← Chapters

လိပ်ပြာတောင်ကုန်းမှ ဗုဒ္ဓများ

Vol. 173 Ch. 2474

လိပ်ပြာတောင်ကုန်းမှ ဗုဒ္ဓများ

Vol. 173 Ch. 2474

အချိန်ကုန်လွန်သွားသည်နှင့် ရွှေရောင်ပင်လယ်ကို ဖြတ်သန်းသည့် လူက ပို၍ နည်းပါးလာပေသည်။ ဗုဒ္ဓပွဲတော်က နောက်ဆုံးလသို့ ရောက်ရှိလာပြီး ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲကို အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းတွင် ကျင်းပမည်ဖြစ်သည်။

ရွှေရောင်ပင်လယ်အား ဖြတ်သန်းသွားမည့် ဗုဒ္ဓကျင့်ကြံသူတို့ ထပ်မရှိတော့ဘဲ ကျင့်ကြံသူများစွာက သူတို့၏ လက်ထဲတွင် ကြာပန်းများ ကိုင်ဆောင်ကာ ရွှေရောင်ပင်လယ်အတွင်း ထားခဲ့ကြသည်။ ရုတ်တရက် ထိုကြာပန်းပွင့်များက ရွှေရောင်အလင်းများ ပျံ့နှံ့လာပြီး ပင်လယ်၏ အလယ်ဗဟိုသို့ မျောလွင့်လာကာ ရွှေရောင်ကြာပန်းပွင့်များအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

မရေတွက်နိုင်သည့် လူများက တူညီသော အပြုအမူများကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ကြသည်။ မကြာခင်မှာပင် ကြာပန်းပွင့်များအား ထုတ်လွှတ်လိုက်သည့် သူတို့က လက်များကို အတူတကွ ထားလိုက်ကာ မျက်လုံးများ မှိတ်၍ ရွှေရောင်ပင်လယ်အား ဆည်းကပ်ပူဇော်လိုက်သည်။ သူတို့၏ ပါးစပ်များမှ ဗုဒ္ဓအသံတို့ ထွက်လာခဲ့သည်။ ထိုအစွမ်းထက်သည့် ဗုဒ္ဓကျင့်ကြံသူများစွာက ကောင်းချီးအတွက် ဆုတောင်းနေကြပုံရသည်။

ဗုဒ္ဓ၏ အသံက ကောင်းကင်နှင့်မြေကြီးတစ်ခွင်ကို ပဲ့တင်ထပ်လာပြီး လောကတစ်ခုလုံးနှင့် တသားတည်း ဖြစ်တည်လာသည်။ ရီဖူရှင်းက ကမ်းရိုးတန်းအရှေ့၌ ရပ်နေခဲ့သည်။ ဗုဒ္ဓအသံများကို ကြားလိုက်ရသည်နှင့် သူက တည်ငြိမ်သောအမူအရာနှင့် လက်များကို အုပ်ချီလိုက်သည်။ ယခုတွင် သူ့ကို ဗုဒ္ဓကျင့်ကြံသူတစ်ယောက်အဖြစ် မှတ်ယူနိုင်ပြီ ဖြစ်၏။

ထိုဗုဒ္ဓကျင့်ကြံသူများက သူတို့နည်းလမ်းနှင့် ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲ အောင်မြင်ရန် ဆုတောင်းနေပုံရသည်။

ထို့ပြင် တစ်စုံတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်လာသည့် ထိုဗုဒ္ဓအသံကို တုန့်ပြန်လာပုံရသည်။ ရွှေရောင်ပင်လယ်ပြင်၏ အဆုံးသတ် နယ်နိမိတ် ကောင်းကင်၌ အဆုံးမဲ့ တောက်ပသည့် ဗုဒ္ဓအလင်းတို့က ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံကာ လင်းလက်လာသည်။ ထိုအဆုံးမဲ့ ကမ်းရိုးတန်းဒေသကို ပို၍ တောက်ပသည့် ရွှေရောင်အလင်းတို့ လွှမ်းခြုံလာ၏။

