← Chapters

ဝူသိုင်းဘုံကျောင်းတော်သို့ ပြန်လည်ရောက်ရှိခြင်း

Vol. 23 Ch. 230

ဝူသိုင်းဘုံကျောင်းတော်သို့ ပြန်လည်ရောက်ရှိခြင်း

Vol. 23 Ch. 230

ချန်ချင်းသိုင်းဝိဇ္ဇာ သည် ဝူသိုင်းဘုံကျောင်းမှ မည်သည့်မျက်နှာထားမျှ မပြဘဲ ပြန်လည် ထွက်ခွာလာခဲ့လေ၏။

ကျဆုံးနေသော မဟာချန်မင်းဆက်အတွက် နတ်ဘုရားအသွင်ပြောင်းအဆင့် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ဆင့်ခေါ်ပြခြင်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဘိုးဘေးတစ်ဦးတည်းကို နှိုးထစေခြင်းမှလွဲ၍ သူတို့ ပေးနိုင်သော အပြင်းထန်ဆုံး သတိပေးချက်တစ်ခု ဖြစ်ပေသည်။

ဤ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်များသည် စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်မည် မဟုတ်သော်လည်း...

အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် သိုင်းသမားများကိုမူ လုံးဝခြေမှုန်းဖျက်ဆီးပစ်နိုင်ပေသည်။

ဝူအဘိုးကြီး၏ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုရုပ်ပွားတော်ကို မည်မျှကြာအောင် ထိန်းသိမ်းထားနိုင်မည်နည်း။ အမွှေးတိုင် တစ်တိုင်စာလော... ဒါမှမဟုတ် နှစ်နာရီခန့်လော။ ချန်ချင်းသိုင်းဝိဇ္ဇာ မသိသလို လောင်းကြေးလည်း မထပ်ရဲပေ။

သူသည် အံကိုကြိတ်ပြီး မိမိကိုယ်ကို တိတ်တဆိတ် နှစ်သိမ့်လိုက်၏။

ဒီကောင်စုတ်တွေက ဒီဘုံကျောင်းပျက်ကြီးထဲမှာပဲ မာန်တက်နိုင်တာပါ။

သူတို့က စောင့်ကြည့်ရေးခွေးတွေထက် ဘာမှမပိုပါဘူး။

"ချင်ပြည်နယ်က ရှန်းယီ..."

စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းညှိပြီးနောက် ချန်ချင်းသိုင်းဝိဇ္ဇာ သည် ထိုနာမည်ကို စိတ်ထဲ၌ ရွတ်ဆိုလိုက်သောအခါ သူ၏ မျက်ဝန်းထဲတွင် ဝေခွဲမရဖြစ်မှု အရိပ်အယောင်များ ပေါ်လာလေ၏။

မူလက သူသည် တစ်စုံတစ်ယောက်၏ အကူအညီတောင်းခံမှုကြောင့် လမ်းကြုံဝင်မေးပေးရုံ သက်သက်သာ ဖြစ်သည်။

သို့သော် ဝူသိုင်းဘုံကျောင်း တပည့်များ၏ တုံ့ပြန်မှုက သူ့နှလုံးခုန်သံကို ရပ်တန့်မတတ် ဖြစ်သွားစေခဲ့သည်။

ချင်းချိုမှ မြေခွေးနတ်ဆိုးသည် အချိန်အကြာကြီး စုံစမ်းခဲ့သော်လည်း ရှန်းယီ၏ နောက်ခံကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ ချင်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာန တစ်ခုလုံးသည် နှုတ်ပိတ်နေကြရန် ကတိသစ္စာ ပြုထားကြသည့်အလား၊ မည်သို့သော အဆက်အသွယ်များဖြင့် စုံစမ်းပါစေ ထိုနာမည် ပါလာသည်နှင့် တပြိုင်နက် သူတို့အားလုံး အသံတိတ်သွားကြမြဲပင်။

ပြောပြလိုသူများ ရှိလျှင်ပင် ရှင်းလင်းစွာ မပြောပြနိုင်ကြပေ။ သူ့ဆရာက ဘယ်သူလဲ၊ ဘယ်လိုပညာရပ်ကို လေ့ကျင့်တာလဲ၊ သူ့ရဲ့ တိကျတဲ့ အဆင့်က ဘာလဲ ဆိုတာ ဘယ်သူမှ မသိကြချေ။

