← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း။ ၁၇၇

ချင်းရွှေခြံဝင်းအတွင်း၌...

ဆင့်ကဲဧရာမလိပ်ကြီးသည် ကုန်းပေါ်သို့ရောက်ကတည်းက ချီချီလေး၏ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံနေရပြီး ခြံဝင်းအတွင်း အေးအေးလူလူ လှည့်လည်သွားလာနေသည်။

ဤကောင်ကြီးမှာ အရွယ်အစား အလွန်ကြီးမားသော်လည်း ပြေးလွှားသည့်အခါတွင်မူ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်လှသည်။

ချီချီလေးမှာမူ ဧရာမသတ္တဝါကြီးကို စီးနင်းပြီး နေရာအနှံ့ သွားလာရသည့် အရသာကို အတော်ပင် သဘောကျနေပုံရသည်။ သူမသည် ခြံဝင်းထဲတွင် လိပ်ကြီးနှင့်အတူ အလွန်ပျော်ရွှင်နေသဖြင့် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိပေ။

"သမီးလေး ချီချီ... သမီး ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒီဆင့်ကဲလိပ်ကြီးက သမီးစကားကို ဒီလောက်တောင် နားထောင်နေရအောင်လေ"

ချီချီလေး လိပ်ကြီးကိုစီးပြီး ပတ်ပြေးနေသည်ကို ကြည့်ရင်း ကျောက်လင်းတစ်ယောက် အလွန်ပင် သိချင်စိတ်ပြင်းပြနေမိသည်။ ယခုအခါတွင်မူ သူမသည် လိပ်ကလေးဆိုသည်မှာ ဤမျှဧရာမကြီးမားသည့် သတ္တဝါကြီးဖြစ်ကြောင်းကို လက်ခံသွားနိုင်ပြီဖြစ်သည်။

သို့သော် သေးငယ်လှသော ကလေးမလေးတစ်ဦးနှင့် ဤမျှကြီးမားသော လိပ်ကြီးတို့၏ ပုံရိပ်မှာ သူမအတွက်တော့ အနည်းငယ် ဆန်းကြယ်နေဆဲပင်။

ဤမျှကြီးမားသော ဆင့်ကဲသားရဲကြီးတစ်ကောင်ကို ကလေးမလေးတစ်ဦးက အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်မှာ မယုံနိုင်စရာပင်။

ကျောက်လင်းသည် ယခုထက်ထိ ထိုကဲ့သို့သော ဆင့်ကဲသားရဲမျိုးနှင့် တိုက်ခိုက်ဖူးခြင်း မရှိသေးသော်လည်း ယခုကမ္ဘာကြီးမှာ လူသားများ လွှမ်းမိုးသည့် ခေတ်မဟုတ်တော့ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။

ပထမဦးစွာ ဇွန်ဘီဘုရင်က ဧရာမသားရဲကြီးများကို အမဲလိုက်လာသည်ကို မြင်ခဲ့ရပြီး ယခု ချီချီလေးက လိပ်ကြီးကို စီးနင်းနေသည်ကို မြင်လိုက်ရသောအခါ ဤကမ္ဘာပျက်ကပ်အတွင်း ထိတ်လန့်ဖွယ်ကောင်းသော သတ္တဝါကြီးများစွာ ပေါ်ထွက်နေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဤသတ္တဝါကြီးများသည် သူမ သိခဲ့ဖူးသော တိရစ္ဆာန်များနှင့် လုံးဝဥဿုံ ကွဲပြားနေကြသည်။

ကျောက်လင်းသည် မျက်မှောင်ကြုတ်ရင်း ရင်ထဲတွင် စိုးရိမ်စိတ်များ မြင့်တက်လာမိသည်။ ထို သွေးရောင်လွှမ်းနေသောလဖြစ်စဉ်အပြီးတွင် လူသားများနှင့် ဇွန်ဘီများသာမကဘဲ တိရစ္ဆာန်များနှင့် အပင်များပါ ဆင့်ကဲပြောင်းလဲကာ အစွမ်းသတ္တိများ ရရှိနေကြခြင်းမှာ ထင်ရှားလှသည်။

မူလက သာမန်တိရစ္ဆာန်များပင် ဖြစ်သော်လည်း ယခုအခါ ဇီဝဗေဒဆိုင်ရာ သတ်မှတ်ချက်များကိုပါ ကျော်လွန်၍ ဧရာမ သတ္တဝါကြီးများအဖြစ် ပြောင်းလဲလာကြခြင်းမှာ အံ့ဩစရာပင်။ ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေများ အကြီးအကျယ် ပြောင်းလဲသွားသည်နှင့်အမျှ လူသားတို့၏ ရှင်သန်ရပ်တည်ရေးမှာလည်း ပိုမိုခက်ခဲလာတော့မည်ဖြစ်သည်။

