← Chapters

အမတဧကရာဇ်မင်း ပုံရိပ်

Vol. 55 Ch. 718

အမတဧကရာဇ်မင်း ပုံရိပ်

Vol. 55 Ch. 718

ဆွေးနွေးမှုကို ကြားလိုက်ရသော ထိုအမျိုးသား၏ မျက်နှာပေါ်တွင် လေးစားအားကျသော အရိက်အမြွက်များ ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ၊ သူ၏အကြည့်သည် ကိုယ့်ရဲ့ ဖြစ်တည်မှုကို အစွမ်းကုန် ဖျောက်ဖျက်ရန် ကြိုးစားနေသော ဝူကျီအောက်ထျန်းပေါ်သို့ ကျရောက်သွားသည်။

"အောက်ထျန်းညီလေး၊ ကြည့်စမ်း..ဓားသမားဆိုတာ ဘာလဲ...ဒါမျိုးမှ ဓားသမားစစ်စစ်လို့ ခေါ်တာကွ!"

" လက်ထဲက ဓားနဲ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြနိုင်တယ် !"

"နောင်ကျရင် မင်းရဲ့ ကုံလမ်းစဉ်ကို ပြန်သိမ်းပြီး ဒီလူကို အတုယူဖို့ ကြိုးစားစမ်း!"

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ ခါးသက်သော အမူအရာဖြင့် ရပ်နေသော ဝူကျီအောက်ထျန်းသည် မျက်ဖြူလှန်ပြနေလေ၏။

ထိုစကားကိုပြောခဲ့သော အမျိုးသား၏ အမည်မှာ ယွင်ချင်ဟုန်း ဖြစ်ပြီး ၊ သူသည် ထျန်းဟယ်ဓားဂိုဏ်း၏ ခေတ်ဟောင်း ထူးချွန်သူပါရမီရှင် တစ်ဦး ဖြစ်သည်။

သူ့ကို ထျန်းဟယ်ဓားဂိုဏ်း၏ ဓားတစ္စေဟုလည်း အသိအမှတ်ပြုထားကြသည်။ သူသည် ဘဝတစ်သက်လုံး ဓားလမ်းစဉ်ကို စွဲလမ်းခဲ့ကာ မွေးကတည်းက ထိုက်ယီဓားနှလုံးသားကို ပိုင်ဆိုင်ထားသဖြင့် ဓားလမ်းစဉ်အရာတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဝူကျီအောက်ထျန်းသည် သူနှင့်အတူ တစ်လမ်းလုံး လိုက်ပါလာခဲ့သည်။သို့သော် ဤသကောင့်သားသည် ပြသနာရှာရသည်ကို အတော်လေး နှစ်သက်ပြီး ၊ အားကောင်းသော ပါရမီရှင်များကို ယှဉ်ပြိုင်ရန် အမြဲရှာဖွေနေတတ်သည်။

"ဒီတိုင်းသာဆို ... ဒီကောင် အဲ့ဒီဝတ်ရုံဖြူ ဓားသမားနဲ့ သွားပြီးယှဉ်ပြိုင်ဦးမယ်နဲ့ တူတယ်"

မှန်၏။ ဝူကျီအောက်ထျန်း၏ တီးတိုးပြောဆိုမှုအပြီးတွင် ၊

ယွင်ချင်ဟုန်းသည် ပြတ်ပြတ်သားသား ပြော‌ဆိုလိုက်သည်။

"ဒီလိုဓားသမား တစ်ယောက်နဲ့ လက်ရည်ချင်း မယှဉ်ရင် ငါ့ရဲ့ ဓားသမားဆိုတဲ့ နာမည်က အရှက်ရစရာကောင်းလိမ့်မယ် "

"သွားမယ် ညီနောင်တို့ .. ငါတို့လည်း ဧရိယာအမှတ် (၉) ကို သွားပြီး အဲ့ဒီဝတ်ရုံဖြူ ဓားသမားကို သွားတွေ့မယ်!"

