← Chapters

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်နှင့် ဟွမ်ယွမ်အရှင်သခင်အား တုန်လှုပ်စေခြင်း

Vol. 23 Ch. 229

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်နှင့် ဟွမ်ယွမ်အရှင်သခင်အား တုန်လှုပ်စေခြင်း

Vol. 23 Ch. 229

(ပြည်နယ်ရဲ့စစ်သူကြီးက စစ်သူကြီးချုပ်နဲ့အတူဘဲနော် နောက်ပိုင်းနေရာတွေက ကျနော်တမင်မရေးထားတာပါ)

စုန့်ပြည်နယ် မြို့တော်

ယန်ချန်ရှန်း သည် ကိစ္စအဝဝကို စေ့စပ်သေချာစွာ စီစဉ်ပြီးနောက် ပြည်သူများကို မည်သို့ နှစ်သိမ့်ရမည်ကို နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး များအား လမ်းညွှန်မှာကြားလိုက်လေ၏။

ပြည်နယ်တစ်ခု၏ စစ်သူကြီး တစ်ဦးအနေဖြင့် စစ်ဆေးရေးမှူး ရှေ့မှောက်တွင် သူ၏ အင်အားမှာ ပြောပလောက်အောင် မရှိသော်လည်း ဤကဲ့သို့သော ရှုပ်ထွေးပွေလီသည့် အသေးစိတ် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်မူ သူသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်ပေသည်။

လစ်ဟင်းမှု တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးနောက်။

ယန်ချန်ရှန်းသည် သူ၏ နတ်ဆိုးမြင်းကို စီးနင်းကာ သခင်ကြီးရှန်း နှင့်အတူ စုန့်ပြည်နယ်မှ ထွက်ခွာလာခဲ့လေ၏။

ယုတ္တိရှိစွာဆိုရလျှင် ကြီးလေးသော အမှားတစ်ခု ကျူးလွန်ခဲ့သည့်အတွက် သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားသင့်သည် မဟုတ်ပါလော။

ကံကောင်းထောက်မစွာပင် သခင်ကြီးရှန်းသည် သဘောထားကြီးမားစွာဖြင့် သူ့အား ပြင်းထန်သော စကားတစ်ခွန်းဖြင့်ပင် ပြစ်တင်ခြင်း မရှိခဲ့ပေ...။

အမှန်စင်စစ်တွင်လည်း သခင်ကြီးရှန်းသည် အခြားမည်သည့်စကားကိုမှ မပြောခဲ့ခြင်းသာ ဖြစ်သည်။

အနက်ရောင်ကြေးခွံ ရေနဂါးမြင်း ၏ အားကောင်းသော ခွာသံများအောက်တွင် စုန့်ပြည်နယ်မှ ဗဟိုမြို့တော်သို့ ခရီးစဉ်သည် ဆယ်ရက်ပင် မကြာလိုက်ချေ။

ထိုနှစ်ဦး ခရီးနှင်နေချိန်၌

ဗဟိုမြို့တော်ရှိ ဝူသိုင်းဘုံကျောင်း သို့ ရှားပါးသော ဧည့်သည်တစ်ဦး ရောက်ရှိလာလေသည်။

အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဘုံကျောင်းအစောင့်အရှောက် လေးဦးသည် သူတို့၏ သန့်စင်ခြင်း လုပ်ငန်းစဉ်များကို ခေတ္တရပ်နားကာ စုဝေးရောက်ရှိလာကြ၏။

သူတို့၏ အဆင့်အတန်းအရ ဘေးဘက်တွင်သာ ထိုင်ခွင့်ရကြသည်။

စားပွဲထိပ်တွင်မူ အနက်နှင့်အဖြူ ရောစပ်ထားသော လက်ကျယ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆိတ်မွေးမုတ်ဆိတ်ရှည် ထားရှိသည့် လူတစ်ယောက် ထိုင်နေလေ၏။

"ရွှမ်ကွမ်းဂူက ချန်ချင်းသိုင်းဝိဇ္ဇာ အနေနဲ့ ကျွန်ုပ်တို့ရဲ့ မဟာချန်မင်းဆက်ကို ဘယ်လိုကိစ္စများ ရှိလို့ ကြွမြန်းလာတာပါလဲ"

ဝူတောက်အန်း သည် မနှိမ့်ချလွန်း၊ မမောက်မာသောပုံစံဖြင့် မတ်တတ်ရပ်ကာ မေးမြန်းလိုက်၏။

