← Chapters

အခန်း (၃၉၄)

Vol. 40 Ch. 394

အခန်း (၃၉၄)

Vol. 40 Ch. 394

(394)

တခြားလူများကဲ့သို့ပင် ချန်ချင်းဒုဂိုဏ်းချုပ်၏ ဝမ်းဗိုက်မှာလည်း ၇လသားကိုယ်ဝန်ဆောင်ထားရသကဲ့သို့ ဖောင်းကားနေခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားများ၏ ညည်းညူသံများအား နားထောင်ပြီးနောက် ထိုဗိုက်ပူနေရခြင်း၏ အကြောင်းရင်းအား ကုကျစ်စုန့် သိထားပြီးဖြစ်သည်။

တောက်ကျန့်များနှင့် ကျင့်ကြံသူများတွင် သူတို့၏ ခန္ဓာကိုယ်များ၊ အထူးသဖြင့် ဝိဉာဉ်အား ကာကွယ်ထားနိုင်ပြီး သွေးနှင့် စွမ်းအင်တို့ စုပ်ယူမခံရစေရန် တားဆီးပေးနိုင်သော စွမ်းအားရှိကြသည်။

သူတို့၏ သွေးနှင့် စွမ်းအင်များ စုပ်ယူခံလိုက်ရပါက အသက်အန္တရာယ်ရှိနိုင်ပြီး သူတို့ကျင့်ကြံထားသမျှ တောက်ဓမ္မပညာများကိုလည်း ဆုံးရှံးလိုက်ရမည်ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူတိုင်းက ချောင်ပိတ်ခံရပါက အသက်ကို ရင်းကာ ကိုယ်တိုင်၏ သွေးတွင်းစွမ်းအင်များအား ဖောက်ခွဲနိုင်စွမ်းရှိကြသည်။

မည်သို့ပင်ဖြစ်စေ သေဆုံးရမည်ဆိုပါက ပြိုင်ဖက်ကိုလည်း သူတို့သေဆုံးခြင်းမှ အကျိုးအမြတ်မရှိစေရန်အတွက် လုပ်ဆောင်ကြခြင်းပင်။

တစ္ဆေကြီးဖြစ်သွားသော ရှောင်မိသားစုမှ သမီးကြီးက ချန်ချင်းဒုဂိုဏ်းချုပ်မှအပ ကျန်လူများအားလုံးကို တစ်ချက်တည်း သတ်ပစ်နိုင်စွမ်းရှိသည်။

သို့သော် သူမအလိုရှိသည်မှ ထိုပညာရှင်များထံမှ သွေးနှင့်စွမ်းအင်များ၊ တောက်ဓမ္မပညာများပင်ဖြစ်သည်။ အသက်မရှိသည့်အလောင်းကို အလိုရှိခြင်းမဟုတ်ခဲ့ပေ။

သေဆုံးသွားသော ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်တစ်ဦးသည်က သူ၏ သွေးစွမ်းအင်အား အတင်းအဓမ္မ လုယူရန် ကြိုးစားသည့်အချိန်တွင် သတ်သေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူ့၏အသက်ဖြင့်ရင်း၍ အမျိုးသမီးတစ္ဆေအား တိုက်ခိုက်ခဲ့ခြင်းပင်။

ထိုတိုက်ခိုက်မှုက သမီးကြီးအား ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်းမရှိခဲ့သော်ငြား သူမ၏ လုပ်ငန်းကို နှောင့်နှေးစေခဲ့သောကြောင့် သမီးကြီးက တောက်ကျန့်များအား ဖမ်းရုံသာ ဖမ်းထားခဲ့ရသည်။

သူမက သွေးစွမ်းအင်အား အတင်းအဓမ္မလုယူ၍ မရနိုင်ကြောင်း သဘောပေါက်လိုက်ပြီးနောက် လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့သည်။

