ထိုနဂါးဖြူက ကြီးမားပြီးကြယ်တာယာစွမ်းအင်များဖြင့် ဖွဲ့စည်းထားလေရာ သိပ်သည်းလျက်ဖျက်ဆီးခြင်းစွမ်းအင်များကို များစွာသယ်ဆောင်ထားလေသည်

"နေမင်းကိုမြိုတဲ့နဂါးဖြူ"

ဝူရှန်းရွာသူကြီးသည် ထိုအခိုက်အတန့်ကို အရယူ၍ သူ့ကိုချောင်ပိတ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဝူရှန်းရွာ၏ ဒဏ္ဍာရီထဲတွင် နဂါးများအားလုံး၏ ဘိုးဘေးက အလွန်ပဲကြီမားပြီး နဂါးမြစ်နတ်သိုင်း၏ အရင်းအမြစ်လည်းဖြစ်သော နဂါးဖြူကြီးဖြစ်သည်။ ပထမဦးဆုံးသောနဂါးဖြူကြီးသည် မူလကစဥ့်ကလျား စကြာဝဠာကြီး၏တွင်းမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီးနေကိုပင် ဝါးမြိုနိုင်သည့်စွမ်းရည် ရှိနေခြင်းဖြစ်သည်။

ထိုအဖွဲ့က ပို၍ပင်ပြင်းထန်သိပ်သည်းသော စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ သို့သော် ထို၃ယောက်အတွက် ဖော်ပြရန် ခက်ခဲလောက်အောင် မြောက်များသော အချိန်များလည်း လိုအပ်သေးပြန်၏။

ခန္ဓာကိုယ်အတွင်းမှ ကြယ်တာယာစွမ်းအင်များကို လည်းဆက်တိုင်ဆိုသလို သိပ်သည်းနေရပေသည်။ ထို့အတွက်ကြောင့်တိုက်ပွဲတွင် အသုံးပြုရန်အတွက် လက်တွေ့ မကျသေးပေ။ သို့သော် အချိန်သာလျှင် ပြီးပြည့်စုံစွာ တိုက်ခိုက်နိုင်လေသည်။ ထိုအတွက်ကြောင့်လည်း ဝူရှန်းရွာသူကြီးက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။

1503 04

သူနှင့်မိစ္ဆာဧကရာဇ်က ဘယ်လိုများ ဒီအတိုင်း ငြိမ်ငြိမ်ထိုင်နေတဲ့ အနေအထားမျိုးနှင့် ဝမ်ချောင် ဒုက္ခရောက်တာကို ကြည့်နေရမှာလဲ...

ဘန်း

အလင်းက ပေါက်ကွဲလာသောအခါ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က လှုပ်ရှားလိုက်သည်။ ကောင်းကင်ထက်မှ ကြီးမားသော မိုးပြာရောင်လက်ဖဝါးကြီးက ဆင်းသက်လာကာ ပါးကုရှီတု၏ခေါင်းကို ဖြတ်ရိုက်သည်။ နှစ်ယောက်လုံးကလည်း သတိပေးချက် အလျင်းမရှိဘဲ မြန်ဆန်လွန်းသောအရှိန်နှုန်းဖြင့် တိုက်ခိုက်လိုက်ကြသည်။

အနည်းငယ်သော အချိန်တိုအတွင်းတွင် သူတို့သည် ပါးကုရှိတုနှင့်၃ပေပင် မဝေးတော့ပေ။

ထိုအရာက အစသာ ဖြစ်နေသေးသည်။

ဗုန်း

ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်က ပါးကုရှီတု၏စိတ်ထဲသို့ ရိုက်ချသည်။ ထိုအခြေအနေက ရုတ်တရက်ဆန်လွန်း၍ ပါးကုရှီတု၏စွမ်းရည်ရှိသောသူမျိုးကပင် တစ်ခဏခန့် ရပ်တန့်သွားသည်။

ဝမ်ချောင်သည် ပြင်းထန်သိပ်သည်းကာ မောက်များလှစွာသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး လမ်းလျှောက်အလောင်းကောင်ကဲ့သို့ ပါးကုရှီတုကို မထိန်းချုပ်နိုင်သော်လည်း သူသည်လည်း တစ်ဖက်သူအား ယာယီအားဖြင့်ငေးငိုင်သွားစေသည်အထိ ပြင်းထန်သော ထိုးနှက်ချက်မျိုးပေးနိုင်လေသည်။

သိုင်းပညာရှင်များ၏တိုက်ပွဲတွင် တစ်စက္ကန့်တိုင်းက အရေးကြီးသည်။ ဥပမာအားဖြင့် ဝမ်ချောင်အဆင့်တွင်ရှိသော သူမျိုးတို့၏တိုက်ပွဲတွင် တစ်စက္ကန့်ကပင် တိုက်ကွက်အများကြီး ထုတ်သုံးနိုင်သည်။

ဝုန်း

သူတို့၃ယောက်လုံးက စကားတစ်ခွန်မှ မဖလှယ်ပဲ တိုက်ကွက်ကိုလိုက်ကြသည်။ သို့ေသာ် သူတို့သည် ပါးကုရှီတုအား ချက်ချင်းဆိုသလိုပဲ အလွန်ပင်အားနည်းသော အနေအထားသို့ ရောက်သွားစေသည်အထိ တိုက်ခိုက်လိုက်နိုင်သည်။

"အောင်မြင်ပြီကွ"

ဝမ်ချောင်၏မျက်ဝန်းကပျော်ရွှင်စွာတောက်ပသွားသည်။

အဲ့ဒီအချိန်တွင် ပါးကုရှီတုသည် အလွယ်တကူ ချုံခိုတိုက်ခိုက်၍ရသောသူမျိုး မဟုတ်ပေ။ ထိုအဖွဲ့သည် တစ်ဖက်သူက အောင်မြင်သွားပြီဟုထင်ပြီး သတိလျော့ချလိုက်မှသာ အခွင့်အရေးရခဲ့ခြင်း ဖြစ်သည်။

ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် ပါးကုရှီတုက သူ့ကိုဖမ်းပြီးနောက် သူ၏အာရုံက တတိယမြောက် ဆက်ခံသူထံရောက်သွားကြောင်း သတိထားမိလိုက်သည်။ သူသည်လည်း ထိုမူလအမရအရှင်၏ ယခင်တပည့်ကို အလွန်ကြောက်ပုံရသည်။

အချက်အလက်များက သူတို့ကိုအခွင့်အေရးပေးလိုက်သလို ဖြစ်သွားသည်။ ပါးကုရှီတုသည် ထိုအဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် မှင်သက်သွားသည်။

ယခုအခါထိုအဖွဲ့က အတူပူးပေါင်းပြီး ပါးကုရှီတုကိုတတိုက်ခိုက်လိုက်ကြသည်။ ဒါဟာ ဝဋ်လည်သည့်သဘောမျိုး ဖြစ်သည်။

လက်ရှိ အခြေအနေမှ အတိုဆုံးသောအချိန်တိုတစ်ခုတွင် ပါးကုရှီတုသည်လည်း ထိုအန္တရာယ်ကို ရင်ဆိုင်ရန်ခက်ခဲသွားစေသည်။ သို့သော် ရုတ်တရက်....

