← Chapters

ချောမောခန့်ညားသော လူငယ်

Vol. 3 Ch. 21

ချောမောခန့်ညားသော လူငယ်

Vol. 3 Ch. 21

“ဒါနဲ့ နင် ဒီနေ့ နေ့လယ်ပိုင်း အလုပ်များလား? ဘာမှ လုပ်စရာမရှိရင် ဈေးဆိုင်ကြီးကိုသွားပြီး ဈေးဝယ်ထွက်ရအောင်”

အချိန်ခဏလောက် စိတ်လှုပ်ရှားပြီးနောက်တွင် လီလင်း၏ အိပ်ချင်စိတ်တို့က ပျောက်ကွယ်သွားပြီးဖြစ်၍ လီရှန်းကို ဖိတ်ခေါ်လာခဲ့သည်။

“ငါ ဒီနေ့ နေ့လယ်ပိုင်းမှာ အိမ်မှာ လုပ်စရာ ရှိတယ်၊ ဒါပေမဲ့ မနက်ဖြန်တော့ အားလောက်တယ်”

လီရှန်းအနေဖြင်် နေ့လယ်ပိုင်းတွင် ကျန်းကျူးပင်းဆီသို့ ဖုန်းခေါ်ဆိုရန် ချိန်းဆိုခားခဲ့သည်။ သူမ ဤနေရာသို့ ပြန်ရောက်ပြီးနောက်တွင် ဤသည်က ကျန်းကျူးပင်းနှင့် ပထမဆုံးအကြိမ် ဆက်သွယ်ခြင်းဖြစ်သည်။

ယခင်ဘဝက ကျန်းကျူးပင်း၏ စွန့်လွှတ်အနစ်နာခံသွားမှုကို သူမ အမြဲတစေ တွေးနေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူမ တစ်ဖက်လူကို သတိပေးသင့်သည်။

“ဒါဆိုလည်း မနက်ဖြန်မှ သွားကြတာပေါ့.. ဒီတစ်လအားလပ်ရက်ပြီးရင် ငါတို့တွေ နောက်ဆုံးစာမေးပွဲ ဖြေရတော့မယ်၊ ပြီးသွားရင် ဆေးဝါးစက်ရုံအတွက် အလုပ်ဝင်ခွင့် စာမေးပွဲ ရှိတယ်၊ နောက်ဆိုရင် အချိန်ရတော့မှာ မဟုတ်ဘူး”

လီလင်းက လီရှန်းအနားသို့ တိုးကပ် လာပြီး တီးတိုးလေး ပြောလာသည်။

“တကယ်တော့ ငါ နင့်ကို ငါနဲ့အတူလိုက်ပြီး ဝါဂွမ်းကုတ်အင်္ကျီအသစ် တစ်ထည်လောက် သွားဝယ်ဖို့အတွက် ခေါ်သွားချင်လို့”

ထိုသို့ပြောပြီးနောက် သူမ၏ မျက်နှာက နီရဲသွားခဲ့သည်။

လီရှန်းအနေဖြင့် အစပိုင်းတွင် နားမလည်ခဲ့ဘဲ လီလင်းက နှစ်သစ်ကူး တွင်ဝတ်ဆင်ဖို့ ဝါဂွမ်းကုတ်အင်္ကျီအသစ် ဝယ်ရန်အတွက် ပြောနေခြင်းဟု ထင်ခဲ့သည်။ သို့သော် လီလင်း၏ ရှက်ရွံ့နေသော မျက်လုံးများကို မြင်လိုက်ရမှသာ ရုတ်တရက် သဘောပေါက်သွားသည်။

“နင် ပြင်ဆင်နေတာ...”

