← Chapters

အခန်း (၃၉၁)

Vol. 40 Ch. 391

အခန်း (၃၉၁)

Vol. 40 Ch. 391

(391)

သူတို့ ငရဲ၏ ဝင်ပေါက်နားသို့ ရောက်လာပြီးနောက် ပျောက်ဆုံးနေသော တောက်ကျန့်များ၊ ဝိဉာဉ်ဆိုင်ရာ အထူးဌာနမှ အဖွဲ့သားများကို မြင်တွေ့လိုက်ရသည်။

ထိုလူများ၏ အခြေအနေသည်က အနည်းငယ်မကောင်းသည့်အခြေအနေမဟုတ်။ အင်မတန်ဆိုးဝါးနေသည့် အခြေအနေဖြစ်ပေသည်။

အနည်းငယ် ထူးဆန်း၍ ကြောက်မက်ဖွယ်ပင် ကောင်းလှသည်။

တောက်ကျန့်များသည်က ငရဲ၏ ဂိတ်တံခါးဝတွင် အသတ်ဖြတ်ခံရတော့မည့် ဝက်များအလား ကြိုးတုပ်ကာ ဇောက်ထိုးဆွဲချိတ်ခံထားရသည်။

ငရဲသို့ ဝင်ထွက်သွားလာနေသည့် သရဲတစ္ဆေများက သူတို့အား ဖြတ်သွားရင်း ကန်ကျောက်သွားကြပြီး လူသားစွမ်းအင်များကိုလည့် စုပ်ယူသွားကြသည်။

သွေးများ ငယ်ထိပ်တွင် စုဝေးနေသောကြောင့် လူတိုင်း၏ မျက်နှာများက ပြာနှမ်းနေခဲ့ကြပြီး ‘ဒေါသ’များလည်း စိမ့်ထွက်နေခဲ့ပုံရသည်။

ပို၍ ထူးဆန်းသော အရာမှာ သူတို့အားလုံး၏ ဝမ်းဗိုက်များတွင် ၇လခန့် ကိုယ်ဝန်ဆောင်ထားရသော အမျိုးသမီးများကဲ့သို့ ဗိုက်ပူနေခဲ့ခြင်းပင်။

တချို့လူများ၏ ဖောင်းကားနေသော ဗိုက်များက တွန့်လိမ်လှုပ်ရှားနေကြဆဲပင်ဖြစ်သည်။

ထိုအရာ၏ တည်ရှိမှုကြောင့် တောက်ဓမ္မစွမ်းအင် နည်းပါးသူများ၊ အထူးသဖြင့် ဝိဉာဉ်ဆိုင်ရာ အထူးဌာနအဖွဲ့သားများ၏ မျက်နှာပေါ်တွင် သေဆုံးခြင်းအရိပ်အယောင်အချို့ပင် လွှမ်းမိုးနေခဲ့သည်။

တစ်ဖက်တွင်တော့ တောက်ဓမ္မပညာအားကောင်းသူများ၊ အထူးသဖြင့် မုတ်ဆိတ်ဖြူဖြူ၊ မျက်နှာဆိုးဆိုးနှင့် အဘိုးကြီး၏ အသားအရည်မှာ နီမြန်းနေရုံသာ ဖြစ်နေဆဲပင်။

ကုကျစ်စုန့်၏ ပုံရိပ်က တရွေ့ရွေ့ရွေ့လျားလာသည်ကို မြင်ရပြီးနောက် အမြင်အာရုံများ ဝေဝါးနေပြီဖြစ်သည့် ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့မှ ဌာနသားများမှာ အလွန်ပင် ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ပြောလာခဲ့ကြသည်။

“ကုတောက်ကျန့်.. ကုတောက်ကျန့်! နောက်ဆုံးတော့ ကျွန်တော်တို့ကို ကယ်ဖို့ ရောက်လာခဲ့ပြီ”

“ကုတောက်ကျန့်ပဲ!”

