← Chapters

အရမ်းပင်ပန်းတာပဲ။ ငါ ရေချိုးရမယ်

Vol. 3 Ch. 32

အရမ်းပင်ပန်းတာပဲ။ ငါ ရေချိုးရမယ်

Vol. 3 Ch. 32

“အခုတလော သူဌေးတွေပိုများလာတယ်။ ခုနတုန်းက သတ္တုပြားနဲ့ပလပ်စတစ်တွေကို စုဆောင်းနေတဲ့သူတစ်ယောက်ရှိခဲ့တယ်။ အခုကျတော့ အုတ်တွေစုနေတဲ့သူတစ်ယောက် ထပ်ရှိနေပြန်ပြီ။”

“ဟုတ်တယ်...။ အဲ့ဒါတွေကို စုဆောင်းဖို့ ဒီလိုမျိုး တန်ဖိုးကြီးတဲ့ရေကိုတောင် သုံးနေသေးတယ်။ ဒီသူဌေးကြီတွေက အရမ်းချမ်းသာလွန်းတယ်လို့ပဲ ငါပြောနိုင်တော့တယ်။”

“ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီး။ ခင်ဗျားအတွက် အပိုပစ္စည်းတွေ လိုသေးလား။ ရေနည်းနည်းလောက်ပေးရုံနဲ့ ကျုပ်အရာရာလုပ်ပေးနိုင်ပါတယ်။”

“ကျစ်...။ သူ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ သူက ရေတောင်ရအောင်လုပ်နိုင်တဲ့အသုံးမကျတဲ့လူတွေကို မလိုအပ်ဘူးကွ။”

“သေစမ်း မင်းဘယ်သူ့ကိုအသုံးမဝင်ဘူးလို့ ပြောနေတာလဲကွ။”

“မင်းကိုပြောနေတာလေ ဘာဖြစ်လဲ။”

“မင်းစောင့်နေ...ငါသင်္ဘောတည်ဆောက်ပြီးရင် မင်းရဲ့ကျွန်းကို အရင်လာပြီး ဖျက်ဆီးပစ်မယ်။”

“ကောင်းပြီ ငါကျွန်းပေါ်မှာစောင့်နေမယ်။ မင်းရောက်မလာရင် မင်းက အပြောပဲရှိပြီး စောက်သုံးမကျတဲ့ ငကြောက်ကောင်ပဲကွ။”

“ငါစိတ်ဆိုးသွားပြီ မင်းစောင့်နေစမ်း...။”

လက်ရှိအချိန်တွင် ဈေးကွက်၌ ရေသည် အခြားပစ္စည်းများနှင့် လဲလှယ်သူ မရှိသလောက်ဖြစ်နေသည်။ ရေသည် အစားအစာထက် ပိုမိုတန်ဖိုးရှိသည်။

အုတ်များသည် အခြားပစ္စည်းများနှင့် နှိုင်းယှဥ်ပါက ရှားပါးသော်လည်း အခြေခံကိန်းဂဏန်းသာ လုံလုံလောက်လောက်ကြီးမားပါက အုတ်ရှိသည့် အသက်ရှင်သူများသည်လည်း နည်းပါးမည်မဟုတ်ပေ။

စက္ကန့်သုံးဆယ်အတွင်း ရှောင်းယီ တင်သွင်းထားသည့် ရေများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

“ရရှိသည့်ပစ္စည်းများ - အုတ် ၂၀။”

“ငါ့ရဲ့စျေးနှုန်းသတ်မှတ်ချက်က အရမ်းများနိမ့်သွားလား။ နောက်တစ်ခါကျရင် လဲလှယ်ဖို့အတွက် ရေ ၂၀မီလီလီတာနဲ့ စမ်းကြည့်ရမယ်။”

ရှောင်းယီသည် ဈေးကွက်တွင် သူတင်သွားထားသည့်ရေများ အလျင်အမြန် ရောင်းထွက်သွားသည်ကိုကြည့်ရင်း တွေးလိုက်မိသည်။