သူမ၏စကားမဆုံးမီ လီလင်းက သူမ၏ ပါးစပ်ကို ပိတ်ဆို့လိုက်လေသည်။

“ငါက သွားကြည့်ရုံပဲ ရှိသေးတယ်၊ အဆင်ပြေမပြေ မသိသေးဘူး.. နင် ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်”

“ငါ မပြောပါဘူး”

လီရှန်းက လီလင်း၏ လက်ကို ဆွဲကိုင်ကာ အထပ်ထပ်အခါခါ ကတိပေးလိုက်သည်။

သူမက စကားများတတ်သူ မဟုတ်သကဲ့သို့ အတန်းထဲတွင်လည်း သူငယ်ချင်းဟူ၍လည်း များစွာ မရှိပေ။

“ငါ နင့်ကို ယုံတယ်”

လီရှန်း၏ ‘အစစ်အမှန် မျက်နှာ’ ကို သိရှိပြီးနောက်တွင် လီလင်းက လီရှန်းကို အလွန် ယုံကြည်လာခဲ့သည်။

သူမအနေဖြင့် လီရှန်းက ကျားသားစားချင်၍ ဝက်အယောင်ဆောင်

နေသည်ဟု အမြဲ ခံစားရသည်။

သူမက အပေါ်ယံတွင် မြင်ရသည့်အတိုင်း အားနည်းသည့်သူ မဟုတ်ပေ။

ကျန်းယွဲ့တစ်ဦးတည်းကသာ လီရှန်းကို အရူးတစ်ယောက်ဟု သဘောထားပြီး ကျေးလက်ဒေသသို့ သွားရန် အမြဲ လှည့်ဖြားနေခဲ့သည်။

“နင် နေ့လယ်ပိုင်းမှာ အလုပ်ရှိတယ်ဆိုရင် အပြင်မှာ ဆက်မနေတော့ဘဲ အမြန် ပြန်ကြရအောင်”

“ကောင်းပြီ”

လီရှန်းလည်း သဘောတူလိုက်ပြီး နှစ်ယောက်အတူ ကားမှတ်တိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ကြသည်။

ယနေ့က မည်သို့သော ကောင်းမွန်သောနေ့ရက်ဖြစ်သည်ကို မသိသော်လည်း လမ်းတစ်ဝက်တွင် ဆွေမျိုးများကို(သတို့သမီးကို) လာခေါ်သည့် လူအုပ်စုတစ်ခုကို တွေ့လိုက်ရလေသည်။

အလုပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်အဖွဲ့တစ်ဖွဲ့က စက်ဘီးများကို စီးနင်းလျက် ရှိနေပြီး အလယ်မှ စက်ဘီးကို ဝိုင်းရံကာ ဆေးဝါးစက်ရုံဆီသို့ ဦးတည်၍ စီးနင်းနေခဲ့ကြသည်။

အလယ်မှ စက်ဘီးပေါ်တွင် ရှိနေသည့် သတို့သားက အနည်းငယ် အသက်ကြီးပုံရပြီး ရင်ဘတ်တွင် ပန်းပွင့်ကို တပ်ဆင်ထားသည်။ သူ့နောက်တွင်တော့ အနီရောင်ကွက်စိပ် ဝါဂွမ်းကုတ်အင်္ကျီကို ဝတ်ဆင်ထားသော သတို့သမီးလေးတစ်ယောက်ရှိနေခဲ့သည်။

သူမ၏ မျက်နှာက ဝိုင်းစက်ကာ ချစ်စရာကောင်းပြီး မျက်နှာသွင်ပြင်က အချိုးကျလှသည်။ သို့သော် သူတို့နှစ်ဦးစလုံးက ပြုံးရယ်နေခြင်း မရှိသောကြောင့် ဤ မင်္ဂလာပွဲအတွက်ကြိုဆိုရေးအဖွဲ့မှာ အနည်းငယ် မှိုင်းညို့နေပုံရသည်။

“ဒီနှစ်ယောက်က ဒုတိယမြောက် အိမ်ထောင်ပြုကြတာ ဖြစ်ရမယ်...”