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊

ဝူကျီအောက်ထျန်း၏ မျက်နှာမှာ ပို၍ မည်းမှောင်လာသည်။

ဝတ်ရုံဖြူ ဓားသမားလို့ ပြောသည်နှင့် သူ၏မှတ်ဉာဏ်ထဲတွင် ထွက်ပေါ်လာသည်မှာ စူးချန်ကဲတစ်ယောက်ပင် ရှိသည်။

"ဒီကောင်တော့ စူးချန်ကဲရဲ့ တိုက်ခိုက်မှုကို မကြုံဖူးသေးလို့သာ ဒီလိုစကားမျိုးထွက်တာ "

"အိုင်း... တကယ်ပါပဲ... တကယ်လို့များ အဲ့ဒီဝတ်ရုံဖြူ ဓားသမားက စူးချန်ကဲဆိုရင် ကောင်းမှာပဲ..."

"စူးချန်ကဲသာလျှင် ဒီကောင် ယွင်ချင်ဟုန်းကို အသိဝင်အောင်လုပ်နိုင်မှာ ...အသိဝင်မှပဲ ငါ့ရဲ့ ကုံလမ်းစဉ်ကို တိုးတတ်အောင်လုပ်ဖို့ အခွင့်အရေးရမှာ...."

ယခင်က တိုက်မြေသုံးထောင်တွင် သူ၏ ကုံလမ်းစဉ်ကို ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့ခြင်းမှာ စူးချန်ကဲသည် လော့ဟယ်ဓားဂိုဏ်းရှိ သူ၏အငယ်တန်း ဆရာဦးလေးကို ထိုးနှက်ခဲ့ပြီးနောက်တွင် အသိဝင်သွားခြင်းကြောင့် ဖြစ်ပေသည်။

ထိုမှသာလျှင် သူသည် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။

တစ်နည်းအားဖြင့် ၊ သူ၏ကုံလမ်းစဉ် ဖွံ့ဖြိုးတိုးတတ်မှုသည် စူးချန်ကဲ၏ အကူအညီနှင့် မကင်းချေ။

အဘယ့်ကြောင့်ဆိုသော် မည်သည့် ဓားသမားပင် ဖြစ်စေ ၊ မည်သည့်ပါရမီရှင်ပင် ဖြစ်စေ စူးချန်ကဲ၏ ရှေ့တွင် အရာအားလုံးကို ဤစကားတစ်ခွန်းတည်းဖြင့် ခြုံငုံပြောနိုင်သည်။

မင်းဟာမင်း ဘယ်လောက်ပဲ အားကောင်းပါစေ...ဓားတစ်ချက်နဲ့တင် ပြီးဆုံးသွားလိမ့်မယ်!

.....

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် အာကာသ အတားအဆီးကို ဖြတ်ကျော်ကာ ဟွရှင်း ရှေးဟောင်းမြို့ထဲသို့ ရောက်ရှိလာခဲ့သည်။

အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မြင်လိုက်ရသော မြင်ကွင်းများသည် အပြင်မှာမြင်ရသည်ထက် ပို၍ ကြီးကျယ်ခမ်းနားနေခဲ့သည်။

ခမ်းနားထည်ဝါသော အဆောက်အအုံများသည် ကမ္ဘာမြေပေါ်တွင် ထာဝရ တည်ရှိနေပြီး ၊ အချိန်ကာလ၏ အနံ့အသက်များကို ထုတ်ဖော်ပြသနေသည်။

ထူးခြားဆန်းပြားသော အဆောက်အအုံများဖြင့် ပေါင်းစပ်ကာ၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သံမဏိအပိုင်းအစများကြောင့် စူးချန်ကဲသည် အခြားကမ္ဘာ လောကထဲသို့ ဝင်ရောက်လာသည့်အတိုင်း ခံစားလိုက်ရသည် ။

ကျယ်ပြန့်ပြီး လူသူကင်းမဲ့နေသော မြို့လမ်းမကြီးပေါ်တွင် ရပ်ရင်း ကြည့်လိုက်လျှင်ဖြင့် ၊ ရှေးဟောင်းအဆောက်အအုံများ၏ ကောက်ကြောင်းများကို အဝေးမှ မျက်စိတစ်ဆုံးအထိ ကျယ်ပြန့်စွာ မြင်တွေ့နိုင်သည်။

ဤနေရာတွင် ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်တော့မည်ကို စူးချန်ကဲလည်း သိထားသည်။

သတင်းကြားသည်နှင့် ပါရမီရှင် အများအပြားသည် ဤနေရာသို့ ဦးတည်လာရောက် နေကြပြီ ဖြစ်သည်။

သို့ဆိုတောင် ဤရှေးဟောင်းမြို့ကြီးသည် ဘယ်သက်ရှိလက္ခဏာမှ မရှိသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေ၏။

ဖြစ်နိုင်သည်မှာ ဤရှေးဟောင်းမြို့သည် ကြီးမားလွန်းသဖြင့် အချင်းချင်းဆုံတွေ့ဖို့ကိုပင် ခက်ခဲပုံရပေသည်။

စူးချန်ကဲသည် ဆက်လက် စုံစမ်းရှာဖွေရန် စဉ်းစားနေစဉ်မှာပင် ။

ဘုန်း !

