← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ဆေးဝါးစက်ရုံ၏ ဝန်ထမ်းခေါ်ယူရေးအတွက် စာမေးပွဲတွင် စာရင်းသွင်းခြင်းက အထက်တန်းကျောင်းဆင်း စာမေးပွဲ မတိုင်မီ တစ်လခွဲအလိုလောက်တွင် ပြုလုပ်လိမ့်မည်။

တရားဝင် စာမေးပွဲကတော့ အထက်တန်းကျောင်းဆင်းစာမေးပွဲပြီးနောက် တတိယနေ့တွင် ဖြစ်ပေသည်။

လီရှန်းအနေဖြင့် ဆေးဝါးကုမ္ပဏီမှာ အထက်တန်းမှ ဘွဲ့ရပြီးခါစ ကျောင်းသားများကို ဆေးဝါးကုမ္ပဏီတွင် စာမေးပွဲ ဖြေဆိုရန်အတွက် အားပေးနေခြင်းဖြစ်သည်ဟုပင် သံသယရှိခဲ့သည်။

လီလင်းတစ်ယောက် အလွန် စိတ်လှုပ်ရှားနေပြီး သူမ၏ အိပ်ရာခင်းများကို ထုပ်ပိုးရန် စဉ်းစားနေစဉ် တံခါးဝတွင် တစ်စုံတစ်ဦး လှမ်းအော်ခေါ်လာသည်ကို ကြားလိုက်ရသည်။

“လီရှန်း၊ တံခါးဝမှာ နင့်ကို လာရှာတဲ့လူတစ်ယောက် ရောက်နေတယ်”

“လာပြီ”

လီရှန်းလည်း စာအုပ်ကို ချက်ချင်းပိတ်လိုက်ပြီး ထိုစာအုပ်ကို လီလင်း၏ အိတ်ထဲသို့ အလျှင်အမြန်ထည့်လိုက်သည်။

“လီလင်း မမေ့နဲ့နော်၊ မနက်ဖြန် မနက်မှာ ငါ နင့်ကို လာရှာမယ်”

“အင်း.. ငါတို့ စားရင်းအတူသွင်းဖို့ သေချာပေါက် လာခဲ့မယ်”

စက်ယန္တရားစက်ရုံ၏ ဝန်ထမ်းအိမ်ရာသို့ ပြန်ရောက်ပြီးနောက် သူမ၏ ဝမ်းကွဲမောင်လေး ကျန်းချောင်က စက်ဘီးကို ခြံထဲသို့ အရင်တွန်းလိုက်ပြီး နောက်တွင်ရှိနေသော လီရှန်း၏ အိတ်ကို သယ်ပေးရန်အတွက် ပြန်လှည့်လာခဲ့သည်။

“ကျဲ ကျွန်တော့်ကိုပေးလေ.. ပင်ပန်းမဲ့အလုပ်တွေ ဘာမှ မလုပ်နဲ့.. ကျွန်တော်ပဲ သယ်လိုက်မယ်”

ကျန်းချောင်မှာ ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း အရပ်ပုလှသည် မဟုတ်ပေ။ သူက လက်တစ်ဖက်တွင် အိတ်ကြီးတစ်လုံးကို သယ်ကာ တည်ငြိမ်သော ခြေလှမ်းများဖြင့် ခြံထဲသို့ ဝင်သွားခဲ့သည်။

သေချာပေ၏။ လီရှန်းသည်လည်း ဘေးနားတွင် ရပ်ကြည့်နေနိုင်ခြင်းမရှိခဲ့ဘဲ ကျန်ရှိနေသေးသည့် အိတ်အသေးလေးကို သယ်ကာ နောက်မှ လိုက်လာခဲ့သည်။

ခြံဝင်းထဲသို့ မဝင်မီ လီရှန်း အနီးအနားသို့ ဝေ့ကြည့်လိုက်လျှင် အိမ်များ၏ နံရံပေါ်တွင် မှီကာ ကြည့်နေသော လူများကို မြင်လိုက်ရလေ၏။

ထိုလူများမှာ ဤနေရာကို လှမ်းကြည့်နေကြခြင်းသာဖြစ်ပေသည်။

သူမ ချက်ချင်းပင် သဘောပေါက်လိုက်သည်...