လီလင်းက လီရှန်း၏အနားကို တိုးကပ်ကာ လေသံတိုးတိုးဖြင့် ပြောမိသည်။

“ဟိုမိန်းကလေးရဲ့ ဖိနပ်ကို ကြည့်ပါဦး၊ ခရမ်းရောင် အဝတ်ဖိနပ်တွေပဲ .. မင်္ဂလာဆောင်တယ်ဆိုရင် အနီရောင် အဝတ်ဖိနပ်ကို စီးကြတာလေ၊

ဒုတိယအကြိမ် အိမ်ထောင်ပြုတာဆိုမှ ခရမ်းရောင် ကို စီးလေ့ရှိတယ်... ဒီမိန်းကလေးက အသက်ငယ်ငယ်လေးပဲရှိသေးတာကို.. ဘာလို့ တစ်ဖက်လူရဲ့နောက်အိမ်ထောင်အဖြစ် လက်ထပ်တာလဲမသိဘူး”

လီရှန်းလည််း သူတို့၏စက်ဘီးများစီးနင်းသွားသည့် လမ်းကြောင်းကို ကြည့်ပြီးခန့်မှန်းလိုက်မိသည်။

“အမျိုးသားက ဆေးဝါးစက်ရုံက ဝန်ထမ်းဖြစ်မယ် ထင်တယ်”

“ဒါဆိုရင်တော့ မဆန်းတော့ပါဘူး”

လီလင်း သက်ပြင်းချလိုက်သည်။

“ဆေးဝါးစက်ရုံမှာ အလုပ်ရထားတာဆိုရင်ဆိုရင် ဒုတိယမြောက် လက်ထပ်တာဆိုရင်တောင် လူကြိုက်များတာပဲ”

“အမှန်ပဲ..”

ထိုစက်ရုံမှ ဝန်ထမ်းများ၏ လစာက အတော်လေးမြင့်ပေသည်။ ဆိုရလျှင် ပြည်နယ်မြို့တော်မှ အလုပ်သမားဖြစ်နေလျှင်ပင် အလွန်ပင် မျက်နှာပွင့်ပေသည်။

မင်္ဂလာဆောင်အဖွဲ့မှ ဆေးဝါးစက်ရုံ တံခါးပေါက်မှ ဝင်သွားတာကို မြင်တွေ့လိုက်ရပြီးနောက် လီရှန်းတို့နှစ်ယောက် အတင်းပြောနေခြင်းမှ အနည်းငယ် ငြိမ်သက်သွားခဲ့ကြသည်။

မကြာခင်တွင် လီလင်း စီးမည့် ဘတ်စ်ကားက အရင် ရောက်လာသောကြောင့် လီရှန်းက သူမ ကားပေါ်သို့ တက်သွားသည်အထိ စောင့်ကြည့်ခဲ့ပြီး လက်ပြနှုတ်ဆက်ခဲ့လေ၏။လီလင်း ထွက်ခွာသွားပြီးနောက်တွင် လီရှန်းက သူမ စီးမည့် ဘတ်စ်ကားကို ဆက်လက်စောင့်နေခဲ့သည်။

ပိုင်မားခရိုင်သည်က ခရိုင်မြို့တစ်ခု ဖြစ်သော်လည်း သေးငယ်သော မြို့မဟုတ်ပေ။ ပြည်နယ်က ပိုင်မားခရိုင်ကို အမြဲတစေ အားပေးထောက်ခံမှု အပြည့်အဝ ပေးနခဲ့သည်။

ကြီးမားသောစက်ရုံများ၊ သေးငယ်သော စက်ရုံများသာမက မြို့ပြင်တွင် မိုင်းတွင်းများပါ ရှိသည်။

ဆိုရလျှင် ၎င်းတို့က ခရိုင်အဆင့် စက်ရုံများ ဖြစ်သော်လည်း မသေးငယ်လှပါချေ။ အထူးသဖြင့် ပိုင်မားခရိုင်တွင် ပြည်နယ်အဆင့် ဆေးဝါးစက်ရုံတစ်ခု ရှိသည်။

ထို့အပြင် အခြေခံအဆောက်အအုံများသည်လည်း အခြားခရိုင်များထက် ပိုမိုကောင်းမွန်သည်။ ဆေးရုံများ၊ ရဲစခန်းနှင့် ကျောင်းများသည်ပင် မြို့တော်နှင့် ယှဉ်နိုင်ပေသည်။

