ရေလွှမ်းမိုးခြင်း စတင်ပြီ၊ တစ်အိမ်လုံးကို သေသေသပ်သပ်နဲ့ လှလှပပ ပြင်ဆင်ထားတာပဲ
Vol. 3 Ch. 36
သူတို့သည် ရှောင်းယီ ဤသို့သတိပေးရသည့် အဓိပ္ပါယ်ကို မသိသော်လည်း ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့သည် သူတို့၏ပစ္စည်းအားလုံးကို စစ်ဆေးပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်အဝေးတွင် ကျန်နေသေးသည့်အရာများ ရှိ၊မရှိ ထပ်ထပ်အခါခါ စစ်ဆေးလိုက်၏။
သူ၏မိတ်ဆွေများကို သတိပေးပြီးနောက် ရှောင်းယီသည် အုတ်မြစ်ကျောက်တစ်ခုလျှင် ရေနွေး ၅၅ မီလီလီတာဖြင့်အစုံ ၄၀ ဆက်တင်လိုက်သည်။
“သူဌေးကြီးက ဘာလို့ အုတ်မြစ်ကျောက်တွေကို ဆက်တိုက်စုနေတာလဲ။ တိုက်ကြီးတစ်ခုကို ပုံဖော်ဖို့ ပြင်ဆင်နေတာလား။”
“ဖြစ်နိုင်တယ်။ တိုက်ကြီးတစ်ခုကို ကိုယ်တိုင်ပုံဖော်ပြီး ဘုရင်တစ်ပါးလိုမျိုး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေတဲ့ မြေပိုင်ရှင်ဧကရာဇ်တစ်ယောက်ဖြစ်လာတယ်လို့ တွေးကြည့်လိုက်စမ်း။ တွေးကြည့်လိုက်တာနဲ့တင် အံ့ဩစရာကောင်းနေပြီ။”
“မင်းဖျင်ကြီးကိုအံ့ဩပါလား။ လူတစ်ယောက်တည်းနဲ့ တိုက်ကြီးပေါ်မှာနေတာက ဘာအဓိပ္ပါယ်ရှိလို့လဲ။”
“အမှန်ပဲ။ ဧရိယာ အရမ်းကြီးလာမယ်ဆိုရင် ကမ်းစပ်တစ်လျှောက်က ပစ္စည်းသေတ္တာကို ဖမ်းဖို့အတွက် တောက်လျှောက် လမ်းလျှောက်နေရလိမ့်မယ်။ ဒါက လုပ်ရတာ မတန်ဘူး။ အရှေ့အနောက်ကို ခြေတစ်လှမ်းနဲ့လျှောက် ပြီး မြောက်နဲ့ တောင်ကို အကြည့်တစ်ချက်တည်းနဲ့မြင်ရတာက အကောင်းဆုံးပဲ။”
“သူဌေးကြီးက ဒီလောက်များတဲ့ ရေနွေးတွေကို ဘယ်လိုရတာလဲဆိုတာ သိကြလား။ ငါ တကယ်ရေငတ်လို့သေတော့မယ်။”
လူအများသည် အများသုံးချန်နယ်တွင် အမျိုးမျိုးသော အကြောင်းအရာများကို အဆက်မပြတ် ဆွေးနွေးနေကြသည်။
ဆဌမနေ့ဖြစ်သော်လည်း လူအများစုသည် အစားအစာနှင့်ရေများ ဆက်လက်ချို့တဲ့နေဆဲပင်။
ရှောင်းယီသည် အခြေခံအားဖြင့် ကျွန်းနှင့်နီးသောပစ္စည်းသေတ္တာများကို ဖမ်းမိခဲ့သော်လည်း ဖွင့်ကြည့်သောအခါ အစားအစာနှင့်ရေသည် အလွန်အမင်း အကန့်အသတ်ရှိနေကြောင်း တွေ့ရှိခဲ့ရ၏။
ပထမခြောက်ရက်အတွင်းတွင် သူရရှိခဲ့သောအစားအစာများမှာ ပေါင်မုန့်၊ ရေ၊ ကြက်ကင်၊ အစပ်ခေါက်ဆွဲ၊ ပန်းသီးနှင့် ငှက်ပျောသီးတို့သာဖြစ်သည်။
