← Chapters

ဟွရှင်းရှေးဟောင်းမြို့ ထက်ဝက်နီးပါး ဖြိုချခံလိုက်ရခြင်း

Vol. 55 Ch. 728

ဟွရှင်းရှေးဟောင်းမြို့ ထက်ဝက်နီးပါး ဖြိုချခံလိုက်ရခြင်း

Vol. 55 Ch. 728

ကောင်းကင်ယံမှ ကျဆင်းလာသော ယင်ယန် လက်ဝါးရိပ်ကြီးကို ကြည့်ရှုရင်း ၊

စူးချန်ကဲ၏ မျက်လုံးထဲ၌ တိုက်ပွဲဝင်စိတ်ဓာတ်များ လောင်ကျွမ်းနေခဲ့သည်။

သူ သွားလိုသည့် မဟာလမ်းစဉ်သည် အားတတ်သရော ဆင်နွှဲရသည့် တိုက်ပွဲများသာပင်။

တိုက်ပွဲသည် သူ၏ အတုမရှိသော ခရီးလမ်းတွင် တစ်ခုတည်းသော ပျော်ရွှင်မှုသာ ဖြစ်သည်။

အကယ်၍ ထိုက်တန်သော ပြိုင်ဘက်မရှိပါက၊ ဤအတုမရှိသော ခရီးလမ်းသည် အလွန် ပျင်းစရာကောင်းပေလိမ့်မည်။

အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် ဒါမှမဟုတ် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကိုပါ ထုတ်ပြီးအသုံးပြုရရင်ရော?

ဤအတွက် မလိုအပ်ပေ။ ယင်ယန်စွမ်းအားသည် အားကောင်းသော်လည်း၊ သို့သော် ဤကြီးမြတ်သော ကိုယ်ထည်နှစ်မျိုးကို အသုံးပြုရသည့်အထိ မလိုအပ်ပေ။

ထို့အပြင်၊ သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကိုပင် အသုံးပြုရန် စိတ်ကူးမထားချေ။

“ လူသားတိုင်းက အမြဲပြောကြတယ်၊ ယင်နဲ့ယန်ဟာ အရာအားလုံးရဲ့ အဓိပ္ပာယ် ... အရာအားလုံးကို လည်ပတ်စေနိုင်တဲ့အရာ “

“အဲ့လိုဆိုတောင် သူ့ထက်ပိုပြီး အားကောင်းတဲ့ စွမ်းအားရှေ့မှာ မီးခိုးအဖြစ် ပျောက်ကွယ်သွားစေရမယ်”

ထိုသို့ပြောရင်း၊ စူးချန်ကဲ၏ မျက်လုံးများသည် နတ်အလင်းများဖြင့် တောက်ပနေခဲ့သည်။

“ တစ်ချိန်က သူတော်စင်ကိုယ်ထည် ပိုင်ရှင် ကိုးဦးဟာ ကောင်းကင်ဘုံကို စိန်ခေါ်တိုက်ခိုက်ခဲ့တယ်.. ဒီနေ့ ငါဟာ သူတော်စင်ကိုယ်ထည် စွမ်းအားနဲ့ ယင်နဲ့ယန်ကို ဖြိုခွဲပြမယ်”

စူးချန်ကဲသည် ရှောင်တိမ်းခြင်းမရှိဘဲ လက်သီး‌ဆုပ်လိုက်သည်။ ထိတ်လန့်ဖွယ်ရာ ကောင်းသော ချီနှင့်သွေးစွမ်းအင်သည် သူ၏ ဘေးပတ်ပတ်လည်တွင် ‌ပင်လယ်သမုဒ္ဒရာသဖွယ် စုဝေးလာကြသည်။

၎င်း၏ ပုံရိပ်သည် ဗုံတီးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါစွာ ထင်ဟပ်နေသည်။

ဤအခိုက်အတန့်တွင် ၊ ရှေးကောင်းကင်ဘုံအာဏာရှင် နတ်ဘုရားကိုယ်ထည်၊ ချန်ရှန်းတာအိုအရိုး ၊ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်တို့၏ မှော်စွမ်းအားများသည် တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။

သူတော်စင်ကိုယ်ထည်သုံးခု၏ စွမ်းအားများနှင့်အတူ ၊ သူ၏ လက်သီးတစ်ချက်သည် ကောင်းကင်ဘုံကို လှဲချန်ိုင်သည့်အလား ရှိနေသည်။

“ဒါက....”