သူတို့က ဇာတ်လမ်းဆင်တဲ့နေရာမှာတော့ တော်ကြသည်။ သူတို့ပြန်ပြောပြသော ဖြစ်ရပ်များမှာ ရယ်ချင်စရာ ကောင်းလှ၏။

လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူက ကနဦးအဆင့် ခွေးနတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနေခဲ့ရပြီး မကြာခင်မှာပဲ အမြုတေပြီးပြည့်စုံခြင်းအဆင့် ရေနဂါးတစ်ကောင်ကို သတ်ဖြတ်လိုက်တယ် ဆိုပဲ။ လုံးဝ အဓိပ္ပာယ်မရှိပေ။

"ထားလိုက်ပါတော့လေ... ဒီအတိုင်းပဲ ပြန်သတင်းပို့လိုက်ပါ့မယ်"

ချန်ချင်းသိုင်းဝိဇ္ဇာ သည် ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်လိုက်၏။ ဤသတင်းစကားများသည် အခြားသူများကို လှည့်စားရန် ဝူသိုင်းဘုံကျောင်းမှ ကြိုတင် ပြင်ဆင်ထားသည်မှာ ထင်ရှားနေပေသည်။

ဒီလူကို ကာကွယ်ဖို့အတွက် သူတို့ ဒီလောက်ထိ လုပ်ဆောင်ထားတယ် ဆိုကတည်းက သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရှိနေတယ်ဆိုတာ ပြသနေတာပဲ။

သူတို့ရဲ့ ယခင်အဆင့်အတန်းကို ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်နေတုန်းပဲလား... လက်တွေ့ဘဝကို သတိမပြုမိကြသေးဘူးလား။

ထိုသို့ တွေးလိုက်မိသည်နှင့် သူသည် မထီမဲ့မြင် ပြုံးလိုက်ပြီး ဆင်းရဲမွဲတေနေသော မိသားစုတစ်စု၏ အိမ်ပျက်ကြီးကို ကြည့်သကဲ့သို့ မြင့်မားသော ဝူသိုင်းဘုံကျောင်းကြီးကို လှည့်ကြည့်လိုက်လေ၏။

ရွှမ်ကွမ်းဂူကို နာခံမှုရှိရှိ မစောင့်ရှောက်လိုဘူး၊ ခွေးကောင်းတစ်ကောင်တောင်မဖြစ်နိုင်ဘူး ဆိုတော့ သူတို့ သင်ခန်းစာရဖို့ ကြိမ်ဒဏ်ချက် အနည်းငယ် လိုအပ်နေပုံပင်။

ချန်ချင်းသိုင်းဝိဇ္ဇာ တိမ်တိုက်စီး၍ ထွက်ခွာသွားသောအခါ။

ဝူသိုင်းဘုံကျောင်း ဝင်းအတွင်း၌ ကျန်ရှိနေသော ဘုံကျောင်းအစောင့်အရှောက် သုံးဦးသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြ၏။

"စီနီယာအစ်ကိုဝူ... ခင်ဗျား ဘာလုပ်လိုက်တာလဲ"

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ဆင့်ခေါ်ပြလိုက်ခြင်းက ခမ်းနားထည်ဝါသော်လည်း ထိုကိစ္စကို ဝန်ခံလိုက်သည်နှင့် မတူပေဘူးလား။

"ချင်းချိုတပည့်ကို တကယ်ပဲ ရှန်းယီ သတ်လိုက်တာလား"

"..."

ဝူတောက်အန်း နှုတ်ခမ်းမဲ့လိုက်၏။

"ငါ ဘယ်လိုသိမှာလဲ"

ထိုစကားကို ကြားသောအခါ ကျန်သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အကယ်၍ ရှန်းယီမဟုတ်လျှင်... ဤအရာက ရှင်းနေသည်မဟုတ်လော။ ရှန်းယီသည် ချင်ပြည်နယ်၏နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ချင်ပြည်နယ်၏ရှုပ်ထွေးပွေလီမှုများနှင့်ဆိုပါက ဒေသခံနတ်ဆိုးရန်မှ ကာကွယ်နိုင်ရုံဖြင့်တင် လုံလောက်နေပေပြီ။

မည်သည့်အရာကြောင့်မှဟုတ်သည့် အကြောင်းပြချက်ဖြင့် ဖြတ်သွားဖြတ်လာမြေခွေးနတ်ဆိုးအား သူကအဘယ်ကြောင့် သွားရန်စနေမည်နည်း။