သမီးကြီးက မြေအောက်ကမ္ဘာတွင်းမှ ကိုယ်ဝန်ဆောင်သရဲများကို ရှာဖွေ၍ ထိုကိုယ်ဝန်ဆောင်ဝိဉာဉ်များအား ဆုတ်ဖြဲဝါးမျိုပစ်ခဲ့သည်။

ထို့နောက် ဝမ်းဗိုက်တွင်းမှ တစ္ဆေသန္ဓေသားများကိုသာ ယူဆောင်လာခဲ့သည်။

ထိုကိုယ်ဝန်ဆောင်တစ္ဆေများသည်က မသေဆုံးမီတွင် မတော်တဆမှု ကြုံတွေ့ခဲ့ရသောကြောင့် ခန္ဓာတစ်ခုတည်းအနေဖြင့် သေဆုံးခဲ့ရပြီး မြေအောက်ကမ္ဘာသို့ ခန္ဓာတစ်ခု၊ ဝိဉာဉ်နှစ်ခုအဖြစ် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။

မဖွံ့ဖြိုးသေးသည့် တစ္ဆေသန္ဓေသားအား သက်ရှိလူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်ပါက ထိုသန္ဓေသားသည်က သက်ရှိလူသားအား ‘မိခင်အသစ်’အဖြစ် သတ်မှတ်လိုက်နိုင်သည်။

သူတို့က သားအိမ်မပါရှိသော အမျိုးသားများထံတွင်လည်း ကပ်တွယ်နေနိုင်သည်။

သက်ရှိလူ၏ အသက်စွမ်းအင်၊ သွေးစွမ်းအင်တို့အား ဝါးမျိုစားသောက်၍ တဖြည်းဖြည်းအရွယ်ရောက်ပြီး အားကောင်းလာတတ်ကြသည်။

ကပ်တွယ်ခံထားရသော ‘မိခင်’အား အလုံးစုံဝါးမျိုပြီးလျှင် ဗိုက်ဝသွားသော တစ္ဆေသန္ဓေသားက အလောင်းတွင်းမှ တိုးထွက်လာမည်ဖြစ်သည်။

‘မိခင်’၏ စွမ်းအားကောင်းလေလေ၊ တစ္ဆေသန္ဓေသား၏ စွမ်းအားကြီးလေလေဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထို’မိခင်’များမှ လုံလောက်သည့် သွေးစွမ်းအင်၊ အသက်စွမ်းအင်တို့အား ပေးဆပ်နိုင်သည်ထိ အသက်ရှင်နိုင်ကြသည်။

အမျိုးသမီးတစ္ဆေက ထို တစ္ဆေသန္ဓေသားများအား အသုံးချ၍ တောက်ကျန့်များအား အကွက်ချကြံစည်ခဲ့ခြင်းပင်။

သူတို့ စွမ်းအား များများအသုံးပြုလေလေ၊ သူတို့၏ သွေးနှင့်အသက်စွမ်းအင်များအား တစ္ဆေသန္ဓေသားများမှ ဝါးမျိုစားသောက်လေလေဖြစ်သည်။

ထို့နောက် သူမက တောက်ကျန့်များအား ကြိုးဖြင့် တုပ်နှောင်၍ ငရဲဂိတ်တံခါးဝတွင် ဇောက်ထိုးဆွဲချိတ်ထားခဲ့ခြင်းဖြစ်သည်။

သူတို့သေဆုံးမည်ကို သေချာပေါက်သိပြီး အသက်ရှင်နိုင်ချေမရှိတော့ပါက လူအများစုမှာ ဇွတ်အတင်းရုန်းကန်တတ်ကြပြီး ရန်သူနှင့်အတူ သေရန် ဆုံးဖြတ်တတ်ကြသည်။

သို့သော်သူတို့၏ ဝမ်းဗိုက်ထဲတွင် သူတို့၏ အသွေး၊အသား၊ စွမ်းအင်များအား ဝါးမျိုနေသော တစ္ဆေသန္ဓေသားများ ရှိနေသော်လည်း မျှော်လင့်ချက်ရောင်နီအား တစိုးတစ မြင်နိုင်သေးသည့်အချိန်တွင် လူဘယ်နှစ်ဦးခန့် ကိုယ့်ကိုကိုယ် ရက်ရက်စက်စက် သတ်သေနိုင်မည်နည်း?