"ဒီအတိုင်း လျှောက်သွားနေရင်း ဝင်လာတာပါ"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် ရေနွေးကြမ်းကို ပေါ့ပေါ့ပါးပါး တစ်ငုံသောက်လိုက်ပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ညင်သာစွာ ချကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေ၏။

"ပြီးတော့ ဟွမ်ယွမ်အဆင့်ပုဂ္ဂိုလ်တစ်ဦး ကံမကောင်းစွာ ကျဆုံးသွားကြောင်း လာအသိပေးတာ"

စကား၏ ပထမတစ်ဝက်ကို ကြားသောအခါ ဘုံကျောင်းအစောင့်အရှောက် လေးဦးစလုံး၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော်လည်း နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသောအခါ လေးဦးစလုံး မသိစိတ်မှ အံကို တင်းတင်းကြိတ်လိုက်မိကြ၏။

ဝူတောက်အန်း၏ ဝတ်ရုံလက်ထဲမှ လက်သီးသည် ရုတ်တရက် တင်းခနဲ ဆုပ်ကိုင်မိသွား၏။

ခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်။

သူသည် အေးစက်စွာ ပြောလိုက်၏။

"ကျုပ်တို့ သိပါပြီ"

မဟာချန်မင်းဆက် တွင် ဟွမ်ယွမ်အဆင့် ပုဂ္ဂိုလ်ကြီး ခုနစ်ဦးသာ ကျန်ရှိတော့ပြီး ယခု နောက်ထပ်တစ်ဦး ရှင်းပြချက်မရှိဘဲ ကျဆုံးသွားခဲ့ရပြန်ပြီ။

သို့သော် ရွှမ်ကွမ်းဂူမှ လူသည် ပုံမှန်အတိုင်း ပြုမူနေရုံသာမက အကြောင်းရင်းကိုပင် ရှင်းပြရန် ဝန်လေးနေပုံ ရပေသည်။

"တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျုပ်တို့ကို ခွင့်ပြုပါဦး"

သူတို့သည် ရိုင်းစိုင်းသော သိုင်းသမားများ ဟု ပြောဆိုလေ့ ရှိကြသော်လည်း လက်တွေ့တွင်မူ ဝူသိုင်းဘုံကျောင်း တပည့်များအားလုံးသည် သူတို့နှင့် ဟွမ်ယွမ်အရှင်သခင် များသည် ညီအစ်ကိုများကဲ့သို့ မဟာချန်မင်းဆက်ကို ကာကွယ်စောင့်ရှောက်ရန် မြှုပ်နှံထားသူများ ဖြစ်ကြောင်း သိရှိကြပေသည်။

ယခုအချိန်တွင် သူတို့ မည်သို့ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။

သို့သော် သူတို့၏ ဒေါသကို ထုတ်ဖော်ပြသ၍ မရပေ... ပုံမှန်မဟုတ်သော မျက်နှာထား အနည်းငယ် ပြမိလျှင်ပင် ရွှမ်ကွမ်းဂူကို အမျက်ဒေါသ ထွက်စေနိုင်ပြီး အပြင်ဘက်ရှိ ဟွမ်ယွမ်အရှင်သခင် များအတွက် ပိုမိုမတရားသော ဆက်ဆံမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။

ဝူတောက်အန်းသည် လှည့်ထွက်ရန် ပြင်လိုက်၏။

"ခဏလေး"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် ရုတ်တရက် လက်ကာပြလိုက်ပြီး သူတို့ကို တားဆီးလိုက်၏။

"ငါ့မိတ်ဆွေကောင်းရဲ့ အကူအညီတောင်းခံမှုအရ မင်းတို့ဆီကနေ လူငယ်မိတ်ဆွေတစ်ယောက်ကို ရှာဖွေပေးဖို့ တာဝန်ရှိနေတယ်"

ဘုံကျောင်းအစောင့်အရှောက်များ ခြေလှမ်းတုံ့သွားပြီး ပြန်လှည့်ကြည့်လိုက်ကြ၏။

"..."

