ရေကျက်အေး၊ ပိုက်ဆံရှာနည်း
Vol. 3 Ch. 31
လက်ရှိစုဆောင်းထားသည့်ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
ပလပ်စတစ် ၆၅၊ သတ္တုပြား ၂၅၊ လီနင်၂၁။
ရေပိုက်စနစ်ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများမှာ လိုအပ်ချက်နှင့် ဝေးကွာနေသေးသည်။ ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး အုတ်မြစ် ကျောက်များနှင့် လဲလှယ်ရန်သုံးထားသည့် ငါးအသားများကို ပြန်လည်ချိန်ညှိရန်ပြင်ဆင်လိုက်သည်။
ယခင်က ဈေးကွက်တွင် တင်သွင်းထားသည့် ငါးအသားများကို အုတ်မြစ်ကျောက် ၁၂ ခုနှင့် လဲလှယ်ခဲ့ပြီးဖြစ်သည်။ သို့သော် အစောပိုင်းလဲလှယ်မှုနှုန်းနှင့်နှိုင်းယှဉ်လျှင်မူ အလွန်နှေးကွေးနေပေသည်။
ရှောင်းယီ၏ အုတ်မြစ်ကျောက်များအား တက်တက်ကြွကြွစုဆောင်းနေမှုကို မြင်လိုက်ကြရပြီးနောက် မျက်စိလျှင်သောလူအချို့သည် တစ်စုံတစ်ခုကို သတိထားမိသွားကြပုံရသည်။ အထူးသဖြင့် သူတို့တွင် အစားအစာများ အထူးတလည်လိုအပ်နေခြင်းမရှိပါက လွယ်လွယ်ကူကူ မလဲလှယ်ကြတော့ပေ။
ရှောင်းယီသည် အုတ်မြစ်ကျောက် ၁၂ ခု လဲလှယ်ပြီးနောက် ကျန်ရှိနေသေးသည့် ငါးအုပ်စု ၁၈၀ ကိုချက်ချင်းဖြုတ်ပစ်လိုက်သည်။
“ဘာ...ငါးတွေ ပြန်ဖြုတ်သွားပြီလား။ ငါ အခုလေးတင် အုတ်မြစ်ကျောက်တစ်ခု ဖမ်းမိခဲ့တာလေ။ ငါဘာမှမစားရတာ ၂ ရက်တိတိရှိနေပြီ။”
“သူကအချိန်အတိုင်းအတာတစ်ခုအထိပဲ ထားပေးမယ်ဆိုတာ ငါသိနေတယ်။ တစ်သက်လုံးထားထားမှာမဟုတ်ဘူး။”
“ဟုတ်တယ်...။ အဲ့ဒါကြောင့် ကျုပ်ပြောတာပေါ့။ အုတ်မြစ်ကျောက်တွေကို အစားအစာနဲ့မလဲဖို့ပြောတဲ့လူက မကောင်းတဲ့လူပါလို့။”
“စိတ်မပူကြနဲ့...။ သူဌေးက နောက်တစ်ခေါက် ထပ်ပေါ်လာပြီ။ ဒီတစ်ခါတော့ ခင်ဗျားတို့ရဲ့အခြေခံပစ္စည်းတွေကို ငါးအသားနဲ့ လဲလှယ်လို့ရတယ်။”
ထိုစာတိုကိုမြင်လိုက်ကြသောအခါ လူတိုင်းသည် ချက်ချင်းပင် ဈေးကွက်သို့ သွားကြည့်လိုက်ပြီးကြထိုနေရာတွင် တစ်စုံတစ်ဦးသည် ငါးအသားများဖြင့် အခြေခံပစ္စည်းများကို လဲလှယ်နေကြောင်း တွေ့ရှိလိုက်ကြရလေသည်။
“[ပင်လယ်ငါး] ၅၀ဂရမ် လဲလှယ်မှု - [သတ္တုပြား] ၃ သို့မဟုတ် [ပလပ်စတစ်] ၂ သို့မဟုတ် [လီနင်] ၁။”
“ကောင်းလိုက်တာ ကျုပ်မှာလီနင်ရှိတယ်။ ကျေးဇူးတင်ပါတယ်သူဌေး။ ကျုပ်လဲမယ်...။”
“ကျုပ်မှာပလပ်စတစ် ၄ ခုရှိတယ်။”
“ကျုပ်မှာသတ္တုပြား ၁၀ ခုရှိတယ်။”
ပဉ္စမနေ့အထိ ခံနိုင်ရည်ခဲ့ရှိကြသူများသည် အခြေခံပစ္စည်းများကို ရှာဖွေနိုင်သူများဖြစ်သည့်အတွက် လက်ထဲတွင် ပစ္စည်းအနည်းငယ်တော့ ရှိမည်ဖြစ်သည်။ သို့သော် အစားအသောက်နှင့် ရေကို ရရှိနိုင်ရန်မှာ ကံအပေါ်တွင်သာ မူတည်ပေသည်။
ထို့ကြောင့် အချို့သောသူများတွင် အရင်းအမြစ်များ အနည်းငယ်ရှိသော်လည်း ဆာလောင်မွတ်သိပ်နေကြတုန်းပင်။ သူတို့လက်ထဲရှိပစ္စည်းများဖြင့်သာ အစားအစာနှင့်ရေကို လဲလှယ်နိုင်သည်။
