ဘုရားသခင် ရောက်ရှိလာလိမ့်မယ် (1)
Vol. 40 Ch. 398
ထိုနေ့မနက်ခင်းတွင် ကုကျစုန့်က ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များနှင့်အတူ ဖန်းချန်းမြို့သို့ လိုက်ပါသွားခဲ့သည်။
လူတိုင်းက မှတ်စုများ ရေးသားကာ အချက်အလက်များကို စီစဉ်နေခဲ့ပြီးနောက်ျွင် နေ့လည်စာစားခဲ့ကြသည်။
ထို့နောက်တွင် ဖန်းချန်းမြို့တွင်းမှ ထူးဆန်းသည့် ဒုတိယအမှုအကြောင်းကို စုံစမ်းလေ့လာခဲ့ကွသည်။
ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်: “ကုတောက်ကျန့်၊ ညကလည်း တစ်ညလုံး မအိပ်ရသေးဘူးမလား? ဘာလို့...”
“ကျွန်မက အဆင်ပြေပါတယ်”
ကုကျစ်စုန့် အနည်းငယ်နာကျင်နေသည့် မျက်လုံးထောင့်များကို လက်ဖြင့် အသာဖိရင်း ခေါင်းညိမ့်လိုက်သည်။
“အင်တာနက်ပေါ်က ‘သေဆုံးခြင်း မှတ်စု’ဆိုတဲ့ ကိစ္စက ဘယ်လိုဖြစ်တာလဲ ကျွန်မကို ပြောပြပါဦး”
‘သေဆုံးခြင်းမှတ်စု’မှာ အက်ပလီကေးရှင်းအတွင်းမှ ကုကျစ်စုန့်လက်ခံခဲ့သည့် အထူးလေ့လာစုံစမ်းရေးမှ ဒုတိယအမှုဖြစ်ပြီး ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ အဓိကပရောဂျက်လည်းဖြစ်သည်။
သူမ ဖန်းချန်းသို့ ရောက်ရှိခဲ့သည်မှာ တစ်ရက်ပြည့်ခဲ့ပေပြီ။ ထိုအချိန်တွင် သူမက ချန်ချင်းဂိုဏ်းမှ ကျန်နေသော ‘ပြဿနာ’များအား ဖြေရှင်းနေခဲ့ရသောကြောင့် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သည် ဤကိစ္စတွင် တိုးတက်မှုမရှိသေးပေ။
ဤ ‘သေဆုံးခြင်းစာအုပ်’အကြောင်းကို ဖိုရမ်များနှင့် ဖန်းချန်းနယ်ခံအင်တာနက်ကွန်ယက်များတွင်လည်း ကုကျစ်စုန့် ရှာဖွေလေ့လာထားပြီးဖြစ်သည်။
လွန်ခဲ့သော လဝက်ခန့်က ဖန်းချန်း၏ နယ်ခံအင်တာနက်ကွန်ယက်တွင် အမည်မသိလူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် အနာဂတ်အား ကြိုတင်ခန့်မှန်းနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက် ‘ကြိုတင်ဟောပြောချက်’တစ်ခုအား အင်တာနက်ပေါ် တင်ခဲ့သည်။
သုံးရက်အကြာတွင် ထိုစာရေးသူသည် သူ၏ ကြိုတင်ဟောပြောချက်အား အမည်မသိရေးသားခဲ့ပြီးနောက် ပို့စ်အတို သုံးခု ခွဲ၍ တင်ခဲ့သည်။
သူ့တွင် ‘စူပါပါဝါ’များ ရှိသည်ဟု ပြောဆိုခဲ့သောကြောင့် အင်တာနက်အသုံးပြုသူအချို့၏ အာရုံနှင့် လှောင်ပြောင်မှုများ ရရှိခဲ့သော်လည်း လူသိနည်းပါးသည်။
