← Chapters

ဟွရှင်း ရှေးဟောင်းမြို့တော်၏ မူလအစ၊ စူးချန်ကဲအတွက်သီးသန့် ဇာတ်စင်

Vol. 55 Ch. 717

ဟွရှင်း ရှေးဟောင်းမြို့တော်၏ မူလအစ၊ စူးချန်ကဲအတွက်သီးသန့် ဇာတ်စင်

Vol. 55 Ch. 717

သူမသည် ယောင်ကွမ်အမတဂိုဏ်း၏ ပြင်ပတပည့်တစ်ယောက်သာ ဖြစ်သော်လည်း ၊ သို့သော် ဂိုဏ်းထဲတွင် ပျံ့နှံ့နေသော ဆက်ခံသူနတ်ဘုရားမ နှင့် စူးချန်ကဲအကြောင်း ကြားသိထားသည်။

တဖက်လူသည် နတ်ဘုရားမ၏ ရင်ထဲကလူဖြစ်ပေရာ သူမအနေဖြင့် ဖုံးကွယ်နေစရာ မလိုတော့ချေ။

စိတ်ထဲတွင် ထိုသို့ ဆုံးဖြတ်ပြီးနောက် ၊ ယွင်ယောင်သည် အသက်ပြင်းပြင်း ရှူရှိက်လိုက်ပြီး စူးချန်ကဲအား နောက်တစ်ဖန် ဦးညွှတ်ကာ ဆိုလိုက်သည်။

" အသက််ကယ်တင်ပေးခဲ့တဲ့အတွက် ချန်ကဲဆက်ခံသူကို ကျေးဇူးတင်ပါတယ်"

" ဒီလျှို့ဝှက်နေရာကို ကျွန်မတို့ ဘာလို့သိတာလဲဆိုတော့ .."

"ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းက ဂိုဏ်းအကြီးအကဲတစ်ဦးက ပြင်ပအတွေ့အကြုံ ယူနေတုန်း အထူးကျောက်စိမ်းပြားတစ်ချပ်ကို ရရှိခဲ့လို့ပဲ "

"ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းက အကြီးအကဲတွေက သူ့အပေါ်က ရှေးစာလုံးတွေကို ဖော်ထုတ်ပြီး သိခဲ့ရတာက.. ဒီကျောက်စိမ်းပြားက နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ဂိုဏ်းသခင်၊ ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ သက်သေခံပြားဆိုတာပဲ "

"ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ သက်သေခံပြားပေါ်က မှတ်တမ်းတွေအရ ဒီဟွရှင်း ရှေးဟောင်းမြို့တော်ကို ကျောက်ဟွ အမတဧကရာဇ်မင်းကိုယ်တိုင် ကြီးကြပ်ပြီး တည်ဆောက်ခဲ့တာပဲ "

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲ၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။

ကျောက်ဟွ အမတ ဧကရာဇ်မင်း?

သူ ပြီးမြောက်အောင် လုပ်ရမည့် တာဝန်သည် ကျောက်ဟွ အမတဧကရာဇ်မင်းနဲ့ ဆက်စပ်နေသည် မဟုတ်လော။

ယွင်ယောင်က ဆက်ပြောသည်။

"နတ်ဘုရားလက်နက် အမတမျှော်စင်က စက်ယန္တရား သံမဏိစက်ရုပ်တွေနဲ့ ကျင့်ကြံသူတွေ အတူတကွ နေထိုင်တဲ့ စည်ကားတဲ့ မြို့ကြီးတစ်မြို့ကို တည်ဆောက်ချင်ခဲ့တယ်.. ဒါမှ ခေတ်သစ်တစ်ခုကို စတင်နိုင်လိမ့်မယ်"

"ဘာလို့လဲဆိုတော့၊ နတ်ဘုရားလက်နက် အမတမျှော်စင်က ကျင့်ကြံသူတွေရဲ့ အမြင်မှာ လောကရှိ အရာအားလုံးတိုင်းမှာ ဝိညာဉ်ရှိတယ်.. သံမဏိစက်ယန္တရား ၊ စက်ရုပ်တွေလည်း အပါအဝင်ပဲ"

"နတ်ဘုရားလက်နက် အမတမျှော်စင်က ကျင့်ကြံသူတွေက သူတို့ ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ စစ်မှန်တဲ့ ခံစားချက်ရှိပြီး၊ ကမ္ဘာကြီးကို ချစ်မြတ်နိုးတဲ့ စိတ်ဆန္ဒရှိစေလိုတယ်"

"ဒါပေမဲ့.... ဒီနေရာမှာ၊ ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းက အကြီးအကဲက ကျွန်မတို့ကို ထူးဆန်းတဲ့ အကြောင်းအရာတစ်ခု ပြောပြခဲ့သေးတယ်"