ရှောင်းယီတွင် အလိုအလျောက်ငါးဖမ်းပိုက်ရှိပြီး နေ့စဉ်ပစ္စည်း သေတ္တာ ၅ လုံးထက်ပိုမိုရရှိနေသည်ကိုလည်း သိထားရမည်ဖြစ်၏။ အခြားသူများမှာ တစ်နေ့လျှင် ပစ္စည်းသေတ္တာတစ်လုံးသာရသည်လည်းဖြစ်နိုင်ပြီး လုံးဝမရသည်လည်းဖြစ်နိုင်ပေသည်။
ထိုမှတစ်ဆင့် အစားအစာနှင့်ရေ မည်မျှချို့တဲ့နေသည်ကို မှန်းဆနိုင်၏။
ဤခြောက်ရက်အတွင်း လူအယောက်မည်မျှ ဖယ်ရှားခံခဲ့ရသည်ကိုပင် မသိနိုင်ပေ။ ဤနေရာတွင် ဖယ်ရှားခံရခြင်း၏ရလဒ်မှာ သေဆုံးခြင်းသာဖြစ်သည်။
ရှောင်းယီ သက်ပြင်းချကာ နောက်ပြန်လှည့်ပြီး ပြန်အိပ်လိုက်၏။
နောက်တစ်နေ့တွင် ရှောင်းယီသည် ဝမ်ချိုင်၏တံခါးကို ကုတ်ခြစ်နေသည့် အသံကြောင့် နိုးထလာခဲ့သည်။
ဝမ်ချိုင်၏လျှာနှင့် နောက်တစ်ကြိမ် အနမ်းခံရခြင်းမှ ရှောင်ရှားရန်အတွက် ရှောင်းယီသည် ပြတ်ပြတ်သားသားပင် တံခါးပိတ်ကာ ၎င်းကို အပြင်ဘက်တွင် ထားခဲ့၏။
ရှောင်းယီသည် ထရပ်ပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် အများသုံးချန်နယ်တွင် ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်။
“ဒါက ဘာအခြေအနေလဲ။ ငါနိုးလာတော့ ပင်လယ်ရေတွေက ဘယ်လိုလုပ်ပြီး ပျံ့တက်လာတာလဲ။”
“ဟုတ်တယ်။ ငါတွက်ချက်ကြည့်တဲ့အတိုင်းဆိုရင် ငါ့ကျွန်းက ၀.၃ စတုရန်းမီတာလောက် ပျောက်သွားပြီ။”
“ဒီအချိန်မှာ မင်းရဲ့သင်္ချာပညာကို ရှိုးပြမနေနဲ့။ ဒီအခြေအနေကဘာလဲဆိုတာ သိတဲ့သူမရှိဘူးလား။”
“ငါ့ဟာမှာတော့ ပြောင်းလဲမှုမရှိသလိုပဲ မင်းတို့မလုပ်သင့်တာတစ်ခုခု လုပ်ခဲ့မိသေးလား။”
“ငါဘာမှမလုပ်ခဲ့ဘူးလေ။ နိုးတော့ဒီလိုဖြစ်နေတာပဲ။”
“မဟုတ်ဘူး။ ဒီပင်လယ်ရေက ကျွန်းပေါ်ကို ဆက်တက်နေလာတယ်။ လုံးဝနစ်မြုပ်သွားမှာတော့ မဟုတ်ဘူးမလား။ ငါရေမကူးတတ်ဘူး...။”
“ငါသိပြီ။ မြန်မြန် အုတ်မြစ်ကျောက်တွေသုံးပြီး ကျွန်းကို တိုးချဲ့လိုက်။”
အိပ်မက်မှ လှုပ်နှိုးလိုက်သော စကားတစ်ခွန်း။
လူတိုင်းသည် နောက်ဆုံးတွင် ထိုအုတ်မြစ်ကျောက်ငယ်လေးများသည် မည်သည့်အတွက်ဖြစ်သည်ကို သိရှိသွားခဲ့ကြ၏။
“သေစမ်း...။ မနေ့က သူဌေးကြီးကဘယ်သူလဲ။ မင်းက ငါတို့ကို ဘယ်လိုတောင် ကစားခဲ့တာလဲကွ။ ငါ မင်းကို ရေ ၁၀၀မီလီလီတာပေးမယ်။ ငါ့ရဲ့အုတ်မြစ်ကျောက်နဲ့ ပြန်လဲပေး။”
