← Chapters

ငါက ကြက်သွေးနီမျက်လုံးနတ်သခင်ပဲ

Vol. 23 Ch. 226

ငါက ကြက်သွေးနီမျက်လုံးနတ်သခင်ပဲ

Vol. 23 Ch. 226

မဟာလနတ်ဆိုးဘုရင်ကို ဖမ်းဆီးပြီးနောက် ရေနဂါးအင်မော်တယ်ကို နတ်ဆိုးဘုရင်အဆင့် ရောက်ရှိသည်အထိ နတ်ဆိုးသွေးများတိုက်ကျွေးခဲ့ပြီးပြီ ဖြစ်ရာ...

ယခုအချိန်တွင် ရှန်းယီ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သာမန်နတ်ဆိုးများ ယှဉ်ပြိုင်နိုင်သည့် အနေအထားထက် အဆပေါင်းများစွာ သာလွန်နေပြီ။

သူသည် လက်သီးတစ်ချက်တည်းဖြင့် ဝက်ဝံနက်နတ်ဆိုး၏ ခေါင်းကို တောင်နံရံထဲသို့ နစ်ဝင်သွားအောင် ထိုးနှက်လိုက်၏။

ထို့နောက် ခေါင်းကို ပြန်ဆွဲထုတ်ကာ နောက်ထပ် လက်သီးတစ်ချက် ထပ်မံ ပစ်သွင်းလိုက်ပြန်သည်။

"ဒီအရှင်သခင်... ငါက နတ်ဘုရားပဲကွ... မင်းလို တိရစ္ဆာန်က..."

ဝက်ဝံနက်အိုကြီး၏မျက်လုံးနှစ်လုံးစလုံး ကြေမွသွားပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူသည် မတ်တတ်ရပ်ရန် အသည်းအသန် ရုန်းကန်နေရရှာသည်။

သို့သော် သူ ထထိုင်လိုက်တိုင်း ရှန်းယီက ခြေထောက်ဖြင့် ဝှေ့ကန်လိုက်သဖြင့် မြေကြီးပေါ်သို့ ပြန်လည် မှောက်ကျသွားရမြဲပင်။

လက်သီးမိုးတို့သည် မုန်တိုင်းသဖွယ် ရွာသွန်းကျဆင်းလာ၏။

"ကျယ်ကျယ်ပြောစမ်း၊ ငါမကြားရဘူး"

နားထဲသို့ ဝင်ရောက်လာသော ဂရုမစိုက်သည့် လေသံကို ကြားလိုက်ရသဖြင့် ဝက်ဝံနက်သည် သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ဟကာ အော်ဟစ်လိုက်သည်။

"ငါက—"

မင်ရည်ရောင် အင်္ကျီလက်မောင်းအောက်မှ ဖြူဖျော့သောလက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ဝက်ဝံနက်၏ မေးရိုးအောက်ကို ဖောက်ထွင်းလိုက်ကာ လျှာကိုပါ တစ်စစီ ကြေမွသွားစေလေ၏။

"ဘာဖြစ်တယ် ဟုတ်လား"

"အစ်... ဝူး..."

ဝက်ဝံနက်နတ်ဆိုးသနားစဖွယ် ညည်းညူအော်ဟစ်လိုက်၏။ လက်ကို ပြန်ရုတ်လိုက်သည်နှင့်တပြိုင်နက် သူ၏ ဦးခေါင်းခွံ တစ်ခြမ်းပါ ရိုက်ခွဲခံလိုက်ရလေ၏။

သူသည် ကြက်သွေးနီမျက်လုံးနတ်ဘုရား ဖြစ်၏။ ခမ်းနားထည်ဝါသောသံချပ်ကာကို ဝတ်ဆင်ထားပြီး တောက်ပသော အနီရောင်အမွေးများဖြင့် ဖုံးလွှမ်းထားသူ ဖြစ်သည်။

နတ်ဘုရားစစ်သူကြီး တစ်ပါးကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် အားကျဖွယ် ကောင်းလှသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူသည် မြေကြီးပေါ်တွင် လဲလျောင်းနေရုံမှတပါး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