ထိုအချိန်က လူအများစုသည် ထိုစာရေးသူသည် အကြံအဖန်များ လျှောက်ပြောနေသည်ဟုသာ ထင်ခဲ့ကြသောကြောင့် သူ၏ ပို့စ်များအောက်မှ မှတ်ချက်များသည်လည်း လှောင်ပြောင်ခြင်း၊ ရယ်မောခြင်းတို့သာ ပြည့်နေခဲ့လေသည်။
ထိုလူနှင့် သူ၏ ခန့်မှန်းချက်များ အင်တာနက်ပေါ်တွင် နာမည်ကျော်သွားရသည့် အကြောင်းအရင်းမှာ သူ၏ ခန့်မှန်းချက်များသည် အမှန်တကယ် ဖြစ်လာသောကြောင့်ပင်။
တတိယနေ့၏ ဟောကိန်းတွင် ထိုစာရေးသူ ရေးသားခဲ့သည်။
‘မနက်ဖြန် ဖန်းချန်းရဲ့ xxတံတားပေါ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ကားပိုင်ရှင်သေလိမ့်မယ်”
ပို့စ်တင်သည့် နေ့မှ မှတ်ချက်များတွင် လူအယောက် ၂၀ခန့်သာရှိပြီး သူ့အား ထိုကဲ့သို့ ကိစ္စမျိုးဖြင့် လူအများ၏ အာရုံစိုက်မှုကို မရှာသင့်ကြောင်း၊ ဟာသလုပ်သင့်သည့်အရာမဟုတ်ကြောင်း ဆူပူနေခဲ့ကြသည်။
ပို့စ်တင်သူအား ကားတိုက်ခံရစေရန် ကျိန်ဆဲသည့် မှတ်ချက်များလည်း ရှိသည်။
သို့သော် ဟောကိန်းထုတ်ထားသည့်နေ့တွင် ဖန်းချန်းမြို့တွင်းမှ မြစ်ကူးတံတားပေါ်တွင် ပြင်းထန်သော ကားအက်ဆီးဒင့်တစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့သည်။
ကားပိုင်ရှင်၊ ဇနီးသည်နှင့် သားသမီး မိသားစုလေးဦးလုံး ကားအက်ဆီးဒင့်အတွင်း သေဆုံးခဲ့ရပြီး အသက်ရှင်သူ မရှိခဲ့ပေ။
ထိုအဖြစ်အပျက်ဖြစ်ပွားသည့်နေတွင် မြင်ရသည့် မြင်ကွင်းမှာ ထူးဆန်းလွန်းသောကြောင့် တံတားပေါ်မှ တချို့သော ကားပိုင်ရှင်များသည် အဘက်ဘက်မှ ဗီဒီယိုများ ရိုက်ကူး၍ အင်တာနက်ပေါ်တွင် တင်ခဲ့ကြသည်။
ထိုပို့စ်များသည်လည်း ချက်ချင်း ထိပ်တန်းရှာဖွေမှုများ ဖြစ်လာခဲ့ကြသည်။
သတင်းကြည့်ရှုသူများ သက်ပြင်းချနေခဲ့ကြချိန်တွင် ဒေသခံဖိုရမ်အတွင်းမှ ‘ဟောကိန်းပို့စ်’အား မြင်တွေ့ခဲ့ရသူများက ထိုမျှ တိုက်ဆိုင်မှုကြောင့် အံ့အားသင့်နေခဲ့ကြရသည်။
ကားအက်ဆီးဒင့်၊ တည်နေရာ၊ ခန့်မှန်းချိန်တို့အားလုံးက ယမန်နေ့မှ ‘ကြိုတင်ဟောကိန်း’မှ ဟောပြောချက်များနှင့် အလုံးစုံ တူညီနေခဲ့သည်။
ထိုလူများလည်း ကြက်သီးမွှေးညင်းများပင် ထကာ ချက်ချင်းပင် ပို့စ်အား မိသားစုများထံသို့ မျှဝေခဲ့ပြီး ‘အနာဂတ်ဟောပြောသူ’အဖြစ် တင်စားပြောဆိုခဲ့ကြသည်။
ထိုသတင်းက ဒေသခံဂရုချက်များနှင့် ဖန်းချန်းမြို့၏ ဖိုရမ်များအတွင်း ကျယ်ပြန့်သွားခဲ့ပြီးနောက် ဒေသခံများ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။