“ကျုပ်ရောပဲ...။ ကျေးဇူးပြုပြီး ကျုပ်တခြားပစ္စည်းတွေလည်း ထပ်ပေါင်းပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီးလဲလှယ်မှုကို သဘောတူပေးပါ။”
ရှောင်းယီသည် နိုးလာသည်နှင့် ချက်ချင်းပင် အုတ်မြစ်ကျောက်လဲလှယ်မှုများအားလုံးကို ပယ်ဖျက်လိုက်၏။ ထို့ပြင် မနေ့ညက လဲလှယ်ရန်ရွေးချယ်ထားသူ ၅ ဦးထပ် ပေါ်လာခဲ့သေးသည်။
“ရရှိသည့်ပစ္စည်းများ - အုတ်မြစ်ကျောက် ၅။”
“သေသင့်တဲ့ကောင်... သူက ငါတို့ရဲ့အုတ်မြစ်ကျောက်တွေကို ယူပြီးတော့ ပျောက်သွားတယ်။ သူ့ကို အရသာထုတ်မပါတဲ့ ခေါက်ဆွဲတွေပဲ ခြောက်စားရပါစေလို့ ကျိန်တယ်ကွ။”
“မနေ့က အုတ်မြစ်ကျောက်နဲ့ ရေနဲ့ လဲခဲ့တဲ့လူ...မင်း ငါ့ရှေ့ကိုထွက်လာရဲ ထွက်လာကြည့်စမ်း။ ငါမင်းကို သေအောင်ခုတ်သတ်ပစ်မယ်ကွ။”
သို့သော် အချို့သောသူများသည် လဲလှယ်မှုပြီးမြောက်ပြီးနောက် ပြန်မရနိုင်တော့သည်ကို သိထားခဲ့ပြီး ချက်ချင်းပင် ဈေးကွက်တွင် အုတ်မြစ်ကျောက်များ ဝယ်ယူလိုက်ကြ၏။
“[ပေါင်မုန့်] ၅၀၀၊ [ရေ] ၅၀၀မီလီလီတာ၊ [ကျောက်တုံး] ၅ - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁။”
“[နှစ်ယောက်အိပ်ယာထုတ်လုပ်မှုပုံစံ] ၁၊ [သတ္တုပြား] ၅၊ [သစ်သား] ၂၀ - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁။”
“[ကျိတ်ဆုံထုတ်လုပ်မှုပုံစံ] ၁ - လဲလှယ်မှု [အုတ်မြစ် ကျောက်] ၁။”
အချိန်တစ်ခုအထိ လူအများသည် ဈေးကွက်ထဲတွင် အုတ်မြစ်ကျောက်များအဝယ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်းယီသည် သူ့လက်ထဲရှိ အုတ်မြစ်ကျောက် ၅ ခုကိုကြည့်ပြီး ရေရွတ်လိုက်၏။
“ငါလဲလို့ရတဲ့ ပစ္စည်းကောင်းတွေရှိ၊မရှိကြည့်ရအောင်။”
သူ့ကျွန်း၏ဧရိယာသည် လုံလောက်နေပြီဖြစ်သဖြင့် ဤအုတ်မြစ်ကျောက် ၅ ခုအား မသုံးရလည်းအဆင်ပြေပေသည်။
အများသုံးချန်နယ်တွင် ယခင်က အုတ်မြစ်ကျောက်များ မရောင်းချရန် အကြံပြုခဲ့သူများသည်လည်း ထပ်မံထွက်ပေါ်လာခဲ့သည်။
“ဟမ့် မင်းတို့ကောင်တွေ အရင်က ငါ့ကိုဆိုးယုတ်တဲ့လူအိုကြီးလို့ ပြောခဲ့ကြတယ်မဟုတ်ဘူးလား။”