ကုကျစ်စုန့် ပါးစပ်ပင် မဟရသေးခင် သူမ၏နောက်မှ သရဲတစ္ဆေများ အဆောတလျင်ဖြင့် ထိုနေရာသို့ ပျံသွားခဲ့ကြသည်။

“မြန်မြန်၊ တမန်တော်ကုရဲ့ သူငယ်ချင်းတွေကို အောက်ချပေးလိုက်ကြ!”

“ဖြည်းဖြည်းလုပ်ကြ၊ သူတို့ကို မထိခိုက်စေကြနဲ့ဟေ့”

ကုကျစ်စုန့်: “……”

သူမက စိတ်အားတက်ကြွနေသည့် သရဲတစ္ဆေများအား တားမြစ်လိုက်သည်။

“ခဏနေပါဦး၊ ကျွန်မ လူတွေအရင်စစ်ကြည့်လိုက်ဦးမယ်”

သူမက ပြောနေရင်းဖြင့် ဖုန်းကိုထုတ်ကာ အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီးနောက် ဝိဉာဉ်ဆိုင်ရာအဖွဲ့မှ လူများအား အတည်ပြုလိုက်သည်။

“ဒီလူတွေကို ကူပြီးချပေးလိုက်ပါ.. ဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ”

သရဲများ: ‘အိုကေ! ’

မကြာမီ ဝမ်းဗိုက်များ ဖောင်းကားနေသော ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများအား ဂရုတစိုက် အောက်ချပြီးဖြစ်သည်။

သူတို့အား ကူညီပေးနေသည့် သရဲတစ္ဆေများအားလုံးမှာ မကောင်းမှုစွမ်းအင်ရှိသူများ ဖြစ်ကြောင်းကို မြင်လိုက်ရပြီးနောက် ကုတောက်ကျန့်က သရဲများကို ခိုင်းစေနိုင်သည်ဟု တွေးမိကာအံ့အားသင့်မိကြပြီး တစ်ဖက်တွင်လည်း စိတ်မသက်မသာ ဖြစ်နေမိကြသည်။

သရဲများက နှစ်ကြိမ်နှစ်ခါတိတိ ရေတွက်ပြီးနောက် လူနှစ်ယောက်လျော့နေခဲ့ကြောင်း သတင်းပို့လာကြသည်။

သရဲ: “တမန်တော်ကု၊ လူနှစ်ယောက် ပျောက်နေပါတယ်!”

ဖောင်းကားနေသော ဝမ်းဗိုက်၊ နီမြန်းနေသော မျက်လုံးများဖြင့် အဖွဲ့ဝင်တစ်ဦးက ဝမ်းနည်းစွာဖြင့် ငိုသံပါသော အသံနှင့် ပြောလာခဲ့သည်။

“အဲဒီနှစ်ယောက်၊ သူတို့တွေ.. သူတို့တွေ မရှိကြတော့ဘူး…”

ထိုစကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ကုကျစ်စုန့်၏ မျက်နှာသည်လည်း အေးစက်သွားခဲ့သည်။

“ရှင်တို့ရဲ့ ဗိုက်တွေ.. ဒါက ဘာဖြစ်တာလဲ?”

သူတို့ ရှင်းပြရန် ပါးစပ်ပင် မဟရသေးခင် အသားပေါ်ခံရတော့မည့် ခွေးများ၊ ဝက်များကဲ့သို့ ဇောက်ထိုးချိတ်ခံထားရဆဲဖြစ်သည့် တောက်ကျန့်များမှ စကားဖြတ်ပြောလိုက်သည်။

ဖောင်းကားနေသော ဝမ်းဗိုက်၊ ပြာနှမ်းနေသော မျက်နှာဖြင့် သက်လတ်ပိုင်းအရွယ်တောက်ကျန့်တစ်ဦးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်မလေး၊ နင် ငါတို့တွေကို မမြင်ဘူးလား? ကိုယ့်ထက် စီနီယာတွေကို..မင်းမှာ ရိုသေလေးစားမှုဆိုတာ မရှိတော့ဘူးလား!?”