ဘမ်း

ထိုကျယ်လောင်သော ပေါက်ကွဲ၏သံနှစ်သံက ပေါ်ထွက်လာသည်။ ထို့နောက် ဖျက်ဆီးခြင်း စွမ်းအားလှိုင်းများက အပြင်ဘက်သို့ လွင့်ထွက်သွားပြီးနောက်တွင် သိပ်သည်းသော အစိမ်းရောင်မြူထုကို ကွဲကြေသွားစေလျက် ပေတစ်ရာဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းသွားစေသည်။

ကြောက်ဖို့ကောင်းသော တိုက်ကွက်နှစ်ခုက လိုချင် သောရလဒ်မျိုးကို မရရှိခဲ့ပေ။

ကျယ်လောင်သော သတ္ထုမြည်ဟီးသံများအကြားတွင် ကြီးမားသော အနက်ရောင်ဒယ်စောက်အိုးကြီးနှစ်ခုက ပါးကုရှီတု၏ ဘယ်တစ်ဖက်၊ညာတစ်ဖက်တွင် ပေါ်လာသည်။ ထိုဒယ်စောက်အိုးကြီးများသည် တစ်ပေခန့်မြင့်သည်။ ထိုဒယ်စောက်အိုးနှစ်ခုက ထွက်လာသေးသည်။ တိုက်ကွက်နှစ်ကွက်လုံးကို ချက်ချင်းဆိုသလို တားလိုက်လေသည်။

******

1504 01

အခန်း ၁၅၀၄

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ဝူရှန်းရွာသူကြီး၏မျက်လုံးက ပြူးကျယ်သွားသည်။ သူသည် ထိုတိုက်ကွက်ထဲတွင် အင်အားအားလုံး ထည့်သုံးထားသည်။

သို့သော် ဒယ်စောက်အိုးသစ်တစ်ခုကတားလိုက်သည်။ မိစ္ဆာဧရာဇ်လူအိုးကြီးမာန်သည်ဝူရှန်းရွာသူကြီးထက်ပင်ပို၍အံဩသေးသည်။

"စတေးခြင်း....စတေး....ပူဇော်ပွဲပစ္စည်းတွေ"

ဝူရှန်းရွာသူကြီးကဲ့သို့ သူ့၏ရွာထဲတွင် နှစ်ပေါင်းများစွာ ပိတ်နေခဲ့သောသူမျိုးနှင့် မတူညီခဲ့ပေ။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကကြွယ်ဝသောအတွေ့အကြုံများရှိသည်။ ထိုအတွေ့အကြုံက သူ့ကိုပို ၍အံဩစေသည်။ ထိုပစ္စည်းနှစ်ခုက မည်သည့်အရာမှန်း တန်းသိလိုက်သည်။

အစစ်အမှန်ပူဇော်ပစ္စည်းနှစ်မျိုး ဖြစ်သည်။

သိုင်းပညာလောကတွင် အဖိုးတန်ပြီး ရှားပါးသောသောဓါးများက မရေမတွက်နိုင်အောင် ရှိသည်။ အထူးစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် ရတနာမျိုးလည်း ရှိသည်။ ဥပမာအနေဖြင့် အနက်ရောင်ဝတ်စုံနှင့်လူများကို ကြိုတင်ကာ ထောက်လှမ်းနိုင်သောသတ္ထုသေတ္တာနှင့် သံလိုက်ဓါတ်များကြောင့် ပေါ်လာခဲ့သော နဂါးနက်သွေးစစ်အလံကဲ့သို့ အရာများကလည်း ရတနာများဖြစ်ပြီး နဂါးကိုးကောင်သွေးစစ်အလံကဆိုလျှင် မှင်သက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသေးသည်။

သို့သော် ပူဇော်ခြင်းပစ္စည်း သို့မဟုတ် စတေးသောပစ္စည်းဟုခေါ်သော အရာများကမူ သိုင်းပညာလောကတွင် ဖော်ပြရန် ခက်ခဲလောက်အောင် ရှားပါးလေသည်။

ထိုကဲ့သို့ သောပစ္စည်းများအားလုံးက ထူးခြားသော ရုပ်ဝတ္ထုပစ္စည်းများမှ ဖန်တီးထားခြင်းဖြစ်ပြီး အလွန်အမင်းကိုခိုင်မာသည်။ ထိုရတနာများအားလုံးသည်လည်း ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။ သာမန်ရတနာများနှင့်မတူညီသည်မှာ ထိုစတေးခြင်းပစ္စည်းများသည် သိုင်းပညာရှင်နှင့်ပူးပေါင်းပြီး ထိုသူ၏ခွန်အားကို မြှင့်တင်ပေးနိုင်ကာ ပြင်ပတိုက်ကွက်များကို တားဆီးပေးနိုင်လေသည်။

သို့သော် မိစ္ဆာဧကရာဇ်လူကြီးမန်၏အာရုံကို အများဆုံးဆောင်နိုင်သည်မှာ ထိုစတေးခြင်း ပစ္စည်းနှစ်မျိုးတို့၏အပေါ်ယံတွင် အနီရောင်အလင်းတန်းများက သွေးပြန်ကြောကဲ့သို့ စီးဆင်းနေလျက် ရှိနေခဲ့ခြင်းဖြစ်သည်။ ဒါဟာ အလှဆင်ထားခဲ့ခြ င်းမဟုတ်ပေ။ ပါးကုရှီတု၏သွေးများကပင် ထိုဒယ်စောက်အိုးထဲသို့ ထည့်သွင်းစီးဆင်းနေခဲ့ခြင်း ဖြစ်သည်။

စတေးခြင်းပစ္စည်းတစ်ခုက သိုင်းပညာရှင်၏အသက်ကို ဆက်သွယ်ထားသည်။ သိုင်းပညာရှင်သည် ထိုစတေးခြင်းပစ္စည်းတစ်ခုကိုသာ တစ်ဘဝလုံးစာအတွက် အသုံးပြုနိုင်သည်။ ထိုပစ္စည်းကို ဘယ်တော့မှ လက်လျော့၍မရသလို၊ သူများကိုလည်း ပေးလိုက်၍ မရပေ။ အသက်အရွယ်ကြီးရင့်၍ သေဆုံးခြင်း သို့မဟုတ် သူတို့နှင့် ထိုပစ္စည်းအပေါ် ဆက်သွယ်ထားမှုကို ဖြတ်တောက်ပစ်နိုင်သည့် တိုက်ပွဲတစ်ပွဲကို ကြုံတွေခဲ့ရမှသာ သေဆုံးနိုင်၏။

ထိုကဲ့သို့သောအခြေအနေမျိုး ဖြစ်ပျက်လာသည်နှင့် နောက်ဆုံးသောအသက်စွမ်းအား လက်ကျန်၊အသိစိတ်စွမ်းအားနှင့် မှတ်ညဏ်များအားလုံးက ထိုပစ္စည်းထဲသို့ စုပ်ယူခံရမည်ဖြစ်ပြီး ထိုစတေးသည့်ပစ္စည်းကလည်း နောက်ထပ်သခင်အသစ်ကို ထပ်ရှာပေလိမ့်မည်။

စတေးခြင်းပစ္စည်းများနှင့်ပတ်သက်သည့် အထူးခြားဆုံးဘက်ပိုင်းတစ်ခုကမူ ထိုလေးစားဖွယ်ကောင်းေသာ စွမ်းရည်ကို စွမ်းအင်တစ်မျိုးေပါ်သို့ လက်ဆင့်ကမ်းကာ ထည့်သွင်းပေးခြင်းအားဖြင့် ထိုစွမ်းအင်ကို ပို၍ပင်သန်မာစေနိုင်သည်။ မျိုးဆက်အဆက်ဆက်ပင် သန်မာအောင် လုပ်ပေးနိုင်သေး၏။ လူတစ်ယောက်က စတေးခြင်း ပစ္စည်းကိရိယာတစ်ခုပေါ်သို့ သူတို့၏လက်နှစ်ဖက်စလုံးကို တင်လိုက်ပြီးသည်နှင့် လက်ရွေးစင်သိုင်းပညာရှင် ချက်ချင်း ဖြစ်သွားနိုင်သည်။

ထိုစတေးခြင်းပစ္စည်းတစ်ခုကို သွန်းလုပ်ရန် မျိုးဆက်အဆက်ဆက်မှ လူများက သူတို့ရဲ့အသက်များကို စတေးထားရန်လိုအပ်သည်။ ထိုအတွက်ကြောင့် သိုင်းပညာလောကအတွင်းတွင် အလွန်အမင်း ရှားပါးနေခဲ့ခြင်းဖြစ်သည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည်လည်း ထိုကျွမ်းကျင်ပညာရှင်တစ်ယောက်က ထိုကဲ့သို့ ခြားနားလွန်းသောအရာမျိုးကို ပိုင်ဆိုင်ထားသည်ဟု မထင်ထားမိပေ။

"မြေကမ္ဘာသွေးဒယ်စောက်အိုး"

မည်သူကမှ အထီးကျန်တိတ်ဆိတ်ဘိုးဘေးထက် ပို၍မအံ့ဩလောက်ပေ။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ တူညီစွာ အံ့အားသင်စေသည်မှာ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အရှေ့မြောက်ပိုင်းတွင် နေထိုင်သူဖြစ်သည်။ ထို့ကြောင့် ပါးကုရှီတုတွင် အင်အားကြီးမားသော လက်နက်များရှိကြောင်း ကြားထားဖူးပြီးသားဖြစ်သည်။

