← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

လီရှန်းအနေဖြင့် အဝေးမှပင် လူအုပ်ကြီးကို မြင်နိုင်သည်။ လူတိုင်းက လက်ထဲတွင် လက်မှတ်များနှင့် ပိုက်ဆံများကို ကိုင်ထားကြပြီး သူတို့ လိုချင်သော အဝတ်အစားများကို အော်ဟစ်နေကြသည်။

လူအုပ်၏ အလယ်မှ အရောင်းသမား၏ မနှစ်မြို့ဖွယ် သတိပေးချက်များသည်လည်း အချိန်နှင့်အမျှ ထွက်ပေါ်နေခဲ့သည်။

“မင်း တကယ် ဝယ်တော့မှာလား”

လီရှန်း ခဏလောက် ရပ်လိုက်ပြီး အနည်းငယ် မကောင်းသကဲ့သို့ ခံစားရသည်။

အခုခေတ်ကာလမှာ လူတွေက ဒီလောက်တောင် ချမ်းသာနေပြီလား။

လီလင်းကတော့ ဤမြင်ကွင်းကို ပုံမှန်အတိုင်းဖြစ်နေသကဲ့သို့သာ ကြည့်၍ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

“တရုတ်နှစ်သစ်ကူး နီးလာပြီ.. အခုအချိန် မဝယ်ရင် နောင်ကျရင် ပို အလုပ်များလာလိမ့်မယ်”

ယခုက နှစ်ကုန်ပိုင်းဖြစ်၍ အိမ်တွင် ငွေကြေးတချို့ စုဆောင်းထားသူတိုင်းက မိသားစုထဲရှိ သမီးကြီးများနှင့် သားကြီးများအတွက် အဝတ်အစား အသစ်တစ်ထည်လောက် ဝယ်ရန် တောင်းဆိုကြလိမ့်မည်။ အထူးသဖြင့် ဝါဂွမ်းထည့်ထားသော ဂျာကင်အင်္ကျီကိုပင်။

ခရိုင်မြို့မှာ ကျေးရွာများနှင့် မတူပေ။

ရွာသားများတွင် အဝတ်အထည်နှင့် ဝါဂွမ်းတို့ ရှိနေသရွေ့ သူတို့၏ ကိုယ်ပိုင် အဝတ်အစားများကို ပြုလုပ်နိုင်သည်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အရေးမကြီးပေ။

နွေးထွေးနေသရွေ့ အဆင်ပြေပေလိမ့်မည်။ သို့သော်လည်း ခရိုင်မြို့များတွင်တော့ လိုအပ်ချက်များ ရှိနေပေပြီ။ အထူးသဖြင့် မိန်းကလေးများအတွက်ပင်။

သူတို့ ဝတ်ဆင်သည့် အဝတ်အစားများကိုကို ကုန်တိုက်တွင်သာ ဝယ်ယူနိုင်ကြသည်။ စျေးကွက်ထဲတွင် ရောင်းသည့်အဝတ်အစားကိုမဝတ်ဆင်ဘဲ အိမ်လုပ် ပစ္စည်းများကို ဝတ်ဆင်သည်က ရှက်စရာဟု ယူဆလာကြသည်။

လီရှန်းက မစ်ရှင်များစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ သူမ၏ စိတ်ခံစားချက်တို့က အလွန်ပင် တည်ငြိမ်နေခဲ့ပေပြီ။

သို့သော် လီလင်းမှ လူအုပ်ထဲသို့ ဆွဲခေါ်သွားသောအခိုက်တွင် သူမသည် စိတ်လှုပ်ရှားလာရသည်။ ခက်ခဲမှုများကို ရင်ဆိုင်ပြီး တိုက်ခိုက်ရန် ရဲစွမ်းသတ္တိရှိသော ဤစိတ်ဓာတ်က သူမကို ပိုမိုတက်ကြွလာစေခဲ့သည်။

သူမလည်း လူအုပ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး လီလင်း၏ ညွှန်ကြားချက်အရ အရောင်းသမား၏ လက်ထဲမှ အထုပ်တစ်ခုကို တိုက်ရိုက် ဆွဲယူလိုက်သည်။