ကုကျစ်စုန့်က ချန်ချင်းဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ကို မြင်လိုက်လျှင် သူမက ကြောက်လန့်တုန်လှုပ်စွာဖြင့် သူတို့ကို အရင်‌ဆုံး အောက်ချပေးလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် အချိန်အတော်ကြာ စောင့်ပြီးသော်ငြား ထိုမိန်းမယုတ်လေးသည်က သူတို့အား ဂရုမစိုက်ခဲ့ပါချေ။

သူမက သူတို့ကို လျစ်လျူရှုထားခဲ့ခြင်းသာဖြစ်ပေသည်။

ချန်ချင်းဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်သည်လည်း မျက်စိမျက်နှာပျက်နေခဲ့ပြီး ဝင်ပြောလာခဲ့သည်။

“ကိုယ့်ထက်အကြီးတွေကို လေးစားမှုရှိရမယ်ဆိုတာကို မသိဘူးပဲ၊ တကယ်ကို အသိပညာ မရှိဘူး!”

ကုကျစ်စုန့် ခေတ္တရပ်တန့်လိုက်ပြီးနောက် မျက်နှာကို ရှုံ့မဲ့ကာ သုံးကြိမ်တိတိ မေးလိုက်သည်။

“ကျွန်မရဲ့ အထက်လူကြီးတွေက ကောင်းကင်ဘုံမှာ ၊ ဒါမှမဟုတ်ရင် မြေအောက်ကမ္ဘာမှာပဲ ရှိတယ်”

“ရှင်တို့ကိုယ်ရှင်တို့များ ဘာတွေလို့ထင်နေတာလဲ? ကျွန်မရဲ့ အထက်လူကြီးလို့ ခေါ်နိုင်တဲ့အဆင့်ရှိလို့လား?”

“ပြီးတော့ ရှင်တို့နဲ့ ကျွန်မနဲ့သိလို့ ရှင်တို့ကို အောက်ချပေးဖို့ တောင်းဆိုနေတာလား? ဒါက တောင်းဆိုနေတဲ့လူတွေရဲ့ အချိုးလား?”

သူမ၏ လှောင်ရယ်လိုသည့် စကားများကြောင့် ဒေါသထွက်နေသည့် သက်လတ်ပိုင်းတောက်ကျန့်လည်း အော်ဟစ်ဆဲဆိုကာ ခြိမ်းခြောက်စကားဆိုလာခဲ့သည်။

“မင်းက မကောင်းဆိုးဝါးဝိဉာဉ်တွေကို ကူညီပေးပြီး တောက်ဓမ္မဂိုဏ်းရဲ့ ရန်သူဖြစ်ချင်နေတာလား? တောက်ဓမ္မဂိုဏ်းတွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး မင်း သေချာပေါက် ဒုက္ခရောက်ရလိမ့်မယ်!”

ကုကျစ်စုန့် ခပ်ဖွဖွ ရယ်လိုက်သည်။

“ရှင်.. ကျွန်မကို စိန်ခေါ်နေတာလား?”

သူမက လက်ချောင်းများ မြှောက်လိုက်ချိန်တွင် လေထဲ၌ အမှတ်အသားတစ်ခုပေါ်လာခဲ့သည်။ ထိုအရာသည်က ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအမိန့်’ပင်ဖြစ်သည်။

ထိုအမိန့်ပေါ်လာချိန်တွင် သက်လတ်ပိုင်းတောက်ကျန့်လည်း အံ့အားသင့်သွားခဲ့သည်။ ကုကျစ်စုန့်က သစ်သားဓားရှည်အား မြှောက်ကာ ဓားအိမ်တွင်းမှ ဆွဲထုတ်လိုက်သည်။

ထို့နောက် သုံးပေအကွာခန့်နေရာမှ သွေးများပန်းထွက်သွားခဲ့လေသည်။

မျက်စိတမှိတ်အတွင်းမှာပင် သူမ ဓားအား ပြန်လည်ရုတ်သိမ်းလိုက်သည်။

သစ်သားဓားရှည်ထက်မှ သွေးစက်များကို သုတ်လိုက်ပြီးနောက် သူမအေးစက်စွာ လှမ်းကြည့်လိုက်သည်။