"ကျောက်ဟွ အမတ ဧကရာဇ်မင်းကိုယ်တိုင် သံမဏိစက်ရုပ်တစ်ခုကို အထူး ဖန်တီးခဲ့တယ်၊ အားရှင်းလို့ ခေါ်တဲ့ သံမဏိသားရဲတစ်ကောင်ပဲ...သူက ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ တစ်သက်တာဆန္ဒကို သယ်ဆောင်ထားတယ်လို့ ပြောတယ်"

"ကျောက်ဟွ အမတ ဧကရာဇ်မင်းက ဒီသံမဏိ သားရဲကို ဟွရှင်းမြို့တော်ရဲ့ မြို့သခင်ဖြစ်စေချင်တယ်၊ အားရှင်းကနေ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးချင်တယ်လို့ ဆိုတယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင်၊ စူးချန်ကဲ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။

ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ တစ်သက်တာ ဆန္ဒ?

အထူး သံမဏိသားရဲ၊ အားရှင်း?

စူးချန်ကဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ဤသည်မှာ သံမဏိသားရဲ ဖြစ်သည့် အားရှင်းပင်။

၎င်းသည် သူ၏ စနစ်တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မည့် အဓိကအချက် ဖြစ်နိုင်သည်။

"ယွင်ယောင်မိန်းကလေး အားရှင်းအကြောင်း တခြားသိထားတာ ရှိသေးလား"

စူးချန်ကဲ၏ မေးခွန်းသည် သူမ ထင်မှတ်မထားသော မေးခွန်းဖြစ်သောကြောင့် အနည်းငယ် အံ့အားသင့်သွားသလို သူ၏ဆိုလိုရင်းကိုလည်း နားမလည်ခဲ့ချေ။

စိတ်ထဲတွင် သံသယမေးခွန်းများ ရှိနေသော်လည်း ၊ ယွင်ယောင်သည် သူမ သိသမျှအကုန် ပြောပြလိုက်သည်။

"ဒါနဲ့ပတ်သတ်ပြီး ကျွန်မ သိထားတာ သိပ်မများဘူး.. အကြီးအကဲက ခြုံငုံပြောပြထားတာပဲ ရှိတယ် "

"အဓိကအချက်က ကျောက်ဟွ အမတ ဧကရာဇ်မင်း ဖန်တီးထားတဲ့ အားရှင်းမှာ ဉာဏ်ရည်တု ရှိတယ်..တကယ်လို့ သူ့ကို သေချာပြုစုပျိုးထောင်ပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ.. သူဟာ လူသားတွေလို ခံစားချက်ရှိလာနိုင်တယ်"

"ဒါဟာ လူသားတွေနဲ့ သံမဏိစက်ရုပ်တွေ အတူတူ ယှဉ်တွဲနေထိုင်တဲ့ ခေတ်တစ်ခုကိုတောင် အမှန်တကယ် ဖွင့်လှစ်ပေးနိုင်လောက်တယ် "

"ဒါပေမယ့်၊ အစီအစဉ် တစ်ဝက်လောက် အကောင်အထည်ဖော်ခဲ့ပြီးပေမယ့် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့တယ် .. နတ်ဘုရားလက်နက် အမတမျှော်စင်မှာ အမည်မသိတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်"

"ကျောက်ဟွ အမတဧကရာဇ်မင်းက သူ့ရဲ့ ကြီးမားတဲ့ မှော်စွမ်းအားတွေကို အသုံးပြုပြီး ဒီနေရာကို ဖုံးကွယ်ဖို့ ချိတ်ပ်ိတ်ခဲ့တယ်... ဒီဟွရှင်း ရှေးဟောင်းမြို့ထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူမှ မသိဘူး"

"ဒါပေမယ့် ကျွန်မအထင် နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အထူးအမွေအနှစ်တွေ ဖြစ်မယ်ထင်တယ်"

စူးချန်ကဲသည် စိတ်ထဲတွင် အနည်းငယ် တွေးတောပြီးနောက် ရုတ်တရက် နားလည်သွားခဲ့သည်။

"အားရှင်း....ဟွရှင်း ရှေးဟောင်းမြို့တော်..... ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ ဆန္ဒ......"

"ဒီနှစ်ခုကြားမှာ ဆက်စပ်မှုရှိတာ သေချာတယ်... ယွင်ယောင်ပြောတဲ့ အမည်မသိ အန္တရာယ်ဆိုတာ နတ်ဘုရားလက်နက် အမတမျှော်စင်ကို ဖျက်ဆီးခဲ့တဲ့ ကောင်းကင်လမ်းစဉ်ပဲ ဖြစ်ရမယ်....."