"ဒါပေမဲ့ ရှန်းယီရဲ့ ပါရမီကိုတော့ ငါသိတယ်။ မျက်လုံးပါတဲ့ ဘယ်သူမဆို မြင်နိုင်တာပဲ၊ ချင်းချိုက မြေခွေးနတ်ဆိုးတွေ မပြောနဲ့"

ဝူတောက်အန်း သည် တခြားသူများကို တစ်ချက်ကြည့်လိုက်၏။

ရှန်းယီ၏ ကြောက်စရာကောင်းသော ပါရမီဖြင့်ဆိုပါက ဗီရှူးတစ်ကောင်လိုနှင့်မခြား၊ သူသည် မွေးရာပါ ယင်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသလိုပင်။ ဤသတင်းသာ ပေါက်ကြားသွားလျှင် နတ်ဆိုးတစ်ထောင်ဂူမှာ သူ့အား မကြီးထွားခင်အပြတ်ရှင်းလိမ့်မည်မှာ သေချာလေ၏။

"ဒါတော့ ဟုတ်တယ်"

ဘုံကျောင်းအစောင့်အရှောက်များ ခေါင်းညိတ်လိုက်ကြပြီး သန့်စင်ခြင်းအခမ်းအနားတွင် ထိုလူငယ်က ရွှေခန္ဓာ၏အော်ရာကို အကုန်ဝါးမျိုလိုက်သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရလာကြသည်။

ဤကိစ္စ ပေါက်ကြားသွားမည့်အစား အပိုစွပ်စွဲချက်တစ်ခုခံယူလိုက်ရသည်မှာ ပိုကောင်းသေး၏။

"စီနီယာအစ်ကိုဝူ... သူ့ကို ထပ်ပြီး သတိပေးသင့်တယ်။ မလိုအပ်ဘဲ ဗဟိုမြို့တော်ကနေ ထွက်မသွားဖို့ပေါ့"

ထိုစကားကို ကြားသောအခါ ဝူတောက်အန်း လက်သီးကို ရုတ်တရက် တင်းတင်းဆုပ်လိုက်ပြီး ပုံမှန်မဟုတ်ဘဲ ဆဲဆိုလိုက်လေ၏။

"‌ငါ့... သောက်ကျိုးနည်းပဲ သတိပေးရမှာ။ ငါ သူ့ကို တစ်ညလေးပဲ မျက်စိအောက်လွတ်သွားတာ၊ စုန့်ပြည်နယ်ကို ထွက်ပြေးသွားရော"

"သူ စုန့်ပြည်နယ်ကို ဘာသွားလုပ်တာလဲ"

ဘုံကျောင်းအစောင့်အရှောက်များ မေးခွန်းထုတ်လိုက်ကြ၏။

"ငါ သူ့ကို နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဒု-စစ်ဆေးရေးမှူး ရာထူး ပေးလိုက်မိတယ်"

ဝူတောက်အန်း သက်ပြင်းချလိုက်ပြီး ထိုနေ့က အပြေးအလွှား လာရောက်သတင်းပို့သော လျိုခွင်း အား သတိရကာ ခေါင်းအကြီးအကျယ် ကိုက်ခဲလာလေသည်။

"ဒါက ယုံကြည်မှုစွမ်းအားတွေစုပ်ယူဖို့အတွက်ပဲ ဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း မပြောလိုက်ဘူးလား"

ကျန်လူများက ထစ်အေါ့အေါ့ဖြင့် မေးလိုက်ကြ၏။

ယင်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ပြည်နယ်ကိုးခုကို ရိုးရိုးသားသား သွားရောက်စစ်ဆေးမယ့်သူ တကယ်ပဲ ရှိနိုင်ပါ့မလား။ ဒါက သူတို့ လုပ်နိုင်တဲ့ အလုပ် ဟုတ်မဟုတ် မမြင်ကြဘူးလား။

ထိုစကားကြောင့် ဝူတောက်အန်း လည်း တုံ့ဆိုင်းသွားလေသည်။

"ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်တာပေါ့... ဟုတ်တယ်မလား"

လစာလကားရမယ့်ရာထူး ဆိုတာကို တိုက်ရိုက်ကြီး ပြောလို့ မရပေမဲ့ ဉာဏ်ကောင်းတဲ့ ဘယ်သူမဆို သွယ်ဝိုက်တဲ့ အဓိပ္ပာယ်ကို နားလည်သင့်တယ်လေ။

