← Chapters

မင်းသမီး၏ဒေါသနှင့် ခြောက်သွေ့ပျက်စီးနေသော စုန့်ကျိုး(စုန့်ပြည်နယ်)

Vol. 23 Ch. 221

မင်းသမီး၏ဒေါသနှင့် ခြောက်သွေ့ပျက်စီးနေသော စုန့်ကျိုး(စုန့်ပြည်နယ်)

Vol. 23 Ch. 221

ဗဟိုမြို့တော်၊မင်းသမီးကျီ၏ နန်းဆောင်

မင်းသမီးကျီသည် မှန်တင်ခုံရှေ့တွင်ထိုင်ကာ မှန်ထဲ၌ပေါ်နေသော သူမ၏တင့်တယ်ခန့်ညားသည့် မျက်နှာသွင်ပြင်ကို ငေးကြည့်နေလေ၏။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

သူမသည် လက်ထဲရှိကျောက်စိမ်းလက်ကောက်ကို ကစားနေလေသည်။ လက်ချောင်းငါးချောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် ခွပ်ခနဲအသံထွက်ပေါ်လာကာ လက်ကောက်သည် အပိုင်းပိုင်းကျိုးပဲ့သွားသော်လည်း ထိုကျောက်စိမ်းစများက သူမ၏နူးညံ့သောအသားအရေကို ထိခိုက်စေခြင်း မရှိပေ။

"ဆိုလိုတာက... ချင်ကျိုး စစ်သူကြီးက နန်းဆောင်ကို လာမလည်ဘူးပေါ့လေ"

မင်းသမီးကျီသည် ခေါင်းကိုလှည့်လိုက်ရာ သူမ၏အသံသည် တည်ငြိမ်နေသော်လည်း ကြားရသူအဖို့ ကျောချမ်းဖွယ်ကောင်းနေ၏။ သူမသည် မျှော်လင့်တကြီးဖြင့် တစ်ရက်နှင့်တစ်ည စောင့်ဆိုင်းနေခဲ့ပြီး ကျန်းယွမ်ဟွာကို မည်သို့လှောင်ပြောင်ရမည်ကိုပင် ကြိုတင်စီစဉ်ထားခဲ့သည်။

သို့သော် ယခုအချိန်အထိ နန်းဆောင်၏ ဝင်ပေါက်သည် လူသူကင်းမဲ့နေဆဲပင်။

အစေခံမိန်းကလေးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် တဆတ်ဆတ် တုန်ရီနေလေ၏။

"မင်းသမီးကျီ... ဒီတစ်ခါ မြို့တော်ကို လာတဲ့ စစ်သူကြီးက မင်းသမီးသိတဲ့လူ မဟုတ်ပါဘူး... အရင်တစ်ခေါက်က နန်းဆောင်ကို လာခဲ့ဖူးတဲ့ ချပ်ဝတ်ကာဝတ် စစ်သူကြီးပါရှင့်"

"..."

မင်းသမီးကျီ၏ ခန္ဓာကိုယ်သည် အချိန်အတော်ကြာ တောင့်တင်းသွားပြီးနောက် သက်ပြင်းရှည်တစ်ချက်ချကာ ပြန်ထိုင်လိုက်လေ၏။ ဤသတင်းကို ကြားလိုက်ရချိန်တွင် သူမချက်ချင်းပင် အံ့အားသင့်သွားခဲ့ရ၏။

ဂုဏ်ဒြပ်အဆင့်အတန်းအရဆိုလျှင် ရွှမ်ကွမ်းဂူနှင့် အဆက်အသွယ်ရှိသော သူမကဲ့သို့ မင်းသမီးတစ်ပါးထက်ပင် ထိုသူက ပို၍မြင့်မားနေလေပြီ။

ပြည်နယ်စစ်သူကြီးရာထူးသည် သူမအား အံ့အားသင့်စေသည်ဆိုရုံမျှသာ ရှိသော်လည်း သိုင်းဘုံကျောင်းတပည့် ဟူသော အဆင့်အတန်းကမူ လုံးဝကွာခြားသော အဓိပ္ပာယ်ကို ဆောင်လေ၏။