ပစ္စည်းများ ပြည့်စုံသွားပြီဖြစ်သောကြောင့် ချက်ချင်း ထုတ်လုပ်လိုက်လေသည်။

သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် မီးဖိုတစ်ခု ထွက်ပေါ်လာခဲ့ သည်။

“ကျေးဇူးပြုပြီး တပ်ဆင်မည့်နေရာရွေးချယ်ပါ။”

ရှောင်းယီသည် ထိုမီးဖိုကို မီးဖိုချောင်၏ပြတင်းပေါက်အနီးတွင် တိုက်ရိုက်နေရာချလိုက်သည်။

ကျွန်းအထမ်းအမှတ်ကျောက်တိုင်၏ အပြောင်းအလဲမရှိသည့် သဘောသဘာဝအရ မီးဖိုတွင် မီးခိုးထုတ်စနစ်မျိုး သေချာပေါက်ပါဝင်မည်မဟုတ်ပေ။

ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်းထဲသို့ မီးခိုးများ ဝင်မလာစေရန်အတွက် ပြတင်းပေါက်ဘေးတွင် ထားခြင်းဖြင့် မီးခိုးများကို အပြင်ဘက်သို့ ထွက်သွားစေ နိုင်သည်။

တပ်ဆင်ပြီးနောက် ရှောင်းယီသည် မီးဖိုချောင်သို့ လျှောက်သွားလိုက်ပြီး မီးဖိုကို ကြည့်ရှုလိုက်သည်။

“မီးဖို - လောင်စာမီးလောင်သည့်အခါ တည်ငြိမ်သောအပူဓာတ်ကို ပေးစွမ်းနိုင်သည်။ မီးခိုးထွက်ရှိမှုကို သတိပြုပါ။”

မျှော်လင့်ထားသလိုပဲ။

ရှောင်းယီသည် ဤသို့ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီး မီးဖိုထဲသိုြ သစ်သားတစ်တုံးပစ်ထည့်ကာ ဒယ်အိုးကို ခွင်ပေါ်တင်လိုက်သည်။ ထို့နောက် ရေပိုက်ထဲမှရေများကို ဒယ်အိုးတစ်လုံးအပြည့်ထည့်ကာ အလျင်အမြန်ဆူအောင်တည်ပြီး အခန်းအပူချိန်အထိ သဘယဝအတိုင်း အအေးခံကာ ပလပ်စတစ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

တစ်ငုံသောက်ကြည့်ပြီးနောက် အရသာမှာ သာမန်ရေနှင့် အတူတူပင်ဖြစ်သည်။

နောက်ပိုင်းတွင် ပစ္စည်းများဝယ်ယူရန်မှည ပိုမိုလွယ်ကူလာတော့မည်ဖြစ်သည်။ အကြောင်းမှာ ရေသည် အစားအစာထက် ပိုမိုလူကြိုက်များသောကြောင့်ပင်။

ရှောင်းယီသည် စောစောက ရရှိထားခဲ့သည့် စပိုက်စီခေါက်ဆွဲများကို ထုတ်ယူလိုက်ပြီး ထုတ်လုပ်သည့်ရက်စွဲကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းတွင် မည် သည့်အမှတ်တံဆိပ်၊ ကုမ္ပဏီအချက်အလက်မျှ မပါရှိပေ။

“ဒါက တကယ်ကို ဘာအချက်အလက်မှမပါတဲ့ထုန်ကုန်တွေပဲ။ ဒါနဲ့ဆို 315 Gala သွားရမယ်ဆိုရင်တောင် ငါကြောက်စရာမလိုတော့ဘူး။”

[T/N: 315 Gala ဆိုတာက ရှာဖွေမှုရလဒ်တွေအရ အဓိကအားဖြင့် တရုတ်နိုင်ငံရဲ့ နှစ်စဉ် စားသုံးသူအခွင့်အရေးဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ် တစ်ခုကို ရည်ညွှန်းတာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။