သို့သော် ထိုလက်နက်ကစတေးခြင်းပစ္စည်းတစ်ခုအဖြစ် ရှိနေလိမ့်မည်ဟု မည်သူကမှ မထင်ထားမိပေ။

1504 02

အရှေ့ပိုင်းတူရကီခါကာနိပ်က ပိုင်ဆိုင်ထားသော စတေးခြင်းပစ္စည်းအပါ လွန်ခဲ့သောအနှစ်၂၀၀ကျော်ကျော်ခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုပစ္စည်းက သူ၏မြေကမ္ဘာဒယ်စောက်အိုး ဖြစ်လေသည်။

ဒယ်စောက်အိုး၏အပေါ်ယံမျက်နှာပြင်ပေါ်မှ အနီရင့်ရောင်သွေးကြောများနှင့်လျှိ့ဝှက်ဆန်းကြယ်သော တူရကီစကားလုံးများကတင် မြေကမ္ဘာသွေးဒယ်စောက်အိုး၏နောက်ခံကိုအကောင်းဆုံးဖော်ပြနေခြင်းဖြစ်သည်။

အရှေ့မြောက်ပိုင်းမှ အရှေ့တူရကီခါကာနိပ်ဘာသာစကားကို နားလည်သောဟန်များအတွက် တံတားပေါ်မှ အရှေ့ပိုင်းတူရကီစကားလုံးများသည် မြေကမ္ဘာကို လွန်ကဲလွန်းစွာ တည်တံ့ရန် ဝတ်ပြုနေခဲ့ခြင်းဖြစ်ကြောင်း သိရပေလိမ့်မည်။

မြေကမ္ဘာသွေးဒယ်စောက်အိုးက ရှိနေသေးသမျှ ပါးကုရှီတုကို တိုက်ခိုက်ရန်လုံး ဝမဖြစ်နိုင်ပေ။

အားလုံး၏စိတ်အစဥ်က လေးလံသွားသည်။ ဝမ်ချောင်၏နှလုံးသားကလည်း လေးလံသွားသည်။

"ဟမ့်....မျိုးနွယ်ခြားနယ်မြေတို့ရဲ့ဘုရင်မင်းက ငါ့ကို ဘယ်တော့မှ သတိမပေါ့ဆစေတဲ့ သူမျိုးပဲလေ"

ပါးကုရှီတုက ရုတ်တရက် ထပြောလေသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ အဖြူရောင်ဆံပင်နှင့်ဝူရှန်းရွာသူကြီးကိုပင် သူဟာ လစ်လျူရှုလိုက်သည်။ ပါးကုရှီတုက သူ၏သေးသွယ်ကာစူးရှသည့် မျက်ဝန်းတစ်စုံကို ဝမ်ချောင့်ထံ စူးစိုက်ကြည့်ပြီး ခပ်ညစ်ညစ် ပြုံးလိုက်သည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့၏တိုက်ကွက်များက ဒုတိယသာဖြစ်သည်။ သူတို့သည် သူ၏စတေးခြင်းလက်နက်ပေါ် ချိုးဖြတ်နိုင်စွမ်းရည် မရှိကြပေ။

သူ့ကို အမှန်တကယ် အံ့ဩစေဆုံးက သူ့ကိုေချာက်ကမ်းပါးသို့ထဲ ပြုတ်ကျသွားစေမတတ် ဖြစ်သွားစေခဲ့သည့် ဝမ်ချောင်၏စိတ်စွမ်းအင်တိုက်ကွက်ကို အံ့ဩစေဆုံးဖြစ်သည်။

သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုးသည်ပင် သက်ရောက်ခံလိုက်ရသေးသည်။ သူသာ အနည်းငယ် နှေးကွေးသွားခဲ့သော်၊မြေကမ္ဘာသွေးဒယ်စောက်အိုးကသာ ထို့ထက် နောက်ကျပြီး ပေါ်လာခဲ့သော် ထိုချောင်းမြောင်းတိုက်ကွက်က အမှန်တကယ် အောင်မြင်သွားလောက်သည်။

သူ၏အသက်အတွက် မခြိမ်းခြောက်နိုင်ဆုံးသော အရာက အခြိမ်းခြောက်နိုင်ဆုံး ဖြစ်သွားနိုင်သည်။ ပါးကုရှီတုကပင် ထိုအခြေအနေကို မခန့်မှန်းထားမိပေ။

"မဟာထန်ရဲ့မျိုးနွယ်ခြားတို့ရဲ့ဘုရင် မင်းသာ ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ချင်ရင် မင်း ဘယ်အချိန်က သူတို့ကို အကြောင်းကြားလိုက်လဲဆိုတာကို ပြောပြပါ့လား"

ပါးကုရှီတုက ဝမ်ချောင့်အား ထိုစကားလုံးများနှင့်အတူ ခပ်ပြတ်ပြတ် စွတ်စွဲလိုက်သည်။ ဝမ်ချောင်သည် ထိုတိုက်ကွက်၏နောက်ကွယ်မှ ကြိုးကိုင်ပြီးစီမံသူဖြစ်ကြောင်း ဖော်ပြနေသည်။ ဝမ်ချောင်က မည်သည့်စကားမျှမဆိုပေ။ သူ၏နှလုံးသားက လေးလံနေသည်။

သူ၏အကြီးမားဆုံးအမှားက ပါးကုရှီတုကို အထင်သေးမိခြင်းဖြစ်သည်။ အရှေ့ပိုင်းတူရကီခါကာနိပ်က အရင်လို မျှော်လင့်ထားသည်ထက် ပို၍ကြောက်စရာ ကောင်းလေသည်။

"အနိုင်ရသူက ဘုရင်၊ရှုံးတဲ့သူက အမှိုက်တဲ့ ငါက ရှုံးသွားပြီဆိုကတည်းက ငါ့မှာ ဘာစကားမှ ပြောစရာမရှိဘူး။ မင်းစိတ်ထင်တိုင်း လုပ်လို့ရတယ်"

ဝမ်ချောင်က တည်ငြိမ်စွာပြောပြီး မျက်လုံးကိုပင် မှိတ်လိုက်သည်။ ပါးကုရှီတုသည် ရုပ်တိကျကျပင် အင်အားကြီးလွန်းသည်။ လက်ရှိအချိန်တွင် မည်သူကမှ သူ့ကိုမယှဥ်နိုင်ပေ။

"ဟွန်း စိတ်အေးအေးထားပါ။ မင်းက မဟာထန်ရဲ့မျိုးနွယ်ခြားတို့ရဲ့ဘုရင်ပဲ။ နောက်ပြီး အရှေ့ပိုင်းနဲ့အနောက်ပိုင်းလောကကြီးတစ်ခုလုံးက ကြောက်ရတဲ့စစ်နတ်ဘုရားအသစ်လည်း ဖြစ်နေသေးတယ်။ အချို့သူတွေဆိုရင် မင်းက လွန်ခဲ့တဲ့နှစ်တစ်ရာကျော် စုကျန်းချွမ်ထက်တောင် သာလွန်တဲ့ စိတ်အနုပညာကို ပိုင်ဆိုင်ထားတဲ့သူလို့ ပြောကြတယ်။ ဒီဘုရင်က မင်းကို တကယ်ကို လေးစားမှုအကြီးကြီး ပေးထားချင်တာ။ ဒါကြောင့် မင်းကို ဘယ်တော့မှ ကြမ်းတမ်းလွန်းစွာ ပြုမူပေးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီဘုရင်က မင်းဆီက လိုအပ်တာ ရှိသေးတယ်"

ပါးကုရှီတုသည် တစ်ဖန်ပြန်လည်ပြီး ကျော့ရှင်းကြည့်ကောင်းစွာ တည်ငြိမ်သွားပြန်သည်။ သူသည် ဝမ်ချောင်၏အဖွဲ့၏လက်အောက်ကြောင့် ဒုက္ခရောက်လုနီးပါးဖြစ်သွားသည့်တိုင်အောင် ဒေါသထွက်မသွားသေးပေ။