"ငါ့မိတ်ဆွေကောင်းက ချင်းချိုရဲ့ အကြီးအကဲတစ်ဦးပါ။ သူ့ရဲ့ တပည့်နှစ်ယောက် လေ့ကျင့်ရေးဆင်းသွားကြရာမှာ တစ်ယောက်က မဟာချန်နယ်မြေထဲမှာ ရုတ်တရက် ပျောက်ဆုံးသွားတယ်"

ချန်ချင်းသိုင်းဝိဇ္ဇာ မျက်ခုံးပင့်လိုက်၏။

"မင်းတို့ဆီမှာ သတင်းအချက်အလက် တစ်ခုခုများ ရှိမလား"

ဝူတောက်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"ကျုပ်တို့ မသိပါဘူး။ တကယ်လို့ ရှာဖွေဖို့ အကူအညီ လိုအပ်မယ်ဆိုရင် ကျွန်ုပ်တို့ အကောင်းဆုံး ကူညီပေးပြီး ပြည်နယ်ကိုးခုလုံးကို လူလွှတ် စုံစမ်းပေးပါ့မယ်"

"ကျေးဇူးပါပဲ... ဒါပေမဲ့ ဝူသိုင်းဘုံကျောင်း တပည့်တွေကို ဒုက္ခပေးဖို့ မလိုပါဘူး"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် ဖျော့တော့စွာ ပြုံးလိုက်ပြီး ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်လေသည်။

"အဲ့ဒီ ချင်းချိုတပည့်ရဲ့ စီနီယာတပည့်က မင်းတို့အတွက် သတင်းအချက်အလက်တွေ စုဆောင်းပြီးပါပြီ။ သူ့ဂျူနီယာ ပျောက်ဆုံးသွားတဲ့ နေရာက ချင်ပြည်နယ်၊ ယန်အန်းစီရင်စု ဖြစ်တယ်။ သူက ချင်ပြည်နယ်စစ်သူကြီး ကျန်းယွမ်ဟွာ ဆီကို စာပို့မေးမြန်းခဲ့ပေမဲ့ ပြန်ရတဲ့ အဖြေကတော့... ဟင်း"

"မသိဘူး၊ မရှင်းဘူး၊ မေးစရာရှိရင် ဝူသိုင်းဘုံကျောင်း ကို သွားမေး ဆိုပဲ"

သိုင်းဝိဇ္ဇာ၏ အနည်းငယ် ရွဲ့တဲ့တဲ့ စကားဆုံးသွားသောအခါ။

ဝူတောက်အန်း၏ မျက်ခွံများ နှစ်ချက် လှုပ်ခတ်သွားလေ၏။

"..."

ကျန်း ဆိုတဲ့ကောင်က အဲ့လောက်တောင် ကျောရိုးတောင့်တာလား။

"ချင်းချို နဲ့ ငါတို့ သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့က ဘယ်တုန်းကမှ ရန်ငြိုးမရှိခဲ့ဖူးဘူး။ ပြီးတော့ သူတို့က ငါတို့ ရွှမ်ကွမ်းဂူ အနေနဲ့ အင်တိုက်အားတိုက် စည်းရုံးနေရတဲ့ အင်အားစုတွေထဲက တစ်ခုပဲ။ ဝူသိုင်းဘုံကျောင်း အနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ငါတို့လည်း မဟာချန်က ဟွမ်ယွမ်အရှင်သခင်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဒီလို လုပ်နေရတာပါ"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် မတ်တတ်ရပ်လိုက်ပြီး ကျောက်စိမ်းပြားကို စားပွဲပေါ် တင်လိုက်လေသည်။

"သူ့ရဲ့ စီနီယာတပည့်က စုံစမ်းစစ်ဆေးတာ ပြီးသလောက် ရှိနေပါပြီ။ အဲ့ဒီအချိန်တုန်းက မြောက်ဘက်ကမ်းပါးကို ဖြတ်သန်းသွားတဲ့ အမြုတေဖြစ်တည်ခြင်းအဆင့်အထက် သိုင်းပညာရှင် သုံးယောက်ပဲ ရှိတယ်။ နှစ်ယောက်က အရမ်းအားနည်းတော့ ချင်းချိုတပည့်အတွက် ခြိမ်းခြောက်မှု မရှိနိုင်ဘူး။ ကျန်တဲ့ တစ်ယောက်တည်းသာ လေထဲကနေ ရုတ်တရက် ပေါ်လာသလိုမျိုး သတင်းအချက်အလက် သိပ်မရှိတဲ့သူ ဖြစ်နေတယ်"

"အဲ့ဒီလူကို ငါ့ဆီ ခေါ်လာပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ငါ့မိတ်ဆွေဟောင်းကို ဖြေရှင်းချက် ပေးနိုင်မှာ။ ချင်းချိုဘက်က တိကျတဲ့ အကြောင်းရင်းကို စုံစမ်းပါလိမ့်မယ်။ တကယ်လို့ သူ့ဘက်က ဘာမှ မပတ်သက်ဘူးဆိုရင် ငါကိုယ်တိုင် မဟာချန်ကို ပြန်လိုက်ပို့ပေးမယ်"

