← Chapters

လက်သီးအချင်းချင်း ၊ ဓားအချင်းချင်း

Vol. 55 Ch. 725

လက်သီးအချင်းချင်း ၊ ဓားအချင်းချင်း

Vol. 55 Ch. 725

ထိုစကားသံ အဆုံးတွင် ၊

စိတ်လှုပ်ရှားရာမှ ပြန်လည် သတိကပ်လာကြသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် ထိုမှသာလျှင် ရှေ့ဆုံးတွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံဖြင့် အမျိုးသားကို ကြည့်လိုက်ကြသည်။

ကျိုးထျန်းမော့သည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ခေတ်ပြိုင် ပါရမီရှင်ကြီးလေးဦးအနက် တစ်ဦးဖြစ်သည်။

ယင်ယန်ဖော့ရှန်းမျက်လုံး ကို ပိုင်ဆိုင်ထားပြီး၊ လောကရှိ ယင်ယန်စွမ်းအားကို မိမိကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်သည်။ သူ၏ ကျင့်ကြံမှုမှာ စစ်မှန်အမတ နယ်ပယ် အဆင့် (၉)အထိ ရောက်ရှိထားပြီး ဖြစ်သည်။

ထို့အပြင်၊ မဟာလမ်းစဉ်စာရင်းရှိ ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်းတွင်လည်း ပါဝင်ထားသဖြင့် သူတို့အားလုံး၏ မျက်လုံးထဲတွင် ဒဏ္ဍာရီလို ဖြစ်တည်မှုပင်။

သို့ရာတွင်၊ ကျိုးထျန်းမော့သည် အားရှင်းကို ပေါ့ပေါ့တန်တန် ကြည့်လိုက်ပြီး ထို့နောက် စူးချန်ကဲကို မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို မြင်မြင်ချင်း သတိမထားမိလိုက်တဲ့ အံ့အားသင့်တဲ့ အမူအရာတစ်ခုကို ပြသခဲ့တယ်"

ကျိုးထျန်းမော့က အေးစက်စွာ ပြောလိုက်သည်။

"ငါသာ မမှားဘူးဆိုရင်... မင်း ငါ့ညီ ကျိုးကျင့်လီကို တွေ့ဖူးတယ်"

"ပြီးတော့၊ သူ့ကို သတ်ခဲ့တာ မင်းမလား"

ထိုစကားများ ထွက်လာသည်နှင့်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျန်ရှိသော တပည့်များသည် ကျိုးထျန်းမော့ကို မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြပြီး ထို့နောက် စူးချန်ကဲကို ထပ်မံ ကြည့်လိုက်ကြသည်။

ဘယ်လို?

သူတို့ရှေ့မှာ ရှိနေတဲ့ ဒီမျက်နှာဖြူကောင်လေးက ကျိုးကျင့်လီကို သတ်တဲ့ တရားခံတဲ့လား!

ကျိုးကျင့်လီတွင် အထူးမဟာလမ်းစဉ် နတ်ဘုရားခန္ဓာများ မရှိသော်လည်း၊ သို့သော် သူ၏ ကျင့်ကြံမှုမှာ စစ်မှန်အမတ နယ်ပယ် အဆင့် (၈)အထိ ရောက်ရှိထားပြီး ဖြစ်သည်။

ထို့အပြင်၊ သူတို့၏ အာရုံခံစားမှုအရ စူးချန်ကဲတွင်လည်း မဟာလမ်းစဉ်၏ နတ်ဘုရားခန္ဓာမရှိပုံရသည်။

တစ်ချက်ကြည့်ရုံဖြင့် ၊ စစ်မှန်အမတ နယ်ပယ် အဆင့် (၆)ရှိသော သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိနိုင်သည်။

ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်ရင်း။

" ကျိုးကျင့်လီ ?"

