← Chapters

ထျန်းဖူနန်းတော်၏ အင်အားစုများ

Vol. 20 Ch. 226

ထျန်းဖူနန်းတော်၏ အင်အားစုများ

Vol. 20 Ch. 226

​အချိန်ကြာလာသည်နှင့်အမျှ တက်လှမ်းသူများက လမ်းကြောင်းထဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။

​အစောဆုံး ထွက်လာသူအများစုမှာ ပထမအဆင့်မှ ထူးချွန်သူများ ဖြစ်ကြသည်။

သူတို့ ပေါ်လာသည်နှင့် လူအများက ချက်ချင်း မှတ်မိသွားကြ၏။ အကြောင်းမှာ သူတို့က တောင်ကိုးလုံး စမ်းသပ်ပွဲတွင် ထူးခြားသော စွမ်းဆောင်ရည်များ ပြသခဲ့ကြပြီး အချို့ဆိုလျှင် တစ်ကိုယ်တော် ခွန်အားဖြင့် အစွမ်းထက်သော မုဆိုးများကိုပင် အလဲထိုးနိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

​စီမံသူ အချို့မှာ ထိုသူများထံ တိုးသွားကြပြီး တက်ကြွစွာ စကားစမြည် ပြောဆိုနေကြသည်။

ကြည့်ရသည်မှာ သူတို့ ဖိတ်ခေါ်မှု ကို ကြိုတင် ကမ်းလှမ်းနေကြပုံရ၏။

ယခုချက်ချင်း သူတို့ဘက်သို့ မဆွဲဆောင်နိုင်လျှင်တောင်မှ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကိုတော့ ကြိုတင် တည်ဆောက်ထားကြခြင်း ဖြစ်သည်။

​ဤအခြေအနေကို ကြည့်ရင်း ထန်ထျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။

​ဟုတ်ပေသည်... ဤမြင်ကွင်းမျိုးသည်သာ သူ အပြင်မထွက်မီက မျှော်လင့်ထားခဲ့သည့် မြင်ကွင်းမျိုး ဖြစ်သည်။

ကံဆိုးသည်မှာ လောင်စူး ဆိုသည့် ထိုကောင်ကြောင့် အားလုံး ပျက်စီးသွားရခြင်းပင်။

နောင်တစ်ချိန် ထျန်းဖူနန်းတော်ထဲတွင် ထိုသူနှင့် ထပ်တွေ့လျှင်တော့ ဤအကြွေးကို သေချာ ပြန်ဆပ်ရပေမည်။

​အလင်းလက်ဆုံး အခိုက်အတန့်တွေက သူတစ်ပါးအပိုင် ဖြစ်နေချိန်တွင် ထန်ထျန်းကတော့ ဘေးတစ်နေရာတွင် အေးအေးလူလူ ရပ်နေရင်း ကုရှောင်းရွှယ် ထွက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်နေလိုက်သည်။

သို့သော် ထိုစဉ်မှာပင် ပုံရိပ်တစ်ခုမှာ သူ၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ရောက်ရှိလာပြန်သည်။

​ထန်ထျန်းသည်လည်း ထိုသူ၏ အော်ရာကို ခံစားမိလိုက်၏။

​"မင်းလည်း ထွက်လာပြီလား"

​ထန်ထျန်းက အရင် စကားစလိုက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သည်။

ဤသူမှာ တောင်ကိုးလုံးထဲတွင် သူ ပထမဆုံး တွေ့ခဲ့သည့် မုဆိုး မူမုကျင်း ပင် ဖြစ်သည်။

​ထန်ထျန်း၏ အေးစက်စက် အကြည့်ကြောင့် မူမုကျင်း၏ ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားပြီးနောက် "ကျွန်တော်... တက်လှမ်းသူ အားလုံး ဒုတိယတောင်ကို ဖြတ်ပြီးကတည်းက ထွက်လာခဲ့တာ"

​ပြောပြီးနောက် သူက ထန်ထျန်းအနား တိုးကပ်လာကာ အခြားမုဆိုးအုပ်စုများကို တစ်ချက် လှည့်ကြည့်ရင်း လေသံတိုးတိုးဖြင့် "အစ်ကိုကြီး... တောင်လေးလုံးက မုဆိုးတွေ အကုန် ရှင်းထုတ်ခံလိုက်ရတဲ့ ကိစ္စ..."

