အပိုင်း(၂၀၇) လုံး၀ရှုံးနိမ့်သွားတဲ့ ကုန်းရှို့ပင်း
Vol. 20 Ch. 207
ကျန်းယန်က သူ့လက်ရေးကို အားရပါးရလှောင်ပြောင်ေနလေရာ ကုန်းရှို့ပင်း လုံး၀ကြောင်အသွားခဲ့၏။
နောက်ဆုံးတွင်တော့ သူ့ခေါင်းထိပ်တည့်တည့်မှ ဒေါသအခိုးအငွေ့များ ထွက်ပေါ်လာခဲ့ပြီး ဒေါသတကြီး အော်ပြောလိုက်လေသည်။
“မင်းဘာပြောလိုက်တာလဲ မင်းမှာငါ့လက်ရေးကိုဝေဖန်ပိုင်ခွင့် မရှိဘူးကွ….မင်း မင်း မင်းကလူတောင်မဟုတ်တဲ့ကောင် မင်းကအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ”
သူဒေါသပေါက်ကွဲလုနီးနီးဖြစ်သွားခဲ့၏။
သူသည် ဂိုဏ်းချုပ်၏သားတစ်ယောက်ဖြစ်သောကြောင့် ငယ်ငယ်ကတည်းက ဘယ်နေရာရောက်ရောက် လေးလေးစားစားသာဆက်ဆံခံခဲ့ရသူဖြစ်ပြီး လူတိုင်းက ငေးမောအားကျခြင်းကို ခံခဲ့ရသူဖြစ်သည်။
အခုတော့ ကျန်းယန်က သူ့ကိုလူရှေ့သူရှေ့တွင် အားရပါးရဝေဖန်နေလေရာ သူသွေးအန်လုမတတ်ပင် ဒေါသထွက်သွားခဲ့၏။
“တစ်ခါတုန်းက ရှေးဟောင်းသူတော်စင်ကြီးတွေပြောဖူးတဲ့စကားတစ်ခွန်းရှိတယ် ကျောင်းတော်သားတွေက ဘယ်နေရာမှာမှ အသုံးမ၀င်ဘူးတဲ့”
ကျန်းယန် လက်နောက်ပစ်ထားရင်း ကုန်ရှို့ပင်းကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
“ပြီးတော့ သူတို့ကပြောေသးတယ် ကျောင်းတော်သားအများစုက နှလုံးသားမရှိကြဘူးတဲ့ သူတို့ပြောတာ မင်းလိုလူတွေကိုပဲ နေမှာ”
“မင်းကိုယ်မင်းကြည့်ပါဦး လက်ရေးကဆိုးရတဲ့အထဲ ဘယ်နေရာမှာမှ အသုံးမ၀င်ဘူး နှလုံးသားလည်းမရှိဘူး မင်းက ဘယ်လိုသတ္တိမျိုးနဲ့ မကြောက်မလန့်ရှေ့တက်လာပြီး ငါ့ကိုလာစိန်ခေါ်တာလဲ”
“ငါမင်းကိုသတ်မယ်” ကုန်းရှို့ပင်း ဒေါသတကြီးဟိန်းဟောက်လိုက်ကာ “မင်းကိုသေတဲ့အထိ ဖိနှိပ်ပစ်မယ်ကွ”
“ငါဖိနှိပ်….ငါဖိနှိပ်…ငါဖိနှိပ်…”
သူကျန်းစာလုံးကိုရေးဖို့ ကြိုးစားလိုက်သော်လည်း အလွန်ဒေါသထွက်နေသောကြောင့် ထိုစာလုံးကိုပင် ပီပီပြင်ပြင်မရေးနိုင်ခဲ့ပေ။
သူ့တစ်ကိုယ်လုံးက တုန်ရီနေလေရာ သူမည်သို့ကောင်းကောင်းရေးနိုင်ပါတော့မည်နည်း။
“ငါ…”
ကုန်းရှို့ပင်း အမြင်အာရုံက မည်းမှောင်လာခဲ့ပြီး သူ့ရင်ဘတ်က ပိုပိုတင်းကြပ်လာခဲ့ကာ နောက်ဆုံးတွင် ပါးစပ်ထဲမှ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
