အပိုင်း(၂၁၀) ငါကမင်းထက် နည်းနည်းပဲသာတာပါ
Vol. 20 Ch. 210
ကွင်းပြင်တစ်ခုလုံး အတန်ကြာအောင်တိတ်ဆိတ်နေပြီးနောက် ဟွေ့ချင်းအေးအေးဆေးဆေးပြောလိုက်၏။
“သူ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက အသက်ရှင်လျက်ထွက်သွားနိုင်ရင်တောင် အဇူရာတိမ်ဂိုဏ်းကိုတော့ ပြန်ရောက်နိုင်မှာမဟုတ်ဘူး ဒီနေရာကထွက်တာနဲ့ ငါတို့ဒီကိစ္စကို ချက်ချင်းဂိုဏ်းဆီတင်ပြရမယ် ပြီးရင် ကျန်းယန်ကို အသေလိုချင်လား အရှင်လိုချင်လားဆိုတာ သူတို့ဆုံးဖြတ်လိမ့်မယ်”
အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
ဒီလိုမွန်းစတားဆန်သည့် ပါရမီရှင်မျိုးကို အသက်ရှင်လျက်ပြန်လွှတ်လိုက်၍ မဖြစ်မှန်း သူတို့ကောင်းကောင်းသိ၏။
မကြာခင်တွင် အားလုံး လက်များကိုရုတ်လိုက်ကြကာ လှုပ်ရှားဖို့ပြင်ဆင်နေခြင်းကို ရပ်တန့်လိုက်ကြသည်။
နောက်ဆုံးတွင် ကျန်းယန်သည် သူ့ဂိုဏ်းကိုပြန်ရောက်ဖို့ဘယ်လိုမှမဖြစ်နိုင်လေရာ အဘယ်ကြောင့် ဤနေရာတွင် စွန့်စား၍ တိုက်ခိုက်နေရပါဦးမည်နည်း။
ကွင်းပြင်ထဲတွင် လန်ချင်းဖုန်း ကြောက်ရွံ့နေခဲ့၏။ သူ့စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်ကာ ရေခဲနံရံကြီးကို အားဖြည့်ပေးနေခဲ့သည်။
ဤနံရံကြီးပြိုသွားသည်နှင့် ကျန်းယန်ကသူ့ကိုသေအောင်ထိုးတော့မည်မှန်း သူကောင်းကောင်းကြီး သိနေခဲ့၏။
သူ့စွမ်းအားအကုန်လုံးကို ရေခဲနံရံထဲထည့်ထားရသောကြောင့် သူ့ရေခဲကမ္ဘာကိုပင် အားမဖြည့်နိုင်တော့ပေ။
တဖြည်းဖြည်းနှင့် လန်ချင်းဖုန်းတစ်ခုခုမှားနေသလို ခံစားလာခဲ့ရသည်။
သူသည် အားကုန်သုံး၍ ခုခံနေရသော်လည်း ကျန်းယန်၏ နှင်းများကကောင်းကင်မှကျဆင်းနေဆဲဖြစ်ကာ သူ့လက်သီးချက်များကလည်း ရေခဲနံရံပေါ် တဝုန်းဝုန်းကျရောက်နေခဲ့၏။ အဘယ်ကြောင့် ကျန်းယန်၏ စိတ်ဝိညာဉ်စွမ်းအားက အခုအချိန်ထိ မကုန်ခမ်းနိုင်ရသေးပါသနည်း။
ထိုအခိုက်တွင် ကြောက်လန့်နေသောလန်ချင်းဖုန်းတစ်ယောက် ဤတိုက်ပွဲက စည်းဝိုင်းထဲတွင်ဖြစ်နေသည်ကိုသာ ကျေးဇူးတင်နေခဲ့မိသည်။ အကယ်၍များ ဤနေရာတွင်မဟုတ်ဘဲ ပြင်ပနေရာတစ်ခုခုတွင်ဆိုလျှင် သူကျန်းယန်ကို အခုလို ရေခဲနံရံဖြင့် ဘယ်လိုခုခံရပါတော့မည်နည်း။
အတန်ကြာသောအခါ လန်ချင်းဖုန်း သူ့စိတ်ဝိညာဉ်စွမ်းအားတစ်၀က်မက ကုန်ဆုံးလာသည်ကို သတိပြုမိခဲ့ပြီး ကျန်းယန်ကတော့ အခုထိ မောပန်းသေးပုံမရပေ။
သူ့လိုပါရမီရှင်တစ်ယောက်သည် အခြားဂိုဏ်းကြီးများကိုလည်း ကြောက်နေစရာလိုသေးသောကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအားကို အားလုံးကုန်သည်အထိ သူမသုံးရဲပေ။