ဟွရှင်း ရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် ထပ်မံ၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

သို့သော် ဤတုန်ခါမှုသည် မြေကြီးမှ မဟုတ်ဘဲ မြေကြီးပေါ်တွင် တည်ဆောက်ထားသော ဤရှေးဟောင်း အဆောက်အအုံများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝီ!!

ရှေးဟောင်း အဆောက်အအုံများပေါ်တွင် ရိုက်နှိပ်ထားသော မဟာလမ်းစဉ် ပုံစံအကွက်များသည် ဤအခိုက်အတန့်တွင် ရောင်စုံထွန်းလင်းတောက်ပလာခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်နေခဲ့သော မြို့ကြီးသည် လုံးဝ ပြန်လည်ရှင်သန်လာသကဲ့သို့ မူလက ရှိခဲ့သော အေးစက်သော မှောင်မိုက်မှုသည် လုံးဝပျောက်ကွယ်သွားပြီး ၊ မြို့တစ်ခုလုံး မီးအလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။

ပို၍ထူးဆန်းသည်မှာ မြို့တစ်ခုလုံး ပြန်လည် ရှင်သန်လာသည်နှင့်အမျှ ထိုရှေးဟောင်း အဆောက်အအုံများသည် တောက်ပသော မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။

အလင်းမိုးများသည် အထက်ကောင်းကင်တွင် စုဝေးနေကြသည်မှာ တောက်ပသော နဂါးငွေ့တန်းတစ်ခုသည် ဤနေရာသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။

"ဒါက......"

တစ်ချိန်တည်းမှာပင် ၊ ဟွရှင်း ရှေးဟောင်းမြို့ထဲသို့ ဝင်ရောက်လာသော မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ‌ခေါင်းမော့ကာ အထက်ကောင်းကင်ကို မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်ရှုနေကြသည်။

ရိုက်ခတ်လှုပ်ရှားနေသော ဤအလင်းမိုးများ၏ စုဝေးမှုအောက်တွင် ၊ ဟွရှင်း ရှေးဟောင်းမြို့တော်အထက်က အာကာသသည် အနည်းငယ် ရွဲ့စောင်းလာပြီး ၊ ၎င်းသည် မှုန်ဝါးဝါး လူပုံသဏ္ဍာန်တစ်ခုကို ဖြည်းဖြည်းချင်း ဖွဲ့စည်းနေပုံရသည်။

အမတအလင်းများဖြင့် ဖုံးကွယ်ထားသောကြောင့် သူ၏ မျက်နှာအစစ်အမှန်ကို မြင်နိုင်ရန် ခက်ခဲသည်။ သို့သော် ထိုအနှီပုံရိပ်သည် ကမ္ဘာပေါ်တွင် စိုက်ထူထားသော အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါပြီး အံ့ဩဖွယ်ရာ ကောင်းလှသည်။

မှုန်ဝါးဝါး‌ အသွင်ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးတွင် ငြင်းဆန်မရနိုင်သော ဧကရာဇ်လမ်းစဉ်၏ အာဏာအနည်းငယ် ရှိနေသေး၏။

ထောင်ပေါင်းများစွာသော ဧကရာဇ်လမ်းစဉ်၏ နိယာမတရားများသည် သူ၏ ဘေးတဝိုက်တွင် ဝန်းရံကခုန်နေသည်မှာ အချိန်မြစ်ကို လိုက်လံရှာဖွေနေသော နတ်သူငယ်များကဲ့သို့ပင်။

"ဒါက.... အမတဧကရာဇ်မင်းတစ်ပါးရဲ့ ပုံရိပ်ယောင် တစ်ခုပဲ....!?"