“အဘိုး ကျုပ်မှားသွားပါတယ်။ အဘိုးကို အဲ့လိုမပြောခဲ့သင့်ဘူး။ အဘိုးလက်ထဲမှာ အုတ်မြစ်ကျောက်တစ်ခုလောက်ရှိသေးလားမသိဘူး။ ကျုပ်ကို တစ်ခုပဲရောင်းပေးပါ။”
“ဘိုးဘေး မင်းက တကယ့်ကို ကျုပ်ရဲ့ဘိုးဘေးပါ။”
“ထွက်သွားစမ်း။ ငါ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ငါ့မှာ မင်းလိုမြေးမျိုးမရှိဘူး။ ငါမင်းကို နောက်ထပ်တစ်ခါ ရှင်းရှင်းလင်းလင်းလမ်းပြပေးမယ်။”
“အစ်ကိုကြီး ကျုပ်တို့ကို မြန်မြန် ပြောပြပေးပါ။”
“ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ ဂရုတစိုက်နားထောင်ပါ့မယ်။”
အချိန်တစ်ခုကြာသည်အထိ အခြားသူများသည် စကားမပြောကြတော့ဘဲ ထိုလူ၏စကားများကို စောင့်ဆိုင်းနေခဲ့ကြ၏။
“လက်ရှိရေတက်နှုန်းအရ ဒီနေ့တစ်နေ့တာအတွင်း ကျွန်းရဲ့နစ်မြုပ်မယ့်ဧရိယာက တစ်စတုရန်းမီတာလောက်ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် လူတိုင်းပစ္စည်းသေတ္တာရဖို့ အခွင့်အလမ်းရှိသေးတယ်။ မဟုတ်ရင် ခင်ဗျားတို့ ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန် ပစ္စည်းသေတ္တာသွားရှာကြ။ အုတ်မြစ်ကျောက်သာရခဲ့ရင် ဒီအရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်လိမ့်မယ်။”
စာတိုပေးပို့မှုမျက်နှာပြင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
သို့သော် ထိုလူများ ပစ္စည်းသေတ္တာရနိုင်၊မရနိုင်မှာ မသေချာသော်လည်း အနည်းဆုံး ဤအခြေအနေသဘ် ၎င်းတို့ကို ပိုမိုကြိုးစားအားထုတ်စေပေလိမ့်မည်။
ဆုဝမ်သည်လည်း ထိုအခြေအနေများကို တွေ့ရှိနေရပြီး ၎င်းမှာ သူမ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။
သို့သော် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့သည်မူ ထိုစာတိုပေးပို့မှုများကို ကြည့်ရှုရင်း တုန်လှုပ်နေခဲ့ကြ၏။
“ရှောင်းယီက ဒီအခြေအနေကို ကြိုသိထားတာလား။”
ဤသည်မှာ သူတို့နှစ်ဦးလုံး၏ တူညီသောအတွေးပင်ဖြစ်သည်။
ထိုအချိန်တွင် ရှောင်းယီသည် ဈေးကွက်ပေါ်ရှိ လဲလှယ်မှု အချက်အလက်များကို ကြည့်ရှုနေခဲ့သည်။
“အိပ်ရာကို ပိုကြီးတာနဲ့လဲလို့ရတယ်။ ဒီနှစ်ယောက်အိပ်ယာထုပ်လုပ် မှုပုံစံကို ငါလိုချင်တယ်။”
