← Chapters

အခန်း (၁၅၀၆-၁၅၁၀)

Vol. 90 Ch. 1506-1510

အခန်း (၁၅၀၆-၁၅၁၀)

Vol. 90 Ch. 1506-1510

1506 01

အခန်း ၁၅၀၆

“အရှင့်သား”

ဝမ်ချောင်က ရုတ်တရက် ပါးကုရှီတု၏ အားနည်းချက်ကို ရှာရန်အတွက် အကြံရလာသည်။ သို့သော် ထိုအခိုက်အတန့်တွင် လေပြင်းက ဖြတ်တိုက်သွားပြီးနောက်တွင် အရှေ့သို့ ကြည့်လိုက်သောအခါ ခန္ဓာကိုယ်က အံ့အားသင့်မှုဖြင့် တုန်ယင်သွားသည်။ လေကမြူထုများကို အဝေးသို့လွင့်သွားစေသောအခါ ေကျာက်တုံးပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကပေါ်လာသည်။

“ဒါ..... ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်၏နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီးနောက် ဆွံအသွားလေသည်။ သည်လည်း ပါးကုရှီတုအပြင် မည်သူမှမရှိတော့လောက်ဟု ထင်ထားသည်။ ယခုမူ ထိုသို့ဖြစ်ပုံရသည်။

“ မဟုတ်သေးဘူး”

ဝမ်ချောင်သည် တစ်စုံတစ်ရာက မှားနေမှန်း ခန့်မှန်းသိလိုက်သည်။ ထိုပုံရိပ်က ကျောက်တုံးတံတားပေါ်တွင် သိသာထင်ရှားစွာရပ်နေသည်။ ဝမ်ချောင်နှင့် ပါးကုရှီတုတို့နှင့်လည်း သိပ်မဝေးပေ။ သို့သော် ဝမ်ချောင်က ထိုပုံရိပ်၏ထံမှ လူသားတစ်ယောက်၏ အရှိန်အဝါမျိုးကိုမှ မခံစားမိပေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည်လည်း ပါးကုရှီတုက ထိုအရာကိုမြင်သောအခါ တစ်ဘက်သို့လှည့်ပြီး ခပ်ညစ်ညစ် ပြုံးလာသည်။ ဝမ်ချောင်ကနားလည်လိုက်သည်။

တစ်စုံတစ်ယောက်ကသာ ဒီနေရာကိုသူတို့ထက် အရင်ရှိနေခဲ့လျှင် ပါးကုရှီတုက ထိုမျှအထိ ထောက်လှမ်းနေမည်မဟုတ်ပေ။

“ဟီး ဟီး မျိုးနွယ်ခြားနယ်မြေတို့ရဲ့ဘုရင် ငါ မင်းဆီက တကယ်ဘာကိုမှ မဖုံးကွယ်နိုင်ဘူးဘဲ။ မင်းခန့်မှန်းမိပြီးမယ်ဆိုတာ ငါထင်တယ် “

ပါးကုရှီတုက ဝမ်ချောင်၏အမူအရာကို တစ်ချိန်လုံး စောင့်ကြည့် အကဲခတ်နေခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်က မျက်နှာပေါ်က အပြောင်းအလဲကလဲ သူ၏မျက်လုံးထဲမှ မဖုံးကွယ်နိုင်ပေ။ သို့သော်သူသည် မည်သည့်ခံစားချက်မှမပေးပေ။ ချက်ချင်းဆိုသလိုဝမ်ချောင့်အား ထိုကျောက်တုံးနေရာသို့တောက်လျှောက်ဦးတည်ကာ ခေါ်လာသည်။

“သွားရအောင် ငါမင်းကို တစ်ချက်ကြည့်ဖို့ ခေါ်သွားပေးမယ်”

သူတို့နှစ်ယောက်ကရှေ့သို့ တဖြည်းဖြည်းချင်းစီ သွားသည်။ တစ်ခဏခန့်ကြာပြီးနောက်တွင် ဝမ်ချောင်သည်လည်း ကျောက်တုံးပေါ်မှ လူကိုနောက်ဆုံးတော့မြင်လိုက်ရသည်။ ထိုလူကအရပ်ရှည်ရှည်နှင့် အင်အားကြီးမားလွန်းသော ပုံစံမျိုးဖြစ်သည်။ သူသည် လေတွင်လွင့်နေသော စုတ်ပြဲနေသည့်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ခြေထောက်ကလည်း နည်းနည်းခွဲကာ ရပ်နေခြင်းဖြစ်ပြီး ရိုးရိုးရှင်းရှင်းသာရပ်နေသည်။ သူသည် အလွန်ပင်အင်အားကြီးမားလွန်းသော အရှိန်အဝါကိုလည်း လွှတ်ထုတ်ထားသေးသည်။ ထိုသူဟာ တစ်လောကလုံးကို အမှန်တကယ် ကြည့်နိုင်သော မဟာဆရာသခင်မျိုးဖြစ်သည်။

သို့သော် သူတို့ဟာ၆မီတာ၊၇မီတာခန့်အကွာတွင်ပင် သူကထိုအမျိုးသားထံမှစိတ် ခြိမ်းခြောက်မှုကိုမခံစားရချေ။ သူကစိတ်စွမ်းအင်ကို ပို့လွှတ်လိုက်သည့်တိုင်အောင် ပို၍ပင်သေချာသွားသည်။ ထိုမင်းသားဟာသေပြီးသား ဖြစ်သည်။

လေတွင်လွင်နေသော ထိုဝတ်စုံက ထိုမျှအတိုင်းတာထိ ပြဲနေကတည်းက သေလွန်ပြီးသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သိနိုင်သည်။

“တကယ်ပဲ မင်းဟာ ဘယ်သူလဲ”

ဝမ်ချောင်ကခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ၏နှလုံးသားအတွင်း ရှင်းပြရန်ခက်ခဲသည့် ထူးဆန်းမှုမျိုးက ပေါ်လာသည်။

မူလအမရရတနာသိုက်ကို ဖွင့်ရန်အလို့ငှာ ရတနာမြေပုံ၆ခုလုံးကို အတူစုစည်းရန် လိုအပ်သည်။ သူတို့က ဖွင့်နိုင်သည့်တိုင်အောင် အမျိုးမျိုးသောထောင်ချောက်နှင့် မကောင်းဆိုးရွားများက ရှိနေသေး၏။

မျိုးဆက်၅ဆက်လုံးမှ ဆက်ခံသူများကလည်း လမ်းကြောင်းကို စောင့်ကြပ်နေသေးသည်။ ဝမ်ချောင်သည်ပင် တစ်စုံတစ်ယောက်က သူတို့ထက် အရင်ရောက်ရှိနေမည်ဟု မထင်ထားမိပေ။ ထို့အပြင် အတွင်းထဲသို့ပင်ရောက်ရှိနေသည်။

ထိုတံတားပေါ်တွင် ရပ်နေသော သေလွန်ပြီးသွားတဲ့ သိုင်းပညာရှင်က မြူများအုံ့ဆိုင်းနေသောတစ်နေရာတွင် အရာအားလုံး၏ အုပ်စိုးကာကွယ်မှုကိုခံထားရသည်။

1506 02

ဝမ်ချောင်သည်ပင် ထိုလူကိုစတင်ကာ အကဲခတ်လေ့လာကြည့်လိုက်သည်။ သူ၏ မျက်လုံးက ထိုလူ၏ဝတ်ရုံမှ နေရာသို့ရောက်သွားပြီး ရုတ်တရက် ထိုအမျိုးသား၏ခြေမျက်စိနားမှ ကောင်းကင်ဘုံဝံပုလွေတက်တူးကို မြင်လိုက်ရသည်။

တူရကီပဲ....

အဆင့်အတန်း မြင့်မားသည့် တူရကီများက သူတို့၏ ခြေမျက်စိတွင်ကောင်းကင်ဘုံဝံပုလွေတက်တူးကို ထိုးပိုင်ခွင့်ရှိသည်။

ဝုန်း

ရုတ်တရက် စိတ်ထဲတွင်အလင်းတစ်ချက်လက်သလို ဖြစ်သွားပြီးနောက် ဝမ်ချောင်သည်လည်း ဖြစ်နိုင်ချေအမျိုးမျိုးကို စတင်ကာတွေးတော လိုက်သည်။ သို့သော် တစ်ခဏအတွင်း သူဟာဘာကိုမှ မသေချာတော့ပေ။

“ဒါ ကလွန်ခဲ့တဲ့နှစ် ၂၀၀ကျော်ကျော်က ငါတို့မြေကမ္ဘာဂိုဏ်းကခေါင်းဆောင်ပဲ သူ့ကို အစ်ရှီနီရှီတုလို့ခေါ်တယ်။ တစ်ချိန်တည်းမှာပဲသူက တူရကီရဲ့နောက်ဆုံး ပြည်နယ်ဆရာပဲ “

ပါးကုရှီတုသည် ရှေ့သို့ နှစ်လှမ်းခန့်တိုးပြီး သူ၏မျက်နှာအမူအရာက တည်ငြိမ်နေ၏။ သူသည် ဝမ်ချောင်၏ လည်ပင်းကိုညှစ်ထားသောလက်ကိုပဲ အနည်းငယ် ပြေလျော့လိုက်ပြီး တခြားတစ်ဖက်ကို တူရကီ၏ပြည်နယ်ဆရာကို လေးစားစွာ ဦးညွှတ်သည်။

“ပြည်နယ်ဆရာဟုတ်လား။ လွန်ခဲ့တဲ့နှစ်၂၀၀က...”

ဝမ်ချောင်၏ မျက်ဝန်းများက ပြူးသွားသည်။ တူရကီ၏ပြည်နယ်ဆရာက မြေကမ္ဘာ၏ အောက်ဘက် မီတာတစ်သောင်းခြောက်ထောင် အနက်သို့ပင် ရောက်ရှိလာပြီး မူလအမရ ရတနာသိုက်၏ အတွင်းနေရာတွင် သေသွားသည်။ ဒီလို လွန်ကဲလွန်းပြီး မဖြစ်နိုင်တဲ့ အရာမျိုးကို ဘယ်သူက ယုံမှာလဲ။

သူဟာ ထိုအလောင်းကို စိုက်ကြည့်နေရင်းမှ သူရရှိနေသည့် ထူးဆန်းသောခံစားချက်က ပို၍သိပ်သည်းလာသည်။

ဝမ်ချောင်သည်လည်း လွန်ခဲ့တဲ့နှစ်၂၀၀ခန့်က ဒီနေရာတွင်ဖြစ်ခဲ့လောက်သည့် အချို့သောပုံပြင်များကို သူမသိသေးမှန်း သိလိုက်သည်။

သို့သော် ဝမ်ချောင်သည်လည်း အလျင်စလို မမေးမြန်းခဲ့ပေ။ ပါးကုရှီတုက သူ့အား အစ်ရှီနီရှီတု၏ နာမည်ကို ပြောလာသည်ဆိုကတည်းက သူကမမေးမြန်းခင်ပင် ပြောလောက်မည်မှာသေချာ၏။

ဒါပေမဲ့ ထင်ထားသည့်အတိုင်းပဲ ဝမ်ချောင်က ပါးကုရှီတု၏ အသံကို ခပ်မြန်မြန်ကြားလိုက်ရသည်။

“တူရကီဘာသာစကားမှာ အစ်ရှီနီရှီတုရဲ့ အဓိပ္ပါယ်က “ကောင်းကင်ဘုံဝံပုလွေရဲ့သားတော်၊နတ်ဘုရားသားတော်” တဲ့ သူက ငါတို့ နေတော်ဝင်တောင်တန်းမျိုးဆက်မှာ အတောက်ပဆုံး၊ အင်အားအကြီးဆုံးပါရမီရှင်ပဲ။ နောက်ပြီး ငါတို့မြေကမ္ဘာဂိုဏ်းရဲ့အင်အားအကြီးဆုံး ဂိုဏ်းခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အသက်၂၀အရွယ်မတိုင်ခင်မှာ သူကမြေကမ္ဘာဂိုဏ်းက ပညာရှင်တိုင်းကို အလဲထိုးနိုင်ခဲ့တယ်။ အဲ့ဒီမှာ ဂိုဏ်းရဲ့အကြီးအကဲတွေတောင်ပါသေးတယ်။ သူက အဲဒီလိုပဲတူရကီရဲ့နောက်တက်မဲ့ ပြည်နယ်ဆရာဖြစ်လာတာပေါ့”

“သူက အသက်၂၀ကျော်ပြီးတဲ့အချိန်မှာပဲ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတူရကီခါကာနိပ်က တိုင်းထွာဖို့ရန် ခက်ခဲသော လျှိ့ဝှက်ချက်တွေသိရှိပြီး နာမည်အရပဲဖြစ်ဖြစ် အစစ်အမှန်အရပဲဖြစ်ဖြစ် နံပါတ်တစ်ကျွမ်းကျင်ပညာရှင် ဖြစ်လာတယ်။ အဲဒါတင်မကသေးဘူး၊ အစ်ရှီနီရှီတုက တော်တော်လေးကို ဗဟုသုတ ကြွယ်ဝတယ်။ သူကနေတော်ဝင်တောင်တန်းရဲ့ သိုင်းပညာတွေ အားလုံးကို တတ်ကျွမ်းနေခဲ့တာကြာပြီ။ နောက်ပြီးသူ့ရဲ့ ကိုယ်ပိုင်လေးစားဖွယ်ကောင်းတဲ့ သိုင်းတစ်ခုအဖြစ်တောင် ပေါင်းစည်းနိုင်ခဲ့သေးတယ်”

“ဗဟိုပြင်ကျယ်ဖြစ်ဖြစ်၊ တူရကီဖြစ်ဖြစ်။ ရူယွင်စန်းမာန်ရွှေကျောင်း ဖြစ်ဖြစ် သူက သိုင်းတိုင်းကိုသိတယ်။ သူရဲ့စိတ်ထဲမှာတော့ အကြံရှိပြီးသား။ ဒါကြောင့် သူက အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သိုင်းပညာရှင်တွေကို အနိုင်ယူပြီးသွားတဲ့အခါ အနောက်ပိုင်းနယ်မြေတစ်ခုလုံးက သိုင်းပညာရှင်များက သူ့ကို ဦးညွှတ်ခစားအောင်လုပ်ဖို့ စီစဥ်ထားတယ်။ အစ်ရှီနီရှီတုက ဗဟုပြင်ကျယ်ရဲ့တောင်ပိုင်းကို သွားပြီး အဲဒီက သိုင်းပညာရှင်တွေရဲ့ အဆုံးအဖြတ်တိုက်ပွဲကို သွားပြီးတိုက်ခိုက်ခဲ့တယ်။ အဲဒီလိုနဲ့ တခြားသူတွေရဲ့ သိုင်းပညာတွေကို လည်း စမ်းသပ်နိုင်မယ်၊ ဒီလိုနဲ့ သူကပိုမြင့်တဲ့သိုင်းစွမ်းအားကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်”

1506 03

“ဗဟိုပြင်ကျယ်က ကျွမ်းကင်ပညာရှင်တွေ စုစည်းတဲ့နေရာ၊သသိုင်းပညာတော်ဝင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတာလေ။ အဲဒီနေရာရဲ့သိုင်းပညာတွေနဲ့ အမွေအနှစ်က နေတော်ဝင်တောင်တန်းရဲ့ အမွေအနှစ်ကနေ ဆင်းသက်ပြီး ဦးေမာ့လာတာမျိုးပဲ။ ဒါကြောင့် အစ်ရှီနီရှီတုကလည်း ၆လလုံးလုံး အရှိန်သုံးပြီး တောင်တန်းများကို ခရီးထွက်ခဲ့တယ်။ အဲဒီလိုနဲ့လမ်းမှာ ဖြတ်သန်းခဲ့သမျှဂိုဏ်းတိုင်းကို ဝင်လည်ခဲပြီး အကြွင်းမဲ့ယုံကြည်မှုကို ပြသခဲ့တယ်။ ဒါပေမဲ့ သူကနယ်မြေတွေအနှံ့ လှည့်လည်သွားလာနေခဲ့ပြီး ပိုများသော သိုင်းပညာရှင်များနှင့် တွေ့ ဆုံခဲ့ပြီးတဲ့နောက်မှာတောင်မှ သူနှင့်တိုက်ခိုက်နိုင်တဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး။ ကျယ်ပြောတဲ့နယ်မြေကြီးထဲမှာ သူရဲ့တစ်ကွက်ကိုတောင် ခံနိုင်တဲ့သူက သိပ်များတာ မဟုတ်ဘူး။ ကျန်တဲ့သူတွေအားလုံးက နှစ်ကွက်သုံးကွက်လောက်တော့ တောင့်ခံနိုင်ခဲ့ပြီး အဆုံးသတ်သွားရတာပဲ”

“အစ်ရှီနီရှီတုက တော်တော်လေးကို စိတ်ပျက်သွားခဲ့တယ်”

