← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း။ ၁၇၅

ဤသွေးရောင်နွယ်ပင်များသည် အရေအတွက် အဆမတန် များပြားလှပြီး လှုပ်ရှားမှုမှာလည်း အလွန်ပင် လျင်မြန်လှသည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို အမြန်ဆုံး ရှောင်တိမ်းရန် ထိန်းချုပ်လိုက်ရသည်။

သို့သော် မကြာမီမှာပင် ထူးဆန်းသော အချက်တစ်ခုကို သူ သတိပြုမိလိုက်သည်။ ဤသွေးရောင်နွယ်ပင်များသည် အခြားဇွန်ဘီများကို ကျော်ဖြတ်ကာ လျှပ်စီး ၂ ထံသို့သာ တိုက်ရိုက် ဦးတည်နေခြင်းပင်။

"လျှပ်စီး ၂ က မင်းတို့ကို ဘာလုပ်ထားလို့လဲ ဘာလို့ သူ့နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ"

လုချွမ်း အံ့အားသင့်သွားရသည်။ ဤဆင့်ကဲအပင်များ၏ တိုက်ခိုက်ပုံမှာ အမှန်တကယ်ပင် နားလည်ရ ခက်ခဲလှပေသည်။ ကံကောင်းသည်မှာ အဆိုပါနွယ်ပင်များသည် အခြားဇွန်ဘီများကိုမူ ရန်မပြုကြပေ။

လုချွမ်းသည် ကျန်ရုပ်သေးများကို အန္တရာယ်ကင်းရာသို့ အမြန်ရွှေ့ပြောင်းလိုက်ပြီး လျှပ်စီး ၂ ကိုသာ အာရုံစိုက် ထိန်းချုပ်၍ နွယ်ပင်များကြားမှ ရှောင်ထွက်နိုင်ရန် ကြိုးပမ်းတော့သည်။

သို့သော် ကျောက်ဆောင်များ နောက်ကွယ်မှ သွေးရောင်နွယ်ပင်များ များပြားစွာ ပေါ်ထွက်လာပြီး လျှပ်စီး ၂ ရှိရာ ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးပင်လယ်ပြင်ကြီးအလား ဖုံးလွှမ်းသွားတော့သည်။

ဤနွယ်ပင်များသည် လေးကြိုးမှ လွင့်စင်လာသော မြားများအလား အရှိန်ပြင်းလှရာ သာမန်အပင်များ၏ ကြီးထွားနှုန်းနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။

ရှူး... ရှူး... ဝုန်း...

ဒုတိယအဆင့် လျှပ်စီး ၂ ၏ သန်မာလှသော ပေါင်ကြွက်သားများက မြေပြင်ကို အားပြုကန်ထုတ်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်မှာ ကျည်ဆန်တစ်တောင့်အလား လွင့်ပျံသွားသည်။ သို့သော် လျှပ်စီး ၂ မည်မျှပင် မြန်ပါစေ နွယ်ပင်များက လေထဲတွင်ပင် ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်သည်။

ဒုန်း... ဒုန်း... ချွန်း...

လျှပ်စီး ၂ ကိုင်ဆောင်ထားသော သံမဏိဓားသည် လေထုကို ဖြတ်သန်း၍ ငွေရောင်အလင်းတန်းများဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ရလဒ်မှာ လုချွမ်းကို ထိတ်လန့်သွားစေသည်။

ဒုတိယအဆင့် ဆင့်ကဲသားရဲကိုပင် ဒဏ်ရာရစေနိုင်သော ဓားချက်မှာ ဤနွယ်ပင်များအပေါ်တွင် ဘာမျှ သက်ရောက်မှု မရှိပေ။ ၎င်းတို့သည် သာမန်အပင်များနှင့်မတူဘဲ ကျောက်သားများကဲ့သို့ မာကျောလှရာ ဓားဖြင့် ခုတ်လိုက်သည့်အသံမှာ သံနှင့် ကျောက်တုံး ရိုက်မိသံကဲ့သို့ ထွက်ပေါ်နေသည်။

လုချွမ်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။ ဤသွေးရောင်အပင်များမှာ ထင်

ထားသည်ထက် ပိုမို ဒုက္ခပေးနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။

တောက် ဒီနားက သားရဲအလောင်းတွေ အားလုံးက ဒီနွယ်ပင်တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။