လူအများစုသည်က အံ့အားသင့်စွာဖြင့် ပို့စ်တင်သူ ထိုကိစ္စအား မည်သို့ သိရှိပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။
အင်တာနက်ပေါ်မှ လူအများစုကတော့ ထိုကိစ္စကို တိုက်ဆိုင်မှုဟုသာ ကောက်ချက်ချခဲ့ကြသည်။
ပို့စ်တင်သူ၏ စကားမှာ ‘ကားပိုင်ရှင်’သေဆုံးလိမ့်မည်ဟုသာ ဖြစ်ပြီး ယခုကားအက်ဆီးဒင့်တွင်တော့ မိသားစုလေးဦးလုံး သေဆုံးခဲ့သောကြောင့် တစ်ပုံစံတည်း ကိုက်ညီခြင်းမဟုတ်ကြောင်း ဝေဖန်ခဲ့ကြသည်။
တချို့သော အင်တာနက်သုံးစွဲသူများက အတွေးနယ်ချဲ့လွန်ကာ ‘အနာဂတ်ဟောပြောသူ’သည်က လူသတ်သမားဖြစ်ကြောင်းပင် ပြောဆိုခဲ့ကြသည်။
အတိုချုံးပြောရပါက ထိုအချိန်ထိ ဝေဖန်သူအများစုက ယုံတဝက်၊ မယုံတဝက်သာ ရှိကြသေးသည်။
ပို့စ်တင်သူက မေးခွန်းများကိုလည်း ဖြေကြားခြင်းမရှိ၊ ရှင်းပြခြင်းလည်းမရှိ။သို့သော် ထိုညတွင် စတုတ္ထမြောက် ဟောပြောချက်တစ်ခုအား ထပ်မံရေးသားခဲ့ပြန်သည်။
ထိုဟောပြောစာ၏ အကြောင်းအရာသည် စိတ်ဝင်စားစရာမကောင်းသောကြောင့် အင်တာနက်အသုံးပြုသူများ၏ အာရုံလည်း အနည်းငယ်လျော့သွားခဲ့သည်။
မည်သူထင်ထားခဲ့လိမ့်မည်နည်း?
တစ်ရက်အကြာတွင် နောက်ဆုံးရေးသားခဲ့သော ပဥ္စမမြောက်ဟောပြောချက်က ကားအက်ဆီးဒင့်ကဲ့သို့ ‘နောက်တစ်ရက်တွင် တစ်စုံတစ်ယောက်သေဆုံးမည့်အကြောင်း’ ကြိုတင်ဟောပြောခြင်း ဖြစ်နေခဲ့သည်။
ထိုဟောပြောချက်မှာ လူအများကြားတွင် နာမည်ကြီးလာခဲ့ပြီး ဖိုရမ်များတွင်လည်း အမည်မသိဖြင့်သာ တင်နေခဲ့ခြင်းဖြစ်သည်။
ထို ‘အနာဂတ်ဟောပြောသူ’က အကြိမ်တိုင်း ဟောပြောချက်ပို့စ်အသစ်တစ်ခု တင်လေ့ရှိသည်။
အတုခိုးသူများ၊ ပုံယောင်ဖမ်းသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့ကြပြီး ထူးဆန်းကာ အဓိပ္ပာယ်မရှိသော ရာပေါင်းများစွာရှိသည့် ဟောပြောချက်များသည်လည်း ဖိုရမ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ကြသည်။
သို့သော် အမှန်တကယ် အနာဂတ်ဟောပြောသူ၏ ပို့စ်များသည် ထူးခြားသောစွမ်းအင်တစ်ခုပါဝင်နေသည့်အလား အင်တာနက်အသုံးပြုသူများက သူ့အား ခွဲခြား၍ သိနိုင်စွမ်းရှိကြသည်။
အကျဉ်းဆိုရလျှင် ဝေဖန်ထောက်ပြသူများက တိကျမှန်ကန်သော ပို့စ်များကိုသာ ရွေးချယ်ခဲ့ပြီး နောက်ဆုံးအသစ်ဖြစ်သည့် ကြိုတင်ခန့်မှန်းချက်များအား ဂရုချက်များတွင် မျှဝေပေးခဲ့ကြသည်။