ပါးကုရှီတုသည် လွန်ခဲ့သောနှစ်၂၀၀ခန့်မှ ပုံပြင်ကိုပြန်လည်ပြီး ပြောပြပေးနေသည်။ အစ်ရှီနီရှီတု၏ ခန္ဓာကိုယ်က ကျောက်တုံးတံတားပေါ်တွင် ရပ်နေလေပြီး နှစ်၂၀၀ကျော် ကုန်လွန်ပြီးသွားသည့်တိုင်အောင် မဆွေးမြေ့သွားဘဲ မင်းမူလွန်းသော အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားခဲ့သေးကာ ယခုလေးတင်ပြောပြနေသော အတိတ်ကဖြစ်ရပ်များနှင့် ထပ်ပေါင်းထည့်လိုက်သော် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုမျိုးကို ဖြစ်စေသည်။

ဝမ်ချောင်သည်ပင် မျက်မှောင် ကြုတ်မိလာသည်။ သူသည် သိုင်းပညာလောကမှ အဖွဲ့ဝင်မဟုတ်ချေ။ သို့သော် ထိုလောကမှ အလုပ်လုပ်ပုံကို အနည်းငယ် နားလည်ထားသည်။ သို့ရာတွင် ပါးကုရှီတု၏ စကားလုံးများက သူ့ဆရာထံမှကြားခဲ့ဖူးသောလောကထံမှ ပုံပြင်တစ်ပုဒ်ကိုပင် သတိရသွားစေသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည်လည်း အစ်ရှီနီရှီတုကလွန်ခဲ့သော နှစ်၂၀၀ခန့်က ဗဟိုပြင်ကျယ်၏ ကျွမ်းကျင်ပညာရှင်များကို စိန်ခေါ် ခဲ့သည့် အကြောင်းအရာကို ပြောပြခဲ့ဖူးသည်။ သို့သော် သူ၏အပြုအမူကမူ ပါးကုရှီတုက ပြောပြထားသလို အကြွင်းမဲ့ရိုကျိုးမှုမျိုးနှင့် လုံးဝခြားနားသည်။

သူဟာ ဗဟိုပြင်ကျယ်မှ အမျိုးမျိုးသောဂိုဏ်းများကို သွားရောက်လည်ပတ်ခဲ့သောအခါ သူသည် စိန်မခေါ်ချင်သည့်တိုင်အောင် သူတို့ကို တိုက်ခိုက်အောင် ဖိအားပေးခဲ့သည်။ သူ၏နည်းလမ်းများက အလွန်အမင်းပင် ရက်စက်လေသည်။

သူက အလဲထိုးခဲ့သည့် ကျွမ်းပညာရှင်အများစုက လက်များခြေများကျိုးကုန်ကာ ရွေးချယ်၍မရလောက်အောင် ကျင့်ကြံခြင်းကိုလည်း ဖျက်ဆီးခဲ့သေးသည်။ အစ်ရှီနီရှီတုက ဂိုဏ်းတစ်ဂိုဏ်းကို စိန်ခေါ်သောအခါ ထိုဂိုဏ်းကိုဖျက်ဆီးသည်။ သူ ဖျက်ဆီးခဲ့သည့်ဂိုဏ်း အရေအတွက် ရာကျော်သည်။

အစ်ရှီနီရှီတုသည် သူ့ကိုအနိုင်ယူနိုင်သော ကျွမ်းကျင်ပညာရှင်များကိုသာ လေးစားမှုပြသသည်။ သို့သော် သူ့ထက်အားနည်းသောသူများကို ပုရွက်ဆိတ်အဖြစ်သာ သတ်မှတ်ထားသည်။

အစ်ရှီနီရှီတုက တောင်ပိုင်းသို့သွားသောခရီးတွင် နှစ်သက်မှုပင် မရှိခဲ့ပေ။ ထိုသို့ သူ၏လက်အတွင်း သေဆုံးသည့်သူများက မရေမတွက်နိုင်အောင်ဖြစ်လာသည်။ ဒါဟာ လူတစ်ယောက်က ဗဟိုပြင်ကျယ်ကို စိန်ခေါ်ဖူးသောပထမဦးဆုံးကပ်ဘေးလည်း ဖြစ်လေသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ ပြောခဲ့သည့်စကားအရ အစ်ရှီနီရှီတုက အလွန်ပင် အင်အားကြီးမားသည်။ သိုင်းပညာလောကမှ ကျွမ်းကျင်ပညာရှင်အများစုက သူ့ကိုမယှဥ်နိုင်ကြပေ။ သို့သော် သူက ပြိုင်ဘက်ကင်းဟုလည်း မဆိုလိုသေးပြန်ပေ။

သိုင်းပညာလောကသည်လည်း စုန့်ယွမ်ယီနှင် ရေနတ်ဘိုးဘေးတို့ကဲ့သို့ သိုင်းပညာရှင်တို့ကိုသာ သိကြချိန်တွင် ဝမ်ချောင်သည် မဟာထန်ရဲ့ စစ်နတ်ဘုရားစုကျန်းချန် ၊အန်းရှီစစ်နတ်ဘုရား ကောင်းရှန်းကျစ်နှင့်နန်းတွင်းမဟာသူတော်စင်ဧကရာဇ်ကဲ့သို့ေသာ သူမျိုးကို သိသေးသည်။

ထိုလူများသည် သူတို့၏တစ်ဘဝလုံးကို သိုင်းပညာလောကထဲသို့ သွားရောက်ကာ တိုက်ခိုက်ခြ င်းမပြုခဲ့ကြချေ။ ထိုသို့ဖြင့် တည်ငြိမ်မှုကို ထိန်းထားကြသည်။ သူတို့သည်လည်း အချို့သောကပ်ဘေးများကိုပင် ဝင်မပါတတ်ချေ။

သို့သော် 'ဟူ'တစ်ယောက်က ဗဟိုပြင်ကျယ်ကို စိန်ခေါ်လာသောအခါ သူသည်ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် အရှင်စုန့်ယွမ်ယီကို အလဲထိုးနိုင်လျှင်ပင် သူ့နယ်မြေထဲရှိ ကျွမ်းကျင်ပညာရှင်များအားလုံးကိုကျော်လွှားနိုင်သည်ဟု စဥ်းစားဆင်ခြင်သင့်ပေလိမ့်မည်။ ထို့ကြောင့်သူသည်လည်း ထိုကိစ္စအပေါ် ခိုင်မာသည့် ဆုံးဖြတ်ချက်မျိုးကို ချ၍မရပေ။

သို့ရာတွင် ထိုအချိန်က အစ်ရှီနီရှီတု၏ လုပ်ဆောင်မှုက လွန်ကဲသွားပြီး ဗဟိုပြင်ကျယ်အတွင်းမှ ပုန်းကွယ်နေသော ပညာရှင်များကို ဒေါသထွက်သွားစေခဲ့သည်။ သို့သော်ထိုကျွမ်းကျင်ပညာရှင်များက အစ်ရှီနီရှီတုကို ကိုင်တွယ်လိုသော အချိန်တွင်ပင် တူရကီ၏ ထိုပြည်နယ်ဆရာက မြောက်ဘက်ပိုင်းသို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။

1506 04

ထိုအဖွဲ့က နောက်မှ လိုက်သည်။ သူတို့သည်လည်း အစ်ရှီနီရှီတုကို မှီရန်မျှော်လင့်သည်။ သို့သော် သူက နယ်စပ်ကိုကျော်သွားသည်နှင့် ပျောက်သွားသည်။ ထိုအချိန်မှစတင်၍ ထိုသူနှင့်ပက်သတ်သည့် သတင်းကို မကြားရတော့ပေ။ ထို့သူဟာ ဥက္ကာတုံးကြီးကဲ့သို့ဖြစ်သည်။ အလွန်ပင်တောက်ပထိန်လင်းကာ တလောကလုံးကို အလင်းများပေးပြီးနောက် သဲလွန်စမရှိပဲ ပျောက်ကွယ်သွားခဲ့သည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည်လည်း အတိတ်ကထိုအဖြစ်အပျက်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ခုအဖြစ် ဝမ်ချောင့်ကို ပြောပြခဲ့သည်။

သို့သော် ဝမ်ချောင်ပင်ဖြစ်စေ၊ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကပင် ဖြစ်စေ၊ ထိုအကြောင်းကို အထူးတလည် ဂရုမစိုက်ခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ လွန်ခဲ့သော နှစ်၂၀၀ခန့်က ကိစ္စဖြစ်သည်။ လက်ရှိခေတ်နှင့် ဝေးကွာလွန်း၏။

ဝမ်ချောင်သည်လည်း ထိုအချိန်က ဗဟိုပြင်ကျယ်ကို ပြသနာရှာကာ မွှေနှောက်ခဲ့ပြီး ကပ်ဘေးဆိုက်စေခဲ့သောသူ၊ သိုင်းပညာလမ်းကြောင်းတစ်ခုလုံး လမ်းဖောက်ကာ သတ်ဖြတ်ခဲ့သောသူက မြေကမ္ဘာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်နေမည်ဟု မထင်ထားမိပေ။ ပို၍ဆိုးသည်မှာ သူ၏ခန္ဓာကိုယ်သည်လည်း နေတော်ဝင်တောင်တန်းတွင်ရှိမနေခဲ့ပဲ ဒီနေရာတွင်ရှိနေသည်။ ဒီနေရာကလည်း မူလအမရ ရတနာသိုက်အတွင်းမှအလင်းမဲ့နေသော လောက၏အတွင်းပိုင်းနေရာရှိ ကျောက်တုံးတံတားတစ်ခုဖြစ်နေခဲ့သည်။

နောက်ပြီး အခုသူ့ရဲ့ ရှေ့မှာ။

“အစ်ရှီနီရီတုရဲ့ နဂိုမူလအကြံအစည်က ဗဟိုပြင်ကျယ်ကို ဖိနှိပ်ပြီးသွားတဲ့နောက်မှာ နောက်ပစ်မှတ်က ရူယွင်စန်းမဟာနှင်းတောင် တော်ဝင်ဘုရားကျောင်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတွေပဲ၊ အစ်ရှီနီရှီတုကလည်း သိုင်းပညာလောက,က သူ့ကို မယှဥ်ရင်နိုင်တောင်မှ သူ့ရဲ့စွမ်းရည်ကို မစမ်းသပ်နိုင်သေးဘူး။ ဒါကြောင့်မဟာနှင်းတောင်တန်းကတော့ အဆင့်မြင့်ဘုန်းတော်ကြီးတွေ၊ အင်အားကြီးမားတဲ့ ပြိုင်ဘက်တွေ ရှိလောက်မယ်လို့ သူထင်တယ်၊ အဆင့်မြင့် ဘုန်းတော်ကြီးကတောင် သူ့ကိုမယှဥ်နိုင်ရင်တော့ အစ်ရှီနီရှီတု အနေနဲ့ လောကမှာ တကယ်ကို ပြိုင်ဘက်ကင်းသွားပြီပေါ့၊ သူ့ရဲ့တစ်ဘဝလုံးမှာ သူ့ကိုစိန်ခေါ်ဖို့အခွင့်အရေးရှိတဲ့ သူတွေတောင် မရှိနိုင်တော့ဘူး၊ ဒီတော့သူက လုံးဝကိုပြိုင်ဘက်ကင်းသွားမှာ “

******

1507 01

အခန်း ၁၅၀၇

" သူက လောကရဲ့ဟိုး....တစ်နေရာမှာရပ်တည်နေခဲ့တာ"

"ဒါပေမဲ့ သူက ဗဟိုပြင်ကျယ်ကထွက်ပြီး မြောက်ပိုင်းကို ပြန်တော့မဲ့ အချိန်မှာပဲ အစ်ရှီနီရှီတုက လူတစ်ယောက်နဲ့တိုးတယ်။ 'ဟန်'တစ်ယောက်! အစ်ရှီနီရှီတုက သူနဲ့တွေ့ တဲ့အချိန်မှာ သူက ဖော်ပြဖို့ခက်ခဲလောက်အောင် သန်မာတယ်။ သူရင်ဆိုင်ဖူးသမျှ ရန်သူတိုင်းထက် ပိုသန်မာတယ်ဆိုတာ သူသိလိုက်တယ်၊ အစ်ရှီနီရှီတုကလည်း သူ့ နောက်ကို ဆယ်ရက်ဆယ်ညတိတိ လိုက်ခဲ့တယ်။ အရှေ့မြောက်ပိုင်းကနေ အနောက်တောင်ပိုင်းအထိပဲ အနောက်ပိုင်းနယ်မြေ ရောက်လုနီးပါးဖြစ်သွားမှသာ အဲဒီလူကို သူနဲ့တိုက်ခိုက်ဖို့ ဖိအားပေးနိုင်ခဲ့တယ်"

ပါးကုရှီတု၏ အနောက်မြောက်ပိုင်းအကြောင်း ထည့်ပြောသောစကားက ဝမ်ချောင့်အား မျက်ခုံးပင့်စေသည်။ ပါးကုရှီတုက ဘာကိုမှမပြောသည့်တိုင်အောင် ဝမ်ချောင်ကမှု ထိုကိစ္စရပ်ကို ခန့်မှန်းနိုင်သည်။

"သူတို့နှစ်ယောက် တိုက်ခိုက်တဲ့အချိန်မှာ အစ်ရှီနီရှီတုကလည်း တစ်ဖက်သူ အသုံးပြုတဲ့အဲ့ဒီသိုင်းပညာက သူရင်ဆိုင်ကြုံတွေ့ဖူးသမျှ သိုင်းပညာတိုင်းနဲ့ ခြားနားတယ်ဆိုတာ သိလိုက်တယ်။ တူရကီနဲ့ ခြားနားတာကိုပြောတာ မဟုတ်ဘူး။ ဗဟိုပြင်ကျယ်ရဲ့ ရူယွင်စန်းကျောင်းတော်နဲ့ အာရေးဗီယား အထိတောင် ပါသေးတယ်။ သူ ဒီသိုင်းကို လုံးဝမကြားဖူးသလို မြင်တောင်မမြင်ဖူးဘူး။ ဒါပေမဲ့ ကြယ်တာယာစွမ်းအင်တွေက အရမ်းကို ထောင်လွှားပြီး ဖြောင့်မတ်လွန်းတယ်။ အင်အားကြီးရုံတင်မကသေးပဲ တစ်ဖက်သူရဲ့ တိုက်ကွက်တိုင်းကိုလည်း ဖယ်ရှားရှင်းလင်းပစ်နိုင်တယ်"

"အစ်ရှီနီရှီတုကတော့ သူ ကျင့်ကြံခြင်းရဲ့သိမ်မွေ့ လွန်းတဲ့ အဆင့်နယ်မြေမျိုး ရောက်ရှိနေခဲ့တာ၊ သူ၏ကြယ်တာယာစွမ်းအင်က ဖော်ပြဖို့ခက်ခဲအောင် သိပ်သည်းတယ်။ ဒါမဲ့ တကယ်တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့ ခွန်အား ၇၀%ကျော်ကျော်လောက်က သန့်စင်ခံရပြီး သူ့ဆီကို ပြန်ပို့ခံရတယ်။ နားလည်ထားရမှာက အစ်ရှီနီရှီတုကလည်း အလင်းအမှောင် ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီဆိုတာပဲ အဲဒီဘုံအဆင့်ကိုမရောက်သေးတဲ့ ဘယ်သူကမှ သူ့ကို မယှဥ်နိုင်လို့ အဲဒီ အချက်ကပင် တော်တော်လေးကို အံအားသင့်ဖို့ ကောင်းနေပြီ "

"အစ်ရှီနီရှီတုက မရေမတွက်နိုင်တဲ့ သိုင်းပညာတွေကို နားလည်ထားတဲ့ ရှေးခေတ်ကာလက သိုင်းပညာတွေကိုတောင် သိနေခဲ့တယ်၊ ဒါပေမဲ့ ဒီသိုင်းနဲ့ပတ်သက်တဲ့ ဘာဗဟုသုတကိုမှ မရှိထားဘူး၊ အစ်ရှီနီရှီတုက တိုက်ခိုက်လေလေ ပိုပြီးအံ့ဩလာလေလေပဲ၊ သူလည်း ဗဟိုမြေကျယ်က အစစ်အမှန် ပုံးကွယ်နေတဲ့ ကျွမ်းကင်ပညာရှင်နဲ့တိုးပြီမှန်း သိလိုက်တယ်"

"ဒီလူက မြောက်များတဲ့ လှုပ်ရှားမှု အကွက်တွေကို ပိုင်ဆိုင်ထားတယ်၊ အစ်ရှိနီရှီတု လုံးဝမမြင်ဖူးတဲ့ အကွက်တွေမျိုးပဲ၊ သူတို့နှစ်ယောက်က အကွက်၁ထောင်ကျော်လောက် တိုက်ခိုက်ဖလှယ်ကြတယ်၊အစ်ရှီနီရှီတုက မနိုင်ရုံသာ မကသေးပဲသူသာ အခွင့်အရေးနည်းသွားတယ်။ ဒီလိုအခြေအနေမျိုးအရင်က လုံးဝမဖြစ်ပျက်ခဲ့ဘူး၊ အတိုင်းအတာ တစ်ခုကနေကြည့်ရင် အဲ့ဒီ လျိုဝှက်ဆန်းကြယ်တဲ့သူက တိုက်ခိုက်မှု ရပ်တန့်လိုက်ပြီးတဲ့နောက်မှာ သူက သတ်ဖြတ်ရတာကို သဘောမကျဘူး။ နောက်ပြီး ဂုဏ်သတင်းကိုလည်း မလိုချင်ဘူး။ ကျော်ကြားမှုကိုလည်း မလိုချင်ဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ သေတဲ့အထိ မတိုက်ခိုက်ဘူး။ နှစ်ယောက်လုံးက ဒီနေရာမှာ တိုက်ခိုက်မှု ရပ်တန့်ဖို့ ပြောတယ်၊ အစ်ရှီနီရှီတုကတော့ ဒီလူရဲ့ အကျင့်စရိုက်ကို အရမ်းကိုလေးစားမိသွားတာပေါ့ ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်က အစ်ရှီနီရှီတုကို သူရဲ့ခွန်အားကြောင့် နီးကပ်သလို ခံစားရစေခဲ့တယ်။ တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်က မိတ်ဆွေတွေ ဖြစ်သွားတယ်"