ဒီဆင့်ကဲအပင်တွေက ဆင့်ကဲတိရစ္ဆာန်တွေထက်တောင် ကိုင်တွယ်ရ ပိုခက်နေပါလား။

ပတ်ပတ်လည် ဝိုင်းရံပိတ်ဆို့ခံထားရသဖြင့် လျှပ်စီး ၂ ၏ လှုပ်ရှားရာနေရာမှာ ကျဉ်းမြောင်းလာပြီး ဓားကိုသာ အသည်းအသန် ဝှေ့ယမ်းကာ ခုခံနေရသည်။ သို့သော် နွယ်ပင်များကို ခုတ်ပိုင်းရသည်မှာ ဂွမ်းပုံကို လက်သီးဖြင့် ထိုးနေရသကဲ့သို့ အားမရဘဲ ဖြစ်နေသည်။

လုချွမ်း ပို၍ စိုးရိမ်စိတ် လွန်ကဲလာသည်။ ဤကဲ့သို့ ဘာမျှမတတ်နိုင်သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ဤအပင်များ၏ ဆင့်ကဲပြောင်းလဲမှုမှာ သူစိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေသည်။ အပင်များကို ဘယ်လိုလုပ် ကိုင်တွယ်ရမည်ကို သူ မသိရှိသေးပေ။ အဆိုးဆုံးမှာ ဤအပင်များမှာ ဘာအပင်မျိုးလဲဆိုသည်ကိုပင် သူ မသိခြင်းပင်။

သွေးရောင်နွယ်ပင် အမြောက်အမြားသည် လျှပ်စီး ၂ ၏ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့လိုက်ပြီးနောက် နောက်ဆုံးတွင် ပျော့ပျောင်းသော်လည်း ခိုင်ခံ့လှသော နွယ်ပင်များက လျှပ်စီး ၂ ၏ ခြေထောက်များကို လျင်မြန်စွာ ရစ်ပတ်ကာ ဖမ်းဆုပ်လိုက်တော့သည်။

လျှပ်စီး ၂ ၏ လှုပ်ရှားမှုမှာ လုံးဝရပ်တန့်သွားပြီး သွေးရောင်လွှမ်းနေသော နွယ်ပင်ပင်လယ်ကြီးအတွင်းသို့ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။ နွယ်ပင်အမြောက်အမြားက ၎င်းကို ရူးသွပ်စွာ ရစ်ပတ်လိုက်ကြရာ ခဏအတွင်းမှာပင် ထိုနေရာ၌ ဧရာမ သွေးရောင် ပိုးအိမ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

လုချွမ်းအနေဖြင့် လျှပ်စီး ၂ ကို ရုန်းထွက်ရန် မည်မျှပင် ထိန်းချုပ်စေကာမူ အချည်းနှီးသာ ဖြစ်ခဲ့သည်။ လျှပ်စီး ၂ ၏ မြင်ကွင်းတွင်လည်း နီရဲနေသော သွေးရောင်များမှအပ ဘာကိုမျှ မမြင်ရတော့ပေ။

ထို့ကြောင့် လုချွမ်းသည် လက်ရှိတွင် ကျန်ရှိသော ဇွန်ဘီရုပ်သေးများကိုသာ ထိုနွယ်ပင်တောနှင့် ဝေးရာသို့ အမြန်ဆုတ်ခွာရန် ညွှန်ကြားလိုက်ရသည်။

လုချွမ်းသည် အဝေးမှနေ၍ မီးလျှံ ၁ ကို အသင့်ပြင်လိုက်သည်။ ဤနွယ်ပင်များမှာ အလွန်

မာကျောလှရာ တတိယအဆင့်ရှိ မီးလျှံ ၁ ထုတ်လွှတ်မည့် မီးလုံးများဖြင့်သာ လောင်ကျွမ်းနိုင်

မည်ဟု သူ မျှော်လင့်ထားသည်။

သို့သော် လုချွမ်း တစ်ခုကို သတိပြုမိသွားသည်။ နွယ်ပင်များသည် လျှပ်စီး ၂ ကို တင်းကျပ်စွာ ရစ်ပတ်ထားရုံသာရှိပြီး နောက်ထပ် ဘာမျှ ဆက်မလုပ်တော့ခြင်းပင်။