ထိုနေရာမှ ထွက်ပေါ်လာသော ဗုဒ္ဓအသံတို့က ဤနေရာမှ ဗုဒ္ဓအသံတို့နှင့် တသားတည်း ဖြစ်သွားသလိုပင် ဖြစ်သည်။ ရုတ်တရက် များပြားလှသော ဗုဒ္ဓကျင့်ကြံသူများက ပင်လယ်ပြင်ကို ဖြတ်သန်းနိုင်စွမ်းမရှိတော့ဘဲ ပင်လယ်ထက်တွင် တင်ပျဥ်ခွေထိုင်၍ သူတို့၏ မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခဲ့ကြသည်။

သူတို့ရှေ့မှ မြင်ကွင်းက အလွန် ခမ်းနားထည်ဝါလှပြီး ချန်ယိ၊ ဖန်းစွင်နှင့် အခြားလူများသည်လည်း အေးချမ်းတည်ငြိမ်ကာ သန့်စင်မှုကို ခံစားခဲ့ရပေသည်။ သူတို့ကလည်း မနေနိုင်တော့ဘဲ ပင်လယ်ပြင်၏ အခြားတစ်ဖက်သို့ ကြည့်ကာ လက်အုပ်ချီလိုက်သည်။ ဖြစ်နိုင်သည်မှာ ထိုဗုဒ္ဓအလင်းတို့က ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲ စတင်သည့် လက္ခဏာ ဖြစ်နိုင်ပေသည်။

ထို့နောက် ဗုဒ္ဓအသံတို့က ကောင်းကင်နှင့် မြေကြီးကြားပဲ့တင်ထပ်လာပြီး တဖြေးဖြေး ပျောက်ကွယ်သွားသော်လည်း ဗုဒ္ဓအလင်းရောင်တို့က ကျန်ရစ်နေကာ ၎င်းတို့က လောကတစ်ခွင်ကို ဆက်လက်ထွန်းလင်းနေစေသည်။ တဖြေးဖြေးနှင့် အချို့က ထွက်ခွာသွားချိန်တွင် အချို့က ပင်လယ်ပြင်အစွန်း၌ ထိုင်၍ ကျင့်ကြံနေဆဲ ဖြစ်သည်။ ကမ်းရိုးတန်းဒေသတွင် လူများစွာ ကျင့်ကြံနေကြသော်လည်း ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ပေသည်။

“ဘယ်အချိန်သွားမှာလဲ။” ချန်ယိက ရီဖူရှင်းဘေးသို့ လျှောက်သွားရင်း မေးလိုက်သည်။

ရီဖူရှင်းက အဝေးသို့ လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်ပေသည်။ “သွားတော့မှာ။”

သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့ဘေးမှ ဟွာချင်းချင်းကို ကြည့်ကာ ပြောလိုက်သည်။ “ချင်းချင်း အသင့်ဖြစ်ပြီလား။”

“အင်း။” ဟွာချင်းချင်းက ခေါင်းညိတ်လိုက်သည်။ သူမ မျက်နှာက ငြိမ်သက်အေးချမ်းနေပြီး လှပသည့် မျက်လုံးများက သန့်စင်ကြည်လင်နေသည်။

“အဲဒါဆို သွားကြမယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူ့နှလုံးသားကလည်း အေးချမ်းနေသည်။ အခြားတစ်ဖက်၌ ရှိနေသည့် ဟွားဂျီယူက ပြောလိုက်သည်။ “နင်တို့နှစ်ယောက် ဂရုစိုက်။”

“သိပြီ။” ရီဖူရှင်းက ဟွားဂျီယူကို ပြုံးပြလိုက်သည်။ သူသည် သူမက အနည်းငယ် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း သိရှိပေသည်။

ဟွာချင်းချင်းနှင့် ရီဖူရှင်း နှစ်ယောက်တည်းသာ ဤခရီးကို သွားရပေလိမ့်မည်။ ဟွားဂျီယူနှင့် အခြားလူများက ဗုဒ္ဓကျင့်ကြံသူများ မဟုတ်သောကြောင့် ပင်လယ်ကို မဖြတ်သွားနိုင်ပေ။

ရီဖူရှင်းနှင့် ဟွားဂျီယူတို့က ရွှေရောင်ရေထဲသို့ လျှောက်လှမ်းသွားသည့်အခါ သူတို့ ခြေထောက်အောက်၌ ဗုဒ္ဓလှေတစ်စင်း ပေါ်ပေါက်လာပြီး သူတို့ကို သယ်ဆောင်ကာ ရွှေရောင်ပင်လယ်အတွင်း မျောလွင့်သွားလေသည်။

