← Chapters

လေရဟတ် ရေတင်စက်နှင့် အာလူးစိုက်ပျိုးနည်း

Vol. 3 Ch. 39

လေရဟတ် ရေတင်စက်နှင့် အာလူးစိုက်ပျိုးနည်း

Vol. 3 Ch. 39

“ရရှိသည့် ပစ္စည်းများ - အုတ်မြစ်ကျောက် ၂၊ သတ္တုပြား ၃၊ ...”

“ရရှိသည့် ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၊ ကျောက်တုံး ၄၊ ...”

“ရရှိသည့် ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၊ သစ်သား ၁၀၊ ...”

“ရရှိသည့် ပစ္စည်းများ - အုတ်မြစ်ကျောက် ၄၊ ပလတ်စတစ် ၂၊ ...”

“ရရှိသည့် ပစ္စည်းများ - လေရဟတ် ရေတင်စက် ထုတ်လုပ်မှုပုံစံ ၁။”

ဤတစ်ခေါက် ပစ္စည်းသေတ္တာ ၅ လုံးထဲမှ အုတ်မြစ်ကျောက် ၈ ခုတောင် ထွက်လာခဲ့၏။

သေချာတာသည်မှာ အုတ်မြစ်ကျောက် ထွက်ရှိနှုန်းသည် အရင်ကထက် ပိုများလာခြင်းပင်။ ကမ္ဘာ့စည်းမျဉ်းများသည် လူသားများအား မျှော်လင့်ချက် အနည်းငယ်တော့ ချန်ပေးထားသေးပုံ၏။သို့သော် ရေနှင့် အစားအစာမှုမူ တစ်ခုမှ ထွက်မလာခဲ့ချေ။

ထိုအရာသည် ရှောင်းယီအတွက်တော့ အရေးမကြီးလှပေ။ သူ အမှန်တကယ် စိတ်ဝင်စားသောအရာမှာ လေရဟတ် ရေတင်စက် ထုတ်လုပ်မှုပုံစံ ဖြစ်သည်။

【လေရဟတ် ရေတင်စက် ထုတ်လုပ်မှုပုံစံ】: သစ်သား ၉၀၊ သတ္တုစ ၃၀။

“ပစ္စည်းတွေ အလုံအလောက် ရှိနေတာပဲ။ အခုချက်ချင်း တည်ဆောက်လိုက်ရအောင်။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အမြန်သွားကာ လေရဟတ် ရေတင်စက်ကို ထုတ်လုပ်ရန် ရွေးချယ်လိုက်၏။

ပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် လက်တံ ၁၈ ခုပါသော လေရဟတ်ကြီးတစ်ခု ထုတ်လုပ်မှု ဧရိယာထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ကျေးဇူးပြု၍ ထားရှိမည့်နေရာကို ရွေးချယ်ပါ။

မှတ်ချက်- လေတိုက်နှုန်း ပြင်းထန်သော နေရာတွင် ထားရှိရမည်ဖြစ်ပြီး ရေတင်ရန်အတွက် ရေအိုင် သို့မဟုတ် ပင်လယ်နှင့် နီးသောနေရာတွင် ထားရှိရမည်။”

“ငါက ရေတင်ဖို့ မသုံးဘဲ အလှကြည့်ဖို့ ထားရမှာလား။”

ရှောင်းယီက တီးတိုးလေး ရေရွတ်ရင်း ရေလှောင်ကန်နှင့် အနီးဆုံး ကမ်းခြေနေရာတွင် ထားရှိလိုက်၏။

တစ်ပတ်နီးပါး စောင့်ကြည့်ခဲ့ရသလောက် တစ်နေ့တာအတွင်း လေပြင်းတိုက်ခိုက်သည့် အချိန်တစ်ခု အမြဲရှိနေတတ်သည်။ လောလောဆယ်တွင် သူ၏ ရေလိုအပ်ချက်သည် သိပ်မကြီးမားသေးသဖြင့် တစ်နေ့လျှင် လေရဟတ် တခဏလောက်လည်ပတ်ရုံဖြင့် ရေလှောင်ကန်က ပြည့်သွားပေလိမ့်မည်။

အသစ်ချထားသော လေရဟတ်ကြီး၏ ဘေးတွင် ရပ်ကြည့်နေရင်း ရှောင်းယီ ခေတ္တမျှ မှင်တက်သွား၏။ လေရဟတ်သည် ၈ မီတာခန့်မြင့်ပြီး လက်တံတစ်ခုစီ၏ ထိပ်ဖျားတွင် ရေခပ်ရန် ခွက်ငယ်လေးများ ပါရှိသည်။