"မင်းနဲ့ငါ က သိတာမဟုတ်ဘူး ၊ ငါက ဘာလို့ မင်းမေးတာကို ဖြေရမှာလဲ"

"ဟုတ်တော့လည်း ဘာဖြစ်လဲ ..မဟုတ်တော့လည်း ဘာဖြစ်လဲ"

ဤစကားများ ထွက်လာသည်နှင့် ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ တပည့်အားလုံး နေရာတွင် ကြောင်အမ်းသွားကြပြီး ရှုပ်ထွေးသွားကြသည်။

ကျိုးထျန်းမော့၏ စိတ်နေသဘောထားသည် အေးစက်ပြီး အပိုစကားများ ပြောရခြင်းကို မနှစ်သက်ပေ။

အမှန်အားဖြင့် သူ၏စိတ်နေသဘောထားကြောင့် မဟုတ်ဘဲ အရှုံးမပေးသော မာန်မာနရှိခြင်းကြောင့် ဖြစ်သည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းတွင်၊ သူသည် ပါရမီရှင်ကြီး လေးဦးထဲတွင် ဒုတိယနေရာကို ရရှိထားသူ ဖြစ်သည်။

သူ့ရှေ့တွင် မည်သူကများ အရိုအသေတန်မဲ့ ပြုမှုဝံ့သနည်း။

စူးချန်ကဲကတော့ ကောင်းရော ... သူတို့ရဲ့ အစ်ကိုကြီးကို ဒီလိုအရိုအသေတန်မဲ့ ပြောဆိုရဲတယ်ပေါ့ !

ဒါသေချင်နေတာပဲ မဟုတ်လား?

သူတို့၏ စိတ်ထဲတွင် အတွေးလှိုင်းတံပိုးများ ဂယက်ထနေစဉ် ၊

"သေချင်နေမှတော့ ငါ မင်းကို ပို့ပေးလိုက်မယ်!"

ဂျိန်း!!

မိုးခြိမ်းသံနှင့်အတူ ၊ ကောင်းကင်ယံတွင် ဆူညံသံများ ပဲ့တင်ရိုက်ခတ်သွားပြီး၊ နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်နေခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ ကျိုးထျန်းမော့သည် စူးချန်ကဲ၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

သူသည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ သူ၏လက်သီးဖြင့် စူးချန်ကဲဆီသို့ တည့်တည့်မတ်မတ် ပစ်သွင်းလိုက်သည်။

ဝီ !!

ပစ်လွှတ်လိုက်သော သူ၏လက်သီးနှင့်အတူ အကန့်အသတ်မရှိသော ရှေးဟောင်းစွမ်းအားများ ဖြာထွက်လာပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ တသိမ့်သိမ့် တုန်ခါသွားစေသည်။

"ဒီကောင်လေးတော့ သွားပြီ! ဒီလိုစကားများ ပြောရဲတာ ....ကျိုး အစ်ကိုကြီးတော့ ဒေါသထွက်သွားပြီ "

"ကျွတ်ကျွတ်.. အဲ့လက်သီးသာ ကျရောက်သွားပြီဆိုရင် အဲ့မျက်နှာဖြူကောင်လေးရဲ့ ခေါင်းတော့ ပေါက်ကွဲထွက်သွားမှာ သေချာတယ်"

တပည့်အချို့သည် ကိုယ်ပိုင်ထင်မြင်ချက်များကို ပြောဆိုနေကြစဉ် ၊

ဝုန်း !

ကြောက်မက်ဖွယ်ရာ ကောင်းသော ထိတိုက်သံတစ်ခုကို ကြားလိုက်ရသည်။

တသိမ့်သိမ့် ရိုက်ခတ်နေသော မှော်သင်္ကေတလှိုင်းတံပိုးများသည် ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ထွက်ပေါ်လာပြီး စူးရှတောက်ပသော အလင်းများနှင့်အတူ ကောင်းကင်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ထိုနေရာရှိ ဧရိယာတစ်ခုလုံး အနည်းငယ် ပုံပျက်သွားခဲ့သည်။

လူတိုင်း တုံ့ပြန်ချိန်ပင် မရလိုက်ချေ။

အစိမ်းရောင်ပုံရိပ်တစ်ခုသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားသည်။

ဘုန်း !

ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် သူ့ကို ဝေးကွာသော အပျက်အစီးများပေါ်သို့ ပြုတ်ကျသွား‌စေပြီး ဖုန်မှုန့်များ ထောင်းထောင်း ထသွားစေသည်။

"ဒါက...."

လူတိုင်း ဆွံ့အလျက်။

ခုနက ဘာပျံသွားတာလဲ?

ကြွက်မည်းကြီးတစ်ကောင်လား?

"ခုနက ငါ မြင်လိုက်တာက အစိမ်းရောင်နဲ့ လူရိပ်တစ်ခုပဲ...."

စိတ်ရှုပ်ထွေးမှု မှ ပြန်လည်သတိကပ်လာသော တပည့်တစ်ဦးက မရေရာစွာ ပြောဆိုလိုက်သည် ။

" အစ်ကိုကြီး ကျိုးထျန်းမော့ ဖြစ်နေမလား"

လူတိုင်း အံ့အားသင့်နေစဉ် ၊

စူးချန်ကဲ၏ မထီမဲ့မြင်အသံကို ကြားလိုက်ရသည်။

"ငါကတော့ ဘယ်လောက်တောင် ကြမ်းမလဲ ထင်နေတာ.. ဒီလောက်ပဲလား"

ထောင်းထောင်းထနေသော ဖုန်မှုန့်များကြား ၊လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူ ရပ်နေသော စူးချန်ကဲကို မြင်လိုက်ရသည်။

သူသည် ကျိုးထျန်းမော့ ပြုတ်ကျသွားသည့် နေရာကို လှောင်ပြောင်အပြုံးဖြင့် ရပ်ကြည့်နေခဲ့သည်။

"မင်းကတော့ ငါ့ကို အနည်းငယ် အံ့အားသင့်စေမယ်လို့ ထင်ထားတာ ...ငါ အထင်ကြီးမိခဲ့တာပဲ"

ထိုစကားကို ကြားလိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ တပည့်များမှာ မျက်လုံးပြူးမျက်စံပြူးဖြင့် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

သူတို့၏ အစ်ကိုကြီးသည် ယင်ယန်ဖော့ရှန်းမျက်လုံး ကို ပိုင်ဆိုင်ထားသည်။

သူသည် ခန္ဓာကိုယ်သည် အလွန်သန်မာပြီး ၊ နဂါးနှင့်ဆင်တို့၏ ခွန်အားမျိုးကို ပိုင်ဆိုင်ကာ တောင်နှင့်မြစ်များကို ချိုးဖျက်လျက် လက်သီးတစ်ချက်တည်းဖြင့် မိုးမြေတစ်ခုလုံးကိုပင် ဖြိုခွဲပစ်နိုင်စွမ်းရှိပေသည်။

ထို့အပြင်၊ ကျင့်ကြံမှုတွင်လည်း သူ့ရှေ့ကလူထက် အဆင့်(၃) ဆင့် ပိုမြင့်သည်။

ဒါကိုဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့ ကိုင်ပေါက်ခံလိုက်ရတာတုန်း!

ဝုန်း !!

လူတိုင်း ပဟေဠိဖြစ်နေစဉ် ၊

ကျိုးထျန်းမော့သည် အဆုံးမရှိသော နတ်အလင်းများဖြင့် နေရာမှ ပြန်ထလာခဲ့သည်။

တဟုန်းဟုန်း တောက်လောက်နေသော သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လျက် အရပ်ရှစ်မျက်နှာကို လွှမ်းခြုံထားသည်မှာ ဟင်းလင်းပြင်အလွှာများသည်ပင် ပြင်းထန်စွာ လှုပ်ခါနေသည်။

ဝုန်း !!

အခိုးအငွေ့များထဲမှ အစိမ်းရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလို ကျိုးထျန်းမော့၏ ပုံရိပ်သည် အတွင်းမှ ကောင်းကင်သို့ ပျံတက်သွားသည်။

သူ့လက်ထဲတွင် စိမ်းပြာရောင် တိုက်ပွဲဝင်ဓားတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး၊ ထို့အပေါ်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ သက်ဝင်လှုပ်ရှားနေကာ အေးစက်စွာ တောက်ပနေသည်။

"ကောင်စုတ်လေး! မင်း သေစေရမယ်!"

