ထန်ထျန်း၏ မျှော်လင့်ချက်
Vol. 20 Ch. 223
"ဒါဆို မင်းပြောတဲ့ အဲ့ဒီတပည့်က 'ချင်းယွဲ့ဂိုဏ်း' က လူပေါ့လေ"
ချီလန် ဆိုလိုသည့်အဓိပ္ပာယ်ကို အခြားသူများက ချက်ချင်း သဘောပေါက်သွားကြသည်။
ချီလန်က ခပ်ဖွဖွ ခေါင်းညိတ်ပြကာ "ဟုတ်တယ်"
"သူ့ဘက်မှာ အခု ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် လိုအပ်နေတာ။ တကယ်လို့ အခုလို အချိန်မျိုးမှာ သူ့ဆီကနေ လူသွားလုမယ်ဆိုရင်..."
"ကျစ်... ကျစ်... ငါတော့ အဲ့ဒီလို ကံဆိုးမိုးမှောင်ကျမယ့် အလုပ်မျိုး မလုပ်ချင်ဘူး။ "
"သူ ရူးသွားရင် ဘယ်သူ့ကိုမှ မျက်နှာမထောက်တတ်ဘူး"
အခြားသူများကလည်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ကြသည်။
သူတို့အားလုံးက ချီလန်ပြောသည့် နတ်သမီးလင်းလျို့၏ ရူးသွပ်မှုကို မြင်ဖူးကြပုံရသည်။
"ဟီးဟီး... ဒီချင်းယွဲ့ဂိုဏ်းက တကယ်ကို ထူးဆန်းတဲ့ အံ့ဖွယ်တွေကို ခဏခဏ ဖန်တီးပေးတဲ့ နေရာပဲ။ "
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက 'လုမင်' ဆိုရင်လည်း တစ်ယောက်တည်းနဲ့ ထျန်းဖူနန်းတော်က ပါရမီရှင် အားလုံးကို စိန်ခေါ်ခဲ့တာ။ အလယ်မှာ ပြဿနာတစ်ခု မတက်ခဲ့ရင် သူက 'ကောင်းကင်အထွတ်အထိပ်' ကို ချောချောမောမော ရောက်သွားမှာ သေချာတယ်"
"ပြီးတော့ လွန်ခဲ့တဲ့ ၂၅ နှစ်က နတ်သမီးလင်းလျို့ပေါ့။ သူက လူအများကြားမှာ ထင်ပေါ်ကျော်ကြားခဲ့ပြီး ၅ နှစ်အတွင်းမှာတင် 'မြင့်မြတ်သမီးတော်' ဖြစ်လာတဲ့ အံ့ဖွယ်ကို ဖန်တီးခဲ့တာ။"
" အခု သူ့ရဲ့ အရှိန်အဝါက မကုန်သေးဘူး၊ နောက်ထပ် တစ်ယောက် ထပ်ပေါ်လာပြန်ပြီ"
"အဲ့ဒီနေရာက နတ်ဘုရားတွေ ကြွေလွင့်တဲ့ နေရာများလား"
တစ်ဦးက အတိတ်ကို ပြန်ပြောရင်း အံ့သြတကြီး ပြော သည်။
ချီလန်က ပြုံးကာ "ဘယ်သူသိမှာလဲ။ ဒီလောကမှာ ရှင်းပြလို့မရတဲ့ အရာတွေက အပေါဆုံးပဲလေ။"
" ဘာပဲဖြစ်ဖြစ် ချင်းယွဲ့ဂိုဏ်းက ထွက်လာတဲ့သူတိုင်းကတော့ တကယ့် လူကြမ်းတွေချည်းပဲ"
"ဟွမ်တောက်စန်း လည်း အတူတူပဲ။ သူက နတ်သမီးလင်းလျို့ကို အမြဲတမ်း ဖိနှိပ်ထားတာ။ "
"တကယ်လို့ သူတို့ အချင်းချင်းသာ မညီညွတ်တာ မဟုတ်ရင် ထျန်းဖူနန်းတော်မှာ သူတို့အုပ်စုက အင်အားကြီးနေတာ ကြာပြီ"
အခြားသူများကလည်း ထိုစကားကို အလေးအနက် ခေါင်းညိတ် ထောက်ခံကြသည်။
ခဏမျှ စကားစမြည် ပြောပြီးနောက် သူတို့က အခြားအကြောင်းအရာများကို ပြောင်းလဲ ဆွေးနွေးကြတော့သည်။
ထိုပါရမီရှင် တပည့်အကြောင်းကို ဆက်မပြောကြတော့ပေ။
သူတို့ကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်များအတွက် ပါရမီရှင် ဆိုသည်မှာ အမြဲတမ်း ရှိနေတတ်သည်ဖြစ်ရာ "လက်ပေါက်ကပ်သော" ပါရမီရှင်တစ်ဦးကို သူတို့ အလေးအနက် ထည့်မစဉ်းစားကြခြင်း ဖြစ်သည်။
သူတို့ စကားပြောနေချိန်တွင် အခြားဇရပ်တစ်ခုအတွင်း၌လည်း ဆွေးနွေးမှုတစ်ခု ရှိနေသည်။
"နတ်သမီး..."