သွေးချောင်းဆိုးပြီးနောက် သူ့အသိစိတ်က ပြန်လည်ကြည်လင်လာခဲ့ပြီး ကျန်းယန်ကိုခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး သူတို့စခန်းဆီသို့ ပျံသန်းသွားခဲ့၏။
အကယ်၍ သူသာ ဤခံစားချက်ကိုထပ်မံမထိန်းချုပ်နိုင်တော့လျှင် မကြာခင် သူ့နှလုံးသားထဲ အတွင်းမိစ္ဆာတစ်ကောင်ပင် ပေါက်ဖွားလာနိုင်ပေသည်။
ထို့ကြောင့်လည်း ဆုတ်ခွာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ့စခန်းထဲတွင် တရားထိုင်နေချိန်ထိကို သူ့စိတ်အား တည်ငြိမ်လာအောင်မထိန်းချုပ်နိုင်သေးပေ။
သူအလွန်ဒေါသထွက်လွန်းနေခဲ့၏။
လူအုပ်ကြီးကတော့ ပြူးကြောင်နေသောမျက်လုံးများဖြင့်သာ ကြည့်ရှုနေခဲ့မိကြသည်။
သူတို့ဘာကို မြင်လိုက်ကြရပါသနည်း။
သူတော်စင်သခင်၏သားက သွေးအန်ထွက်သည်အထိ အနိုင်ကျင့်ခံလိုက်ရခြင်းပေလော။
သူတို့ကွင်းပြင်ထဲတွင် အသာအယာပြုံးကာ လက်နောက်ပစ်ရပ်နေသော ကျန်းယန်ကို ကြည့်ရှုနေခဲ့မိကြ၏။ ကြည့်နေရင်း ထိုနေရာတွင်ရပ်နေသည်က လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ သူတို့ခံစားလာခဲ့ကြရသည်။
သန်မာခြင်းက သန်မာခြင်းဖြစ်သော်လည်း လူတစ်ယောက်တွင် အဘယ်ကြောင့် ထိုမျှကြမ်းတမ်းရက်စက်သော ပါးစပ်မျိုး ရှိနေရပါသနည်း။
ဟွေ့ချင်းတစ်ယောက်တည်းသာ ကျန်းယန်ကို ပျက်ယွင်းနေသောမျက်နှာထားဖြင့် ကြည့်ရှုနေခဲ့ပြီး တီးတိုးရေရွတ်နေခဲ့သည်။
“ကြောက်စရာကောင်းလိုက်တဲ့ စိတ်စွမ်းအား…အဲ့တာက ဒကာလေးကုန်း တောင့်မခံနိုင်ခဲ့တဲ့အရာပဲ ဒီဘုန်းကြီးဆိုရင်တောင် ရင်မဆိုင်နိုင်မှာ ကြောက်မိတယ်
မဟုတ်သေးဘူး မဟုတ်သေးဘူး တကယ်ကြောက်စရာကောင်းတာက သူ့စိတ်စွမ်းအားမဟုတ်ဘူး သူ့ကြောက်စရာကောင်းလွန်းတဲ့ အမြင်ပဲ
သူကကုန်းရှို့ပင်းရဲ့ အားနည်းချက်ကို လုံး၀ဖမ်းမိသွားခဲ့တာ အဲ့တာကြောင့် ဘာမဟုတ်တဲ့ စကားလုံးလေးအနည်းငယ်နဲ့ သူ့ကိုအနိုင်ယူသွားနိုင်ခဲ့တာ
စိတ်စွမ်းအားကို ဒီလိုပုံစံနဲ့အသုံးပြုတာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး ငါဒါကို ဂရုတစိုက် လေ့လာရမယ်”
“ရှင့်ပါးစပ်က အရမ်းကြမ်းတမ်းရက်စက်လွန်းတယ်လို့ ကျွန်မထင်ထားခဲ့တာ” ကျိယန် တံတွေးမြိုချလိုက်ကာ သူ့ဘေးက ချင်းရှုကိုကြည့်၍ ပြောလိုက်သည်။
“ကျန်းယန်က ပိုဆိုးနေမယ်လို့ ထင်မထားခဲ့မိဘူး”