"ခင်ဗျား ဘာလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါဦး။ သူက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန် ရှိတဲ့သူပဲ။ ဟိုလူတွေရဲ့ အသနားခံချက်ကို သူ ဘယ်လို ငြင်းဆန်နိုင်မှာလဲ"

ဝဝဖိုင့်ဖိုင့် ဘုံကျောင်းအစောင့်အရှောက်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားကာ ပေါ့ပေါ့ပါးပါး အကြံပြုလိုက်လေ၏။

"မပူပါနဲ့... စုန့်ပြည်နယ်က ယန်ချန်ရှန်း က အရေးကြီးတာကို သိပါတယ်။ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ ဂျူနီယာလေးကို အန္တရာယ်ဖြစ်အောင် သူ တကယ် လုပ်မှာမဟုတ်ပါဘူး"

"စီနီယာအစ်ကိုဝူ... သွားနားလိုက်ပါတော့။ နောက်တစ်ခေါက် သန့်စင်ခြင်းကို ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်"

အဆင့်မြင့် သိုင်းဝိဇ္ဇာတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ကုလားအုတ်ခြင်္သေ့ကိုယ်ထည်အား အတင်းအကျပ် ထိန်းချုပ်ခြင်း။

ဝူတောက်အန်း သည်လည်း ကုလားအုတ်ခြင်္သေ့ ရွှေရောင်ခန္ဓာနည်းစနစ်ကို ကျင့်ကြံထားပြီး ကောင်းစွာ နားလည်သဘောပေါက်ထားသော်လည်း ၎င်းသည် အလွန်ပင်ပန်းလှ၏။

ယခင်နှစ်ကြိမ်လောက် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ ယင်ဝိညာဉ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။

"မလိုပါဘူး"

ဝူတောက်အန်း ခေါင်းခါလိုက်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးချုပ်ရှိရာ ဘက်သို့ တိတ်ဆိတ်စွာ ကြည့်လိုက်မိ၏။ အကြောင်းပြချက် မရှိဘဲ သူ စိတ်မသက်မသာ ဖြစ်နေမိသည်၊ ပြဿနာတစ်ခုခုကို သူ ကိုယ်တိုင် ဖန်တီးလိုက်မိသကဲ့သို့ပင်။

ဂျူနီယာညီလေးရှန်း တကယ်ပဲ ပြဿနာတက်နေတာတော့ မဟုတ်ပါဘူးနော်။

ခုနစ်ရက်၊ ရှစ်ရက်ခန့် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။

နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးခန်းတွင် လူအသွားအလာမှာ အဆက်မပြတ် ရှိနေဆဲပင်။

လျိုခွင်း သည် ကောင်တာနောက်တွင် ထိုင်ရင်း စိတ်နဲ့ကိုယ်နဲ့ မကပ် ဖြစ်နေ၏။

အသစ်ခန့်အပ်လိုက်သော စစ်ဆေးရေးမှူးသည် သူ့မျက်စိအောက်မှပင် စုန့်ပြည်နယ်သို့ ဖိတ်ခေါ်ခြင်း ခံလိုက်ရပြီး ယခုထက်ထိ ပြန်မရောက်လာသေးပေ။

စုန့်ပြည်နယ်၏ အခြေအနေကို မည်သူထက်မဆို သူ ပိုမိုသိရှိထားပေသည်။

၎င်းသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ကြီးမားသည့် ပြဿနာတစ်ရပ်ပင်။ အပေါ်ယံတွင် ကိုင်တွယ်ဖြေရှင်းနိုင်ပုံ ပေါက်နေသော်လည်း လက်တွေ့တွင်မူ အနည်းငယ် လွဲချော်သွားသည်နှင့် ချင်ပြည်နယ်ထက်ပင် ပိုမိုအန္တရာယ်ကြီးသော ရလဒ်မျိုး ထွက်ပေါ်လာနိုင်ပေသည်။

"ယန်ချန်ရှန်း... ခွေးမသား"

လျိုခွင်း အံကြိတ်လိုက်ပြီး ထိုအဘိုးကြီး မိုက်မဲခြင်း မရှိပါစေနဲ့ ဟုသာ ဆုတောင်းနေမိသည်။

အကယ်၍ စစ်ဆေးရေးမှူး တစ်ခုခု ဖြစ်သွားပါက ဝူသိုင်းဘုံကျောင်းက သူ့အား အရှင်လတ်လတ် ဆွဲဖြဲပစ်ပေလိမ့်မည်။

"..."