ကျိုးထျန်းမော့သည် သူတော်စင်ကိုယ်ထည် သုံးခု၏ ရောင်ဝါများကို အာရုံခံမိပြီး၊ သူ၏ မျက်လုံးအိမ်များသည် အလိုအလျောက် ကျဉ်းမြောင်းသွားကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတော်စင်ကိုယ်ထည်တွေရဲ့ စွမ်းအား!?

ပြီးတော့ သုံးခုတောင်!?

ဒီလူက ဘယ်သူလဲ?

သူ့အနေဖြင့် စဉ်းစားချိန်ပင် မရလိုက်ချေ။

စူးချန်ကဲသည် သူ၏ လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လာခဲ့သည်။

ဝုန်း !!

လက်သီးအလင်းထဲမှ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည်။ ထိုအရာသည် သူတော်စင်ခန္ဓာ၌တွင်သာ ဖြစ်တည်သော အင်အားတစ်ခုဖြစ်ပြီး ၊ ရှေးခေတ်ကာလတွင် သူတော်စင်ခန္ဓာတို့အတွက်သာ ထူးခြားသောဂုဏ်ယူဝံ့ကြွားစရာ ဖြစ်သည်ဟု ဆိုနိုင်သည်။

ဘုန်း ---

နောက်အခိုက်အတန့်တွင် ၊

ယင်ယန်လက်ဝါး နှင့် သူတော်စင်ခန္ဓာမှ ဖြစ်တည်လာသော လက်သီးတို့သည် ကောင်းကင်ယံအလယ်တွင် ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ အလင်းပေါက်ကွဲမှုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သည်။

ယင်ယန်မိုးကြိုးများသည် ထိုပေါက်ကွဲမှုအတွင်း၌ ပြင်းထန်စွာ တသိမ့်သိမ့် ရိုက်ခတ်နေပြီး ၊ အဖြူအမည်း အလွှာတစ်ခုဖြင့် မိုင်ရာနှင့်ချီ ကွာဝေးသော ဧရိယာအထိ လွှမ်းခြုံရန် ကြိုးစားနေသည်မှာ မင်ပန်းချီကမ္ဘာတစ်ခုကို ဖန်တီးရေးဆွဲရန် ပြင်ဆင်နေသလိုပင်။

သို့သော် မင်ပန်းချီကမ္ဘာတစ်ခုအဖြစ် လုံးဝ မဖြစ်ပေါ်မီ ၊ ၎င်းအတွင်း၌ ရှိနေသော သူတော်စင်ခန္ဓာ၏စွမ်းအားသည် ကောင်းကင်သို့ ဆန်တက်လာသကဲ့သို့ ရပ်တန့်၍မရနိုင်သော အင်အားဖြင့် ယင်ယန်လက်ဝါးကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။

ဝုန်း !!

ယင်နှင့် ယန် လက်ဝါးကြီးနှစ်ခုစလုံးကို ဖြိုခွင်းလိုက်သည်နှင့် တပြိုင်နက် ၊

စူးချန်ကဲသည် တဖက်လူကို တုံ့ပြန်ချိန်ပင် မပေးချေ။

နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး၊ မျက်စိတမှိတ်အတွင်းမှာပင် ကျိုးထျန်းမော့၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ကျိုးထျန်းမော့၏ တုံ့ပြန်နှုန်းသည်လည်း အလွန် မြန်ဆန်သည်။

သူသည် ယင်ယန်စွမ်းအားကို အသုံးပြု၍ စူးချန်ကဲ၏ ထိတ်လန့်ဖွယ်ရာ ကောင်းသော လက်သီးတစ်ချက်ကို တားဆီးရန်ကြံရွယ်လိုက်သည်။