ထို့နောက် အနီရောင် ဝါဂွမ်းအင်္ကျီကို လီလင်း၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။

လီလင်းသည်လည်း တွန့်ဆုတ်မနေပေ။ သူမက ဝါဂွမ်းထည့်ထားသော ဂျာကင်အင်္ကျီ၏ ပခုံးနှစ်ဖက်ကို သူမခန္ဓာကိုယ်နဲ့ တိုက်ရိုက် နှိုင်းယှဉ်လိုက်သည်။

သူမ၏ အရွယ်အစားနဲ့ တူညီကြောင်း တွေ့ရှိလိုက်လျှင် သူမက ပိုက်ဆံနှင့် လက်မှတ်များကို ကောင်တာပေါ်သို့ ရိုက်ချသည်။

“မြန်မြန်လေး ငွေရှင်းရအောင်!”

အရောင်းဝန်ထမ်းမှာ သူမ၏ လက်ထဲမှ အဝတ်အစားများကို လုယူခံရပြီး ဆဲဆိုရန် ပြင်နေချိန်တွင် ပိုက်ဆံနှင့် လက်မှတ်များကြောင့် အံ့အားသင့်သွားသည်။

သူမက ဆဲဆိုခြင်းကို ချက်ချင်း လျစ်လျူရှုကာ လက်မှတ်ကို ဖွင့်ပြီး ပိုက်ဆံကို သိမ်းဆည်းပြီးနောက်ဖောက်သည်ကို အလျင်အမြန် ဖဆာ်ရွေစွာဆက်ဆံလာသည်။

သို့သော် နောက်မှလာသည့် ဖောက်သည်များကတော့ ဤမျှ ပျော်ရွှင်နိုင်ခြင်း မရှိခဲ့ပေ။

သူတို့က ၁၈ ဆင့်အတွက် အရောင်းဝန်ထမ်းနှင့် ငြင်းခုံနေကြသည်။

သူတို့နှစ်ယောက်လူအုပ်ထဲမှ ပြန်ထွက်လာခဲ့သည်။

လီရှန်းက သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။

“လူတွေ အရမ်း လူများလွန်းတယ်.. ငါ ခုနက အန်ထွက်လုနီးပါး ဖြစ်သွားတာ”

“ဟုတ်တယ်၊ ငါ့ ရှေ့ကလူဆို အနံ့ကအရမ်းဆိုးတယ်”

လီလင်းတစ်ယောက် ကျန်ရှိနေသေးသော ကြောက်ရွံ့မှုများဖြင့် သူမ၏ အဝတ်အစားများကို ကိုင်ထားသော်လည်း သူမသည် ၎င်းကို ဆက်လက် သည်းခံနိုင်ခဲ့သေးသည်။

သူမက လီရှန်းကို ပခုံးဖြင့် တိုက်ရင်း မေးလာသည်။

“မင်း ဘာလို့ ဒီလောက် ရဲရင့်နေတာလဲ၊ အရောင်းဝန်ထမ်းရဲ့ လက်ထဲက အဝတ်အစားတွေကိုတောင် ဘယ်လိုများ လုယူလိုက်တာလဲ”

ယနေ့ခေတ် အရောင်းဝန်ထမ်းများမှာ အသက်မွေးဝမ်းကျောင်းအတွက် နေရာခိုင်ခိုင်မာမာရှိသည့် အလုပ်ကို ရရှိထားသောကြောင့် သူတို့၏ စိတ်နေစိတ်ထားက သိပ်ပြီးနှိမ့်ချလိုချင်းမရှိပေ။

သူတို့ စိတ်မပျော်သောအချိန်တွင် လူများကို ဆဲဆိုခြင်းသည်က အဆန်းမဟုတ်။

“ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ရောင်းချဖို့အတွက် ထုတ်လာတာပဲလေ၊ ငါတို့က ဈေးမဆစ်ခဲ့ဘူးမလား”

လီရှန်းက သူမ၏ လက်များကို ဂရုမစိုက်လိုစွာ ဝှေ့ယမ်းလိုက်ကာ လီလင်းနှင့် အတင်းအဖျင်းများပြောလိုက်သည်။

“အရောင်းဝန်ထမ်းက ဒီအဝတ်အစားကို ငါ့ဘေးက အမျိုးသမီးကို ပေးချင်နေခဲ့တာလေ၊ ဒါပေမဲ့ ငါ လမ်းတစ်ဝက်ကနေ တားဆီးပြီး ဖြတ်လုလိုက်တာ “

လီလင်း : “?”