ဝမ်ချောင်သည် ပါးကုရှီတု၏အဓိပ္ပါယ်မဲ့စကားများကို ဂရုပင်မစိုက်တော့ပေ။ သူဟာ အမှန်တကယ် ကြင်နာတတ်လွန်းလျှင် အစပိုင်းတွင်ကတည်းက သူတို့ကို ချုံခိုတိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်အစိုးရိမ်ဆုံးအချက်က ပါးကုရှီတု၏နောက်ဆုံးစကား ဖြစ်သည်။

"ပါးကုရှီတု မင်းက ငါ့ကိုသတ်တာဖြစ်ဖြစ်၊နှိပ်စက်ဖြစ်ဖြစ် မင်းရဲ့အပိုင်းပဲ။ ဒီနေ့ဘယ်လိုလှည့်ကွက်တွေ သုံးချင်နေရတာလဲ"

1504 03

ဝမ်ချောင်က ရုတ်တရက်မျက်လုံးကို ဦးစွာဖွင့်လိုက်ပြီး ပါးကုရှီတုကို ကြည့်လိုက်သည်။

"ဟမ့်...စိတ်အေးအေးထား။ မင်း ခဏနေ နားလည်လိမ့်မယ်"

ပါးကုရှီတုက ဖျော့တော့စွာပြုံး၍ ဝမ်ချောင့်ကို ဆွဲကိုင်လိုက်ကာ လေထဲသို့ ခုန်တက်လိုက်သည်။

ထိုသို့ဖြင့် ပုစင်းရင်ကွဲတစ်ကောင်က ရေကန်မျက်နှာပြင်ပေါ်တွင် ပျံသန်းနေသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီးနောက်တွင် ကျောက်တံတားပေါ်သို့ လျင်မြန်ချော့မွေ့စွာ ရောက်ရှိသွားသည်။

"မိစ္ဆာဧကရာဇ် ဒီအရှင်က အဲ့သည်လောက်ထိ စိတ်မရှည်ဘူး။ မင်းသာ လိုက်ချင်ရင် ဒီဘုရင်က မညှာတာပေးဘဲနဲ့ မျိုးနွယ်ခြားတို့ရဲ့ဘုရင်ကို သတ်လို့ မင်းတို့ကို ပြန်လာသတ်တာကို အပြစ်မတင်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘုရင်က မူလအမရသိုင်းကို ရမှာပဲ"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့သည် နောက်မှလိုက်ဖို့ ပြင်နေသည့်အချိန်တွင် ပါးကုရှီတု၏အသံများကြောင့် အေးခဲသွားလေသည်။

ရုတ်တရက်....

ဝမ်ချောင်သည်လည်း မူလအမရသိုင်းနောက်သို့လိုက်ခြင်းအားဖြင့် အခုလိုဖြစ်သွားမည်ဟု မထင်ထားမိပေ။

သူသည် နဂါးသိုက်များနှင့်ကြယ်တာယာ ထိုးဖောက်သည့်နွားချေးပိုးတိုးကောင်များကို ရှောင်နိုင်ခဲ့ပြီး အိမ်မက်ဆိုးသားရဲကိုပင် အနိုင်ယူကာ အမှောင်အရိပ်ပင့်ကူကိုပင် အနိုင်ယူနိုင်ခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့် အဆိပ်သင့်အလောင်းကောင်ထံတို့မှလည်း လွတ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင်မူ ဒီနေရာက မူလအမှန်တကယ် ရတနာသိုက်နှင့်အနီးဆုံးဖြစ်ပြီး အတွင်းသို့ပင် ရောက်ရှိခဲ့ပြီးနောက်မှ နောက်ဆုံးမှလိုက်လာသည့် အဝါရောင်ငှက်ဖြစ်သော ပါးကုရှီတုထံ၌ ရှုံးသွားသည်။

ထိုလူက လွန်ကဲလွန်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီး အလွန်အမင်း သိုသိပ်စွာ နေတတ်လွန်းသည်။ ထို့ကြောင့် ဝမ်ချောင်ကပင် သူဟာ သူတို့၄ယောက် အတူပေါင်းသော် မယှဥ်နိုင်လောက်အောင် အင်အားကြီးမားမှန်း သိလိုက်သည်။

အရှေ့ပိုင်းတူရကီခါကာနိပ်၏ထိုစတေးခြင်းလက်နက်ကြောင့် မည်သူကမှ သူ့ကို မယှဥ်နိုင်တော့ပေ။

သူတို့၄ယောက်နှင့် တတိယမျိုးဆက် ဆက်ခံသူတို့က ပူးပေါင်းတိုက်ခိုက်မှသာ ထိုလူကို ရင်ဆိုင်နိုင်လောက်သည်။

"အော့စမစ်ခါကန်းက မင်းကိုပို့လိုက်တာလား"

ဝမ်ချောင်က ရုတ်တရက် မေးသည်။ ယခုအခါ မိစ္ဆာငှက်က ထိုအဆင့်သို့ ရောက်နေကတည်းက သူသည် စိတ်ကို တည်ငြိမ်အောင် ထားရပေမည်။

"ဟားဟား သူက ငါ့ကို အမိန့်မပေးနိုင်ပါဘူး"

ပါးကုရှိတုက ရယ်သည်။

"အိုး..."

ဝမ်ချောင် ကမျက်ခုံးကို ပင့်လိုက်သည်။ သူ၏မျက်နှာတွင် အံအားသင့်သွားသော အမူအရာမျိုးက ပေါ်လာသည်။

"အော့စမစ်က ငါမငြင်းနိုင်တဲ့ ကမ်းလှမ်းမှုမျိုး ပေးရုံပဲ"

ပါးကုရှီတုက ပြောသည်။ သူ၏အမူအရာက ဂုဏ်ယူမှုဖြင့် တောက်ပနေသည်။

ဝမ်ချောင်၏ပုံစံက ချက်ချင်းဖိအားများသွားသည်။

ယခုအခါ သူ၏အသက်က တခြားသူ၏လက်ထဲတွင် ဖြစ်သည်။ ဝမ်ချောင်သည် ဘာကိုမှမခံစားသလို ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် အစစ်အမှန်နှင့် လက်တွေ့ခြားနားသော ကောလာဟလများကြောင့် အမြဲအစဥ် အံအားသင့်ရသည်။

သူသည် အထီးကျန်တိတ်ဆိတ်ဘိုးဘေးထံမှတစ်ဆင့် ပါးကုရှီတုဟာ မြင့်မားလွန်းသောအဆင့်ကို ပိုင်ဆိုင်ထားကြောင်း သိထားသည်။ သို့သော် အရှေ့ပိုင်းတူရကီဘုရင်၏အမိန့်ကိုပင် လစ်လျူရှုနိုင်သည့် အတိုင်းအတာအထိ ဖြစ်နေသည်ဟု မထင်ထားမိပေ။

ပါးကုရှီတု၏အဆင့်အတန်းကလည်း အခြားသောသူများ မျှော်လင့်ထားသည်ထက် အများကြီးပိုပြီးသာလွန်နေသည်။

"ဘာကို ကမ်းလှမ်းတာလဲ"

ဝမ်ချောင်က မြန်မြန်ပဲမေးမိလိုက်သည်။

ပါးကုရှီတုကဘာစကားမှမပြောပေ။

သူသည် ဝမ်ချောင့်ကိုသာ တအံ့တဩကြည့်သည်။

1504 04

သာမန်လူတစ်ယောက်ကသာဆိုလျှင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလောက်အောင် ဖြူဆုတ်နေလောက်သည်။ ချွေးစေးများ ပြန်နေလောက်၏။ အသက်ဘေးမှ လွတ်မြောက်အောင်လည်း အသနားခံလောက်၏။

သို့သော် ဝမ်ချောင်၏တည်ငြိမ်မှုက မမျှော်လင့်ထားသော အနေအထားမျိုးဖြစ်သည်။ သူသည်လည်း အော့စမစ်ခါကန်းနှင့်သူ၏သဘောတူညီမှုကိုပင် မြန်မြန်သာ ရပ်ဆိုင်းနိုင်လျှင် ကောင်းနေဖြစ်သည်။