“ရှင်က ကျွန်မကို အလွတ်မပေးဘူးဆိုတော့ အခုပဲ မြေအောက်ကမ္ဘာကို သွားကြတာပေါ့”

ကုကျစ်စုန့် ဓားပြန်မရုတ်လိုက်မီအချိန်ထိ အနီးအနားမှ သက်ရှိလူများ၊ မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည် သူမ မည်သည့်အရာကို လုပ်လိုက် မသိလိုက်ကြပါချေ။

‘မြေအောက်ကမ္ဘာသို့ သွားကြတာပေါ့’ဆိုသော စကားကို ကြားရပြီးမှသာလျှင် သူမ ထိုစကားကို မည်သို့အဓိပ္ပာယ်နှင့် ဆိုလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်နေခဲ့သည်။

ကုကျစ်စု့န် တောင်ပေါ်၌ လေ့ကျင့်ခဲ့စဉ်က အလှပြသိုင်းကွက်များကို လေ့ကျင့်ခဲ့ခြင်းမဟုတ်ပါချေ။

သူမသည်က ပြိုင်ဘက်များကို စနောက်နေမည်လည်းမဟုတ်ပေ။

သူမ၏ အမြင်တွင် တိုက်ပွဲသည်က အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အရာတစ်ခုဖြစ်သည်။

အမှားလေးတစ်ခု၊ အချက်အလက်လေးတစ်ခုသည်ပင် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲသွားစေနိုင်ပြီး အခြေအနေများအား ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးအား ကာကွယ်နိုင်ရန် ကုကျစ်စုန့် လေ့လာသင်ယူခဲ့သည့် နည်းလမ်းတိုင်းသည် ပြိုင်ဘက်အား မြန်မြန်ဆန်ဆန်၊ တိတိကျကျ သုတ်သင်နိုင်သည့် နည်းလမ်းများသာ ဖြစ်သည်။

ထိုနည်းလမ်းများတွင် သူမက သက်ရှိလူများအတွက်တင်မက သရဲတစ္ဆေများအတွက်ပါ အသုံးပြုအများဆုံးနည်းလမ်းမှာ ‘လည်မြိုချုပ်သည့်ဓား’ ပင်ဖြစ်သည်။

ဓား၏ လှုပ်ရှားမှုက တခဏသာ ကြာခဲ့ပြီး ရန်သူအနည်းငယ်သာလျှင် သူမ၏ ဓားလှုပ်ရှားမှုကို မြင်တွေ့လိုက်နိုင်သည်။

ယခုကဲ့သို့ပင်။

ဓားသည်က လျှင်မြန်လွန်းပြီး အားကောင်းလွန်းသောကြောင့် ကုကျစ်စုန့် ကိုင်ဆောင်ထားသည်မှာ သစ်သားဓားရှည်သာ ဖြစ်သော်လည်း အော်ဟစ်နေသည့် သက်လတ်ပိုင်းတောက်ကျန့်၏ ဦးခေါင်းအား တိခနဲဖြတ်ချပစ်လိုက်နိုင်ခဲ့သည်။

သူမ ဓားကို ပြန်သိမ်းလိုက်သည့်အချိန်ထိတိုင် တစ်ဖက်လူက အော်ဟစ်နေဆဲပင်ဖြစ်ပေသည်။

သက်လတ်ပိုင်းတောက်ကျန့်၏ လည်ပင်းတွင် သေးသွယ်ပါးလျသော သွေးစီးကြောင်းတစ်ခု‌ ပေါ်လာခဲ့သည်။

သက်လတ်ပိုင်းတောက်ကျန့်၏ အသံ အနည်းငယ် အက်ကွဲသွားသောကြောင့် သူကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်သွားခဲ့ပုံရသည်။