"ဒါပေမဲ့ နောက်ပိုင်းမှာ သေးငယ်တဲ့ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး အဲ့ဒီသူက အစ်ရှီနီရှီတုကို နားလည်မှု လွဲသွားခဲ့တယ်၊ အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်က ပြန်လည်တိုက်ခိုက်ရင်း အစစ်အမှန် ရန်သူတွေဖြစ်သွားကြတယ်။ အစ်ရှီနီရှီတုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို ယူကျုံးမရဖြစ်ပြီး နောင်တရနေခဲ့တယ်။ ဒါပေမဲ့ ထိုအမျိုးသားရဲ့ အစ်ရှီနီရှီတုအပေါ် နားလည်လွဲမှုက ကြီးမားလွန်းလို့ အစ်ရှီနီရှီတုရဲ့ရှင်းပြချက်တွေကိုလည်း နားမထောင်ဘဲ တွင်းထဲကို ခုန်ချသွားတယ်။ အစ်ရှီနီရှီတုကလည်း နောက်က အတင်းလိုက်သွားတာပေါ့"

ပါးကုရှီတု၏မျက်ဝန်းက နောင်တများနှင့် ပြည့်နှက်နေသည်။ သူသည်လည်း ဝမ်းနည်းဖွယ်ကောင်းသော မိတ်ဆွေများမှ ရန်သူတွေအဖြစ် ပြောင်းလဲသွားသည့် ကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေပုံရ၏။ သို့သော် ပါးကုရှီတုက ဆက်မပြောခင် ဝမ်ချောင်က ဖြတ်ပြောသည်။

"ဟမ့် ငါ ခန့်မှန်းတာမှန်မယ်ဆို မင်းပြောနေတဲ့ အဲ့ဒီလျှို့ ဝှက်ဆန်းကြယ်တဲ့သူက မူလအမရအရှင်ရဲ့ မျိုးဆက်၆ဆက်မြောက် တပည့်ပဲ"

1507 02

ဝမ်ချောင်က လိုရင်းကို ပြောလိုက်သည်။ ထိုအမျိုးသားက အနောက်မြောက်ပိုင်းအထိ လိုက်လာပြီး ထိုမျှအထိ ခေါင်းမာခံကာ ဖြောင့်မတ်မှန်ကန်သောစွမ်းအင်များက လူအများ၏စွမ်းအင်ကို သွေဖယ်နိုင်ကာ အစ်ရှီနီရှီတုကိုပင် မူလအမရရတနာသိုက်အတွင်းပိုင်းရှိ ကျောက်တံတားပေါ်တွင် သေစေခဲ့ကတည်းက ဝမ်ချောင်သည်လည်း သူတို့ လိုက်ရှာနေသောသူက မူလအမရအရှင့်၏ ၆ဆက်မြောက် တပည့်ဖြစ်ကြောင်း ဆက်လက်ပြီး တွေးတောရန်ပင် မလိုအပ်တော့ပေ။ ဒါဟာ လက်ဝါးတစ်ဖက်တည်းနှင့် ဆုံမှတ်လေးခုသိုင်းအရှင်ကို သတ်ခဲ့သော သူလည်း ဖြစ်သည်။

ဝမ်ချောင်သည်ပင် ဗဟိုပြင်ကျယ်တွင် ပြသနာများ ရှာပြီးနောက် အစ်ရှီနီရှီတုဟာ မူလအမရသိုင်း၏ ၆ယောက်မြောက် ဆက်ခံသူနှင့်တိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဗဟိုပြင်ကျယ်မှ သိုင်းပညာရှင်များသည် သူ့ကို ရှာမတွေခဲ့သလို သူ၏သတင်းများကို မကြားရတော့သည်မှာ အံ့ဩစရာမရှိပေ။

လူဘယ်လောက်များများက အရှေ့ပိုင်း တူရကီပြည်နယ်ဆရာကို ယှဥ်နိုင်လဲ။

သို့ရာတွင် ဝမ်ချောင်ကို အရွံစေဆုံးက အခြားကိစ္စတစ်ခုဖြစ်သည်။

" မူလအမရနန်းတော်က သူတွေက လောကကြီးရဲ့ ကိစ္စတွေကိုလည်း စိတ်မဝင်စားဘူး။ ဗဟိုပြင်ကျယ်ရဲ့ သိုင်းပညာလောကနှင့်လည်း တစ်ခါမှ အဆက်အသွယ်မလုပ်ဖူးဘူး။ နောက်ပြီးမင်းဖော်ပြတဲ့ အဲဒီအစ်ရှီနီရှီတု ဆိုသူရဲ့အကျင့်စရိုက်အရ သူကသာ မူလအမရသိုင်းရဲ့ တည်ရှိမှုကို သိသွားတာနဲ့ သေချာပေါက်ကို မူလအမရသိုင်းရဲ့ ဆက်ခံသူဆီက နေညွှန်ကြားချက်ကို သင်ယူဖို့တောင်းဆိုမှာပဲ။ ဒီလိုသိုင်းတွေက အပြင်လူကို လက်ဆင့်ကမ်းပေးလို့ မရဘူး၊ မူလအမရသိုင်းလိုမျိုး ဗဟိုပြင်ကျယ်ရဲ့ နံပါတ်တစ်သိုင်းကို ထည့်မပြောနဲ့ဦး ဒါက ပိုတောင်ဆိုးနေသေးတယ်။ သူက တောင်းဆိုတာနဲ့ပဲ ဘာလို့အစ်ရှီနီရှီတုကို ပေးရမှာလဲ။ အစ်ရှီနီရရှီတုက မရနိုင်ရင်တောင်မှအခြား နည်းလမ်းတစ်ခုကို သေချာပေါက် တွေးလိမ့်မယ်"

"ငါခန့်မှန်းတာမှန်မယ်ဆိုရင် အစ်ရှီနီရှီတုကလည်း မူလအမရသိုင်းရဲ့ ၆ယောက်မြောက်ဆက်ခံသူက သတိပေါ့လျော့လိုက်တဲ့ အချိန်မှာ သူကို့ ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒီနည်းလမ်းကြောင့်သာ အစ်ရှီနီရှီတုက ဒီနေရာမှာ လွန်ခဲ့တဲ့နှစ်၂၀၀လောက်က သေသွားတာဖြစ်လောက်မယ်"

"ပါးကုရှီတု! မင်းက အတော်လေးကို အရေထူတာပဲ ။ မင်းက ပြီးခဲ့တဲ့ကိစ္စကို သတိရအောင့်မေ့သလို၊စိတ်မကောင်းဖြစ်သလို၊လွမ်းဆွတ်တမ်းတသလို၊နားလည်သဘောပေါက်လွဲမှားမှုဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးပြီး ဒီလိုအရှက်မဲ့တဲ့ကိစ္စကို ဖော်ပြရဲတယ်။ ငါ တကယ်ကို လက်လံပါတယ်"

ဝမ်ချောင်က အမှန်တရားကို ထုတ်ပြောလိုက်သောအခါ သူ့ရဲ့အသံက လှောင်သံစွက်နေ၏။

ကိုယ်ပိုင်အကျိုးအမြတ်အတွက် သစ္စာဖောက်ကာ မူလအမရနန်းတော်ရှိသည့် မြေအောက် မီတာ၁သောင်း၆ထောင်အထိ လိုက်ရှိခဲ့သည့် သစ္စာဖောက်မျိုးကို နားလည်မှု လွဲခြင်းဆိုပြီး နာမည်တပ်ခေါ်ရန်အတွက်ကမူ လောကရှိ မည်သည့်အရာကိုမဆို နားလည်မှုလွဲမှားသည်ဟု ပြော၍ရတာပဲ။

"ဟွန်း ဒါက လွန်ခဲ့တဲ့နှစ်၂၀၀တုန်းက ကိစ္စပဲ။ မှန်တယ်မှားတယ် ပြောဖို့က နောက်ပိုင်းမွေးတဲ့ သူတွေနဲ့မသက်ဆိုင်ဘူး။ အခုဒီနေရာမှာ လိုအပ်တာက ဒီကိစ္စကို ဘာလို့ ဒီလောက်ထိ အလေးအနက် ထားမလဲဆိုတာပဲ"

ပါးကုရှီတုကလည်း ဝမ်ချောင်၏ အမှန်တရားကို ထုတ်ပြောသည့်ကိစ္စကို ဒေါသထွက်မသွားဘဲ သူသည် ရိုးရှင်းစွာသာ ပြုံးလိုက်ပြီး လိုရင်းကို ထပ်ပြောသည်။

"ဘယ်လိုနည်းနဲ့မဆို ငါတို့ရဲ့မြေသားမြေကမ္ဘာဂိုဏ်းရဲ့ ခေါင်းဆောင်က သူ့ရဲ့နောက်ကို လိုက်ပြီး ဒီနေရာကို ဝင်လာတယ်။ ဒါပေမဲ့ မျိုးဆက်၆ဆက်မြောက်ဆက်ခံသူက ဖော်ပြဖို့ခက်ခဲအောင် အကြံအစည်ကြီးပြီး ယုတ်မာကောက်ကျစ်တယ်။ သူက အမျိုးမျိုးထောင်ချောက်တွေနဲ့ စက်ကိရိယာတွေကိုသုံးပြီး အစ်ရှီနီရှီတုကို ကိုင်တွယ်ခဲ့တယ်။ ဒါပေမဲ့ အစ်ရှီနီရှီတုကလည်း အားလုံးကို ကိုင်တွယ်နိုင်ခဲ့တယ်။ ဒါက အစ်ရှီနီရှီတုအနေနဲ့ ဒီလောက်လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မသိရတဲ့ အရာအများကြီးကိုတွေ့ နိုင်ခဲ့တာ။ သူ့ရဲ့ စိတ်က ပွင့်သွားတယ်။ ဟုတ်တယ် အဲဒီအချိန်မှာ သူက ရှင်းပြချက်ကို တောင်းဖို့ အလျင်မလိုတော့ဘူး"

"အစ်ရှီနီရှီတုကလည်း လမ်းမှာတွေ့သမျှ အနှောင့်အယှက်တိုင်းကို ကိုင်တွယ်နိုင်ခဲ့တယ်။ ၆ယောက်မြောက် ဆက်ခံသူတောင်မှ သူ့ကို သက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့ဘူး။ အံဩဖို့ကောင်းတာက မူလအမရသိုင်းရဲ့ မျိုးဆက်၆ဆက်မြောက် ဆက်ခံသူက ဒီအတွက်ကြောင့် သံသယဝင်ပြီး မနာလိုကြီးစိတ် ဖြစ်လာတာပဲ။ ဒါကြောင့် သူက အစ်ရှီနီရှီတုကို မူလအမရအမှန်တကယ် ရတနာသိုက်ရဲ့အတွင်းပိုင်းကို မြှားခေါ်ပြီး အချို့ အင်အားကြီးမားတဲ့ လက်နက်ကိုသုံးပြီး သူ့ကို ဒီကျောက်တံတားပေါ်မှာတင် သတ်လိုက်တယ်။ လွန်ခဲ့တဲ့နှစ်၂၀၀လောက်က တူရကီရဲ့ အတောက်ပဆုံးပြည်နယ်ဆရာက ဒီနေရာမျိုးမှာ သေသွားရတယ်။ ဒီလိုနဲ့ ထာဝရအိပ်စက်သွားရတာ နှမြောစရာပဲ""

1507 03

"ပိုပြီးအရေးကြီးတာက အစ်ရှီနီရှီတု သေပြီးသွားတဲ့နောက်မှာ မြေကမ္ဘာဂိုဏ်းနဲ့နေတော်ဝင်တောင်တန်းတစ်ခုလုံးမှာ လွှမ်းမိုးမှုက အများကြီး အားနည်းသွားတယ်။ နောက်နှစ်၂၀၀လုံးလုံး ဘယ်ပြည်နယ်ဆရာမှ မပေါ်လာတော့ဘူး။ နောက်ပိုင်းမှာ အရှေ့နဲ့အနောက် ခါကန်းနှစ်ခုလုံးက ပြည်နယ်ဆရာနေရာကို အဆုံးသတ်လိုက်တယ်။ ငါတို့ရဲ့မြေကမ္ဘာဂိုဏ်းက ပိုပြီးတော့ ဆုတ်ယုတ်လာတယ်"

ပါးကုရှီတုသည် အတော်လေးကို ယူကျိုးမရဖြစ်နေပုံရပြီး သက်ပြင်းကိုပင် ချလာသေးသည်။

သူသည်လည်း မြေကမ္ဘာဂိုဏ်းရဲ့ အဆုံးကိုမူ ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်။ မြေကမ္ဘာဂိုဏ်းမှ လက်ရှိဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေနဲ့ သူသည်လည်း နားထောင်သူများထက်ပင် ထိုပုံပြင်ကြောင့် ပို၍အံ့အားသင့်ခဲ့ရသေးသည်။

ဝမ်ချောင်သည် အေးစက်ကာ ခံစားချက်မဲ့သည်။ ပါးကုရှီတုသည် 'ဟန်'တစ်ယောက်၏အရှေ့တွင် သူ၏ခံစားချက်များကို အတော်လေး ရိုးသားစွာ ထုတ်ပြနေသည်။ ဝမ်ချောင်ကမူ ထိုစကားလုံးများက သူ့၏နှလုံးသားမှလာကြောင်း ပြောနိုင်သည်။ သူသည်ဘာကိုမှ ထိန်ချန်ထားပုံ မရမှန်းလည်း နားလည်နေ၏။ သူတို့က ရန်သူများ ဖြစ်သည့်တိုင်အောင် ဝမ်ချောင်က မြေကမ္ဘာဂိုဏ်းခေါင်းဆောင်က သူနေထိုင်ခဲ့ဖူးသော ခံယူချက် ခြားနားကြောင်း ပြောရပေမည်။ သူ့တွင်လည်း မည်သူကမှ မပိုင်ဆိုင်ထားသော ကျော့ရှင်းကြည့်ကောင်းသည့် အသရေမျိုးရှိနေသည်။

"ဟမ့် ဒါတွေအားလုံးက မင်းရဲ့ ဖော်ပြချက်တွေပဲ မင်းကိုယ်တိုင် မမြင်ခဲရဘူး မဟုတ်လား ဆိုတော့ ပုံပြင်တွေအားလုံးကမင်းရဲ့ ခန့်မှန်းချက် သီအိုရီအပေါ် အခြေခံထားတယ်။ သက်သေလည်းမရှိဘူးဆိုတော့ သဘာဝကျကျပဲ မမှန်နိုင်ဘူး"

ဝမ်ချောင်က ရုတ်တရက် ပြောသည်။

"ဟီး ဟီး ငါကိုယ်တိုင် မမြင်ခဲ့ရဘူးလို မင်းက ဘယ်လိုသိလဲ"

ပါးကုရှီတုက ရုတ်တရက် သူ့ဘက်လှည့်လာပြီး

ဝမ်ချောင့်ကို လေးနက်စွာစိုက်ကြည့်ပြီး သူ၏နှုတ်ခမ်းတွင် ခပ်ညစ်ညစ် အပြုံးတစ်ခုက ပေါ် လာသည်။

ဝမ်ချောင်၏ နှလုံးသားကရုတ်တရက် ခုန်လှုပ်သွားသည်။ သူသည်လည်း ချက်ချင်းဆိုသလို ဆွံ့ အသွားရသည်။

ရှေ့ပိုင်းတူရကီပြည်နယ်ဆရာ အစ်ရှီနီရှီတုနှင့် မျိုးဆက်၆ဆက်မြောက် ဆက်ခံသူတို့သည် လွန်ခဲ့သောနှစ် ၂၀၀ခန့်က တည်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က လက်ရှိခေတ်တွင် ထိုဖြစ်ရပ်ကို မျက်မြင်သက်သေအဖြစ်မြင်တွေ့ ခဲ့ရသူ မရှိတော့ပေ။ သို့သော် ပါးကုရှိတု၏ အမူအရာတွေအရ ခြားနားသည်။ ဝမ်ချောင်သည် ဆံပင်များက ထောင်တက်သွားသည်။ သူဟာ ဟန်ဆောင်နေပုံနှင့်လည်း မတူပေ။

ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။

ပါးကုရှီတုက ခေါင်းကို တစ်ဖန် ထပ်လှည့်လာပြီး မြူဘက်ကိုလှည့်ကြည့်ပြီး သူဟာ သူ့ကိုယ်သူ တီးတိုးရေရွတ်သလိုမျိုးနှင့် ဝမ်ချောင်ကို လစ်လျူရှုရင်း ပြောလာသည်။

