← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 38 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 38 Ch. 497-498

အပိုင်း ၄၉၇ - အင်မော်တယ်လမ်းစဥ်၏ ရက်စက်မှုကို ဆန့်ကျင်၍

မရေမတွက်နိုင်သော မက်မွန်ပန်းများက ယွမ်ရှောင်၏ မျက်စိရှေ့တွင် ဝဲပျံနေကြပြီး စိုက်ကြည့်လိုက်သောအခါ ပန်းရောင်ဝတ်ရုံ ဆင်မြန်းထားသည့် အင်မော်တယ် ရှိနေကာ အသက်၂၀အရွယ် မိန်းကလေးပမာ လှပသော်လည်း အေးစက်မောက်မာ၍ အရှိန်အဝါ ကြီးမားသည်။ သူမ၏ အသွင်သည် သက်ရှိများ ဝပ်တွားခယရမည့် နတ်ဘုရားပမာ ထင်မှတ်ရပြီး ကောင်းကင်မှ ဆင်းသက်လာသော မြင့်မြတ်သူတစ်ယောက် ဖြစ်သော်လည်း အင်မတန် အောက်တန်းကျကာ ရက်စက်လှသူ ဖြစ်၏။ သူမ၏ အစီအစဥ် ဖျက်ဆီးခံလိုက်ရပြီး သက်ရှိများ ဦးနှောက်ဆေးခံနေရသည့် အဖြစ်မှ လွတ်မြောက်လာသော်လည်း ဒေါသထွက်နေပုံမရချေ။ သူမ၏ အမြင်တွင် တစ်ဖက်လူသည် ရန်သူအဖြစ်ပင် ထင်မထားဘဲ ပြဿနာရှာနေသော ပိုးကောင်လေးအဖြစ် အရေးမပါသယောင် ကြည့်နေသည်။

သူမက လက်တစ်ချက်ယမ်းလိုက်သောအခါ အနက်ရောင် ပိတ်စတစ်ခု ပျံထွက်လာပြီး ဧရာမအိတ်ကြီးပမာ ပြန့်ထွက်၍ အလင်းရောင် မှန်သမျှကို ဖုံးကာလိုက်သောအခါ ပတ်ဝန်းကျင်မှာ အမှောင်အတိကျသွား၏။ ၎င်းသည် ခန့်မှန်းရခက်သော အဆင့်မြင့် ရတနာတစ်ခု ဖြစ်နိုင်ပြီး ရှုပ်ထွေးသော အခြေအနေ ပိတ်ဆို့ခံလိုက်ရသဖြင့် လန်ရီအပါအဝင် ကျင့်ကြံသူများ ယွမ်ရှောင်အတွက် အစိုးရိမ်ကြီးကုန်သည်။

"သံလိုက်အိမ်မြှောင်နဲ့ မက်မွန် ဆေးရည် ပေးစမ်း"

အင်မော်တယ်က အေးစက်ပြတ်သားစွာ အမိန့်ပေးသော်လည်း ကောင်းကင်တာအိုဆေးလုံးများ အေးအေးဆေးဆေး ဝါးစားနေသည့် ယွမ်ရှောင်မှာ ဂရုပင် မစိုက်ချေ။

"ဒါဆိုရင် မင်းကို သတ်ပြီး ငါ့ဘာသာ ယူမယ်"

သူမက စကားများများ ပြောရန် စိတ်မရှည်တော့ဟန်ဖြင့် ပိတ်စကို ချုံ့ပစ်လိုက်ရာ ဖြည်းဖြည်းချင်း အမှောင်ထု ကျုံ့လာ၏။ သူက ဓားပျံဖြင့် ဖောက်ထွက်ရန် ကြိုးစားသော်လည်း မည်မျှ ထွက်ပြေးပါစေ၊ ပိတ်စသည် ထပ်ကြပ်မကွာ လိုက်လာပြီး နောက်ဆုံး၌ အနက်ရောင်စက်လုံးကြီးအဖြစ် ဖုံးအုပ်သွားသည်။ ဤကဲ့သို့ စွမ်းအားချင်း ကွာခြားလွန်းသောကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ကျင့်ကြံသူအားလုံး သူမအပေါ် ပိုမို ကြောက်ရွံ့ကုန်သည်။