ဘုံကျောင်းအစောင့်အရှောက် အများစုသည် စိတ်ရှည်လက်ရှည် နားထောင်နေကြသော်လည်း သူတို့၏ ဒေါသမှာ ပိုမို ပြင်းထန်လာနေ၏။

ချင်းချို သည် ကြားနေအဖွဲ့အစည်း ဖြစ်သော်လည်း သူတို့သည် မြေခွေးနတ်ဆိုး တစ်စုသာ ဖြစ်ပေသည်။ မဟာချန်မင်းဆက် အနေဖြင့် သူတို့ကို ရန်မစခြင်းက ကိစ္စတစ်ပိုင်း ဖြစ်သော်လည်း ယခုကဲ့သို့ လူလွှတ်ပြီး ဖြေရှင်းချက် လာတောင်းရဲခြင်းကတော့ လွန်လွန်းနေပေပြီ။

အကယ်၍ မဟာချန်သာ အထွတ်အထိပ် အချိန်တွင် ရှိနေပါက မဟာချန်မှ တစ် ဆိုလျှင် ချင်းချိုက နှစ် ဟု ပြောရဲပါမည်လော။

တပည့်တစ်ယောက် ထားပါဦး၊ သူတို့၏ အကြီးအကဲကို သတ်လိုက်လျှင်ပင် ဘာတတ်နိုင်မည်နည်း။

ဝူတောက်အန်း သည် အသက်ပြင်းပြင်း ရှူလိုက်၏။

"သိုင်းဝိဇ္ဇာ ရှာနေတဲ့သူက ဘယ်သူများပါလဲ"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် စားပွဲပေါ်ရှိ ကျောက်စိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အာရုံစွမ်းအားဖြင့် ထိတွေ့ကာ ခေတ္တမျှ ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ချင်ပြည်နယ်က ရှန်းယီ"

ထိုစကားကို ကြားသောအခါ ကျန်ရှိသော ဘုံကျောင်းအစောင့်အရှောက် သုံးဦးမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

"..."

ဝူတောက်အန်းမှာမူ တစ်ခဏမျှ အေးခဲသွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုပေါ်လာကာ နောက်ကျိနေသော မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ လှိုင်လှိုင်ထွက်ပေါ်လာလေ၏။

"သိုင်းဝိဇ္ဇာ အနေနဲ့ ထပ်ပြောရဲမလား... ခင်ဗျား လိုချင်တာ ဘယ်သူလဲဆိုတာ"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် အနည်းငယ် စိုးရိမ်စိတ် ဝင်သွားသော်လည်း အလေးအနက် မထားခဲ့ပေ။

"ချင်ပြည်နယ်က ရှန်းယီ"

သေခါနီး ဝူသိုင်းဘုံကျောင်းလေး တစ်ခုက ဘယ်လောက်များ ဂယက်ထနိုင်မှာမို့လို့လဲ။

ဒီလို ခြိမ်းခြောက်တဲ့ လေသံမျိုး သုံးတာကို ကြည့်ရင် ဒီဘုံကျောင်းပျက်ကြီးထဲမှာ နေတာ ကြာလွန်းလို့ သူတို့ ဦးနှောက်တွေ မကြည်လင်တော့တာ နေမှာပါ။

"ကောင်းပြီလေ"

စကားပင် မဆုံးသေးမီ ဝူတောက်အန်း၏ အပြုံးက ပိုမိုနက်ရှိုင်းသွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။

လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်။

ဝူသိုင်းဘုံကျောင်း အတွင်း ယဇ်ပလ္လင်ပေါ်ရှိ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ဆယ့်နှစ်ဆူအနက် ကုလားအုတ်ခြင်္သေ့ ရုပ်ပွားတော်၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာလေ၏။

ဆယ်ပေမြင့်သော ၎င်း၏ ကိုယ်ခန္ဓာကြီးသည် ယဇ်ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

၎င်းသည် လမ်းမရှည်ပေါ်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ကို လင်းထိန်သွားစေပြီး ခြံဝင်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာလေ၏။

ကုလားအုတ်ခြင်္သေ့ ၏ ရှေ့တွင် ခြံဝင်းသည် တို့ဟူးတုံး တစ်တုံးကဲ့သို့ ပျော့ညံ့ကာ ချက်ချင်းပင် ပြိုကျပျက်စီးသွားလေသည်။

၎င်းသည် လက်ဖဝါးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ခေါင်မိုးတစ်ခုလုံး အမှုန့်ကြေသွားပြီး ၎င်း၏ ကြီးမားသော မျက်လုံးကြီးများက အတွင်းမှ လူများကို ငုံ့ကြည့်လိုက်လေ၏။

"..."