ဒီအစီအစဉ်ကို CCTV 315 Gala လို့လည်း ခေါ်ကြပြီး နှစ်စဉ် မတ်လ ၁၅ ရက် (3/15) မှာ ထုတ်လွှင့်လေ့ရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ စားသုံးသူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေနဲ့ ထုတ်ကုန်အရည်အသွေး ပြဿနာတွေကို ဖော်ထုတ်ပြီး အပြစ်တင်ဖို့ (Named and Shamed) ဖြစ်ပါတယ်။]

ရှောင်းယီကပြောပြီး ဆက်လက်စားသုံးလိုက်သည်။

အနည်းဆုံးတော့ သူ၏စနစ်က ဤပစ္စည်းသည်အဆိပ်မဟုတ်ကြောင်း ဖော်ပြထားခဲ့သည်။

A အဆင့်ရေသန့်သောက်ပြီး ခေါက်ဆွဲအစပ်စားရတာ ဘယ်လောက်တောင်မိုက်လိုက်သလဲ။

ထိုအချိန်တွင် အများသုံးချန်နယ်ရှိ စာတစ်စောင်က ရှောင်းယီ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“လူတိုင်းပဲ ဒီအချိန်ထိ အသက်ရှင်နိုင်တယ်ဆိုတာက အသုံးမဝင်တာတော့မဟုတ်ဘူး။ ကျုပ်မှာ အကြံပြု ချက်တစ်ခုရှိတယ်။ ကျွန်တော်တို့အတူပူးပေါင်းပြီး လိုအပ်တဲ့ပစ္စည်းတွေကို လဲလှယ်သင့်တယ်။ ဒီလိုဆိုရင် ကျုပ်တို့ ဒီကမ္ဘာကြီးမှာ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်လိမ့် မယ်”

“ကျစ်... ဒါကို ဘယ်သူမဆိုပြောနိုင်တယ်။ ပူးပေါင်းမယ် ဟုတ်လား။ လူတိုင်းက အမြင်တူကြတာမဟုတ်ဘူး။ ဒါဆို ငါတို့က ဘယ်သူ့စကားနားထောင်ရမှာ လဲ။”

“ရိုးရှင်းပါတယ်။ ပိုသန်မာတဲ့သူရဲ့စကားကို နားထောင်လိုက်ပေါ့။”

“ဒါဆို ငါက မင်းထက်သန််မာတယ်လို့ပြောရင် မင်း ငါ့စကားနားထောင်မှာလား။ အခုအချိန်မှာ အားသာချက်၊အားနည်းချက်တွေကို ဆုံးဖြတ်ဖို့အတွက် နည်းလမ်းမရှိဘူး။ ဒါက အဓိပ္ပါယ်မရှိဘူး။ ငါတို့မှာရှိတဲ့ဟာတွေကို ဈေးကွက်လဲလို့ရတာနဲ့တင် ပြီးပြည့်‌စုံနေပြီ။”

“လမ်းစဉ်မတူတဲ့လူတွေက အတူတူအလုပ်လုပ်လို့မရဘူး။ ကျုပ်က တလင်းထျန်းရှားပါ။ ကျုပ်ရဲ့ကျွန်းဧရိယာက ၃၀ စတုရန်းမီတာရှိနေပြီ။ ကျုပ်မှာ ရွက်ဖျင်တဲတစ်ခုရှိတယ်။ လေးမြားလက်နက်တွေကိုလည်း ဖန်တီးထားပြီး ရေသန့်စက်တစ်ခုလည်းရှိတယ်။ ခင်ဗျားတို့ ကျုပ်ရဲ့အင်ပါယာအဖွဲ့အစည်းနဲ့ ပူးပေါင်းချင်တယ်ဆိုရင် ကျုပ်ကို သီးသန့်ဆက် သွယ်လိုက်ပါ။”

