← Chapters

နတ်ဆိုးများအားချုပ်နှောင်ခြင်းနှင့် မိစ္ဆာများအား နှိမ်နင်းခြင်း

Vol. 23 Ch. 223

နတ်ဆိုးများအားချုပ်နှောင်ခြင်းနှင့် မိစ္ဆာများအား နှိမ်နင်းခြင်း

Vol. 23 Ch. 223

ဘုန်း... ဘုန်း...

အရပ်ရှည်ပြီး တောင့်တင်းခိုင်မာသော နတ်ဆိုးမြင်းသည် အုပ်ပြာပေါ်ရှိချိုင့်ခွက်မှရွှံ့ဗွက်များကို နင်းဖြတ်သွားနေ၏။

ချောမောခန့်ညားသော လူငယ်လေးသည် ဇက်ကြိုးကို ဆုပ်ကိုင်ထားပြီး၊ သူ၏အကြည့်ကို ရှေ့တည့်တည့်သို့ စိုက်ထားလေသည်။

သူ၏နောက်တွင်၊ ကျန်းရွှမ်သည် လေးစားမှုရော ကြောက်ရွံ့မှုပါ ရောပြွမ်းနေသော စိတ်ဖြင့် မြင်းစီးလိုက်ပါလာပြီး "သခင်ကြီးရှန်း..."

"စကားမပြောနဲ့"

ရှန်းယီက သူ့ကို တိုးညှင်းစွာ သတိပေးလိုက်လေ၏။

ကျန်းရွှမ်ခေတ္တမျှ ကြောင်အသွားပြီးမှ၊ ရှည်လျားသောလမ်းမပေါ်ရှိ သာမန်ပြည်သူများသည် သူတို့၏ ထုံထိုင်းနေသော မျက်နှာအမူအရာများဖြင့် လုပ်လက်စ အလုပ်များကို ရပ်တန့်ထားကြကြောင်း သတိပြုမိသွားလေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ဝတ်ကို မြင်လိုက်ရသောအခါ၊ သူတို့၏မှုန်ဝါးနေသော မျက်လုံးများမှာ နောက်ဆုံးတွင် လှုပ်ရှားမှုရှိလာကြလေသည်။

အကြည့်ပေါင်းများစွာ ဝိုင်းရံထားခြင်းကို ခံရသဖြင့်...

ကျန်းရွှမ် အလိုအလျောက်ပင် ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး၊ ရှန်းယီ၏ နောက်မှလိုက်ကာ လမ်းမကြီးကို ဖြတ်ကျော်သွားလိုက်လေ၏။

နတ်ဆိုးများ၏ဖိနှိပ်ခြင်းကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော သာမန်ပြည်သူတစ်စုအား မျှော်လင့်ချက် ရောင်ခြည်အနည်းငယ် ပေးစွမ်းနိုင်ရန်အတွက်၊ လိုအပ်သည်မှာ နူးညံ့သိမ်မွေ့သော စကားလုံးများ မဟုတ်ဘဲ၊ အလွန် ယုံကြည်မှု ရှိသော ကျောပြင်တစ်ခုသာ ဖြစ်ပေသည်။

ကျယ်ဝန်းလှသော နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီးစံအိမ်အတွင်းတွင်၊ ကြောင်အမ်းအမ်း ဖြစ်နေသော လူအများအပြား စုဝေးနေကြပြီး၊ သူတို့ထဲမှ မနည်းသော လူများသည်အဝတ်အစားများ ချွတ်၍ ဆေးကြောသန့်စင်ခြင်း ခံယူခါစ ဖြစ်သဖြင့်၊ အဝတ်ဗလာဖြင့် ပြေးထွက်ကြည့်ရှုနေကြလေသည်။

အနက်ရောင်ချပ်ဝတ်မှာ အရာမယွင်းသလို ဓားသွားမှာလည်း ထက်ရှနေဆဲပင်။

"သခင်ကြီးရှန်း"