ရှန်းယီသည် အခြားမည်သည့်အရာကိုမျှ မသုံးခဲ့သလို ခါးမှ ဆေဘာဓားကိုပင် မထိတွေ့ခဲ့ပေ။

သူ၏ လက်သီးချက်များသည် တစ်ခဏလေးမျှပင် ရပ်တန့်ခြင်း မရှိခဲ့ချေ။

သူ၏ လက်မောင်းများ ကိုက်ခဲလာပြီး တစ်ကိုယ်လုံးတွင် ပျစ်ချွဲသော သွေးများ ပေကျံသွားမှသာ ဝက်ဝံနက်၏ အလောင်းပေါ်မှ ဖြည်းဖြည်းချင်း ကိုယ်ကို မတ်လိုက်တော့သည်။

တောင်တစ်ခုလုံးသည် ယိမ်းယိုင်နေပြီး အချိန်မရွေး လုံးဝ ပြိုကျသွားတော့မည့်ပုံ ပေါက်နေလေ၏။

သွေးများဖြင့် စိုရွှဲနေသော မင်ရည်ရောင်ဝတ်ရုံသည် တောင်ခြေရှိ လူတိုင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ထိုလူငယ်သည် ကြီးမားလှသော ဝက်ဝံနက်အလောင်းကြီးပေါ်တွင် ရပ်နေ၏။ သူ၏ ပုံရိပ်သည် သေးငယ်သော်လည်း ဖိနှိပ်ထားသော အရှိန်အဝါက လူတိုင်းကို အသက်ရှူမှားလောက်အောင် ဖြစ်စေခဲ့သည်။

"..."

သူသည် ခြေအောက်ရှိ အလောင်းကို ခေတ္တမျှ တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်သည်။

ထို့နောက် လက်ကို ဝှေ့ယမ်းကာ သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်၏။

သူသည် ကိုယ်ကို လှည့်ကာ တောင်အောက်သို့ လျှောက်ဆင်းလာခဲ့သည်။

"ဒါက..."

ယန်ချန်ရှန်းသည် လေထဲတွင် မျောလွင့်နေဆဲ ဖြစ်သည်။ နတ်ဆိုးသတ်ဖြတ်ရာတွင် သူဝင်မပါနိုင်ဟု ခံစားခဲ့ရပြီး ယခု နတ်ဆိုး အသတ်ခံလိုက်ရသောအခါ ယခင်ကထက် ပို၍ပင် အံ့သြမှင်သက်သွားရလေသည်။

ဝူသိုင်းဘုံကျောင်း တပည့်လား... ယင်ဝိညာဉ် ကျင့်ကြံသူလား...

ယင်ဝိညာဉ်က ဘယ်မှာလဲ။

သူ မြင်လိုက်ရသည်မှာ လူပုံစံနတ်ဆိုးတစ်ကောင်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် ကြက်သွေးနီမျက်လုံးနတ်ဆိုးဘုရင်၏ ခေါင်းကို သွေးသံရဲရဲ အရိုးအသားစများ ဖြစ်သွားအောင် ရိုက်နှက်လိုက်သည်ကိုသာ ဖြစ်သည်။

ဤ ကြက်သွေးနီမျက်လုံးနတ်ဆိုးဘုရင်သည် နယ်မြေအလယ်တွင် အခိုင်အမာ နေရာယူထားပြီး နတ်ဆိုးနှိမ်နင်းရေးဌာန နှင့် အခြား နတ်ဆိုးဘုရင်တစ်ပါးကို တစ်ပြိုင်နက်တည်း ဖိအားပေးထားနိုင်ခဲ့သူ ဖြစ်သည်။

အမှန်တကယ်ပင် အာဏာစက်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်လှသည်။

သို့သော် စစ်ဆေးရေးမှူး၏ လက်ထဲတွင်မူ သူသည် ကလေးတစ်ယောက်ကဲ့သို့ ဘာမှ မတတ်နိုင် ဖြစ်ခဲ့ရလေ၏။

ကြည့်ရှုနေသူများအဖို့ ရင်ဘတ်ထဲတွင် မွန်းကြပ်သလို ခံစားလိုက်ရသည်။ တောင်ခြေရင်းတွင်မူ...