"အစ်ရှီနီရှီတုက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာ သူ အသက်ဘယ်လောက်ရှည်မှန်းလဲ မသိဘူး။ ဒါပေမဲ့ သူက သိုင်းပညာကို အရမ်းစွဲလမ်းတယ်။ တန်ဖိုးကြီးကြီး ပေးဆပ်ပြီးတဲ့နောက်မှာ သူရဲ့ကိုယ်ပိုင်အသက်ကို ဒီလိုစတေးခဲ့ဖို့ သူဟာ ဘယ်လိုများ ဆန္ဒရှိခဲ့တာလဲ။ ပိုဆိုးတာက မူလအမရသိုင်းရဲ့ မျိုးဆက်၆ဆက်မြောက်ဆက်ခံသူနဲ့ တိုက်ခိုက်လေလေ ဒီသိုင်းက ဘယ်လောက် နက်နဲလဲဆိုတာ သိလာလေလေပဲ"

"ဒါကြောင့် သူသေတော့မဲ့ အခိုက်အတန့်မှာ သူက ခွန်အားအားလုံးကိုစုစည်းပြီး ငါတို့မြေကမ္ဘာသိုင်းရဲ့ အဆင့်လွန် လျှို့ဝှက်သိုင်းကိုသုံးပြီး သူ့ရဲ့ မှတ်ညဏ်တွေအားလုံးကို ချိတ်ပိတ်ပြီး သူ့ရဲ့ခွန်အားတစ်ဝက်လောက်ကို မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုထဲကို ထည့်သွင်းခဲ့တယ်။ အဲ့ဒီနောက် မြေကမ္ဘာသွေးဒယ်စောက်အိုးတွေက မြေကမ္ဘာကို ကျော်ဖြတ်ရင်း သူ့နောက်ကို လိုက်ခဲ့တဲ့ အစေခံနှစ်ယောက်ဆီကို ပြန်ရောက်သွားခဲ့တယ်"

ပါးကုရှီတုသည် မြေကမ္ဘာဂိုဏ်း၏ သမိုင်းကို တဖြည်းဖြည်းချင်းစီ ပြောပြနေသည်။ သူဟာ အဆုံးနားရောက်သွားသောအခါ ရုတ်တရက် တိတ်သွားသည်။ ထိုမျှအတိုင်းအတာထိ ပြောပြီးလျှင် လွန်လှနေပြီ ဖြစ်သည်။ သူသည် ထို့ထက်ပိုပြီးပြောရန် မလိုအပ်တော့ပါပေ။

ပါးကုရှီတုသည်လည်း မူလအမရ ရတနာသိုက်၏အမျိုးမျိုးသော အရန်အတားဆီးများကို ကျော်ဖြတ်ပြီး အတွင်းပိုင်းသို့ အရင်ဆုံး ရောက်ရှိလာခဲ့သည်။

သူသည် ကျောက်တံတားပေါ် ရောက်ရှိနေပြီး သမိုင်းမှာ တူရကီ၏အကြီးမြတ်ဆုံး ပြည်နယ်ဆရာ၏ အလောင်းကို ကိုယ်တိုင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည်လည်း လွန်ခဲ့သော နှစ်၂၀၀ခန့်က အဆင့်လွန်ဂိုဏ်းခေါင်းဆောင်က မပြီးမြောက်ခဲ့သည့် တာဝန်ကို ပြီးမြောက်သွားပြီဟုဆို၍ရသည်။

ထိုအခိုက်အတန့်တွင် ပါးကုရှီတုသည်လည်း ထိုပုံပြင်ကို တစ်စုံတစ်ယောက်နှင့် ဝေမျှရန် လိုအပ်လာလေသည်။

1507 04

ထို့ပြင် ဝမ်ချောင်က မဟာထန်၏မျိုးနွယ်ခြားနယ်မြေတို့ရဲ့ဘုရင်ဖြစ်ကာ အကောင်းဆုံး အပေါင်းအဖော် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သိပ်မကြာခင် သေရတော့မည် ဖြစ်သည်။

ဝမ်ချောင်က ဘာစကားမျှမပြောပေ။ သူ၏ နှလုံးသားက မုန်တိုင်းထန်နေသည်။

ထိုအချိန်တွင် ပါးကုရှီတုက မည်သည့်အတွက်ကြောင့် ပေါ်လာကြောင်း၊ ထို့အပြင် ရတနာမြေပုံကို မည်သည့်အတွက်ကြောင့် နားလည်နေကြောင်း၊ ပါးကုရှီတုက အမှောင်ကောင်းကင်ဘုံသိုင်းကို အသုံးပြုနိုင်ပြီး ထောင်ချောက်အားလုံးကို ရှောင်ရှားကာ ဒီနေရာသို့ အားလုံးထက် အရင်ရောက်လာခဲ့သည့် အချက်အလက်များ အားလုံးကို နားလည်လိုက်သည်။

လွန်ခဲ့သော နှစ်၂၀၀ခန့်က အဖြစ်အပျက်ပြီးနောက် သမိုင်း၏ လှည့်ဘီးများက လည်ထွက်သွားပြီး နောက်ဆုံးတွင်ဒီနေရာသို့ ပြန်လည်ဆုံစည်းလာသည်။

"အစ်ရှီနီရှီတုရဲ့ ကိစ္စကလျှို့ ဝှက်ချက်ပဲ၊ ငါတို့မြေကမ္ဘာဂိုဏ်းက တားမြစ်ချက်လည်း ဖြစ်တယ်။ အပြင်လူတွေကို တစ်ခါမှ မပြောခဲ့ဘူး။ ဒါပေမဲ့ ငါ မင်းကို ချွင်းချက်လုပ်ပေးတာ လေးစားယဥ်ကျေးပေးတယ်ဆိုတာအပြင် မင်းက ငါ့ရဲ့မေးခွန်းကို ဖြေပေးတယ်ဆိုကတည်းက ငါက မင်းရဲ့ မေးခွန်းတစ်ခုကို ဖြေပေးလိုက်သလိုပဲ။ ဒီတော့ ငါတို့အကြွေးတွေက ရှင်းသွားပြီ။ နောက်က လိုက်ခဲ့တော့"

******

1508 01

အခန်း _ ၁၅၀၈

ပါးကုရှီတုက ဝမ်ချောင်ကို လှမ်းကိုင်ပြီး သူ၏အနောက်မှ နေရာကိုယူသည်။ ထို့ နောက် သူ့အား အစ်ရှီနီရှီတု၏ အလောင်းကိုကျော်ဖြတ်ကာ ရှေ့သို့သွားစေသည်။ ထိုအချိန်တွင် ပါးကုရှီတုသည်လည်း ထိုအလောင်းကို တစ်ချက်မှပင် မကြည့်တော့ချေ။ သို့သော် ဝမ်ချောင်က ကြည့်လိုက်သည်။ အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

အနောက်ကနေ၍ ကြည့်သောအခါ အစ်ရှီနီရှီတူ၏အလောင်းက မင်းမူလွန်းသောအရှိန်အဝါကို လွှတ်ထုတ်ထားသည်။ အနှစ် ၂၀၀ခန့် ကြာသွားသောကြောင့် သူ၏အဝတ်အစားများက စုတ်ပြဲလာသည့်တိုင်အောင် ပုဂ္ဂိုလ်ကြီးတစ်ယောက်၊ ကောင်းကင်ဘုံကိုပင် အံတုလိုသော စိတ်ဆန္ဒ ရှိခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ပြုမူပုံမျိုးက ပြောင်းလဲသွားခဲ့သည်။

သို့သော်အရှေ့မှ ပြန်ကြည့်သောအခါ ဝမ်ချောင်သည်လည်း လုံးဝခြားနားသော မြင်ကွင်းကို မြင်လိုက်ရသည်။ အစ်ရှီနီရှီတု၏ မျက်လုံးများက အနက်ရောင်ဟောင်းလောင်းပေါက်ကြီး နှစ်ခုအလား မျက်နှာကျက်ကို မော့ကြည့်နေသည်။ သူသည်လည်း နောက်ဆုံးအခိုက်အတန့်ရောက်သည်အထိ မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခု၏ လှုပ်ရှားမှုများနောက်သို့ လိုက်ခဲ့ပုံရသည်။

ဝမ်ချောင်က များများမြင်လေလေ ပို၍ ကြောက်လန့်လာလေလေဖြစ်သည်။ အစ်ရှီနီရှီတု၏ ရင်ဘတ်က ထက်ရှသော လက်နက်တစ်ခုဖြင့် ဟက်တက်ခွဲအောင် ဖွင့်ထုတ်ခြင်း ခံထားရပြီး နှစ်ဖက်လုံးမှ နံရိုးများကလည်းလုံးဝပျက်စီးနေခဲ့သည်။ ထိုမျှ ပြင်းထန်သည့်ဒဏ်ရာကို သိရှိသွားပြီးနောက် မည်သူမဆို သေသွားလောက်မည် ဖြစ်သည်။ အစ်ရှီနီရှီတုကပင် သေသွားရ၏။ သူသည်လည်း ရွေးစရာမရှိလေbJ စိတ်စွမ်းအင်နှင့် မှတ်ညဏ်များကို ဒယ်စောက်အိုးအတွင်း ချိတ်ပိတ်ပေးလိုက်ရသည်။

တစ်ခဏခန့်ကြာပြီးနောက် ပါးကုရှီတုက ရုတ်တရက် ဝမ်ချောင့်အား အရှေ့ဘက်သို့ခပ်ကြမ်း ကြမ်းတွန်းသည်။

"ပါးကုရှီတု ငါမင်းရဲ့ မြေကမ္ဘာဂိုဏ်းက ပုံပြင်ကိုနားထောင်လို့ ပြီးသွားပြီ။ မင်း အခြားဘာကိစ္စကြောင့် ငါ့ကို ဖမ်းတာလဲ။ မင်းသာ ငါ့ကိုသတ်ချင်ရင် ဒီနေရာမှာပဲ လုပ်လိုရတယ်။ ငါမင်းဆီကနေလဲ ထွက်ပြေးလွတ်မြောက်မှာမှ မဟုတ်တာ"

ဝမ်ချောင်က ပါးကုရှီတုနှင့်အတူ အတင်းလမ်းလျှောက်နေရသည်။ သို့သော် သူ့၏ နှလုံးသားအတွင်းတွင် ထူးဆန်းသောခံစားချက်က ကျန်ရစ်နေသေးသည်။

ပါးကုရှီတု ပြောသွားသည့်စကား အတိုင်းဆိုလျှင် အော့စမစ်အပါအဝင် အရှေ့ဘက်တူရကီခါကာနိပ်ကြီးတစ်ခုလုံးက သူ့ကိုဆူးချောင်းအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။ ပါးကုရှီတုကသာ သူ့ကိုသတ်ချင်လျှင် အလွယ်လေး လုပ်လိုက်၍ရသည်။ ထိုမျှအထိ စကားပြော၍ အချိန်ဖြုန်းနေရန် မလို့အပ်ပေ။

"ဟမ့်ငါ ဘာလုပ်ချင်လဲဆိုတာ မင်းခဏနေသိရမှာပါ"

ပါးကုရှီတုက ရယ်သည်။ အဓိပ္ပါယ်ကောက်ရန်ခက်ခဲသော အမူအရာမျိုးကို ချိတ်ဆွဲထားပြီးနောက်တွင် ဝမ်ချောင့်အား ကျောက်တံတား၏ အစွန်းနားသို့ တွန်းသည်။

ရတနာသိုက်၏ အတွင်းပိုင်းကဆက်လက်၍ တိတ်ဆိတ်နေသည်။ ဒုတိယမျိုးဆက်မှဆက်ခံသူကလည်း ဆက်လက်ပြီး စောင့်ကြည့်နေသောကြောင့် အခြားသောသိုင်းပညာရှင်များက ယာယီအားဖြင့်ပင် ဝင်မလာနိုင်သေးသည်။

ဝမ်ချောင်သည်လည်း ပါးကုရှီတုနှင့်အတူပင် လမ်းေလျှာက်နေသည် ။ သူတို့၏ခြေသံများက ချောက်ကမ်းပါးအတွင်း ဟိန်းထွက်နေသည်။

ကလစ်!

အဝေးမှနေ၍ ချိန်းကြိုး၏လှုပ်ခတ်သံလို အသံမျိုးကဟိန်းထွက်လာသည်။ ထို ရှောတိုက်အသံက ဝမ်ချောင့်ကို ချက်ချင်း သတိထားမိသွားစေသညိ။

"ငါတို့ရောက်ပြီ"

ပါးကုရှီတုက ပြောသည်။

ထိုနေရာမှမြူဟာ သိပ်သည်းလွန်းသဖြင့် ဝမ်ချောင့်အနေဖြင့် သူ့ဆရာကိုပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးကိုပင်ဖြစ်စေ ပါးကုရှီတု၏ မျက်နှာကိုပင်ဖြစ်စေ မမြင်ရတော့ပေ။ ထို့ကြောင့် ပို၍ပင်အဓိပ္ပါယ်ဖော်ရခက်ကာ ထူးဆန်းသွားသည်။

အေးစိမ့်သောလေပြင်းက တိုက်ခတ်လာသည်။ ပါးကုရှီတု၏အနက်ရောင်ဝတ်စုံက တဖျက်ဖျက်လွင့်ကာ ခါသွားသည်။ ပါးကုရှီတုက ရှေ့ကိုကြည့်ကာ သူ၏မျက်လုံးများက မည်းမှောင်သွားသည်။

1508 02

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒါက ငါတို့ကံကြမ္မာတွေ ကွဲကွာသွားတဲ့နေရာ ဖြစ်မှာစိုးရိမ်မိတယ်"

ပါးကုရှီတု၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာမျိုးက ရှိနေသည်။

"ဆိုတော့ ဒါက မင်းလုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့နေရာပေါ့ "

ဝမ်ချောင်က အေးစက်စွာရယ်သည်။ သူ၏ မျက်လုံးများအတွင်း ကြောက်လန့်မှုများ မရှိနေပေ။ သူသည် ပတ်ဝန်းကျင်ကို ခပ်မြန်မြန်အကဲခတ်လိုက်သည်။ ကျောက်တံတားက ရုတ်တရက် ဒီနေရာတွင်ဆုံးသွားပြီး အရှေ့ဘက်တွင်ရှင်းလင်းသော နေရာကြီးတစ်ခုအဖြစ်ကျန်ရစ်သည်။ နယ်နိမိတ်က ဒီနေရာတွင် အဆုံးသတ်သွားပုံရသည်။

ဝမ်ချောင်သည်လည်း ကလေးတစ်ယောက်၏ လက်မောင်းတစ်ဖက်စာခန့် အရွယ်အစားခန့်ရှိသောပါးလျသည့်ချိန်ကြိုးနှစ်ချောင်းက မျက်နှာချင်းဆိုင်ဘက်မှနေ၍ ဂူထဲသို့ဆန့်ထွက်လျက်ရှိနေကြောင်းမြင်ရသည်။

ထိုချိန်းကြိုးများသည် ယခင်ကကြားလိုက်ရသည့် ချိန်းကြိုးအသံဖြစ်လောက်သည်။ ထိုချိန်းကြိုးများက မည်သည့်နေရာသို့သွားကြောင်း မသိနိုင်ပေ။ ထို့အပြင် အဖြူမြူထုကလည်း အရာအားလုံးကို ကန့်လန့်ကာသဖွယ် အုပ်ထားသည်။

ဝမ်ချောင်က ကျောက်တံတား၏အစွန်းနားတွင် တိုက်ခတ်နေသောလေ၏အောက်တွင် ရပ်နေသည်။ ယခုအချိန်တွင် သူသည်လည်း ပါးကုရှီတု ကမည်သည့်အတွက်ကြောင့် သူ့ကို မသတ်မှန်း နားမလည်နိုင်ပေ။

သူ့ကို ဘာလို့ဒီနေရာကိုခေါ်လာတာလဲ။

သူဆီကနေ ဘာလိုချင်တာလဲ။

"မြင်လားအဲ့ဒါကို....အဲဒါကိုမြင်လား"

ဝမ်ချောင်က အကြီးအကျယ် စိတ်ရှုပ်ထွေးနေချိန်တွင် ပါးကုရှီတုက ပြောသည်။ သူ၏လက်ချောင်းက အရှေ့ဘက်သို့ညွှန်ပြသည်။

"အတိတ်က ငါတို့မြေကမ္ဘာဂိုဏ်းက ခေါင်းဆောင်အစ်ရှီနီရှီတုက အရာအားလုံးကို ရခါနီးအခိုက်အတန့်အထိ ရောက်ခဲ့တာ။ အဆုံးသတ်နားမှာ သူ အဲဒီဓါးနဲ့ တွေ့သွားတာ။ အဲဒီဓါးကပြိုင်ဘက်ကင်းတဲ့ ပြင်းထန်တဲ့ အရှိန်အဝါကို သယ်ဆောင်ထားတယ်၊ အစ်ရှီနီရှီတုတောင်မှ အစ်ရှီနီရှိတုလိုမျိုး အလင်းအမှောင်ကောင်းကင်ဘုံအဆင့်ကို ချိုးဖြတ်တက်မြောက်ထားပြီးတဲ့သူတောင်မှ မယှဥ်နိုင်ခဲဘူး၊ အဲဒီစွမ်းအားကြီးမားတဲ့ နတ်ဓါးက သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲပြီး သူ့ရဲ့အသက်ကို ဒီမှာဆုံးရှုံးစေခဲ့တယ်"