သို့သော် အပေါ်ယံတွင်မူ သူမသည် မည်သည့် မလေးစားမှုကိုမျှ မပြရဲပေ။

"ဒါဆိုရင် ငါတို့ ရထားလုံးသွားပြင်ကြတာပေါ့"

ထိုအချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် မင်းသမီးကျီသည် လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"တကယ်လို့ သူ လာလည်ရင် ငါမရှိဘူးလို့သာ ပြောလိုက်တော့... ဒီလောကကြီးမှာ အဓိကပုဂ္ဂိုလ်က ကိုယ်တိုင်မလာဘဲ ဂျူနီယာတစ်ယောက်ကို လွှတ်လိုက်တာမျိုး ဘယ်ရှိမလဲ၊ သက်သက်မဲ့ အချောင်လိုချင်နေတာ"

သူမ စကားမဆုံးမီမှာပင် ရုတ်တရက် စိတ်ပြောင်းသွားကာ ထပ်ပြောလိုက်လေ၏။

"ထားလိုက်ပါတော့လေ၊ ရထားလုံး ပြင်လိုက်... သူ့ကို ဂုဏ်ပြုဖို့ ငါကိုယ်တိုင် သွားလိုက်မယ်"

အစေခံမိန်းကလေးသည် ရှိုက်သံကို ထိန်းချုပ်ရင်း အသက်ကို လုရှူနေရသည်။

"သခင်ရှန်းက ရာထူးထပ်တိုးသွားပါပြီ... အခုဆိုရင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ဒုတိယစစ်ဆေးရေးမှူး ဖြစ်နေပါပြီရှင်၊ ပြီးတော့ ချင်ကျိုးမှာ နတ်ဆိုးဘေးအန္တရာယ် ကျရောက်တဲ့ သတင်းလည်း မကြားရပါဘူး"

"မင်းသမီးကျီ..."

အပြင်ဘက်ရှိ အစောင့်များသည် ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။ ယနေ့ ထိုအစောင့်များ ပြန်ရောက်လာကြသောအခါ သူတို့၏ မျက်နှာထားများသည် အလွန်ထူးဆန်းနေကြ၏။

တစ်ဖက်လူသည် နတ်ဆိုးဘုရင်တစ်ပါးအား ကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့လျှင်ပက် ဤရာထူးအတွက် လုံလောက်မည် မဟုတ်ပေ။

အစေခံမိန်းကလေး၏ နုနယ်သော ခန္ဓာကိုယ်သည် ပို၍ပင် တုန်လှုပ်သွားပြီး ကြောက်လန့်တကြား တီးတိုးပြောလိုက်လေ၏။

"အဲဒီ စစ်သူကြီးက နန်းဆောင်ကို လာမှာ မဟုတ်လောက်ဘူး"

အစေခံမလေးသည် ဆက်လက်၍ စကားထစ်မနေရဲတော့ဘဲ သူမသိထားသမျှ သတင်းအချက်အလက်များကို တစ်ရစပ် ပြောချလိုက်ပြီးနောက်မျက်နှာကိုအုပ်ကာ ထပ်မံ ဦးညွှတ်လိုက်လေသည်။

တစ်နာရီခန့် ကြာပြီးနောက်။

မင်းသမီးကျီသည် သူမ တွေးထင်ထားသည်များ မှားယွင်းနေပုံရသည်ကို ရုတ်တရက် သဘောပေါက်လိုက်၏။

အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူမသည် အတင်းအကြပ် ပြုံးလိုက်လေသည်။

"လူလွှတ်ပြီး ငါ့ရဲ့စုဆောင်းထားတဲ့ ရတနာတွေထဲက ဝိညာဉ်ကိုအားဖြည့်ပေးနိုင်တဲ့ ရတနာတစ်ခုကို ရွေးခိုင်းလိုက်၊ ပြီးရင် သခင်ရှန်းရာထူးတိုးတာကို ဂုဏ်ပြုဖို့ သိုင်းဘုံကျောင်းကို ပို့လိုက်ကြစမ်း"

သူမ မဲ့ပြုံးပြုံးလိုက်မိ၏။ ကျန်းယွမ်ဟွာ၏ လိမ္မာသောတပည့်ကျော်မလာဘဲ ထိုလူငယ် စစ်သူကြီးရှန်းကိုသာ လွှတ်လိုက်ခြင်းဖြစ်လေ၏။

သူသည် သူမအယး ခေါင်းမငုံ့ချင်သည်မှာ ထင်ရှား၏။

"စစ်သူကြီးရှန်းက စစ်သူကြီးရာထူး တိုးသွားတာတောင် အကူအညီတောင်းဖို့ မြို့တော်ကို မလာဘူးဆိုတော့..."