ဤလူများမှာ လွန်ခဲ့သော ရက်အနည်းငယ်က အထည်ချုပ်စက်ရုံသို့ သွားရောက်ကာ ပြဿနာရှာခဲ့သည့် သတင်းကို သိရှိပြီးဖြစ်ပေလိမ့်မည်။

“ကျဲ.. ကျဲရဲ့ ပစ္စည်းတွေကို အခန်းထဲကို ပို့ထားပြီးပြီ”

ကျန်းချောင်က အခန်းကြီးထဲမှ လက်ဗလာဖြင့် ပြန်ထွက်လာပြီး လီရှန်း၏ လက်ထဲမှ အိတ်အသေးလေးကို လျင်မြန်စွာ ဆွဲယူလိုက်သည်။

သူ၏ လေသံကတော့ စိတ်လှုပ်ရှားမှုများ အနည်းငယ်ရောယှက်နေခဲ့သည်။

“မနေ့ကတည်းက အမေက ကျဲအတွက် အိပ်ရာ ပြင်ထားပေးတာလေ.. ဒီအားလပ်တဲ့ရက်မှာ ကျဲက အိမ်ကိုပြန်လာမယ်လို့ ပြောထားတယ်”

လီရှန်းအနေဖြင့် အထက်တန်းကျောင်းသို့ ဝင်ရောက်ပြီးနောက်တွင် လစဉ်လတိုင်း အားလပ်ချိန်များတွင် ပြန်လာခဲ့သော်လည်း သူမ၏ ဝမ်းကွဲအစ်ကို နှစ်ယောက် ကျေးလက်ဒေသသို့ သွားပြီးနောက်တွင်တော့ သူမ အိမ်သို့ ပြန်လာသည့်အချိန်က အလွန်ရှားပါးသွားခဲ့သည်။

ကျန်းချောင်အတွက်ဆိုရလျှင် ဤဝမ်းကွဲမောင်လေးမှာ သူမနှင့်ည အသက် ကွာခြားမှု ကြီးမားသောကြောင့် ငယ်စဉ်ကတည်းက အတူတကွ ကစားခြင်း သိပ်မရှိနိုင်ခဲ့ကြပေ။

လီရှန်းအနေဖြင့် သူမ အိမ်သို့ပြန်လာကာ နေထိုင်ခြင်းကြောင့် ကျန်းချောင် ဤမျှလောကာ ပျော်ရွှင်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါချေ။

သူမ မှားယွင်းသော ဆုံးဖြတ်ချက် ကို ချခဲ့ပြီး သူမနှင့် နီးစပ်သော လူများစွာကို ထိခိုက်နစ်နာစေခဲ့သည်ဟုနောက်တစ်ကြိမ် ခံစားမိရပြန်သည်။

ဤအချိန်တွင် ကျန်းချောင်၏ စိတ်လှုပ်ရှားနေသော မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသောကြောင့် သူမ သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ကျန်းချောင်၊ ကျန်တာကို ဆက်မလုပ်နဲ့တော့၊ ငါကိုယ်တိုင်ပဲ လုပ်လိုက်မယ်”

“မရဘူး .. ကျွန်တော်က အရမ်း သန်မာတယ်.. ဒါတွေကို အေးအေးဆေးဆေးလုပ်နိုင်နေပြီ!”

ကျန်းချောင်၏ မျက်လုံးများက အရောင်တောက်ပလာပြီး သူ၏ လေသံမှာ အနည်းငယ် ပို၍ တက်ကြွလာသည်။

“ဒါက အားနဲ့ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ.. ငါက ပစ္စည်းတွေ အများကြီးကို ပြန်သယ်လာခဲ့တာ..

ပြီးတော့ ငါက အခုကစပြီး ဒီမှာပဲ အမြဲတမ်း နေတော့မှာဆိုတော့ မင်းသာ ငါ့ကို ကူညီပြီး အထုပ်အပိုးဖြည်ပေးမယ်ရင် နောက်ကို ငါ ပစ္စည်းတွေကို ဘယ်နားမှာ ရှာရမလဲဆိုတာတောင် သိတော့မှာ မဟုတ်ဘူးလေ”

လီရှန်း ပြုံးလိုက်ပြီး ကျန်းချောင်၏ လက်ကို ဆွဲကိုင်ကာ သူ ကိုင်ထားသော စာအုပ်ကို စားပွဲခုံပေါ်သို့ တင်လိုက်သည်။

ကျန်းချောင်တစ်ယေက် သူ လုပ်နေသည့်အရာများကို ယခုအချိန်မှသာ သတိပြုမိသကဲ့သို့ လျင်မြန်စွာ မေးလာသည်။