"ဟား..ဒါက လျိုဝှက်ချက်မဟုတ်ဘူး။မင်းမသေခင်အထိ ဒီဘုရင်က မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တယ်။ မင်းသိချင်တာ တစ်ခုခုရှိရင်လည်း ဒီဘုရင်က ပြောပြပေးနိုင်တယ်"

ပါးကုရှီတုက မျှော်လင့်ထားစွာပဲ ဝမ်ချောင်၏ေမေးခွန်းကို ဖြေရန်သဘောတူသည်။

သို့သော် တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏နှလုံးသားက လေးလံသွားသည်။ ပါးကုရှီတုက ရက်ရောလေလေ သူ့ကို မလွှတ်ပေးမှန်း သိသာလေလေဖြစ်သည်။

"အော့စမစ်က အများကြီးတော့ မပြောဘူး။ သူက ဒီဘုရင်ကသာ မင်းကို သတ်ပေးနိုင်ရင် နေတောင်ပေါ်ကနေ ကမ္ဘာကိုင်းကို ပြည်နယ်ကြီးတစ်ခုလုံးရဲ့ကိုးကွယ်ယုံကြည်တဲ့ ကိုးကွယ်ပူဇော်ရာနယ်မြေတစ်ခု ဖြစ်ခွင့်ပေးမယ်၊ငါကတော့ ပြည်နယ်ဆရာ ဖြစ်လာလိမ့်မယ်လို့ကတိပေးတယ်"

ပါးကုရှီတုက သူနှင့်အော့စမင်ခါကန်း၏သဘောတူညီမှုကို ထိုသို့ပင် သေသေချာချာပြောပြသည်။

ထိုသို့ပြောပြီးနောက် သူသည် ဝမ်ချောင့်ကို ကျောက်တံတားတောက်လျှောက် သယ်သွားသည်။

သူ၏ကိုယ်ထဲမှ ထိုးထွက်လာသော အနက်ရောင်ကြယ်တာယာစွမ်းအင်များက ဝမ်ချောင်၏ခန္ဓာကိုယ်ထဲသို့စီး ဝင်သွားပြီးနောက်တွင် သူ့အား လိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေရှေ့ သို့ဆက်သွားစေသည်။

တက်တက်

တံတားပေါ်တွင် ခြေလှမ်းသံများက ဟိန်းထွက်နေသည်။ သူတို့၏ပုံရိပ်ကလည်း ဝေဝါးသွားပြီး ထိုမြူအတွင်းတွင်ပင် မမြင်နိုင်အောင် ဖြစ်လာသည်။

ဝမ်ချောင်သည်လည်း သူ၏ခြေထောက်မှ အေးစက်သောခံစားချက်ကို ရလိုက်သည်။ သူဟာ ဘေးဘီကို ကြည့်လိုက်သောအခါ ဘယ်နှင့်ညာက အကန့်အသတ်မဲ့သောတွင်းကြီးများသာ ဖြစ်နေကြောင်း မြင်ရသည်။ မည်သည့်အကာအရံအတားမှလည်း မရှိဘဲ ခြေ၅လှမ်းခန့်အကွာအတိုင်းတွင် မီးအိမ်တစ်စုံကို မြင်နေရသည်။ ထိုနေရာက ကျသွားလျှင် သေချာပေါက် သေပေလိမ့်မည်။

ဝမ်ချောင်သည် ထိုအခြေအနေကို သေချာကြည့်ရှုနေသေးချိန်တွင် ထိုနေရာမှတွင်းက မီတာ၁၆၀၀၀ထက် ပို၍နက်နဲလောက်ကြော င်းသတိထားမိလာသည်။ ထိုချောက်က ပို၍ပင်ကြောင်စရာ ကောင်းသေးသည်။

ဒီနေရာက အနည်းဆုံးမီတာ၁သောင်းကျော် နက်လောက်သည်။

ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်နေသည်။

******

1505 01

အခန်း _ ၁၅၀၅

ဝမ်ချောင်သည် သူ၏စိတ်ကို အာရုံစိုက်ပြီး ပြန်မေးလိုက်သည်။

"ငါ အရင်က တူရကီအရှေ့ပိုင်းတူရကီခါကာနိပ်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ဒါကြောင့် အတွင်းပိုင်းအခြေအနေကို သိပ်မသိဘူး။ ဒါပေမဲ့ မင်းရဲ့ခွန်အားနဲ့ တော်ဝင်အဆင့်အတန်းအရ တော်ဝင်ဆရာဖြစ်ဖို့ သိပ်မလိုတော့ပါဘူး...ဟုတ်တယ်မလား"

ဝမ်ချောင်သည်လည်း သူ့အနေဖြင့် အရှေ့ပိုင်းတူရကီ၏အခြေအနေကို နားလည်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်မှန်း သိလိုက်သည့်အတွက် မူဝါဒရေးရာဆိုင်ရာ အခြေအနေများကို မေးလိုက်သည်။

"ဟမ်း ဟမ်း တူရကီမှ မဟုတ်တာ။ ဒီတော့ ပြည်နယ်ဆရာတစ်ယောက်က ငါတို့အတွက် ဘယ်လောက် အလေးချိန်စီးတဲ့ နေရာကို ပိုင်ဆိုင်ထားလဲဆိုတာ ဘယ်လိုနားလည်မှာလဲ။ ဒီတော့ မင်းအနေနဲ့ ဒီလိုမျိုးကို မေးတာကတော့ အရမ်းကိုပုံမှန်ပဲ"

ပါးကုရှီတုက ပြုံးပြီးဝမ်ချောင်ကို သူလိုချင်သည့် နားလည်မှုမျိုးဖြင့် တစ်ချက်ကြည့်သည်။ သို့ရာတွင် သူသည်လည်း ငြင်းဆန်သည့်အရိပ်အရောင် ကိုမပြသပေ။ ဝမ်ချောင်က ဒဏ်ရာရထားပြီးသားဖြစ်သည်။ သူ၏ကျင့်ကြံခြင်းကလည်း သွေဖယ်နေသေး၏။ ကြယ်တာယာစွမ်းအင်ကလည်း ပိတ်ထားပြီးသားဖြစ်သည်။

ပါးကုရှီတုသည် သာမန်ထက် အနည်းငယ်သာလွန်သော လူတစ်ယောက်ကိုပင် မကိုင်တွယ်နိုင်လျှင် ဘယ်အလုပ် ဖြစ်တော့မည်နည်း။

"အရှေ့ပိုင်းတူရကီခါကာနိပ်မှာ ဂိုဏ်းတွေ အများကြီးရှိတယ်။ အနည်းနှင့်အများတော့ ဗဟိုအခြေအနေမျိုးနဲ့တူတယ်။ ဒါပေမဲ့ ဒီဂိုဏ်းတွေထဲမှာ ငါတို့ရဲ့ မြေကမ္ဘာဂိုဏ်းက အဓိကကျောင်းတော်၊ နောက်ပြီး အင်အားအကြီးဆုံးမျိုးဆက် အမွေအနှစ်ကို ပိုင်ဆိုင်ထားတာ၊ တူရကီခါကာနိပ်ရဲ့ ပြည်နယ်ဆရာတိုင်းကလည်း ငါတို့ရဲ့မြေသားဂိုဏ်းဆီက ဖြစ်တာများတယ်"

လမ်းလျှောက်နေသည့်အချိန်တွင် ပါးကုရှီတု၏ ဝတ်ရုံကလေတွင် လွင့်နေသည်။ သူက လမ်းလျှောက်နေရင်း ပြောပြ၏။ ထိုအချိန်တွင် သူက တည်ငြိမ်ကာ အလျင်ပင် မလိုပေ။ ဥယျာဥ်ထဲတွင် လမ်းလျှောက်ထွက်နေသလိုမျိုး ထင်ရသည်။