"ဒီအကြိမ် တက်လှမ်းလာတဲ့သူတွေကို ကျွန်တော်တို့ သွားကြည့်ကြမလား"
ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည့် လူငယ်တစ်ဦးက နတ်သမီးလင်းလျို့ကို မေးမြန်းလိုက်သည်။
နတ်သမီးလင်းလျို့က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်အေးဆေးသော လေသံဖြင့် "ဟွမ်တောက်စန်း ဘက်ကကော ဘာထူးလဲ"
သူ၏ အသံမှာ နူးညံ့သိမ်မွေ့လှသည်။
"ဘာလှုပ်ရှားမှုမှ မရှိပါဘူး။"
" ဒါပေမဲ့ သူ သွားမှာမဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်။"
" စီနီယာအစ်မလည်း သိတဲ့အတိုင်း သူက ကျွန်တော်တို့လို လက်အောက်ခံဂိုဏ်းက တက်လှမ်းလာတဲ့ တပည့်တွေကို အမြဲ အထင်သေးတာလေ။ "
"အခုဆိုရင် ချင်းယွဲ့ဂိုဏ်းနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ဖို့တောင် ပြင်နေပြီ"
လူငယ်က သက်ပြင်းချကာ ပြောသည်။
လင်းလျို့၏ လက်များ ခဏ တုန့်ခနဲ ဖြစ်သွားပြီး "သူက မူလကတည်းက ထျန်းဖူနန်းတော်က လူပဲလေ။ ချင်းယွဲ့ဂိုဏ်းကို ခဏ ရောက်သွားခဲ့ပေမဲ့ ငါ တို့လို သံယောဇဉ် မရှိတာ သဘာဝပါပဲ။ "
"သူ အဆက်အသွယ် ဖြတ်တာက ဖြစ်သင့်ဖြစ်ထိုက်ပေမဲ့ မလုပ်သင့်တဲ့ အချက်ကတော့... ချင်းယွဲ့ဂိုဏ်းက ပေးထားတဲ့ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေကို သုံးပြီး အကျိုးကျေးဇူးတွေ ခံစားနေပေမဲ့ ဂိုဏ်းကိုတော့ အမြဲ အပုပ်ချနေတာပဲ။ "
"နောက်ပြီး ဂိုဏ်းက တက်လာတဲ့ တပည့်တွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာမျိုးကိုတော့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး"
လူငယ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ သူ လင်းလျို့ နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။
သူတို့ ထျန်းဖူနန်းတော်သို့ ရောက်နေပြီး ချင်းယွဲ့ဂိုဏ်းသို့ တစ်သက်လုံး ပြန်ဖြစ်မည် မဟုတ်သော်လည်း ချင်းယွဲ့ဂိုဏ်းမှာ သူတို့၏ အမြစ်ပင် ဖြစ်သည်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဝင်အခမ်းအနား ကို သွားကြမလား"
လင်းလျို့က ခေါင်းညိတ်လိုက်သည်။
"ဟွမ်တောက်စန်းက ဂရုမစိုက်ချင်မှတော့ ငါတို့ပဲ ဂရုစိုက်ရမှာပေါ့။"
" ငါတို့ ဂိုဏ်းတူမောင်လေး ညီမလေး တွေ ရောက်ရောက်ချင်း တခြားသူတွေထက် ပိုပြီး ခက်ခက်ခဲခဲ မဖြစ်စေချင်ဘူး"