ထိုသွေးစီးကြောင်းက တဖြည်းဖြည်း ကြီးမားလာခဲ့ပြီးနောက် နောက်ဆုံးတွင် သွေးအမြှုပ်များပါ ပေါက်ထွက်လာခဲ့ပြီး သူ့အနီး ဇောက်ထိုးချိတ်ခံထားရသူ၏ မျက်နှာပေါ်သို့ သွေးချင်းချင်းနီသွားစေခဲ့သည်။

ထိုအရာအားလုံးကို ပြုလုပ်ခဲ့သည့် ‘တရားခံ’ ကုကျစ်စုန့်မှာတော့ မျက်မှောင်ကြုတ်ကာ ဓားကို သုတ်နေခဲ့သည်။

“ညစ်ပတ်လိုက်တဲ့သွေး…”

ထိုမြင်ကွင်းအား မြင်ရပြီးနောက် လူဖြစ်စေ၊ သရဲဖြစ်စေ၊ မည်သူမဆို အနီးအနားမှ အရာအားလုံး၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရပြီး ပြောစရာစကားများပင် ပျောက်ဆုံးကာ ဆွံ့အသွားခဲ့ကြသည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ လူများမှာလည်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်မိကြပြီး စိုးရိမ်မှု၊ တုန်လှုပ်မှုများမှာလည်း မျက်ဝန်းထဲတွင် အတိုင်းသားပေါ်နေခဲ့သည်။

ချန်ချင်းဂိုဏ်းမှလူများလည်း တုံ့ပြန်လာခဲ့ပြီးနောက် မျက်လုံးများ နီမြန်းကာ ပင်ကိုယ်က ပြာနှမ်းနေခဲ့သော မျက်နှာများက မည်းနက်လာခဲ့သည်။

“မင်း? မင်း ဘယ်လိုများ ချန်ချင်းဂိုဏ်းသားကို သတ်ပစ်ရဲတာလဲ?! မင်း!”

“စုန်းမ! စုန်းမ! မင်းက တကယ်ကို မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ တဖွဲ့တည်းဖြစ်နေတာမဟုတ်လား!”

“အစ်ကိုကြီး!?”

ယခုအသတ်ခံလိုက်ရသော တောက်ကျန့်နှင့် ရင်းနှီးသည့် တပည့်တစ်ဦးလည်း သူ၏ အစ်ကိုကြီးသည် အမှန်တကယ် ဓားဖြင့် ပိုင်းဖြတ်ခံလိုက်ရခြင်းဟုတ်၊မဟုတ် စစ်ဆေးလိုက်သည်။

စစ်ဆေးပြီးနောက် ကုကျစ်စုန့်အား ရွံရှာမုန်းတီးသည့် မျက်လုံးများဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“ခွေးမ! နင်က တောက်ဓမ္မဂိုဏ်းက လူတွေကို သတ်ရဲတယ်ပေါ့? ချန်ချင်းဂိုဏ်းက မင်းကို လွှတ်ထားမှာမဟုတ်ဘူး၊ မင်း ငါ့ကို သတ်ပစ်ရင်တောင်၊ ငါသရဲဖြစ်သွားရင်တောင် မင်းကို အလွှတ်မပေးဘူး!”

ကုကျစ်စုန့်: “???”

သူမ မျက်ဝန်းအစုံအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ကျွန်မက မကောင်းမှုပြုတဲ့သူကို သတ်လိုက်တာလေ၊ ဘယ်လိုလုပ်ပြီး မမျှမတ သတ်ဖြတ်တာဖြစ်ရမှာတုန်း?”

“ကြည့်ရတာ ရှင်တို့က ရှင်တို့ရဲ့ ဂိုဏ်းသားတွေကို အရမ်းဖြူစင်နေတယ်လို့ ထင်ကြတယ်ထင်တယ်၊

ဒါဆိုရင် အခု ဘယ်သူက အယုတ်မာဆုံး၊ မကောင်းမှုတွေ အကျုးလွန်ဆုံးလဲဆိုတာကို ဆုံးဖြတ်ကြည့်ကြရအောင်”

All Chapters