ပိုင်မားခရိုင်၏ ပထဝီဝင်အနေအထားကို စဉ်းစားကြည့်လျှင် အနာဂတ်တွင် ပိုင်မားခရိုင်ကို ခရိုင်အဖြစ်မှ ဖယ်ရှားပြီး မြို့တော်အဖြစ် ပြန်လည်ဖွဲ့စည်းကာ ပြည်နယ်မြို့တော်အဖြစ် တိုက်ရိုက် သတ်မှတ်မည်ဟု လီရှန်း ခံစားမိသည်။

အနာဂတ်တွင် သူမ၏ အိမ်ထောင်စု မှတ်ပုံတင်ကို ခရိုင်မြို့မှ ပြည်နယ်မြို့သို့ တိုက်ရိုက် လွှဲပြောင်းနိုင်ခြေရှိကို တွေးလိုက်မိပြီးနောက်တွင် လီရှန်းအနေဖြင့် ကျေးလက်ဒေသသို့ သွားရန် စိတ်ကူးက ပို၍ပင် မရှိတော့ခေေ။

သူမက အရူးတစ်ယောက်မှ မဟုတ်တာ!

ဘတ်စ်ကား ရောက်လာသည့်နောက် လီရှန်းက ကားပေါ်သို့ ချက်ချင်း တက်သွားလိုက်သည်။

အလုပ်ချိန် ဖြစ်နေသဖြင့် ကားပေါ်တွင် ထိုင်ခုံလွတ်များစွာ ရှိနေသေးသည်။

လီရှန်းက ပြတင်းပေါက်ဘေးမှ ခုံတစ်ခုံကို ရွေးချယ်၍ ထိုင်လိုက်သည်။

သူမ သက်ပြင်းတစ်ချက်ချလိုက်ချိန်တွင် သူမဘေးတွင် နောက်ထပ် လူတစ်ယောက် လာထိုင်ခဲ့လေသည်။

လီရှန်း: “?”

ကားထဲမှာ ထိုင်ခုံလွတ်တွေ အများကြီးရှိနေတာကို ဒီလူက ဘာလို့ သူမဘေးမှာမှ လာထိုင်ရတာလဲ?

သူမ ဘေးဘက်ကို လှည့်ကြည့်လိုက်ချိမ်တွင် သူမ၏ ဘေးတွင် နီရဲနေသောနှုတ်ခမ်းတစ်စုံ၊ ဖြူဖွေးသောသွားများကို ပိုင်ဆိုင်ထားသည့် ရုပ်ရည်ချောမောခန့်ညားသော ကောင်လေးတစ်ယောက်က ခါးကို တည့်မတ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။

သူ၏ လက်ချောင်းများကိုလည်း အနည်းငယ် ဆုပ်ထားပြီး၊ နားရွက်များက နီရဲနေခဲ့ကာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသည်ကို သိသိသာသာမြင်တွေ့နိုင်ပေသည်။

ယခုခေတ် ဘတ်စ်ကားတို့သည်က လုံးဝ သက်သောင့်သက်သာ မရှိသေးပါချေ။

ကားထဲတွင် လေအေးပေးစက် မရှိသကဲ့သို့ နေရာကလည်း ကျယ်ဝန်းမှု မရှိသေးပေ။

နောက်ပိုင်းခေတ်ကာလတွင်ဖြစ်လာမည့် ထူထဲသည့် ဝါဂွမ်းထိုင်ခုံကူရှင်တို့သည်က ယခုအချိန်တွင် ပြားချပ်မာကြောနေခဲ့ကြပြီး နူးညံ့မှုလည်း မရှိပါချေ။

ကားထဲ၌ စက်ဆီနံ့များ ရှိနေဆဲ ဖြစ်သည့်အပြင် ကားကိုယ်ထည်သည်လည်း တုန်ခါလျက် ရှိသည်။

ယခုအချိန်၌ ကားပေါ်တွင် လူများစွာ မရှိသည့်အတွက် ထိုင်ခုံနှစ်ဖက်ကြားမှ လူသွားလာသည့် လမ်းကြား၌လည်း လူများ ရပ်တန့်နေရခြင်း မရှိဘဲ သန့်ရှင်းနေခဲ့သည်။