သို့ရာတွင်၊ စိတ်ကူးသည် လှပသော်လည်း၊ အမှန်တရားသည် ရက်စက်သည်။

သူသည် ယင် နှင့် ယန်၏ နိယာမတရားကို ထိန်းချုပ်ထားသော်လည်း ၊ သို့သော် စူးချန်ကဲနှင့် အနီးကပ် ခွန်အားချင်းယှဉ်ပြိုင်ရာတွင် ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိသူပင်လျှင် ယုံကြည်ချက်ရှိမည် မဟုတ်။ စစ်မှန်အမတနယ်ပယ် အဆင့် (၉) သာ ရှိသေးသော သူ့လိုလူသာဆိုရင် စကားထဲတောင် ထည့်ဆိုစရာမရှိချေ။

ဘုန်း !!

လက်သီးအလင်းသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ကျိုးထျန်းမော့၏ ကာကွယ်မှုမှာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

စူးချန်ကဲ၏ လက်သီးတစ်ချက်သည် သူ့ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

ဤအခိုက်အတန့်တွင်၊ ကျိုးထျန်းမော့သည် တောင်ကြီးတစ်ခုနှင့် တိုက်မိသည့်အလား ခံစားလိုက်ရပြီး တုနှိုင်းမယှဉ်နိုင်သော အားအဟုန်ကြောင့် သူသည် နောက်ပြန်လွင့်ထွက်သွားသည်။

“ ဖော့ထျန်းကျုံရှင် !”

ထိုစကားသံအဆုံးတွင် ၊

စူးချန်ကဲ၏ ပုံရိပ်သည် တစ်ဖန် လှုပ်ရှားသွားသည်။

ဘုန်း ! ဘုန်း ! ဘုန်း !

ကျိုးထျန်းမော့သည် နောက်ပြန်လွင့်ထွက်သွားသည့် အခိုက်အတန့်မှာပင် သူသည် စူးချန်ကဲ၏ ဆက်တိုက် ထိုးနှက်ခြင်းကိုခံလိုက်ရသည်။

မူလက စုစည်းထားသော ယင်ယန်စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားပြီး၊ သွေးများသည် ရေကာတာကျိုးပေါက်သကဲ့သို့ ပန်းထွက်လာသည်။

စူးချန်ကဲ၏ ဆက်တိုက် ထိုးနှက်မှုကြောင့် သူသည် ခုခံဖို့ လုံးဝ အင်အားမရှိတော့ဘဲ ရိုက်နှက်မှုကို ငြိမ်ငြိမ်လေးလက်ခံရုံသာ တတ်နိုင်ခဲ့သည်။

“ ကောင်းကင်ဘုံလက်သီး!”

ဝုန်း !

ကြယ်တစ်လုံးကဲ့သို့ ဧရာမ လက်သီးတစ်လုံးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုဖြင့် ကျိုးထျန်းမော့ကို ခေါ်ဆောင်ကာ ကျဆင်းလာသော ဥက္ကာပျံကဲ့သို့ လွင့်ထွက်သွားစေသည်။

ဘုန်း .....

ကျိုးထျန်းမော့သည် ကြိုးပျက်သွားသော စွန်ကဲ့သို့ မိုင်အနည်းငယ်အထိ နောက်ပြန် လွင့်ထွက်သွားပြီး လမ်းတစ်လျှောက် ရှေးဟောင်းအဆောက်အဦများစွာကို တိုက်မိကာ ပြိုကျသွားစေခဲ့သည်။

ကံမကောင်းသည့် တပည့်များမှာ ၎င်း၏သက်ရောက်မှုကို ခံခဲ့ရပြီး ၊ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ တိုက်မိကာ သတိလစ်သွားကြသည်။

ဝုန်း !