လူငယ်က ခေါင်းညိတ် လိုက်သော်လည်း ခါးသက်သက် ပြုံးကာ "တကယ်တော့ ကျွန်တော်တို့နောက် လိုက်တာကလည်း တခြားသူတွေထက် ပိုကောင်းလာမယ်လို့တော့ မပြောနိုင်ဘူး။ "
"ဟွမ်တောက်စန်းက ကျွန်တော်တို့ကို အစွမ်းကုန် ဖိနှိပ်မှာ သေချာတယ်။ "
"ကျွန်တော်တို့ အခု စုဆောင်းထားတဲ့ အင်အားက သူ့ရာထူးကို လှုပ်ခါနိုင်ဖို့ အများကြီး လိုသေးတယ်"
နတ်သမီး လင်းလျို့က သက်ပြင်းအသာချရင်း "ဘာပဲဖြစ်ဖြစ် လုပ်သင့်တာကိုတော့ လုပ်ရမှာပဲ။ "
"ဟွမ်တောက်စန်းနဲ့ ပတ်သက်ရင်တော့... "
"ငါတို့ အစွမ်းကုန် ကြိုးစားကြတာပေါ့"
လူငယ်က ခေါင်းညိတ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သူ မထွက်ခွာမီ လင်းလျို့က လှမ်းခေါ်လိုက်ပြန်သည်။ "ဒါနဲ့... လွန်ခဲ့တဲ့ တစ်လက 'ယွင်ခုံး' ပေးထားတဲ့ စာရင်းထဲမှာ ဒီအကြိမ် တက်လှမ်းလာသူတွေထဲက ထူးချွန်သူတွေ ပါပါတယ်။ "
"အဲ့ဒီလူတွေကို အထူး ဂရုစိုက်ကြည့်ပေးပါ။ "
"နောက်ပြီး ထန်ထျန်း လို့ခေါ်တဲ့ ဂုဏ်ထူးဆောင်တပည့် တစ်ယောက်လည်း ပါသေးတယ်။ သူက ခွန်အားကော ချမ်းသာမှု ကော အလွန်ကြီးမားတယ်လို့ ကြားတယ်။"
" ယွင်ခုံးက ပြောတာတော့ သူ့ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ အကောင်းဆုံးပဲတဲ့"
"ဂုဏ်ထူးဆောင်တပည့်လား"
လူငယ်မှာ အနည်းငယ် ကြောင်သွားသော်လည်း လင်းလျို့၏ မှာကြားချက် ဖြစ်သောကြောင့် စိတ်ထဲ မှတ်သားထားလိုက်သည်။
သူက အရိုအသေပြုကာ ထွက်သွားတော့သည်။
လင်းလျို့က ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ချင်းယွဲ့ဂိုဏ်း..."
" ငါ အစွမ်းကုန် ကာကွယ်ပေးပါ့မယ်..."
....
တောင်ကိုးလုံး
ထန်ထျန်း၏ ခြေလှမ်းများက နောက်ဆုံးတောင်ပေါ်သို့ ခြေ ချ လိုက်ပြီ ဖြစ်သည်။
သူ၏ အနောက်တွင် မည်သူမျှ မရှိပေ။
ပဉ္စမတောင်ကို ရှင်းထုတ်ပြီးနောက် ထန်ထျန်းက အားမရသေးဘဲ တက်လှမ်းသူတွေအတွက် အကျိုးခံစားခွင့် ပိုရအောင် လုပ်ပေးသင့်သည်ဟု တွေးလိုက်သည်။
ထို့ကြောင့် သူက ဆက်လက် ချီတက်ပြီး ဆဋ္ဌမတောင်မှ မုဆိုးအားလုံးကို ရှင်းထုတ်ပစ်လိုက်သည်။
ထို့နောက်တွင်လည်း "လုပ်မှတော့ အဆုံးထိ လုပ်လိုက်မယ်" ဆိုသည့် စိတ်ဖြင့် သတ္တမတောင်နှင့် အဋ္ဌမတောင်တို့မှ မုဆိုးများကိုပါ အကုန် ရှင်းပစ်လိုက်ပြန်သည်။
ဤသို့ဆိုလျှင် အားအနည်းဆုံး တက်လှမ်းသူပင်လျှင် အနည်းဆုံး ရှန့်ထန်း ဆေးလုံး လေးလုံးကိုတော့ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
အဓိက အချက်ကတော့...