ဤခြောက်ခြားဖွယ် မြင်ကွင်းကြောင့် လုချွမ်းမှာ ဝေခွဲမရဖြစ်နေပြီး နွယ်ပင်များဘက်မှ ထူးခြားမှုမရှိသေးသဖြင့် သူလည်း ဇွတ်အတင်း ဝင်မတိုက်သေးဘဲ အဝေးမှသာ အကဲခတ်နေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လုချွမ်းကို အံ့အားသင့်စေသည်မှာ လျှပ်စီး ၂ ကို ရစ်ပတ်ထားသော နွယ်ပင်များမှာ အလိုအလျောက် ပြန်လည်လျော့ရဲသွားပြီး ၎င်းကို ပြန်လွှတ်ပေးလိုက်ခြင်းပင်။

လျှပ်စီး ၂ ကို စစ်ဆေးကြည့်ရာတွင်လည်း မည်သည့်ဒဏ်ရာမျှ ရရှိမနေသည်ကို တွေ့ရသည်။

"တကယ်ကို ထူးဆန်းတာပဲ ဒီဆင့်ကဲအပင်တွေမှာ တစ်ခုခု ချို့ယွင်းနေတာလား ခုနကတော့ အသည်းအသန် ဖမ်းထားပြီး အခုကျတော့ ဘာအကြောင်းမှမရှိဘဲ ပြန်လွှတ်ပေးတယ်ပေါ့..."

ဝုန်း... ဝုန်း... ဝုန်း...

လုချွမ်း စဉ်းစားနေစဉ်မှာပင် အနီးနားရှိ တောအုပ်အတွင်းမှ အလျင်စလို ပြေးထွက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ဧရာမ ဆင့်ကဲတောဝက်ကြီး တစ်ကောင် ဖြစ်သည်။

လုချွမ်း တိုက်ခိုက်ရန် မပြင်ရသေးမီမှာပင် လျှပ်စီး ၂ ကို လွှတ်ပေးခဲ့သော နွယ်ပင်များမှာ တဟုန်ထိုး ပြေးထွက်သွားပြီး ထိုတောဝက်ကြီးကို ဝိုင်းရံလိုက်ကြပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေမှာ လုံးဝကွဲပြားသွားသည်။ တောဝက်ကြီး၏ အင်အားမှာ လျှပ်စီး ၂ ထက် နိမ့်ပါးသဖြင့် ခဏအတွင်းမှာပင် နွယ်ပင်ပိုးအိမ်အတွင်း ပိတ်မိသွားတော့သည်။

ထို့နောက် တောဝက်ကြီး၏ စူးရှလှသော အော်ဟစ်သံများမှာ တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး နွယ်ပင်များသည် တောဝက်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ကာ သွေးများကို စုပ်ယူနေတော့သည်။

သန်မာထွားကျိုင်းလှသော တောဝက်ကြီးမှာ လုချွမ်း၏ မျက်စိရှေ့မှာပင် လျင်မြန်စွာ ပိန်လိမ်ခြောက်ကပ်သွားတော့သည်။ ဤမြင်ကွင်းကို ကြည့်ရင်း လုချွမ်း တစ်ကိုယ်လုံး ကြက်သီးများ ထသွားရသည်။

“နေဦး... ဒီသွေးရောင်နွယ်ပင်တွေက သွေးနဲ့အသားရှိတဲ့ သက်ရှိတွေကိုပဲ တိုက်ခိုက်တာလား”

လုချွမ်း သဘောပေါက်သွားပြီဖြစ်သည်။ ဇွန်ဘီများသည် အသွေးအသားများ ခြောက်ကပ်နေသော အလောင်းများသာ ဖြစ်သဖြင့် ဤနွယ်ပင်များအတွက် အာဟာရမဖြစ်ပေ။

စောစောက လျှပ်စီး ၂ ကို တိုက်ခိုက်ရခြင်းမှာလည်း ၎င်းသည် အခြားသားရဲများနှင့် တိုက်ခိုက်စဉ်က ပေကျံလာခဲ့သော သားရဲသွေးများ ကြောင့်သာ ဖြစ်ရမည်။

All Chapters