← Chapters

ထန်ထျန်း၏ အကြံအစည်

Vol. 20 Ch. 219

ထန်ထျန်း၏ အကြံအစည်

Vol. 20 Ch. 219

​ထန်ထျန်း၏ မေးခွန်းကို ကြားသောအခါ မူမုကျင်းက ခါးသီးစွာ ပြုံးလိုက်သည်။

​"ထျန်းဖူနန်းတော်က... ဒီလိုအခြေအနေမျိုးကို သေချာပေါက် ထည့်စဉ်းစားထားတာပေါ့။"

" မုဆိုးတိုင်းရဲ့ ကိုယ်ပေါ်မှာ အဆောင်တစ်ခုစီ ပါတယ်၊ အသက်အန္တရာယ် ရှိလာပြီလို့ အာရုံခံမိတာနဲ့ ကျွန်တော်တို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားမှာပဲ။ "

"အဲ့ဒီလိုဖြစ်သွားရင် ပြိုင်ပွဲကနေ ထွက်လိုက်ရပြီလို့ အဓိပ္ပာယ်ရတာပဲလေ။ "

"နှမြောစရာကောင်းတာက... ကျွန်တော် အဲ့ဒီအဆောင်ကို သုံးဖို့တောင် အချိန်မရလိုက်ဘဲ မင်းရဲ့ ထိန်းချုပ်တာကို ခံလိုက်ရတာပဲ..."

​ထန်ထျန်း ချက်ချင်း သဘောပေါက်သွားသည်။ ဒီလိုကိုး။

သို့သော် သူက မူမုကျင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်းမှာ ထိုသူ၌ အခြားသော မသိရသေးသည့် နည်းလမ်းများ ရှိနေမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။

ထျန်းဖူနန်းတော်မှ ထွက်လာသည့် အထူးချွန်ဆုံးသူဖြစ်ရာ သူ၏ကိုယ်ပေါ်တွင် မည်ကဲ့သို့သော ထူးဆန်းသည့် ပစ္စည်းများ ပါလာမည်ကို မည်သူမှ မသိနိုင်ပေ။

​ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ပြောလိုက်သည်။ "တကယ်လို့ ငါ အခု မင်းကို လွှတ်ပေးလိုက်ရင် အဲ့ဒီအဆောင်ကို သုံးပြီး ထွက်ပြေးမှာ မဟုတ်ဘူးမလား"

​မူမုကျင်းမှာ ကြောင်သွားပြီးနောက် အလျင်အမြန် ပြန်ပြောသည်။ "မလုပ်ပါဘူး၊ အဲ့ဒါကို သုံးလိုက်တာနဲ့ ပြိုင်ပွဲက ထွက်ရမှာလေ။ "

"ကျွန်တော်က ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးချင်သေးဘူး။ မင်းကသာ... ကျွန်တော့်ကို အဲ့ဒီလိုကိစ္စမျိုး (လိင်တူ) မလုပ်ဘူးဆိုရင်ပေါ့..."

​ထန်ထျန်းမှာ ဆွံ့အသွားပြီး လက်ကို ဝှေ့ယမ်းကာ မူမုကျင်းကိုယ်ပေါ်က တားမြစ်ချက်များကို ဖယ်ရှားပေးလိုက်သည်။

နှစ်ဦးစလုံးမှာ တာဝန်အရ ရောက်လာကြခြင်းဖြစ်ပြီး မည်သည့် ရန်ငြိုးရန်စမှ မရှိပေ။ နောင်တွင်လည်း ထျန်းဖူနန်းတော်၏ တပည့်ချင်း ဖြစ်လာကြမည်ဖြစ်ရာ အဆုံးထိ သတ်ဖြတ်နေရန် မလိုပေ။

​တားမြစ်ချက်များ ပြယ်သွားသည်နှင့် မူမုကျင်းက အလျင်အမြန် ထရပ်ကာ ကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီး ထန်ထျန်းကို အရိုအသေပေး လိုက်သည်။

​"ကျေးဇူးတင်ပါတယ်။ "

"ညီအစ်ကိုက တကယ် သန်မာတာပဲဗျာ၊ ကျွန်တော် ဘယ်လို ရှုံးသွားမှန်းတောင် မသိလိုက်ဘူး။ "