“ဒါဆို ကျဲက အဆောင်မှာ မနေတော့ဘူးလား”

“စာမေးပွဲက တစ်လခွဲပဲ လိုတော့တယ်လေ၊ ငါ အိမ်ပြန်ပြီး စာပြန်နွှေးချင်လို့”

ကျန်းချောင်က လီရှန်း၏ ဆုံးဖြတ်ချက်ကို အလွန်အမင်းသဘောတူကြောင်း ပြသလာခဲ့သည်။

သူက လက်များကို ထောင်ကာ သဘောတူခဲ့ပြီး လီရှန်းအား ယခုချက်ချင်းပင် ကျောင်းသို့ သွားကာ နေ့ကျောင်းသားအဖြစ် လျှောက်ထားစေချင်ခဲ့လေ၏။

သို့သော်လည်း သူ အလွန်အမင်း စိတ်အားထက်သန်လွန်းသည့်အတွက်ကြောင့် လီရှန်းကို ကြောက်လန့်သွားစေမည်ကိုလည်း စိုးရိမ်ခဲ့သည်။

ထို့ကြောင့် သူ၏ စိတ်လှုပ်ရှားမှုကို စိတ်ထဲတွင်သာ ဆက်လက် ထိန်းချုပ်ထားခဲ့ရလေ၏။သို့သော်လည်း ကော့ညွတ်နေသောနှုတ်ခမ်းထောင့်များက သူ၏ မည်မျှ စိတ်အခြေအနေကောင်းကြောင်းကို ဖော်ပြနေခဲ့သည်။

လီရှန်း၏ အခန်းက တစ်ခါမျှပင် မပြောင်းလဲခဲ့ပါချေ။

သူမရောက်ရှိလာချိန်မှစ၍ ယခုထိတိုင် အတွင်းဘက်အကျဆုံးသော အခန်းဖြစ်နေခဲ့သည်။ သို့သော် ကျန်းချောင်ကတော့ ကျန်းကျူးရိနှင့် ဇနီးသည်ဖြစ်သူ၏ အခန်းမှ ပြောင်းရွှေ့ခဲ့ပြီး ယခင်က သူ၏ အစ်ကို နှစ်ယောက်နေခဲ့သော အိမ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

ကျန်းကျူးရိနှင့် ဇနီးသည်တို့က နေ့လယ်စာအတွက် ပြန်မလာခဲ့ကြပါချေ။

ထို့ကြောင့် ကျန်းချောင်က ပစ္စည်းများကို လျင်မြန်စွာ ကူညီ သိမ်းဆည်းပေးပြီး အကြံပြုလာခဲ့သည်။

“ကျဲ.. နေ့လယ်စာအတွက် ခေါက်ဆွဲကြော် လုပ်စားရအောင်လေ”

လီရှန်း ထွက်သွားပြီးကတည်းက သူ၏ မိဘများနှင့်က စက်ရုံ၏စားသောက်ဆောင်များတွင်သာ စားသောက်ခဲ့ကြပြီး သူသည်လည်း အသင့်စား အစားအသောက်များကို မုန်းတီးလုနီးပါး ဖြစ်နေခဲ့ရသည်။

ဆိုရလျှင် ကျန်းချောင်အနေဖြင်် သူ၏ ဝမ်းကွဲအစ်မကို လွမ်းဆွတ်သော စိတ်က အမှန်ပင်ဖြစ်သော်လည်း ဝမ်းကွဲအစ်မ၏ လက်ရာကို လွမ်းဆွတ်ခြင်းက ပို၍ပင် စစ်မှန်နေခဲ့သည်။

“ကောင်းပြီ.. မင်း ရိုးရိုးသားသားပြောစမ်းပါ.. မင်းက ငါပြန်လာပြီး မင်းအတွက် ချက်ပြုတ်တာကို လိုချင်ရုံပဲမလား”

သူမ၏ အကြီးဆုံးအဒေါ် ဖန်ချင်း၏ အချက်အပြုတ်စွမ်းရည်မှာ အလွန် သာမန်ဆန်လွန်းသည်။

အရသာက သိပ်ပြီးမဆိုးလှသော်လည်း အရသာရှိသည်ဟုတော့မဆိုနိုင်ပါချေ။

ယခင် သူမ အိမ်မှာရှိနေစဥ်အချိန်က သူမ၏အစ်ကိုနှင့်မောင်သုံးယောက်အတွက် မကြာခဏ ချက်ပြုတ်ပေးခဲ့ပြီး သူမ၏ အချက်အပြုတ်စွမ်းရည်ကလည်း ကောင်းမွန်ခဲ့သည်။