ပြိုလဲနေသော ကျောက်ရုပ်တုများ၊ မှောက်ခုံဖြစ်နေသော ယဇ်ပလ္လင်များ၊ ကျိုးပဲ့နေသော သစ်သားများနှင့် ကျောက်ခဲအကျိုးအပဲ့များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဖရိုဖရဲ ဖြစ်နေလေ၏။

ရှန်းယီသည် လူအုပ်ကြီး၏ ဘေးသို့ လျှောက်သွားလိုက်ရာ ပြင်းထန်သော သွေးညှီနံ့များ လေထဲတွင် ပျံ့လွင့်သွားသည်။

"စစ်ဆေးရေးမှူး"

ကျန်းရွှမ်သည် ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်လျက် အရိုအသေ ပြုလိုက်သည်။

သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေ၏။

ယခုလေးတင် မြင်တွေ့လိုက်ရသော မြင်ကွင်းသည် ယင်ဝိညာဉ်ကျင့်ကြံသူများအပေါ် သူ၏ အမြင်ဟောင်းများကို လုံးဝ ရိုက်ချိုးဖျက်ဆီးလိုက်ပြီ ဖြစ်သည်။

မူလက ဟွမ်ယွမ်အဆင့် သိုင်းဝိဇ္ဇာကြီးများသာ ကိုးပြည်နယ်အားလှည့်လည်စစ်ဆေးနိုင်သည် မဟုတ်ပါလော။

အကယ်၍ တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များကိုပါ တွဲဖက်လေ့ကျင့်ထားပါက သိုင်းဝိဇ္ဇာတစ်ပါးလည်း ဖြစ်လာနိုင်သည်ပင်။

သခင်ကြီးရှန်း၏ စွမ်းဆောင်ရည်ကို ကြည့်ပြီးနောက် ကျန်းရွှမ် ခံစားမိသည်မှာ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်တိုက်ခိုက်လျှင် ဟွမ်ယွမ်အဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် စစ်ဆေးရေးမှူးကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။

"ဟူး... ဟူး..."

သာမန်ပြည်သူအများစုသည် ကြောက်လန့်တကြားဖြင့် မြေကြီးတွင် ခေါင်းမြှုပ်ထားကြပြီး တုန်ရီနေကြကာ မော့ကြည့်ရန်ပင် မရဲကြချေ။

ယခုလေးတင် ဖြစ်ပျက်ခဲ့သော ကမ္ဘာပျက်မတတ် မြင်ကွင်းသည် သူတို့အတွက်တော့ ဒဏ္ဍာရီလာ မသေမျိုးများ၏ တိုက်ပွဲများနှင့် မခြားနားပေ။

သူတို့ နေ့ညမပြတ် ကိုးကွယ်ပသခဲ့ရသော ကြက်သွေးနီမျက်လုံးနတ်သခင်သည် နာကျင်စွာ အော်ဟစ်သံများနှင့် မျှော်လင့်ချက်မဲ့သော အသံများကိုသာ ချန်ထားရစ်ခဲ့လေသည်။

ဆန်းကြယ်သံချပ်ကာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားကြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သော အချိန်ကျမှသာ...

စစ်ဆေးရေးမှူးဟူသော ဘွဲ့ထူးသည် သာမန်လူများ ထိတွေ့ခွင့်ရနိုင်သည့် အရာမဟုတ်ပေ။

သို့သော် စုန့်ပြည်နယ်ရှိ သာမန်ပြည်သူများ အနေဖြင့် သူတို့တစ်ချိန်က တောင့်တမျှော်လင့်ခဲ့ဖူးသော ဆန်းကြယ်သံချပ်ကာနှင့် အနီရောင်ဝတ်ရုံကို မည်သို့လုပ် မမှတ်မိဘဲ နေမည်နည်း။

ထို့အပြင် ယခုအချိန်တွင် ထို နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီးသည် လူငယ်လေးကို အလွန်လေးစားသော အမူအရာဖြင့် ဂါရဝပြုနေလေ၏။

စီရင်စုလေးခုမှ ပြည်သူများသည် သူတို့၏ အချည်းနှီးသော စိတ်ကူးယဉ်မှုများကို စွန့်လွှတ်ထားခဲ့ကြသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

သူတို့၏ မိတ်ဆွေ သူငယ်ချင်းများနှင့် မိသားစုဝင်များ မီးဖိုချောင်ထဲသို့ ပို့ဆောင်ခံရပြီး စားပွဲဝိုင်းပေါ် ရောက်ရှိသွားသည်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးနောက်... တိမ်တိုက်သင်္ကေတဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်များသည် ဘယ်တော့မှ ပေါ်လာမည် မဟုတ်ကြောင်း လက်တွေ့ဘဝကို လက်ခံထားခဲ့ကြပြီ ဖြစ်သည်။

အခုတော့... ဒီအရှင်သခင်တွေ တကယ် ပြန်ရောက်လာကြပြီလား။

"လူအင်အား အမြန်စီစဉ်ပြီး စီရင်စုလေးခုကို သေချာ ထပ်မံရှင်းလင်းလိုက်၊ ဘယ်နတ်ဆိုးမှ လွတ်မသွားစေနဲ့"