ထိုကဲ့သို့သော နည်းလမ်းသည် ဖားသူငယ်များအား ရေနွေးထဲတွင် ပြုတ်၍ သတ်ဖြတ်ခြင်းကဲ့သို့ မျှော်လင့်ချက်ပေးထားသည့် နည်းလမ်းဖြစ်သည်။

ဤတောက်ကျန့်များ တွေးမိကြလိမ့်မည်။

အကယ်၍ ကယ်ဆယ်ရေးအဖွဲ့တွေ မကြာမီရောက်လာခဲ့လျှင်?

ထိုအသိရှိနေသေးသောကြောင့် တောက်ကျန့်များသည် တောင့်ခံထားခဲ့ကြသည်။

သို့သော် ၂ရက်အတွင်းမှာပင် သူတို့ဝမ်းဗိုက်များထဲမှ တစ္ဆေသန္ဓေသားများသည် တဖြည်းဖြည်း ကြီးထွားလာခဲ့ကြသည်။

အမျိုးသမီးတစ္ဆေက လူသားများ၏ နူးညံ့ပြီး အားနည်းသော နှလုံးသားကို အသုံးချ၍ ကြံစည်ခဲ့ခြင်းပင်ဖြစ်ပေ၏။

ထိုတစ္ဆေသန္ဓေသားများသည်က တောက်ကျန့်များအား အပြည့်အဝ စားသောက်ပြီးသည့်အချိန်ထိသာ စောင့်ဆိုင်းရန်လိုသည်။

နောက်ပိုင်းတွင်တော့ သူမက ထို တစ္ဆေသန္ဓေသားများအား ဝါးမျိုလိုက်လျှင် တောက်ကျန့်များ၏ အသွေး၊အသား၊ စွမ်းအင်များအား ဝါးမျိုလိုက်သကဲ့သို့ပင်ဖြစ်လိမ့်မည်။

ထိုအချိန်တွင် တောက်ကျန့်များ၏ ဝမ်းဗိုက်အတွင်းမှ တစ္ဆေသန္ဓေသားများက အန္တရာယ်ကို အာရုံခံစားမိလိုက်ဟန်ပေါ်သည်။

ဝမ်းဗိုက်ထဲတွင် အပြင်းအထန် တွန့်လိမ်လှုပ်ရှားနေခဲ့ကြလေ၏။

သို့သော်လည်း သူ၏ အသိပညာနက်ရှိုင်းမှုအား ယုံကြည်သောကြောင့် ဒုဂိုဏ်းချုပ်က မာန်မာန မချသေးပေ။

“မင်း ဘာလုပ်တာလဲ?”

ကုကျစ်စုန့်လည်း ဒုဂိုဏ်းချုပ်၏ လှုပ်ရွနေသော ဝမ်းဗိုက်ကိုကြည့်ကာ လှောင်ပြုံး,ပြုံးလိုက်သည်။

“ကြည့်ကောင်းသားပဲနော်”

“အခု ဒီလိုပုံစံနဲ့ဆိုတော့ ရှင်လည်း ရှင်ဖျက်ဆီးပြီး စွန့်ပစ်ခဲ့တဲ့ မိန်းကလေးတွေအတွက် နည်းနည်းတော့ ကိုယ်ချင်းစာသွားပြီလား?”