ပါရမီရှင်တစ်ယောက်က အလိုအလျောက် အော်ဟစ်မိသွားသည်။

ထိုမှုန်ဝါးဝါး အသွင်ပုံရိပ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ကြည့်ရုံဖြင့် ၊ ဤသည်မှာ အမတ ဧကရာဇ်မင်းတစ်ပါး ဖြစ်ကြောင်း သိနိုင်သော်လည်း ၊

သို့သော် မှုန်ဝါးဝါး အသွင်အပြင်နှင့် ရှေးကျလွန်းသော အရှိန်အဝါကြောင့် ထိုပုဂ္ဂိုလ်၏ အထောက်အထားကို မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။

နတ်ဘုရားလက်နက် အမတမျှော်စင်သည် တစ်ချိန်က ထိပ်တန်း အမတဂိုဏ်းကြီး(၃၆)ခုအနက်မှ တစ်ခုဖြစ်သည်။

မရေမတွက်နိုင်သော အမတဧကရာဇ်မင်းများစွာ ရှိသောကြောင့် ၊ ဤပုံရိပ်သည် ဘယ်အမတဧကရာဇ်မင်း ဖြစ်မည်ကို မည်သူကများ အတပ်ပြောနိုင်မည်နည်း။

တစ်ချိန်တည်းမှာပင် ၊

လူတိုင်း အတွေးများနေစဉ် ၊ ထိုနေရာမှ အတော်အတန် ဝေးကွာသော ချောက်ကမ်းပါးတစ်ခုပေါ်တွင် ၊

ရင်ဘတ်ပေါ်၌ "အားရှင်း" ဆိုသည့် စာလုံးနှစ်လုံးကို ရေးထွင်းထားသော သံမဏိသားရဲတစ်ကောင်သည် ကောင်းကင်ပေါ်တွင် ထင်ဟပ်နေသော ထိုမှုန်ဝါးဝါး အသွင်ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

"ပိုင်ရှင်.... ပိုင်ရှင်?"

အားရှင်းသည် စက်ယန္တရားသံဖြင့် အလိုအလျောက် ရေရွတ်လိုက်သည်။

"ပိုင်ရှင် အသက်ရှင်နေတုန်းလား......"

သူ့ကို သံမဏိဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ၊ ပိုင်ရှင်ဖြစ်သူကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင် ဖြစ်သည်။

မှုန်ဝါးနေသော ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း အားရှင်းအနေဖြင့် သေချာစွာ အတပ်ပြောနိုင်သည်။

ထိုအချိန်တွင် ၊

ဟွရှင်း ရှေးဟောင်းမြို့၏ ကောင်းကင်အထက်တွင် မျောလွင့်နေသော ထိုအနှီပုံရိပ်သည် လှုပ်ရှားလာခဲ့သည်။ သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး၊ ကြီးမားသော ရွှေရောင် စာလုံးတစ်လုံးကို ရေးသားလိုက်သည် - ရှင်း !

T /N - ရှင်း (နှလုံးသား ၊ စိတ် )

ထိုစာလုံး ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ။

ဟွရှင်းရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် အမည်မသိသော အင်အားတစ်ခု၏ ဖုံးလွှမ်းမှုကို ခံလိုက်ရပုံပေါ်သည်။

မှော်သင်္ကေတများစွာ ရိုက်ခတ်လှုပ်ရှားလာပြီး မြို့ကြီးတစ်ခုလုံးသည် ဟောက်သံပြုလို့နေသည်။ ကြယ်အစုအဝေးများသည် မြို့၏ အထက်ကောင်းကင်တွင် စုဝေးကာ အလင်းမိုးများအဖြစ် ရုတ်တရက် ရွာသွန်းလေသည်။

၎င်းသည် အသိစိတ်ရှိပြီး အသက်ဝင်နေသကဲ့သို့ မြို့၏ ရှေးဟောင်းအဆောက်အအုံများနှင့် စနစ်တကျ ပေါင်းစပ်သွားသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အား၏ ရောနှောပေါင်းစပ်မှု အပြီးတွင် ၊

ကျွီ!!

မူလက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဟွရှင်း ရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် လှုပ်ရှားလာသော ဂီယာသံများဖြင့် ပြည့်နှက်သွားသည်။

မြေကြီး နှင့် ရှေးဟောင်း အဆောက်အအုံများထဲတွင် ထည့်သွင်းထားသော ဂီယာများသည် ထိုလျို့ဝှက်ဆန်းကြယ်သော အင်အား၏ နှိုးဆော်မှုကြောင့် တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။

All Chapters