"အနောက်ပိုင်းဖြစ်ဖြစ်၊ အရှေ့ပိုင်းတူရကီခါကာနိပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊ အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက်ပဲဖြစ်ဖြစ်၊ ပြည်နယ်ဆရာဆိုတဲ့ နေရာက တော်တော်လေးကို မြင့်မားလွန်းတဲ့ အဆင့်အတန်းမျိုးပဲ၊ မြေကမ္ဘာဂိုဏ်းကြီးတစ်ခုလုံးအပေါ်ကိုလည်း အဆင့်အတန်း မြင့်မားစေနိုင်တယ်။ နောက်ပြီး အမျိုးမျိုးယဥ်ကျေးမှုတိုင်းရဲ့ အဓိက အချုပ်အကိုင် ဖြစ်လာမယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်၂၀၀လောက်က မတော်ဆမှုတစ်ခု ဖြစ်သွားပြီးတဲ့နောက်မှာ မြေကမ္ဘာဂိုဏ်းထဲက ပြည်နယ်ဆရာ တစ်ယောက်မှ မပေါ်လာတော့ဘူး၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်း တူရကီခါကာနိပ် နှစ်ခုစလုံးကလည်း ပြည်နယ်ဆရာနေရာကို ဖယ်ရှားထားတယ်။ အွန်း...အဲ့ဒီအချက်ကနေ ဖြစ်စေတဲ့တူရကီတွေက ပြည်နယ်ဆရာ ဒါမှမဟုတ် ပြည်နယ်တစ်ခုလုံးရဲ့ ကိုးကွယ် ယုံကြည်မှုဆိုတာမျိုး မရှိတော့တာ၊ ဒါပေမဲ့ ငါတို့ မြေသားမြေကမ္ဘာဂိုဏ်းကြီးအတွက် အကြီးမားဆုံး အရှက်တရားပဲ"

ပါးကုရှီတုက ပြောနေရင်းမှ ဝမ်ချောင်သည်လည်း တစ်ဖက်သူ၏ မျက်လုံးထဲမှ တင်းလင်းမှုကို သတိထားမိလိုက်သည်။ သူသည် နာကျင်စွာနှင့် အလင်းများပင် လက်လာသေးသည်။ ထိုအခြေအနေ တစ်ခုလုံးက ဝမ်ချောင်ကို အံ့ဩစေသည်။

" အဲဒီနောက်ပိုင်း မြေကမ္ဘာဂိုဏ်းရဲ့ မျိုးဆက်ဆရာသခင်တွေက ခါကကာနိပ်ကို ပြည်နယ်ဆရာဆိုတဲ့ နေရာကို အသိအမှတ်ပြုပေးဖို့ မြေကမ္ဘာဂိုဏ်းရဲ့ ပြည်နယ်ကိုးကွယ်ယုံကြည်မှုဆိုတဲ့ အဆင့်အတန်းကို ပြန်လည်ပေးဖို့ သူတို့ရဲ့ အင်အားတိုင်းကို သုံးပြီးအရာအားလုံး လုပ်ပေးခဲ့တာ၊ အနောက်ပိုင်း တူရကီတွေအတွက် ဖြစ်ဖြစ်၊ အရှေ့ပိုင်းတူရကီခါကာနိပ်ပဲဖြစ်ဖြစ် သူတို့ရဲ့ ခါကန်းတွေက သူတို့ရဲ့ အရိပ်အရောင်အာဏာကို အရမ်းကိုမြင့်မြင့်မားမားကို တန်ဖိုးထားကြတယ်၊ မြေကမ္ဘာဂိုဏ်းက ပြည်နယ်ကိုးကွယ်ယုံကြည်မှု တစ်ခုအဖြစ် အသိအမှတ် မပြုပေးရင် လူတွေကို စည်းလွတ်အောင် လုပ်နိုင်ပြီး ခါကာနိပ်နှစ်ခုလုံးကို အတူတကွ ပြန်လည်ပေါင်းစည်းပေးနိုင်ဖို့ မလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အကျိုးအမြတ်တွေကလည်း အများကြီးရှိတယ်။ နောက်ပြီး အားနည်းချက်တွေကလည်း ရှိတယ်။ ပိုဆိုးတာက အတိတ်က ပြည်နယ်ဆရာတွေက အစိုးရအုပ်ချုပ်မှုတွေထဲမှာ တစ်ခါမှ ဝင်မပါခဲ့ဖူးဘူး။ ဒါကြောင့် သူတို့ရဲ့ အာဏာကိုပဲ ခြိမ်းခြောက်မှု ရှိတာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့်သူတို့ရဲ့ အမြင်ကျဥ်းမှုကြောင့်ပဲ မမြင်နိုင်ကြဘူး။ ဒီတော့ မြေကမ္ဘာဂိုဏ်းက ဆန္ဒ မပြီးမြောက်နိုင်ခဲ့ဘူး"

ပါးကုရှီတု၏ မျက်ဝန်းကလည်း အတိတ်မှအကြောင်းအရာများကို ပြန်တွေးရင်း မှေးမှိန်လာသည်။ ထိုတစ်ခဏခန့် ကြာပြီးနောက်တွင် နဂိုဟန်ပန်အတိုင်း ပြန်ဖြစ်သွားသည်။

1505 02

"ဒါကြောင့် အော့စမစ်က ငါ့ကို ပြည်နယ်ဆရာ ဖြစ်ခွင့်ပေးမယ်လို့ ကတိပေးတဲ့အချိန်မှာ ငါ မငြင်းနိုင်တော့တာပဲ"

ပါးကုရှီတုက ရုတ်တရက် ရပ်လိုက်သည်။ ဝမ်ချောင့်ကိုကြည့်ပြီး ခပ်ညစ်ညစ်ပြုံးသည်။

"မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ဘယ်နေရာကို သွားသွား ရောက်နေတဲ့ မင်းရဲ့ ဂုဏ်သတင်းက မရေမတွက်နိုင်တဲ့ အလောင်းတွေကနေ ထွင်းထုထားတာ။ ဒီဘုရင်က မူဝါဒရေးရာထဲ မပါဝင်ပေမဲ့လည်း အရှေ့ပိုင်းတူရကီရဲ့ ဘုရင်တစ်ပါးအနေနဲ့ အွန်း...ပြည်နယ်ဆရာဆိုတဲ့ နေရာကိစ္စ မရှိရင်တောင်မှ ဒီဘုရင်အနေနဲ့ အရှေ့ပိုင်းတူရကီခါကာနိပ်က မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ အတွက် တစ်ကြိမ်တော့ ဝင်ရောက်ပါဝင်ဖို့ လိုအပ်လိမ့်မယ်။ ဒီအတွက်ကြောင့် ခါကာနိပ်အတွင်းမှာ ခိုရာစန်းကလိုမျိုး အဖြစ်အပျက်မျိုးက ထပ်ဖြစ်လာတော့မှာ မဟုတ်တော့ဘူး "

ဝမ်ချောင်၏ နှလုံးသားက ခုန်လှုပ်သွားသည်။ စိတ်အခြေအနေကလည်း တင်းမာလာ၏။

ခိုရာစန်း၏ တိုက်ပွဲတွင် ဝမ်ချောင်သည် အေးစက်သောရာသီဥတုကို အသုံးပြုခဲ့ပြီး အာရေးဗီယားအင်ပါယာကို အန်တုရင်ဆိုင်ခဲ့ခြင်းအားဖြင့် စစ်သည်သိန်းပေါင်းများစွာ၏ မရေမတွက်နိုင်သော ဗိုလ်ချုပ်များကို သေဆုံးစေခဲ့သည်။ ဒါဟာမဟာထန်အတွက် ကြီးမားသောအနိုင်ကြီးဖြစ်ပြီး နယ်စပ်မှ တိုင်းပြည်တိုင်းကလည်း ဝမ်ချောင့်ကို ကြောက်ရွံ့၍ သူ့ကို ပို၍သတ်ချင်လာကြသည်။

ထိုအခြေအနေကလည်း ပါးကုရှီတု၏ ရည်ရွယ်လိုခြင်းဖြစ်သည်။

"အော့စမစ်ခါကန်းနဲ့ အရှင့်သားတို့က ငါ့ကို ဒီလောက်မြင့်မြင့်မားမား သဘောထားပြီး ကြည့်ရှုကြလိမ့်မယ်လို့ မထင်ထားဘူး"

ဝမ်ချောင်က သက်ပြင်းရှည်ကို ချသည်။ ပါးကုရှိတုက အစပိုင်းကတည်းက သူ့ကို ကိုင်တွယ်ချင်နေကတည်းက ထိုကိစ္စကို အလျင်ချက်ချင်း အဆုံးသတ်ရန် ခက်ပေလိမ့်မည်။

"ကြောက်ရွံ့မှုနဲ့ အထင်သေးမိတာပဲ။ အထင်ကြီးတာ မဟုတ်ဘူး။ မူလအမရ ရတနာသိုက် ပေါ်လာတာက ဗဟိုနယ်မြေက သိုင်းပညာရှင်တွေ အများကြီးကို စုစည်းစေခဲ့တယ်၊ ဒါပေမဲ့ သူတို့အားလုံးက မင်းကို အထင်သေးမိတာတော့ အမှန်ပဲ"

ပါးကုရှီတုက ပြောသည်။

"အိုး..."