“ဒါပေမယ့် ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး”

ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် အသက်ရှင်နေထိုင်ခဲ့သော နှစ်ပေါင်းများစွာတွင် သူသည်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်ထိလက်ရောက် မသတ်ခဲ့ဖူးပေ။

သို့သော် သူ၏ လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုထားခြင်းနှင့် မောက်မာထောင်လွှားခြင်းတို့ကြောင့် လူပေါင်းများစွာ ထိခိုက်ခဲ့ရသည်။

သူသည်က သာမန်လူများအား သူ့ခြေတွင် ကပ်နေသည့် ဖုန်မှုန့်သာသာ၊ ပုရွက်ဆိတ်တစ်ကောင်ခန့်သာ ဆက်ဆံခဲ့သည်။

သူက ဖြောင့်မတ်မှန်ကန်သော မသေမျိုးဟု ထင်ရသော်လည်း သူချနင်းခဲ့သော အပြစ်မဲ့ကိုယ်ခန္ဓာပေါင်း မည်မျှရှိပါသနည်း? သူ့တွင် ဖြောင့်မတ်မှန်ကန်သော မသေမျိုးဟု သမုတ်နိုင်သည့်အရည်အချင်း မြူမှုန်တစ်စက်မျှပင် မရှိပေ။

ဥပမာဆိုရလျှင် ယန်ချန်။

ယန်ချန်သည်က နှစ်ရက်တိတိ မကောင်းဆိုးဝါးဝိဉာဉ်များအား စုတ်ယူနေခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ တည်ငြိမ်သော စိတ်နေစိတ်ထားကြောင့်သာ အသက်ရှူတိုင်း နာကျင်နေသည့် ကြွက်သားများ၊ သွေးကြောများ၏ ဝေဒနာကို သည်းခံထားနိုင်ခဲ့သည်။

သူသာ သည်းမခံထားနိုင်ခဲ့ပါက ကုကျစ်စုန့် သူ့အား ရှာဖွေတွေ့ရှိချိန်တွင် အကျိုးအကြောင်း၊ အဆိုးအကောင်း နားမလည်နိုင်တော့သည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပြီး အမျိုးသမီးတစ္ဆေထက်ပင် ပို၍ အားကောင်းကာ နှိမ်နင်းရန် ခက်ခဲသွားပေလိမ့်မည်။

ထိုအခြေအနေသို့ ရောက်လာပါက ကုကျစ်စုန့်အနေဖြင့် သူ့အား ဆက်ဆံနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သုတ်သင်လိုက်ခြင်းသာဖြစ်လိမ့်မည်။

ထိုအကျိုးဆက်များနှင့် အဖြစ်ဆိုးများ မဖြစ်ပေါ်ခဲ့ရခြင်းက ယန်ချန်၏ စိတ်စွမ်းအင်အားကောင်းမှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ကုကျစ်စုန့် အချိန်မီရောက်လာနိုင်ခြင်းတို့ကြောင့်သာဖြစ်သည်။

သို့သော် သေဆုံးသွားသော တောက်ကျန့်သုံးဦးနှင့် အပြစ်မဲ့ ရွာသားများသည်က ပြန်မလာနိုင်တော့ပေ။

ထိုအဖြစ်အပျက်များအားလုံးသည်က ဒုဂိုဏ်းချုပ်၏ ဦးဆောင်မှုအောက်တွင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

သူ့တွင် စွမ်းအင်များ ရှိသော်လည်း သူက ကိုယ့်ကိုကိုယ် ကြီးကျယ်မြင့်မြတ်သူဟု တွေးနေခဲ့ပြီး သာမန်လူများကိုတော့ တန်ဖိုးမဲ့သည့် ပုရွက်ဆိတ်များဟုသာ သဘောထားခဲ့သည်။

ယနေ့အဖြစ်အပျက်များ ပြီးဆုံးချိန်တွင် ချန်ချင်းဂိုဏ်းသားများမှာ သွေးဖြင့် သင်ကြားခဲ့ရသော သင်ခန်းစာတစ်ခု ရလိုက်သည်။