ကျန်းရွှမ်၏အသံမှာ မကျယ်လောင်ပေ၊ သူ့ဘေးနားရှိ လူသာ ကြားရုံလောက် ရှိလေ၏။

ထို့နောက် သူသည် ပြင်းထန်စွာ အသက်ရှူလိုက်ပြီး၊ မောဟိုက်နေရင်း သူ၏လက်ဖမိုးဖြင့် မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်လေ၏။

နတ်ဆိုးမြင်း နှစ်ကောင်သည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာလေ၏။

နယ်မြေ အသီးသီး၌ပျံ့နှံ့နေသော နတ်ဆိုးများစွာ ကျန်ရှိနေဦးမည် ဖြစ်သည်။ ဤကဲ့သို့သော သေးငယ်သောနတ်ဆိုးများကို ရှင်းလင်းသည့် အလုပ်မျိုးကို သူ ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ပေ။

ယင်ဝိညာဉ်၏ အင်အားကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သဖြင့်၊ ဓားတစ်လက် ယူဆောင်သွားရန် မလိုအပ်ပေ။

ချင်းဟွာကို သိုလှောင်အိတ်အား ယူဆောင်စေပြီး၊ နယ်မြေရှိ အခြား စီရင်စုများသို့ အလျင်အမြန် သွားရောက်စေလိုက်ရုံသာ ရှိသည်။

နတ်ဆိုးနှိမ်နင်းရေးဌာန နန်ယွဲ့မြို့သို့ ရောက်လာချိန်မှစ၍ နတ်ဆိုးများကို တရားဥပဒေအရ အရေးယူရမည် ဖြစ်ပြီး၊ သွေးကြွေးကို သွေးဖြင့် ပြန်ပေးဆပ်ရပေမည်။

အစောပိုင်းက အိုးထဲထည့်ခံရရန် အဆင်သင့် ဖြစ်နေခဲ့သော လူလတ်ပိုင်းအမျိုးသားသည် စကား‌များကို တလုံးတထွေး ပြောနေလေ၏။

ဤနတ်ဆိုးမြို့တော်တွင်၊ ယဉ်ကျေးမှု သို့မဟုတ် ရှက်ရွံ့ခြင်း ဟူသည် မရှိတော့ပေ။ ထိုအရာများသည် သက်ရှိလူသားများသာ ထည့်သွင်းစဉ်းစားရန် အရည်အချင်း ရှိသော ကိစ္စရပ်များ ဖြစ်ပြီး၊ သူတို့သည် လမ်းလျှောက်နေသော အသားနှင့် ဟင်းသီးဟင်းရွက် အစုအပုံမျှသာ ဖြစ်ပေသည်။

သာမန်လူများသည် ရှေ့လူ၏အထောက်အထားကို မမှတ်မိနိုင်ကြသော်လည်း၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏ သံချပ်ကာကိုမူ မှတ်မိနေကြဆဲပင်။

နတ်ဆိုးသခင်တစ်ကောင်သည် မြို့တစ်မြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း၊ ပြည်နယ် နယ်မြေ တစ်ခုလုံးကိုမူ သေချာပေါက် မထိန်းချုပ်နိုင်ပေ။

"နတ်ဆိုးနှိမ်နင်းရေးဌာနကို ဒီမြို့ကို လာရောက်လွှဲပြောင်းယူဖို့ အကြောင်းကြားလိုက်ပါ"

ဦးခေါင်းခွံကို ကြည့်ရင်း၊ ကျန်းရွှမ်၏နှလုံးသားထဲတွင် ရုတ်တရက်တင်းကျပ်သွားသလို ခံစားလိုက်ရပြီး၊ လက်တစ်ဖက်ဖြင့် ၎င်းကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေ၏။

ရှန်းယီသည် လှံရှည်ပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းပြတ်ကို တစ်ချက်ကြည့်လိုက်ရာ၊ မူလ ရုပ်သွင်ကို ခွဲခြား၍ မရတော့ပေ။

သူသည် လက်လှမ်းလိုက်ပြီး၊ ၎င်းကို ဖြုတ်ယူကာ နောက်မှလူကို ကမ်းပေးလိုက်လေ၏။

လျင်မြန်သော မြင်းများသည် ဒုန်းစိုင်း ထွက်ခွာသွားကြလေသည်။

ထိုသို့ ပြုလုပ်ပြီးနောက်၊ သူသည် ဇက်ကြိုးကို တဖန် ဆွဲလိုက်ပြီး တောင်ဘက် မြို့တံခါးမှတဆင့် ထွက်ခွာသွားလေသည်။