ရှောင်းယီသည် ထိုအိုင်ဒီကို မြင်လိုက်သည်နှင့် ထိုလူသည် ပထမဆုံးနေ့က လူအများကို ကျွန်းပေါ်ရှိပစ္စည်းများဖြင့် ပစ္စည်းသေတ္တာများဖမ်းရန် လမ်းညွှန်ခဲ့သည့်လူဖြစ်ကြောင်း သတိရသွားခဲ့သည်။

“သူလည်း ကောင်းကောင်းဖွံ့ဖြိုးတိုးတက်လာခဲ့ပုံပဲ။”

ရှောင်းယီသည် တိလင်းထျန်းရှား၏စာကိုဖတ်ရင်း ရေရွတ်လိုက်မိသည်။

သို့သော် အများသုံးချန်နယ်ရှိလူများသည် တိလင်းထျန်းရှားပြောသည့် အချက်အလက်များကို မြင်လိုက်ရပြီးနောက် ဂနာမငြိမ် ဖြစ်လာခဲ့ကြသည်။

“ဘာ...။ သူက သူ့ရဲ့ကျွန်းကို စတုရန်းမီတာ ၃၀ အထိ ချဲ့ထွင်ပြီးသွားပြီလား။”

“ဒါက အရမ်းကြီးတယ်။ ဒါက စတူဒီယိုဌာနတစ်ခုအရွယ်အစားလောက် ရှိနေပြီ။”

“သူရဲ့ကျွန်းက အရမ်းကြီးနေတော့ရော ဘာဖြစ်လဲ။ အုတ်မြစ်ကျောက် ၉၀ ကျော်ဝယ်သွားတဲ့ သူဌေးကြီးကို မင်းတို့အားလုံး မေ့သွားကြပြီလား။ အဲ့ဒီဧရိယာက သူ့ဟာထက်ပိုကြီးတယ်။”

“ကျစ်...။ အဲ့ဒီပုဂ္ဂိုလ်ကြီးက လူတစ်ယောက်တည်းဆိုတာ မင်းသေချာလို့လား။ သူတို့က အဖွဲ့အစည်းတစ်ခုဖြစ်နေရင်ကော။”

“အမှန်ပဲ။ တိလင်းထျန်းရှားက လူတစ်ယောက်တည်းနဲ့ ဒီလောက်ထိဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နိုင်တယ်။ ဒါက အဲ့ဒီပုဂ္ဂိုလ်ကြီးထက် သေချာပေါက် ပိုသာတယ်!။”

“မင်းတို့က ကျီးကန်းတစ်အုတ်ပဲ။”

“သေစမ်း...။ မင်း ဘယ်သူ့ကိုဆဲနေတာလဲ။ သူ့ရဲ့ ကျွန်းကကြီးတယ်ဆိုတော့ရော ဘာဖြစ်လဲ။ အဲ့ဒီသူဌေးကြီးမှာ ရေသန့်စက်ရှိလား။ လေးနဲ့မြှားရှိရောလား။ တဲရောရှိလား။”

“ဒီလိုလဲ ဆဲလို့ရတာပဲလား။”

ရှောင်းယီသည် ထိုကီးဘုတ်ဖိုက်တာများ၏ စကားများကိုကြည့်ပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့သည်။

“တကယ်ပဲ မင်းတို့ပြောနေတဲ့ဟာတွေ ငါ့မှာမရှိဘူး။ သာမန်ရေသန့်စက်လည်းမရှိဘူး။ လေးနဲ့မြှားလည်းမရှိဘူး။ တဲလည်းမရှိဘူး။ အင်း ငါအလကားကောင်ပဲ။”

ရှောင်းယီသည် သူ၏ A အဆင့်နှင့် C အဆင့်ရေသန့်စက်များ၊ ဒူးလေးနှင့် တိုက်ခန်းတို့ကိုကြည့်ရင်း ထိုသို့တွေးမိလိုက်သည်။