လေတိုက်ခတ်သောအခါ လေရဟတ်သည် လည်ပတ်သွားပြီး လက်တံများသည် ပင်လယ်ရေထဲသို့ နစ်ဝင်ကာ ရေများကို ခပ်ယူပေး၏။ ထိုခွက်ငယ်လေးများ အပေါ်ဘက်သို့ ရောက်သည့်အခါ တိမ်းစောင်းသွားပြီး ပင်လယ်ရေများကို သစ်သားရေမြောင်းထဲသို့ လောင်းချပေးလိုက်သည်။ ထိုမှတစ်ဆင့် ရေများကို ကုန်းတွင်းပိုင်းသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

သို့သော် ရှောင်းယီ တစ်ခုသတိထားမိသည်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကပေးထားသည့် ရေမြောင်းသည် ရေလှောင်ကန်အထိ မရောက်ချေ။

သူကိုယ်တိုင် ဆက်သွယ်ပေးဖို့ လိုနေတာပဲ။

“တကယ်ကို အလုပ်ရှုပ်အောင် လုပ်တာပဲ။”

ရှောင်းယီသည် ဆဲဆိုလိုက်ရင်း ကိရိယာသေတ္တာကို ယူကာ ရေမြောင်းကို စတင်ဆက်သွယ်လိုက်၏။

တစ်နာရီခန့် ကြာပြီးနောက် သူ ဖြစ်ကတတ်ဆန်း ဆက်သွယ်ထားသော ရေမြောင်းကိုကြည့်ပြီး ရှောင်းယီ စကားမဆိုနိုင် ဖြစ်သွားခဲ့သည်။ ၎င်းမှာ အလွန် အကြမ်းထည်ဆန်လှပြီး ရေလောင်းထည့်လိုက်လျှင်ပင် နေရာအတော်များများမှ ယိုစိမ့်ကျနေ၏။

“ရေစိမ့်တာတော့ ထားပါတော့လေ။ လောလောဆယ် သုံးလို့ရရင် ပြီးတာပဲ။”

သူ သက်ပြင်းချလိုက်ရင်း ရေမြောင်းကို ရေလှောင်ကန်၏ အပေါ်တည့်တည့်တွင် ချိတ်ဆက်လိုက်သည်။

ဆမ်း... ဆမ်း

လေရဟတ်သည် ပင်လယ်ရေများကို စဉ်ဆက်မပြတ် ခပ်ယူပေးပြီး ရေလှောင်ကန်ထဲသို့ ထည့်ပေးနေခဲ့၏။

“နည်းနည်း နှေးတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ငါကိုယ်တိုင် ရေသွားခပ်နေစရာ မလိုတော့ဘူး။”

ရေယိုစိမ့်မှုများ ရှိနေသော်လည်း ရှောင်းယီ စိတ်ကျေနပ်သွားခဲ့သည်။

ကိရိယာများကို ပြန်လည်သိမ်းဆည်းပြီးနောက် ရှောင်းယီ အခန်းထဲသို့ ပြန်လာခဲ့သည်။

“ဟေး... စတော်ဘယ်ရီတွေ မှည့်နေပြီပဲ။ စားရတော့မယ်။”

သစ်သားအိုးထဲတွင် နီရဲနေသော စတော်ဘယ်ရီများကို မြင်လိုက်ရသောအခါ သူသည် ယွမ်နွန်ကို အရင်မေးကြည့်ရန် ဆုံးဖြတ်လိုက်၏။

“လောင်ယွမ်... စတော်ဘယ်ရီကနေ မျိုးစေ့ယူလို့ ရလား။”

ရှောင်းယီက မေးလိုက်သည်။

ယွမ်နွန်က ချက်ချင်း ပြန်ဖြေလာခဲ့၏။

“ရတာပေါ့။ စတော်ဘယ်ရီသီးပေါ်က အစက်အပြောက်လေးတွေတစ်ခုစီက မျိုးစေ့တွေပဲ။ ဓားနဲ့ အပေါ်ယံ အခွံလေးကို ပါးပါးလေး လှီးထုတ်လိုက်။ မျိုးစေ့တွေကို မထိစေနဲ့ဦး။ ပြီးရင် အဲဒီအခွံကို အခြောက်လှန်းထားလိုက်။ အချိန်တန်ရင် မျိုးစေ့တွေ သူ့အလိုလို ကြွေကျလာလိမ့်မယ်။”

“နားလည်ပါပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။ သူသည် ဓားကိုယူကာ ရင့်မှည့်နေပြီဖြစ်သော စတော်ဘယ်ရီ သီး၂၇ လုံးစလုံးကို ဆွတ်ခူးကာ အခွံများကို ဂရုတစိုက် လှီးထုတ်လိုက်သည်။