သူမတစ်ချိန်လုံး ငေးကြောင်နေခဲ့မိခြင်းဖြစ်ပြီး ဤအရာက အမှန်တကယ်ပင် သူမကိုမျက်စိပွင့်သွားစေခဲ့၏။
ချင်းရှု မျက်ခုံးပင့်ကာ ခပ်အေးအေးပြောလိုက်သည်။
“နင့်အသိဉာဏ်နယ်ပယ်က ငါတို့အဆင့်ကိုနားလည်နိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူး ဒါမျိုးကို ရန်သူကိုမတိုက်ခိုက်ရဘဲ ရှုံးနိမ့်စေခြင်းလို့ ခေါ်တယ် လက်ညှိုးတစ်ချောင်းတောင်မမြှောက်ရဘဲ ရန်သူကို နင်းခြေပစ်လိုက်တာမျိုးပေါ့ ဒါက အကောင်းဆုံး နည်းဗျူဟာပဲ မဟုတ်လား”
“အတိအကျပဲ” စစ်ထူမင်ယွဲ့လည်း ကျိယန်ကိုအထင်အမြင်သေးသော အကြည့်တစ်ချက်ဖြင့်ကြည့်ကာ ပြောလိုက်၏။
ထိုစဉ် ကျန်းယန်ကတော့ ဘာမှမဖြစ်ခဲ့သလိုပုံစံမျိုးဖြင့် ထပ်စိန်ခေါ်လိုက်သည်။
“နောက်တစ်ယောက်”
ကုန်းရှို့ပင်း၏ စွမ်းအားကိုနားလည်ခဲ့ပြီးနောက် ကျန်းယန် သူ့ကိုယ်ပိုင် တုနှိုင်းမဲ့နှုတ်ရေးတိုက်ခိုက်မှုကို စိတ်စွမ်းအားအနည်းငယ်ဖြင့် ပေါင်းစပ်ကာ အသုံးပြုခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း ကုန်းရှို့ပင်း ဘာမှမတတ်နိုင်ဘဲ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။
တကယ်တော့ ဘာစိတ်စွမ်းအားမှမပါဘဲ စကားလုံးတိုက်ခိုက်မှုသက်သက်သာဆိုလျှင် ကုန်းရှို့ပင်း ဒီအခြေအနေထိ ရောက်သွားလိမ့်မည် မဟုတ်ပေ။
ကုန်းရှို့ပင်း၏ ဆိုးဝါးလှသော အခြေအနေကိုမြင်ပြီးနောက် ဘယ်သူမှ ရှေ့တက်မလာရဲကြတော့ပေ။
နိယာမများ တာအိုစွမ်းအားများဖြင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် လူတိုင်းက သူတို့ကိုယ်သူတို့ ဘယ်သူ့ထက်မှ အားနည်းသည်ဟု ထင်မြင်ကြမည် မဟုတ်ပေ။
သို့သော်လည်း အခုလို လူကြားထဲသွေးအန်ထွက်သည်ထိ အနိုင်ကျင့်ပြောဆိုခံရခြင်းမျိုးကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြပေ။
ဘယ်သူမှ တက်မလာသောအခါ ကျန်းယန် အကူအညီမဲ့စွာ ပြောလိုက်လေသည်။
“ဒါဆိုရင်လည်း ငါ့အစား ငါ့ဂျူနီယာညီမလေးနဲ့တိုက်ခိုက်ကြမလား”
ကျိရှု ရှေ့တက်လာခဲ့ပြီး ကျန်းယန်ကိုခပ်ကြမ်းကြမ်းတစ်ချက်ကြည့်လိုက်ကာ
“နင်အရင်ထွက်သွား ဒါဆို ငါတက်လာခဲ့မယ်”
သူမလည်း လူလည်ခေါင်တွင် အနိုင်ကျင့်ပြောဆိုခြင်းမျိုးကို မခံချင်လိုပေ။