စိတ်ဝင်စားသော၊ ပျင်းရိနေကြသော အင်တာနက်အသုံးပြုသူများသည်လည်း ပို့စ်များကို စောင့်ကြည့်နေခဲ့ကြပြီး နောက်တစ်ရက်တွင် အနာဂတ်ဟောပြောသူ၏ ပို့စ်အတိုင်း အမှန်တကယ် အက်ဆီးဒင့်ဖြစ်၊မဖြစ် စောင့်ကြည့်နေခဲ့ကြသည်။
ထိုအဖြစ်အပျက်အား ပြောပြနေသော ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်က စကားကို ခေတ္တရပ်လိုက်သည်။ ကုကျစ်စု့န် သူ့အား မော့ကြည့်လိုက်ပြီးနောက် မပြောဘဲ နားလည်လိုက်သည်။
“သေဆုံးခြင်းကို ခန့်မှန်းတဲ့ ဒုတိယဟောပြောချက်ကလည်း အမှန်ဖြစ်လာတယ်”
“ဟုတ်ပါတယ်”
အဖွဲ့ဝင် ခေါင်းငြိမ့်သည်။
“လူတွေအများကြီးက သူ့ရဲ့စကားကို အတည်မယူသလို ဒီအနာဂတ်ဟောပြောသူရဲ့ စကားကို ပုံပြင်လိုပဲ သဘောထားနေခဲ့ကြတဲ့ အချိန်မှာ အဲဒီဟောကိန်းကလည်း အမှန်ဖြစ်သွားပြန်တယ်”
“နောက်ထပ်သေဆုံးသွားတဲ့သူက အဲ့ဒီဟောပြောချက်တွေမှာ ရေးသားထားတဲ့အတိုင်း အကြမ်းဖျင်း တူညီနေကြတယ်လေ”
အဖွဲ့ဝင် ဆက်မပြောတော့သော်လည်း အင်တာနက်ပေါ်တွင် ထို အနာဂတ်ဟောပြောသူ၏ ကျော်ကြားမှု မည်မျှ ထိုးတက်သွားမည်ကို ကုကျစ်စုန့် ခန့်မှန်း၍ ရနိုင်သည်။
ထိုအချက်များက သူမ၏ ခန့်မှန်းချက်ဖြင့် ကိုက်ညီနေပြန်သည်။ ထိုအချိန်မှစ၍ ထို အနာဂတ်ဟောပြောသူက အင်မတန် နာမည်ကြီးလာခဲ့သည်။
သူသည်က သေဆုံးခြင်းခန့်မှန်းချက် ငါးခုအပါအဝင် ကြိုတင်ခန့်မှန်းချက် (၁၄)စောင် ရေးသားခဲ့သည်။
ယနေ့အချိန်ထိ သူ၏ ခန့်မှန်းချက်များအားလုံးက အမှန်ဖြစ်လာကြသည်ချည်းပင်။
ဝိဉာဉ်ဆိုင်ရာအဖွဲ့မှ စုံစမ်းစစ်ဆေးရာတွင် အနာဂတ်ဟောပြောသူက ကိုယ်ပိုင်အကောင့်မရှိသော်ငြား သူ၏ ပရိတ်သတ်အချို့က သူ့အတွက် အကောင့်တစ်ခု ဖွင့်ပေးခဲ့ပြီးနောက် ထိုအကောင့်တွင် သူ၏ ခန့်မှန်းချက်များအား တင်ပြရေးသားခဲ့ကြသည်။
ယခုအချိန်တွင် ထိုအကောင့်အား follow ထားသူ လသန်းကျော်နေပေပြီ။
အံ့အားသင့်နေခဲ့ကြသော ပရိတ်သတ်များက သူ့အား အင်မတန် လေးစားနေကြပြီးနောက် သူ့တွင် စူပါပါဝါများ ရှိသည်ဟု သဘောထားကြသည်။
ထို့နောက် သူ့အား မျက်နှာဖုံးဝတ်ဆင်ထားသော ထူးခြားသူတစ်ဦးအနေဖြင့် သရုပ်ဖော်ပုံများပင် ရေးဆွဲခဲ့ကြသည်။
သူ ရေးသားမှတ်တမ်းတင်ခဲ့သော ‘ဟောပြောချက်များ’ကိုလည်း အင်တာနက်မှ လူအများသည် ‘သေဆုံးခြင်းမှတ်စုများ’ဟု သမုတ်ခဲ့ကြသည်။
ထိုအရာက မည်သို့ပင် ကြည့်ပါစေ သာမန်ကိစ္စရပ်တစ်ခု မဟုတ်ပေ။
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ထိုအဖြစ်အပျက်များ အလျှင်အမြန် ရှာမတွေ့ခဲ့ရခြင်းမှာလည်း ဤအမှု၏ အထူးဆန်းဆုံးအချက်များတွင်းမှ တစ်ခုပင်ဖြစ်သည်။