"သူတို့ ရောက်လာကြပြီလား"

ထိုအနက်ရောင် ဆေဘာဓားသွားသည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပြန်ထွက်သွားလေသည်။

သပ်ရပ်သောမင်ရောင်ဝတ်စုံနှင့် အနီရောင် ဝတ်ရုံရှည်တို့သည် လူတိုင်း၏ မျက်လုံးထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့လေသည်။

ထိုနတ်ဆိုးမြင်း နှစ်ကောင်ကဲ့သို့ပင်၊ သူတို့သည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားကြလေ၏။

သက်လတ်ပိုင်းလူမှာ မသေခင် အရာအားလုံးသည် စိတ်ကူးယဉ် အာရုံများဖြစ်နေမည်ကို အမှန်တကယ် ကြောက်ရွံ့မိသဖြင့်၊ အစည်းအဝေး ခန်းမထဲရှိ စားပွဲဝိုင်းကြီးပေါ်မှ မခြောက်သွေ့သေးသော နတ်ဆိုးသွေးများကို အသိစိတ်မဲ့စွာ ပြန်လှည့်ကြည့်လိုက်မိလေသည်။

အနီရောင် သွေးများသည် တောက်ပနေပြီး၊ သူ၏ နှလုံးသားထဲရှိ ထုံထိုင်းမှုကို ဖယ်ရှားပေးလိုက်လေသည်။

အချိန်အတော်ကြာပြီးနောက်၊ စူးရှသော အော်ဟစ်သံ တစ်ခုသည် ရှည်လျားသော လမ်းမကြီးပေါ်တွင် နောက်ဆုံးတော့ ပေါက်ကွဲထွက်ပေါ်လာလေ၏။

"နတ်ဆိုးနှိမ်နင်းရေးဌာန ပြန်လာပြီဟေ့"

နောက်မှ ဆူညံသံများကို နားထောင်ရင်း။

ကျန်းရွှမ်သည် သူ့ရှေ့ရှိ မင်ရောင် ဝတ်စုံနှင့် ပုံရိပ်ကို ငေးမောကြည့်နေမိလေသည်။

ဤအခိုက်အတန့် ရောက်မှသာ၊ ဤလူငယ်လေးကို နတ်ဆိုးနှိမ်နင်းရေးဌာန စစ်ဆေးရေးမှူး၏ အထောက်အထားနှင့် လုံးဝဆက်စပ်တွေးတောမိလိုက်လေသည်။

ကိုးပြည်နယ် နယ်မြေကို လှည့်လည်စစ်ဆေးပြီး၊ လောကကြီးမှ နတ်ဆိုးများကို နှိမ်နင်းခြင်း။

သူ့မျက်စိရှေ့တွင် မြင်တွေ့နေရသည့်အတိုင်း ဖြစ်သင့်သည် မဟုတ်ပါလော။

"သခင်ကြီး"

ကျန်းရွှမ် မြင်းကို လှည့်လိုက်လေ၏။

မြို့ထဲတွင် ရှိစဉ်က သူ ပြောချင်ခဲ့သည်မှာ... ရန်သူကို အသိပေးသလို မဖြစ်စေရန်အတွက် စစ်သူကြီးကို အရင် အကြောင်းကြားပြီး၊ သေချာ တိုင်ပင်ဆွေးနွေးပြီးမှ လှုပ်ရှားသင့်သည် ဟူ၏။

သို့မဟုတ်ပါက၊ ကျားသစ်နတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင်၊ ကြက်သွေးနီမျက်လုံး နတ်ဆိုးဘုရင် အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဘဲ၊ ပိုမို ကြီးမားသော ဘေးအန္တရာယ်ဆီသို့ ဦးတည်သွားစေနိုင်သည်။

သို့သော် ယခုအချိန်တွင်၊ တစ်ဖက်လူက သူ၏ လုပ်ဖော်ကိုင်ဖက်ခေါင်းပြတ်ကို သူ့ထံ ကမ်းပေးလိုက်သောအခါ။