လူများသာ များပြားလာမည်ဆိုပါက အလယ်လမ်းကြားသည်လည်း ခရီးသည်တို့၏ အထုပ်အပိုးများဖြင့် ပြည့်နှက်သွားလေ့ ရှိသည်။

ဆိုရလျှင် လူတိုင်းက သန့်ရှင်းမှုကို နှစ်သက်၍ ဂရုစိုက်ကြခြင်း မရှိသောကြောင့် လူများ အလွန်များပြားလွန်းသည့်အချိန်တွင် အနံ့အသက်များက ဆိုးရွားလာနိုင်သည်။

လီရှန်းက ထိုကဲ့သို့ အနံ့များကိုရှောင်ရှားနိုင်စေရန်အတွက် ပြတင်းပေါက်များကို ဖွင့်ထား၍ရနိုင်စေရန် ပြတင်းပေါက်ဘေး၌ ထိုင်လိုက်ခြင်း ဖြစ်ပေသည်။

အကယ်၍ အနံ့အသက်ဆိုးများ ရှိလာပါက အပြင်ဘက်၌ မည်မျှပင် အေးစက်နေသည်ဖြစ်စေ၊ သူမက လေကောင်းလေသန့် ရရှိရနိုင်န်အတွက် ပြတင်းပေါက်ကို အဟလေးအနည်းငယ်ငယ် ဖွင့်ထားမည်မှာ သေချာပေသည်။

သို့သော် ယခုမူကား ထိုသို့ လုပ်ရန် မလိုအပ်တော့ချေ...

အဘယ်ကြောင့်ဆိုသော် သူမ၏ ဘေးနားမှ စိုးရိမ်ပူပန်နေသော ချောမောသည့် ကောင်လေးမှာ မည်သည့်အရာကိုမှ မပြောသော်ငြားလည်း သူ၏ ကိုယ်သင်းနံ့က သူမဘက်သို့ လွင့်ပျံ့လာနေခဲ့သောကြောင့်ပင် ။

ထိုအနံ့မှာ အလွန်သန့်ရှင်းသော ဆပ်ပြာနံ့ဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ကာ မတိုင်ခင်က ရရှိနေသည့် ဓာတ်ဆီနံ့ကိုပင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

တစ်ဖက်လူက အဘယ်ကြောင့် စိုးရိမ်နေသည်ကို မသိရသော်လည်း လီရှန်းတစ်ယောက် သက်ပြင်းကို အသာချကာ ထိုင်ခုံနောက်မှီကို မှီလိုက်မိလေ၏။

သို့သော်လည်း သူမ ထိုသို့ မှီလိုက်သည်နှင့် သူမ၏ ဘေးနားမှ ချောမောခန််ညားသည့် ကောင်လေးက နောက်ကျော၌ စက်ပစ္စည်းတစ်ခုခုကို တပ်ထားသကဲ့သို့ ပို၍ မတ်မတ် ထိုင်လိုက်မည်ကိုတော့ သူမ မထင်ထားမိခဲ့ပါချေ။

လီရှန်း: “...”

ဒါက ဘယ်လိုတောင် ထူးဆန်းလွန်းတဲ့ လူလဲ?!

စာတိုက်လမ်းမှ စက်ယန္တရားစက်ရုံ ဝန်ထမ်းအိမ်ရာအထိ စုစုပေါင်း မှတ်တိုင် ဆယ်ခုရှိပြီး၊ နှစ်မှတ်တိုင်လောက်ကသာ လမ်းကိုကွေ့သွားရသည်။

ထို့ကြောင့် နာရီဝက်ခန့် ကြာမြင့်သည့် ခရီးစဉ်အတွင်း လီရှန်းတစ်ယောက် ကုလားထိုင်နောက်မှီကို မှီလျက် ဘေးနားမှ ချောမောသော ကောင်လေးကို လေ့လာရန်အတွက် အခွင့်ကောင်းယူခဲ့သည်။

သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်လွန်းနေသူ မဟုတ်သော်ငြားလည်း ယခုအချိန်တွင်တော့ ထိုချောမောသော ကောင်လေးသည်က သူမအတွက် ရည်ရွယ်၍ ရောက်လာသည်ဟု ခံစားမိနေခဲ့သည်ပင်။

All Chapters