ကျန်းကျူးရိနှင့် ဖန်ချင်းတို့၏ လုပ်ခလစာက မနည်းလှပါချေ။ ထို့အတူ သူတို့က လီရှန်းကိုလည်း အလွန် ယုံကြည်ခဲ့သည်။

စားပွဲအောက်တွင် သော့ခတ်ထားသော အံဆွဲငယ်လေးတစ်ခု ရှိသည်။ မည်သည့်အရာကို ဝယ်ချင်သည်ဖြစ်စေ ထိုနေရာမှ လက်မှတ်ကို ယူလိုက်ရုံဖြင့် လီရှန်းက ထိုညီအစ်ကိုသုံးယောက်အတွက် အရသာရှိသော အစားအစာများ လုပ်ပေးနိုင်ခဲ့ပြီး သူမသည်လည်း အရသာကောင်းစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ယခုနှစ်တွင်တော့ သူမ၏ အစ်ကို နှစ်ယောက်က ကျေးလက်ဒေသသို့ သွားခဲ့ပြီး လီရှန်းသည်လည်း အိမ်သို့ မကြာခဏ မပြန်ခဲ့ပေ။

ထို့ကြောင့် ကျန်းချောင်က သေချာပေါက် စိတ်ပျက်နေပေလိမ့်မည်။

“ကျဲ.. ကျွန်တော့်ရဲ့ ချစ်ရတဲ့ ရှန်းရှန်းကျဲ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါဦး”

ကျန်းချောင်က သနားစဖွယ် ပြောလာခဲ့သည်။

“ကောင်းပြီ၊ မင်းက ဒီလောက်တောင် သနားစရာ ကောင်းနေမှတော့ လက်ခံလိုက်မယ်”

လီရှန်းက တံခါးအနီးသို့ လျှောက်သွားပြီး ပြောလိုက်လေ၏။

“ငါ သွားပြီးချက်ပြုတ်တော့မယ်၊ မင်းက ငါ့အခန်းကို သန့်ရှင်းရေး လုပ်ထားရမယ်”

“ကျဲရဲ့ အမိန့်အတိုင်းပါပဲ”

ကျန်းချောင်က ရင်ဘတ်ကို မတ်မတ်ထားကာ ရှေ့ခေတ်မှ လူများကဲ့သို့ အမူအရာဖြင့် ပြောလာလေ၏။

ဆေးဝါးစက်ရုံမှာ ပိုင်မားခရိုင်၏ ကျယ်ပြောလှသောဧရိယာကို နေရာယူထားသော်လည်း စက်ယန္တရားစက်ရုံကတော့ ပိုင်မားခရိုင်၏ အဓိက စက်မှုလုပ်ငန်းဖြစ်ပေသည်။

သို့သော် စက်ရုံကို စောစီးစွာ တည်ဆောက်ခဲ့ပြီးအလုပ်သမားများကလည်း အများအပြား ရှိနေခဲ့သောကြောင့် အစပိုင်းတွင် အိမ်များကို ခွဲဝေပေးသည့်အချိန်က အောက်ခြေအလုပ်သမားများနှင့် အရာရှိများ၏ အိမ်ရာများက ရောနှောနေသော အခြေအနေများ ဖြစ်ပေါ်ခဲ့ရသည်။

ကျန်းမိသားစု၏ ဘယ်ဘက်နှင့် ညာဘက်မှ အိမ်နီးချင်းများသည်က အရှေ့တန်းမှ အလုပ်သမားများဖြစ်ကြသည်။

အထူးသဖြင့် ဘယ်ဘက်အခြမ်းမှ အိမ်နီးချင်း၏ ဇနီးသည်မှာ အလုပ်သင် အလုပ်သမားသာဖြစ်ပေသည်။

သူမက မိသားစုဝင်ငွေကို ဖြည့်စွက်နိုင်ရန်အတွက် အလုပ်သိမ်းချိန်များတွင် မီးခြစ်ပုံးများကို ကော်ကပ်ရသည့်အလုပာကို လုပ်ကိုင်နေခဲ့သည်။

လီရှန်းက အသုံးပြုမည့် ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ကျန်းချောင်ကို လှမ်းခေါ်လိုက်သည်။