အစေခံမိန်းကလေး ခေါင်းမော့လိုက်ချိန်တွင် သူမ၏ မျက်နှာတည့်တည့်သို့ ကန်ချက်တစ်ခု ဝင်ရောက်လာခဲ့လေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လေးငါးပတ်ခန့် လှိမ့်သွားပြီး ပါးရိုးများ ချိုင့်ဝင်သွားတော့သည်။

"ဘာကို ဆိုလိုတာလဲ"

ဆံနွယ်များကို သပ်တင်နေသော မင်းသမီးကျီ၏ လက်ချောင်းများ အနည်းငယ် ရပ်တန့်သွား၏။

"ငါ့ကို စကားထာဝှက်တမ်းလာကစားနေတာလား"

မင်းသမီးကျီသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူမထံ လျှောက်သွားလေ၏။ အစေခံမလေးသည် ကြောက်လန့်တကြား မျက်နှာကို အုပ်ထားသော်လည်း လည်ချောင်းထဲသို့ ပြန်ဆန်တက်လာသော သွေးများကို အတင်းပြန်မြိုချနေရရှာသည်။

သူမ မှတ်မိသလောက်ဆိုလျှင် ထိုလူငယ် စစ်သူကြီးရှန်းနှင့် သူမကြားတွင် မမည်သည့် ရန်ငြိုးမျှ မရှိခဲ့ဖူးပေ။

နတ်ဆိုးနှိမ်နင်းရေးဌာန၏ စစ်ဆေးရေးမှူးလော။ အနီးကပ်သူများအနေဖြင့် သခင်ဖြစ်သူ၏ စိတ်သဘောထားကို မည်သို့ ခန့်မှန်းရမည်ကို အသိဆုံးဖြစ်သည်။

စောစောက သူမသည် တစ်ဖင်သူအားဝင်ခွင့်မပေးဘူးဟု ပြောခဲ့သော်လည်း ယခုအခါနန်းဆောင်မှ ကိုယ်တိုင်သွားရောက် ဂုဏ်ပြုရမည့် အခြေအနေ ဖြစ်လာခဲ့ပြီ။ ထိုကဲ့သို့သော ပါရမီရှင် လူငယ်တစ်ဦးနှင့် ကြိုတင်မိတ်ဖွဲ့ထားခြင်းက အမြဲတမ်း မှန်ကန်သော လုပ်ရပ်ပင်။

ကျန်းမိသားစုဆရာတပည့်ကြောင့် သူမနှင့် ရှန်းယီကြားတွင် မလိုအပ်သော နားလည်မှုလွဲမှားခြင်းများ မဖြစ်ပါစေသင့်ပေ။

အစောင့်များအားလုံး ကြောင်အသွားကြပြီး စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်ကြ၏။

ချင်ပြည်နယ်က စစ်သူကြီးအပြောင်းအလဲ လုပ်လိုက်ပြီဆိုတော့ ကျန်းယွမ်ဟွာက ဘယ်လိုဖြစ်သွားတာလဲ။

ယခုမှာတော့ သိုင်းဘုံကျောင်းသည် သူ့အတွက် စစ်ဆေးရေးမှူးရာထူးအား သီးသန့်ပေးအပ်ထားခြင်းက သူ့ကို မည်မျှ အလေးထားကြောင်း ပြသနေခြင်းပင်။

မင်းသမီးကျီ မျက်ခုံးပင့်လိုက်၏။ မင်းသမီးကျီ၏ မောက်မာမူသည် မသေမျိုးဂိုဏ်းမှ ဆင်းသက်လာသည့် နောက်ခံကြောင့် သာမန်မင်းဆက်ကို အထင်သေးခြင်းမှ မြစ်ဖျားခံသော်လည်း ယခု ရှန်းယီသည် သိုင်းဘုံကျောင်းသို့ အမှန်တကယ် ဝင်ရောက်သွားပြီဖြစ်ရာ သူသည်လည်း မသေမျိုးဂိုဏ်းသားအစစ် ဖြစ်လာလေပြီ။