ရှန်းယီ ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူကို ထရပ်ရန် အချက်ပြလိုက်၏။

ချင်းဟွာသခင်မ သည် မည်မျှပင်အတွေ့အကြုံရှိပါစေ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် လက်ရှိ ယင်ဝိညာဉ်သည် အလွန်အမင်း စွမ်းအားကြီးမားလွန်းသဖြင့် သူမအနေဖြင့် ထိန်းချုပ်ရန် ခက်ခဲလှသည်။ ဖြည့်ဆည်းပေးမည့် အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများ ကင်းမဲ့နေသဖြင့် သူမသည် အပြင်လောကတွင် အမြဲတမ်း လျှောက်သွားနေ၍ မရနိုင်ပေ။

ဤစကားကို ကြားလိုက်ရသောအခါ...

မြေကြီးပေါ်တွင် ဝပ်နေကြသော လူအားလုံးသည် အကြောင်းပြချက်မရှိဘဲ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး လေးလံသော ခန္ဓာကိုယ်များကို လက်မောင်းများက မထောက်ပံ့နိုင်တော့ချေ။

အကယ်၍ စူးရှသော သွေးညှီနံ့များကြောင့် ကြောက်လန့်နေခြင်း မရှိပါက အချို့သူများသည် ထိန်းချုပ်မရဘဲ ငိုကြွေးမိကြတော့မည်။

ဒါဟာ တခြားနတ်ဆိုးတစ်ကောင် လာရောက်ကျူးကျော်တာ မဟုတ်ဘူး... တစ်ဖက်လူက နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့အရှင်သခင်အစစ် ဖြစ်ပြီး နတ်ဆိုးတွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်ယူပေးဖို့ လူတွေ ခေါ်လာတာပဲ။

သာမန်ပြည်သူများနှင့် နှိုင်းယှဉ်လျှင် ကျန်းရွှမ်၏ အခြေအနေမှာလည်း သိပ်မထူးခြားလှပေ။

သေချာ ထပ်မံရှင်းလင်းလိုက် ဆိုတာ ဘာသဘောလဲ။

သခင်ကြီးရှန်းက ကျန်ရှိနေတဲ့ စီရင်စုလေးခုနဲ့ တခြား မြို့ပေါင်းတစ်ရာကျော်ကိုပါ သွားရောက်ရှင်းလင်းပြီးပြီလို့ ဆိုလိုတာလား။

"လက်အောက်ငယ်သား နာခံပါ့မယ်"

ကျန်းရွှမ်သည် ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လျက် ကမန်းကတန်း ဦးညွှတ်ကာ ပြန်ဖြေလိုက်၏။

သူ့ဘေးတွင် ယန်ချန်ရှန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ပိန်လှီနေသော ရုပ်သွင်နှင့် တုန်ရီနေသော လှုပ်ရှားမှုများက သူ့ကို နေဝင်ချိန် ရောက်နေသော အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေစေသည်။

"စုန့်ပြည်နယ် စစ်သူကြီး ယန်ချန်ရှန်းက စစ်ဆေးရေးမှူးကို ဂါရဝပြုပါတယ်"

သူသည် ခါးကို ကိုင်းညွတ်၍ အရိုအသေ ပေးလိုက်၏။

ထို့နောက် အဘိုးအိုသည် ဒူးထောက်ချလိုက်ပြီး "ချန်ရှန်း အရည်အချင်းမရှိလို့ ကာကွယ်မှု ညံ့ဖျင်းခဲ့ပါတယ်၊ သခင်ကြီးရှန်း အပြစ်ပေးပါ" ဟု ပြောလိုက်လေသည်။

နတ်ဆိုးကပ်ဘေးကြီးကို တစ်ဖက်လူက လွယ်ကူစွာ ဖြေရှင်းပေးလိုက်ခြင်းသည် ယန်ချန်ရှန်းကို စိတ်လှုပ်ရှားစေသော်လည်း တစ်ဖက်တွင် နာကျင်မှုကိုပါ ပေးစွမ်းနေသည်။ သူသည် အလယ်အလတ်အဆင့် သိုင်းဝိဇ္ဇာသို့ မည်သို့ ချိုးဖျက်ဝင်ရောက်ရမည်ကို တွေးတောရင်း နေ့ရက်များကို ကုန်ဆုံးခဲ့၏။ အကယ်၍ ဖြုန်းတီးခဲ့သော ထိုအချိန်များကို ခန္ဓာကိုယ်သန့်စင်ခြင်းတွင် အသုံးပြုခဲ့မည် ဆိုပါက... စုန့်ပြည်နယ်သည် ယခုကဲ့သို့ အခြေအနေဆိုးသို့ ရောက်ချင်မှ ရောက်မည် ဖြစ်သည်။

