နတ်သမီး လင်းလျို့
Vol. 20 Ch. 222
အလင်းတန်းများ ဆက်တိုက်လက်လာသည်နှင့်အမျှ အကြောင်းရင်းမရှိဘဲ ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသည့် မုဆိုးအရေအတွက်မှာ ပို၍ပို၍ များပြားလာသည်။
စာရင်းကို အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် လူတိုင်းမှာ ထိတ်လန့်တကြား ရှာဖွေတွေ့ရှိသွားသည်မှာ ပဉ္စမတောင်အတွင်းရှိ မုဆိုးအားလုံး သုတ်သင်ခံလိုက်ရခြင်းပင်။
ထို့အပြင် အချိန်သိပ်မကြာလိုက်ဘဲ ဆဋ္ဌမတောင်မှ မုဆိုးများသည်လည်း အုပ်စုလိုက် ပြန်လည်ရောက်ရှိလာကြတော့သည်။
"မဖြစ်နိုင်ဘူး၊ တောင်ကိုးလုံးထဲမှာ တစ်ခုခုတော့ ပြဿနာတက်နေပြီ"
"ဒါ အရင်က ရှင်းလင်းရေးလုပ်တာ မပြောင်စင်လို့လား၊ အထဲမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင် ရှိနေတာများလား"
"မြန်မြန် စစ်ဆေးကြည့်ကြပါ၊ တပည့်တွေရဲ့ အဆောင်က အသက်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တာ မဟုတ်ဘူး၊ တကယ်လို့ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ရင် အကျိုးဆက်က တွေးဝံ့စရာ မရှိဘူး"
ပြိုင်ပွဲမှ ထွက်လာသည့် မုဆိုးများက အလန့်တကြား ငိုယို နေကြသည်။
အပြင်ဘက်ရှိ အစစ်အမှန်အင်မော်တယ် အကြီးအကဲများပင်လျှင် ကြောက်လန့်တုန်လှုပ်သွားကြသည်။
အကြောင်းမှာ သူတို့က မြင်ကွင်းများထဲတွင် ဤကိစ္စကို ဖြစ်ပွားစေသည့် အရာကို လုံးဝ ရှာမတွေ့သောကြောင့်ပင်။
ဆဋ္ဌမတောင်ရှိ မုဆိုးများပေါ်သို့ မြင်ကွင်းကို အသေအချာ ပုံသေချထားလျှင်ပင် သူတို့ မြင်တွေ့ရသည်မှာ မုဆိုးများမှာ လျှို့ဝှက်ဆန်းပြားသော အင်အားတစ်ခုကြောင့် တစ်ခဏအတွင်း အလဲထိုးခံလိုက်ရခြင်းသာ ဖြစ်သည်။ အခြားသူ တစ်ဦးတစ်ယောက် ရှိနေသည့် အထောက်အထားကိုပင် လုံးဝ ရှာမတွေ့ပေ။
"အထက်ကို တင်ပြလိုက်ကြစို့။"
"တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် ဘယ်သူမှ ဒီတာဝန်ကို ယူနိုင်မှာ မဟုတ်ဘူး"
တစ်ဦးက ပြောလိုက်သည်။
ယခုအကြိမ် လက်အောက်ခံဂိုဏ်းများမှ တက်လှမ်းသူအားလုံးနှင့် ထျန်းဖူနန်းတော်၏ ထိပ်တန်း လူငယ်များ အားလုံးက အထဲတွင် ရောက်ရှိနေကြသည်။
ယခုအချိန်အထိ သွေးထွက်သံယို မဖြစ်သေးသော်လည်း တကယ်လို့သာ ဖြစ်လာခဲ့လျှင် ကမ္ဘာပျက်မည့်ကိစ္စ ဖြစ်ပေလိမ့်မည်။
တက်လှမ်းသူများကို ပို့ဆောင်ပေးသည့် အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင် နှင့် မုဆိုးများကို ပို့ဆောင်ပေးသည့် အဘိုးအိုတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဤကိစ္စကို အထက်သို့ တင်ပြရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်ကိုးလုံးက တပည့်များအတွက် စမ်းသပ်ရာနေရာဖြစ်သဖြင့် သူတို့ပင်လျှင် ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်၍ မရပေ။
ထျန်းဖူနန်းတော်၏ အထက်ပိုင်း အာဏာပိုင်ကြီးများကိုသာ အကူအညီ တောင်းရတော့မည်။
သို့သော် ခဏမျှ စောင့်ဆိုင်းပြီးနောက် အထက်လူကြီးဆီမှ ပြန်လာသည့် စာကိုကြည့်ကာ ထိုနှစ်ဦးမှာ ကြောင်အသွားကြသည်။
"အရာအားလုံး ပုံမှန်ပဲ။"
တိုတောင်းသော စကားတစ်ခွန်းဖြစ်သော်လည်း သူတို့ကို တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားစေသည်။
ဤစမ်းသပ်ကွင်းကို ထိုအကြီးအကဲ ကြီး ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သူက ပုံမှန်ဖြစ်သည်ဟု ပြောလျှင် ဧကန်မုချ ဘာပြဿနာမှ မရှိပေ။
သို့သော် ပြဿနာမရှိလျှင် ထိုမုဆိုးများမှာ မည်ကဲ့သို့ အကြောင်းမဲ့ ထွက်လာကြသနည်း။
သူတို့နှစ်ဦးက တစ်ဦး၏ မျက်လုံးထဲမှ တစ်ဦး အဖြေတစ်ခုကို ရှာတွေ့လိုက်ကြသည်။
ယခုအကြိမ် တပည့်များထဲတွင်...