ပုံမှန်အားဖြင့် စိတ်ဒုက္ခရောက်နေတတ်သော ကျန်းရွှမ်သည် ရုတ်တရက် ရူးသွပ်မှု တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

"နန်ယွဲ့မြို့ကို လာရောက်လွှဲပြောင်းယူဖို့ ကျွန်တော် နတ်ဆိုးနှိမ်နင်းရေးဌာနကို သွားအကြောင်းကြားပြီး၊ လူတွေကို ခေါ်ပြီးရင် သခင်ကြီးကို ရှာဖို့ ချက်ချင်းပြန်လာခဲ့ပါ့မယ်"

ထိုင်ပြီး သေမည့်နေ့ကို စောင့်ဆိုင်းနေမည့်အစား၊ နောက်ဆုံး ကျန်ရှိသော အားအင်ကို အသုံးပြုပြီး နတ်ဆိုးအနည်းငယ်ကို ထပ်မံ သတ်ဖြတ်လိုက်ခြင်းက ပိုမကောင်းပေဘူးလော။

"သွားချေ"

ရှန်းယီ ခေါင်းငြိမ့်ပြပြီး၊ မြင်းပေါ်မှ ဆင်းလိုက်လေ၏။

"သခင်ကြီး ဘာလုပ်မလို့လဲ"

ကျန်းရွှမ် ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ၊ အနီရောင် တိမ်တိုက်တစ်ခုသည် သူ့ခြေရင်းတွင် စုဝေးလာပြီး၊ ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို တွေ့လိုက်ရလေ၏။

သူသည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ကို မော့ကြည့်နေမိပြီး၊ မျက်လုံးများထဲတွင် အံ့သြမှုများ တိုးပွားလာလေသည်။

ဒီအရာက... ကြည့်လေလေ၊ နတ်ဆိုးတိမ်တိုက်နဲ့ တူလေလေပါလား။

ပြီးတော့၊ ခဏနေရင် သခင်ကြီးရှန်းကို သူ ဘယ်လို ရှာရမလဲ။ သူ့ဘေးနားမှာ စောင့်နေမယ့်သူ တစ်ယောက်မှ မရှိဘူး၊ တစ်ဖက်လူရဲ့ယင်ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့အခါ ဘယ်သူက သူ့ကို စောင့်ရှောက်ပေးမှာလဲ။

အနီရောင် နတ်ဆိုးတိမ်တိုက်ကို နင်းလျက်။

ရှန်းယီ ဘောင်ကွက်ကို စိုက်ကြည့်လိုက်ရာ၊ ၎င်းအပေါ်ရှိ နတ်ဆိုးသက်တမ်း သည် ရံဖန်ရံခါ လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရလေသည်။

အများအားဖြင့် ဆယ်စုနှစ်ဖြစ်သော်လည်း၊ တစ်ခါတစ်ရံ နှစ်ပေါင်း ၄၀၀၊ ၅၀၀ ခန့် ပေါ်လာတတ်လေသည်။

ချင်းဟွာသည် တစ်ချိန်က နတ်ဆိုးဘုရင်မ တစ်ပါး ဖြစ်ခဲ့ဖူးရာ၊ နတ်ဆိုးဖမ်းစီးသူဖြစ်သော သူ့ထက်ပင် နတ်ဆိုးရှာဖွေရာတွင် ပိုမို ကျွမ်းကျင်လေ၏။

သူ ဘောင်ကွက်ကို ပိတ်လိုက်သည်၊ သူမကို ညွှန်ကြားရသည်မှာ ပျင်းစရာ ကောင်းလှပေ၏။

ရွှေရောင်လင်းတ ပင်ကိုယ်စွမ်းရည်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး၊ ပြည့်စုံသော ချီစစ်ဆေးခြင်း နည်းစနစ် နှင့် ပေါင်းစပ်ကာ၊ နတ်ဆိုးအငွေ့အသက်အများဆုံး စုဝေးနေသော နေရာများဆီသို့ ပျံသန်းသွားလိုက်လေသည်။