"ဒီရှေးဟောင်းမြို့မှာ အရင်က အမှန်တရားကို ဖုံးကွယ်ထားရုံသာမက၊ ကျောက်ဟွအမတ ဧကရာဇ်မင်းရဲ့ ဆန္ဒ၊ အဲ့ဒီအားရှင်းလည်း အထဲမှာ ရှိနေလောက်တယ်"

စူးချန်ကဲသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး၊ သူ၏ မျက်ဝန်းများသည် လျှပ်တပြတ် တောက်ပသွားသည်။

သူသည် ဤရှေးဟောင်းမြို့ထဲသို့ မလွဲမသွေ ဝင်ရောက်ရ‌ပေလိမ့်မည်။

စူးချန်ကဲ၏ အတွေးများသည် ပြန်လည်ကြည်လင်လာခဲ့ပြီး ၊ နောက်ဆုံးအကြိမ်အဖြစ် သူသည် ယွမ်ယောင်နှင့်အခြားအမျိုးသမီးကို နှုတ်ဆက်လိုက်သည်။

" မိန်းကလေး ယွင်ရဲ့ ပြောပြချက်အတွက် ကျေးဇူးတင်ပါတယ်...ချန်ကဲမှာ အရေးကြီးကိစ္စရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် ၊ စူးချန်ကဲသည် မြေအောက်မြို့ထဲသို့ ခုန်ချသွားခဲ့သည်။

ဤမြင်ကွင်းသည် ယွင်ယောင်တို့ မိန်းကလေးနှစ်ဦးကို ခဏတာ ဆွံ့အသွားစေသည်။

အာရုံပျံ့လွင့်ရာမှ ဦးစွာ သတိပြန်ကပ်လာသော ယွင်ယောင်သည် စူးချန်ကဲ ပျောက်ကွယ်သွားသည့် ဦးတည်ရာဘက်ကို ကြည့်ရှုရင်း အလျင်အမြန် အော်ဟစ်လိုက်သည်။

"ချန်ကဲဆက်ခံသူ၊ ရှင် လော့နတ်ဘုရားမကို သွားမတွေ့ဘူးလား..."

သို့သော် စူးချန်ကဲ၏ပုံရိပ်သည် အမှောင်ထဲတွင် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူမ၏အော်သံကို ကြားနိုင်သလား ဆိုသည်ကို သူမလည်း မသိပေ။

"အစ်မယွင် ကျွန်မတို့ ဒီကိစ္စကို လော့နတ်ဘုရားမကို သတင်းပို့သင့်သလား "

ဘေးနားက ချုးဟန်က စပ်စပ်စုစု မေးလိုက်သည်။

"မလိုဘူး၊ ကြည့်ရတာ လော့နတ်ဘုရားမက အရင်ကတည်းက သိပြီးသားဖြစ်မယ်"

" ငါတို့ ဒီကနေ မြန်မြန်ထွက်ခွာကြရအောင်"

"ဒီနေရာမှာ ရုတ်တရက် အပြောင်းအလဲတွေဖြစ်လာတော့.. ဒီရှေးဟောင်းမြို့ထဲမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေနိုင်တယ်"

"အင်အားစုများစွာက တပည့်တွေ ဒီသတင်းရပြီး..ဒီနေရာကို ရောက်လာနိုင်တယ်"

ယွင်ယောင်သည် သူမလက်ကို ဝှေ့ယမ်းပြလိုက်ရင်း။

" လာ ငါတို့ လော့နတ်ဘုရားမ လိုချင်တဲ့အရာကို မြန်မြန် သွားယူကြရအောင် "

မထွက်ခွာခင် ၊ ယွင်ယောင်သည် သူမ နောက်က ဟွရှင်းရှေးဟောင်းမြို့တော်ကို ထပ်မံ ကြည့်ရှုလိုက်သည်။

ကွေးယွမ်အမတဂိုဏ်းကိုပါ ထည့်တွက်ရင်၊ အမတနယ်မြေရှိ တားမြစ်အင်အားစု လေးဖွဲ့၏ ပါရမီရှင်များသည် ဤနေရာတွင် စုရုံးနေကြသည်။

တခြား သာလွန်အင်အားစုအချို့လည်း ရှိနေသေး၏။

လက်ရှိတွင် မုန်တိုင်း၏မျက်စိအောက်တွင် ရှိနေသော စူးချန်ကဲ နှင့် ဤအင်အားစုများ၏ ထိပ်တန်းပါရမီရှင်များကြားတွင် မည်ကဲ့သို့သော မီးပွားများ ဖြစ်ပေါ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

"ချန်ကဲဆက်ခံသူ အရင်က ပြသခဲ့တဲ့ ခွန်အားကို ကြည့်ရင်....."