ဘာလိုပဲဖြစ်ဖြစ် သူ့တွင်လည်း ဘာမှလုပ်စရာမရှိပေ။ ရှောင်းယီသည် သူ၏သစ်သား အိပ်ရာပေါ်ထိုင်ပြီး ဂရုထဲတွင် သူတို့ တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ဆဲဆိုနေသည်ကိုသာ ကြည့်နေလိုက်သည်။

သို့သော် ရှောင်းယီသည် တိလင်းထျန်းရှားသည် မကြာမီ ညီငယ်နောက်လိုက်အုပ်စုငယ်များကို စုစည်းနိုင်မည်ဖြစ်ကြောင်း သိထားခဲ့သည်။ အကြောင်းမှာ ဤကမ္ဘာတွင် အကြီးအကဲတစ်ဦးကို မှီခိုအားကိုးခြင်း ဖြင့်သာ အသက်ရှင်နိုင်မည်ဖြစ်သောကြောင့်ပင်။

ကြည့်ရင်းကြည့်ရင်းဖြင့် ရှောင်းယီအိပ်ပျော်သွားခဲ့သည်။ သူပြန်နိုးလာသည့် အခါ ညနေပင်စောင်းနေပြီဖြစ်သည်။

ထို့နောက် သူသည် အပြင်ထွက်သွားပြီး အလိုအလျောက်ငါးဖမ်းပိုက်၏ဦးတည်ချက်ကို ချိန်ညှိလိုက်သည်။ ကမ်းခြေပေါ်ရှိ ပစ္စည်းသေတ္တာနှစ်လုံးကို မဖွင့်သေးဘဲ တိုက်ခန်းရှိ ရေချိုးခန်းထဲသို့ ပြန်သွားပြီး အသစ်တပ်ဆင်ထားသည့်ရေပိုက်စနစ်ဖြင့် ရေချိုးရန် ပြင်ဆင်လိုက်သည်။

“ရှဲ....”

ခလုတ်ကိုဖွင့်လိုက်သည်နှင့် ရေပိုက်ထဲမှ ရေများထွက်ကျလာခဲ့သည်။ ရှောင်းယီသည် ရက်အနည်းငယ်ကြာအောင် ဝတ်ဆင်ထားခဲ့သည့် အဝတ်များကိုချွတ်ကာ ရေချိုးရင်းဖြင့် ထိုအဝတ်များကိုလည်း လျှော်ဖွတ်လိုက်သည်။

တစ်နေကုန် နေပူလှန်းခံထားရသည့် ရေပိုက်ထဲမှ ရေများမှာ အနည်းငယ်နွေးနေဆဲပင်။

ဆယ်မိနစ်ကြာပြီးနောက် ရှောင်းယီသည် အဝတ်မပါဘဲ အပြန်ပြန်ထွက်လာခဲ့ သည်။ ကံကောင်းသည်မှာ မီးဖိုခန်းရှိနေခြင်းပင်။ မဟုတ်ပါက ရေများနွေးနေသည့်တိုင် အလွယ်တကူ အအေးမိသွားလိမ့်မည်ဖြစ်သည်။ ညဘက်၌ ကမ်းခြေသည် အနည်းငယ်အေးပေသည်။

အဝတ်များကို ရေညှစ်ပြီးနောက် မီးဖိုခန်းရှိ ကြပ်ခိုးစင်ပေါ်တွင် တင်ထားပြီးနောက် ပြန်အိပ်လိုက်လေသည်။

ဤတစ်နေ့လုံး ဆုဝမ်သည် သူ့ထံသို့ ပစ္စည်းအချက်အလက်များ မပေးပို့ခဲ့ပေ။ သူမထံတွင် အထူးပစ္စည်းများ မရရှိသေးပုံပင်။ သာမန်ပစ္စည်းများကို လောလောဆယ် ပို့စရာမလိုသေးပေ။

