← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

နေ့လယ်စာ စားပြီးနောက်တွင် လီရှန်းက ရေချိုးလက်မှတ်ကို ယူပြီး ရေချိုးရန် ထွက်သွားခဲ့သည်။

အချိန်က အလုပ်ဆင်းချိန် မဟုတ်သေးသည့်အတွက်ကြောင့် ရေချိုးခန်းတွင် လူများစွာ မရှိနေခဲ့ပေ။

လီရှန်းက ဘုံဘိုင်တစ်ခုကို တစ်ယောက်တည်း နေရာယူကာ ပျော်ရွှင်စွာ ရေချိုးခဲ့သည်။

ရေချိုးပြီးနောက်တွင် အဝတ်လျှော်လိုက်ပြီးမှ အခန်းသို့ ပြန်ကာ စာဆက်လုပ်ခဲ့သည်။

ကျန်းချောင်သည်လည်း လီရှန်း၏ “ ရည်မှန်းချက်ပြီးမားမှု” ကို ကြားသိထားသောကြောင့် သူမကို အနှောင့်အယှက် မပေးဝံ့ဘဲ လမ်းလျှောက်လျှင်ပင် ခြေဖျားထောက်၍ သွားလာခဲ့သည်။

ကျန်းကျူးရိနှင့် ဇနီးသည်တို့က ညနေပိုင်းမှသာ ပြန်ရောက်လာခဲ့ကြလေ၏။

သူတို့က လီရှန်းကို မည်သည့်အရုမှ လုပ်ခိုင်းခြင်း မရှိခဲ့ပေ။ သူတို့သည်လည်း ခေါက်ဆွဲကို ပြုတ်လိုက်ကာ လီရှမ်းလုပ်ထားခဲ့သည့် ပဲပိစပ်ကြော်နှင့် ရောမွှေ၍ ကောင်းစွာ စားသောက်ခဲ့ကြသည်။

သူတို့ စားသောက်ပြီးနောက်တွင် လီရှန်းက ဤတစ်လတာအတွက် အိမ်တွင်ပြန်၍ စာပြန်လုပ်ချင်ကြောင်း ပြောပြလိုက်လေ၏။

ကျန်းကျူးရိတို့စုံတွဲက အလွန် ထောက်ခံခဲ့သည်။

ကျန်းကျူးရိက ပို၍ပင် ဆန္ဒစောနေခဲ့ကည မစောင့်နိုင်တော့ပေ။

“ငါ မနက်ဖြန် မင်းရဲ့ကျောင်းကို သွားပြီး လျှောက်လွှာ တင်ဖို့ လုပ်လိုက်မယ်”

နောက်ဆုံးစာမေးပွဲ မတိုင်မီ အချိန် တစ်လခွဲသာ လိုတော့သည်။

လီရှန်းသာ စာမေးပွဲဖြေဆိုနိုင်သရွေ့ ထိုအချိန်အတွင်း အတန်းမတက်လျှင်ပင် သူ ထောက်ခံပေးလိမ့်မည်။

လီရှန်းလည်း ဦးလေးဖြစ်သူ၏

စကားကို ကြားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

ကျောင်းတွင်းမှ ဝန်းကျင်က သိပ်မကောင်းလှပါချေ။ အိမ်သို့ပြန်လာပြီး စာပြန်နွှေးနိုင်မည်ဆိုပါက အလွန် ကောင်းမွန်ပေလိမ့်မည်။

“ဒါဆို ကျွန်မ ဦ့လေးနဲ့အတူလိုက်ပြီး ဆရာမကို မေးကြည့်ရမလား”

“ဒီကိစ္စအတွက်က တရားဝင်လုပ်ထုံးလုပ်နည်းတွေအတွက် သွားလုပ်တဲ့အချိန် တစ်ခါတည်း မေးပေးခဲ့မယ်”

လီရှန်း စဉ်းစားကြည့်ပြီးနောက် ဤနည်းလမ်းက ပို၍ ကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။

သူမအနေဖြင့် လက်ကျန်အတန်းကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ကိစ္စကို တိတ်တဆိတ် ကိုင်တွယ်သင့်သည်။

ဆိုရလျှင် ကျန်းယွဲ့မှ သူမကို နောက်တစ်ကြိမ်ထပ်မံ ဖိတ်ခေါ်ပြီးကတည်းက သူမအနေဖြင့် သူတို့နှစ်ယောက်လုံးကို စိတ်မမှန်ဟု ခံစားခဲ့ရသည်။