ဤသို့ဖြင့် ဈေးကွက်သည် စတင်၍ စည်ကားလာခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးအသံများသည်လည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ ဈေးကွက်တွင် တင်သွင်းလိုက်သည့် ပင်လယ်ငါးများသည် မိနစ်အနည်းငယ်အတွင်း အကုန်ရောင်းထွက်သွားခဲ့သည်။
“ရရှိသည့်ပစ္စည်းများ - သတ္တုပြား ၂၁၀၊ ပလပ်စတစ် ၉၀၊ လီနင် ၆၅။”
လက်ထဲတွင်ရှိနေသည့်ပစ္စည်းများကို ထည့်ပေါင်းလိုက်ပါက လုံလောက်ပြီဖြစ်သည်။
ထုတ်လုပ်မယ်...။
သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် ရေစည်ကြီး ၂ ခု ထွက်ပေါ်လာခဲ့ သည်။ ထို့နောက် ပိုက်လိုင်းများနှင့်အတူ ပြန့်ကားထွက်လာခဲ့သည်။
“[ရေပိုက်စနစ်] တပ်ဆင်မည့်နေရာကိုရွေးချယ်ပါ။”
ရှောင်းယီသည် ရေစည်ကြီး ၂ ခုကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ခန်းနောက်ဘက်ရှိ ရေချိုးခန်းအနီးတွင် နေရာချရန် တွေးလိုက်သည်။
တပ်ဆင်ပြီးနောက် ရှောင်းယီသည် တိုက်ခန်းအပြင်ဘက်သို့ ထွက်လာပြီး ခံနိုင်ရည် ၃ တန်ရှိသည့်ရေစည်ကြီး ၂ ခုကို မြင်လိုက်ရသည်။ ပင်လယ်နှင့်နီးသောနေရာတစ်ခုတွင် ရေပိုက်တစ်ခု ထိုးထွက်နေသော်လည်း ပင်လယ်မျက်နှာပြင်နှင့် ချိတ်ဆက်ထားခြင်းမရှိသေးပေ။
“အဲ့ဒါကြောင့် ရေကန်ထဲကို ရေခပ်ထည့်ရမယ်လို့ ပြောခဲ့တာလား။”
ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ရေပိုက်စနစ် - ပင်လယ်ရေကို ရိုးရှင်းစွာ စစ်ထုတ်ပြီး အိမ်သုံးရေအဖြစ် ပြောင်းလဲနိုင်သည်။ သောက်သုံးလိုပါက အပြည့်အဝကျိုချက်ရမည်။
“ဤစနစ်တွင် အလိုအလျောက်ရေစုပ်စက်စနစ် မပါဝင်သေးသောကြောင့် ပင်လယ်မျက်နှာပြင်အနီးရှိထွက်ပေါက်ကို ပိတ်ထားပြီး ပထမရေကန်ထဲသို့ အပေါ်မှ ရေခပ်ထည့်ရန် လိုအပ်သည်။ ထို့နောက် အလုပ်လုပ်ဆောင်နိုင်ပါသည်။”
စနစ်၏သတိပေးချက်ကို ကြည့်လိုက်ပြီးနောက် ရှောင်းယီ သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
“မင်း သခင်ကြီး...ကျုပ်က ဒီထဲကို ရေ ၃ တန်ပြည့်အောင် ဘယ်လိုထည့်ရမှာလဲ။”
ရှောင်းယီ မကျေမနပ်ဖြစ်သွားခဲ့သည်။
ရှောင်းယီသည် ပွစိပွစိလုပ်နေသော်လည်း အလုပ်ကတော့လုပ်ရမည်သာဖြစ်သည်။ သူ ရေအလွန်ချိုးချင်နေပြီဖြစ်သည်။
ရှောင်းယီသည် သစ်သားယူနစ်၂ ခုကို အသုံးပြုပြီး ပမာဏ ၁၀ ကီလိုဂရမ်ခန့်ရှိသည့်သစ်သားပုံးတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ရေ ထမ်းသမားဖြစ်လာခဲ့လေသည်။
ဤရေကန်သည် စတုရန်းပုံစံရှိပြီး ၁.၅ မီတာရှိသောကြောင့် သစ်သားတုံးအနည်းငယ် ချခင်းထားလိုက်ပါက အပေါ်ဘက်အဖုံးကိုဖွင့်ပြီး ရေပုံးထဲမှရေများကို လောင်းထည့်နိုင်ပေသည်။
“ငါ့ရဲ့ခွန်အားက ဒီလောက်အားကောင်းရှိမှန်း ငါမသိခဲ့ဘူး။”
ရှောင်းယီသည် ရေပုံး ၂၀ ဆက်တိုက်လောင်းထည့်ပြီးနောက်၌ပင်လျှင် ဘာမှမဖြစ်သလို ခံစားလိုက်ရသည်။
“သိပ်တော့လည်း မခက်လောက်ပါဘူး။”
ထို့ကြောင့် ရှောင်းယီသည် ပိုမိုလျင်မြန်စွာ ခပ်ထည့်လိုက်သည်။
ရေပုံး ၂ဝဝ ကျော် ခပ်ထည့်ပြီးနောက် ရှောင်းယီ၏လက်များ နာကျင်လာခဲ့သည်။
“နည်းလမ်းမရှိဘူး ဒီတိုင်းဆက်လုပ်ရမှာပဲ။”
ရှောင်းယီသည် သူ၏လက်များကိုခါရင်း ပြောလိုက်သည်။
“ဖျစ်...”