"ဒီအင်မော်တယ်က ကောင်းကင်ရုံးတော်ရဲ့ အရာရှိတစ်ယောက် မဟုတ်လား။ ဘယ်လိုလုပ် ယွမ်ရှောင်က ဒီလောက်ရမ်းကားနေရတာလဲ"

ထိုကြောက်စိတ်ကြောင့် ဦးနှောက်အတွင်းရှိ ဂူကောင်များ ထကြွသောင်းကျန်းလာပြန်၏။

"မင်း အခု အားနည်းနေတယ်။ ပုန်းနေစမ်း၊ ယွမ်ရှောင်က လုပ်စရာရှိတာ အကုန်လုပ်ပြီးပြီ။ အထက်ကို တိုင်ကြားနိုင်ရင် ကိစ္စ ပြီးသွားမှာပဲ"

လန်ရီက ပုန်းအောင်းနေရာမှ ထွက်၍ ကယ်တင်ရန် ကြိုးစားချင်သော်လည်း နှင်းလုံးလေးသည် အသည်းအသန် တားမြစ်ထားသည်။ ထိုအချိန်တွင် အနက်ရောင် ပိတ်စသည် လူတစ်ယောက်အရွယ်အထိ ကျုံ့ဝင်နေပြီ ဖြစ်ကာ အသိစိတ်ဝင်နေသူများ မမြင်ရက်၍ အကြည့်လွှဲထားသော်လည်း တစ်ခုခု ဖြင့် တစ်ဆို့နေသယောင် ဆက်ကျုံ့မသွားတော့ပေ။ အိတ်ထဲတွင် ပိတ်မိနေသော အရာသည် ခေါင်းတလားတစ်လုံး ပုံစံ ဖြစ်နေကာ ပိတ်စက အလွန် အားစိုက်၍ ဖိချေနေသည့်တိုင်အောင် အကျိုးမထူးချေ။ နှင်းလုံးလေးက အံ့သြနေပြီး လန်ရီ ဝမ်းမြောက်သွားကာ ရန်သူမှာမူ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်နေသည်။

"ဘာဖြစ်တာလဲ။ မင်းက ဒီလောက်အားနည်းတာလဲ။ လုပ်စမ်းပါ ကြိုးစားထား"

ယွမ်ရှောင်၏ အသံက လှောင်ပြောင်ရင်း ထွက်ပေါ်လာသည်။

"တုံးအတဲ့ ငမိုက်သား"

အင်မော်တယ်က ဒေါသထွက်နေသော်လည်း သူ့အနေဖြင့် အချိန်ဆွဲရန် တွေးထားကာ မက်မွန်းဆေးရည် မရှိတော့သည့်အပြင် နေနှင့်လ ကိုလည်း ခွဲထုတ်ထားသဖြင့် ကပ်ဘေး ဆက်ဖြစ်တော့မည် မဟုတ်ချေ။

"မင်းနာမည်က ယွမ်ရှောင်။ မင်းလို လူသားတစ်ယောက်မှာ အားနည်းချက် ရှိတယ်။ တခြားပိုးကောင်တွေ အသက်ရှင်သန်ဖို့ အရမ်းဂရုစိုက်တယ်။ တော်တော်လေးကို တရားမျှတမှု လိုချင်နေတယ်မလား။ အင်မော်တယ်လမ်းစဥ်မှာ ဒါက အကြီးဆုံး အားနည်းချက်ပဲ။ ဒီစိတ်ကြောင့် မင်း အထက်ကို မြင့်မြင့်မားမား တက်နိုင်မှာ မဟုတ်ဘူး။ ငါ အခု သက်သေပြမယ်"

အင်မော်တယ်က ရှေးဟောင်းအပျက်အစီးနယ်မြေနှင့် ငရဲကိုးထပ်ကမ္ဘာရှိ သက်ရှိများကို ယွမ်ရှောင် ထွက်မလာမချင်း သတ်ပစ်ရန် ကြံစည်ထားသည်။ သူမ၏ ခြိမ်းခြောက်စကားကြောင့် ယွမ်ရှောင် တိတ်ဆိတ်သွားသောအခါ နောက်တစ်ကြိမ် လှောင်ပြောင်နေပြန်၏။