အချိန်အနည်းငယ်ကြာပြီးနောက်၊ မိုင်အနည်းငယ် ဝေးကွာသောနေရာမှ ဧရာမမျှော်စင်တစ်ခုနှင့် တိုက်မိသွားသည်။ ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားတစ်ခု၏ ရှေ့မှောက်တွင် ၊

ပေရာပေါင်းများစွာ မြင့်မားသော မျှော်စင်ကြီးသည် ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ဖုန်မှုန့်များသည် ကြီးမားသော မှိုတိမ်တိုက်ကြီးသဖွယ် ဖြစ်ပေါ်လာခဲ့သည်။

ဟွရှင်းရှေးဟောင်းမြို့ရှိ အဆောက်အအုံ ၊ မျှော်စင်များသည် တစ်ခုပြီးတစ်ခု ပြိုကျကာ ဟွရှင်းရှေးဟောင်းမြို့တွင် ရောက်ရှိနေသော လူများအပေါ်တွင် သက်ရောက်မှု ရှိစေခဲ့သည်။

“ ဘုရားရေ...!?”

“ဘယ်ကောင်ကများ ဒီလောက်ထိ ရက်ရက်စက်စက် လုပ်လိုက်တာလဲ “

“ဒီနေရာကို စူးစမ်းရှာ‌ဖွေဖို့ ရောက်လာတာလား ဒါမှမဟုတ် ဖျက်ဆီးဖို့ရောက်လာတာလား “

“ငါ ဟွရှင်းရှေးဟောင်းမြို့မှာ တိတ်တိတ်လေး အညစ်အကြေး စွန့်နေတာ၊ မြို့ကို ခုလို ဖျက်ဆီးနေတာ ဒါ လွန်လွန်းတယ် “

“ ရှက်လိုက်တာ တကယ်ပဲ “

“ငါ့ရဲ့ ဆရာတူညီမလေးကို ရှေးဟောင်းအဆောက်အအုံထဲ ခေါ်ပြီး နံရံလေးမှီပြီး မွှေးမွှေးလေးပေးဖို့ လုပ်နေကာမှ ဘယ့်နှယ်!”

“အေး ကောင်းတယ် !ခုတော့ နံရံ မရှိတော့ဘူး!”

………

စူးချန်ကဲ၏ တိုက်ခိုက်မှုသည် ဟွရှင်းရှေးဟောင်းမြို့ ၏ တစ်ဝက်နီးပါးကို ဖြိုချပစ်ခဲ့သည်။

ကံဆိုးရှာသည့် အချို့သော ပါရမီရှင်တပည့်များအပေါ် တွင် သက်ရောက်မှုရှိခဲ့ပြီး ဒေါသထွက်နေခဲ့ကြသော်လည်း ၊ သို့သော် သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ထွက်ပြေးမိကြသည်။

စူးချန်ကဲသည် သူတို့၏ ကိစ္စကောင်းများကို ဖျက်ဆီးခဲ့သော်လည်း၊ မည်သူကမှ အတွန့်မတတ်ရဲချေ။

ဟွရှင်းရှေးဟောင်းမြို့ကို ဖြိုချနိုင်သည်အထိ ထိုပုဂ္ဂိုလ်သည် မည်မျှအားကောင်းလေသနည်း။

ဒီလိုပုဂ္ဂိုလ်ဆီသွားပြီး ဖြေရှင်းချက်သွားတောင်းရင်၊ ဒါ သွားပြီး အသေခံတာပဲ မဟုတ်လား!?

ဘေးကနေ ဤမြင်ကွင်းကို အစအဆုံး ကြည့်ရှုနေခဲ့သော အားရှင်းမှာလည်း အနည်းငယ် ဆွံ့အနေသည်။

သူ၏ ဉာဏ်ရည်မထက်မြက်သော ဦးနှောက်ထဲတွင် နားမလည်နိုင်သော မေးခွန်းတစ်ခု ရှိနေခဲ့သည်။

“ဟိုလေ.... အားရှင်းမှာ မေးခွန်းတစ်ခုရှိတယ်....”

“ ခင်ဗျားက အားရှင်းအတွက် ဟွရှင်းအပိုင်းအစတွေကို ရှာဖို့ ကူညီနေတာလား... ဒါမှမဟုတ် ဟွရှင်းရှေးဟောင်းမြို့ကို ဖြိုဖျက်ဖို့ ကြံစည်နေတာလား ဟင်....”

All Chapters