ဤဟောကိန်းကိစ္စဖြင့် ပတ်သတ်သော အချက်အလက်များက ဖန်းချန်းအတွင်းသာ ပြန့်နှံ့နေခဲ့ခြင်းပင်။
အများဆုံးမှာ အနီးအနားရှိ မြို့ငယ်လေးများထိသာ သတင်းပြန့်ခဲ့သည်။
ဖန်းချန်း၏ အပြင်ဘက်တွင်တော့ ထိုကိစ္စဖြင့် ပတ်သတ်၍ မည်သူမှ ဆွေးနွေးခဲ့ကြခြင်းမရှိပေ။
ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ အတည်ပြုရန် ဖန်းချန်းသို့ ဝင်ရောက်ခဲ့ချိန်တွင် ဖန်းချန်းဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ရုံးခွဲမှ မူလအဖွဲ့ဝင်နှစ်ဦးက ပျောက်ဆုံးနေခဲ့ပြီး ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့ဝင်အဖြစ်ဟန်ဆောင်ထားသော အမည်မသိ ပညာရှင်နှစ်ဦးသာ ရှိနေခဲ့သည်။
သူတို့က ဖန်းချန်းရဲစခန်းအား တင်ပြရသူများ ဖြစ်သောကြောင့် ထိုသတင်းအချက်အလက်များအား အထက်လူကြီးများထံသို့ မရောက်စေရန် တားမြစ်ထားခဲ့ကြပြီး ရုံးချုပ်မှလည်း ထိုကိစ္စဖြင့် ပတ်သတ်၍ လုံးလုံး သိရှိထားခြင်းမရှိခဲ့ပေ။
ထိုဟန်ဆောင်သူနှစ်ဦးမှ တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်တစ်ဦးမှာလည်း ဖမ်းဆီးရရှိချိန်တွင် ပေါက်ကွဲကာ သေဆုံးသွားခဲ့သောကြောင့် အသုံးဝင်မည့်အချက်အလက်များ တစ်ခုမှ မရလိုက်ပေါချေ။
သို့သော် ထိုလူများ၏ ထူးဆန်းသော အပြုအမူကြောင့်သာလျှင် ဌာနဝင်များသည် ဤကိစ္စတွင် မသင်္ကာစရာအချက် တစ်ခုခု ရှိနေကြောင်း သေချာသွားခဲ့ခြင်းဖြစ်သည်။
“အခုထိရော ဘာတွေ ရှာတွေ့ထားပြီးပြီလဲ?”
“ကျွန်တော်တို့တွေ သဲလွန်စနည်းနည်းတော့ ရထားတယ် ဒါပေမဲ့ အဲဒါတွေက ဘယ်လိုမှ ဆက်ပြီးလိုက်လို့ မရဘူးဖြစ်နေတယ်လေ
အရင်ဆုံး ကျွန်တော်တို့ ခွဲထားတဲ့ အချက်အလက်တွေကို ကြည့်ပေးပါဦး”
ကုကျစ်စုန့် ဖိုင်အား ဖွင့်လိုက်ပြီး လှန်လှောကြည့်လိုက်သည်။
ဟောကိန်း ၁၄ခုအား အမျိုးအစားများစွာ ခွဲခြားထားပြီးနောက် ငါးခုသည်က သေဆုံးခြင်းအား ခန့်မှန်းချက်ဖြစ်ကာ ကျန်အရာများမှာတော့ အတိအကျမရှိသည့် အကြောင်းအရာများသာ ဖြစ်ကြသည်။
သို့သော် ထိုအရာများသည် သေချာဂရုတစိုက် စုံစမ်းစစ်ဆေးပြီးနောက် သဲလွန်စများ ဖြစ်လာခဲ့ကြသည်။
ထိုအချက်များထဲမှ နှစ်ခုအား ကုကျစ်စုန့် အာရုံစိုက်မိသည်။
‘ပထမတစ်ခု- ‘ဘုရားသခင်ရောက်လာလိမ့်မယ်’လို့ ငါ အိပ်မက်,မက်ခဲ့တယ်’