"အစ်ရှီနီရှီတုက မူလအမရအရင်ရဲ့ ဆက်ခံသူဆီမှာရှုံးတယ်ဆိုတာထက် အဲဒီနတ်ဓါးကို ရှုံးတယ်လို့ဆိုရမယ်"

ဝမ်ချောင်က သေချာကြည့်နေသော်လည်း ဘာကိုမှမမြင်ရပေ။ သိပ်သည်းသောမြူထုက အရာအားလုံးကို ကာထားသည်။

တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်ကို လွှတ်ထုတ်ရန် ကြိုးစားသည်။ သို့သော် ချက်ချင်းဆိုသလိုပဲ ပြင်းထန်သောစိတ်စွမ်းအားစည်းတံဆိပ်ကြီးက အရှေ့ဘက်သို့ လှုပ်ခါလာပြီး သူ၏စိတ်စွမ်းအားတန်းကို ပိတ်ပင်လိုက်သည်။ ထိုစည်းတံဆိပ်ကြီးသည် ဝမ်ချောင်ဂူထဲတွင် ကြုံတွေ့ ခဲ့ရဖူးသမျှထက် ၁၀ဆကျော်ခန့်အထိ အင်အားကြီးမားလွန်းလှသည်။ ဝမ်ချောင်၏ စိတ်စွမ်းအင်ကပင် ချက်ချင်းဆိုသလို အစိတ်အပိုင်းဖြစ်သွားရသည်။

"အွမ်း"

ဝမ်ချောင်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။ လေထဲမှ ထိုစိတ်စွမ်းအင်စည်းတံဆိပ်ကြီးက ဂူထဲတွင်တွေ့ခဲ့သော စိတ်စွမ်းအားစည်းတံဆိပ်လိုမျိုး တူညီသောသက်ရောက်မှုရှိသည်။ သို့သော်တည်ဆောက်ပုံနှင့် ပုံသဏ္ဍာန် အနေအထားက လုံးဝကွဲပြားနေသည်။ ထိုစွမ်းအင်သည် နှစ်ပေါင်းများစွာ၏ကြေးခွံထဲတွင် နေရာတကျ သယ်ဆောက်ထားသော လေထုမျိုးနဲ့တူသည်။ ထိုအရာပင်မကသေးပေ။ စိတ်စွမ်းအားစည်းတံဆိတ်က အလွန်အမင်း အင်အားကြီးမားနေသော်လည်း ဝမ်ချောင်ကမူ ဒီအတွင်းပိုင်းသို့ ဝင်လာခဲ့စဥ်အချိန်က ထိုအရာကို အရင်ဦးဆုံး သတိမထားမိပေ။ ဆိုလိုသည်မှာ ထိုစည်းတံဆိပ်က သေးငယ်သောဝန်းကျင်အဖြစ် ကန့်သတ်ခံထားရပုံ ပေါ်သည်။

ဝှစ်

ဝမ်ချောင်၏နံဘေးမှ ကြယ်တာယာစွမ်းအင်များက ထိုးထွက်သွားပြီး သိပ်သည်းသော မြူထုထဲသို့ မိုးကြိုးပစ်လိုက်သလို ဝုန်းခနဲရိုက်ချသည်။

ဗုန်း!

1508 03

ဝှစ်

ပါးကုရှီတုက သူ၏အင်္ကျီလက်ကို တစ်ချက်ရမ်းလိုက်ပြီးနောက် ကြီးမားသောလေလုံးကြီးများကို တိုက်ခတ်လာစေပြီးမြူထုကို ဖယ်ရှားပစ်လိုက်သည်။

ဝမ်ချောင်သည်လည်း ယခုအခါမှသာ မြူအတွင်းတွင် ပုန်းအောင်းနေသော ပုံရိပ်တစ်ခုကို မြင်ရသည်။

ထိုလူ၏ခြေထောက်ကို ခပ်ကျယ်ကျယ်ချဲထားသည်။ ဝမ်ချောင်က တစ်ချက်ကြည့်လိုက်သောအခါ ထိုသူသည်လည်း ချိန်းကြိုးကို ကျော်ဖြတ်၍ ဝမ်ချောင်နှင့် ပါးကုရှီတုကို ကြည့်နေပုံရသညိ။ ဝမ်ချောင်သည်ပင် ရုတ်တရက် အံဩသွားပြီးနောက် ကြောက်လန့်သွားသည်။ ရုတ်တရက် သူက တစ်စုံတစ်ရာကို ခန့်မှန်းသိလိုက်သည်။

"ပထမမျိုးဆက် "

ဝမ်ချောင်က ထုတ်ဖော်ပြောလိုက်မိသည်။

ယခုအခါမှသာ ပါးကုရှိတုက မြူထုကို ဖယ်ရှားလိုက်ပြီးနောက်ဝမ်ချောင်သည်လည်း ထိုအမျိုးသား၏အဝတ်ပေါ်မှ ရွှေရောင်မူလတံဆိပ်ကို မြင်လိုက်သည်။ ပို၍ဆိုးသည်မှာထိုအမျိုးသားက ထိုနေရာတွင် ထိုအတိုင်းရပ်နေသည့်တိုင်အောင် ဝမ်ချောင်က ထိုလူ့ထံမှ မည်သည့်အသက်စွမ်းအားကိုမှ မခံစားမိပေ။ သူသည်လည်း အခြားသောလမ်းလျှောက်ကောင်မျိုးဆက်များကိုပင် တွေ့ခဲ့ရသော တူညီသည့် အနံအသက်ကို ပေးစွမ်းသည်။

လမ်းလျှောက်အလောင်းကောင်များက အလောင်းရယ်လို့ မဟုတ်တော့ချေ။ သူတို့၏ကိုယ်အတွင်းတွင် ထူးဆန်းသောစည်းတံဆိပ်များကို စိုက်ပျိုးထားသည်။ ထိုစွမ်းအင်ကို လွဲမှားနိုင်ခြင်းမရှိနိုင်ပေ။

ဝမ်ချောင်သည်လည်း မျိုးဆက်နံပါတ်၂,နံပါတ်၃,နံပါတ်၄,နံပါတ်၅အထိ တွေ့ဆုံခဲ့ပြီးလေသည်။ သို့သော် မူလအမရအရှင်၏ ပထမမျိုးဆက်က ရှိထားသင့်သည့် နေရာတွင် ရှိမနေခဲ့ပေ။

ဝမ်ချောင်သည်လည်း ပထမမျိုးဆက်က ထိုနေရာတွင် မရှိလောက်တော့ဟု ထင်ထားသည် သို့သော် ထိုအမျိုးသားက ပေါ်လာသေးသည်။

မူလအမရအရှင်၏ ဒုတိယမျိုးဆက်တပည့်က သိမ်မွေ့ နယ်မြေအဆင့်သို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ နံပါတ်တစ်မူလသိုင်းနှင့်ပေါင်းစပ်လိုက်သော် သူ၏တိုက်ခိုက်နိုင်စွမ်းရည်က တိုင်းတာ၍ပင် မရနိုင်တော့ပေ။

ဒုတိယမျိုးဆက်၏ ဆက်ခံသူက ဤမျှအထိစွမ်းအားကြီးမားလေရာ ဝမ်ချောင်တို့၏အဖွဲ့ကို မတိုက်ခိုက်ရဲအောင်ဖြစ်စေသည်။ ထို့ကြောင့် တတိယမျိုးဆက်ကို ဖမ်းယူပြီးသည့်တိုင်အောင် တဖက်လူကို မတိုက်ခိုက်ရဲခဲ့ပေ။ အခုပထမမျိုးဆက်က ပို၍သာ အင်အားကြီးမားလွန်းနေမည်။ ထိုသို့ဖြင့် ထိုသူဟာ မည်မျှကြောက်စရာကောင်းသော ဖြစ်တည်မှုကြီး ဖြစ်ကြောင်းသိနိုင်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ။ မျိုးနွယ်ခြားနယ်မြေတို့ရဲ့ဘုရင်က အရမ်းညာဏ်ကောင်းတယ်။ ဒီလူက မူလအမရအရှင်ရဲ့ အစစ်အမှန်ပထမမျိုးဆက်ပဲ၊ ပထမမျိုးဆက် တပည့်တစ်ယောက်အနေနဲ့ သူက မြေအောက်နန်းတော်ကို မစောင့်ကြပ်ဘဲ ဘာလို့ဒီနေရာကိုရောက်နေတာလဲ။ ဒါပေမဲ့ ငါမင်းကိုလုပ်စေချင်တာက ပထမမျိုးဆက်ကို အလဲထိုးဖို့ မဟုတ်ဘူး....သူ့လက်ထဲက ဓါးကိုမြင်လား ငါက မင်းကိုငါ့အတွက် အဲဒီဓါးကို ထုတ်ပေးစေချင်တာ"

ပါးကုရှီတု၏ရင်းနှီးသော အသံက အချိန်ကိုက်ထွက်လာသည်။ ဝမ်ချောင်က တစ်ချက်ကြည့်သည်။

သေချာစွာပင် ထိုအမျိုးသား၏ အရှေ့ဘက်မြေထဲတွင် မြုပ်နေသော ၄ပေနီးပါးရှည်သည့် ဓါးတစ်ချောင်းကို မြင်ရသည်။ သို့သော် ဒီအချိန်တွင်မူ ဝမ်ချောင်သည်လည်း ချိန်းကြိုး၏အဆုံးနားရှိအရာကို မြင်လိုက်သည်။

"ယဇ်ပလ္လင်တစ်ခုလား "

ဝမ်ချောင်၏ကိုယ်က အံ့အားသင့်မှုဖြင့် တုန်သွားသည်။

ကြီးမားသောယဇ်ပလ္လင်ကြီးက လေထဲတွင် မြောလွင့်နေသည်။ သို့သော် ကျောက်သားဖြင့် တည်ဆောက်ထားလေ၏။ ပထမမျိုးဆက်ဆက်ခံသူ၏ အရှိန်အဝါကြီးမြတ်လွန်းသော ပုံရိပ်နှင့် ပါးကုရှီတုက လိုချင်သော ဓါးတို့ကလည်း ထိုကြီးမားသောယဇ်ပလ္လင်ကြီးအရှေ့တွင် ရှိနေသည်။

ဝမ်ချောင်သည်ပင် ထိုယဇ်ပလ္လင်က ဆယ်တန်နီးပါးအလေးချိန်ရှိမည်ဟု ခန့်မှန်းမိသည်။ ထို့အပြင်ရှေးဟောင်းအရှိန်အဝါကို လွှတ်ထုတ်နေသော အမျိုးမျိုးသော ထူးဆန်းသည့် သင်္ကေတများဖြင့် ပြည့်နှက်နေသေးသည်။

1508 04

သူကိုယ်တိုင် မြင်ရသောကြောင့်သာမဟုတ်လျှင် ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုမျှလေးလံသောအရာမျိုးကလေထဲတွင် ထိုအတိုင်းလှုပ်ရှားမှုကင်းမဲ့စွာ မြောလွင့်နေသည်ဟု မယုံကြည်နိုင်လောက်ပေ။ သူသည်လည်း ဘေးဘက်မှ တိုက်ခိုက်သောလေများ၏ သက်ရောက်မှုကို ခံရပုံ မပေါ်ပေ။

ဝုန်း

မြူထုကလိုက်ကာကဲ့သို့ တဖြည်းဖြည်းချင်းစီ ပိတ်သွားသည်။ ထိုသို့ဖြင့် ကြီးမားသောယဇ်ပလ္လင်၊ပထမမျိုးဆက်,ဆက်ခံသူနှင့် ၄ပေရှည်သောဓါးတို့ကို ပြန်အုပ်လိုက်ပြန်သည်။

အရာအားလုံးက တိတ်ဆိတ်သွား၏။ ဝမ်ချောင်ကိုဖြစ်စေ ပါးကုရှီတုကိုဖြစ်စေ စကားမပြောတော့ပေ။

"လေးစားရတဲ့ပြည်နယ်ဆရာက ပြိုင်ဘက်ကင်းတဲ့သိုင်းကို ပိုင်ဆိုင်ထားတယ်။ မင်းရဲ့အမှောင်ကောင်းကင်ဘုံသိုင်းနဲ့ဆိုရင် မင်းအနေနဲ့ အဲဒီဓါးကို ထုတ်ဖို့ လွယ်ပါတယ်"

ဝမ်ချောင်က ရုတ်တရက် တိတ်ဆိတ်မှုကိုဖြိုခွဲသည်။

"ဟမ့် ဒီကိစ္စကသာ အဲ့သည်လောက် ရိုးရှင်းနေရင် ဒီဘုရင်က မျိုးနွယ်ခြားဘုရင်ကို ဒုက္ခပေးတော့မှာ မဟုတ်ဘူး"

ပါးကုရှိတုက ရယ်သည်။ ဝမ်ချောင်၏ အထေ့အငေါ့စကားကို ဖယ်ရှားလိုက်၏။

သူ၏စိတ်နေသဘောထားနှင့် လုပ်နိုင်စွမ်းရည်က သူ၏သိုင်းပညာအတိုင်းပဲ အမြဲတစေ ခိုင်မာကာဆုံးဖြတ်ချက် ပြတ်သားပြီးသား ဖြစ်သည်။ ဝမ်ချောင်၏ လှောင်ရယ်သော စကားလောက်က သူ့ကိုမလှုပ်ခါစေနိုင်ပေ။

ဝမ်ချောင်၏ အသက်က သူ၏လက်ထဲတွင်ဖြစ်သည်။ ဝမ်ချောင်က သူ့ကိုမည်မျှပင် ရန်စစေကာမူ ပါးကုရှီတုက ဂရုမစိုက်ပေ။

ဘမ်း!

သူဟာ ဝမ်ချောင့်ကို လစ်လျူရှုလိုက်ပြီးနောက် ရုတ်တရက် သူ၏ခြေထောက်ကို ဆန့်ထုတ်လိုက်ကာ ရှေ့သို့တက်သည်။ ကြယ်တာယာစွမ်းအင်များကိုလည်း ချိန်းကြိုးတစ်ခုထံသို့ ပို့လိုက်လေသည်။

ချွင်...ချွင်!

ပါးကရှီတု၏ ခြေထောက်အောက်တွင် ချိန်းကြိုးကခပ်ကြမ်းကြမ်းလှုပ်ခါလာသည်။ တစ်ချိန်တည်းတွင်ပင် သတ္ထုချင်းထိခတ်သည့် ပေါက်ကွဲသံတွေက ထွက်ပေါ်လာသည်။

ထိုအသံက သတိပေးချက်အလျင်းမရှိဘဲ ထွက်လာသည်။ တစ်သံ နှစ်သံရယ်လို့ မဟုတ်ပေ။ အသံသောင်းကျော်က ဝိုင်းအုံကာထွက်လာပြီး ဂူတစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။

******

1509 01

အခန်း _၁၅၀၉

ဝမ်ချောင်၏နှလုံးသားက သတိပေးချက် အလျင်းမရှိဘဲ ခုန်လှုပ်သွားသည်။ သူသည်လည်း သူ့အပေါ် ပိတ်လှောင်လာသည့် စူးရှကာ ကြမ်းတမ်းလွန်းသော စွမ်းအင်စီးကြောင်းသောင်းကျော်ကို ခံစားလိုက်ရသည်။ တစ်စက္ကန့်ကျော် ကြာပြီးနောက် သူသည်လည်း ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များကြောင့် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရနိုင်သည်။

ဝမ်ချောင်က မျက်တောင်တစ်ချက် ခတ်ရင်း အော်လိုက်သည်။

"ဒါကဘာလဲ "

"ဓါးတောင်ပို့ ဒါမှမဟုတ် မူလအမရဓါး ဝင်္ကမ္ဘာဆိုတဲ့အရာကို မင်း ကြားဖူးတယ်လို့ ထင်တယ်"

ပါးကုရှီတုက ပြောသည်။

"မင်းက ဒီနေရာကိုလာတဲ့လမ်းမှာ ဒုတိယမျိုးဆက်နဲ့ တွေ့ခဲ့မှာပဲ။ ဒုတိယမျိုးဆက် ဆက်ခံသူက ဓါးဆရာသခင်တစ်ပါး၊ ဒါပေမဲ့ ဒုတိယမျိုးဆက် ဆက်ခံသူက သူ့ရဲ့ဓါးသိုင်းပညာကို ပထမမျိုးဆက် ဆက်ခံသူဆီက သင်ယူထားတယ်ဆိုတာကို မင်းမသိလောက်ဘူး ဒီဓါးသိုင်းက မရေမတွက်နိုင်တဲ့ ဓါးအမျိုးအစားပေါင်းများစွာကို သုံးပြီး စက်တစ်ခုအဖြစ် အသုံးပြုတာ၊ ဒါတွေက အသက်သွင်းလိုက်တဲ့အချိန်မှာ ဒေါသမုန်တိုင်းလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ဓါးရိုက်ချက်တွေကို ရင်ဆိုင်ရလိမ့်မယ်၊ ပထမမျိုးဆက် ဆက်ခံသူက ပြိုင်ဘက်ကင်းတဲ့ အဆင့်လွန်ညဏ်ရည်နဲ့ နားလည်သဘောပေါက်မှုတွေကို မူလအမရမျိုးဆက်နဲ့အတူ နားလည်သဘောပေါက်မှုတွေကို သီးသန့်ပေါင်းပြီး ဒီအဆင့်လွန်သိုင်းကို ဖန်တီးခဲ့တယ်၊ဒါက မူလအမရသိုင်းကြီးတစ်ခုလုံးမှာမှ အကြီးမြတ်ဆုံး ဓါးသိုင်းပဲ"