တစ်ညလုံး မည်သည့်အရာမျှ မဖြစ်လာခဲ့ပေ။ နောက်တစ်နေ့နံနက်ခင်းတွင် ရှောင်းယီအိပ်ရာမှနိုးလာသည့်အခါ သစ်သားအိပ်ရာက အနည်းငယ်လှုပ်ရှားသွားသည်ကို သတိထားမိလိုက်ပြီး မျှော်လင့်ထားသည့် အတိုင်း ဝမ်ချိုင် သူ၏အိပ်ရာထဲခုန်ဝင်လာသည်ကို မြင်လိုက်ရသည်။

“အောက်ပြန်ဆင်းစမ်း။”

ရှောင်းယီသည် မြေပြင်ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။

“ဝုတ် ဝုတ်။”

ဝမ်ချိုင်သည် သူ၏အမြီးလှုပ်ယမ်းရင်း နှစ်ကြိမ်ဟောင်လိုက်ပြီးနောက် အောက်ဆင်းသွားခဲ့သည်။

ရှောင်းယီ မီးဖိုခန်းထဲသို့ ရောက်လာသောအခါ အဝတ်များအားလုံး ခြောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ းလေသည်။

“ဒီမီးဖိုခန်းအခြောက်ခံစက်က တကယ်ကိုအံ့ဩစရာကောင်းတာပဲ။”

ရှောင်းယီသည် ထိုသို့ရေရွတ်လိုက်ရင်းဖြင့် သူ၏အဝတ်အစားများ ပြန်လည်ဝတ်ဆင်လိုက်သည်။ ထို့နောက် သူသည် ပင်လယ်ဆားထုတ်စက်မှ ထုတ်ယူထားသည့် သန့်စင်ပြီးသည့်ဆားများကို ထုတ်ယူကာ ပလပ်စတစ်ဘူးထဲသို့ ထည့်လိုက်သည်။

ရေသန့်စက်ထဲမှ ရေသန့်များကို ထုတ်ယူလိုက်ပြီး ကျန်ရှိသည့်အရည်များကို ပင်လယ်ဆားထုတ်စက်ထဲထည့်လိုက်သည်။ နောက်ဆုံးတွင် ပင်လယ်ဘက်သို့ထွက်သွားလိုက်ပြီး ရေခပ်လာကာ ရေသန့်စက်ထဲသို့ ရေပြန်ဖြည့်လိုက်ပြီး ဆက်လက်လည်ပတ်စေလိုက်သည်။

ဤအရာများအားလုံး လုပ်ဆောင်ပြီးစီးပြီးနောက် ကျန်းယွင်ထျန်းထံသို့ ရေသန့်များ ပို့ပေးလိုက်ပြီး ရှောင်းယီသည် အပြင်ထွက်ကာ ဝမ်ချိုင်ဖမ်းထားသည့် ငါးသုံးကောင်ကို အရေခွံခွာ၍ မီးဖိုတွင် ကင်လိုက်သည်။

သစ်သားစည်ပိုင်းထဲရှိ ဆလတ်ပင်များတွင် အစို့များ စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး မကြာမီ မျိုးစေ့များရနိုင်တော့မည်ဖြစ်သည်။ စတော်ဘယ်ရီသီးများတွင်လည်း အသီးကင်းများ စတင်ဖြစ်ထွန်းနေပြီဖြစ်ရာ နှစ်ရက်အတွင်း စားသုံးနိုင်ပေလိမ့် မည်။

ရှောင်းယီ ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ရေပိုက်ထဲမှရေဖြင့် ရေလောင်းလိုက်သည်။ ဤအပင်များသည်သာမန်အပင်များဖြစ်ပြီး အလွန်ကောင်းမွန်သည့်ရေသန့်ကို အသုံးပြုရန် မလိုအပ်ပေ။

သူရေလောင်းနေစဉ်အတွင်း ရှောင်းယီသည် ဘေးတစ်ဖက်မှ ကြက်ပေါက်များ၏ တကျီကျီအော်သံကို ကြားလိုက်ရလေသည်။

“ကျိ ကျိ ကျိ...။”

All Chapters