“ဒီလို ကိစ္စတွေ ရှိသေးတာလား”

“ဒီအမျိုးသမီးက အဲဒီ အရောင်းဝန်ထမ်းနဲ့ နည်းနည်း ဆင်တယ် ငါ သူတို့လုပ်ချင်နေတဲ့ လုပ်ရပ်လေးကို မြင်နိုင်တယ်”

ယနေ့ခေတ်တွင် အရောင်းဝန်ထမ်းတချို့က သူတို့၏ နောက်ကွယ်မှ အရာရှိများကို လိမ်ညာရာတွင် မကျွမ်းကျင်သော်လည်း ရောင်းချသည့်အချိန်တွင် သူတို့နှင့် ရင်းနှီးသောသူများအတွက် ကောင်းမွန်သော ပစ္စည်းများကို တမင်တကာ ချန်ထားပေးတတ်ပြီး မရင်းနှီးသော ဖောက်သည်များကိုတော့ အနည်းငယ် ချို့ယွင်းနေသော ပစ္စည်းများကို ပေးတတ်သည်။ဤသည်မှာ ထုံးတမ်းသဖွယ်ဖြစ်နေသော လှည့်ကွက်လေးများ ဖြစ်ပေသည်။

လီလင်းက ဝါဂွမ်းထည့်ဂျာကင်အင်္ကျီကို ကောက်ယူပြီး ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ဂျာကင်အင်္ကျီက အမှန်တကယ်ပင် အလွနအမင်း ကောင်မွန်းသည်ကို သူမ တွေ့ရှိခဲ့ရသည်။

“နင်က တကယ်ကြီးအမြင်ကောင်းလွန်းတာပဲ ငါသာဆိုရင် ငတုံးလိုဘာမှမသိဘဲ ဖြစ်နေလိမ့်မယ်”

“ဒါက ဘာမှ မဟုတ်ဘူး”

လီရှန်း လက်ဝှေ့ယမ်းသည်။

“အခု ငါတို့ ဝါဂွမ်းဂျာကင်အင်္ကျီ ဝယ်ပြီးပြီဆိုတော့ နောက်ထပာ ဘာလုပ်ကြမလဲ”

“နောက်ကောင်တာတွေကို သွားလည်ကြရအောင်”

လီလင်းက ပရိဘောဂ ဧရိယာကို တိတ်တဆိတ် ကြည့်လိုက်သည်။

ပရိဘောဂများကို ဘေးချင်းကပ်၍ ကြည့်နေသော လူငယ်နှင့် အမျိုးသမီးစုံတွဲတို့ များစွာရှိသည်။ သူတို့၏ လက်ထဲကို ကြည့်လိုက်လျှင အသစ်ထုတ်ပေးထားသော မင်္ဂလာဆောင်လက်မှတ်များကို ကိုင်ထားဆဲပင်ဖြစ်ပေသည်။

သူတို့တွင် မင်္ဂလာလက်မှတ်ရှိနေမည်ဆိုပါက စောင်များ၊ သကြားလုံးများစသည့် ပစ္စည်းအချို့ကို အသုံးပြုလက်မှတ်မပါဘဲ ဝယ်ယူနိုင်သည်။

၎င်းကို ခေတ်၏ လက္ခဏာရပ်များအရာ အိမ်ထောင်ရေးထဲသို့ အသစ်ဝင်သူအတွက် လျှော့စျေးဟု သတ်မှတ်နိုင်သည်။

ထို့ကြောင့် အိမ်ထောင်သည်အသစ်များက မင်္ဂလာဆောင်လက်မှတ် ရပြီးနောက်နောက် ပထမဆုံး လုပ်သည့်အရာမှာ ကုန်တိုက်သို့ သွား၍ ပရိဘောဂများ ဝယ်ယူခြင်းသာ ဖြစ်သည်။

“ငါ ကြိုးစားပြီးပိုက်ဆံစုမယ်၊ နောက်ကျရင် လျှော့စျေးတွေ အားလုံးကို ဝယ်ဖို့ ကြိုးစားမယ်”

လီလင်းသည် ယုံကြည်မှုရှိစွာ ကြေညာလာသည်။

လီရှန်း: “...”