“ဆရာ။” ရှောင်လင်း၊ ဖန်းစွင်နှင့် အခြားလူများက အရှေ့သို့ ခြေလှမ်းကာ ထွက်ခွာသွားသည့် ရီဖူရှင်း ပုံရိပ်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးက အနည်းငယ် မသေမချာ ဖြစ်နေခဲ့သည်။

ဤခရီးတွင် သူတို့၏ ဆရာက ဗုဒ္ဓကျင့်ကြံသူများ စုဝေးနေသည့် အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းသို့ သွားခဲ့သည်။ ထိုဗုဒ္ဓကျင့်ကြံသူများကြားတွင် မည်မျှအားကောင်းသည့် ကျင့်ကြံသူတို့ ရှိနေကြောင်း မပြောနိုင်ပေ။ သူတို့က ရီဖူရှင်းကို သတ်ဖြတ်ချင်လျှင် ပြန်တိုက်ခိုက်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက သူတို့ဘက်သို့ ပြန်လှည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက ဗုဒ္ဓလှေပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ဗုဒ္ဓအလင်းတို့က သူ့အပေါ် ဖြာကျနေခဲ့သည်။  သူက ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသလိုပင် ဖြစ်သည်။ သူ့နောက်၌ ရပ်နေသည့် ဟွာချင်းချင်း၏ မျက်နှာထက်တွင် အပြုံးသေးသေးရှိနေခဲ့ပြီး သူမက ပင်လယ်ပြင်အဆုံးသို့ ကြည့်နေခဲ့သည်။ သူမ၏ ဝတ်စုံသည်လည်း ဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံခံထားရပေသည်။ သူမက လက်အုပ်ချီလိုက်ပြီး သူမ၏ အသွင်အပြင်က ခမ်းနားထည်ဝါနေကာ ဗောဓိသဗ္ဗသဖွယ် ထင်မှတ်ရပေသည်။

မရေတွက်နိုင်သော လူများက သူတို့ရှေ့မှ ထိုဗုဒ္ဓလှေကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။ သူတို့ရှေ့မှ မြင်ကွင်းက ပန်းချီကားတစ်ချပ်ကဲ့သို့ ပြီးပြည့်စုံလှပေသည်။

ဤနှစ်ယောက်က အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းသို့ သွားရောက်ကြလိမ့်မည်လား။

သူတို့နှစ်ယောက်က ပင်လယ်အတွင်း ဗုဒ္ဓလှေကို ရွက်လွှင့်ကာ ရှေ့ဆက်သွား​နေခဲ့သည်။ ဗုဒ္ဓပင်လယ်က ရွှေရောင်ကြေးမုံတစ်ခုကဲ့သို့ ဖြစ်လေသည်။ ရီဖူရှင်းက ပင်လယ်ထဲ၌ ထင်ဟပ်နေသည့် သူ့ပုံရိပ်ကို ငုံ့ကြည့်လိုက်သောအခါ သူက ရေထဲ၌ ခရီးဆက်နေသည်လား ကောင်းကင်၌ လမ်းလျှောက်နေသည်လား မသိတော့ပေ။

ရီဖူရှင်းက ပြုံးလိုက်ပြီးနောက် သူ၏ မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။ သူက စိုးရိမ်ပူပန်ခြင်း စိတ်ရှုပ်ခြင်း မရှိဘဲ ဗုဒ္ဓလှေ ရွက်လွှင့်သည့်အတိုင်း ရှေ့သို့ ဆက်သွားခွင့်ပေးထားလိုက်သည်။

ဟွာချင်းချင်းကလည်း ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်ကာ လှေကို ရှေ့ဆက်သွားစေခဲ့သည်။ ဗုဒ္ဓအလင်းဖြင့် လွှမ်းခြုံခံထားရသည့် သူမက သန့်စင်မြင့်မြတ်ကာ လှပပုံပေါ်သည်။ ဗုဒ္ဓလှေက ရှေ့သို့ ဖြေးညင်းစွာ ရွေ့လျားသွားနေပြီး ပင်လယ်၏ အခြားအစွန်းတစ်ဖက်မှ အလွန် ဝေးကွာသွားပုံရလေသည်။ သူတို့သည် သူတို့မည်သည့်အချိန် ရောက်လိမ့်မည်ကို မသိခဲ့ပေ။