"ကျွန်တော် ခန့်မှန်းရရင် အသန်မာဆုံး မုဆိုးအချို့ လာရင်တောင် မင်းကို နိုင်မှာ မဟုတ်ဘူး"

မူမုကျင်းက အံ့သြတကြီး ပြောရှာသည်။

​ထန်ထျန်းကတော့ ဘာမှပြန်မပြောပေ။ မုဆိုးတွေထဲမှာ အသန်မာဆုံးက အင်မော်တယ်တစ်ဝက်သာ ရှိသော်လည်း သူက အစစ်အမှန်အင်မော်တယ် အလယ်အလတ်အဆင့် သို့ ရောက်နေပြီ ဖြစ်သည်။

၎င်းအပြင် သူ၏ အခြားသော နည်းလမ်းများနှင့် ပေါင်းစပ်လိုက်လျှင် တစ်ဖက်လူအတွက်မှာ ယှဉ်နိုင်စွမ်း လုံးဝမရှိသည့် အခြေအနေပင်။

​သို့သော် ဤအချက်ကြောင့်ပင် ထန်ထျန်းမှာ စိတ်ဝင်စားမှု အနည်းငယ် လျော့နည်းသွားသည်။ သူက ထျန်းဖူနန်းတော်၏ တကယ့် ထိပ်တန်း ပါရမီရှင်များကို တွေ့ချင်ခဲ့ခြင်း ဖြစ်သည်။

နှမြောစရာပင်။

​"မင်း ဘာဆက်လုပ်မလဲ"

ထန်ထျန်းက မေးလိုက်သည်။

​မူမုကျင်းက "ဆက်ပြီး အမဲလိုက်ရမှာပေါ့။ "

"အခု အချိန်ဆိုရင် တက်လှမ်းသူ အတော်များများက ပထမတောင်ကို ဖြတ်ပြီး ဒုတိယတောင်ကို ရောက်လာလောက်ပြီ။"

" မုဆိုး ၅၀ ကျော်ထဲမှာ ကျွန်တော်နဲ့ သူတို့က ပြိုင်ဘက်တွေပဲ။"

" ဒါပေမဲ့... "

" ကျစ် အကျိုးသက်ရောက်မှုတော့ သိပ်ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော် မင်းလက်ထဲမှာ ရှုံးသွားတာကို အပြင်က မြင်သွားပြီဆိုတော့ နောက်ပိုင်း ဘယ်လောက် စွမ်းဆောင်နိုင်ပါစေ၊ အကဲဖြတ်တဲ့ အမှတ်ကတော့ အများကြီး လျော့သွားမှာပဲ"

​သူက ခေါင်းခါရင်း စိတ်ပျက်လက်ပျက် ပြောနေသည်။

ကံကောင်းခြင်း က အလွန် မျက်နှာသာမပေးခဲ့ပေ။ သူ၏ ပထမဆုံး သားကောင်က သူ့ကို ပြန်ပြီး ပညာပေးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​သို့သော် ထန်ထျန်းကမူ ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွားသည်။

​"မင်းပြောတာက... ဒီမှာဖြစ်သမျှကို အပြင်က မြင်နေရတယ် ဆိုတဲ့သဘောလား"

ထန်ထျန်းက မေးလိုက်သည်။

​မူမုကျင်းက ခေါင်းညိတ်ကာ "ဟုတ်တယ်"

" ထျန်းဖူနန်းတော်က အကြီးအကဲ တစ်ရာကျော် ရောက်နေပြီး ဒီစမ်းသပ်ပွဲမှာ တပည့်တွေရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြတာ။ "

"လူတိုင်းရဲ့ ပုံရိပ်တွေက အပြင်မှာ ပေါ်နေမှာပဲ၊ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုကလည်း မှတ်တမ်းဝင်သွားပြီပေါ့"