"ငါက ဒါတွေကို စိတ်မဝင်စားဘူး"

ရှန်းယီ ခေါင်းခါလိုက်၏။ သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်ရှိသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။

ဆုပေးဒဏ်ပေး စည်းမျဉ်းများကို သူ မည်သို့ နားလည်မည်နည်း။

သူ နားမလည်သော ကိစ္စများတွင် ဝင်ပါလိမ့်မည် မဟုတ်ပေ။

သူသည် သတင်းကို ဌာနချုပ်သို့ ပြန်သယ်သွားမည် ဖြစ်ပြီး မည်သို့ ကိုင်တွယ်ရမည်ကို နားလည်သူများ ရှိပေလိမ့်မည်။

အကယ်၍ ထိုစည်းမျဉ်းများကို ဘေးဖယ်ထားပြီး ရှန်းယီ၏ အမြင်သက်သက်ဖြင့် ကြည့်မည် ဆိုပါက...

ကျန်းယွမ်ဟွာ သည် နတ်ဆိုးဘုရင် နှစ်ပါးနှင့် ရင်ဆိုင်ခဲ့ရပြီး ချင်ပြည်နယ်တစ်ခုလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။ ဤအဘိုးကြီး၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်းယွမ်ဟွာလောက် မမြင့်မားသော်လည်း ပြည်နယ်တစ်ဝက်ကို ကာကွယ်ထားနိုင်ခဲ့သဖြင့် တာဝန်ပေါ့လျော့သည်ဟု မယူဆနိုင်ပေ။

"မင်းကိစ္စတွေ အရင်ရှင်းလိုက်ဦး၊ ပြီးရင် တခြား နတ်ဆိုးဘုရင်အကြောင်း သတင်းအချက်အလက်တွေ စုစည်းဖို့ နတ်ဆိုးဖမ်းစီးသူတွေကို စုစည်းလိုက်၊ ငါ နောက်မှ လာယူမယ်"

ရှန်းယီသည် နတ်ဆိုးတိမ်တိုက်ပေါ်သို့ တဖန် ပြန်တက်လိုက်သည်။ စုန့်ပြည်နယ်၏ နတ်ဆိုးကပ်ဘေး ပြီးသွားပြီ ဖြစ်သော်လည်း သူ့ကိစ္စများက မပြီးပြတ်သေးချေ။

"လက်အောက်ငယ်သား နားလည်ပါပြီ"

ယန်ချန်ရှန်း ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ရာ ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

သခင်ကြီးရှန်းက စုန့်ပြည်နယ်ကို လာရောက်စစ်ဆေးတာ မဟုတ်ဘူးလို့ သူ ဘာကြောင့် ခံစားနေရတာလဲ။

တစ်ဖက်လူက စုန့်ပြည်နယ်ရှိ နတ်ဆိုးနှိမ်နင်းရေးဌာန၏ကိစ္စရပ်များကို သိပ်ဂရုစိုက်ပုံ မရပေ။

ရှန်းယီ တိမ်တိုက်စီး၍ ထွက်ခွာသွားသည်ကို ကြည့်ရင်း အချိန်အတော်ကြာမှ ယန်ချန်ရှန်း အကြည့်လွှဲလိုက်၏။

သူသည် လှည့်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေသော ကျန်းရွှမ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

"မင်းပြောတော့... ခန္ဓာကိုယ်သန့်စင်ခြင်းကို အနည်းငယ် နားလည်တယ် ဆို"

အတူတူအလုပ်လုပ်သည်မှာ ဤမျှထိကြာပြီဖြစ်သော်လည်း၊ သူ့၏နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး မှာ ယခုလောက် အာပေါင်အာရင်းသန်မှန်း သူ တကယ် မသိခဲ့ပေ။

"အဲဒါ ကျွန်တော်ပြောခဲ့တဲ့စကား မဟုတ်ဘူးလေဗျာ"

ကျန်းရွှမ်၏ ပါးစပ် နှစ်ချက်မျှ လှုပ်သွားသည်။

သခင်ကြီးရှန်းက ဒီလောက်ထိ နှိမ့်ချတတ်မှန်း သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။

All Chapters