လီရှန်း၏ ပြောစရာစကားမဲ့မှုပ အလွန် ထင်ရှားသောကြောင့် ဖြစ်နိုင်သည်။

လီလင်းက သူမ၏ ပါးစပ်ကို ဖုံးအုပ်ကာ ရှင်းပြလာသည်။

“အိမ်ထောင်သည်အသစ်တွေဆိုရငရ သူတို့ရဲ့ မင်္ဂလာဆောင်လက်မှတ်နဲ့ ပိုက်ဆံ အများကြီး ချွေတာနိုင်တယ်လေ”

သူမ လက်ထပ်ချင်တာ မဟုတ်ပါဘူး။ လျှော့စျေးရမဲ့ အခွင့်ကောင်းကို ယူချင်တာသက်သက်ပဲ။

လီရှန်းတစ်ယောက် ဈေးပေါပေါနဲ့ လက်ထပ်မည်ဆိုပါက ပျော်ရွှင်လိမ့်မည် မဟုတ်ဟု ပြောချင်ခဲ့သည်။

သို့သော် လီလင်းမှ အတိတ်ဘဝတွင် ဒေါသကြီး၍ ဝမ်းတွင်းမည်းသော ဟဲထန်ကိုပင် ဆူပူနိုင်သည့် သူရဲကောင်းဆန်သော ပုံစံကို တွေးလိုက်မိလျှင် လီရှန်းတစ်ယောက် သူမ၏ ကိုယ်ပိုင် အတွေ့အကြုံပ အနည်းငယ်လောက်သာ အကိုးအကား အဖြစ်သုံးနိုင်သည်ဟု ခံစားရသည်။

လူတိုင်း သိကြသည့်အတိုင်း သူမအနေဖြင့် အတိတ်ဘဝတွင် လီလင်းထက် ပို၍ အခြေအနေဆိုးရွားခဲ့သည်ပင်။

သူတို့နှစ်ယောက် ပရိဘောဂ ဧရိယာမှ ထွက်လာပြီး နာရီ ကောင်တာသို့ သွားခဲ့ကြသည်။ ယနေ့ခေတ်ကာလတွက် အမျိုးသမီး နာရီများက အများအားဖြင့် ဇီးပန်း၊ ရှန်ဟိုင်းနှင့် အခြား အမှတ်တံဆိပ်များဖြစ်ပေသည်။

ဈေးနှုန်းသည်လည်း မပေါပါချေ။

၎င်းတို့ကိုဝယ်ရန်အတွက် နာရီ လက်မှတ်များလည်း လိုအပ်သည်။

ဆိုရလျှင် သူတို့ မတတ်နိုင်သညာမှာ ထင်ရှားပေသည်။

နာရီ ကောင်တာရှိ အရောင်းဝန်ထမ်းသည်လည်း သူတို့နှစ်ဦးလုံးကို မြင်တွေ့ခဲ့သည်။ သူတို့က ကောင်တာတွင် လှည့်ပတ်နေကြပြီး ဝယ်ချင်သော်လည်း မတတ်နိုင်သကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ သူက အေးစက်စွာ နှာခေါင်းရှုံ့ကာ မျက်လုံးလှန်ပြီး ပြန်ထိုင်ခဲ့သည်။

ကုန်တိုက်တွင် နာရီဝက်ကျော်ကြာအောင် လည်ပတ်ပြီးနောက် လီလင်းက သူမ အကြိုက်ဆုံး အနီရောင် ဝါဂွမ်း ဂျာကင်အင်္ကျီကိုသာ ဝယ်ယူခဲ့ပြီး နောက်ဆုံးတွင် အိမ်သို့ပြန်ရန် ပြင်ဆင်ခဲ့ကြသည်။