ကျန်းချောင်သည်က ဆီစိမ်အဝတ်လိပ်ကို လက်မောင်းထဲတွင် ညှပ်ကိုင်ကာ မီးဖိုချောင်ထဲသို့ ဝင်လာပြီး အနံ့အသက်များ အပြင်သို့ မထွက်စေရန်အတွက် တံခါးနှင့် ပြတင်းပေါက်များကို လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။

လီရှန်းက ပဲပိစပ်ကို အရင်ကြော်လိုက်သည်။

အိမ်တွင် အသားမရှိသော်လည်း ဝက်ဆီတော့ ရှိနေသေးသည်။ သူမက ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို လှီးဖြတ်ပြီးနောက် ပဲပိစပ်အိုးထဲမှ ပဲပိစပ်တစ်ဇွန်းကို ခပ်ထုတ်ကာ ပဲပိစပ်ကို စတင်ကြော်ခဲ့သည်။ ပဲပိစပ်က ဆီပူအိုးထဲသို့ဝင်ရောက်သွားသည်နှင့် ကျွတ်ဆတ်သော တရှဲ့ရှဲ့အသံကို ထွက်ပေါ်လာစေပြီး မကြာမီတွင် မွှေးကြိုင်သော မွှေးရနံ့က နှာခေါင်းဝသို့ ဝေ့သီ၍ရောက်လာခဲ့လေသည်။

ပဲပိစပ်ကြော် အသင့်ဖြစ်ပြီးနောက် လီရှန်းက အဝတ်စကို ဖွင့်လိုက်လေ၏။

အဝတ်စ၏ အောက်တွင်တွက် လတ်ဆတ်စွာ လှီးဖြတ်ထားသော လက်လှိမ့်ခေါက်ဆွဲများရှိနေခဲ့သည်။

“ကံကောင်းလို့ အိမ်မှာ ဂျုံမှုန့်တွေ ရှိနေသေးတယ်”

လီရှန်း သက်ပြင်းချလိုက်သည်။

“အဲဒါက ကျဲ အရင်တစ်ခေါက် ပြန်လာတုန်းက ဝယ်ထားပေးတာလေ”

ကျန်းချောင်က သနားစဖွယ် လေသံတိုးတိုးနှင့် ရေရွတ်ပြီးနောက် လီရှန်းကို စွပ်စွဲသည့် မျက်လုံးများဖြင့် ကြည့်လာသည်။

ဤနှစ်အတွင်း သူ၏ဘဝက အလွန်ပင် ခက်ခဲနေခဲ့ကြောင်း မြင်တွေ့နိုင်ပေသည်။ခေါက်ဆွဲများ အသင့်ဖြစ်ပြီးနောက်တွင် ပဲပိစပ်ကြော်နှင့် ရောမွှေလိုက်လေ၏။

ကျန်းချောင်က ခေါက်ဆွဲကြော် ပန်းကန်လုံးကြီးတစ်လုံးစာကို စားလိုက်သည်။

သူ့၏ဝေစုကို စားပြီးနောက်တွင်ပင် မဝသေးသဖြင့် လီရှန်း၏ ပန်းကန်လုံးထဲမှ တစ်ဝက်ကိုပင် ထပ်ယူ၍ စားလိုက်သေးသည်။

“ဗိုက်ပြည့်သွားပြီ”

ကျန်းချောင်တစ်ယောက် စိတ်ကျေနပ်စွာ စားသောက်ပြီးနောက် သက်ပြင်းချလိုက်သည်။

လီရှန်းကတော့ စိတ်မကျေနပ်သေးပါချေ။

“အဆင်ပြေပါတယ်”

ဒါပေမဲ့ သိပ်ပြီးစစ်မှန်တဲ့အရသာမရှိသေးဘူး။

သူမအနေဖြင့် ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး သူမ၏ ဘဝက မည်မျှ ခက်ခဲခဲ့သည်ဖြစ်စေ၊ နေရာအသီးသီးမှ နာမည်ကြီး မုန့်မျိုးစုံကို စားဖူးခဲ့သည်။

ယခင်က သူမအနေဖြင့် အိမ်လုပ် ခေါက်ဆွဲများက အရသာရှိသည်ဟု ခံစားခဲ့ရသော်လည်း ယခုအချိန်တွင်တော့ ယခင်အချိန်ကကဲ့သို့ အလွန်အရသာရှိသည်ဟု မခံစားရတော့ပေ။

ဟင်း...

သူမက တကယ်ပဲ ဆိုးသွမ်းလာခဲ့ပုံရတယ်။

All Chapters