​ဤသည်ကို ကြားသောအခါ ထန်ထျန်းက မေးစေ့ကို အလိုအလျောက် ပွတ်လိုက်သည်။

ပရိသတ်တွေ ရှိနေတယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။

ဖြစ်နိုင်ရင်တော့ အခြားတစ်မျိုး ကစားကြည့်ချင်သည်။

​လက်အောက်ခံဂိုဏ်းက တပည့်တွေက ထျန်းဖူနန်းတော်နဲ့ ယှဉ်ရင် အများစုက "ဆင်းရဲ" ကြသည်။

ရှန့်ထန်း ဆေးလုံးပဲဖြစ်ဖြစ်၊ ဟို့ထန်း ဆေးလုံးပဲဖြစ်ဖြစ် သူတို့အတွက်တော့ အလွန်ကောင်းမွန်သော ကျင့်ကြံမှု အရင်းအမြစ်တွေ ဖြစ်သည်။

လက်အောက်ခံဂိုဏ်းထဲမှ တစ်ဦးဖြစ်သည့် သူ့အနေဖြင့် သူတို့ကို စမ်းသပ်မှုလည်း ဖြစ်စေ၊ ပစ္စည်းတွေလည်း ပိုရစေမည့် နည်းလမ်းတစ်ခုကို လုပ်ဆောင်ပေးနိုင်သည်။

ဤသည်က သူ၏ ပျင်းရိနေသည့် အချိန်ကိုလည်း အသုံးချရာ ရောက်ပေမည်။

​ထိုသို့ တွေးပြီးနောက် ထန်ထျန်းက မူမုကျင်းကို ကြည့်လိုက်သည်။

​"တခြား မုဆိုးတွေ ဘယ်မှာလဲ"

​မူမုကျင်းက ကြောင်သွားပြီး "တောင်တစ်ခုစီထဲမှာ ကျပန်း ပြန့်ကျဲနေကြတာလေ။"

" ဘာလုပ်မလို့လဲ"

​ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း အမှန်အတိုင်း ပြောလိုက်သည်။ "တခြား တက်လှမ်းလာတဲ့သူတွေကို သူတို့ရဲ့ ဆေးလုံးတွေ ပိုပြီး ထိန်းသိမ်းနိုင်အောင် ကူညီပေးမလို့"

​မူမုကျင်းမှာ မှင်သက်သွားပြီးနောက် ထန်ထျန်း၏ ဆိုလိုရင်းကို ချက်ချင်း ခန့်မှန်းမိကာ မျက်လုံးများ ပြူးကျယ်သွားသည်။

​"မဟုတ်သေး ဘူးနော် အစ်ကိုကြီး"

" မင်းက တခြား မုဆိုးတွေကို လိုက်ပြီး အမဲလိုက်မလို့လား"

​ထန်ထျန်းက ပြုံးလျက် "ဒါပေါ့... မဟုတ်ပါဘူး"

​မူမုကျင်း သက်ပြင်းချလိုက်နိုင်စဉ်မှာပင် ထန်ထျန်းက ထပ်ပြောသည်။ "ငါက ပိုပြီး ပြတ်ပြတ်သားသား လုပ်မလို့။"

" တခြား တက်လှမ်းသူတွေ မရောက်လာခင် တောင်အချို့မှာ ရှိနေတဲ့ မုဆိုးအားလုံးကို အရင် ရှင်းထုတ်လိုက်မယ်ဆိုရင်..."

" လူတိုင်းက အနည်းဆုံးတော့ ဆေးလုံးအချို့ကို ပိုင်ဆိုင်ထားနိုင်မှာပဲလေ"

​ထန်ထျန်း၏ စကားအဆုံးတွင် မူမုကျင်းမှာ ဆွံ့အသွားတော့သည်။

တောင်တွေကို ရှင်းထုတ်ပစ်မယ်

အဲ့ဒါတောင် တောင် အတော်များများကိုလား

မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေတာလဲ

​သူက ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း စောစောက သူ့၏ ကူကယ်ရာမဲ့နေသည့် ပုံစံကို ပြန်မြင်ယောင်လာသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

​"အစ်ကိုကြီး... သေချာ စဉ်းစားပါဦး။ "

"ဒါက အကျယ်ကြီးနော် "

မူမုကျင်းက ပြောသည်။

​ထန်ထျန်းက ဂရုမစိုက်သလို လက်ဝှေ့ယမ်းကာ "ဒီလို မလုပ်ရဘူးလို့ ဘယ်မှာမှ တားမြစ်မထားဘူးလေ။"

" ဆိုလိုတာက ဒါက ခွင့်ပြုထားတဲ့ နယ်ပယ်ထဲမှာ ရှိတယ်ဆိုတဲ့ သဘောပဲ။ "