"ကြင်နာမှုဆိုတာ အင်မော်တယ်လမ်းစဥ်မှာ အားနည်းချက်ပဲ။ သက်ရှိတွေကို ဂရုစိုက်လေလေ၊ အားနည်းချက် ကြီးလေလေ။ ဒီလိုကောင်စားမျိုးတွေက အောက်ခြေမှာပဲ ရှိသင့်တယ်"

"မင်းပြောတာ မှန်တယ်။ ဒါပေမယ့် ငါ ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က မင်းတို့လို စောက်ဘဝင်ရူးတွေကို ပါးပိတ်ရိုက်ဖို့ ဖြစ်သွားပြီ"

ယွမ်ရှောင်သည် သေမျိုးလူသားတစ်ယောက်အဖြစ် ၁၆နှစ်တိုင်တိုင် နေခဲ့ဖူးသောကြောင့် အပြစ်မဲ့ အသက်တိုင်းကို တန်ဖိုးထားကာ စာနာသနားတတ်၏။ ကောင်းကင်ရုံးတော်တွင် မွေးဖွားလာသော အင်မော်တယ်များအတွက် နားလည်နိုင်မည် မဟုတ်ပေ။

"မင်းကို ငရဲကိုးထပ်ဆီ ခေါ်သွားမယ်။ အဲဲ့ဒီနေရာရော ဓားအပျက်အစီးနယ်မြေရော သွေးချောင်းစီးနေတာ မြင်စေရမယ်"

အင်မော်တယ်က သူ့ကို လှောင်ပြောင်သကဲ့သို့ စိုက်ကြည့်ရင်း ခြိမ်းခြောက်သည်။

"သွားနေစရာ မလိုတော့ဘူး"

ခေါင်းတလားအတွင်း ကောင်းကင်တာအိုဆေးလုံးများ စားသောက်၍ အားဖြည့်နေသည့် ယွမ်ရှောင်က ရုတ်တရက် ဖြတ်ပြောလိုက်၏။

"ဘာလဲ။ မင်းက သူရဲကောင်းလုပ်မလို့လား"

"မဟုတ်ဘူး။ ငါ အခု ထွက်လာပြီး မင်းကို သတ်ပစ်မယ်။ မင်းလို အဆင်မြင့်တဲ့ ကျင့်ကြံသူတစ်ယောက်ဆီမှာ ရတနာတွေ အများကြီး ပါလာတယ်မလား"

ယွမ်ရှောင်၏ တင်းမာပြတ်သားသော ရာဇသံက သူမကို အံ့အားသင့်စေခဲ့လေသည်။

"ဘာ.."

အပိုင်း ၄၉၈ - ကောင်းကင်ရုံးတော်မှ ကပ်ဘေးလူဝင်စား

"နေနဲ့လ ကွဲထွက်သွားပြီး အသက်ဓာတ်တွေ မရတော့လို့ ငါ့ကို နိုင်မယ် ထင်နေတာလား"

အင်မော်တယ်က ယွမ်ရှောင်၏ ပြတ်သားသော စကားများကို လှောင်ရယ်လိုက်၏။

"ငါ့ကို လွှတ်ပေးစမ်း။ အခု ထွက်လာခဲ့မယ်"

"ရုပ်ချောချော ကောင်လေး မင်းကို သတ်ရမှာတောင် နှမြောလာပြီ။ သံလိုက်အိမ်မြှောင်နဲ့ မက်မွန်ဆေးရည်ကို ပြန်ပေးလိုက်။ မင်းကို ကောင်းကင်ရုံးတော်ဆီ ခေါ်သွားပြီး အမှုထမ်းခွင့်ပေးမယ်"

သူမက ခေါင်းတယမ်းယမ်းဖြင့် ရယ်မောလိုက်သောအခါ ယွမ်ရှောင်အပေါ် သက်ရောက်မှု မရှိသော်လည်း လန်ရီမှာ သဝန်တိုစိတ်ကြောင့် မကျေနပ်တော့ပေ။

"အိတ်ကို ဖွင့်လိုက်ရင် ဒီကောင်မကို ချုပ်ထားပေး။ ယွမ်ရှောင် ထွက်ပြေးနိုင်အောင် ကူညီလိုက်"

မူလကတည်းက အောက်တန်းကျသော အကြံကြောင့် မုန်းတီးနေသည့်အတွက် သူမ၏ ဒေါသကို ထိန်းချုပ်မထားနိုင်တော့ချေ။