မျိုးစေ့များကို မထိခိုက်စေရန် သူသည် နည်းနည်း အသားပါအောင် လှီးလိုက်၏။ လှီးပြီးသည်နှင့် အခွံများကို ဘေးဖယ်ကာ အသားကို ပါးစပ်ထဲ ထည့်လိုက်လေသည်။

“အင်း... ချိုလိုက်တာ။ တကယ် အရသာရှိတယ်။”

သူသည် စတော်ဘယ်ရီသီး အားလုံးကို ထိုနည်းအတိုင်း လုပ်ဆောင်လိုက်၏။

“အခွံနွှာရတာ တကယ့်ကို လက်ဝင်တဲ့ အလုပ်ပဲ။”

သူသည် ညောင်းညာနေသော လည်ပင်းကို ဆန့်ထုတ်ရင်း အခွံပုံကြီးကို ကြည့်ကာ ထူးဆန်းသော အောင်မြင်သည့် ခံစားချက်ကို ရရှိနေခဲ့သည်။

လှီးထားသော စတော်ဘယ်ရီသီး အသားများကို ဆုဝမ်တို့ အဖွဲ့ဆီသို့ ၄ လုံးစီ ပို့ပေးလိုက်၏။

【စတော်ဘယ်ရီသီး အသား】 ၈၀ ဂရမ် လဲလှယ်မှု - မရှိ။

“ငါကိုယ်တိုင် အခွံနွှာပေးထားတာ။ ရုပ်ဆိုးရင် ဆိုးလိမ့်မယ် ဒါပေမဲ့ အရသာတော့ ရှိတယ်။”

လဲလှယ်ပေးပြီးနောက် သူသည် ဘေးဖယ်ထားသည်မှာ နှစ်ရက်ရှိပြီဖြစ်သော အာလူးများကို သတိရသွားခဲ့သည်။

“အာလူးတွေလည်း အညှောင့်ထွက်နေသင့်ပြီ မဟုတ်ဘူးလား။ ဘာလို့ ဘာမှ မပေါ်လာသေးတာလဲ။”

သူသည် ယွမ်နွန်ကို ထပ်မံ၍ မက်ဆေ့ခ်ျ ပို့လိုက်၏။

“လောင်ယွမ်... အာလူးတွေကို အညှောင့်ထွက်တဲ့အထိ စောင့်ပြီးမှ စိုက်ရမှာလား။”

ယွမ်နွန်သည် ရှောင်းယီ ပို့ပေးသော စတော်ဘယ်ရီကို ရရှိထားသောကြောင့် စိတ်လှုပ်ရှားနေချိန်ဖြစ်သည်။ ရှောင်းယီသည် သစ်သီးများကိုပင် သူနှင့် မျှဝေစားသောက်သည် မဟုတ်ပါလော။

ရှောင်းယီသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးကင်နှင့် ရေသန့်များကို အမြဲတမ်း ပေါပေါများများ ထုတ်လုပ်နေနိုင်သည်ကို ယွမ်နွန်သည် အထူးအဆန်း ဖြစ်မနေတော့ဘဲ အသားကျနေပြီ ဖြစ်သည်။

“အာလူးကို အစိတ်လေးတွေ လှီးလိုက်လေ။ ပြီးရင် ဖြတ်ထားတဲ့ နေရာတွေကို မီးသွေးပြာနဲ့ သုတ်ပြီး တစ်ခုနဲ့တစ်ခု ၁၅ စင်တီမီတာလောက် ခြားပြီး မြေကြီးထဲ မြှုပ်လိုက်။”

ယွမ်နွန်က ရှင်းပြလိုက်၏။

“ဪ... ဒီလို လုပ်ရတာကိုး။”

ယွမ်နွန်ကို ကယ်တင်ခဲ့မိသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ရှောင်းယီ ခံစားလိုက်ရသည်။

“ဒါ့အပြင် အညှောင့်ထွက်တဲ့အထိ စောင့်ပြီးမှ စိုက်ရင်လည်း ရပါတယ်။”

ယွမ်နွန်က ထပ်ဖြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်၏။ သူသည် အာလူးများကို တစ်ဝက်စီ လှီးဖြတ်ကာ မီးသွေးပြာများ သုတ်လိမ်းပြီး သာမန်မြေကြီးထဲတွင် မြှုပ်လိုက်သည်။

“နည်းနည်းတော့ ကျဉ်းနေသလိုပဲ။”

ရှောင်းယီသည် သူ စိုက်ပျိုးထားသော အိုးကို ကြည့်ရင်း ရေရွတ်လိုက်၏။

တီ... တီ!