ကြီးမားသော အရိပ်ကြီး လွှမ်းခြုံခံလိုက်ရပြီး မိမိရှေ့မှ နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားသော ရွှေခန္ဓာကြီးကို ကြည့်ရင်း ချန်ချင်းသိုင်းဝိဇ္ဇာ သည် မသိစိတ်မှ တံတွေးမြိုချလိုက်မိသည်။

သူသည် နောက်သို့ သုံးလှမ်းဆက်တိုက် ဆုတ်လိုက်ပြီး တင်းမာစွာ အော်ဟစ်လိုက်၏။

"ဒါ ဘာသဘောလဲ"

"ငါ့သဘောကတော့..."

ကုလားအုတ်ခြင်္သေ့ကြီးသည် ပါးစပ်ဟလိုက်ရာ ၎င်း၏ အသံသည် ခေါင်းလောင်းကြီး တစ်လုံးကဲ့သို့ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားလေ၏။

"မင်းလို သာမန် အဆင့်မြင့် ဟွမ်ယွမ်အဆင့်လေးကို သိုင်းဝိဇ္ဇာလို့ ခေါ်ပေးတာကတင် တော်တော်လွန်နေပြီ။ ငါ့ရှေ့မှာ အဲ့ဒီနာမည်ကို ထပ်ပြောရဲရင်..."

ကုလားအုတ်ခြင်္သေ့ကြီးသည် အစွယ်များကို အနည်းငယ် ထုတ်ဖော်လိုက်ပြီး ဂရုမစိုက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ဒီနေ့ ဒီနေရာမှာ မင်း သေရလိမ့်မယ်"

"မင်း"

ချန်ချင်းသိုင်းဝိဇ္ဇာ ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားလေ၏။

"ငါက ရွှမ်ကွမ်းဂူ က လာတာဆိုတာ မင်း မေ့နေတာလား"

သူ့ကို တုံ့ပြန်လိုက်သည်မှာ ပြင်းထန်သော လက်ဖဝါးရိုက်ချက် တစ်ခုသာ ဖြစ်ပေသည်။

ကုလားအုတ်ခြင်္သေ့ကြီးသည် ခြေထောက်ကို မြှောက်၍ နင်းချလိုက်ရာ ချန်ချင်းသိုင်းဝိဇ္ဇာ ၏ မျက်နှာ အရောင်ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး နီရဲလာကာ လက်မောင်းများကို မသိစိတ်မှ ကြက်ခြေခတ်ကာ ကာကွယ်လိုက်မိလေ၏။

ရွှေရောင်သားရဲကြီး၏ ခြေဖဝါးသည် သူ့အပေါ် တစ်လက်မအလိုတွင် ရပ်တန့်သွားလေသည်။

သို့သော် ချန်ချင်းသိုင်းဝိဇ္ဇာ ၏ ခန္ဓာကိုယ်မှ ထွက်သော ချွေးစေးများသည် အဝတ်အစားများကို ရွှဲနစ်သွားစေပြီး မျက်လုံးများ ပြူးကျယ်ကာ အသက်ကို မနည်း လုရှူနေရလေ၏။

ကုလားအုတ်ခြင်္သေ့ကြီး၏ ခေါင်းပေါ်မှ အေးစက်သော မျက်လုံးတစ်စုံကို ကြည့်လိုက်ရင်း။

သူသည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေ၏။

"ငါက ချင်းချိုကိုယ်စား လာမေးပေးရုံ သက်သက်ပါ။ ဒီလောက်ကြီးကျယ်တဲ့ ထိပ်တိုက်တွေ့မှုမျိုး ဖြစ်ဖို့ မလိုပါဘူး"

"ဟွန့်"

ကုလားအုတ်ခြင်္သေ့ကြီးသည် ရှေ့ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖြည်းညှင်းစွာ ကိုယ်ကို လှည့်ကာ ဝူသိုင်းဘုံကျောင်း အတွင်းသို့ ပြန်ဝင်သွားလေ၏။

ယဇ်ပလ္လင်ပေါ်ရှိ နေရာတွင် ပြန်လည် နေရာယူလိုက်သည်နှင့် ချက်ချင်းပင် ရုပ်တုတစ်ခုကဲ့သို့ ပြန်လည် ငြိမ်သက်သွားလေတော့သည်။

ထိုအချိန်မှာပင် ဝူတောက်အန်း သည် မျက်လုံးဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ပြန်ကြွပါတော့။ ခင်ဗျားကို မကြိုဆိုဘူး"

All Chapters