ကျန်းယန် တုန့်ဆိုင်းမှုမရှိ ဆင်းသွားခဲ့ပြီးနောက် သူ့အစား စစ်ထူမင်ယွဲ့ ကွင်းပြင်ထဲ ၀င်လာခဲ့၏။
ထို့နောက် ကျန်းယန် ၀င်္ကပါအ၀င်၀တွင် ၀င်ထိုင်လိုက်ပြီး လက်ထဲတွင် ချင်းရှုမျှော်စင်ကိုကိုင်ကာ ထီမထင်ဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။
သူ့အမူအရာကို မြင်သောအခါ ကျိရှု ကြိတ်၍ကျိန်ဆဲလိုက်မိ၏။
ဒီကောင့်အမူအရာက ဘာပြောဖို့ ကြိုးစားနေတာလဲ
လူတိုင်းလည်း ဆွံ့အသွားခဲ့ကြသည်။
ဒါကြီးက ပေါ်တင်ကြီးခြိမ်းခြောက်နေတာ မဟုတ်ဘူးလား
ကျိရှုအားတင်း၍ ပြုံးလိုက်ကာ စစ်ထူမင်ယွဲ့ကို ပြောလိုက်၏။
“တိုက်ခိုက်ရအောင် ဒီတိုင်း အပျော်လက်ရည်စမ်းတာမျိုးပဲ လုံလောက်တဲ့အခါ ရပ်ကြမယ်”
စစ်ထူမင်ယွဲ့ အလွန်ကြောက်လန့်နေခဲ့မိသည်။ သူမသည် အရင်တုန်းက တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ အခုလို ပထမဆုံးအကြိမ်တိုက်ခိုက်ရသောအခါတွင်လည်း သူမပြိုင်ဘက်က ရှို့ယိဘုရားကျောင်း၏ အဓိကပါရမီရှင်သုံးယောက်ထဲက တစ်ယောက်ဖြစ်နေခဲ့၏။
“ကျေးဇူးပြုပြီး” သူမ ပြောလိုက်သည်။
ထို့နောက် သူမမှော်သိုင်းကွက်တစ်ကွက် စထုတ်လိုက်၏။
ကျိရှု ကြိတ်၍ သက်ပြင်းချလိုက်မိသည်။ အခြားအချိန်များတွင်သာ အခုလို မနူးမနပ်လေးတစ်ယောက်နှင့်တွေ့ရပါက သူမသည် ထိုကလေး၏အသက်ကို အလွယ်တကူပင် ယူပစ်နိုင်မည် ဖြစ်သည်။
သို့သော် အခုလို ပေါ်တင်ခြိမ်းခြောက်ခံထားရသော အခြေအနေမျိုးတွင်တော့ သူမလည်း မှော်သိုင်းကွက်တစ်ကွက်ပြန်ထုတ်ရုံသာ တတ်နိုင်တော့၏။
“ယင်လအလင်းကိုသုံး”
ကျန်းယန် အသံကူးပြောင်း၍ စစ်ထူမင်ယွဲ့ကို အကြံပေးလိုက်သည်။
“အို့”
စစ်ထူမင်ယွဲ့၏ အရှိန်အဝါရုတ်ချည်းပြောင်းလဲသွားခဲ့၏။ သူမကိုယ်မှ အလင်းတစ်ချက်စတင်ထွက်ပေါ်လာခဲ့ပြီး သူမကိုယ်သည် တဖြည်းဖြည်း ပိုမိုလင်းလက်လာခဲ့လေသည်။
စစ်ထူမင်ယွဲ့၏ ပုံရိပ်မှ များစွာသောကိုယ်ပွားများ ခွဲထွက်လာသောအခါ ကျိရှုအမူအရာ ပြောင်းလဲသွားခဲ့၏။
ဤအမျိုးသမီးသည် တိုက်ခိုက်ရေးအတွေ့အကြုံနည်းပုံပေါ်သော်လည်း သူမကျင့်ကြံသော နည်းစနစ်ကတော့ သာမန်နည်းစနစ်ဟုတ်ပုံမရပေ။
“လေ”
ကျိရှု အဆောင်တစ်ခုဆွဲလိုက်ရာ ကွင်းပြင်ထဲတွင် လေပြင်းမုန်တိုင်းတစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုလေများက စစ်ထူမင်ယွဲ့ဖွဲ့တည်ထားသော အလင်းအရိပ်များအပေါ် သက်ရောက်မှုမရှိခဲ့ပေ။