ပါရမီရှင် တစ်ယောက် ပါလာပြီ
"မင်း တပည့်တွေကို ဆေးလုံးတွေ ဝေတုန်းက ထူးခြားတာ ဘာတွေ့သေးလဲ"
အဘိုးအိုက လေသံတိုးတိုးဖြင့် မေးသည်။
သို့သော် အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်က စဉ်းစားပြီးနောက် ခေါင်းခါပြသည်။ "မတွေ့ဘူး။ "
"ပထမအဆင့် ဖိအားကို လူတစ်ရာကျော် ကြံ့ကြံ့ခံနိုင်ပေမဲ့ ဒုတိယအဆင့်မှာတော့ အကုန်လုံးက ခုခံမှုကို စွန့်လွှတ်လိုက်ကြတာပဲ"
အဘိုးအိုက မျက်လုံးကို မှေးလိုက်ပြီး "ငါ့ကို နာမည်စာရင်း လိုချင်တယ်။ "
"ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ ဒီလူက ဘယ်သူလဲဆိုတာ မင်းစိတ်ထဲမှာ ရှိပြီးသားဖြစ်မှာပဲ"
"အတည်မပြုနိုင်သေးတာပဲ ရှိလိမ့်မယ်။ ဒီအကြောင်းကို အခု ငါတို့နှစ်ယောက်ပဲ သိသေးတာ။"
" နောက်ပိုင်း ဖုံးမရတော့လို့ အကုန်လုံး လိုက်ရှာကြပြီဆိုရင် ငါတို့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး"
အင်မော်တယ်ဘုရင်မှာ ခဏမျှ တိတ်ဆိတ်သွားသည်။
နောက်ဆုံးတွင် သူက အလျော့ပေးလိုက်ကာ အဘိုးအိုအား ရှည်လျားသော နာမည်စာရင်းတစ်ခုကို ပေးလိုက်သည်။
ဤစာရင်းမှာ ရှန့်ထန်း ဆေးလုံး ကို ရရှိခဲ့သည့် ပထမအဆင့် ပါရမီရှင်များ ဖြစ်သည်။
ဤလူများထဲမှသာ မုဆိုးကို ပြန်လည် အမဲလိုက်နိုင်သူ ပေါ်ထွက်လာနိုင်သည်။
သို့သော် သူသည်လည်း လျှို့ဝှက်ချက်တစ်ခုကို ချန်ထားခဲ့သည်။
သူ ပထမဆုံး ဖိအားပေးစဉ်က ဟို့ထန်း ဆေးလုံး ရရှိခဲ့သည့် တက်လှမ်းသူအချို့နှင့် အနည်းငယ်သော ဂုဏ်ထူးဆောင်တပည့် များမှာလည်း တိုက်ရိုက် လဲကျမသွားခဲ့ပေ။
အကယ်၍ ထိုသူက ဤအုပ်စုနှစ်ခုထဲမှသာ ဖြစ်နေလျှင် တိုက်ဆိုင်လွန်းလှသည်ဟု ဆိုရမည်။
ထို့နောက် သူတို့က အခြားသူများကို စိတ်မပူရန် ပြောလိုက်ပြီး အထက်မှ အကြောင်းပြန်ကြားချက်ကို စောင့်ခိုင်းထားသည်။
သူတို့ကိုယ်တိုင်မူ မြင်ကွင်းများထဲတွင် တိတ်တဆိတ် လိုက်လံ ရှာဖွေနေကြတော့သည်။
ထျန်းဖူနန်းတော်၏ အင်အားစုများမှာ ရှုပ်ထွေးလှသဖြင့် တပည့်အသစ် တစ်သောင်းထဲမှ ထူးချွန်သူများကို လူတိုင်းက ကြိုတင် ဆွဲဆောင်လိုကြသည်။
.....
