← Chapters

ခံစားချက်ရှိသော စက်ရုပ်

Vol. 55 Ch. 722

ခံစားချက်ရှိသော စက်ရုပ်

Vol. 55 Ch. 722

"ချိန်းဆိုထားတဲ့နေရာ ?"

စူးချန်ကဲ၏ မျက်လုံးများသည် အနည်းငယ်တောက်ပသွားပြီး၊ စိတ်ထဲတွင် မေးခွန်းတစ်ခုကို ရေရွတ်လိုက်သည်။

" မဟုတ်မှလွဲရော နောက်ထပ် လျှို့ဝှက်နေရာတစ်ခု ဖြစ်နိုင်မလား"

ယင်းက သူ၏အတွေးများကို အနည်းငယ် ရှုပ်ထွေးသွားစေခဲ့သည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့်၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် ပြာပင် မကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။

အဘယ်ကြောင့် ဤမျှများပြားသော လျို့ဝှက်နေရာများစွာ ရှိနေရသနည်း။

နတ်ဘုရားလက်နက် အမတမျှော်စင်ကို ဖျက်ဆီးခဲ့သော အင်အားစုများက ထိုအရာကို သတိမထားမိခဲ့လေသလော။

သို့မဟုတ်၊ အားရှင်းသည် သူ မသိသော လျှို့ဝှက်ချက်များကို သိရှိထားလေသလော။

စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ၊ စိတ်ထဲရှိ ခံစားချက်များကို ထိန်းချုပ်ကာ ထပ်မံ မေးမြန်းလိုက်သည်။

"မင်းပြောတဲ့ ချိန်းဆိုထားတဲ့နေရာဆိုတာ ဘာလဲ "

" ငါ့ကို ပြောပြနိုင်မလား"

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ အားရှင်းသည် ချက်ချင်းပင် ခေါင်းခါလိုက်သည် ။

"မဖြစ်နိုင်ဘူး.... အဲ့တာက ပိုင်ရှင်နဲ့ အားရှင်းနှစ်ယောက်တည်း သဘောတူထားတဲ့ နေရာပဲ....."

"ပိုင်ရှင် က ပြောထားတယ်... အပြင်လူတွေကို ခေါ်သွားလို့ မရဘူးတဲ့....."

ဤအဖြေသည် စူးချန်ကဲကို ပို၍ အံ့အားသင့်သွားစေခဲ့သည်။

အားရှင်းသည် ဉာဏ်ရည်အနည်းငယ်သာ ရှိပြီး၊ များစွာ တွေးတောနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် တဖက်လူတွင် သဘောထားအမြင်များ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ဤအရာမှာ သံမဏိဖြင့် ဖန်တီးထားသော စက်ရုပ်တစ်ခုပင်လော။

၎င်းအတွင်း၌ ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ် ရှိနေသည်ဟု သံသယ ဖြစ်မိလောက်အောင်ပင်။

ထိုအခိုက်အတန့်တွင် ၊ အားရှင်းက ဆက်ပြောလာသည်။

" ဒါပေမဲ့ ခင်ဗျားသာ အဲ့ဒီဟွရှင်းအပိုင်းအစကို ကျုပ်ကို ပေးမယ်ဆိုရင်...."

"ပြီးတော့ တခြား ဟွရှင်းအပိုင်းအစတွေကိုလည်း ရှာဖို့ ကျုပ်ကို ကူညီပေးရင် ....ကျုပ် ခင်ဗျားကို အဲ့ဒီချိန်းဆိုထားတဲ့ နေရာကို ခေါ်သွားပေးမယ် ..ပိုင်ရှင်ကို အတူတကွ တွေ့ကြတာပေါ့..."

ထိုသို့ပြောပြီးသည်နှင့် ၊ ကျောက်မျက်ရတနာများဖြင့် တည်ဆောက်ထားသော အားရှင်း၏ မျက်လုံးများသည် စူးချန်ကဲ၏လက်ထဲက ဟွရှင်း အပိုင်းအစကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။

ဤပစ္စည်းကို အလွန်တောင့်တနေသည့်ပုံ ပေါက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် ၊

စူးချန်ကဲသည် ကြောင်အမ်းနေရာမှ ပြန်လည် သတိကပ်လာပြီး ခါးသက်စွာ ပြုံးရယ်လိုက်ရင်း။

" ကြည့်ရတာ ၊ ငါ မင်းကို လျှော့တွက်မိခဲ့တာပဲ"

အားရှင်းသည် သူထင်ထားသည်ထက် ပို၍ ဉာဏ်ရည်ထက်မြက်ပြီး၊ သူနှင့် ဆွေးနွေးဖလှယ်မှုကိုပင် ကောင်းစွာ လုပ်ဆောင်နိုင်သေး၏။