ဤကမ္ဘာပျက်ကပ်အတွင်း လူသားများသည် ဇွန်ဘီအုပ်ကြီးကိုသာမက ယခုကဲ့သို့ ဧရာမ ဆင့်ကဲသားရဲကြီးများကိုပါ သတိထားရင်ဆိုင်ကြရပေတော့မည်။ အချိန်ကြာလာသည်နှင့်အမျှ လူသားတို့ ရှင်သန်ရန် နေရာလပ်မှာ တစ်ဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ရှင်သန်ရေးအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာလည်း ပိုမိုမြင့်မားလာမည်မှာ အသေအချာပင်။

ကျောက်လင်း၏ သံသယများပြည့်နေသော မေးခွန်းကို ကြားသောအခါ ချီချီလေးက ပုခုံးတွန့်ရင်း အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"ရိုးရိုးလေးပါပဲ... လူတွေ ခွေးကို အစာကျွေးသလိုမျိုး သူ့ကို အသားကျွေးလိုက်တာပေါ့"

ဤမျှ ရိုးရှင်းလှသော အဖြေကြောင့် ကျောက်လင်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ ပါးစပ်

အနည်းငယ် တွန့်သွားရသည်။

ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်အတွင်း လူသားများမှာ စားစရာတစ်ခုခုရရန်ပင် ကျေးဇူးတင်နေကြရချိန်တွင် အသားဆိုသည်မှာ အိမ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။ ရဲစခန်း၌ ရှိစဉ်က စားစရာ အနည်းငယ်အတွက်နှင့် အဖော်ချင်း သတ်ဖြတ်ရန် ဝန်မလေးကြသော အသက်ရှင်ကျန်ရစ်သူများကို ကျောက်လင်း အမှတ်ရနေဆဲပင်။

ချီချီလေး တစ်ယောက်သာလျှင် ဤမျှ စည်းစိမ်ခံနိုင်ခြင်းဖြစ်သည်။ သူမစား၍ မကုန်နိုင်လောက်အောင် ပိုလျှံနေသော အသားများကို လိပ်ကြီးအား ကျွေးမွေးနိုင်ခြင်းမှာ အမှန်တကယ်ပင် ချမ်းသာကြွယ်ဝလှပေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ထိုစဉ် ကုန်တင်ကား အင်ဂျင်သံကြီးနှင့်အတူ အဝါရောင်နဂါးမြို့သို့ စေလွှတ်ထားသော လုချွမ်း၏ ယာဉ်တန်းမှာ ခြံဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

"လိပ်ကလေး... လာ... ငါ နင့်ကို အသားကျွေးဖို့ ခေါ်သွားမယ်"

ယာဉ်တန်းပြန်ရောက်လာသံကို ကြားသည်နှင့် ချီချီလေးသည် ဧရာမလိပ်ကြီးကို စီးနင်းကာ ထိုဘက်သို့ ဦးတည်သွားတော့သည်။

ဆင့်ကဲလိပ်ကြီးမှာလည်း အတော်ပင် ဉာဏ်ကောင်းလှရာ အသားစားရမည်ကို သိနေပုံရပြီး ယခင်ကထက်ပင် ပိုမိုမြန်ဆန်စွာ ပြေးလွှားနေတော့သည်။

ထိုအချိန်တွင် လုချွမ်းသည်လည်း ယာဉ်တန်းအနီးသို့ ရောက်ရှိလာပြီး လျှပ်စီး ၁ ဆီမှ သွေးဆာနွယ်ပင်အစလေးကို လှမ်းယူလိုက်သည်။ လက်ထဲမှ သေးငယ်လှသော အပင်နမူနာစလေးကို ကြည့်ရင်း လုချွမ်းမှာ မယုံနိုင်လောက်အောင်ပင် အံ့ဩနေမိသည်။

လုချွမ်းသည် သူ၏လက်ထဲမှ ဆန်းကြယ်လှသော အပင်ကိုကြည့်ရင်း ဤကမ္ဘာမြေပေါ်တွင် ဤကဲ့သို့သော အရာမျိုး ပေါက်ရောက်နိုင်သည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။ အကယ်၍သာ သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ပါက ဤအပင်သည် လူသားများနေထိုင်သည့် ဂြိုဟ်မှ ထွက်ပေါ်လာသော အရာဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲပေလိမည်။