"ဟွန်း"

(သိုင်းဘုံကျောင်းရဲ့ ခြံဝင်းတွေကို A B C Dကနေ (က) (ခ)လို့ပြောင်းသွားပါမယ်ခင်ဗျာ)

"သခင်ရှန်း သခင်ရှန်းက သိုင်းဘုံကျောင်းတော် ဝင်း (က) ထဲကို ဝင်သွားပါပြီ။သူက အခု သိုင်းဘုံကျောင်းတပည့် တစ်ဦး ဖြစ်နေပါပြီ"

အမည်ခံအားဖြင့် သိုင်းဘုံကျောင်းသည် ရွှမ်ကွမ်းဂူနှင့် ဝူထုံတောင်တို့နှင့် တန်းတူညီမျှရှိသော အင်အားစုပင်။

သိုင်းဘုံကျောင်း၊ နတ်ဆိုးနှိမ်နင်းရေးဌာနချုပ်

နန်းဆောင်မှ ဇိမ်ခံရထားလုံးကြီးသည် လမ်းမရှည်ကြီးပေါ်သို့ ဖြည်းညှင်းစွာ မောင်းနှင်လာပြီး မကြာမီ သိုင်းဘုံကျောင်းရှေ့တွင် ရပ်တန့်သွားလေ၏။

ရထားလုံးအတွင်းတွင် မင်းသမီးကျီသည် ဘေးနားရှိ သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ကျောက်စိမ်းစိမ်းရောင် သမင်ဦးချိုများကို ကြည့်ကာ ခေတ္တမျှညင်သာစွာ ပွတ်သပ်လိုက်လေ၏။

လက်ဆောင်ပစ္စည်းမှာ လုံလောက်မှုရှိကြောင်း အတည်ပြုပြီးနောက် သူမ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အစေခံမိန်းကလေး နှစ်ဦး ရထားပေါ်မှ ဆင်းကာ နတ်ဆိုးနှိမ်နင်းရေးဌာနချုပ် အတွင်းသို့ ဝင်ရောက်သွားကြသည်။

လျိုခွင်းသည် တစ်နေ့တာ အလုပ်ပြီးဆုံးခါစ ဖြစ်သဖြင့် ကိုက်ခဲနေသောလက်ကောက်ဝတ်များကို နှိပ်နယ်နေစဉ် ကောင်တာမှ နူးညံ့သောအသံတစ်သံကို ကြားလိုက်ရလေ၏။

"မင်းသမီးကျီ လာရောက်လည်ပတ်ပါတယ်၊ ကျေးဇူးပြုပြီး သခင်ကြီးကို သတင်းပို့ပေးပါရှင်"

ထိုစကားကို ကြားသောအခါ လျိုခွင်းသည် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်၏။

"ဘယ်သူ့ကို လာတွေ့တာလဲ"

"ရှင့်ကို လာတွေ့တယ်များ ထင်နေတာလား"

အသက်ငယ်သော အစေခံမလေးသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်၏။

အသက်ကြီးသော တစ်ယောက်က ဆက်ပြောလေသည်။

"မင်းသမီးကျီ ကိုယ်တိုင် ခန့်အပ်ခံရခါစ သခင်ရှန်းကို လာရောက်ဂုဏ်ပြုတာပါ၊ မင်းသမီးနဲ့ သခင်ရှန်းက မိတ်ဆွေဟောင်းတွေပါ"

လျိုခွင်းသည် မနက်က ကျန်းဟယ်ကို သွားသတိရလိုက်မိ၏။

"တောင်းပန်ပါတယ်ခင်ဗျာ၊ သခင်ရှန်း မရှိပါဘူး။ ပြန်ကြပါတော့"

"သခင်ရှန်း ဘယ်သွားလဲ"

အစေခံကောင်မလေးက အေးစက်စွာ မေးလိုက်၏။

လျိုခွင်း မျက်ခုံးပင့်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ အစေခံမလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်၏။ သူသည် ရုံးစာရွက်စာတမ်းများကို တည်ငြိမ်စွာပိတ်လိုက်ပြီး နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲလိုက်လေသည်။