၎င်း၏မူလဇာတ်မြစ်ကို မသိရှိထားပါက ၊ စူးချန်ကဲသည် မိမိ၏အသိပညာတွင် ချို့ယွင်းချက် တစ်ခုခုရှိ‌နေသည်ဟု သံသယဖြစ်မိသွားနိုင်သည် ။

တစ်ချိန်တည်းမှာပင် ၊ သူ၏စိတ်ထဲတွင် ကျောက်ဟွ အမတဧကရာဇ်မင်းကို ပို၍ လေးစားမိသည်။

သတ္တုဖြင့် ဤမျှဉာဏ်ရည် ထက်မြက်သော စက်ရုပ်တစ်ခုကို တည်ဆောက်နိုင်ခြင်းမှာ အလွန်ကို အံ့ဩစရာကောင်းပေသည်။

အကယ်၍ နတ်ဘုရားလက်နက် အမတမျှော်စင်အား အချိန်အနည်းငယ် ထပ်ပေးခဲ့မည်ဆိုပါက ၊ စက်ပိုင်းဆိုင်ရာ တိုးတတ်မှုခေတ်ကို အမှန်တကယ်ပင် ရောက်ရှိလာနိုင်သည်။

စိတ်ထဲရှိ အတွေးများ ငြိမ်သက်သွားပြီးနောက် ၊ စူးချန်ကဲသည် အားရှင်းအား ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ သဘောတူတယ်"

ထို့နောက် သူ့လက်ထဲရှိ ဟွရှင်းအပိုင်းအစကိုလည်း အားရှင်းထံသို့ ပေးအပ်လိုက်သည်။

ဤအားရှင်းသည် ကျောက်ဟွ အမတ ဧကရာဇ်မင်း၏ ဆန္ဒနှင့် ဆက်စပ်နေသည့်အတွက်၊ သူသည် သေချာပေါက် အလေးထားရမည်ဖြစ်သည်။

ထို့အပြင် ချိန်းဆိုထားသည့် နေရာကိုလည်း သူ အတော်လေး သိချင်မိသည်။

ကျောက်ဟွ အမတ ဧကရာဇ်မင်းက တကယ်ပဲ မသေဆုံးသေးဘူးလား?

အထူးနည်းလမ်းနဲ့ သူ့ကိုယ်သူ အားရှင်းလို သံမဏိစက်ရုပ်တစ်ခုအဖြစ် ပြောင်းလဲထားတာများလား ?

အားရှင်းသည် စူးချန်ကဲပေးသော ဟွရှင်း အပိုင်းအစကို ပါးစပ်ဖြင့် ကိုက်ယူကာ လူသားဆန်သော ပျော်ရွှင်မှုကို ပြသခဲ့သည်။

"ကျေးဇူးတင်ပါတယ်..."

သူ၏ ရှေ့ခြေထောက်များကို ကွေးကာ ဒူးထောက်ထိုင်ချလိုက်ပြီး ခေါင်းကို ငုံ့ထားရင်း စူးချန်ကဲအား ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်နေပုံရသည်။

"အားရှင်း.... ပိုင်ရှင်အစား ခင်ဗျားကို ကျေးဇူးတင်ပါတယ်....!"

ခေတ်ကာလပေါင်းများစွာ အိပ်စက်နေစဉ်အတွင်း ၊

အားရှင်းသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဖြစ်ပျက်ခဲ့သော အရာများကို မသိရှိခဲ့ပေ။

သူ သိရှိထားသည်မှာ သူ၏ ပိုင်ရှင်သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည် ဟူသော အချက်တစ်ခုတည်းသာ ဖြစ်သည်။

ပိုင်ရှင်ကို ပြုပြင်ပြီးပါက ၊ ပိုင်ရှင်သည် သူ့ရှေ့တွင် ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားသည်။

ဤမြင်ကွင်းကို မြင်တွေ့နေရသော စူးချန်ကဲ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ခံစားချက် မရှိသင့်သော စက်ရုပ်တစ်ကောင်သည် သူ့၏ သခင်အပေါ်တွင် တောင့်တမှုများ ရှိနေသည်ကို မြင်တွေ့နေရသည်။

" ဒါပေမဲ့ ၊ နတ်ဘုရားလက်နက် အမတမျှော်စင်က ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်ကို ကြုံတွေ့ခဲ့ရတာ ကျောက်ဟွ အမတဧကရာဇ်မင်းက တကယ်ပဲ အသက်ရှင်နေသေးတာလား"

"စနစ် ပြောတဲ့... ကျောက်ဟွ အမတ ဧကရာဇ်မင်းရဲ့ ဆန္ဒဆိုတာက...."

" တကယ်လို့များ ချိန်းဆိုထားတဲ့နေရာကို ရောက်သွားပြီး၊ ကျောက်ဟွ အမတဧကရာဇ်မင်း မရှိဘူးဆိုရင်၊ ဒါဆို အားရှင်းက...."