ပါးကုရှီတုက ပြောနေရင်းမှ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး အသာရမ်းလိုက်သည်။ ထိုနယ်မြေရှိ မြူထုက ချက်ချင်းဆိုသလို မမြင်ရသော လက်တစ်ဖက်၏ လွဲရမ်းခြင်းကို ခံရပြန်လေသည်။ မရေမတွက်နိုင်သောဓါးများ၏ စိတ်ဝင်စားဖွယ်ကောင်းသော အခြေအနေများကို မြင်ရသည်။ သူတို့သည်လည်း ပေ၁၀ကျော်ခန့် အဝေးရှိသောတံတား၏ အဆုံးမှနေ၍ မြူထု၏ အတွင်းပိုင်းသို့ စတင်ကာ ဖြန့်လာသည်။

ဝမ်ချောင်၏ စွမ်းရည်နှင့်ပင် ထိုနေရာတွင် ပျက်စီးနေသောဓါးအရေအတွက် မည်မျှရှိကြောင်း ခန့်မှန်းကြည့်ရန် ခက်ခဲနေသည်။ ထိုဓါးများက အပျက်အစီး အလင်းစင်းကြောင်းများအလား လေထုကို ပျံသန်းကာ လာနေသောမြင်ကွင်းက ကြောက်စရာကောင်းလွန်းသဖြင့် ဆံပင်မွှေးများကိုပင် အဆုံးသတ်ထိ ထောင်ထွက်သွားစေလောက်သည်။ သိမ်နုပ်သေးငယ်လွန်းသည်ဆိုသော ခံစားချက်မျိုးပင် ကျရောက်မှုကို ခံစားရစေနိုင်သည်။

"ပထမမျိုးဆက် ဆက်ခံသူက တခြားသူတွေနဲ့ မတူဘူး။ ငါ့ရဲ့အမှောင်ကောင်းကင်သိုင်းက သူ့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ ဒီနယ်မြေကို ဝင်လာတာနဲ့ ချက်ချင်းတိုက်ခိုက်ခံရမှာပဲ"

"ဟွန့် မင်းက ကျားဂူထဲကိုမသွားဘဲ ကျားပေါက်ကို ဘယ်လိုရမှာလဲ။ မူလအမရသိုင်းကို ဘာမှမလုပ်ဘဲနဲ့ ယူလို့ရနိုင်မယ်လို့ ထင်နေတာလား၊ တူရကီအားလုံးရဲ့ အနာဂတ်ပြည်နယ်ဆရာက ပထမမျိုးဆက်ကို ရင်ဆိုင်ဖို့ သတ္တိတောင်မရှိဘူးပေါ့"

ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူတို့နှစ်ယောက်သည် ရန်သူများဖြစ်ကြသည်။ ဝမ်ချောင်သည် ပါးကုရှီုက သူ့ကို မလွှတ်ပေးမှန်း သိထားပြီးသားဖြစ်သည်။ ထိုကြောင့် ယဥ်ကျေးနေရန် မလိုအပ်ပါပေ....

"ဟမ့် မင်းက ပထမမျိုးဆက် ဆက်ခံသူက ဘယ်လိုလူမျိုးလဲဆိုတာ နားလည်သွားရင် ဒီလိုပြောမှာ မဟုတ်ဘူး"

ပါးကုရှိတုကလည်း ဂရုမစိုက်ပေ။ သူသည်လည်း ဝမ်ချောင်ကိုပင် ဟန်အမူအရာအပြည့်ဖြင့် ပြန်ပြောနေသေးတယ်။

"မူလအမရအရှင်မှာ တပည့်မျိုးဆက်၆ဆက် ရှိတယ်၊ဒါပေမဲ့ ပထမမျိုးဆက်တပည့်ကပဲ သူကိုယ်တိုင် သင်ကြားမှုကို ခံခဲ့ရတာ။ နောက်ပြီး သူတစ်ယောက်တည်းကပဲ မူလအမရအရှင်သခင်နဲ့ အမှန်တကယ် တွေ့ဆုံခွင့်ရခဲ့တာ။ ဒီမြေအောက်နန်းတော်နဲ့ မြေအောက်အတားအဆီးတွေ အားလုံးကလည်း မူလအမရအရှင်သခင်ရဲ့ အမိန့်အတိုင်း သူ တည်ဆောက်ထားခဲ့တာပဲ၊ ပထမမျိုးဆက်အတွက် မူလအမရအရှင်ကို ရိုးသားစွာ စိတ်နှစ်မြုပ်ထားတယ်လို့ ပြောလို့ရတယ်၊သူက တပည့်လည်း ဖြစ်သလို သစ္စာအရှိဆုံးနောက်လိုက်ပဲ"

"ပြောရမယ်ဆိုင်ရင် ပထမမျိုးဆက်သာ မရှိရင် မူလအမရ ရတနာသိုက်ဆိုတာကလဲ ရှိလာမှာ မဟုတ်ဘူး။ မူလအမရသိုင်းကို လိုချင်ရင် ဒီအင်အားကြီးဆုံး မျိုးဆက်ကို သေချာပေါက်အနိုင်ယူနိုင်ရမယ်"

ပါးကုရှီတုက တစ်ခဏခန့် ရပ်တန့်သွားတယ်။

1509 02

"ဒါပေမဲ့ ပထမတပည့်နဲ့ယှဥ်ရင် ငါကသူ့ရဲ့ အရှေ့က ဓါးကို ပိုပြီးစိုးရိမ်တယ်"

"ဓါး ဟုတ်လား"ဝမ်ချောင်၏မျက်လုံးများက အံ့အားသင့်မှုကြောင့်လန့်သွားသည်။

သူသည်လည်း ထိုဓါးနှင့် ပထမမျိုးဆက် ဆက်ခံသူက အတုဟု ထင်ထားသည်သည်။ သို့သော် ပို၍တိတိကျကျပြောရသော် ဆက်ခံသူက ဓါးကို ထိန်းချုပ်နေသည့် အချိန်ကြာသည့်တိုင်အောင် ပါးကုရှီတုကမူ အခြားကိစ္စတစ်ခုကို ပြောနေပုံရသည်။

"အဲဒီဓါးက အရမ်းထူးခြားတယ် ၊ချိန်ကြိုးတွေပေါ်ကို တက်နင်းပြီး အဲဒီဓါးနားကိုကပ်ဖို့ ကြိုးစားတဲ့ဘယ်သူကမဆို မသက်မသာဖြစ်မှုကို ခံစားရလိမ့်မယ်၊ဓါးမြောင်တစ်ချောင်းက ကျောရိုးကို လာထောက်ထားသလိုပဲ အဲဒီခံစားချက်က အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာလိမ့်မယ်"

"အတိတ်က ပြည်နယ်ဆရာ အစ်ရှီနီရှီတုကလည်း သူ့ရဲ့လမ်းကြောင်းမှာရှိသမျှ အနှောင့်အယှက်တိုင်းကို ဖယ်ရှားခဲ့ပြီး ကိုယ်ပိုင်ဥယျာဥ်ထဲကိုရောက်နေသလိုမျိုး ဒီဂူတွေထဲကို ဝင်ထွက်သွားလာနိုင်ခဲ့တာ ဒါပေမဲ့ ဒီနတ်ဓါးဆီကိုသွားတဲ့ ခြေလှမ်း၁၀လှမ်းကို လှမ်းပြီးသွားတဲ့အချိန်မှာ ရုတ်တရက် သူ့ရဲ့မျက်နှာက တစ္ဆေလို ဖြူစုပ်သွားပြီး ချွေးစေးတွေ ပြန်လာတယ်၊သူက တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်နေရသလို ခံစားနေရတယ်၊သူ့ရဲ့စွမ်းအင်တွေကလည်း အများကြီး ကုန်ဆုံးလာတယ်၊အဲဒါကြောင့် မဟုတ်ရင် လေးစားရတဲ့ ပြည်နယ်ဆရာက ဒီမှာမသေသွားလောက်ဘူး"

"ငါအစကတော့ နှစ် ၂၀၀ကျော်သွားပြီးတဲ့နောက်မှာ ဒီနတ်ဓါးက ကသိသိသာသာ အားနည်းသွားလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ငါပထမတစ်လှမ်း လှမ်းလိုက်ရုံပဲရှိသေးတယ်...ဒီနတ်ဓါးက အစ်ရှီနီရှီတု မှတ်မိတာထက် အများကြီး အင်အားကြီးတယ်ဆိုတာကို သိလိုက်တယ်"

"ငါခြေကို နှစ်လှမ်းပဲ လှမ်းခဲ့ရသေးတာ"

ပါးကုရှီတုက စကားကို တဝက်တပျက်နဲ့ ရပ်တန့်လိုက်သည်။ သူသည်လည်း သူ့ရဲ့လုပ်ရပ်ကို သိသွားပုံရပြီးပြုံးကာ တခြားတစ်ဖက်သို့ လှည့်သွားသည်။

" ပြောရရင် ဆက်ခံသူရဲ့တိုက်ကွက်ကို တားဖို့က ဖြစ်နိုင်ရင် အဲဒီနတ်ဓါးနဲ့ပတ်သက်ရင်တော့ အခြေအနေက မတူတော့ဘူး၊ လူတစ်ယောက်နဲ့ဓါးတစ်လက်က အတူပေါင်းပြီး မူလအမရ ရတနာသိုက်ရဲ့ နောက်ဆုံးအရံအတားအဆီးကို ဖွဲ့စည်းထားတယ်။ မင်းက အဲဒီနောက်ဆုံး အရံအတားအဆီးကို ကျော်ဖြတ်နိုင်ရင် မူလအမရသိုင်းကိုရမယ်၊မူလအမရ နတ်ဆေးကိုရမယ်"

"မူလအမရနတ်ဆေး...ဟုတ်လား"

ဝမ်ချောင်ကလည်း ပါးကုရှီတု၏ မသိသေးသောသတင်းအချက်အလက် အသစ်ကို ပြောပြလာသည့် အခြေအနေကြောင့် မျက်လုံးပြူးသွားသည်။

ပထမမျိုးဆက်နှင့် ထိုနတ်ဓါး၏တည်ရှိမှုကတင် သူ့ကိုတော်တော်လေး အံ့အားသင့်စေခဲ့ပြီးသားဖြစ်သည်။ ယခုအခါ သူ တစ်ခါမှမကြားဖူးတဲ့နတ်ဆေးက ပါလာသည်။ ထို့ကြောင့် ....ပါးကုရှီတုကဲ့သို့ 'ဟူ'တစ်ယောက်က တခြားသူတိုင်းထက် ပိုသိနေသည်။

"ဟားဟား မင်းကို ပြောပြလဲ ပြဿနာမရှိဘူး"

ပါးကုရှီတုက ပြုံးပြီး သူသည်လည်း ဝမ်ချောင်က သေချာပေါက် သေရမည်ဟု၊ဘယ်လိုမှမနိုင်ဟု သေချာနေပုံရသည်။

ထိုအတွက်ကြောင့်လည်း သူဟာ အတော်လေးကို တွင်တွင်ကျယ်ကျယ်နှင့် ဝမ်ချောင်၏နောက်ဆုံးမေးခွန်းကို ပွင့်ပွင့်လင်းလင်း ဖြေပြသည်။

"မြေကမ္ဘာသွေးဒယ်စောက်အိုးက နေတော်ဝင်တောင်တန်းကို ရောက်လာခဲ့တာ။ လွန်ခဲ့တဲ့နှစ် ၂၀၀ကတည်းကတင် ဂိုဏ်းဆရာမျိုးဆက်၇ဆက် ကျော်ဖြတ်ပြီး အစ်ရှီနီရှီတုရဲ့ မှတ်ညဏ်တွေကလည်း မျိုးဆက်တစ်ဆက်ချင်းဆီတိုင်းက လက်ဆင့်ကမ်းပေးခဲ့တာပဲ။ တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ စွမ်းအားတွေနဲ့ မူလအမရအရှင်ရဲ့ လျှို့ဝှက်ချက်ကို စုစည်းပြီး တူရကီမျိုးနွယ်တွေရဲ့သမိုင်းမှာ အကြီးမြတ်ဆုံး ဘိုဘေးအလောင်းကို ပြန်ရနိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်"

"ငါတို့ရဲ့ မြေကမ္ဘာဂိုဏ်းက ဖော်ပြဖို့တင် ခက်ခဲတဲ့ကြိုးစားအားထုတ်မှုကို ကြိုးစားပြီးမှပဲ မူလအမရအရှင်နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်ကို စုစည်းပြီး ရောက်ရှိလာခဲ့တာ။ သိုင်းပညာလောကရဲ့ကောလာဟလတွေအားလုံး ရှေးဟောင်းကျမ်းစာတွေ၊သမိုင်းတွေ နောက်ပြီး တရားဝင်မဟုတ်တဲ့ ဒဏ္ဍာရီတွေ၊သမိုင်းတွေ အားလုံးကို စုဆောင်းခဲ့တယ်။ ပက်သက်မှု ရှိရှိမရှိရှိ အားလုံးကို စုဆောင်းပြီး ရှာဖွေခဲ့တာ"

"ဒါပေမဲ့ ဒီလိုကြိုးစားအားထုတ်မှုတွေက စိတ်မပျက်စေခဲ့ဘူး၊ ဂိုဏ်းခေါင်းဆောင်မျိုးဆက်၇ဆက်လုံးက ကြိုးစားအားထုတ်ပြီးသွားတဲ့ နောက်ဆုံးမှာတော့ မူလအမရအရှင်နဲ့ ပထမမျိုးဆက်နဲ့ပက်သက်တဲ့ မှတ်တမ်းတွေကိုရှာတွေ့ ခဲ့တယ်။ ငါတို့ကို အံ့ဩစေတာက မူလအမရအရှင်က မူလအမရနတ်ဆေးလို့ခေါ်တဲ့ ထိပ်တန်းအဆင့်နတ်ဆေးတစ်မျိုးကို သန့်စင်ထားတာပဲ"

1509 03

"ဒီဆေးက သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားကို အများကြီးမြှင့်တင်ပေးနိုင်တယ်၊ ပစ်ချက်တွေအားလုံးကိုလည်း လုံးဝကုပေးနိုင်တယ်၊ ဒဏ်ရာအားလုံး၊ မသန့်စင်မှုအားလုံး၊ မခိုင်မာမှုအားလုံး ဖြေရှင်းပေးနိုင်တယ်။ ပိုပြီးအရေးကြီးတာက သိုင်းပညာရှင်တစ်ယောက်ရဲ့စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်တာပဲ။ အဲသလိုနဲ့ အလားအလာရဲ့အကန့်အသတ်ကို ရောက်ပြီးသား သိုင်းပညာရှင်တွေကိုတောင်မှ ပိုမြင့်တဲ့အဆင့်ကို ရောက်သွားစေနိုင်တယ်"

"ဒီဆေးက လုံးဝကိုအဖိုးမဖြတ်နိုင်အောင် ထိုက်တန်တယ်။ သာမန်လူတစ်ယောက်က နားလည်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းကတော့ ဒီလိုဆေးမျိုးက ငါ့လိုအလားအလာရဲ့ အကန့်အသတ်ကို ရောက်နေတဲ့လူမျိုးအတွက် ဘယ်လို အဓိပ္ပါယ်လဲဆိုတာ သိလိမ့်မယ်"

ပါးကုရှီတုက တင်းမာစွာ ပြောသည်။ သူသည်လည်း တောင့်တမှုနှင့် သူ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်ပင် မကြိုးစားပေ။

ထိုအမျိုးသားသည်က တောက်ပလွန်းသော တည်ရှိမှုမျိုးဖြစ်ပြီး အထီးကျန်တိတ်ဆိတ်ဘိုးဘေး၊ စုန့်ယွမ်ယီနှင့် ရေနတ်ဘိုးဘေးတို့ကဲ့သို့ အမှောင်ထဲတွင်သာ ပုန်းကွယ်နေသော သိုင်းပညာရှင်မျိုးနှင့် မတူညီပေ။

သို့သော် ပါးကုရှီတုလည်း သူသည် ကျင့်ကြံမှု၏ အကန့်အသတ်ကို ရောက်ရှိနေမှန်း နားလည်သည်။ မူလအမရသိုင်းကလွဲပြီး မူလအမရအရှင်က ဒီဂူထဲတွင် ချန်ထားရစ်ခဲ့သည့် မူလအမရနတ်ဆေး၂လုံးကသာ သူအလိုချင်ဆုံးဖြစ်သည်။

ထို့အပြင် သူသည်လည်း မူလအမရနတ်ဆေးနှစ်လုံးက မည်သည့်နေရာတွင်ရှိကြောင်း သေချာပေါက် သိထားသည်။ သို့သော် ဝမ်ချောင့်ကို ပြောရန် မလိုပေ။