"ငါ ခနလောက် ချုပ်ထားပေးနိုင်ပေမယ့် မင်းရဲ့ စွမ်းအား လိုအပ်တယ်။ ပြီးတော့ ဝေးဝေးသွားလို့ မရဘူး။ မဟုတ်ရင် ရန်သူက ရှာတွေ့သွားနိုင်တယ်"

နှင်းလုံးလေးက ယွမ်ရှောင်အတွက် လန်ရီကို အသက်နှင့် မရင်းစေချင်သော်လည်း သူမအနေဖြင့် ဤကံကြမ္မာကို လက်ခံထားပြီး ဖြစ်၏။ သူမ၏ စိတ်ထဲတွင် နေ နှင့် လ ကွဲထွက်သွားသောအခါ ကိစ္စကြီးတစ်ခု အောင်မြင်သွားပြီဟု ခံစားလိုက်ရပြီး ချစ်သူအတွက် သေရလျှင်လည်း ကိစ္စမရှိပေ။

"ကျေးဇူးပြုပြီး ကူညီပါ။ ငါ သူ့ကို အရမ်းချစ်တယ်။ အသက်ရှင်စေချင်တယ်"

သူမ၏ မျက်နှာထားက ရင်ကွဲပက်လက်ဖြစ်နေသော်လည်း မျက်လုံးများ၌ တင်းမာပြတ်သားသော ဆုံးဖြတ်ချက် ထင်ဟပ်နေသည်။ ယွမ်ရှောင် ထွက်ပေါ်လာခြင်းက အခြေအနေကို ပြောင်းလဲသွားစေခဲ့သော်လည်း ရလဒ်မှာ တူညီ၏။ ခေါင်းမာလှသော တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် နှင်းလုံးလေးသည် မျက်ရည်များဝဲနေရင်း သဘောတူလိုက်ရသည်။ ရန်သူက အနက်ရောင် ပိတ်စကို သိမ်းယူလိုက်သောအခါ ယွမ်ရှောင်သည်လည်း ခေါင်းတလားအတွင်းမှ ထွက်လာခဲ့ပြီး ဧရာမအနက်ရောင် သားရဲကြီးနှင့်အတူ တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်ထားကြ၏။

ထိုအချိန်တွင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရသော မျှော်စင်ကြီးတစ်ခု ကျဆင်းလာကာ မျက်စိကျိန်းမတတ် တောက်ပနေပြီး အင်မော်တယ်ကို ချုပ်နှောင်ထားလိုက်သည်။

"အစ်ကို ပြေးတော့"

လူအုပ်ထဲတွင် ရှိနေသော လန်ရီက အသံကုန် အော်ဟစ်လိုက်သောအခါ သူသည် အခြေအနေကို ချက်ချင်း နားလည်သွား၏။ သို့သော် တစ်ကိုယ်ကောင်းဆန်စွာ ထွက်မပြေးလိုသောကြောင့် သူ့အနေဖြင့် လန်ရီအား ခေါ်ဆောင်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေရှိ လူသားများ အန္တရာယ်ကင်းရန် တိုက်ပွဲကို နေရာရွှေ့ရပေလိမ့်မည်။

"အတူသွားမယ်"

"ငါ လိုက်လို့ မရဘူး။ အရင်သွား"

လန်ရီသည် မျက်ရည်များ ကျဆင်းနေသော်လည်း မြေပြင်၌ ခိုင်မာစွာ ရပ်နေသည်။ ယွမ်ရှောင်ကမူ ဓားပျံဖြင့် ချက်ချင်း ရောက်ရှိလာကာ သူမကို ပွေ့ချီ၍ လျင်မြန်စွာ ထွက်ခွာသွားသည်။

"ငါ မရှိတော့ရင် မျှော်စင်က ထိန်းချုပ်မှု ကင်းမဲ့သွားလိမ့်မယ်"

စကားအဆုံးတွင် ရှေးဟောင်းမျှော်စင်သည် ကောင်းကင်သို့ လွင့်ထွက်သွားကာ ရန်သူသည် မကျေမနပ်ဖြင့် ထွက်ပေါ်လာ၏။ လန်ရီသည် အချစ်အတွက် ကိုယ့်ကိုကိုယ် စတေးရန် ဆုံးဖြတ်ထားသော်လည်း ယွမ်ရှောင်က အစီအစဥ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