ဟဲထန်က အမျိုးသမီးများ၏ ကပ်တွယ်နှောင့်ယှက်ခြင်းကို ကြောက်ရွံ့ပြီး ကျန်းယွဲ့ကလည်း ဟဲထန်ကို သဘောကျသောကြောင်း အတင်းအကျပ်ကပ်တွယ်နေခဲ့သည်။

သူမသာ သူတို့၏နောက်မှ လိုက်သွားပြီး ပင်းချန်သို့ ရောက်သွားမည်ဆိုပါက သူ့တို့၏ကြားမှလေထုကို နွေးထွေးစေမည့် အနှောင့်အယှက်ဖြစ်နိုင်သည်။

ထို့ကြောင့် ကျန်းယွဲ့က သူမကို ကြားထဲမှ အမြှောက်သာအဖြစ် ခေါ်သွားချင်ခဲ့ခြင်းဖြစ်သည်။

ဟဲထန်သည်လည်း ထိုနည်းအတိုင်းပင်။

သူမအနေဖြင့် သူနှင့် စကားအနည်းငယ်ပင် မပြောခဲ့ဖူးပါချေ။ ထိုသူမှ သူမကိုအဘယ်ကြောင့် ကျေးလက်ဒေသသို့ အတူလိုက်ရန် ဆွဲခေါ်ချင်နေသည်ကို သူမ မသိပါချေ။

ထိုသူက သူမကို ကြိုက်သည်ဟု ပြောနေခဲ့သည်... နတ်ဆိုး၏ အလိမ်အညာစကားပင် ဖြစ်လိမ့်မည်။

သူမအနေဖြင့် ဟဲထန်ထံမှ ဤကဲ့သို့ခံစားချက်မျိုးကို တစ်ခါမျှ မခံစားခဲ့ရဖူးပါချေ။

“ဒါနဲ့ ရှန်းရှန်း.. မင်းရဲ့ ဒုတိယဦးလေးက မနေ့က သင်္ဘောပေါ်က ဆင်းလာတယ်တဲ့.. ဒီနေ့ နေ့လယ်မှာ ငါ့ကို ဖုန်းဆက်ပြီးပြောတယ်..

မင်းက ဒုတိယဦးလေးနဲ့ စကားပြောချင်တယ်လို့ မပြောခဲ့ဘူးလား.. ဒါကြောင့် ငါ မနက်ဖြန် နေ့လယ် နှစ်နာရီလောက်မှာ ဖုန်းခေါ်ဖို့ ချိန်းထားတယ်.. အဲဒီအချိန် ငါ့ရုံးခန်းကို လာပြီး စောင့်နေလိုက်ဦးနော်”

လီရှန်း၏ အာရုံစူးစိုက်မှုက ကျန်းကျူးရိထံမှ သတင်းကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

သူမ၏ ဒုတိယဦးလေးနှင့် တိုက်ရိုက် စကားပြောနိုင်မည်ဖြစ်ကြောင်းကို ကြားလိုက်ရလျှင် သူမ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်မိသည်။

“ကောင်းပါပြီ၊ မနက်ဖြန် နေ့လယ်စာစားပြီးတာနဲ အဲဒီကို လာခဲ့ပါ့မယ်”

ကျန်းကျူးရိအနေဖြင့် လီရှန်းက အလွန် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ်ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဒုတိယညီဖြစ်သူ၏ ပုံပန်းသဏ္ဍာန်ကို ပြန်တွေးလိုက်မိလျှင် သူနှင့် နှိုင်းယှဉ်၍ မရနိုင်ဟု ခံစားရပြန်သည်။

သေချာတာပေါ့။ ကလေးဘဝတုန်းက သူ့ရဲ့ညီလေးက အရမ်း ရိုကျိုးခဲ့တာ။ သူက အစားအသောက်ကို ဝဝလင်လင်မစားရလို့ အရပ်လည်း အဲလောက်မရှည်သလို အဲဒီလောက်လည်း မသန်မာခဲ့တာပဲ။

ဒါကြောင့် သူ့ရဲ့တူမကို ခေါ်လာချိန်မှာတောင် သူမကို လုံခြုံမှု မခံစားရဘူး။

ညဘက်တွင်တော့ လီရှန်းတစ်ယောက် နွေးထွေးသော အိပ်ရာငယ်လေးပေါ်တွင် လှဲလျောင်းလိုက်ပြီး ခဏအတွင်း အိပ်ပျော်သွားခဲ့သည်။