"ဟက်"

နတ်ဆိုးနှိမ်နင်းရေးစစ်ဆေးရေးမှူးဆိုတာ နတ်ဆိုးတွေနဲ့အထက်တန်းလွှာ မိသားစုကြီးတွေကို စစ်ဆေးရတာ။ အဲဒီအထဲမှာ မင်းသမီးကျီက အထင်ရှားဆုံးပဲ။ ဒီကိစ္စက သူခိုးက ရဲဘယ်မှာရှိလဲ လာမေးနေသလိုပဲ။

"ကျုပ် လျိုရဲ့အဆင့်အတန်းက နိမ့်ကျပါတယ်၊ သခင်ရှန်းရဲ့ သတင်းအချက်အလက်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်မပြောရဲပါဘူး။ လိုအပ်ရင် သခင်ရှန်းပြန်လာတဲ့အခါ ကျုပ် သတင်းပို့ပေးလိုက်ပါမယ်။ ခင်ဗျားတို့ အပြင်မှာ စောင့်နေလို့ရပါတယ်"

အစေခံနှစ်ဦး ရထားလုံးဆီသို့ အမြန်ပြန်သွားပြီး သတင်းပို့လိုက်ကြ၏။

"မရှိဘူး ဟုတ်လား"

မင်းသမီးကျီသည် ရထားလုံးလိုက်ကာကို မလိုက်ရာ သူမ၏ မျက်လုံးများက တည်ငြိမ်နေ၏။

သူမသည် မြင့်မားသော သိုင်းဘုံကျောင်းတော်ကြီးကို ငေးကြည့်ရင်း နှုတ်ခမ်းတွင်အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာလေ၏။

"ငါ့ကို စောင့်ခိုင်းတာပေါ့လေ"

သူမ ရထားလုံးလိုက်ကာကို ချလိုက်၏။ ကျီမင်းသမီး၏ မျက်နှာတွင် ရုတ်တရက် မှုန်ကုပ်သော အရိပ်အယောင်များ ယှက်သန်းလာသည်။

ဒါက သိသိသာသာကို လူပါးဝတာပဲ။ သူမကို မတွေ့ချင်လို့ ကြိုတင်စီစဉ်ထားတာ သေချာတယ်။

"ဒါက သိပ်လွန်လွန်းနေပြီ"

မဟာချန်မင်းဆက်၏ အဝေးပြေးလမ်းမ တစ်နေရာ

နတ်ဆိုးမြင်းသည် အလင်းတန်းတစ်ခုအသွင် ဒုန်းစိုင်းပြေးနေလေ၏။ ကျန်းရွှမ်သည် ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်မိသည်။

"ဒုက္ခပါပဲကွာ"

ရှန်းယီသည် ဇက်ကြိုးကို ဆွဲလိုက်၏။

"ဘာဖြစ်လို့လဲ"

"သခင်ရှန်း... လက်အောက်ငယ်သားက လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆုလာဘ်တွေ ထုတ်ယူဖို့ မေ့ကျန်ခဲ့လို့ပါ..."

ကျန်းရွှမ်သည် ကျောချမ်းဖွယ်သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း ဘဝဒဏ်ကြောင့် ခါးကိုင်းနေသော လယ်သမားအိုကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေလေ၏။

"ကိစ္စမရှိပါဘူး၊ ပြန်ရောက်မှ ထုတ်တာပေါ့" ရှန်းယီသည် မြင်းကို ဆက်စီးလေ၏။

"သခင်ရှန်း... လက်အောက်ငယ်သားအနေနဲ့ စုန့်ကျိုးရဲ့ အခြေအနေကို ထပ်ပြီး တင်ပြချင်ပါတယ်" ကျန်းရွှမ် ခေတ္တမျှ တုံ့ဆိုင်းနေမိ၏။

"မင်းသဘောပါပဲ"

စုန့်ကျိုးသည် ပြည်နယ်ကိုးခုအနက် အငယ်ဆုံးဖြစ်လေ၏။ ဤမျှသေးငယ်သော နေရာလေးမှာ နတ်ဆိုးဘုရင်နှစ်ပါး၏အာရုံစိုက်ခြင်းကို ခံနေရသည်။