"ငါ့မှာ ဝှက်ဖဲတစ်ချပ် ရှိသေးတယ်"

အကယ်၍ သူမသာ ဝင်မရှုပ်ခဲ့လျှင် သူက သားရဲလေးနှင့်အတူ ရန်သူကို တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ ရှေးဟောင်းမျှော်စင်ဖြင့် နှောင့်ယှက်ခံခဲ့ရသောကြောင့် အင်မော်တယ်သည် ဒေါသတကြီး ဖြစ်သွားကာ မက်မွန်ပန်းများ ပေါက်ကွဲထွက်လာ၍ ကြောက်စရာ အရှိန်မျိုးဖြင့် လိုက်လာပြီး သတ်ဖြတ်လိုစိတ်မှာ မုန်တိုင်းပမာ ပြင်းထန်နေ၏။

"ဘုန်း"

သူမ၏ စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး မျက်တောင်တစ်ခတ်အတွင်း မက်မွန်ပန်းများအကြား ယွမ်ရှောင်တို့ ပိတ်မိသွားသည်။ သို့သော် သူ၏ ရည်ရွယ်ချက်အတိုင်း သက်ရှိများနှင့် ဝေးရာသို့ ရောက်လာသောကြောင့် ဓားပျံကို ရုတ်တရက် ရပ်တန့်လိုက်၏။

"ဘယ်လိုသေချင်လဲ စဥ်းစားထား..."

အင်မော်တယ်သည် အေးစက်တင်းမာသော မျက်နှာထားဖြင့် လန်ရီကို စိုက်ကြည့်၍ ပြောလိုက်သော်လည်း သဲသဲကွဲကွဲ မြင်လိုက်ရသောအခါ ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၏။ ထို့နောက် သူမက လန်ရီကို စိုက်ကြည့်နေရင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာကာ အလန့်တကြားဖြင့် မြေပြင်သို့ ဆင်းသက် ဒူးထောက်ကာ ဦးခေါင်းဖြင့် တဘုန်းဘုန်း ဆောင့်နေသည်။

"နိမ့်ကျတဲ့ ငယ်သားက ရှန်ရီကို ဂါရဝပြုပါတယ်"

ဤစကားနှင့်အတူ သူမ၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာထားအရ ယွမ်ရှောင်နှင့် ကြယ်ပြာ အကြည့်ချင်း ဖလှယ်ကာ ကောင်းကင်ရုံးတော်တွင် အဆင့်အတန်း မြင့်မားသော ကပ်ဘေးလူဝင်စားတစ်ယောက် ရှိနိုင်ကြောင်း နားလည်လိုက်၏။ ရန်သူသည် လန်ရီ၏ မျက်နှာကို မြင်သောအခါတွင်မှ ကြောက်လန့်သွားခြင်း ဖြစ်ပြီး လုအန်းနှင့် တွေ့ခဲ့သောအခါ မည်သို့မျှ မဖြစ်ပျက်ခဲ့ကြောင်း တွေးကြည့်လျှင် ထိုစီရင်သူမှာ ရှန်ရီ၏ မျက်နှာကို မြင်ဖူးခွင့်ပင် မရထားကြောင်း သိနိုင်သည်။

"ဟန်ဆောင်နေလိုက်"

ယွမ်ရှောင်၏ သတိပေးချက်အတိုင်း ဉာဏ်ကောင်းသော လန်ရီက ချက်ချင်း သဘောပေါက်သွားကာ အေးစက်မောက်မာသော မျက်နှာထားသို့ ပြောင်းလဲ၍ စကားတစ်ခွန်းမှ မဆိုဘဲ တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။

"ရှန်ရီက သေမျိုးဘဝကို လာရောက်လေ့ကျင့်နေတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ နှောင့်ယှက်မိလို့ သေသင့်ပါတယ်"

သူမ၏ တိတ်ဆိတ်မှုက အင်မော်တယ်ကို ပိုမို ကြောက်လန့်စေပြီး စကားများပင် ထစ်အကုန်၏။

"ထွက်သွားစမ်း"

"အမိန့်တော်အတိုင်းပါ"

သူမသည် ခံစားချက်ကင်းမဲ့သော မျက်နှာထားအဖြစ်မှ ကြောက်လွန်းသဖြင့် မျက်ရည်များ တရစပ် ကျဆင်းလာပြီး ဒူးထောက်ရင်း နောက်ဆုတ်သွားကာ အဝေးရောက်မှ ထရပ်လိုက်သည်။