"လုံလောက်ပြီ။ ဒါက ငါပြောနိုင်တာ အကုန်ပဲ။ မျိုးနွယ်ခြားနယ်မြေများရဲ့အရှင်ဘုရင် မင်း လုပ်သင့်ပြီ"

ပါးကုရှီတုက ပြုံးလိုက်ပြီးနောက် ဖိတ်ခေါ်ခြင်း အမူအရာမျိုးဖြင့် ကျော့ရှင်းစွာ ဦးညွှတ်လေသည်။

ဝမ်ချောင်ကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မူလအမရ ရတနာသိုက်က အန္တရာယ်တွေအပြည့်ပဲ။ မဟာဗိုလ်ချုပ်အဆင့်အောက်သူက သေချာပေါက်သေမှာ။ ဒါပေမဲ့ ဒီဘုရင်ကလည်း သာမန်လူတွေက ဒီလို အခြေအနေမျိုးမှာ သေချာပေါက် သေသွားနိုင်ပေမဲ့။ ဒါပေမဲ့ မင်းကတော့ သေချာပေါက် ခြားနားမယ်လို့ လုံးဝယုံကြည်တယ်။ အန္တရာယ်များတဲ့မူလအမရ ဝင်္ကမ္ဘာကို ချိုးဖြတ်နိုင်သူ၊နောက်ပြီး မင်းကပဲ ရတနာသိုက်ကိုသွားတဲ့ ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တဲ့သူ ဒီမြေအောက်လောက က ဖော်ပြဖို့ခက်တဲ့ ထောင်ချောက်တွေကတောင်မှ မင်းကို မတားနိုင်ခဲ့ဘူး"

"ဒါကြောင့် ဒီဘုရင်ကလည်း ဒီမူလအမရ ရတနာသိုက်ရဲ့ နောက်ဆုံး အရံအတားအဆီးကို မင်းက ချိုးဖျက်နိုင်မယ်လို့ ယုံကြည်တယ်၊ ဒါကြောင့် ဒုက္ခပေးပါရစေ"

ထိုအချိန်တွင် ပါးကုရှီတု၏ ညာဘက်လက်က ဖမ်းဆုတ်ထားမှုကို ဖြေလျောပေးပြီး နောက်ကို ပြန်ဆုတ်သွားသည်။

ထိုသို့လက်က အနောက် ပြန်ရောက်သွားစဥ်တွင် ဝမ်ချောင်သည်လည်း သူ၏စွမ်းအင်များကို ဖိနှိပ်ထားမှုက ပြေလျော့သွားသလို ခံစားရပြီး သူ၏ စွမ်းအင်၏ ၃ပုံ၁ပုံခန့်က လွတ်ကင်းလာသည်။ ကြယ်တာယာစွမ်းအင်နှင့် ဆိုလျှင် ယခုအခါ ဝမ်ချောင်သည် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရည် ရှိလာသည်။ ဝမ်ချောင်သည်ပင် အံ့အားသင့်လွန်းသဖြင့်သူ၏ မျက်လုံးကပင် ပြူးကျယ်သွားရသည်။

သို့သော် တစ်ခဏခန့်ကြာပြီးသည်နှင့် ဝမ်ချောင်သည်လည်း ပါးကုရှီတုက သူ၏ကန်ချက်နှင့်အတူ ထည့်သွင်းထားခဲ့သည့် ဆိုးယုတ်သည့် အမှောင်ကြယ်တာယာစွမ်းအင်များအပြင် ဒန်တျန်းပတ်ပတ်လည်မှ ရေးကြီးသော အမှတ်၆ခုက မပွင့်သေးကြောင်း သိလိုက်သည်။

အမှောင်ကြယ်တာယာစွမ်းအင်များက အင်အားကြီးမားသော စည်းတံဆိပ်ကဲ့သို့ အမှတ်၆ခုလုံးကို ဗဟိုပြုဝန်းရံကာ ပိတ်လှောင်ထားသည်။

"ဟား ဟား ဒါကနေ တော်ဝင်တောင်တန်းက လက်ဆင့်ကမ်းပေးခဲ့တဲ့ ထိပ်တန်းအဆင့် ချိတ်ပိတ်ခြင်း လျှို့ဝှက်သိုင်းပဲ။ 'အမှောင်လမင်းရဲ့မီးတောက်'လို့ခေါ်တယ်။ ဒီသိုင်းကဂိုဏ်းခေါင်းဆောင်တွေရဲ့ မျိုးဆက် အဆက်ဆက်ကပဲ ကျင့်ကြံနိုင်တာ။ နောက်ပြီး အခုကနေစတင်ပြီး မင်းက ဘယ်လို လှည့်ကွက်တွေကိုသုံးသုံး ငါက ဒီစည်းတံဆိပ်ကို အသက်သွင်းရုံနဲ့မင်းကို သတ်နိုင်တယ်"

ပါးကုရှီတုက ရုတ်တရက် ရှင်းပြသည်။

1509 04

"ကောင်းပြီ။ ဒီစည်းတံဆိပ်ထဲမှာ ငါ့ရဲ့ နှလုံးသွေးတစ်စက် ပါတယ်ဆိုတာကိုတော့ ဝန်ခံရမယ်ထင်တယ်။ အခါးစကားနဲ့ပြောရရင် ငါသေရင် မင်းလည်း သေမှာ"

ပါးကုရှီတုက လက်ညှိုးတစ်ချောင်း မြောက်ပြီး ပြုံးလိုက်သည်။ ဝမ်ချောင်သည်လည်း ပါးကုရှီတုသည် မည်သည့်အချိန်ကမှန်းမသိ သူ၏လက်ညှိုးထိပ်ကို ဖောက်ထားကြောင်း မြင်ရသည်။ ထိုနေရာက သွေးများထွက်နေ၏။ လက်ချောင်းများက နှလုံးနှင့် အနီးဆုံးဖြစ်သည်။ လက်ချောင်းဆယ်ချောင်းက နှလုံးသားနှင့် ဆက်နေသည်ဟုသော ဆိုရိုးစကားအတိုင်းပင် ထိုလက်ချောင်းမှ နှလုံးသွေးကို ဖောက်ရန် လွယ်သည်။

ဝမ်ချောင်၏အမူအရာက မည်းမှောင်သွားပြီး နှလုံးသားကလည်း လေးလံသွားသည်။

"ပါးကုရှီတု! မင်းက တကယ်ကို အစ်ရှီနီရှီတုရဲ့ အစစ်အမှန် ဆက်ခံသူပဲ။ မင်းတို့နှစ်ယောက်လုံးက တကယ့်ကို အရှက်မဲ့တယ်"

ဝမ်ချောင်က ပြောလာ၏။

"ဟား ဟား မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်က ငါ့ကို ချီးကျူးနေပြန်ပြီ"

ပါးကုရှီတုက လွတ်လပ်ပေါ့ပါးသော အမူအရာမျိုးဖြင့် ရယ်သည်။

"ငါသာ မင်းဆိုရင် ဒီစမ်းသပ်မှုကို ဘယ်လိုကျော်ဖြတ်ပြီး ဓါးကိုအရင်ယူရမလဲဆိုတာကို ငါ့ကို ကူစဥ်းစားပေးမယ်လို့ထင်တာပဲ။ ဒါပေါ့ မင်း ငြင်းလို့ရတယ်နော်...အဲဒီဓါးကို ငါကလည်း နောင်တရလောက်မဲ့ ကိစ္စအချို့တော့ လုပ်မိလောက်တယ်။ ငါက မင်းကိုသတ်ရမယ်၊ နော်ပြီး ငါနဲ့အော့စမစ်ရဲ့ သဘောတူညီချက်ကို ခပ်စောစောအဆုံးသတ်ရမယ်။ ဒါပေမဲ့လည်း မင်းက ဒီလိုအရာမျိုး မလုပ်လောက်ဘူးလို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အန္တရာယ်များများ မျှော်လင့်ချက်ကတော့ ရှိနေတာပဲလေ ဟုတ်တယ်မလား"

" မျိုးမစစ် "

ဝမ်ချောင်က ပါးကုရှီတုကို အေးစက်စွာကြည့်ပြီး စိတ်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာသည်။ ပါးကုရှီတုသည် အသာစီးရနေသည့်ပုံရပြီး ဝမ်ချောင်က မည်သည့်အရာကို ရွေးချယ်စေကာမူ သူဟာဘာကိုမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်အတွက်က ပါးကုရှီတု ပြောသည့်အတိုင်း လက်လျော့ချင်တာက သူ၏ပုံစံ မဟုတ်သေးပေ။

သူဟာ မည်မျှခက်ခဲသော အခြေအနေကို ရောက်ရှိနေစေကာမူ အမြဲတစေကြိုးစားပြီး တိုက်ခိုက်ရပေမည်။

မည်သည့်နည်းနှင့်ဆိုစေ သူသည် ပါးကုရှီတုကို အောင်မြင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

******

1510 01

အခန်း _၁၅၁၀

ဒေါသက ဒေါသဖြစ်ရုံလေးသာ ဖြစ်နေသေးသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း စိတ်က ခပ်မြန်မြန် တည်ငြိမ်သွားလေသည်။ သူ၏မျက်လုံးကို အရှေ့ဘက်သို့ ပြန်ပို့လိုက်သည်။ သူသည် အခြားသူတစ်ယောက်၏ ထိန်းချုပ်မှုအောက် ရှိနေသေးသည့်တိုင်အောင် သူကိုယ်တိုင်ကမူ ယခုအခါ ကြယ်တာယာစွမ်းအင်များကို အနည်းငယ် ထုတ်သုံးနိုင်သွားပြီဖြစ်သောကြောင့် အခြေအနေက တိုးတက်လာသည်ဟု ဆိုရပေမည်။

ဝမ်ချောင်သည် ဒေါသကို ဖျောက်ထားလိုက်ပြီး တင်းမာစွာ မေးသည်။

"မင်း ငါ့ကို အနည်းဆုံး ငါ့ရဲ့အင်အားတစ်ဝက်လောက် ပြန်ပေးနိုင်မလား။ ဒီစွမ်းအင်နည်းနည်းလေးနဲ့ ငါက မူလအမရဓါး ဝင်္ကမ္ဘာကို ဘယ်လိုဖြတ်ရမှာလဲ"

ပါးကုရှီတု ခေါင်းကိုခါပြီး ခိုင်မာစွာ ပြောသည်။

"ဟား ဘယ်လိုနည်းနဲ့မဆိုမင်းရဲ့ အင်အားက ၃၀%ပဲရှိရှိ ၅၀%ပဲရှိရှိ မင်းက မူလအမရဓါးဝင်္ကမ္ဘာကို တာနိုင်တဲ့အင်အားကို မရှိတာ။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ ငါ့ရဲ့ အချိန်ကို ဖြုန်းစရာမလိုတော့ဘူး"

ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ ဘာစကားမှထပ်မပြောတော့ပေ။ သူဟာ မေးရုံသာ မေးကြည့်ခဲ့ခြင်း ဖြစ်သည်။ ပါးကုရှီတုက ငြင်းဆန်မည်ဖြစ်ကြောင်း သိထားပြီးသား ဖြစ်လေသည်။

ဝမ်ချောင်က စိတ်ကို ပြန်လည်အာရုံစိုက်လိုက်ပြီး အာရုံစိုက်လိုက်၍ ထိုချိန်းကြိုးနှစ်ချောင်းကို စစ်ဆေးကြည့်နေလိုက်သည်။

သူသည်လည်း ဝင်္ကမ္ဘာကို ဖြတ်သန်းချင်ပြီး အခြားတစ်ဖက်ခြမ်းသို့သွားလိုလျှင် သို့မဟုတ် ထိုမူလအမရသိုင်းကို ရယူလိုလျှင် ထိုချိန်းကြိုးနှစ်ကြိုးက အရေးအကြီးဆုံးဖြစ်သည်။

" ကောင်းတယ်...ဒီချိန်းကြိုးတွေက နှစ် ၁သောင်းအေးခဲသံမဏိသားကို သုံးပြီး အလွန်အမင်းကောင်းမွန်တဲ့ အတိုင်းအတာထိ ထုလုပ်ထားတာ နောက်ပြီး ခွန်အားမြှင့်တင်တဲ့ သင်္ကေတတွေလဲအများကြီး ပြည့်ကျပ်ညက်နေသေးတယ် ဆိုတော့ ကြိုးစားဖို့ မလွယ်ဘူး"

ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် အကြောင်းအရာများအားလုံးကို မြင်လိုက်နိုင်သည်။

သူ၏ဝုစ်သံမဏိနှင့် လုပ်ရပ်က သူ့အား ပစ္စည်းအမျိုးအစားပေါင်းများစွာကို နားလည်သဘောပေါက်စေသည်။ နှစ်၁သောင်း သက်တမ်းရှိသော အေးခဲသံမဏိသားက အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

ဝမ်ချောင်သည်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိ၏။ သို့သော် နှစ်၁သောင်းအေးခဲသံမဏိသားကို မူလအမရအရှင်သခင်က သုံးထားချိန်တွင် သူ၏ အသုံးပြုထားသော ပစ္စည်းအရည်အသွေးက ပို၍မြင့်မားနေခဲ့ပြီး ပို၍ပင်သန့်စင်သည်။ ထို့ကြောင့် အကောင်းဆုံး အမျိုးအစားဖြစ်လေသည်။

ပို၍ဆိုးသည်မှာ မူလအမရအရှင်က ထိုချိန်းကြိုးများပေါ်တွင် အသုံးပြုထားသော ခွန်အားမြင့်တင်သည့် သင်္ကေတများသည်လည်း ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသော သင်္ကေတများနှင့်မတူညီပေ။

နွေဦးနှင့်ဆောင်းဦးခေတ်မှ သင်္ကေတများ ဖြစ်နေသည်။ ထို့ကြောင့် သူတို့၏ သက်ရောက်မှုကလည်း လက်ရှိခေတ်ထက် အဆပေါင်းရာကျော် သာလွန်နေသေးပြန်သည်။

နတ်လက်နက်တစ်လက်ကပင် ထိုချိန်းကြိုးများကို ခုတ်ဖြတ်ရန်အတော်လေး ကြိုးစားအားထုတ်ရလောက်သည်။

ဝမ်ချောင်၏ အကြည့်က အရှေ့သို့ရောက်လာပြီး မျက်နှာက တင်းမာလာသည်။ ပေ၁၀ကျော်ခန့် အကွာမှ ထိုချိန်းကြိုးများက တံတားအပွန်းအပဲ့များနှင့် သိပ်သည်းစွာ ရောထွေးထားပြီး အချို့ကဆိုလျှင် လက်မပေါင်းများစွာ နက်သည်အထိ ခုတ်ဖြတ်ခံထားရပြီး ချိန်းကြိုး၏ဂဏ္ဏသေးသေးလေးတစ်ခုပင် ပြတ်ထွက်လုနီးပါး ဖြစ်နေစေသေးသည်။ ထို့ကြောင့် အရှေ့ကိုဆက်ကြည့်နေရင်းမှ ဓါးပေါ်မှခြစ်ရာ အရေအတွက်က မြင့်မားလာသည်ကိုသာ မြင်ရသည်။

မူလအမရဓါးဝင်္ကမ္ဘာ....

ဝမ်ချောင်သည် ပထမမျိုးဆက် ဆက်ခံသူက ထိန်းချုပ်ထားသောကြီးမားသော မူလအမရဓါးဝင်္ကမ္ဘာကို ချက်ချင်းတွေးလိုက်သည်။

ဟစ်!