ထိုစဥ် တိုးညှင်းသည့်အသံတစ်ခု ထွက်ပေါ်လာပြီး ရေပိုက်စနစ်က စတင်အလုပ်လုပ်လာခဲ့သည်။
ယခင်က တည်နေရာရွေးချယ်ပြီးနောက် ရေချိုးခန်းနှင့် မီးဖိုချောင်သို့ ရေကန်မှ ရေပိုက် ၂ ခု အလိုအလျောက် ဆန့်ထွက်လာခဲ့သည်။
ရှောင်းယီသည် တိုက်ခန်းအတွင်းသို့ ဝင်သွားလိုက်ပြီးနောက် မီးဖိုချောင်နံရံဘေးတွင် ရေပိုက်တစ်ခုကို မြင်လိုက်ရသည်။
“ရေပိုက်ထုတ်လုပ်မှုပုံစံတစ်ခု ထပ်ရှာစရာမလိုတော့တာ ကံကောင်းတာပဲ။”
ရှောင်းယီ ရေရွတ်လိုက်သည်။ ထို့နောက် ပလပ်စတစ်ဘူးတစ်ခုယူပြီး ရေပိုက်ခေါင်းကိုဖွင့်ကာ ရေအနည်းငယ် ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် ခေါင်းမော့ကာ အနည်းငယ်သောက်ကြည့်လိုက်သည်။
“ဂလု ဂလု ဖူး...။”
သောက်ကြည့်ပြီးနောက် သူသည် အကုန်လုံးကို ပြန်ထွေးထုတ်လိုက်ရသည်။
“ရေပိုက်ရဲ့အနံ့တွေ ရှိနေသေးတယ်။ ဆေးဖို့ကြောဖို့တော့ ပြဿနာမရှိဘူးဆိုပေမယ့် ဆေးကြောဖို့ချည်းသက်သက် သုံးမယ်ဆိုရင် အရမ်းဖြုန်းတီးရာကျနေလိမ့်မယ်။ လူတိုင်းလည်း ရေအရင်းအမြစ် ချို့တဲ့နေကြလောက်တယ် ဆိုတော့...”