ဝမ်ချောင်က ပါးကုရှီတုကို ကြည့်သည့် မျက်ဝန်းက တဖျက်ဖျက်လက်နေသည်။ သူ၏ အပြုအမူက အံ့အားသင့်စရာ ကောင်းလွန်းသည်။ ကြည့်ရသည်မှာ သူသည်လည်း တူရကီ၏ အဓိကရန်သူကြီးကို မသိလိုက်မသိဘာသာ လေးစားလာမိပုံ ပေါ်သည်။

"ဟွန်း မင်းရဲ့ဗဟိုပြင်ကျယ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်မလား။ "ကိုယ်တိုင်ကြုံတွေ့နေရတဲ့သူက စိတ်ထွေပြားနေရင်တောင်မှ ဘေးကလူက ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်တဲ့" စုန့်ယွမ်ယီဖြစ်ဖြစ်၊ ရေနတ်ဘိုးဘေးဖြစ်ဖြစ်၊ ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ ဆုတ်ယုတ်တဲ့ဂိုဏ်းဘက်ကဖြစ်ဖြစ် အဲဒီ ကျွမ်းကျင်ပညာရှင်တွေအားလုံးက မင်းကို အထင်သေးကြတယ်။ သူတို့ပြောတဲ့စကားအပေါ် အခြေခံရရင် မင်းရဲ့ဆရာက မိစ္ဆာသိုင်းကို ကျင့်ကြံတဲ့သူဆိုတော့ မင်းလည်းမိစ္ဆာလမ်းကို ကျင့်တဲ့သူ ဖြစ်ရမယ်၊ ဒီတော့ ကျင့်ကြံခြင်းသွေဖယ်မှုကို ခံစားရနေသေးတယ်။ အင်အားကြီး ဒါမှမဟုတ်ရင် အသက်အရွယ် ဒါမှမဟုတ် စီနီယာချင်းယှဥ်ရင် မင်းက သူတို့ထက် အပြတ်အသတ်နိမ့်တယ်။ ဒါကြောင့် သူတို့က မင်းကို အထင်သေးတာလည်း အံ့ဩစရာ မရှိဘူး"

"ဒါပေမဲ့ မင်းကသာ မူလအမရ ဝင်္ကမ္ဘာကို ဖျက်ဆီးခဲ့တဲ့သူ မင်းကသာ ရတနာသိုက်ကို ဖွင့်ခဲ့တဲ့သူ နောက်ပြီး မင်းက စုန့်ယွမ်ယီတို့ထက်တောင် ဒီနေရာကို အရင်ရောက်လာခဲ့သေးတယ်။ တစ်ကြိမ်က တိုက်ဆိုင်မှုဆိုရင် နှစ်ကြိမ်....သုံးကြိမ်...မရိုးရှင်းတော့ဘူး။ ဒီဘုရင်က စုန့်ယွမ်ယီနဲ့ခြားနားတယ် ဘယ်တော့မှ ရန်သူကို အထင်မသေးတတ်ဘူး၊ ဒါကြောင့် အစပိုင်းကတည်းက မင်းက ကိုင်တွယ်ဖို့မလွယ်မှန်း သိထားတယ်၊ ဒါကြောင့်ပဲ ငါ ဒီအချိန်ထိ လာစောင့်နေပြီး လှုပ်ရှားတာပေါ့"

ပါးကုရှီတုက ပြောသည်။

ကျောက်တံတားပေါ်သို့ အေးစက်သောလေပြင်းက ဖြတ်တိုက်သွားပြီး ပို၍များပြားသော သိပ်သည်းသည့်မြူများကို သယ်ဆောင်လာပေးသည်။ ကျောက်တံတားပေါ်တွင် ရပ်နေသောဝမ်ချောင့် တစ်ကိုယ်လုံးက အေးလာသည်။ သူသည် ယခင်က ပါးကုရှီတုနှင့် မတိုက်ခိုက်ခဲ့ဖူးပေ။ အဆက်အသွယ်လည်း မလုပ်ခဲ့ဖူးပေ။ ဒါကြောင့် ပါးကုရှီတုဟာ ထိုမျှအထိ သူ့ကိုအထင်ကြီးမှန်း မတွေးခဲ့ဖူးပေ။

ယခုအခါမှသာ တစ်ဖက်သူ၏ပြောစကားများအရ သူ ပြန်လည်တွေးတောကြည့်လိုက်တော့မှသာ ပါးကုရှီတုသည်လည်း သူက မူလအမရဝင်္ကမ္ဘာထဲတွင် ပေါ်လာသည့်အခိုက်အတန့်ထဲက သူ့ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်လောက်သည်။

1505 03

သူက မူလအမရသိုင်းကို လိုက်ရှာနေချိန် တစ်စုံတစ်ယောက်က သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်ဆိုသောအခြေအနေက သူ၏တစ်ကိုယ်လုံးကို မသက်မသာဖြစ်စွာ တုန်ယင်လာစေသည်။

"အရှင့်သားက တကယ် ဉာဏ်ကောင်းပါတယ်၊ ကြည့်ရတာ ငါက အစပိုင်းကတည်းက မင်းရဲ့ထိန်းချုပ်မှုအောက်ကို ေရာက်နေခဲ့တဲ့ပုံပဲ ၊ဖြစ်နိုင်တာက မင်းက ရတနာမြေပုံပေးကတည်းက အားလုံးကို ကြံစည်ထားတာပဲ ဖြစ်မယ် တခြားသူတွေကတော့ သူတို့က အဆုံးသတ်နားကို ရောက်ပြီး ပိုကောင်းလာပြီလို့ ထင်ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ မင်းအတွက် လုပ်ပေးနေရတာပဲ"

ဝမ်ချောင်က ပြောလိုက်တယ်။ ပါးကုရှီတုက အင်္ကျီလက်ကိုခါပြီး ဂုဏ်ယူစွားပြုံးသည်။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ငါ့ကို အရမ်းကိုချီးကျူးနေပြီပဲ။ သူတော်စင်ဧကရာဇ်ရဲ့ တပည့်ဂိုဏ်းသားဆီက ဒီလို စကားမျိုးကြားရတာ။ ဒီဘုရင်ကို အရမ်းဂုဏ်ယူမိတယ်၊ ဒါပေမဲ့ ဒီဘုရင်က နားမလည်တဲ့ အချက်တစ်ချက် ရှိသေးတယ်၊ ဒီဘုရင်က စွမ်းအင်ဖုံးကွယ်တဲ့သိုင်းကို ပြိုင်ဘက်ကင်း တတ်မြောက်ထားတာ၊ ဂူထဲက မကောင်းဆိုးဝါးတွေ၊ နန်းတော်ထဲက အစောင့်အရှောက်တွေတောင်မှ မမြင်နိုင်ခဲ့ဘူး။ ဒါကို မင်းက ငါ့ကို ဘယ်လိုများ မြင်နိုင်တာလဲ"

ပါးကုရှီတုကမေးသည်။

နေတော်ဝင်တောင်သည် သိုင်းညာရှင်များအတွက် အမွေအနှစ်ကို ဖန်တီးပေးထားရာ အိမ်ဖြစ်ပြီး ဗဟိုပြင်ကျယ်နှင့်လည်း လုံးဝခြားနားသည်။

သိုင်းပညာများအားလုံးထဲတွင် မြေကမ္ဘာဂိုဏ်း၏ အမှောင်ကောင်းကင်ဘုံသိုင်းက အထူးခြားဆုံးဖြစ်ပြီး နံပါတတ်တစ် ဖုံးကွယ်ခြင်းသိုင်းဟု ပြော၍ရသည်။