တစ်ချိန်တည်းမှာပင် ထျန်းဖူနန်းတော်၏ ကောင်းကင်သို့ ထိုးထွက်နေသော တောင်ထိပ်တစ်ခုပေါ်တွင်...
ဤနေရာက အပြင် လောကရှိ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ရှိနေပြီး အရပ်မျက်နှာတိုင်းတွင် နတ်အငွေ့အသက်များ ဝန်းရံနေသည့် စစ်မှန်သော အင်မော်တယ် နယ်မြေတစ်ခုပင်။
တောင်ထိပ်၏ အလယ်ဗဟိုတွင် အသင့်အတင့် အရွယ်အစားရှိသော နတ်ရေကန်တစ်ခု ရှိသည်။
နတ်ရေကန်၏ နံဘေးတွင်မူ ကျော့ရှင်းသော ဇရပ်အချို့ ရှိနေသည်။
ယခုအခါ ဇရပ်အတွင်း၌ ပုံရိပ်အချို့က အေးအေးလူလူ ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။
သူတို့ဆီမှ ရံဖန်ရံခါ ထွက်ပေါ်လာသော အော်ရာ အနည်းငယ်မှာပင် လူကို တုန်လှုပ်ခြောက်ခြားစေနိုင်လောက်အောင် အားကောင်းလှသည်။
ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကာ ခန့်ညားထည်ဝါသော လူငယ်တစ်ဦးက သတင်းပို့ခြင်းကို အဆုံးသတ်လိုက်ပြီးနောက် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဒီတစ်ခါ တက်လှမ်းလာတဲ့ တပည့်တွေထဲမှာ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက် ပါလာတယ်"
"သူ့ရဲ့ ပါရမီနဲ့ ခွန်အားက... ခုနကပဲ ရှန်းယွင်စင်မြင့် ပေါ် တက်လှမ်းသွားတဲ့ သူတွေထက် မနိမ့်ဘူးလို့ ထင်ရတယ်"
ထိုစကားအဆုံးတွင် ဇရပ်အတွင်းရှိ အခြားသူများမှာ မျက်ခုံးပင့်သွားကြသည်။
"ဒီလောက်တောင်လား"
"ချီလန်... မင်း အကြည့်မှားတာ မဟုတ်ပါဘူးနော်။ ရှန်းယွင်စင်မြင့် ဆိုတာ 'မြင့်မြတ် သားတော်' လောင်းလျာတွေနဲ့ အတူတူပဲလေ"
သူတို့က ထိုလူငယ်၏ စကားကို မယုံနိုင် ဖြစ်နေကြသည်။
ရှန်းယွင်စင်မြင့် ဆိုသည်မှာ ထျန်းဖူနန်းတော်၏ အထက်ပိုင်း အလွှာများသာ သိရှိနိုင်သော ဝေါဟာရတစ်ခု ဖြစ်သည်။
၎င်းက ရာထူးနေရာတစ်ခု ဖြစ်သော်လည်း တကယ့်အာဏာထက် သူကိုယ်စားပြုသည့် အဓိပ္ပာယ်မှာ ထိပ်တန်းတပည့်များထက်ပင် ပို၍ မြင့်မားလှသည်။
ရှန်းယွင်စင်မြင့်သို့ တက်လှမ်းနိုင်ခြင်းမှာ နောင်တစ်ချိန်တွင် ထျန်းဖူနန်းတော်၏ စစ်မှန်သော မြင့်မြတ် သားတော် ဖြစ်လာရန် မျှော်လင့်ချက် ရှိခြင်းပင်။
အလားအလာ အကောင်းဆုံးနှင့် အထူးချွန်ဆုံး တပည့်များသာလျှင် ဤနေရာကို ရရှိပိုင်ဆိုင်နိုင်ကြသည်။
ယခုနှစ်တွင် ထျန်းဖူနန်းတော် တစ်ခုလုံး၌ ရှန်းယွင်စင်မြင့်သို့ တက်လှမ်းနိုင်သူ (၄) ဦးသာ ရှိခဲ့သည်။
သူတို့ တစ်ဦးစီမှာ မယုံနိုင်စရာ ပါရမီရှင်များ ဖြစ်ကြသည်။
ယခုမူ လက်အောက်ခံဂိုဏ်းမှ တက်လှမ်းသူ တစ်ဦးက ဤနေရာကို ရရှိနိုင်သည်ဟု ဆိုနေခြင်းလော။