ဘာပဲဖြစ်ဖြစ်ကွာ....။
ရှောင်းယီသည် ချက်ချင်းပင် ရေပိုက်ဖြင့် မျက်နှာသစ်လိုက်သည်။
“မိုက်တယ်...။”
ရှောင်းယီသည် အေးမြမှုတစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။
“ဟုတ်သားပဲ။ ဒီရေကို လုံးဝမသောက်သုံးနိုင်တာတော့မဟုတ်ဘူး။ ကျိုချက်ပြီးသောက်လို့ရတယ်။”
ရှောင်းယီသည် ယခင်က စနစ်၏သတိပေးချက်ကိုသတိရသွားခဲ့သည်။
“အရင်ကမ္ဘာမှာတုန်းက ရေကျက်အေးကို အထူးပြုရောင်းချတဲ့ကုမ္ပဏီတစ်ခု ရှိခဲ့သလိုပဲ။”
“အခုလိုမျိုး ရေအရင်းအမြစ်ရှားပါးနေတဲ့အချိန်မျိုးမှာ ဒီထုတ်ကုန်ကို ကိုယ်တိုင်ဖန်တီးလို့ရတယ်။ ရေကိုကျိုချက်လိုက်ရုံပဲ ရိုးရှင်းတယ်။”
ရှောင်းယီသည် ငွေရှာနည်းတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသို့စဉ်းစားမိလိုက်သည်နှင့် ရှောင်းယီသည် ချက်ချင်းပင် ဒယ်အိုးတစ်လုံးကို ထုတ်ယူလိုက်ကာ ယခင်ကကဲ့သို့ မြေကြီးတွင် တွင်းပေါက်တစ်ခုတူးပြီး ကျောက်တုံးများဖြင့် ဖိုခနောက်ဆိုင်ကာ ဒယ်အိုးကိုတင်လိုက်သည်။
“မဟုတ်သေးဘူး။ ငါ ပစ္စည်းသေတ္တာဖွင့်တုန်းက မီးဖိုထုတ်လုပ်မှုပုံစံ ထွက်လာသေးသလိုပဲ။”
ထို့နောက် သူသည် ထိုမီးဖိုထုတ်လုပ်မှုပုံစံကို ရှာဖွေလိုက်သည်။
“[မီးဖိုထုတ်လုပ်မှုပုံစံ] - အုတ် ၁၀၊ ကျောက် ၂။”
“အုတ်က ၅ ခုပဲရှိသေးတယ်။ ဒါပေမယ့်ကျောက်တွေကတော့ လုံလောက်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အစ်ကိုကျန်း မင်းမှာအုတ်တွေရှိလား။”
“ဆုဝမ် မင်းမှာအုတ်တွေရှိလား။”
ရှောင်းယီသည် သူတို့နှစ်ဦးထံသို့ သီးသန့်စာပို့လိုက်သည်။
“ရှိတယ် [အုတ်] ၂ - အခမဲ့လဲလှယ်မှု။”
ကျန်းယွင်ထျန်းက ချက်ချင်း ပို့ပေးလာခဲ့သည်။
“ငါ ဘာမှမရခဲ့ဘူး။”
ဆုဝမ်သည် အနည်းငယ်ရှက်နေသည့်ဟန်ဖြင့် ပြန်ဖြေလာခဲ့သည်။ ရှောင်းယီက သူမကိုအဆင်ပြေကြောင်း ပြန်ဖြေလိုက်သည်။
အုတ် ၃ ခု လိုနေသေးသည်။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို ထပ်မေးလိုက်သည် ။
“မင်းလက်ထဲမှာ ရိုးရိုးရေရှိသေးလား။”
“ရှိတယ် မင်းမှာရေမရှိတော့ဘူးလား။”
ကျန်းယွင်ထျန်း အနည်းငယ်ပဟေဠိဖြစ်သွားခဲ့သည်။ သူသည် ရှောင်းယီ၏အကောင့်အခိုးခံလိုက်ရသည်ဟုပင် ထင်မှတ်လိုက်မိသည်။
ရှောင်းယီက ရှင်းပြလိုက်၏။
“ငါ C အဆင့်ရေသန့် ၅၀၀မီလီလီတာနဲ့ မင်းရဲ့ရိုးရိုးရေ ၅၀၀မီလီလီတာကိုလဲမယ်။”
“ဟမ်...”
ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။
“ဈေးကွက်မှာ အုတ်နည်းနည်းလောက်နဲ့လဲဖို့ ရေသုံးဖို့လုပ်နေတာ။ ဒါပေမယ့် ငါ့မှာက A အဆင့်နဲ့ C အဆင့်ရေသန့်တွေပဲရှိတယ်။ ဒီလိုမျိုးအဆင့်သတ်မှတ်ထားတဲ့ပစ္စည်းတွေကို ကိုယ့်လူတွေကိုပဲပေးသင့်တယ်လေ။”
ရှောင်းယီ ရှင်းပြလိုက်ပြီးနောက် ကျန်းယွင်ထျန်း နားလည်သွားခဲ့သည်။
“ကောင်းပြီ...။ [သာမန်ရေ] ၅၀၀မီလီလီတာ - အခမဲ့လဲလှယ်မှု။”
ရှောင်းယီသည် ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်ပြီး C အဆင့်ရေသန့်စက်မှ ထွက် လာလိုက်သည့် ရေ ၆၀ မီလီလီတာကို ပြန်ပို့ပေးလိုက်သည်။
“C အဆင့်ရေသန့်စက်က နည်းနည်းနှေးတယ်။ လုံလောက်အောင်သန့်စင်ပြီးရင် ထပ်ဖြည့်ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အလျင်မလိုပါဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ထိုသာမန်ရေအား ချက်ချင်းပင် ဈေးကွက်တွင် တင်သွင်းလိုက်သည်။
“[သာမန်ရေ] ၂၅ မီလီလီတာ - လဲလှယ်မှု [အုတ်] ၁။ စုစုပေါင်း ၂၀ စုံရှိသည်။”