"ကောင်းကင်ရုံးတော်ကို ပြန်ရောက်ရင် အဖေနဲ့အတူ ကျွန်မကိုယ်တိုင် တောင်းပန်ပါ့မယ်"

သူမက ငိုသံစွက်နေသော အသံမျိုးဖြင့် ထပ်ကာထပ်ကာ တောင်းပန်ရင်း ကောင်းကင်သို့ ပျံတက်၍ ဤလောကမှ အမှန်တကယ်ပင် ထွက်ခွာသွားသည်။

"အစ်ကိုကြီး ကောင်းကင်ရုံးတော်မှာ ငါနဲ့ တူညီတဲ့ လူတစ်ယောက် ရှိနေတာများလား"

ထိုအချိန်တွင်မှ လန်ရီ၏ မျက်နှာထား ပျော့ပြောင်းသွားကာ ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။

"ရှိလောက်တယ်"

ယွမ်ရှောင်က ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း ခေါင်းညိတ်၏။ အင်မော်တယ် ထွက်သွားသောအခါ အသက်စားဂူကောင်များ၏ အစွမ်း ပျောက်ကွယ်သွားပြီး ကျင့်ကြံသူများ ပြိုလဲကုန်သော်လည်း မျက်လုံးများ ပြန်လည် ကြည်လင်လာသည်။ ကပ်ဘေးက လွယ်လွယ်ကူကူဖြင့် ပြီးဆုံးသွားသောကြောင့် ကောင်းကင်ရုံးတော်၌ ရှန်ရီ၏ သြဇာအာဏာ အလွန်ကြီးမားပေလိမ့်မည်။

"အခု ငြိမ်းချမ်းသွားပါပြီ"

ယွမ်ရှောင်က လန်ရီကို ပွေ့ဖက်၍ နှစ်သိမ့်ပေးနေပြီး သက်ရှိတိုင်း ကျေးဇူးတင်သော အကြည့်မျိုးဖြင့် ငေးမောနေသောကြောင့် ကယ်တင်ပေးရန် ထိုက်တန်ခဲ့သည်။ သို့ရာတွင် ကောင်းကင်ရုံးတော်မှ ထပ်မံရောက်ရှိလာမည့် အင်မော်တယ်များကို ခြောက်လှန့်ရန် ရှန်ရီအဖြစ် ခဏခဏ ဟန်ဆောင်နေလျှင် အမှန်တရား ပေါ်ပေါက်သွားနိုင်၍ သတိထားရပေလိမ့်မည်။ အကယ်၍ ရှန်ရီသာ ဆင်းသက်လာပြီး ကမ္ဘာတစ်ခုတည်းတွင် ကပ်ဘေးလူဝင်စား နှစ်ယောက်ရှိနေလျှင် တစ်ဖက်လူသည် လန်ရီကို မသတ်ဟု ပြောရန် ခက်လှပေသည်။ ချန်ရီက တည်ကြည်မြင့်မြတ်၍ လန်ရီမှာ ချစ်စရာကောင်းသောကြောင့် ရှန်ရီ မည်သို့ပုံစံမျိုး ဖြစ်မည်ကို ယွမ်ရှောင်အနေဖြင့် အတပ် မပြောနိုင်ပေ။

"ကောင်းကင်အုပ်စိုး ဓားယာဥ်"

ထိုအချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ယွမ်ရှောင်၏ အတွေးများ ပြတ်တောက်သွား၏။

"သူ ပြန်လာတာ မြန်ပေမယ့် နောက်ကျသွားပြီ။ ပြဿနာ မရှိတော့ဘူး"

လန်ရီက ပြုံးနေသော်လည်း လောဘကြီးသည့် အင်မော်တယ်များအကြောင်း နီအန် ပြောသည်ကို သိခဲ့ရသောကြောင့် ယွမ်ရှောင် စိတ်လေးနေသည်။ ထို့အပြင် ဓားယာဥ်၏ အနောက်တွင် အခြားယာဥ်ပေါင်း မြောက်များစွာ ရွေ့လျားနေသည်ကို ဝေဝေဝါးဝါး မြင်နေရလေသည်။

All Chapters