စူးချန်ကဲ၏ လက်သီးတစ်ချက်ဖြင့် အဝေးသို့ ပစ်ကန်ခံလိုက်ရပြီး ပြက်ရယ်ပြုခံလိုက်ရသော ကျိုးထျန်းမော့သည် အလွန် ဒေါသထွက်သွားသည်မှာ သေချာသည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ပါရမီရှင်တပည့်အဖြစ်၊ သူသည် မည်သည့်အခါကမျှ ဤကဲ့သို့သော အရှက်ရမှုကို မခံစားရဖူးပေ။

သူသည် အေးစက်စွာ တောက်ပနေသော တိုက်ပွဲဝင်ဓားကို ကိုင်မြှောက်လိုက်သည်။

သူ့ကို ဗဟိုပြု၍ မြင့်တက်လာသော ဓားစွမ်းအင်များသည် ကျယ်ပြန့်သော မြစ်တစ်စင်းကဲ့သို့ ဟိန်းဟောက်နေပြီး လောကကြီးတစ်ခုလုံးကို ဖိအားပေးနိုင်သကဲ့သို့ ခံစားရသည်။

"ချင်ယွမ်ဓားနှင့် သတ်ဖြတ်ခြင်း!"

သူ၏ဟစ်ကြွေးသံနှင့်အတူ ၊

အဆုံးမရှိသော ဓားစွမ်းအင်များသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ဆောင်ကျဉ်းလျက် ကျဆင်းလာသည်။

ဟူး---

ယင်း၌ ခရမ်းရောင် လျှပ်စီးမိုးကြိုးများက ပြင်းထန်စွာ ရိုက်ခတ်လျက် ၊ အဖျက်မြစ်တစ်စင်း ကျဆင်းလာသည့်အလား ထင်မှတ်ရသည်။

"ခေါင်းမာလွန်းတယ်"

" အရင်က မင်းရဲ့လက်သီးကို ငါ့ လက်သီးတစ်ချက်တည်းနဲ့ ဖြိုခွင်းတယ်"

"အခုလည်း မင်းရဲ့ ဓားတချက်ကိုလည်း ငါ့ရဲ့ဓားတစ်ချက်တည်းနဲ့ ဖြိုခွဲပြမယ်"

စူးချန်ကဲ၏ မျက်ဝန်းများသည် နတ်ဘုရားအလင်းများဖြင့် တောက်ပသွားပြီး၊ ဓားဆန္ဒများ မြင့်တတ်လာသည်။

သူ၏ လက်ကို မြှောက်လိုက်ပြီး လက်နှစ်ချောင်းကို ဓားအဖြစ် ရည်ရွယ်ကာ ပူးကပ်လိုက်သည်နှင့် ၊

ကုန်ခမ်းနိုင်ခြင်းမရှိသော ဓားစွမ်းအင်များသည် ပုံသဏ္ဍာန်တစ်ခုအဖြစ် စုဝေးလာသည်။

မျက်စိတမှိတ်အတွင်းမှာပင် ။

ဓားပုံရိပ်တစ်ခုသည် စူးချန်ကဲ၏ ခေါင်းပေါ်တွင် ပျံဝဲနေသည်ကို လူတိုင်း မြင်တွေ့လိုက်ရပြီး၊ ထိုမှထွက်ပေါ်လာသော ဓားအလင်းသည် မိုးမြေရှိ နေနှင့်လပမာ တောက်ပနေသည်။

" ဖြတ်! "

စူးချန်ကဲ၏ ရေရွတ်သံနှင့်အတူ ၊

မြှောက်ထားသော သူ့လက်ကို အောက်သို့ ချလိုက်သည်နှင့် စူးချန်ကဲ၏ခေါင်းပေါ်တွင် ပျံဝဲနေသော ထိုဓားပုံရိပ်သည်လည်း တပြိုင်နက် လှုပ်ရှားလာခဲ့သည်။

All Chapters