နီးကပ်စွာ ကြည့်ရှုသည့်အခါ ဤသွေးရောင်နွယ်ပင် အပိုင်းအစလေးမှာ သွေးကြောများဖြင့် ဖွဲ့စည်းထားသော လက်တံတစ်ခုနှင့် ပို၍တူနေသည်။ မိခင်အပင်မကြီးနှင့် ခွဲခွာနေသည်မှာ ကြာပြီဖြစ်သော်လည်း ဤ သွေးဆာနွယ်ပင်မှာ အနည်းငယ် တုန်ခါနေဆဲဖြစ်ပြီး သားရဲသားများကို ဆက်လက်ဝါးမြိုရန် အားထုတ်နေသကဲ့သို့ပင်။ ၎င်း၏ ထူးခြားလှသော ရှင်သန်နိုင်စွမ်းက လုချွမ်းကို များစွာ အံ့အားသင့်စေခဲ့သည်။

ထိုစဉ် လိပ်ကြီးကိုစီး၍ ရောက်ရှိလာသော ချီချီလေးသည်လည်း လုချွမ်းလက်ထဲမှ နွယ်ပင်ကို မြင်သည်နှင့် မှင်သက်သွားတော့သည်။ နောက်တစ်ခဏတွင် သူမသည် ဤအပင်ကို မှတ်မိသွားပုံရပြီး မျက်ဝန်းများမှာ ထိတ်လန့်အံ့ဩမှုများဖြင့် ပြူးကျယ်သွားရသည်။

ဒါ... ဒါက သွေးဆာနတ်ဆိုးနွယ်ပင်ပဲ

ဖေဖေက ဒါကို ဘယ်လိုများ ရအောင်ယူခဲ့တာလဲ။

ချီချီလေး၏ မှတ်ဉာဏ်များအရဆိုလျှင်...

သွေးဆာနတ်ဆိုးနွယ်ပင်ဆိုသည်မှာ ကမ္ဘာပျက်ကပ်အလွန် ဆင့်ကဲအပင်များထဲတွင် အသားနှင့်သွေးကို ဝါးမြိုတတ်သည့် အကြမ်းတမ်းဆုံးနှင့် အယုတ်မာဆုံးသော နွယ်ပင်အဖြစ် လူသိများသည်။

အသွေးအသားရှိသော မည်သည့်သက်ရှိမဆို ဤနွယ်ပင်အနီးသို့ ရောက်ရှိလာပါက ၎င်းသည် ချက်ချင်း တိုက်ခိုက်ပြီး ထိုသက်ရှိ၏ သွေးနှင့်အသားအားလုံးကို စင်ကြယ်အောင် စုပ်ယူပစ်တတ်သည်။

သို့သော် ထိုအချက်မှာ အရေးကြီးဆုံးမဟုတ်ပေ။ ချီချီလေး အလေးအနက်ထားသည့် အချက်မှာ ဤနွယ်ပင်သည် ရင့်ကျက်လာသည်နှင့်အမျှ သွေးအမြုတေများကို စတင်

ဖြစ်ပေါ်စေခြင်းပင်။

သွေးအမြုတေဆိုသည်မှာ ယခင်ဘဝက အလွန်ရှားပါးလှသော ရတနာတစ်မျိုးဖြစ်ပြီး ကိုယ်ခံပညာရှင်များ၏ ခန္ဓာကိုယ်ကို သန့်စင်ပျိုးထောင်ရာတွင် အံ့မခန်း အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။

သွေးဆာနတ်ဆိုးနွယ်ပင် ဟူသောအမည်မှာ ကြောက်စရာကောင်းသော်လည်း ၎င်းသည် လူသားများက ယဉ်ပါးအောင် ပြုလုပ်နိုင်သော ဆင့်ကဲအပင်တစ်မျိုးလည်း ဖြစ်သည်။

ချီချီလေးသည် ၎င်းကို မည်သို့နှိမ်နင်းရမည်ကို သဘာဝကျကျပင် သိရှိထားသည်။ သူမ၏ ပင်ကိုယ်သွေးကို တိုက်ကျွေးပြီး သွေးသန့်စင်ခြင်းပညာကို အသုံးပြုလိုက်ပါက ဤနွယ်ပင်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ဤနွယ်ပင်ကို တစ်ကြိမ်တစ်ခါ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သည်ရှိသော် တိုက်ခိုက်ရေး သို့မဟုတ် ခံစစ်အတွက် စိတ်ကြိုက် စေခိုင်းနိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိအလိုရှိရာ အခြားအသုံးဝင်သော ကိစ္စရပ်များတွင်လည်း အသုံးချနိုင်သေးသည်။