ထန်ထျန်းက ကောင်းကင်ကို ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။
သူ၏ ရူးသွပ်သော လုပ်ရပ်ကို အပြင်ကလူတွေ မြင်နေလောက်ပြီ။
အနည်းဆုံးတော့ အုတ်အော်သောင်းနင်း ဖြစ်သွားစေလောက်သည်။
ဤကိစ္စကို ထျန်းဖူနန်းတော် ခရီးစဉ်၏ ပထမဆုံးသော အလင်းလက်ဆုံး ခြေလှမ်းအဖြစ် သူ သတ်မှတ်လိုက်သည်။
ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ထန်ထျန်းက နောက်သို့ တစ်လှမ်းဆုတ်ကာ နဝမတောင် နယ်မြေမှ ထွက်လာခဲ့သည်။
"တော်လောက်ပြီ။ "
"စမ်းသပ်မှု အချို့တော့ ချန်ထားခဲ့ရမယ်။"
" တက်လှမ်းသူတွေနဲ့ ထျန်းဖူနန်းတော် ပါရမီရှင်တွေကြားက ကွာခြားချက်ကိုလည်း သူတို့ သိထားဖို့ လိုတယ်"
ထန်ထျန်းက သူ၏ ရူးသွပ်သော လုပ်ရပ်ကို ရပ်တန့်လိုက်ပြီး နောက်ဆုံးတောင်မှ မုဆိုးများကိုတော့ ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
တက်လှမ်းသူ အုပ်စုကြီး ရောက်လာသည့်အခါမှ သူတို့နှင့်အတူ ဤဝင်ခွင့်စမ်းသပ်ပွဲကို အဆုံးသတ်မည် ဖြစ်သည်။
သူ ထွက်လာသည့်အခါ အပြင်ကလူတွေ သူ့ကို ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို သူ အလွန် မျှော်လင့်နေမိသည်။
အပြင်ဘက်တွင်...
လောင်စူးက ထန်ထျန်း၏ မြင်ကွင်းကို သူ၏ လက်ထဲတွင် လုံအောင် ဖုံးအုပ်ထားသည်။
ယခုအချိန်အထိ ထန်ထျန်းက တောင်ကိုးလုံးထဲတွင် ဘာတွေ လုပ်နေသည်ကို မည်သူ့ကိုမျှ အမြင်မခံပေ။
တက်လှမ်းသူတွေထဲမှာ လျှို့ဝှက်ဆန်းပြားတဲ့ ပါရမီရှင် တစ်ယောက် ပါလာပြီး မယုံနိုင်စရာတွေ လုပ်နေတယ်ဆိုတာကို လူအချို့ ရိပ်မိပြီး တိတ်တဆိတ် ရှာဖွေနေကြပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ထန်ထျန်းကို မည်သူမှ မသင်္ကာဖြစ်ခြင်း မရှိသေးပေ။
လောင်စူး၏ သတင်းပို့ချက်ကြောင့် သူ၏ လူများမှာလည်း အသည်းအသန် လာနေကြပြီ ဖြစ်သည်။
သူ အခုလုပ်ရမှာက ထန်ထျန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို တတ်နိုင်သမျှ နောက်ကျမှ ပေါ်အောင် ဖုံးကွယ်ထားရန်ပင်။
လောင်စူးက မြင်ကွင်းကို ကာကွယ်ရင်း ထန်ထျန်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
ထိုစဉ် ရုတ်တရက် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ သူ၏ နောက်ကျောဘက်တွင် မည်သည့် လှုပ်ခတ်မှုမျှ မရှိဘဲ ပေါ်လာသည်။
"လောင်စူး..."
" မင်း ဘာလုပ်နေတာလဲ"
ပေါ်လာသူမှာ တက်လှမ်းသူများကို ပို့ဆောင်ပေးခဲ့သည့် ထို အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင် ပင် ဖြစ်သည်။