ရှန်းယီ၏စရိုက်လက္ခဏာအရ ဆိုလျှင်၊ သူသည် ပုံမှန်အားဖြင့် နတ်ဆိုးဘုရင်ကို ရှာဖွေရန် တိုက်ရိုက် သွားလေ့ရှိသည်။

သို့သော် စောစောက နန်ယွဲ့မြို့ကို မြင်တွေ့ပြီးနောက်၊ သူ စိတ်ပြောင်းလိုက်လေ၏။

နောက်ထပ် ခမ်းနားကြီးကျယ်သော မြို့တစ်မြို့သည် သူ့ခြေအောက်တွင် ပေါ်လာလေသည်။

နတ်ဆိုးသခင်တိုင်း နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး အိမ်တော်ထဲတွင် လိမ်လိမ်မ္မာမ္မာ ထိုင်စောင့်နေကြသော ဤကဲ့သို့အခြေအနေမျိုးကို ရှန်းယီ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူ နတ်ဆိုးတိမ်တိုက်ကို ရုတ်သိမ်းလိုက်လေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အောက်သို့ ဒုန်းစိုင်း ထိုးကျသွားကာ ကွဲအက်သံနှင့်အတူဆူညံသွားလေသည်။

ကျယ်ဝန်းသော အိမ်တော်ကြီးသည် ကြီးမားသော အားအင်အောက်တွင် ချက်ချင်းပြိုကျသွားပြီး၊ မြင့်မားသော တံတိုင်းများသည် ဖုန်မှုန့်များ အဖြစ်သို့ ကြေမွသွားလေ၏။

ဘုန်း

ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီးသည် တစ်မြို့လုံးကို တိတ်ဆိတ်သွားစေလေသည်။

အသက်ရှူချိန် အကြိမ် ၃၀ ခန့် ကြာပြီးနောက်၊ မီးခိုးများနှင့် ဖုန်မှုန့်များ ကွဲပြားသွားလေ၏။

မင်ရောင်ဝတ်စုံနှင့် ပုံရိပ်သည် အတွင်းမှ ထွက်လာပြီး၊ ခေါင်းကြေမွနေသော နတ်ဆိုးအလောင်း တစ်ခုကို ဆွဲလာလေသည်။

အလောင်းကို သယ်ဆောင်လျက်။

ရှန်းယီသည် တိမ်တိုက်ကို စီးကာ ကောင်းကင်ယံသို့ ထပ်မံပျံတက်သွားပြီး၊ ပါးစပ်ဖွင့်ကာ ၎င်းကို နတ်ဆိုးသွေး သုံးစက် အဖြစ်စုပ်ယူလိုက်လေသည်။

ထို့အပြင် သူ၏ နတ်အာရုံကို အသုံးပြု၍ ချင်းဟွာအား လာရောက် ရှင်းလင်းရန် အကြောင်းကြားလိုက်လေ၏။

ဤပြည်နယ်တွင် ကြီးမားသော စီရင်စုနယ်မြေ လေးခု ရှိပြီး၊ အနည်းဆုံး ခရိုင် ၁၀၀ သို့မဟုတ် ၂၀၀ ခန့် ရှိသဖြင့်၊ လုပ်စရာတွေ အများကြီး ရှိသေးသည်... သာမန် မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ရွေ့လျားနေသည့် အနီရောင် တိမ်တိုက်တစ်ခုသည် ဤနေရာကောင်းကင်ယံကို ဖြတ်ကျော်သွားလေ၏။

အလားတူ လှုပ်ရှားမှုများမှာ စီရင်စုမြို့ကြီး လေးမြို့လုံးတွင် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေလေ၏။

တစ်ချိန်တည်းမှာပင်။

ယင်ဝိညာဉ် တစ်ခုသည် ခရိုင်အသီးသီးသို့ လှည့်လည်သွားလာပြီး၊ စားသောက်နေကြသော၊ လောင်းကစား လုပ်နေကြသော၊ သို့မဟုတ် နွေးထွေးသော ကုတင်များနှင့် နူးညံ့သော ခေါင်းအုံးများပေါ်တွင် အိပ်စက်နေကြသော နတ်ဆိုးများ၏ အသက်ကို မျက်စိတစ်မှိတ် အတွင်း ရိတ်သိမ်းကာ၊ သူတို့၏ အလောင်းများကို သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းနေလေသည်။