တစ်နေ့ပြီးတစ်နေ့ အချိန်တို့က ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းနှစ်ဆယ်က ကုန်ဆုံးသွားခဲ့လေသည်။ ဗုဒ္ဓလှေက ရွှေရောင်ပင်လယ်ပြင်၌ မျောလွင့်​နေဆဲဖြစ်ကာ အချိန်ကို အလွယ်တကူ ကုန်ဆုံးစေသည်။

ဟွာချင်းချင်းနှင့် ရီဖူရှင်းတို့က စကားတစ်ခွန်းမှ မပြောဘဲ အလွန် တိတ်ဆိတ်နေခဲ့သည်။ အနောက်ဘက်ကောင်းကင်၏ အဆုံးသတ်က ဝေးကွာနေဆဲဖြစ်သော်လည်း သူတို့က အနည်းမျှ စိတ်မရှည်သလို မခံစားခဲ့ရပေ။ ဤသည်က ဗုဒ္ဓပင်လယ်ဖြစ်ပြီး ဗုဒ္ဓပင်လယ်၌ ကိုယ်ပိုင် အသိစိတ်ရှိပေသည်။ သူတို့ကို ဖြတ်သန်းသွားရန် ခွင့်ပြုသည့်အခါ သူတို့က ရောက်ရှိသွားပေလိမ့်မည်။

ဗုဒ္ဓပင်လယ်က သူတို့ကို ​ဖြတ်သန်းမသွားစေလိုလျှင် သူတို့က မည်မျှ အတင်းအကျပ်ပြုလုပ်ပါစေ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤနေရာက ဗုဒ္ဓကျင့်ကြံသူတို့လောကပင် ဖြစ်သည်။

သူတို့က မျောလွင့်ရင်း ရှေ့ဆက်သွားနေစဥ် ရီဖူရှင်းက တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ပြီး ဗုဒ္ဓလမ်းစဥ်နည်းစနစ်များကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေခဲ့သည်။ ဟွာချင်းချင်းက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေကာ ရီဖူရှင်း ကျင့်ကြံနေသည်အား မနှောက်ယှက်ခဲ့ပေ။ အချိန်တချို့ကုန်ဆုံးသွားပြီးနောက် ဗုဒ္ဓကျင့်ကြံသူများ စုဝေးပွဲ ရောက်ရှိရန် နောက်ဆုံး သုံးရက်သာ လိုတော့သည်။

ဟွာချင်းချင်းက သူတို့ ပင်လယ်ပြင်၌သာ ရှိနေသေးသည်ကို သတိပြုမိပြီး ပင်လယ်ပြင်အဆုံးရှိ လိပ်ပြာတောင်ကုန်း အကွာအဝေးက လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူတို့က ရည်ရွယ်သည့်နေရာသို့ မည်သည့်အခါမှ ရောက်ရှိမည် မဟုတ်သလို ထင်မှတ်ရပေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် ဗုဒ္ဓအလင်းရောင်တို့က လှုပ်ရှားလာကာ ပင်လယ်ပြင်ကို လှိုင်းထလာစေသည်။ ပင်လယ်ပြင်၏ ရွှေရောင်မျက်နှာပြင်က ရုတ်ချည်း လှိုင်းထန်လာပေသည်။

ထို့နောက် ဗုဒ္ဓကျင့်ကြံသူများစွာက ရွှေရောင်ပင်လယ်ပြင်မှ မျောလွင့်လာကာ သူတို့ရှေ့၌ ရပ်လာခဲ့သည်။ သူတို့က လက်များကို အုပ်ချီထားပြီး သူတို့ပါးစပ်များမှ ဗုဒ္ဓအသံများ ထွက်ပေါ်လာသည်။

“အောမီသောဖော...”