သို့သော် သူတို့၏ စိတ်ဓာတ်များသည် ပြောင်းလဲသွားမည်မဟုတ်ပါချေ။

ယခုဖြစ်ပေါ်ခဲ့သော အဖြစ်ဆိုးများသည် သူတို့၏ အပြစ်ဟု လုံးဝမတွေးခဲ့ကြပေ။ ကုကျစ်စုန့်နှင့် အခြားသူများကိုသာ ဤအဖြစ်အပျက်ကို မေ့ပစ်စေချင်ခဲ့ပြီး ‘ကောင်းမွန်သော ဆက်ဆံရေး’ ရရန်သာ မျှော်လင့်နေခဲ့သည်။

ကုကျစ်စုန့်သည် သူတို့အား နောင်တရစေချင်သည်။

သို့သော် ဤလူအားလုံးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။

သူတို့ထဲမှ တချို့က အသိစိတ်အနည်းငယ်ရှိနေကြသေးသည်။

ထို့အပြင် ကုကျစ်စုန့်အနေဖြင့် သူတို့၏ အပြစ်ဆိုးကျိုးများကို ဝေဖန်ဆုံးဖြတ်ချက်ချပေးနိုင်သည့် ယမမင်းလည်း မဟုတ်ခဲ့ပေ။

သူမက တခြားသူများ၏ အသက်အား နိုင်ထက်စီးနင်း မနှုတ်ယူသင့်၊ ဝိဉာဉ်အား မဖြိုခွဲသင့်၊ သို့မဟုတ် ထိုလူများအား သုတ်သင်နိုင်ရန် မကောင်းဆိုးဝါးစွမ်းအင်သင့်စေခြင်း မပြုသင့်ပေ။

သူမ၏ ဓားက ထိုကဲ့သို့ အမှိုက်များ၏ သွေးစွန်းရန် မတန်ပါချေ။

ကုကျစ်စုန့် အတွေးနယ်လွန်နေခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားခဲ့သည်။

နောက်ဆုံးတွင် သင့်တော်သည့် အဖြေတစ်ခုအား ရှာတွေ့သွားသောကြောင့် သူမ ပြုံးလိုက်မိသည်။

သို့သော် သူမ၏ မျက်လုံးများမှာတော့ အပြုံးကင်းစင်နေခဲ့ပြီး ရေခဲပွင့်များအလား အေးစက်နေခဲ့သည်။

“ရှင်က သာမန်လူသားတွေကို ပုရွက်ဆိတ်တွေလို သဘောထားပြီး အဆင်အခြင်မဲ့ ချနင်းတတ်တယ်ဆိုတော့ ရှင်ကိုယ်တိုင်လည်း လုံးဝအောက်ဆုံးအဆင့်ကို ရောက်သွားရင် ဘယ်လိုနေလဲဆိုတာ သိရအောင် သွားကြည့်ပါလား?”

ပြောနေရင်းဖြင့်ပင် သူမ၏ သစ်သားဓားရှည်ကို မြှောက်၍ စွမ်းအားကောင်းသော ဝိဉာဉ်စွမ်းအင်ဖြင့် ဖုံးလွှမ်းစေလိုက်သည်။

ဒုဂိုဏ်းချုပ်မှာလည်း သူမ၏ လှုပ်ရှားမှုကို မြင်တွေ့ရပြီးနောက် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။

သို့သော် သူမအား မခြိမ်းခြောက်နိုင်ခင်မှာပင် ဝိဉာဉ်ဆွဲနှုတ်ခံလိုက်ရသည့်အလား ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ဦးခေါင်းထဲတွင် ခံစားလိုက်ရသောကြောင့် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်မိသည်။

“မလုပ်နဲ့!”