"နောက်ပြီး... မင်းတို့ရဲ့ အထက်စီးဆန်ပြီး လူကို အထင်သေးတဲ့ ပုံစံကို ငါ တော်တော် ကြည့်မရတာလည်း ပါတာပေါ့"

​မူမုကျင်းမှာ ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

သူတို့ နှစ်ဦး ပထမဆုံး စတွေ့စဉ်ကလည်း သူက ထိုကဲ့သို့ပင် မဟုတ်ပါလား။

​"ကဲ... သွားပြီ။ ငါတို့ ပထမဆုံး ဆုံတာကလည်း ရေစက်ပဲဆိုတော့ မင်းကိုတော့ ပြိုင်ပွဲကနေ မထုတ်တော့ပါဘူး။"

" ဒုတိယတောင်ကိုတော့ ငါ ဘာမှမလုပ်ဘူး၊ ကောင်းကောင်း လုပ်။"

" နောက်မှ ပြန်ဆုံကြတာပေါ့"

​ပြောပြီးနောက် ထန်ထျန်းမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

​ထန်ထျန်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ မူမုကျင်းမှာ ကြောင်စီစီဖြင့် ရပ်နေမိပြီးနောက် ရုတ်တရက် ချမ်းစိမ့်သွားကာ တုန်တက်သွားသည်။

​"ဟာ... သူ တကယ်ပဲ တခြားတောင်တွေကို သွားပြီး ရှင်းထုတ်ပစ်တော့မှာလား... "

"ဒါပေမဲ့ ဒါက ငါ့အတွက် မဆိုးပါဘူး၊ ပြိုင်ပွဲက ထွက်သွားတဲ့သူ များလေလေ ငါက ပိုပြီး အကျိုးရှိလေလေပဲ။ "

"ဒီတစ်ခါ တက်လှမ်းသူတွေထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက် ပါလာလိမ့်မယ်လို့ မထင်ထားမိဘူး။ "

"သူနဲ့ ထျန်းဖူနန်းတော်ထဲက အဲ့ဒီလို ပါရမီရှင်တွေ တွေ့ကြရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ မသိဘူး..."

​အတော်ကြာမှ ခြောက်ကပ်ကပ် အသံတစ်ခုက မူမုကျင်း၏ အတွေးကို ဖြတ်တောက်လိုက်သည်။

လှည့်ကြည့်လိုက်ရာ တက်လှမ်းသူ တစ်ဦးက တိတ်တဆိတ် စမ်းတဝါးဝါးဖြင့် ရှေ့တိုးလာနေသည်ကို တွေ့လိုက်ရသည်။

​မူမုကျင်းက ခေါင်းခါလိုက်ပြီး စိတ်ထဲက အတွေးတွေကို ဖယ်ထုတ်ကာ ထိုတက်လှမ်းသူ၏ ရှေ့တွင် ပေါ်လာလိုက်သည်။

​"မင်းတို့တွေ..."

​"ထားလိုက်တော့၊ ငါတို့က နောင်ဆိုရင် တပည့်ချင်းတွေ ဖြစ်မှာပဲလေ။ ဆေးလုံးကိုသာ လွှဲပေးလိုက်၊ ငါ မင်းကို လွှတ်ပေးမယ်"

....

​အပြင်ဘက်၊ ကမ်းပါးယံအောက်တွင်...

​မြင်ကွင်းပေါင်းစုံမှာ လေထဲ၌ ပျံဝဲနေပြီး အကြီးအကဲ တစ်ရာကျော်မှာ စောင့်ကြည့်ရင်း စကားပြောနေကြသည်။

ထိုအထဲမှ တစ်ဦးမှာ မြင်ကွင်းတစ်ခုကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ထိုမြင်ကွင်းထဲတွင် ရှိနေသူမှာ ထန်ထျန်းပင် ဖြစ်သည်။

​ယခုအခါ ထန်ထျန်းက အတွင်းဘက်သို့ ဆက်တိုက် တိုးဝင်နေသည်။

ဒုတိယတောင်၏ အထွက်သို့ ရောက်သောအခါ တက်လှမ်းခြင်း အလယ်အလတ်အဆင့် ရှိသော လူငယ်တပည့်တစ်ဦးနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သည်။