လွန်ခဲ့သော ခဏလေးကပင် မာန်တက်နေခဲ့ကြသော နတ်ဆိုးများသည် ရှင်းပြ၍ မရနိုင်သော နည်းလမ်းဖြင့် မူလနေရာမှ ပျောက်ကွယ်သွားကြပြီး၊ ကြောင်အမ်းအမ်း ဖြစ်နေသော သာမန်ပြည်သူ တစ်စုကိုသာ ထားရစ်ခဲ့ကြလေ၏။

ထိုအချိန်တွင်၊နတ်ဆိုးနှိမ်နင်းရေးဌာန ထိန်းချုပ်ထားဆဲ ဖြစ်သော စီရင်စုလေးခု တွင်

ကျန်းရွှမ်သည် စုန့်ကျိုးမြို့တော် သို့ နောက်ဆုံးတွင် ရောက်ရှိလာပြီး၊ နတ်ဆိုးမြင်းနှစ်ကောင်သည် အလင်းတန်းများ အဖြစ်ပြောင်းလဲကာ ရုံးတော် တွင် ဆင်းသက်လိုက်လေ၏။

သူ မြင်းပေါ်မှ မဆင်းခင်မှာပင်၊ အသံကုန် အော်ဟစ်လိုက်၏။

"စစ်သူကြီးချုပ်"

သူ၏အသံသည် ကြီးမားသော ခေါင်းလောင်းသံကဲ့သို့ ရုံးတော်အတွင်း ပဲ့တင်ထပ်သွားလေ၏။

မရေမတွက်နိုင်သော တပ်မှူးများနှင့် ဒု-စစ်သူကြီးများသည် နေရာတွင် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး၊ ဤအသံမှာ နတ်ဆိုးနှိမ်နှင်းရေးစစ်သူကြီးကျန်း၏ အသံ ဖြစ်ကြောင်း သဘောပေါက်ရန် အချိန်အတော်ကြာ ယူလိုက်ရလေ၏။

သူသည် အမြဲတစေစိတ်ဒုက္ခရောက်နေသော ပုံစံရှိပြီး၊ ဤကဲ့သို့ စိတ်လှုပ်ရှားသော ခံစားချက်မျိုး မပြသသည်မှာ ကြာမြင့်လှပြီ။

ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်လှီသောအဘိုးအို တစ်ဦးသည် ရုံးတော်ထဲမှ လျင်မြန်စွာ ထွက်လာလေသည်။

သူသည် စုန့်ကျိုး၏စစ်သူကြီးချုပ်၊ယန်ချန်ရှန်း ပင်။

"မင်း ဗဟိုမြို့တော်ကနေ ပြန်လာတာလား"

သူ ရပ်တန့်လိုက်ပြီး၊ ကျန်းရွှမ် စီးနင်းလာသော နတ်ဆိုးမြင်းကို ဇဝေဇဝါ အမူအရာဖြင့် ကြည့်လိုက်လေ၏။

အကြေးခွံနက် ရေနဂါးမြင်း

ယန်ချန်ရှန်း မျက်လုံးများကို မှိတ်လိုက်ပြီး၊ ဤမြင်းသည် မည်သူ၏စီးတော်ယာဉ် ဖြစ်ကြောင်း နောက်ဆုံးတွင် ပြန်လည် သတိရသွားလေ၏။

နတ်ဆိုးနှိမ်နင်းရေးဌာန စစ်ဆေးရေးမှူး တစ်ဦးသာလျှင် ၎င်းကို အသုံးပြုနိုင်စွမ်း ရှိပေသည်။

သူ မျက်လုံးပြန်ဖွင့်ပြီး သူ့ဘေးနားရှိ ဗလာဖြစ်နေသော မြင်းကို ကြည့်လိုက်ရာ၊ အသံများ အနည်းငယ် တုန်ခါသွားလေ၏။

"သခင်ကြီးချန် မဟာချန်ကို ပြန်ရောက်လာတာလား"

All Chapters