1510 02

ဝမ်ချောင်က အသက်ကို ပြင်းပြင်းရှုသည်။

ပထမမျိုးဆက်က အင်အားကြီးလွန်းတယ်။ နှစ်၁သောင်းသက်တမ်းရှိတဲ့ အေးခဲသံမဏိဓါးကနေ ထုလုပ်ထားတဲ့ ဒီလိုချိန်းကြိုးမျိုးပေါ်မှာ ရှေးကျတဲ့သင်္ကေတတွေ အများကြီးကို ထည့်သွင်းထားတာမျိုးက ငါ့ရဲ့ ဝုစ်သံမဏိဓါးတောင်မှ မခုတ်ဖြတ်နိုင်တဲ့အရာမျိုးပဲ။ ဒါပေမဲ့ ပထမမျိုးဆက် ဆက်ခံသူကသူ့ရဲ့ အဲ့ဒီဓါးချည်းသီးသန့်နဲ့တင် ဒီချိန်းကြိုးနှစ်ခုကို ဖျက်ဆီးမှုနီးပါး ဖြစ်နိုင်တယ်။ ငါတို့အကြားက ကွာခြားချက်က အရမ်းကိုကြီးတာပဲ။

ငါ့ရဲ့လက်ရှိအင်အားမျိုးနဲ့ သူ့ကိုမယှဥ်နိုင်ဘူး။

ငါသာ ဒီချိန်းကြိုးတွေပေါ်ကို တက်နင်းလိုက်ရင် ဓါးဝင်္ကမ္ဘာရဲ့ခလုတ်ကို နင်းလိုက်မိသလို ဖြစ်သွားပြီး ချက်ချင်းအသတ်ခံရမှာပဲ။

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ သို့သော် အကြံအနည်းငယ် စဥ်းစားတွေးတောကြည့်ပြီးနောက် ပြန်လည်ပြီး အာရုံစိုက်လိုက်သည်။

ဝှစ်

ဒီတစ်ကြိမ်တွင် ပါးကုရှီတု၏အကူအညီမရှိလေဘဲ ဝမ်ချောင်က လက်ကိုရမ်းလိုက်ပြီး မြူခိုးပင်လယ်ကိုဆုတ်ဖြဲပစ်လိုက်သည်။ ဝမ်ချောင်သည် ခွန်အားကို ပြောင်မြောက်သောထိန်းချုပ်မှုအား ထုတ်ပြထားသည်။ ချိန်းကြိုးများက ကွဲသွားသည်နှင့် သူသည်လည်း လျှို့ဝှက်ဆန်းကြယ်သောယဇ်ပလ္လင်ကို မြင်လိုက်ရသည်။ ထိုအရှေ့တွင် ရပ်နေသောဆက်ခံသူနှင့် မြေကြီးတွင် ထိုးစိုက်ထားသော ဓါးကိုလည်း ရှင်းလင်းစွာမြင်ရ၏။

ရစ်ဝဲနေသော မြူထုအတွင်းဝေဝါးသော ပုံရိပ်များကခြားနားသော လောကကြီးတစ်လုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပုံ ရသည်။

မြူထုပင်လယ်အတွင်းတွင် ပထမမျိုးဆက် ဆက်ခံသူ၏ ပုံရိပ်က မြေအောက်လောကမှ သေခြင်းနတ်ဆိုးကဲ့သို့ ထင်ရပြီး ကြမ်းတမ်းကာ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူ၏အရှေ့မှမြေကြီးထဲတွင် ထိုးစိုက်ထားသောလျှိ့ ဝှက်ဆန်းကြယ်သည့် ဓါးကလည်း ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသေးသည်။

သို့သော် ဝမ်ချောင်၏မျက်ဝန်းက ဓါးကိုဖြတ်သန်းသွားစဥ် ရုတ်တရက် ထူးဆန်းသောခံစားချက်ကို ရလိုက်သည်။ ထိုထူးဆန်းသောခံစားချက်က ဓါးထံမှလာပြီး ဝမ်ချောင်သည်ပင်ထိုအရာက မည်သည့်အရာဖြစ်ကြောင်း ထုတ်ပြောရန်ခက်ခဲ၏။ တစ်ခဏခန့်သာကြာပြီး ချက်ချင်းပျော်သွားသလိုလည်း ဖြစ်နေသေးပြန်သည်။

ဝမ်ချောင်က မျက်မှောင်ကို ကြုတ်ရင်း ရေရွတ်သည်။

"ဘယ်လောက်ထူးဆန်းလိုက်လဲ...."

တီးတိုးရေရွတ်ပြီးနောက် သူဟာ တံတားမှကျောက်တုံး တစ်တုံးကို ကောက်ယူကာ ပစ်လိုက်သည်။

ချွင်! ချွင်!

လေထဲတွင် ဓါးအလင်းက ဖျက်ခနဲလက်သွားပြီး ဝမ်ချောင်က ပစ်လိုက်သောကျောက်တုံးက နှစ်ခြမ်းကွဲသွား၏။ ဝမ်ချောင်၏မျက်လုံးက တောက်ပသွားသည်။ သူသည် နောက်တစ်တုံးကို ချက်ချင်းထပ်ပစ်သည်။ ထို့နောက် ဒုတိယတစ်လုံး၊တတိယတစ်လုံး....

ဝမ်ချောင်သည်လည်း ကျောက်တုံးများကို ကောက်ယူကာ ပစ်နေရင်းမှ ထိုကျောက်တုံးများကို မတူညီသောအမြင့် မတူညီသောဦးတည်ရာဘက်များခွဲကာ ပစ်ခတ်ခြင်းဖြစ်ပြီး မူလအမရဓါးဝင်္ကမ္ဘာကလည်း အားလုံးကိုအစိတ်အပိုင်းဖြစ်အောင် လုပ်ပစ်နိုင်လေသည်။

ပါးကုရှီတုသည် ဖြစ်စဥ်တစ်ခုလုံးကို အေးစက်နေသောမျက်လုံးများဖြင့် ကြည့်နေပြီး သူသည် တစ်ဖက်လူကို မနှောက်ယှက်ပေ။ သူ၏အမူအရာကလဲ အလားတူပင် တည်ငြိမ်နေသည်။ သူဟာ ဝမ်ချောင်ကစတင်ပြီး ကျောက်ခဲပစ်သည့် မြင်ကွင်းကို စိုက်ကြည့်နေမှသာ အနည်းငယ်လှုပ်ခတ်သွားသည်။

မကောင်းတော့ဘူး....

ကျောက်တုံးတစ်တုံးချင်းစီတိုင်းက ဓါးဝင်္ကမ္ဘာ ထဲကဓါးအလက်၅၀ကနေ ၆၀လောက်ရဲ့ တိုက်ခိုက်တာကို ခံရတယ်၊ ဓါး၇လက်ဆိုတဲ့ ပမာဏကအနည်းဆုံးပဲ။

ဝမ်ချောင်က သူ၏လက်ထဲမှ ကျောက်တုံးကို အလေးချိန် ချိန်ဆနေပြီး ခေါင်းကိုမော့ကာ မျက်လုံးကို မှိတ်လိုက်သည်။ သူ၏စိတ်က လျှင်မြန်စွာ လည်ပတ်သွားပြီး သူ၏စိတ်စွမ်းအင်က အဆပေါင်းများစွာ တိုးတက်သွားသောအခါ သူ၏တွက်ချက်နိုင်စွမ်းရည်က အလားတူတိုးတက်လာသည်။ ပါးကုရှီတုက ကြယ်တာယာစွမ်းအင်ကို ချိတ်အိတ်ထားတယ်။ သို့သော် စိတ်စွမ်းအင်ကို မပိတ်ထားပေ။ အခုလေးတင် ဝမ်ချောင်က ကျောက်တုံးကိုသုံးပြီး အခြေအနေပေါင်းများစွာကို တွက်ချက်ထားပြီးသားဖြစ်သည်။ သို့တိုင်အောင် ထိုအခြေအနေက ပျော်စရာမကောင်းနေပေ။

1510 03

လက်ရှိဝမ်ချောင်သည် အကျဥ်းထဲအကျပ်ထဲ ရောက်နေခြင်းဖြစ်သည်။ သူသည် ဖြေရှင်းချက်တစ်ခုကို တွေးလျှင်တွေး သို့မဟုတ် သေရတော့မည်ဖြစ်သည်။ အချိန်က တဖြည်းဖြည်း ကုန်လွန်လာသည်။ ထို့နောက်ရင်းနှီးကျွမ်းဝင်သော အသံက နားထဲဟိန်းထွက်လာသည်။

"မျိုးဆက်ခြားနယ်မြေတွေရဲ့ဘုရင် အချိန်က အကန့်အသတ်နဲ့ရှိတယ် ကျေးဇူးပြုပြီး လုပ်နိုင်မလား"

ပါးကုရှီတုက ငြိမ်သက်စွာ ပြောသည်။

မူလအမရအရှင်က ဒီနေရာသို့ ရောက်စေရန်အတွက် အမျိုးမျိုးသော စက်ကိရိယာများကို ချန်ထားရစ်ခဲ့သော်လည်း မည်သူ၏လွဲမှားမှုမှမရှိစေရရန် သတိအကြီးကြီး ထားမည်မှာ အကောင်းဆုံးဖြစ်သည်။ သူသည်လည်း ဝမ်ချောင့်အား ဒီနေရာတွင် အချိန်ကို ထာဝရတော့ မဖြုန်းစေနိုင်ပေ။

"ငါသာ ဖြတ်သန်းနိုင်သမျှ ငါ့က လှည့်ကွက်အနည်းငယ်သုံးရင်တောင်မှ ပြည်နယ်ဆရာက စိတ်ထဲမထားဘူး မဟုတ်လား"

ဝမ်ချောင်က ရုတ်တရက်ပါးကုရှီတုကို မျက်နှာချင်းဆိုင်ကာ ရုတ်တရက် ရယ်လိုက်သည်။ ပါးကုရှီတုသည်လည်း အံအားသင့်သွားသည်မှာ ရှင်းလင်းသည်။ သို့သော် အင်္ကျီ လက်ကို ခပ်မြန်မြန် မတင်လိုက်ရင်း ရယ်သည်။

"ဟား ဟား မင်းသာငါ့အပေါ်အာရုံတွေ မရောက်စေဘူးဆိုရင်ပြဿနာ မရှိဘူး"

ဝှစ်

တစ်ခဏခန့်ကြာပြီးနောက် သူတို့ရဲ့ အနောက်ဘက်အစိမ်းရောင်မြူထဲမှာ စွမ်းအားကြီးသော စွမ်းအင်မုန်တိုင်းတစ်ရပ်က ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကျော် ကြာပြီးနောက် မြူထုကကွဲသွားပြီး ကျောက်တုံးတံတားပေါ်တွင် လေးစားဖွယ်ကောင်းသောပုံရိပ်နှစ်ခုက ပေါ်လာသည်။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာ၏ကရာဇ်လူအိုကြီးမာန်တို့က လျှင်မြန်စွာ ရောက်လာကြလေသည်။ သူတို့ကလည်း ပါးကုရှီတုကို အေးစက်စွာ၊ကြမ်းတမ်းစွာ စိုက်ကြည့်သည်။

အကြည့်က လူသတ်နိုင်လျှင် ပါးကုရှီတုကလည်း သေနေလောက်လေပြီ။

" ဘာလဲ မင်းက မင်းရဲ့နေရာမှာ မင်းဆရာကို သွားစေချင်တာလား "ပါးကုရှီတုက ကျောဘက်သို့ လက်ပို့ထားသည်။ သူဟာ ထိုမြင်ကွင်းကြောင့် မကြောက်သွားသည့်အပြင် ရယ်ပင်ရယ်သေးပြီး ဝမ်ချောင့်ကို သဘောတကျ ကြည့်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ အရှေ့ပိုင်းတူရကီတွေရဲ့ နေတော်ဝင်တောင်ကပဲ အရှက်မဲ့လွန်းနိုင်တာ"

ဝမ်ချောင်က အင်္ကျီလက်ကို ခါရမ်းလိုက်ပြီး ပြောသည်။ သူ၏စကားကို တုံ့ပြန်သည့်အနေဖြင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့၏ အနောက်ဘက်မှမြူထုက ပြောင်းလဲသွားသည်။

ခွပ်!ခွပ်

အမျိုးမျိုးသောခြေလှမ်းသံများကို အဖော်ပြု၍ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်ရွာသူကြီးတို့ထက် မြင့်မားသောစွမ်းအင်များက ပေါ်ထွက်လာသည်။

အသက်မဲ့ကာ ခြောက်ခြားဖွယ်ကောင်းသော မျက်ဝန်းတစ်စုံက ပါးကုရှီတု၏ခန္ဓာကိုယ်ကို စိုက်ကြည့်လာသည်။ တတိယမျိုးဆက် ဆက်ခံသူ လမ်းလျှောက်အလောင်းကောင်....မူလအမရအရှင်၏တတိယမျိုးဆက်ဆက်ခံသူ။

အစောပိုင်းက မည်သည့်အန္တရာယ်မှမရှိအောင် ကာကွယ်ရန်အလို့ငှာ ဝမ်ချောင်သည် တတိယမျိုးဆက် ဆက်ခံသူအား လမ်းကြောင်းကို ဦးဆောင်ခိုင်းထားသည်။ သို့သော် ပါးကုရှီတုက သူ့ထက်ပိုသာလွန်နေပြီး ဝမ်ချောင့်အား နောက်တန်းမှနေ၍ ချုံခိုတိုက်ခိုက်ခြင်းအားဖြင့် ထိုဆက်ခံသူက မလှုပ်ရှားနိုင်သေးခင် သူ့ကိုဖမ်းသွားသည်။

လမ်းလျှောက်အလောင်းကောင်ကို မြင်ရသည့်အခါ ပါးကကုရှီတု၏မျက်နှာပေါ်မှ ဖျော့တော့သည့်အပြုံးက ပျောက်ကွယ်သွားပြီး သတိအပြည့် ကပ်လိုက်သည်။ ပါးကုရှီတုသည်လည်း မူလအမရအရှင်၏ ထိုတပည့်များအပေါ် လေးစားစိတ် ရှိနေသေးသည်။

"ဝမ်ချောင် ငါသာ မင်းဆိုရင် အရမ်းသတိထားမှာပဲ"

1510 04

ပါးကုရှီတုကလည်းတတိယမျိုးဆက် ဆက်ခံသူ၏ ထောင်လွှားလွန်းသောပုံရိပ်ကို တစ်ချက်စိုက်ကြည့်ပြီး သတိပေးလိုက်သည်။ သူ၏စကားလုံးများက အဓိပ္ပါယ် အပြည့်နှင့်ဖြစ်သည်။

"ဟား ဟား လေးစားရတဲ့ ပြည်နယ်ဆရာက ငါက တတိယမျိုးဆက်ရဲ့ဆက်ခံသူကို သုံးပြီး မင်းကို ရုတ်တရက် တိုက်ခိုက်မှာကိုစိုး ရိမ်နေတာလား"

ဝမ်ချောင်က မနေနိုင်ဘဲ ပြုံးလိုက်သည်။ ပါးကုရှီတု၏ပုံရိပ်က သိသိသာသာ တောင့်တင်းနေ၏။ သူ၏နှလုံးသားက ပြေလျော့သွားသည်။ ပါးကုရှီတုသည် လူတိုင်းကို ခြောက်နိုင်သည်။ ဝမ်ချောင့်ကိုလည်း ထိန်းချုပ်နိုင်၏။ သို့သော် သူကြောက်သောအရာက ရှိသေးသည်။

ပါးကုရှီတုက တစ်ကိုယ်လုံးတောင့်တင်းပြီး မျက်နှာထား တင်းမာနေသည်။ သို့သော် သူဟာ ခပ်မြန်မြန် ပြန်ပြောလိုက်၏။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်း အတွေးများလွန်းနေပြီ။ မမေ့နဲ့ မင်းမှာ ငါတို့မြေကမ္ဘာဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းရှိနေသေးတယ်။ အဲဒီအမှောင်လမင်းမီးတောက်က မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတယ်။ ဒါကြောင့် မင်းက ဆက်ခံသူကိုသုံးဖို့ စိတ်စွမ်းအင်ထိန်းချုပ်ရမှာ မဟုတ်လား။ ငါသာ အမှောင်လမင်းမီးတောက်ကို အသက်သွင်းလိုက်မယ်ဆိုရင် ဘယ်သူက အရင်သေမယ်ထင်လဲ။ မင်း သေသွားတာနဲ့ ဒီလမ်းလျှောက်အလောင်းကောင်က သူဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် လုပ်လိမ့်မယ် သူက ငါ့ကို တိုက်ခိုက်ဦးမယ်ထင်လား"

ဝုန်း

ဝမ်ချောင်က ဘာစကားမှမပြောပေ။ သို့သော် သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွား၏။

အရှေ့ပိုင်းတူရကီခါကာနိပ်၏ အနာဂတ်ပြည်နယ်ဆရာက ဖော်ပြရန်ခက်ခဲလောက်အောင် ကိုင်တွယ်ရခက်ခဲသည်။ အမှောင်လမင်းမီးတောက်ကလည်း ပြဿနာ ဖြစ်သည်။

"ပါးကုရှီတု! ဒီအဖိုးကြီးကို ဒီလိုဂရုမစိုက်တာ ဒီအဖို့ကြီးရဲ့တပည့်ကို ဓါးစာခံအဖြစ် ယူရဲတဲသူတစ်ယောက် တစ်ခါမှမရှိဖူးဘူး။ တစ်ရက်မှာ ငါက မင်းနဲ့မင်းရဲ့မြေကမ္ဘာဂိုဏ်းကို တန်ကြေး ပေးဆပ်ခိုင်းမယ်"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏အသံက မြူထဲမှဟိန်းထွက်လာသည်။

ဝမ်ချောင်သည်သူ၏မျက်စိရှေ့တွင်ပင် ဓါးစားခံအဖြစ် ခေါ်ဆောင်ခြင်းခံရပြီး မိစ္ဆာဧကရာဇ်ကြီးမာန်၏ဒေါသကို လှုံ့ဆော်ခဲ့လေရာ သူက ဖြတ်သန်းခဲ့ရသည့် တိုက်ပွဲပေါင်းများစွာထက်ပင် မောပန်းနွမ်းနယ်စေသေးသည်။ ယခုအခါ သူ၏ခန္ဓာကိုယ်မှ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လွန်းသော အရှိန်အဝါတစ်မျိုးက ထွက်နေပြီး ဟိန်းဟောက်သံကိုပင် ပေါ်ထွက်လာစေသေးသည်။

ပါးကုရှီတုသည် သူ၏အမှောင်ဘက်ခြမ်းကို အောင်မြင်စွာ ရန်စလိုက်နိုင်လေသည်။

"ဟား ဟား အဲဒီအချိန် ရှိမလားကြည့်တာပေါ့"

ပါးကုရှီတုက သဘောတကျပြုံးပြီး သူက မူလအမရသိုင်းကိုရနိုင်သမျှ မူလအမရသိုင်း၊မူလအမရနတ်ဆေးနှင့်ထိုဓါးကို ရနိုင်ပါက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့ပေါ် မည်သို့မှ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

All Chapters