" ကြည့်ရတာ ဒါဟာ ချန်ကဲဆက်ခံသူအတွက် သီးသန့် စင်မြင့်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်....."

တစ်ချိန်တည်းမှာပင် ၊ သူမ၏စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် မိိမိ၏နတ်ဘုရားမကို အားကျလိုမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဤကဲ့သို့သော ပါရမီရှင်သည် နောင်တွင် အမတနယ်မြေ၏ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ ဧကန်မလွဲပင်။

..........

တစ်ချိန်တည်းမှာပင်။

ဤနေရာတွင် အမည်မသိသော ရှေးဟောင်းမြို့တစ်ခု ပေါ်ထွက်လာသော သတင်းသည် ပျံ့နှံ့သွားပြီး၊ ပါရမီရှင်ပေါင်းများစွာ ဆွေးနွေးငြင်းခုံနေကြသည်။

" ဧရိယာအမှတ် (၉) မှာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့ပေါ်လာတယ်၊ အထဲမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိမှာ သေချာတယ်! ညီအစ်ကိုတို့ ငါနဲ့ပူးပေါင်းချင်လား.. ရတဲ့အခွင့်အလမ်း ကို အညီအမျှ ခွဲဝေယူကြမယ်!"

"အခွင့်အလမ်းကို ရချင်သေးတယ်ပေါ့ ... မင်း ဒါကို မသိသေးဘူးလား၊ တားမြစ်အင်အားစု ပြီးတော့ သာလွန်အင်အားစု က ပါရမီရှင်တွေက အဲ့သတင်းကိုကြားပြီး သွားတောင်သွားနေကြပြီ"

" မင်းရဲ့ သနားစရာကောင်းတဲ့ အရည်အချင်းလောက်နဲ့ သူတို့ဆီက အခွင့်အလမ်းကို လုယက်မယ် ဟုတ်လား....စောစော ဝင်အိပ်နေလိုက်တာ အကောင်းဆုံးပဲ !"

"ဒါပေမယ့်... ငါကြားတာက ဧရိယာအမှတ် (၉) မှာ ဝတ်ရုံဖြူနဲ့ ဓားသမားတစ်ယောက်က ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူ ၁၁ ယောက်ကို ရှင်းပစ်လိုက်တယ်ဆိုပဲ"

"စစ်မှန်အမတနယ်ပယ် အဆင့် (၆) ကျင့်ကြံမှုနဲ့ စစ်မှန်အမတနယ်ပယ် အဆင့် (၈) ထိ ရောက်ရှိပြီးသား ကျိုးကျင့်လီကို တခါတည်း သတ်ဖြတ်ပစ်လိုက်တယ်ဆိုပဲ ...ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ ! "

"ဒီကိစ္စကို ငါလည်း ကြားဖူးတယ်! ကျိုးကျင့်လီက ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ခေတ်ဟောင်း ထူးချွန်သူ ပါရမီရှင် ကျိုးယွမ်ပါ့ရဲ့ ညီပဲ...!"

"ဒီသတင်းကို ကြားတဲ့ ကျိုးယွမ်ပါ့က စိတ်ဆိုးသွားပုံရတယ်၊ လက်အောက်ငယ်သားတွေကို ခေါ်ပြီး ဧရိယာအမှတ် (၉) ကို သွားနေပြီ၊ အဲ့ပါရမီရှင်ရဲ့ ခေါင်းကို ရအောင်ယူမယ်ဆိုပြီး ကျိန်ဆဲနေလေရဲ့ !"

"........."

တစ်ချိန်တည်းမှာပင် ၊ ဧရိယာအမှတ် (၉) သို့ ဦးတည်ကာ သွားရောက်နေသောာ ထျန်းဟိုင်ဓားဂိုဏ်းမှ ပါရမီရှင်များသည် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများ၏ ဆွေးနွေးသံများကို ကြားပြီးနောက် အနည်းငယ် တုန်လှုပ်သွားကြသည်။

ဦးဆောင်သူ အမျိုးသားက လမ်းတစ်ဝက်တွင် ရပ်သွားပြီး အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။

"အမ် !?"

" ဝတ်ရုံဖြူ ဓားသမား....?"

"စစ်မှန်အမတနယ်ပယ် အဆင့် (၆) နဲ့.... ထျန်းချန်လမ်းစဉ်ဂိုဏ်းက ပါရမီရှင် ၁၁ ယောက်ကို ရှင်းပစ်လိုက်တယ် ဟုတ်လား"

All Chapters