ထို့ကြောင့် နောက်ဆုံးတွင် လန်ချင်းဖုန်း နောက်လှည့်ကာသာ ကွင်းပြင်ထဲမှ ခုန်ထွက်သွားခဲ့၏။
သူ့စိတ်ဝိညာဉ်စွမ်းအားထောက်ပံ့မှုမရှိတော့သောအခါ ရေခဲနံရံကြီးကလည်း ကျန်းယန်လက်သီးချက်အောက်တွင် ချက်ချင်း ကွဲကြေသွားခဲ့လေသည်။ ထို့နောက် ကျန်းယန် ကြမ်းကြုတ်လှသော အရှိန်အဝါဖြင့် ကွင်းပြင်ထောင့်နေရာသို့ ပြေးတက်လာခဲ့ပြီး လန်ချင်းဖုန်းကိုအထင်အမြင်သေးဟန်ဖြင့် ကြည့်ကာ ခပ်အေးအေးပြောလိုက်၏။
“အထာကျအောင် ကဗျာပါရွတ်ပြပြီးတော့မှ ဒါက မင်းတတ်နိုင်တာအကုန်လား ငါ့ကိုအတုမခိုးနဲ့ မင်းကငါဖြစ်လာမှာမဟုတ်ဘူး”
လန်ချင်းဖုန်း ကျန်းယန်ကိုပေစောင်းစောင်းတစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောနိုင်ခဲ့ပေ။
သူသည် နတ်ဝိညာဉ်အဆင့်သို့ ခြေတစ်လှမ်းချနိုင်ခဲ့သော်လည်း ကျန်းယန်ကိုမနိုင်ခဲ့ပေ။
ယနေအခြေအနေတွင် သူငိုချင်နေသော်လည်းမျက်ရည်က ကျမလာခဲ့ပေ။
“မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ” လန်ချင်းဖုန်း ခါးသက်သက်မေးလိုက်၏။
ကျန်းယန် ယင်မိစ္ဆာနည်းစနစ်ကို ပြန်ရုတ်သိမ်းလိုက်ကာ ရှုပ်ပွနေတာ သူ့ဆံပင်များနှင့် အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြုပြင်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“ငါက…မင်းထက်နည်းနည်းပဲသာတာပါ မဟုတ်သေးဘူး မင်းတို့အားလုံးထက် နည်းနည်းပဲသာတာ”
လန်ချင်းဖုန်း သွေးအန်လုမတတ်ဖြစ်သွားခဲ့၏။
အခြားဂိုဏ်းမှလူများလည်း မကျေမနပ်ဖြစ်သွားပါသော်လည်း ဘာမှတော့ ပြန်မပြောနိုင်ခဲ့ပေ။
အရိုးသားဆုံးဆိုရလျှင် သူတို့သာ ယခုလန်ချင်းဖုန်းနှင့်ရင်ဆိုင်ရမည်ဆိုလျှင် တခဏအတွင်း အမှုန့်ခြေခံလိုက်ရပေလိမ့်မည်။
ကျန်းယန်လူအုပ်ကိုတစ်ချက်ကြည့်ကာ မောက်မာစွာ ပြောလိုက်လေသည်။
“မင်းတို့ဂိုဏ်းတွေက အဇူရာတိမ်ဂိုဏ်းကို မကောင်းကြံဖို့စီစဉ်ထားမှန်း ငါသိပါတယ်
ဒါပေမယ့် မင်းတို့ကိုပြောလိုက်မယ် ငါရှ်ိနေသေးသရွေ့ မင်းတို့အစီအစဉ် မအောင်မြင်စေရဘူး
ငါ့ရှေ့မှာ မင်းတို့အားလုံးက ဂျူနီယာလေးတွေပဲ
ငါတို့နဲ့ မိတ်ဆွေဖြစ်ချင်တဲ့လူအားလုံးကို ငါတို့က ကြိုဆိုတယ်
အဲ့ဒီလိုပဲ ရန်သူဖြစ်ချင်တဲ့သူတွေကိုလည်း ကြိုဆိုတယ်
မိတ်ဆွေတွေလာတဲ့အခါ ငါတို့က ဝိုင်နဲ့ဧည့်ခံမယ်
ရန်သူတွေလာတဲ့အခါတော့….ငရဲထိရောက်အောင် ရိုက်သတ်ပစ်မယ်”
“အရမ်းမောက်မာမနေပါနဲ့ အဇူရာတိမ်ဂိုဏ်းကဘယ်လောက်သန်မာမာ ငါတို့အားလုံးကို ခုခံနိုင်မှာတဲ့လား” လန်ကျားအထွတ်အမြတ်မြေက တပည့်တစ်ယောက် အော်ပြောလိုက်သည်။
ကျန်းယန်သူ့ကိုတစ်ချက်ကြည့်ကာ မထူးမခြားဟန်ဖြင့် ပြောလိုက်၏။