သူမ ပြန်ရောက်လာသည့် အချိန်ကတည်းက ဤသည်မှာ ပထမဆုံးအကြိမ် အိပ်ပျော်ခြင်း ဖြစ်ပေသည်။

ဖန်ချင်းက အသံကို ဖော့ကာ တိတ်တဆိတ် တံခါးကို ဖွင့်ကြည့်လိုက်သည်။ လီရှန်း အိပ်ပျော်နေသည်ကို မြင်မှသာ တိတ်တဆိတ် နောက်ဆုတ်သွားခဲ့လေ၏။

“အိပ်နေပြီလား”

“အိပ်နေပြီ”

ဖန်ချင်း သူမ၏ အပေါ်ထပ်ဘောင်းဘီကို ချွတ်ပြီး အိပ်ရာပေါ်သို့ တက်လိုက်သည်။

“ကလေးက အတော်လေးပိန်သွားသလိုပဲ”“သေချာပေါက် ပိန်သွားမှာပဲ.. သူမက ဂရုမစိုက်သလိုမျိုး နေပြပေမဲ့ သူမရဲ့အိမ်ထောင်ရေးအတွက် ကိစ္စတစ်ခုခု ဖြစ်ပျက်သွားခဲ့ရမှာကို ကြောက်ရွံ့နေခဲ့ရမှာ မဟုတ်ဘူးလား..

အခုတော် စိတ်အေးအေးထားနိုင်လောက်ပြီဆိုတော့ အတော်လေး အဆင်ပြေသွားပြီ .. သူမ စိတ်ခံစားချက် ကောင်းနေတာကို မြင်နိုင်တယ်”

ကျန်းကျူးရိက သူ၏ ပေါင်ပေါ်ရှိ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး သူ၏ အပေါ်ထပ် အင်္ကျီကို ချွတ်လိုက်ကာ အိပ်ရန် ပြင်ဆင်နေသော်လည်း ဖန်ချင်းက သူ့ကို ဆွဲကိုင်လိုက်ပြီးပြောလာခဲ့သည်။

“မအိပ်သေးနဲ့ဦး”

“ဘာလဲ”

ကျန်းကျူးရိ ခေါင်းလှည့်ကြည့်လိုက်သည်။

“ကျွန်မ နည်းနည်းလောက် ထူးဆန်းတယ်လို့ ခံစားရတယ်.. ကျွန်မတို့တွေ ဒီလောက်ထိ ကိစ္စကြီးကြီးမားမား လုပ်ခဲ့တာလေ..

အဘွားကြီးလီက ရောက်လာနေသင့်ပြီမလား.. ဘာလို့ ဒီလောက် ရက်တွေ ကြာနေတာတောင် ဘာမှ လှုပ်ရှားမှု မရှိသေးတာလဲ”

ဖန်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

“သူမက လီရှန်း ကျောင်းဆင်းစာမေးပွဲ ဖြေတဲ့နေ့ကိုရောက်မှ ပြဿနာရှာချင်တာ ဖြစ်နိုင်သလားလို့

“မဖြစ်နိုင်ပါဘူး...”

ယခုခေတ်ကာလတွင် အထက်တန်းကျောင်းမှရသည့်ဘွဲ့ ထိုမျှ အရေးမကြီးတော့ပေ။ သူတို့တွင် ကျွမ်းကျင်မှု ရှိသရွေ့ ပညာမတတ်သူများပင် စက်ရုံတွင် အလုပ်လုပ်နိုင်သည်။

“ဒါဆို အဘွားကြီးလီ ဘာလို့ မလာသေးတာလို့ ရှင်ထင်လဲ”

“ငါ ထင်တာတော့ အဲဒီနှစ်ယောက်က မပြောရဲသေးတာဖြစ်မယ်ထင်တယ်

အဘွားကြီးလီသာ ထုန်လင်းကြောင့် လီရှန်းခံမှ ရရှိလာမည့် တရားဝင် အလုပ်က မရနိုင်တော့ကြောင်းကို သိသွားပါက ပထမဆုံး ပြဿနာအရှာခံရမည့်သူက ထုန်လင်း ဖြစ်လာလိမ့်မည်။

“မရဘူး၊ ကျွန်မတို့ စုံစမ်းဖို့ တစ်ယောက်ယောက်ကို ရှာရမယ်.. ငါတို့ဘက်က ပြင်ဆင်မှု မရှိဘဲ တိုက်ပွဲ ဝင်လို့ မရဘူး”