သူတို့ ကုန်တိုက်ထဲက ထွက်လာသည်နှင့် အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦးက ကုန်တိုက်ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

လီရှန်း မတုံ့ပြန်နိုင်ခင်တွင် သူမ၏ခန္ဓာကိုယ်အား လီလင်းမှ ဘေးနားရှိ အလုပ်သမား အာမခံ ကောင်တာသို့ ဆွဲခေါ်သွားခြင်းကို ခံရသည်။

ထိုဧည့်သည်များသည်ကား ဟဲထန်နှင့် ကျန်းယွဲ့တို့မှလွဲ၍ အခြားသူများ မဟုတ်ပါချေ။

သူတို့နှစ်ဦးက ကြမ်းပြင်တွင် ထိုင်ချကာ ပလပ်စတစ် ပုံးကို ကြည့်နေသကဲ့သို့ ဟန်ဆောင်သော်လည်း တကယ်တမ်းတွင်တော့ အတင်းအဖျင်းကို ပြောခဲ့မိကြသည်။

“ဟဲထန်နဲ့ ကျန်းယွဲ့တို့က ဘာဖြစ်နေတာလဲ.. ဟဲထန်က ကျန်းယွဲ့နဲ့ စကားပြောရတာကို မကြိုက်ဘူးလို့ မပြောခဲ့ဘူးလား.. အခုကြည့်ရတာတော့ အတော်လေး အဆင်ပြေနေပုံရသလားလို့”

လီလင်းက ထိုသို့ပြောနေရင်း လီရှန်းကို လှမ်းကြည့်လာသည်။

တကယ်တမ်းတွင် လီလင်း၏အမြင်၌ ဟဲထန်က ကျန်းယွဲ့ကို လျစ်လျူရှုရုံတင်မကပေ။

ယခင်က လီရှန်းနှင့် ကျန်းယွဲ့တို့က သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသည့်အတွက် ဟဲထန်ု ကျန်းယွဲ့ကို မြင်ချင်မှ မြင်ချင်လိမ့်မည်။

ဒီလူနှစ်ယောက်ကြားမှာ ကျန်းယွဲ့သည်သာ လျှာနဲ့လျက်တတ်သော ခွေးကဲ့သို့ တစ်ဖက်သတ်ဖြစ်နေခဲ့သည်။

သို့သော် ယခု ကြည့်လိုက်ချိန်တွင်တော့...

“သူတို့က ဝါဂွမ်းထည့်ထားတဲ့ အဝတ်အစားတွေနဲ့ စောင်တွေကို ဝယ်မလို့သွားတာဖြစ်နိုင်လောက်လား”

ပင်းချန်တွင် အောက်တိုဘာလတွင် အေးလာတတ်ပြီး နောက်နှစ် ဧပြီလအထိ မနွေးနိုင်သေးပေ။

နွေးထွေးနေစေရန်အတွက် ထူထဲသည့်အဝတ်အစားများကို ဝတ်ဆင်ရန်လိုအပ်သည်။

“ဘယ်သူသိမှာလဲ၊ သူတို့ရဲ့ ကိစ္စတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး၊ မြန်မြန် ထွက်သွားကြရအောင်”

လီရှန်းတစ်ယောက် ဤလူနှစ်ယောက် မြင်လိုက်ရသည့်အတွက် ကံမကောင်းဟုသာ ခံစားရသည်။

သို့သော်...လီရှန်း စိတ်မသက်မသာဖြစ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ဟဲထန်က အတော်လေး ထူးဆန်းသည်ဟု ခံစားရသည်။

ဟဲထန်နှင့် ကျန်းယွဲ့တို့ကတော့ သူတို့ကို သတိမပြုမိဘဲ အဝတ်အထည် ကောင်တာသို့ တိုက်ရိုက် သွားခဲ့ကြသည်။

လီရှန်းက ထိုလူနှစ်ဦးနှင့် မတွေ့ချင်သဖြင့် သူတို့ သတိမပြုမိခင် လီလင်းကို ဆွဲခေါ်သွားခဲ့သည်။

All Chapters