“ငါနန်းကုန်းချီယုကိုတော့ သင်ခန်းစာပေးပြီးသွားပြီ မင်းလည်းအာချောင်နေတာကို ရပ်လိုက်တာပိုကောင်းမယ် မဟုတ်ရင်လည်း အပြင်ရောက်တဲ့အခါ အချိန်မရွေး ငါ့ကိုအဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာ လာရှာလှည့် စောင့်နေမယ်”
တခဏရပ်ပြီးနောက် သူဆက်ပြောလိုက်သည်။
“သဘောတူညီချက်အရတော့ ဒီေန့အတွက် နောက်တစ်ပွဲကျန်ဦးမယ် ဘယ်သူ ငါနဲ့လာတိုက်ခိုက်ရဲသေးလဲ”
လူအုပ်ကြီး တိတ်ဆိတ်နေခဲ့၏။
နတ်ဝိညာဉ်အဆင့်ကိုထိတွေ့နိုင်သွားသော လန်ချင်းဖုန်းတောင်ရှုံးနိမ့်ခဲ့လေရာ ဘယ်သူထွက်ထွက်သူ့ကိုနိုင်ဖို့က မဖြစ်နိုင်လောက်တော့ပေ။
ရှေ့တက်ပြီး ကျွန်တော့်ကိုရိုက်ပါဟု ပြောနေသလိုသာ ဖြစ်နေတော့မည် မဟုတ်ပါလော။
“ဘယ်သူမှ မလာဘူးလား ဒါဆို ဒီနေရာမှာပဲ ရပ်ကြတာပေါ့” ကျန်းယန် လှည့်ထွက်သွားခဲ့သည်။
“မင်းတို့မှာ လုံလောက်တဲ့ယုံကြည်မှုရှိလာရင် အချိန်မရွေးငါ့ကိုလာစိန်ခေါ်လှည့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပိတ်ဖို့ အချိန် ၁၈ ရက် ကျန်သေးတယ် အဲ့ဒီ ၁၈ရက်ကမင်းတို့အတွက်နောက်ဆုံးအခွင့်အရေးပဲ မဟုတ်ရင် အနာဂတ်မှာ မင်းတို့အနေနဲ့ ငါ့ကိုရင်ဆိုင်ဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး”
သူ၀င်္ကပါထဲ ပြန်၀င်သွားခဲ့၏။
ထိုအခါမှ အခြားသူများလည်း သူတို့စခန်းများသို့ ကိုယ်စီပြန်သွားခဲ့ကြသည်။
ကျန်းယန်က သူတို့မျက်နှာပေါ် တက်နင်းသွားခဲ့ကြသော်လည်း သူတို့က ပြန်ပင်စိန်မခေါ်ဝံ့သောကြောင့် လူတိုင်းကတောင့်တင်းနေခဲ့ကြသည်။
ဒေါသနှင့်ရှက်ရွံ့မှုက သူတို့စိတ်ထဲပြည့်နှက်နေခဲ့၏။
သို့သော် သူတို့ဘာလုပ်နိုင်ပါမည်နည်း။
လန်ချင်းဖုန်းတောင် ရှုံးနိမ့်သွားလေရာ ဘယ်သူက နိုင်နိုင်ပါဦးမည်နည်း။
ကျန်းယန်၏ ခွန်အားအစစ်က ဒီလောက်ကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့စိတ်ကူးမထားခဲ့မိကြပေ။
ဂိုဏ်းကြီး၉ဂိုဏ်းလုံးမှ ပါရမီရှင်များ စုဝေးနေခဲ့ကြသည်။
သူတို့အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခါးသက်သက်သာ ပြုံးလိုက်မိကြ၏။
သူတို့မျိုးဆက်က အမှန်တကယ်ပင် ကံဆိုးလွန်းလှသည်။
“ကျန်းယန်ရဲ့ခွန်အားထက် သူ့သင်ယူနိုင်စွမ်းကမှတကယ့်ကြောက်စရာကောင်းတာ” လန်ချင်းဖုန်း ခေါင်းယမ်းကာ သက်ပြင်းချ၍ပြောလိုက်သည်။
“မင်းတို့ထဲကအတော်များများ သေမျိုးကမ္ဘာမှာကျတဲ့နှင်းရဲ့စွမ်းအားကို ခံစားမိပြီးပြီဆိုတာ ငါယုံတယ်
အစကတော့ အဲ့တာက ရေခဲနဲ့နှင်းစွမ်းအားသက်သက်ပဲ နောက်တော့ လေစွမ်းအား ပိုလာတယ် ငါတိုက်ခိုက်တဲ့အချိန်လည်းကျရော သူ့နှင်းပွင့်တွေထဲမှာ ဓားချီတွေပါ ပါနေပြီ”
လန်ချင်းဖုန်းခြောက်ကပ်ကပ်ပြုံးကာ ဆက်ပြောလိုက်၏။