ဟွာချင်းချင်းသည်လည်း သူမ၏ လက်များကို အုပ်ချီကာ ရောက်ရှိလာသည့် ဗုဒ္ဓကျင့်ကြံသူများကို အရိုအသေပေးလိုက်သည်။ နောက်ဆုံးတွင် ရီဖူရှင်းက ကျင့်ကြံနေခြင်းကို ရပ်တန့်၍ သူ့မျက်လုံးများအား ဖွင့်ကာ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။ “ဂျူနီယာရီဖူရှင်း အနောက်ဘက်ကောင်းကင် လိပ်ပြာတောင်ကုန်းကို လာရောက်လည်ပတ်ပါတယ်။”

“ဒကာလေးတို့နှစ်ယောက်လုံးက ဉာဏ်ပညာ အရင်းအမြစ်နဲ့ ကောင်းချီးပေးခံထားရတယ်။” အခြားဗုဒ္ဓကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် သူတို့ကြားတွင် ရွှေရောင်ပင်လယ်မှ မြူငွေ့များ လွှမ်းခြုံလာပြီး ရွှေရောင်တံခါးအဖြစ် ပြောင်းလဲသွားကာ နောက်ထပ်လောကတစ်ခု ဖြစ်တည်လာသည်။ ၎င်းက လိပ်ပြာတောင်ကုန်း၏ မြင်ကွင်း ဖြစ်လေသည်။

“ကျေးဇူးတင်ပါတယ် ဆရာတော်။” ရီဖူရှင်းက သူတို့ကို တစ်ဖန် အရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် ဗုဒ္ဓလှေက ရှေ့သို့ ဆက်လက်ရွေ့လျားလာပြီး တံခါးဆီ မျောလွင့်သွားခဲ့သည်။ မကြာခင်တွင် ဗုဒ္ဓလှေက တံခါးကို ဖြတ်သန်းသွားကာ အထဲသို့ ဝင်ရောက်သွားလေသည်။ နောက်တခဏတွင် ၎င်းက ပျောက်ကွယ်သွားခဲ့သည်။

သူတို့ ပျောက်ကွယ်သွားသ​ည်နှင့် တံခါးကလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ဗုဒ္ဓပုံရိပ်များအားလုံးက မြူခိုးမြူငွေ့များအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အရာအားလုံးက မည်သည့်အခါကမှ မဖြစ်ခဲ့သလို ထင်မှတ်ရပေသည်။

သို့သော် အခြားတစ်နေရာတွင် ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့ ပြန်လည်ထွက်ပေါ်လာသည့်အခါ သူတို့ခြေဖဝါးအောက်တွင် ဗုဒ္ဓလှေမရှိတော့ဘဲ မြေပြင်ပေါ်တွင် ရပ်နေခဲ့ကြပြီ ဖြစ်သည်။ ရှေ့သို့ ကြည့်လိုက်သည့်အခါ သူတို့သည် ကောင်းကင်အပြည့် ဗုဒ္ဓများကို မြင်လိုက်ရပြီး ဗုဒ္ဓအလင်းရောင်က သူတို့ပေါ် တောက်ပလင်းလက်နေသည်။ အောက်ခြေမှ ထိပ်ဖျားအထိ ဗုဒ္ဓများစွာ ဤလေဟာနယ်အတွင်း ရပ်နေသည်ကို မြင်နိုင်ပေသည်။

သူတို့က ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့က အလွန် တည်ငြိမ်နေခဲ့သည်။ သူတို့က အလွန် ယဥ်ကျေးစွာဖြင့် လက်အုပ်ချီကာ ကောင်းကင်မှ ဗုဒ္ဓများကို နှုတ်ဆက်လိုက်သည်။

ဗုဒ္ဓကျင့်ကြံသူများက သူတို့ လာနေသည်ကို သိရှိထားကာ သူတို့ကို စောင့်ဆိုင်း​နေပုံပေါ်သည်။ မရေတွက်နိုင်သည့် မျက်လုံးများက သူတို့နှစ်ယောက်ထံ ကျရောက်လာ၏။ တောက်ပသည့် ဗုဒ္ဓအလင်းများအောက်တွင် ရီဖူရှင်းနှင့် ဟွားဂျီယူတို့နှစ်ယောက်လုံးက မမြင်နိုင်သည့် ဖိအားကို ခံစားမိခဲ့ပေသည်။ သို့သော် ၎င်းက တမင်သက်သက် ရည်ရွယ်ခြင်း မဟုတ်ပေ။ ကောင်းကင်၌ ထိုမျှများပြားသော ဗုဒ္ဓများစွာကို ရင်ဆိုင်ရသည့် မည်သူမဆို သူတို့ကဲ့သို့ပင် ထိုဖိအားကို ခံစားရပေလိမ့်မည်။

All Chapters