ယန်ချန်ရှန်း ကောင်တာသို့ လျှောက်လာချိန်တွင် ထိုဆဲရေးသံကို ကြားလိုက်ရလေသည်။

အဘိုးကြီး နှုတ်ခမ်းမဲ့လိုက်ပြီး မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေ၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ လည်ချောင်းရှင်းလိုက်၏။

"အဟမ်း"

"ဟာ..."

လျိုခွင်း သတိပြန်ဝင်လာပြီး သူ့ရှေ့မှ လူကို မြင်လိုက်ရသောအခါ အလျင်အမြန် မတ်တတ်ရပ်လိုက်လေ၏။

"စစ်သူကြီးယန်... ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ"

ယန်ချန်ရှန်း ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ ဆဲဆိုခံရမှုကို ဂရုမစိုက်တော့ပေ။ သူ လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး ပြောလိုက်၏။

"သခင်ကြီးရှန်း က ကျွန်တော့်ကို ရုံးချုပ်မှာ လာပြီး သတင်းပို့ခိုင်းလိုက်လို့ပါ"

ထိုသို့ပြောပြီးနောက် သူ ပြင်ဆင်လာသော စာရွက်စာတမ်းကို ကမ်းပေးလိုက်လေသည်။

လျိုခွင်း စာရွက်နှစ်ရွက်ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ရာ ယခင် အကြောင်းပြချက်အဟောင်းများသာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ခင်ဗျား ဒါကို ကျွန်တော့် ဘာလို့ လာပြနေတာလဲ။ နတ်ဆိုးနှိမ်နင်းရေးဌာန တစ်ခုလုံးမှာ ခင်ဗျား စီရင်စုလေးခု ဆုံးရှုံးလိုက်ရတယ် ဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ။ သခင်ကြီးရှန်း ဘယ်မှာလဲ"

စုန့်ပြည်နယ်တွင် နတ်ဆိုးဘုရင်နှစ်ပါးအား ကာကွယ်ရန် အဆင့်နိမ့် သိုင်းဝိဇ္ဇာတစ်ဦးတည်းသာ ရှိသည်။ ရုံးချုပ်အနေဖြင့် သူတို့ကို ကူညီပံ့ပိုးရန် လူအင်အား လုံးဝမရှိတော့သော်လည်း အခြေအနေကို သူတို့ နားလည်သဘောပေါက်ပြီး တာဝန်အားလုံးကို ဤပိန်လှီသော အဘိုးကြီးအပေါ် ပုံချမည် မဟုတ်ပေ။

"သခင်ကြီးရှန်းလား... သူ အနားယူဖို့ ပြန်သွားပြီလေ"

ယန်ချန်ရှန်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး သခင်ကြီးရှန်း က သူ့အားလျစ်လျူရှုထားရုံသာမက နတ်ဆိုးနှိမ်နင်းရေးဌာနကပါ သူ့အား အလေးအနက် မထားကြောင်း သဘောပေါက်သွားလေ၏။

သူက ပြည်နယ်စစ်သူကြီးတစ်ဦးအနေဖြင့် မိမိအပြစ်အား လာရောက်ဝန်ခံနေသည်မလော...အနည်းဆုံးတော့ တုံ့ပြန်မှုတစ်ခုခု ပေးသင့်သည်။

"ခင်ဗျား ဒီမှာပဲ ရပ်နေ... ဘယ်မှ မသွားနဲ့"

လျိုခွင်းရုံးခန်းထဲမှ ဒုံးဆိုင်းထွက်ပြေးသွားပြီး ဝူသိုင်းဘုံကျောင်း ပင်မခန်းမထဲသို့ ဝင်သွားကာ မကြာမီမှာပင် အစိမ်းရောင် ဝတ်ရုံဝတ် အဘိုးအိုလေးဦးနှင့်အတူ ပြန်လည် ရောက်ရှိလာလေ၏။

ခက်ထန်သော မျက်နှာထားများနှင့် လူလေးယောက် ဝိုင်းရံခြင်း ခံလိုက်ရသောအခါမှသာ...

ယန်ချန်ရှန်း တစ်ခုခုတော့ လွဲနေပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်မိလေတော့သည်။

All Chapters