ကျန်းယန်၏ လမ်းညွှန်ချက်ကိုနောက်ဆုံးတွင် စစ်ထူမင်ယွဲ့ နားလည်သွားခဲ့၏။
အနည်းဆုံးတော့ သူမယခုထိုက်ယင်အမတပညာရပ်ထဲမှ နည်းစနစ်အချို့ကို အသုံးပြုနိုင်ချေပြီ။
“လမင်းကို ပသခြင်း”
စစ်ထူမင်ယွဲ့၏ မရေတွက်နိုင်သောပုံရိပ်များက ရုတ်တရက် အသရေတင့်စွာ စတင် ကခုန်လေတော့သည်။
ထိုအခိုက်တွင် ကွင်းပြင်ထဲရှိ ပုံရိပ်များကိုယ်မှ အလင်းများပိုတောက်လာပြီးကွင်းပြင်တစ်ခုလံုးကို လရောင်က ဖုံးလွှမ်းထားခဲ့၏။
ကျိရှု၏အမူအရာ လေးနက်လာခဲ့သည်။
သူသာဂရုမစိုက်မိလျှင် အခြေအနေကပြောင်းလဲသွားနိုင်ပြီး အန္တရာယ်ပင် ရှ်ိလာနိုင်၏။
“လပန်းချီ”
စစ်ထူမင်ယွဲ့ ၏ခပ်အုပ်အုပ်အသံ ထွက်ပေါ်လာခဲ့ပြီး ထိုက်ယင်စွမ်းအားက ထွက်ပေါ်လာခဲ့လေသည်။ အလွန်တရာအေးစက်နေသော ထိုက်ယင်စွမ်းအားက ကွင်းပြင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။
ကျိရှု ချက်ချင်း သူမစိတ်ဝိညာဉ်စွမ်းအားသုံးကာ သူမကိုယ်ပတ်ပတ်လည်ကို မီးတောက်အဆောင်များဖြင့် ၀န်းရံထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမကိုယ်ပိုင်စွမ်းအားဖြင့် အကာအကွယ်အလွှာတစ်ခု ဖန်တီးလိုက်၏။
ထို့နောက်တွင်တော့ အလွန်အမင်းအေးစက်သော ထိုက်ယင်စွမ်းအားနှင့်မီးတောက်စွမ်းအားများက စတင်ထိတွေ့ကြလေတော့သည်။
ထိုအခါ မီးတောက်များက ငြိမ်းသေသွားပြီး လရောင်က ပိုမိုတောက်ပလာခဲ့၏။
“လသက်ကြွေ”
တစ်ဆင့်ပြီးတစ်ဆင့် အသုံးပြုပြီးသည့်နောက်တွင် စစ်ထူမင်ယွဲ့ ထိုက်ယင်အမတပညာရပ်ထဲရှိ အမြင့်ဆုံး နည်းစနစ်ကို စတင်အသုံးပြုခဲ့သည်။
ကွင်းပြင်ထဲရှိ လရောင်များက တဖြည်းဖြည်းမှိန်ပျပျောက်ကွယ်လာပြီး ထိုက်ယင်စွမ်းအားက ပိုမိုအားကောင်းလာခဲ့၏။
ကျိရှု တုန်လှုပ်သွားခဲ့သည်။
သူမပတ်ပတ်လည်တွင် မီးတောက်အဆောင်များရှိနေပါသော်လည်း အအေးဓာတ်က ထိုမီးတောက်များကိုဖြတ်၍ သူမဆီတိုး၀င်လာနေခဲ့ပြီး သူမအရေးပြားပေါ် ကြက်သီးမွှေးညှင်းများပင် ထလာခဲ့၏။
သူမ မအံ့ဩဘဲ မနေနိုင်တော့ပေ။
စစ်ထူမင်ယွဲ့ ကျင့်ကြံထားတာ ဘယ်လိုကျင့်စဉ်မျိုးပါနည်း။
ဘယ်လိုစွမ်းအားမျိုးကို သူမကကျင့်ကြံနေပါသနည်း။
သူမထိန်းချုပ်ထားသော နိယာမစွမ်းအားက အဘယ်ကြောင့်ထိုမျှကြောက်စရာကောင်းနေပါသနည်း။