“ကောင်းကင်အပြည့်ဖြစ်နေတဲ့ နှင်းပွင့်တွေထဲက ဓားချီက ဘယ်လောက်ကြောက်စရာကောင်းလိုက်မလဲ မင်းတို့သိမှာပါ”
လူတိုင်း ခါးသက်သက်ပြုံးလိုက်ကြသည်။
အထူးသဖြင့် ကုန်းရှို့ပင်း ပင်။ နောက်ဆုံးအကြိမ်သူနှင့်တိုက်ခိုက်တုန်းက ထိုနှင်းပွင့်များထဲတွင် ဓားချီ မပါ၀င်ခဲ့သေးပေ။ ဓားချီပါ၀င်လာခဲ့ပြီးသည့်နောက်တွင် ထိုအကွက်၏စွမ်းအားက အဆများစွာမြင့်တက်သွားခဲ့၏။
ထိုအရာကို သူတို့မည်သို့ရင်ဆိုင်ရပါမည်နည်း။
ဟွေ့ချင်းခေါင်းယမ်းလိုက်ကာ
“အားကောင်းလွန်းတဲ့ ခန္ဓာ စိတ်ကူးလို့မရအောင်နက်ရှိုင်းတဲ့ စိတ်ဝိညာဉ်စွမ်းအား အံ့ဩစရာနားလည်နိုင်စွမ်း ပြီးတော့ ထူးဆန်းတဲ့ စိတ်စွမ်းအား…အားလုံးပဲ သူနဲ့ငါတို့ကြားက ကွာဟမှုက ကြီးမားလွန်းတယ် နောက်ရက်အနည်းငယ်အတွင်း ငါတို့အားလုံး ကိုယ့်ခွန်အားတိုးမယ့်နေရာမှာသာ အာရုံစိုက်ထားဖို့ ငါအကြံပေးချင်တယ် တကယ်လို့ ငါတို့သာ နတ်ဝိညာဉ်အဆင့်ကိုရောက်သွားရင် ငါတို့မှာ အခွင့်အရေးရှိလာနိုင်သေးတယ်”
“၁၈ရက်ကျန်သေးတယ် ငါတို့မှာ အချိန်ရှိပါသေးတယ်” လင်းရှု ခေါင်းညိတ်ပြလိုက်သည်။
အားလုံးလည်း သဘောတူလိုက်ပြီးလူတိုင်း ကိုယ့်စခန်းကိုယ် ပြန်သွားခဲ့ကြ၏။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် ၀င်ပေါက်သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့၏။
မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲကွင်းပြင်ပိတ်ရန် ၃ရက်သာ ကျန်သောအချိန်သို့ ရောက်ရှိသွားခဲ့သည်။
လ၀က်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီးနောက် လင်းရှု ရုတ်တရက်သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး သူ့မျက်လုံးထဲမှ ဓားရောင်တစ်ချက်လက်သွားခဲ့၏။
“နောက်ဆုံးသုံးရက်…ငါ့အခွင့်အရေးကရောက်လာပြီ”
အခြားစခန်းများထဲတွင်လည်း အခြားပါရမီရှင်များက ဉာဏ်အလင်းအသီးသီး ပွင့်နေခဲ့ကြသည်။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် လူတိုင်းတိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။
ကောင်းကင်ဒဏ္ဍာရီနှင့်လင်းယွင်ကျိတို့လည်း ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
“နောက်ဆုံးသုံးရက်” ကောင်းကင်ဒဏ္ဍာရီ သက်ပြင်းချလိုက်၏။
လင်းယွင်ကျိ အသာအယာခေါင်းညိတ်လိုက်ကာ
“နောက်ဆုံးသုံးရက် အချိန်ပြည့်တော့မယ်”
သူနောက်ဆုံးတစ်ခေါက် သူ့အစ်ကိုကြီးသူ့ကိုပေးခဲ့သော ကျောက်စိမ်းပြားကို တိတ်တဆိတ်ချေမွပစ်လိုက်လေသည်။
နောက်သုံးရက်ကြာလျှင် ရန်သူစစ်တပ်က တိုက်ပွဲကွင်းပြင်ဆီ ရောက်လာတော့ချေမည်။