"ငါ အကြည့်မှားခဲပါတယ်"
ချီလန်က ပြုံးကာ ပြောသည်။ "တောင်ကိုးလုံးထဲမှာ တာဝန်ချထားတဲ့ မုဆိုးတွေရဲ့ အခြေအနေက အခု ပြောင်းပြန် ဖြစ်သွားပြီ၊ သူကပဲ ပြန်ပြီး အမဲလိုက်နေတာ။ "
"မုဆိုးတွေမှာ ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရဘူး၊ သူ့မျက်နှာကိုတောင် မမြင်လိုက်ရဘူး"
ဘေးမှ တစ်ဦးက မျက်မှောင်ကြုတ်ကာ "မုဆိုးတွေရဲ့ ခွန်အားကို အင်မော်တယ်အဆင့်အောက်မှာပဲ ကန့်သတ်ထားတယ်လို့ ငါ မှတ်မိတယ်။"
" အဲ့ဒီလိုဆိုရင် ဒါမျိုး လုပ်နိုင်တဲ့သူတွေ ထျန်းဖူနန်းတော် ထဲမှာ အများကြီးပဲ ရှိတာပဲ။ "
"ဒီလောက်လေးနဲ့ပဲ အဲ့ဒီတပည့်ကို ရှန်းယွင်စင်မြင့်က လူတွေနဲ့ ယှဉ်နိုင်တယ်လို့ ဆုံးဖြတ်တာက နည်းနည်း စောလွန်းသလိုပဲ"
ချီလန်က ခေါင်းခါလိုက်သည်။
"အဲ့ဒီတပည့်ရဲ့ ကျင့်ကြံမှုက တကယ်ပဲ အစစ်အမှန်အင်မော်တယ် အလယ်အလတ်အဆင့် ပဲ ရှိသေးတယ်။"
ဒါပေမဲ့ သူ့ရဲ့ ခွန်အားက ဒါထက်မကဘူး"
"ငါ မင်းတို့ကို ဒီလောက်ပဲ ပြောနိုင်မယ်၊ ထပ်ပြောရင် သူ့ရဲ့ လျှို့ဝှက်ချက်တွေ အများကြီး ပေါက်ကြားသွားလိမ့်မယ်"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
တပည့်များ၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်များကို မပေါက်ကြားအောင် ကာကွယ်ပေးခြင်းမှာ ထျန်းဖူနန်းတော်၏ စည်းကမ်းတစ်ခု ဖြစ်သည်။
၎င်းက တပည့်များ၏ လုံခြုံရေးအတွက် ဖြစ်သည်။
ကျင့်ကြံသူ တစ်ဦးအတွက် လျှို့ဝှက်ချက်နှင့် ဝှက်ဖဲများက အသက်နှင့် တိုက်ရိုက် သက်ဆိုင်သောကြောင့်ပင်။
"မင်း သူ့ကို ဒီလောက် သဘောကျနေမှတော့ ဘာလို့ သွားပြီး ဆွဲမခေါ် တာလဲ"
တစ်ဦးက ရယ်ကာ မေးသည်။
ချီလန်က လက်ခါပြသည်။ "ငါ့အောက်က ကောင်လေးတွေနဲ့တင် ငါ ခေါင်းကိုက်နေပြီ၊ နောက်တစ်ယောက် ထပ်လာရင် ငါ့ဆံပင်တွေ အကုန် ဖြူကုန်လိမ့်မယ်။"
" နောက်ပြီးတော့..."
ပြောရင်းနှင့် ချီလန်က မလှမ်းမကမ်းရှိ အခြားဇရပ်တစ်ခုဆီသို့ အချက်ပြလိုက်သည်။
"ငါက အခုလို အချိန်မျိုးမှာ သူနဲ့ သွားပြီး လူမလုချင်ဘူး"
အခြားသူများ လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ အကြည့်များက သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် အလွန်တရာ လှပသော မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ဦးထံသို့ ကျရောက်သွားသည်။
" နတ်သမီး လင်းလျို့ လား"
"ဪ မဟုတ်ဘူး... အခုဆိုရင် သူ့ကို အင်မော်တယ်အရှင် လင်းလျို့ လို့ ခေါ်ရတော့မှာပဲ"
တစ်ဦးက ပြောလိုက်သည်။