​သို့သော် ယခုတစ်ခါတွင်မူ ထန်ထျန်းက စကားပြောခွင့်ပင် မပေးတော့သလို တစ်ဖက်လူ သတိမထားမိခင်မှာပင် လက်ကို ဝှေ့ယမ်းကာ အဆောင်ကို အစပျိုးစေပြီး ထိုမုဆိုးကို ပြိုင်ပွဲမှ ထုတ်ပယ်လိုက်သည်။

​ထိုမြင်ကွင်းကို ကြည့်နေသူမှာ မျက်လုံးများ ပြူးကျသွားတော့သည်။

ယခုတစ်ခါတွင်မူ ထန်ထျန်း မည်သို့ လှုပ်ရှားလိုက်သည်ကို သူ သေချာ မြင်လိုက်ရသည်။

​"ထန်ထျန်းက မုဆိုးတစ်ယောက်ကို တိုက်ရိုက် ထုတ်ပယ်လိုက်ပြီ"

သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူ မြင်လိုက်ရသည့် အခြေအနေကို ပြောပြရန် အခြားသူများကို လှည့်ကြည့်လိုက်သည်။

​သို့သော် အခြားသူများမှာမူ ဤသည်ကို ကြားသောအခါ အလွန်အမင်း စိတ်ဝင်စားပုံ မပြကြပေ။

အကြောင်းမှာ ထိုအချိန်တွင် တက်လှမ်းသူများထဲမှ အချို့သော အစွမ်းထက်သူများမှာလည်း စွမ်းဆောင်ရည် ပြသနေကြပြီး ခွန်အားကြီးသော မုဆိုးအချို့ကို ထုတ်ပယ်နိုင်ခဲ့ကြသောကြောင့်ပင်။

သူတို့၏ အာရုံမှာ ထိုထိပ်တန်း ပါရမီရှင်များထံသို့သာ ရောက်ရှိနေကြသည်။

​"လောင်စူး... သူ့ကို အရမ်း အာရုံမစိုက်နဲ့။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ပဲ၊ ဘာအနာဂတ်မှ ရှိမှာ မဟုတ်ဘူး"

တစ်ဦးက ဖျောင်းဖျလိုက်သည်။

​အချို့ကမူ လှောင်ပြောင်သော လေသံဖြင့် "ဟမ့်... သူ ကြည့်ချင် ကြည့်ပါစေဗျာ။ "

"သူက အားလုံးရဲ့ မျက်စိအောက်မှာ အဖိုးတန် ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ထားတယ်ဆိုတာကို သက်သေပြချင်နေတာလေ"

​အားလုံးက ရယ်မောလိုက်ကြသည်။

ထျန်းဖူနန်းတော် တည်ထောင်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ဂုဏ်ထူးဆောင်တပည့်ထဲမှ ပါရမီရှင် ထွက်ပေါ်လာခြင်းမှာ လက်ချောင်းဖြင့် ရေတွက်၍ ရနိုင်သည်ဖြစ်ရာ ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ဟု သူတို့ ယူဆထားကြသည်။

ထို့ကြောင့် အချို့က မလှောင်ပြောင်လျှင်ပင် လောင်စူးနှင့် ထန်ထျန်း၏ မြင်ကွင်းကို ထပ်မံ အာရုံမစိုက်ကြတော့ပေ။

​ဤအခြေအနေကို ကြည့်ကာ လောင်စူးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူက အမြဲတမ်း တစ်ဦးတည်း ထင်ရာစိုင်းလေ့ရှိသဖြင့် မကြာခဏ လှောင်ပြောင်ခံရသူ ဖြစ်သည်။

သို့သော် ယခုတစ်ခါတွင်မူ သူ၌ ပြင်းထန်သော ခံစားချက်တစ်ခု ရှိနေသည်။

​ထန်ထျန်းက... ဧကန်မုချ ထူးခြားသောသူ ဖြစ်ရမည်

​ထန်ထျန်းက တတိယတောင်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ လောင်စူးက မြင်ကွင်းကို သူ့ရှေ့တွင်သာ သီးသန့်ထားကာ အာရုံစိုက်၍ စတင် ကြည့်နေတော့သည်။

All Chapters