နတ်ဆိုးနှိမ်နင်းရေးဌာန တစ်ခုလုံးနှင့် နတ်ဆိုးဖမ်းဆီးသူများသည် နတ်ဆိုးဘုရင်နှစ်ပါးကြား ပဋိပက္ခဖြစ်အောင် အသေအလံ သွေးထိုးလှုံ့ဆော်ခြင်းကိုသာ လုပ်ဆောင်ခဲ့ကြ၏။

ထို့အတွက် စုန့်ကျိုးသည်လည်း ကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရသည်။ စီရင်စုလေးခု ဆုံးရှုံးခဲ့ရသည်။

စုန့်ကျိုး၏စစ်သူကြီးသည် မြို့တစ်ဝက်ကို ဆုံးရှုံးလိုက်ရသဖြင့် ယုံကြည်မှုစွမ်းအား မလုံလောက်တော့ဘဲ သူ့၏သိုင်းဝိဇ္ဇာအဆင့်ကို ထိန်းသိမ်းထားရန်ပင် ရုန်းကန်နေရ၏။

"အဲဒီ နတ်ဆိုးဘုရင်က နတ်ဘုရားအဖြစ်ခံယူချင်နေတာ... တကယ်လို့ သူသာ စုန့်ကျိုးကို သိမ်းပိုက်လိုက်ရင် ဘယ်သူက သူ့ကို တားနိုင်တော့မှာလဲ" ကျန်းရွှမ် သက်ပြင်းချလိုက်၏။

"သခင်ရှန်း... စုန့်ကျိုးက နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး ထက်ဝက်ကျော်လောက် သေကုန်ကြပြီ။ ကျန်တဲ့ နောက်ဆုံး စီရင်စုလေးခုကိုတောင် မနည်းကာကွယ်နေရတာပါ"

ကျန်းရွှမ်သည် ဤကိစ္စ၏ အလေးအနက်ထားရမည့် အခြေအနေကို သခင်ရှန်းအား နားလည်စေချင်၏။

ရှန်းယီသည် ဘာမျှပြန်မပြောဘဲ ဇက်ကြိုးကိုသာ တင်းတင်းဆွဲလိုက်သည်။ နတ်ဆိုးမြင်းသည် စုန့်ကျိုးဘက်သို့သာ ဆက်လက် ဦးတည်သွားလေ၏။

လမ်းခရီး ပိုမိုကြမ်းတမ်းလာသည်နှင့်အမျှ လူသူကင်းမဲ့ပြီး ခြောက်သွေ့နေသော မြို့တစ်မြို့ ပေါ်လာလေ၏။

"သခင်ရှန်း... ကျွန်တော်တို့ ညာဘက်ကနေ ကွေ့သွားမှ ရမယ်"

ကျန်းရွှမ် မော့ကြည့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွား၏။ဂုဏ်သရေရှိ နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူတစ်ယောက်က နတ်ဆိုးပိုင်နက်ကို ရှောင်ကွင်းသွားရမည်ဟု ပြောရသည်မှာ မည်မျှ ရယ်စရာကောင်းလိုက်သနည်း။

ရှန်းယီသည် ဇက်ကြိုးကို ဆွဲလိုက်ပြီး အဝေးမှ မြို့ရိုးကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူ မျက်လုံးများကို မှိတ်လိုက်၏။ နောက်တစ်ခဏတွင် ကောင်းချီးတိမ်တိုက်များ ဝန်းရံထားသော ယင်ဝိညာဉ်တစ်ပါးသည် ကောင်းကင်ယံအလယ်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေလေ၏။

ချင်းဟွာသည် သူမ သိထားသည်မှာ သခင်ဖြစ်သူ ခေါ်လိုက်သည်နှင့် တိရစ္ဆာန်သတ်ပွဲ ကျင်းပရတော့မည် ဆိုသည်ကိုပင်။

အထဲမှာ နတ်ဆိုးဘုရင် ရှိနေတော့ကော ဘာဖြစ်လဲ။ ဟွန့် သူမနတ်ဆိုးဘုရင်ကို မသတ်ဖူးတာလည်းမဟုတ်ဘူး။

All Chapters