“ဒီကျိတ်ဆုံလည်းလိုတယ်။ ပြောင်းဖူးနဲ့ ပဲပိစပ်တွေကို စိုက်ထားပြီးပြီဆိုတော့ ရိတ်သိမ်းတဲ့အခါကျရင် ပဲပိစပ်ဆီနဲ့ ပြောင်းဆီ ထုတ်လို့ရနိုင်တယ်။”
“ဒီစောင်ထုပ်လုပ်မှုပုံစံလည်းလိုတယ်။”
ရှောင်းယီသည် ထိုထုတ်လုပ်မှုပုံစံသုံးခုလုံးကို အုတ်မြစ်ကျောက်နှင့် လဲလှယ်ပြီးနောက် စကားပြောခန်းမှ ထွက်လာခဲ့လိုက်သည်။ အခြားသူများတွင်ကောင်းသည့်အရာများ မရှိတော့ဘဲ အုတ်မြစ် ကျောက်နှင့်လဲလှယ်ရန်အတွက် မထိုက်တန်တော့ပေ။
ကျန်ရှိသော အုတ်မြစ်ကျောက် ၂ ခုဖြင့် သူ၏ကျွန်းကိုတိုးချဲ့ပြီး နောက် သူ၏နံနက်စာအတွက် ပြင်ဆင်လိုက်တော့သည်။
မနက်စာမှာ အံ့အားသင့်စရာမလိုဘဲ ငါးကင်သာဖြစ်၏။ မနေ့ကရိတ်သိမ်းရခဲ့သည့် ပင်လယ်ငါး ၂၅ ကောင်လုံးမှာ သာမန်ပင်လယ်ငါးများသာဖြစ်သည်။
ဤအကြိမ်တွင် မီးဖိုပေါ်တွင် ၄ ကောင်တင်လိုက်၏။ ငါးကင်များကို တင်ထားပြီးနောက် သူ၏ကျွန်းကိုကြည့်ရှုရန် အပြင်သို့ ထွက်လာခဲ့သည်။
ယခုအခါ ရှောင်းယီ၏ကျွန်းသည် အံ့အားသင့်ဖွယ်ကောင်လှစွာပင် ၂၉၆ စတုရန်းမီတာ ရှိနေပြီဖြစ်သည်။ ၎င်းသည် အဓိကအားဖြင့် ရှေ့နှစ်ရက်က ရေနှင့် အစားအစာများဖြင့် အုတ်မြစ်ကျောက်များစွာလဲလှယ်ခဲ့သောကြောင့်ပင်။
“ဒီလိုအရမ်းကြီးတဲ့ဧရိယာမျိုးနဲ့ဆိုရင် တစ်စတုရန်းမီတာနစ်မြုပ်သွားတာကို သိနိုင်မှာမဟုတ်ဘူး။”
ရှောင်းယီက ရေရွတ်လိုက်၏။
“လက်ရှိတွင် ပင်လယ်ရေသည် ကျွန်း၏ဧရိယာကိုတိုက်စားနေပြီး အဆင့် ၃၃.၃၃% ရှိတယ်။ ကျွန်းတွင် မသိရသေးသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။”
ရှောင်းယီသည် ကျွန်း၏မြေပြင်ကို ကြည့်လိုက်သောအခါ စနစ်က သတိပေးလာခဲ့သည်။
“မသိရသေးတဲ့ပြောင်းလဲမှုတွေလား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်မိ၏။
“ဘာကိုမသိရသေးတာလဲ။”
“လက်ရှိတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ပင်လယ်ရေတိုက်စားမှု ပြီးမြောက်မှသာ ဆုံးဖြတ်နိုင်ပါမည်။”
“ဒါဆို စောင့်ရုံပဲပေါ့။”
ရှောင်းယီသည် သူ၏ခေါင်းယမ်းခါကာ ပြောလိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ တစ်ပတ်ဆက်တိုက် လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ခဲ့ပြီး အဆင့်မြင့်အိမ်ရာလက်ဆောင်ပက်ကေ့ခ်တစ်ခု ရရှိပါသည်။”