​"အစ်ကိုကြီး သိလား"

မူမုကျင်းက အထာဖြင့် မေးလိုက်သည်။

​ထန်ထျန်းက ရုတ်တရက် ပြုံးလိုက်ပြီး "မင်း ဘယ်လို ထင်လို့လဲ"

​မူမုကျင်းက ခေါင်းကို ကုတ်ရင်း "ကျွန်တော် ထင်တာကတော့ အစ်ကိုကြီးကလွဲရင် ဒီလိုကိစ္စမျိုးကို ဘယ်သူမှ မလုပ်နိုင်ဘူးလို့ပဲ။ "

"ဒါပေမဲ့ တစ်ယောက်ယောက်က သတင်းအချက်အလက်တွေကို တမင် ဖုံးကွယ်ထားပုံရတယ်၊ အခုထိ ဘယ်သူလုပ်တာလဲဆိုတာကို အစစ်အမှန် ရှာမတွေ့ကြသေးဘူး"

​ထန်ထျန်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"ငါ သိတယ်။ "

"တကယ့်ကို စိတ်ညစ်ဖို့ ကောင်းတာပဲ"

​ထန်ထျန်းက ဤကိစ္စကို ဝန်ခံလိုက်သည်ကို မြင်သောအခါ မူမုကျင်းမှာ အံ့သြသွားပြီး "တကယ်ကြီး အစ်ကိုကြီး လုပ်တာပဲလား"

သို့သော် ချက်ချင်းပင် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံကို အတတ်နိုင်ဆုံး နှိမ့်လိုက်ပြီး "အစ်ကိုကြီး စိတ်ချပါ၊ ကျွန်တော့် ပါးစပ်က အရမ်း လုံပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ လုံးဝ မပြောပါဘူး"

​ထန်ထျန်းက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ အမှန်တကယ်တော့ သူ့အနေဖြင့် တမင် ဖုံးကွယ်ထားရန် မလိုဘဲ ပြောချင်က ပြောနိုင်ကြောင်း ပြောပြချင်သော်လည်း နာမည်ကျော်ကြားမှု ဆိုသည်မှာ ဆိုးသည့် အရာတော့ မဟုတ်ပေ။

သို့သော် မူမုကျင်းက အားတက်သရော ပြောနေသဖြင့် "မင်း သဘောပဲလေ" ဟုသာ ပြောလိုက်သည်။

​မူမုကျင်းက ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ "ဒီတစ်ခါ တက်လှမ်းလာသူတွေထဲမှာ အစ်ကိုကြီးလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပါလာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး။"

" ကျွန်တော် ခံစားရတာကတော့... အစ်ကိုကြီးက ထျန်းဖူနန်းတော်ထဲက အဲ့ဒီ 'ပါရမီရှင်' တွေနဲ့တောင် ရင်ပေါင်တန်းနိုင်လောက်တယ်"

​ထိုစကားကို ကြားသောအခါ ထန်ထျန်း၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။

အမှန်အတိုင်း ပြောရလျှင် ဤဝင်ခွင့်စမ်းသပ်ပွဲရှိ မုဆိုးများ၏ အစွမ်းကို ထန်ထျန်းက အနည်းငယ် စိတ်ပျက်နေမိသည်။

ထျန်းဖူနန်းတော်ထဲရှိ အစစ်အမှန် ပါရမီရှင်များမှာ မည်မျှအထိ စွမ်းအားရှိမည်ကို သူ အမြဲ သိလိုနေခဲ့သည်။

​"အဲ့ဒီ ပါရမီရှင် တွေက... တကယ်ပဲ အဲ့လောက် တောင် သန်မာ လို့လား"

ထန်ထျန်းက မေးလိုက်သည်။

​မူမုကျင်းက အလေးအနက် ခေါင်းညိတ်ပြသည်။ "အရမ်း သန်မာတယ် ။ "

"သူတို့ရဲ့ ပါရမီက ကျွန်တော်တို့လို လူတွေနဲ့ လုံးဝ အဆင့်ချင်း မတူဘူး။"

" သူတို့နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်က ခုခံနိုင်စွမ်းမရှိတဲ့ ကြက်ကလေး တစ်ကောင်လိုပဲ။ "

"သူတို့ရဲ့ ခွန်အားတွေက အင်မော်တယ်အဆင့် အထက်မှာ ရှိကြတယ်။ အင်မော်တယ်၊ အစစ်အမှန်အင်မော်တယ် နဲ့ ဆန်းကြယ်အင်မော်တယ် အထိတောင် ရှိကြတယ်"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

ဤသည်မှာမှ သူ စိတ်ဝင်စားသည့် အဆင့်မျိုး ဖြစ်သည်။

ကိုယ့်ထက် အများကြီး အားနည်းသူများနှင့်သာ ကစားနေရသည်မှာ တကယ်တမ်းတွင် ပျင်းစရာ ကောင်းလှသည်။

​"အဲ့ဒီလိုလူတွေ အများကြီး ရှိလား"

ထန်ထျန်းက ထပ်မေးသည်။

​မူမုကျင်းက "အများကြီး ရှိတာပေါ့။"