မက်မွန်သားဓားရှည်ာ သူ၏ ‘စွမ်းအင်နယ်မြေ’အတွင်းသို့ ဖြိုခွင်းပြီးနောက် ဝမ်းဗိုက်ကို ဖောက်ကာ သူ၏ ဒန်ထျန်အား ဖျက်ဆီးပစ်လိုက်လေသည်။

သို့သော် ထိုအရာသည်က အဆုံးသတ်မဟုတ်ပါချေ။ ကုကျစ်စုန့်က သူ၏ ကျင့်ကြံမှုများကိုပါ ဖျက်ဆီးပစ်လိုက်သည်။

နှစ်ပေါင်းတစ်ရာကျော် ကြိုးစားခဲ့ရသော ကျင့်ကြံမှုစွမ်းအားများသည်က သူ၏ ကိုယ်အတွင်းမှ ဖျက်ဆီးခံလိုက်ရသည့်အတွက် သူ လုံးဝ တောင့်မထားနိုင်တော့ပေ။

ယနေ့မှစ၍ သူသည်က သာမန်လူသားတစ်ဦး ဖြစ်သွားခဲ့ပြီ!

ကျင့်ကြံခြင်းကမ္ဘာအတွင်းသို့ လုံးဝ ပြန်လည်ခြေမချနိုင်တော့သည့် သာမန်လူသားတစ်ဦးဖြစ်သွားခဲ့ရပြီ။

သူသည်က ပုရွက်ဆိတ်တစ်ကောင်သာသာပင် ဖြစ်သွားခဲ့ပြီ။

ဒုဂိုဏ်းချုပ်က လှောင်အိမ်ထဲပိတ်ကာ အရိုက်ခံရသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်အလား အော်ဟစ်ရင်း လဲကျသွားခဲ့ရသည်။

ဤသည်က ကုကျစ်စုန့် စဉ်းစားလိုက်မိသော အရက်စက်ဆုံး အပြစ်သာလျှင် ဖြစ်ပေ၏။

ဒုဂိုဏ်းချုပ်၏ ငွေမှင်ရောင် မျက်ခုံးနှင့် ဆံပင်များသည်လည်း မြက်ခြောက်များကဲ့သို့ပင် ဖြူဖွေးသွားခဲ့ရသည်။

နုပျိုလန်းဆန်းနေခဲ့သော သူ၏ မျက်နှာသည်လည်း အိုမင်းရွတ်တွကာ မကြာမီ သေဆုံးရတော့မည့် အသက် ၈၀၊ ၉၀အရွယ် လူအိုကြီးတစ်ယောက်ဖြင့်သာ တူလာခဲ့သည်။

“ကျွန်မ ရှင့်အသက်ကို မလိုချင်ပါဘူး၊ တန်ဖိုးမှ မရှိဘဲနဲ့”

“ဒါပေမယ့် အခုကစပြီးတော့ ရှင်က ဘယ်တော့မှ ကျင့်ကြံရေးလောကမှာ ခြေချလို့ ရမှာမဟုတ်တော့ဘူး”

“ရှင်က ရှင်အရမ်းကို အထင်သေးပါတယ်ဆိုတဲ့ သာမန်လူအနေနဲ့ပဲ နေသွားတော့မှာ၊ ပြီးတော့ ကျွန်မ ထင်တာကတော့ ရှင့်ရဲ့ ဂိုဏ်းကလည်း ရှင့်ကို စွန့်ပစ်လိုက်မယ်ထင်ပါတယ်

ဒါဆိုရင်တော့ သာမန်လူတွေနဲ့ပဲ ကျန်တဲ့ ဘဝတစ်သက်လုံး နေသွားရတော့မှာပဲ”

ဤအရာသည်က အပြစ်ဒဏ် ‘ခပ်ပေါ့ပေါ့’ဟုသာ ထင်ရသော်လည်း ဒုဂိုဏ်းချုပ်ကဲ့သို့ လူမျိုးအတွက်တော့ ဝိဉာဉ်ဖြိုခွဲခံရခြင်းထက်ပင် နာကျင်ရပေသည်။

All Chapters