သွေးဆာနတ်ဆိုးနွယ်ပင်၏ ခန္ဓာကိုယ်မှာ အလွန်တရာ မာကျောသဖြင့် ၎င်းသည် တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်သည့် ရှားပါးဆင့်ကဲအပင် အမျိုးအစားဖြစ်သည်။

၎င်းသည် တစ်ပင်တည်း သီးခြားရှင်သန်လေ့မရှိဘဲ အစုအဖွဲ့လိုက် ပေါက်ရောက်တတ်သော အပင်မျိုးဖြစ်သည်။ အစောပိုင်း ကာလများတွင် ဤအပင်သည် အရေအတွက် အသာစီးယူမှုအပေါ်တွင်သာ အဓိက အားကိုးရခြင်းကြောင့် ဖြစ်သည်။

ဖေဖေသည် ဤနွယ်ပင်အပိုင်းအစလေးကို ရရှိလာခဲ့သည်ဆိုလျှင် ချင်းရွှေခြံဝင်းနှင့် မလှမ်းမကမ်းတွင် သွေးဆာနတ်ဆိုးနွယ်ပင်တောတစ်ခု ရှိနေပြီဟု ဆိုလိုခြင်းပင်။

ဤအချက်ကို တွေးမိသည်နှင့် ချီချီလေးမှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားရသည်။ ၎င်းသည် အမှန်တကယ်ပင် ထူးခြားလှသော သတင်းကောင်းတစ်ခုပင်။

ယခင်ဘဝက အင်အားကြီးသူများစွာသည် ဤနွယ်ပင်ကို ရှာဖွေခဲ့ကြသော်လည်း အလွန်ရှားပါးလှပေသည်။ အနာဂတ်တွင် သူမ ပိုမိုသန်မာလာသောအခါ ထိုနွယ်ပင်တော၏ တည်နေရာကို ရှာဖွေရမည်ဖြစ်သည်။

၎င်းကို သူမ၏ ပင်ကိုယ်သွေးဖြင့် သန့်စင်လိုက်ပါက တိုက်စစ်၊ ခံစစ်နှင့် ရန်သူကို ချုပ်နှောင်သည့် နေရာများတွင် အားကိုးရမည့် မဟာမိတ်ကောင်းကြီးကို ရရှိမည်ဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် သူမ၏ ကံကြမ္မာမှာ ယခင်ဘဝကထက် များစွာ သာလွန်ကောင်းမွန်လာသည်ဟု သူမ ခံစားရသည်။ ဖခင်ဖြစ်သူ၏ ဘေးနားတွင် နေထိုင်ရုံဖြင့် ကံကောင်းခြင်းများက သူမထံသို့ အဆက်မပြတ် ရောက်ရှိလာနေတော့သည်။

ချီချီလေး ချဉ်းကပ်လာသည်ကို မြင်သောအခါ လုချွမ်းသည် နွယ်ပင်စကို လျှပ်စီး ၁ လက်ထဲသို့ အမြန် ပြန်ထည့်လိုက်သည်။ အပင်မကြီးမှ ပြတ်တောက်နေသော်လည်း ထိုနွယ်ပင်စမှာ တွန့်လိမ်လှုပ်ရှားနေဆဲပင်။

လုချွမ်းကိုယ်တိုင်က ဇွန်ဘီတစ်ဦးဖြစ်သဖြင့် ဤနွယ်ပင်၏ ရန်မှ ကင်းလွတ်သော်လည်း သမီးလေးမှာမူ အသွေးအသားရှိသော လူသားတစ်ဦးဖြစ်ရာ ဤနွယ်ပင်၏ အဓိက ပစ်မှတ် ဖြစ်နေပေသည်။

ချီချီလေးက ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးလာကာ ပြောလိုက်သည်။

"ဖေဖေ... လိပ်ကလေးကို ကျွေးဖို့ အရသာရှိတာတွေ ပါလာလားဟင် သမီးက သူ့ကို မြန်မြန်ကြီးလာစေချင်လို့ပါ"

ဤအတောအတွင်း လုချွမ်း သတိထားမိသည်မှာ ဤလိပ်အိုကြီးသည် ချီချီလေး၏ စကားကို အမှန်တကယ်ပင် တစ်သဝေမတိမ်း နားထောင်ခြင်းဖြစ်သည်။

ထို့ကြောင့် သူ နောက်ထပ် ဝေခွဲမနေတော့ဘဲ ဇွန်ဘီရုပ်သေးများကို စေခိုင်းကာ ကားပေါ်မှ ဆင့်ကဲသားရဲ အလောင်းကြီးတစ်လောင်းကို လိပ်ကြီး စားသုံးရန်အတွက် ချပေးလိုက်တော့သည်။

All Chapters