စူးချန်ကဲသည် ခေါင်းခါလိုက်ပြီး၊ ဆက်မတွေးတော့ချေ။

သူသည် အားရှင်းအား နူးညံ့သိမ်မွေ့စွာ ပြုံးရယ်ပြလိုက်ရင်း။

"သွားကြမယ် အားရှင်း၊ တခြား ဟွရှင်း အပိုင်းအစတွေ ရှိတဲ့ နေရာကို မင်းသိလား"

" ငါတို့ အခုပဲ သွားရှာကြမယ်၊ ပြီးတာနဲ့ မင်းရဲ့ ပိုင်ရှင်ကို ပြုပြင်ဖို့ ကြိုးစားကြမယ်"

အားရှင်း က ခေါင်းညိတ်လိုက်သည် ။

"ကျုပ် ခံစားသိရှိနိုင်တယ်..."

ထို့နောက် သူသည် စူးချန်ကဲကို ဟွရှင်းရှေးဟောင်းမြို့၏ အတွင်းပိုင်းထဲသို့ ခေါ်ဆောင်ကာ ဝင်ရောက်သွားလေတော့သည်။

.....

တစ်ချိန်တည်းမှာပင်။

အမတနယ်မြေရှိ ဝေးလံခေါင်သီသော ကြယ်စုနယ်မြေတစ်ခုတွင် ၊

လျှို့ဝှက်လောကတစ်ခု အတွင်း။

လောကတစ်ခုလုံးသည် အဖြူရောင် မြူထုဖြင့် ဖုံးလွှမ်းနေသည်။

သို့ရာတွင်၊ မြူထုအတွင်း၌ တောင်တန်းအထပ်ထပ်ဖြင့် ခမ်းနားထည်ဝါသော အမတမြို့တော်၏ အသွင်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ကောင်းကင်လမ်းစဉ်များသည် မိမိတို့၏ အစွမ်းထက်သော ကျင့်ကြံမှုမှ တစ်ဆင့် ဤကမ္ဘာကြီးကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။

မြင်ကွင်းကို ချဲ့ကြည့်လိုက်မည်‌ဆိုပါက ၊ ခန်းမအဆင့်ဆင့်ကို ဖြတ်ကျော်ကာ အလယ်ဗဟိုအကျဆုံးနှင့် ခမ်းနားထည်ဝါဆုံး ခန်းမဆောင်ကြီး တစ်ခုကို မြင်ရပေလိမ့်မည်။

ခန်းမဆောင်ကြီးအတွင်း၌ ၊

လက်ရှိအချိန်တွင် လူများဖြင့် ပြည့်နှက်နေသည်။

ထူးခြားသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များမှ ကောင်းကင်လမ်းစဉ်စွမ်းအားများ ထုတ်လွှတ်နေခဲ့ခြင်းပင် ဖြစ်သည်။

အမြင့်ဆုံးနေရာရှိ ရောင်ခြည်များ ဖြာထွက်နေသော ပလ္လင်လေးခုပေါ်တွင် နတ်ဘုရားများအလား ထင်မှတ်ရသည့် ပုဂ္ဂိုလ်လေးဦး ထိုင်နေသည်။

၎င်းတို့မှာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များပင် ဖြစ်သည်။

"တစ်ဦးချင်းစီ အစီရင်ခံလိုက်ကြရအောင် "

ချန်ဟွမ်ထျန်းက ဦးဆောင်၍ အောက်ကလူများကို ပြောကြားလိုက်သည်။

"အချက်အလက်တွေ စုဆောင်းတာ ဘယ်လို အခြေအနေရှိလဲ"

ထိုစကားသံဆုံးသည်နှင့်၊ လူတစ်ယောက်က မတ်တပ်ရပ်ကာ ချန်ဟွမ်ထျန်းအား လက်သီးဆုပ်ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

" ဟွမ်ထျန်း လူကြီးမင်းကို လျှောက်တင်ပါတယ် ၊ အမတ‌နယ်မြေမှာ မကြာသေးမီက ပေါ်ထွက်လာတဲ့ ပျောက်ဆုံးနေတဲ့ကမ္ဘာတွေနဲ့ အပျက်အစီး လျို့ဝှက်နယ်မြေတွေ စတဲ့ သတင်းအချက်အလက် မှန်သမျှ ကျွန်တော်တို့အားလုံး စုဆောင်းပြီးပါပြီ"

" ပြီးတော့ ၊ လျို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားတဲ့ ပါရမီရှင်တွေထဲမှာ ကျွန်တော်တို့အတွက် သူလျှိုတွေ ထည့်ထားပါတယ်"

" လူကြီးမင်း စိတ်ချပါ၊ တကယ်လို့ တစ်စုံတစ်ရာ အပြောင်းအလဲရှိခဲ့ရင် ကျွန်တော်တို့ တန်းပြီး သိနိုင်ပါတယ်"

All Chapters