ပါးကုရှီတုသည်လည်း ထိုသိုင်းကို အမြဲတစေဂုဏ်ယူနေခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားက သူဟာ အနှောင့်အယှက်တိုင်းကို ကျော်ဖြတ်နိုင်စေ၍ လူတိုင်းထက် အရင် ဒီနေရာသို့ ရောက်စေနိုင်လောက်အောင် ကူညီပေးနိုင်ခဲ့သည်။

သို့သော် ထိုသိုင်းကို ဝမ်ချောင်က ဖောက်မြင်လိုက်သည်။ သူကသာ အချိန်မှီ တိုက်ခိုက်၍ တုံ့ပြန်နိုင်ခဲ့ခြင်းကြောင့် မဟုတ်လျင် သူသည် ဝမ်ချောင်ကိုပင် မဖမ်းမိသွားလောက်ပေ။

ထိုပြသနာက သူ၏စိတ်အတွင်း တစ်ချိန်လုံး ရှိနေခဲ့သည်။ ပါးကုရှီတုသည် ဝမ်ချောင်က ထိုအခြေအနေကို မည်သို့စီစဥ်နိုင်ခဲ့ကြောင်း သိချင်နေသည်။

ဝမ်ချောင်သည်ပင် ပါးကုရှီတု၏ မေးခွန်းကြောင့် အံ့ဩသွားရသည်။

အမှောင်ကောင်းကင်ဘုံသိုင်းလား ဆိုတော့ သူက အဲဒီအဆင့်လွန်သိုင်းကိုသုံးပြီး ဒီနေရာကို လွယ်လွယ်လေး ရောက်လာတာပေါ့။

ဝမ်ချောင်၏မျက်ခုံးက အံ့အားသင့်မှုကြောင့် မှင်သက်သွားသည်။ ပါးကုရှီတု၏ စကားလုံးများက သူ၏လျို့ဝှက်ချက်ကို သွယ်ဝိုက်စွာ ဖော်ပြပေးလိုက်သည်။ ဝမ်ချောင်သည်လည်း တစ်ချိန်လုံးလိုလို ပါးကုရှီတုဟာ ဒီနေရာသို့ တိုက်ခိုက်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ ပါးကုရှီတုက တစ်ယောက်,ယောက်နှင့်မှ တိုက်ခိုက်ခဲ့ရပုံ မပေါ်ပေ။

ဝမ်ချောင်က တိတ်သွားသည်။ ပါးကုရှီတုက နံဘေးတွင် ရပ်နေသည်။ သူသည်လည်း အလျင်မလိုပေ။ သူ၏အမူအရာက ညင်သာပြီး ယဥ်ကျေးသည့် လေသံကလည်း ယဥ်ကျေးသောအသုံးအနှုန်းမျိုးဖြင့် ဖြစ်သည်။

သူတို့နှစ်ယောက်က အချင်းချင်း မတွေ့ရပြီမှာ ကြာပြီဖြစ်သော မိတ်ဆွေများနှင့်တူသည်။ ထို့ကြောင့် သူ့ပေါ်ရန်သူအဖြစ်သတ်မှတ်သလို သူ့အပေါ် ရန်လိုသော အမူအရာများရှိသည့် အပြုအမူမျိုးကိုပင် မတွေ့ရပေ။

သို့သော်ဝမ်ချောင်၏လည်ပင်းတွင် တင်းတင်းကြပ်ကြပ် ညှစ်ထားသော လက်ကမူ ဘယ်သောအခါမှ မပေါ့လျော့သွားခဲ့ချေ။

သူပြောသလိုမျိုး ပါးကုရှီတုသည်လည်း ရန်လိုမှုများကို ဘယ်သောအခါမှ အထင်မသေးတတ်သလို သတိမလျော့ချတတ်ပေ။

သူက ကြောက်စရာ ကောင်းလွန်းတယ်။

ဝမ်ချောင်၏ နှလုံးသားက တုန်ယင်သွားသည်။ သူ၏ ပါးကုရှီတုကို လျစ်လျူရှုပြီး အဖြေကိုမပေးပဲ နေ၍ရသည်။ သို့သော် တစ်ခဏခန့် ကြာပြီးနောက်တွင် သူသည် အခြေအနေကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူ မပြောစရာ အကြောင်းပြချက်လည်း မရှိပါပေ။

1505 04

"မီးအိမ်တွေ"

ဝမ်ချောက်က ကျောက်တံတားပေါ်တွင် စီတန်းထားပြီး တိတ်တဆိတ် လောင်ကျွမ်းနေသည့် မီးအိမ်များဘက်ကို ညွှန်ပြလိုက်လေသည်။ ပါးကုရှီတုက ထိုမီးအိမ်များကို ငေးငိုင်ကာ ကြည့်သည်။ သူသည်လည်း ဝမ်ချောင်၏ ဆိုလိုရင်းကို မရှင်းလင်းသေးပေ။ ထို့နောက် တစ်ခဏခန့်ကြာပြီးမှသာ သူ၏မျက်ဝန်းက တစ်ချက်လက်ပြီး တစ်စုံတစ်ရာကို နားလည်ကာ သက်ပြင်းချသည်။

"ငါ့ရဲ့အမှားပဲ။ မျိုးနွယ်ခြားနယ်မြေတို့ရဲ့ဘုရင် ဒီဘုရင်က မင်းကဒီလောက် အသက်ငယ်ငယ်လေးနဲ့ လူတိုင်းက ကြောက်လန့်တာကို ခံရပြီး မဟာထန်ရဲ့စစ်နတ်ဘုရားအသစ် ဖြစ်လာခဲ့လဲဆိုတာ ငါအနည်းနဲ့အများ နားလည်လာပြီ"

လောင်ကျွမ်းနေသောမီးအိမ်များက မီးခိုးများ ထွက်ပြီးလေထဲတွင် ရနံ့တစ်မျိုးကို ချန်ထားရစ်ခဲ့သည်။ ပါးကုရှီတုကလည်း သူ၏ကိုယ်ပိုင်စွမ်းအင်ကို ဖုံးကွယ်ထားသည်။ သို့သော် သူက ကျောက်တံတားပေါ်သို့ နင်းတက်လိုက်သောအခါ မီးအိမ်များက စတင်ကာ လောင်ကျွန်းနေပြီဖြစ်ပြီး ရနံ့များက ကျန်ရစ်နေပြီဖြစ်ကြောင်း မေ့သွားသည်။ ထို့ကြောင့် ဝမ်ချောင်က ထိုရနံ့ကိုရသောအခါ တစ်စုံတစ်ရာက မှားနေပြီမှန်း သိလိုက်သည်။

"မျိုးနွယ်ခြားတို့ရဲ့ဘုရင်! ဒီဘုရင်က အခြားတစ်ယောက်ယောက်ကို လေးစားတာ တော်တော်ရှားတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီဘုရင်က မင်းကို တော်တော် လေးစားတယ်လို့ ပြောရမယ်။ ငါတို့မြေကမ္ဘာသိုင်းရဲ့ အမှောင်ကောင်းကင်ဘုံက ဒီလိုပုံစံမျိုးနဲ့ ရှုံးသွားမယ်လို့တောင် မထင်ထားဘူး"

ပါးကုရှီတုက ခေါင်းမော့ပြီး သက်ပြင်းချသည်။ ထိုလေသံကတစ်ဆင့် သူသည်လည်း ဝမ်ချောင်အား အတော်လေးကို ချီးကျူးပြီး သဘောကျနေပုံရသည်။ သို့သော် ထိုစကားလုံးများက ဝမ်ချောင်ကိုပို၍ တုန်ယင်သွားစေသည်။ ပါးကုရှီတုသည် ချီးကျူးစကားများကို ဖောဖောသီသီ ပြောတတ်လေသည်။ သို့သော် ဝမ်ချောင်ကမူ သူ၏ အသံထဲတွင် သိပ်သည်းလာသည့် သတ်ဖြတ်လိုသောစိတ်ဆန္ဒများကို ကြားနိုင်သည်။

သိသာစွာပင် သူသည်လည်း ပါးကုရှီတုက သူ့ကိုချီးကျူးလေလေ သတ်ဖြတ်လိုစိတ်ဆန္ဒ ထိတွေ့မှုက ပို၍ပင်တောက်ပလေလေ၊ သူ့ကို မလွှတ်ပေးနိုင်တော့လေလေ ဖြစ်လာမှန်း သိနေလေသည်။

All Chapters