" ဒီလို ပါရမီရှင်တွေက ရှားပါးလှတယ် ဆိုပေမဲ့ ထျန်းဖူနန်းတော်လို နေရာမျိုးမှာတော့ ပါရမီရှင် ဆိုတာ အပေါဆုံးပဲ။ "

"ပင်မနန်းတော် အကြောင်းကတော့ ပြောမနေနဲ့တော့၊ အစွမ်းထက်သူတွေက နေရာအနှံ့ပဲ၊ တစ်ယောက်ချင်းစီက ကြောက်စရာ ကောင်းလောက်အောင် ထူးခြားကြတယ်။"

" ဒါ့အပြင် တခြား အားကောင်းတဲ့ အင်အားစုတွေထဲမှာလည်း ထိပ်တန်း ပါရမီရှင်တွေ အများကြီး ရှိသေးတယ်"

​"ဥပမာ ပြောရရင် ထိုက်ယိမဟာမိတ်။ အင်မော်တယ်လမင်း ရေ ကန်၊ စစ်နတ်ဘုရားခန်းမ၊ လင်းရှောင်တောင်ကြား တွေအပြင် မုမိသားစုဘ ဟန်မိသားစု၊ မိုမိသားစု စတဲ့ မိသားစုတွေပေါ့။ သူတို့က အင်အားကြီးမားပြီး အခြေခံ ခိုင်မာသလို အရင်းအမြစ်တွေလည်း အများကြီး ရှိကြတယ်။ ဒါကြောင့် ပါရမီရှင် အုပ်စုလိုက်ကို လွယ်လွယ်ကူကူ မွေးထုတ်ပေးနိုင်ကြတယ်"

​ထန်ထျန်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ မူမုကျင်း ပြောသွားသည့် အင်အားစုများထဲတွင် သူ ရင်းနှီးသည့် အမည်အချို့ကို ကြားလိုက်ရသည်။

လူအများ သိထားကြသည်ဆိုလျှင် ထိုအုပ်စုများက ဧကန်မုချ အားနည်းမည် မဟုတ်ပေ။

​"နောက်ပြီး တက်လှမ်းလာတဲ့ လက်အောက်ခံဂိုဏ်းတွေက တည်ထောင်ထားတဲ့ အင်အားစုတွေလည်း ရှိသေးတယ်၊ သူတို့ကလည်း အားမနည်းဘူး"

မူမုကျင်းက ဆက်ပြောသည်။ "အထင်ရှားဆုံးတွေကတော့ ပိုင်တိနန်းတော်၊ ကျီယန်နန်းတော် နဲ့ ရွှမ်ယွင်မျှော်စင် တွေပဲ။"

" ဒီနာမည်တွေကို အစ်ကိုကြီး ကြားဖူးမှာပါ"

​ထန်ထျန်းက "အင်း" ဟု ဆိုလိုက်သည်။

တကယ်ပင် ရင်းနှီးလှသည်။ ဤသုံးခုမှာ လက်အောက်ခံဂိုဏ်းပေါင်း တစ်ရာကျော်ထဲတွင် အားအကောင်းဆုံး ဂိုဏ်းကြီး သုံးခု ဖြစ်သည်။

ထိုအထဲမှ ပိုင်တိဂိုဏ်း နှင့် ကျီယန်ဂိုဏ်း တို့နှင့် သူ အဆက်အသွယ် အချို့ ရှိခဲ့ဖူးသေးသည်။

​စကားများကို နားထောင်ပြီးနောက် ထန်ထျန်းမှာ အနည်းငယ် အံ့သြမိသည်။

ထျန်းဖူနန်းတော် ဆိုသည်မှာ မဟုတ်လျှင်ပင် နာမည်ကြီး အင်အားစု အချို့မှာ အားအကောင်းဆုံး လက်အောက်ခံဂိုဏ်းများ၏ ခွန်အားနှင့် ရင်ပေါင်တန်းနိုင်ကြသည်။

သူတို့ ရှိနေမှသာ သူ၏ ဘဝမှာ ပျင်းစရာ ဆက်မကောင်းတော့မည် ဖြစ်သည်။

​ထို့နောက် ထန်ထျန်းက မူမုကျင်းနှင့် အခြားသော အကြောင်းအရာများကို ဆက် ပြော ဖြစ်ကြသည်။

ဥပမာ ထိပ်တန်း ပါရမီရှင်များက အခြေခံအားဖြင့် တောင်ထိပ် တပည့် အတွက် လျာထားခြင်း ခံရသူများ ဖြစ်ကြသည်။