ဖန်ချင်းသည်ကား မိုးရွာမလာမီကတည်းက ထီးဆောင်းထားတတ်သူ ဖြစ်သည်။

လီရှန်းကတော့ အလွန်ပင် ငြိမ်းချမ်းစွာ အိပ်ပျော်နေခဲ့သည်။

သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နေလုံးပင် ထွက်နေခဲ့ပေပြီ။

ကျန်းးကျူးရိနှင့် ဇနီးသည်တို့င အလုပ်သို့ သွားကြပေပြီ။ ကျန်းချောင်သည်လည်း ယမန်နေ့က အားလပ်ရက်ဖြစ်သော်လည်း ယနေ့တွင် အတန်းများကို ပြန်တက်ရတော့မည်။

လီရှန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ချိန်တွင် အိပ်ရာက အဆောင်တွင် မဟုတ်ကြောင်းကို တွေ့ရှိရပြီး ခဏလောက်အံ့အားသင့်သွားမိသည်။

သူမအနေဖြင့် မစ်ရှင်ကမ္ဘာသို့ ပြန်ဝင်သွားရပြီဟုပင် ထင်မိသည်။ အချိန်ခဏလောက်ကြာမှ ကောင်းစွာ နိုးလာပြီး စိတ်သက်သာရာရသွားခဲ့သည်။

သူမ လီလင်းနှင့် ချိန်းဆိုထားသည်ကို ပြန်လည်သတိရသွားပြီး အမြန်ထကာ ကိုယ်လက်သန့်ရှင်းလိုက်သည်။

ထို့နောက် မနက်စာ စားဖို့ပင် အချိန်မရနိုင်တော့ဘဲ အပြင်သို့ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက် စာကြည့်တိုက်တွင် တွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။

လီရှန်း ကားပေါ်က ဆင်းလိုက်ချိန်တွင် လီလင်းက ထိုနေရာတွင်စောင့်နေခဲ့ပေပြီ။

“အကြာကြီး စောင့်လိုက်ရပြီလား”

လီရှန်း ကားပေါ်က ဆင်းသည်နှင့် လီလင်းကို တောင်းပန်သည်။

“ငါ တောင်းပန်ပါတယ်၊ ဒီနေ့ နောက်ကျမှ နိုးလာလို့”

“ရပါတယ်၊ ငါ ရောက်တာလည်း မိနစ်နည်းနည်းလောက်ပဲ ရှိသေးတယ်”

လီလင်း၏ မျက်လုံးအောက်ဘက်တွင် စိမ်းပြာရောင်အနည်းငယ်သန်းနေခဲ့သည်။

သူမက ညအချိန်တွင် ကောင်းစွာမအိပ်ခဲ့ရပုံရပြီး မကြာခဏ သမ်းဝေနေခဲ့လေ၏။

လီရှန်း: “ညတုန်းက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား”

“ငါ့ရဲ့ ညီမလေးက နေ့တိုင်း ပိုပိုပြီးကြီးပြင်းလာနေတာလေ၊ ဒီတော့အိပ်ရာက ပိုပြီး ကျဉ်းလာတယ်.. ကြည့်ရတာ အိမ်ကိုပြန်ပြီး စာပြန်နွှေးတာက လက်တွေ့မကျလောက်ဘူးထင်ပါတယ်

ငါ ကျောင်းမှာပဲအရင်အတိုင်း စာပြန်ကြည့်တာ ပိုကောင်းမယ်.. အနည်းဆုံးတော့ ငါ ခေါင်းကို ဖြောင့်ဖြောင့် ထားနိုင်ပြီး ခြေထောက်တွေကိုလည်း ဆန့်ပြီး အိပ်နိုင်တယ်လေ”

လီလင်းက စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ညည်းညူလာခဲ့သည်။

သူမ ညည်းညူပြီးနောက်သက်ပြင်းရှည်တစ်ချက်ကို ချလိုက်လေသည်။

“ငါတို့ စာရင်းရင်း အရင်ဆုံးသွင်းပကြရအောင်.. ငါလည်း အင်အားရှိသလောက် အစွမ်းကုန် ကြိုးစားမယ်.. စာမေးပွဲ အောင်ရင် ဝန်ထမ်းအဆောင် နေထိုင်ခွင့် လျှောက်ထားမယ်..

မအောင်ရင်တော့ ကျေးလက်ကို သွားဖို့အတွက်ပဲ လျှောက်ထားတော့မယ်.. ပြောရရင် အိမ်မှာ ပြန်မနေတော့ဘူး.. အိမ်မှာ ငါ့အတွက် ဘာမှ မရှိဘူး.. အိမ်ကိုပြန်ရောက်မှ ကိုယ့်အတွက် နေရာမရှိကြောင်း သိလိုက်ရတာထက် ပိုဆိုးတာမျိုး မရှိဘူး”

All Chapters