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံ ထွက်ပေါ်လာသဖြင့် ရှောင်းယီ ထိုနေရာသို့ လျှောက်သွားလိုက်သည်။

【မြေဆီလွှာ】 ၂ လဲလှယ်မှု- မရှိ။

“ငါ့ဆီမှာ မျိုးစေ့တွေလည်း မရှိဘူး။ ပြီးတော့ ကလေးနဲ့ဆိုတော့ ဒါတွေကို အသုံးချရတာ မလွယ်ဘူး။ မင်းပဲ ယူထားလိုက်ပါ။”

၎င်းမှာ ကျန်းယွင်ထျန်းထံမှ ပေးပို့လာသော မက်ဆေ့ခ်ျဖြစ်သည်။

ရှောင်းယီ၏မျက်လုံးများ တောက်ပသွား၏။ သူသည် မြေဆီလွှာလိုအပ်နေခြင်းဖြစ်ပြီး ကျန်းယွင်ထျန်းက အချိန်ကိုက် ပို့ပေးလိုက်ခြင်း ဖြစ်သည်။ သူသည် လဲလှယ်မှုကို လက်ခံလိုက်ပြီး မြေဆီလွှာ ၂ ခုကို ရရှိခဲ့သည်။

သို့သော် ယခု ပြဿနာမှာ ထိုမြေဆီလွှာများကို ထည့်ရန် ထည့်စရာအလုံအလောက်မရှိခြင်းဖြစ်၏။ သစ်သားအိုး အသေးလေးများမှာ ထုတ်လုပ်မှုပုံစံ မလိုအပ်သော်လည်း အပင်အများကြီး စိုက်၍မရပေ။ အိုးအကြီးများနှင့် ပန်းခုံများမှာမူ ထုတ်လုပ်မှုပုံစံ လိုအပ်သည်။

“အိုးအကြီး တစ်ခုလောက် မြန်မြန်ရလာဖို့ မျှော်လင့်ရတာပဲ။ အာလူးတွေ အညှောင့်ထွက်လာရင် အဲဒီထဲ ပြောင်းစိုက်ရမယ်။”

သူ ရေရွတ်လိုက်၏။

အာလူးများကို စိုက်ပျိုးပြီးနောက် ရှောင်းယီသည် အခန်းထဲသို့ ပြန်ဝင်ကာ ဆိုဖာပေါ်တွင် လှဲချလိုက်၏။ တကယ့်ကို သက်သောင့်သက်သာ ရှိလှသည်။

သို့သော် ဖွင့်၍မရသော တီဗွီကို ကြည့်ရင်း လျှပ်စစ်မီးရရှိရန်အတွက် မီးစက်တစ်လုံးကို မည်သို့ ရရှိနိုင်မလဲဟု သူတွေးနေမိသည်။

“ဂက်စ်ကတော့ ဝေးသေးတယ်။ လျှပ်စစ်မီးရဖို့ကိုပဲ အရင် ကြိုးစားရမယ်။”

ယခုအခါ ညနေ ၄ နာရီ ရှိနေပြီဖြစ်၏။ စနစ်၏အဆိုအရ ပင်လယ်ရေ တိုက်စားမှုမှာ ၆၆.၆၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။

“စောင့်နေရတာက တကယ်ပဲ လူကို စိတ်မရှည်အောင် လုပ်နေတာပဲ။”

ရှောင်းယီက သက်ပြင်းချရင်း ဆိုလိုက်မိ၏။။အများသုံးချန်နယ်မှာမူ လူများဖြင့်ဖြင့် ပြည့်နှက်နေဆဲပင်။

“ငါတို့ကျွန်းတွေ လုံးဝ နစ်မြုပ်သွားတော့မယ်လို့ ခံစားနေရတယ်။”

“စိတ်အေးအေးထားစမ်းပါ။ ကျုပ် တွက်ကြည့်ရသလောက်တော့ ရေတက်တဲ့နှုန်းက မပြောင်းလဲသေးဘူး။ ညသန်းခေါင်ကျရင် ၁ စတုရန်းမီတာပဲ ထပ်တက်မှာပါ။ ခင်ဗျားတို့ အုတ်မြစ်ကျောက်တစ်ခုမှ မဖမ်းမိသေးရင်တောင် ကျွန်းက လုံးဝ နစ်သွားမှာ မဟုတ်ဘူး။ အဲဒါကြောင့် မထိတ်လန့်ကြပါနဲ့။”

“မရဘူးဗျာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မကိုင်ထားရင် ပင်လယ်ထဲ ကျသွားတော့မယ်လို့ ခံစားနေရတယ်။ ပစ္စည်းသေတ္တာတွေကိုတောင် မဖမ်းနိုင်တော့ဘူး။”

“ဒါဆိုရင်တော့ အသားကျတဲ့အထိ စောင့်နေရုံပဲ။ အဲ့ဒါကိုတော့ ဘယ်သူမှ မကူညီနိုင်ဘူး။”

All Chapters