နောက်ပိုင်းတွင် အားလုံးက နဂါးတံခါး ထဲသို့ အတူတူ ဝင်ရောက်ကြရမည် ဖြစ်ပြီး နဂါးတံခါးအတွင်း ပြသသည့် စွမ်းဆောင်ရည်ပေါ် မူတည်၍ တောင်ထိပ် တပည့် အရန်နေရာများကို သတ်မှတ်မည် ဖြစ်သည်။

ထို့နောက် စမ်းသပ်မှု အချို့ကို ထပ်မံ ဖြတ်ကျော်ပြီးမှသာ တောင်ထိပ် တပည့် အစစ် ဖြစ်လာနိုင်မည် ဖြစ်သည်။

​ဤအကြောင်းကို ပြောသည့်အခါ မူမုကျင်း၏ မျက်နှာတွင် မျှော်လင့်တကြီး ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် သူ၏ လက်ရှိ ခွန်အားဖြင့်မူ တောင်ထိပ် တပည့် ဖြစ်လာရန်မှာ အလွန် ခဲယဉ်းလှသည်။

အလွန်ဆုံးမှ အဓိက တပည့် အဆင့်သာ ဖြစ်နိုင်သည်။

သို့သော် အဓိက တပည့် ဆိုသည်မှာပင် ထျန်းဖူနန်းတော်ထဲတွင် လူအများ မော်ကြည့်ရသည့် အဆင့်မျိုး ဖြစ်သည်။

​ဆက်လက်၍ သူတို့က နောက်ပိုင်း ကိစ္စ များအကြောင်း ပြော ကြသည်။

ဝင်ခွင့်စမ်းသပ်ပွဲမှာ အမှန်တကယ် မပြီးဆုံးသေးကြောင်း မူမုကျင်းထံမှ ထန်ထျန်း သိလိုက်ရသည်။

တောင်ကိုးလုံး စမ်းသပ်ပွဲပြီးလျှင် အင်မော်တယ် လှေကား တက်ရသည့် စမ်းသပ်မှု ရှိသေးပြီး ၎င်းကို တက်ပြီးမှသာ ထျန်းဖူနန်းတော် သို့ အမှန်တကယ် ရောက်ရှိမည် ဖြစ်သည်။

​"ဒါက အင်မော်တယ် လမ်း လို့လည်း ခေါ်တယ်"

မူမုကျင်းက ပြုံးကာ ပြောသည်။ "ကျောက်ဖိန် လမ်း လို့လည်း ခေါ်ကြတယ်။"

" အင်မော်တယ်အဆင့် အထက်မှာ ရှိတဲ့သူတွေတောင် ဒီလှေကားကို တက်ရင်းနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်။ "

"ဒါက တက်လှမ်းသူတွေ ထျန်းဖူနန်းတော်ကို ရောက်လာပြီး ပထမဆုံးသော အပြောင်းအလဲ ပဲ"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လက်ဆောင် ပေးသည့် သဘောပင် ဖြစ်သည်။

​အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး လမ်းကြောင်းထဲမှ တက်လှမ်းသူများမှာ ပို၍ များပြားလာသည်။

နောက်ဆုံးတွင် အလင်းတန်းတစ်ခု ထပ်မံ တောက်ပလာပြီးနောက် ကုရှောင်းရွှယ် ၏ ပုံရိပ်က လူအများရှေ့တွင် ပေါ်လာတော့သည်။

​သူမ ထွက်လာသည်နှင့် အပြင်ဘက်ရှိ စီမံသူများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သူမထံသို့ ဝိုင်းအုံသွားကာ ရင်းနှီးမှု ရယူရန် ကြိုးစားကြတော့သည်။

ကြည့်ရသည်မှာ ကုရှောင်းရွှယ်သည်လည်း တောင်ကိုးလုံးထဲတွင် ထူးခြားသော စွမ်းဆောင်ရည် ပြသခဲ့ပုံရသည်။

သူမ၏ ဦးခေါင်းပေါ်တွင် ကျန်ရှိနေသေးသော ရှန့်ထန်း ဆေးလုံး (၈) လုံး မှာ အကောင်းဆုံး သက်သေပင် ဖြစ်သည်။

​သို့သော် ဤကဲ့သို့ မြင်ကွင်းမျိုးကို ကုရှောင်းရွှယ်မှာ အသားမကျသေးပုံ ရသည်။

သူမက ခြေဖျားထောက်ကာ လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်ကို အသည်းအသန် ရှာဖွေနေ၏။

ထန်ထျန်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားသည်။

​"ခဏလောက် ဖယ်ပေးကြပါ"

"ကျေးဇူးတင်ပါတယ်"

​ကုရှောင်းရွှယ်က လူအုပ်ကို တိုးဝှေ့ကာ ထန်ထျန်း ရှိရာဘက်သို့ အပြေး လာခဲ့တော့သည်။

All Chapters